menu

Monday 7 January 2013

စားသမျှ စိစစ်ပေးမယ့် ခရင်း

Photo: စားသမျှ စိစစ်ပေးမယ့် ခရင်း

သာမန် ခရင်းသုံးနေရတာ ပျင်းတယ်ဆိုရင် ပုံမှာ ပြထားတဲ့ ခရင်းကို အသုံးပြု နိုင်ပါတယ်။ ရိုးရိုးတန်း ခရင်းတော့ မဟုတ်ပါဘူး။ သူက စားသူမျှ ကို မှတ်သား၊ တွက်ချက်ပေးမှာ ဖြစ်ပါတယ်။

လူတစ်ယောက် စားသုံးသင့်တဲ့ ကယ်လိုရီထက် ပိုလာရင် Vibration နဲ့ အချက်ပေးပါတယ်။ စားတဲ့နှုန်း မြန်သွားရင်လည်း အချက်ပေး ပါတယ်။ ပြီးတော့ ကိုယ်စားသုံးသင့်တဲ့ ပမာဏထက် ပိုသွားပြီ ဆိုရင်လည်း အချက်ပေးပါတယ်။ ပြီးတော့ ဖုန်း၊ PC တို့နဲ့ ချိတ်ဆက်ပြီး ကိုယ် တစ်လတာ သို့မဟုတ် တစ်ပတ်တာ စားသုံးခဲ့တဲ့ ပမာဏကို ပြန်လည် တွက်ချက်ပေး ပါတယ်။

Bluetooth ပါဝင်ပြီး စမတ်ဖုန်းနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး ကြည့်ရှု အသုံးပြု နိုင်ပါတယ်။ လာမယ့် ဧပြီလ ကစလို့ ၉၉ ဒေါ်လာနဲ့ စတင်ရောင်းချ မယ့် ခရင်း ဖြစ်ကြောင်း သိရပါတယ်။
---
Ref: mailonline
Aung Kham (TSJ team)

http://blog.techspace.com.mm/2013/01/blog-post_7284.html

အေးချမ်းမွန်မှ   TechSpace Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
သာမန် ခရင်းသုံးနေရတာ ပျင်းတယ်ဆိုရင် ပုံမှာ ပြထားတဲ့ ခရင်းကို အသုံးပြု နိုင်ပါတယ်။ ရိုးရိုးတန်း ခရင်းတော့ မဟုတ်ပါဘူး။ သူက စားသူမျှ ကို မှတ်သား၊ တွက်ချက်ပေးမှာ ဖြစ်ပါတယ်။

လူတစ်ယောက် စားသုံးသင့်တဲ့ ကယ်လိုရီထက် ပိုလာရင် Vibration နဲ့ အချက်ပေးပါတယ်။ စားတဲ့နှုန်း မြန်သွားရင်လည်း အချက်ပေး ပါတယ်။ ပြီးတော့ ကိုယ်စားသုံးသင့်တဲ့ ပမာဏထက် ပိုသွားပြီ ဆိုရင်လည်း အချက်ပေးပါတယ်။ ပြီးတော့ ဖုန်း၊ PC တို့နဲ့ ချိတ်ဆက်ပြီး ကိုယ် တစ်လတာ သို့မဟုတ် တစ်ပတ်တာ စားသုံးခဲ့တဲ့ ပမာဏကို ပြန်လည် တွက်ချက်ပေး ပါတယ်။

ကချင်နှင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုတွင် ပါဝင်ရန် အစိုးရမှ တရားဝင်ကမ်းလှမ်းရန်လိုဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Photo: ကချင်နှင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုတွင် ပါဝင်ရန် အစိုးရမှ တရားဝင်ကမ်းလှမ်းရန်လိုဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Xiao Ting Shirley | တနင်္လာနေ့၊ ဇန်နဝါရီလ ၀၇ ရက် ၂၀၁၃ ခုနှစ် ၁၉ နာရီ ၃၁ မိနစ်

(မဇ္ဈိမ သတင်းဌါန) မြန်မာ စစ်တပ်နှင့် ကချင်တိုင်းရင်းသား လက်နက်ကိုင် တို့ အကြား ဖြစ်ပွါးနေသည့် တိုက်ပွဲများ ရပ်တန့်ရေးကြိုးပမ်းမှုနှင့် ပတ်သတ်၍ မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရမှ သူ့ထံ တရားဝင်ကမ်းလှမ်းရန် လိုအပ်သည်ဟု တနင်္ဂနွေနေ့ တွင် ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်က “အဲဒါက အစိုးရရဲ့ တာဝန်ပါပဲ” ဟု AFP သတင်းဌာနသို့ပြောဆိုလိုက်ပြီး နိုင်ငံတကာက စိုးရိမ်မကင်းဖြစ်နေကာ ပိုမိုဆိုးဝါး လာနေသည့် မြန်မာ့ပြည်တွင်းစစ် ရပ်တန့်သွားစေရန် ရည်ရွယ် သည့် ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှုများတွင် ပါဝင်ရန် သူ၏ သဘောထား ကို ထုတ်ဖေါ်လိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်တွင် တိုက်ပွဲများ ပိုမို ပြင်းထန်လာပြီး၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ ရှေ့တန်းနေရာ တချို့အား မြန်မာ အစိုးရက လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့အပြီး ရက်အနည်းငယ် အကြာ တွင် နိုဗယ်ငြိမ်း ချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက် ပေါ်ထွက်လာ ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံရှိ အခြားသော တိုင်းရင်းသား လူနည်းစု များကဲ့သို့ပင် ကချင်များသည်လည်း ကိုယ်ပိုင်ပြဌာန်းခွင့် အတွက် ဆယ်စုနှစ်ပေါင်းများစွာ တိုက်ပွဲဝင်နေခဲ့ခြင်း ဖြစ်သည်။

သို့သော် ၂၀၁၃ ခုနှစ်အတွင်း ဝင်ရောက်လာချိန်တွင်မူ KIAသည် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင် သည့် မြန်မာ အစိုးရအဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး စာချုပ် မချုပ်ဆိုရသေး ဘဲ ကျန်ရှိနေသည့် အဓိက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဖြစ်သည်။

မြန်မာ အစိုးရနှင့် KIA အကြား ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲရေးမှာ ၂၀၁၁ ခုနှစ် ဇွန်လတွင် ပျက်ပြယ်ခဲ့ပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွါးခဲ့ကာ ယခုအချိန် အထိ လူပေါင်း ၇၅,၀၀၀ ခန့် အိုးအိမ်များကို စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

ဒီဇင်ဘာလ အတွင်းတွင် မြန်မာ စစ်တပ်က တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များ အသုံးပြု၍ KIA၏ ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့ အနီးတွင် KIA ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် တိုက်ပွဲများ ပိုမို ပြင်း ထန် လာခဲ့သည်။

သမ္မတ ဦးသိန်းစိန်ကမူ မြန်မာ စစ်တပ် အနေဖြင့် မိမိကိုယ်ကို ကာကွယ် သည့် အနေဖြင့်သာ ခုခံတိုက်ခိုက်ရမည်ဖြစ်ကြောင်း အမိန့်ပေးထား ခဲ့သည်ဟု ဆိုခဲ့ပြီး အစိုးရ အနေဖြင့် စစ်ပွဲများကို နောက်မျိုးဆက်သို့ လက်ကမ်း မပေးလိုကြောင်း ပြောခဲ့သည်။

မြန်မာအစိုးရက KIA အား လေကြောင်းတိုက်ခိုက်မှု ပြုလုပ်စဉ် အတွင်း မြန်မာ-တရုတ်နယ်စပ် အနီး တရုတ်နယ်မြေ အတွင်းတွင် ဗုံး ၃လုံး ကျရောက် ခဲ့သည်ဟု ဆိုကာ စနေနေ့က တရုတ်အစိုးရသည် မြန်မာနိုင်ငံ အား တရားဝင် ကန့်ကွက်မှု ပြုလုပ်ခဲ့သည်။

တရုတ် အစိုးရက မြန်မာအစိုးရအား နှစ်နိုင်ငံ နယ်စပ်ဒေသတွင် ပြန် လည်ငြိမ်း ချမ်း တည်ငြိမ်ရန် လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့သည်။

တိုက်ပွဲများကြောင့် ကချင်လူမျိုး ဒုက္ခသည် အများစု ပါဝင်သည့် ဒုက္ခသည်ပေါင်း ၁၀,၀၀၀ ကျော်သည် နယ်စပ်ဒေသရှိ တရုတ်နိုင်ငံ ရွှေလီမြို့
သို့ ထွက်ပြေး ခိုလှုံနေရသည်။

ကချင်ပြည်နယ်တွင် မြန်မာအစိုးရက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းသည် အလွန်အမင်း စိုးရိမ်စရာ ကောင်းသည် ဟု မေရိကန် ပြည်ထောင်စုက လည်း လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ပြောခဲ့သည်။

ကုလသမ္မဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း မြန်မာ အစိုးရ အနေဖြင့် ဒေသတွင်းရှိ အရပ်သားများကို ထိခိုက်စေမည့် လုပ်ဆောင် ချက် မှန် သမျှအား ရပ်တန့်ရန် တိုက်တွန်းခဲ့ပြီး ထိုသို့ မရပ်တန့်ပါ က ဒေသတွင်းတွင် ပဋိပက္ခများ ပိုမို ပြင်းထန်လာလိမ့်မည် ဖြစ်ကြောင်း သတိပေးခဲ့သည်။

အေးချမ်းမွန်မှ   Thit Htoo Lwin blog တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
(မဇ္ဈိမ သတင်းဌါန) မြန်မာ စစ်တပ်နှင့် ကချင်တိုင်းရင်းသား လက်နက်ကိုင် တို့ အကြား ဖြစ်ပွါးနေသည့် တိုက်ပွဲများ ရပ်တန့်ရေးကြိုးပမ်းမှုနှင့် ပတ်သတ်၍ မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရမှ သူ့ထံ တရားဝင်ကမ်းလှမ်းရန် လိုအပ်သည်ဟု တနင်္ဂနွေနေ့ တွင် ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်က “အဲဒါက အစိုးရရဲ့ တာဝန်ပါပဲ” ဟု AFP သတင်းဌာနသို့ပြောဆိုလိုက်ပြီး နိုင်ငံတကာက စိုးရိမ်မကင်းဖြစ်နေကာ ပိုမိုဆိုးဝါး လာနေသည့် မြန်မာ့ပြည်တွင်းစစ် ရပ်တန့်သွားစေရန် ရည်ရွယ် သည့် ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှုများတွင် ပါဝင်ရန် သူ၏ သဘောထား ကို ထုတ်ဖေါ်လိုက်ခြင်းဖြစ်သည်။

အာချောင်ကောင်းသည့် ဆယ်အိမ်ခေါင်း ကို အမှုဖွင့်လိုက်ပြီ

Photo: အာချောင်ကောင်းသည့် ဆယ်အိမ်ခေါင်း ကို အမှုဖွင့်လိုက်ပြီ(ဟာဂျူလီ-ကသာ) 

