menu

Saturday 25 August 2012

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက် နှင့် ပတ်သက်၍ သဘောထားအမြင်များ

ဦးကျော်ဝင်း (မြန်မာ့နိုင်ငံရေး လေ့လာ သုံးသပ်သူ၊ စာရေးသူ)

ကျွန်တော် ဥာဏ်မီသလောက် ပြောရရင် အခုကိစ္စက နှစ်မျိုးဖြစ်နိုင်မယ်ထင်တယ်။ ပထမ အချက် ကတော့ အခြေခံ ဥပဒေအပေါ်နားလည်ချက်။ ဒါကို ရိုးရိုးသားသား မတူကြတာလည်း ဖြစ်နိုင်ပါတယ်။ ဒုတိယ အချက်ကတော့ ကျွန်တော်တို့ မသိနိုင်၊ သိခွင့် မရှိတဲ့ နောက်ကွယ်က အကြောင်းရင်း တချို့ ရှိကောင်း ရှိနိုင်တယ်။ ပြောရရင် လွှတ်တော်နဲ့ အစိုးရ အဖွဲ့ အားပြိုင်မှုမျိုး လားပေါ့။

ပထမ အချက် ဖြစ်နိုင်ခြေက အခြေခံ ဥပဒေကို ရိုးရိုးသားသား နားလည်ချက် မတူတာဆိုရင် ညှိနှိုင်းလို့ ရမယ် ထင်ပါတယ်။ အထူးသဖြင့် ၂၀၀၈ အခြေခံ ဥပဒေကို ရေးဆွဲခဲ့သူတွေကို သက်ရှိ ထင်ရှား ရှိနေတဲ့ ခုလိုချိန်မှာ မူလ အဓိပ္ပာယ် ပြန်ဖော်ဖို့က သိပ်ခက်မယ် မထင်ဘူး။ မူလ အဓိပ္ပာယ်ကိုက လက်တွေ့ အလုပ်လုပ်ရာမှာ အခက်အခဲ ဖြစ်သလို ရှိနေရင် ပြင်သင့် ပြင်ရမှာပါ။

ဒုတိယ ဖြစ်နိုင်ခြေ အားပြိုင်မှု ဆိုရင်တော့ ဖြေရှင်းရ ခက်လိမ့်မယ်။ အားပြိုင်မှု ဘရိတ်ပေါက်ပြီး ပဋိပက္ခ အသွင် ရောက်သွားရင် နုနယ်တဲ့ ဒီမိုကရေစီ အတွက် အန္တရာယ်ကြီးတယ်။ ဒါကို နှစ်ဖက်စလုံး ထိန်းမှ ဖြစ်မယ်၊ ထိန်းကြပါလို့လည်း နိုင်ငံသား တစ်ယောက်အနေနဲ့ မေတ္တာ ရပ်ခံချင်ပါတယ်။ အာဏာသုံးရင် တစ်နည်းပြောရရင် မဏ္ဍိုင်သုံးခု ဟာ အပြန်အလှန် ထိန်းကျောင်းဖို့ လိုသလို ညီညွတ်ဖို့လည်း လိုမယ် ထင်တယ်။

ပါတီတွင်းကွဲလွဲမှုဆိုင်ရာသတင်းစာရှင်းလင်းပွဲ ဒီချုပ်( ဧရာဝတီတိုင်း)ပြုလုပ်

Photo
ဧရာဝတီတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတွင်းဘောထားကွဲလွဲမှုများနှင့်ပတ်သက်၍
သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့ သြဂုတ်လ ၂၅ ရက် မွန်းလွဲ ၂ နာ
ရီက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် စကားဝါလမ်းရှိ မြို့နယ် အဖွဲ့ချုပ်ရုံးခန်းမှာ ပြုလုပ်ခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ညီလာခံကျင်းပရေးကော်မရှင်များ ဖွဲ့စည်းမှုတွင် ပါဝင်သူများသည်
ဒီမိုကရေစီနည်းလမ်းတကျ ရွေးချယ်ခြင်းခံရသူများမဟုတ်ဘဲ ဂိုဏ်းဂဏစွဲ ၊ ပုဂ္ဂိုလ်စွဲ ဗဟိုဦးစီးစနစ်ဖြင့်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး
ယင်းအပေါ် ပါတီဝင်အချို့မှ မကျေနပ်ကြောင်း ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းရှင်းလင်းပွဲတွင် လက်ရှိ တိုင်း၊ ခရိုင်၊ မြို့နယ် ညီလာခံကျင်းပရေးကော်မရှင်တွင် ပါဝင်သူအချို့သည်
နေရာရလိုမှုအတွက် ပါတီ၏ အမည်နာမကို အသုံးချလျှက်ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ထိုပုဂ္ဂိုလ်များ၏ နာမည်များကို ထုတ်ဖော်ပြောဆိုခဲ့သည်။

