menu

Monday 23 December 2013

မယားထမ်း ပြေးပွဲ

run

မယားထမ်း အပြေးပြိုင်ပွဲ (Wife Carrying Championship) ကို စတင်ပြု လုပ်တဲ့ နိုင်ငံကတော့ ဥရောပတိုက်မှ ဖင်လန်နိုင်ငံတွင် ဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်က စတင်ပြုလုပ်ပြီး ယနေ့ချိန်မှာတော့ ကမ္ဘာ့နေရာဒေသ အနှံ့အပြား မှာ ရေပန်းစားတဲ့ အားကစားတစ်မျိုး ဖြစ်လာပါတယ်။
အားကစား ဝင်ပြိုင်ဖို့အတွက် ကိုယ်ထမ်းရမယ့် အမျိုးသမီးက ဇနီးသည် မဟုတ်လည်း ရပါတယ်။ သူငယ်ချင်း၊ အိမ်နီးချင်၊ အသိမိတ်ဆွေ အမျိုးသမီး လည်း ထမ်းခွင့်ရှိပါတယ်။ အမျိုးသမီးက အသက် ၁၈ နှစ် အထက် ရှိရ မှာ ဖြစ်ပါတယ်။ ပြီးတော့ ကိုယ်အလေးချိန်ကလည်း ၄၅ ကီလိုဂရမ် အထက် ဖြစ်ပါတယ်။
သွားရတဲ့ ခရီးက ပြိုင်ပွဲတစ်ခုနဲ့တစ်ခုမတူပါဘူး။ အများစုမှာကတော့ ကုန်းလမ်း၊ ရေလမ်း၊ ရွှံ့ လမ်း၊ မြေပြင်လမ်း တို့ ပါဝင်ပြီး ပင်ပင် ပန်းပန်းပြေး လွှားရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲအတွင်း ထမ်းထားတဲ့ အမျိုးသမီးကို လွတ်ချ ရင်တော့ ရှုံးမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲမှာ ချီးမြင့်တဲ့ ဆုကလည်း ထူးခြားပါတယ်။ ပထမရသူအနေနဲ့ ထမ်းပြေးတဲ့ အမျိုးသား ရမယ့် ဆုကတော့ အမျိုးသမီးရဲ့ ကိုယ်အလေးချိန်နဲ့ ညီမျှတဲ့ ဘီယာဖြစ်ပြီး အမျိုးသမီးကတော့ သူနိုင်သလောက် သယ်သွားခွင့် ရှိတဲ့ အမျိုးသမီး အသုံးအဆောင်ပစ္စည်းများ ဖြစ်ပါတယ်။ ဒုတိယ၊ တတိယ တို့လည်း အခြားဆုများ ချီးမြင့်ပါတယ်။ ဒါက ဖင်လန်နိုင်ငံက ဆုပေး စနစ်ဖြစ်ပြီး နိုင်ငံ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူပါဘူး။

မြန်မာပြည်မှ ကမ္ဘာ့အမြင့်ဆုံး မြင်းခုံတံတား (ဂုတ်ထိပ်တံတား)

ြMyanmar

ဂုတ်ထိပ်တံတား (Goteik viaduct) အမည်ရ  တောင်ကြားဖြတ် မီးရထား သံလမ်း တံတား ရဲ့ တည်နေရာကတော့ ရှမ်းပြည်နယ် အနောက်ပိုင်း နောင် ချိုမြို့အနီးမှာ ဖြစ်ပါတယ်။
အတိအကျအားဖြင့် မန္တလေး-လားရှိုးလမ်း၊ နောင်ချိုဘူတာအလွန် ၇မိုင်အကွာတွင် တည်ရှိပါတယ်။ ပြင်ဦးလွင် နဲ့ လားရှိုး မြို့နှစ်ခုကြားက တံတားလို့လည်း နိုင်ငံခြားသားများက အလွယ်မှတ်ထားပါတယ်။
မြင်းခုံတံတားဆိုလို မြင်းတွေခုံတယ်လို့ ဘာသာပြန်ရန်မဟုတ်ပါ။ The world largest trestle လို့ အသိမှတ်ပြုထားတဲ့ တံတာဖြစ်ပြီး Trestle ဆိုတာ စတီး၊ သံမဏိ၊ သံချောင်းများဖြင့် ထောက်ခံထားသော တံတားလို့ လွယ်လွယ်ကူကူ ဘာသာပြန်နိုင်ပါတယ်။ မြန်မာအခေါ် ကတော့ မြင်းခုံ ဖြစ် ပါတယ်။
၁၈၉၉ ခုနှစ်က တည်ဆောက်ပြီး ၁၉၀၀ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။ အသုံးပြုတာကတော့ ၁၉၀၃ ခုနှစ်ရောက်မှ စတင်တယ်လို့ မြန်မာ့စွယ်စုံ ကျမ်းမှာ ဖော်ပြထားပါတယ်။ ဗြိတိသျှ ကိုလိုနီတို့ တည်ဆောက်ပေး ခဲ့တယ်လို့ အကျမ်းဖျင်းမှတ်ယူပေမယ့် တာဝန်ယူတည်ဆောက်တာကတော့ ဗမာ့မီးရထားလမ်းကုမ္မဏီ (Burma Railroad Company) ဖြစ်ပါတယ်။ ယင်းကုမ္မဏီမှာ ဗြတိသျှ၊ မြန်မာ အင်ဂျင်နေယာများ ပါဝင်ပါတယ်။ ဦးဆောင်တည်ဆောက်သူကတော့ Sir Arthur Rendel ဖြစ်ပါတယ်။ အသုံးပြုတဲ့ အစိတ်အပိုင်းများကိုတော့ အမေရိကန်မှ တိုက်ရိုက် မှာယူထားခြင်း ဖြစ်ပါတယ်။
တံတားအရှည် ၂၂၆၀ပေ၊ တံတားအောက်ခြေမှ အမြင့် ပေ ၁၁၀၀ ရှိပြီး ပေ ၃၀၀ ကျော်မတ်စောက်သော လျှိုကြီးနှစ်ဖက်ကို ဖြတ်ကျော်တည်ဆောက် ထားခြင်း ဖြစ်ပါတယ်။ ရှမ်းဘာသာအခေါ် ငုပ်ထိပ်တံတားမှ ဂုတ်ထိပ်ဟူ၍ အမည်တွင်လာခဲ့သော တံတားဖြစ်သည်။

ထောင်ခုနစ်ရက်ကျအကျဉ်းသား အင်းစိန်ထောင်ရောက်ပြီး ၂၄ နာရီအတွင်း သေဆုံးသွား



အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ထောင်ခုနစ်ရက်ကျသည့် အကျဉ်းသားတစ်ဦးထောင်ထဲရောက်ပြီး ၂၄ နာရီအတွင်းထောင်ဆေးရုံ၌ သေဆုံးသွားကြောင်း သတင်းရရှိသည်။ သာကေတမြို့နယ်အတွင်းနေအမျိုးသားတစ်ဦးသည် ရန်ကုန်ရဲအက်ပုဒ်မ-၄၁(၁၄)ဖြင့် သာကေတမြို့နယ်တရားရုံးက ဒီဇင်ဘာ ၁၉ ရက်တွင် ထောင်ဒဏ်ခုနစ်ရက်စီရင်ချက်ချမှတ်ခံခဲ့ရသည်။

ထို့ကြောင့်အင်းစိန်ဗဟိုအကျဉ်းထောင် အိပ်ဆောင်အမှတ် (၁) အခန်း ၅ ၌ ညဘက်တွင်ချုပ်နှောင်ထားစဉ် အသည်းနှင့် အူအတက်ရောဂါဖြစ်ပွားသောကြောင့် ၎င်းအကျဉ်းသားကို ထောင်ဆေးရုံသို့ ပို့ကာ ဆေးကုပေးခဲ့သည်။ ထိုသို့ ထောင်ဆေးရုံတွင်ဆေးကုပေးနေစဉ် နောက်တစ်နေ့ဒီဇင်ဘာ ၂၀ ရက် ညနေအချိန်၌ အကျဉ်းသားမှာသေဆုံးသွားခဲ့ခြင်းဖြစ်သည်။

သေဆုံးသူ၏အလောင်းကို စစ်ဆေးကြည့်ရာ ပြင်ပဒဏ်ရာမတွေ့ဘဲ ယင်းသေဆုံးမှုမှာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်၊ မဟုတ်စစ်ဆေးနိုင်ရန်အင်းစိန်မြို့မရဲစခန်းကသေမှု သေခင်းဖြင့်အမှုဖွင့်ပြီး အင်းစိန်မြို့မစခန်းမှူးကိုယ်တိုင် စစ်ဆေးနေကြောင်း ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၂၁ ရက် တွင်ပြောသည်။

