menu

Friday 25 January 2013

ကြံ့ခိုင်ရေးပါတီနှင့်လယ်သမားများချေးငွေကိစ္စလှည်းကူးတွင် အငြင်းပွား

ကြံ့ခိုင်ရေးပါတီနှင့်လယ်သမားများချေးငွေကိစ္စလှည်းကူးတွင်
အငြင်းပွား...။

ရန်ကုန်တိုင်းဒေသကြီးလှည်းကူးမြို့နယ်ရှိလယ်သမား(၃၀၀)ကျော်
သည် ကြံ့ခိုင်ရေးပါတီမှ၎င်းတို့ချေးယူထားသောငွေကြေးနှင့်ပါတ်
သက်ပြီးပါတီနှင့်အငြင်းပွားမှုတွင်ပါဝင်ပါတ်သက်နေသည်ဟုဒေသ
ခံလယ်သမားတစ်ဦးမှယနေ့ပြောကြားသည်။

ကြံ့ခိုင်ရေးပါတီမှရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဦးလှသန်းမှ မဦး ကျေးရွာတွင်လာမည့်ဇန်န၀ါရီလ(၂၇)ရက်တွင်
ချေးငွေများပြန်လည်ပေးဆက်ခြင်းမရှိပါကလယ်သမားများအား
တရားစွဲဆိုသွားမည်ဟုခြိမ်းခြောက်ပြောဆိုသွားကြောင်းသိရှိရသည်။

လယ်သမားများဘက်မှချေးငွေပြန်လည်ပေးဆပ်ရန်အတွက်စိုက်ပျိုး
သည့်စပါးပြန်လည်ရိတ်သိမ်းပြီးချိန်အထိလအနည်းငယ်ရွှေ့ဆိုင်းပေး
ရန်တောင်းဆိုခဲ့သော်လည်းပါတီဘက်မှငြင်းဆိုခဲ့သည်။

တိုင်းဒေသကြီးလွှတ်တော်အမတ်ဦးလှသန်းမှ၎င်းချေးငွေများအား
ဒေသတွင်းအတိုးနှုန်းထက်သိသာစွာနည်းသောတစ်လ ၂.၅ ရာနှုန်း
ဖြင့်ပြီးခဲ့သော ၂၀၁၁ခုနှစ်မတ်လကစပါးစိုက်တောင်သူများအား
ထုတ်ချေးခဲ့ခြင်းဖြစ်သည်။ချေးငှားစဉ်အခါကဦးလှသန်းမှပါတီ၏
ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးအစီအစဉ်အတွက်လျှပ်စစ်ဝန်ကြီး
ဦးခင်မောင်စိုးမှမတည်ပေးခဲ့ကြောင်းပြောကြားခဲ့သည်။

MEN

အေးချမ်းမွန်မှ Myanmar Evening News   တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ရန်ကုန်တိုင်းဒေသကြီးလှည်းကူးမြို့နယ်ရှိလယ်သမား(၃၀၀)ကျော်
သည် ကြံ့ခိုင်ရေးပါတီမှ၎င်းတို့ချေး
ယူထားသောငွေကြေးနှင့်ပါတ်
သက်ပြီးပါတီနှင့်အငြင်းပွားမှုတွင်ပါဝင်ပါတ်သက်နေသည်ဟုဒေသ
ခံလယ်သမားတစ်ဦးမှယနေ့ပြောကြားသည်။

ကြံ့ခိုင်ရေးပါတီမှရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဦးလှသန်းမှ မဦး ကျေးရွာတွင်လာမည့်ဇန်န၀ါရီလ(၂၇)ရက်တွင်
ချေးငွေများပြန်လည်ပေးဆက်ခြင်းမရှိပါကလယ်သမားများအား
တရားစွဲဆိုသွားမည်ဟုခြိမ်းခြောက်ပြောဆိုသွားကြောင်းသိရှိရသည်။

ကျောက်တော် ဆန်စက်လှေ လုရာတွင် ပါဝင်သူ (၃) ဦးဖမ်းဆီးခံရ

ကျောက်တော် ဆန်စက်လှေ လုရာတွင် ပါဝင်သူ (၃) ဦးဖမ်းဆီးခံရ


ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကုလားတန် မြစ်အတွင်း ဆန်အိတ်များ သယ်ဆောင်လာသော စက်လှေ တစ်စီးမှ ဆန်လုသူများဟု သံသယ ဖြစ်ခံရသူ (၃) ဦးကို ရဲက ဖမ်းဆီးလိုက်သည်ဟု သတင်း ရရှိသည်။

“ အခု သတင်းရတာက ပိုက်သည်ရွာက မွတ်ဆလင် (၃) ဦးကို ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ နာမည်တွေတော့ မရပါဘူး။ ဆက်လက် စစ်ဆေးနေတုန်း ဖြစ်ပါတယ်” ဟု ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစောငြိမ်းက ပြောသည်။