ကသာမြို့ရဲတပ်ဖွဲ့စခန်းမှ (ပ)၄၃၃/၂၀၁၂ ဖြင့် တိုင်ချက်ရေးသွင်းပြီးဥပဒေပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့်အရေးယူမှုတစ်ခုပြုလုပ်ခဲ့ရာ ထိုအမှုဖွင့်လှစ်ခဲ့ရခြင်းမှာ တရားခံဟု စွတ်စွဲခံရသူ နိုင်ဦး၏ အာချောင်မှုကြောင့် ဖွင့်လှစ်လိုက်ရခြင်းဖြစ်ကြောင်း အမှုဖွင့်တိုင်ကြားခဲ့သူ အသက်(၂၅)နှစ်ရှိ မလုတောင်(ဘ)ဦးနော်တောင်မှ ယခုလို ပြောကြားခဲ့ပါသည်၊ “ စဖြစ်တာက ၂လကျော်ကြာခဲ့ပါပြီ၊အတိအကျပြောရရင် ၂၁.၁၀.၂၀၁၂ည၉နာရီလောက်မှာ ကျွန်မ ရပ်ကွက်(၉)အုပ်ချုပ်ရေးမှူးရုံးကို သွားပါတယ်၊အိမ်မှာ ကျွန်မယောက်ျား အရက်မှူးပြီးသောင်းကျန်းနေလို့ အုပ်ချုပ်ရေးမှူးကို သွားတိုင်တာပါ၊အဲဒီလို ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုတိုင်ပြီး ရုံးအောက်ကိုဆင်းတော့ ရာအိမ်မှူး နိုင်ဦးက နောက်လိုက်လာပြီး လှေခါးရင်းရောက်တော့ကျွန်မကို ငါကို လဘက်ရည်တိုက်သွားဦးလို့ပြောပါတယ်၊ကျွန်မကလည်း ဟုတ်ကဲ့ တိုက်ပါမယ်လို့ပြောပါတယ်၊အေး ဒါဆို ငါ့နောက်ကထိုင်ဆိုင်ပြီး လဘက်ရည်ဆိုင်ရှိတဲ့ မြို့ထဲကို သူ့ဆိုင်ကယ်နောက်ကနေ တင်ခေါ်သွားပါတယ်၊ဘူတာလမ်းကြား ရောက်တော့ ဆိုင်ကယ်ရပ်ပြီး ကျွန်မလက်ကိုဆွဲပါတယ်၊ကျွန်မက လူကြီးလူကောင်းတစ်ယောက်ဟာ အခုလို မလုပ်သင့်တဲ့အကြောင်းပြောတော့ သူက အေးအေး ဒါဆိုရင် ငါအိမ်ပြန်ပို့ပေးမယ်ဆိုပြီး သူ့ဆိုင်ကယ်ကို နောက်ပြန်လှည့်ပါတယ်၊ကျွန်မလည်း သူ့ဆိုင်ကယ်နောက်က ပြန်ထိုင်ပြီးလိုက်လာခဲ့ပါတယ်၊အဲဒီလို အိမ်ပြန်တဲ့ အခါ လူရှင်းတဲ့ အာရှဘဏ်လမ်းကြားကနေပြန်ပါတယ်၊လူရှင်းတဲ့တောစပ်နားရောက်တော့ ဆိုင်ကယ်ရပ်ပြီး ခြုံထဲကို ဆွဲခေါ်ပြီးလုံးပါတယ်၊ကန်တော့ပါရဲ့၊သူက အားကောင်းတော့ ကျွန်မအပေါ်ရောက်ပြီး ထမိန်လန်တဲ့အချိန်မှာ ကျွန်မက သတိရှိရှိနဲ့ ကျွန်မဟာ ဗိုက်ခွဲထားတာ မကြာသေးတဲ့အကြောင်း၊ဆက်ဆံလို့မရကြောင်း၊လူကြီးလူကောင်းအနေနဲ့ ဒီလို မပြုလုပ်သင့်တဲ့အကြောင်း၊ကျွန်မယောက်ျားဟာ အရက်သောက်ပြီး သွေးဆိုးသူဖြစ်တဲ့အကြောင်း၊ဒီအကြောင်းသာသိရင် သတ်ခံရမယ့်အကြောင်းတွေ ရှင်းပြပါတယ်၊ အဲဒီတော့မှ သူ့ရဲ့အားထုတ်မှုရပ်သွားပြီး “အေးပါ၊ဒါဆိုလည်း ပြီးတာပါပဲ၊နင်အခုလိုပြောတာ ကျေးဇူးတင်တယ်၊နင့်လို ငါ့ကို ဘယ်မိန်းမမှ ဒီလိုမပြောဖူးဘူး”ဆိုပြီးကျွန်မကို အိမ်ပြန်ပို့ပေးပါတယ်၊နောက်ရက်ညနေ၃နာရီလောက်မှာ ကျွန်မရုံးကိုထပ်မသွားရဲတော့လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်ကို သွားတိုင်ပါတယ်၊ အဖေါ်အဖြစ် အသိဖြစ်သူ မအိငယ်ကိုလည်း အတူခေါ်သွားပါတယ်၊ရပ်ကွက်အုပ်ချုပ်ရေးမှူးကို သူ့ရဲ့ ရာအိမ်မှူး နိုင်ဦးကြံစီခဲ့ပုံကို တိုင်ပါတယ်၊ရပ်ကွက်အုပ်ချုပ်ရေးမှူးက ကျွန်မကို ဘယ်လိုဖြစ်ချင်လဲ လို့မေးပါတယ်၊ကျွန်မက ဘယ်လိုမှမဖြစ်ချင်ပါဘူး၊နောက်နောင်ဒီလို မကြံစီဖို့ ဆုံးမပေးပါလို့ပဲ ပြောဖြစ်ခဲ့ပါတယ်၊ရပ်ကွက်အုပ်ချုပ်ရေးမှူးကလည်း အေးအေး ငါဆုံးမလိုက်မယ် လို့ပြောပါတယ်၊ကျွန်မလည်း နိုင်ဦးရဲ့ သိက္ခာကို ငဲ့ပြီးဘယ်သူ့ကိုမှ မပြောခဲ့ပါဘူး၊ ဒီလိုနဲ့ ၂၂.၁၂.၂၀၁၂ရက်နေ့မှာ ကျွန်မယောက်ျား အရက်မူးပြီး အိမ်ပြန်လာပါတယ်၊ပြီးတော့ ဓါးဆွဲပြီး ကျွန်မခေါင်းကို ရွယ်ပါတယ်၊နင်ကို နိုင်ဦးက ဆွဲလုံးတာ ဘာဖြစ်လို့ ငါ့ကို မပြောတာလဲဆိုပြီး မေးပါတယ်၊ကျွန်မက ဘယ်သူပြောတာလဲလို့မေးတော့ အရက်ဆိုင်ထဲမှာ နိုင်ဦးက အရက်သောက်ပြီးပြောနေတာလို့ပြောပါတယ်၊ဒါနဲ့ ကျွန်မကလည်း အလွန်အကျူးဘာမှ ဖြစ်ခဲ့တာလည်း မဟုတ်တဲ့အပြင် လူသတ်ပွဲတွေဖြစ်ကုန်မှာစိုးလို့ မတိုင်ခဲ့တာဖြစ်တဲ့အကြောင်းရှင်းပြရင်းနဲ့ ကျွန်မ ခေါင်းကိုရမ်းလိုက်မိတော့ ကျွန်မရဲ့ ဦးခေါင်းဘယ်ဘက်ချမ်းကို ဓါးရှသွားပါတယ်၊ ကျွန်မဘက်က လူကြီးဆန်ဆန်တွေးပြီး မကြီးကျယ်အောင် ထိန်းသိမ်းခဲ့ပေမယ့် နိုင်ဦးက ဒီလောက်အာချောင်ရပါ့မလားဆိုပြီး ကျွန်မ စိတ်တိုလို့ ကသာရဲစခန်းကို အမှုသွားဖွင့်ပါတယ်၊အဲဒီလို အမှုသွားဖွင့်တာကို ရပ်ကွက်အုပ်ချုပ်ရေးမှူးသိသွားပြီး ရဲစခန်းကိုလိုက်လာပါတယ်၊ရဲစခန်းပေါ်မှာ ကျွန်မကို အမှု မဖွင့်ဖို့ပြောပါတယ်၊ကျွန်မအမှုဖွင့်ရင် သူကလည်း ကျွန်မယောက်ျားကို ဓါးခုတ်မှု(ကျွန်မကို ဓါးခုတ်တယ်ပေါ့)၊သံလမ်းခိုးမှု(အရင် ခြံတစ်ခြံရှင်းရင်း တူးလိုရခဲ့တဲ့ သံလမ်းအဆက်ကိုအိမ် ယူလာလို့)တို့နဲ့ အမှုဖွင့်လို့ရတဲ့အကြောင်းပြောဆိုပြီး သူတို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ပြေလှယ်အောင်လုပ်ပေးမယ့်အကြောင်းပြောဆိုပြီး၊နောက်နေ့မှာ ကျွန်မတို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ညှိနှိုင်းပါတယ်၊ကျွန်မကို နောက်နေ့ညမှာ လျော်ကြေးငွေ၅သိန်းပေးမယ်ပြောပါတယ်၊ကျွန်မက ငွေရချင်လို့ တိုင်တာမဟုတ်တဲ့အတွက် အမှုဖွင့်ဖြစ်ခဲ့ပါတယ်” ထိုအမှုနှင့်ပါတ်သက်၍ဒုရဲအုပ်ကျော်အောင်မှ တရားခံ ရာအိမ်မှူးဟောင်းနိုင်ဦး(၃၂/၂၀၁၂နှစ်)ဘဦးညိုကြီးအား ကသာမြို့နယ်တရားရုံးသို့ တရားစွဲတင်နိုင်ရေးစစ်ဆေးလျှက်ရှိပါသည်၊ မှုခင်းစတင်ဖြစ်ပွားရန် အခြေတည်ခဲ့သည့်နေရာမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဖြစ်ခဲ့ပြီး ရပ်ကွက်နေလူထု အားကိုးရန်နေရာသည် လုံခြုံမှု မရှိသည့်သဘောဖြစ်နေပါသဖြင့် ဤဖြစ်စဉ်အပေါ် အုပ်ချုပ်ရေးပိုင်းမှလည်း တင်းကြပ်စွာ တားဆီးသင့်ပါကြောင်း ရပ်ကွက်နေလူထုအချို့က ပြောဆိုလျှက်ရှိပါသည်၊ယခုဖြစ်စဉ်တွင်ပါဝင်ခဲ့သော ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့မှာ အရင်လူဟောင်းများဖြစ်ခဲ့ပြီး ထပ်မံရွေးချယ်ရာတွင်လည်း မူလနေရာအတိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်ခေါင်း ပြန်ဖြစ်လာကြပါသည်၊ 

ဟာဂျူလီ(ကသာ)

အေးချမ်းမွန်မှ   ဟာဂျူလီ(ကသာ) တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
ကသာမြို့ရဲတပ်ဖွဲ့စခန်းမှ (ပ)၄၃၃/၂၀၁၂ ဖြင့် တိုင်ချက်ရေးသွင်းပြီးဥပဒေပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့်အရေးယူမှုတစ်ခုပြုလုပ်ခဲ့ရာ ထိုအမှုဖွင့်လှစ်ခဲ့ရခြင်းမှာ တရားခံဟု စွတ်စွဲခံရသူ နိုင်ဦး၏ အာချောင်မှုကြောင့် ဖွင့်လှစ်လိုက်ရခြင်းဖြစ်ကြောင်း အမှုဖွင့်တိုင်ကြားခဲ့သူ အသက်(၂၅)နှစ်ရှိ မလုတောင်(ဘ)ဦးနော်တောင်မှ ယခုလို ပြောကြားခဲ့ပါသည်၊ “ စဖြစ်တာက ၂လကျော်ကြာခဲ့ပါပြီ၊အတိအကျပြောရရင် ၂၁.၁၀.၂၀၁၂ည၉နာရီလောက်မှာ ကျွန်မ ရပ်ကွက်(၉)အုပ်ချုပ်ရေးမှူးရုံးကို သွားပါတယ်၊အိမ်မှာ ကျွန်မယောက်ျား အရက်မှူးပြီးသောင်းကျန်းနေလို့ အုပ်ချုပ်ရေးမှူးကို သွားတိုင်တာပါ၊အဲဒီလို ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုတိုင်ပြီး ရုံးအောက်ကိုဆင်းတော့ ရာအိမ်မှူး နိုင်ဦးက နောက်လိုက်လာပြီး လှေခါးရင်းရောက်တော့ကျွန်မကို ငါကို လဘက်ရည်တိုက်သွားဦးလို့ပြောပါတယ်၊

လူပွဲစား မြန်မာနိုင်ငံသား ၂ ယောက်ကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး

Photo: ထိုင်း-မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ စံခလဘူရီမြို့မှာ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေရတဲ့ အသက် ၁၈ နှစ် မပြည့်သေးတဲ့ အမျိုးသမီး ၃ ယောက် အပါအဝင် မြန်မာအမျိုးသမီး ၁၈ ယောက်နဲ့အတူ လူပွဲစား မြန်မာနိုင်ငံသား ၂ ယောက်ကို ဒီဇင်ဘာ၂၅ ရက်နေ့ညက ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးနိုင် ခဲ့တယ်လို့ သိရပါတယ်။


စံခလဘူရီမြို့တွင် ဒီဇင်ဘာ ၂၅ ရက်နေ့ ညဘက်က ပြည့်တန်ဆာလုပ်ငန်း အတင်းအဓမ္မ သွတ်သွင်းခံရသူ မြန်မာအမျိုးသမီး ၁၈ ယောက် ကို ထိုင်းရဲတပ်ဖွဲ့ဝင်များက ကယ်ထုတ်လာပုံ
မြန်မာနိုင်ငံ ဘုရားသုံးဆူမြို့နယ်ဖက်ကနေ တရားမဝင်ခေါ်သွင်းလာတဲ့ မြန်မာအမျိုးသမီးတွေဟာ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် စံခလဘူရီမြို့နယ်မှာ ပြည့်တန်ဆာ အလုပ်လုပ်ကိုင်နေရကြောင်း ဘန်ကောက်အခြေစိုက် ထိုင်းလူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ကို တိုင်ကြားလာတဲ့အတွက် ကွင်းဆင်းစုံစမ်းမှုတွေ ပြုလုပ်ပြီးနောက် အခုလို ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့ ထိုင်းလူကုန်ကူးမှု တားဆီးကာကွယ်ရေးရုံးက အရာရှိတစ်ဦးကပြောပါတယ်။

ပြည့်တန်ဆာအလုပ် လုပ်ကိုင်နေရတဲ့ မြန်မာအမျိုးသမီးတွေကို နောင်လူးရပ်ကွက် အုပ်စုအတွင်းမှာ ဒီဇင်ဘာ ၂၅ ရက်နေ့က ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ ဝင်ရောက်ရှာဖွေခဲ့ရာမှာ မနွေး ဆိုတဲ့ အသက် ၃ဝ အရွယ် မြန်မာအမျိုးသမီးကို တွေ့ပါတယ်။ အသက် ၁၈ နှစ်မပြည့်သေးတဲ့ အမျိုးသမီး ၃ ဦးထံက သိရှိထားတာက မနွေးကနေပြီး လာရှာတဲ့ ဧည့်သည်တွေကို တစ်ယောက်ကို ဘတ်ငွေ ၁၅ဝဝ နဲ့ လိုက်အိပ်ခိုင်းတယ်။ လာအိပ်တဲ့ ဧည့်သည်တွေ လာရှာပြီဆိုရင် မနွေးက ပြည့်တန်ဆာ အလုပ်လုပ်နေရတဲ့ အမျိုးသမီးတွေကို ထိန်းသိမ်းထားတဲ့ ကိုသိန်းကျော် ဆိုတဲ့သူထံကို တဆင့်ပို့ပေးတယ်။
ကျနော်တို့က ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်ကြောင်း သက်သေအထောက်အထားတွေနဲ့ မနွေး နဲ့ ကိုသိန်းကျော် တို့ကို ဖမ်းဆီးခဲ့တယ်" ထိုင်းနိုင်ငံကို ဘယ်လိုရောက်ရှိ လာပြီး အခုလို အလုပ်လုပ်ကိုင်နေရတယ်ဆိုတာတွေ မေးမြန်းဖို့ အဲဒီမြန်မာ အမျိုးသမီးတွေကို ဘန်ကောက် လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဌာနကို ခေါ်ဆောင်သွားပြီး ပြီးရင် မြန်မာနိုင်ငံကို ပြန်ပို့ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။လူကုန်ကူးမှုလုပ်ကိုင်နေတဲ့ မနွေးနဲ့ ကိုသိန်းကျော်တို့နှစ်ဦးကိုတော့ လူကုန်ကူးမှု၊ ထိုင်းနိုင်ငံထဲ တရားမဝင်ခေါ်ဆောင်လာမှုစတဲ့ အမှု ၅ ခုနဲ့ တရားစွဲဆိုပြီး ဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ ထိုင်းလူကုန်ကူးမှု တားဆီးကာကွယ်ရေးဌာနက အရာရှိက ပြောသွားပါတယ်။

အေးချမ်းမွန်မှ   Kachin Daily News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
ထိုင်း-မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ စံခလဘူရီမြို့မှာ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေရတဲ့ အသက် ၁၈ နှစ် မပြည့်သေးတဲ့ အမျိုးသမီး ၃ ယောက် အပါအဝင် မြန်မာအမျိုးသမီး ၁၈ ယောက်နဲ့အတူ လူပွဲစား မြန်မာနိုင်ငံသား ၂ ယောက်ကို ဒီဇင်ဘာ၂၅ ရက်နေ့ညက ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးနိုင် ခဲ့တယ်လို့ သိရပါတယ်။


စံခလဘူရီမြို့တွင် ဒီဇင်ဘာ ၂၅ ရက်နေ့ ညဘက်က ပြည့်တန်ဆာလုပ်ငန်း အတင်းအဓမ္မ သွတ်သွင်းခံရသူ မြန်မာအမျိုးသမီး ၁၈ ယောက် ကို ထိုင်းရဲတပ်ဖွဲ့ဝင်များက ကယ်ထုတ်လာပုံ
မြန်မာနိုင်ငံ ဘုရားသုံးဆူမြို့နယ်ဖက်ကနေ တရားမဝင်ခေါ်သွင်းလာတဲ့ မြန်မာအမျိုးသမီးတွေဟာ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် စံခလဘူရီမြို့နယ်မှာ ပြည့်တန်ဆာ အလုပ်လုပ်ကိုင်နေရကြောင်း ဘန်ကောက်အခြေစိုက် ထိုင်းလူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ကို တိုင်ကြားလာတဲ့အတွက် ကွင်းဆင်းစုံစမ်းမှုတွေ ပြုလုပ်ပြီးနောက် အခုလို ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့ ထိုင်းလူကုန်ကူးမှု တားဆီးကာကွယ်ရေးရုံးက အရာရှိတစ်ဦးကပြောပါတယ်။

ပုသိမ်ခရိုင် ငရုတ်ကောင်းမြို့နယ်ခွဲ၌ ခေါင်းပြတ်ဆင်တစ်ကောင် တွေ့ရှိ

Photo: ပုသိမ်ခရိုင် ငရုတ်ကောင်းမြို့နယ်ခွဲ၌ ခေါင်းပြတ်ဆင်တစ်ကောင် တွေ့ရှိ

မျိုးမင်းထွန်း (မြစ်မခ)

ပုသိမ်ခရိုင် ငရုတ်ကောင်းမြို့နယ်ခွဲအတွင်း ဆင်တစ်ကောင်ခေါင်းပြတ်၍
သေဆုံးနေကြောင်း သိရသည်။

