menu

Wednesday 18 January 2012

ဖိလစ်ပိုင်တောင်ပိုင်းရှိရွာတစ်ရွာတွင်ငါးမိုးရွာ

လွန်ခဲ့သော ဇန်နဝါရီ ၁၄ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံတောင် ပိုင်းရှိရွာတစ်ရွာတွင် ကောင်း ကင်မှ ငါးအရှင်များ မိုးသဖွယ်ရွာကျလာ ကြောင်း ဆင်ဟွာသတင်းဌာနက ထုတ်ပြန်ေ ကြညာခဲ့သည်

အိမ်ကလေး-၂ (နေ၀င်းမြင့်)

ရွာကိုလွန်ပြီးမှ ဆိုက်ကပ်သော ပြည် ကူးတို့သင်္ဘောက နေ့ခင်းတချက်၊ နှစ်ချက်လောက်မှ ဆိုက်တတ်သည်။ သဲပူပူကို ခြေမျက်စိမြုပ်အောင် ရုန်းတတ်ပြီးမှ ကမ်းပါးထိပ်ကို ရောက်ရသည်။ ကမ်းပါးထိပ်မှာ ဘာမှမရှိ။ အဝေးက သစ်စိမ်းညို့ညို့ရွာကို လှမ်းငေးရုံသာ။ ရွာဘက်ကို သင်္ဘောကြုံ စောင့်ပို့တတ်သော ပဲ့ထောင်ကလေးတွေ ရှိတတ်သော်လည်း သင်္ဘောဆင်း ရွာခရီးသည်တွေက မစီးတာ များပါသည်။

တရားဝင်ထုတ်ပြန်မှုမရှိသေးသော်လည်း မြန်မာနိုင်ငံတွင် ကြံမျိုးစိတ်မျိုးသုဉ်းသွားပြီဟုယူဆနိုင်

တရားဝင်ထုတ်ပြန်မှု မရှိသေးသော်လည်း ကြံ့မျိုးစိတ် မျိုးသုဉ်းသွားပြီဟု ယူဆနိုင်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံမှာ ကြံ့ရှိခဲ့တယ်။ အခုတော့ တရားဝင် မကြေညာသေးပေမယ့် ကြံ့မျိုးစိတ်ပျောက်ကွယ်သွား ပြီလို့ ယူဆနိုင်ပါတယ်”ဟု သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင် သစ်တောရေးရာ ၀န်ကြီးဌာန သဘာ၀၀န်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်သော်က ပြောကြားခဲ့သည်။

တောင်ဆူဒန်နိုင်ငံသစ်နှင့် မီဒီယာလွတ်လပ်ခွင့်(မောင်ကြွယ်စိုး)

The Citizen သတင်းစာ၏ သတင်းခန်း
သမိုင်းကိုဖန်တီးသူတွေဟာ ပြည်သူတွေဖြစ်ပါတယ်။ သမိုင်းအကြောင်းကို မှတ်တမ်းတင်ထားတာကတော့ သတင်းစာနဲ့ သတင်းမီဒီယာ တွေဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ အဆင့်အတန်း၊လူသားတစ်ယောက်ရဲ့ လွတ်လပ်ခွင့် ရှိ မရှိကို သတင်းစာနဲ့ မီဒီယာတွေရဲ့ လွတ်လပ်စွာ ဖော်ထုတ်ခွင့်နဲ့ တိုင်းတာရင် ရပါတယ်။ သတင်းစာနဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်၊ ရပ်တည် ရှင်သန်ခွင့်ဟာ မရှိမဖြစ် လိုအပ်ချက်ဖြစ်ပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံမှာပဲဖြစ်ဖြစ်၊ ဖွံ့ဖြိုးဆဲ နိုင်ငံမှာပဲဖြစ်ဖြစ် လွတ်လပ်တဲ့ သတင်းမီဒီယာ၊ ပုဂ္ဂလိကပိုင်သတင်း မီဒီယာဟာ မျက်စိနဲ့နား၊ ပါးစပ်ပဲ ဖြစ်ပါတယ်။ လူဟာ အသက်ရှုခွင့် မရှိတော့ဘူးဆိုရင် မရှင်နိုင်တော့သလို မျက်လုံးပိတ်ထားမယ်ဆိုရင်လည်း ဘာမှမြင်နိုင်မှာ မဟုတ်တော့ပါဘူး။ ပါးစပ်ပေါက်ပိတ်ပင်ထားရင်လည်း ဘာမှမပြောဆိုနိုင်ဘဲ ဆွံ့အတဲ့လူဖြစ်မှာ သေချာနေပါတယ်။

