menu

Monday 18 November 2013

အချစ်ကိုခံစားဖူးပါတယ်လို့ ဖွင့်ဟလာတဲ့ မိုးဟေကို

မိုးဟေကိုက လတ်တလောမှာ ဒါရိုက်တာ ဟိန်းစိုး ရိုက်ကူးတဲ့ “ရစ်ပတ် နှောင်တွယ်” ဇာတ်ကားကို ပြေတီဦး၊ ညီထွဋ်ခေါင် တို့နဲ့ အတူ ရိုက်ကူးနေပါတယ်။ ကိုယ်ရိုက် ချင်တဲ့ ဇာတ်ရုပ် ပုံစံကို ရွေးချယ်ပြီး ရိုက်ကူးဖြစ်တဲ့ မိုးဟေကိုက နောက်ပိုင်းမှာ ဇာတ်ရုပ် အငြိမ်တွေကို ပိုရိုက်ဖြစ်လာကြောင်း ပြောပြပါတယ်။

“အမှန်အတိုင်း ပြောရရင် မရိုက်ဖူးတဲ့ ဇာတ်တွေ ရိုက်ရင်တော့ ပိုပြီး ရင်ခုန်ပါတယ်။ အခု ရိုက်နေတဲ့ ပုံစံတွေက ကိုယ်ရိုက်ဖူးနေကျ ပုံစံတွေပဲ ဖြစ်နေ တယ်။ နောက်ပိုင်း မိုးကိုပေးလာတဲ့ ဇာတ်တွေက ငြိမ်ပေမယ့် ဇာတ်လမ်းတွေက ကောင်းပါတယ်။ လူတိုင်း တစ်ယောက် နဲ့တစ်ယောက် အယူအဆ ချင်းတော့ မတူပါဘူး။ အကယ်ဒမီ ရပြီးမှ ပျောက်ကွယ် သွားတဲ့ သူတွေလည်း အများကြီး ရှိပါတယ်။

အကယ်ဒမီရမှ မှတ်တိုင်လို့ ပြောတာထက် ကိုယ်လုပ်ရတဲ့ အလုပ်တွေကပဲ မှတ်တိုင်လို့ပြောရင် ရတယ်။ အနုပညာ နဲ့ ပတ်သက်တာတွေ လုပ်တာက ကိုယ့် အတွက် မှတ်တိုင်ပဲ။ အနုပညာရှင်တိုင်းက ဘယ်အရာကိုမဆို ကြိုးစားပြီး လုပ်နေ ကြတဲ့သူတွေပါပဲ။ ဒီတစ်ခု တည်းနဲ့ မှတ်တိုင် မစိုက်နိုင်ပေမယ့်လည်း တချို့ တခြားဟာတွေနဲ့ မှတ်တိုင် စိုက်နိုင်တာတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ရန်ကုန်မြို့တော်သို့ ပထမဆုံး လာရောက်


ရန်ကုန်၊ နိုဝင်ဘာ ၁၇

မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အပစ်အခက် ရပ်စဲရေး ညှိနှိုင်းနေဆဲဖြစ်သည့် ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ် ဂွမ်မော်သည် နိုဝင်ဘာလ ၁၇ ရက်နေ့ ညတွင် ရန်ကုန်မြို့သို့ လာရောက်မည် ဖြစ်ကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာမှ အကြီးတန်းအကြံပေး တစ်ဦးက ပြောကြားသည်။

ဗိုလ်ချုပ် ဂွမ်မော်သည် ရန်ကုန်မြို့တွင် နှစ်ရက်ကြာ နေထိုင်မည် ဖြစ်ပြီး ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် တစ်နိုင်ငံလုံး အပစ်အခက် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ၏ ဆွေးနွေးပွဲများသို့ တက်ရောက်ရန် ထိုင်းပြည်ဝင်ခွင့် ဗီဇာ ပြုလုပ်ရန် လာရောက်ခြင်း ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ထပ်လောင်း ပြောကြားသည်။

သို့သော် မြန်မာ ငြိမ်းချမ်းရေးစင်တာမှ အခြားအကြီးတန်း အကြံပေး တစ်ဦးအဖြစ်သူ ဦးလှမောင်ရွှေမှာ ဗိုလ်ချုပ်ဂွမ်မော် ခရီစဉ်အတွက် ကေအိုင်အိုက အစိုးရနှင့် MPC သို့ အကြောင်းမကြားထားကြောင်း The Voice သို့ ပြောကြားသည်။

နိုင်ငံတော် ပုန်ကန်မှုဖြင့် အကျဉ်းကျခဲ့ပြီး ဦးနေဝင်း၏ မြေးနှစ်ဦး နှင့်အတူ လွတ်မြောက်လာသော အခါတော်ပေး စကြာအောင်ပွင့်ခေါင် ဗေဒင်ဆက်ဟောမည်ဟုဆို

နိုင်ငံတော် ပုန်ကန်မှုဖြင့် အကျဉ်းကျခဲ့ပြီး ဦးနေဝင်း၏ မြေးနှစ်ဦးနှင့်အတူ လွတ်မြောက်လာသော စကြာ အောင်ပွင့်ခေါင်သည် ဗေဒင်ဟော သည့်အလုပ်ကိုသာ ဆက်လက် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းမ် နေ့စဉ်နှင့် နိုဝင်ဘာ ၁၇ ရက်က သီးသန့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ဗေဒင်ဟော၊ ဓာတ်ခန်းဖွင့်ပြီးခုနစ်ရက်သားသမီးများအကျိုး ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ ယင်းကဲ့သို့ဟောကြားဖွင့်လှစ် မည့်အစီအစဉ်ကို တရားဝင်ကြေ ညာသွားမည်ဖြစ်ကြောင်း သိရ သည်။ စကြာအောင်ပွင့်ခေါင်က ''ဒီမနောဗေဒ ပညာရပ် အလုပ်ကို ပဲ ဆက်လက်လုပ်ဆောင်သွားမှာ ပါ။ လောလောဆယ် လူရောစိတ် ပါ အနားယူထားတဲ့အတွက် ဓာတ် ခန်းဖွင့်ဟောပြောမယ်ဆိုရင် အ များပြည်သူတွေကို တရားဝင်အ သိပေးသွားမယ်။ နောက်ပြီး ဥပဒေ ဘောင်အတွင်းက စီးပွား ရေး တွေ လဲ လုပ်သွားမယ်လို့စဉ်းစားထား တယ်''ဟု ပြောသည်။

“ကျနော် ငိုခဲ့မိတယ်” ဟု OIC အထွေထွေ အတွင်းရေးမှူး ဆို


OIC, ရခိုင်ပြည်နယ်, မွတ်ဆလင်, ဘာသာရေး, လူမျိုးရေး, အဓိကရုဏ်း
ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းတခုတွင် OIC အထွေထွေ အတွင်းရေးမှူးက မွတ်ဆလင် ဒုက္ခသည်များနှင့် တွေ့ဆုံစဉ် (ဓာတ်ပုံ – islampos.com)
ကမ္ဘာ့ အစ္စလမ်နိုင်ငံများ ပေါင်းစည်းထားသည့် အဖွဲ့အစည်း OIC ၏ အထွေထွေအတွင်းရေးမှူးက ကာလရှည်ရှာစွာ ဖိနှိပ်ချုပ်ချယ်ခြင်းခံခဲ့ရသည့် မြန်မာနိုင်ငံမှ ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင် အသိုင်းအ၀ိုင်းနှင့် သွားရောက်တွေ့ဆုံ ခဲ့ရသည့် စိတ်လှုပ်ရှားဖွယ်ရာ ခရီးစဉ်က သူ့ကို မျက်ရည်ကျစေခဲ့ကြောင်း ပြောဆိုလိုက်သည်။
“ဒီလို ခံစားမှုမျိုး ဘယ်တုန်းကမှ ကျနော် မခံစားခဲ့ရပါဘူး” ဟု Ekmeleddin Ihsanoglu က စနေနေ့တွင် ပြောကြား ခဲ့ကြောင်း AP သတင်းတပုဒ်တွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ အပြင်ဖက်မှာ ပြန့်ကျဲနေသည့် အမှိုက်ပုံလို ဒုက္ခသည်စခန်းတွေမှာ ဆင်းရဲပင်ပန်းစွာနေ ထိုင်နေရသည့် အရေအတွက် များပြားလှသည့် ဒုက္ခသည်တွေကို မြင်တွေ့ရသည့် အဖြစ်က စိတ်ကို အထိခိုက်စေဆုံး ဖြစ် သည်ဟု သူက ဆိုသည်။ “ကျနော် ငိုခဲ့မိတယ်” ဟု Ihsanoglu က ပြောသည်။
သူနှင့် OIC မှ ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံသို့ ၃ ရက်ကြာ ခရီးစဉ် သွားရောက်ခဲ့ပြီး သမ္မတ၊ ဒုတိယသမ္မတ၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ဘာသာရေး အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အဖွဲ့များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။
ဗုဒ္ဓဘာသာဝင် အများဆုံးဖြစ်သော မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၆၀ခ န့် ရှိပြီး ရာစုနှစ်ဝက်မျှ ကြာမြင့်ခဲ့သည့် စစ်အုပ်ချုပ်ရေးလက်အောက်မှ ၂၀၁၁ ခုနှစ်တွင် လွတ်မြောက်လာခဲ့သော်လည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေးသည် လူ ၂၄၀ ကျော် သေဆုံးခဲ့ရပြီး လူပေါင်း ၂၄၀၀၀၀ ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် လူမျိုးရေး ဘာသာရေး ခွဲခြားမှု အဓိကရုဏ်းများကြောင့် ထိခိုက်နစ်နာမှုများ ဖြစ်ခဲ့ရသည်။

အမျိုးသမီးတဦးသာနေထိုင်သောမြို့ 


အမျိုးသမီးတဦးသာနေထိုင်သောမြို့  
( ဧရာဝတီ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )


အမျိုးသမီးတစ်ဦးသာ နေထိုင်သော မြို့ အမေရိကန် ပြည်ထောင်စုမှာ တကယ် ရှိပါတယ်။ ကိုယ်တိုင် မြို့တော်ဝန်ခန့်၊ ကိုယ်တိုင် တစ်ယောက်တည်း အုပ်စိုးနေတဲ့ မြို့ ငယ်လေး ဖြစ်ပါတယ်။

တည်နေရာကတော့ အမေရိကန်နိုင်ငံ အလယ်ပိုင်း Nebraska ပြည်နယ်ရှိ Monowi အမည်ရ မြို့ငယ် ဖြစ်ပါတယ်။ သို့ပေမယ့် ရွာငယ် တစ်ခုအနေနဲ့ပဲ သတ်မှတ်ထားပါတယ်။ အမေရိကန်မှာတော့ Only one woman town လို့ နာမည်ကြီးပါတယ်။ ၁၉၃၀ ပြည့်နှစ် ကာလအတွင်းမှာတော့ လူဦးရေ ၁၅၀ ကျော်ရှိပြီး တစ်နှစ်ထက် တစ်နှစ် နည်းလာပါတယ်။ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်အရောက်မှာတော့ လင်မယား နှစ်ဦးသာ နေထိုင်ပါတော့တယ်။ Rudy နဲ့ Elsie Eiler တို့ လင်မယား နှစ်ဦး ဖြစ်ပါတယ်။