ပုသိမ်ခရိုင် ငရုတ်ကောင်းမြို့နယ်ခွဲအတွင်းတွင် ဆင်ရိုင်းကျူးကျော်
သောင်းကျန်းမှုများနှင့် ဆင်သတ်ခြင်း ၊ ဆင်စွယ်ဖြတ်ခြင်းဖြင့် စီးပွား
ရှာနေသော လူအုပ်စုများကြောင့် ဆင်သေဆုံးမှုများ မကြာခဏ
ဖြစ်ပေါ်လျက်ရှိရာ ယခုလ ဇန်န၀ါရီလ(၃)ရက်နေ့ မွန်းလွဲ(၂)နာရီခွဲ
အချိန်ခန့်က ငရုတ်ကောင်းမြို့နယ်ခွဲအတွင်း ခေါင်းပြတ်သေဆုံးနေသော ဆင်တစ်ကောင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ ငရုတ်ကောင်းက ဆင်းမှုံသစ်တောကြိုးဝိုင်း အကွက်အမှတ်(၂)မှာ
ခေါင်းပြတ်သေဆုံးတဲ့ ဆင်ထီး စွယ်စုံတော ဆင်ရိုင်းတစ်ကောင်တွေ့တာပါ။ ငရုတ်ကောင်းတောအုပ်ဦးကွန်ချစ်က သွားရောက် စစ်ဆေးပြီး ခရိုင်သစ်တောဦးစီးက စာနဲ့ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်” ဟု ပုသိမ်ခရိုင်သစ်တော ဦးစီးဌာနမှ ၀န်ထမ်းတစ်ဦးက ပြောသည်။

ပုသိမ်ခရိုင်သည် ရခိုင်ရိုးမနှင့် ဆက်စပ်တည်ရှိနေသော ခရိုင်
တစ်ခုဖြစ်သောကြောင့် လည်းကောင်း ယခုရာသီသည် ဆင်များ
ကြိုက်နှစ်သက်သော ဗောကိုင်းပင်များ အဖူးပွင့်သောအချိန်ဖြစ်နေသဖြင့် ပုသိမ်ခရိုင်၏ အနောက်ဘက် ကမ်းခြေဒေသများတွင် ဆင်းရိုင်းအုပ်များ လာရောက်ကျက်စားနေရာ အဆိုပါ ဒေသရှိ ရွာများမှာလည်း ဆင်အန္တရာယ်နှင့် တွေ့ကြုံနေရပြီး တရားမ၀င် ဆင်သတ် ၊ အစွယ်
ဖြတ်မှုများလည်း ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ရွာတွေမှာ လင့်စင်တွေထိုးထားပြီး ညဘက်ဆင်တွေဆင်းလာရင် အဲ့အပေါ်ကို တက်ပြေးကြရတယ်။ အလုပ်လဲ ကောင်းကောင်းမလုပ်ရဘူး။ ဒါပေမဲ့ ဒေသခံတွေကတော့ ဆင်ကိုမသတ်ရဲကြပါဘူး။ ဆင်ကို သတ်တာ လူသတ်တာထက် ပိုအပြစ်ကြီးတယ်လို့ သိထားကြတယ်” ဟု ငရုတ်ကောင်း မြို့နယ်ခွဲ ပျဉ်းကတိုးကုန်းရွာသားတစ်ဦးက ပြောသည်။

ယမန်နှစ်အတွင်းကလည်း ငွေဆောင်မြို့နယ်ခွဲ ဥတုချောင်းဖျားတွင် ဆင်သတ် ၊ ဆင်စွယ် ဖြတ်နေ သူတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး စက်တင်ဘာလအတွင်းက ငပုတောမြို့နယ်တွင် တွေ့ရှိ သေဆုံးနေ
သော ဆင် (၂)ကောင်အနက် တစ်ကောင်အား သတ်ဖြတ်ခဲ့သူများကို ဖမ်းဆီးရမိခဲ့ကြောင်း ပုသိမ် ခရိုင်ရဲတပ်ဖွဲ့မှ သိရှိရသည်။

ယခုတွေ့ရှိသော ဆင်သေဆုံးမှုအတွက်ကလည်း မသမာသူများ၏ လက်ချက်ကြောင့်ဟု ပုသိမ်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး (သစ်တော)မှ စာဖြင့်တိုင်ကြားမှုကြောင့် ငရုတ်ကောင်း ရဲစခန်းမှ
(ပ)”၂-၁၃/၁၉၉၄” တောရိုင်းတိရိစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးဥပဒေပုဒ်မ ၃၇(က)ဖြင့် စုံစမ်းစစ်ဆေးနေကြောင်း
သိရှိရသည်။

မြန်မာနိုင်ငံတွင် ဆင်ကောင်ရေထောင်ဂဏန်းကျော်သာ ကျန်ရှိတော့ပြီး ယခုကဲ့သို့ တရားမ၀င် ဆင်သတ် ၊ ဆင်စွယ်ဖြတ်မှု များပြားလာခြင်းကြောင့် မကြာမီ မြန်မာ့ဆင်များ မျိုးတုံးပျောက်ကွယ်သွားနိုင်ကြောင်း သစ်တော ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုပြောကြားသည်။


အေးချမ်းမွန်မှ   Myit Makha Mediagroup တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

ပုသိမ်ခရိုင် ငရုတ်ကောင်းမြို့နယ်ခွဲအတွင်း ဆင်တစ်ကောင်ခေါင်းပြတ်၍
သေဆုံးနေကြောင်း သိရသည်။

ပုသိမ်ခရိုင် ငရုတ်ကောင်းမြို့နယ်ခွဲအတွင်းတွင် ဆင်ရိုင်းကျူးကျော်
သောင်းကျန်းမှုများနှင့် ဆင်သတ်ခြင်း ၊ ဆင်စွယ်ဖြတ်ခြင်းဖြင့် စီးပွား
ရှာနေသော လူအုပ်စုများကြောင့် ဆင်သေဆုံးမှုများ မကြာခဏ
ဖြစ်ပေါ်လျက်ရှိရာ ယခုလ ဇန်န၀ါရီလ(၃)ရက်နေ့ မွန်းလွဲ(၂)နာရီခွဲ
အချိန်ခန့်က ငရုတ်ကောင်းမြို့နယ်ခွဲအတွင်း ခေါင်းပြတ်သေဆုံးနေသော ဆင်တစ်ကောင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

စမတ်ဖုန်းကို သော့အဖြစ်သုံးမည်

Photo: စမတ်ဖုန်းကို သော့အဖြစ်သုံးမည်

စမတ်ဖုန်းကို သော့အဖြစ် အသုံးပြုနိုင်ဖို့အတွက် ဂျာမနီမှ အိုင်တီ ကုမ္မဏီ တစ်ခု ဖြစ်တဲ့ Secure Information Technology (SIT) မှ ဖန်တီးလိုက်ပြီ ဖြစ်ပါတယ်။

Application တစ်ခု ဖန်တီးခြင်း ဖြစ်ပြီး ယင်း App ကို Sharekey လို့အမည် ပေးထားပါတယ်။ NFC ဆက်သွယ်ရေး စနစ်ကို အသုံးပြုပြီး သော့ဖွင့်လိုတဲ့ အခါ တံခါးပေါက်က သော့ခတ်ထားတဲ့ စက်နဲ့ ဖုန်းကို နီးနီးကပ် ထားပြီး ဖွင့်ရမှာ ဖြစ်ပါတယ်။ ဒီအတွက် ကြောက်စရာ ကောင်းတာ တစ်ခုက Hacker တွေရဲ့  တိုက်ခိုက်မှု ဖြစ်ပြီး ဟက်ကာတွေ ထိုးဖောက်လို့ မရမယ့် ဆက်သွယ်ရေး စနစ်ကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။

ဖုန်းနဲ့ ကားပါကင်ထိုး၊ ဖုန်းနဲ့ ကားစနစ်များကို ထိန်းချုပ်၊ ဖုန်းနဲ့ သွေးပေါင် ချိန်တိုင်း၊ ဖုန်းနဲ့ GPS ကို အသုံးပြု အစရှိသဖြင့် တစ်နေ့ထက် တစ်နေ့ လူနေမှု ဘဝထဲမှာ စမတ်ဖုန်းရဲ့  အသုံးဝင်မှု ကဏ္ဍဟာလည်း တိုးသထက် တိုးလာပါတယ်။ သော့ တစ်ချောင်း သိမ်းဆည်းထားမယ့် အစား စမတ်ဖုန်း ထဲမှာ Application တစ်ခု install လုပ်ရုံနဲ့ အိမ်လုံခြုံရေးကို အဆင့်မြင့်ပေး မယ် ဆိုတော့ အများက စိတ်ဝင်စားပါတယ်။

Sharekey အမည်ရ Appication ကို မကြာမီ ဖြန့်ချိနိုင်အောင် ကြိုးပမ်း လျက်ရှိကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)

http://blog.techspace.com.mm/2013/01/blog-post_7.html

အေးချမ်းမွန်မှ   TechSpace Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
စမတ်ဖုန်းကို သော့အဖြစ် အသုံးပြုနိုင်ဖို့အတွက် ဂျာမနီမှ အိုင်တီ ကုမ္မဏီ တစ်ခု ဖြစ်တဲ့ Secure Information Technology (SIT) မှ ဖန်တီးလိုက်ပြီ ဖြစ်ပါတယ်။

Application တစ်ခု ဖန်တီးခြင်း ဖြစ်ပြီး ယင်း App ကို Sharekey လို့အမည် ပေးထားပါတယ်။ NFC ဆက်သွယ်ရေး စနစ်ကို အသုံးပြုပြီး သော့ဖွင့်လိုတဲ့ အခါ တံခါးပေါက်က သော့ခတ်ထားတဲ့ စက်နဲ့ ဖုန်းကို နီးနီးကပ် ထားပြီး ဖွင့်ရမှာ ဖြစ်ပါတယ်။ ဒီအတွက် ကြောက်စရာ ကောင်းတာ တစ်ခုက Hacker တွေရဲ့  တိုက်ခိုက်မှု ဖြစ်ပြီး ဟက်ကာတွေ ထိုးဖောက်လို့ မရမယ့် ဆက်သွယ်ရေး စနစ်ကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။

ABSDF မြောက်ပိုင်းအဖွဲ့မှ သံဃာတော်များထံပန်ကြားချက် သံဃာများနှင့် ပြည်သူအများစုလက်မခံ

Photo: ABSDF မြောက်ပိုင်းအဖွဲ့မှ သံဃာတော်များထံပန်ကြားချက်
သံဃာများနှင့် ပြည်သူအများစုလက်မခံ
Monday, January 07, 2013

ကချင်ပြည်နယ်တွင် KIA နှင့် အတူပူးတွဲ၍ အစိုးရတပ်များကို တိုက်ခိုက်
နေသော ABSDF (မြောက်ပိုင်း) အဖွဲ့မှ သံဃာတော် အရှင်သူမြတ်များအား
လျှောက်ထားပန်ကြားခြင်း ခေါင်းစဉ်ဖြင့် (၇-၁-၂၀၁၃) ကြေငြာချက်
တစ်စောင်နှင့် ကြေငြာချက်အား ABSDF တပ်ဖွဲ့ဝင် ရဲမေတစ်ဦးမှ
ဖတ်ပြ၍ Online မှတစ်ဆင့် ထုတ်ပြန်ခဲ့ပါသည်။

၎င်းပန်ကြားချက်တွင် ပြည်တွင်းရှိ သံဃာတော်များမှ ကချင် ပြည်နယ်
အတွင်း အစိုးရမှဆင်နွှဲနေသော စစ်ပွဲကို ၀ိုင်းဝန်းဆန့်ကျင်ကန့်ကွက်
ပေးကြပါရန် ကျောင်းသား တပ်မတော်(မြောက်ပိုင်း)မှ လျှောက်ထား
ပါသည် ဟူ၍ပါရှိပါသည်။

၎င်းပန်ကြားချက်နှင့်ပတ်သက်၍ ပြည် တွင်းရှိသံဃာများနှင့် ပြည်သူများမှ လက်ခံမှုမရှိကြောင်း သိရှိရပါသည်။ မန္တလေး မစိုးရိမ်တိုက်သစ်တွင် သီတင်းသုံးနေသော သံဃာတော်တစ်ပါးက " ဒီကိစ္စမှာ ABSDF အနေနဲ့ ဘုန်းကြီးတွေကို သူတို့ပြဿနာထဲ ဆွဲထည့်နေတယ်လို့ ယူဆပါတယ်။ ဘုန်းကြီးတွေကို နိုင်ငံရေးမှာ အသုံးချချင်တိုင်း အသုံးချလို့ရတယ် ထင်နေကြတယ်။ ABSDF ဆိုတာကလည်း ကျောင်းသားတပ်မတော်သာ
ဆိုတယ်။ ဘယ်တုန်းက ကျောင်းသား တွေလဲ မသိဘူး။ ဖတ်ပြသွားတဲ့ ဒကာမ ဆိုရင်လည်း ဗုဒ္ဒဘာသာတောင် ဟုတ်ပုံမရဘူး။ သူတို့ ခေါင်းဆောင်
တောင် ပြည်တွင်းကိုရောက်လာပြီး ဆွေးနွေးနိုင်သေးတာ သူတို့က ဘာလို့ ငြိမ်းချမ်းရေး ကိုလက်မခံတာလဲ။ သံဃာတော်တွေကို သွားလုပ်ပေးပါ သွားလုပ်ပေးပါလို့ မတောင်းဆိုသင့်ပါဘူး။ လက်ပံ တောင်းတောင် ကိစ္စတုန်းကလဲ ဘယ်နိုင်ငံရေးသမားကမှ ဦးဇင်းတို့ကို တောင်းဆို
ခဲ့တာမဟုတ်ဘူး။ ပြည်သူ့ အတွက်လိုအပ်တယ်ထင်လို့ ပါဝင်ခဲ့တာ။ အခုကိစ္စက စစ်ရေးစစ်ရာကိစ္စ၊ သံဃာတော်တွေနဲ့ လုံးဝ မသက်ဆိုင်ပါဘူး" ဟု မိန့်ကြားသွားသည်။

ထို့ပြင် ပြည်ပရှိ သံဃာတော်များမှလည်း ၎င်းပန်ကြားချက်နှင့်ပတ်သက်၍ သံဃာတော်များအားလုံး ဂရုစိုက်ကြရန်နှင့် ၎င်းကြေငြာချက်၏ ရည်ရွယ်ချက်မှာ သံဃာတော်များအား အသုံးချလိုခြင်းဖြစ်ကြောင်း
ပြောကြားထားသည်။ ၎င်း ABSDF (မြောက်ပိုင်း)၏ ပ န်ကြားချက်အား Online သတင်းဌာနများတွင် တင် ထားရာ ကြည့်ရှုသူအများစုမှာ ၎င်းပန်ကြားချက်အား လုံးဝလက်မခံကြောင်း မှတ်ချက်ပေးထားသည်ကို
တွေ့ရှိရပါသည်။

Myanmar Online News

အေးချမ်းမွန်မှ   Kachin Daily News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

Monday, January 07, 2013

ကချင်ပြည်နယ်တွင် KIA နှင့် အတူပူးတွဲ၍ အစိုးရတပ်များကို တိုက်ခိုက်
နေသော ABSDF (မြောက်ပိုင်း) အဖွဲ့မှ သံဃာတော် အရှင်သူမြတ်များအား
လျှောက်ထားပန်ကြားခြင်း ခေါင်းစဉ်ဖြင့် (၇-၁-၂၀၁၃) ကြေငြာချက်
တစ်စောင်နှင့် ကြေငြာချက်အား ABSDF တပ်ဖွဲ့ဝင် ရဲမေတစ်ဦးမှ
ဖတ်ပြ၍ Online မှတစ်ဆင့် ထုတ်ပြန်ခဲ့ပါသည်။

၎င်းပန်ကြားချက်တွင် ပြည်တွင်းရှိ သံဃာတော်များမှ ကချင် ပြည်နယ်
အတွင်း အစိုးရမှဆင်နွှဲနေသော စစ်ပွဲကို ၀ိုင်းဝန်းဆန့်ကျင်ကန့်ကွက်
ပေးကြပါရန် ကျောင်းသား တပ်မတော်(မြောက်ပိုင်း)မှ လျှောက်ထား
ပါသည် ဟူ၍ပါရှိပါသည်။

လက်ပံတောင်းတောင် အရေး အစီရင်ခံစာ လကုန် တင်မည်၊ မည်သည့် အကြောင်းနှင့်မဆို ဖျတ်သိမ်းရေး ဦးတည်မည်