7Day Daily

အလှဆုံးအလှမယ် ဆန်ခါတင်၃၀စာရင်းမှာ ထပ်မံရွေးချယ်ခံရတဲ့ ခင်ဝင့်ဝါ

ဓာတ်ပုံ - People

The Ideal Beauty ၀က်ဘ်ဆိုက်က ရွေးချယ်ထားသော အချောလှဆုံးအလှမယ်ဦးရေတစ်ရာထဲမှ ထပ်မံရွေးချယ်သည့် ဆန်ခါတင် ၃၀ စာရင်းတွင် ခင်ဝင့်ဝါ ထပ်မံပါဝင်နေကြောင်း သတင်းရရှိသည်။
အလှမယ် ၅၈၅ ဦးထဲမှ ပထမဆုံးရွေးချယ်ခဲ့သော ဆန်ခါတင် ဦးရေ၁၀၀စာရင်းတွင် ခင်ဝင့်ဝါပါဝင်ခဲ့ပြီး အဆင့်ဆင့်ထပ်မံ၍ ဆန်ခါတင်ရွေးချယ်ခဲ့သော ၃၀ ဦး စာရင်းတွင် ပါဝင်လာခဲ့သည်။ ၂၀၁၃ ခုနှစ်အတွင်း နာမည်အကြီးဆုံးနှင့် အဆင့်မီသည့်အလှမယ်ပြိုင်ပွဲများဖြစ်သော Miss World, Miss Universe, Miss Supranational, Miss Earth, Miss International, Miss Grand International 2013 ၂၀၁၃ အလှမယ်ပြိုင်ပွဲကြီးများအားလုံးထဲမှ ပြိုင်ပွဲဝင်အလှမယ် ၅၈၅ဦးထဲမှ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ““အစက ၅၈၅ ယောက်ထဲက ဒိုင်တွေက အယောက် ၁၀၀ ကို ရွေးတယ်။ အဲဒီထဲကမှ အယောက် ၅၀ ကို ရွေးတယ်။ ဒိုင်တွေရွေး လိုက်တဲ့ အယောက် ၅၀ ထဲမှာထပ်ပြီး ဒိုင်တွေက ၂၅ ယောက်ရွေးတယ်။ ကျန်ငါးယောက်ကို ပရိသတ်ကို ရွေးခိုင်းတယ်။ Like အများဆုံးရတဲ့ ငါးယောက်က ဒီအ ယောက်သုံးဆယ်ထဲမှာ ရွေးခံရတာပါ။

၁၅ ယောက်ထပ်ရွေးမယ် လို့ ကြားတယ်။ ဘယ်နေ့ရွေးမှာလဲတော့မသိသေးဘူး”” ဟု Miss Golden Land Myanmar Organization မှ နေရှင်နယ်ဒါ ရိုက်တာ ကိုဝေယံအောင်ကပြောသည်။ထပ်မံအဆင့်ဆင့် ရွေးချယ် ကာ The Ideal Beauty's Most Beautiful Woman in 2013 ၂၀၁၃ အ ဖြစ် ရွေးချယ်ခံရသူက Diamond Trophy ဆုချီးမြှင့်ခံရမည်ဖြစ်သည်။

သုံးဘီးဆိုင်ကယ်အား ဆတ်တစ်ကောင် ဝင်တိုက် လူသေဆုံးမှု ဖြစ်ပွား

ထားဝယ် ဒီဇင်ဘာ ၂၃

တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့မှ မောင်းမကန် ပင်လယ်ကမ်းခြေသို့ မောင်းနှင်နေသော သုံးဘီးဆိုင်ကယ်နှင့် ဆတ်တစ်ကောင် ဒီဇင်ဘာ ၂ဝ ရက် မွန်းလွဲ ၂ နာရီက တိုက်မိမှု ဖြစ်ပွားခဲ့သည်။

ဖြစ်ပွားပုံမှာ လောင်းလုံမြို့နယ် တောရှည်ရွာအနီး တောအုပ်ထဲမှ ဆတ်တစ်ကောင်သည် ညွှတ်ကွင်းမှ လွတ်မြောက်ထွက်ပြေးပြီး ထားဝယ်မြို့မှ မောင်းမကန် ပင်လယ်ကမ်းခြေသို့ သန့်ဇော်ထွန်း မောင်းနှင်လာသော ၅ဟ/-----ကို အရှိန်ဖြင့် ဝင်တိုက်မိရာ သုံးဘီးဆိုင်ကယ် တိမ်းမှောက်သွားပြီး သုံးဘီးဆိုင်ကယ်ပေါ်တွင် လိုက်ပါလာသော ထွန်းထွန်းနိုင် ၃၉ နှစ်မှာ ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။ ထွန်းထွန်းနိုင်အား ထားဝယ် အထွေထွေ ရောဂါကုဆေးရုံကြီးသို့ တင်ပို့ရာ ယမန်နေ့ နံနက်ပိုင်းက သေဆုံးသွားကြောင်း သိရသည်။


မြ၀တီ

ချစ်သုဝေ ပြောပြတဲ့ ဘာသာတရားအနှစ်သာရနှင့် ခရစ္စမတ်အမှတ်တရအကြောင်း


အခုနှစ်ဒီဇင်ဘာ ၂၅ရက်နေ့မှာ ဆိုရင် ခရစ်ယာန်ဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ ခရစ္စမတ် ရက်မြတ်ကို ရောက်ရှိတော့မှာဖြစ် ပါတယ်။ ပေါ်ပြူလာဂျာနယ်က ခရစ္စမတ်အကြိုဂုဏ်ပြုတင်ဆက်ဖို့ ခရစ္စမတ်မြင်ကွင်းဓာတ်ပုံ ရိုက်ကူး ရန်စီစဉ်တဲ့အခါမှာတော့ ခရစ်ယာန် ဘာသာဝင်တစ်ဦးလည်းဖြစ် မကြာမီ ကာလအတွင်းမှာလည်း မင်္ဂလာ လက်ထပ်ပွဲဆင်နွှဲတော့မယ့်သူလည်း ဖြစ်သူ၊သရုပ်ဆောင်အဆိုတော် ချစ်သုဝေနဲ့အတူ ချစ်စရာ သမီးငယ် လေးတွေ၊ သားငယ်လေးတွေ ပါဝင် ဝန်းရံကာ
ချစ်သုဝေရဲ့နေအိမ်မှာပဲ ပုံဖော်ရိုက်ကူးဖြစ်ခဲ့ပါတယ်။ အဲဒီလို ခရစ္စမတ်ကာလအပြင်အဆင်လေးတွေကိုတော့ ချစ်သုဝေနဲ့ ချစ်ဆုဝေ တို့ညီအစ်မနှစ်ဦးက နေအိမ် မှာ နှစ် တိုင်းလိုလိုပင် အလှဆင်လေ့ရှိပါတယ်။ ဒီလိုလှပတဲ့ ခရစ္စမတ်အပြင် အဆင်တွေနဲ့အတူ ချစ်သုဝေရဲ့ တူ မလေး မေစံပယ်(Vee Vee)၊ဒီဇိုင်နာ မပုံ့(My Favourite)ရဲ့ သမီးကြီး ပိုး မြတ်ဟေသာ၊ သမီး လတ်ဆိုဖီယာ၊ သားအော်စကာတို့နဲ့အတူ ခရစ္စမတ် အမှတ်တရပုံရိပ်၊ အပျော်ပုံရိပ်လေး တွေကို ကြည်နူးပီတိ ဖြစ်ဖွယ် ဓာတ်ပုံ ရိုက်ကူး ကာ ပုံဖော်ဖြစ်ခဲ့ပြီး သရုပ်ဆောင်၊အဆိုတော်ချစ်သုဝေနဲ့ ရင်တွင်းစကားသံများကိုလည်း မေး မြန်းဖြစ်ခဲ့ပါတယ်။