တိုက်တန်းနစ်သင်္ဘောနစ်မြုပ်မှု နှင့်တင်စားခံခဲ့ရသော အီတလီအပျော်စီးသင်္ဘောနစ်မြုပ်မှု


တိုက်တန်းနစ်သင်္ဘောနစ်မြုပ်မှုနှင့် နှိုင်းယှဉ်တင်စားခံခဲ့ရသော လူ ၄၂၀၀ လိုက်ပါလာသည့် အီတလီ အပျော်စီးသင်္ဘော တိမ်းမှောက်မှုတွင် သေဆုံးသူအရေအတွက်မှာ ဇန်န၀ါရီလ ၁၇ ရက်နေ့တွင် ခုနစ်ဦးအထိ ရှိလာခဲ့ပြီး ၂၈ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။
သင်္ဘောကိုစွန့်ခွာခဲ့မှုနှင့် လူသေစေမှုအတွက် သင်္ဘောကပ္ပတိန်မှာ စွပ်စွဲခံထားရပြီး နိုင်ငံတစ်ဝန်း ၀ိုင်းဝန်းဝေဖန်ပြစ်တင်မှုများကိုပါ ကြုံတွေ့နေရကြောင်း သိရသည်။

အရက်စွဲဝေဒနာ နှင့်စိတ်ကျမ်းမာရေးဆေးရုံတက်ကြသည့်လူနာများတွင် အမျိုးသမီးများပါဝင်လာ

အရက်စွဲဝေဒနာဖြင့် စိတ်ကျန်းမာရေး ဆေးရုံကြီးသို့ တက်ရောက်ကြသည့် လူနာများတွင် အမျိုးသားများ သာမက အမျိုးသမီးများပါ ပါဝင်မှုရှိလာကြောင်း စိတ်ကျန်းမာရေးဆေးရုံကြီး(ရန်ကုန်) မှ သတင်းရရှိပါသည်။
စိတ်ကျန်းမာရေးဆေးရုံကြီးတွင် နေ့စဉ်ပုံမှန်ဝေဒနာရှင်ပေါင်း ၉၀၀ ကျော် ဆေးဝါးကုသခံယူမှုရှိကြပြီး အရက်စွဲ၊ စိတ်ကြွ၊ စိတ်ကျနှင့် စိတ်ကစဥ့်ကလျား ရောဂါများဖြင့် တက်ရောက်မှုများကြကြောင်း သိရသည်။ ထိုသို့ တက်ရောက်ကြရာတွင်လည်း အမျိုးသမီးများ ဆေးရုံတက်ရောက် မှုမှာ ဆေးရုံတက်လူနာအားလုံး၏ သုံးပုံတစ်ပုံ ၀န်းကျင်ရှိကာ စိတ်ကစဥ့်ကလျားရောဂါဖြင့် တက်ရောက်မှုများကြသည်။ ထို့အပြင် ယခုလက် ရှိ၌ စိတ်ဝေဒနာမျိုးစုံဖြင့် ဆေးရုံတက်ရောက်ကြသည့် လူနာများတွင် အရက်စွဲဝေဒနာဖြင့် တက်ရောက်မှု မှာ အခြားဝေဒနာဖြင့် ဆေးရုံတက်ရောက်သူများထက် ပိုမိုနေကာ ယင်း အထဲတွင် အမျိုးသမီးအချို့ပါ ပါဝင် လာကြောင်း၊ ၂၀၀၅ မှ ၂၀၀၈ ထိ လေးနှစ်အတွင်း ဦးရေ ၂၀ ကျော် သာရှိရာမှ ၂၀၁၁ခုနှစ်တစ်နှစ်တာ အတွင်းဦးရေ ၃၀ ကျော် ရှိလာကြောင်း ၂၀၁၁ ခုနှစ်မှ စတင်ကာ လစဉ်လူနာ အသစ်နှစ်ဦး၊ သုံးဦးပုံမှန် ရှိလာကြောင်း အသက် ၂၅ နှစ်မှ ၅၀ နှစ်အတွင်း ဖြစ်ကြပြီး အသက် ၃၀ ကျော်သူ များပြားကြောင်း သိရသည်။

လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော်ဆုရ ဒါရိုက်တာသုံးဦး ဂျာမဏီ နော်မန်ဖောင်ဒေးရှင်း၏စီစဉ်မှုဖြင့်ဇာတ်ကားတိုများရိုက်မည်

