menu
Saturday 6 October 2012
ဦးသိန်းညွန့် သင်္ဃန်းကျွန်းအနှေးယဉ်လုပ်သားများကို ဦးဆောင်ပြီးဆန္ဒပြမည်
ရင်ဖွင့်သံ အစီအစဉ် တက်ရောက်လာသည့် အနှေးယဉ် လုပ်သားများ
၆.၁၀.၂၀၁၂ နေ့မွန်းလွဲ၂ နာရီတွင် NNDP ဌာနချုပ်တွင် ပြုလုပ်သည့် သင်္ဃန်းကျွန်း မြို့နယ်အတွင်းရှိ အနှေးယဉ် လုပ်သားများ၏ ရင်ဖွင့်သံ အစီအစဉ်တွင် အနှေးယဉ်လုပ်သား ၂၀၀ခန့် နှင့် မီဒီယာ ၂၀ ခန့်တက်ရောက်ခဲ့ကြသည်။
လိုင်စင်မဲ့ အနှေးယာဉ်များအား မတရားတဲ့ နည်းနဲ့ဖမ်းဆီးတာကို ခံနေရကြောင်း ၊တခါအဖမ်းခံရလျှင်
တစ်သောင်းမှ နှစ်သောင်းအထိ ဒဏ်ငွေဆောင်ရကြောင်း၊၄င်းဒဏ်ငွေဆောင်ဖို့ အတွက် ၁၅ ကျပ်တိုးဖြင့်
ချေးငှားပြီး ပေးရကြောင်း တစ်လ နှစ်ကြာသွားရင် အတိုးနဲ့ အရင်းပါ လုံးထွေးကုန်ပြီး မိသားစု စားဝတ်နေရေး ကျမ်းမားရေး၊ပညာရေး ကိစ္စအဝဝများအတွက် အခက်အခဲတွေဖြစ်ပေါ်လာကြောင်း၊မိမိတို့သည် ဥပဒေဘောင်အတွင်း ဝမ်းရေးအတွက် သမာအာဇီဝကျကျ နေပူမိုးရွာမရှောင် ရှာဖွေထားတဲ့ ငွေကြေးတွေကို ဓါးမြ များသဖွယ် မတရားတဲ့နည်းနဲ့ မိုက်ကြေးခွဲနေကြောင်း၊မိမိတို့ထံမှ ရယူသွားသည့် ဒဏ်ကြေးများကိုလည်း နိုင်ငံတော်အတွက်သုံးစွဲ ပါလျှင် ခံနိုင်ပါသေးကြောင်း၊ယခုမှာ အနှေးယာဉ်စီးကမ်းထိန်းသိမ်းရေးအဖွဲ့မှ ကိုယ်ကျိုးအတွက် သုံးနေကြောင်း ဒီအတွက်ကြောင့် မီဒီယာများနှင့် ဘဘဦးသိန်းညွန့်မှ အနှေးယာဉ်လုပ်သားများအတွက် ကူညီဖြေရှင်းစေလိုကြောင်းပြောခဲ့ကြသည်။
တပ်မတော်သာအမိ တပ်မတော်သာအဖ နှင့် `` ပြည်သူသာအမိ၊ ပြည်သူသာအဖ``
Photo: တပ်မတော်သာအမိ တပ်မတော်သာအဖ နှင့် `` ပြည်သူသာအမိ၊ ပြည်သူသာအဖ``
by ငရဲ သား on Saturday, October 6, 2012
·
မာတာပိတု ဥပဌာနမင်္ဂလာ ။ မြင်းမိုရ်ရွှေတောင် မိဘကြွေးကို ၊ ကောင်းစွာဆပ်ပေး ဝတ်ကျေကျေ ဟူ၏ ။
မိဘကျေးဇူးက တောင်ကြီးလောက်မြင့်မားနေရကား ကောင်းကောင်း=ကျကျနနပေးဆပ်ရမည် ။ ကျေကျေ= သာမန် ဝတ်ကျေတမ်းကျေမဟုတ်၊ တကယ့်ကို ကျေကျေပွန်ပွန်ဆပ်ရမည်ဟူလို ။
ဒီမင်္ဂလာအကြောင်းမပြောခင် အရင်ဆုံး ဘယ်သူကမိဘ၊ ဘယ်သူက သားသမီး ကွဲကွဲပြားပြားသိဖို့လိုသည် ။ မိဘက မိဘ၊ သားသမီးက သားသမီး ဘာမကွဲစရာရှိသနည်း၊ အလုပ်မရှိ ကြောင်ရေချိုး၊ ကြောင်ချေးတွန်း သည့်နေရာ လိုအပ်သည်များမှာကြားလုပ်နေပြန်သည်ဟု မထင်ပါနှင့် ။
ဒီခေတ်ဒီချိန်ခါသည် ညီအစ်ကို မသိတသိအချိန်မဟုတ်မူ၍ သားသမီးမိဘမသိတသိအချိန်ဟု ဆိုရပေမည် ။ မိဘကလည်း ကိုယ်က မိဘမှ ဟုတ်လေလား၊ ဝေဝါး၏ ။ သားသမီးကလည်း ငါက မိဘနေမှာပါဟု မသေမချာဖြစ်ပြန်၏ ။ ကောသလ အိပ်မက် ၁၆ ချက်တောင် သွက်သွက်ခါ ဒန်တန့်တန်သွားနိုင်သည့် မှောင်ရိပ်သန်းခေတ်ကြီးပါပေ ။
မြန်မာ့တပ်မတော်ကြီးကို စတင်ထူထောင်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်ဝင်တပ်မတော်ခေါင်း ဆောင်များ၊ နောက်လိုက်တပ်မတော်သားများမှသည် ၁၉၈၈ ခုနှစ် အာဏာသိမ်းစစ်ခေါင်းဆောင် မတိုင်ခင် ထိ ပြည်သူကို မိဘဟု ကျကျနနသိရှိကြကာ`` ပြည်သူသာအမိ၊ ပြည်သူသာအဖ``ဟု ဦးထိပ်မှာ ပန်ဆင်ကြလေသည် ။
ဘာ့ကြောင့် ပြည်သူက မိဘဖြစ်နေရသနည်း ။ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို တပ်မတော်က စောင့်ရှောက် ကာကွယ်နေရသည် မဟုတ်တုံလော၊ ``တပ်မတော်သာအမိ၊ တပ်မတော်သာအဖ``မဟုတ်လောဟူမူ။ ။
ရှင်းဦးအံ့ ။ ။ သားသမီးဟူသည် မိဘက ဆင်းသက်လာရပေသည် ။ ထို့ကြောင့် မိဘသည် မိဘဖြစ်၍ သားသမီးသည် သားသမီးဖြစ်နေရသည် ။ မိဘသည် ၎င်းသားသမီး၏ သားသမီး ဘယ်တော့မှ ပြန်လည် မဖြစ် စကောင်းချေ ။
ပထမ- ပြည်သူသည် ``မကောင်းမြစ်တာ၊ ကောင်းရာညွန်လတ်၊ အတတ်သင်စေ``ဆိုသည့် မိဘဝတ်နှင့်အညီ တပ်မတော်သားအလောင်းအလျာလေးများကို မွေးထုတ်ပြီး ပြည်သူ့ဘဏ္ဍာဖြင့် ဆောက်လုပ်ထားသော မူလ တန်း၊ အလယ်တန်း၊ အထက်တန်း၊ ကောလိပ်၊ တက္ကသိုလ်ကျောင်းများ၌ ပြည်သူက အတတ်ပညာနှင့် လစာပေး၍ ခန့်ထားသောဆရာ၊ ဆရာမများထံ ``အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ``ခံကြစေသည် ။
ဒုတိယ- ပြည်သူသည်``ပေးဝေနှီးရင်း``ဆိုသည့် မိဘဝတ်နှင့်အညီ ပြည်သူ့ဘဏ္ဍာဖြင့်ဆောက်လုပ်ထားသော တပ်မတော်သင်တန်းကျောင်းများ၊ စစ်တက္ကသိုလ်များ၌ ပြည်သူက အတတ်ပညာနှင့်လစာပေး၍ ခန့်ထားသော ဆရာ၊ ဆရာများထံ နေစရိတ်၊ စားစရိတ်၊ ဝတ်စရိတ်ငြိမ်း ``သိပ္ပမချန်၊ ဘေးရန်ဆီးကာ``ခွင့်ရစေလေသည် ။
တတိယ- ပြည်သူသည်``ထိမ်းမြားခြင်းလျှင်``ဆိုသည့် မိဘဝတ်နှင့်အညီ ရာထူးနှင့်ပေါင်းဖက်ပေးကာ (ရာထူးနှင့်ပေါင်းဖက်ရခြင်းနှင့် ရွှေသမက် ငွေသမက်အဖမ်းခံရခြင်း တထပ်တည်းကျပါသည်)``သင့်ရာ အပ်ပို့``ခံစေလေသည် ။
ထို့ကြောင့် ရှေးရှေးတပ်မတော်သားများသည် ``ပြည်သူသာအမိ၊ ပြည်သူသာအဖ``ဟု ခံယူရုံသာမက ``ပြည်သူသာ ဆရာ၊ ပြည်သူသာ အခရာ``ဟုလည်း သဘောပိုက်ကြလေကုန်သည် ။
ထိုသို့ ``ပြည်သူသာအမိ၊ ပြည်သူသာအဖ`` ``ပြည်သူသာ ဆရာ၊ ပြည်သူသာ အခရာ``ဟု ဦးထိပ်ပန်ဆင် ကာ မိဘတို့လိုအပ်သော အရာတို့ကို ထောက်ပံ့ဖြည့်စွက်ရန် နီးနီးကပ်ကပ်ပြုစုစောင့်ရှောက်ကြသည် ။ မိဘတို့ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး နိုင်ငံရေးကိစ္စများ အေးအေးချမ်းချမ်းဆောင်ရွက်နိုင်ရန် အကာအကွယ် ပေးကြသည် ။
အကာအကွယ်ပေးခြင်းသည် အကောင်းဆုံးကျေးဇူးဆပ်ခြင်းဖြစ်သည် ။ တနည်းအားဖြင့် တပ်မတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍပင်ဖြစ်သည် ။ အကာအကွယ်ရှိမှ သာယာအေးချမ်းမည် ။ သာယာ အေးချမ်းမှ နည်းကောင်းလမ်းမှန်တွေ့သိကျင့်သုံးနိုင်မည် ။
နည်းကောင်းလမ်းမှန်တွေ့သိကျင့်သုံးနိုင်မှ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်နိုင်မည် ။ ထို့ကြောင့် အကာအကွယ်ပေးခြင်းသည် တပ်မတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍဟု ဆိုရပေသည် ။
``စောင့်လေမျိုးနွယ်``ဟူသော သားသမီးဝတ်နှင့်အညီ တပ်မတော်၏အစဉ်အလာ၊ တပ်မတော်ဖွဲ့စည်းခဲ့ခြင်း၏ ရည်ရွယ်ချက်ကို ပြည်သူကိုအကာအကွယ်ပေးခြင်းဖြင့် ထိမ်းသိမ်းစောင့်ရှောက်ခဲ့ကြသည် ။ စောင့်ရှောက်သင့် ကြသည် ။ တပ်မတော့်ဖခင် ဗိုလ်ချုပ်အောင်ဆန်းသည် ကိုယ့်ကိုယ်ကို နိုင်ငံရေးလုပ်ဖို့လိုအပ်သေးသည်ဟု ယူဆချိန်တွင် တပ်ကထွက်၍ ပါတီထဲဝင်ကာ ရွေးကောက်ပွဲနှင့် ပြည်သူ့အဆုံးအဖြတ်ခံခဲ့လေသည် ။ ကိုယ်က ပြည်သူကို မဆုံးဖြတ်ခဲ့ပေ ။
စစ်ရေးသတ္တိ၊ စစ်ရေးစွမ်းရည်နှင့် နိုင်ငံရေးသတ္တိ၊ နိုင်ငံရေးစွမ်းရည်ကို တကန့်စီ စစ်ဆေးခံခဲ့သည် ။
စစ်ရေးသတ္တိနှင့် စစ်ရေးစွမ်းရည်ကို စစ်ပွဲဖြင့်ဆုံးဖြတ်ခဲ့ပြီး နိုင်ငံရေးသတ္တိနှင့် နိုင်ငံရေး စွမ်းရည်ကို ရွေးကောက်ပွဲဖြင့်ဆုံးဖြတ်ခဲ့သည် ။ ငါတပ်မတော်ခေါင်းဆောင်ဆိုပြီး နိုင်ငံရေးဗိသုကာနေရာကို ရယူခဲ့သည်မဟုတ်ပေ ။ ယနေ့ရွေးကောက်ပွဲမဝင်ဘဲနှင့် (မည်သူ့ကိုယ်စားလှယ်မှန်းမသိ) ကိုယ်စားလှယ် လုပ်ခြင်း၊ ပြိုင်ဘက်မရှိအောင်လုပ်ပြီး ပြိုင်ပွဲကျင်းပကာ ကိုယ်စားလှယ်ဖြစ်ဖို့ကြိုးစားနေကြခြင်းသည် အနာဂတ် နိုင်ငံတော်အတွက် ကောင်းသောအလားအလာများမဟုတ်ပေ ။ ဤနိုင်ငံရေးကြာကူလီရိုက်မှုကြီးကနေ နိုင်ငံရေးမှောင်ကြီးကျမှုကြီး မကြာခင် ဖြစ်ပေါ်လာပေတော့မည် ။
ယနေ့မြန်မာ့နိုင်ငံရေးအနိဋ္ဌာရုံမှန်သမျှမှာ ``တပ်မတော်သာအမိ၊ တပ်မတော်သာအဖ``ဟူသော စိတ်ဓာတ် ရေးရာ စစ်ဆင်ရေးတစ်ခုမှ မြစ်ဖျားခံလာခြင်းဖြစ်သည် ။
ခဏလေးရပ်ပြီး စဉ်းစားကြည့်ပါ -
ကိုယ့်မိဘတွေကို ကိုယ့်သားသမီးတွေဘဲဟုယူဆပြီး ဆက်ဆံလိုက်ပါ ။ ဘာတွေဖြစ်ကုန်ကြမည်နည်း ။ အခု အဲသဟာတွေ အကုန်ဖြစ်နေပါတော့သည်ခင်ဗျား ။
မောင်လူရေး
အောက်တိုဘာ ၆၊ ၂၀၁၀ မိုးမခ
News from : ငရဲ သား
Post By : Aye Chan Mon
 မာတာပိတု ဥပဌာနမင်္ဂလာ ။ မြင်းမိုရ်ရွှေတောင် မိဘကြွေးကို ၊ ကောင်းစွာဆပ်ပေး ဝတ်ကျေကျေ ဟူ၏
မိဘကျေးဇူးက တောင်ကြီးလောက်မြင့်မားနေရကား ကောင်းကောင်း=ကျကျနနပေးဆပ်ရမည် ။ ကျေကျေ= သာမန် ဝတ်ကျေတမ်းကျေမဟုတ်၊ တကယ့်ကို ကျေကျေပွန်ပွန်ဆပ်ရမည်ဟူလို ။
ဒီမင်္ဂလာအကြောင်းမပြောခင် အရင်ဆုံး ဘယ်သူကမိဘ၊ ဘယ်သူက သားသမီး ကွဲကွဲပြားပြားသိဖို့လိုသည် ။ မိဘက မိဘ၊ သားသမီးက သားသမီး ဘာမကွဲစရာရှိသနည်း၊ အလုပ်မရှိ ကြောင်ရေချိုး၊ ကြောင်ချေးတွန်း သည့်နေရာ လိုအပ်သည်များမှာကြားလုပ်နေပြန်သည်ဟု မထင်ပါနှင့် ။
ဒီခေတ်ဒီချိန်ခါသည် ညီအစ်ကို မသိတသိအချိန်မဟုတ်မူ၍ သားသမီးမိဘမသိတသိအချိန်ဟု ဆိုရပေမည် ။ မိဘကလည်း ကိုယ်က မိဘမှ ဟုတ်လေလား၊ ဝေဝါး၏ ။ သားသမီးကလည်း ငါက မိဘနေမှာပါဟု မသေမချာဖြစ်ပြန်၏ ။ ကောသလ အိပ်မက် ၁၆ ချက်တောင် သွက်သွက်ခါ ဒန်တန့်တန်သွားနိုင်သည့် မှောင်ရိပ်သန်းခေတ်ကြီးပါပေ ။
မျက်လုံး နှစ်ရောင်နှင့် သက်ရှိများ
Photo: မျက်လုံး နှစ်ရောင်နှင့် သက်ရှိများ
စာဖတ်သူတို့ ပတ်ဝန်းကျင်မှာလည်း ရှိရှိရင် ရှိတတ်ပါတယ်။ မျက်လုံး တစ်ဖက်နဲ့ တစ်ဖက် အရောင်မတူတဲ့ သူများ ဖြစ်ပါတယ်။ တိရစ္ဆာန်ရော၊ လူသားတွေမှာရော ရှိတတ်ပါတယ်။ ဒါကို Heterochromia iridum လို့ ခေါ်ပါတယ်။
ပုံစံအားဖြင့် ကြည့်ရှုရင် လှပေမယ့် အဲ့ဒီလို အရောင်နှစ်မျိုး မျက်လုံးပိုင်ရှင်မှာ အားနည်းချက်ရှိပါတယ်။ အဓိကကတော့ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးတဲ့ အလွှာ melanin ပါရှိမလာခြင်း ဖြစ်ပါတယ်။ အချို့ ကျတော့လည်း ပါပေမယ့် စုဖွဲမှုနည်းနေလို့ ဖြစ်ပါတယ်။
အဓိကအားနည်းချက်က နေပူပူမှာ အပြင်ထွက်ဖို့ ခက်တာ ဖြစ်ပေမယ့် အခြားသော အားနည်းချက်များလည်း ရှိပါတယ်။ အဓိက ကတော့ သာမန်လူများရဲ့ မျက်စိတွေလို ပြီးပြည့်စုံမှု မရှိခြင်း ဖြစ်ပါတယ်။
တိရစ္ဆာန်များမှာဆိုရင်လည်း (ဥပမာ- ကြောင်၊ခွေး) တို့မှာဆိုရင်လည်း သာမန် တိရစ္ဆာန်များလောက် အမြင်အာရုံ အစွမ်းမထက်ပါဘူး။ သို့ပေမယ့် မျက်လုံး အရောင်နှစ်မျိုးနဲ့ လှပတဲ့ ကြောင်နဲ့ ခွေးများကိုတော့ နိုင်ငံ တကာမှာ ဈေးကြီးပေး ဝယ်လေ့ရှိပါတယ်။
မျက်စိ အရောင်နှစ်မျိုးရှိပြီး အောင်မြင်နေတဲ့၊ အောင်မြင်ခဲ့တဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်ပေါင်းများစွာ ရှိနေပါတယ်။ wiki ကဖော်ပြတဲ့ စာရင်းအရတော့ ၂၅ ဦးမကရှိပြီး နယ်ပယ်ကဏ္ဍအသီးသီးက ပုဂ္ဂိုလ်များ ဖြစ်တယ်လို့ သိရပါတယ်။
----
Ref:wiki
Photo: National Geophric
News from :International news for myanmar
Post By : Aye Chan Mon
စာဖတ်သူတို့ ပတ်ဝန်းကျင်မှာလည်း ရှိရှိရင် ရှိတတ်ပါတယ်။ မျက်လုံး တစ်ဖက်နဲ့ တစ်ဖက် အရောင်မတူတဲ့ သူများ ဖြစ်ပါတယ်။ တိရစ္ဆာန်ရော၊ လူသားတွေမှာရော ရှိတတ်ပါတယ်။ ဒါကို Heterochromia iridum လို့ ခေါ်ပါတယ်။
ပုံစံအာြး
ဖင့် ကြည့်ရှုရင် လှပေမယ့် အဲ့ဒီလို အရောင်နှစ်မျိုး မျက်လုံးပိုင်ရှင်မှာ အားနည်းချက်ရှိပါတယ်။ အဓိကကတော့ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးတဲ့ အလွှာ melanin ပါရှိမလာခြင်း ဖြစ်ပါတယ်။ အချို့ ကျတော့လည်း ပါပေမယ့် စုဖွဲမှုနည်းနေလို့ ဖြစ်ပါတယ်။
အဓိကအားနည်းချက်က နေပူပူမှာ အပြင်ထွက်ဖို့ ခက်တာ ဖြစ်ပေမယ့် အခြားသော အားနည်းချက်များလည်း ရှိပါတယ်။ အဓိက ကတော့ သာမန်လူများရဲ့ မျက်စိတွေလို ပြီးပြည့်စုံမှု မရှိခြင်း ဖြစ်ပါတယ်။
ဘုန်းကြီးကျောင်း တိုက်ခိုက်သူများကို အသယ်အပြောင်း လုပ်သည့်ကား ဖမ်းမိ၊ သဲလွန်စကို ရဲက ဖေါ်ထုတ်နေ
ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘာဇားခရိုင် ပန်းဝါခေါ် ရာမူးမြို့တွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း များ၊ ဗုဒ္ဓဆင်းထုတော်များနှင့် နေအိမ်များကိုအကြမ်းဖက် မီးရှို့ ဖျက်ဆီးရာတွင် ပါဝင်သူများကို သယ်ယူ ပို့ဆောင်ပေးခဲ့သည့် ထရပ်ကားတစ်စီးကို စစ်တကောင်းခရိုင်အတွင်း အာဏာပိုင်များက ဖမ်းဆီး လိုက်သည်။
အဆိုပါ ထရပ်ကားကို စစ်တကောင်းခရိုင် ချီးတာကုန်တာ မြို့နယ်အတွင်းအာဏာပိုင်များက သော ကြာနေ့ ည ၁၁ နာရီအချိန်တွင် ရမ်ဇင်အာလီဆိုသူနှင့်အတူ ဖမ်းဆီး ရမိခြင်းဖြစ်ကြောင်း BD News 24 အွန်လိုင်းစာမျက်နှာတွင် ရေးသားထားသည်။
အဆိုပါ ထရပ်ကားပိုင်ရှင်မှာ ကော့စ်ဘာဇားမြို့နယ် ဘေဒေါဂေါနာ အရပ်မှ မိုဟာမတ် ဇာကာရီ ယာ ဆိုသူဖြစ်ပြီး ကားပိုင်ရှင်မှာ ၁၉၇၈ ခုနှစ် မြန်မာဘက်မှ ဘင်္ဂလာသို့ ပြောင်းရွေ့လာသည့် ရိုဟင် ဂျာဆိုသူ တဦးဖြစ်ကြောင်း ဘင်္ဂလီဘာသာဖြင့် ရေးသားထားသည့် အဆိုပါ သတင်းတွင် ဖလောင်း ချိတ်ခရိုင် ရဲအရာရှိ ဇာဟင်းဂီး အပြောကိုကားပြီး ဖော်ပြသည်။