Photo: လက်ပံတောင်းတောင် အရေး အစီရင်ခံစာ လကုန် တင်မည်၊ မည်သည့်
အကြောင်းနှင့်မဆို ဖျတ်သိမ်းရေး ဦးတည်မည်


ရန်ကုန်၊ ဇန်နဝါရီ ၇။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအပါအဝင် အကြမ်းဖက်ဖြိုခွင်းမှု
အတွက် နိုင်ငံတော်မှ ဖွဲ့စည်းပေးခဲ့သော စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ယခုလ မကုန်ခင်အတွင်း အစီအရင်ခံစာ တင်မည်ဖြစ်ကြောင်း ဒေါ်အောင်
ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် ဥက္ကဌ အဖြစ် တာဝန်ပေးအပ်ထားခြင်း ခံရကြောင်း သိရပြီး ယခုလအတွင်း
တွင်လည်း နိုင်ငံရပ်ခြား ခရီးစဉ် အဖြစ် ဟာဝိုင်ရီရှိ ဟိုနိုလူလူ အားသွား
ရောက်မည် ဖြစ်ကြောင်းနှင့် ၎င်းကမှတစ်ဆင့် ကိုရီးယားသို့ ထပ်မံသွား
ရောက်မည် ဖြစ်ကြောင်း သိရသည်။

“လက်ပံတောင်းတောင် အတွက် စုံစမ်းရေးကော်မရှင်က အချိန်ပြည့်အလုပ်
လုပ်နေပါတယ်။ ကျွန်တော်တို့ လွှတ်တော် နားတဲ့ အချိန်တွေမှာလည်း သွား တဲ့အဖွဲ့တွေရှိပါတယ်။ ဇန်နဝါရီ လကုန်ခါနီး အမေစု ခရီးသွားမယ်။ မသွားခင်မှာဘဲ လက်ပံတောင်းတောင် အရေးနဲ့ ပက်သက်ပြီး အစီရင်ခံစာ တင်မယ်လို့ သိရပါတယ်” ဟု ဦးဖြိုးဇေယျာသော်က ပြောကြားသည်။

ဆက်လက်ပြီး လက်ပံတောင်းတောင်တွင် သပိတ်စခန်းများ ဖွင့်လှစ်ထား
မှုနှင့် ပက်သက်၍ “ပြည်သူတွေရဲ့ ဆန္ဒဖော်ထုတ်မှုတွေဟာ နစ်နာဆုံးရှုံး
မှုတွေ မရှိဘဲနဲ့ ဘယ်သူမှ ဆန္ဒပြမှာ မဟုတ်ဘူး။ ဆန္ဒထုတ်ဖော်မှုတွေဟာ ကိုတော့ ကန့်ကွက်စရာ ဘာအကြောင်းမှမရှိပါဘူး။ ဒါပေမယ့် ဆန္ဒထုတ်ဖော်
တဲ့ အခါနဲ့ ပြီးသွားမှာ မဟုတ်ပါဘူး။ ဆွေးနွေးညှိနှိုင်းမှု အဆင့်လာရဦးမယ်။ အဲဒီအခါ အားလုံးယုံကြည်တဲ့ ဒေါ်စုပါဝင်တဲ့ စုံစမ်းရေး ကော်မရှင်ရဲ့ ရလဒ်
ကို စောင့်ကြည့်စေချင်တယ်” ဟုထပ်မံပြောကြားသည်။

ယမန့်နေ့ ညနေပိုင်းတွင် လက်ပံတောင်းတောင် စီမံကိန်းရပ်ဆိုင်းရန်အတွက်
သပိတ်စခန်းဖွင့်လှစ်ထားသော တုံရွာတွင် အရေးပေါ် အစည်းအဝေးကြီး
ပြုလုပ်ခဲ့ကြောင်း သိရပြီး အဆိုပါ အစည်းအဝေးတွင် စုံစမ်းစစ်ဆေးရေး
ကော်မရှင်မှ မည်သို့ပင် ဆုံးဖြတ်စေကာမူ လက်ပံတောင်းတောင် ကြေးနီစီမံ
ကိန်းအား ရပ်ဆိုင်းသွားရန် ဆက်လက် တောင်းဆိုသွားမည်ဟု ဆုံးဖြတ်
ခဲ့ကြကြောင်း ဒေသံများထံမှ သိရသည်။

အဆိုပါ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာနှင့် ပက်သက်၍ “ စုံစမ်း
စစ်ဆေးရေးကော်မရှင်က အစီရင်ခံစာမှာ ဒီမှာရှိတဲ့ ကျေးရွာတွေကိုလည်း မဖျတ်ခိုင်းဖို့ရယ်။ လယ်မြေတွေ ဆုံးရှုံးခဲ့တဲ့ သူတွေအတွက်လဲ ငွေရေးကြေး
ရေး အနေနဲ့အကူအညီ ပြန်ပေးဖို့။နောက်ပြီး လက်ပံတောင်းမှလုပ်နေတဲ့ သတ္တုတူးဖော်ရေးနဲ့ ကုန်ကြမ်းတွေကို အရင်လုပ်ခဲ့တဲ့ စပါယ်တောင်
မှာပြန်လုပ်ဖို့ စတဲ့ ဟာတွေ ပါဖို့ ဒီမှာရှိတဲ့ လူတွေက မျှော်လင့်ထားတယ်။ ဒါပေမယ့် ဘယ်လိုဘဲဖြစ်ဖြစ် လက်ပံတောင်းတောင် စီမံကိန်း ဖျတ်သိမ်း
ရေးကိုဘဲ အားလုံးက ဦးတည်ထားတယ်” ဟု မုံရွာမြို့တွင် လက်ပံတောင်း
တောင်အရေး ဆောင်ရွက်နေသော ဆရာတော်တစ်ပါးက မြန်မာ့ခေတ်သို့ မိန့်ကြားသည်။

စူးရှ

ဓာတ်ပုံ - စူးရှ

အေးချမ်းမွန်မှ   The Myanma Age တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

ရန်ကုန်၊ ဇန်နဝါရီ ၇။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအပါအဝင် အကြမ်းဖက်ဖြိုခွင်းမှု
အတွက် နိုင်ငံတော်မှ ဖွဲ့စည်းပေးခဲ့သော စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ယခုလ မကုန်ခင်အတွင်း အစီအရင်ခံစာ တင်မည်ဖြစ်ကြောင်း ဒေါ်အောင်
ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် ဥက္ကဌ အဖြစ် တာဝန်ပေးအပ်ထားခြင်း ခံရကြောင်း သိရပြီး ယခုလအတွင်း
တွင်လည်း နိုင်ငံရပ်ခြား ခရီးစဉ် အဖြစ် ဟာဝိုင်ရီရှိ ဟိုနိုလူလူ အားသွား
ရောက်မည် ဖြစ်ကြောင်းနှင့် ၎င်းကမှတစ်ဆင့် ကိုရီးယားသို့ ထပ်မံသွား
ရောက်မည် ဖြစ်ကြောင်း သိရသည်။

မြေထဲ ပင်လယ်နှင့် ပင်လယ်နက် အတွင်း ရုရှား ရေတပ်စစ်ရေး လေ့ကျင့်မှု ပြုလုပ်မည်

Photo: မြေထဲ ပင်လယ်နှင့် ပင်လယ်နက် အတွင်း ရုရှား ရေတပ်စစ်ရေး လေ့ကျင့်မှု ပြုလုပ်မည်

ရုရှား နိုင်ငံသည် မြေထဲ ပင်လယ်နှင့် ပင်လယ်နက် တို့တွင် ဇန်နဝါရီလ နှောင်းပိုင်း၌ အကြီးမားဆုံး ရေတပ်စစ်ရေး လေ့ကျင့်မှု တစ်ရပ်ကို စတင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ရေး လေ့ကျင့်မှုတွင် ဘောလ်တစ်ပင်လယ် မြောက်ပိုင်း၊ ပင်လယ်နက်နှင့် ပစိဖိတ် တပ်ဖွဲ့များမှ စစ်သင်္ဘောများ ပါဝင်မည် ဖြစ် ပြီး ယင်းစစ်ရေး လေ့ကျင့်မှုသည် ပြီးခဲ့သည့် ဆယ်စုနှစ် အနည်းငယ် အတွင်း ပြုလုပ်ခဲ့သော စစ်ရေး လေ့ကျင့်မှုများ အနက် အကြီးမားဆုံး စစ်ရေး လေ့ကျင့်မှု တစ်ရပ် ဖြစ်လာမည် ဖြစ်သည်။ အဆိုပါ စစ်ရေး လေ့ကျင့်မှုသည် တပ်ဖွဲ့ဝင် အချင်းချင်း အပြန်အလှန် ဆောင်ရွက်မှုကို တိုးမြှင့်ရန် ရည်ရွယ်ကြောင်း သိရသည်။

ဆီးရီးယား နိုင်ငံဝန်းကျင် ရေပိုင်နက်တွင် စစ်ရေး လေ့ကျင့်မှု ပြုလုပ်ခြင်း သည် ယင်းနိုင်ငံ အတွင်း ဖြစ်ပွားနေသော ပဋိပက္ခ များကို ကြားဝင် ဖြေရှင်းရန် အတွက်သာ ဖြစ်သည်ဟူသော အမေရိကန် ပြည် ထောင်စု၏ စွပ်စွဲ ပြောကြားချက် များကို ရုရှား နိုင်ငံက ငြင်းဆိုခဲ့ပြီး စစ်သင်္ဘော များကို ပုံမှန် ပြုလုပ်နေကျ စစ်ရေး လေ့ကျင့်မှုများ အတွက် အသုံး ပြုရန်သာ ဖြစ်ကြောင်း ပြောကြား ခဲ့သည်ဟု သိရသည်။

http://www.myawady.net.mm/allnews/global/item/3616-2013-01-05-09-27-51

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

ရုရှား နိုင်ငံသည် မြေထဲ ပင်လယ်နှင့် ပင်လယ်နက် တို့တွင် ဇန်နဝါရီလ နှောင်းပိုင်း၌ အကြီးမားဆုံး ရေတပ်စစ်ရေး လေ့ကျင့်မှု တစ်ရပ်ကို စတင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ရေး လေ့ကျင့်မှုတွင် ဘောလ်တစ်ပင်လယ် မြောက်ပိုင်း၊ ပင်လယ်နက်နှင့် ပစိဖိတ် တပ်ဖွဲ့များမှ စစ်သင်္ဘောများ ပါဝင်မည် ဖြစ် ပြီး ယင်းစစ်ရေး လေ့ကျင့်မှုသည် ပြီးခဲ့သည့် ဆယ်စုနှစ် အနည်းငယ် အတွင်း ပြုလုပ်ခဲ့သော စစ်ရေး လေ့ကျင့်မှုများ အနက် အကြီးမားဆုံး စစ်ရေး လေ့ကျင့်မှု တစ်ရပ် ဖြစ်လာမည် ဖြစ်သည်။ အဆိုပါ စစ်ရေး လေ့ကျင့်မှုသည် တပ်ဖွဲ့ဝင် အချင်းချင်း အပြန်အလှန် ဆောင်ရွက်မှုကို တိုးမြှင့်ရန် ရည်ရွယ်ကြောင်း သိရသည်။

လုံခြုံရေးဝန်ထမ်းအမျိုးသားတစ်ဦး ၁၁ လွှာတိုက်ခန်းပေါ်မှ ခုန်ချသေဆုံးမှုတစ်ရပ် ဖြစ်ပွား

Photo: အသက်သုံးဆယ်အရွယ် လုံခြုံရေးဝန်ထမ်းအမျိုးသားတစ်ဦး ၁၁ လွှာတိုက်ခန်းပေါ်မှ ခုန်ချသေဆုံးမှုတစ်ရပ် ယနေ့အောက်တိုဘာ ၆ ရက် ည ၇ နာရီက ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ဓမ္မစေတီလမ်းနှင့် ဗားဂရာလမ်းထောင့်ရှိ ပန်းခြံတာဝါတွင် ဖြစ်ပွားခဲ့သည်။

သေဆုံးသူမှာ ပန်းခြံတာဝါကွန်ဒိုရှေ့မျက်နှာချင်းဆိုင်မှ အနော်ရထာတာယာဆိုင်တွင် နေ့လည်ပိုင်းလုံခြုံရေးတာဝန်ထမ်းဆောင်နေသော အမျိုးသားတစ်ဦးဖြစ်ပြီး အမည်မှာ အောင်ကျော်သူဖြစ်ကာ တိုက်ပေါ်မှမခုန်ချမီတွင် သေတမ်းစာတစ်စောင်ကို ရေးသားထားခဲ့ကြောင်း သိရသည်။

ဦးခေါင်းကွဲ၊ ခါးရိုးကျိုးဒဏ်ရာများဖြင့် သေဆုံးခဲ့သော အဆိုပါအမျိုးသားမှာ စိတ်အခြေအနေပုံမှန်မဟုတ်ကြောင်း စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ဇင်မိုးက ပြောသည်။

အေးချမ်းမွန်မှ  7Day News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
အသက်သုံးဆယ်အရွယ် လုံခြုံရေးဝန်ထမ်းအမျိုးသားတစ်ဦး ၁၁ လွှာတိုက်ခန်းပေါ်မှ ခုန်ချသေဆုံးမှုတစ်ရပ် ယနေ့အောက်တိုဘာ ၆ ရက် ည ၇ နာရီက ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ဓမ္မစေတီလမ်းနှင့် ဗားဂရာလမ်းထောင့်ရှိ ပန်းခြံတာဝါတွင် ဖြစ်ပွားခဲ့သည်။

သေဆုံးသူမှာ ပန်းခြံတာဝါကွန်ဒိုရှေ့မျက်နှာချင်းဆိုင်မှ အနော်ရထာတာယာဆိုင်တွင် နေ့လည်ပိုင်းလုံခြုံရေးတာဝန်ထမ်းဆောင်နေသော အမျိုးသားတစ်ဦးဖြစ်ပြီး အမည်မှာ အောင်ကျော်သူဖြစ်ကာ တိုက်ပေါ်မှမခုန်ချမီတွင် သေတမ်းစာတစ်စောင်ကို ရေးသားထားခဲ့ကြောင်း သိရသည်။

ဟဲဟိုးလေဆိပ်အနီး ပျက်ကျခဲ့သော Air Bagan လေယာဉ်၏ Black Box အား စင်ကာပူနိုင်ငံမှ လက်ခံစစ်ဆေးရန် ငြင်းပယ်ခဲ့သဖြင့် သြစတြေးလျနိုင်ငံသို့ ပေးပို့စစ်ဆေးသွားမည်

Photo: ဟဲဟိုးလေဆိပ်အနီး ပျက်ကျခဲ့သော Air Bagan လေယာဉ်၏ Black Box အား စင်ကာပူနိုင်ငံမှ လက်ခံစစ်ဆေးရန် ငြင်းပယ်ခဲ့သဖြင့် သြစတြေးလျနိုင်ငံသို့ ပေးပို့စစ်ဆေးသွားမည် 	


၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့က ဟဲဟိုးလေဆိပ်အနီး ပျက်ကျခဲ့သော Air Bagan လေယာဉ်၏ Black Box အား စင်ကာပူနိုင်ငံမှ လက်ခံစစ်ဆေးရန် ငြင်းပယ်ခဲ့သဖြင့် သြစတြေးလျနိုင်ငံသို့ ဆက်လက်ပေးပို့ စစ်ဆေးသွားမည်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌဖြစ်သူ ဦးဝင်းဆွေထွန်းက ဇန်န၀ါရီ ၆ ရက် နေ့က ပြောကြားသည်။

