menu

Monday 21 October 2013

ဂုဏ်သိက္ခာကို လုပ်ကြံသတ်ဖြတ်ခြင်း

Photo: ဂုဏ်သိက္ခာကို လုပ်ကြံသတ်ဖြတ်ခြင်း
--------------------
ရေးသားသူ- ရဲမိုး

ခေတ်သစ်နိုင်ငံရေးကို မီဒီယာများကတစ်ဆင့် ဖတ်ရှုလေ့လာရသည့်အခါ ငယ်စဉ်က ကြည့်ခဲ့ရသည့် ဂျပန်နင်ဂျာကားများကို ပြန်သတိရသည်။

ညဥ့်သန်းခေါင်ယံမှာ တံတိုင်းကိုကျော်တက်လာသည့် မျက်နှာဖုံးစွပ်နင်ဂျာများ၊ သူတို့ကိုင်သည့် ကင်ဒိုဓားများနှင့် အဆိပ်လူးမြား၊ ရန်သူ၏အသက်ကို စက္ကန့်ပိုင်းအတွင်း နုတ်ယူနိုင်သည့် ကျွမ်းကျင်မှုများ....။

နင်ဂျာများ လုပ်ကြံသတ်ဖြတ်ခဲ့သည်က လူ့အသက်။ ခေတ်သစ်နိုင်ငံရေးကစားကွက်မှာ လုပ်ကြံသတ်ဖြတ်ကြသည်ကတော့ လူသား၏ဂုဏ်သိက္ခာ။

'Assassin' ကို “လူသတ်သမား” ဟု အနက်ဖွင့်ပြီး 'Assassination'ကိုတော့ “လုပ်ကြံသတ်ဖြတ်ခြင်း”ဟု ဆိုကြသည်။ 'Character Assassination' ဆိုသည့် “ဂုဏ်သိက္ခာကို လုပ်ကြံသတ်ဖြတ်ခြင်း”ကတော့ ကိုယ်မနှစ်သက်သူတစ်ဦး (သို့မဟုတ်) အဖွဲ့အစည်းတစ်ခု၊ လူတစ်စု၏ဂုဏ်သိက္ခာကို မသမာသည့် နည်းလမ်းများသုံးပြီး ဖျက်ဆီးချေမှုန်းခြင်းဖြစ်သည်။

တစ်နည်းအားဖြင့်ပြောရလျှင် မိမိ၏ရန်သူအပေါ် ပြည်သူလူထု၏ ထောက်ခံမှုချုပ်ငြိမ်းသွားအောင် ဂုဏ်သိက္ခာကို ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။ လုပ်ကြံခံရသူမှာ တစ်သက်လုံး ခေါင်းမထောင်နိုင်တော့သည့်အပြင် အသက်မွေးဝမ်းကျောင်းတစ်ခုလုံးကိုပါ စွန့်လွှတ်လိုက်ရတတ်သည်။ ကမ္ဘာ့သမိုင်းတစ်လျှောက်လုံးမှာ ကျင့်သုံးလာခဲ့ပြီး မီဒီယာနည်းပညာများ ပေါက်ကွဲတိုးတက်လာချိန်မှာ ပိုမိုအားကောင်းလာခဲ့သည့် “ဆယ့်နှစ်ကြိုးကဝေနည်းလမ်း”များဟု ပြောရမည်။

Character Assassination ကို လူပုဂ္ဂိုလ်အမျိုးမျိုး၊ အဖွဲ့အစည်းအမျိုးမျိုးက နည်းလမ်းအမျိုးမျိုးကို အသုံးပြုပြီး ပြုလုပ်လေ့ရှိသည်။ နိုင်ငံရေးပါတီတစ်ခုက ပြိုင်ဘက်ပါတီခေါင်းဆောင်၏ ဂုဏ်သိက္ခာကို လုပ်ကြံသတ်ဖြတ်သည်။ ကမ္ဘာ့သမိုင်းမှာ အာဏာရှင်များက တော်လှန်ရေးခေါင်းဆောင်များကို အပုပ်ချကြသည်။ အတိုက်အခံများကလည်း အာဏာရအစိုးရအဖွဲ့ဝင်များ၏ လူထုယုံကြည်မှုကို တိုက်ခိုက်ချေမှုန်းကြသည်။ ထင်ရှားကျော်ကြားသူတစ်ဦးဦးကို သူ့ပြိုင်ဘက်များကလည်း မမှန်သတင်းများ လုပ်ကြံဖြန့်ဝေကြသည်။ နောက်ဆုံး လူသာမန် ပြည်သူများကပင် ကိုယ်မမြင်ဖူးသူတစ်ဦးဦး (သို့မဟုတ်) ကိုယ်မနှစ်သက်သူ လူမျိုးတစ်မျိုး၏ ဂုဏ်သိက္ခာကို အွန်လိုင်းပေါ်မှာ Enter တစ်ချက်ခေါက်ခြင်းဖြင့် ချေမှုန်းလေ့ရှိကြသည်။

ဂုဏ်သိက္ခာကို လုပ်ကြံသတ်ဖြတ်ခြင်းသည် အမှန်အမှားက အဓိကမဟုတ်။ ရန်သူကို အမြစ်ဖြတ်အနိုင်ယူခြင်းက အဓိကဆိုသည့် အောက်လမ်းနည်းဖြစ်သည်။ ဘောလုံးစကားနှင့်ပြောရလျှင် ဒိုင်လူကြီးမျက်ကွယ်မှာ တစ်ဖက်ကစားသမား၏ ပေါင်ကြားကို ကန်ခြင်းဖြစ်သည်။ တရုတ်သိုင်းဝတ္ထုစကားနှင့် ပြောလျှင်တော့ အနက်ရောင်သိုင်းသမားတို့၏ လက်နက်ပုန်း။

Character Assassination လုပ်သည့်အခါ D လေးလုံးနည်းလမ်းကို အသုံးပြုကြသည်ဟု ကျွမ်းကျင်သူများက ဆိုကြသည်။ ပထမဆုံး D ကတော့ Discredit ဖြစ်သည်။ အစွပ်စွဲခံရသူကို အသုံးမကျသူ၊ ဦးမဆောင်နိုင်သူ၊ အရည်အသွေးမရှိသူအဖြစ် ပုံဖော်ခြင်းဖြစ်သည်။

ဒုတိယ D ကတော့ Defamation ဖြစ်သည်။ မိမိတိုက်ခိုက်လိုသူ၏ဂုဏ်သရေကို မဟုတ်မမှန် လုပ်ကြံဖျက်ဆီးခြင်းဖြစ်သည်။ တတိယ D ကတော့ Demonize ။ ရန်သူကို မကောင်းဆိုးဝါးအသွင်၊ ကောက်ကျစ်ယုတ်မာသူအသွင်အဖြစ် ပုံဖျက်ခြင်းဖြစ်သည်။

စတုတ္ထ D ကတော့ Dehumanize ။ ရန်သူကို လူသားမဆန်သည့်၊ လူသားအဆင့်မရှိသည့် အရာတစ်ခုအဖြစ် ပုံဖော်ခြင်းဖြစ်သည်။

Character Assassination တွင်ကျယ်လာသည့် လူ့အဖွဲ့အစည်းတစ်ခုမှာ ကြီးမားသောအကျအဆုံး သုံးမျိုးရှိသည်။ ပထမအကျအဆုံးက စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာ၏ဂုဏ်သိက္ခာဖြစ်သည်။ လူထုမီဒီယာများ အားကောင်းလာသည့် ခေတ်သစ်မှာ ဂုဏ်သိက္ခာကို လုပ်ကြံသူများက မီဒီယာကို ထိုးဖောက်အသုံးချလာကြသည်။ သတိတမံအားနည်းသည့် သတင်းထောက်များနှင့် စာတည်းများ၏ ကလောင်သွားအကြားမှာ သတင်းစာများ အ၀ါရောင်သမ်းလာလေ့ရှိသည်။

ဒုတိယအကျအဆုံးကတော့ ပြည်သူလူထု၏အမှန်တရားကိုသိခွင့် (Right to Know)ဖြစ်သည်။ လိမ်ညာမှု၊ ၀ါဒဖြန့်ချိရေးနှင့် ကောလာဟလများက ပြည်သူတို့၏ အခြေခံအခွင့်အရေးဖြစ်သည့် အမှန်တရားကို သိခွင့်အပေါ်မှာ အဓမ္မကျင့်ခြင်း ဖြစ်သည်။

တတိယအကျအဆုံးကတော့ သက်ဆိုင်ရာလူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုဖြစ်သည်။ အကြီးမားဆုံးနှင့် နှမြောစရာအကောင်းဆုံး ဆုံးရှုံးမှုလည်းဖြစ်သည်။ မဟုတ်မမှန်လုပ်ကြံမှုများနှင့် မတရားသည့်ယှဉ်ပြိုင်မှုနည်းလမ်းများ ဖောင်းပွလာမှုက လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုကို ညစ်ညမ်းစေသည်။ လူတို့၏ဆင်ခြင်နိုင်စွမ်းကို လျှော့ချသည်။ အမှန်တရားကိုသေးသိမ်အောင် ပြုလုပ်ခြင်းဖြင့် မှန်ကန်ထက်မြက်သူများ လူ့အဖွဲ့အစည်း၏ အရေးပါသောနေရာကို ရောက်မလာအောင် တားမြစ်ပါသည်။

ခေတ်သစ်နိုင်ငံရေးသမိုင်းမှာတော့ အမေရိကန်သမ္မတဘီလ်ကလင်တန်ကို Character Assassination ပြုလုပ်ဖို့ ကြိုးစားသည့် ရီပက်ဘလေကန်ပါတီဝင်အချို့၏လုပ်ရပ်က ထင်ရှားသည်။ 

ကလင်တန်ကို ဖြုတ်ချဖို့အတွက် လိမ်ညာစွပ်စွဲမှုများ၊ အကွက်ဆင်မှုများနှင့် မှားယွင်းမှုအသေးအမွှားများကို ပုံကြီးချဲ့ဝေဖန်မှုများ ဖြစ်သည်။ နောက်ပိုင်းမှာ စုံစမ်းထောက်လှမ်း သတင်းစာဆရာနှစ်ဦးဖြစ်သည့် ဂျိုးကိုနာဆန်နှင့် ဂျင်းလီယွန်တို့က “သမ္မတကိုအမဲလိုက်ခြင်း” (The Hunting of the President)စာအုပ်မှာ ဖွင့်ချခဲ့ကြသည်။

အမေရိကန်သမ္မတဂျွန်ဆင် လက်ထက်မှ ဗီယက်နမ်စစ်ပွဲဆိုင်ရာ သတင်းအချက်အလက်များကို သတင်းစာများထံ ဖွင့်ချသည့်အတွက် ပင်တဂွန်ဝန်ထမ်း ဒင်နီယယ်အဲလ်စဘက်ဂ်ကို စိတ်မနှံ့သူတစ်ဦးအဖြစ် ပြည်သူများကြားမှာ အမေရိကန်အစိုးရက Character Assassination ပြုလုပ်ခဲ့ဖူးသည်။