မြန်မာနိုင်ငံတွင် စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ရန် PTTEP ပြင်ဆင်နေ
ဗဟန်းမြို့နယ်အတွင်းရှိ ပုဂ္ဂလိကဆီဆိုင်တစ်ဆိုင်ကို အောက်တိုဘာလ ၂ ရက်နေ့ ညပိုင်းက တွေ့ရစဉ် ဓာတ်ပုံ-၀င်းမြင့်ကျော်
မြန်မာနိုင်ငံတွင် ပုဂ္ဂလိကစက် သုံးဆီဆိုင်များ လာရောက်ဖွင့်လှစ်ရန်အတွက် ထိုင်းနိုင်ငံမှ PTTEP နှင့် မြန်မာကုမ္ပဏီတစ်ခုတို့ ပူးပေါင်းလုပ်ကိုင်ရန်အတွက် သဘောတူ လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း၊ ထိုသို့လုပ်ကိုင်ရန် PTTEP ၏ မြန်မာ ပြည်ရုံးခွဲ ဖွင့်လှစ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
တစ်နှစ်လျှင် စက်သုံးဆီလီတာ ပေါင်း ၂ ဒသမ ၄ ဘီလျံသုံးစွဲလျက် ရှိသည့် မြန်မာနိုင်ငံတွင် ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင် လာရောက်ဖွင့်လှစ်သည့်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှု အမျိုးအစားများထဲတွင် အကျိုးဖြစ် ထွန်းမှုအတွက် အလားအလာ အကောင်းဆုံး၊ အခွင့်အလမ်း အကောင်းဆုံးအနေအထားတွင်ရှိသည်ဟု PTTEP ၏ Executive Vice President ဖြစ်သူ Auttapol Rerkpiboon က သုံးသပ်ပြောကြားသည်။
တစ်နှစ်ပြည့် မြစ်ဆုံ
A crowd in Malaysia protests the construction of the Myitsone dam
၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်း။ မည်သူမျှ မျှော်လင့်မထားခဲ့သေးသော သတင်း တစ်ရပ်သည် ထိုနံနက်ပိုင်းက မင်္ဂလာရှိစွာပင် ထွက်ပေါ်လာခဲ့သည်။ မြစ်ဆုံစီမံကိန်းကို နိုင်ငံတော်သမ္မတ က ၎င်းတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်းလိုက်ပြီ။ ထိုသတင်းသည် ၂၀၁၁ ခုနှစ်အတွင်း အံ့အားသင့်ဖွယ်၊ ထို့အတူ အလွန်ကြည်နူးဖွယ်ကောင်းသော သတင်းတစ်ရပ် ဖြစ်လာခဲ့ပါသည်။
ထိုနေ့ ထိုရက်မတိုင်မီကာလ များကတော့ မြစ်ဆုံသည် တစ်နိုင်ငံလုံးက ရင်တမမ စောင့်ကြည့်နေရသော၊ ပူပန်နေရသော အရပ်ဒေသသာဖြစ်သည်။ မေခနှင့်မလိခစုဆုံရာ အရပ်မြစ်ဆုံ။ ထိုမြစ်ဆုံသည် မြန်မာနိုင်ငံတွင် အဓိကအသက်သွေးကြော ဖြစ်သည့် ဧရာဝတီကို မွေးဖွားခဲ့သည့် အရပ်။ ထိုအရပ်တွင် တစ်နိုင်ငံလုံး ၏သောကများ စုပုံထားသလို မြစ်ဆုံစီမံကိန်းကို မျှော်ငေးနေခဲ့ကြရသည်မှာ ၂၀၁၁ ခုနှစ် စက်တင်ဘာ  လ ၃၀ ရက်နေ့ မတိုင်မီ အထိပင်။
ထိုစက်တင်ဘာလ ၃၀ ရက်နေ့ ကတော့ ကချင်ပြည်နယ်သူ ပြည်နယ်သားများနှင့်တကွ တစ်နိုင်ငံလုံးစိတ် ချမ်းမြေ့ခဲ့ကြရသည်။ စီမံကိန်းရပ်ပြီ။ သည်စီမံကိန်းရပ်သည် ဆိုသည်မှာ ခုတော့ တစ်နှစ်ပြည့်ပြီ။ အချိန်ကာလစက်ဝန်းသည် တစ်ပတ်လည်ကာ တစ်နှစ်ကာလသို့ ရောက်ရှိခဲ့ပေပြီ။
အစွန်းရောက် မူဆလင် တရားဟောဆရာ အမေရိကန် လွှဲမည်
မွတ်ဆလင်အစွန်းရောက် တရားဟောဆရာ Abu Hamza al-Masri
အကြမ်းဖက်သမားအဖြစ်စွပ်စွဲခံထားရတဲ့ Abu Hamza အပေါ်စွဲဆိုထားတဲ့ စွဲချက်တွေအတွက် အမှုရင်ဆိုင်ဖို့ သူ့ကို ဗြိတိန်နိုင်ငံကနေ အမေရိကန်ကို လွှဲပြောင်းပေးတော့မှာဖြစ်ပါတယ်၊ Abu Hamza ရဲ့ နောက်ဆုံး အယူခံကို ဗြိတိန် ဗဟိုတရားရုံးက သောကြာနေ့မှာ ပယ်ချလိုက်ပြီး Abu Hamza နဲ့အတူ နောက်ထပ် အကြမ်းဖက်သမားအဖြစ် သံသယရှိသူ ၄ ယောက်ဟာ အမေရိကန်ပြည်ထောင်စုမှာ အမှုရင်ဆိုင်ဖို့ သွားနိုင်လောက်တဲ့ ကျန်းမာရေး အခြေအနေရှိပါတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ကျန်းမာရေးမကောင်းတာ နှစ်ပေါင်းကြာနေပြီဖြစ်တဲ့ Abu Hamza ကို တကိုယ်လုံးကို ဓါတ်မှန်ရိုက်တဲ့ MRI scan မလုပ်ခင် အမေရိကန်လက်ကို လွှဲပြောင်း မပေးသင့်ဘူးလို့ Abu Hamza ရဲ့ ရှေ့နေတွေက စောဒကတက်နေကြပါတယ်။
ဇီဝက
ဗုဒ္ဓဘာသာဝင်များ အပေါ် အကြမ်းဖက်မှု မြန်မာ အစ္စလာမ်များ ကန့်ကွက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားနှင့် စစ်တကောင်း ဒေသတွင်းရှိ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများနှင့် အပြစ်မဲ့ ဗုဒ္ဓဘာသာဝင်များ အား အစွန်းရောက် အစ္စလာမ် ဘာသာဝင် အချို့က အကြမ်း ဖက်မှု များပြု
လုပ်နေခြင်း အပေါ် အစ္စလာမ် အဖွဲ့ အနေဖြင့် ကန့်ကွက်ကြောင်း မြန်မာနိုင်ငံ အစ္စလာမ် သာသနာရေးရာ ကောင် စီ ဌာနချုပ် တွဲဖက် အတွင်းရေးမှူး ဦးဝဏ္ဏရွှေ က ပြောကြားသည်။
“ဒီလို သာသနာ့ အဆောက်အဦးတွေနဲ့ အပြစ်မဲ့ ပြည်သူတွေ အပေါ် အကြမ်းဖက် နေတာကို ကျွန် တော်တို့ အနေနဲ့ လုံးဝ လက်မခံသလို အပြင်းအထန် ကန့်ကွက် ပါတယ်“ဟု ၄င်းကဆိုသည်။
ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် ဦးဆောင်ခဲ့သူများအား လှိုင်တရားရုံးက စစ်ဆေးမှုစတင်
Photo: ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် ဦးဆောင်ခဲ့သူများအား လှိုင်တရားရုံးက စစ်ဆေးမှုစတင်
ရန်ကုန်မြို့တွင်း ကမ္ဘာငြိမ်းချမ်းရေးနေ့ လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်ခဲ့သူများအား လှိုင်မြို့နယ် တရားရုံးက အောက်တိုဘာလ (၅) ရက်နေ့က စတင်ခေါ်ယူစစ်ဆေးနေပြီဖြစ်သည်။ 
...ဦးဆောင်သူများဖြစ်သည့် ကိုမိုဃ်းသွေး၊ ကိုကျော်ကျော်ဘို၊ မခင်စန္ဒာညွှန့်၊ မဖွေးယုမွန် တို့အား ခေါ်ယူစစ်ဆေးခြင်းဖြစ်သည်။ 
တရားစွဲခံရသူများကို ဥပဒေပုဒ်မ(၁၈)ဖြင့် မြို့နယ်(၁၀)ခုမှ တရားစွဲခဲ့ခြင်း
ဖြစ်ကာ လှိုင်မြို့နယ်တွင် စခန်းမှုး ဦးသိန်းဆွေမှ တရားလိုပြသက်သေပြုလုပ်
ခဲ့သည်။ 
“ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာတော့ စခန်း(၁၀)ခုကိုသွားပြီး အမှုစစ်ဆေးခံ
ခဲ့ရတယ်။ တရားပြန်စွဲခြင်း မစွဲခြင်းကတော့ ဥပဒေ ပညာရှင်တွေနဲ့ တိုင်ပင်
ရဦးမယ်။ ကျွန်တော်တို့ဘက်က ဘယ်လိုကာကွယ်လို့ ရမလဲခုခံလို့ရမလဲ
ဆိုတာကိုပေါ့ ရတဲ့အနေထားအတိုင်းတော့လုပ်သွားမှာပါ။” ဟု တရားစွဲဆိုခံ
ထားရ သူ ကိုမိုဃ်းသွေးက ပြောသည်။ 
အမှုအား ချက်ချင်းစစ်ဆေးခြင်းကို လက်ခံနိုင်မှုမရှိသဖြင့်၎င်းတို့ဘက်မှလည်း
ရှေ့နေခေါ်ယူ ပြီးမှသာ စစ်ဆေးခံနိုင်မည်ဖြစ်ကြောင်း တရားဆွဲဆိုခံထားရသူ
များက ဆိုသည်။ 
“ခုက ချက်ချင်းတန်းခေါ်ပြီး စစ်ဆေးတဲ့သဘော အဲ့လိုပုံစံမျိုးဆိုတော့ကျွန်မ
တို့ လက်မခံခဲ့ဘူး။ ရှေ့နေတွေ ဘာတွေ ခေါ်ခဲ့မယ်ဆိုပြီးတော့ ရုံးချိန်းထပ်
တောင်းခဲ့တယ်။” ဟု မခင်စန္ဒာညွှန့်က ပြောသည်။
အမှုစွဲထားသည့် မြို့နယ် (၁၀) မြို့နယ်သို့ သွားရောက်စစ်ဆေးခြင်းထက်
အနောက်ပိုင်းတိုင်းခရိုင်၊အ ရှေ့ပိုင်းတိုင်းခရိုင်နှစ်ခု ခွဲကာစစ်ဆေးပေးရန်
လည်း တောင်းဆိုထားသည်။ 
တရားစွဲခံထားရသူများသည် ကိုယ်ပိုင်ခံဝန်ချက်ဖြင့်သာအာမခံလုပ်ထားမည်
ဖြစ်ကြောင်း ရုံးချိန်းတိုင်း ကို မပျက်မကွက်လာရောက်မည်ဖြစ်ကြောင်း မလာနိုင်လျှင် လျှော်ကြေးငွေ (၃)သိန်းပေးမည်ဆိုသည့် ခံဝန်ချက်
လတ်မှတ်ထိုးခဲ့ကြောင်း သိရှိရသည်။ 
“ခုအမှုကို ရင်ဆိုင်ဖို့အသင့်ပါပဲ။ နိုင်ငံသားတစ်ယောက်ရဲ့တာဝန်အရ
ပါဝင်ဖြစ်တယ်။ အဲဒီအတွက် ကြောင့် ကိုယ်ပိုင်ခံဝန်ချက်နဲ့ သွားချင်တယ်။ ဘာကြောင့်ကိုယ်ပိုင်ခံဝန်လုပ်ရတာဆိုတော့ရှင်းပြတယ်။ ခုရေးနေတယ်။ ကိုယ်ပိုင်ခံဝန်ချက် စာချုပ်ထပ်ချုပ်ရမယ်။ ရုံးချိန်းခေါ်တိုင်းလာပါ့မယ်ဆိုတာ။
ဖောက်ဖျက်လာလို့ရှိရင် လျှော်ကြေးဘယ်လောက်လောက် ပေးပါ့မယ်ဆိုတဲ့အကြောင်း ဒါကိုယ်ပိုင်ခံဝန်ချက်ရဲ့ သဘောသဘာဝပါ။”ဟု ကိုဂျော်ဂွန်းက
ပြောသည်။ 
အဆိုပါ တရားစွဲခံထားရသူများသည် ဆန္ဒမထုတ်ဖော်ခင်တွင် ခွင့်ပြုမိန့်
တောင်းခဲ့ကြောင်း ခွင့်ပြုမိန့် အား မခိုင်လုံသည့် အကြောင်းပြချက်များဖြင့် ပယ်ချခံခဲ့ရကြောင်း ၄င်းတို့က ဆိုသည်။ 
“ငြင်းပယ်တဲ့နေရာမှာပေးထားတဲ့အကြောင်းပြချက်တွေကလည်းလမ်းပိတ်ဆို့
မှာစိုးတယ်။ ပြည်သူတွေ အနှောက် အယှက်ဖြစ်မှာစိုးတယ်။ အထိဂရုန်းတွေ
ဖြစ်မှာစိုးတယ်ဆိုတဲ့ မခိုင်လုံတဲ့ အကြောင်းပြချက်တွေ ပေးတယ်။”ဟု ကိုမိုဃ်းသွေးက ပြောသည်။ 
နေပြည်တော် ဆန္ဒထုတ်ဖော်သည့် အဖွဲ့အား ဦးဆောင်သည့် ကိုဂျော်ဂွန်းနှင့် မစပယ်ဖြူတို့အား ဒဂုံမြို့နယ်တရားရုံးတွင် စက်တင်ဘာလ (၂၈)ရက်နေ့က အမှုစတင်စစ်ဆေးခဲ့ပြီး အောက်တိုဘာလ (၁၀)ရက်နေ့တွင် ထပ်မံ ရုံးချိန်း စစ်ဆေးမည်ဖြစ်သည်။
News from :Myit Makha Mediagroup
Post By : Aye Chan Mon
ရန်ကုန်မြို့တွင်း ကမ္ဘာငြိမ်းချမ်းရေးနေ့ လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်ခဲ့သူများအား လှိုင်မြို့နယ် တရားရုံးက အောက်တိုဘာလ (၅) ရက်နေ့က စတင်ခေါ်ယူစစ်ဆေးနေပြီဖြစ်သည
်။
...ဦးဆောင်သူများဖြစ်သည့် ကိုမိုဃ်းသွေး၊ ကိုကျော်ကျော်ဘို၊ မခင်စန္ဒာညွှန့်၊ မဖွေးယုမွန် တို့အား ခေါ်ယူစစ်ဆေးခြင်းဖြစ်သည်။
တရားစွဲခံရသူများကို ဥပဒေပုဒ်မ(၁၈)ဖြင့် မြို့နယ်(၁၀)ခုမှ တရားစွဲခဲ့ခြင်း
ဖြစ်ကာ လှိုင်မြို့နယ်တွင် စခန်းမှုး ဦးသိန်းဆွေမှ တရားလိုပြသက်သေပြုလုပ်
ခဲ့သည်။
ကျိုက်ထီးရိုးစေတီတော် ဂေါပက အဖွဲ့အား ဆိုင်ခန်းရှင်များက ဆန္ဒပြရန် စီစဉ်နေဟုသိရ
Photo: ကျိုက်ထီးရိုးစေတီတော် ဂေါပက အဖွဲ့အား ဆိုင်ခန်းရှင်များက ဆန္ဒပြရန် စီစဉ်နေဟုသိရ
========================================
ကျိုက်ထီးရိုးစေတီတော် ဂေါပက အဖွဲ့အား ဆိုင်ခန်းရှင်များက ဆန္ဒပြရန် စီစဉ်နေသည်ဟုသိရသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဆိုင်ခန်းရှင်များ ဘက်မှ အကျိုးဆောင် ကိုယ်စားလှယ် အဖြစ်ဆောင်ရွက်သူ ဦးမြင့်စိုး က "လာမယ့် ဗုဒ္ဒဟူး သို့မဟုတ် ကြ
ာသာပတေးမှာ ခွင့်ပြုမိန့်ရမယ် လို့ထင်တယ် ၊ တရားဝင်ခွင့်ပြုချက် ယူပြီး ဆန္ဒထုတ်ဖော် သွားမှာပါ "ဟု ဆိုသည်။
...
ယင်းကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မီဒီယာဂရုပ်မှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်း ရာတွင် " လက်ရှိ ဆိုင်ခန်းရှင်တွေ အနေနဲ့ လူ့အခွင့် အရေး ချိုးဖောက်ခံနေရတယ်လို့ ဆိုကြတယ် ဒီကိစ္စကို ဦးတို့ကိုလာပြီး အကူအညီတောင်းတဲ့အတွက် သက်ဆိုင်ရာကိုလည်း ဆန္ဒထုတ်ဖော်သွားဖို့ တရားဝင်စာတင်ထားခြင်း ဖြစ်ပါတယ်" ဟု ယနေ့ (၆-၁၀-၂၀၁၂) က ဖြေကြားခဲ့သည်။
News from : ရန်ကုန်မီဒီယာဂရုပ်
Post By : Aye Chan Mon
ကျိုက်ထီးရိုးစေတီတော် ဂေါပက အဖွဲ့အား ဆိုင်ခန်းရှင်များက ဆန္ဒပြရန် စီစဉ်နေသည်ဟုသိရသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဆိုင်ခန်းရ
ှင်များ ဘက်မှ အကျိုးဆောင် ကိုယ်စားလှယ် အဖြစ်ဆောင်ရွက်သူ ဦးမြင့်စိုး က "လာမယ့် ဗုဒ္ဒဟူး သို့မဟုတ် ကြ
ာသာပတေးမှာ ခွင့်ပြုမိန့်ရမယ် လို့ထင်တယ် ၊ တရားဝင်ခွင့်ပြုချက် ယူပြီး ဆန္ဒထုတ်ဖော် သွားမှာပါ "ဟု ဆိုသည်။
...
ဘဏ်ငွေထုတ်ပြန်လာသူအား ဆိုင်ကယ်ဖြင့်လိုက်လံလုယက်
မကွေး၊အောက်တိုဘာ ၆ 
`ကမ္ဘောဇ`ဘဏ်မှငွေထုတ်ပြီး ပြန်လာသူမိန်းကလေးထံမှ ငွေထုပ်အား ဆိုင်ကယ် စီးယောကျားတစ်ဦးမှအောက်တိုဘာ ၄ ရက် နေ့လည် ၁၁ နာရီကျော်ခန့်က လိုက်လံလု ယူ ထွက်ပြေး ခဲ့ကြောင်းသိရသည်။
မကွေးမြို့ ဆုံရပ်(၁၃) လမ်းနေ အဘဦးဖိုးတာ၏သမီး မထက်ထက်ခိုင်(၂၅)နှစ်နှင့်သူငယ် ချင်းဖြစ်သူ အောင်စေတနာရပ် ဟိုက်ကလပ်ကဖီး အနီးနေအဘဦးခင်မောင်သန်း ၏ သမီး မခိုင်ရွှေရည်ဦး
တို့(၂)ဦးသည်ငွေကျပ်(၁၅)သိန်းကို ရန်မျိုးအောင်ရပ်ပြည်တော်သာ လမ်းမ ပေါ်ရှိ `ကမ္ဘောဇ`ဘဏ်မှထုတ်ယူပြီး စူပါကပ်မော်တာဆိုင်ကယ် ရှေ့ခြင်း ထဲသို့ ထည့်၍ပြန် လာခဲ့ရာပြည်တော်သာလမ်းနှင့်သစ္စာလမ်းထောင့်အနီးတွင်ဆိုင်ကယ်စီးယောကျားတစ်ဦးကညာဘက်ခြမ်းမှကပ်ပြီး`ရန်ကင်းဈေးဘယ်နားမှာလဲ`ဟုမေးယောင်ပြုကာ ဆိုင် ကယ်ရှေ့ခြင်း ထဲရှိ ပလပ်စတစ်အိတ်ဖြင့်ထည့်ထားသောငွေထုတ်ကို နှိုက်ကာထွက်ပြေး သွားကြောင်း သိရ သည်။
KIA ကဆရာကြီး မဂျီလဆိုင်း ကျွဲတွေကိုဖမ်းဆီးပြီး တရုတ်သို့ ကိုယ်တိုင်သွားရောင်းစား
Photo: KIA ကဆရာကြီး မဂျီလဆိုင်း ကျွဲတွေကိုဖမ်းဆီးပြီး တရုတ်သို့ ကိုယ်တိုင်သွားရောင်းစား
6 Oct 2012
အောက်တိုဘာလ (၄) ရက်တွင် KIA တပ်မဟာ(၃)၀န်ဂေါဘွမ်မှာရှိနေတဲ့တပ်ရင်းမှ ဆရာကြီး မဂျီလဆိုင်း သည် တစ်ဖက်တရုတ်ပြည်သို့ ကျွဲမှောင်ခို ကုန်ကူးလာသော လထော်ထံမှ ကျွဲအကောင်(၃၀)အား မန်စီမြို့နယ် ၊ ဂျာမိုင်ရွာနားမှာ ဖမ်းဆီးပြီး တောလမ်းအတိုင်း တရုတ်နိုင်ငံထဲမှာ ကိုယ်တိုင် သွားရောင်းခဲ့ တယ်လို့ သိရပါတယ်။ ဆရာကြီး မဂျီလဆိုင်းနှင့်အတူ KIA တပ်သား လေးယောက်ပါလာပြီး ဖမ်းစဉ်တွင် KIA ၀တ်စုံများ ၀တ်ထားကြောင်းနှင့် ဂျာမိုင်ရွာ နားက တောလမ်းမှာ စောင့်နေပြီးဖမ်းသွားတာဖြစ်ကြောင်း သိရပါတယ်။
...