''မီးလောင်ပြင်ထဲကနေ ဆွဲထုတ်ထားရတော့ ပျက်စီးမှု အတိုင်းအတာ များတဲ့အပြင် စင်ကာပူနိုင်ငံက ပစ္စည်း မပြည့်စုံတာကြောင့် လက်မခံတာပါ။ ဇန်န၀ါရီ တတိယပတ်မှာ သြစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့မှာ ရှိတဲ့ Australian Transport Safety Bur-eau (ATSB) ကို ပေးပို့ပြီး ဆက်လက် စစ်ဆေးသွားမှာပါ'' ဟု ဦးဝင်းဆွေထွန်းက ဆိုသည်။

Black Box အား စစ်ဆေးရန် သြစတြေးလျနိုင်ငံသို့ ပေးပို့ရာတွင် စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်များကိုယ်တိုင် သွားရောက် ပေးပို့သွားမည်ဖြစ်ပြီး၊ စစ်ဆေးရာတွင်လည်း ကော်မရှင်အဖွဲ့ဝင်များ ကိုယ်တိုင်ပါဝင် စစ်ဆေးသွားမည်ဟု သိရသည်။
Black Box အား စစ်ဆေးရန် သြစတြေးလျနိုင်ငံသို့ ပေးပို့ရာတွင် စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်များကိုယ်တိုင် သွားရောက် ပေးပို့သွားမည်ဖြစ်ပြီး၊ စစ်ဆေးရာတွင်လည်း ကော်မရှင်အဖွဲ့ဝင်များ ကိုယ်တိုင်ပါဝင် စစ်ဆေးသွားမည်

Black Box အား စစ်ဆေးရန် ကမ်းလှမ်းခဲ့သည့် စင်ကာပူနိုင်ငံနှင့် သြစတြေးလျနိုင်ငံများမှ ဌာနများမှာ အစိုးရဌာနများသာဖြစ်ပြီး၊ Black Box အား အစိုးရဌာန အချင်းချင်းသာ ချိတ်ဆက်၍ စစ်ဆေးမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

Black Box (လေယာဉ်ပျံသန်းမှု မှတ်တမ်းသေတ္တာ) မှာ လေယာဉ်ပျံသန်းမှု အမြင့်၊ မြန်နှုန်း စသည့် လေယာဉ်နှင့် ပတ်သက်သည့် အချက်အလက်များအား မှတ်တမ်းတင်သော ကိရိယာဖြစ်ပြီး၊ အချိန်တစ်လ အထိ မှတ်တမ်းတင်နိုင်သည့် Flight Data Recorder (FDR) နှင့် Cockpit Voice Recorder (CVR) သည် လေယာဉ်မှူးနှင့် လေကြောင်းထိန်းသိမ်းရေး တာဝါ ဆက်သွယ်သော အသံများကို မှတ်တမ်းတင်ထားသော ကိရိယာဖြစ်သည်။

ရန်ကုန်-မန္တလေး-ဟဲဟိုး-ရန်ကုန် ခရီးစဉ် ပျံသန်းသော Air Bagan လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးသည် ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်က မန္တလေးလေဆိပ်မှ ဟဲဟိုးလေဆိပ် သို့ ဆင်းသက်ချိန်တွင် ပျက်ကျမှု ဖြစ်ပွားခဲ့ပြီး၊ အဆိုပါ လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ်ပါ ခရီးသည် ၆၅ ဦးအနက် ဧည့်လမ်းညွှန် တစ်ဦးနှင့် မြေပြင်မှ ဆိုင်ကယ်သမားတစ်ဦး သေဆုံးခဲ့သည်။

အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့က ဟဲဟိုးလေဆိပ်အနီး ပျက်ကျခဲ့သော Air Bagan လေယာဉ်၏ Black Box အား စင်ကာပူနိုင်ငံမှ လက်ခံစစ်ဆေးရန် ငြင်းပယ်ခဲ့သဖြင့် သြစတြေးလျနိုင်ငံသို့ ဆက်လက်ပေးပို့ စစ်ဆေးသွားမည်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌဖြစ်သူ ဦးဝင်းဆွေထွန်းက ဇန်န၀ါရီ ၆ ရက် နေ့က ပြောကြားသည်။

''မီးလောင်ပြင်ထဲကနေ ဆွဲထုတ်ထားရတော့ ပျက်စီးမှု အတိုင်းအတာ များတဲ့အပြင် စင်ကာပူနိုင်ငံက ပစ္စည်း မပြည့်စုံတာကြောင့် လက်မခံတာပါ။ ဇန်န၀ါရီ တတိယပတ်မှာ သြစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့မှာ ရှိတဲ့ Australian Transport Safety Bur-eau (ATSB) ကို ပေးပို့ပြီး ဆက်လက် စစ်ဆေးသွားမှာပါ'' ဟု ဦးဝင်းဆွေထွန်းက ဆိုသည်။

ဆီးရီးယား FSA အဖွဲ့ ဓာတု လက်နက်များ ထုတ်လုပ် နိုင်ဟုဆို

Photo: ဆီးရီးယား FSA အဖွဲ့ ဓာတု လက်နက်များ ထုတ်လုပ် နိုင်ဟုဆို

လွတ်လပ်သော ဆီးရီးယား တပ်ဖွဲ့ (FSA)သည် ဓာတု လက်နက်များ ထုတ်လုပ်နိုင်သည့် အရည်အချင်းရှိ ကြောင်း အဆိုပါ အဖွဲ့မှ အဖွဲ့ဝင် တစ်ဦးက ပြောကြား ခဲ့သည်ဟု အင်တာနက် သတင်းအရ သိရသည်။

တူရကီ နိုင်ငံမှ Anatalia သတင်း အေဂျင်စီနှင့် ဇန်နဝါရီ ၂ ရက်က ပြုလုပ် ခဲ့သော တွေ့ဆုံ မေးမြန်းခန်း တစ်ခုတွင် FSA အဖွဲ့မှ နိုင်ငံရေး ဆိုင်ရာ အကြံပေး တစ်ဦးဖြစ်သူ ဘာဆမ်ဒါဒါက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် FSA အဖွဲ့သည် ဓာတု လက်နက် များကို သမ္မတ ဘာရှာအယ်လ် အာဆက် အစိုးရအား တိုက်ခိုက်ရာတွင် လိုအပ်ပါက အသုံး ပြုသွားမည် ဖြစ်ကြောင်း ဒါဒါက ပြောကြားခဲ့ သည်။

ဆီးရီးယား လွတ်မြောက်ရေး (FSA) အဖွဲ့သည် အဆိပ် ဖြစ်စေသော ဓာတု လက်နက်များနှင့် တိုက်ခိုက် ခဲ့သောကြောင့် ဆီးရီးယား တပ်ဖွဲ့ ဝင် ခုနစ်ဦး သေဆုံးခဲ့ကြောင်း သမ္မတ လုံခြုံရေး တပ်ဖွဲ့မှ တပ်မှူး တစ်ဦးက ဒီဇင်ဘာ ၂၃ ရက် တွင် ပြောကြားခဲ့သည်။

ပြည်ပ အစိုးရ များက ထောက်ခံထားသည့် အတိုက်အခံ အဖွဲ့များသည် အစိုးရ တပ်ဖွဲ့များနှင့် အစိုးရ ထောက်ခံသူ များကို ဓာတု လက်နက် များ အသုံးပြု၍ တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ထပ်တလဲလဲ ခြိမ်းခြောက် ခဲ့သည်ဟု သိရသည်။

ဆီးရီးယား နိုင်ငံတွင် ၂၁ လကြာ ဖြစ်ပွားခဲ့သော ပဋိပက္ခ များကြောင့် သေဆုံးသူ ဦးရေ ၆ဝဝဝဝ ခန့် ရှိပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့် အရေး ကော်မရှင်မှ နေဗီပီလေးက ပြောကြားခဲ့သည်။

http://www.myawady.net.mm/allnews/global/item/3618-2013-01-05-09-33-41

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
လွတ်လပ်သော ဆီးရီးယား တပ်ဖွဲ့ (FSA)သည် ဓာတု လက်နက်များ ထုတ်လုပ်နိုင်သည့် အရည်အချင်းရှိ ကြောင်း အဆိုပါ အဖွဲ့မှ အဖွဲ့ဝင် တစ်ဦးက ပြောကြား ခဲ့သည်ဟု အင်တာနက် သတင်းအရ သိရသည်။

တူရကီ နိုင်ငံမှ Anatalia သတင်း အေဂျင်စီနှင့် ဇန်နဝါရီ ၂ ရက်က ပြုလုပ် ခဲ့သော တွေ့ဆုံ မေးမြန်းခန်း တစ်ခုတွင် FSA အဖွဲ့မှ နိုင်ငံရေး ဆိုင်ရာ အကြံပေး တစ်ဦးဖြစ်သူ ဘာဆမ်ဒါဒါက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် FSA အဖွဲ့သည် ဓာတု လက်နက် များကို သမ္မတ ဘာရှာအယ်လ် အာဆက် အစိုးရအား တိုက်ခိုက်ရာတွင် လိုအပ်ပါက အသုံး ပြုသွားမည် ဖြစ်ကြောင်း ဒါဒါက ပြောကြားခဲ့ သည်။

ဘူးသီးခွံဟောင်းတစ်ခုအတွင်း လူဝီ၁၆ ဘုရင်၏ သွေးများအားတွေ့ရှိ

Photo: ဘူးသီးခွံဟောင်းတစ်ခုအတွင်း လူဝီ၁၆ ဘုရင်၏ သွေးများအားတွေ့ရှိ

January 7, 2013  Home, သတင်း 

သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က ပြင်သစ်ဘုရင် လူဝီ-၁၆ ၏သွေး များသည် ဘူးသီးခွံဟောင်း တစ် လုံးအတွင်းရှိနေသည်ဟုယုံကြည် ကြသည်။ လူဝီ-၁၆ ဘုရင်သည် ၁၇၉၃ ခုနှစ်၊ ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် ပြင်သစ်တော်လှန် ရေးသမားများ၏ ခေါင်းဖြတ်စက် ဖြင့်ကွပ်မျက်ခြင်းခံခဲ့ရသူဖြစ်သည်။
လူဝီ-၁၆ ဘုရင်ကွပ်မျက်ခံ ခဲ့ရပြီးနောက် ၎င်းအားကွပ်မျက် မှုကို ကြည့်ရှုနေခဲ့ကြသည့် လူ အများအပြားသည် လူဝီ၏ သွေး များတွင် ၎င်းင်းတို့၏လက်ကိုင်ပုဝါ များကို နစ်ခဲ့ကြသည်။ ထိုအထဲမှ လက်ကိုင်ပုဝါတစ်ခုအား ဘူးသီး ခြောက်ခွံအတွင်း ထည့်ထားခဲ့ ဟန်ရှိပြီး သွေးများပေကျံခဲ့ဟန် တူသည်။
ထိုဘူးသီးခွံတွင် တော်လှန် ရေးသူရဲကောင်းများ၏ ရုပ်ပုံများ ရေးထွင်းထားပြီး “ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် မက္ကဆီမီလီယံ ဘိုဒါ လော့က လူဝီဘုရင်၏သွေးများ ဖြင့် လက်ကိုင်ပုဝါအားသုတ်လိမ်း ခဲ့သည်” ဟု စာတမ်းရေးထိုးထား သည်။
ထိုတော်လှန်ရေးအမှတ်တရ ပစ္စည်းမှာ အီတာလျံမိသားစု တစ်ခု၏လက်ဝယ်တွင် ရာစုနှစ်နှင့်ချီ၍ ရှိနေခဲ့ပြီး စပိန်နှင့် ပြင်သစ်ကျွမ်းကျင်သူများ အဖွဲ့ တစ်ဖွဲ့က ၎င်းတို့၏ရှာဖွေတွေ့ ရှိမှုကို ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဘူးသီးခွံအတွင်းမှသွေးအား ဒီအင်အေစစ်ဆေးခဲ့ကြသော် လည်း တိုက်ဆိုင်စစ်ဆေးရန် လူဝီ-၁၆ ဘုရင်၏ဆွေမျိုးများ၏ သွေးဒီအင်အေစစ်ဆေးမှု နမူနာ များရှိမနေပေ။ သို့ရာတွင် သိပ္ပံ ပညာရှင်များသည် လူဝီ-၁၆ ဘုရင်၏ ဘိုးဘေးများအနက်မှ တစ်ဦးဖြစ်သည့် ၁၆၁၀ ခုနှစ်တွင် တွင်သတ်ဖြတ်ခံခဲ့ရပြီး ဦးခေါင်း အား မပုပ်မသိုးအောင် စီမံထား သည့် စတုတ္ထမြောက်ဟင်နရီ ဘုရင်၏သွေးနှင့် တိုက်ဆိုင် စစ်ဆေးခဲ့ရာ ဖခင်ဘက်မှမျိုးရိုး ဗီဇလိုင်းတူညီနေကြောင်းစစ်ဆေး တွေ့ရှိခဲ့ကြရသည်။

 Source: BBC
ဥက္ကာအောင်

The Hot News

သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က ပြင်သစ်ဘုရင် လူဝီ-၁၆ ၏သွေး များသည် ဘူးသီးခွံဟောင်း တစ် လုံးအတွင်းရှိနေသည်ဟုယုံကြည် ကြသည်။ လူဝီ-၁၆ ဘုရင်သည် ၁၇၉၃ ခုနှစ်၊ ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် ပြင်သစ်တော်လှန် ရေးသမားများ၏ ခေါင်းဖြတ်စက် ဖြင့်ကွပ်မျက်ခြင်းခံခဲ့ရသူဖြစ်သည်။
လူဝီ-၁၆ ဘုရင်ကွပ်မျက်ခံ ခဲ့ရပြီးနောက် ၎င်းအားကွပ်မျက် မှုကို ကြည့်ရှုနေခဲ့ကြသည့် လူ အများအပြားသည် လူဝီ၏ သွေး များတွင် ၎င်းင်းတို့၏လက်ကိုင်ပုဝါ များကို နစ်ခဲ့ကြသည်။ ထိုအထဲမှ လက်ကိုင်ပုဝါတစ်ခုအား ဘူးသီး ခြောက်ခွံအတွင်း ထည့်ထားခဲ့ ဟန်ရှိပြီး သွေးများပေကျံခဲ့ဟန် တူသည်။
ထိုဘူးသီးခွံတွင် တော်လှန် ရေးသူရဲကောင်းများ၏ ရုပ်ပုံများ ရေးထွင်းထားပြီး “ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် မက္ကဆီမီလီယံ ဘိုဒါ လော့က လူဝီဘုရင်၏သွေးများ ဖြင့် လက်ကိုင်ပုဝါအားသုတ်လိမ်း ခဲ့သည်” ဟု စာတမ်းရေးထိုးထား သည်။

မျှော်လင့်နေကြတဲ့ တန်ဖိုးနည်း တစ်သိန်းဖုန်း လာပြီ

Photo: မျှော်လင့်နေကြတဲ့ တန်ဖိုးနည်း တစ်သိန်းဖုန်း လာပြီ

ကျပ်တစ်သိန်းတန် GSM နှင့် ကျပ် ၁၂၀၀၀၀ တန် WCDMA ဆင်းမ်ကတ်များကို ဇန်နဝါရီ ဒုတိယပတ်မှ စတင်၍ တိုင်းနှင့်ပြည်နယ် အသီးသီးတွင် ရောင်းချပေးသွားမည် ဖြစ်ကြောင်း မိုဘိုင်း အင်ဂျင်နီယာဌာန ဒုတိယအင်ဂျင်နီယာချုပ် ဦးစိုးအောင်က ပြောကြားသွားသည်။

အဆိုပါ မိုဘိုင်း ဆင်းမ်ကတ်များကို ယခင်က မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတစ်ခုတည်းမှ ရောင်းချသွားမည်ဟု ကြေညာခဲ့သော်လည်း ယခုအခါ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် ပုဂ္ဂလိက ကုမ္ပဏီ ၁၃ ခုမှ တစ်ဆင့် ဖြန့်ဖြူး၍ ပြင်ပ ဖုန်းအရောင်းဆိုင်များတွင် လွတ်လပ်စွာ ဝယ်ယူနိုင်တော့မည်ဟု ယင်းက ဆိုသည်။