နိုင်ငံရေးဒီရေမြင့်လာသည့်အခါ ဂုဏ်သိက္ခာလုပ်ကြံမှုများကို ပိုသတိထားဖို့ လိုအပ်လာသည်။

မှန်ကန်ဖြောင့်မတ်စွာ ယှဉ်ပြိုင်ရဲသည့် စိတ်ဓာတ်၊ ကျင့်ဝတ်နှင့် သစ္စာကို အခြေခံသည့် နိုင်ငံရေးနှင့် ရဲရင့်တည်ကြည်သည့် မီဒီယာစနစ်ကို အားလုံးတည်ဆောက် လိုက်နာကြဖို့လိုသည်။ လူတစ်ဦးစီ၏ဂုဏ်သိက္ခာကို လေးစားသည့် တန်ဖိုးထားမှုစနစ် လိုသည်။ လုပ်ကြံတိုက်ခိုက်သည့် အလေ့အထကို ရန်သူမိတ်ဆွေမရွေး ဆန့်ကျင်ရဲသည့် စိတ်ဓာတ်ခွန်အားလိုသည်။ ကောလာဟလတစ်ခုနှင့် သတင်းတစ်ပုဒ်ကို မှန်ကန်စွာပိုင်းခြားတတ်သည့် ရင့်ကျက်မှုလိုသည်။ လူမှုမီဒီယာနှင့် ထက်မြက်သည့် မီဒီယာနည်းပညာကို ကျင့်ဝတ်ဖြင့် အသုံးချတတ်သည့် အလေ့အထလိုသည်။

ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို မှန်ကန်စွာ ပြန်လည်တည်ဆောက်ကြဖို့ ကျွန်တော်တို့အားလုံး သဘောထားကြီးဖို့ လိုပါသည်။

သင့်တည်ကြည်မှုကို သင့်လူ့အဖွဲ့အစည်းက အလိုရှိနေပါသည်။              ။

ရေးသားသူ- ရဲမိုး

ခေတ်သစ်နိုင်ငံရေးကို မီဒီယာများကတစ်ဆင့် ဖတ်ရှုလေ့လာရသည့်အခါ ငယ်စဉ်က ကြည့်ခဲ့ရသည့် ဂျပန်နင်ဂျာကားများကို ပြန်သတိရသည်။

ညဥ့်သန်းခေါင်ယံမှာ တံတိုင်းကိုကျော်တက်လာသည့် မျက်နှာဖုံးစွပ်နင်ဂျာများ၊ သူတို့ကိုင်သည့် ကင်ဒိုဓားများနှင့် အဆိပ်လူးမြား၊ ရန်သူ၏အသက်ကို စက္ကန့်ပိုင်းအတွင်း နုတ်ယူနိုင်သည့် ကျွမ်းကျင်မှုများ....။

နင်ဂျာများ လုပ်ကြံသတ်ဖြတ်ခဲ့သည်က လူ့အသက်။ ခေတ်သစ်နိုင်ငံရေးကစားကွက်မှာ လုပ်ကြံသတ်ဖြတ်ကြသည်ကတော့ လူသား၏ဂုဏ်သိက္ခာ။

'Assassin' ကို “လူသတ်သမား” ဟု အနက်ဖွင့်ပြီး 'Assassination'ကိုတော့ “လုပ်ကြံသတ်ဖြတ်ခြင်း”ဟု ဆိုကြသည်။ 'Character Assassination' ဆိုသည့် “ဂုဏ်သိက္ခာကို လုပ်ကြံသတ်ဖြတ်ခြင်း”ကတော့ ကိုယ်မနှစ်သက်သူတစ်ဦး (သို့မဟုတ်) အဖွဲ့အစည်းတစ်ခု၊ လူတစ်စု၏ဂုဏ်သိက္ခာကို မသမာသည့် နည်းလမ်းများသုံးပြီး ဖျက်ဆီးချေမှုန်းခြင်းဖြစ်သည်။

စီရော်နယ်ဒိုလည်း တစ်စီးပိုင်သော Ferrari LaFerrari

Photo: စီရော်နယ်ဒိုလည်း တစ်စီးပိုင်သော Ferrari LaFerrari

 LaFerrari အမည်ပေးထားတဲ့ အီတလီ Ferrari ရဲ့  ပထမဆုံး ဟိုင်းဘရစ်ပြိုင်ကာ ဖြစ်ပါတယ်။ ကမ္ဘာကျော် ဘောလုံးသမား တစ်ဦး ဖြစ်တဲ့ စီရော်နယ်ဒိုဟာ ယင်း ပြိုင်ကားကို ပိုင်ဆိုင်သူ လူဦးရေ နည်းထဲက တစ်ဦး ဖြစ်လာမှာပါ။

အကြောင်းကတော့ ၄၉၉ စီးထဲ ထုတ်တဲ့ ယင်းပြိုင်ကားကို လူတိုင်း ဝယ်ယူခွင့် ပေးမထားသေးလို့ ဖြစ်ပါတယ်။ လက်ရှိ အီတလီ Ferrari ရဲ့  မော်ဒယ် မတူ ပြိုင်ကား ၅ စီးအနည်းဆုံး ပိုင်ဆိုင်ထားသူများသာ ဝယ်ယူ ခွင့် ပေး မယ့်ကား ဖြစ်ပါတယ်။ ဒီအထဲမှာ စီရော်နယ်ဒိုတစ်ယောက် ပါဝင်လာပြီဆိုတော့ သူ့ဆီမှာ Ferrari ပြိုင်ကား အစီးရေ များများ ပိုင်ထားတယ်လို့ ပြောလိုက်တဲ့ အတူတူပါပဲ။ Laferrir ဟာ ကာလတန်ဖိုး အားဖြင့် ဗြိတိန်ပေါင် ၈၃၀၀၀၀ နဲ့ ရောင်းချတဲ့ ကား ဖြစ်ပါ တယ်။

ဒီဇီုင်းကတော့ Ferrari တွေထဲမှာ ခေတ်ရှေ့ အပြေးဆုံးပါပဲ။ အင်ဂျင် ပါဝါ ၆၆၀၀ စီစီ၊ လျှပ်စစ်မော်တာ ၁၇၀ ကီလိုဝပ်ထုတ်လုပ်နိုင်ပြီး ပါဝါ နှစ်မျိုးပေါင်း မောင်းတဲ့အခါ တစ်နာရီ ၂၁၇ မိုင်တောင် ပြေးနိုင်ပါတယ်။ ၃ စက္ကန့်မပြည့်ခင်မှာတင် တစ်နာရီ ၆၂ မိုင်နှုန်းမြင့်အောင် Start Acceleration ကောင်းတဲ့ ကားတစ်စီးပါ။ ၄၉၉ စီးကို စီရော်နယ်ဒိုအပြင် အခြားနာမည်ကြီး အားကစားသမားများလည်း မှာယူလျက် ရှိကြောင်း သိရ ပါတယ်။
.
Ref: autoblog
Aung Kham ( TSJ Team )

http://blog.techspace.com.mm/2013/10/ferrari-laferrari.html

.

LaFerrari အမည်ပေးထားတဲ့ အီတလီ Ferrari ရဲ့  ပထမဆုံး ဟိုင်းဘရစ်ပြိုင်ကာ ဖြစ်ပါတယ်။ ကမ္ဘာကျော် ဘောလုံးသမား တစ်ဦး ဖြစ်တဲ့ စီရော်နယ်ဒိုဟာ ယင်း ပြိုင်ကားကို ပိုင်ဆိုင်သူ လူဦးရေ နည်းထဲက တစ်ဦး ဖြစ်လာမှာပါ။

အကြောင်းကတော့ ၄၉၉ စီးထဲ ထုတ်တဲ့ ယင်းပြိုင်ကားကို လူတိုင်း ဝယ်ယူခွင့် ပေးမထားသေးလို့ ဖြစ်ပါတယ်။ လက်ရှိ အီတလီ Ferrari ရဲ့  မော်ဒယ် မတူ ပြိုင်ကား ၅ စီးအနည်းဆုံး ပိုင်ဆိုင်ထားသူများသာ ဝယ်ယူ ခွင့် ပေး မယ့်ကား ဖြစ်ပါတယ်။ ဒီအထဲမှာ စီရော်နယ်ဒိုတစ်ယောက် ပါဝင်လာပြီဆိုတော့ သူ့ဆီမှာ Ferrari ပြိုင်ကား အစီးရေ များများ ပိုင်ထားတယ်လို့ ပြောလိုက်တဲ့ အတူတူပါပဲ။ Laferrir ဟာ ကာလတန်ဖိုး အားဖြင့် ဗြိတိန်ပေါင် ၈၃၀၀၀၀ နဲ့ ရောင်းချတဲ့ ကား ဖြစ်ပါ တယ်။

ခါးပတ်ကျပ်ကျပ် ၀တ်သူများ လည်ချောင်းကင်ဆာ ဖြစ်ပွားနိုင်

 
ခါးပတ်ကို ကျပ်တည်းစွာ ၀တ်ဆင်ခြင်းဟာ လည်ချောင်းကင်ဆာ (throat cancer) ဖြစ်ပွားစေဖို့ အခွင့်အလမ်းများတယ်လို့ သုတေ သနတစ်ရပ်မှာ ဖော်ပြထားပါတယ်။ အထူးသဖြင့် အ၀လွန်သူတွေမှာ ပိုဖြစ်ပွားနိုင်တယ်လို့လဲ သိရပါတယ်။

ခါးကို ထိန်းချုပ်ထားမှုများခြင်းဟာ အစာအိမ်ကနေ အက်ဆစ်တွေကို အပေါ်ကိုပိုပြီး ဆန်တက်စေနိုင်ပြီး လည်ချောင်းကင်ဆာနဲ့ အစာရေမျို ကင်ဆာတွေကို အဖြစ်များစေနိုင်တယ်လို့ ဂလက်စဂိုမြို့မှ စကော့တလန်လူမျိုး သုတေသီတွေက ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီလေ့လာမှုမှာ ယခင်က အဲဒီလို အစာခြေအက်ဆစ်တွေ ပြန်ဆန်တက်မှု ရောဂါရာဇ၀င်မရှိသူ ၂၄ဦးကို လေ့လာခဲ့ပါတယ်။ ထက်ဝက်သောသူတွေဟာ ပုံမှန်ခါးဆိုဒ်ရှိသူများဖြစ်ပြီး ကျန်သူများကတော့ အ၀လွန်သူများဖြစ်ပါတယ်။
ဂလက်စဂိုတက္ကသိုလ်မှ ပါမောက္ခ Dr.Kenneth McColl က “ခါးပတ်ကျပ်ကျပ်ဝတ်ခြင်းဟာ အ၀လွန်သူတွေမှာဆိုရင် အစာအိမ်နဲ့ လည်ချောင်း ကြားမှာဖိအားတွေ ဖြစ်စေပါတယ်။