သို့ပေမယ့် Rudy ဟာ ၂၀၀၄ ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီး အသက် ၇၇ နှစ်ရှိပြီ ဖြစ်တဲ့ Elsie Eiler အမည်ရ အမျိုးသမီးကြီး တစ်ဦးသာ ကျန်ရှိပါတော့တယ်။ အကျယ်အဝန်းအားဖြင့် ၀.၂၁ စတုရန်းမိုင်သာ အကျယ်သာ သတ်မှတ်ထားတဲ့ ရွာငယ်လေး ဖြစ်ပါတယ်။
ယင်းရွာငယ်လေး ကို ဖျက်သိမ်းဖို့ အစိုးရက စီစဉ်ခဲ့ပေမယ့် Eiler လက်မခံ ခဲ့ပါဘူး။ အဓိကကတော့ သူ့ခင်ပွန်း တည်ထောင်ခဲ့တဲ့ စာကြည့်တိုက် ကျန်ရှိနေလို့ ဖြစ်ပါတယ်။ စာအုပ်ပေါင်း ၅၀၀၀ ကျော်ရှိနေပြီး ခေတ်အဆက်ဆက် စုဆောင်းလာတဲ့ အဖိုးတန် စာအုပ်များ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မြို့ ငယ်လေး Monowi ကို မထားခဲ့နိုင်တာ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ ကိုယ်တိုင် ရွေးကောက်ပွဲလုပ်၊ ကိုယ်တိုင်မဲပေးပြီး ကိုယ်တိုင် မြို့  တော်ဝန်ခန့်ပါတယ်။ လမ်း လေး၊ငါးလမ်း ဝန်းကျင်သာ ရှိတဲ့ ယင်း ရွာငယ်လေးကို လျှပ်စစ်မီးထိန်းလင်းနေစေဖို့ အစိုးရထံ ပုံမှန် အခွန်ငွေ ဆောင်ပါတယ်။ အခြားသော အခွန်များလည်း ပေးဆောင်ပါတယ်။
ဒါကြောင့် Town တစ်ခုအနေနဲ့ မဖျက်ဘဲ ဆက်လက် ထားရှိစေတာ ဖြစ်ပါတယ်။ အဓိက စီးပွားရေး လုပ်ငန်းကတော့ စားတော်ဆက်တစ်ခု ဖွင့်ထားပြီး မိုင် ၈၀ အကွာရှိ မြို့ က လူတွေ လာရောက် စားသောက်ပါတယ်။

လမ်းကြုံ ဝင်လည်သူများ ရှိသလို၊ စိတ်ဝင်စားလို့ လာရောက် ကြည့်ရှု သူများကြောင့် Eiler ရဲ့  စာကြည့်တိုက်နဲ့ မြို့ ဟာ လတိုင်း လူစည်ကားတယ်လို့ သိရပါတယ်။

    မှတ်ချက် -

http://www.innewsmyanmar.com မှာ ဖော်ပြထားပြီးပါပြီ။ ခွင့်ပြုချက်တောင်းပြီး ကူးယူ ဖော်ပြပါတယ်။

http://blog.irrawaddy.org/2013/11/blog-post_17.html

အမျိုးသမီးတစ်ဦးသာ နေထိုင်သော မြို့ အမေရိကန် ပြည်ထောင်စုမှာ တကယ် ရှိပါတယ်။ ကိုယ်တိုင် မြို့တော်ဝန်ခန့်၊ ကိုယ်တိုင် တစ်ယောက်တည်း အုပ်စိုးနေတဲ့ မြို့ ငယ်လေး ဖြစ်ပါတယ်။

တည်နေရာကတော့ အမေရိကန်နိုင်ငံ အလယ်ပိုင်း Nebraska ပြည်နယ်ရှိ Monowi အမည်ရ မြို့ငယ် ဖြစ်ပါတယ်။ သို့ပေမယ့် ရွာငယ် တစ်ခုအနေနဲ့ပဲ သတ်မှတ်ထားပါတယ်။ အမေရိကန်မှာတော့ Only one woman town လို့ နာမည်ကြီးပါတယ်။ ၁၉၃၀ ပြည့်နှစ် ကာလအတွင်းမှာတော့ လူဦးရေ ၁၅၀ ကျော်ရှိပြီး တစ်နှစ်ထက် တစ်နှစ် နည်းလာပါတယ်။ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်အရောက်မှာတော့ လင်မယား နှစ်ဦးသာ နေထိုင်ပါတော့တယ်။ Rudy နဲ့ Elsie Eiler တို့ လင်မယား နှစ်ဦး ဖြစ်ပါတယ်။

သို့ပေမယ့် Rudy ဟာ ၂၀၀၄ ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီး အသက် ၇၇ နှစ်ရှိပြီ ဖြစ်တဲ့ Elsie Eiler အမည်ရ အမျိုးသမီးကြီး တစ်ဦးသာ ကျန်ရှိပါတော့တယ်။ အကျယ်အဝန်းအားဖြင့် ၀.၂၁ စတုရန်းမိုင်သာ အကျယ်သာ သတ်မှတ်ထားတဲ့ ရွာငယ်လေး ဖြစ်ပါတယ်။
ယင်းရွာငယ်လေး ကို ဖျက်သိမ်းဖို့ အစိုးရက စီစဉ်ခဲ့ပေမယ့် Eiler လက်မခံ ခဲ့ပါဘူး။ အဓိကကတော့ သူ့ခင်ပွန်း တည်ထောင်ခဲ့တဲ့ စာကြည့်တိုက် ကျန်ရှိနေလို့ ဖြစ်ပါတယ်။ စာအုပ်ပေါင်း ၅၀၀၀ ကျော်ရှိနေပြီး ခေတ်အဆက်ဆက် စုဆောင်းလာတဲ့ အဖိုးတန် စာအုပ်များ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မြို့ ငယ်လေး Monowi ကို မထားခဲ့နိုင်တာ ဖြစ်ပါတယ်။

အင်တာနက် ကော်နက်ရှင် မြန်အောင် လုပ်နည်း

အင်တာနက် ကော်နက်ရှင် မြန်အောင် လုပ်နည်း 


အောင်ခမ်း ( smart.com.mm )


အင်တာနက်ကော်နက်ရှင် မြန်အောင်လုပ်တယ်ရယ်လို့တော့မဟုတ်ပါဘူး။ ကိုယ်သုံးနေတဲ့ ကွန်ပျူတာတစ်ခုတည်းကနေ ကော်နက်ရှင် သာမန်သုံးနေ ကျထက် အနည်းငယ်ပိုမြန်အောင် ဖြစ်ပါတယ်။ နဂို ရတဲ့ အင်တာနက် Speed နဲ့ ပမာဏ က နည်းနေရင်တော့ ဘယ်လိုနည်းနဲ့မှ မြန်အောင် လုပ်လို့မရပါဘူး။ ဒီလိုရှိပါတယ်။

စာဖတ်သူတို့လည်း သတိထားမိမယ်ထင်ပါတယ်။ Browser တစ်ခုတည်းမှာ www.google.com ရိုက်လိုက်တယ်ဆိုပါစို့။ သူက ကိုယ်ဖွင့်လိုတဲ့ ဝဘ်ဆိုဒ်ဆီ ကို တန်းမသွားပဲ ကြားမှ ISP ဆီ ဝင်ရပါသေးတယ်။ Redirect လုပ်တာ ဖြစ် ပါတယ်။ ဒီတော့ ISP (Internet Service Provider) သို့မဟုတ် DNS (Domain Name Server) က Process လုပ်ပြီးမှ ကိုယ်ဝင်ချင်တဲ့ ဝဘ်ဆိုဒ်ဆီ ကို တစ်ဆင့် ပြန်ပို့ပေးပါတယ်။ ဒီတော့ မလိုအပ်ပဲ ကြားမှ အချိန်ကြာသွား ရပါတယ်။ ဒါကြောင့် DNS server တစ်ဆင့်ကို ကျော်လိုက်မယ်ဆိုရင် မူလ သုံးနေတာထက် ၃၀ ရာခိုင်နှုန်း ပိုမြန်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် အောက်ပါအဆင့်အတိုင်းသွားရန် လိုအပ်ပါတယ်။

၁။ Control Panel ကိုဝင်ရပါမယ်။

၂။ Network Connection သို့မဟုတ် Network and Sharing Centre ကိုဝင်ရပါမယ်။

၃။ မိမိအသုံးပြုနေတဲ့ Network (ဥပမာ- Local Area Connectin)ကိုရွေး ချယ်ရပြီး Click နှိပ်ရပါမယ်။ XP သုံးနေတယ်ဆိုရင် Right cick နှိပ်ဝင် ရမှာ ဖြစ်ပါတယ်။ Window 7 သုံးနေတယ်ဆိုရင်တော့ left Click နှိပ် ဝင်နိုင်ပါတယ်။

၎။ Properties ကိုနှိပ်ပါ။

၅။ Netwokring Tab ဝင်ပြီး Internet Protocol (TCP/IP) ထဲကို ဝင်ရပါမယ်။ စက်တစ်လုံးနဲ့မတူညီတဲ့အတွက် အချို့ ဆို Internet Protocol Verson 6 နဲ့ 4 ဆိုပြီး ပေါ်နေတတ်ပါတယ်။ အောက်တစ်ခု 4 ကိုဝင်ရပါ တယ်။ သာမန် မြင်နေကျ 192.168 အစရှိသဖြင့် ဖြည့်ထား တဲ့အကွက်များကိုမြင်တွေ့ရပါမယ်။

၆။ Use the following DNS server address: မှာ click နှိပ်ပြီး အောက်ပါ ကုဒ်များကို ဖြည့်စွက်ရမှာ ဖြစ်ပါတယ်။

Preferred DNS Server မှာ - 208.67.222.222
Alternate DNS server မှာ - 208.67.220.220

တို့ကို ဖြည့်စွက်ပေးရပါမယ်။

၇။ အထက်ပါအတိုင်း ဖြည့်ပြီးပြီဆိုရင်တော့ OK နှိပ်နိုင်ပါပြီ။ ကျန်ရှိနေတဲ့ Box တိုင်းမှာ OK နှိပ်ပြီးရင် ပြီးပါပြီ။

ကွန်ပျူတာကို Restart ပြန်လိုက်၊ Connection ကို Restart ပြန်လုပ်ပြီးရင် ယခင်ထက် ၃၀ ရာခိုင်နှုန်း ပိုမြန်သော အင်တာနက် ကော်နက်ရှင်ကို အသုံးပြုလို့ရပါပြီ။

စာဖတ်သူတို့ စမ်းကြည့်လို့ အဆင်ပြေမယ်လို့ မျော်လင့်ပါတယ်။ 

http://smart.com.mm/index.php?option=com_content&view=article&id=18651:how-to-make-connection-faster-than-ever&catid=121&Itemid=631

.
အောင်ခမ်း ( smart.com.mm )