‘လွတ်လပ်ခြင်းအနုပညာ’ ရုပ်ရှင်ပွဲတော်တွင် ဆုရရှိသည့်ဒါရိုက်တာသုံးဦးမှ ဂျာမနီနိုင်ငံ၊ နော်မန် ဖောင်ဒေးရှင်း၏စီစဉ်မှုဖြင့် ဇာတ်ကားတိုများရိုက်ကူးရန် စီစဉ်ထားသည် ဟု သတင်းရရှိသည်။ ပရိသတ်အကြိုက်ဆုံး ဆုရရှိခဲ့သည့် ဒါရိုက်တာ ၀ိုင်း၊ မျက်နှာသစ် ထူးချွန်ဆုရရှိခဲ့ သည့် ဒါရိုက်တာအောင်ဇော်မိုး၊ အကောင်းဆုံး ဇာတ်ကားတိုဆုရရှိခဲ့သည့် ဒါရိုက်တာမင်းသိုက်တို့အား ရွေးချယ်ထားခဲ့ပြီး ဇာတ်ကားတိုတစ်ကားစီ ရိုက်ကူးရန် စီစဉ်ပေးခြင်းဖြစ်သည်ဟု သိရှိရသည်။

ဘယ်သူအစွမ်းအရှိဆုံးလဲ


ဝီကီပီးဒီးယား။ ငါက အကုန်သိတယ်။
ဂူဂဲလ်။  ငါ့မှာ အကုန်ရှိတယ်။
ဖေ့စ်ဘွတ်။ လူတိုင်းကို ငါသိတယ်။
အင်တာနက်။ ငါမရှိရင် မင်းတို့အားလုံး ဘာမှမဟုတ်ဘူး။
လျှပ်စစ်မီး။ အေး မင်းတို့ကောင်တွေ ဆက်ပြော ဆက်ပြော...။

ငြိမ်းချမ်းရေးလက်ဆောင်အဖြစ် မန်းငြိမ်းမောင်ကို ပြန်လွှတ်ပေးမည်

ရန်ကုန်မြို့ မင်္ဂလာဒုံ လေဆိပ်တွင် အဖမ်းခံခဲ့ရသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် တဦးဖြစ်သူ ပဒို မန်းငြိမ်း မောင်ကို ငြိမ်းချမ်းရေး လက်ဆောင်အဖြစ်ပြန်လွှတ်ပေးမည်ဟု အစိုးရ မီးရထား ပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ပြောသည်။

KNU ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သူ မန်းငြိမ်းမောင် (ဓာတ်ပုံ - ဧရာဝတီ)
ပြီးခဲ့သည့် အပတ်က နေပြည်တော်တွင် KNU နှင့် နှစ်ဘက် ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စရပ်များ သွားရောက် ဆွေးနွေးခဲ့ရာ ဦးအောင် မင်းက အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်ကြောင်း KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးစောဒေးဗစ်ထော က ဧရာဝတီသို့ ပြောသည်။

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ NLDကိုယ်စားပြုကိုယ်စားလှယ်လောင်းအဖြစ် ဇေယျာသော်အရွေးခံမည်

နိုင်ငံရေး အကျဉ်းသားဟောင်း လူငယ် ဟစ်ပ်ဟော့ပ် အဆိုတော် ကိုဇေယျာသော်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ကို ကိုယ်စားပြု၍ လာမည့် ဧပြီ ၁ ရက်နေ့ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက် ရွေးချယ်ခံမည် ဖြစ်သည်။
မြန်မာပြည် ဟစ်ပ်ဟော့ပ် ရေစီးကြောင်း ပထမ မျိုးဆက်များဖြစ်သော ကိုဇေယျာသော်(၀ဲဘက်)နှင့် ရန်ရန်ချန်း၊ အနဂ္ဂတို့ကို မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်နှင့် အတူတွေ့ရစဉ်(ဓာတ်ပုံ - ဇေယျာသော် Facebook fan page)

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်နှင့်တွေ့ဆုံခြင်း

ပြည်တွင်းနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနှင့် အမေရိကန်ပြည်ထောင်စု၏မူဝါဒ အပြောင်းအလဲအရှိန်တက်နေချိန်တွင် အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာအထူးသံကိုယ်စားလှယ်နှင့်မူဝါဒရေးရာ ညှိနှိုင်းရေးမှူးမစ္စတာဒဲရက်မစ်ချယ် ကို  ဇန်န၀ါရီလခရီးစဉ်အတွင်း ဆောင်းပါးရှင်ရဲနိုင်မိုးက 7Day News ဂျာနယ်ကိုယ်စားပြု၍ ဇန်န၀ါရီ ၁၂ ရက်က  တစ်ဦးချင်း တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။