နည်းပညာခိုးယူမှုကြောင့် Appleကို ဒေါ်လာ သန်း ၁ ထောင်ကျော် Samsung လျော်ကြေးပေးရန် တရားရုံးအမိန့်ချ

ကယ်လီဖိုးနီးယား၊ ဩဂုတ် - ၂၅

မိုဘိုင်းဖုန်းနှင့်Tablet ကွန်ပြူတာများတွင် Apple ၏နည်းပညာအချို့ကို Samsung ကုမ္ပဏီက ခိုးယူခဲ့ခြင်းကြောင့် Samsung ကုမ္ပဏီက Apple ကုမ္ပဏီကို အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကျော်ပေးဆောင်ရန် အမေရိကန်တရားရုံးက အမိန့်ချမှတ်လိုက်ကြောင်း ဘီဘီစီသတင်းတွင်ဖော်ပြထားသည။်


ဖုန်းထုတ်လုပ်သည့် ကမ္ဘာကျော် ကုမ္ပဏီကြီးများဖြစ်သော Samsung နှင့် Apple တို့သည် မူပိုင်ခွင့်ချိုးဖောက်မှုနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဂျိုးရှိ ပြည်နယ်တရားရုံးတွင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်တရားစွဲဆိုခဲ့ကြခြင်းဖြစ်သည်။

အဖွဲ့ဝင်၉ ဦးပါဝင်သော ဂျုရီလူကြီးများက Samsung က Apple ၏ နည်းပညာများကို ခိုးယူသုံးစွဲခဲ့ခြင်းကြောင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၅ ဘီလီယံ(စတာလင်ပေါင် ၆၆၅သန်း)ံလျော်ကြေးပေးရန်ဆုံးဖြစ်ခဲ့ပြီး၊Samsung ၏တရားစွဲဆိုချက်ကိုမူ ဂျုရီအဖွဲ့က ပယ်ချခဲ့သည်။

ထိုသုံးဦး( ဇေယျသူ )

ထင်ရှားသော ခေါင်းဆောင်မှု သီအိုရ တစ်ရပ်အရ အဖြစ်အပျက် အပြောင်းအလဲ ကြီးကြီးမားမားများနှင့်အတူ ခေါင်းဆောင်များ ပေါ်ထွက် လာတတ်သည့် အတိုင်း မြန်မာ့သမိုင်းတွင် အပြောင်းအလဲ ထူးထူးခြားခြား ဖြစ်ပေါ်နေချိန် ယနေ့အခါ သမယတွင် ခေါင်းဆောင် သုံးဦး ထင်ထင်ရှားရှား ပေါ်ထွက်လာသည်။ ထိုခေါင်းဆောင်သုံးဦး၏ ဥာဏ် အမြော်အမြင်၊ လုပ်ဆောင်ချက် များနှင့် သူတို့အကြား ဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်မှုတို့သည် နိုင်ငံ၏ ပစ္စုပ္ပန် ကိုသာမက မဝေးလှသည့် အနာဂတ်၊ ခပ်ဝေးဝေး အနာဂတ်ကိုပါ ဖော်ဆောင် ပဲ့ကိုင်သွားလိမ့်မည်။

သမ္မတကြီး ဦးသိန်းစိန်

ယခင် အစိုးရလက်ထက်က ၀န်ကြီးချုပ် ဖြစ်ခဲ့သော ဦးသိန်းစိန် သမ္မတအဖြစ် တက်လာစ အချိန်တွင် စောင့်ကြည့်ရဦးမည် ဟူသော ထင်မြင်မှုများ ရှိခဲ့သော်လည်း လပိုင်းအကြာ၌ ရင်သပ် ရှုမောရသော ပြုပြင် ပြောင်းလဲရေးများ ဆက်တိုက် ပြုလုပ်ခဲ့ပြီး နိုင်ငံတွင်း သာမက တစ်ကမ္ဘာလုံးက အသိအမှတ် ပြုရသော ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင် အဖြစ် ပေါ်ထွက် လာခဲ့သည်။

ပန်းကြိုးကလေး တစ်မျှင် (ကြူကြူသင်း)




ပြင်းထန် လွန်းလှသော ရင်တွင်း ဝေဒနာကြောင့် ထင်သည်။ အမေ လွန်စွာပင်ပန်း မောဟိုက်နေရှာသည်။

အမေ့ တစ်ကိုယ်လုံးလည်း ချွေးများ ရွှဲနစ်လျက်။ အ၀တ်အစားများကို လဲပေးလိုပေမဲ့ အမေက အလှုပ်မခံနိုင်။ နည်းနည်းကလေး လှုပ်ရှား လိုက်သည်နှင့် အဆမတန် ပင်ပန်းတတ်လေရာ မကြီးမှာ တဘက်ကလေးဖြင့် အသာအသာ သုတ်ပေး နေရသည်။