သူတို့အား ယမန်နေ့က ဖမ်းဆီးလိုက်ခြင်း ဖြစ်ပြီး ကျောက်တော် ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း ဆိုသည်။

အဆိုပါ ဆန်စက်လှေသည် ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာမှာ ကျောက်တော်မြို့သို့ ဆန်အိတ် ၄၉ အိတ်ကို တင်ဆောင်၍ မောင်းနှင် လာစဉ် ဇန္န၀ါရီလ ၂၃ ညနေ ၆ နာရီခန့်တွင် အလုခံခဲ့ရသည်ဟု ပိုင်ရှင် သမီးဖြစ်သူက နိရဉ္စရာကို ပြောသည်။

“ ဒီကနေက စက်လှေက ညနေ ၅ နာရီခန့်မှာ ထွက်သွားပါတယ်။ စက်လှေပေါ်မှာ စက်ဆရာတစ်ဦးတည်းဘဲ ပါသွားပါတယ်။ ည  ၆ နာရီခန့်မှာ ပိုက်သည် မွတ်ဆလင်ရွာ တည့်တည့် ဂစ္ဆနဒီ  တံတား အနီးကို ရောက်စဉ်မှာ စက်လှေက ပိုက်တွေနဲ့ ငြိသွားတယ်လို့ သိရပါတယ်။ စက်လှေက ငြိနေတဲ့ ၀င်ရိုးကို ဖြုတ်နေစဉ်မှာ ပိုက်သည်ရွာက မွတ်ဆလင် ၂၅ ဦးခန့်လိုက်လာတဲ့ အတွက် စက်ဆရာက ရေကူးပြီး ထွက်ပြေးလာရတယ်။ စက်လှေက သူတို့လက်ထဲကို ပါသွားပါတယ်” ဟု ပြောသည်။

ဆန်များကို အပေါက်ဝ ကျေးရွာမှ ဆန်စက်ပိုင်ရှင် ဦးအောင်သိန်းနှင့် ဒေါ်သိန်းနုစိန်တို့ပိုင်ဆိုင်သည်ဟု သိရသည်။ အလုခံရသော စက်လှေအား နောက်တစ်နေ့တွင် ကုလားတန်မြစ်ထဲမှ ရှာဖွေ တွေ့ရှိခဲ့သော်လည်း စက်လှေထဲတွင် ဆန်အိတ်များ တစ်အိတ်မှ မရှိတော့ကြောင်း သိရသည်။

“ ကျွန်မ အမေက သတင်းရတာနဲ့ ရဲစခန်းကို သွားရောက်တိုင်ကြားပါတယ်။ အခုအချိန်ထိ ပိုက်သည်ရွာက ဆန်အိတ် ၁၁ အိတ်ကို ပြန်ရတယ်။ ကျန်တဲ့ ဆန်အိတ်ကိုတော့ မရသေးဘူး။ လူတော့ (၃) ဦးကို ဖမ်းထားတယ်လို့ ပြောပါတယ်။ ရဲက အမူမှန်ကို ဖေါ်ထုတ်ပေးမယ်လို့ ပြောပါတယ်” ဟု သူမက ဆိုသည်။

အခြေအနေတည်ငြိမ်နေသဖြင့် စက်ဆရာ တစ်ဦးတည်းဖြင့် သွားရောက် ဆန်ပို့စဉ် ယခုကဲ့သို့ လုယက်ခံရခြင်း ဖြစ်ကြောင်း သူမက ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်အောင် ကျောက်တော်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တစ်စုံတစ်ရာ တုန့်ပြန် ဖြေကြားမူ မရှိဘဲ ဖုံးချသွားခဲ့သည်။

ကျောက်တော် ဆိပ်ကမ်း တစ်နေရာ ။ (ဓါတ်ပုံ- နိရဉ္စရာ)

အေးချမ်းမွန်မှ  Narinjara တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကုလားတန် မြစ်အတွင်း ဆန်အိတ်များ သယ်ဆောင်လာသော စက်လှေ တစ်စီးမှ ဆန်လုသူများဟု သံသယ ဖြစ်ခံရသူ (၃) ဦးကို ရဲက ဖမ်းဆီးလိုက်သည်ဟု သတင်း ရရှိသည်။
“ အခု သတင်းရတာက ပိုက်သည်ရွာက မွတ်ဆလင် (၃) ဦးကို ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ နာမည်တွေတော့ မရပါဘူး။ ဆက်လက် စစ်ဆေးနေတုန်း ဖြစ်ပါတယ်” ဟု ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစောငြိမ်းက ပြောသည်။

သူတို့အား ယမန်နေ့က ဖမ်းဆီးလိုက်ခြင်း ဖြစ်ပြီး ကျောက်တော် ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း ဆိုသည်။