“ ဒီကောင်လွန်လွန်းတယ်ဗျာ ဖမ်းတယ်ဆိုလည်း သိမ်းပြီးတပ်ရင်းကိုအပ်ပေါ့ ၊ ခုတော့မဟုတ်ဘူး ဖမ်းပြီး သူ့ဟာသူ သွားရောင်းစားပြီး သူ့လူတွေနဲ့ခွဲယူတာ ၊ ဟိုဘက်က ကုန်သည်တွေကိုမေးပြီးပြီ သူတို့ညနေပိုင်း လာရောင်းသွားတယ်တဲ့။ (၆၃) ကောင် ပါတယ်တဲ့။ ဒီက (၃၀) ဆိုတော့ နောက်ဘယ်သူ့ ဆီက ဓါးပြတိုက်သွားသေးလဲ မသိဘူး၊ ဒီကောင် မဂျီလဆိုင်းက ဘိန်းသမား KIA ထဲမရောက်ခင်တုန်းကလဲ မူးရူးသောက်စားနေတဲ့ကောင၊် ရွာချဉ်ဘက်။ လောင်းကစားသမား ။ ဒီကောင့်ကို တပ်ရင်းကခိုင်းတာ မဟုတ်ဘူး တပ်ရင်းကခိုင်းရင် ငွေပဲကောက်ခိုင်းတာ အရင်အခေါက်တွေတုန်းက တပ်ရင်းက ဗိုလ်ကြီးတွေ စောင့်ပြီးကောက်တာ အဲဒါမျိုးဆိုရင် ကျွဲတစ်ကောင်ကို ငွေ ၂၀၀၀ ပေးရင်ရတယ်” ဟု ကျွဲအသိမ်းခံရသူ လထော်ကပြောပါတယ်။
http://www.kachindailynews.blogspot.com/2012/10/kia_6.htmlSee more
News from : Kachin Daily News
Post By : Aye Chan Mon
အောက်တိုဘာလ (၄) ရက်တွင် KIA တပ်မဟာ(၃)၀န်ဂေါဘွမ်မှာရှိနေတဲ့တပ်ရင်းမှ ဆရာကြီး မဂျီလဆိုင်း သည် တစ်ဖက်တရုတ်ပြည်သို့ ကျွဲမှောင်ခို ကုန်ကူးလာသော လထော်ထံ
မှ ကျွဲအကောင်(၃၀)အား မန်စီမြို့နယ် ၊ ဂျာမိုင်ရွာနားမှာ ဖမ်းဆီးပြီး တောလမ်းအတိုင်း တရုတ်နိုင်ငံထဲမှာ ကိုယ်တိုင် သွားရောင်းခဲ့ တယ်လို့ သိရပါတယ်။ ဆရာကြီး မဂျီလဆိုင်းနှင့်အတူ KIA တပ်သား လေးယောက်ပါလာပြီး ဖမ်းစဉ်တွင် KIA ၀တ်စုံများ ၀တ်ထားကြောင်းနှင့် ဂျာမိုင်ရွာ နားက တောလမ်းမှာ စောင့်နေပြီးဖမ်းသွားတာဖြစ်ကြောင်း သိရပါတယ်။
...
ပြုပြင်ပြောင်းလဲရေးခေတ်သစ်မှ တစ်မူ ထူးခြားလှသည့် ဒီမိုကရေစီရောင်းရင်းနှစ်ဦး( အောင်ကျော်စိုး)
Photo: ပြုပြင်ပြောင်းလဲရေးခေတ်သစ်မှ တစ်မူ ထူးခြားလှသည့် ဒီမိုကရေစီရောင်းရင်းနှစ်ဦး
Written by  အောင်ကျော်စိုး
ခု ဖော်ပြပါဆောင်းပါးမှာ နာမည်ကျော် အမေရိကန် သတင်းစာ တစ်စောင်ဖြစ်သော နယူးယောက်တိုင်းမ်၏ ပင်တိုင်ဆောင်းပါးရှင် Bill Keller အင်တာဗျူး တစ်ပုဒ် အနက်မှ အချို့ကို မှီငြမ်း ကောက်နုတ် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ Bill Keller သည် သမ္မတ ဦးသိန်းစိန်၏ သမိုင်းဝင် အမေရိကန်ပြည်ထောင်စု ခရီးစဉ်တွင် ၎င်းကို သွားရောက်တွေ့ဆုံ၍ မေးခွန်း အတော်များများ မေးမြန်း ခဲ့သလို တစ်ချိန်တည်း မှာပင် အဆိုပါ နိုင်ငံသို့ရောက်ရှိနေခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့သည်။
သမ္မတကြီး ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ စိန်ခေါ်မှုများကို ရင်ဆိုင်ရင်း မတူညီသည်များကို ဘေးချိတ်ပြီး တူညီသည်များကို အပေးအယူ မျှစွာဖြင့် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး အတွက် လုပ်ကိုင်ဆောင်ရွက်နေမှုအပေါ် Bill Keller က 'The Burmese Odd Cople' ဟူသောခေါင်းစဉ်ဖြင့် ရေးသားခဲ့သည့် ဆောင်းပါးကို 'ပြုပြင်ပြောင်းလဲရေး ခေတ်သစ်မှ တစ်မူ ထူးခြားသည့် ဒီမိုကရေစီ ရောင်းရင်းနှစ်ဦး' ဟု ဆီလျော်အောင် မြန်မာမှု ပြုလိုက်ပါသည်။
မြန်မာပြည်၏ ဂိုဘာချော့ဗ်နှင့် နယ်လ်ဆင် မင်ဒဲလား
၂၀၁၀ ပြည့်နှစ်နောက်ပိုင်း မြန်မာနိုင်ငံ၏ ကံကြမ္မာ အလှည့် အပြောင်းမှာ အံ့အားသင့်လောက် စရာကောင်းအောင် ကောင်းမွန်လှ သည်ဟုပင် ဆို၍ ရပါသည်။ အကြောင်းမှာ အဆိုပါ အလှည့်အပြောင်းက လူကြိုက်များ ထင်ရှားသည့် ကမ္ဘာ့ခေါင်းဆောင်ကြီး နှစ်ဦးဖြစ်သော နယ်လ်ဆင် မင်ဒဲလား(တောင်အာဖရိက)နှင့် မီခေးလ် ဂိုဘာချော့ဗ်(ရုရှား) ကဲ့သို့သော ပုဂ္ဂိုလ်နှစ်ဦးကိုပါ တစ်ပြိုင်တည်း ထွက်ပေါ်အောင် ဖန်တီး ပေးလိုက်နိုင်ခြင်းကြောင့် ပင်ဖြစ်ပါသည်။ နယ်လ်ဆင် မင်ဒဲလားနှင့် တူသူမှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီး ဂိုဘာချော့ဗ်ကြီးနှင့် တူသူမှာ ပြုပြင်ပြောင်းလဲရေး သမ္မတကြီး ဦးသိန်းစိန်ပင်ဖြစ်သည်။ သူတို့ နှစ်ဦးကို ဤမျှလောက်သော ပုဂ္ဂိုလ်မျိုးများနှင့် နှိုင်းယှဉ် လောက်စရာ လိုသလောဟု မေးလာလျှင် နှိုင်းယှဉ်ရန် လျော်ကန် သင့်မြတ်လှပါ သည်ဟုပင် ဖြေရ ပါလိမ့်မည်။
အတိုက်အခံ ခေါင်းဆောင်တစ်ဦး အဖြစ် နှစ်ပေါင်း ၂၀ ကျော်ကြာ ရပ်တည်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်ပြီး အများပြည်သူ ဒီမိုကရေစီ အရေး၊ လူ့အခွင့်အရေးနှင့် အများပြည်သူ လွတ်လပ်မှု ရှိရေးတို့အတွက် ကိုယ်ပိုင် လွတ်လပ်ခွင့် များကို လက်လွတ်ခံကာ ၁၅ နှစ်ခန့်မျှ နေအိမ် အကျယ်ချုပ် ကျခံခဲ့သည်။ နိုင်ငံတကာမှ ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ကမ္ဘာ့ခေါင်းဆောင် အများစု(အထူးသဖြင့် အနောက်ကမ္ဘာနိုင်ငံ ခေါင်းဆောင်များ)၏ ထောက်ခံမှုများ ရရှိထားသူ ဒေါ်အောင်ဆန်းစုကြည် ကို ကြိုက်နှစ်သက် သူများက 'တိုင်းပြည်ကို ဦးဆောင်ဖို့မွေးဖွားလာသူ' တစ်ဦးအဖြစ် ရည်ညွှန်းကြသည်။ အောက်စဖို့ဒ် တက္ကသိုလ် ထွက်၊ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်၊ ဘာသာစကား သုံးလေးမျိုး ပြောတတ်သူ အစရှိသည် တို့ကလည်း ဒီမိုကရေစီ ခေါင်းဆောင်တစ်ဦး၏ ပြယုဂ်ကို ပိုမိုရွှန်းလဲ့ တောက်ပြောင် စေသည်။
သမ္မတကြီး ဦးသိန်းစိန်မှာ မူ ပြည်တွင်း၊ ပြည်ပ အသိုင်းအ၀ိုင်း တွင် ဒေါ်အောင်ဆန်းစုကြည်လောက် ပုဂ္ဂိုလ်ရေး နာမည် ကျော်ကြားမှု မရှိသော်လည်း ၎င်းသမ္မတ ဖြစ်လာသည့် သက်တမ်း တစ်လျှောက် ဒီမိုကရေစီရေးနှင့် ပြုပြင် ပြောင်းလဲရေး လုပ်ရပ်များကို အစွမ်းကုန် လုပ်ကိုင်ပြနိုင်ခြင်းကြောင့် မြန်မာပြည်သူ လူထုနှင့် ကမ္ဘာ့ခေါင်း ဆောင်ကြီးများ၏ အံ့သြတကြီး ချီးမွမ်းမှုကို ခံထားရသူ ဖြစ်သည်။
သမ္မတကြီးဦးသိန်းစိန်၏ အထင်ရှားဆုံးပြယုဂ်မှာ 'ရိုးသားမှု' ပင် ဖြစ်သည်။ ၂၀၁၁ ခုနှစ် မတ်လ သမ္မတ အဖြစ် ရွေးချယ် တင်မြှောက် ခြင်းခံရချိန်က တောင်ကိုရီးယား သတင်းစာ အချို့က 'Mr.Clean- ဦးသန့်ရှင်း' ဟုပင် တင်စား ရေးသား ခဲ့ကြသည်။ ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသ ဟိုင်းကြီးကျွန်း အနီးရှိ ကျေးရွာလေး တစ်ခု၌ မွေးဖွား ကြီးပြင်းခဲ့သူ ဖြစ်ပြီး မိဘများမှာ တောင်သူ လယ်သမားများ ဖြစ်ကြသည်။ Bill Keller နှင့် ပြုလုပ်သော အင်တာဗျူးတွင် "ကျွန်တော် ဟာ အညတရ ဘဝက လာတာပါ" ဟု စတင်ပြောဆိုသည်။
အထက်တန်းကျောင်း မဆိုထားဘိ၊ အလယ်တန်းကျောင်းပင် မရှိသော အဆိုပါ ကျေးရွာလေးတွင် မူလတန်း အောင်သောအခါ ရွာနှင့် မိုင်ပေါင်း ၄၀ မှ ၅၀ ခန့် ဝေးကွာသည့် နေရာတွင် ရှိသည့် အလယ်တန်း ကျောင်း၌ သုံးနှစ်ခန့် တက်ခဲ့ရသည်။ ထို့နောက် ပုသိမ်မြို့တွင် သုံးနှစ်ခန့် ကျောင်းတက် ခဲ့ရသည်။ ကျောင်းပြီးသောအခါ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း ဝင်ရောက် ဖြေဆိုရာ အောင်မြင်ခဲ့သည်။
ဗိုလ်လောင်း သင်တန်းတွင် လေးနှစ် တက်ရောက် ခဲ့ပြီးနောက် ဝိဇ္ဇာဘွဲ့ ရရှိကာ ဒုဗိုလ်ဖြစ်လာသည်။ မြန်မာနိုင်ငံကို နှစ်ကာလ ကြာမြင့်စွာ ပိတ်ဆို့ အရေးယူ ထားခဲ့သော အမေရိကန် ပြည်ထောင်စု၊ ဥရောပ သမဂ္ဂ အပါအဝင် နိုင်ငံတကာမှ လေ့လာ စောင့်ကြည့် သူများအား အံ့အား သင့်စေခဲ့သည့် အချက်မှာ သမ္မတကြီး ဦးသိန်းစိန်သည် တိုင်းပြည်ကို တင်းကျပ်စွာ အုပ်ချုပ်သည့် တပ်မတော်(စစ်ဘက်) အစိုးရမှ ထွက်ပေါ် လာသည့် ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦး ဖြစ်သည့်တိုင် အချိန်ကာလတို အတွင်း နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင် ပြောင်းလဲမှုများကို ဆက်တိုက် လုပ်ဆောင်ပြနိုင်ခဲ့ခြင်းပင် ဖြစ်ပါသည်။ သို့သော် ပုဂ္ဂိုလ်ရေး သမိုင်း ကြောင်းကို ပြန်ကြည့်မည် ဆိုပါက ဦးသိန်းစိန်သည် နာမည်ကောင်း တစ်လုံးကို အစဉ်အဆက် ပိုင်ဆိုင်ခဲ့သူ ဖြစ်သည်။
တူညီသော အမြင်များ
ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် မတူညီသော နောက်ခံ သမိုင်းကြောင်းများနှင့် လူမှုဘဝများကို ဖြတ်သန်း ခဲ့သော်ငြား တိုင်းပြည် ကောင်းစားရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အပေါ်၌ တူညီသော အမြင်များ ရှိကြသည်။ ယင်းမှာ စစ်အာဏာရှင် စနစ်သည် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်မှုကို ဆိုးဆိုးရွားရွား ထိခိုက်စေသည် ဟူသော အချက် ဖြစ်သည်။ ထို့ပြင် တိုင်းပြည် ခိုင်မာ တောင့်တင်းရေးနှင့် မြန်မာနိုင်ငံက ပေးထားသော ကတိများ အတိုင်း အမှန်တကယ် ဖြစ်အောင် အကောင် အထည်ဖော် ဆောင်ရွက်ရေး ဟူသည့် ကိစ္စမှာ ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင် အချို့၏ ပုဂ္ဂိုလ်ရေး အရည်အသွေးများ ပေါ်တွင် မူတည်မှု မရှိဘဲ အင်စတီကျူးရှင်းကြီးများနှင့် ဒီမိုကရေစီ အလေ့အထ၊ ဒီမိုကရေစီ ယဉ်ကျေးမှု ဖော်ဆောင်နိုင်မှု အပေါ်တွင်သာ မူတည် သည်ဟူသော အချက်ကို ၎င်းတို့ နှစ်ဦးစလုံးက တူညီစွာ နားလည် သဘောပေါက် ထားသည်မှာ အားရ ကျေနပ်စရာပင်ဖြစ်သည်။
အဆိုပါ အမြင်များမှာ ခေါင်းဆောင်ပိုင်းများ အတွက် မရှိမဖြစ် လိုအပ် ပြီး လက်တွေ့ကျသည့် အမြင်များဟုလည်း ဆိုနိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ မှတ်သားစရာ အကောင်းဆုံးသော အချက်တစ်ခုမှာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး ဆိုင်ရာ ပြယုဂ် ဖြစ်ခြင်းနှင့် နိုင်ငံရေးသမား တစ်ဦးဖြစ်ရခြင်း ဟူသည့် အနေအထား နှစ်မျိုး ကွဲပြား ခြားနားပုံကို အချိန်တိုတွင်း လျင်မြန်စွာ နားလည် သဘောပေါက် နိုင်ခြင်းပင် ဖြစ်သည်။ အတိုက်အခံ နိုင်ငံရေး သမား အားလုံး တရားမျှတမှု မရှိသည်ကိုသာ မြင်လေ့ ရှိကြသော်လည်း စေ့စပ် ညှိနှိုင်းမှုများ၏ ကောင်းကွက်ကို တွေ့မြင်နိုင်သူမှာ အနည်းငယ် သာရှိသည် မဟုတ်ပါလော။ တစ်ချိန်က တောင်အာဖရိကမှ ဒီမိုကရေစီ ခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလားသည် နှစ်ပေါင်း ၂၇ နှစ်ခန့် အကျဉ်းထောင်တွင် ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရသည်။ သို့သော် ထိုသို့ ၂၇ နှစ်တိတိ ဖမ်းဆီး အကျဉ်းကျ ခံရုံဖြင့် တောင်အာဖရိက နိုင်ငံကို ကယ်တင်မှု မပြုနိုင်ပေ။
မစ္စတာ မင်ဒဲလားသည် ၂၇ နှစ် အကျဉ်းကျ ခံခဲ့မှုနှင့် အကျဉ်းထောင်မှ လွတ်မြောက်ပြီးနောက် အာဏာ ခွဲဝေရေး ဆိုင်ရာ စေ့စပ် ညှိနှိုင်းမှုများ ပြုလုပ်မှု နှစ်ခု ပေါင်းမှသာ တောင် အာဖရိကနိုင်ငံကို ကယ်တင် နိုင်ခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် သည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် အချိန်တို ကာလ ပိုင်း အတွင်းမှာပင် မိမိနှင့် မိမိ၏နိုင်ငံရေး ပါတီ အနေအထားနှင့် ရှုပ်ထွေး နက်နဲ လှသော မြန်မာ့နိုင်ငံရေး အခြေအနေကို ကောင်းစွာ နားလည် သဘောပေါက် ခဲ့သူဖြစ်သည်။ ထို့ကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ကို ကြားဖြတ် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်စေသည်။
သို့အတွက်ကြောင့် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရပြီး မြန်မာနိုင်ငံ၏ တရားဝင် နိုင်ငံရေး စီးကြောင်းထဲသို့ ရောက်ရှိလာသည်။ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်သော အစိုးရ အဖွဲ့အတွက် သူမအနေဖြင့် တာဝန် ခံယူ၍ ပူးပေါင်း လုပ်ကိုင် ပေးနိုင်သည်များကို ကမ်းလှမ်းခဲ့ကာ နှစ်ဦးနှစ်ဖက် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ယူသည်။ မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် ဧရာမ အဟန့်အတားကြီးများ ဖြစ်နေသည့် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ဖယ်ရှားရေး အတွက် အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ သမဂ္ဂတို့ကို တစ်ဖက်တစ်လမ်းမှ နေ၍ ဆော်သြပေးသည်။
ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရာ၌ အတိတ်ဆီက ဒဏ်ရာ ဒဏ်ချက်များအတွက် လက်တုံ့ပြန်မှုများ လုံးဝ မရှိနိုင် ဟူသော အချက်ကို စစ်တပ်ဘက်က လက်သင့် ခံလာအောင် လုပ်ကိုင်ရန် လိုအပ်ပုံကို ထုတ်ဖော်ပြောဆို လာသည်။ မြန်မာနိုင်ငံ ပြန်လည် ထူထောင်ရေးတွင် မည်သည့် ကိစ္စက အန္တရာယ် တစ်ရပ် သဖွယ် ဖြစ်လာ နိုင်သနည်းဟု မေးမြန်းရာတွင် ဒေါ်အောင်ဆန်းစုကြည်က အနိုင် ရယူလိုသူများ၊ ရန်လိုသူများကို အန္တရာယ်များ စာရင်းတွင် ထိပ်ဆုံး၌ ထားရှိထားကြောင်း ပြောဆိုသည်။
ဗိုလ်ချုပ်မှူးကြီး၏ ပရိုဂရမ်