ထိုသို့ သုတ်ပေးရင်း အမေ့ နဖူးပေါ်သို့ လက်ဝါးအုပ်ကာ ဆုတောင်း မေတ္တာပို့သုတ်များ၊ အန္တရာယ်ကင်း ပရိတ် တရားတော်များကို တီးတိုး ရွတ်ဆိုလျက် ရှိသော အဖေ့ကို မော်ကြည့်လိုက်မိ၏။အဖေ ပကတိ တည်ငြိမ် လွန်းလှသည်။ အမေ့ ဝေဒနာကို ကူး စက်ခံစား တရား မှတ်ရှုနေဘိသကဲ့သို့ နာရခြင်း ဆင်းရဲကို အဖေ သတိမပြတ်မလစ်လပ်စေဘဲ ဘာဝနာပွားနေခြင်းလည်း ဖြစ်နိုင်ပေသည်။

တကယ်တော့ အဖေသည် သံသရာ၏ ၀ဋ်ဆင်းရဲ ဖြစ်သော အိုရခြင်း၊ နာရခြင်း၊ သေရခြင်း၊ ကွေကွင်း ခွဲခွာရခြင်းတည်း ဟူသော တရားများကို အသက်လေးဆယ် မပြည့်မီက တည်းက ကောင်းစွာ သဘောပေါက နားလည်ခဲ့သူ မဟုတ်ပါလား။

ကျွန်တော်ချစ်သော ရိုးသောအမေ(ဟာဂျူလီ-ကသာ)

တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များအားလုံး ၎င်းတို့၏ စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့



လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်ထားသော နိုင်ငံတော် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များအားလုံး ၎င်းတို့၏ တစ်စီးပွားတည်းဖြစ်သော စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။
နိုင်ငံတော် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များ၏ စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဇူလိုင်လ ၂၆ ရက်နေ့တွင် ညွှန်ကြားခဲ့ပြီး စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင် မှုများကို ပူးတွဲပါပုံစံ (၇) မျိုးတွင် ဖြည့်စွက်၍ လက်မှတ်ရေးထိုးကာ နိုင်ငံတော်သမ္မတထံ အမည်ဖော်ပြလိပ်မူ၍ သြဂုတ်လ ၁ ရက်နေ့ ရုံးချိန်အတွင်း ဆက်သားဖြင့် ပေးပို့သွားရန် အကြောင်းကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို စွပ်စွဲပြစ်တင်မှု အမျိုးသားလွှတ်တော်က စတင်ဆောင်ရွက်မည်

ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးကို စွပ်စွဲပြစ်တင်မှု ပြုလုပ်နိုင်ရန် ညွှန်ပြချက်နဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အနေနဲ့ ဘယ်လို သဘောထားတယ်ဆိုတာ ရှင်းလင်းဖြေကြားပေးဖို့ အဆိုကို သာပေါင်းမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသန်းက ထပ်မံ တင်သွင်းလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၄ ရက်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသန်း တင်သွင်းသည့် အဆိုကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ပြန်လည် ဖြေကြားနေစဉ်။
အခြေခံဥပဒေဆိုင်ရာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ အချိန်ယူ သည်းခံ စောင့်ဆိုင်းခဲ့ပေမယ့်လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဒီကိစ္စကို လျစ်လျူရှု ထားခဲ့ပါသလား။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးအပေါ်မှာ လွှမ်းမိုးထားတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက် ရှိပါသလားလို့ ဦးဝင်းသန်းက မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ရေလွှမ်းမိုးမှုဒဏ်ခံ လယ်သမားများကို နိုင်ငံတော်မှ စိုက်ပျိုးစရိတ်နှင့် အရင်းအနှီးထုတ်ပေး

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်ကို ဒီကနေ့ နေ့လည်ပိုင်းက သွားရောက်ခဲ့ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ရေလွှမ်းမိုးမှုဒဏ် ခံခဲ့ရတဲ့ လယ်သမားများကို တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Photo: Myanmar President Office
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၄ ရက်က ဧရာဝတီတိုင်း ဒေသကြီးအတွင်း ရေကြီး နှစ်မြှုပ်သွားသည့် ဒေသများရှိ တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်နှင့် အရင်းအနှီးငွေကို သမ္မတ ဦးသိန်းစိန်က ပေးအပ်နေစဉ်။
နိုင်ငံတော် သမ္မတရဲ့ ခရီးစဉ်ဟာ ဒေသခံပြည်သူများရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ ရေနစ်မြှုပ်ခဲ့တဲ့ လယ်မြေများ ပြန်လည်ထူထောင်ရေးအတွက် ကူညီပံ့ပိုးဖို့ လာရောက်တာ ဖြစ်တယ်လို့ သိရကြောင်း ပုသိမ်ခရိုင် ဒါးကမြို့မှာ နေထိုင်တဲ့ ဒေသခံ ကိုကျော်သင်းအောင်က RFA ကိုပြောပါတယ်။