“ဆက်သွယ်ရေးက သတ်မှတ်ထားတဲ့ ဆိုင်တွေမှာ ရောင်းမယ်။ ရတနာပုံ၊ Elite အစရှိတဲ့ ကုမ္ပဏီတွေကနေ တစ်ဆင့်လည်း ဖြန့်ဖြူးသွား မယ်။ နှစ်သိန်းတန်ဖုန်းလိုပဲ ဘယ်ဆိုင်မှာမဆို ဝယ်လို့ရမှာပါ” ဟု ၎င်းက ပြောသည်။

ပြင်ပ ဖုန်းအရောင်းဆိုင်များသည် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတ်မှတ်ထားသည့် နှုန်းထားအတိုင်း ရောင်းချခြင်း မပြုဘဲ ဆင်းမ်ကတ်များကို ဈေးနှုန်းမြှင့်၍ ရောင်းချပါက ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

“အပြင်ဖုန်းဆိုင်တွေကိုတော့ ရောင်းတဲ့ရက် မတိုင်မီ ဈေးပိုမရောင်းဖို့ သတိပေးထားတယ်။ ဒါကလည်း ၂ သိန်းဖုန်းတုန်းကလို ဈေးနှုန်း မဖောင်းပွစေချင်လို့ပါ။ ရောင်းမယ့်ရက်ကိုတော့ ၁၁/၁၂ ရက်လောက် ခန့်မှန်းထားပါတယ်။ မရောင်းမီလည်း သတင်းစာထဲကနေ ကြေညာမှာပါ” လို့ ယင်းက ဆက်ပြောသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ရန်ကုန်တိုင်းဒေသကြီးတွင် ရောင်းဆိုင် ၁၈ ခု ဖွင့်လှစ်ရောင်းချသွားမည် ဖြစ်ပြီး ကျန်တိုင်းနှင့် ပြည်နယ်များတွင် အကျိုးတူ ပူးပေါင်းလုပ်ကိုင်ကြသည့် ကုမ္ပဏီများမှတစ်ဆင့် ဖြန့်ဖြူးနိုင် မည် ဖြစ်ကြောင်း သိရသည်။

ယင်းနှင့် ပတ်သက်၍ Elite Tech မှ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းခင်မောင်အေးက “ကတ်တွေ ဖြန့်ချိရေး အပိုင်းကိုတော့ ကျွန်တော်တို့ ကုမ္ပဏီအပါအဝင် တခြားကုမ္ပဏီတွေကလည်း လုပ်ကြမယ်။

ဒီတစ်ခေါက် ချပေးမယ့်လိုင်းက များပြီး ကတ်များများချနိုင် မှာ ဖြစ်တဲ့အတွက် ဈေးနှုန်းကစားတာမျိုး မဖြစ်လောက်ပါဘူး။

အပြင်ဆိုင်တွေမှာလည်း ဝယ်လို့ရမှာ ဖြစ်တဲ့အတွက် ပြည်သူတွေအတွက် အဆင်ပြေမှာပါ” ဟု ပြောသည်။ GSM Sim ကတ်များကို ကျပ် ၂ သိန်းဖြင့်လည်းကောင်း WCDMA Sim ကတ်များကို ကျပ် ၂ သိန်းခွဲဖြင့်လည်းကောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ စတင် ရောင်းချပေးခဲ့ကြောင်း သိရသည်။

By Smart News

အေးချမ်းမွန်မှMyawady Newsတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

ကျပ်တစ်သိန်းတန် GSM နှင့် ကျပ် ၁၂၀၀၀၀ တန် WCDMA ဆင်းမ်ကတ်များကို ဇန်နဝါရီ ဒုတိယပတ်မှ စတင်၍ တိုင်းနှင့်ပြည်နယ် အသီးသီးတွင် ရောင်းချပေးသွားမည် ဖြစ်ကြောင်း မိုဘိုင်း အင်ဂျင်နီယာဌာန ဒုတိယအင်ဂျင်နီယာချုပ် ဦးစိုးအောင်က ပြောကြားသွားသည်။

အဆိုပါ မိုဘိုင်း ဆင်းမ်ကတ်များကို ယခင်က မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတစ်ခုတည်းမှ ရောင်းချသွားမည်ဟု ကြေညာခဲ့သော်လည်း ယခုအခါ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် ပုဂ္ဂလိက ကုမ္ပဏီ ၁၃ ခုမှ တစ်ဆင့် ဖြန့်ဖြူး၍ ပြင်ပ ဖုန်းအရောင်းဆိုင်များတွင် လွတ်လပ်စွာ ဝယ်ယူနိုင်တော့မည်ဟု ယင်းက ဆိုသည်။

အစိုးရတပ်များ လိုင်ဇာ တောင်ကုန်းတခုကို ဆက်လက် ထိုးစစ်ဆင်

Photo: အစိုးရတပ်များ လိုင်ဇာ တောင်ကုန်းတခုကို ဆက်လက် ထိုးစစ်ဆင်
Monday, January 07, 2013


ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာအနီး ဖွန်းပျဉ်ဘွန် တောင်ကုန်းစခန်းကို အစိုးရ စစ်တပ်က အလုံးအရင်းဖြင့် ယနေ့ နေ့လယ် ၁၂ နာရီက စတင် ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။

“တိုက်ပွဲက ၁၂ နာရီလောက်က ဖြစ်တယ်။ သူတို့ ဖွန်းပျဉ်ဘွန်ကို ထိုးနေတယ်” ဟု KIA နှင့် ပူးတွဲ တိုက်နေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မြောက်ပိုင်းမှ ဗိုလ်မှူး မင်းဌေးက ဧရာဝတီသို့ ပြောသည်။

ယမန်နေ့ကလည်း KIO/KIA ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့သို့ အစိုးရ စစ်တပ်က အမြောက်လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ ကြောင်းလည်း သူက ဆက်ပြောသည်။

“မနေ့က လိုင်ဇာကို လက်နက်ကြီး ၈ လုံး ပစ်တယ်။ မနက် ၉ နာရီကနေစပြီးမှ အမြောက်တပ်ကနေ ၁၀၅ မမ ၃ လက်ကို တပြိုင်တည်းပစ်တာ ၃ လုံး တခါ၊ နောက် ၃ လုံး ပစ်တော့ ၆ လုံး။ သူတို့ ပြန်သိမ်းထားတဲ့ ပွိုင့် ၇၇၁ တောင်ကုန်းကနေ ၂ လုံး ပစ်တာ” ဟု ဗိုလ်မှူး မင်းဌေးက ဆိုသည်။

အဆိုပါ ပစ်ခတ်မှုများတွင် ထိခိုက်ဒဏ်ရာ ရသူမရှိကြောင်း၊ ပွိုင့် ၇၇၁ တောင်ကုန်းအား အစိုးရစစ်တပ်က ပြန်လည် သိမ်းယူပြီးနောက်ပိုင်း လိုင်ဇာမြို့အနီးရှိ အရေးပါသော တောင်ကုန်းစခန်းများကို သိမ်းပိုက်ရန် ယခုကဲ့သို့ ထိုးစစ်အပြင်းအထန် ဆင်နွှဲနေခြင်းဖြစ်ကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန်နှင့် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းတို့ကလည်း KIO/KIA ဌာနချုပ် လိုင်ဇာအား သိမ်းယူမည် မဟုတ်ကြောင်း မကြာသေးခင်က ပြောကြားချက်နှင့် ပတ်သက်၍ “သူတို့ ဒီလိုပြောတာဟာ စစ်ရေး နားမလည်တဲ့ ပြည်သူကို လိမ်ညာနေတယ်လို့ ပြောချင်တယ်။ သူတို့က လိုင်ဇာကို သိမ်းစရာ မလိုဘူးလေ။ လိုင်ဇာ ပတ်ပတ်လည်က တောင်ကုန်းတွေအားလုံး သိမ်းလိုက်ရင် လိုင်ဇာဆိုတာ အလိုလို ကျပြီးသား ဖြစ်နေပြီပဲ။ လိုင်ဇာမြို့ကို သူတို့ ဘာသိမ်းယူစရာ အကြောင်းရှိမှာလဲ” ဟု ဗိုလ်မှူး မင်းဌေးက ဆိုသည်။

သို့အတွက် KIA နှင့် ABSDF (မြောက်ပိုင်း) တပ်ဖွဲ့ဝင်များက ပွိုင့် ၇၇၁ တောင်ကုန်းအောက်ခြေသို့ ဇန်န၀ါရီလ ၄ ရက်နေ့က တန်ပြန် ထိုးစစ်ဆင်ခဲ့ရာ ABSDF မှ တဦးကျဆုံးပြီး KIA ဘက်မှ ၃ ဦးကျဆုံးခဲ့ကြောင်း သိရသည်။

ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ ကချင်လက်နက်ကိုင် အဖွဲ့များက စစ်ရေးနှင့် မသက်ဆိုင်သော ပစ်မှတ်များ၊ တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်နေသော အစိုးရဌာနများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ကို တိုက်ခိုက်လာသဖြင့် တပ်မတော်အနေဖြင့် ပြည်သူများ၏ အသက် အိုးအိမ် လုံခြုံရေး ၊ လမ်းပန်းဆက်သွယ်မှု လုံခြုံ ချောမွေ့စေရေး၊ နယ်ေမြေဒေသ တည်ငြိမ်အေးချမ်းရေးတို့ အတွက် မိမိကိုယ်ကို ခုခံ ကာကွယ်မှုနှင့် စစ်ရေးအရ ပြန်လည် တုံ့ပြန်မှုများကို မလွဲသာ မရှောင်သာ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင်များနှင့် နေပြည်တော်တွင် တွေ့ဆုံစဉ် ပြောကြားသည်။

ထို့အပြင် ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က လက်တွေ့ မြေပြင်ဖြစ်ရပ်များနှင့် သတင်းမီဒီယာများ ဖော်ပြမှုသည် ကွာဟနေသည့်အတွက် KNU ခေါင်းဆောင်များ အနေဖြင့်လည်း ကိုယ်တိုင်သွားရောက် လေ့လာနိုင်ပါကြောင်းလည်း ပြောကြားခဲ့သည်။

KIO / KIA နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုသည် ၂၀၁၁ ခုနှစ် ဇူလိုင်လက စတင်ကျိုးပေါက်ခဲ့ပြီး ယနေ့အထိ တိုင် ၁၈ လ ၀န်းကျင်ကြာ တိုက်ပွဲများ ဖြစ်ပွားလာမှုကြောင့် အပြစ်မဲ့ အရပ်သား ထိခိုက်သေဆုံးမှု၊ ဒဏ်ရာရမှု၊ အိုးအိမ် စွန့်ခွာ စစ်ပြေး ဒုက္ခသည်ဖြစ်မှုများ တိုးပွားလာနေသည်။

KIA မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန်က ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ပွဲများ အဆုံးသတ်ရေးအတွက် မည်သူမဆို ကြားဝင်ဆောင်ရွက်ပေးပါရန် တိုက်တွန်း နှိုးဆော်ထားသည်။

အလားတူ ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးဆောင်လည်းဖြစ်၊ စီးပွားရေးလုပ်ငန်းရှင် တဦးဖြစ်သူ ဦးယွပ်ဇော်ခေါင်ကလည်း ကချင်ပြည်နယ်အတွင်း စစ်ပွဲများ အရှိန်မြင့်လာမှု အဆုံးသတ်သွားစေရေး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ကြားဝင်ကူညီပေးပါရန် လွန်ခဲ့သည့် စနေနေ့က မေတ္တာရပ်ခံ တောင်းဆိုထားသည်။

သို့သော် ကချင်ပြည်နယ် စစ်ပွဲများ အဆုံးသတ်ရေး ကြားဝင်စေ့စပ်ရန်ကိစ္စမှာ အစိုးရ အပေါ်တွင် မူတည်ကြောင်း ယမန်နေ့က ရန်ကုန်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။

ကချင်ဒေသတွင် အစိုးရတပ်က လေကြောင်းပစ်ကူ ထိုးစစ်များနှင့် စပ်လျဉ်း၍ AFP သတင်းဌာနက မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က “ဒီကိစ္စက အစိုးရ အပေါ်ပဲ မူတည်ပါတယ်။ ဒီအချိန်မှာ အစိုးရက ဒီကိစ္စကို ကိုင်တွယ်နေပါတယ်” ဟု ဖြေကြားခဲ့သည်။

ကျယ်ကျယ်ပြန့်ပြန့် ချီးမွမ်းခံနေရသည့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ ပုံပေါ်လာစေရန် ပြည်တွင်းစစ်မီး အမြန်ဆုံး ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွင် ကြားဝင်စေ့စပ်ရေးမှာ တရားဝင် ဖိတ်ကြားခံရမှု ရှိရန် လိုအပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောသည်။

မကြာသေးမီက ကချင်ပြည်နယ် လိုင်ဇာမြို့သို့ သွားရောက်ခဲ့ပြီး KIA စစ်ဘက်ခေါင်းဆောင် ဗိုလ်ချုပ် ဂွန်မော်နှင့် ၂ ကြိမ်တိုင် ဆွေးနွေးခဲ့သူ ၈၈ မျိုးဆက်ကျောင်းသား တဦးဖြစ်သည့် ဦးမြအေးက လတ်တလော ကချင်ပြည်နယ်တွင် စစ်ရှိန်ကို လျှော့ချနိုင်ရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြန်စနိုင်မည့် လမ်းစကို ရှာဖွေသည့်အနေဖြင့် ဆွေးနွေးခဲ့ရာ KIO/ KIA ဘက်က နိုင်ငံရေး ဆွေးနွေးပွဲများ လုပ်ဆောင်ရေးမူကို လက်ကိုင်ထားကြောင်း ဧရာဝတီသို့ ပြောသည်။

“လက်ရှိ အခြေအနေမှာ ဆွေးနွေးပွဲတွေ ပြန်စတင်ဖို့ဆိုရင် လက်ရှိ ဖြစ်ပေါ်နေတဲ့ စစ်ရှိန်ကို ချပေးဖို့လိုမယ်။ နောက် နိုင်ငံရေး ဆွေးနွေးပွဲမျိုးဖြစ်လာဖို့ တိကျခိုင်မာတဲ့ အာမခံချက်ပေးဖို့လိုမယ်။ ဒါဆိုရင် ဆွေးနွေးပွဲတွေ ပြန်ဖြစ်မှာပါ” ဟု သူက ဆက်ပြောသည်။

ဆွေးနွေးပွဲများ ပြန်လည်ဖြစ်ပေါ်လာပါက မြန်မာ့တပ်မတော်ဘက်မှ တာဝန်ရှိသူများ ပါသင့်သကဲ့သို့ KIA ဘက်ကလည်း စစ်ဘက်ခေါင်းဆောင် ဗိုလ်ချုပ် ဂွန်မော်လည်း တက်ရောက်ရေး တိုက်တွန်းခဲ့ကြောင်း၊ KIA တွင် ဖမ်းဆီး ထိမ်းသိမ်းထားသည့် သုံ့ပန်းများအရေး ဆွေးနွေးဖြစ်ကြောင်း ဦးမြအေးက ဆိုသည်။

Irrwaddy

အေးချမ်းမွန်မှ  Myanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

Monday, January 07, 2013

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာအနီး ဖွန်းပျဉ်ဘွန် တောင်ကုန်းစခန်းကို အစိုးရ စစ်တပ်က အလုံးအရင်းဖြင့် ယနေ့ နေ့လယ် ၁၂ နာရီက စတင် ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။