►ခရစ္စမတ်ဆိုတာ -

ခရစ္စမတ်ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ ပျော်စရာကောင်း တဲ့နေ့ရက်လည်း ဖြစ်ကြောင်းကို ချစ်သုဝေက “ခရစ္စမတ်ဆိုတာ ခရစ်ယာန်ဘာသာဝင်တွေ အတွက် လူသားတွေ ကို ကယ်တင်ဖို့အတွက် သခင်ယေရှုမွေးဖွားလာတဲ့ နေ့ထူး၊နေ့မြတ်နေ့ ရက်ကလေးတစ်ခုဖြစ်တယ်။ ခရစ္စယာန်တစ်ယောက်အနေနဲ့ ရိုးရိုးသာမန်လူ ဆိုရင် တောင် ခရစ္စမတ်ဆိုရင် ဘယ်သူဖြစ်ဖြစ် ပျော်တတ်ကြတာဆိုတော့ ဆောင်းတွင်းလေး လည်းဖြစ်တယ်။ ဒီခရစ္စမတ်ရဲ့ အနှစ်သာရလေးကလည်း ပြည့်စုံတယ် ဆိုတော့ ထရီဇာ အတွက် တအားပျော်တဲ့ကာလပေါ့”လို့ ပြောပါတယ်။

၂၀၁၆ ဆူဇူကီးဖလား မြန်မာနှင့် ဖိလစ်ပိုင် ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရ


ရန်ကုန်- မြန်မာနိုင်ငံက ဆူဇူကီးဖလားပြိုင်ပွဲကို လာမည့် ၂၀၁၆ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံနှင့်အတူ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခွင့်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းရရှိသည်။

အာဆီယံဒေသတွင်း အဆင့်အမြင့်ဆုံးပြိုင်ပွဲတစ်ခုဖြစ်သော ဆူဇူကီးဖလားပြိုင်ပွဲကို ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ဖိလစ်ပိုင်နိုင်ငံနှင့်အတူ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ကို ဒီဇင်ဘာ ၂၁ ရက်တွင် နေပြည်တော်၌ပြုလုပ်သော အာဆီယံအဖွဲ့ချုပ် အလုပ်အမှုဆောင်အစည်းအဝေးက ဆုံးဖြတ်အတည်ပြုခဲ့ခြင်းဖြစ်သည်

ဆူဇူကီးဖလားမှာ ယခင်တိုက်ဂါးဖလားအမည်ဖြင့် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲတစ်လျှောက်တွင် မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

“၂၀၁၆ မှ အိမ်ရှင်အဖြစ် ကျင်းပမှာပါ။ အိမ်ရှင်ဖြစ်လို့ မြန်မာအသင်း ခြေစစ်ပွဲကန်စရာလိုမှာလား။ အလိုအလျောက် အုပ်စုအဆင့်တက်မှာလားဆိုတာတော့ ခုထိမသိသေးပါဘူး”ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အမျိုးသမီးကွင်းလယ်ကစားသမား သန်းသန်းထွေးကို လက်ဆွဲနှုတ်ဆက်ရန် ပွဲကြည့်စင်ပေါ်မှခုန်ချသူ ခြေထောက်ရိုးနှစ်ချောင်းကျိုး


မန္တလေး- မြန်မာအမျိုးသမီးဘောလုံးအသင်း၏ ကွင်းလယ်ကစားသမား သန်းသန်းထွေးကို လက်ဆွဲနှုတ်ဆက်လိုသောကြောင့် ပွဲကြည့်စင်ပေါ်မှ ခုန်ချခဲ့သည့် အမျိုးသားတစ်ဦးဘယ်ဘက် ခြေထောက်ရိုးနှစ်ချောင်းကျိုးသွား၍ မန္တလေး
ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ရကြောင်း သတင်းရရှိသည်။

ယခုလ ၂၀ ရက် ညနေ ၄ နာရီမှ ၆ နာရီအတွင်း ကျင်းပသည့် အမျိုးသမီးဆီးဂိမ်းဘော လုံးပြိုင်ပွဲတတိယနေရာလုပွဲ၌ မြန်မာအသင်းနှင့် မလေးရှားအသင်းတို့ ကစားခဲ့သည့် ပွဲစဉ်အပြီးတွင် တတိယနေရာရခဲ့သည့် မြန်မာအမျိုးသမီးအသင်းကပွဲကြည့် စင်တစ်လျှောက်လုံးရှိ ပရိသတ်များကို လိုက်လံနှုတ်ဆက်ခဲ့သည်။

ထိုအချိန်တွင် ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင် ရပ်ကွက်နေသူ အသက် (၂၄) နှစ် အရွယ်အမျိုးသားတစ်ဦးသည် ကျောနံပါတ် ၇ ကွင်းလယ်ကစားသမားသန်းသန်းထွေးကို အနီးကပ်လက် ဆွဲနှုတ်ဆက်လို၍ ပွဲကြည့်စင်ပေါ်မှ ခုန်ချခဲ့ရာ ဘယ်ဘက်ခြေ ထောက်ရိုးနှစ်ချောင်းကျိုးသွားသည်။ ၎င်းကို ညနေ၆နာရီခွဲတွင် မန္တလေးဆေးရုံကြီးသို့ အရေးပေါ် လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ကာ ဆေးကုသမှုခံယူစေခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဆီးဂိမ်းပရိသတ်များကို ဖမ်းစားခဲ့သော ပြကွက်ရှစ်ကွက်

Photo: ဆီးဂိမ်းပရိသတ်များကို ဖမ်းစားခဲ့သော ပြကွက်ရှစ်ကွက်
-----------------
ရေးသားသူ- သတင်းအဖွဲ့

အရှေ့တောင်အာရှတွင် အကြီးကျယ်ဆုံးအားကစားပြိုင်ပွဲဖြစ်သည့် ဆီးဂိမ်းပြိုင်ပွဲကြီးကို (၄၄)နှစ်အကြာမှ ပြန်လည်ကျင်းပခွင့်ရသော မြန်မာတို့က အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ ဒီဇင်ဘာ ၄ ရက်မှ ဒီဇင်ဘာ ၂၂ ရက်အထိ ယှဉ်ပြိုင်ခဲ့သော အားကစားနည်း ၃၇ မျိုး၏ ပြိုင်ပွဲများပြီးသွားသော်လည်း ပရိသတ်များ၏အာရုံကို ဖမ်းစားနေသော ပြကွက်များက  အမြောက်အမြားကျန်ရှိခဲ့သည်။ ပြိုင်ပွဲတွင် မြန်မာကစားသမားများ၏ အကောင်းဆုံးယှဉ်ပြိုင်ခဲ့မှုများနှင့် အညံ့ဆုံးယှဉ်ပြိုင်ခဲ့မှုများထဲမှအချို့ကို ပရိသတ်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။

ရိုးရာလှေကို အင်ဂျင်တပ်မောင်းသကဲ့သို့ လှော်ပြသူများ

မြန်မာအသင်း ရွှေတံဆိပ် ၁၄ ခုထိ ရယူပေးနိုင်ခဲ့သော ရိုးရာလှေလှော်ပြိုင်ပွဲများ၏ နောက်ဆုံးပွဲစဉ်ဖြစ်သည့် အမျိုးသား၊ အမျိုးသမီးပေါင်း တက် ၂၀ လှော်မီတာ ၂၀၀၀ ပြိုင်ပွဲတွင် မြန်မာအသင်းက နောက်ဆုံးပန်းဝင်ခါနီး မယုံကြည်နိုင်လောက်ဖွယ် အမြန်နှုန်းဖြင့် ပြိုင်ဘက်များကို ကျော်ဖြတ်ဗိုလ်စွဲခဲ့သောအချိန်ကို မေ့ရန်မဖြစ်နိုင်ပါ။

မြန်မာအသင်းက အင်ဒိုနီးရှားအသင်းနောက်ရောက်နေရာမှ နောက်ဆုံးပန်တိုင်သို့ဝင်ခါနီးတွင် နောက်မှလိုက်၍ ကျော်တက်ကာ အနိုင်ရခဲ့ပြီး ပရိသတ်များ အံ့သြသွားအောင် စွမ်းဆောင်ပြလိုက်သည်။ မြန်မာအသင်းက ပန်းဝင်ချိန်တွင် ၇ မိနစ်နှင့် ၄၄ စက္ကန့်ဖြင့်ဝင်ရောက်ခဲ့ပြီး အင်ဒိုနီးရှားအသင်းက ၇ မိနစ် ၄၇ စက္ကန့်ဖြင့် ၀င်ရောက်ခဲ့သောကြောင့် မြန်မာအသင်းက သုံးစက္ကန့် အသာဖြင့် အနိုင်ရ၍ ရွှေတံဆိပ်ဆုရရှိခဲ့သည်။

ယင်းပြိုင်ပွဲသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဆီးဂိမ်းပြိုင်ပွဲတစ်လျှောက် ပထမဦးဆုံးအကြိမ် လာရောက်အားပေးခဲ့ပြီး ကိုယ်တိုင်ဆုချီးမြှင့်ခဲ့သည်။