မိဘမေတ္တာ


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် သိမ်းခံခဲ့ရသည့် လယ်ယာဧကပေါင်း ၇၈၀၀ ကျော်အတွက် ဒေသခံများ၏ ဆန္ဒဖော်ထုတ်မှုများ နေ့စဉ်ဖြစ်ပေါ်နေ




မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်တွင် တရုတ်ကုမ္ပဏီတစ်ခုမှဆောင်ရွက်လျက်ရှိသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင်သိမ်းခံရသော လယ်ယာဧကပေါင်း ၇၈၀၀ ကျော်အတွက် ဒေသခံများမှ ဆန္ဒဖော်ထုတ်မှုများ သြဂုတ်လ တတိယပတ်မှစတင်ပြီး နေ့စဉ် ဖြစ်ပေါ်လျက်ရှိကြောင်း သတင်းရရှိသည်။
အဆိုပါ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ဆောင်ရန်အတွက် ကျေးရွာပေါင်း၂၂ ရွာမှ လယ်ယာမြေများ သိမ်းခံရပြီး ကျေးရွာလေးရွာမှာ ရွာလုံးကျွတ်ပြောင်းရွှေ့ပေးခဲ့ရကြောင်း ဒေသခံများပြောပြချက်အရ သိရှိရသည်။  ဒေသခံများအနေဖြင့် အဆိုပါစီမံကိန်းမှ တာဝန်ရှိသူများ ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ဆုံနေရသည့် အဓိကအကြောင်းအရာတစ်ခုမှာ ၂၀၁၀ ခုနှစ်အတွင်းက ယင်းစီမံကိန်းပြုလုပ်ရန်အတွက် ဒေသခံများကို သုံးနှစ်စာ သီးနှံလျော်ကြေးငွေအဖြစ် ကျပ် ၅ သိန်း ၂ သောင်းစီ ပေးအပ်ခဲ့ပြီး ယခုအခါတွင် လယ်ယာမြေများကို အပြီးအပိုင် သိမ်းဆည်းခဲ့သည့်အတွက်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ မိန်းကလေးငယ်များ ယမကာ သောက်သုံးမှုများလာ

ရန်ကုန် ည အချိန် စားသောက်ဆိုင်အနီး လမ်းပေါ်တွင် ဘီယာခွက် သယ်သွားသည့် မိန်းကလေးငယ် တဦး (ဓာတ်ပုံ – Reuters)
ဆယ်ကျော်သက် အရွယ် မြန်မာ အမျိုးသမီးငယ်များ ၏ မူးယစ်စေတတ်သော အဖျော်ယမကာ သောက်သုံးမှုနှုန်းမှာ ယခုနှစ် အနည်းငယ် အတွင်း တဖြည်းဖြည်းမြင့်တက်လာနေကြောင်း ပြည်တွင်း လူမှုရေးအဖွဲ့တဖွဲ့မှပြုလုပ်သည့် စစ်တမ်းတခုက ဆို သည်။
ယင်းစစ်တမ်းသည် မြို့နယ်ပေါင်း၂၀ ပါဝင်ပြီး ရန်ကုန်မြို့ အစိုးရကျောင်းများ၊ တက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူများနှင့် ဆယ်ကျော်သက် အရွယ် လူငယ်များ၊ အုပ်ထိန်းသူမိဘများ စသည့် လူဦးရေ ၅၀၀ ကို မေးမြန်း ကောက်ယူထားခြင်း ဖြစ်ကြောင်း သိရသည်။
အချိုရည်(သို့) ဝိုင်ဟု သတ်မှတ်ထားသည့် အရက်ပါဝင်သော အဖျော်ယမကာများ ဈေးကွက်အတွင်း ၀င်ရောက်မှု များပြားလာခြင်း က ဆယ်ကျော်သက်အရွယ် မြန်မာအမျိုးသမီးငယ်များ အဖျော်ယမကာ သောက်သုံးမှုမြင့်တက်လာစေခြင်း အကြောင်းရင်း ဖြစ် သည်ဟု ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိ ဘီယာနှင့် အဖျော်ယမကာ ရောင်းချသော ဆိုင်ကြီးတချို့က တာဝန်ရှိသူများ က ပြော သည်။

တစ်သိန်းတန်မိုဘိုင်းဖုန်းထွက်ရှိမည့် သတင်းမှာမဟုတ်ဟု အင်ဂျင်နီယာချုပ် အတည်ပြုပြောကြား



၂ဝ၁၂ခုနှစ်၊ စက်တင်ဘာလတွင် တစ်သိန်းတန်မိုဘိုင်းဖုန်းထွက်ရှိမည်ဆိုသည့်သတင်းမှာမဟုတ်မှန်ကြောင်း မြန်မာ့ဆက် သွယ်ရေး  လုပ်ငန်းက သိရှိရသည်။
 
