ယခုကျောင်းသား
သုံးဦးမှာ ဧပြီ ၂ ရက် နံနက် သုံးနာရီက ဗိုလ်တထောင်မြို့နယ် ၄၈ လမ်းတွင်
မီးလောင်ရာ၌ ရှိနေခဲ့သူများ ဖြစ်သည်။ ဧပြီ ၂ ရက် ညနေ ၅ နာရီကျော်တွင်
မီဒီယာအချို့နှင့် တွေ့ဆုံခွင့်ရခဲ့သည်။ မီးလောင်မှု ဖြစ်စဉ်အတွင်း
သူတို့ကြုံတွေ့ခဲ့ရမှုများအား ကျွန်တော်တို့ကို ပြောပြခဲ့သည်။ ထို့ပြင်
ဗလီဥက္ကဋ္ဌ ဦးဘနီနှင့် ကျောင်းဆရာ ဦးဆာအိ တို့က သတင်းစဉ်သို့ပြောကြားချက်
များကိုလည်း ပေါ်ပြူလာနယူးစ် ပရိသတ်များသိရှိနိုင်ပါရန် စုစည်း
တင်ဆက်လိုက်ပါသည်။
မောင်ဝေယံသူ(၁၄ နှစ်)
အဲဒီမှာနေတာတော့ တစ်နှစ်ကျော်လောက်ရှိပြီ။ ကျွန်တော်က အောက်ထပ်မှာအိပ်တယ်။ မီးလောင်နေတော့ ကျွန်တော်တို့ ထမင်းစားခန်းထဲ ဝင်ပြေးကြတယ်။ မီးသတ် တွေလာမှ ကျွန်တော်တို့ ထွက်လာကြတယ်။ သူတို့ကလည်း ကျောင်းသားလေးတွေ ထွက်လာလို့ရပြီလို့ ပြောတယ်။ အဲဒီမှာ ထွက်လာကြတာ။ ကိုယ့်ဘာသာ လွတ်အောင် ပြေးလာတော့ တခြားသူတွေကိုလည်း ဂရုမစိုက်ဖြစ်ဘူး။ ဘေးအိမ်ကို အကူအညီ အော်တောင်းတော့ ဘေးအိမ်က မီးတော့လင်းလာတယ်။ ဒါပေမဲ့ လူတစ်ယောက်မှ မတွေ့ဘူး။

![Photo: Stars and Models Agency နှင့်  ခင်လပြည့် ဇော်တို့ အား တိုက်ရိုက်အသရေဖျက် ရန်ကြံရွယ်ကြောင်းဦးဂျွန်လွင်ဆို
------------------------------------------------------
“Miss Tourism Queen International တွင် တရားဝင် ယှဉ်ပြိုင်မည့်  မြန်မာနိုင်ငံကိုယ်စားပြု ခင်လပြည့် ဇော်အား မြန်မာပြည်တွင်နာမည်ဆိုးနှင့် ကျော်ကြားနေသည်ဟု ၄င်း၊ ယင်းစံချိန်မီ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် အရည်အချင်းမပြည့် မီပါဟု ၄င်း၊ မြန်မာနိုင်ငံကိုယ်စားပြု ရွေးချယ်ရာတွင် တရားမျှတာမှု မရှိသည့် အပြင် ရွေးချယ်ရန်တာဝန်ကျသည့်  အေဂျင်စီကိုလည်း တရားဝင်လိုင်စင်မရှိဟု၎င်း စင်ကာပူနိုင်ငံရှိ Miss Tourism Queen International ကျင်းပရေး ဒါရိုက်တာထံသို့  အသေရေဖျက်စွပ်စွဲ ပေးပို့ တိုင်ကြားထားသော ရေးသားချက်များကို အောက်ပါ ပိုစ့် တွင် ခင်လပြည့် ဇော်အား အားပေးနေကြသော ပရိသတ်ကြီးများကို ဖတ်ရှုစေလိုပါသည်။ရေးသားပေးပို့ သူဧ။် အမည်မှာ ဦးဝေရန်အောင် (National Director , Miss Supranational Myanmar,Miss Grand Myanmar) ဖြစ်ပြီး လိပ်မူထားသည့်  Email မှာ missmyanmar.org@gmail.com ဖြစ်သည်။အောက်ပါရေးသားချက်များသည် Stars and Models Agency နှင့်  ခင်လပြည့် ဇော်တို့ အား တိုက်ရိုက်အသရေဖျက် ရန်ကြံရွယ် ဖန်တီး ထားသည့် ရေးသားချက်များသာ ဖြစ်ကြောငိး အသိပေးလိုပါသည်[https://www.facebook.com/john.lwin.9/posts/10202381244120767]”ဟုဦးဂျွန်လွင်ကသတင်းပေးပို့ မျှဝေလာပါသည်။](https://fbcdn-sphotos-c-a.akamaihd.net/hphotos-ak-prn2/p480x480/1379472_526332850780461_1705375095_n.jpg)