သူတို့ နှစ်ဦး စလုံး၏ သမိုင်းဝင် အမေရိကန်ပြည်ထောင်စု ခရီးစဉ် တွင် သမ္မတကြီး ဦးသိန်းစိန်ထက် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် အစိုးရ အရာရှိကြီးများ၊ ကွန်ဂရက် လွှတ်တော် အမတ်များ သာမက ပြည်သူများကပါ ပို၍ သောင်းသောင်းဖြဖြကြိုဆိုကြသည်မှာ နားလည်ပေး၍ ရနိုင်သော အကြောင်းကိစ္စ တစ်ခုပင် ဖြစ်သည်။ သို့သော် သမ္မတကြီး ဦးသိန်းစိန်မှာ ပြုပြင်ပြောင်းလဲရေး လုပ်ရပ်များနှင့် ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းများကို အာရပ် ကမ္ဘာနိုင်ငံများနှင့် မတူဘဲ သွေးထွက် သံယိုဖြစ်မှု၊ ဆူပူ အကြမ်းဖက်မှုများ မရှိအောင် လုပ်ကိုင်ပြနိုင် ခဲ့သည့် အတွက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်လာသော နိုင်ငံ ခေါင်းဆောင်များ၊ ပညာရှင်များနှင့် လေ့လာ စောင့်ကြည့်သူများ၏ ကောင်းချီးသြဘာပေးခြင်းကို ခံခဲ့ရပါသည်။ သူသည် တစ်နှစ်ခွဲခန့်မျှသာ ရှိသော သမ္မတ သက်တမ်းအတွင်း နိုင်ငံရေး အကျဉ်းသား အမြောက်အမြားကို လွှတ်ပေးခြင်း၊ အတိုက်အခံ အင်အားစုများ ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်လာအောင် ကောင်းစွာ စည်းရုံးခြင်း၊ ပညာရှင်များ ပါဝင်သည့် 'မင်းတိုင်ပင်အဖွဲ့' ကဲ့သို့သော အသိုင်း အ၀ိုင်းတစ်ခုကို ထူထောင်ခြင်း၊ အနောက်နိုင်ငံ ဆက်ဆံရေးတွင် လိုက်လျောပေးမှုများ ပြုလုပ်ခြင်း တို့ကို လုပ်ကိုင် ခဲ့သဖြင့် ကမ္ဘာ့အသိုင်း အဝိုင်း တစ်ခုလုံး၏ ချီးမွမ်း ပြောဆိုမှုကို ရရှိခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကမူ သမ္မတကြီး ဦးသိန်းစိန်သည် မိမိတို့နှင့် အတူ အလုပ်တွဲ လုပ်၍ ရနိုင်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် အဘယ့်ကြောင့် ဤမျှ မြန်ဆန်စွာ အပြောင်း အလဲများ ဖြစ်ပေါ်ရသနည်း။ ယခင် အတိတ်တုန်းက ပြောင်းလဲမှုများ မပြုလုပ်ဘဲ အဘယ့်ကြောင့် ယခုမှ လုပ်ဆောင် ရသနည်း။ ပိတ်ဆို့ အရေးယူမှု များကြောင့်လော၊ သို့မဟုတ် အာရပ်နွေဦး တော်လှန်ရေး ကြောင့်လော ဟူသည့် မေးခွန်းများမှာ ပြည်တွင်း၊ ပြည်ပမှ လေ့လာ စောင့်ကြည့်သူများ အထူး စိတ်ဝင်စားကြသည့် မေးခွန်းများပင် ဖြစ်သည်။ "အစပိုင်း ကတည်းက ပြည်သူတွေ ဒီမိုကရေစီ စနစ်ကို လိုလား တောင့်တလျက် ရှိတယ် ဆိုတာကို ကျွန်တော်တို့ သိထားခဲ့ တယ်။ ဒါပေမဲ့ ကျွန်တော်တို့ အပြောင်းအလဲတွေကို ရုတ်ခြည်း ဖော်ဆောင်ပေးမှု မပြုချင်ခဲ့ပါဘူး။ လူ့အဖွဲ့အစည်း တစ်ခုလုံး အတွက် အန္တရာယ်ဖြစ်မှာ စိုးလို့ပါ။ ကျွန်တော်တို့ တိုင်းပြည်က ပြုပြင် ပြောင်းလဲမှုတွေဟာ တဖြည်းဖြည်းချင်းနဲ့ ပုံမှန် လုပ်ဆောင် ခဲ့ရတာပါ။
ဒါပေမဲ့ ကျွန်တော်တို့ အကောင်အထည် ဖော်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပြည်သူတွေက အလိုရှိလို့။ အာရပ်နွေဦး တော်လှန်ရေး ဒါမှမဟုတ် တခြားကိစ္စ တစ်ခုခုကြောင့် လုပ်ဆောင်ခဲ့တာ မဟုတ်ပါဘူး" ဟု သမ္မတကြီးက ပြောဆိုသည်။ မြန်မာစစ်ဘက် ဗိုလ်ချုပ်ကြီးများသည် အမေရိကန်နှင့် အနောက်၏ ပိတ်ဆို့ အရေးယူမှုများကြောင့် ပြုပြင် ပြောင်းလဲရေး ဘက်သို့ ဦးတည်ခဲ့ခြင်း ဟုတ်၊ မဟုတ် မေးမြန်းမှုနှင့် ပတ်သက်၍ 'မဟုတ်ပါ' ဟု ငြင်းဆိုပြီး ယခင် စစ်ဘက် ခေါင်းဆောင် များအနေဖြင့် ယခုကဲ့သို့ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ်များ လုပ်ကိုင်ရန် ဆယ်စုနှစ် ၂ ခုတာမျှ အချိန်ယူကာ အစီအစဉ် ရေးဆွဲ ခဲ့ခြင်းသာ ဖြစ်သည်ဟု ရှင်းပြသည်။ Asia Society တွင်ပြုလုပ်သော ဖိုရမ်၌ လည်း သမ္မတကြီးက အလားတူ အဖြေမျိုးပေးသည်။ "မော်တော် ကားတစ်စီးကို နှိုင်းယှဉ် ဆင်ခြင်စရာ တစ်ခုအနေနဲ့ ကျွန်တော် ပြောလို ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဟာ အရှိန် ပြင်းပြင်း မောင်းပြီး ရုတ်တရက် ပြန်ကွေ့လို့ရတဲ့ မော်တော်ကားလို မဟုတ်ပါဘူး။ အဲဒီ အသွင်ကူးပြောင်းမှု ဖြစ်စဉ် ပေါ်ပေါက်လာဖို့ ဆယ်စုနှစ် ၂ ခုလောက် ကျွန်တော်တို့ အချိန်ယူ ခဲ့ရပါတယ်" ။
သမ္မတကြီး၏ ရှင်းလင်း ဖြေကြားချက်ကို ကြည့်မည် ဆိုပါက လက်ရှိ နိုင်ငံတကာ အသိုင်းအဝိုင်းအား များစွာ အံ့အားသင့်စေပြီး ကမ္ဘာ့ ခေါင်းဆောင်များ အားလုံး နီးပါးက ချီးမွမ်း ကြိုဆိုကြသည် အထိ ဖြစ်ခဲ့သော လက်ရှိ မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲမှုများနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ် တို့မှာ ယခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ယခုအငြိမ်းစား) ဦးဆောင်သည့် တပ်မတော် အစိုးရ လက်ထက် ကတည်းက အပီအပြင် ရေးဆွဲထားသည့် ပရိုဂရမ်(Programme)၊ တစ်နည်းအားဖြင့် အစီအစဉ်ဟု ဆို၍ ရနိုင်ပါသည်။
အဆိုပါ ပရိုဂရမ် မည်မျှ အတိုင်းအတာ အထိ အောင်မြင်နိုင်မည်၊ ဖြစ်ထွန်းနိုင်မည်၊ မည်မျှ အတိုင်းအတာအထိ တာရှည် ခံနိုင်မည် ဟူသည်မှာ ဒီမိုကရေစီ လက်တွဲဖော် နှစ်ဦးဖြစ်သည့် သမ္မတကြီး ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ နှစ်ဦး သာမက မြန်မာ့နိုင်ငံရေးတွင် ထဲထဲဝင်ဝင် ပါဝင် ပတ်သက် နေသူများ အားလုံး အပေါ်တွင် များစွာ မူတည်နေသည်မှာ ငြင်း၍ရမည် မဟုတ်ပါ။ Georgetown University မှ ပညာရှင် ဒေးဗစ်စတိန်းဘဂ် က ယခုအချိန်သည် နာကြည်းမုန်းတီးမှုများ ရှိနေသော မြန်မာတို့ အနေဖြင့် စစ်မှန်သော တရားမျှတမှု ရရှိရန် အမေရိကန် ကွန်ဂရက်ကို အားကိုး နေမှု မပြုတော့ဘဲ မိမိ အစိုးရကိုသာ အားကိုးရမည့် အချိန်သမယပင် ဖြစ်ကြောင်း အကြံပြု ပြောဆိုသည်။ ဒေါ်အောင်ဆန်းစုကြည် ကမူ လတ်တလော အခြေအနေများနှင့် ပတ်သက်၍ယခုလို နိဂုံးချုပ်ပြောဆို သည်။ "လက်ရှိအချိန်ဟာ ကျွန်မတို့ အနေနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နေတဲ့ အချိန်လို့ ထင်ပါတယ်"။
News from : The Voice Weekly
Post By : Aye Chan Mon
ခု ဖော်ပြပါဆောင်းပါးမှာ နာမည်ကျော် အမေရိကန် သတင်းစာ တစ်စောင်ဖြစ်သော နယူးယောက်တိုင်းမ်၏ ပင်တိုင်ဆောင်းပါးရှင် Bill Keller အင်တာဗျူး တစ်ပ
ုဒ် အနက်မှ အချို့ကို မှီငြမ်း ကောက်နုတ် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ Bill Keller သည် သမ္မတ ဦးသိန်းစိန်၏ သမိုင်းဝင် အမေရိကန်ပြည်ထောင်စု ခရီးစဉ်တွင် ၎င်းကို သွားရောက်တွေ့ဆုံ၍ မေးခွန်း အတော်များများ မေးမြန်း ခဲ့သလို တစ်ချိန်တည်း မှာပင် အဆိုပါ နိုင်ငံသို့ရောက်ရှိနေခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့သည်။
သမ္မတကြီး ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ စိန်ခေါ်မှုများကို ရင်ဆိုင်ရင်း မတူညီသည်များကို ဘေးချိတ်ပြီး တူညီသည်များကို အပေးအယူ မျှစွာဖြင့် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး အတွက် လုပ်ကိုင်ဆောင်ရွက်နေမှုအပေါ် Bill Keller က 'The Burmese Odd Cople' ဟူသောခေါင်းစဉ်ဖြင့် ရေးသားခဲ့သည့် ဆောင်းပါးကို 'ပြုပြင်ပြောင်းလဲရေး ခေတ်သစ်မှ တစ်မူ ထူးခြားသည့် ဒီမိုကရေစီ ရောင်းရင်းနှစ်ဦး' ဟု ဆီလျော်အောင် မြန်မာမှု ပြုလိုက်ပါသည်။
ဘင်္ဂလာဒေခ်ျ့မှ ရခိုင် မိသားစုများ မြန်မာဘက်သို့ ပြောင်းရွေ့
ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဘင်ဒရာဘင် (ရွာတော်) ခရိုင် နတ်ကျောက်ဆိုးရီမြို့နယ်မှ ရခိုင်မိသားစု ၄ စု သည် ယခု ရက်ပိုင်း အတွင်း မြန်မာဘက်သို့ ပြောင်းရွေ့သွားကြောင်း သတင်း ရရှိသည်။
ဘင်္ဂလာဒေခ်ျ့ တွင် တည်ရှိသော ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်း
ပြောင်းရွေ့သွားသူများမှာ အခင်း ဖြစ်ပွားရာ ရာမူး (ပန်းဝါ) အရှေ့ဘက်တွင် တည်ရှိသော မရှက်ချောင်း ခေါ် ချောနာဆရီ ဒေသ ကျောင်းနားရွာမှ ဖြစ်ကြောင်း ကျေးရွာသားတဦးက နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။
“ သူတို့ပြောင်းသွားတာက ဒီဘက်မှာ ဆူဆူပူပူဖြစ်နေတယ်။ ခုလို အခြေအနေကြောင့် စိုးရိမ်သလို လုပ်ကိုင် စားသောက်ဖို့လည်း အခက်အခဲရှိ လာတဲ့ အတွက် မြန်မာဘက်ကို ပြောင်းသွားခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။
အမေရိကန်နိုင်ငံ၏ အလုပ်လက်မဲ့နှုန်း ၇.၈ ရာခိုင်နှုန်းသို့ မထင်မှတ်ပဲ ထိုးကျ
အမေရိကန် နိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် ပြီးခဲ့သည့် စက်တင်ဘာလ
အတွင်း လူဦးရေ စုစုပေါင်း၏ ၇.၈ ရာခိုင်နှုန်းသို့ မထင်မှတ်ပဲ ထိုးကျ
...သွားခဲ့ပြီး ၄ နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ၈ ရာခိုင်နှုန်း
အောက်သို့ ရောက်ရှိသွားခဲ့သည်။
ယခုစာရင်းသည် သမ္မတအိုဘားမားအတွက် သတင်းကောင်းတစ်ခု ဖြစ်ခဲ့ပြီး
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့သည့် သမ္မတလောင်း ၂ ဦး၏ စကားရည်
လုပွဲ၌ အခြေအနေမဟန် ဖြစ်ခဲ့ရသည့် သမ္မတအတွက် တွန်းအားတစ်ရပ်
ဖြစ်လာဖွယ်ရှိသည်။
လက်ရှိအချိန်၌ အမေရိကန်နိုင်ငံတွင် အလုပ်လက်မဲ့ဦးရေ ၁၂.၁ သန်းရှိပြီး ယင်းပမာဏသည် ၂၀၀၉ ခုနှစ် ဂျန်နဝါရီလမှ စတင်လျှင် အနည်းဆုံး ပမာဏပင်ဖြစ်သည်။
သုံးဖက်မြင်( ဝေမိုးနိုင်)
၁။ အောင်ထွန်း၏ စိတ်တွေ ယောက်ယက် ခတ်နေသည်။ အောင်ထွန်း၏ ငွေပျောက် သွားသည်။ အောင်ထွန်း လွယ်အိတ်ထဲတွင် ထည့်ထားခဲ့သော ငွေငါးထောင် မရှိတော့။
လွယ်အိတ် တစ်လုံးကို အိတ်သွန်ဖာမှောက် ရှာဖွေ ကြည့်သော်လည်း မတွေ့။ စာအုပ်တွေ ကြားထဲ၊ စာရွက်တွေကြားထဲ ရှာပြန်တော့လည်း မတွေ့။
အောင်ထွန်း ရင်တွေပူ လာသည်။ အာခေါင်တွေက အလိုလို ခြောက်ကပ် လာသည်။ တံတွေးကို အကြိမ်ကြိမ် မျိုချနေသော်လည်း မပြေနိုင်ဘဲ ထပ်၍ ထပ်၍သာ မျိုချနေမိသည်။ ထိုငွေငါး ထောင်ပျောက်၍ မဖြစ်ပါ။ အဖေ အောင်ထွန်းကို ရိုက်လိမ့်မည်။ ထို့ပြင် ဤငွေမှာ အောင်ထွန်းတို့ ငွေလည်း မဟုတ်။ လမ်းထိပ် ကုန်စုံဆိုင်မှ ဒေါ်ခင်နွဲ့ကို အကြွေး ဆပ်ရမည့် ငွေများဖြစ်သည်။ အောင်ထွန်း မေ့ပြီး ၀င်မပေးဖြစ်။ သို့နှင့် ညနေ ကျောင်းဆင်းမှ ၀င်ပေးမည်ဟု စိတ်ကူးကာ လွယ်အိတ်ထဲ ထည့်ထားခဲ့သည်။ ကျောင်းမတက်ခင် ဆော့နေပြီး စာသင်ခန်းထဲရောက်၍ ပြန်ရှာကြည့် သော အခါ ငွေငါးထောင် မရှိတော့။
အောင်ထွန်းစိတ်ထဲ ၀မ်းနည်းစိတ်က လှိုက်တက်လာသည်။ ပြီးတစ်စုံတစ်ခု ကိုလည်း ကြောက်ရွံ့လာသည်။ သေချာသည်က ထိုတစ်စုံ တစ်ခုသည် အဖေပင်ဖြစ်သည်။ အဖေ့လက်သံကို အောင်ထွန်းသိသည်။ အဖေမို့လို့ တစ်ခါ ရိုက်ပြီးလျှင် နှစ်ရက်၊သုံးရက်နှင့် အရှိုးရာက မပျောက်။ ထို့အတွက် အောင်ထွန်း အဖေ့လက်သံကို ထပ်မံမမြည်းစမ်းချင်လို။
အလယ်ပိုင်းကုန်သွယ်မြို့တော်မုံရွာ၌အိမ်မြေဈေးကျပ်သိန်းသောင်းချီရောက်ရှိ
မြန်မာနိုင်ငံ အလယ်ပိုင်းစီးပွားရေးကုန်သွယ်မြို့တော်ဖြစ်သည့် မုံရွာအိမ်ခြံမြေဈေးကွက်မှာရပ်တန့်ခြင်းမရှိပဲ ကျပ်သိန်းသောင်းချီရောက် ရှိနေကြောင်း အိမ်ခြံမြေအကျိုးတော် ဆောင်များထံက သိရှိရသည်။
သြဂုတ်လ(၁၃)ရက်နေ့မှစတင်ကာ အိမ်ခြံမြေအခွန်(၃၇)ရာခိုင်နှုန
်းအထိ တိုးမြင့်လိုက်သောကြောင့် မြန်မာနိုင်ငံ၏အဓိကကျ သည့်မြို့ များဖြစ်သည့် ရန်ကုန်၊မန္တလေး၊ပြင်ဦးလွင် စသည့် မြို့ကြီးများတွင် အိမ်ခြံမြေဈေးကွက်အရောင်းအ၀ယ်အေးသွားသော်လည်း မုံရွာမြို့တွင် အိမ်မြေဈေး ဆက်လက်မြင့်တက်နေခြင်းဖြစ်သည်။
“ဒီမြို့မှာ မြေအရောင်းအ၀ယ်ကတော့ ကျမသွားပါဘူး။ ကျွန်တော်တို့မြို့က စီးပွားရေး အရောင်းအ၀ယ်က အချက်အချာကြတယ်လေ။ ဒီပြင်မြို့တွေတော့ အရောင်းအ၀ယ် အေးသွားတယ်လို့ ကြားတယ်”ဟု မုံရွာအိမ်ခြံမြေအကျိုးတော်ဆောင
် ကိုဖြိုးကိုက ပြောသည်။
အ.မ.က(၁၆)ဆန္ဒထုတ်ဖော်သူများ တရားရင်ဆိုင်ရသည့်ကိစ္စ လမ်းပြကြယ်က အမှုလိုက်ပေးမည်
Photo: အ.မ.က(၁၆)ဆန္ဒထုတ်ဖော်သူများ တရားရင်ဆိုင်ရသည့်ကိစ္စ လမ်းပြကြယ်က အမှုလိုက်ပေးမည်
ယမင်း(မြစ်မခ)
လှိုင်သာယာမြို့နယ် အ.မ.က (၁၆) မူလတန်းကျောင်းရှေ့မျက်နှာသာရှိ ကျူးကျော်ဆိုင်ခန်းများ ဖယ်ရှားပေးရန် ဆန္ဒထုတ်ဖော်သူများ၏ တရားရင်ဆိုင်နေရမှုအား လမ်းပြကြယ်ဦးဝင်းမြင့်မှ အမှုအတွက် ပထမဆုံးအနေဖြင့် အမှုလိုက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 
“ဥပဒေအရတော့ လွတ်အောင်ကြိုးစားမယ်။ အခုတရားခံတွေကလည်း သူတို့ဆန္ဒထုတ်ဖော်တယ် ဆိုတာက သူတို့ကိုယ်ကျိုးအတွက်မှ မဟုတ်ပဲ။ ကျောင်းသားကလေးတွေကောင်းစားရေး၊ ရပ်ရွာ အကျိုးကောင်းစားရေးအတွက် လုပ်ခဲ့တာပဲ။ ကျွန်တော်တို့တိုင်းပြည်မှာ အများအကျိုးအတွက် လုပ်ဆောင်ရင်း ဒုက္ခရောက်နေကြရတဲ့သူတွေအတွက် ကာကွယ်ပေးမယ့်ရှေ့နေတွေလည်း လိုအပ်နေပါတယ်” ဟု လမ်းပြကြယ်ဦးဝင်းမြင့်က ပြောသည်။  
 အဆိုပါကျောင်းတွင်း ကျောင်းသား/သူ ဦးရေ (၈၀၀)ကျော်ရှိပြီး ကျောင်းရှေ့မျက်နှာသာ ကျူးကျော် ဆိုင်ခန်းပေါင်း (၂၃)ခန်းရှိပြီး ဆိုင်ခန်းများပြောင်းရွှေ့ပေးရန် ကျောင်းသားမိဘများမှ ဇွန်လ (၁၅)ရက် နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။ 
 ဆန္ဒထုတ်ဖော်မူတွင်ပါဝင်ခဲ့သူများထံမှ (၆)ဦးအား  မြို့နယ်ငြိမ်ဝပ်ပိပြားမှု ဥပဒေနှင့်ဆန့်ကျင်သော လူစုလူဝေးမှုဥပဒေပုဒ်မ(၁၄၃/၁၄၅) အရ မြို့နယ်အုပ်ချုပ်ရေးမှူးမှ တရားစွဲဆိုထားကြောင်း သိရ သည်။ 
 “ အဲမှာနေတဲ့ ဆိုင်ခန်းတွေက အိမ်သာဆိုလဲ ကျောင်းဝင်းထဲ၊ ရေထဲ၊ အ၀တ်ဆိုလည်း ကျောင်းဝင်း နံရံတွေ ပေါ်လှမ်းကြတယ်  ။ မြောင်းတွေ ပိတ်ဆို့လာတော့ ရေတက်လာတယ်ဆိုရင် ကလေးတွေက ညစ်ညမ်းတဲ့ရေတွေထဲကနေ ကျောင်းတက်ရတယ်။ အနံ့အသက်ကလည်း ကလေးတွေအတွက် ထိခိုက်မှုတွရှိလာနိုင်တဲ့အတွက် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ"ဟု ဆန္ဒထုတ်ဖော်ရာမှ အမှုရင်ဆိုင်နေရသူ ဦးထွန်းနိုင်က ပြောသည်။  
ကျောင်းကြိုပို့ယာဉ်များ(ဆိုက္ကား၊စက်ဘီး)မှာလည်း ၄င်းဆိုင်ခန်းများကြောင့် ရပ်နားရန် အခက်အခဲ များရှိခြင်း ကြုံတွေ့နေရပြီး ဆရာ၊ဆရာမများနှင့် ကျောင်းသားမိဘများ(၁၈၀၀)ခန့် မှ သက်ဆိုင်ရာများ သို့ ဆိုင်ခန်းများဖယ်ရှားပေးရန် တင်ပြခဲ့ကြောင်း သိရသည်။
 “သူတို့တွေက ခွေးတွေပါမွေးထားတော့ ကျောင်းက ကလေးတွေကို ကိုက်မိတာ(၃/၄)ခါရှိပြီ။ ရေဆိုးရေညစ်တွေ ထဲကို   ဖြစ်လျှောက်နေရတဲ့ကလေးတွေဆိုလည်း ၀ဲတွေပေါက်လာတယ်။ သမ္မတကြီးဆီထိ တိုင်စာတွေ(၄)ကြိမ်လောက်ပို့ပေးပါပြီ။ အခုချိန်ထိဒီအတိုင်းပါပဲ” ဟု ဆန္ဒထုတ်ဖော်ရာမှ အမှုရင်ဆိုင်နေရသူ ဒေါ်ချိုချိုမြင့်က ပြောသည်။  
အဆိုပါတရားစွဲဆိုခံရပြီး အမှုရင်ဆိုင်ရန် အကျိုးဆောင်ရှေ့နေများငှားရမ်းရင်ဆိုင်နိုင်မူ မရှိခဲ့ခြင်း ကြောင့်  ဥပဒေအဖွဲ့အစည်းများ  ၊ ရှေ့နေများထံသို့ တင်ပြတောင်းဆိုခဲ့ကြသော်လည်း တစ်စုံတရာမျှ ဆောင်ရွက်ပေးမှု မရှိခဲ့ကြကြောင်း ဆန္ဒထုတ်ဖော်သူများက ကြုံတွေ့ခဲ့ရမူများအားပြောဆိုသည်။