''တစ်သိန်းတန်မိုးဘိုင်းဖုန်းထွက်မယ်ဆိုတာ မဟုတ်ပါဘူး'' ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ပြောသည်။
 
တစ်သိန်းတန်မိုဘိုင်းဖုန်းများ ရောင်းချပေးမည်ဆိုပါက အစိုးရဝန်ထမ်းများသာမဟုတ်လျှင်ပဲ ပြည်သူများထံသို့ပါ   ရောင်းချပေးနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးဌာနမှ သိရှိရသည်။

" အစိုးရဝန်ထမ်းဆိုတဲ့ အရေအတွက်က နည်းတယ် သူတို့တွေချည်းပဲရောင်းချပေးမယ်ဆိုတာတော့ မဖြစ်နိုင်ပါဘူး အားလုံးကိုတစ်ပြေးညီတည်း ရောင်းချပေးသွားမှာပါ ကျွန်တော်တို့လည်း တစ်သိန်းတန်ဖုန်းကို မျှော်လင့်နေတာပဲလေ'' ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှလက်ထောက်အင်ဂျင်နီယာချုပ် ဦးဒေဝကပြောသည်။

Mobile App Market Software အား Myanmar Mobile app website မှစတင်ဖြန့်ချိ


Mobile App Market Software အား Myanmar Mobile app website မှစတင်ဖြန့်ချိလိုက်ကြောင်း သိရသည်။ အဆို Mobile App Market အနေဖြင့် Android Version ဆော့ဖ်ဝဲအမျိုးအစားဖြစ်ပြီး အွန်လိုင်းမှာ Android App များကို အခမဲ့ အလွယ်တကူဒေါင်းလုဒ်ပြုလုပ်နိုင်သည့် ဆော့ဖ်ဝဲတစ်မျိုးဖြစ်ကြောင်း သိရသည်။

မြန်မာစာအသုံးပြုထားမှာဖြစ်ပြီး Application မှ မြန်မာစာမြင်ရန်အတွက် မြန်မာစာထည့်သွင်းထားရန် (သို့) Root လုပ်ထားရန် လိုအပ်ခြင်းမရှိကြောင်း သိရသည်။ Android software, Game များကို မြန်မာဘာသာဖြင့် အသေးစိတ်ဖော်ပြပေးထားမည်ဖြစ်ပြီး အလွယ်တကူ တိုက်ရိုက်ချိတ်ဆက် ထည့်သွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

စစ်ဘေးသင့် ကချင်ပြည်နယ်တွင် လူကုန်ကူးမှု မြင့်တက်

ကချင်စစ်ပြေး ဒုက္ခသည်များ (ဓာတ်ပုံ – Reuters)
စစ်ဘေးသင့်ဒေသဖြစ်သည့် ကချင်ပြည်နယ်သည် လူကုန်ကူးမှုဖြစ်စဉ် အများဆုံးဖြစ်ပွားသည့် ဒေသများစာရင်းတွင် အဆင့် (၄) နေရာ၌ ရှိကြောင်း သတင်းရရှိသည်။
ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည် စခန်းတချို့သည် တရုတ်နိုင်ငံဘက်တွင်ရှိနေပြီး စာနပ်ရိက္ခာ မလုံလောက်ခြင်း၊ လုံခြုံစိတ်ချရမှု မရှိခြင်းစသည့် အခြေအနေများကြောင့် လူကုန်ကူးခံရမှု များနေခြင်းဖြစ်ကြောင်း အဆိုပါဒေသသို့ သွားရောက်ခဲ့သည့် အဖွဲ့အစည်းများထံမှ သိရသည်။
“တရုတ်နိုင်ငံက ကိုယ်နိုင်ငံသား မဟုတ်တော့ အပြစ်ပြောလို့ မရဘူး။ ဒီဒေသကလည်း စားနပ်ရိက္ခာ မပြည့်စုံ၊ ပြီးတော့ အလုပ်လက်မဲ့တွေ ဖြစ်နေတော့ သူတို့တွေက အလုပ်လုပ်ဖို့ အားသန်နေကြတယ်လေ။ တရုတ်နိုင်ငံမှာ အလုပ်ကြမ်းလုပ်ဖို့ကို ဈေးသက်သက်သာသာနဲ့ ခေါ်တယ်။ သူတို့လူမျိုး ယွမ် ၁၀၀ လောက် ပေးရမယ့်အစား မြန်မာလူမျိုးတွေကို ယွမ် ၂၀ နဲ့ ပေးခေါ်တာတွေရှိတယ်။ ပြီးတော့ Camp တွေမှာ လုံခြုံမှုပိုင်း အားနည်းတယ်” ဟု ကချင်စစ်ရှောင်စခန်းများကို သွားရောက်လေ့လာခဲ့သည့် အဖြူရောင်တွဲလက်များအဖွဲ့မှ ကိုဘိုဘိုက ပြောသည်။