ကျောက်ကပ်ရေအိတ်တည်ခြင်းကို ကာကွယ်ဖို့ ဘာစားရမလဲ

ကျောက်ကပ်ရေအိတ်တည်ခြင်းကို ကာကွယ်ပေးနိုင်ဖို့ ဗီတာမင်စီကြွယ်ဝတဲ့ သစ်သီးတွေကို စားသုံးပေးသင့်ကြောင်း သုတေသနတစ်ခု မှာ ဖော်ပြထားပါတယ်။ ဒီသုတေသနကို Royal Holloway University, St George’s University, လန်ဒန် တက္ကသိုလ်နဲ့ Kingston University London တို့က ပူးပေါင်းလေ့လာမှု ပြုခဲ့တာဖြစ်ပါတယ်။

ဗီတာမင်စီကြွယ်ဝတဲ့ သစ်သီးတွေမှာ ကျွဲကောသီး၊ ဂရိတ်ဖရုသီး၊ လိမ္မော်သီး၊ ကမ္ဗလာသီး၊ ရှောက်သီး၊ လီမွန်သီးတွေလို အချဉ်ကဲတဲ့ အသီးတွေအပြင် ကီဝီသီး၊ စတော်ဘယ်ရီ၊ နဲ့ခရမ်းချဉ်သီးတွေ ပါဝင်ပါတယ်။
ဗီတာမင်စီကြွယ်ဝတဲ့ သစ်သီးတွေမှာပါဝင်တဲ့ naringenin ဟာ ကျောက်ကပ်ရေအိတ်တည်ခြင်းကို ကာကွယ်နိုင်ပြီး PKD2 ဆိုတဲ့ ပရို တင်းကိုတားဆီးပေးနိုင်ပါတယ်။ အဲဒီ PKD2ဟာ ကျောက်ကပ်ရေအိတ်တည်ခြင်းကို ဖြစ်ပေါ်စေပါတယ်။

ဗုံးဖောက်ခွဲမှုများကို ကြိုးကိုင်သူ စောနေတိုးနှင့် အပေါင်းအပါများကို အစိုးရနှင့် KNU ပူးပေါင်းရှာဖွေ ဖော်ထုတ်အရေးယူမည်

ကောင်းမြတ်ကျော် ၊ လင်းအောင်

ရန်ကုန် ၊ အောက်တိုဘာ ၂၀။ ။ ဗုံး ဖောက်ခွဲမှုများတွင် နောက်ကွယ် မှကြိုးကိုင်သူ စောနေတိုးအပါအ ဝင် အပေါင်းအပါများ ကို အစိုးရ နှင့် ပူးပေါင်း၍ရှာဖွေဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း KNU ဗဟိုကော်မတီဝင် ပဒိုမန်း ငြိမ်းမောင် က ပြောသည်။ အောက်တိုဘာ၂ဝ ရက် က မြန်မာငြိမ်းချမ်းရေးစင်တာ တွင်ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲ၌ ယင်းကဲ့သို့ပြောကြားခဲ့ ခြင်းဖြစ်သည်။

ပဒိုမန်းငြိမ်းမောင်က''ဗုံးဖောက်ခွဲမှုဖြစ်စဉ်မှာ ပါတဲ့သူကို တရားမျှတစွာ စုံစမ်း ဖော် ထုတ် ပြီးတော့ တရားဥပဒေအရအရေး ယူသွားမယ်။ တစ်ချိန်တည်းမှာ ပဲ အာဏာပိုင်တွေနဲ့နိုင်ငံတော် အစိုးရနဲ့ ကျွန်တော်တို့ ပူးပေါင်း ပါဝင်ဖြေရှင်းသွားမယ်''ဟု ပြော သည်။

ယင်းကဲ့သို့ ဗုံးဖောက်ခွဲမှု များတွင် KNU နှင့်ပတ်သက်၍ တာဝန်ယူတာဝန်ခံမှုရှိ၍ စုံစမ်း ဖော်ထုတ်သွားမည်ဖြစ်ပြီး သံသ ယရှိသူ စောနေတိုးမှာ KNU ဗဟို မှမဟုတ်ဘဲ အောက်ခြေအဆင့် တာဝန်ရှိသူသာဖြစ်ကြောင်း လည်း ပဒို မန်းငြိမ်း မောင် ကပြော သည်။ ယင်းကဆက်လက်၍ ''သူ က ဒေသဆိုင်ရာအဆင့်ပဲရှိတယ်။ KNU ရဲ့ဖွဲ့စည်းပုံက အောက် ခြေအနိမ့်ဆုံးကမြို့နယ်၊ ပြီးမှ တပ်ရင်း၊ ခရိုင်၊ တပ်မဟာ၊ ဗဟို အဲလိုရှိတော့ သူက မြို့နယ်အ ဆင့်ပဲရှိတယ်။ အောက်ခြေ ပေါ့။ အောက်ခြေရဲ့ စီးပွားရေးတာဝန် ခံ။ KNU ဗဟိုရဲ့ စီးပွားရေးတာ ဝန်ခံမဟုတ်ဘူး။ စီးပွားရေးတာ ဝန်ခံဆိုတော့ စီးပွားရေးသမား တွေနဲ့ပေါင်းပြီးတော့ သူ့မှာနိုင်ငံ ရေးခေါင်းရှိချင်မှ ရှိမှာပေါ့။ ကိုယ် ကျိုးစီးပွားရေး ကလဲရှိ တော့ အ သုံးချခံရတာလဲ ဖြစ်မှာပေါ့။ KNU နဲ့တစ်စုံတစ်ရာပတ်သက်ရင် တာဝန်ယူတယ်။ တာဝန်ခံတယ် '' ဟု ယင်းကဆိုသည်။

မလေးရောက် 6P မြန်မာများကို တရားဝင်နေထိုင်ခွင့် ထပ်လုပ်ပေးမည်


မလေးရှားနိုင်ငံမှာ လွတ်ငြိမ်းချမ်းသာခွင့် 6P အစီအစဉ်နဲ့ မှတ်ပုံတင်ခဲ့ပြီး တရားဝင် အလုပ်လုပ်ခွင့် ပါမစ်မရသေးတဲ့ နိုင်ငံခြားသားတွေအတွက် တရားဝင်ဖြစ်အောင် ဒုတိယအကြိမ်အဖြစ် လုပ်ဆောင်ပေးမယ်လို့ မလေးရှားအစိုးရက ကြေညာပါတယ်။

အောက်တိုဘာ ၂၁ ရက်နေ့ကနေ စတင်ပြီး မလေးရှားနိုင်ငံ ပူထရာဂျာယာမှာရှိတဲ့ ပြည်ထဲရေးဝန်ကြီးရုံးမှာ  ၃ လတိတိ ဆောင်ရွက်ပေးမယ်လို့ မလေးရှားအာဏာပိုင်တွေက ကြေညာထားတဲ့အကြောင်း မလေးရှားရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားကူညီ စောင့်ရှောက်ရေး စင်တာ (အမ်အမ်အာရ်စီ)က ပြောပါတယ်။

မလေးရှားနိုင်ငံမှာ တရားမ၀င်နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေဟာ မလေးရှားအစိုးရရဲ့ 6P အစီအစဉ်နဲ့ မလေးရှားအခြေစိုက် အကျိုးဆောင်ကုမ္ပဏီတွေကနေတဆင့် တရားဝင် ဖြစ်ရေး မှတ်ပုံတင်ခဲ့ပေမယ့် ပါမစ်မရဘဲ ငွေလိမ်ခံခဲ့ကြရပါတယ်။

၂၀၇၀ ပြည့်နှစ်မှာ ရန်ကုန်မြို့ဆိုတာ ရှိတော့မည်မဟုတ်ကြောင်း မိုးလေ၀သပညာရှင်ဆို

၂၁ ရာစုနှစ်အတွင်း ကမ္ဘာ့အပူချိန်တိုးနှုန်းကြောင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသရှိ မြို့ကြီးများ လုံးဝပျောက်ကွယ်သွားနိုင်သည့်အခြေအနေရှိနေကြောင်း မိုးလေ၀သပညာရှင် ဦးထွန်းလွင်က သတိပေးပြောကြားသည်။

၂၁ ရာစုကုန်ပိုင်းတွင် ကမ္ဘာကြီး ပူနွေးလာမှုကြောင့် အရှေ့တောင်အာရှနိုင်ငံများအားလုံး အပူချိန် ၄ ဒီဂရီသာ တိုးမည်ဖြစ်သော်လည်းမြန်မာနိုင်ငံတွင်မူ ၁ ဒီဂရီပိုမိုပြီး ၅ ဒီဂရီ အထိတိုးလာနိုင် ကြောင်း၎င်းက ရှင်းပြသည်။

အပူချိန်တိုးမှုကြောင့် ဖြစ်ပေါ်လာမည့် သဘာဝဘေးအန္တရာယ်ကာကွယ်ရန် လိုအပ်သည့် ပြင်ဆင်မှုများ၊ လေ့လာမှုများ မလုပ်နိုင်ပါကမြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများ ပျောက်ကွယ်သွား မည်ဖြစ်ကြောင်း မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်က ပြောကြားသည်။

ပန်းလှိုင်ဂေါက်ကွင်းတွင် ဂျပန်နိုင်ငံသားတစ်ဦး ရုတ်တရက်လဲကျသေဆုံး


ဇော်ဇော်ထွေး | တနင်္လာနေ့၊ အောက်တိုဘာလ ၂၁ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၃၇ မိနစ်

လှိုင်သာယာ ပန်းလှိုင်ဂေါက်ကွင်းတွင် ဂေါက်ရိုက်နေသည့် ဂျပန်နိုင်ငံသားတစ်ဦး ရုတ်တရက် လဲကျသေဆုံးခဲ့မှုတစ်ခု
အောက်တိုဘာ ၁၉ ရက်က ဖြစ်ပွားခဲ့သည်။

ထိုဖြစ်စဉ်ကို နံနက် ၁၁ နာရီခန့်အချိန် မြို့နယ်ရဲတပ်ဖွဲ့စခန်းက သွားရောက်စစ်ဆေးခဲ့ကြကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ဆိုသည်။

သေဆုံးသူမှာ ဒဂုံမြို့နယ် ယောမင်းကြီးရပ်ကွက်၊ ဗိုလ်ရာညွန့်လမ်း၊ ကံ့ကော်ကွန်ဒိုတွင် နေထိုင်သည့် Mr.Sadao Chigira (၆၄)နှစ် ဖြစ်သည်ဟု ရဲတပ်ဖွဲ့က အတည်ပြုသည်။ ၎င်းသည် ဖူဂျီကူလာ လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီ၏ အထွေထွေမန်နေဂျာတစ်ဦးဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ဗုံးခွဲသူများ ရွှေတိဂုံစေတီတော်နှင့် ပုဂံကို ပစ်မှတ်ထားဟု KNU ဆို