အင်တာနက်ကော်နက်ရှင် မြန်အောင်လုပ်တယ်ရယ်လို့တော့မဟုတ်ပါဘူး။ ကိုယ်သုံးနေတဲ့ ကွန်ပျူတာတစ်ခုတည်းကနေ ကော်နက်ရှင် သာမန်သုံးနေ ကျထက် အနည်းငယ်ပိုမြန်အောင် ဖြစ်ပါတယ်။ နဂို ရတဲ့ အင်တာနက် Speed နဲ့ ပမာဏ က နည်းနေရင်တော့ ဘယ်လိုနည်းနဲ့မှ မြန်အောင် လုပ်လို့မရပါဘူး။ ဒီလိုရှိပါတယ်။

စာဖတ်သူတို့လည်း သတိထားမိမယ်ထင်ပါတယ်။ Browser တစ်ခုတည်းမှာ www.google.com ရိုက်လိုက်တယ်ဆိုပါစို့။ သူက ကိုယ်ဖွင့်လိုတဲ့ ဝဘ်ဆိုဒ်ဆီ ကို တန်းမသွားပဲ ကြားမှ ISP ဆီ ဝင်ရပါသေးတယ်။ Redirect လုပ်တာ ဖြစ် ပါတယ်။ ဒီတော့ ISP (Internet Service Provider) သို့မဟုတ် DNS (Domain Name Server) က Process လုပ်ပြီးမှ ကိုယ်ဝင်ချင်တဲ့ ဝဘ်ဆိုဒ်ဆီ ကို တစ်ဆင့် ပြန်ပို့ပေးပါတယ်။ ဒီတော့ မလိုအပ်ပဲ ကြားမှ အချိန်ကြာသွား ရပါတယ်။ ဒါကြောင့် DNS server တစ်ဆင့်ကို ကျော်လိုက်မယ်ဆိုရင် မူလ သုံးနေတာထက် ၃၀ ရာခိုင်နှုန်း ပိုမြန်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် အောက်ပါအဆင့်အတိုင်းသွားရန် လိုအပ်ပါတယ်။

၁။ Control Panel ကိုဝင်ရပါမယ်။

၂။ Network Connection သို့မဟုတ် Network and Sharing Centre ကိုဝင်ရပါမယ်။

၃။ မိမိအသုံးပြုနေတဲ့ Network (ဥပမာ- Local Area Connectin)ကိုရွေး ချယ်ရပြီး Click နှိပ်ရပါမယ်။ XP သုံးနေတယ်ဆိုရင် Right cick နှိပ်ဝင် ရမှာ ဖြစ်ပါတယ်။ Window 7 သုံးနေတယ်ဆိုရင်တော့ left Click နှိပ် ဝင်နိုင်ပါတယ်။

လက်ရှိ အစိုးရလက်ထက် အဂတိတရား လိုက်စားမှုများ ရှိပါက နောင်လာမည့် အစိုးရက အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် ပြန်လည်အရေးယူနိုင်

Photo: လက်ရှိ အစိုးရလက်ထက် အဂတိတရား လိုက်စားမှုများ ရှိပါက နောင်လာမည့် အစိုးရက အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် ပြန်လည်အရေးယူနိုင်

လက်ရှိကာလ၌ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ အသက်ဝင်နေပြီ ဖြစ်သည့်အတွက် လက်ရှိအစိုးရ လက်ထက်တွင် အဂတိတရား လိုက်စားမှုများ ရှိပါက နောင်လာမည့် အစိုးရသစ်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူနိုင်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေတွင် ပြဋ္ဌာန်းထားချက်များအရ သိရသည်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ၂၀၁၃ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၃ ( ၂၀၁၃ ခုနှစ်၊ သြဂုတ် ၇) ရက်စွဲဖြင့် ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတော် သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ်၊ ၇၃/၂၀၁၃ ဖြင့် ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၇ ရက်မှ စတင်၍ အာဏာတည်သည်ဟု သတ်မှတ်ခဲ့သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ-၂ အရ ဤဥပဒေအရ အရေးယူနိုင်သော ပြစ်မှုတစ်ရပ်ရပ်ကို ပြည်တွင်းတွင် မည်သူမဆို ကျူးလွန်လျှင်ဖြစ်စေ၊ ပြည်ပတွင် မြန်မာနိုင်ငံသား သို့မဟုတ် မြန်မာနိုင်ငံတွင် အမြဲတမ်း အခြေစိုက် နေထိုင်သူက ကျူးလွန်လျှင်ဖြစ်စေ ဤဥပဒေနှင့် သက်ဆိုင်စေရမည်ဟုလည်း ပြဋ္ဌာန်းထားသည်။

အဆိုပါ ဥပဒေအရ ကော်မရှင်က စွပ်စွဲချက်အပေါ် စုံစမ်းစစ်ဆေး နေစဉ်အတွင်း စွပ်စွဲခံရသူသည် ရာထူးစွန့်လွှတ် သွားပြီဖြစ်သော်လည်း ဥပဒေကြောင်းအရ ဆက်လက်အရေးယူရန်သော် လည်းကောင်း၊ ၀န်ထမ်းစည်းကမ်းနှင့်အညီ အရေးယူရန်သော် လည်းကောင်း၊ နိုင်ငံတော်က သက်ဆိုင်ရာ ပစ္စည်းများကို သိမ်းဆည်းယူနိုင်ရန်သော် လည်းကောင်း စုံစမ်းစစ်ဆေးမှုကို လိုအပ်သလို ဆက်လက်ပြုလုပ် နိုင်သည်ဟု ပုဒ်မ-၃၁ တွင် ပြဋ္ဌာန်းထားသည်။

"ဥပဒေကတော့ စာရွက်ပေါ်မှာ ရှိတာပေါ့။ စာရွက်ပေါ်မှာတော့ အကုန်လုံး ကောင်းတာချည်းပဲ။ ဒါပေမဲ့ ဥပဒေတိုင်းမှာ အပြစ်ပေး အရေးယူရေးဆိုတာ အမြဲပါတယ်။ အဲဒီ အပြစ်ပေး အရေးယူရေးကို အကောင်အထည်ဖော်တဲ့ အဖွဲ့အစည်းဟာ ပြဿနာ မရှိဘူး။ တကယ်တော့ သိန်းပေါင်းများစွာ အဂတိ လိုက်စားခဲ့တာတွေ ရှိတယ်။ အခွန်ကို ရှောင်ခဲ့တာတွေ အများကြီး ရှိတယ်။ မီလျံချီပြီးတော့ ရှိတယ်။ ဒါပေမဲ့ ဒီနေ့ ဒီကိစ္စတွေ အားလုံးမရှင်းကြဘူး။ ဆိုတော့ အရေးယူဖို့ စဉ်းစားရာမှာ တချို့ကတော့ ဒီမိုကရေစီ နုနယ်သေးလို့ ပြောတာလည်း ရှိတယ်။ အရေးယူတယ် ဆိုတဲ့ ကိစ္စမှာ တချို့သော ကိစ္စတွေက နိုင်ငံရေး ပြဿနာတွေ ရှိတယ်။ အဲဒီလို နိုင်ငံရေး ပြဿနာတွေကို မဖြေရှင်းနိုင်သေးဘဲ ဥပဒေ စိုးမိုးမှုဆိုတာ ရှိမှာမဟုတ်ဘူး။ ဒါကြောင့် နိုင်ငံရေး ပြဿနာရဲ့ လက်အောက်ခံလို့ပဲ တစ်လုံးတည်း ပြောရမှာပေါ့။ စာရွက်ပေါ်မှာရှိတဲ့ ဥပဒေ စိုးမိုးမှုက တကယ့်နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ အဂတိတရား လိုက်စားမှုဆိုတာ တရားရုံးတွေမှာလည်း ရှိတာပဲ။ နောင်လည်း ရှိနေဦးမှာပဲ။ သို့သော် ကြီးထွားမလာအောင် တားနိုင်မယ့် နည်းလမ်းကိုပဲ စဉ်းစားရမှာ။ လက်ရှိ အခြေအနေတွေက နိုင်ငံရေး ပြဿနာတွေဆိုတော့ ဖြေရှင်းနိုင်ဖို့ကတော့ အချိန်ယူ ရဦးမှာပါ" ဟု ရှေ့နေဦးဟန်ရှင်ဝင်းက ပြောကြားသည်။

လာဘ်ပေးလာဘ်ယူမှုနှင့် စပ်လျဉ်း၍ ဖြစ်စေ၊ လုပ်ပိုင်ခွင့် အာဏာရှိသူ တစ်ဦးဦးက လာဘ်ပေးလာဘ်ယူခြင်းဖြင့် ကြွယ်ဝချမ်းသာလာမှုနှင့် စပ်လျဉ်း၍ ဖြစ်စေ၊ လာဘ်ပေးလာဘ်ယူမှုကြောင့် နစ်နာသူက သတ်မှတ်ချက်များနှင့်အညီ ကော်မရှင်သို့ ဖြစ်စေ၊ ကော်မရှင်ရုံးသို့ ဖြစ်စေ ဤဥပဒေအရ ဖွဲ့စည်းသော လုပ်ငန်းကော်မတီ၊ လုပ်ငန်းအဖွဲ့၊ ပဏာမ စိစစ်ရေး အဖွဲ့နှင့် စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ခုခုသို့ ဖြစ်စေ၊ သက်ဆိုင်ရာ အစိုးရဌာန အဖွဲ့အစည်း တစ်ခုခုသို့ ဖြစ်စေ၊ သတင်းပေးပို့ချက်နှင့် တိုင်တန်းချက်များကို ပေးပို့နိုင်သည်ဟုလည်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ-၄၄ တွင် ပြဋ္ဌာန်းထားပါသည်။

"အဂတိတရား လိုက်စားမှုဆိုတာ သက်သေသက္ကာယက ဆိုလိုတာက ပေးတဲ့သူက တိုင်မှပဲ ပေါ်မှာလေ။ လာဘ်ပေးလာဘ်ယူဆိုတာ ပေးတဲ့သူကတိုင်မှ ပေါ်မှာပေါ့။ လူမသိအောင် တိတ်တိတ်ကလေး ကျိတ်ပြီးလုပ်တဲ့ ကိစ္စကိုး" ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းစိုး (ထွန်း)က သုံးသပ်ပြောကြားခဲ့သည်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၅ အရ နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ မည်သူမဆို လာဘ်ပေးလာဘ်ယူမှု ကျူးလွန်ကြောင်း၊ ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ၁၅ နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ထို့ပြင် ပုဒ်မ-၅၆ အရ နိုင်ငံရေးရာထူး လက်ရှိဖြစ်သူမှအပ အခြားလုပ်ပိုင်ခွင့် အာဏာရှိသူ မည်သူမဆို လာဘ်ပေးလာဘ်ယူမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ၁၀ နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ် ရမည့်အပြင် ငွေဒဏ်ကိုလည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