ဝေဖန်အကြံပြုရန် ဒေါ်အောင်ဆန်စုကြည် ဖိတ်ခေါ်

NLD ၏ နိုင်ငံရေး လုပ်ငန်းစဉ်များကို အမြဲတမ်း ထောက်ခံနေခြင်း မပြုဘဲ လိုအပ်လျှင် ဝေဖန်အကြံပြုရန် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုလိုက်သည်ဟု သိရသည်။
(ဓာတ်ပုံ - ဧရာဝတီ)
လွန်ခဲ့သည့် ၂၁ နှစ်က အကျဉ်းထောင်တွင်း ကွယ်လွန်ခဲ့သည့် ရန်ကုန်တိုင်း NLD ၏ ခေါင်းဆောင်တဦး ဖြစ်သူ ဦးတင်မောင်ဝင်း နှစ်ပတ်လည်နေ့ အစီအစဉ်သို့ တက်ရောက်လာသော ပရိသတ်များကို ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ အနုပညာလောကအပေါ် သားစိုးရဲ့အမြင်

..ခုတလော ပြောင်းလဲနေတဲ့ မြန်မာ့ နိုင်ငံရေး နဲ့ ပါတ်သက်လို့ ဝေဖန်သံ ကဲ့ရဲ့သံ ထောက်ခံသံ ရှုံ့ချသံတွေ အမျိုးမျိုး အဖုံဖုံ ပုံစံများစွာ နဲ့ ကြားနေခဲ့ရပါတယ်။

ဒါပေမယ့် ဒီမိုကရေစီစနစ်နဲ့အညီ လူသားတိုင်း လွတ်လပ်စွာ ကိုးကွယ် ယုံကြည် ဝေဖန် သုံးသပ် ခံစား ဖွင့်အန် ပိုင်ခွင့်ကို လေးစားတဲ့အနေနဲ့ ကျွန်တော် နဲ့ သဘောတူတူ မတူတူ အတွေးအခေါ်များစွာ ကို တတ်နိုင်သမျှ အကောင်းဖက်က ကြည့်ရှုခံစားပေးခဲ့ပါတယ် ... ။

ဦးကျော်ကိုကို (ဗကသ-ဥက္ကဋ္ဌ) နှင့်တွေ့ဆုံခြင်း

အသက် ၂၆နှစ် အရွယ်၊ စီးပွားရေးတက္ကသိုလ် (ရွာသာကြီး)၌ ပညာသင်ယူနေဆဲကာလ ၂၀၀၇ခုနှစ်အချိန်တွင် ခံယူချက်တူ လူငယ်များကို စုစည်းခဲ့ပြီး ဗကသ(ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ)ကို ဖွဲ့စည်း တည်ထောင်ခဲ့များအနက် တစ်ဦးဖြစ်ခဲ့သူ၊ ၂၀၀၇ခု စက်တင်ဘာလှုပ်ရှားမှု (ရွှေဝါရောင်တော်လှန်ရေးကာလ) ၌ ပါဝင်ခဲ့ပြီး ၂၀၀၈ခုနှစ်တွင် ထိမ်းသိန်းခံရကာ ထောင်ဒဏ် ရှစ်နှစ်ကျခံခဲ့ရသူ၊ ပြည်ပအခြေစိုက် မီဒီယာများက ဗကသဥက္ကဋ္ဌဟု အမည်ရင်းနှင့် တွဲလျက် ရေးသားခံခဲ့ရသူ၊ ဇန်န၀ါရီလ ၁၃ရက်နေ့က နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် တောင်ကြီးထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့သူ၊  လူငယ်ကျောင်းသားမျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုနှင့် တွေ့ဆုံမေးမြန်းခဲ့သည် များကို ပြန်လည်တင်ပြအပ်ပါသည်။
kkk