ပရိသတ်ကိုစိတ်ပျက်စေသော စောငမန်း

မွေလက်ဝှေ့ ၇၅ ကီလိုတန်းတွင် ဘိုင်ရထားမှုကြောင့် တစ်ပွဲမှမထိုးရဘဲ ဗိုလ်လုပွဲတစ်ပွဲသာ ယှဉ်ပြိုင်ရသော နာမည်ကြီးစောငမန်း၏ ရင့်ကျက်မှုမရှိဘဲ အခွင့်အရေးကိုဖြုန်းတီးမှုမှာ မြန်မာပရိသတ်များ မချင့်မရဲဖြစ်စေခဲ့သည်။ စောငမန်းနှင့် မလေးရှားကစားသမား ဘင်ရမ်လီတို့ပွဲတွင် ပထမအချီနှင့် ဒုတိယအချီ၌ စောငမန်းက အမှတ်အသာရအောင် စွမ်းဆောင်နိုင်ပါလျက် ဒုတိယအချီတွင် ဘင်ရမ်လီမှာ စောငမန်းခြေကန်ချက်ကြောင့် ဖင်ထိုင်လဲကျနေစဉ် စောငမန်းက ခေါင်းကို နောက်မှပိတ်ကန်ကာ ပြစ်ဒဏ်ကျူးလွန်ခဲ့သည်။ ထိုပြစ်ဒဏ်ကျူးလွန်မှုကြောင့်ပင် ပရိသတ်များအားလုံးက နိုင်မည်ဟုခန့်မှန်းထားသော စောငမန်းမှာ အမှတ်လျှော့ခံရပြီး ရှုံးနိမ့်ခဲ့၍ ပရိသတ်များစိတ်ပျက်ခဲ့ရသည်။

ထွန်းထွန်းမင်း၏ ပြင်းထန်လှသောခြေကန်ချက်

မွေလက်ဝှေ့ပြိုင်ပွဲဗိုလ်လုပွဲစဉ်များအနက် အမျိုးသား ၇၀ ကီလိုတန်းတွင် ထွန်းထွန်းမင်းက ပြိုင်ဘက်အင်ဒိုနီးရှားအားကစားသမား အင်ဒရာအာရှရှိ၏လည်မျိုကို ဒုတိယအချီအရောက်၌ ပြင်းထန်လှသောခြေကန်ချက်ဖြင့် ကန်လိုက်ရာ အင်ဒိုကစားသမားအရုပ်ကြိုးပြတ်လဲကျပြီး သတိလစ်သွားခဲ့သည်။ ချက်ကောင်းကို အားပါလှသော ခြေကန်ချက်ထိသွား၍ ပရိသတ်များပင် အင်ဒိုကစားသမား၏ အသက်အန္တရာယ်ကို ပူပန်ခဲ့ကြရသည်။ ကြိုးဝိုင်းအတွင်း သတိလစ်သွားရာ ရှေးဦးသူနာပြုများ ၀ိုင်းဝန်းပြုစုပြီး အင်ဒရာ သတိပြန်ရလာမှ ပရိသတ်များ သက်ပြင်းချနိုင်သည်။ နိုင်ငံအတွက် ရွှေဆုကို ထိုက်ထိုက်တန်တန်ရယူပေးခဲ့ပြီး မွေလက်ဝှေ့နည်းဖြင့် ယှဉ်ပြိုင်ရာမှာပင် မြန်မာ့လက်ဝှေ့၏ မာဂုဏ်ကိုပြနိုင်ခဲ့၍ မြန်မာ့လက်ဝှေ့ပရိသတ်များ ဂုဏ်ယူဝင့်ကြွားနိုင်ခဲ့သည်။

အမျိုးသားဘောလုံးအသင်းနှင့် အခါးသီးဆုံးည

ဆီးဂီမ်းအမျိုးသား ယူ-၂၃ ဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်တွင် မြန်မာအသင်းမှာ အင်ဒိုနီးရှားအသင်းကို သရေကျလျှင်ပင် အကြိုဗိုလ်လုပွဲတက်မည်ဖြစ်ပါလျက် စိတ်ပျက်ဖွယ်ခြေစွမ်းဖြင့်ကစားပြီး တစ်ဂိုးတည်းဖြင့်ကပ်ရှုံးကာ ပြိုင်ပွဲမှထွက်ခဲ့ရသော ဒီဇင်ဘာ ၁၆ ရက် ညသည် မြန်မာနိုင်ငံအတွက် အခါးသီးဆုံးညဖြစ်ခဲ့သည်။ ထိပ်တိုက်တွေ့ဆုံမှုဖြင့် ဆုံးဖြတ်မည်ကို ပွဲပြီးမှသိသည်ဟုဆိုသော နည်းပြချုပ်ပတ်ဆောင်ဟွာ၏ အံ့သြဖွယ်လွဲချော်၊ ညံ့ဖျင်းမှု၊ လူထုတ်ပုံအမှား၊ ရှေ့တွင်ကန်ခဲ့သောသုံးပွဲတွင် အကောင်းဆုံးခြေစွမ်းနှင့် ရမှတ်တို့ရထားသည့် မြန်မာယူ-၂၃ အသင်းမှာ ကွင်းလုံးပြည့်အားပေးနေသည့် ပရိသတ်ရှေ့တွင် သူရဲဘောကြောင်စွာကစားခဲ့ပြီး ရှုံးနိမ့်ခဲ့သည်။ တစ်နိုင်ငံလုံးမှ ဘောလုံးပရိသတ်များ ယူကျုံးမရသည်မှာ ခြေစွမ်းရှိပါလျက် ပုံမှန်ခြေစွမ်းကို မပြသနိုင်ဘဲ အင်ဒိုနီးရှားကို ခြေရှုံး၊ ဂိုးရှုံးဖြင့် ပြိုင်ပွဲမှထွက်ခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် ပရိသတ်အချို့ စိတ်မထိန်းနိုင်ဘဲ ကွင်းထဲအထိဝင်ရောက်ခြင်း၊ ၀တ်ထားသော ဘောလုံးအင်္ကျီနှင့် ဆိုင်းဘုတ်များကို မီးရှို့ခြင်း စသည့်ရမ်းကားမှုများကို ပြုလုပ်ခဲ့ကြသည်။

ပိုက်ကျော်ခြင်းနှစ်ယောက်တွဲ အသင်းလိုက် ဗိုလ်လုပွဲပြကွက်

ပိုက်ကျော်ခြင်းအမျိုးသားနှစ်ယောက်တွဲ အသင်းလိုက် နောက်ဆုံးဗိုလ်လုပွဲတွင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ တွေ့ဆုံခဲ့ပြီး နောက်ဆုံးပွဲစဉ် နောက်ဆုံးအချိန်အထိ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရပြီး ပရိသတ်များကို အကောင်းဆုံးတင်ဆက်ခဲ့သည်။

ဒီဇင်ဘာ ၂၀ ရက်က ယှဉ်ပြိုင်သော ပိုက်ကျော်ခြင်းဗိုလ်လုပွဲတွင် မြန်မာနှင့် အင်ဒိုနီးရှားတို့၏ ပထမပွဲစဉ်တွင် မြန်မာအသင်းအမှားကြောင့် အင်ဒိုနီးရှားအသင်းကို နောက်ဆုံးအချိန်ထိ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ပြီးမှ နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးရလဒ်ဖြင့် အနိုင်ရကာ ရွှေတံဆိပ်ဆုရရှိခဲ့သည်။

ထိုပွဲကို လူ ၅၀၀၀ ဆံ့ ၀ဏ္ဏသိဒ္ဓိအားကစားရုံ (ခ)အပြည့် ပရိသတ်များ လာရောက်အားပေးခဲ့ကြသည်။