"အဂတိတရား လိုက်စားမှုတွေက အခုလည်း အရေးယူလို့ ရတယ်။ အရင်ကလည်း အရေးယူလို့ ရတယ်။ အရေးယူတဲ့ ဥပဒေသာ ကွာသွားတာ။ ဒီဥပဒေ မတိုင်ခင်က ပထမ ဥပဒေ ရှိတယ်။ ဒါပေမဲ့ အစိုးရက အရေးမယူခဲ့ဘူး။ သူတို့က ဒါကို အရေးယူဖို့ တော်တော်ကြောက်တာ။ အရေးယူတဲ့ အလုပ်ကို သူတို့လုပ်ကို မလုပ်ချင်တာ" ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းစိုး (ထွန်း) က ပြောကြားသည်။

ပုဒ်မ-၅၇ အရ နိုင်ငံရေးရာထူး လက်ရှိဖြစ်သူနှင့် လုပ်ပိုင်ခွင့် အာဏာရှိသူမှအပ အခြားမည်သူမဆို လာဘ်ပေးလာဘ်ယူမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ခုနစ်နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်ကိုလည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ထို့ပြင် ပုဒ်မ-၅၈ အရ မည်သူမဆို ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်နှင့် သက်ဆိုင်သည့် ငွေကြေးနှင့် ပစ္စည်းများအပေါ် အရေးယူ ဆောင်ရွက်ခြင်း မပြုနိုင်ရန် ဖုံးကွယ်ခြင်း၊ ဖျောက်ဖျက်ခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် လွှဲပြောင်းခြင်းပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ငါးနှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

"အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ကိုယ်၌ကိုက အရေးယူနိုင်ဖို့ ကျဉ်းမြောင်းနေတယ်။ အဂတိ လိုက်စားတာကို အရေးယူဖို့ ခွင့်ပြုမိန့် ပေးရမယ့် ၀န်ကြီးဌာန ကိုယ်တိုင်က သူ့လက်အောက်ကလူကို အရေးယူဖို့ ခွင့်ပြုမိန့် ပေးပါ့မလားဆိုတာ မေးစရာ ရှိနေတယ်။ လူအဟောင်းတွေနဲ့ မူအသစ်ကို ကျင့်သုံးရတာဖြစ်လို့ အဂတိတရား လိုက်စားမှု ပျောက်သွားအောင် လုပ်ဖို့ဆိုတာ အခက်အခဲ ဖြစ်နေတယ်။ ၂၀၁၅ အစိုးရသစ် လက်ထက်မှာကို ဒီဥပဒေ အရဆိုရင် လုပ်နိုင်ကိုင်နိုင်ဖို့ အခက်အခဲ ရှိနေတယ်။ ချစ်ခြင်း၊ မုန်းခြင်း၊ ကြောက်ခြင်းနဲ့ တံစိုးလက်ဆောင် ရယူခြင်းတွေဟာ အဂတိ လိုက်စားမှုတွေ ဖြစ်ပါတယ်။ ဥပဒေ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်ဖို့ ပျက်ကွက်တာကလည်း အဂတိတရား လိုက်စားတာပဲ။ ဒါတွေအားလုံးကို အဂတိတရား လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူလို့ ရတယ်" ဟု ဥပဒေ အတိုင်ပင်ခံ ဦးဖိုးဖြူက ဆိုသည်။

"ဒီဥပဒေပေါ်တာ ကြာပြီ။ ဒီဥပဒေနဲ့ အရေးယူတာ ဘယ်နှမှု ကြားဖူးလဲ။ ဟိုတုန်းက ရှိခဲ့တဲ့ ဥပဒေကိုလည်း ဒီအစိုးရ မတိုင်ခင်က ဘယ်သူမှ အရေးမယူခဲ့တာ။ ဘာကြောင့် အရေးမယူလဲဆိုတော့ မယူရဲလို့။ အရေးယူလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည် ပြောဖူးတဲ့ စကားတစ်ခု ရှိတယ်။ ရန်ကုန်မြို့ကို အုတ်တံတိုင်းခတ်ပြီး ထောင်လုပ်လိုက်ရမှာ။ သူတို့ဝန်ထမ်းတွေ အကုန်လုံးမှာ အောက်ကအငယ်လေးတွေက မလောက်လို့ စားတာ။ အပေါ်က ကြီးတဲ့သူတွေက ချမ်းသာချင်လို့ စားတာ။ သူ့ထက်ကြီးတဲ့ သူတွေကျတော့ ပိုချမ်းသာချင်လို့ စားတာ။ ဒါပဲ။ ဒီသဘောပဲ" ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းစိုး (ထွန်း) က သုံးသပ်ပြောကြားသည်။

မည်သူမဆို ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရန် လှုံ့ဆော်ခြင်း၊ အားထုတ်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း သို့မဟုတ် စီမံခန့်ခွဲခြင်း ပြုလျှင်ဖြစ်စေ၊ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီလျှင်ဖြစ်စေ ယင်းပြစ်မှုအတွက် ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ်ကို ချမှတ်ခြင်း ခံရမည်ဟု ပုဒ်မ- ၆၃ တွင် ပြဋ္ဌာန်းထားပြီး ပုဒ်မ-၆၉ အရ ဤဥပဒေအရ အရေးယူပိုင်ခွင့်ရှိသည့် ပြစ်မှုများကို ရဲအရေးယူ ပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်ဟုလည်း ပြဋ္ဌာန်းထားသည်။

"ရန်ကုန်မှာ မြေဈေးတွေ ကြီးမြင့်လာပြီးတဲ့နောက်မှာ အိမ်ခြံမြေ ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေက နေရာအတော် များများမှာ တွေ့လာရတယ်။ ဒီလို ကိစ္စတွေမှာ တိုင်းဒေသကြီး အစိုးရ အဖွဲ့နဲ့ စည်ပင်လို အဖွဲ့အစည်းတွေက လူအချို့နဲ့ ပတ်သက်မှုတွေ ရှိနိုင်တယ်လို့လည်း ကြားတယ်။ အံ့သြစရာကောင်းတဲ့ ပိုင်ဆိုင်မှုတွေကိုလည်း တွေ့နေရတယ်။ ဒါတွေနဲ့ ပတ်သက်တဲ့ ရှုပ်ထွေးမှုတွေ၊ နစ်နာမှုတွေအတွက် ရှင်းရှင်းလင်းလင်း ဖြစ်ထားဖို့ လိုပါတယ်။ နောက်ကွယ်မှာ လာဘ်ပေးလာဘ်ယူ ကင်း၊ မကင်း၊ အဂတိ လိုက်စားမှု ရှိ၊ မရှိ ဆိုတာတွေ သေချာဆန်းစစ် သင့်တယ်။ နစ်နာတဲ့ သူတွေဘက်က အမှန်တရားအတိုင်း ဖြစ်ဖို့လိုတယ်။ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေလည်း ရှိပြီဆိုတော့ သက်ဆိုင်သူတွေ အနေနဲ့ ဒါနဲ့ပတ်သက်ရင် ကြိုရှင်းထားဖို့ လိုပါမယ်။ ဒါမှ မဟုတ်ရင်တော့ နောင်တက်လာမယ့် အစိုးရ လက်ထက်မှာ ဒီဥပဒေတွေနဲ့ ပြန်လည်စစ်ဆေး အရေးယူတာတွေ ရှိလာမှာပဲ" ဟု အမည်မဖော်လိုသူ လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လာဘ်ပေးလာဘ်ယူမှု ပြဿနာများအား ထိရောက်စွာ ကိုင်တွယ်နိုင်ရန်အတွက် ယခင်ကပင် ဥပဒေများ ထုတ်ပြန်ထားသော်လည်း အရေးယူမှု တစ်စုံတစ်ရာ ပြုလုပ်ခြင်း မရှိခဲ့ကြောင်း၊ ဒီမိုကရေစီ နိုင်ငံသစ်အဖြစ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေသည့် လက်ရှိအစိုးရ လက်ထက်တွင်လည်း လာဘ်ပေးလာဘ်ယူမှုများ ဖြစ်ပွားနေဆဲဖြစ်ကြောင်း၊ အဂတိတရား လိုက်စားမှုများအား အရေးယူရန် ဥပဒေများ ထုတ်ပြန်ထားသော်လည်း ထိရောက်သည့် အရေးယူမှုများ မရှိကြောင်း၊ ၂၀၁၅ ခုနှစ်တွင် အသစ်တက်လာမည့် အစိုးရ လက်ထက်တွင်မူ လက်ရှိအစိုးရ လက်ထက်တွင် ကြုံတွေ့ခဲ့သည့် လာဘ်ပေးလာဘ်ယူမှုများကို အရေးယူ ဆောင်ရွက်မည် ဆိုပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ အရေးယူနိုင်ကြောင်းလည်း ဥပဒေ ပညာရှင်များက သုံးသပ်ခဲ့သည်။ 

ရန်ကုန်မြို့၊ မဟာဗန္ဓုလ ပန်းခြံလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် အဆောက်အအုံအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

လက်ရှိကာလ၌ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ အသက်ဝင်နေပြီ ဖြစ်သည့်အတွက် လက်ရှိအစိုးရ လက်ထက်တွင် အဂတိတရား လိုက်စားမှုများ ရှိပါက နောင်လာမည့် အစိုးရသစ်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူနိုင်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေတွင် ပြဋ္ဌာန်းထားချက်များအရ သိရသည်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ၂၀၁၃ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၃ ( ၂၀၁၃ ခုနှစ်၊ သြဂုတ် ၇) ရက်စွဲဖြင့် ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတော် သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ်၊ ၇၃/၂၀၁၃ ဖြင့် ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၇ ရက်မှ စတင်၍ အာဏာတည်သည်ဟု သတ်မှတ်ခဲ့သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ-၂ အရ ဤဥပဒေအရ အရေးယူနိုင်သော ပြစ်မှုတစ်ရပ်ရပ်ကို ပြည်တွင်းတွင် မည်သူမဆို ကျူးလွန်လျှင်ဖြစ်စေ၊ ပြည်ပတွင် မြန်မာနိုင်ငံသား သို့မဟုတ် မြန်မာနိုင်ငံတွင် အမြဲတမ်း အခြေစိုက် နေထိုင်သူက ကျူးလွန်လျှင်ဖြစ်စေ ဤဥပဒေနှင့် သက်ဆိုင်စေရမည်ဟုလည်း ပြဋ္ဌာန်းထားသည်။

အဆိုပါ ဥပဒေအရ ကော်မရှင်က စွပ်စွဲချက်အပေါ် စုံစမ်းစစ်ဆေး နေစဉ်အတွင်း စွပ်စွဲခံရသူသည် ရာထူးစွန့်လွှတ် သွားပြီဖြစ်သော်လည်း ဥပဒေကြောင်းအရ ဆက်လက်အရေးယူရန်သော် လည်းကောင်း၊ ၀န်ထမ်းစည်းကမ်းနှင့်အညီ အရေးယူရန်သော် လည်းကောင်း၊ နိုင်ငံတော်က သက်ဆိုင်ရာ ပစ္စည်းများကို သိမ်းဆည်းယူနိုင်ရန်သော် လည်းကောင်း စုံစမ်းစစ်ဆေးမှုကို လိုအပ်သလို ဆက်လက်ပြုလုပ် နိုင်သည်ဟု ပုဒ်မ-၃၁ တွင် ပြဋ္ဌာန်းထားသည်။