Photo: ဗုံးခွဲသူများ ရွှေတိဂုံစေတီတော်နှင့် ပုဂံကို ပစ်မှတ်ထားဟု KNU ဆို 

ရန်ကုန်၊ အောက်တိုဘာ ၂၀

မြန်မာနိုင်ငံ မြို့ကြီးအချို့တွင် ဆက်တိုက် ဖြစ်ပွားခဲ့သည့် ဗုံးဖောက်ခွဲမှုများ၏ တရားခံများသည် ရွှေတိဂုံစေတီတော်နှင့် ပုဂံ အာနန္ဒာဘုရား အပါအဝင် မြန်မာနိုင်ငံရှိ ထင်ရှားကျော်ကြားသော စေတီတော်ကြီးများကို ပစ်မှတ်ထား ဖောက်ခွဲရန် လုပ်ဆောင်ခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ဗုံးဖောက်ခွဲမှုများနှင့် ပတ်သက်၍ ရန်ကုန်မြို့တော်ရှိ မြန်မာ ငြိမ်းချမ်းရေးစင်တာ၌ အောက်တိုဘာလ ၂၀ ရက်နေ့၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

ဗုံးဖောက်ခွဲ ခဲ့သူများသည် ရွှေတိဂုံစေတီတော် အပါအဝင် နိုင်ငံခြားသားများ အများဆုံး သွားရောက်လေ့ ရှိသည့် ပုဂံမြို့ရှိ အာနန္ဒာဘုရားတွင် ဗုံးဖောက်ခွဲရန် ကြံစည်ခဲ့ကြောင်း၊ ခိုင်းစေခံရသူများက မလုပ်ဝံ့သဖြင့် ဗုံးဖောက်ခွဲမှုများ အထမမြောက်ခဲ့ခြင်း ဖြစ်ကြောင်း ဗုံးဖောက်ခွဲမှု ကြောင့် ဖမ်းဆီးခံထားရသူများ၏ ထွက်ဆိုချက်ကို အခြေခံကာ ၎င်းက ရှင်းပြသည်။

အာနန္ဒာဘုရားကို နှစ်ကြိမ် ရောက်ရှိကာ လေ့လာခဲ့ပြီး ယင်းသို့ လေ့လာခဲ့သူမှာ ဗုဒ္ဓဘာသာဝင်လည်း မဟုတ်ကြောင်း ဖဒိုမန်းငြိမ်းမောင်က ဆက်လက်ပြောဆိုသည်။
“ဗုံးဖောက်ခွဲမှုသာ အောင်မြင်သွားလို့ရှိရင် ဗုဒ္ဓဘာသာနဲ့ အခြားဘာသာတွေကို ပဋိပက္ခ ပိုကြီးထွားအောင် လုပ်တယ်လို့ သုံးသပ်ရပါတယ်” ဟု ၎င်းက ပြောကြားသည်။

အဆိုပါ သာသနိက အဆောက်အအုံများတွင် ဗုံးဖောက်ခွဲမည့် အစီအစဉ်များကို အစ္စလာမ် ဘာသာဝင်များ၏ ဘာသာရေးနေ့ ဖြစ်သည့် ဘက္ကရီးအီးဒ်နေ့တွင် ကျင်းပရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း ဖဒိုမန်းငြိမ်းမောင်က ဆိုသည်။

ဗုံးဖောက်ခွဲမှု ဖြစ်စဉ်များသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဟန့်တားရန် လုပ်ဆောင်သည်ဟု ဆိုသော်လည်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကို ပျက်စီးစေရန်၊ တည်ငြိမ်စ ပြုနေသည့် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများကို ပြန်လည် ဖြစ်ပွားစေရန် စသည့် နိုင်ငံရေး ရည်ရွယ်ချက် ရှိရှိဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

ဗုံးဖောက်ခွဲမှုများတွင် ကိုယ်တိုင်လည်း ပါဝင်ပြီး ဖောက်ခွဲရန်လည်း ခိုင်းစေခဲ့သည်ဟု ဆိုသော KNU ၏ မြို့နယ်အဆင့် စီးပွားရေးလုပ်ငန်း တာဝန်ခံ နေတိုးခေါ် စောရွှေထူး ဦးဆောင်သည့် အဖွဲ့သည်  ဗုံးဖောက်ခွဲမှုများ မပြုလုပ်မီ ရန်ကုန်၊ မန္တလေး၊ ချောင်းသာ၊ တောင်ငူ၊ သံတောင်၊ ပုဂံ၊ ညောင်ဦး၊ မကွေး၊ မင်းလှ၊ ပုပ္ပား၊ မိတ္ထီလာ၊ စစ်ကိုင်း စသည့် နေရာများကို ရောက်ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

၎င်းတို့ အဖွဲ့၏ လက်ချက်ဟု ပြောဆိုထားသည့် မိုင်းဗုံး ၁၀ လုံး ဖောက်ခွဲမှုတွင် ခြောက်လုံး ပေါက်ကွဲခဲ့ပြီး လေးလုံးကို ရှင်းလင်းနိုင်ခဲ့ကြောင်း၊ ယင်းပေါက်ကွဲမှုများကြောင့် လူနှစ်ဦး သေဆုံးကာ လေးဦး ဒဏ်ရရှိခဲ့ပြီး ပြစ်မှုကျူးလွန်သူ ရှစ်ဦးကို ဖမ်းဆီးထားပြီ ဖြစ်ကြောင်း အဆိုပါရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ရန်ကုန်၊ အောက်တိုဘာ ၂၀

မြန်မာနိုင်ငံ မြို့ကြီးအချို့တွင် ဆက်တိုက် ဖြစ်ပွားခဲ့သည့် ဗုံးဖောက်ခွဲမှုများ၏ တရားခံများသည် ရွှေတိဂုံစေတီတော်နှင့် ပုဂံ အာနန္ဒာဘုရား အပါအဝင် မြန်မာနိုင်ငံရှိ ထင်ရှားကျော်ကြားသော စေတီတော်ကြီးများကို ပစ်မှတ်ထား ဖောက်ခွဲရန် လုပ်ဆောင်ခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ဗုံးဖောက်ခွဲမှုများနှင့် ပတ်သက်၍ ရန်ကုန်မြို့တော်ရှိ မြန်မာ ငြိမ်းချမ်းရေးစင်တာ၌ အောက်တိုဘာလ ၂၀ ရက်နေ့၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

ဗုံးဖောက်ခွဲ ခဲ့သူများသည် ရွှေတိဂုံစေတီတော် အပါအဝင် နိုင်ငံခြားသားများ အများဆုံး သွားရောက်လေ့ ရှိသည့် ပုဂံမြို့ရှိ အာနန္ဒာဘုရားတွင် ဗုံးဖောက်ခွဲရန် ကြံစည်ခဲ့ကြောင်း၊ ခိုင်းစေခံရသူများက မလုပ်ဝံ့သဖြင့် ဗုံးဖောက်ခွဲမှုများ အထမမြောက်ခဲ့ခြင်း ဖြစ်ကြောင်း ဗုံးဖောက်ခွဲမှု ကြောင့် ဖမ်းဆီးခံထားရသူများ၏ ထွက်ဆိုချက်ကို အခြေခံကာ ၎င်းက ရှင်းပြသည်။

အိန္ဒိယ-မြန်မာ နယ်စပ်တွင် မီးတောင်ပေါက်ကွဲ

ရန်ကုန်၊ အောက်တိုဘာ ၂၀

အိန္ဒိယ-မြန်မာ နယ်စပ်မှတ်တိုင် ၁၂၉ တွင် မီးတောင်ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားနေကြောင်း အိန္ဒိယနိုင်ငံ အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် ဥကရုခရိုင် တပ်ဆမ်ကျေးရွာ အနီးရှိ တောင်ထိပ်မှ ချောရည်ပူများ၊ ကျောက်ဆိုင် ကျောက်ခဲများ အောက်တိုဘာလ ၁၃ ရက်နေ့မှ စတင်၍ စီးဆင်းနေကြောင်း မဏိပူရ ပြည်နယ် အစိုးရအရာရှိများက ထုတ်ပြန် ပြောကြားထားသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် တောင်နှင့်အနီးတစ်ဝိုက်ရှိ ရွာများသို့ ချော်ရည်ပူများနှင့် အခြား ကျောက်ဆိုင် ကျောက်ခဲများ စီးဆင်းနေ၍ ဒေသခံပြည်သူများကို လုံခြုံသည့် ဒေသများသို့ ပို့ဆောင်ထားပြီး ဖြစ်ကြောင်း ယင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ရုပ်ရှင်ကန့်လန့်ကာ နောက်မှဖုံးဖိခဲ့တဲ့အတွင်းရေး၊ဗိုလ်ချုပ်အောင်ဆန်းတည်ထားခဲ့သော စေတီတစ်ဆူ


ဤသတင်းမှာ လူမသိအောင် ဖုံးဖိခဲ့ကြသော ရုပ်ရှင် ကန့်လန့်ကာ နောက်ကွယ်မှ အတွင်းရေးတစ်ခုဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း၊ လွန်ခဲ့သော ၅၆နှစ်က ဟံသာဝတီ သတင်းစာတွင် ရုပ်ရှင်ကန့်လန့် ကာ နောက်မှ ဖုံးဖိခဲ့တဲ့ အတွင်း ရေး၊ ဗိုလ် ချုပ်အောင်ဆန်းတည် ထားခဲ့သော စေတီတစ်ဆူ ခေါင်း စဉ်ဖြင့် အထက်ပါ စေတီ ဓာတ် ပုံကို ဖော်ပြသည်။ ဓာတ်ပုံရိုက် ကူးသူမှာ သတင်းထောက် မဟုတ်ဘဲ ရုပ်ရှင်ဒါရိုက်တာ တက္ကသိုလ်ဝင်းဖေနှင့် အောင် မင်္ဂလာရုပ်ရှင်မှ ကင်မရာမင်း ကိုရှိန်တို့က အဝေးမှနေပြီး ရိုက်ကူးခဲ့သော ပုံဖြစ်သည်။ ဤကိစ္စနှင့်ပတ်သက်၍ အချို့ သတင်းစာတွင် အနည်း အကျဉ်း ရေးသား ထုတ်ဖော်ပြီးကြပြီ ဖြစ်စေကာမူ ကန့်လန့်ကာ အတွင်းဝယ်မှ ကွယ်ဝှက်ခဲ့သော သတင်း တစ်ခု ကတော့ ကျန်ခဲ့သေး၏။
ဖြစ်ခဲ့ကြပုံမှာ ဤသို့ပင်၊ အောင်မင်္ဂလာရုပ်ရှင်မှ မင်းသား ခင်မောင်ညွန့်သည် ရွှေနန်း ကျင် အသံထွက်ကို ရိုက်ကူး ခဲ့စဉ် ဇာတ်သိမ်းခန်းတွင် ရွှေနန်းကျင်နှင့် ပတ် သက်၍ကျိုက်ထီးရိုးဘုရားကို ထည့် ပြလိုသဖြင့် မည်သို့ မည်ပုံကြံ စည်ရ မည်ကို မတွေးတတ် အောင်ဖြစ်ကြသည်ဆို၏။ ကျိုက်ထီးရိုးဘုရားကို ရိုက်ကူးရ မည်မှာ မလွယ်ကူပါ။ (ထို စဉ်က) ရောင်စုံသူပုန်သောင်း ကျန်းသူများကြီးစိုးရာ ဌာန ဖြစ်နေ၍ မည်သူမျှ သွား ရောက်ဝံ့ကြမည်မဟုတ် သဖြင့် ရွှေနန်းကျင်နှင့် ကျိုက်ထီးရိုး မှာ လမိုင်းမ ကပ်နိုင်အောင် အခက်ပွေနေ၏။ သို့သော် မင်းသားခင်မောင်ညွန့်သည် မတတ်နိုင်သည့် အဆုံးတွင် သဏ္ဍာန်လုပ်သရုပ်နှင့်တူ အောင် ကျိုက်ထီးရိုးစေတီပုံကို ပန်း ချီဆရာ အားကိုးဖြင့် စက္ကူနှင့် ရုပ်လုံး ဖော်ပြီး ဖန်တီးလိုက်ကြ တော့၏။ သို့ ရာတွင် အတုနှင့် အစစ်မှာ ဆီနှင့် ရေလိုကွာ နေသဖြင့် ကျိုက်ထီးရိုးပုံ မှာ မှုန်ဝါးဝါးဖြစ်နေသည်။

