Tuesday, 10 July 2012
အမှာစကားပါးလိုက်ပါတဲ့.....ရခိုင်ရိုးမ

ကျောက်ဖြူမြို့၏ သွားလာရေးအတွက် အချက်အချာကျသော ဆိပ်ကမ်းတစ်နေရာကို တွေ့ရစဉ်။
ဓာတ်ပုံ - မြတ်မေဇင်
အလာခရီးမှာတော့ အားလုံးကိုယ်စီက ရခိုင်ဒေသရဲ့ ပင်လယ်အလှ၊ သစ် တောအလှ၊ ကျွန်းအလှတွေကို တမေ့ တမော ခံစားရင်း ရခိုင်ဒေသရဲ့ ဓလေ့ ရိုးရာတွေကို လေ့လာဖို့ပြောသူကပြော၊ ပင်လယ်စာတွေ တ၀ကြီးလွေးရတော့မယ်ဆိုပြီး ပျော်သူက ပျော်နဲ့ တက်ကြွ လို့လာခဲ့ပါတယ်။
ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၀ ကျော်သာရှိတဲ့ ကျောက်ဖြူမြို့လေးကတော့ လေယာဉ်မဆင်းသက်ခင်မှာပဲ စိတ်လှုပ်ရှားစရာဖြစ်အောင် ကြိုဆိုလိုက် ပါတယ်။
အင်ဒိုနီးရှား ဘောရောဗုဒ္ဓေါ ပုထိုးတော်ကြီး ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓပုထိုးတော်အဖြစ် ဂင်းနစ်စံချိန်တင်
အင်ဒိုနီးရှားနိုင်ငံမှ ဘောရော ဗုဒ္ဓေါပုထိုးတော်ကြီးအား ကမ္ဘာ့အကြီးဆုံး ပုထိုးတော်ကြီးအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်း ပြုစုရေးအဖွဲ့က အတည်ပြုခဲ့ကြောင်း အိန္ဒိယအရာ ရှိတစ်ဦးက ဇူလိုင်လ ၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ဂျာဗားကျွန်းအလယ်ပိုင်း မာဂယ်လန်မြို့ရှိ ပုထိုးတော်ကြီးကို ဇွန်လ ၂၇ ရက်နေ့တွင် ဂင်းနစ် ကမ္ဘာ့စံချိန်စာရင်းသွင်းခဲ့ခြင်း ဖြစ်သည်။ ဂင်းနစ်ကမ္ဘာ့စံချိန် ၀က်ဘ်ဆိုက်တွင်လည်းအေဒီ ၇၅၀ မှ ၈၄၂ ခုနှစ်ကြားက တည်ထားကိုးကွယ်ခဲ့သော ဘောရောဗုဒ္ဓေါသည် ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓပုထိုးတော်ကြီးဖြစ်ကြောင်း ဖော်ပြလိုက်ပြီဖြစ်သည်။ |
အိပ်ခ်ျအိုင်ဗွီပိုး ကိုယ်တိုင်စစ်ဆေးနိုင်သော ကိရိယာ အမေရိကန် အက်ဖ်ဒီအေ အတည်ပြု
ဆရာဝန်ညွှန်ကြားချက်မလိုဘဲ နေအိမ်တွင်ပင် အိပ်ခ်ျအိုင်ဗွီပိုး ရှိ မရှိ ကိုယ်တိုင်စစ်ဆေးနိုင်သော ကိရိယာတစ်မျိုးကို အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး(အက်ဖ်ဒီအေ)က ပထမဆုံးအကြိမ် အတည်ပြုခဲ့သည်။OraQuick ဟု အမည်ပေးထားသည့် စစ်ဆေးရေးကိရိယာမှာ ပါးစပ်အတွင်းထည့်ပြီး တံတွေးမှ တစ်ဆင့်စစ်ဆေးနိုင်ပြီး မိနစ် ၂၀ မှ ၄၀အတွင်း ပိုးရှိမရှိ အဖြေသိနိုင်သည်။ |
အမေရိကန် အဆင့်မြင့်အရာရှိ နှစ်ဦး မြန်မာနိုင်ငံကို စေလွှတ်မည်
မြန်မာနဲ့ အမေရိကန် ပြည်ထောင်စုတို့ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးကို အရှိန်တိုးမြှင့်ဖို့အတွက် အမေရိကန်အစိုးရက အဆင့်မြင့်အရာရှိ နှစ်ဦးကို မြန်မာနိုင်ငံကို စေလွှတ်ဖို့ ရှိတယ်လို့ သိရပါတယ်။
Photo: U.S Department of State
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန၊ စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Robert Hormats