သမ္မတနှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတို့ တပူးတွဲတွဲ ရှိနေခြင်းအပေါ် မြန်မာသံတော်ဆင့် သတင်းဂျာနယ် ဝေဖန်ထောက်ပြ

Photo: သမ္မတနှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတို့ တပူးတွဲတွဲ ရှိနေခြင်းအပေါ် မြန်မာသံတော်ဆင့် သတင်းဂျာနယ် ဝေဖန်ထောက်ပြ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးတို့ တပူးတွဲတွဲ ရှိနေခြင်းအပေါ် နိုဝင်ဘာလထုတ် မြန်မာသံတော်ဆင့် သတင်းဂျာနယ် အတွဲ (၂) အမှတ် (၃၆) က ဝေဖန်ခဲ့သည်။

သမ္မတကြီး ဦးသိန်းစိန်နှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးတို့သည် လက်ရှိအာဏာရ ပြည်ခိုင်ဖြိုးပါတီ၏ ထိပ်ပိုင်းရာထူးကို ရယူထားသူများဖြစ်ပြီး စစ်တက္ကသိုလ် အပတ်စဉ် (၉) (DSA-9) မှ ဆင်းသက်ခဲ့ကြသူများလည်း ဖြစ်သည်။ မြန်မာသံတော်ဆင့် ဂျာနယ်က "ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ပါတီနိုင်ငံရေး ကင်းရှင်းဖို့" ဟူသော သတင်းဆောင်းပါး၌ "၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ အခမ်းအနားသို့ တက်ရောက်လာရုံ မျှမက ကြံ့ခိုင်ရေး ပါတီအစိုးရ သမ္မတဦးသိန်းစိန်၏ တိုင်းခန်းလှည့်လည် မှုများနောက်သို့ လိုက်ပါ၍ သွားလာနေသည်မှာ ယခင် ၁၉၉၀ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌကြီး ဦးဘဌေး၏ အာဏာရ အစိုးရနှင့် နိုင်ငံရေး ပါတီတို့အပေါ် မှန်တမ်းမျှသာ ဆက်ဆံခဲ့ပုံနှင့် များစွာကွာခြား နေပေတော့သည်" ဟု ရေးသားဖော်ပြခဲ့သည်။

မြန်မာသံတော်ဆင့်က "ကမ္ဘာ့နိုင်ငံ အများစုတွင် ပါတီစုံ ရွေးကောက်ပွဲ ကော်မရှင်များသည် သီးခြားရပ်တည်ပြီး ပြည်သူများ အထင်အမြင် လွဲစေသည့် အစိုးရ၊ နိုင်ငံရေး ပါတီများနှင့် ဆက်ဆံ၍ ပူးပေါင်းသွားလာ လှည့်လည်မှု လုပ်ဖို့ပင် ဝေးစွပင်။ အာဏာမရှိသော်လည်း ဘက်လိုက်မှုကင်းသည့် ခုံသမာဓိ ပီသသော သြဇာကြီးသည့် ရွေးကောက်ပွဲ ကော်မရှင်အဖြစ် မြန်မာနိုင်ငံတော်ကြီး၌ တည်ရှိစေချင် လှပါသည်။ ယခုမူကား ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌကြီးများဖြစ်သော သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် နာယကတို့နှင့်အတူ အာဏာရ ကြံ့ခိုင်ရေးပါတီ ညီလာခံသို့ လာရောက်ခဲ့သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးသည် အတိုက်အခံ NLD ပါတီနှင့်တော့ ခပ်စိမ်းစိမ်းဖြစ်၍ နေသည်မှာ စဉ်းစားဖွယ်ရာ ဖြစ်ပါသည်" ဟု ဝေဖန်ထောက်ပြ ခဲ့သည်။

ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး (ယခင် ဦးပိုင်လီမိတက် ဥက္ကဋ္ဌ၊ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း)အား သမ္မတ ဦးသိန်းစိန်က ၂၀၁၀ ရွေးကောက်ပွဲအပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီတွင် ယခင်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်သိန်းစိုး၏ နေရာတွင် အစားထိုးခဲ့သူ ဖြစ်သည်။ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးမှာ ၂၀၁၀ ရွေးကောက်ပွဲတွင် တံတားဦးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက် ခံခဲ့ရပြီး ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ခဲ့ပြီးနောက် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

ယခင် ဦးပိုင်လီမိတက် ဥက္ကဋ္ဌဟောင်း ဦးတင်အေးတွင် စီးပွားရေး လုပ်ငန်းရှင် သားနှစ်ဦးရှိပြီး The Messenger News Journal နှင့် Messenger Daily သတင်းစာတို့ကို ထုတ်ဝေနေသည့် မိုးဆမ်းပန်း မီဒီယာမှာ ၎င်း၏သားဖြစ်သူ ဦးဇော်မင်းအေး ပိုင်ဆိုင်သည့် မီဒီယာဖြစ်သည်။ ဦးတင်အေး၏ သားတစ်ဦးဖြစ်သည့် (ဗိုလ်မှူးဟောင်း) ဦးဥက္ကာအေးမှာလည်း အိမ်ခြံမြေ Developer တစ်ဦးဖြစ်ပြီး သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏတွင် ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိသော မြေကွက်များ ပိုင်ဆိုင်ထားသည်ဟု ခန့်မှန်းမှုများ ရှိနေသည်။

The Messenger News Journal သည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတဖြစ်လာနိုင်သည်ဟု ထင်ကြေးပေး ထောက်ခံခဲ့သော မြန်မာ့အရေး လေ့လာသူ Larry Jagan နှင့် အင်တာဗျူးအား ဖော်ပြခဲ့ဖူးသလို မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးအရ ထိုးနှက်သည့် ဆောင်းပါးများကိုလည်း ဖော်ပြခဲ့သည်။

မြန်မာသံတော်ဆင့်က "တည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၉၈(က)၊ ၃၉၈(ခ)(၇)၊ ရည်ညွှန်းပုဒ်မ ၂၃၂ (ဋ) တို့အရ နားလည်ထားသည်မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင် အဖွဲ့ဝင်များသည် နိုင်ငံရေးပါတီ ကင်းရှင်း၍ ပြည်သူများနှင့် နိုင်ငံရေး ပါတီများအပေါ် မျှတစွာ ဆက်ဆံလုပ်ကိုင်သူများအဖြစ် ရှိစေချင်ပါသည်" ဟု ရေးသားဖော်ပြ ခဲ့သည်။

ထို့အပြင် "ကြံ့ခိုင်ရေးပါတီ ဗဟိုမှ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ခဲ့သော လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေးသည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် သမ္မတဦးသိန်းစိန်က ခန့်အပ်လိုက်ခြင်းနည်းတူ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီက မြို့နယ်ကော်မရှင် ဥက္ကဋ္ဌအချို့သည်လည်း ကြံ့ခိုင်ရေးပါတီကိုယ်စား လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်ပွဲဝင်ခဲ့ခြင်းမှာ လက်ရှိမြန်မာ့ နိုင်ငံရေး၏ သရုပ်သကန်ကို လှစ်ဟပြသနေခြင်းပင်" ဟု ဖော်ပြခဲ့သည်။ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီးနောက် လစ်လပ်မဲဆန္ဒနယ် မြေ ၄၅ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်တွင် ကျင်းပခဲ့ရာ မဲဆန္ဒနယ်မြေ အများစုတွင် မဲစာရင်း ကောက်ခံမှုနှင့် ပတ်သက်ပြီး အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ပြီး အတိုက်အခံ ပါတီဖြစ်သည့် NLD မှ ပြောရေးဆိုခွင့်ရှိသူ ဦးညဏ်ဝင်းက မဲပြားများတွင် ဖယောင်းများ သုတ်ထားကြောင်း ဝေဖန်ခဲ့သည်။ ရွေးကောက်ပွဲ ကော်မရှင်က ဦးဥာဏ်ဝင်းအား တရားစွဲဆိုခဲ့ရာ ဒဏ်ငွေ ကျပ်တစ်ထောင် ပေးဆောင်ရန် နေပြည်တော် ပုဗ္ဗသီရိ တရားရုံးမှ အမိန့်ချမှတ် ခဲ့သည်။

၂၀၁၃ စက်တင်ဘာ ၁၄ ရက်က ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် သတင်းထောက်များနှင့် တွေ့ဆုံပွဲတွင် လာမည့် ၂၀၁၅ ရွေးကောက်ပွဲအား လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာစေမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ကတိပြုထားသည်။

မြန်မာသံတော်ဆင့် အပတ်စဉ်သတင်း အတွဲ (၂)၊ အမှတ် (၃၆) မျက်နှာဖုံးတွင် "ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ပါတီနိုင်ငံရေး ကင်းဖို့" ဟူ၍ ဖော်ပြထားမှုကို တွေ့ရစဉ်
မြန်မာသံတော်ဆင့် အပတ်စဉ်သတင်း အတွဲ (၂)၊ အမှတ် (၃၆) မျက်နှာဖုံးတွင် "ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ပါတီနိုင်ငံရေး ကင်းဖို့" ဟူ၍ ဖော်ပြထားမှုကို တွေ့ရစဉ်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးတို့ တပူးတွဲတွဲ ရှိနေခြင်းအပေါ် နိုဝင်ဘာလထုတ် မြန်မာသံတော်ဆင့် သတင်းဂျာနယ် အတွဲ (၂) အမှတ် (၃၆) က ဝေဖန်ခဲ့သည်။

သမ္မတကြီး ဦးသိန်းစိန်နှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးတို့သည် လက်ရှိအာဏာရ ပြည်ခိုင်ဖြိုးပါတီ၏ ထိပ်ပိုင်းရာထူးကို ရယူထားသူများဖြစ်ပြီး စစ်တက္ကသိုလ် အပတ်စဉ် (၉) (DSA-9) မှ ဆင်းသက်ခဲ့ကြသူများလည်း ဖြစ်သည်။ မြန်မာသံတော်ဆင့် ဂျာနယ်က "ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ပါတီနိုင်ငံရေး ကင်းရှင်းဖို့" ဟူသော သတင်းဆောင်းပါး၌ "၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ အခမ်းအနားသို့ တက်ရောက်လာရုံ မျှမက ကြံ့ခိုင်ရေး ပါတီအစိုးရ သမ္မတဦးသိန်းစိန်၏ တိုင်းခန်းလှည့်လည် မှုများနောက်သို့ လိုက်ပါ၍ သွားလာနေသည်မှာ ယခင် ၁၉၉၀ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌကြီး ဦးဘဌေး၏ အာဏာရ အစိုးရနှင့် နိုင်ငံရေး ပါတီတို့အပေါ် မှန်တမ်းမျှသာ ဆက်ဆံခဲ့ပုံနှင့် များစွာကွာခြား နေပေတော့သည်" ဟု ရေးသားဖော်ပြခဲ့သည်။