အခြေခံဥပဒေပါ အချက်ပေါင်းတစ်ရာကျော် ပြင်ဆင်ရန် NLD တင်ပြမည်

Photo: အခြေခံဥပဒေပါ အချက်ပေါင်းတစ်ရာကျော် ပြင်ဆင်ရန် NLD တင်ပြမည်

ရန်ကုန်၊ အောက်တိုဘာ ၂၀

ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီသို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မနှင့် အချက်ပေါင်း ၁၀၀ ကျော် ပြင်ဆင်ရန် တင်ပြသွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီဝင် ဦးကိုနီက ပြောကြားသည်။

အခြေခံဥပဒေတွင် ဒီမိုကရေစီနည်း မကျသော အချက်များ၊ ဥပဒေများ၌ ရှေ့ပြဋ္ဌာန်းချက်နှင့် နောက်ပြဋ္ဌာန်းချက် ကိုက်ညီမှု မရှိခြင်းများ၊ တိုင်းရင်းသားများ တန်းတူအခွင့်အရေး မရရှိခြင်းများ၊ ပြည်ထောင်စု၏ ဖွဲ့စည်းပုံစနစ် အခြေခံ မကျခြင်းများ၊ အမျိုးသမီးနှင့် အမျိုးသား ခွဲခြားကန့်သတ်ထားခြင်း စသည့် အခြေခံ အချက်အလက်များကို အဓိက ပြင်ဆင်ရန် တင်ပြမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အခြေခံဥပဒေ ပြုပြင် ပြောင်းလဲရေးအတွက် NLD မှ ဆန္ဒကောက်ယူရာတွင် အခြေခံဥပဒေကို ပြင်ဆင်ရန် အားပေးထောက်ခံသူ ၈၀ ရာခိုင်နှုန်းနှင့် အသစ်ပြန်လည် ရေးဆွဲရန် ၂၀ ရာခိုင်နှုန်း ထောက်ခံခဲ့သောကြောင့် အသစ်ရေးဆွဲမည့်မူမှာ မဖြစ်နိုင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ဆိုသည်။
“ဒီဥပဒေကို လက်မခံတာချင်းက တူတယ်။ ပြင်မှာလား၊ အသစ်ရေးမှာလားပဲ ကွာတာပါ၊ ဖြည့်စွက်ရမှာကလည်း များပါတယ်” ဟု ဦးကိုနီက ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခန်း (၁) အခြေခံမူများ၊ ပုဒ်မ ၂၀၊ ပုဒ်မ ၅၉ အစရှိသော အချက်အလက်များအပြင် အလွန်အကျွံ နေရာယူထားသော တပ်မတော်၏ အခန်းကဏ္ဍများကိုပါ ထည့်သွင်းပြင်ဆင်ရန် တင်ပြသွားမည် ဖြစ်ကြောင်း ဦးကိုနီက ဆိုသည်။
“NLD က အချိန်တို အတွင်းမှာပဲ အခြေခံဥပဒေ ပြင်ဆင်ရေးဘက်ကို သွားမယ်ဆိုတော့ ဝမ်းသာပါတယ်” ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးဦးလှစောက မှတ်ချက်ပြုသည်။ 

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အနေနှင့်လည်း အခြားတိုင်းရင်းသား အဖွဲ့များနှင့် ပူးပေါင်း၍ အခြေခံဥပဒေ ပြင်ဆင်ချက်များကို လွှတ်တော် ကော်မတီသို့ တင်သွင်းရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း၊ ပုဒ်မအရေအတွက် မည်မျှ ပြင်ဆင်မည်ကိုမူ အသေးစိတ် မပြောနိုင်သေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
NLD ၏ အဆိုပါ တွေ့ရှိထားသည့် အချက်များသည် တိုင်းနှင့် ပြည်နယ် ဒေသအသီးသီးမှ ပြည်သူများနှင့် တိုင်းရင်းသားပါတီငယ်များ တွေ့ဆုံ ဆွေးနွေးခဲ့သည့် ရလဒ်များ ဖြစ်ကြောင်း ဦးကိုနီက ထပ်လောင်းရှင်းပြသည်။
“သမ္မတက စစ်ရေးအမြင် ရှိရမယ်ဆိုတာ ဒီမိုကရေစီ စံနှုန်းနဲ့ မကိုက်ညီပါဘူး၊ ထည့်ပြင်ရမှာပါ” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက မှတ်ချက်ပြုသည်။

NLD ပါတီက ပြင်ဆင်လိုသော အချက်များကို ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းထားသည့် အခြေခံဥပဒေ ပြင်ဆင်ရေး လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ တင်ပြသွားမည် ဖြစ်ပြီး အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်၏ အဆုံးအဖြတ်အတိုင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၁ ရက်နေ့က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားထား သည်။

ရန်ကုန်၊ အောက်တိုဘာ ၂၀

ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီသို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မနှင့် အချက်ပေါင်း ၁၀၀ ကျော် ပြင်ဆင်ရန် တင်ပြသွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီဝင် ဦးကိုနီက ပြောကြားသည်။

အခြေခံဥပဒေတွင် ဒီမိုကရေစီနည်း မကျသော အချက်များ၊ ဥပဒေများ၌ ရှေ့ပြဋ္ဌာန်းချက်နှင့် နောက်ပြဋ္ဌာန်းချက် ကိုက်ညီမှု မရှိခြင်းများ၊ တိုင်းရင်းသားများ တန်းတူအခွင့်အရေး မရရှိခြင်းများ၊ ပြည်ထောင်စု၏ ဖွဲ့စည်းပုံစနစ် အခြေခံ မကျခြင်းများ၊ အမျိုးသမီးနှင့် အမျိုးသား ခွဲခြားကန့်သတ်ထားခြင်း စသည့် အခြေခံ အချက်အလက်များကို အဓိက ပြင်ဆင်ရန် တင်ပြမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အိနိ္ဒယတွင်အဆိပ်အတောက်ပါသည့် အရက်များ သောက်သုံးမိခြင်းကြောင့်လူပေါင်း ၃၂ ဦးသေဆုံး

အိနိ္ဒယနိုင်ငံမြောက်ပိုင်းတွင် အဆိပ်အတောက်ပါသည့် အရက်များကြောင့် လူပေါင်း ၃၂ ဦး သေဆုံးခဲ့ရပြီး ဒါဇင်ပေါင်းများစွာလည်း နာမကျန်းဖြစ်ခဲ့ရသည်ဟု ရဲဌာနမှစနေနေ့တွင် ပြောကြားလိုက်ကြောင်း အောက်တိုဘာ ၂၀ ရက်က အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။

သေဆုံးသူအများစုမှ အလုပ်ကြမ်းသမားများ ဖြစ်သည်။ ၎င်းတို့အားလုံးမှာ အာသာပါရာဒက်ခ်ျပြည်နယ် #Adampur ရွာရှိ ဆိုင်တစ်ဆိုင်မှလွန်ခဲ့သော ကြာသပတေးနေ့တွင် အဆိပ်အတောက်ဖြစ်စေသည့် အရက်များကို ၀ယ်ယူaသာက်သုံးခဲ့ကြသည်။

အဆိုပါအရက်များအား သောက်သုံးပြီးနောက် ချက်ချင်းဆိုသလို နာမကျန်းဖြစ်ခဲ့ရပြီး ဒေသခံဆေးရုံများ သို့ပို့ဆောင်ခဲ့ရသည်။သောကြာနေ့ညအထိ သေဆုံးခဲ့သူပေါင်း ၃၂ ဦးရှိခဲ့သည်ဟု Sen က စနေနေ့တွင် ပြောကြားလိုက်သည်။ တခြားလူ ၅၀ မှာလည်း ဆေးရုံတွင် ဆေးဝါးကုသခံနေရသည်။ ၎င်းတို့အနက် တချို့မှာ အရက်အဆိပ်ကြောင့် မျက်စိကွယ်သွားခဲ့သည်။

တေးသံရှင် မာမာအေး Artist Of The Year ဆုရရှိ

Photo: တေးသံရှင် မာမာအေး Artist Of The Year ဆုရရှိ

မန္တလေး၊ အောက်တိုဘာ ၂၀

ထန်းရိပ်ညို Artist Of The Year တစ်နှစ်ပြည့်နှင့် ဆရာကြီး ဒဂုန်တာရာ ကွယ်လွန်ခြင်း နှစ်လပြည့် အထိမ်းအမှတ်အဖြစ် အနုပညာ ဆုပေးပွဲနှင့် ဂုဏ်ပြုစာတမ်း ဖတ်ပွဲတွင် ထန်းရိပ်ညို အနုပညာ စင်တာ၏ Artist Of The Year ဆုကို တေးသံရှင် မာမာအေး ရရှိခဲ့ကြောင်း အဆိုပါ ဆုချီးမြှင့်ခြင်း အခမ်အနားအရ သိရသည်။

အဆိုပါ ထန်းရိပ်ညို ခံစားသူ စိတ်ကြိုက်ဆုများ ချီးမြှင့်ခြင်းကို ပြင်ဦးလွင် အနီးစခန်းရှိ ထန်းရိပ်ညို အနုပညာ ပြခန်းတွင် အောက်တိုဘာလ ၂၀ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း ယင်းထန်းရိပ်ညိုထံမှ သိရသည်။

ယင်း Artist Of The Year ဆုကို ယခုနှစ်မှစတင် ချီးမြှင့်ခဲ့ခြင်း ဖြစ်ပြီး ပထမဦးဆုံးအကြိမ်အဖြစ် တေးသံရှင် မာမာအေးကို ပေးအပ်ခဲ့ကာ ထန်းရိပ်ညို ခံစားသူ စိတ်ကြိုက်ဆုအဖြစ် ကဗျာဆရာ မောင်သင်းပန်နှင့် ဆရာမ မအိတို့ကို ပေးအပ်ခဲ့သည်။
“အဆိုတော် မာမာအေးကို ပေးရတာက သူ့ကို ချစ်ခင်လို့ရယ် မြန်မာပြည်ကို ပြန်လာပြီး မြန်မာသံစဉ် သီချင်းတွေကို သိအောင်လုပ်ပေးလို့ ရွေးချယ်ခဲ့တာပါ” ဟု ထန်းရိပ်ညို အနုပညာပြခန်းပိုင်ရှင် ပန်းချီ ဆရာကြီး ဦးမျိုးခင်က ဆိုသည်။