News from : Myit Makha Mediagroup
Post By : Aye Chan Mon
လှိုင်သာယာမြို့နယ် အ.မ.က (၁၆) မူလတန်းကျောင်းရှေ့မျက်နှာသာရှိ ကျူးကျော်ဆိုင်ခန်းများ ဖယ်ရှားပေးရန် ဆန္ဒထုတ်ဖော်သူများ၏ တရားရင်ဆိုင်နေရမှုအား လမ်းပြကြယ်
ဦးဝင်းမြင့်မှ အမှုအတွက် ပထမဆုံးအနေဖြင့် အမှုလိုက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ဥပဒေအရတော့ လွတ်အောင်ကြိုးစားမယ်။ အခုတရားခံတွေကလည်း သူတို့ဆန္ဒထုတ်ဖော်တယ် ဆိုတာက သူတို့ကိုယ်ကျိုးအတွက်မှ မဟုတ်ပဲ။ ကျောင်းသားကလေးတွေကောင်းစားရေး၊ ရပ်ရွာ အကျိုးကောင်းစားရေးအတွက် လုပ်ခဲ့တာပဲ။ ကျွန်တော်တို့တိုင်းပြည်မှာ အများအကျိုးအတွက် လုပ်ဆောင်ရင်း ဒုက္ခရောက်နေကြရတဲ့သူတွေအတွက် ကာကွယ်ပေးမယ့်ရှေ့နေတွေလည်း လိုအပ်နေပါတယ်” ဟု လမ်းပြကြယ်ဦးဝင်းမြင့်က ပြောသည်။
ရဟန်းတော်များဘာကြောင့်ခေါင်းရိတ်ကြရတာလဲ(သို့)ဆံပင်၏ အပြစ်(၁၆)ပါး
Photo: ရဟန်းတော်များဘာကြောင့်ခေါင်းရိတ်ကြရတာလဲ(သို့)ဆံပင်၌ အပြစ်(၁၆)ပါး
ဆံပင်၌ အပြစ်(၁၆)ပါး
ရဟန်းတော်တွေ ကိုရင်လေးတွေ သီလရှင်လေးတွေ ဘာကြောင့်ခေါင်းရိတ်ကြရတာလဲဆိုတဲ့ အကြောင်းလေးကိုသိစေချင်ပါတယ်။အဲဒီအကြောင်းကို အရှင်နာဂသိန်ထေရ်လောင်းလျာ သူငယ်လေးက မေးလို့ အရှင်ရောဟန ထေရ်က ဖြေကြားထားတဲ့ ဆံပင်မှာ ဗလိဗောဓ ကြောင့်ကြဖွယ်အပြစ် ၁၆ ပါးရှိတယ်လို့ဆိုပါတယ်။အဲဒီ ၁၆ပါးသောအပြစ်ကြောင့်ရဟန်းတော်များ၊ကိုရင်များ၊သီလရှင်များခေါင်းရိတ်ကြရတာဖြစ်ပါတယ်။အဲဒီအပြစ်တစ့်ဆယ်ခြောက်ပါးက ဘာတွေလဲလို့ဆိုတော့
(၁)ဆံပင်ကို တန်ဆာဆင်ရခြင်း။
(၂)။ ပြေပြစ်ချောမွေ့အောင် ပြုပြင်ရခြင်း(ယခုခေတ်အလို ဆံပင်ဖြောင့်ခြင်း ကောက်ခြင်း)။
(၃)။ဆီလိမ်းရခြင်း။
(၄)။ခေါင်းလျှော်ရခြင်း။
(၅)။ပန်းပန်ရခြင်း။
(၆)။ခေါင်းလိမ်းဆီမွှေးသုတ်လိမ်းရခြင်း။
(၇)။ခေါင်းလျှော်ရန် ကင်ပွန်းသီး ဆီ စသည်တို့ဖြင့် (ထုံရ)နှဲရခြင်း။
(၈)။သဖန်းခါးသီးရှာရခြင်း။
(၉)။သျှစ်သျှားသီးရှာရခြင်း။
(၁၀)။ဆံပင်နက်အောင် ဆေးဆိုးရခြင်း။
(၁၁)။ဦးသျှောင်ထုံးရခြင်း။
(၁၂)။ဘီးဖြင့် ဖြီးရခြင်း။
(၁၃)။ပြုရ၊ပြင်ရခြင်း။
(၁၄)။ထုံးပြီး ဦးသျှောင်ကို အခါအားလျှော်စွာပြန်ပြင်ရခြင်း။
(၁၅)။သန်းရှာခြင်း၊
(၁၆)ဆံပင်ကျွတ်ခဲ့သော် ပြတ်ခဲ့သော် စိုးရိမ်ရခြင်း။
ပင်ပန်းရခြင်း၊ငိုကြွေးမြည်တမ်းရခြင်း၊ရင်ဘတ်စည်တီးရခြင်း ညည်းတွားရခြင်း လွန်စွာတွေဝေရခြင်းတို့ဖြစ်ပါတယ်။
ရဟန်းတော်များ ကိုရင်များ သီလရှင်များ ဆံပင်များရှိနေပါက ကြည်ညိုဖွယ်မဖြစ်သလို ထိုဆံပင်ကြောင့် အချိန်ပိုကာ အချိန်များစွာပေးရကာ ပရိယတ္တိအလုပ်များကိုကောင်းစွာမလုပ်နိုင်သလို ပဋိပတ်ဆိုတဲ့ ဝိပဿနာအလုပ်များကိုလည်း အားလျော့စေပါတယ်။ထိုကြောင့်ဒီအပြစ်တွေကြောင့် သာသနာကိုဝင်ရင် ခေါင်းရိတ်ကြရတာဖြစ်တယ်ဆိုတဲ့အကြောင်းအားလုံးကိုသိစေအပ်ပါသည်။
ကိုးကား။ ။မင်းဘူးအရှင်ကဉ္စန(ဘာသာရေးပြဿနာအဖြေ)စာအုပ်
News from : News of Myanmar
Post By : Aye Chan Mon
ဆံပင် အပြစ်(၁၆)ပါး
ရဟန်းတော်တွေ ကိုရင်လေးတွေ သီလရှင်လေးတွေ ဘာကြောင့်ခေါင်းရိတ်ကြရတာလဲဆိုတဲ့ အကြောင်းလေးကိုသိစေချင်ပါတယ်။အဲဒီအကြောင်းကို အရှင်နာဂသိန်ထေရ်လောင်းလျာ သူငယ်လေးက
မေးလို့ အရှင်ရောဟန ထေရ်က ဖြေကြားထားတဲ့ ဆံပင်မှာ ဗလိဗောဓ ကြောင့်ကြဖွယ်အပြစ် ၁၆ ပါးရှိတယ်လို့ဆိုပါတယ်။အဲဒီ ၁၆ပါးသောအပြစ်ကြောင့်ရဟန်းတော်များ၊ကိုရင်များ၊သီလရှင်များခေါင်းရိတ်ကြရတာဖြစ်ပါတယ်။အဲဒီအပြစ်တစ့်ဆယ်ခြောက်ပါးက ဘာတွေလဲလို့ဆိုတော့
အင်တာနက်၏ အကူအညီဖြင့် မနှစ်မြို့ဖွယ် ဓာတ်ပုံ တင်သူကို ခြေရာခံမိ
Photo: အင်တာနက်၏ အကူအညီဖြင့် မနှစ်မြို့ဖွယ် ဓာတ်ပုံ တင်သူကို ခြေရာခံမိ
ပီးခဲ့သည့် ရက်အနည်းငယ်က အမြန်ပြင်အစားအစာ (Fast Food) ဆိုင်ကြီးဖြစ်သည့် Berger King စားသောက်ဆိုင်မှ အလုပ်သမား တစ်ဦးသည် အသားညှပ်ပေါင်မုန့်များတွင် ထည့်သွင်းအသုံးပြုသည့် ဆလက်ရွက်များထည့်သည့် ပုံးများပေါ် အထက်ပါ ဓာတ်ပုံတွင်မြင်ကြ ရသည့်အတိုင်း ဖိနပ်ဖြင့် တက်နင်းကာ ဓာတ်ပုံရိုက်ယူခဲ့ပြီး ထိုဓာတ်ပုံကို လူမှုဆက်သွယ်ရေး မီဒီယာများထဲက တစ်ခုဖြစ်သည့် 4chan ၀က်ဘ်ဆိုဒ်တွင် အများသူငါ ကြည်ရှုနိုင်စေရန် အလို့ငှာ ဝေမျှခဲ့သည်။
၎င်းပုဂ္ဂိုလ်သည် မည်သည့် ရည်ရွယ်ချက်ဖြင့် မည်သည့်နေရာတွင်ဓာတ်ပုံရိုက်ယူ၍ ဝေမျှသည်ကို မသိရှိရသော်လည်း အံ့သြဖွယ်ကောင်း သည့် အချက်မှာ ထိုဓာတ်ပုံကို ည ၁၁း၃၈ အချိန်က ဝေမျှလိုက်သော်လည်း၊ ည ၁၁း၄၇ အချိန်တွင်မူ 4chan ၀က်ဘ်ဆိုဒ်၏ အဖွဲ့ဝင် တစ်ဦးက ထိုဓာတ်ပုံတွင်ပါရှိသော GPS (Global Positioining System) အချက်အလက်ကို အခြေခံ၍ အင်တာနက်၏ အကူ အညီဖြင့် ယင်း အလုပ်သမား လုပ်ကိုင်ရာ Berger King စားသောက်ဆိုင်၏ တည်နေရာကို ရှာဖွေတွေ့ရှိသွား လေတော့သည်။
ည ၁၁း၅၈ အချိန်မှာတော့ Berger King စားသောက်ဆိုင်အား တိုင်တောနိုင်မည့် ဖောင်တစ်စောင် အင်တာနက်ပေါ်တွင် ရောက်ရှိ လို့ နေပါပြီ။ ခဏအကြာမှာတော့ အမည်မဖော်လိုသူ လူတစ်ဦးက ထိုစားသောက်ဆိုင်၏ မန်နေဂျာကို ဖုန်းဆက် အကြောင်းကြား မှုကြောင့် ဖြစ်ကြောင်းကုန်စင် တပုံတပင်ကို လုံးဝဥဿုံ အလုံးစုံ သိရှိပြီးဖြစ်သွားပါတော့သည်။
ကံမကောင်းရှာသည့် မူလဓာတ်ပုံပိုင်ရှင် တဖြစ်လည်း Berger King စားသောက်ဆိုင် အလုပ်သမားသည် နေ့ညဥ့်မဆိုင်း အလုပ် လက်မဲ့ ဘ၀သို့ ရောက်ရရှာပြီး၊ သူနှင့် အပေါင်းအပါ ကြံရာပါနှစ်ဦးသည်လည်း အလုပ်သစ်ကို ရှာဖွေကြရမည် ဖြစ်ပေသည်။
News from : Shwelone.com (ရွှေလုံး) | Myanmar Social Entertainment News Network
PostBy : Aye Chan Mon
ပီးခဲ့သည့် ရက်အနည်းငယ်က အမြန်ပြင်အစားအစာ (Fast Food) ဆိုင်ကြီးဖြစ်သည့် Berger King စားသောက်ဆိုင်မှ အလုပ်သမား တစ်ဦးသည် အသားညှပ်ပေါင်မုန့်များတွင် ထည့်သွင်းအသုံးပြုသည့် ဆလက်ရွက်
များထည့်သည့် ပုံးများပေါ် အထက်ပါ ဓာတ်ပုံတွင်မြင်ကြ ရသည့်အတိုင်း ဖိနပ်ဖြင့် တက်နင်းကာ ဓာတ်ပုံရိုက်ယူခဲ့ပြီး ထိုဓာတ်ပုံကို လူမှုဆက်သွယ်ရေး မီဒီယာများထဲက တစ်ခုဖြစ်သည့် 4chan ၀က်ဘ်ဆိုဒ်တွင် အများသူငါ ကြည်ရှုနိုင်စေရန် အလို့ငှာ ဝေမျှခဲ့သည်။
၎င်းပုဂ္ဂိုလ်သည် မည်သည့် ရည်ရွယ်ချက်ဖြင့် မည်သည့်နေရာတွင်ဓာတ်ပုံရိုက်ယူ၍ ဝေမျှသည်ကို မသိရှိရသော်လည်း အံ့သြဖွယ်ကောင်း သည့် အချက်မှာ ထိုဓာတ်ပုံကို ည ၁၁း၃၈ အချိန်က ဝေမျှလိုက်သော်လည်း၊ ည ၁၁း၄၇ အချိန်တွင်မူ 4chan ၀က်ဘ်ဆိုဒ်၏ အဖွဲ့ဝင် တစ်ဦးက ထိုဓာတ်ပုံတွင်ပါရှိသော GPS (Global Positioining System) အချက်အလက်ကို အခြေခံ၍ အင်တာနက်၏ အကူ အညီဖြင့် ယင်း အလုပ်သမား လုပ်ကိုင်ရာ Berger King စားသောက်ဆိုင်၏ တည်နေရာကို ရှာဖွေတွေ့ရှိသွား လေတော့သည်။
ပြည်သူများ အလုပ်ပိုလုပ်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
Photo: ပြည်သူများ အလုပ်ပိုလုပ်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
သာလွန်ဇောင်းထက်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများအနေဖြင့် အခက်အခဲဆုံးသော ကာလများကို ကျော်ဖြတ်ရမည်ဖြစ်ပြီး စုစုည်းညီညွတ်မှုဖြင့် လိုချင်သော ပန်းတိုင်ရောက်ရှိရေး ယခင်ထက်ပိုမို အလုပ်လုပ်သွားရမည် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။
အမေရိကန်ပြည်ထောင်စုမှ ပြန်လည်ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာလ ၄ ရက်နေ့ညပိုင်း တက္ကသိုလ် ရိပ်သာလမ်း နေအိမ်ရှေ့တွင် ၎င်းကို လာရောက် နှုတ်ဆက်ကြသော ပြည်သူများအား အထက်ပါအတိုင်း ပြောဆိုလိုက်သည်။
“စည်းစည်းလုံးလုံး စုစုစည်းစည်း လုပ်သွားရင် ကိုယ်လိုချင်တဲ့ ပန်းတိုင် ရောက်နိုင်မှာပါ။ ဒါပေမယ့် အခုအချိန်မှာ
အရင်အခြေအနေထက် ပိုပြီးတော့ ကြိုးစားရမယ် ဆိုတာတော့ နားလည်ဖို့ လိုပါတယ်။ အားလုံး ညီညီညွတ်ညွတ်နဲ့ လုပ်စရာတွေ ရှိတယ်။ အခက်ခဲဆုံး ကာလကို ကျော်ဖြတ်ရမယ်။ ပင်ပင်ပန်းပန်းနဲ့ ကြိုးစားရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
လက်ရှိ နိုင်ငံရေးအခြေအနေမှာ အေးဆေးစွာ နေရမည့် အချိန်မဟုတ်ဘဲ အားလုံးအလုပ်ပိုမို လုပ်ကြရမည့် အချိန်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ဒီအချိန်က ထိုင်နေလို့ရတဲ့ အချိန်မဟုတ်ဘူး။ ဒူးနှံ့နေလို့ ရတဲ့အချိန် မဟုတ်ဘူး။ အများကြီး အလုပ်လုပ်ရမယ့် အချိန်ပါလို့
ပြောပါရစေ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်သည် အောင်မြင်သော ခရီးစဉ်တခုဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့တွင်တူညီသော အမြင်များ ရှိနေကြောင်း၊ အထူးသဖြင့် လူသန်းခြောက်ဆယ် အတွက် တူညီသော ဘုံရည်မှန်းချက်များဖြင့် အလုပ်လုပ်ကြရန် နှစ်ဦးစလုံးက အလေးပေး ပြောဆိုနေကြောင်း ဧရာဝတီသို့ ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည် ပြောတာက ကျနော်တို့ သမ္မတကြီး ပြောတာနဲ့ အတူတူပါပဲ။ နှစ်ဦးစလုံးမှာ တိုင်းပြည်နဲ့ လူမျိုး အကျိုးအတွက် ကောင်းစေချင်တဲ့၊ တိုးတက်စေချင်တဲ့ ဆန္ဒရှိတယ်” ဟု ဦးဇော်ဌေးက ဆိုသည်။
အားလုံး ညီညီညွတ်ညွတ်နှင့် အလုပ်လုပ်ရမည့်အချိန် ရောက်နေပြီဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆို သွားခြင်းမှာ နိုင်ငံတကာက မြန်မာအပေါ် ရှုမြင်ချက်များ ပြောင်းလဲလာ သကဲ့သို့ ပိတ်ဆို့ အရေးယူမှုများ ဖြေလျှော့လာကာ ထောက်ပံ့ ကူညီမှုများလည်း တိုးမြှင့်ရလာသည့် အချိန်ဖြစ်နေကြောင်း၊ ယင်း အနေအထားတွင် နိုင်ငံသူ နိုင်ငံသား အားလုံး မှန်မှန်ကန်ကန် ကြိုးစားရတော့မည် ဆိုသည့် သဘောကို ဆောင်ကြောင်း သူက ဆက်ပြောသည်။
“တနိုင်ငံလုံး ကြိုးစားမှ တနိုင်ငံလုံးပြိုင်တူ တိုးတက်လာမယ် ဆိုတဲ့သဘောကို ပြောသွားတယ်လို့ နားလည်ပါတယ်” ဟု ဦးဇော်ဌေးက ဆိုသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးကလည်း ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်သည် မြန်မာပြည်သူ သန်းခြောက်ဆယ်ကို ကိုယ်စားပြုသော ခရီးစဉ်တခုဖြစ်ပြီး ဆင်းရဲမွဲတေနေသော နိုင်ငံကို ပြာပုံထဲမှ ဆွဲထုတ်ရန် အားလုံး ညီညီညွတ်ညွတ်ဖြင့် အမျိုးသားရင်ကြားစေ့ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း သုံးသပ်သည်။
“အရင်တုန်းကတော့ သူ့ဘက် ကိုယ့်ဘက်ဆိုတဲ့ ပဋိပက္ခပေါ်မှာ မူတည် စဉ်းစားသွားလို့ ရတယ်။ အခုက အရမ်းကို
သိမ်မွေ့တဲ့ နိုင်ငံရေး အခင်းအကျင်းကို ရောက်လာပြီ။ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းနဲ့ ဖြတ်သန်းရမယ် ဆိုတာကို သဘောတူတယ်။ တိုင်းပြည်ကို ပြာပုံထဲက ထုတ်ဖို့ဆိုရင် အားလုံးညီညွတ်မှ ရမယ်။
တနည်းအားဖြင့် ပြောရင် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးပေါ့။ အဲဒါကို တည်ဆောက်မယ် ဆိုတာက ရင့်ကျက်တဲ့ သဘောထားနဲ့ သွားရမယ်” ဟု ကိုမြအေးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်က ချီးမြှင့်သည့် အရပ်သားများဆိုင်ရာ အမြင့်ဆုံး ရွှေတံဆိပ်ဆုကို ကပ်ပီတိုလ် ခန်းမတွင် လက်ခံပြီး မိန့်ခွန်းတရပ်ကိုလည်း ပြောခဲ့သည်။
နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း အမေရိကန်သို့ သွားရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ကို သူရဲကောင်း တဦး ကဲ့သို့ ကြိုဆိုမှုများနှင့် ကမ္ဘာ့မီဒီယာများတွင် ထင်ရှားခဲ့၍ မြန်မာ့ဂုဏ်ကို ဆောင်နိုင်သူအဖြစ် သမ္မတ ဦးသိန်းစိန် အပါအ၀င် အမေရိကန် နိုင်ငံ ခေါင်းဆောင်များကလည်း ချီးမွမ်းမှုများ ရှိခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က ၎င်းမိန့်ခွန်းတွင် လက်ရှိပြုပြင် ပြောင်းလဲမှုများနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန်ကိုလည်း ချီးမွမ်း စကားဆိုခဲ့သည်။
“ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးတွေကို လုပ်ဖို့ ဆန္ဒပြင်းပြသူဆိုတာ ကျမ ယုံကြည်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်နှင့်ပတ်သက်၍ ပြောဆိုခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအပေါ် အမေရိကန်၏  စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုများသည် တချိန် က မြန်မာ့နိုင်ငံရေးတွင် အကျိုးဖြစ်ထွန်းခဲ့သော်လည်း သာမန် ပြည်သူကို မထိခိုက်ခဲ့ကြောင်း၊ သို့သော် ယခုအခါ မရှိ သင့်တော့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
“စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့တာကို လျှော့ချဖို့ ကျမ ထောက်ခံပါတယ်။ အကြောင်းက ကျမတို့ ပြည်သူလူထုဟာ ကိုယ့် ကြမ္မာ ကိုယ်ဖန်တီးဖို့ တာဝန် စယူသင့်ပြီလို့ ကျမ မြင်လို့ပါ။ ဒီမိုကရေစီ မြှင့်တင်ရာမှာ အမေရိကန်ရဲ့ ပိတ်ဆို့မှုကို ကျမတို့ အား မကိုးသင့်တော့ဘူး။ ကျမတို့ ဘာသာ ကျမတို့ အလုပ်ဖြစ်အောင် လုပ်ကြရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။
ဒဏ်ခတ်ပိတ်ဆို့မှုဆိုင်ရာ ဒေါ်အောင်ဆန်းစုကြည်၏ ပြောင်းလဲလာသည့် ပြောဆိုမှုနှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပမှ ကြိုဆိုထောက်ခံသူများရှိသကဲ့သို့ ကျန်ရှိနေသေးသည့် လိုအပ်ချက်များ မပြည့်မီသေးသည့် ကိစ္စရပ်များကိုလည်း ထောက်ပြသူများ ရှိသည်။