မြန်မာသံတော်ဆင့်က "ကမ္ဘာ့နိုင်ငံ အများစုတွင် ပါတီစုံ ရွေးကောက်ပွဲ ကော်မရှင်များသည် သီးခြားရပ်တည်ပြီး ပြည်သူများ အထင်အမြင် လွဲစေသည့် အစိုးရ၊ နိုင်ငံရေး ပါတီများနှင့် ဆက်ဆံ၍ ပူးပေါင်းသွားလာ လှည့်လည်မှု လုပ်ဖို့ပင် ဝေးစွပင်။ အာဏာမရှိသော်လည်း ဘက်လိုက်မှုကင်းသည့် ခုံသမာဓိ ပီသသော သြဇာကြီးသည့် ရွေးကောက်ပွဲ ကော်မရှင်အဖြစ် မြန်မာနိုင်ငံတော်ကြီး၌ တည်ရှိစေချင် လှပါသည်။ ယခုမူကား ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌကြီးများဖြစ်သော သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် နာယကတို့နှင့်အတူ အာဏာရ ကြံ့ခိုင်ရေးပါတီ ညီလာခံသို့ လာရောက်ခဲ့သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးသည် အတိုက်အခံ NLD ပါတီနှင့်တော့ ခပ်စိမ်းစိမ်းဖြစ်၍ နေသည်မှာ စဉ်းစားဖွယ်ရာ ဖြစ်ပါသည်" ဟု ဝေဖန်ထောက်ပြ ခဲ့သည်။

ထားဝယ် စီမံကိန်းမှ အီတာလျံ-ထိုင်း နုတ်ထွက်မည့် သတင်းများထွက်

Photo: ထားဝယ် စီမံကိန်းမှ အီတာလျံ-ထိုင်း နုတ်ထွက်မည့် သတင်းများထွက်

ထားဝယ်၊ နိုဝင်ဘာ ၁၇

မြန်မာနိုင်ငံ၏ အရေးကြီးသော ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ရေး စီမံကိန်း တစ်ခုဖြစ်သည့် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း ကနဦး လုပ်ကိုင်ခွင့်ရ အီတာလျံ-ထိုင်း (ITD) ကုမ္ပဏီ စီမံကိန်းမှ နုတ်ထွက်မည် ဆိုသည့် သတင်းများ ယခုရက်ပိုင်းအတွင်း ထွက်ပေါ်လျက် ရှိကြောင်း ထားဝယ်ဒေသခံ အချို့နှင့် အဆိုပါ စီမံကိန်းတွင် လုပ်ကိုင်နေသူများက ပြောကြားသည်။

ထားဝယ် စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အီတာလျံ-ထိုင်း ကုမ္ပဏီ (ITD) သည် နိုဝင်ဘာလ ၂၀ ရက်နေ့မှစပြီး နဘုလယ်ရှိ မြေပြင် လုပ်ငန်းခွင်မှ စတင်ထွက်ခွာတော့မည် ဖြစ်ကြောင်း ကုမ္ပဏီ ဝန်ထမ်းများနှင့် နဘုလယ် ဒေသခံများ အကြား၌ သတင်းထွက်ပေါ်လျက် ရှိသည်။
“ထိုင်းနိုင်ငံသား ဝန်ထမ်းတွေက ၂၁ ရက်နေ့မှာ ပြန်ရတော့မယ် လို့ ပြောတယ်။ ၂၀ ရက်နေ့မှာ ITD ထွက်တော့မယ်လို့တော့ ကြားနေရတယ်။ တရားဝင်တော့ အသိမပေးသေးဘူး” ဟု ITD ရုံး၌ တာဝန်ထမ်းဆောင် နေသည့် ထိန်ကြီးကျေးရွာမှ ဝန်ထမ်းတစ်ဦးက ဆိုသည်။

၂၀၀၈ ခုနစ်တွင် မြန်မာနိုင်ငံ အစိုးရနှင့် နားလည်မှု စာချွန်လွှာ ရေးထိုးပြီးနောက် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက် ခဲ့သော ITD ကုမ္ပဏီသည် ထားဝယ် - ကန်ချနပူရီ လမ်းအူကြောင်း ဖောက်လုပ်ခြင်း၊ ရွှေ့ပြောင်း နေရာ ချထားပေးမည့် ဒေသခံများ နေထိုင်ရာအတွက် ဘဝမြို့သစ် စီမံကိန်း တည်ဆောက်ခြင်း၊ တလိုင်းသတ်တောင် ကျောက်ထုတ်လုပ်ရေးစခန်း တည်ဆောက်ခြင်း၊ ဆိပ်ကမ်းငယ် တည်ဆောက်ခြင်း စသော လုပ်ကွက်များကို လုပ်ဆောင်နေသည်။
“ကုမ္ပဏီက ထွက်တော့မယ်လို့တော့ ကြားနေရတယ်။ လုပ်ကွက် ထဲမှာတော့ ဘာမှအသံ မကြားရဘူး” ဟု ကျောက်ထုတ်လုပ်ရေးစခန်း လုပ်ကွက်မှ ဝန်ထမ်းတစ်ဦးက ဆိုသည်။

ယင်းသို့ ထားဝယ် စီမံကိန်းမှ ITD ကုမ္ပဏီမှ ထွက်ခွာမည်ဟု သတင်းထွက်ပေါ်နေ၍ အတည်ပြုချက် ရယူရန် ITD ကုမ္ပဏီရုံးသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ အစိုးရချင်း အကောင်အထည် ဖော်သည့် စီမံကိန်း ဖြစ်နေသောကြောင့် အထောက်အကူပြု ရုံးကို မေးမြန်းပါဟု ပြန်လည် ဖြေကြားခဲ့သည်။

အထောက်အကူပြု ရုံးမှ တာဝန်ရှိသူ တစ်ဦးကို ဆက်လက်၍ မေးမြန်းရာ ITD ဘက်မှ တရားဝင် အကြောင်းကြားလာခြင်း မရှိသေး၍ ITD ကိုသာ မေးမြန်းပါဟု ပြန်လည် ဖြေကြားခဲ့သည်။

ထိုင်းနှင့် မြန်မာအစိုးရချင်း လုပ်ဆောင်သော စီမံကိန်းအဖြစ် အသွင်ပြောင်းပြီးနောက် ကနဦး လုပ်ကိုင်ခွင့်ရ ITD မှာ ထားဝယ် စီမံကိန်းမှ နောက်ဆုတ်မည် ဖြစ်ကြောင်း မြန်မာအစိုးရ တာဝန်ရှိသူ တစ်ဦးက ယခုနှစ်လယ်ပိုင်းက ပြောဆိုထားသည်။

ITD ၏ ထားဝယ် စီမံကိန်း လုပ်ကိုင်ခွင့်များကို မြန်မာအစိုးရက ရုပ်သိမ်းတော့မည်ဟု ထိုင်း စွမ်းအင်ဝန်ကြီးက မှတ်ချက်ပြု ပြောဆိုမှုနှင့် ပတ်သက်၍ ITD က အံ့အားသင့်ရကြောင်း ပြောဆိုခဲ့ပြီး မြန်မာအစိုးရ၏ တိုက်ရိုက် ပြောဆိုချက် တစ်စုံတစ်ရာ မရသေးကြောင်း ဆိုခဲ့သည်။

ထိုကိစ္စနှင့် ပတ်သက်၍ ခုခံရင်ဆိုင်သွားရန် အသင့်ရှိကြောင်း ITD ၏ ပြောဆိုချက်ကို ဘန်ကောက် ပို့စ်သတင်းစာ၏ နိုဝင်ဘာ ၁၇ ရက် အွန်လိုင်း သတင်းတွင် ဖော်ပြထားသည်။
“ITD ကုမ္ပဏီ ထွက်တော့မယ် ဆိုရင် ဒီလို ထွက်သွားခိုင်းလို့တော့ မရဘူး။ သူတို့ကြောင့် ထိခိုက်နစ်နာမှု ရှိတာကိုတော့ တာဝန်ယူခိုင်းရမယ်” ဟု ပရဒတ် ကျေးရွာမှ ဥယျာဉ်ခြံ ပိုင်ရှင် ဦးထိန်ဝင်းက ပြောသည်။ 

စီမံကိန်း ဧရိယာအတွင်း ပရဒတ်ကျေးရွာ နယ်နိမိတ်ရှိ တလိုင်းသတ်တောင် ကျောက်ထုတ်ရေး စခန်းကြောင့် ထိခိုက်မှုရှိသော လယ်ယာဥယျာဉ် ခြံမြေ လုပ်ကိုင်သူ ၁၀ ဦးကလည်း  လျှော်ကြေး ရရှိရေးအတွက် တောင်းဆို ထားသည်ဟု ယင်းလယ်သမားများထံမှ သိရသည်။

ကျောက်ထုတ်ရေးစခန်း အပါအဝင် အခြားလုပ်ကွက် တစ်ခုကို ထားရစ်ခဲ့ကာ စီမံကိန်းမှ ဆုတ်ခွာမည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသား အားလုံး ပြန်ရမည် ဖြစ်ပြီး မြန်မာဝန်ထမ်းများသာ ကျန်ခဲ့မည်ဟု သိထားကြောင်း ITD ကုမ္ပဏီဝန်ထမ်း တစ်ဦးက ရှင်းပြသည်။

Dawei Watch

ထားဝယ်၊ နိုဝင်ဘာ ၁၇

မြန်မာနိုင်ငံ၏ အရေးကြီးသော ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ရေး စီမံကိန်း တစ်ခုဖြစ်သည့် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း ကနဦး လုပ်ကိုင်ခွင့်ရ အီတာလျံ-ထိုင်း (ITD) ကုမ္ပဏီ စီမံကိန်းမှ နုတ်ထွက်မည် ဆိုသည့် သတင်းများ ယခုရက်ပိုင်းအတွင်း ထွက်ပေါ်လျက် ရှိကြောင်း ထားဝယ်ဒေသခံ အချို့နှင့် အဆိုပါ စီမံကိန်းတွင် လုပ်ကိုင်နေသူများက ပြောကြားသည်။

ထားဝယ် စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အီတာလျံ-ထိုင်း ကုမ္ပဏီ (ITD) သည် နိုဝင်ဘာလ ၂၀ ရက်နေ့မှစပြီး နဘုလယ်ရှိ မြေပြင် လုပ်ငန်းခွင်မှ စတင်ထွက်ခွာတော့မည် ဖြစ်ကြောင်း ကုမ္ပဏီ ဝန်ထမ်းများနှင့် နဘုလယ် ဒေသခံများ အကြား၌ သတင်းထွက်ပေါ်လျက် ရှိသည်။
“ထိုင်းနိုင်ငံသား ဝန်ထမ်းတွေက ၂၁ ရက်နေ့မှာ ပြန်ရတော့မယ် လို့ ပြောတယ်။ ၂၀ ရက်နေ့မှာ ITD ထွက်တော့မယ်လို့တော့ ကြားနေရတယ်။ တရားဝင်တော့ အသိမပေးသေးဘူး” ဟု ITD ရုံး၌ တာဝန်ထမ်းဆောင် နေသည့် ထိန်ကြီးကျေးရွာမှ ဝန်ထမ်းတစ်ဦးက ဆိုသည်။