စီမံကိန်း သတင်းများနှင့်အတူ အဆမတန်တက်ခဲ့သည့်မြေဈေးများ ပြန်လည်ကျဆင်း

ဒဂုံအရှေ့ပိုင်းမြို့နယ် ၁၀၈ ရပ်ကွက်အတွင်းတစ်နေရာကို ဇန်န၀ါရီလ ၁၇ ရက်နေ့က တွေ့ရစဉ်
''မြောက်ဒဂုံမှာ ဘူတာသစ်ကြီး ဆောက်မယ်ဆိုတဲ့သတင်းနဲ့အတူ မြေဈေး စတက်တယ်။ နောက် တံတားထိုးမယ်ဆိုတဲ့သတင်းထွက်ပြီး ကစားလိုက်ကြတာ။ အရင်တုန်းက ၁၀ နှစ်လောက်ကြာမှ ဖြစ်မယ့်ဈေးက အခု သုံးလအတွင်းမှာတင် ဖြစ် သွားတယ်။ ဒလ ဘက်ကမ်းကို တံတားထိုးဖို့ ဖြစ်၊ မဖြစ်ဆွေးနွေးတာ ဖြစ်တယ်ဆိုတဲ့အဆင့်ပဲရှိသေးတယ်။ နောက်ထပ်အဆင့်တွေ အများကြီး ကျန်နေသေးတာမတွက်ဘဲ ဒီသတင်းအပေါ်မှာ တင် ၀င်ကစားလိုက်တာ မြေဈေးခုန်တက်သွားတယ်။အရင်က ကျပ် ၁၀ သိန်း၊ ၁၅ သိန်းပဲတန်တဲ့ မြေကွက်က ကျပ်သိန်း ၉၀ လောက်ထိ တက်သွားတယ်။ ဒီလို စီမံကိန်းတွေ အကြောင်းပြုပြီးကစားလို့ မြေဈေးခုန် တက်တာပါ''ဟု ယူနတီ အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှ မန်နေဂျာ ကိုဇော်ဇော်က ပြောကြားခဲ့ပါသည်။

ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးနှင့်တွေ့ဆုံခြင်း

ဇန်န၀ါရီလ ၁၂ ရက်နေ့ညပိုင်း လွတ်ငြိမ်းချမ်းသာခွင့်သတင်းတွေ ထွက်ပေါ်ပြီးတဲ့နောက် ကျမဆီကို ရှမ်းပြည်နယ်က မိတ်ဆွေတော်တော်များများက ဖုန်းဆက်ပြီးမေးကြပါတယ်။

`ကျမတို့ရဲ့ ခေါင်းဆောင် ဦးခွန်ထွန်းဦးတို့ ရော..လွတ်တဲ့ထဲမှာပါပါသလား`တဲ့…။

ရှမ်းတိုင်းရင်းသားတွေက အန်ကယ့်ဦးခွန်ထွန်းဦးကို ချစ်ကြ လေးစားကြပါတယ်။ ပြီးတော့ယုံကြည်မှု အပြည့်အ၀ရှိကြတာလည်း တွေ့မြင်ကြရပါတယ်။ တကယ်ပဲ  ဦးခွန်ထွန်းဦး လွတ်မဲ့နေ့ကို စောင့်ကြိုနေခဲ့ကြတာပါ။

သတ္တိရှိလား(ဟာကျူလီကသာ)

ဟာကျူလီကသာ Facebook မှ

၂၀၁၂ မြန်မာ့စီးပွားရေး ခန့်မှန်းချက်


ဓာတ်ပုံ - အေပီ
အစိုးရသစ်နဲ့ လွှတ်တော်တရပ်ပေါ်လာပြီး စီးပွားရေး မူဝါဒတွေလည်း အပြောင်းအလဲ လုပ်လာပါတယ်။
"စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လိုအပ်ချက်တွေကို ဟန်ချက်ညီညီနဲ့ ထိန်းညှိ ဆောင်ရွက်ပေးမယ့် မူဝါဒတရပ်ကို ချမှတ်သွားမှာ ဖြစ်ပါတယ်။"
မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာပြီးတဲ့နောက် ပြီးခဲ့တဲ့ တနှစ်အတွင်း  စီးပွားရေး အစီအမံတွေမှာလည်း အပြောင်းအလဲတွေ တွေ့မြင်ခဲ့ကြရပါတယ်။ ဆယ်စုနှစ်တွေနဲ့ချီပြီး ဗဟိုကထိန်းချုပ်လာတာတွေ လျှော့ပေါ့လာတဲ့အတွက် နိမ့်ကျနေတဲ့ စီးပွားရေး တိုးတက်လာတော့မှာလား မျှော်လင့်ချက်တွေလည်း ထွက်ပေါ်လာခဲ့တာပါ။ ကုန်လွန်ခဲ့တဲ့ နှစ်အတွင်း စီးပွားရေးအတွက် ဆောင်ရွက်ချက်တွေကို ပြန်ပြောင်း သုံးသပ်ရင်း ဒီနှစ်သစ်အတွက် မျှော်လင့်နိုင်မယ့် အလားအလာတွေနဲ့ စိမ်ခေါ်မှုတွေကို တင်ပြပေးမှာ ဖြစ်ပါတယ်။