ထန်းရိပ်ညို အနုပညာစင်တာသည် ထန်းရိပ်ညို အနုပညာဆုကို ၂၀၁၀ ပြည့်နှစ်မှ စတင်ကာ ဦးမျိုးခင်၏ မွေးနေ့ဖြစ်သည့် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ပြုလုပ်လေ့ ရှိသော်လည်း ယခုနှစ်တွင် ထန်းရိပ်ညို အနုပညာဆုအစား ထန်းရိပ်ညို Artist Of The Year ဆုနှင့် ထန်းရိပ်ညို ခံစားသူ စိတ်ကြိုက်ဆုများကိုသာ ပေးအပ်ဖြစ်ကြောင်း အဆိုပါ ဆုရွေးချယ်ရေး အဖွဲ့ထံမှ သိရသည်။
“ထန်းရိပ်ညို အနုပညာဆုကို ဒီနှစ်မှာတော့ မပေးဖြစ်တော့ဘူး။ ထန်းရိပ်ညို Creation Center တစ်နှစ်ပြည့် အခမ်းအနားနဲ့ ဆရာကြီးဒဂုန်တာရာ ကွယ်လွန်ခြင်း နှစ်လပြည့် အထိမ်းအမှတ် ဂုဏ်ပြု စာတမ်းဖတ်ပွဲ ပြုလုပ်ချင်လို့ ဒီဇင်ဘာမှာလုပ်မယ့် ဆုပေးပွဲကို ဒီနှစ်မှာ မလုပ်ဖြစ်တော့ဘူး။ Artist Of The Year ဆုကိုတော့ နှစ်တိုင်းပေးမှာပါ” ဟု ဆုရွေးချယ်ရေးအဖွဲ့မှ ဆရာစိုးဘားဒိုင်က ဆိုသည်။

တေးသံရှင် မာမာအေးသည် ၁၉၉၈ ခုနှစ်က ဥရောပနိုင်ငံ အချို့သို့ အလည်အပတ် ခရီးထွက်စဉ် ပြည်ပရောက် အတိုက်အခံ အချို့ကို တေးသီချင်းများ သီဆိုဖျော်ဖြေခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ၁၀ နှစ်ကျော်ကြာ ပြန်မလာ ဖြစ်ရာမှ ၂၀၁၂ ဒီဇင်ဘာလတွင် ပထမဆုံးအကြိမ် ပြန်လည် ရောက်ရှိခဲ့ပြီး တေးဂီတ ဖျော်ဖြေပွဲများ ကျင်းပခဲ့သည်။

မန္တလေး၊ အောက်တိုဘာ ၂၀

ထန်းရိပ်ညို Artist Of The Year တစ်နှစ်ပြည့်နှင့် ဆရာကြီး ဒဂုန်တာရာ ကွယ်လွန်ခြင်း နှစ်လပြည့် အထိမ်းအမှတ်အဖြစ် အနုပညာ ဆုပေးပွဲနှင့် ဂုဏ်ပြုစာတမ်း ဖတ်ပွဲတွင် ထန်းရိပ်ညို အနုပညာ စင်တာ၏ Artist Of The Year ဆုကို တေးသံရှင် မာမာအေး ရရှိခဲ့ကြောင်း အဆိုပါ ဆုချီးမြှင့်ခြင်း အခမ်အနားအရ သိရသည်။

အဆိုပါ ထန်းရိပ်ညို ခံစားသူ စိတ်ကြိုက်ဆုများ ချီးမြှင့်ခြင်းကို ပြင်ဦးလွင် အနီးစခန်းရှိ ထန်းရိပ်ညို အနုပညာ ပြခန်းတွင် အောက်တိုဘာလ ၂၀ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း ယင်းထန်းရိပ်ညိုထံမှ သိရသည်။

ယင်း Artist Of The Year ဆုကို ယခုနှစ်မှစတင် ချီးမြှင့်ခဲ့ခြင်း ဖြစ်ပြီး ပထမဦးဆုံးအကြိမ်အဖြစ် တေးသံရှင် မာမာအေးကို ပေးအပ်ခဲ့ကာ ထန်းရိပ်ညို ခံစားသူ စိတ်ကြိုက်ဆုအဖြစ် ကဗျာဆရာ မောင်သင်းပန်နှင့် ဆရာမ မအိတို့ကို ပေးအပ်ခဲ့သည်။

"Avatar 2" ကို ၂၀၁၄ အောက်တိုဘာလတွင် စတင်ရိုက်ကူးမည်


အောင်မင်း

"Avatar 2" ရုပ်ရှင်အားလာမည့်၂၀၁၄ ခုနှစ် အောက်တိုဘာလ (ဆောင်းဦးရာသီ) တွင် စတင်ရိုက်ကူး သွားမည်ဖြစ်ကြောင်း Sam Worthington က ထုတ်ဖော်ပြောကြားသည်။ အသစ်ထွက်ရှိလာမည့် ဇာတ်ကားတွင် ၎င်းအနေဖြင့် ယခင်နေရာ၌ပင် သရုပ်ဆောင်သွားမည်ဖြစ်ကြောင်းကိုလည်း သြစတြေးလျ အသံလွှင့်ဌာန Nova 96.9 နှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားလိုက်သည်။

“သူတို့က ဇာတ်ညွှန်းကို ရေးနေတုန်းပါပဲ။ ရိုးရိုးသားသားပြောရမယ်ဆိုရင်တော့ Jim က Pandora ကို သွားမယ့် အာကာသယာဉ်ကို တည်ဆောက်ဆဲပါပဲ။ ဒီတစ်ခါ ရုပ်ရှင်ကိုတော့ နောက်နှစ်မှာ စတင်သွားမှာပါ။ ကျွန်တော်တို့ အနေနဲ့ ဗားရှင်းနှစ်ခု၊ သုံးခု သို့မဟုတ် လေးခုလောက်အထိ လုပ်သွားမှာပါ။ တကယ်လို့ ဒီကားကို ရိုက်လို့ပြီး သွားမယ်ဆိုရင် ကျွန်တော့်အနေနဲ့ အရမ်းဝမ်းသာမှာပါ”ဟု Sam Worthington က ပြောကြားလိုက်သည်။

အင်တာနက်ဂျာနယ်မှ ဘာသာပြန်အမျိုးသမီးတစ်ဦး တိုက်ခြောက်လွှာမှ ပြုတ်ကျသေဆုံး


ဇော်ဇော်ထွေး | တနင်္လာနေ့၊ အောက်တိုဘာလ ၂၁ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၃၀ မိနစ်

အင်တာနက် ဂျာနယ်တွင် ဘာသာပြန်အဖြစ် လုပ်ကိုင်နေသည့် အမျိုးသမီးတစ်ဦး တိုက်ခြောက်လွှာမှ ပြုတ်ကျသေဆုံးခဲ့မှု တစ်ခု အောက်တိုဘာ ၁၉ ရက်က လှိုင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်။

သေဆုံးသူသည် (၁၆)ရပ်ကွက်၊ ပါရမီလမ်း၊ တိုက်(၂)၊ အခန်း(၅၀၆)တွင် နေထိုင်သည့် မဟေမာဝင်း (၂၅) နှစ်ဖြစ်ပြီး အင်တာနက်ဂျာနယ်တွင် အင်္ဂလိပ်ဘာသာပြန် ၀န်ထမ်းတစ်ဦးဖြစ်သည်။

ယင်းနေ့ည ၈ နာရီခွဲအချိန်က သူမသည်ခင်ပွန်းဖြစ်သူ ကိုကျော်စိုးဝင်းနှင့်အတူ ရှိနေပြီး သတင်းကျွတ်မီးထွန်းရန်
နေအိမ်ရှေ့ ပြတင်းပေါက်သို့ သွားရောက်ခဲ့သည်ဟု ဆိုထားသည်။

လေးဖြူ၏ “ဒိုင်ယာရီ” သီချင်းသစ်ကို အွန်လိုင်းမှ ရောင်းချမည်


ပန်းမြတ်ဇော် | တနင်္လာနေ့၊ အောက်တိုဘာလ ၂၁ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၂၁ မိနစ်

လေးဖြူ၏ “ဒိုင်ယာရီ” တေးသီချင်းသစ်ကို #Myanmar Music Store ၌ အောက်တိုဘာ ၂၇ ရက်တွင် စတင်ရောင်းချ မည်ဖြစ်သည်။ ယင်းသီချင်းအား Myanmar Music Store ၏ ဖွင့်ပွဲအနေဖြင့် ရောင်းချခြင်းလည်းဖြစ်သည်။

ယင်းသီချင်းကို တေးရေးအသစ် ဟန်ဆိုင်းက ရေးဖွဲ့ခဲ့ပြီး Slow Rock အမျိုးအစားတေးသီချင်းဖြစ်ကာ PTL စတူဒီယို တွင် အသံသွင်းယူထားခြင်းဖြစ်သည်။ ယင်းသီချင်းနှင့်ပတ်သက်ပြီး Myanmar Music Store မှ ဒေါက်တာကိုကိုလွင် (Iron Cross တေးထုတ်လုပ်ရေး)က “လေးဖြူ သီချင်းကို Myanmar Music Store ဖွင့်ပွဲအနေနဲ့ ပထမဆုံးရောင်းတာပါ။ လေးဖြူထွက်လာမယ့် အခွေထဲက တစ်ပုဒ်ကို ရောင်းချတာပါ။ Download ဆွဲရင် မြန်မာနိုင်ငံအတွက်ဆိုရင် မြန်မာငွေ ကျပ် ၃၀၀ သတ်မှတ်ထားတယ်။ ပြည်ပဆိုရင် အမေရိကန်ဒေါ်လာ ၄၉ ပြားနှုန်း သတ်မှတ်ထားတယ်။ အဓိက,ကတော့ အဆိုတော်ကြီး တစ်ယောက်ရဲ့ သီချင်းကိုပရိသတ်တွေ နားဆင်နိုင်အောင် ဖွင့်လှစ်ပေးတဲ့သဘောပါ”ဟု ဆိုသည်။

ဗေဒင်ဆရာမတစ်ဦး ဆွဲကြိုးချ၍ မိမိကိုယ်ကို အဆုံးစီရင်


ဇော်ဇော်ထွေး | တနင်္လာနေ့၊ အောက်တိုဘာလ ၂၁ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၃၅ မိနစ်

တိုက်ကြီးမြို့တွင် အမျိုးသမီးဗေဒင် ဆရာမတစ်ဦး အောက်တိုဘာ ၁၉ ရက်က မိမိကိုယ်ကို ဆွဲကြိုးချပြီး အဆုံးစီရင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။

ယင်းနေ့ နံနက် ၈ နာရီခွဲအချိန်က အိုးတန်းရပ်ကွက်၊ ဇေယျာသီရိ(၄)လမ်းရှိ အမှတ်မရှိနေအိမ်တွင် အမျိုးသမီးတစ်ဦး ဆွဲကြိုးချသေဆုံးနေကြောင်း သတင်းအရမြို့နယ်ရဲစခန်းက သွားရောက်စစ်ဆေးခဲ့ခြင်းလည်း ဖြစ်သည်။