UNHCR ၀န်ထမ်း မောင်တောတွင် ထောင် ၆ နှစ် ချမှတ်ခံရ


ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဇွန်လ ၈ ရက်နေ့က ဖြစ်ပေါ်ခဲ့သည့် ဆူပူအကြမ်းဖက်မှုကြောင့် ဖမ်းဆီးခံထားရသည့် ယူအန်အိပ်စီအာရ် ၀န်ထမ်းတဦးဖြစ်သူ ဒေါ်ချိုလေးမာခါတုန်နှင့် တခြား ၂ ဦးတို့ကို မောင်တောခရိုင် တရားရုံးမှ ယနေ့တွင်  စီရင်ချက် ချမှတ်လိုက်ကြောင်း သိရှိရသည်။

တရားခံ ၃ ဦးထဲမှ  ဒေါ်ချိုလေးမာခါတုန်အား ထောင် (၆) နှစ်နှင့် ဘူးသီးတောင်မြို့မှ ဘင်္ဂလီ အမျိုး သားများ ဖြစ်သည့် ဦးမောင်ခင်ရွှေနှင့် ဦးမောင်ခင်ဇော်တို့အား (၃) နှစ် တစ်ဦး (၂) နှစ် တစ်ဦးစီ ချမှတ်လိုက်သည်ဟု ဆိုသည်။
“ ချိုလေးမာခါတုန်ကို ၂ နှစ်နဲ့ တစ်မှု၊ ၆ နှစ်နဲ့ တစ်မှု စုစုပေါင်း အမူ ၂ ခုနဲ့ (၈) နှစ်ဖြစ်ပါတယ်။ ဒါပေမဲ့ စုစုပေါင်း ကျခံမဲ့ နေရာမှာ ၆ နှစ်ဆိုပြီး တရားသူကြီးက အမိန့်ချလိုက်ပါတယ်။ ဘူးသီးတောင်က ဖမ်း ထားတဲ့ ဘင်္ဂလီမွတ်ဆလင် ၂ဦးဖြစ်တဲ့ မောင်ခင်ရွှေနဲ့ မောင်ခင်ဇော်ကိုတော့ ၃ နှစ်တယောက်၊ ၂ နှစ် တယောက် ချလိုက်ပါ တယ် ” ဟု မောင်တော တရားရုံးနှင့် နီးစပ်သူတဦးက ပြောသည်။
အမိန့်ကို မောင်တောခရိုင် တရားသူကြီး ဦးခင်ဇော်မှ ယနေ့ နေ့လည်ပိုင်းတွင် စီရင် ချမှတ် လိုက်ခြင်း ဖြစ်သည်။

မြန်မာပြည်ဟာ ကမ္ဘာ့စပါးကျီ တကျော့ပြန် ဖြစ်နိုင်ဦးမလား(ဝီလျံဘွတ်)

စီးပွားရေးပြုပြင်ပြောင်းလဲမှုဟာ မြေယာသိမ်းမှုတွေ ပိုဖြစ်လာအောင် တွန်းအားပေးသလို ဖြစ်လိမ့်မယ်လို့ လယ်သမားအများအပြားက စိုးရိမ်ကြောင့်ကြနေကြတယ် (ဓာတ်ပုံ- Reuters)
တချိန်က နိုင်ငံတကာကို ဆန်အများဆုံးတင်ပို့ပြီး ကမ္ဘာ့စပါးကျီဖြစ်ခဲ့တဲ့ အနေအထားကို ပြန်ရအောင်ကြိုးစားဖို့ မြန်မာပြည်မှာ ရည်မှန်းချက်ရှိနေပါတယ်။
ဂျပန်လက်အောက် နိုင်ငံ့စီးပွားရေး ပျက်စီးစေခဲ့တဲ့ ဒုတိယကမ္ဘာစစ်မတိုင်ခင် ၁၉၃၀ ခုနှစ်တွေမှာ မြန်မာနိုင်ငံက နှစ်စဉ် ဆန်တန်ချိန် မက်ထရစ်တန်ပေါင်း ၇ သန်း နိုင်ငံခြားကို တင်ပို့ခဲ့တာပါ။ ၂၀၁၁ ခုနှစ်မှာတော့ ဆန်တန်ချိန် ၇၇၈၀၀၀ ပဲ တင်ပို့နိုင်ပါတော့တယ်။
အခုဆိုရင် ထိုင်းနိုင်ငံဟာ နှစ်စဉ် မက်ထရစ်တန် ၁၀ သန်း တင်ပို့ပြီး ကမ္ဘာပေါ်မှာ နိုင်ငံတကာကို ဆန်အများဆုံး တင်ပို့တဲ့ သရဖူဆောင်းနေပါပြီ။
ဒါပေမယ့် မြန်မာပြည်မှာ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို စတင်လုပ်ဆောင်နေပြီဖြစ်တာမို့ ထိုင်းနိုင်ငံက ဆန်စပါး ထုတ်လုပ်သူတွေအနေနဲ့ သူတို့ရဲ့ အနောက်ဖက်အိမ်နီးချင်းတွေ စင်ပေါ်ပြန်ရောက်လာနိုင်တဲ့ ဖြစ်နိုင်ချေကို စိုးရိမ်တကြီး ဆန်းစစ်နေကြပါတယ်။
ဆန်စပါးရေးရာ ကျွမ်းကျင်သူတွေကတော့ မြန်မာနိုင်ငံဟာ နှစ်အနည်းငယ်အတွင်းမှာ အဲ့ဒီလိုအနေအထားကို ပြန် ရောက်နိုင်မှာ မဟုတ်သေးဘူးလို့ ယူဆကြပါတယ်။