BBC မြန်မာပိုင်းအစီအစဉ် အယ်ဒီတာ ဦးမင်းထက်ကိုနှင့်တွေ့ဆုံခြင်း



ဦးမင်းထက်ကို ရန်ကုန်မြို့၌ တွေ့ရစဉ်။

* ဘီဘီစီမြန်မာပိုင်း အစီအစဉ်အနေနဲ့ သတင်းယူတဲ့အခါမှာ အရင်တုန်းက ဘယ်လိုအနေအထားတွေ ရှိခဲ့ပါသလဲ။
အရင်အစိုးရလက်ထက်မှာ နိုင်ငံခြား မီဒီယာတွေကိုသံသယနဲ့ တောက်လျှောက် ဆက်ဆံတဲ့ သဘောရှိတယ်။ ဒီကိုလာ ခွင့်တောင်း ရင်လည်း မပေးကို မပေးတဲ့ အဆင့်ထိရှိတယ်။ တစ်ကြိမ် နှစ်ကြိမ် လောက်ပိုင်း ဘန်ကောက်မှာရှိတဲ့သူတွေကို ပြည်တွင်းက မူးယစ်ဆေး ဖျက်ဆီးတဲ့ ပွဲတွေ၊ တပ်မတော်နေ့တို့ကို ဖိတ်ဖူးတယ်။ ဖိတ်တယ် ဆိုရင်လည်း အဲဒီပွဲကို ပဲလာရတာ။ တခြားဘယ်သတင်းမှ လိုက်လို့ မရဘူး။

တရုတ်နှင့် အိန္ဒိယ ပေါင်းကာ ကမ္ဘာ့အကြီးဆုံး တယ်လီစကုပ်တီထွင်


တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ ပူးပေါင်း၍ကမ္ဘာ့ အကြီးဆုံးတယ်လီ စကုပ်အားယခု ဆယ်စုနှစ်အကုန်တွင် တည်ဆောက်ရန် စီစဉ်လျက်ရှိသည်။ အဆိုပါတယ်လီစကုပ် တည်ဆောက်ရန် ကုန်ကျမည့် အမေရိကန် ဒေါ်လာသန်း ၁၀၀၀ အား တရုတ်နှင့်အိန္ဒိယတို့ မျှဝေကျခံမည်ဖြစ် သည်။ ၎င်းတယ်လီစကုပ်အား ဟာဝိုင်အီကျွန်း Mauna Kea မီးတောင်ထိပ်ပေါ်တွင် ထားရှိမည်ဖြစ်ပြီး ကမ္ဘာ့ပထမဆုံး နှစ်နိုင်ငံ စုပေါင်း၍ ပြုလုပ်သော အဆင့်မြင့် တယ်လီစကုပ်တစ်ခုလည်း ဖြစ်သည်။

ဘားအံထောင်မှ လွတ်မြောက်လာသူ ဘလော့ဂါ ကိုနေဘုန်းလတ်နှင့် တွေ့ဆုံခြင်း

အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသော အိုင်တီ ဘလော့ကာ နေဘုန်းလတ်သည် ဇန်န၀ါရီလ ၁၄ရက်နေ့တွင် ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှ အဖွဲ့ချုပ်အဖွဲ့ဝင်များအား လာရောက်တွေ့ဆုံ နှုတ်ဆက်စဉ် မေးမြန်းဖြစ်ခဲ့ပါသည်၊

ကြားဖြတ်ရွေးကောက်ပွဲ ကြိုတင်မဲထားရှိမည်

လာမည့် ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် လွှတ်တော်တွင်း လစ်လပ်နေရာ ပြန်လည်ဖြည့်တင်းသည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ကြိုတင်မဲ ထားရှိမည်ဖြစ်ပြီး ရပ်/ကျေးနှင့် မြို့နယ် ကော်မရှင် အဖွဲ့ခွဲများအနေဖြင့် ပြဋ္ဌာန်းထား ရှိသည့် ဥပဒေ၊ နည်းဥပဒေများအတိုင်း တိတိကျကျ လုပ်ကိုင်ဆောင်ရွက်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားခဲ့သည်။