ထို့ကြောင့် သေဆုံးနေသူမှာ ဗေဒင်ဆရာမဖြစ်သည့် မသီတာထွေး (၄၄)နှစ် ဖြစ်သည်ဟု ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။

ပလောင်ကျေးရွာဒေသခံတစ်ဦးကို ၀ိုင်းရိုက်သည့် ဘင်္ဂါလီရှစ်ဦးအနက် ဦးဆောင်သူနှစ်ဦးဖမ်းမိ

ဒဏ်ရာရသူတစ်ဦးကို ဆေးရုံသို့ သယ်ဆောင်လာစဉ် ဓာတ်ပုံ-မောင်မိုးသက်
ပေါက်တောပလောင် ကျေးရွာဒေသခံတစ်ဦးကို ၀ိုင်းရိုက်ခဲ့သော ဘင်္ဂါလီလူမျိုးများအနက်  ဦးဆောင်သူနှစ်ဦးကို ဖမ်းဆီးအရေးယူထားကြောင်း ကျောက်တော်မြို့နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

““ပုဒ်မ ၃၂၆၊ ၃၂၅ နဲ့ ၃၈၂ တို့ အရ အရေးယူထားပါတယ်””ဟု ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့ အရာရှိတစ်ဦးကပြောသည်။
အောက်တိုဘာ ၁၉ ရက် နံနက်စောစောပိုင်းက ပေါက်တောပလောင်ရွာမှ ရခိုင်တိုင်းရင်းသားတစ်ဦး၏ ပုစွန်ကန်သို့ ဘင်္ဂါလီလူမျိုးရှစ်ဦးခန့်က ငါးဝင်ဖမ်းခဲ့သည်။ ပိုင်ရှင်ဖြစ်သူက ၀င်တားရာမှ ဘင်္ဂါလီလူမျိုးများက ၀ိုင်း၍ရိုက်နှက်ကာ ပစ်ထားခဲ့ခြင်းဖြစ်သည်ဟု  ဒေသခံများက ဆိုသည်။

““ဒဏ်ရာပြင်းတော့ စစ်တွေဆေးရုံကို ပို့ထားပါတယ်””ဟု ကျောက်တော် မြို့မိမြို့ဖတစ်ဦးက ဆိုသည်။
ကျောက်တော်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဘင်္ဂါလီလူမျိုးများက ညည့်အချိန်မတော် အုပ်စုဖွဲ့သွားလာလှုပ်ရှားမှုများကြောင့် လုံခြုံရေးကို စိုးရိမ်နေရသည်ဟု ဒေသခံများကပြောသည်။

7Day Daily

ဗုံးခွဲမှုတွင် အောက်ခြေအဖွဲ့ဝင်များ ပါဝင်ဟု KNU ဝန်ခံ

ကရင်အမျိုးသားအစည်းအရုံး,  ငြိမ်းချမ်းရေး, ဗုံးဖောက်ခွဲမှု, မြန်မာနိုင်ငံ ရဲတပ်ဖွဲ့
မကြာမီက ဖြစ်ပွားခဲ့သော ဗုံးကွဲမှုတိုင်းလိုလိုတွင် အသုံးပြုခဲ့သည့် M-67 လက်ပစ်ဗုံးကို အစိုးရသတင်းစာ ရှင်းလင်းပွဲတွင် ပြသထားစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

မကြာမီက ဖြစ်ပွားခဲ့သော ဗုံးဖောက်ခွဲမှုများတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အောက်ခြေအဆင့် အဖွဲ့ဝင်တချို့ ပါဝင်ပတ်သက်နေကြောင်း KNU ဗဟိုကော်မတီဝင် ဖဒိုမန်း ငြိမ်းမောင်က အောက်တိုဘာ ၂၀ ရက်က Myanmar Peace Centre တွင်ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော် ဝန်ခံလိုက်ပြီး ယင်းလုပ်ရပ်သည် လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခများ ဖန်တီးရန် ကြံစည်လုပ်ဆောင်ခြင်း ဖြစ်သည့်အပြင် အစိုးရနှင့် KNU တို့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဖျက်လိုဖျက်ဆီး လုပ်ရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဖမ်းဆီး ရမိထားသူနှင့် သွားရောက်တွေ့ဆုံခဲ့သော ဖဒို မန်းငြိမ်းမောင်က နိုင်ငံတကာမှ လာရောက်ရင်းနှီးမည်ကို မလိုလား၍ ဖောက်ခွဲမှုပြုသည်ဟူသောအချက်မှာ အပေါ်ယံ အကြောင်းပြပြီး လှည့်စားထားသည့် “နိုင်ငံရေးလှည့်ကွက် တစ်ခုမျှသာ” ဖြစ်ကြောင်း၊ ဗုံးဖောက်ခွဲရခြင်း၏ ရည်ရွယ်ချက်သည် နိုင်ငံရေးအရ ကြီးမားသော ရည်ရွယ်ချက်ပါ ရှိပြီး အစ္စလာမ်ဘာသာဝင်များ၏ အိဒ်နေ့တွင်လည်း ရွှေတိဂုံဘုရား၌ ဖောက်ခွဲရန် ကြံထားပြီး ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများ ပိုဖြစ်လာစေရန်ပါ ရည်ရွယ်ကြောင်း ပြောဆိုလိုက်သည်။
မကြာမီက ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း မြို့များတွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများသည် ဖော်ထုတ်စစ်ဆေးမှုအရ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ပတ်သက်ဆက်နွယ်နေသည်ကို စစ်ဆေးတွေ့ရှိရပြီး  နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု များပြားလာကာ တိုင်းရင်းသားများ၏ စီးပွားရေး လုပ်ငန်း လုပ်ကိုင်ရာတွင် အနှောင့်အယှက် ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း ရဲချုပ် ဇော်ဝင်းက အောက်တိုဘာလ ၁၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

ပြဿနာ ဖြစ်ခဲ့သည့် သူရိယအလင်းဂျာနယ် ထုတ်ဝေမှု လုံးဝရပ်နားပြီ

သူရိယအလင်း, ဦးမိုးဟိန်း, ဂျာနယ်
သူရိယအလင်းဂျာနယ် အတွဲ ၁၊ အမှတ် ၁၁ မျက်နှာဖုံး (ဓာတ်ပုံ – သူရိယအလင်း facebook မှ)

သူရိယအလင်း ဂျာနယ် အတွဲ ၁၊ အမှတ် ၁၂ တွင် ထည့်သွင်းဖော်ပြရန် ပြင်ဆင်ခဲ့သော ဆောင်းပါးများ ကိစ္စနှင့် ပက်သက်ပြီး ထုတ်ဝေသူနှင့် အမှုဆောင် အရာရှိချုပ်တို့အကြား ပြဿနာများ ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်း အဆိုပါဂျာနယ်ကို အပြီးအပိုင် ထုတ်ဝေမှု ရပ်နားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ အတွဲ ၁၂ ဖြန့်ချိရန် စီစဉ်သော အောက်တိုဘာ ၁၈ ရက်နေ့ ညကတည်းက ဂျာနယ်ကို ထုတ်ဝေမှု ရပ်နားရန် ဆုံးဖြတ်ခဲ့သည့်အတွက် ယင်းညတွင် ဂျာနယ်တိုက်ရှိ ကွန်ပျူတာနှင့် ပစ္စည်းများကို လာရောက်သိမ်းဆည်း ခဲ့ခြင်းသာ ဖြစ်ကြောင်း သူရိယအလင်း ထုတ်ဝေခွင့်ရရှိထားသူ ဦးယုနိုင်က ဧရာဝတီသို့ ပြောသည်။
“ဖြစ်စဉ်လေးကတော့ ကျနော်က အမှုဆောင်အရာရှိချုပ်ကို ပုဂ္ဂိုလ်ရေးတွေ တိုက်ခိုက်တာနဲ့ ကျင့်ဝတ်နဲ့ မညီတဲ့ရေးသားမှုတွေ ဆက်မလုပ်ဖို့ အကြိမ်ကြိမ် ပြောခဲ့ပါတယ်။ ဒီလိုတွေ ဆက်တိုက် ဖြစ်လာတော့ အဲဒီညမှာ ကျနော်ကိုယ်တိုင် ထုတ်ဝေတာကို လုံးဝရပ်နားဖို့ ဆန္ဒဖြစ်လာတယ်။

သံလျင်ရေနံချက်စက်ရုံ ဗုံးခွဲမှုကိစ္စ ဦးခင်ညွန့် ဖွင့်ချလိုက်ပြီ


သံလျင်ရေနံချက်စက်ရုံ ဗုံးခွဲတယ် ဆိုပြီး စွပ်စွဲခံရသူတချို့ ထောင်ထဲ အနှစ် ၂ဝ ဝန်းကျင် သွားနေခဲ့ရပြီး မကြာသေးခင် နှစ်တွေက ပြန်လွှတ်လာကြပါပြီ။


 


သူတို့က NLD အဖွဲ့ဝင်တချို့ပါပဲ။ သူတို့က မတရား စွပ်စွဲ ထောင်ချခံရတာပါလို့ တစိုက်မတ်မတ် ပြောလာကြသူတွေပါ။

သူတို့ကို နှိပ်စက်ညှင်းပန်းပြီး ထောင်ထဲပို့ခဲ့တာ စစ်ထောက်လှမ်းရေးတွေများလား။

စစ်ထောက်လှမ်းရေး ထိပ်သီး ၂ ဦးကတော့ ဒီကိစ္စကို အတိအလင်း ငြင်းလိုက်ပါပြီ။

ဗုံးဖောက်သူများ၏ ရည်ရွယ်ချက်အပေါ် အစိုးရနှင့် KNU တို့ ရှင်းလင်းချက်ကွဲလွဲနေ

မင်းမင်း | တနင်္လာနေ့၊ အောက်တိုဘာလ ၂၁ ရက် ၂၀၁၃ ခုနှစ် ၀၈ နာရီ ၀၃ မိနစ်

အောက်တိုဘာ ဒုတိယပတ်မှ စတင်ဖြစ်ပေါ်ခဲ့သည့် ဗုံးဖောက်ခွဲမှုများမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို နှောင့်ယှက်ဖျက်ဆီးလိုသည့် သဘောဖြင့် ပြုလုပ်သည်ဟု အစိုးရဘက်က ပြောဆိုထားသော်လည်း ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများ ကြီးထွားအောင်လုပ်ဆောင်သည်ဟု KNU (ကရင်အမျိုးသားအစည်းအရုံး)က သုံးသပ် ပြောဆိုလိုက်သည်။

ဗုံးဖောက်ခွဲမှုများတွင် ပါဝင်ပတ်သက်သူ ရှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းမိထားပြီဖြစ်ပြီး ၎င်းတို့၏ ၀န်ခံထွက်ဆိုမှုအပေါ် အစိုးရနှင့် KNU တို့၏ ရှင်းလင်းချက်မှာ အထက်ပါအတိုင်း ကွဲလွဲနေခြင်း ဖြစ်သည်။