ရိုဟင်ဂျာသည် မြန်မာ့ပြဿနာဟု အမေရိကန်သံအမတ် ပြော

ရိုဟင်ဂျာအရေးဟာ သည်းမခံမှု၊ ခွဲခြားနှိမ့်ချမှုတွေ နက်ရှိုင်းတာကြောင့်လို့ အမေရိကန် သံအမတ်က ပြောပါတယ် (ဓာတ်ပုံ- Reuters)
ရိုဟင်ဂျာအရေးဟာ ကမ္ဘာကမြင်နေတာထက် ပိုပြီး မြန်မာ့လူ့အဖွဲ့ အစည်းအတွင်း လူမှုရေး မညီမျှမှုများကို ဖွင့်လှစ်ဖော်ပြနေတာလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် မစ္စတာ ဒဲရက်မစ်ချယ်က ပြောဆိုလိုက်ပါတယ်။
အရင်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေဆို စစ်တပ်နဲ့ အစိုးရတွေကိုသာ နိုင်ငံတကာက စွပ်စွဲရှုတ်ချခဲ့ကြတယ်။ အခု ရိုဟင်ဂျာအရေးကတော့ သူတို့ကို နိုင်ငံအတွင်း နေထိုင်ခွင့်တောင် မပေးလိုတဲ့ သာမန်လူထုတွေကြား ခွဲခြားနှိမ့်ချမှုတွေကြောင့်ဖြစ်တယ်လို့ ဒဲရက်မစ်ချယ်က The Wall Street Journal ဝေါစတြိဂျာနယ် သတင်းစာကို ပြောကြားခဲ့ပါတယ်။
“ကံအကြောင်းမလှလို့ဘဲ ဆိုပါစို့၊ ဒီကိစ္စကိုကြည့်ရင် (မြန်မာ)နိုင်ငံသားတွေကြား သည်းမခံမှု၊ ခွဲခြားနှိမ့်ချမှုတွေ နက်နက်ရှိုင်းရှိုင်း တွေ့ရတယ်။ လူ့အခွင့်အရေးအတွက် နှစ်ပေါင်းရှည်ကြာ တိုက်ပွဲဝင်ခဲ့သူတွေနဲ့ တိုးတက်တဲ့အမြင်ရှိသူတွေလို့ တွေးထင်ထားသူတွေတောင် ဒီသဘောထားရှိကြတယ်” လို့ ဒဲရက်မစ်ချယ်က ပြောပါတယ်။

ကမ္ဘာတစ်ဝန်းရှိ ရာသီဥတု အဆိုးရွားဆုံး ခံစားရမည့် ထိပ်ဆုံး ၁၀ နိုင်ငံ စာရင်းတွင် မြန်မာနိုင်ငံမှာ ဒုတိယနေရာ ရောက်ရှိနေပြီး အာရှမှ ခြောက်နိုင်ငံပါဝင်




7462
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေ မြင့်တက်ကာ ဘားအံမြို့အတွင်း ရေကြီးရေလျှံဖြစ်ပွားမှုကို
သြဂုတ်လဆန်းပိုင်းက တွေ့ရစဉ်
ကမ္ဘာတစ်ဝန်းရှိ ရာသီဥတု ဆိုးရွားမှုများကို ခံစားရမည့်နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံအနေဖြင့် ဒုတိယနေရာတွင် ရပ်တည်နေကြောင်း မြန်မာ့စွမ်းအင် လိုအပ်ချက်စစ်တမ်းတွင် ဖော်ပြထားပါသည်။
သြဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် The National Seminar Wrokshop on Energy, Enviroment and Climate Change တွင် အဆိုပါ မြန်မာ့စွမ်းအင် လိုအပ်ချက်စစ်တမ်းကို ဆွေးနွေး  ခဲ့ကြခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။
အဆိုပါအခမ်းအနားတွင် “ဂျာမန် စောင့်ကြည့်ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုအန္တရာယ်အညွှန်းကိန်း မှ မြန်မာနိုင်ငံသည် ကမ္ဘာတစ်ဝန်းရှိ ရာသီဥတုဆိုးရွားမှုများကို ခံစားရမည့်နိုင်ငံများတွင် ထိပ်ဆုံးမှ သုံးနိုင်ငံ အတွင်း ပါဝင်နေသည်ဟု ဆိုပါသည်” ဟု မြန်မာ့စွမ်းအင် လိုအပ်ချက်စစ်တမ်းကို ပြောကြားရာတွင် ထည့်သွင်း ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