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သည့် ကိုမင်းကိုနိုင်ကမူ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ဖယ်ရှားရေးကို နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး ခေါင်းစဉ်အောက်တွင် အမြဲစဉ်းစားကြောင်း၊ နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ ပြန်လွတ်ရေး၊ တာဝန်သိသော ရင်းနှီးမြှုပ်နှံမှုဖြစ်၊ မဖြစ်စောင့်ကြည့်ရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုအရေး စသဖြင့် ကျယ်ပြန့်စွာ စဉ်းစားရန် လိုအပ်ကြောင်း ပြောသည်။
“ကျနော်တို့ ပြည်တွင်းမှာ တရားဥပဒေ၊ နည်းဥပဒေတွေမှာ ဘယ်လောက်အထိ တရားမျှတစွာ ရှိပြီလဲ၊ မရှိပါဘူး။ ကျနော်တို့ ဆီမှာ လွတ်လပ်စွာ ပြိုင်ဆိုင်ခွင့်လည်း မရှိသေးဘူး။ ၀င်လာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အကုန်လုံးက ခရိုနီလို့ ခေါ်တဲ့ အာဏာရှိသူနဲ့ ပေါင်းစားတဲ့ လက်ဝါးကြီးအုပ် အခွင့်ထူးခံ စီးပွားရေးသမားတွေ လက်ထဲပဲ အကုန် ရောက်သွားမယ်ဆိုရင် ဆင်းရဲ ချမ်းသာ ကွာဟမှုက ဒီထက်တောင် ပိုပြီး ဆိုးဝါးနိုင်ပါမယ်။ အဲဒီ အချက်အလက်တွေ အကုန်ထည့်စဉ်းစားရပါ လိမ့်မယ်” ဟု သူက ဆိုသည်။
ကရင် အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်ကလည်း စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ မှု ဖယ်ရှားရန် စောနေသေးကြောင်း၊ နိုင်ငံရေး အပြောင်းအလဲအတွက် မြန်မာနိုင်ငံတွင် စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိရန် လုပ်ဆောင်စရာ များစွာ ကျန်ရှိနေသေး၍ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ဆက်လက် ထားရှိစေလိုကြောင်း ပြောသည်။
“ဒါက ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားသာလျှင်ပဲ ဖြစ်တယ်။ ပြီးတော့ သူ့အနေနဲ့ ဒီကိစ္စမှာ သဘောထား တခုတည်း ဖြစ်စေဖို့အတွက် တခြား သူတွေနဲ့ စေ့စပ်ညှိနှိုင်းဖို့ လိုတယ်” ဟု နော်စီဖိုးရာစိန်က ဆိုသည်။
အမေရိကန် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမား၊ နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီကလင်တန် အပါအ၀င် အမေရိကန် နိုင်ငံရေး ခေါင်းဆောင်များနှင့် တွေ့ဆုံခြင်း၊ ဆုများ လက်ခံခြင်း၊ နာမည်ကြီး အမေရိကန် တက္ကသိုလ်တချို့တွင် ဆွေးနွေးဟောပြောမှုများ လုပ်ဆောင်ခြင်း၊ အမေရိကန်ရောက် မြန်မာ မိသားစုများနှင့် တွေ့ဆုံခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့သည်။
မစ္စ ဟီလာရီကလင်တန်က ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် – မြန်မာ ၂ နိုင်ငံ ဆက်ဆံရေး ပြန်လည် ကောင်းမွန်ရေးတွင် အဓိက နေရာက ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း အမေရိကန် – မြန်မာ ဆက်ဆံရေးကြောင့် တရုပ် – မြန်မာ ဆက်ဆံရေးကို မထိခိုက်စေလိုဘဲ နိုင်ငံချင်း ဆက်ဆံရေးကို အားလုံးနှင့် ကောင်းမွန်သည့် ဆက်ဆံရေးဖြစ်ရန် ကြိုးစားသွားမည့်အကြောင်း ထည့် သွင်း ပြောဆိုခဲ့သည်။
နေအိမ်အကျယ်ချုပ် ၁၅ နှစ် ၀န်းကျင် နေခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းများ ပြောကြားမှုကို အမေရိကန်များ၊ အမေရိကန်ရောက် မြန်မာနိုင်ငံသားဟောင်းများက စာရွက်မပါဘဲ အင်္ဂလိပ်ဘာသာဖြင့် လက်တန်း ပြောဆိုမှုများကိုလည်း တအံ့တသြ ဖြစ်ခဲ့ကြသည်။
သို့သော် ခရီးစဉ်အတွင်း အထူးသဖြင့် ရခိုင်ပြည်နယ် ပဋိပက္ခနောက်ကွယ်က ဘင်္ဂလီအရေး၊ ကချင်ပြည်နယ် စစ်ပွဲများနှင့် ကချင် ဒေသခံများ အရေးတို့နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ခက်ခဲသော မေးခွန်းများနှင့် ရင်ဆိုင် ခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံရစဉ် ကာလတလျှောက်လုံး ဘင်္ဂါလီအရေး တက်ကြွ လှုပ်ရှားသူများ၊ ကချင်အရေး တက်ကြွ လှုပ်ရှားသူများက အစဉ် ထောက်ခံမှု ပြုခဲ့သော်လည်း ယခုနောက်ပိုင်း အသံတိတ်ဆိတ် နေသည်ဟု ဆိုကာ သစ္စာဖောက်သွားပြီဟုပင် ပြင်းထန်စွာ ဝေဖန်မှုများလည်း ရှိခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်က ပြန်လည်လွတ်မြောက်လာပြီး လူထု ဟောပြောပွဲများတွင် ၎င်း၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီအရေးသာ ဦးစားပေး ပြောဆိုခဲ့ကြောင်း၊ အထူးသဖြင့် ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲခဲ့ပြီး ယမန်နှစ်က ပျက်ပြယ်ခဲ့သော မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေး လက်နက်ကိုင် အင်အားစုတို့အကြား စစ်ပွဲများ ပြန်လည် ဖြစ်ပွားမှုကြောင့် စစ်ပြေး ဒုက္ခသည် ၇ ထောင်ကျော် အရေး တိတ်ဆိတ်နေခဲ့ကြောင်း ထောက်ပြ ဝေဖန်မှုများလည်း ရှိခဲ့သည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းရင်သားအရေးကို အလေးပေးသူဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ပထမဆုံး တက်ရောက်ခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးများတွင် လွှတ်တော် ပြင်ပ၌ တိုင်းရင်းသား ကိုယ်စားလှယ်များဖြင့် ၂ ပတ်လျှင် တကြိမ်ကျ တွေ့ဆုံပြီး တိုင်းရင်းသား အရေးကိစ္စများကို ဆွေးနွေး ပြောဆိုမှုများ လုပ်ကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ လေ့လာရေး ခရီးရောက်ရှိနေကြသော တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် များက ဧရာဝတီကို ပြောသည်။
အမေရိကန် ပြည်ထောင်စုသို့ ၁၇ ရက်ကြာ ခရီးစဉ် ပြီးဆုံး၍ ယမန်နေ့ညက ပြန်လည်ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူများစွာက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် လေဆိပ်မှ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်သို့သွားရာ လမ်းဘေးဝဲယာ တလျှောက် စည်ကားစွာ ကြိုဆိုခဲ့ကြသည်။
ယနေ့ နေ့လယ်ပိုင်းက မြန်မာ့ရုပ်မြင်သံကြား၊ MRTV၊ MRTV 4 ရုပ်သံလိုင်းများက ပြည်သူ့လွှတ်တော်၏ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ပြည်ထောင်စုမှ မြန်မာနိုင် ငံ အပြန်ခရီးကို ပြည်သူများ၊ အနုပညာရှင်းများက စည်ကားစွာ ကြိုဆိုကြကြောင်း ထုတ်ပြန်သွားသည်။
လင်းသန့် ပါဝင်ရေးသားသည်။
News from : ဧရာဝတ်ီသတင်း
Photo from: 7 Day News
Post by : Aye Chan Mon
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများအနေဖြင့် အခက်အခဲဆုံးသော ကာလများကို ကျော်ဖြတ်ရမည်ဖြစ်ပြီး စုစုည်းညီညွတ်မှုဖြင့် လိုချင်သော ပန်းတိုင်ရောက
်ရှိရေး ယခင်ထက်ပိုမို အလုပ်လုပ်သွားရမည် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။
အမေရိကန်ပြည်ထောင်စုမှ ပြန်လည်ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာလ ၄ ရက်နေ့ညပိုင်း တက္ကသိုလ် ရိပ်သာလမ်း နေအိမ်ရှေ့တွင် ၎င်းကို လာရောက် နှုတ်ဆက်ကြသော ပြည်သူများအား အထက်ပါအတိုင်း ပြောဆိုလိုက်သည်။
စည်းလုံးကြရန် KNU ကို ကရင်လူထုနှင့်ပါတီများ တိုက်တွန်း
Photo: စည်းလုံးကြရန် KNU ကို ကရင်လူထုနှင့်ပါတီများ တိုက်တွန်း
အများအကျိုးအတွက် အေကန်ယူအဖွဲ့အတွင်း စည်းလုံးညီညွတ်မှုရှိကြဖို့
ပြည်တွင်းပြည်က ကရင်လူထုနဲ့ ကရင်နိုင်ငံရေး ပါတီတွေက တိုက်တွန်း
...လိုက်ပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုဒေးဗစ်ထောနဲ့ လူမှုဝန်ထမ်းနဲ့ ကယ်ဆယ်ရေးဌာနတာဝန်ခံ ပညာရေးဌာနမှူး ဗိုလ်မှူး
ရောဂျာခင်တို့ကို ကေအန်ယူဗဟိုက တာဝန်ကနေ ဖယ်ရှားလိုက်တာနဲ့ ပတ်သက်ပြီး ကေအန်ယူအဖွဲ့တွင်း ကွဲသွားနိုင်တယ်ဆိုတဲ့ သုံးသပ်ဝေဖန်
မှုတွေထွက်နေချိန်မှာ ပြည်တွင်းပြည်ပက ကရင်အသိုင်းအ၀ိုင်းက အခုလို သတိပေးတိုက်တွန်းမှုတွေ ပြုလုပ်လိုက်တာပါ။
ရန်ကုန်အခြေစိုက် တရားဝင် နိုင်ငံရေးပါတီတခုဖြစ်တဲ့ ကရင်ပြည်သူ့ပါတီ ကတော့ အရေးကြီးတဲ့ အခုလိုအချိန်ကာလမှာ ကရင်တွေအချင်းချင်း စည်းလုံးညီညွတ်မှုရှိကြဖို့ ကေအန်ယူဆီ စာရေးသား ပေးပို့တိုက်တွန်း
ထားတယ်လို့ ပါတီရဲ့ အထွေထွေအတွင်းရေးမှူး စောစေးဝါးက ပြောပါတယ်။
“အဓိကက ငြိမ်းချမ်းရေးလိုချင်လို့ပါ။ တိုင်းပြည်အတွက်လည်း ငြိမ်းချမ်းရေး
လိုချင်တယ်။ ကရင်ပြည်သူလူထုအတွင်းမှာလည်း ငြိမ်းချမ်းစေချင်တယ်။ နိုင်ငံရေးလောကမှာ ဒီလိုပဲ အမြင်မတူတာတွေ၊ ပုဂ္ဂိုလ်ရေးပြဿနာတွေ၊ ဒါတွေဖြစ်တတ်ပါတယ်။ အဓိကက သည်းခံစိတ်ရှိဖို့ပါပဲ။ မေတ္တာကိုအခြေ
ခံပြီးတော့ သည်းခံစိတ်တရားလေးနဲ့ ကိုယ့်အမျိုးသားအတွက် အကောင်းဆုံး
လုပ်ပေးကြဖို့ပဲ လိုပါတယ်။”
ကေအန်ယူဆီ ရေးသားပေးပို့တဲ့ကရင်ပြည်သူ့ပါတီရဲ့စာထဲမှာတော့ ငြိမ်းချမ်းရေးရရှိဖို့အတွက် ကရင်အမျိုးသားအချင်းချင်း စည်းလုံးညီညွတ်ဖို့ လိုအပ်နေပြီး ချစ်ခြင်း၊ စည်းလုံးခြင်းနဲ့ တသားတည်ရှိနေဖို့ လိုတယ်လို့ ပါရှိပါတယ်။
အလားတူ ကရင်ပြည်နယ်မှာ အခြေစိုက်တဲ့ ကရင်ဒီမိုကရက်ပါတီကလည်း နိုင်ငံရေးအရဖြစ်စေ၊ ပုဂ္ဂိုလ်ရေးအရဖြစ်စေ သဘောထားကွဲလွဲမှုတွေ
ရှိနေပေမယ့် ကရင်လူထုအကျိုးအတွက် ဦးတည် လုပ်ဆောင်ဖို့လိုတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးစောသန်းကျော်ဦးက ပြောပါတယ်။
“ထုတ်ပယ်တာတို့ ဘာတို့ကတော့ ကေအန်ယူရဲ့အပိုင်းပေါ့လေ။ အန်ကယ်တို့
ကျတော့ ဘယ်လိုပဲဖြစ်ဖြစ် ကရင်လူထုအကျိုးအတွက် ကောင်းမယ့် အလုပ်
တခုခု လုပ်ဆောင်နိုင်ရင် ပြီးတာပါပဲ။”
စစ်ဦးစီးချုပ်အပါအ၀င် ဗဟိုကော်မတီ ၂ ဦး ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့မှာ ကေအန်အယ်လ်အေ ဆက်ဆံရေး
ရုံးဖွင့်တာဟာ ကေအန်ယူ ဌာနချုပ် သဘောထားမဟုတ်ဘူးလို့
ကေအန်ယူက စာထုတ်ပြန်ခဲ့ပြီးနောက် သူတို့ ၃ ဦးကို တာဝန်ကနေ ဖယ်ရှားခဲ့ပါတယ်။
ဖယ်ရှားခံရတဲ့ ခေါင်းဆောင် ၃ ဦးရဲ့အောက်မှာ ကေအန်ယူလက်နက်ကိုင် တပ်ဖွဲ့အများစု ရှိနေပြီး ဒီအဖြစ်အပျက်ကြောင့် ကေအန်ယူထပ်ပြီး ကွဲနိုင်တယ်လို့ သုံးသပ်ဝေဖန်မှုတွေ ထွက်ပေါ်နေတာပါ။
ပြည်ထောင်စု ကရင်အမျိုးသားအဖွဲ့ချုပ် (ယူကေအယ်လ်) ဥက္ကဋ္ဌ ဦးစောမောင်ချောကတော့ အခုလို ကေအန်ယူအဖွဲ့တွင်း ရာထူးက ဖယ်ရှား ပြောင်းလဲမှုတွေကြောင့် အဖွဲ့ကွဲမယ်လို့တော့ မထင်ဘူးလို့
ပြောပါတယ်။ ဥရောပရောက် ကရင်ကွန်ရက်ကတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ ကြားဝင်ညှိနှိုင်းပေးနေ
သူတွေက သွေးခွဲတယ်လို့ သံသယရှိကြောင်း အောက်တိုဘာလ ၄ ရက်နေ့
ရက်စွဲနဲ့ သဘောထားထုတ်ပြန်ထားပါတယ်။
News from :DVB
Post by : Aye Chan Mon
အများအကျိုးအတွက် အေကန်ယူအဖွဲ့အတွင်း စည်းလုံးညီညွတ်မှုရှိကြဖို့
ပြည်တွင်းပြည်က ကရင်လူထုနဲ့ ကရင်နိုင်ငံရေး ပါတီတွေက တိုက်တွန်း
...လိုက်ပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုဒေးဗစ်ထောနဲ့ လူမှုဝန်ထမ်းနဲ့ ကယ်ဆယ်ရေးဌာနတာဝန်ခံ ပညာရေးဌာနမှူး ဗိုလ်မှူး
ရောဂျာခင်တို့ကို ကေအန်ယူဗဟိုက တာဝန်ကနေ ဖယ်ရှားလိုက်တာနဲ့ ပတ်သက်ပြီး ကေအန်ယူအဖွဲ့တွင်း ကွဲသွားနိုင်တယ်ဆိုတဲ့ သုံးသပ်ဝေဖန်
မှုတွေထွက်နေချိန်မှာ ပြည်တွင်းပြည်ပက ကရင်အသိုင်းအ၀ိုင်းက အခုလို သတိပေးတိုက်တွန်းမှုတွေ ပြုလုပ်လိုက်တာပါ။
တရားစွဲသည်ဆိုလျှင် တိုင်းဝန်ကြီးချုပ် ကတိပျက်ကြောင်း ဗကသ ကျောင်းသား ခေါင်းဆောင် ပြော
Photo: တရားစွဲသည်ဆိုလျှင် တိုင်းဝန်ကြီးချုပ် ကတိပျက်ကြောင်း ကျော်ကိုကို ပြော
သောကြာနေ့၊ အောက်တိုဘာလ ၀၅ ရက် ၂၀၁၂ 
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ဆန္ဒဖော်ထုတ်ခဲ့သူများ
အား တရားစွဲဆိုထားသည်ဟု သတင်းများ ထွက်ပေါ်နေ၍ ထိုသို့ဟုတ်မှန်
ပါက တိုင်းဒေသကြီး ဝန်ကြီးချုပ်မှာ ကတိမတည်ရာရောက်ကြောင်း ဗကသ
ကျောင်းသား ခေါင်းဆောင် ကိုကျော်ကိုကို က ပြောသည်။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း
တာဝန်ရှိသူတဦးက ပုဒ်မ ၁၄၄ ကိုဖောက်ဖျက်ကျူးလွန်မှု၊ စိတ်ညိုညင်ေ
အောင်ပြုလုပ်မှု၊ ကုမ္ပဏီ အသရေပျက် နစ်နာစေရန်အကြံစည်ပြုမူဆောင်
ရွက်မှုတို့ဖြင့် ဦးဆောင်ပါဝင်သူ ၁၆ ဦးအား အမှုဖွင့်ကြောင်း ပြည်တွင်း
သတင်းဌာန တချို့တွင် ဖော်ပြပါရှိလာသည်ကို ဖတ်ရှုရ၍ ထိုသို့
ပြောဆိုလိုက်ခြင်းဖြစ်သည်။ 
“နောက်ဆက်တွဲ ထပ်မံဖမ်းဆီးခြင်း၊ အရေးယူခြင်း မလုပ်ပါဘူးလို့ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ်က ကတိပေး တယ်။ အခုကျတော့ ၁၆ ယောက်ကို တရားစွဲဖို့ လုပ်တယ်ဆိုရင် ဝန်ကြီးချုပ် အနေနဲ့ ကတိဖောက်ဖျက်ရာကျတယ် လို့ပြောလို့ရတယ်။ ဒီစီမံကိန်း မရပ်မချင်း၊ ရွာသူရွာသားတွေ နစ်နာနေဦးမယ်ဆိုတာ မှန်ကန်နေသရွှေု့ ကျနော်တို့ လွှင့်ထားတဲ့ အလံ ဘယ်တော့မှ မရုတ်ဘူး” ဟု တရားစွဲဆိုခံထားရသူ
များထဲမှ တဦးဖြစ်သည့် ကိုကျော်ကိုကို က မဇ္ဈိမကို ပြောသည်။
စက်တင်ဘာလအတွင်းက စီမံကိန်းရပ်ဆိုင်းပေးရန်နှင့် အသိမ်းခံ
မြေယာများ ပြန်လည်ရရှိရေးအတွက် ဆန္ဒပြခဲ့ကြသည့် ဒေသခံရွာသား
များမှာ ဖမ်းဆီး ဖြိုခွဲမှုများ ပြုလုပ်ခံခဲ့ရသည်။
စက်တင်ဘာ ၁၁ ရက်နေ့တွင် ပုလဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ်
ဒေါ်ခင်စန်းလှိုင်က ဝန်ကြီးချုပ် ဦးသာအေး နှင့် ဆွေးနွေးရာတွင် ဆန္ဒပြပွဲ
များတွင် ပါဝင်ပတ်သက်နေသူများအား နောက်ဆက်တွဲ အရေးယူမှုများ မလုပ်ရန်ပြောဆိုခဲ့ရာ ဝန်ကြီးချုပ်မှအရေးယူမည် မဟုတ်ကြောင်း နှုတ်ကတိ
ပေးခဲ့သည်။
ထိုသို့ ဝန်ကြီးချုပ်၏ နှုတ်ကတိ တလမပြည့်မီ ယခုကဲ့သို့ တရားစွဲဆိုထား
သည်ဟူသော သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။
“တရားဝင် ခေါ်စာ မရသေးဘူး။ ကျနော်တို့က ရွာသူရွာသားတွေရဲ့ နစ်နာ
ချက်ကို ဖော်ထုတ်တာ။ ဦးပိုင်လီမိတက်ကို နစ်နာအောင် လုပ်တာ