၂၀၀၈ ခုနစ်တွင် မြန်မာနိုင်ငံ အစိုးရနှင့် နားလည်မှု စာချွန်လွှာ ရေးထိုးပြီးနောက် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက် ခဲ့သော ITD ကုမ္ပဏီသည် ထားဝယ် - ကန်ချနပူရီ လမ်းအူကြောင်း ဖောက်လုပ်ခြင်း၊ ရွှေ့ပြောင်း နေရာ ချထားပေးမည့် ဒေသခံများ နေထိုင်ရာအတွက် ဘဝမြို့သစ် စီမံကိန်း တည်ဆောက်ခြင်း၊ တလိုင်းသတ်တောင် ကျောက်ထုတ်လုပ်ရေးစခန်း တည်ဆောက်ခြင်း၊ ဆိပ်ကမ်းငယ် တည်ဆောက်ခြင်း စသော လုပ်ကွက်များကို လုပ်ဆောင်နေသည်။
“ကုမ္ပဏီက ထွက်တော့မယ်လို့တော့ ကြားနေရတယ်။ လုပ်ကွက် ထဲမှာတော့ ဘာမှအသံ မကြားရဘူး” ဟု ကျောက်ထုတ်လုပ်ရေးစခန်း လုပ်ကွက်မှ ဝန်ထမ်းတစ်ဦးက ဆိုသည်။

ဘုရင့်နောင်လမ်းမကြီးတွင် အမျိုးသမီးကြီးတစ်ဦးကို ကုန်ကားတိုက်ပြီး မောင်းပြေး

အခင်းဖြစ်ပွားခဲ့ရာ ဘုရင့်နောင်လမ်းမကြီးတစ်နေရာ ဓာတ်ပုံ-သန်းဌေး
ဘုရင့်နောင်လမ်းမကြီးပေါ် ဘုရင့်နောင်ကုန်စည်ဒိုင် ၀င်ပေါက်တွင် လမ်းဖြတ်ကူးနေသည့် အမျိုးသမီးကြီးတစ်ဦးကို ကုန်တင်ကားတစ်စီးက ၀င်တိုက်ပြီး မောင်းပြေးသွားကြောင်း သတင်းရရှိသည်။

မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်လမ်းမကြီးပေါ်တွင် နိုဝင်ဘာ ၁၆ ရက် ညနေ ၄ နာရီခန့်က ယောဂီဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသမီးကြီးတစ်ဦးသည် ကားလမ်းဖြတ်ကူးစဉ် ဘုရင့်နောင်တံတား ချဉ်းကပ်လမ်းအတိုင်း မောင်းလာသည့် အမျိုးအစားမမှတ်မိလိုက်သည့် ယာဉ်တစ်စီးက ၀င်တိုက်မိကာ မောင်းပြေးသွားကြောင်း အနီးရှိ မျက်မြင်တွေ့ရှိသူများက ပြောသည်။

““အသက် ၄၀ လောက်ရှိမယ့် ယောဂီရောင်ဝတ်စုံဝတ်ထားတဲ့ အမေကြီးတစ်ဦးကို တိုက်သွားတာ။ ပေါင်က သွေးတွေအများကြီးထွက်နေတယ်။ ကားတိုက်မိမိချင်း သူက မအော်ဘဲ လမ်းလယ်တုံးဘေးမှာ ငုတ်တုတ်ကြီးထိုင်နေတယ်။ ကားက မောင်းပြေးသွားတယ်။ လမ်းကူးတဲ့လူတစ်ယောက်ကတွေ့လို့ အော်ပြေးတော့မှ သိရတယ်”” ဟု အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်အနီးတွင် ရှိသောအမျိုးသားတစ်ဦးက ပြောသည်။
ယာဉ်တိုက်ခံရသူ အမျိုးသမီးကြီးသည် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် နေထိုင်သည့် အသက် ၄၉ နှစ်အရွယ် ဒေါ်တင်တင်ဦးဖြစ်ပြီး ဘုရင့်နောင်ပွဲရုံတန်းသို့ အဖော်မပါဘဲ တစ်ဦးတည်းရောက်လာခြင်းဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး နေပြည်တော် လူထုဆန္ဒရယူပွဲ (ဓါတ်ပုံများ)

  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး လူထုဆန္ဒရယူပွဲ အခမ်းအနားကို နံနက် ၈ နာရီ ၃၀ မိနစ်မှာ စတင်ရာ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာခဲ့သည်။ အခမ်းအနားကို အစီအစဉ် ၉ ရပ်နဲ့ကျင်းပမှာ ဖြစ်ကြောင်း၊ အခမ်းအနားအစတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မှ အဖွဲ့ချုပ်၏ ဖွဲ့စည်းပုံနှင့် ပါတ်သက်သော ကြေညာချက်ကို ဖတ်ကြားခဲ့ပြီး ယခုအချိန်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်မှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပေါ်ပေါက်လာပုံကို ရှင်းလင်းဟေယပြောလျက်ရှိသည်။ ထို့နောက် နံနက် ၉နာရီ ၃၀ မိနစ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်မှ အခြေခံဥပဒေနှင့် ပါတ်သက်၍ ဆွေးနွေးဟောပြောလျက်ရှိသည်။

National League for Democracy


ဘုရားထီးတော်ချခဲ့သူများကို သံဃာများ အမှုဖွင့်မည်

Photo By The Myanma Age
ရှမ်းပြည်နယ် တောင်ကြီးမြို့က ထင်းရူးမြိုင်ဘုန်းကြီးကျောင်းဝင်းထဲက ဘုရားရဲ့ ထီးတော်ကို ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း အာဏာပိုင်တွေက ဆွဲချခဲ့တာကို မြို့ခံ သံဃာတော်တွေက မကျေနပ် လို့ ရွှေဝါရောင် မျိုးဆက် သံဃာတော်အပါး ၄၀ လောက်ဟာ အဲဒီ ကျောင်းဝိုင်းအတွင်းမှာ ဒီကနေ့ နေ့ခင်းပိုင်းက ဘုရားအနေကဇာတင်ပွဲ ကျင်းပခဲ့ကြပါတယ်။

ဘုရားထီးတော်ချခဲ့သူတွေကို အမှုဖွင့်တိုင်ကြားသွားမယ်လို့ အဲဒီဘုရားအနေကဇာတင်ပွဲကို ဦးဆောင်ခဲ့တဲ့ လောကမာရ်အောင်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တခေမာနန္ဒက RFA ကို မိန့်ကြားပါတယ်။

"ရွှေဝါရောင် သံဃာတော်တွေ ဦးဆောင်ပြီး မြို့က သံဃာတွေ အနေကဇာတင်တယ်။အနေကဇာတင်တဲ့ရည်ရွယ်ချက်က ဆက်လက်ပြီးတော့ သာသနာ ပြန့်ပွားအောင်လုပ်ရမယ်။ဒီထီးတော်ကြီးကို အကာလညအခါ ဖျက်ဆီးတဲ့သူတွေကို ဥပဒေကြောင်းအရ အရေးယူပေးပါလို့ ပြောရလိမ့်မယ်"

အိမ်ဖော်မိန်းကလေးကို ကြိမ်လုံးဖြင့် ရိုက်နှက်နှိပ်စက်မှု အိမ်ရှင်လင်မယား အမှုဖွင့်ခံရ

ရွှေပြည်သာမြို့နယ်တွင် ဆယ်ကျော်သက်အိမ်ဖော်မိန်းကလေးကို ကြိမ်လုံးဖြင့် ရိုက်နှက်နှိပ်စက်သည့် အိမ်ရှင်လင်မယား အမှုဖွင့်အရေးယူခံရကြောင်း သတင်းရရှိသည်။

ရွှေပြည်သာမြို့နယ် ၁၂ ရပ်ကွက်ရှိ နေအိမ်တွင် ငါးလကြာ အိမ်ဖော်အဖြစ် လုပ်ကိုင်နေသည့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးကို  နေအိမ်ပိုင်ရှင်တို့က နေအိမ်အတွင်း ညှဉ်းပန်းနှိပ်စက်၍ ကြိမ်လုံးများဖြင့် ရိုက်နှက်ခဲ့သဖြင့် အဆိုပါအိမ်ဖော်မှာ နိုဝင်ဘာ ၁၄ ရက်တွင် နေအိမ်မှ ထွက်ပြေးခဲ့သည်။

““အန်တီတို့အိမ်ကို ကလေးမလေးက ရောက်လာတယ်။ သူ့ ဒဏ်ရာတွေကို ပြတယ်။ အဘွားရယ် သမီးမခံနိုင်တော့လို့ ထွက်ပြေးလာတာ။ သမီးကိုပြန်မပို့ပါနဲ့လို့ ပြောပြီး သမီးမိဘတွေဆီပြန်ပို့ပေးပါလို့ ပြောတာ။ သူ့ရဲ့ ဒဏ်ရာတွေကလည်း တစ်ကိုယ်လုံး ရစရာကိုမရှိပါဘူး။ ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့ကို ပြောတော့ သူတို့တွေက အမှုဖွင့်ပေးမလိုနဲ့ မဖွင့်တော့ အန်တီတို့ပါတီဥက္ကဋ္ဌက တရားလိုပြပြီး ၁၄ ရက်က ရဲစခန်းမှာ အမှုဖွင့်ခဲ့တယ်”” ဟု အဆိုပါမိန်းကလေးအား ခေါ်ယူစောင့်ရှောက်ထားသော ဒီချုပ်ပါတီဝင် ဒေါ်ဝင်းက ပြောသည်။

မန္တလေးတွင် နိုဝင်ဘာ ၁၆ ရက်က မီးလောင်ကျွမ်းမှုနှစ်ခု ဖြစ်ပွား

Photo: မန္တလေးတွင် နိုဝင်ဘာ ၁၆ ရက်က မီးလောင်ကျွမ်းမှုနှစ်ခု ဖြစ်ပွား

မန္တလေးတိုင်း ဒေသကြီးတွင် နိုဝင်ဘာ ၁၆ ရက်က မီးလောင်ကျွမ်းမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး မီးသတ်ဦးစီး ဌာနမှ သတင်းရရှိသည်။   

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၆ ရက်က အမရပူရမြို့နယ်၊ ပြာသာဒ်ကြီးရပ်၊ မင်းလမ်းရှိ အိမ်ရှင်ဒေါ်ငယ်၏ ထရံကာသွပ်မိုး နှစ်ထပ်အိမ်မှ ရေခဲသေတ္တာ ဆေ့ဂတ် အပူလွန်ကဲ ရာမှတဆင့် နံနက် ၁၁ နာရီ ၅၀ မိနစ် အချိန်ခန့်တွင် မီးစတင် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။ အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ် နှစ်လုံးနှင့် မီးဖိုဆောင်တစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်ရာသို့ အုပ်ချုပ်ရေးယာဉ် တစ်စီး၊ မီးသတ်ယာဉ်နှင့် ရေသယ်ယာဉ် ၂၅ စီး၊ သန္ဓေအင်အား ၃၅ ဦး၊ အရန်အင်အား ၈၅ ဦးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ကြပြီး ၁၂ နာရီ ၅ မိနစ်တွင် မီးထိန်းနိုင်ကာ ၁၂ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ မီးလောင်ကျွမ်းမှု ဖြစ်စဉ်အား အမရပူရ မြို့မရဲစခန်းမှ (ပ)၄၆၈/၂၈၅/၂၀၁၃ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်နေကြောင်း သိရသည်။