မြန်မာအမျိုးသမီးဘောလုံးအသင်း၏ တိုက်ပွဲဝင်စိတ်ဓာတ်

ဆီးဂီမ်းအမျိုးသမီးဘောလုံးအကြိုဗိုလ်လုပွဲတွင် မြန်အသင်းမှာ ထိုင်း၏ အကြိမ်ကြိမ်ဦးဆောင်ဂိုးသွင်းမှု ခံခဲ့ရသော်လည်း အားကစားစိတ်ဓာတ်အပြည့်ဖြင့် အရှုံးမပေးဘဲ အကြိမ်ကြိမ်ပြန်လည်ချေပကာ ပယ်နယ်တီအဆုံးအဖြတ်ခံယူရသည်အထိ သုံးနာရီကျော်ကြာ အသံမဲ့တိုက်ပွဲတွင် ရဲရဲတောက်စိတ်ဓာတ်ကို ပြသနိုင်ခဲ့၍ တစ်နိုင်ငံလုံးက ဂုဏ်ပြုခဲ့ရသည်။ ပွဲချိန်အတွင်း တစ်ဂိုးစီသရေကျပြီး အချိန်ပိုတွင် တစ်ဂိုးစီထပ်သွင်း၍ ပယ်နယ်တီဆုံးဖြတ်ရာ ကိုးလုံးစီအထိ ကန်ရာတွင်မှ မြန်မာက ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ရှုံးပွဲကြောင့် ယူကျုံးမရငိုကြွေးနေသော မြန်မာဘောလုံးအမျိုးသမီးအသင်း၏ အားကစားသမားပီသသော စိတ်ဓာတ်၊ နောက်ဆုံးအချိန်အထိ အနိုင်မခံအရှုံးမပေး တိုက်ပွဲဝင်စိတ်ဓာတ်များကြောင့် 
တစ်နိုင်ငံလုံးက အပြစ်မတင်ရက်ဘဲ၊ ပြည်သူကပေးသော ချန်ပီယံဆုကိုပဲ ပေးအပ်ဂုဏ်ပြုလိုက်သည်။ ထိုပွဲအခိုက်အတန့်မှာ ဒေသတွင်းအားကစားပွဲတော်၏ အဓိပ္ပာယ်ကို ပိုမိုလေးနက်စေခဲ့ပြီး ပိုမိုလှပစေခဲ့သည်။

နေသွေးဦးနှင့် ကမ္ဘာချန်ပီယံတို့၏ အားစမ်းပွဲ

ဘိလိယက်အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲစဉ်တွင် စင်ကာပူနိုင်ငံသား ကမ္ဘာ့ချန်ပီယံနှင့် မြန်မာမှ နေသွေးဦးတို့ ယှဉ်ပြိုင်သည့်ပွဲစဉ်တွင် နေသွေးဦးက ကမ္ဘာ့ချန်ပီယံကို ရှိန်မနေဘဲ နောက်ဆုံးအချိန်ထိ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကာ ၂-၃ ပွဲရလဒ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ပထမသုံးပွဲအပြီးတွင် နေသွေးဦးက နှစ်ပွဲ-တစ်ပွဲဖြင့် နိုင်နေရာမှ နောက်ဆုံးနှစ်ပွဲတွင် ဘိလိယက်ကမ္ဘာ့ချန်ပီယံကစားသမားကို နှစ်ပွဲဆက်ရှုံးပြီး ရွှေဆုနှင့်လွဲချော်ခဲ့သည်။ ရှုံးနိမ့်ခဲ့သော်လည်း ရုံပြည့်လာရောက်အားပေးကြသော ဘိလိယက်ဝါသနာရှင်များက နေသွေးဦးကို ချီးကျူးဂုဏ်ပြုခဲ့ကြသည်။

ဝါကာဝါကာတီးလုံးကြားမှ အလှဆုံးကကွက်

ရှာကီရာ၏ ကမ္ဘာကျော် ၀ါကာဝါကာသီချင်းတီးလုံးများဖြင့် လှပလွန်းသော ကြွက်သားများကိုထုတ်ပြကာ ပြိုင်ဘက်များထက် ဖျော်ဖြေမှုပေးပြီး ၉၀ ကီလိုတန်း ကာယဗလဗိုလ်လုပွဲတွင် ယှဉ်ပြိုင်ခဲ့သော မင်းဇော်ဦး၏ယှဉ်ပြိုင်ဟန်မှာ ဆီးဂိမ်းပရိသတ်များအကြား မေ့ပျောက်နိုင်မည်မဟုတ်ပေ။ ပြိုင်ဘက်အားလုံးနီးပါးမှာလည်း လှပသောကြွက်သားများဖြင့် အကောင်းဆုံးယှဉ်ပြိုင်ချိန်တွင် မင်းဇော်ဦး၏ ဗျူဟာမြောက်စွာ ဖျော်ဖြေမှုအပြည့်ဖြင့် ၀ါကာဝါကာတီးလုံးများအကြား အချိုးကျလိုက်ဖက်ညီစွာ ကြွက်သားများကို ကြွကြွရွရွလှစ်ပြမှုမှာ ကာယဗလပြိုင်ပွဲနှင့် မနီးစပ်သူများကိုပင် အံ့သြမှင်တက် အကြိုက်တွေ့စေခဲ့သည်။ ဆုရရှိသူကြေညာအပြီး ပြိုင်ဘက်ကစားသမားများကပင် မင်းဇော်ဦးကို လေးလေးစားစားဂုဏ်ပြုခဲ့သည့် ပုံရိပ်များမှာလည်း သူ၏အရည်အချင်းကို မှတ်ကျောက်တင်စေခဲ့သည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
ရေးသားသူ- သတင်းအဖွဲ့

အရှေ့တောင်အာရှတွင် အကြီးကျယ်ဆုံးအားကစားပြိုင်ပွဲဖြစ်သည့် ဆီးဂိမ်းပြိုင်ပွဲကြီးကို (၄၄)နှစ်အကြာမှ ပြန်လည်ကျင်းပခွင့်ရသော မြန်မာတို့က အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ ဒီဇင်ဘာ ၄ ရက်မှ ဒီဇင်ဘာ ၂၂ ရက်အထိ ယှဉ်ပြိုင်ခဲ့သော အားကစားနည်း ၃၇ မျိုး၏ ပြိုင်ပွဲများပြီးသွားသော်လည်း ပရိသတ်များ၏အာရုံကို ဖမ်းစားနေသော ပြကွက်များက အမြောက်အမြားကျန်ရှိခဲ့သည်။ ပြိုင်ပွဲတွင် မြန်မာကစားသမားများ၏ အကောင်းဆုံးယှဉ်ပြိုင်ခဲ့မှုများနှင့် အညံ့ဆုံးယှဉ်ပြိုင်ခဲ့မှုများထဲမှအချို့ကို ပရိသတ်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။

ရိုးရာလှေကို အင်ဂျင်တပ်မောင်းသကဲ့သို့ လှော်ပြသူများ

မြန်မာအသင်း ရွှေတံဆိပ် ၁၄ ခုထိ ရယူပေးနိုင်ခဲ့သော ရိုးရာလှေလှော်ပြိုင်ပွဲများ၏ နောက်ဆုံးပွဲစဉ်ဖြစ်သည့် အမျိုးသား၊ အမျိုးသမီးပေါင်း တက် ၂၀ လှော်မီတာ ၂၀၀၀ ပြိုင်ပွဲတွင် မြန်မာအသင်းက နောက်ဆုံးပန်းဝင်ခါနီး မယုံကြည်နိုင်လောက်ဖွယ် အမြန်နှုန်းဖြင့် ပြိုင်ဘက်များကို ကျော်ဖြတ်ဗိုလ်စွဲခဲ့သောအချိန်ကို မေ့ရန်မဖြစ်နိုင်ပါ။

မြန်မာအသင်းကအင်ဒိုနီးရှားအသင်းနောက်ရောက်နေရာမှ နောက်ဆုံးပန်တိုင်သို့ဝင်ခါနီးတွင် နောက်မှလိုက်၍ ကျော်တက်ကာ အနိုင်ရခဲ့ပြီး ပရိသတ်များ အံ့သြသွားအောင် စွမ်းဆောင်ပြလိုက်သည်။ မြန်မာအသင်းက ပန်းဝင်ချိန်တွင် ၇ မိနစ်နှင့် ၄၄ စက္ကန့်ဖြင့်ဝင်ရောက်ခဲ့ပြီး အင်ဒိုနီးရှားအသင်းက ၇ မိနစ် ၄၇ စက္ကန့်ဖြင့် ၀င်ရောက်ခဲ့သောကြောင့် မြန်မာအသင်းက သုံးစက္ကန့် အသာဖြင့် အနိုင်ရ၍ ရွှေတံဆိပ်ဆုရရှိခဲ့သည်။

ယင်းပြိုင်ပွဲသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဆီးဂိမ်းပြိုင်ပွဲတစ်လျှောက် ပထမဦးဆုံးအကြိမ် လာရောက်အားပေးခဲ့ပြီး ကိုယ်တိုင်ဆုချီးမြှင့်ခဲ့သည်။