၂၀၁၀ တွင်အပြီးတည်ဆောက်ရန် ညွှန်ကြားထားသော စီမံကိန်း ၃၃ ခု ယခုအချိန်ထိအပြီးမသတ်နိုင်သေး

b42_07s
လှည်းတန်းလမ်းဆုံရှိ လှည်းတန်းစင်တာအား ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်းက တွေ့ရစဉ်
  ရန်ကုန်မြို့ ရန်ကုန်-ပြည်လမ်း မပေါ်ရှိ ပြည်ဂါးဒင်း၊ လှည်းတန်းလမ်းဆုံရှိ လှည်းတန်းစင်တာအပါအ၀င် တည်ဆောက်ဆဲ စီမံကိန်း ၃၃ ခုကို ၂၀၁၀ ပြည့်နှစ်အတွင်း၌ အပြီးတည်ဆောက်ရန် ညွှန်ကြားထားသော်လည်း ယခုအချိန်အထိ အပြီး မသတ်နိုင်ဘဲ ရှိနေသေးကြောင်း မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရှိရသည်။

37 Nats ပန်းချီပြပွဲကျင်းပပြုလုပ်

e7162
၃၇ မင်းနတ်များ၏ ပန်းချီကား ၃၇ကား ပြသထားသည့် 37 Nats ပန်းချီပြပွဲကို ၂၀၁၂ခုနှစ်၊ ဇန်န၀ါရီလ ၁၄ရက်နေ့တွင် ရန်ကုန် မြို့၊ ကမ်းနားလမ်းရှိ Strand Hotel တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
37 Nats ပန်းချီပြပွဲတွင် ၃၇မင်း နတ်တစ်ပါးချင်းစီ၏ သမိုင်းကြောင်းများနှင့်အတူ ပန်းချီကား များကို ချိတ်ဆွဲပြသထားပြီး ၎င်းတို့ပေါ်ထွန်းရာ ခေတ်အလိုက် ၀တ်စားဆင်ယင်မှုများ၊ အဆောင်အယောင် များကို ထည့်သွင်းရေးဆွဲထားသည် ဟု သိရသည်။

နိုင်ငံခြားဘဏ်လုပ်ငန်းစနစ် ဧပြီ/မေ တွင်စတင်ဖွယ်ရှိ

နိုင်ငံငွေလုပ်ငန်းလုပ်ကိုင်ခွင့် ရရှိထားသော AGD ဘဏ်၏ လုပ်ငန်းခွင်တစ်ခုကိုတွေ့ရစဉ်
ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်များအား နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် Foreign Banking အား ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် စတင်ခွင့်ပြုပေးခဲ့ပြီး ယင်းနိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်မှုမှာ လာမည့်ဧပြီ လနှင့်မေလ လောက် တွင် စတင်လည်ပတ်နိုင်ဖွယ်ရှိကြောင်း၊ အာဆီယံ၊ သြစတြေးလျ၊ နယူးဇီလန်နှင့်အီးယူနိုင်ငံအချို့နှင့် စတင်ကာ ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘဏ်လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရသည်။

ကျောင်းသားကို ကြိုးတုပ်ရိုက်တဲ့ သင်္ကန်းကျွန်းက ကျောင်းအုပ်ကြီး


၁၄ ရက်နေ့လည် ၃ နာရီခွဲ အချိန်မှာ ကျမ မနှင်းပွင့်ဖြူ အသက် ၂၂ နှစ်၊ မှတ်ပုံတင်အမှတ် ၁၂/ သဃက
(နိုင်) ၁၂၁၉၃၆ ရဲ့ နေအိမ်ကို လမ်းထဲမှ ဟူစိန် လာရောက်ပြီး “မကြီးရဲ့ မောင် ပြည့်စုံကို     ကျောင်းအုပ်ဆရာကြီးက ဘောလုံးကန်လို့ ဖမ်းထားတယ်” လို့ လာပြောပါတယ်။

ကျမ မောင်လေးက အသက် ၁၂ နှစ်၊ အထက (၁) သင်္ဃန်းကျွန်းမှာ သတ္တမတန်း တက်နေတာပါ။ ကျောင်းအုပ် ဆရာကြီးက အမက (၂၀) သင်္ဃန်းကျွန်းမြို့နယ် ကပါ။ သူ့ မူလတန်းကျောင်းဘေးမှ ဘောလုံးသွားကန်လို့ပါ။