မဟုတ်ဘူး။ အဖွဲ့အစည်းတခုကို နစ်နာအောင်လုပ်တာ မဟုတ်ဘူး။ နာမည်ဖျက်တာ မဟုတ် ဘူး။ လုပ်ရပ်မှန်တယ်မမှန်ဘူး။ အများပြည်သူ အကျိုးစီးပွား ထိခိုက်တယ်၊ မထိခိုက်ဘူး ဆိုတာမူတည်ပြီးတော့ ခုခံကာကွယ်ပါမယ်” ဟု ကိုကျော်ကိုကို က ပြောသည်။ 
ပြည်သူ့ အကျိုးဆောင် ကွန်ယက် ခေါင်းဆောင် ကိုဟန်ဝင်းအောင် ကမူ ၎င်းတို့အား တရားစွဲဆိုထားခြင်းကို မသိရှိရသေးသော်လည်း အမှန်တကယ် တရားစွဲပါက ရင်ဆိုင်ရန် ဝန်မလေးကြောင်း ပြောသည်။
“ပြည်သူတွေရဲ့ လိုလားချက်ကို တရားသော နည်းလမ်းနဲ့ ပါဝင်ပြီးတော့ ကူညီခဲ့ကြတယ်။ အဲဒီအပေါ်မှာ ကျနော် တို့ကို တရားစွဲမယ်ဆိုရင် ကျနော်တို့က ရင်ဆိုင်သွားမှာပါ။ သူတို့ဘက်က မတရားလုပ်ခဲ့တဲ့ ကိစ္စတွေ ဦးပိုင် ကုမ္ပဏီကော၊ မြန်မာဝမ်ပေါင် တရုတ်ကုမ္ပဏီကိုပါ လူထုဘက်ကနေ တရားပြန်စွဲတုန့်ပြန်သွားမှာပါ” ဟု မဇ္ဈိမကို ပြောသည်။
စက်တင်ဘာလအတွင်းကလည်း ကွန်ယက်အဖွဲ့ဝင်များဖြစ်သည့် ကိုဟန်ဝင်းအောင်၊ ကိုအောင်စိုး တို့အား အာဏာပိုင်များက ဆားလင်းကြီး
ဒေသ လက်ပံတောင်းတောင် စီမံကိန်းတွင် သွေးထိုးလှုံဆော်သည်ဟုဆိုကာ ဖမ်းဝရမ်း ထုတ်ထားခဲ့ဖူးသည်။
ကြေးနီတောင်စီမံကိန်းသည် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် တရုတ်
ကုမ္ပဏီ ဝမ်ပေါင်းတို့ ဖက်စပ်လုပ်ဆောင် သည့် စီမံကိန်းတခုဖြစ်ပြီး အဆိုပါစီမံကိန်းကြောင့် အသိမ်းခံလိုက်ရသည့် လယ်ယာဧကပေါင်း ၇,၈ဝဝ ကျော်အတွက်တောင်သူများက မကျေနပ်၍ ဇွန်လမှ စတင်ကာ
ပြီးခဲ့သည့် စက်တင်ဘာလ အထိ ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။
News from : မဇ္ဈိမ
Post by : Aye Chan Mon
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ဆန္ဒဖော်ထုတ်ခဲ့သူများ
အား တရားစွဲဆိုထားသည်ဟု သတင်းများ ထွက်ပေါ်နေ၍ ထိုသို့ဟုတ်မှန်
ပါက တိုင်းဒေသကြီး ဝန်ကြီးချုပ်မှာ ကတိမတည်ရာရောက်ကြောင်း ဗကသ
ကျောင်းသား ခေါင်းဆောင် ကိုကျော်ကိုကို က ပြောသည်။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း
တာဝန်ရှိသူတဦးက ပုဒ်မ ၁၄၄ ကိုဖောက်ဖျက်ကျူးလွန်မှု၊ စိတ်ညိုညင်ေ
အောင်ပြုလုပ်မှု၊ ကုမ္ပဏီ အသရေပျက် နစ်နာစေရန်အကြံစည်ပြုမူဆောင်
ရွက်မှုတို့ဖြင့် ဦးဆောင်ပါဝင်သူ ၁၆ ဦးအား အမှုဖွင့်ကြောင်း ပြည်တွင်း
သတင်းဌာန တချို့တွင် ဖော်ပြပါရှိလာသည်ကို ဖတ်ရှုရ၍ ထိုသို့
ပြောဆိုလိုက်ခြင်းဖြစ်သည်။
ရိုဟင်ဂျာများအတွက် OIC က ဒေါ်လာ ၂၅ သန်း ကောက်ခံရရှိထား
Photo: ရိုဟင်ဂျာများအတွက် OIC က ဒေါ်လာ ၂၅ သန်း ကောက်ခံရရှိထား
 သောကြာနေ့၊ အောက်တိုဘာလ ၀၅ ရက် ၂၀၁၂ ခုနှစ် ၂၂ နာရီ ၂၄ မိနစ်   
နယူးဒေလီ (မဇ္ဈိမ)။   ။ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်များအတွက် အလှူငွေအဖြစ် ကမ္ဘာ့မူဆလင် အဖွဲ့ကြီး OIC က အမေရိကန်ဒေါ်လာ ၂၅ သန်း ကောက်ခံရရှိထားသည်။ 
သောကြာနေ့က ကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်းပသော မြန်မာနိုင်ငံ ရိုဟင်ဂျာအရေးနှင့် ပတ်သက်သည့် လူသားချင်းစာနာထောက်ပံ့မှုများဆိုင်ရာ OIC ၏ ဒုတိယအကြိမ် အတိုင်ပင်ခံအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများနှင့် စာနာထောက်ထားရေးဌာနများထံမှ ကောက်ခံရရှိခဲ့ခြင်း ဖြစ်ကြောင်း Jakata Post တွင် ရေးသားဖော်ပြထားသည်။ 
ချမ်းသာသော နိုင်ငံကြီးများမှ ထည့်ဝင်မှု မပြုရသေး၍ ယခု ရရှိသည့်ပမာဏထက် ပိုမိုများပြားစွာ ရရှိရန်ရှိသေးကြောင်း တွဲဘက်အတွင်းရေးမှူးချုပ်က ဆိုသည်။ 
သြဂုတ်လ အတွင်းက မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် ပထမအကြိမ် အစည်းအဝေးတွင်လည်း အဖွဲ့ဝင်နိုင်ငံများ
ဖြစ်ကြသည့် ကူဝိတ်၊ ကာတာ၊ ဆော်ဒီအာရေဗျ၊ တူရကီနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့က ဒေါ်လာသန်း ၅၀ မှ ၁၀၀ အကြား ထည့်ဝင်ရန် ကတိပေးထားခဲ့ကြခြင်း ဖြစ်သည်။ 
OIC တွင် အဖွဲ့ဝင် ၅၇ နိုင်ငံ ရှိသည်။ 
ကောက်ခံရရှိသော အလှူငွေများကို ဇွန်လ အဓိကရုဏ်းနှင့် အကြမ်းဖက်မှုများကြောင့် ဒုက္ခခံစားနေရသော ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများ ပြန်လည်နေရာချထားရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဟု သိရှိရသည်
News from : မဇ္ဈိမသတင်းဌာန  
Post by : Aye Chan Mon
နယူးဒေလီ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်များအတွက် အလှူငွေအဖြစ် ကမ္ဘာ့မူဆလင် အဖွဲ့ကြီး OIC က အမေရိကန်ဒေါ်လာ
၂၅ သန်း ကောက်ခံရရှိထားသည်။
သောကြာနေ့က ကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်းပသော မြန်မာနိုင်ငံ ရိုဟင်ဂျာအရေးနှင့် ပတ်သက်သည့် လူသားချင်းစာနာထောက်ပံ့မှုများဆိုင်ရာ OIC ၏ ဒုတိယအကြိမ် အတိုင်ပင်ခံအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများနှင့် စာနာထောက်ထားရေးဌာနများထံမှ ကောက်ခံရရှိခဲ့ခြင်း ဖြစ်ကြောင်း Jakata Post တွင် ရေးသားဖော်ပြထားသည်။
ချမ်းသာသော နိုင်ငံကြီးများမှ ထည့်ဝင်မှု မပြုရသေး၍ ယခု ရရှိသည့်ပမာဏထက် ပိုမိုများပြားစွာ ရရှိရန်ရှိသေးကြောင်း တွဲဘက်အတွင်းရေးမှူးချုပ်က ဆိုသည်။
ဖိလစ်ပိုင်က ကမ္ဘာ့အကြီးဆုံး မိကျောင်းကြီး
Photo: ဖိလစ်ပိုင်က ကမ္ဘာ့အကြီးဆုံး မိကျောင်းကြီး
“လိုလောင်” လို့ ဒေသခံတွေက အမည်ပေးထားတဲ့ ဧရာမ မိကျောင်းကြီးဟာ ဂုဏ်ယူဖွယ်ရာ၊ ကြောက်ရွံ့ဖွယ်ရာ၊ ခရီးသွား လုပ်ငန်း ဝင်ငွေတိုးဖွယ်ရာ၊ စိတ်ဝင်စားဖွယ်ရာ စတဲ့ အခြင်းအရာများကို ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း မြို့ငယ်လေးထံကို ယူဆောင်လာခဲ့ပါတယ်။ အခုတော့ အဲဒီ မိကျောင်းကြီးဟာ ကမ္ဘာ့မှတ်တမ်း ဝင်သွားခဲ့ပါပြီ။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက မဖမ်းမိခင်အထိ လူသတ် အသားစား သတ္တဝါကြီးအဖြစ် ကြောက်ရွံ့ခဲ့ကြရတဲ့ ယင်းမိကျောင်းကြီးကို ကမ္ဘာပေါ်တွင် ဖမ်းမိခဲ့သမျှ ရေငန် မိကျောင်းများအနက် အကြီးဆုံးအဖြစ် ဂင်းနစ် ကမ္ဘာ့မှတ်တမ်း ပြုစုရေးအဖွဲ့က ကြေငြာခဲ့ခြင်း ဖြစ်ပါတယ်။
အဲဒီသတင်းကြောင့် အဂူဆန် ဒယ်လ်ဆာ ခရိုင်အတွင်းက လူဦးရေ ၃၇၀၀၀ သာရှိတဲ့ လယ်ယာစိုက်ပျိုးရေး မြို့ငယ်လေး ဘူနာဝန်မှာ ဂုဏ်ပြုပွဲများ ပြုလုပ်ခဲ့ကြသော်လည်း မြို့နယ် အုပ်ချုပ်ရေးမှူး အက်ဒ်ဝင် ကော့စ် အယ်လော့ဒ်ကတော့ ရွာသားများ ငါးရှာထွက်လေ့ ရှိတဲ့ စိမ့်မြေနဲ့ ချောင်းအတွင်းမှာ အလားတူ ဧရာမ မိကျောင်းကြီးများ ကျန်ရှိနေဦးမှာကိုလည်း စိုးရိမ်မိနေကြောင်း ပြောကြားခဲ့ပါတယ်။
“ကျွန်တော် ခံစားချက် နှစ်မျိုးကို ခံစားနေရပါတယ်။ ကျွန်တော်တို့ ဒေသဟာ ဇီဝမျိုးကွဲတွေ ပေါကြွယ်ဝတဲ့နေရာ ဖြစ်ကြောင်း သက်သေ ပြနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိသလို တစ်ဖက်မှာလည်း လိုလောင်လို မိကျောင်းကြီးမျိုး တစ်ကောင်တည်းရှိတာ မဖြစ်နိုင်ဘူးလို့လည်း ကြောက်ရွံ့မိပါတယ်။” အယ်လော့ဒ်က တယ်လီဖုန်းနဲ့ ပြောကြားခဲ့ပါတယ်။
လိုလောင်ဟာ ဘူနာဝန်မြို့ပြင်က သဘာဝ လေ့လာရေး ခရီးသွား ဥယျာဉ်နဲ့ သုတေသနစခန်းမှာ စူပါစတား ဖြစ်နေခဲ့ပြီး ယင်းကို ဖမ်းမိကြောင်း သတင်းများ ထွက်ပေါ်လာပြီးကတည်းက ခရီးသွား ထောင်ပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့ကြောင်းလည်း သိရပါတယ်။ အယ်လော့ဒ်ရဲ့ အဆိုအရ ဘူနာဝန်မြို့လေးဟာ အဲဒီ ဥယျာဉ်ကို လာရောက်ကြသူတွေထံက ဝင်ကြေးအဖြစ် ဖိလစ်ပိုင် ပီဆို သုံးသန်း (ဒေါ်လာ ၇၂၀၀၀) ရရှိခဲ့ပြီး ဝင်ငွေ အများစုကို မိကျောင်းကြီးအတွက် အစာစရိတ်နဲ့ စောင့်ရှောက်စရိတ် အဖြစ်လည်းကောင်း၊ ဥယျာဉ် ထိန်းသိမ်းစရိတ်အဖြစ်လည်းကောင်း ပြန်လည် အသုံးပြုတယ်လို့ သိရပါတယ်။
မိကျောင်းကြီး လိုလောင်ဟာ အရှည် ၆.၁၇ မီတာ ရှိပြီး အလေးချိန် ၁ တန်ကျော် လေးတယ်လို့ ဂင်းနစ် မှတ်တမ်းအဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူ အန်း-လိစ် ရို့စ်ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် လိုလောင်ဟာ ယခင် ကမ္ဘာ့အကြီးဆုံး ဖြစ်ခဲ့တဲ့ အရှည် ၅ မီတာကျော်နဲ့ အလေးချိန် ၁ တန်နီးပါးရှိ သြစတြေးလျက မိကျောင်းကြီးကို ကျော်ဖြတ်ပြီး ကမ္ဘာ့အကြီးဆုံး ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။၂၀၀၉ ခုနှစ်က ကလေးငယ်တစ်ဦး အသတ်ခံခဲ့ရမှုနဲ့ တံငါသည်တစ်ဦး ပျောက်ဆုံးမှုတို့ ဖြစ်ပေါ်ခဲ့ပြီးနောက် သုံးပတ်ကြာ ရှာဖွေ ဖမ်းဆီးမှု ပြုလုပ်ခဲ့ကြရာ သံမဏိ ကြိုးများဖြင့် ထောင်ချောက်ဆင် ဖမ်းဆီးမှုဖြင့် ယင်းမိကျောင်းကြီးကို ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ယင်းနယ်မြေအတွင်းက မိကျောင်းတွေဟာ ကျွဲတွေကိုလည်း တိုက်ခိုက် သတ်ဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။
အယ်လော့ဒ်အပါအဝင် လူပေါင်း ၁၀၀ ခန့်က မိကျောင်းကြီးကို ချောင်းထဲကနေ ကြိုးတွေနဲ့ ဆွဲတင်ခဲ့ကြပြီးနောက် ကရိန်းကားတစ်စီးဖြင့် ဆွဲမြှောက်ကာ ကုန်တင်ကားကြီး တစ်စီးပေါ် တင်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ မိကျောင်းကြီးကို ဖမ်းဆီးရာမှာ ကူညီပေးဖို့ ဘူနာဝန်မြို့ကို လာရောက်ရင်း ရုတ်တရက် နှလုံးရောဂါနဲ့ သေဆုံးသွားခဲ့တဲ့ အစိုးရ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အရာရှိတစ်ဦးရဲ့ အမည်ကို ယူပြီး မိကျောင်းကြီးကို “လိုလောင်” လို့ အမည်ပေးခဲ့တာ ဖြစ်တယ်လို့ အယ်လော့ဒ်က ရှင်းပြခဲ့ပါတယ်။
အယ်လော့ဒ်ရဲ့ အဆိုအရ မိကျောင်းကြီး လိုလောင်ကို ဖမ်းမိချိန်မှာ ပိုကြီးတဲ့ မိကျောင်းကြီးတစ်ကောင်း ထွက်ပြေး လွတ်မြောက် သွားတာကို တွေ့ခဲ့ကြရတဲ့အတွက် ရွာသားများဟာ အဲဒီနယ်မြေအတွင်းမှာ ညအချိန်ဆိုလျှင် အထူး သတိဝီရိယထားပြီး ငါးဖမ်းနေကြရတယ်လို့ သိရပါတယ်။ အခုအခါမှာတော့ မုဆိုးများ စုစည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းထားပြီး လွတ်သွားတဲ့ မိကျောင်းကြီးကို လိုက်လံ ဖမ်းဆီးဖို့အတွက် အစိုးရ ခွင့်ပြုချက် ရရှိအောင် ကြိုးစားနေတယ်လို့လည်း သိရပါတယ်။
News from : Shwelone.com (ရွှေလုံး) | Myanmar Social Entertainment News Network
PostBy : Aye Chan Mon
“လိုလောင်” လို့ ဒေသခံတွေက အမည်ပေးထားတဲ့ ဧရာမ မိကျောင်းကြီးဟာ ဂုဏ်ယူဖွယ်ရာ၊ ကြောက်ရွံ့ဖွယ်ရာ၊ ခရီးသွား လုပ်ငန်း ဝင်ငွေတိုးဖွယ်ရာ၊ စိတ်ဝင်စားဖွယ်ရာ စတဲ့ အခြင်းအရာများကို ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း
မြို့ငယ်လေးထံကို ယူဆောင်လာခဲ့ပါတယ်။ အခုတော့ အဲဒီ မိကျောင်းကြီးဟာ ကမ္ဘာ့မှတ်တမ်း ဝင်သွားခဲ့ပါပြီ။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက မဖမ်းမိခင်အထိ လူသတ် အသားစား သတ္တဝါကြီးအဖြစ် ကြောက်ရွံ့ခဲ့ကြရတဲ့ ယင်းမိကျောင်းကြီးကို ကမ္ဘာပေါ်တွင် ဖမ်းမိခဲ့သမျှ ရေငန် မိကျောင်းများအနက် အကြီးဆုံးအဖြစ် ဂင်းနစ် ကမ္ဘာ့မှတ်တမ်း ပြုစုရေးအဖွဲ့က ကြေငြာခဲ့ခြင်း ဖြစ်ပါတယ်။
အိမ်မီးလောင်ရာမှ ခွေးပေါက်လေး များအား အသက်စွန့် ကယ်တင်ခဲ့သည့် ခွေးမကြီး
Photo: အိမ်မီးလောင်ရာမှ ခွေးပေါက်လေး များအား အသက်စွန့် ကယ်တင်ခဲ့သည့် ခွေးမကြီး
မိခင်မေတ္တာဆိုတာ ပြင်းထန်လှပါတယ်။ ဘယ်သတ္တဝါမျိုး မဆိုပါပဲ။ ဒီအချက်ကို သက်သေထူလိုက် တာကတော့ Amanda လို့ အမည်ရတဲ့ ချီလီနိုင်ငံက ခွေးမကြီးပဲ ဖြစ်ပါတယ်။
သူမနဲ့ ၁၀ ရက်သား ခွေးပေါက်လေးများရဲ့အိမ် မီးဘေးသင့်တဲ့ အခါမှာ ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်မှန်တစ်ခုပါ။
မီးသတ်သမားများက အိမ်မီးအား ကြိုးပမ်းငြိမ်းသတ်နေချိန်မှာ ဓာတ်ပုံဆရာတစ်ဦးက Amanda ကို သတိထားမိခဲ့ပါ တယ်။ ခွေးမ ကြီး Amanda တစ်ကောင်က မီးဟုန်းဟုန်းတောက်နေတဲ့ အိမ်ထဲကို ဝင်လိုက်၊ ထွက်လိုက်နဲ့ သူမရဲ့ ရင်သွေးလေးတွေကို တစ်ကောင်ပြီးတစ်ကောင် ကယ်ထုတ်လာပြီး ဘေးလွတ်ရာမှာရှိတဲ့ မီးသတ်ကားတစ်စီးရဲ့ ဒေါင့်တစ်နေရာမှာ သွားပို့ထားခဲ့ပါတယ်။ကိစ္စအားလုံး အပြီးမှာတော့ ခွေးပေါက်လေးတွေနဲ့ ခွေးမကြီးကို တိရစ္ဆာန်ဆေးရုံသို့ မီးသတ်သမားများက ပို့ဆောင်ပေးခဲ့ပါ တယ်။ ခွေးပေါက်လေး တစ်ကောင်ကတော့ ကံမကောင်းစွာနဲ့ အသက်ဆုံးခဲ့ရပါတယ်။
News from : Shwelone.com (ရွှေလုံး) | Myanmar Social Entertainment News Network
PostBy : Aye Chan Mon
မိခင်မေတ္တာဆိုတာ ပြင်းထန်လှပါတယ်။ ဘယ်သတ္တဝါမျိုး မဆိုပါပဲ။ ဒီအချက်ကို သက်သေထူလိုက် တာကတော့ Amanda လို့ အမည်ရတဲ့ ချီလီနိုင်ငံက ခွေးမကြီးပဲ ဖြစ်ပါတယ်။
သူမနဲ့ ၁၀ ရက်သား ခေ
ွးပေါက်လေးများရဲ့အိမ် မီးဘေးသင့်တဲ့ အခါမှာ ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်မှန်တစ်ခုပါ။
မီးသတ်သမားများက အိမ်မီးအား ကြိုးပမ်းငြိမ်းသတ်နေချိန်မှာ ဓာတ်ပုံဆရာတစ်ဦးက Amanda ကို သတိထားမိခဲ့ပါ တယ်။
ဝက်မွေးသူ ၀က် စားခံလိုက်ရ
 စိတ်ဝင်စားစရာ သတင်းတပုဒ်က စိတ်မကောင်းစရာပါ။ အမေရိကန် အော်ရီဂွန်မှာ အသက် ၇၀ အရွယ်ရှိ တဲ့ လယ်သမား အဖိုးကြီးကို သူမွေးထားတဲ့ ပေါင်ချိန် ၇၀၀ လောက်ရှိတဲ့ ၀က်တွေက ၀ိုင်းစားသောက်ပစ် လိုက်ပါတယ်တဲ့။ 
ဒါပေမယ့် သက်ဆိုင်ရာ ဒေသ တာဝန်ရှိသူတွေကတော့ လယ်သမားအဖိုးအိုဟာ ထူးထူးဆန်း ဆန်း သေဆုံး သွားတာပါလို့ ဆိုပါတယ်။ 
အဖြစ်က ပြီးခဲ့တဲ့ လွန်ခဲ့တဲ့ အပတ်က Terry V. Garner ဆိုတဲ့ လယ်သမား အဖိုးအိုဟာ ၀က်တွေကို အစာကျွေးဖို့ သွားခဲ့ပါတယ်။ ဒါပေမယ့် သူ ပြန်မလာတော့လို့ မိသားစုဝင် တယောက် သူ့ကို လိုက်ကြည့်တဲ့ အခါ မြေကြီးပေါ်မှာ နည်းနည်းပါးပါးတွေ့ရတဲ့သူ့သွားလို့ ယူဆလို့ ရတဲ့ အရာနဲ့ အရိုး၊ အသားစ တချို့ကို ပဲ တွေ့လိုက်ရတာပါလို့ NBC သတင်းက ဆိုပါတယ်။ 