ဖလော်ရီဒါသားတစ်ဦး မိကျောင်းနှင့် ဘီယာလဲသောက်၍ ထောင်ကျဖွယ်ရှိ

Photo: ဖလော်ရီဒါသားတစ်ဦး မိကျောင်းနှင့် ဘီယာလဲသောက်၍ ထောင်ကျဖွယ်ရှိ

တယ်လာဆီ၊ ဒီဇင်ဘာ ၂၁

အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါသား တစ်ဦးဟာ လေးပေလောက်ရှိတဲ့ မိကျောင်း တစ်ကောင်နဲ့ ဘီယာဘူးတွေကိုလဲဖို့ ကြိုးစားခဲ့တာကြောင့် သားရိုင်းတိရစ္ဆာန် ရောင်းဝယ် ဖောက်ကားမှု တားမြစ်ထားတဲ့ ပြည်နယ်ဥပဒေနဲ့ ထောင်ကျဖွယ် ရှိတယ်လို့ Sky news သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

ဖာနန်ဒိုအဂူလီယာလို့ အမည်ရတဲ့ ဒီဖလော်ရီဒါ နယ်သားဟာ မိကျောင်း တစ်ကောင်အတွက် ၎င်းဟာ မီယာမီ စတိုးဆိုင် တစ်ဆိုင်မှာ ဘီယာ ၁၂ ဖာ တောင်းခဲ့တာ ဖြစ်ပါတယ်။

ဖာနန်ဒိုအဂူလီယာဟာ အနီးအနားက ပန်းခြံတစ်ခုထဲမှာ မိကျောင်းကို ထုပ်ပိုးပြီး ထားခဲ့တယ်လို့ ဖလော်ရီဒါသား ငါးနဲ့ သားရိုင်းတိရစ္ဆာန် ထိန်းသိမ်း စောင့်ရှောက်ရေး အရာရှိ ဂျော့ပီနိုက ဒေသခံ မီဒီယာများကို ပြောကြားခဲ့သည်။

စတိုးဆိုင်စာရေးက ဆိုင်ထဲကို မိကျောင်းကိုတုပ်ပြီး သယ်လာသူကို တွေ့ရှိပြီးနောက် အာဏာပိုင်ကို အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

တိရစ္ဆာန် ထိန်းသိမ်း စောင့်ရှောက်ရေး ဥပဒေအရ ယင်းပြစ်မှု ကျူးလွန်သူသည် ထောင်ဒဏ် ခြောက်လနှင့် ငွေဒဏ် ဒေါ်လာ ၅၀၀ အထိ ကျခံရစေနိုင်သည်။

မိကျောင်းမှာ ဒဏ်ရာ တစ်စုံတစ်ရာ ရရှိခြင်းမရှိဘဲ တောထဲသို့ ပြန်လည် စေလွှတ် ပေးလိုက်ပြီ ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။

တယ်လာဆီ၊ ဒီဇင်ဘာ ၂၁

အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါသား တစ်ဦးဟာ လေးပေလောက်ရှိတဲ့ မိကျောင်း တစ်ကောင်နဲ့ ဘီယာဘူးတွေကိုလဲဖို့ ကြိုးစားခဲ့တာကြောင့် သားရိုင်းတိရစ္ဆာန် ရောင်းဝယ် ဖောက်ကားမှု တားမြစ်ထားတဲ့ ပြည်နယ်ဥပဒေနဲ့ ထောင်ကျဖွယ် ရှိတယ်လို့ Sky news သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

ဖာနန်ဒိုအဂူလီယာလို့ အမည်ရတဲ့ ဒီဖလော်ရီဒါ နယ်သားဟာ မိကျောင်း တစ်ကောင်အတွက် ၎င်းဟာ မီယာမီ စတိုးဆိုင် တစ်ဆိုင်မှာ ဘီယာ ၁၂ ဖာ တောင်းခဲ့တာ ဖြစ်ပါတယ်။

ဖာနန်ဒိုအဂူလီယာဟာ အနီးအနားက ပန်းခြံတစ်ခုထဲမှာ မိကျောင်းကို ထုပ်ပိုးပြီး ထားခဲ့တယ်လို့ ဖလော်ရီဒါသား ငါးနဲ့ သားရိုင်းတိရစ္ဆာန် ထိန်းသိမ်း စောင့်ရှောက်ရေး အရာရှိ ဂျော့ပီနိုက ဒေသခံ မီဒီယာများကို ပြောကြားခဲ့သည်။

စတိုးဆိုင်စာရေးက ဆိုင်ထဲကို မိကျောင်းကိုတုပ်ပြီး သယ်လာသူကို တွေ့ရှိပြီးနောက် အာဏာပိုင်ကို အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

Myanmar Handsome အထည်ချုပ် လုပ်သားခေါင်းဆောင် ၁၆ ဦး အလုပ်ထုတ်ခံရ၍ သပိတ်စခန်းဖွင့်

Photo: Myanmar Handsome အထည်ချုပ် လုပ်သားခေါင်းဆောင် ၁၆ ဦး အလုပ်ထုတ်ခံရ၍ သပိတ်စခန်းဖွင့်

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

ဆန္ဒပြ တောင်းဆိုမှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိသည့် ရန်ကုန်တိုင်းဒေသကြီး အရှေ့ဒဂုံစက်မှုဇုန် အတွင်းရှိ Myanmar Handsome အထည်ချုပ် စက်ရုံတွင် လုပ်သား ခေါင်းဆောင် ၁၆ ဦး အလုပ် ထုတ်ခံရသဖြင့် လုပ်သား ၁၃၀ ကျော် ဒီဇင်ဘာလ ၁၀ ရက်နေ့မှ စတင်ကာ သပိတ်စခန်းဖွင့်ကာ ၁၂ ရက် ကြာသည်အထိ ဆန္ဒပြ တောင်းဆို နေသော်လည်း ပြေလည်မှု မရရှိသေးကြောင်း ဆန္ဒပြ လုပ်သားများက ပြောကြားသည်။

စက်ရုံတွင် အလုပ်ဌာနအလိုက် ကြီးကြပ်သူ ခေါင်းဆောင် ၁၆ ဦးက လက်ရှိ ရရှိနေသည့် တစ်လလုပ်အားခ ကျပ်ရှစ်သောင်းကို ကျပ် ၁၈၀,၀၀၀ ကျပ်သို့ တိုးမြှင့်ပေးရန် တောင်းဆိုရာ အလုပ်ရှင်က ကျပ် ၁၂၀,၀၀၀ တိုးမြှင့် ပေးကြောင်း၊ လုပ်သား ခေါင်းဆောင်များက ၁၅၀,၀၀၀ ပေးရန် ထပ်မံတောင်းဆိုရာ အလုပ်ရှင်က ကျပ် ၁၅၀,၀၀၀ နှုန်းဖြင့် သုံးလစာ လုပ်အားခပေးကာ အလုပ်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း လုပ်သားတစ်ဦးဖြစ်သူ ဒေါ်စုစုဝင်းက ပြောကြားသည်။

အဆိုပါ ပြဿနာ များကြောင့် အလုပ်ထုတ်ခံ ထားရသည့် ခေါင်းဆောင် များကို အလုပ်ပြန်လည် ခန့်ထားရန်၊ တစ်နာရီ လုပ်အားခ ကျပ်၂၅၀ ပေးရန်၊ အထည်ဆုကြေးများ ချုပ်သည့်အတိုင်း ပေးရန် အပါအဝင် အချက် ၁၇ ချက်ကို လုပ်သား ၁၃၇ ဦးက တောင်းဆိုနေကြောင်း လုပ်သားများထံမှ သိရှိရသည်။

တောင်းဆိုထားသည့်အချက် ရရှိခြင်း မရှိသဖြင့် ခုံသမာဓိအဖွဲ့သို့ တင်ပြထားကြောင်း အထက်ပါ လုပ်သားများထံမှ သိရှိရသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ Myanmar Handsome အထည်ချုပ်စက်ရုံမှ မန်နေဂျာ တစ်ဦးထံ ဆက်သွယ် မေးမြန်းခဲ့ရာ မှတ်ချက်ပေးလိုခြင်း မရှိသေးကြောင်း ပြန်လည် ဖြေကြားသည်။

လုပ်သား ၃၃၀ ကျော်ရှိသည့် Myanmar Handsome အထည်ချုပ် စက်ရုံတွင် ၂ နှစ်အတွင်း ဆန္ဒပြမှုငါးကြိမ် ဖြစ်ပွားဖူးကြောင်း လုပ်သားများထံမှ သိရှိရသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