အပြောင်းအလဲတွေဟာစစ်မှန်မှုရှိတယ်လို့ အမေရိကန်အထက်လွှတ်တော်အမတ်ပြောကြား


အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုတွေရုပ်သိမ်းဖို့ ဆုံးဖြတ်တဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမြင်အယူအဆကို အဓိကအလေးပေး စဉ်းစားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ၊ နေပြည်တော်ကိုရောက်နေတဲ့ အမေရိကန်အထက်လွှတ်တော်အမတ် မစ် မက်ကောနယ်က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ သူမြင်တွေ့ရတဲ့ အပြောင်းအလဲတွေဟာ စစ်မှန်မှုရှိတယ်လို့လည်း မစ္စတာမက်ကောနယ်က ဒီနေ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေကောင်းအောင် ထိန်းကျောင်းဖို့က ပြည်သူတွေရဲ့တာဝန်လို့ ဒေါ်အောင်ဆန်းစုကြည်ပြောကြား


ဓာတ်ပုံ ASSOCIATED PRESS
မင်္ဂလာတောင်ညွန့်မြို့နယ် NLD ရုံးခွဲဖွင့်ပွဲ မြင်ကွင်း (ဇန်နဝါရီ ၁၇၊ ၂၀၁၂။)
လွှတ်တော်ကိုယ်စားလှယ်တွေကို ကိုယ်ဖြစ်စေချင်တဲ့ပုံစံဖြစ်အောင် ထိန်းကျောင်းပေးဖို့က ပြည်သူတွေရဲ့တာဝန်ဖြစ်တယ်လို့ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ကိုယ်ကမဲပေးထားမှ ဒီကိုယ်စားလှယ်ကို ဝေဖန်ပိုင်ခွင့်ရှိမယ်လို့လည်း ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် NLD ရုံးဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာဖြစ်ပါတယ်။

ဒီဗွီဘီ ပြည်တွင်းသတင်းထောက်အားလုံး ထောင်ကလွတ်

ဒီမိုကရက်တစ်မြန်မာ့ ​အသံရဲ့​ ပြည်တွင်း​သတင်း​ထောက် အား​လုံး​ ဇန်နဝါရီ ၁၃ ရက်​နေ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ ပြန်လည်လွတ်​မြောက်လာပါတယ်။
လွတ်ငြိမ်း​ ချမ်း​သာခွင့်​နဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ၃၀၀ ဝန်း​ကျင် ပြန်လည်လွတ်​မြောက်လာတဲ့​အထဲမှာ ​ထောင်ထဲမှာ ကျန်​နေတဲ့​ ဒီဗွီဘီ သတင်း​ထောက် ၁၃ ​ယောက်စလုံး​လည်း​ ပါဝင်လာတာလို့​ ဒီဗွီဘီ အယ်ဒီတာချုပ် ဦး​အေး​ချမ်း​နိုင်က အတည်ပြုပြောဆိုပါတယ်။

နောက်ထပ် အာဏာသိမ်းမှုမျိုး မဖြစ်နိုင်တော့ဘူးလို့ ဦးသူရရွှေမန်းပြောကြား

BBC — ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက သူ့အမြင်အတွေ့အကြုံအရ မြန်မာနိုင်ငံမှာ နောက်ထပ် စစ်အာဏာသိမ်းတာ မဖြစ်နိုင် တော့ဘူးလို့ ထုတ်ဖေါ် ပြောကြားလိုက် ပါတယ်။
AFP ပြင်သစ်သတင်းဌာနနဲ့ တနင်္လာနေ့က တွေ့ဆုံမေးမြန်းခန်းမှာ သူရ ဦးရွှေမန်းက အခုလို ပြောကြားခဲ့တာပါ။

နိုင်ငံခြားသင်္ဘောတစ်စီးအား လက်နက်ပါသည်ဟုမသင်္ကာ၇်ျ စစ်ဆေးနေ

အေးရှားဝေါလ် ဆိပ်ကမ်း
ရန်ကုန်မြို့ အလုံမြို့နယ်ရှိ အေးရှားဝေါလ် ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် C T P Fortune သင်္ဘောအား လက်နက်သေတ္တာများ ပါရှိသည်ဟု သံသယရှိသဖြင့် သင်္ဘောပေါ်မှ ကုန်သေတ္တာ ၅၃ လုံးကို ယနေ့ စတင်စစ်ဆေးနေကြောင်း ဆိပ်ကမ်းနှင့် နီးစပ်သည့် သတင်းရပ်ကွက်မှ သိရှိရသည်။
Related Posts Plugin for WordPress, Blogger...

ShareThis