“တိုက်ပွဲက ၁၂ နာရီလောက်က ဖြစ်တယ်။ သူတို့ ဖွန်းပျဉ်ဘွန်ကို ထိုးနေတယ်” ဟု KIA နှင့် ပူးတွဲ တိုက်နေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မြောက်ပိုင်းမှ ဗိုလ်မှူး မင်းဌေးက ဧရာဝတီသို့ ပြောသည်။

ယမန်နေ့ကလည်း KIO/KIA ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့သို့ အစိုးရ စစ်တပ်က အမြောက်လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ ကြောင်းလည်း သူက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် မြှုပ်နှံထားခဲ့သော Splitfire လေယာဉ်များကို ဗြိတိန် စတင်ရှာဖွေ

Photo: မြန်မာနိုင်ငံတွင် မြှုပ်နှံထားခဲ့သော Splitfire လေယာဉ်များကို ဗြိတိန် စတင်ရှာဖွေ

ဒုတိယကမ္ဘာစစ်ကာလအတွင်းက မြန်မာနိုင်ငံတွင် မြှုပ်နှံထားခဲ့သော Splitfire တိုက်လေယာဉ်များ ရှာဖွေမှုကို ဗြိတိန်က စတင်ပြုလုပ်နေပြီဖြစ်သည်။ သတ္တုဗေဒလေ့လာဆန်းမှုနှင့် စာရင်းဇယားများအရ ဒုတိယကမ္ဘာစစ်အတွင်းက အသုံးမပြုရသေးသော ဗြိတိန်လေတပ်၏ Splitfire တိုက်လေယာဉ် အစင်း ၃၀ ကျော်ကို ရန်ကန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နေရာတွင် မြှုပ်နှံထားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လေယာဉ်များကို အမေရိကန်စစ်ဘက်အင်ဂျင်နီယာများက မြှုပ်နှံခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ မြန်မာနိုင်ငံတွင် မြှုပ်နှံခဲ့သော လေယာဉ်များ ရှာဖွေရေးအတွက် ၁၇ နှစ်ကြာမျှ အချိန်ပေးခဲ့ရပြီး ယခုအခါတွင် လေယာဉ်များ တည်ရှိနေရာကို သိနိုင်ပြီဖြစ်ကြောင်း ဗြိတိန်လေယာဉ် ရှာဖွေရေးသမား ဒေးဗစ်ကွန်ဒေါလ်က BBC သို့ ပြောကြားသည်။ ၎င်းသည် မြန်မာနိုင်ငံအတွင်း Splitfire လေယာဉ်များ ရှာဖွေရေးလုပ်ငန်း၏ ဦးဆောင်သူလည်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ၃ နေရာ သို့မဟုတ် ထို့ထက်ပိုသော နေရာများတွင် အစိတ်အပိုင်းများ တစ်စစီဖြုတ်ထားသော Splitfire တိုက်လေယာဉ် ၁၂၀ ခန့်ကို မြှုပ်နှံထားကြောင်း လေယာဉ်များရှာဖွေးရေးအဖွဲ့က ယုံကြည်လျက်ရှိသည်။ ထိုလေယာဉ်များအနက် အစီးရေ ၄၀  မှ ၅၀ ခန့်မှာ ယနေ့အချိန်အထိ ပျံသန်း၍ရသော အခြေအနေတွင် ရှိနေဆဲဖြစ်သည်။

လေယာဉ်ရှာဖွေရေးအဖွဲ့ကို ဘီလာရုစ်နိုင်ငံမှ ဗီဒီယိုဂိမ်းကုမ္ပဏီ၊ ရှေးဟောင်းသုတေသနပညာရှင်များ၊ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့တို့က ငွေကြေးထောက်ပံ့မှုများ ပေးခဲ့ကြသည်။ Splitfire လေယာဉ်များ ရှာဖွေရေးအတွက် အစောပိုင်း လေ့လာဆန်းစစ်မှုမှာ ၁၀ ရက်ခန့် ကြာမြင်နိုင်ပြီး လေယာဉ်များအား တူးဖော်မှုလုပ်ငန်းမှာ သီတင်းပတ် ၄ ပတ်မှ ၆ ပတ်အထိ ကြာမြင့်နိုင်ကြောင်း သိရှိရသည်။

အေးချမ်းမွန်မှ  Planet Myanmar Network တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
ဒုတိယကမ္ဘာစစ်ကာလအတွင်းက မြန်မာနိုင်ငံတွင် မြှုပ်နှံထားခဲ့သော Splitfire တိုက်လေယာဉ်များ ရှာဖွေမှုကို ဗြိတိန်က စတင်ပြုလုပ်နေပြီဖြစ်သည်။ သတ္တုဗေဒလေ့လာဆန်းမှုနှင့် စာရင်းဇယားများအရ ဒုတိယကမ္ဘာစစ်အတွင်းက အသုံးမပြုရသေးသော ဗြိတိန်လေတပ်၏ Splitfire တိုက်လေယာဉ် အစင်း ၃၀ ကျော်ကို ရန်ကန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နေရာတွင် မြှုပ်နှံထားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လေယာဉ်များကို အမေရိကန်စစ်ဘက်အင်ဂျင်နီယာများက မြှုပ်နှံခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ မြန်မာနိုင်ငံတွင် မြှုပ်နှံခဲ့သော လေယာဉ်များ ရှာဖွေရေးအတွက် ၁၇ နှစ်ကြာမျှ အချိန်ပေးခဲ့ရပြီး ယခုအခါတွင် လေယာဉ်များ တည်ရှိနေရာကို သိနိုင်ပြီဖြစ်ကြောင်း ဗြိတိန်လေယာဉ် ရှာဖွေရေးသမား ဒေးဗစ်ကွန်ဒေါလ်က BBC သို့ ပြောကြားသည်။ ၎င်းသည် မြန်မာနိုင်ငံအတွင်း Splitfire လေယာဉ်များ ရှာဖွေရေးလုပ်ငန်း၏ ဦးဆောင်သူလည်းဖြစ်သည်။

၁၅သိန်းတန်ဖုန်းများကို လဲလှယ်ပေး၍ငွေပြန်အမ်းမည်ဟု သတင်း များ ထွက်ပေါ်......

Photo: ၁၅သိန်းတန်ဖုန်းများကို လဲလှယ်ပေး၍ငွေပြန်အမ်းမည်ဟု
သတင်း များ ထွက်ပေါ်......
Monday, January 07, 2013

မြန်မာ့ ဆက်သွယ်ရေးမှယခင်ကချထားပေးသည့် ၁၅သိန်းတန်ဆင်း ကတ်များကိုယခုထွက်ရှိလာမည့် 3G စနစ်သုံးဖုန်းများ ထွက်ပေါ်
လာချိန် တွင်ယင်းဖုန်းများနှင့် လဲလှယ်ပေးမည်ဟုသတင်းများ
ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ၁၅ သိန်းတန်ဖုန်းများသည် 2.5 G အဆင့်မှာ သာကျန် ရစ်ခဲ့ မည့် ဖုန်းများဖြစ်ပြီး ဆက်လက်ထွက်ပေါ်လာမည့် 3G စနစ်ကိုမရရှိပါ။ ယင်းကဲ့သို့  မရရှိနိုင်တော့သည့် အတွက် 2G ဖုန်းများနှင့် 3G ဖုန်း စနစ် သို့ ပြောင်းလဲပေးရန် စီစဉ်ခြင်းသာဖြစ်ကြောင်း အွန်လိုင်း စာမျက်နှာ ၏
တစ်ချို့ တွင်သိရသည်။

ပြည်တွင်းအသုံးပြုလျက်ရှိသောဖုန်းများမှာ ယခုလက်ရှိ အသုံးပြု လျက်ရှိသောဖုန်းများမှာ WCDMA / CDMA 800 မှလွဲ၍ ကျန်ဖုန်းများမှာ
2G Network အဆင့် သာရှိသောဖုန်းများဖြစ်ပြီး အင်တာ နက်အမြန်နှန်းမှာ လည်းလေးလံလျက်ရှိနေကြောင်း အသုံးပြုသူများ၏ပြောချက်အရသိရသည်။

အင်တာနက်လိုင်းနှေးကွေးမူများသာမက မိုဘိုင်းလ်ဒေတာကောက်ခံမှု
များပါ ကြီးမြင့်နေခြင်းကြောင့် မိုဘိုင်းလ်ဖုန်းဖြင့် အင်တာနက်သုံးစွဲ သူများအခက်တွေ့ လျက်ရှိသည်။

လာမည့်လ အနည်းငယ်တွင်ရောင်းချပေးတော့မည်ဖြစ်သည့် 3G စနစ် ဖုန်းများကို ပြည်ပကုမ္မဏီများဖြစ်သည့် ZTE ၊ Huawei ကုမ္မဏီများနှင့်ပါ ပူးပေါင်းဆောင်ရွက်မည်ဟုသိရသည့်အတွက် မိုဘိုင်းလ်အင် တာနက်လိုင်း များပိုမိုကောင်းမွန်နိုင်ကြောင်း MPT မှ တာဝန်ရှိသူတစ်ဦး၏ပြောပြချက်အရ သိရပါသည်။

Myanmar Digital Life Journal

အေးချမ်းမွန်မှ   Myanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

Monday, January 07, 2013

မြန်မာ့ ဆက်သွယ်ရေးမှယခင်ကချထားပေးသည့် ၁၅သိန်းတန်ဆင်း ကတ်များကိုယခုထွက်ရှိလာမည့် 3G စနစ်သုံးဖုန်းများ ထွက်ပေါ်
လာချိန် တွင်ယင်းဖုန်းများနှင့် လဲလှယ်ပေးမည်ဟုသတင်းများ
ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ၁၅ သိန်းတန်ဖုန်းများသည် 2.5 G အဆင့်မှာ သာကျန် ရစ်ခဲ့ မည့် ဖုန်းများဖြစ်ပြီး ဆက်လက်ထွက်ပေါ်လာမည့် 3G စနစ်ကိုမရရှိပါ။ ယင်းကဲ့သို့  မရရှိနိုင်တော့သည့် အတွက် 2G ဖုန်းများနှင့် 3G ဖုန်း စနစ် သို့ ပြောင်းလဲပေးရန် စီစဉ်ခြင်းသာဖြစ်ကြောင်း အွန်လိုင်း စာမျက်နှာ ၏
တစ်ချို့ တွင်သိရသည်။

မိုဘိုင်းဖုန်း အရစ်ကျငွေ ပေးသွင်းဝယ်ယူထားသူများ ဈေးနှုန်းလျှော့ချ သတ်မှတ် လိုက်သော နှုန်းထားသစ် ဖြင့်သာ ဆက်လက် ပေးသွင်းရမည်

Photo: မိုဘိုင်းဖုန်း အရစ်ကျငွေ ပေးသွင်းဝယ်ယူထားသူများ ဈေးနှုန်းလျှော့ချ သတ်မှတ် လိုက်သော နှုန်းထားသစ် ဖြင့်သာ ဆက်လက် ပေးသွင်းရမည်

ဇန်န၀ါရီလ ၇၊ ၂၀၁၃

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ယခုလ အတွင်းမှာ ဈေးနှုန်း ၁ သိန်းခွဲအောက် ၀န်းကျင်နဲ့ တန်ဖိုးနည်း ဖုန်းရောင်းချ ပေးတော့ မှာ ဖြစ်တဲ့အတွက် လက်ရှိမှာ

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှာ အရစ်ကျ စနစ်နဲ့ ၀ယ်ယူထားတဲ့ အစိုးရ ၀န်ထမ်း တွေနဲ့ ကျေးလက်နေ ပြည်သူ တွေဟာ အရစ်ကျပေး သွင်းဖို့ကျန် ရှိငွေကို ပြောင်းလဲ ရောင်းချမယ့် နှုန်းထား အတိုင်းသာ ပေးသွင်း ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ကျေးလက်နေ ပြည်သူတွေ အတွက် မိုဘိုင်းဖုန်း အရစ်ကျ ရောင်းချ ပေးမှုကို ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန် အထိ ရောင်းချပေး ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီလို ရောင်းချပေးခဲ့ ရာမှာ စတင် ၀ယ်ယူစဉ် အချိန်က ကျပ်လေးသောင်း ပေးသွင်း ၀ယ်ယူထား ရပြီး ကျန်ငွေကို တစ်လ အတွက် ကျပ်တစ်သောင်းစီ ပေးသွင်းစေ တာကြောင့် အခုလို တန်ဖိုး လျှော့ချပြီး ဖုန်းထွက်ရှိ လာတဲ့အခါ ၀ယ်ယူထား သူတွေဟာ မိမိတို့ပေးသွင်း ထားတဲ့ ပမာဏ အပေါ် နှုန်းထားသစ်နဲ့သာ ဆက်လက်ပေး သွင်းရမှာ ဖြစ်ပါတယ်။

ဒီလို အသစ် ထွက်ရှိမယ့် ဖုန်းတွေ အတွက် နှုန်းထား ကိုတော့ အတိအကျ မသတ်မှတ် ရသေးဘဲ ဇန်န၀ါရီလ ၉ ရက်နေ့ နေပြည်တော်မှာ တာဝန်ရှိသူတွေ ဆွေးနွေးပြီး ဈေးနှုန်း ထုတ်ပြန်ပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အေးချမ်းမွန်မှ  Thit Htoo Lwin blog  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
ဇန်န၀ါရီလ ၇၊ ၂၀၁၃

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ယခုလ အတွင်းမှာ ဈေးနှုန်း ၁ သိန်းခွဲအောက် ၀န်းကျင်နဲ့ တန်ဖိုးနည်း ဖုန်းရောင်းချ ပေးတော့ မှာ ဖြစ်တဲ့အတွက် လက်ရှိမှာ

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှာ အရစ်ကျ စနစ်နဲ့ ၀ယ်ယူထားတဲ့ အစိုးရ ၀န်ထမ်း တွေနဲ့ ကျေးလက်နေ ပြည်သူ တွေဟာ အရစ်ကျပေး သွင်းဖို့ကျန် ရှိငွေကို ပြောင်းလဲ ရောင်းချမယ့် နှုန်းထား အတိုင်းသာ ပေးသွင်း ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ကျေးလက်နေ ပြည်သူတွေ အတွက် မိုဘိုင်းဖုန်း အရစ်ကျ ရောင်းချ ပေးမှုကို ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန် အထိ ရောင်းချပေး ခဲ့တာ ဖြစ်ပါတယ်။

ပြည်သူ့စစ်စခန်းကို KIA ဝင်ပစ်၊ တဦးဒဏ်ရာရ

Photo: ပြည်သူ့စစ်စခန်းကို KIA ဝင်ပစ်၊ တဦးဒဏ်ရာရ

နန်းသီရိလွင်| January 7, 2013 |

ကချင် ပြည်နယ် မိုးညှင်းမြို့နယ် နမ့်မွန်း ကျေးရွာ အုပ်စုရှိ ကျေးရွာ ကာကွယ်ရေး ပြည်သူ့စစ်အဖွဲ့ စခန်းကို ယနေ့ နံနက်ပိုင်းတွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က ၀င်ရောက် ပစ်ခတ်ခဲ့ရာ လူတဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

KIA ၏ ပစ်ခတ်မှုကြောင့် ကျေးရွာ ပြည်သူ့စစ် အဖွဲ့ဝင် ဦးသက်ခိုင်ဦး၊ အသက် ၄၂ နှစ်၏ ဘယ်ဘက် ခြေသလုံးနှင့် ညာဘက် ပေါင်တို့တွင် ဒဏ်ရာများရရှိခဲ့ပြီး မိုးညှင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ထားရကြောင်း ဒေသခံတဦးက ပြောသည်။