ဆန္ဒပြ တောင်းဆိုမှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိသည့် ရန်ကုန်တိုင်းဒေသကြီး အရှေ့ဒဂုံစက်မှုဇုန် အတွင်းရှိ Myanmar Handsome အထည်ချုပ် စက်ရုံတွင် လုပ်သား ခေါင်းဆောင် ၁၆ ဦး အလုပ် ထုတ်ခံရသဖြင့် လုပ်သား ၁၃၀ ကျော် ဒီဇင်ဘာလ ၁၀ ရက်နေ့မှ စတင်ကာ သပိတ်စခန်းဖွင့်ကာ ၁၂ ရက် ကြာသည်အထိ ဆန္ဒပြ တောင်းဆို နေသော်လည်း ပြေလည်မှု မရရှိသေးကြောင်း ဆန္ဒပြ လုပ်သားများက ပြောကြားသည်။

စက်ရုံတွင် အလုပ်ဌာနအလိုက် ကြီးကြပ်သူ ခေါင်းဆောင် ၁၆ ဦးက လက်ရှိ ရရှိနေသည့် တစ်လလုပ်အားခ ကျပ်ရှစ်သောင်းကို ကျပ် ၁၈၀,၀၀၀ ကျပ်သို့ တိုးမြှင့်ပေးရန် တောင်းဆိုရာ အလုပ်ရှင်က ကျပ် ၁၂၀,၀၀၀ တိုးမြှင့် ပေးကြောင်း၊ လုပ်သား ခေါင်းဆောင်များက ၁၅၀,၀၀၀ ပေးရန် ထပ်မံတောင်းဆိုရာ အလုပ်ရှင်က ကျပ် ၁၅၀,၀၀၀ နှုန်းဖြင့် သုံးလစာ လုပ်အားခပေးကာ အလုပ်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း လုပ်သားတစ်ဦးဖြစ်သူ ဒေါ်စုစုဝင်းက ပြောကြားသည်။

အဆိုပါ ပြဿနာ များကြောင့် အလုပ်ထုတ်ခံ ထားရသည့် ခေါင်းဆောင် များကို အလုပ်ပြန်လည် ခန့်ထားရန်၊ တစ်နာရီ လုပ်အားခ ကျပ်၂၅၀ ပေးရန်၊ အထည်ဆုကြေးများ ချုပ်သည့်အတိုင်း ပေးရန် အပါအဝင် အချက် ၁၇ ချက်ကို လုပ်သား ၁၃၇ ဦးက တောင်းဆိုနေကြောင်း လုပ်သားများထံမှ သိရှိရသည်။

မြန်မာအမျိုးသမီး ဘောလုံးအသင်းကို မန္တလေးမြို့ခံများ ဂုဏ်ပြု ဆုကြေးငွေ သိန်း ၁၅၀၀ နီးပါးချီးမြှင့်

Photo: မြန်မာအမျိုးသမီး ဘောလုံးအသင်းကို မန္တလေးမြို့ခံများ ဂုဏ်ပြု ဆုကြေးငွေ သိန်း ၁၅၀၀ နီးပါးချီးမြှင့်

မန္တလေး၊ ဒီဇင်ဘာလ ၂၂

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ကြေးတံဆိပ် ဆွတ်ခူး ရရှိသွားသည့် မြန်မာ အမျိုးသမီး ဘောလုံး လက်ရွေးစင် အသင်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဒေသခံများက ဆုကြေးငွေ ကျပ်သိန်း ၁၅၀၀ နီးပါး ချီးမြှင့် ဂုဏ်ပြုခဲ့ကြောင်း မြန်မာ အမျိုးသမီး ဘောလုံးအသင်း အုပ်ချုပ်သူ ဒေါ်မြတ်မြတ်ဦးက ပြောကြားသည်။

မြန်မာအမျိုးသမီး ဘောလုံးအသင်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က  ကျပ်သိန်းတစ်ရာ ဆုချီးမြှင့်ခဲ့ပြီး မြို့ခံ စီးပွားရေး လုပ်ငန်းရှင်များနှင့် ဒေသခံများက ဆုကြေးငွေအဖြစ် ကျပ်သိန်းပေါင်း ၁၃၉၃ ချီးမြှင့်ခဲ့ကြောင်း ဒေါ်မြတ်မြတ်ဦးက ထပ်မံပြောကြားသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့က မြန်မာ အမျိုးသမီးအသင်းကို ပေးအပ်မည့် စုစုပေါင်း ဆုကြေးငွေကိုလည်း ယခုရက်ပိုင်းအတွင်း ထုတ်ပြန် ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
“အခု လောလောဆယ်တော့ စာရင်းတွေကို အတိအကျ မပေါင်းရသေးဘူး။ အခု ပိတ်ပွဲပြီးတဲ့ နောက်ပိုင်းမှာတော့ တရားဝင် ထုတ်ပြန် ပေးသွားမှာပါ” ဟု ၎င်းကဆိုသည်။

မြန်မာအမျိုးသမီး ဘောလုံးအသင်းသည် ဒီဇင်ဘာလ ၂၀ ရက်နေ့က ကျင်းပသော အရှေ့တောင်အာရှ ဘောလုံးပြိုင်ပွဲ တတိယ နေရာလုပွဲတွင် မလေးရှားအသင်းကို ခြောက်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး ကြေးတံဆိပ် ရရှိခဲ့ကာ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် မန္တလေးမြို့တော်အတွင်း အောင်ပွဲခံ လှည့်လည်ခဲ့ရာ များစွာသော မန္တလေးမြို့ခံတို့က သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။

မန္တလေး၊ ဒီဇင်ဘာလ ၂၂

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ကြေးတံဆိပ် ဆွတ်ခူး ရရှိသွားသည့် မြန်မာ အမျိုးသမီး ဘောလုံး လက်ရွေးစင် အသင်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဒေသခံများက ဆုကြေးငွေ ကျပ်သိန်း ၁၅၀၀ နီးပါး ချီးမြှင့် ဂုဏ်ပြုခဲ့ကြောင်း မြန်မာ အမျိုးသမီး ဘောလုံးအသင်း အုပ်ချုပ်သူ ဒေါ်မြတ်မြတ်ဦးက ပြောကြားသည်။

မြန်မာအမျိုးသမီး ဘောလုံးအသင်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကျပ်သိန်းတစ်ရာ ဆုချီးမြှင့်ခဲ့ပြီး မြို့ခံ စီးပွားရေး လုပ်ငန်းရှင်များနှင့် ဒေသခံများက ဆုကြေးငွေအဖြစ် ကျပ်သိန်းပေါင်း ၁၃၉၃ ချီးမြှင့်ခဲ့ကြောင်း ဒေါ်မြတ်မြတ်ဦးက ထပ်မံပြောကြားသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့က မြန်မာ အမျိုးသမီးအသင်းကို ပေးအပ်မည့် စုစုပေါင်း ဆုကြေးငွေကိုလည်း ယခုရက်ပိုင်းအတွင်း ထုတ်ပြန် ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

တရုတ်မယားအဖြစ်ပေါင်းသင်းရန် လူကုန်ကူးခံရသူအမျိုးသမီးကို တရုတ်ရဲပြန်ပို့


တရုတ်မယားအဖြစ်ပေါင်းသင်းရန် မူဆယ်နယ်စပ်သို့ လူကုန်ကူးခံခဲ့ရသည့် အမျိုးသမီးကို တရုတ်ရဲကဖမ်း၍ ပြန်ပို့ခဲ့ကြောင်းသတင်းရရှိသည်။

ဧရာဝတီတိုင်းဒေသကြီးကန်ကြီးဒေါင့်မြို့နယ် ဘဲဂရက်ရွာမှ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား လှိုင်သာယာမြို့မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့က တရုတ်မယားအဖြစ် တစ်နှစ်ပေါင်းသင်းလျှင် ငွေကျပ်ဆယ်သိန်းရရှိပြီး တစ်နှစ်ပြည့်လျှင် ပြန်လည်ခေါ်မည်ဆိုကာစည်းရုံး၍ မူဆယ်မြို့သို့ ပို့ဆောင်ခဲ့ကြသည်။