ထို့ပြင် မန္တလေးမြို့၊ ချမ်းမြသာစည် မြို့နယ်အတွင်းရှိ ၇၈ လမ်းနှင့် စစ်ကိုင်း-မန္တလေး လမ်းခွဲအနီးတွင် မွန်းလွဲ ၁ နာရီ ၀၅ မိနစ်က လိုက်အေ့စ်အမျိုးအစား ယာဉ်တစ်စီးသည် ဘထ္ထရီ ၀ါယာရှော့မှတစ်ဆင့် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် ကားကူရှင်များသာ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ၅ မိနစ် အချိန်က စတင်လောင်ကျွမ်းခဲ့ကာ ၁ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ ယင်းမီးလောင်ရာသို့ မီးသတ်ယာဉ် ငါးစီး၊ သန္ဓေအင်အား ငါးဦး၊ အရန်အင်အား ၂၀ ဦးဖြင့် မီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှု ဖြစ်စဉ်အား ချမ်းမြသာစည်မြို့နယ် ရဲစခန်းမှ (ပ) ၅၅၈/၂၈၅/၂၀၁၃ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

အမရပူရမြို့နယ် ပြာသာဒ်ကြီးရပ် မင်းလမ်းရှိ နေအိမ်၌ မီးလောင်ကျွမ်းမှုအား ငြှိမ်းသတ်နေစဉ်
အမရပူရမြို့နယ် ပြာသာဒ်ကြီးရပ် မင်းလမ်းရှိ နေအိမ်၌ မီးလောင်ကျွမ်းမှုအား ငြှိမ်းသတ်နေစဉ်

မန္တလေးတိုင်း ဒေသကြီးတွင် နိုဝင်ဘာ ၁၆ ရက်က မီးလောင်ကျွမ်းမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး မီးသတ်ဦးစီး ဌာနမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၆ ရက်က အမရပူရမြို့နယ်၊ ပြာသာဒ်ကြီးရပ်၊ မင်းလမ်းရှိ အိမ်ရှင်ဒေါ်ငယ်၏ ထရံကာသွပ်မိုး နှစ်ထပ်အိမ်မှ ရေခဲသေတ္တာ ဆေ့ဂတ် အပူလွန်ကဲ ရာမှတဆင့် နံနက် ၁၁ နာရီ ၅၀ မိနစ် အချိန်ခန့်တွင် မီးစတင် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။ အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ် နှစ်လုံးနှင့် မီးဖိုဆောင်တစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်ရာသို့ အုပ်ချုပ်ရေးယာဉ် တစ်စီး၊ မီးသတ်ယာဉ်နှင့် ရေသယ်ယာဉ် ၂၅ စီး၊ သန္ဓေအင်အား ၃၅ ဦး၊ အရန်အင်အား ၈၅ ဦးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ကြပြီး ၁၂ နာရီ ၅ မိနစ်တွင် မီးထိန်းနိုင်ကာ ၁၂ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ မီးလောင်ကျွမ်းမှု ဖြစ်စဉ်အား အမရပူရ မြို့မရဲစခန်းမှ (ပ)၄၆၈/၂၈၅/၂၀၁၃ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်နေကြောင်း သိရသည်။

ထို့ပြင် မန္တလေးမြို့၊ ချမ်းမြသာစည် မြို့နယ်အတွင်းရှိ ၇၈ လမ်းနှင့် စစ်ကိုင်း-မန္တလေး လမ်းခွဲအနီးတွင် မွန်းလွဲ ၁ နာရီ ၀၅ မိနစ်က လိုက်အေ့စ်အမျိုးအစား ယာဉ်တစ်စီးသည် ဘထ္ထရီ ၀ါယာရှော့မှတစ်ဆင့် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မဒေးကျွန်းမှ တရုတ်နိုင်ငံသို့ ပို့လွှတ်မည့် ရေနံတစ်တန်လျှင် တစ်ဒေါ်လာသာ ရရှိသည့် မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်း တည်ဆောက်မှု ၉၆ ရာခိုင်နှုန်းကျော် ပြီးစီး

Photo: မဒေးကျွန်းမှ တရုတ်နိုင်ငံသို့ ပို့လွှတ်မည့် ရေနံတစ်တန်လျှင် တစ်ဒေါ်လာသာ ရရှိသည့် မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်း တည်ဆောက်မှု ၉၆ ရာခိုင်နှုန်းကျော် ပြီးစီး

မဒေးကျွန်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၂၂ သန်း တင်ပို့မည့် အရှည် ၇၇၁ ကီလိုမီတာ ရှည်လျားသည့် မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်း တည်ဆောက်မှုမှာ လက်ရှိတွင် ၉၆ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း ရေနံစိမ်းပိုက်လိုင်း ကုမ္ပဏီ (SEAOP)၊ PR Department မှ Mr.Zhang က ပြောကြားသည်။

မြန်မာနိုင်ငံ အနေဖြင့် ပိုက်လိုင်းတည်ရှိမှုအတွက် ပိုက်လိုင်းဖြတ်သန်းခအဖြစ် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈၁ သန်း ရရှိမည်ဖြစ်ပြီး နိုင်ငံတော် အခွန်အနေဖြင့် ပို့လွှတ်မည့် ရေနံတစ်တန်လျှင် အမေရိကန် တစ်ဒေါ်လာနှုန်း ရရှိမည်ဖြစ်ကြောင်း ရေနံစိမ်း ပိုက်လိုင်းကုမ္ပဏီ (SEAOP) မှ သိရသည်။

"ခုချိန်မှာ ရေနံစိမ်းပိုက်လိုင်း တည်ဆောက်မှုက ၉၆ ရာခိုင်နှုန်းကျော် ပြီးစီးသွားပြီ ဖြစ်ပါတယ်။ ရေနံစိမ်း ပိုက်လိုင်းကနေ ဘယ်တော့စတင် တင်ပို့မယ်ဆိုတာကို မကြာခင် ထုတ်ပြန်သွားမှာပါ။ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကတော့ ရာနှုန်းပြည့် လည်ပတ်နေပါပြီ" ဟု ရေနံစိမ်းပိုက်လိုင်း ကုမ္ပဏီ SEAOP၊ PR Department မှ Mr.Zhang က ပြောကြားသည်။

မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်းသည် ရခိုင်ပြည်နယ် မဒေးကျွန်းမှ စတင်၍ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်များကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ ရွှေလီမြို့မှတစ်ဆင့် တရုတ်နိုင်ငံအတွင်း သွယ်တန်းထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေနံစိမ်းပိုက်လိုင်းဖြင့် တစ်နှစ်လျှင် ရေနံစိမ်း တန်ချိန်ပေါင်း ၂၂ သန်း ပို့လွှတ်နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် တစ်နေ့လျှင် ရေနံစိမ်းတန်ချိန်နှစ်သန်း ပို့ဆောင်ပေးမည်ဖြစ်ကြောင်း Process Station ငါးခုကိုလည်း တည်ဆောက်မည် ဖြစ်ကြောင်းနှင့် Offloading Point မှာ စကုဖြစ်ကြောင်း သိရသည်။

"အရှေ့အလယ်ပိုင်းက ရေနံတွေကို တရုတ်နိုင်ငံကို တင်ပို့နိုင်ဖို့အတွက် တရုတ်က မြန်မာကို ကြားခံသယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းအဖြစ် အသုံးပြုခဲ့တာ။ အဲဒီအတွက် မဒေးကျွန်းမှာ တန်ချိန်သုံးသိန်းရှိ သင်္ဘောတွေ ဆိုက်ကပ်နိုင်မယ့် ရေနံတင်ဆိပ်ကမ်းကို တည်ဆောက်တယ်။ အရှေ့အလယ်ပိုင်းက ရေနံတွေကို မဒေးကျွန်း ရေနံတင် ဆိပ်ကမ်းမှာ ထားမယ်။ ဆိပ်ကမ်းက ရေနံတွေကို ပိုက်လိုင်းကတစ်ဆင့်  တရုတ်ကို တင်ပို့မှာ ဖြစ်ပါတယ်" ဟု အဆိုပါ စီမံကိန်းနှင့် နီးစပ်သူ တစ်ဦးက ပြောပြခဲ့သည်။

ထို့ပြင် မဒေးကျွန်းတွင် တန်ချိန်သုံးသိန်းရှိ ရေနံတင် သင်္ဘောများ ဆိုက်ကပ်နိုင်မည့် ရေနံတင်ဆိပ်ကမ်း တည်ဆောက်မှုမှာလည်း ပြီးစီးနေပြီဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သိရသည်။ အဆိုပါ ရေနံတင် ဆိပ်ကမ်းသည် တရုတ်နိုင်ငံမှ China National Petroleum Corp oration (CNPC) နှင့် မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။                

မဒေးကျွန်းရှိ စီမံကိန်း လုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ်

မဒေးကျွန်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၂၂ သန်း တင်ပို့မည့် အရှည် ၇၇၁ ကီလိုမီတာ ရှည်လျားသည့် မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်း တည်ဆောက်မှုမှာ လက်ရှိတွင် ၉၆ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း ရေနံစိမ်းပိုက်လိုင်း ကုမ္ပဏီ (SEAOP)၊ PR Department မှ Mr.Zhang က ပြောကြားသည်။

မြန်မာနိုင်ငံ အနေဖြင့် ပိုက်လိုင်းတည်ရှိမှုအတွက် ပိုက်လိုင်းဖြတ်သန်းခအဖြစ် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈၁ သန်း ရရှိမည်ဖြစ်ပြီး နိုင်ငံတော် အခွန်အနေဖြင့် ပို့လွှတ်မည့် ရေနံတစ်တန်လျှင် အမေရိကန် တစ်ဒေါ်လာနှုန်း ရရှိမည်ဖြစ်ကြောင်း ရေနံစိမ်း ပိုက်လိုင်းကုမ္ပဏီ (SEAOP) မှ သိရသည်။

"ခုချိန်မှာ ရေနံစိမ်းပိုက်လိုင်း တည်ဆောက်မှုက ၉၆ ရာခိုင်နှုန်းကျော် ပြီးစီးသွားပြီ ဖြစ်ပါတယ်။ ရေနံစိမ်း ပိုက်လိုင်းကနေ ဘယ်တော့စတင် တင်ပို့မယ်ဆိုတာကို မကြာခင် ထုတ်ပြန်သွားမှာပါ။ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကတော့ ရာနှုန်းပြည့် လည်ပတ်နေပါပြီ" ဟု ရေနံစိမ်းပိုက်လိုင်း ကုမ္ပဏီ SEAOP၊ PR Department မှ Mr.Zhang က ပြောကြားသည်။
Related Posts Plugin for WordPress, Blogger...

ShareThis