လွှတ်တော်အပေါ်တွင် လွှမ်းမိုးသော အဖွဲ့အစည်း (သို့မဟုတ်) လူပုဂ္ဂိုလ်တစ်ဦးမျှ မရှိကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌပြောကြား

ဓာတ်ပုံ-Voice Weekly



 လွှတ်တော်အပေါ်တွင် လွှမ်းမိုးသော အဖွဲ့အစည်း(သို့မဟုတ်) လူပုဂ္ဂိုလ်တစ်ဦးမျှမရှိကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်မှ စတင်ဆောင်ရွက်မည်ဖြစ်သဖြင့် မိမိတို့ လွှတ်တော်၏ အခန်းကဏ္ဍ ရောက်ရှိလာသည့် အခါတွင် ဆောင်ရွက်ဖွယ်ရာများ ဆောင်ရွက်နိုင်အောင် သည်းခံစောင့်ဆိုင်းပေးပါရန် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက သြဂုတ်လ ၂၄ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့ လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

သာပေါင်းမဲဆန္ဒနယ်မှ ဦးဝင်းသန်း တင်သွင်းသည့် "ပြည်သူ့ လွှတ်တော်ဥက္ကဌ၏ ၁၄.၈.၂၀၁၂ ရက်စွဲပါ သ၀ဏ်လွှာနှင့် နိုင်ငံတော် သမ္မတက ပြန်လည်ပေးပို့သော သ၀ဏ်လွှာများနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ မှန်ကန်သော ဆန္ဒကို မည်သို့ သဘောထားသည်ကို ရှင်းရှင်းလင်းလင်း သိခွင့်ရရှိသင့်ပါကြောင်း" အ ရေးကြီးအဆိုကိုတင်သွင်းခဲ့သည့် အတွက် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

၂ဝ၁၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုရန်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ စာစစ်အဖွဲ့က သတင်း ထုတ်ပြန်ထား

နေပြည်တော် သြဂုတ် ၂၄

၂ဝ၁၃ ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် တက္ကသိုလ်ဝင် စာမေးပွဲဝင်ခွင့် လျှောက်လွှာပုံစံများကို မြန်မာနိုင်ငံ စာစစ်အဖွဲ့ရုံး၌ ၂ဝ၁၂ ခုနှစ် စက်တင်ဘာလ (၃)ရက်နေ့မှ စတင်၍ သတ်မှတ်ထားသော နှုန်းထားဖြင့် ရောင်းချပေး

မည် ဖြစ်သည်။

စာမေးပွဲဝင်ခွင့် လျှောက်လွှာ တင်သွင်းရာ၌ ဘာသာတွဲအမှတ်စဉ် (၁)၊(၅)၊ (၆)၊(၇)၊ (၈)များဖြင့် ဖြေဆိုမည့် သူများအတွက် အစိမ်းရောင်ဝင်ခွင့် လျှောက်လွှာနှင့် ကတ်ပြားပုံစံ ဖြင့်လည်းကောင်း၊ ဘာသာတွဲ အမှတ်စဉ် (၂)၊ (၃)၊(၄) များဖြင့် ဖြေဆိုမည့် သူများအတွက် ပန်းရောင်ဝင်ခွင့် လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့် တင်သွင်းရန် အရောင်နှစ်မျိုးခွဲခြား သတ်မှတ်ထားသည်။
ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်း သူများ၏ စာမေးပွဲဝင်ကြေးငွေကို သက်ဆိုင်ရာ မြို့နယ်ပညာရေး မှူးရုံးများတွင် စာမေးပွဲ ဝင်ကြေးအတွက် ကျသင့်ငွေသွင်း တံဆိပ်ခေါင်း များဝယ်ယူပြီး ဝင်ခွင့်လျှောက်လွှာ၏ လက်ဝဲဘက် ထိပ်ပိုင်းတွင် ကပ်၍ မိမိတို့အမှန် တကယ် နေထိုင်သည့် မြို့နယ် ပညာရေးမှူးရုံး၌ ၂ဝ၁၂ ခုနှစ် စက်တင်ဘာ ၃ ရက်မှ စက်တင်ဘာ ၂၈ ရက်အတွင်းတင်သွင်းကြရမည်ဖြစ်သည်
Related Posts Plugin for WordPress, Blogger...

ShareThis