ဝါးတစ်ရာ စက်မှုဇုန် သစ်အချောထည်စက်ရုံ အလုပ်သမားတွေ ဆန္ဒပြ
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ဝါးတစ်ရာ စက်မှုဇုန်မှာရှိတဲ့ တော်ဝင်မိသားစု ကုမ္ပဏီပိုင် သစ်အချောထည် စက်ရုံက အလုပ်သမား ၂ ရာလောက်ဟာ သတ်မှတ်ထားတဲ့ ရက်အတွင်း စာချုပ် ချုပ်ဆိုပေးဖို့ သဘောတူထားတာကို အလုပ်ရှင်ဘက်က အကောင်အထည် မဖော်ပေးတဲ့အတွက် စက်ရုံဝင်းအတွင်းမှာ ဒီကနေ့မနက်ပိုင်းက ဆန္ဒပြခဲ့ပါတယ်။
RFA
၂ဝ၁၂ အောက်တိုဘာလ ၅ ရက်နေ့က ရွှေပြည်သာမြို့နယ် ဝါးတစ်ရာ စက်မှုဇုန်ရှိ တော်ဝင်မိသားစု ကုမ္ပဏီပိုင် သစ်အချောထည် စက်ရုံ အလုပ်သမားများ စက်ရုံဝင်းအတွင်း ဆန္ဒပြနေစဉ်။
အရင်က အလုပ်သမားတွေ ဆန္ဒပြစဉ်က အလုပ်ရှင်နဲ့ အလုပ်သမားအကြား သဘောတူထားတဲ့ အချက်တွေကို စာချုပ်ချုပ်ဖို့ အကောင်အထည် ဖော်မပေးတဲ့အပြင် အလုပ်သမားတွေအကြား ခွဲခြား ဆက်ဆံနေတဲ့အတွက် ဖြစ်တယ်လို့ ဆန္ဒပြအလုပ်သမား တစ်ဦးက RFA ကို အခုလို ပြောပါတယ်။
သမ္မတ ဦးသိန်းစိန် တောင်ကိုရီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်မည်
Photo: သမ္မတ ဦးသိန်းစိန် တောင်ကိုရီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်မည်
သမ္မတ ဦးသိန်းစိန်သည် တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်၏ ဖိတ်ကြားချက်အရ တောင်ကိုရီးယားနိုင်ငံသို့ 
တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်ကြောင်း မြန်မာ ပြန်ကြားရေးဝန်ကြီးဌာနနှင့် တောင်ကိုရီးယား Yonhap 
သတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။
သမ္မတ ဦးသိန်းစိန်၏ တောင်ကိုရီးယားနိုင်ငံခရီးစဉ်မှာ အောက်တိုဘာလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဖြစ်ကြောင်း တောင်ကိုရီးယား Yonhap သတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။
ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်သည် တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် 
ဒေသတွင်းအရေးကိစ္စများကို ဆွေးနွေးသွားဖွယ်ရှိကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။
မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်တို့သည် အောက်တိုဘာလ ၉ ရက်နေ့တွင် 
ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ အရင်းအမြစ်နှင့် စွမ်းအင်၊ အခြေခံအဆောက်အအုံနှင့် ဆောက်လုပ်ရေး၊ 
ဖွံ့ဖြိုးတိုးတက်ရေးအကူအညီပေးမှုနှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်ရေးကို 
တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သည်။
ထို့ပြင် သမ္မတ ဦးသိန်းစိန် ခရီးစဉ်အတွင်း တောင်ကိုရီးယားစီးပွားရေးလုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ပြီး 
စက်ရုံအလုပ်ရုံများကို လေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။
တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်သည် မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် မေလက နှစ်ရက်ကြာ လာရောက်ခဲ့ပြီး သမ္မတ 
ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့သည်။
တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်၏ မြန်မာနိုင်ငံခရီးစဉ်သည် ၁၉၈၃ ခုနှစ် သမ္မတ ချန်ဒူးဝမ်၏ မြန်မာနိုင်ငံ 
ခရီးစဉ်ပြီးနောက် ပထမဆုံးအကြိမ် ဖြစ်သည်။ ထိုစဉ်က မြောက်ကိုရီးယားသူလျှိုများက အာဇာနည်ဗိမာန်တွင် 
တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ်အား ဗုံးခွဲ လုပ်ကြံမှုကြောင့် တောင်ကိုရီးယားဝန်ကြီး သုံးဦး အပါအ၀င် 
တောင်ကိုရီးယားအရာရှိ ၁၇ ဦး နှင့် မြန်မာနိုင်ငံသား လေးဦး သေဆုံးခဲ့ပြီး တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ် 
လွတ်မြောက်ခဲ့သည်။
တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်၏ မြန်မာခရီးစဉ်အတွင်း နည်းပညာအကူ အညီပေးရေး လူ့စွမ်းအားအရင်းအမြစ် 
ဖွံ့ဖြိုးတိုးတက်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေး၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ ပညာရေး၊ အခြေခံအဆောက်အဦများ 
တည်ဆောက်ရေး၊ စက်မှု ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ခရီးသွားလုပ်ငန်းနှင့် 
သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ သိပ္ပံနှင့်နည်းပညာ၊ စွမ်းအင်နှင့် သတ္တုကဏ္ဍများတွင် 
ပိုမိုပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့သည်။
မြန်မာ-တောင်ကိုရီးယား နှစ်နိုင်ငံ သံတမန်ဆက်ဆံမှုကို ၁၉၇၅ ခုနှစ်တွင် စတင်ခဲ့သည်။
၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ တောင်ကိုရီးယားနိုင်ငံ၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏသည် 
အမေရိကန်ဒေါ်လာသန်း ၂၉၀၀ ကျော်ရှိပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် နှစ်နိုင်ငံကုန်သွယ်မှု ပမာဏသည် 
အမေရိကန်ဒေါ်လာ ၉၆၆ သန်းရှိကြောင်း သိရှိရသည်။
တောင်ကိုရီးယားနိုင်ငံသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပမာဏအရ နံပါတ်လေးအဆင့်တွင် ရောက်ရှိနေသော 
နိုင်ငံဖြစ်ပြီး စုစုပေါင်း ကုမ္ပဏီ ၄၉ ခုမှ အမေရိကန်ဒေါ်လာသန်း ၂၉၄၁ ဒသမ ၂၈၉ မြှုပ်နှံထားကြောင်းနှင့် 
အဓိကအားဖြင့် စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် စတင်ထုတ်ယူမည့် 
ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် ကိုရီးယားနိုင်ငံမှ ဒေ၀ူးကုမ္ပဏီက ၀င်ရောက် ရင်းနှီးမြှုပ်နှံနေကာ 
စုစုပေါင်းပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလျံရှိကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံမှ ကိုရီးယားနိုင်ငံသို့ အ၀တ်အထည်၊ ပဲ၊ ရေထွက်ပစ္စည်း၊ ကျောက်စိမ်း၊ သစ် စသည့် ပစ္စည်းများ တင်ပို့နေပြီး 
တောင်ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ မော်တော်ကားများ၊ စက်ပစ္စည်းများ၊ သံနှင့် စတီးပစ္စည်းများ၊ 
ပလက်စတစ်ကုန်ကြမ်းပစ္စည်းများ တင်သွင်းနေကြောင်း သိရှိရသည်။
ထို့အတူ CMP အထည်ချုပ် လုပ်ငန်းများတွင် ကိုရီးယားနိုင်ငံမှ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေသည်။
တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်၏ မြန်မာနိုင်ငံခရီးစဉ်
 ( မှတ်တမ်းပုံ)
News from : Eleven Media Group
Post By : Aye Chan Mon
သမ္မတ ဦးသိန်းစိန်သည် တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်၏ ဖိတ်ကြားချက်အရ တောင်ကိုရီးယားနိုင်ငံသို့
တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်ကြောင်း မြန်မာ ပြန်ကြားရေးဝန်ကြီး
ဌာနနှင့် တောင်ကိုရီးယား Yonhap
သတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။
သမ္မတ ဦးသိန်းစိန်၏ တောင်ကိုရီးယားနိုင်ငံခရီးစဉ်မှာ အောက်တိုဘာလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဖြစ်ကြောင်း တောင်ကိုရီးယား Yonhap သတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။
ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်သည် တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့်
ဒေသတွင်းအရေးကိစ္စများကို ဆွေးနွေးသွားဖွယ်ရှိကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။
လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်ပြီး အခေါင်းသုံးလုံးပြုလုပ်၍ မီးရှို့ဆန္ဒဖော်ထုတ်ခဲ့သူ ၁၆ ဦးအား အောက်တိုဘာလ ၄ရက်နေ့က ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်
Photo: လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်ပြီး အခေါင်းသုံးလုံးပြုလုပ်၍ မီးရှို့ဆန္ဒဖော်ထုတ်ခဲ့သူ ၁၆ ဦးအား အောက်တိုဘာလ ၄ရက်နေ့က ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်  
FRIDAY, 05 OCTOBER 2012 11:35
မုံရွာခရိုင် လက်ပံတောင်းတောင် စီမံကိန်းအတွက် မြေသိမ်းခံကျေးရွာ ၂၆ ရွာမှ     တောင်သူများက စက်တင်ဘာ၅ရက်နေ့တွင် မုံရွာ-ပုသိမ်လမ်းမကြီးနှင့်  ညောင်ပင်ကြီး-ပုလဲ လမ်းဆုံအနီး မြန်မာ -၀မ်ပေါင်ရုံး အနောက်မြောက်ဘက်ထောင့် ၌ အခေါင်း ၃ လုံးပြုလုပ်မီးရှို့ကာ ဆန္ဒဖော်ထုတ်ခဲ့ပြီး အဆိုပါ ဖြစ်ရပ်တွင် ပါဝင်သည်ဟု ယူဆသော ဒေသခံရွာသားများအပါအ၀င် ၁၆ဦးအား ဆားလင်းကြီး ရဲစခန်းမှ (ပ)၂၃၃၊၁၂    ပြစ်မှုပုဒ်မ ၁၄၃ ၊ ၁၄၇ ၊ ၅၀၀တို့ ဖြင့်  အမှုဖွင့် ထားကြောင်းသိရသည်။ စက်တင်ဘာလ ၅ ရက်နေ့ က မြန်မာ-၀မ်ပေါင်ရုံး ကြေးနီစီမံကိန်းဧရိယာအနီး ညောင်ပင်ကြီး-ယင်းမာပင် ကားလမ်းနှင့် ပုလဲ-မုံရွာ ကားလမ်းဆုံ၌ ပြည်သူ့ အကျိုးဆောင်ကွန်ယက်(ရန်ကုန်)မှ ဟန်ဝင်းအောင်၊အောင်စိုး၊ ကျောင်သားသမဂ္ဂဖြစ်မြောက်ရေးအဖွဲ့ မှ ကျော်ကိုကို၊ဟန်ဇော်ဝင်း၊အောင်ကိုဦး၊သိန်းသန်းဦး၊ အာကာထက်မိုး၊ထက်အေး၊ကောင်းဆက်၊မ၀ါဝါ ၊မမိုးမိုး၊ မုံရွာမှ မတင်မာလွင် (ခေါ်) မတင်မာဆွေ ၊၀က်မှေးကျေးရွာဟောင်းမှ မသွဲ့သွဲ့ဝင်း၊ကိုအောင်ဇော်ဦး၊ ဆည်တည်းကျေးရွာမှ ကိုမြင့်တင်၊ ခင်ငြိမ်းတို့ အဖွဲ့ ကို ဥပဒေနှင့် ဆန့်ကျင်သောလူစုလူဝေးကိုဦးဆောင်၍ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် နှင့် ၀မ်ပေါင် ကုမ္ပဏီတို့ အား စိတ်ညိုညင်အောင်ပြုလုပ်ခြင်း၊ ကုမ္ပဏီ ကျက်သရေနစ်နာစေရန် အကြံဖြင့်ပြုမူ ဆောင်ရွက်ခြင်းတို့ ကြောင့် လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်း လက်ထောက်အထွေထွေမန်နေဂျာ ဗိုလ်ကြီးကျော်လှမိုး (ငြိမ်း) က တရားလိုပြုကာ တိုင်တန်းထားကြောင်း သိရသည်။
“ယာမြေတွေပေါ်မှာ မကျူးကျော်ရဆိုတဲ့ ဆိုင်းဘုတ်တွေ ကို လက်ပံတောင်းတောင် စီမံကိန်း ပြန်စတယ်ဆိုတာ ကြားကတည်းက တောင်သူတွေ ပြုလုပ်ခဲ့တယ်။သြဂုတ်လ ၂၄ ရက်နေ့မှ စက်တင်ဘာ ၁ ရက်နေ့  အထိ  သိမ်းခံရတဲ့  ယာတွေပေါ်မှာ တဲဆောက်တာတွေ မကျူးကျော်ရ ဆိုင်းဘုတ်ထောင်တာတွေ လုပ်ခဲ့တယ်။ဖောင်းကားဘက်မှာ ယာတွေထဲမှာ မြေစာပုံတာတွေကို သွားတားခဲ့တယ်။စက်တင်ဘာ ၂ ရက် မှ ၄ ရက်နေ့ အထိ မိုးရွာတာကြောင့်ရော အထက်ကိုတင်ပြဖို့ စာရင်းကောက်တာတွေရော လုပ်နေခဲ့ကြတယ်။ ဒီနေ့  စက်တင်ဘာ ၅ ရက်နေ့ မှာတော့ မြေသိမ်းခံ ၂၆ရွာက ရွာသားတွေ ဖောင်းကားနဲ့ မိုးကြိုးပြင်ဘက်မှာ မြေစာပုံတာတွေအနီးမှာ ဆန္ဒဖော်ထုတ်ဖို့ အသွား တရုတ်ဆိုက်  မြန်မာ -၀မ်ဘို အနီးမှာ ရဲတွေက ပိတ်တားလို့ မုံရွာ-ပုသိမ်လမ်းနဲ့  ညောင်ပင်ကြီး-ယင်းမာပင်-ပုလဲ လမ်းဆုံအနီးမှာပဲ ဆန္ဒဖော်ထုတ်ခဲ့ကြတယ်”ဟူ၍  ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူတစ်ဦး ကပြောပြခဲ့သည်။ လက်ပံတောင်းတောင် စီမံကိန်းအတွက် မြေသိမ်းခံကျေးရွာ ၂၆ ရွာမှ တောင်သူများ စက်တင်ဘာ၅ရက်နေ့တွင် မုံရွာ-ပုသိမ် လမ်းမကြီးနှင့် ညောင်ပင်ကြီး - ပုလဲ လမ်းဆုံအနီး မြန်မာ -၀မ်ဘိုရုံး အနောက်မြောက်ဘက်ထောင့်၌ အထက်မြန်မာပြည် ဗကသကျောင်းသားများ၊ကွန်ယက်များမှ ကူညီရေးအဖွဲ့ များ ၊သဘာပပတ်ဝန်းကျင် ချစ်မြတ်နိုးသူများ အကူအညီဖြင့် မြေယာများပြန်လည်လုပ်ကိုင်ခွင့်ရရေး၊ဖမ်းဆီးထိန်းသိမ်းခံရသူ တစ်ဦး ပြန်လွှတ်ရေး အတွက် တောင်းဆိုခဲ့ကြသည်။တောင်သူများသည် မနက် ၁၂ နာရီ ခန့် တွင် မုံရွာ-ပုသိမ် လမ်းမကြီးနှင့်  ညောင်ပင်ကြီး - ပုလဲ လမ်းဆုံအနီး မြန်မာ -၀မ်ဘိုရုံး အနောက်မြောက်ဘက်ထောင့်၌ စုမိကာ နေ့လည် ၁နာရီခွဲခန့် တွင် “ဦးပိုင် အသက်၂၄ နှစ်"  “ကိုတရုတ်ကြီး အသက်၂၄ နှစ်” ‘ပုဒ်မ ၁၄၄  အသက်၁ နှစ်” ရေးသားထားသော အခေါင်း ၃ လုံးကိုကြေးစည်ထု၊သောက်ရေအိုးများခွဲကာ မီးရှို့ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ နောက် စနစ်တကျပြန်လည်စီတန်းကာ ကျေးရွာများသို့ ပြန်လည်ထွက်ခွာခဲ့ကြသည်။ လမ်းတွင် လက်ပံတောင်းတောင်အနီးရှိ ရန်အောင်မြင်စေတီ တွင် ရွာသားအားလုံး ဆုတောင်းဝတ်ပြုခဲ့ကြကြောင်း သိရသည်။
News from : Eleven Media Group
Photo from:ThanLarWaddy Times
Post By : Aye Chan Mon
မုံရွာခရိုင် လက်ပံတောင်းတောင် စီမံကိန်းအတွက် မြေသိမ်းခံကျေး
ရွာ ၂၆ ရွာမှ တောင်သူများက စက်တင်ဘာ၅ရက်နေ့တွင် မုံရွာ-ပုသိမ်လမ်းမကြီးနှင့် ညောင်ပင်ကြီး-ပုလဲ လမ်းဆုံအနီး မြန်မာ -၀မ်ပေါင်ရုံး အနောက်မြောက်ဘက်ထောင့် ၌ အခေါင်း ၃ လုံးပြုလုပ်မီးရှို့ကာ ဆန္ဒဖော်ထုတ်ခဲ့ပြီး အဆိုပါ ဖြစ်ရပ်တွင် ပါဝင်သည်ဟု ယူဆသော ဒေသခံရွာသားများအပါအ၀င် ၁၆ဦးအား ဆားလင်းကြီး ရဲစခန်းမှ (ပ)၂၃၃၊၁၂ ပြစ်မှုပုဒ်မ ၁၄၃ ၊ ၁၄၇ ၊ ၅၀၀တို့ ဖြင့်  အမှုဖွင့် ထားကြောင်းသိရသည်။ စက်တင်ဘာလ ၅ ရက်နေ့ က မြန်မာ-၀မ်ပေါင်ရုံး ကြေးနီစီမံကိန်းဧရိယာအနီး ညောင်ပင်ကြီး-ယင်းမာပင် ကားလမ်းနှင့် ပုလဲ-မုံရွာ ကားလမ်းဆုံ၌ ပြည်သူ့ အကျိုးဆောင်ကွန်ယက်(ရန်ကုန်)မှ ဟန်ဝင်းအောင်၊အောင်စိုး၊ ကျောင်သားသမဂ္ဂဖြစ်မြောက်ရေးအဖွဲ့ မှ ကျော်ကိုကို၊ဟန်ဇော်ဝင်း၊အောင်ကိုဦး၊သိန်းသန်းဦး၊ အာကာထက်မိုး၊ထက်အေး၊ကောင်းဆက်၊မ၀ါဝါ ၊မမိုးမိုး၊ မုံရွာမှ မတင်မာလွင် (ခေါ်) မတင်မာဆွေ ၊၀က်မှေးကျေးရွာဟောင်းမှ မသွဲ့သွဲ့ဝင်း၊ကိုအောင်ဇော်ဦး၊ ဆည်တည်းကျေးရွာမှ ကိုမြင့်တင်၊ ခင်ငြိမ်းတို့ အဖွဲ့ ကို
Related Posts Plugin for WordPress, Blogger...
ShareThis