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန၊ စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Robert Hormats နဲ့ နိုင်ငံတကာ ကုန်သွယ်ရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Francisco Sanchez တို့ဟာ လာမယ့် စနေနဲ့ တနင်္ဂနွေနေ့တွေမှာ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးကို စီးပွားရေး မြှင့်တင်ခြင်းဖြင့် ကူညီထောက်ပံ့ဖို့အတွက် သူတို့နှစ်ဦးဟာ နေပြည်တော်နဲ့ စီးပွားရေးမြို့တော် ရန်ကုန်ကို သွားရောက်မှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးကို စီးပွားရေး မြှင့်တင်ခြင်းဖြင့် ကူညီထောက်ပံ့ဖို့အတွက် သူတို့နှစ်ဦးဟာ နေပြည်တော်နဲ့ စီးပွားရေးမြို့တော် ရန်ကုန်ကို သွားရောက်မှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒု-သမ္မတ အရည်အချင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆို
ဒုတိယသမ္မတ အဖြစ် တင်မြှောက်ခံရမယ့်သူဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးကို ဆောင်ရွက် ကြိုးပမ်းမယ့်သူ ဖြစ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောဆိုတယ်လို့ သိရပါတယ်။
AFP
၂၀၁၂ ခုနှစ် ဇူလိုင်လ ၉ ရက်က လွှတ်တော် အစည်းအဝေး ခေတ္တနားချိန်တွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များအား စကားပြောကြားနေစဉ်။
လွှတ်တော် အစည်းအဝေးကို ပထမဆုံးနေ့အဖြစ် တက်ရောက်စဉ် ဒေါ်အောင်ဆန်းစုကြည်ဟာ သတင်းထောက်တွေ မေးမြန်းတာကို ဖြေကြားခဲ့တာပါ။
ဦးမောင်အေး (ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ငြိမ်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း) ဦးနှောက်သွေးကြော ရောဂါကြောင့် ဆေးကုသမှု ခံယူနေ
| ဦးမောင်အေးသည် ဇူလိုင်လ ၈ ရက်နေ့တွင် ကျန်းမာရေး အခြေအနေကြောင့် ရန်ကုန်မြို့ရှိ တပ်မတော်စစ်ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရပြီး ယနေ့ (ဇူလိုင်လ ၉ ရက်နေ့) တွင် စင်ကာပူနိုင်ငံရှိ Mount Elizabeth ဆေးရုံသို့ သွားရောက်ဆေးကုသမှု ခံယူဖွယ် ရှိကြောင်း စုံစမ်းသိရှိရပါသည်။ ဦးမောင်အေးသည် ဒီဇင်ဘာလ ၂၅ ရက် ၁၉၃၇ ခုနှစ်တွင် မွေးဖွားခဲ့သူဖြစ်ပြီး DSA အပတ်စဉ် (၁) ဆင်းဖြစ်ကာ ၁၉၅၅ ခုနှစ်တွင် တပ်မတော်သို့ စတင်ဝင်ရောက်ခဲ့သူဖြစ်သည်။ |
Subscribe to:
Comments (Atom)

အင်ဒိုနီးရှားနိုင်ငံမှ ဘောရော ဗုဒ္ဓေါပုထိုးတော်ကြီးအား ကမ္ဘာ့အကြီးဆုံး ပုထိုးတော်ကြီးအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်း ပြုစုရေးအဖွဲ့က အတည်ပြုခဲ့ကြောင်း အိန္ဒိယအရာ ရှိတစ်ဦးက ဇူလိုင်လ ၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဆရာဝန်ညွှန်ကြားချက်မလိုဘဲ နေအိမ်တွင်ပင် အိပ်ခ်ျအိုင်ဗွီပိုး ရှိ မရှိ ကိုယ်တိုင်စစ်ဆေးနိုင်သော ကိရိယာတစ်မျိုးကို အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး(အက်ဖ်ဒီအေ)က ပထမဆုံးအကြိမ် အတည်ပြုခဲ့သည်။