“ပြည်သူ့စစ်က ၇ ယောက်ပဲ ရှိတာ။ မနက် စောစော ပစ်သံ ခတ်သံတွေ ကြားရတော့ ဆွမ်းပို့တဲ့သူ၊ ဈေးသွားရမယ့် သူတွေ တောင် လန့်ပြီး မသွားကြတော့ဘူး။ ပြည်သူ့ စစ်စခန်းက ရွာထဲတင်ဆိုတော့ ကြောက်ကြတာပေါ့” ဟု နမ့်မွန်း ကျေးရွာသား တဦးဖြစ်သူ ကိုဂျာတောင်က ဆိုသည်။

ဝင်ရောက်ပစ်ခတ်သည့် KIA အင်အားမှာ ၃၀ ခန့်ရှိနိုင်ပြီး နမ့်မွန်း ကျေးရွာတွင် ရဲစခန်းနှင့် စစ်တပ် မရှိသည့် အတွက် အင်အား ၇ ဦးသာ ရှိသည့် ပြည်သူ့စစ်အဖွဲ့ကိုသာ အားကိုးနေရကြောင်း ၎င်းက ပြောသည်။

ပစ်ခတ်မှုမှာ မနက် ၄ နာရီကျော်ခန့်မှ ၅ နာရီခန့်ထိ ဖြစ်ပြီး နံနက် ၁၀ နာရီခန့်တွင် မိုးညှင်းမြို့နယ် တပ်ရင်း ၁၅ မှ ကျေးရွာ လုံခြုံရေး အတွက် ရောက်ရှိလာကြောင်း သိရသည်။

“ကျနော်တို့ ဘာမှ လုပ်မပေးနိုင်ပါဘူး။ စုံစမ်း စစ်ဆေး တင်ပြတာပဲ လုပ်နိုင်တယ်။ ရဲစခန်းက တင်လာတဲ့ သတင်းလောက်ပဲ ကျနော်တို့ ရပါတယ်” ဟု မိုးညှင်းမြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။

နမ့်မွန်းကျေးရွာ အုပ်စုသည် အိမ်ခြေ ၂၀၀၀ နီးပါး ရှိကာ ရှမ်း၊ ဗမာနှင့် ကချင်လူမျိုးများ ရောနှော နေထိုင်ကြကြောင်း၊ ၎င်းသည် မိုးညှင်းမြို့နှင့် ၁၈ မိုင် အကွာတွင် တည်ရှိကြောင်း၊ အနီးဆုံး အစိုးရ တပ်စခန်းသည် ၁၁ မိုင် အကွာရှိ လုံးတုံ တပ်စခန်း ဖြစ်ကြောင်း သိရသည်။

“တခါမှလည်း မကြုံဘူးတော့ အားလုံး လန့်သွားတာပေါ့။ ပစ်သံ ခတ်သံဆိုတာ ကျနော်တို့ ငယ်ငယ်တုန်းကပဲ ကြားဖူးခဲ့တာ။ မကြုံဘူးတာ ကြာတော့ လန့်နေကြတယ်။ ရွာက ကျောင်းတွေလည်း နေ့လည် ၂ နာရီလောက်မှာ အားလုံး ဆင်းပေး လိုက်တယ်။ ကျနော်တို့ ကတော့ ဒဏ်ရာရသွားတဲ့ ပြည်သူ့စစ်အတွက် ဆေးဖိုး ဘာညာ ထောက်ပံ့ဖို့ စီစဉ်နေပါတယ်” ဟု ပါရမီ နမ့်မွန်း လူမှု ကူညီရေး အသင်းမှ ကိုငယ်က ဧရာဝတီကို ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက်နေ့ ခရစ္စမတ်နေ့က နမ့်မွန်းကျေးရွာသား ၃ ဦးကို KIA က ခေါ်ဆောင်သွားပြီး ယခု အချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း၊ ၎င်း ရွာသား ၃ ဦးကို ပြန်လည် ခေါ်ယူနိုင်ရေးအတွက် ရပ်မိရပ်ဖများနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီတို့က KIA ကို တောင်းဆိုထားသော်လည်း တစုံတရာ ကြောင်းပြန်ခြင်း မရှိကြောင်းလည်း သိရသည်။

အစိုးရနှင့် KIA အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကချင်တိုင်းရင်းသားများ သာမက ကချင်ပြည်နယ်တွင် နေထိုင်သည့် ရှမ်း တိုင်းရင်းသားများနှင့် တခြားတိုင်းရင်းသား ပြည်သူများပါ အတိဒုက္ခရောက်နေစေကြောင်း၊ KIA တပ်ဖွဲ့ ၀င်များသည် မီးရထားလမ်းများ၊ လမ်းတံတားများကို ဗုံးဖောက်ခွဲခြင်း၊ ဆက်ကြေးကောက်ခြင်း၊ စစ်သားအဖြစ် အဓမ္မ လူစုဆောင်းခြင်း အစရှိသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေကြောင်း၊ ထို့ကြောင့် စစ်ပွဲများ ရပ်ရန်နှင့် ငြိမ်းချမ်းရေး အတွက် အမြန်ဆုံး ဆွေးနွေး အဖြေရှာ ပေးရန် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီက ၂၀၁၂ ခု၊ ဒီဇင်ဘာလ ၂၈ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

တိုက်ပွဲများ ဖြစ်ပွားနေသည့် တနှစ်ကျော် အတွင်း အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော် မတီနှင့် KIA တွေ့ဆုံမှု ၁၁ ကြိမ်ထိ ရှိခဲ့သော်လည်း သဘောတူညီချက် မရရှိဘဲ ၁၂ ကြိမ်မြောက် တွေ့ဆုံရန် ညှိနှိုင်းနေစဉ် ၂၀၁၂ ဒီဇင်ဘာနှင့် ၂၀၁၃ ဇန်န၀ါရီလ အတွင်း မြန်မာ အစိုးရ တပ်မတော်က လေကြောင်းပစ်ကူ၍ KIA တို့၏ တောင်ကုန်း အမှတ် ၇၇၁ ကို သိမ်းပိုက်ခဲ့သည်။

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – ဧရာဝတီ)

အေးချမ်းမွန်မှ  ဧရာဝတီ  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – ဧရာဝတီ)
နန်းသီရိလွင်| January 7, 2013 |

ကချင် ပြည်နယ် မိုးညှင်းမြို့နယ် နမ့်မွန်း ကျေးရွာ အုပ်စုရှိ ကျေးရွာ ကာကွယ်ရေး ပြည်သူ့စစ်အဖွဲ့ စခန်းကို ယနေ့ နံနက်ပိုင်းတွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က ၀င်ရောက် ပစ်ခတ်ခဲ့ရာ လူတဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

KIA ၏ ပစ်ခတ်မှုကြောင့် ကျေးရွာ ပြည်သူ့စစ် အဖွဲ့ဝင် ဦးသက်ခိုင်ဦး၊ အသက် ၄၂ နှစ်၏ ဘယ်ဘက် ခြေသလုံးနှင့် ညာဘက် ပေါင်တို့တွင် ဒဏ်ရာများရရှိခဲ့ပြီး မိုးညှင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ထားရကြောင်း ဒေသခံတဦးက ပြောသည်။

မြန်မာ့မီးရထား (မြို့ပတ်)အား မြန်နှုန်းတင်မောင်းနှင်ရင်ခက်ခဲမှုရှိဆဲ

Photo: မြန်မာ့မီးရထား (မြို့ပတ်)အား မြန်နှုန်းတင်မောင်းနှင်ရင်ခက်ခဲမှုရှိဆဲ

January 7, 2013Home, သတင်း 

ရန်ကုန်မြို့တွင်လည်ပတ်ပြေးဆွဲလျက်ရှိသော ရန်ကုန်မြို့ ပတ်ရထားသည် ခရီးသွားပြည်သူများအတွက်နှောင့်နှေးကြန့်ကြာမှုရှိခြင်းကြောင့် အောက်ခြေရှိ အခြေခံလူတန်းစားများသည် ရထားထက် ကားကိုသာအသုံးပြု  သွားလာနေရပြီး လက်ရှိရန်ကုန်   မြို့တွင်းပြေးဆွဲလျက်ရှိသော ရထားများသည် မြန်ဆန်မှုနှင့်မှန်ကန်မှုရှိရန်လိုအပ်နေကြောင်း သိရှိရသည်။
အဆိုပါကဲ့သို့ ရန်ကုန်မြို့ ပတ်ရထားအား ယခုထက်ပိုမိုမြန် ဆန်စွာပြေးဆွဲနိုင်ရန်အတွက် ကြိုးစားလျက်ရှိကြောင်းကို မြန်မာ့ မီးရထားလုပ်ငန်းမှမြို့ပြအင်ဂျင် နီယာဌာနမှူးဦးတင်ဝင်းကပြော ကြားရာတွင် ““ရန်ကုန်ဘူတာကြီး   အပါအ၀င် ၃၈ဘူတာလုံးကိုပထမ  ဦးစားပေး၊ဒုတိယဦးစားပေး၊တတိ ယဦးစားပေးဆိုပြီး သုံးပိုင်းခွဲခြား  လုပ်နေတယ်။ပထမဦးစားပေး အနေနဲ့ပြီးသွားပြီ။အခု ဒုတိယ  ဦးစားပေးနဲ့တတိယဦးစားပေးလုပ်  ဖို့ရုံးချုပ်ကိုတင်ပြဖို့လုပ်နေတယ်။   အဲဒီအပေါ်မှာလည်းလုပ်ငန်းရှင်တွေကို တင်ဒါခေါ်ပြီးတော့ဆက် လုပ်သွားမယ်””ဟု ပြောကြားခဲ့ သည်။
လက်ရှိမြန်မာ့မီးရထားလုပ် ငန်းနှင့်ပတ်သက်၍အထက်ပါ ပုဂ်္ဂိုလ်ကဆက်လက်ပြောကြားရာ တွင်လည်း ““အရင်တုန်းက ရထား လမ်းတွေက သစ်သားဇလီဖာတုံးတွေဖြစ်တဲ့အတွက် ရထားမောင်း  နှင်ရာမှာ မြန်နှုန်းများများမပေး နိုင်ဘူး။အခုဦးတို့အနေနဲ့ကွန်ကရစ်  ဇလီဖာတုံးတွေကိုလဲလိုက်ရတယ်  ရထားလမ်းတွေကလည်း တောင့် တင်းကြံ့ခိုင်လာတယ်။ရထားရဲ့ မြန်နှုန်းကိုလည်း ယခင်ထက်ပိုပြီးတော့တိုးမြှင့်လို့ရတယ်။အဲဒီလိုတိုး မြှင့်လိုက်တဲ့အတွက်ရထားစီးရတဲ့ အချိန်တွေကလည်းနည်းသွား မယ်။အဲဒီလိုမြန်နှုန်းမြင့်မောင်းဖို့က      အဝေးပြေးရထားလမ်းတွေမှာပဲ ဖြစ်နိုင်မယ်။မြို့ပတ်ရထားလမ်းမှာ တော့ မြန်နှုန်းကို ယခုထက်တိုး မြှင့်မောင်းနှင်ဖို့တော့ မဖြစ်နိုင် တော့ဘူး။ဘာလို့လည်းဆိုတော့  ရထားတစ်ဘူတာနဲ့တစ်ဘူတာ လည်း ကပ်တယ်။ရထားတစ်စင်း နဲ့တစ်စင်းကလည်း ဆက်နေတာ  ဆိုတော့ သူ့ထက်တော့မြန်နှုန်းမြှင့် ဖို့မောင်းဖို့မဖြစ်နိုင်သေးဘူး””ဟု ပြောကြားခဲ့သည်။
မြန်မာ့မီးရထားလမ်းအား ယခုထက်ပိုမိုအဆင့်မြင့်ပြေးဆွဲ  နိုင်ရန်အတွက် JICA  မှတာဝန်ရှိ သူများက မကြာခဏလာရောက် ကြည့်ရှုလျက်ရှိကြောင်း မကြာမီ တွင် ရန်ကုန်နှင့်မန္တလေးရထား လမ်းအား မြန်မာနှင့်ဂျပန်ပူးပေါင်း   ကာအဆင့်မြင့်တင်သွားမည်ဖြစ် ကြောင်း သိရှိရသည်။

 
ဖြိုးအောင်

အေးချမ်းမွန်မှ  The Hot News  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
January 7, 2013Home, သတင်း

ရန်ကုန်မြို့တွင်လည်ပတ်ပြေးဆွဲလျက်ရှိသော ရန်ကုန်မြို့ ပတ်ရထားသည် ခရီးသွားပြည်သူများအတွက်နှောင့်နှေးကြန့်ကြာမှုရှိခြင်းကြောင့် အောက်ခြေရှိ အခြေခံလူတန်းစားများသည် ရထားထက် ကားကိုသာအသုံးပြု သွားလာနေရပြီး လက်ရှိရန်ကုန် မြို့တွင်းပြေးဆွဲလျက်ရှိသော ရထားများသည် မြန်ဆန်မှုနှင့်မှန်ကန်မှုရှိရန်လိုအပ်နေကြောင်း သိရှိရသည်။
အဆိုပါကဲ့သို့ ရန်ကုန်မြို့ ပတ်ရထားအား ယခုထက်ပိုမိုမြန် ဆန်စွာပြေးဆွဲနိုင်ရန်အတွက် ကြိုးစားလျက်ရှိကြောင်းကို မြန်မာ့ မီးရထားလုပ်ငန်းမှမြို့ပြအင်ဂျင် နီယာဌာနမှူးဦးတင်ဝင်းကပြော ကြားရာတွင် ““ရန်ကုန်ဘူတာကြီး အပါအ၀င် ၃၈ဘူတာလုံးကိုပထမ ဦးစားပေး၊ဒုတိယဦးစားပေး၊တတိ ယဦးစားပေးဆိုပြီး သုံးပိုင်းခွဲခြား လုပ်နေတယ်။ပထမဦးစားပေး အနေနဲ့ပြီးသွားပြီ။အခု ဒုတိယ ဦးစားပေးနဲ့တတိယဦးစားပေးလုပ် ဖို့ရုံးချုပ်ကိုတင်ပြဖို့လုပ်နေတယ်။ အဲဒီအပေါ်မှာလည်းလုပ်ငန်းရှင်တွေကို တင်ဒါခေါ်ပြီးတော့ဆက် လုပ်သွားမယ်””ဟု ပြောကြားခဲ့ သည်။

ကျွန်တော် သဘောမတူပါ ခင်ဗျား( ဇော်ဇော်အောင်)




ha-30-12-11

ဒီမိုကရေစီဟာ အယူအဆတွေ ယုံကြည်ချက်တွေကို အမြဲဖွင့်ပေးထားတယ်။ အထူးသဖြင့် သဘောကွဲကြတာတွေ မတူကြတာတွေကို ဖွင့်ပေးထားတယ်။ ကားလ်ပေါ့ပ်ပါး
(Karl Popper နဲ့ ‘Encouner’ မဂ္ဂဇင်း၊ မေလ ၁၉၇၂ အင်တာဗျူး စာ ၁၃-၁၈)
လူတိုင်းမှာ လွတ်လပ်စွာထင်မြင်ယူဆခွင့်နှင့် ထိုထင်မြင်ယူဆချက်ကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိသည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၉
ကျွန်တော်တို့မှာ အခွင့်အရေးတွေရှိတယ်။ အဲဒီအခွင့်အရေးတွေဟာ လက်ရှိအစိုးရနဲ့ အမှီအခိုကင်းတယ်၊ အစိုးရက သိမ်းယူလို့လည်း မရဘူး။ အဲဒီအခွင့်အရေးတွေဟာ ဒီမိုကရေစီရဲ့ အုတ်မြစ်တွေ ဖြစ်တယ်။ ဘာတွေလဲဆိုတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ စူးစမ်းခွင့်၊ လွတ်လပ်စွာ အသင်းအပင်းဖွဲ့ခွင့်၊ လွတ်လပ်စွာ အချင်းချင်း ဆက်သွယ်ခွင့် ---။
Related Posts Plugin for WordPress, Blogger...

ShareThis