“လူမျိုးရေးပဋိပက္ခ၊ ဘာသာရေးပဋိပက္ခကို ပြန်လည်ဖြစ်ပွားအောင် ဒီလို ရည်ရွယ်ချက်ရှိတယ်လို့ ကျွန်တော်ကတော့ သုံးသပ်မိပါတယ်။ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုကို ထိခိုက်အောင်ဆိုတာကတော့ အပေါ်ယံပြထားတဲ့ ကိစ္စလို့ပဲ ကျွန်တော်တို့က သုံးသပ်ပါတယ်”ဟု KNU ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ပြောသည်။

ဘာသာရေးပဋိပက္ခကြီးဖြစ်အောင် အစ်ဒ်နေ့တွင် ရွှေတိဂုံကို ဗုံးခွဲဖို့ကြံစည်ထားသည်ကို စစ်ဆေးတွေ့ရှိရဟု KNU ပြော

ဗုံးခွဲမှုတွေဟာ ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေကြား ပဋိပက္ခကြီးဖြစ်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်ဖို့ဆိုတဲ့ ကြိုးပမ်းချက်တွေ စစ်ဆေးတွေ့ရှိရတယ်လို့ KNU ထိပ်တန်းခေါင်းဆောင်က အောက်တိုဘာ ၂ဝရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

 Kamayut Media

အကာကွယ်မဲ့နေတဲ့ မြိုင်ကလေး အမှတ် (၂) တန် ၄၀၀၀ ဘိလပ်မြေစက်ရုံက အလုပ်သမားများ အခြေအနေ


“လူတယောင်လုံး သေနေတာတောင်မှပဲ လူသေမှုအနေနဲ့ ဘယ်ရဲမှလာမစစ်ဆေးဘူး။ ကြက်ကလေး ငှက်ကလေး သေသွားသလိုပဲ ဘာမှမထူးဘူး”

ကျနော်တို့ စက်ရုံမှာ စက်ပြင်ကာလကို တလခွဲလောက် မနက် ၇း၀၀ နာရီမှ ည ၁၀း၀၀ အထိ နားရက်မရှိ အလုပ်ဆင်းရပြီနောက် ၁၀.၁၀.၂၀၁၃ မှာ စက်ရုံစတင်လည်ပတ်ခဲ့ပါတယ်။

ဒါပေမယ့် SP မှာ စက်ရပ်ထားတာ ကြာတာကြောင့် အေးခဲနေတဲ့ အစာ (ကျောက်မှုန့် မြေမှုန့်) တွေက ပိုက်လုံးကြီးမှာ ပိတ်နေပါတယ်။

မြင်အောင်ပြော ရရင် ကြီးမားတဲ့ပိုက်လုံးရဲ့အောက်ခြေ မှာ အေးနေတဲ့အစာဟောင်းတွေက ပိတ်နေတယ်။ အစာဟောင်းတွေရဲ့ အထက်မှာ စက်ရုံလည်ပတ်ထားတဲ့အတွက် အပူချိန် ပျမ်းမျှ ၈၀၀ မှ ၁၀၀၀ ကြားရှိတဲ့ အစာတွေရှိပါတယ်။

သိမ်ကြီးဈေးဒီရုံ၌ 2D အဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွား

IMG 0633
Post 20 October 2013
By မျိုးသူ(မြစ်မခ)
 

အောက်တိုဘာလ (၂၀)ရက်၊ ည (၈း၃၀)၀န်းကျင်ခန့်တွင် ရန်ုကုန်မြို့၊သိမ်ကြီးဈေး(D)ရုံ၅ လွှာရှိ ဂိုဒေါင်တစ်ခု၌ မီးလောင်ကျွမ်းမှုတစ်ရပ်ဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းရခြင်းအကြောင်းအရင်းကိုမူစုံစမ်းနေဆဲဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဋ္ဌာနများမှ သိရှိရသည်။

“ရှစ်နာရီခွဲလောက်မှာ စပြီး လောင်တယ်၊ ကိုးနာရီဆယ့်ငါးလောက်မှာမီးငြိမ်းနိုင်ခဲ့တယ်။ အသေးစိတ်အ ချက်အ လတ်တွေတော့ အတည်မပြုနိုင်သေးဘူး။မီးလောင်မှုအဆင့်က level (2D)ရှိတယ်။” ဟုစမ်းချောင်းမြို့ နယ်မီသတ်တပ်ဖွဲ့မှဦးစီးအရာရှိ ရဲသူရိန် သိန်းမြင့်က ပြောသည်။
အဆိုပါမီးလောင်းကျွမ်းမှုနေရာသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်အပါအ၀င်အခြားနယ်မြေမီးသတ် တပ်ဖွဲ့များမှ မီးငြိမ်းသတ်ယာဉ်နှင့်ကွပ်ကဲမှုယာဉ်(၂၅)စီးနှင့် ကြက်ခြေနီတပ်ဖွဲ့လူနာတင်ယာဉ် (၃)စီးရောက်ရှိခဲ့သည်။
လုံခြုံရေးအရ လိုအပ်ပါက တာဝန်ယူနိုင်ရေး တပ်မတော်သားများလည်းမီးလောင်ကျွမ်းရာနေရာသို့ လာရောက်ခဲ့သည်ဟု သိရသည်။

ဟီလာရီ ကလင်တန်၏ကားအား ချလန်ဖြတ်သွားသည့် ဗြိတိန်ရဲ

Photo: ဟီလာရီ ကလင်တန်၏ကားအား ချလန်ဖြတ်သွားသည့် ဗြိတိန်ရဲ
********************************
ဒါမှ မထူးဆန်းရင်တော့ ဘာကို ထူးဆန်းတယ် ပြောရမလဲ မသိတော့ပါဘူး။ ဟီလာရီ ကလင်တန်ဆိုတာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း လည်းဖြစ်၊ သမ္မတကတော်လည်းဖြစ်၊ ၂၀၁၈ ခုနှစ်အတွက် အမေရိကန် သမ္မတလောင်းလျာလည်း ဖြစ်လာဖွယ် ရှိနေသည့် ကမ္ဘာ့ပေါ်တွင် သြဇာအာဏာ အကြီးဆုံး အမျိုးသမီးများထဲ၌ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

မစ္စကလင်တန်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက လန်ဒန်မြို့သို့ သူမရဲ့ သံတမန်ဆိုင်ရာ စွမ်းဆောင်မှုများကို ဂုဏ်ပြုတဲ့ အခမ်းအနား တစ်ခုကို တက်ရောက်ခဲ့ပါတယ်။ အဲဒီအခါမှာ သူမရဲ့ လုံခြုံရေးများနဲ့ လက်ထောက်များဟာ သူမရဲ့ ဂုဏ်ပုဒ်နဲ့နာမည်ကြောင့် လန်ဒန်မြို့မှာ ယာဉ်ရပ်နားခ ပေးစရာ မလိုဘူးလို့ ထင်သွားပုံ ရပါတယ်။ အဲဒီမှာတင် ပြဿနာက စပါတော့တယ်။

လန်ဒန်ရဲ့ နာမည်ကျော် ရဲအရာရှိ တစ်ဦးဟာ လုံခြုံရေးများရဲ့ ပြောဆိုတားမြစ်မှုကို လစ်လျူရှုပြီး မစ္စကလင်တန်ရဲ့ မာစီဒီးကို ပေါင် ၈၀ တန် ဒဏ်ကြေးပေးဖို့ ချလန်ဖြတ်သွားခဲ့ပါတယ်။ လုံခြုံရေးများက ရဲအရာရှိကို ဓာတ်ပုံရိုက်ကူးပြီး ဖိအားပေးခဲ့ပေမယ့် တုတ်တုတ်တောင် မလှုပ်ခဲ့ပါဘူး။ ရဲအရာရှိဟာ သူအလုပ်သူလုပ်ပြီး တာဝန်ကြေပွန် ခဲ့တာပါလို့ Westminister မြို့နယ် အုပ်ချုပ်ရေးရုံးက ကြေညာချက် ထုတ်ခဲ့ပါတယ်။

ယင်းတို့၏ ပြောခွင့်ရ ပုဂ္ဂိုလ်က “ဒီ ရဲအရာရှိရဲ့ ဆောင်ရွက်မှုကို မစ္စကလင်တန် အနေနဲ့ နားလည်းပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လူပုဂ္ဂိုလ်မရွေး တန်းတူဆက်ဆံ ကိုင်တွယ်ရပါတယ်။ ကမ္ဘာကျော် ရာထူးတွေ၊ ဂုဏ်ပုဒ်တွေနဲ့ မဆိုင်ပါဘူး။ အလွယ်ဆုံးကတော့ မစ္စကလင်တန်အနေနဲ့ ကျွန်တော်တို့ရဲ့ iPhone app လေးကို download လုပ်ပြီး ကားရပ်နားဖို့ နေရာတွေကို အချိန်နဲ့ တစ်ပြေးညီ ရှာဖွေနိုင်ပါလိမ့်မယ်။” ဟု ဆိုသွားခဲ့သည်။

တစ်ခုစဉ်စားစရာက ဒီလို အခမ်းအနားကို တက်ရောက်လာတဲ့ မစ္စကလင်တန်အတွက် စီစဉ်သူတွေက ကားရပ်ဖို့ နေရာလေးတစ်ခုကို ဘာလို့များ မစီစဉ်ပေး နိုင်ခဲ့သလဲလို့ . . .
Myanmar Consumer Guide
အောင်စည်တော်ကြီး

ဒါမှ မထူးဆန်းရင်တော့ ဘာကို ထူးဆန်းတယ် ပြောရမလဲ မသိတော့ပါဘူး။ ဟီလာရီ ကလင်တန်ဆိုတာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း လည်းဖြစ်၊ သမ္မတကတော်လည်းဖြစ်၊ ၂၀၁၈ ခုနှစ်အတွက် အမေရိကန် သမ္မတလောင်းလျာလည်း ဖြစ်လာဖွယ် ရှိနေသည့် ကမ္ဘာ့ပေါ်တွင် သြဇာအာဏာ အကြီးဆုံး အမျိုးသမီးများထဲ၌ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

မစ္စကလင်တန်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက လန်ဒန်မြို့သို့ သူမရဲ့ သံတမန်ဆိုင်ရာ စွမ်းဆောင်မှုများကို ဂုဏ်ပြုတဲ့ အခမ်းအနား တစ်ခုကို တက်ရောက်ခဲ့ပါတယ်။ အဲဒီအခါမှာ သူမရဲ့ လုံခြုံရေးများနဲ့ လက်ထောက်များဟာ သူမရဲ့ ဂုဏ်ပုဒ်နဲ့နာမည်ကြောင့် လန်ဒန်မြို့မှာ ယာဉ်ရပ်နားခ ပေးစရာ မလိုဘူးလို့ ထင်သွားပုံ ရပါတယ်။ အဲဒီမှာတင် ပြဿနာက စပါတော့တယ်။
Related Posts Plugin for WordPress, Blogger...

ShareThis