အထက်ပါအတိုင်း သဘောတူညီခဲ့ကြပြီးနောက် ဒီဇင်ဘာ ၁၃ ရက်တွင် ယင်းအမျိုးသမီးသည် အောင်မင်္ဂလာအဝေးပြေးဝင်းမှ မန္တလေး၊ ထိုမှတစ်ဆင့် မူဆယ်သို့ပို့ဆောင်ခြင်းခံခဲ့ရသည်။ ထို့နောက် မူဆယ်နယ်စပ်ပေါက်မှတစ်ဆင့် တရုတ်ပြည်ကြယ်ဂေါင်ရှိ တည်းခိုခန်းတစ်ခုသို့ ဆက်လက်ခေါ်ဆောင်ခံခဲ့ရသည်။ ဒီဇင်ဘာ ၁၆ ရက်တွင် ယင်းအမျိုးသမီးအား တရုတ်အမျိုးသမီးတစ်ဦးနှင့်ထားခဲ့ကာ လူကုန်ကူးသူသုံးဦးသည် ရန်ကုန်သို့ပြန်လာခဲ့ကြသည်။

ထိုင်းအစိုးရ ဖြုတ်ချရေး ဧရာမ ဆန္ဒပြပွဲကြီး ပြုလုပ်ရန် အတိုက်အခံတို့ ပြင်ဆင်

Photo: ထိုင်းအစိုးရ ဖြုတ်ချရေး ဧရာမ ဆန္ဒပြပွဲကြီး ပြုလုပ်ရန် အတိုက်အခံတို့ ပြင်ဆင်

ဘန်ကောက်၊ ဒီဇင်ဘာ ၂၂ 

ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ဦးဆောင်သော အစိုးရ ဖြုတ်ချရေးအတွက် အတိုက်အခံ အင်အားစုများက မြို့တော် ဘန်ကောက်တွင် စီတန်းလှည့်လည် ဆန္ဒပြမှုများ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

လာမည့် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပပြုလုပ် ပေးမည်ဟု ထိုင်းအစိုးရ၏ ကြေညာချက်ကို ဆန့်ကျင် သပိတ်မှောက်ကြောင်း အတိုက်အခံတို့က စနေနေ့တွင် ထုတ်ဖော် ပြောဆိုခဲ့ပြီးနောက် လူထု ဆန္ဒပြပွဲကြီးတစ်ရပ် ထပ်မံပြုလုပ်ရန် စီစဉ်ခြင်း ဖြစ်သည်။ 

ဆန္ဒပြ ခေါင်းဆောင်များက အဆိုပါ ဆန္ဒပြပွဲသို့ ထိုင်းလူမျိုး ထောင်ပေါင်း များစွာ ပါဝင် လာကြလိမ့်မည်ဟု ယုံကြည်လျက် ရှိသည်။ 

ထိုင်းဝန်ကြီးချုပ် ယင်းလပ်က ဘန်ကောက်မြို့တော်တွင်း ဆန္ဒပြမှုများနှင့် အဓိကရုဏ်းများ ဖြစ်ပေါ်ခြင်းကို ရှောင်ရှားနိုင်ရေးအတွက် ပါလီမန် လွှတ်တော်ကို ဖျက်သိမ်းပေးပြီး ရွေးကောက်ပွဲသစ် တစ်ရပ် ကျင်းပမည်ဟု ဆိုထားသော်လည်း အဆိုပါ ကိစ္စကို အတိုက်အခံတို့က လက်မခံဘဲ အစိုးရ တစ်ဖွဲ့လုံး နုတ်ထွက်ပေးရန်သာ ဖိအားပေး တောင်းဆိုကြသည်။ 

ဝန်ကြီးချုပ် ယင်းလပ်သည် ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲတွင် ဒီမိုကရေစီ နည်းလမ်းတကျ အနိုင်ရရှိ ခဲ့သော်လည်း ၎င်း၏ အစိုးရအဖွဲ့သည် ယခင်ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ ရုပ်သေးရုပ်မျှသာ ဖြစ်သည်ဟု ဆန္ဒပြ ခေါင်းဆောင်များက စွပ်စွဲ ပြောဆိုကြသည်။ 

ယခုထပ်မံ ကျင်းပပြုလုပ်မည့် ဆန္ဒပြပွဲကြီးသည် ယင်းလပ်ရှင်နာဝပ်နှင့် သူမ၏ အစိုးရအဖွဲ့အပေါ် ဖိအားများစွာ ပေးနိုင်လိမ့်မည်ဟု မျှော်လင့် ထားကြောင်း ဆန္ဒပြ ခေါင်းဆောင် ဆူတက်တာဆူဘန်က ဘန်ကောက်ပို့စ် သတင်းစာသို့ ပြောကြားသည်။ 

ထိုင်းနိုင်ငံ အခြေစိုက် BBC သတင်းထောက် အဆိုအရ ဆန္ဒပြသူများသည် ဘန်ကောက်မြို့တော်၏ အဓိက နေရာများတွင် ပိတ်ဆို့ ဆန္ဒပြခြင်းဖြင့် စီးပွားရေး လုပ်ငန်းများအားလုံး ရပ်ဆိုင်းသွားအောင် လုပ်ရန် စီစဉ်ထားကြသည်။ 

လတ်တလော ဖြစ်ပေါ်နေသည့် နိုင်ငံရေး အကွဲအပြဲ ဇာတ်လမ်းများက ထိုင်းနိုင်ငံတွင်း ပြည်တွင်းစစ် ဖြစ်မည့် အခြေအနေသို့ ဆိုက်ရောက် သွားနိုင်သည်ဟု ထိုင်းစစ်တပ်က သတိပေး ပြောကြားထားသည်။

ထိုင်းဝန်ကြီးချုပ် ယင်းလပ်ကမူ “လတ်တလော အနေအထားမှာ အစိုးရကို ဆန့်ကျင်တဲ့ အုပ်စုတွေ အရမ်းများနေပါတယ်။ အကောင်းဆုံး နည်းလမ်းကတော့ အာဏာကို ပြည်သူတွေ လက်ထဲ ပြန်ထည့် ပေးပြီး ရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေးပဲ ဖြစ်ပါတယ်။ အဲဒီတော့ ပြည်သူလူထုကပဲ အဆုံးအဖြတ် ပေးပါလိမ့်မယ်” ဟု ထုတ်ဖော် ပြောဆိုထားသည်။  

သို့သော် အတိုက်အခံ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်နှင့် ယခင် ဝန်ကြီးချုပ်ဟောင်း ဖြစ်သူ အဘီဆစ်ဝိချာချီဝက လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မှု မပြုရန် ပါတီဝင်များက သဘောတူညီမှု ရရှိထားပြီ ဖြစ်သည်ဟု စနေနေ့တွင် ပြောဆိုခဲ့သည်။
ဘန်ကောက်၊ ဒီဇင်ဘာ ၂၂

ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ဦးဆောင်သော အစိုးရ ဖြုတ်ချရေးအတွက် အတိုက်အခံ အင်အားစုများက မြို့တော် ဘန်ကောက်တွင် စီတန်းလှည့်လည် ဆန္ဒပြမှုများ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

လာမည့် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပပြုလုပ် ပေးမည်ဟု ထိုင်းအစိုးရ၏ ကြေညာချက်ကို ဆန့်ကျင် သပိတ်မှောက်ကြောင်း အတိုက်အခံတို့က စနေနေ့တွင် ထုတ်ဖော် ပြောဆိုခဲ့ပြီးနောက် လူထု ဆန္ဒပြပွဲကြီးတစ်ရပ် ထပ်မံပြုလုပ်ရန် စီစဉ်ခြင်း ဖြစ်သည်။

ဆန္ဒပြ ခေါင်းဆောင်များက အဆိုပါ ဆန္ဒပြပွဲသို့ ထိုင်းလူမျိုး ထောင်ပေါင်း များစွာ ပါဝင် လာကြလိမ့်မည်ဟု ယုံကြည်လျက် ရှိသည်။

ထိုင်းဝန်ကြီးချုပ် ယင်းလပ်က ဘန်ကောက်မြို့တော်တွင်း ဆန္ဒပြမှုများနှင့် အဓိကရုဏ်းများ ဖြစ်ပေါ်ခြင်းကို ရှောင်ရှားနိုင်ရေးအတွက် ပါလီမန် လွှတ်တော်ကို ဖျက်သိမ်းပေးပြီး ရွေးကောက်ပွဲသစ် တစ်ရပ် ကျင်းပမည်ဟု ဆိုထားသော်လည်း အဆိုပါ ကိစ္စကို အတိုက်အခံတို့က လက်မခံဘဲ အစိုးရ တစ်ဖွဲ့လုံး နုတ်ထွက်ပေးရန်သာ ဖိအားပေး တောင်းဆိုကြသည်။
Related Posts Plugin for WordPress, Blogger...

ShareThis