ယာဉ်ကြောကျပ်တည်းမှုအတွက် ပညာပေးကာလ ကုန်ဆုံးပါက ဥပဒေအရအရေးယူမည်

Photo: ယာဉ်ကြောကျပ်တည်းမှုအတွက် ပညာပေးကာလ ကုန်ဆုံးပါက ဥပဒေအရအရေးယူမည်

ရန်ကုန်၊ ဇန်နဝါရီ ၂၅။

ရန်ကုန်မြို့တော်တွင်း ယာဉ်ကြောပိတ်ဆို့မှု ကင်းဝေးစေရန်နှင့် ယာဉ်စည်း
ကမ်း လိုက်နာစေရန်အတွက် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာ
ပိုင်အဖွဲ့က စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ပညာပေးကာလအဖြစ် ယခုလ ၂၂ ရက်နေ့မှ စတင်ကာ ၂၉ ရက်နေ့ထိ
ပြုလုပ်မည်ဖြစ်ကြောင်း သိရပြီး ပညာပေးကာလ ကျော်လွန်ပါက ယာဉ်
စည်းကမ်းဖောက်ဖျတ်မှုအဖြစ် တည်ဆဲ ဥပဒေများအရ အဌားယာဉ်များ
အပြင် ကိုယ်ပိုင် ယာဉ်များပါ အရေးယူသွားမည် ဖြစ်ကြောင်း စစ်ဆေးရေး
အဖွဲ့တွင် ပါဝင်သော အရာရှိတစ်ဦးက ပြောကြားသည်။

"ကိုယ်ပိုင်ကားတွေကော လိုင်းကားတွေကော အကုန် စည်းစနစ်ကျပြီး
ရပ်ကြမယ်။ နောက်ပြီ လမ်းရှုပ်တဲ့နေရာတွေမှာ ကားတွေ ကျပ်နေတာကို
အတက်နိုင်ဆုံး ဖြေရှင်းကြဖို့အတွက် လုပ်ကြတာပါ"ဟု အဆိုပါ အရာရှိက
ပြောကြားသည်။

၎င်းတို့အနေဖြင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ဥပဒေများအရ စည်းကမ်း
များတင်းကျပ်မည်ဖြစ်ပြီး ပညာပေးကာလ ကျော်လွန်ပါက အငှားဖြစ်လျှင်
ယာဉ်မောင်းခွင့် ပိတ်ပင်မည်ဖြစ်ပြီး ကိုယ်ပိုင်ယာဉ် ဖြစ်ပါက ယာဉ်မောင်း
လိုင်စင် ရုတ်သိမ်းသည် အထိ အရေးယူမည် ဖြစ်ကြောင်း သိရသည်။

"ပညာပေး ကာလကျော်ရင်တော့ ဘက်စ်ကားဘဲဖြစ်ဖြစ်၊ တက်ဆီဘဲဖြစ်ဖြစ်၊
ကိုယ်ပိုင်ကားဖြစ်ဖြစ် ယာဉ်ကြောကျပ်တဲ့နေရာတွေ၊ ယာဉ်မရပ်ရ နေရာတွေ
မှာ ရပ်ရင် အကုန် အရေးယူမှာပါ" ဟု ယာဉ်စည်းကမ်းနှင့် ထိန်းသိမ်းရေးမှ
အရာရှိက ပြောကြားသည်။

အဆိုပါ အများပြည်သူသုံး ဘက်စ်ကားများ နှစ်ထပ်မရပ်ရေးနှင့် ယာဉ်ကြော
အတွင်း စည်းကမ်းတကျ ကျင့်သုံး၊သွားလာနိုင်ရေးအတွက် ဇန်နဝါရီလ ၇
ရက်နေ့တွင် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့အား
ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် နံနက် ၆ နာရီမှ ည ၆ နာရီ ထိစစ်ဆေးအရေးယူမှုများပြုလုပ်
သွားမည်ဖြစ်ကြောင်း သိရပြီး အချိန်မရွေး စစ်ဆေးမှုများလည်း ပြုလုပ်နိုင်
ဖွယ်ရှိကြောင်း သိရသည်။

အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့တွင် စည်ပင်သာယာ
နယ်နမိတ် ၃၁ မြို့နယ်အတွက် ၃၁ ဖွဲ့ဖွဲ့ကာ ဆောင်ရွက်လျက်ရှိပြီး စည်ပင်
နယ်နမိတ်အလွန်ရှိ ၁၄ မြို့နယ်အတွက် ၇ ဖွဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်လျက်
ရှိကြောင်း ရန်ကုန်တိုင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးမှ ရဲမှူး ဦးတာဌေးထံ
မှ သိရသည်။

စူးရှ

အေးချမ်းမွန်မှ  The Myanma Age  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ရန်ကုန်၊ ဇန်နဝါရီ ၂၅။

ရန်ကုန်မြို့တော်တွင်း ယာဉ်ကြောပိတ်ဆို့မှု ကင်းဝေးစေရန်နှင့် ယာဉ်စည်း
ကမ်း လိုက်နာစေရန်အတွက် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာ
ပိုင်အဖွဲ့က စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ပညာပေးကာလအဖြစ် ယခုလ ၂၂ ရက်နေ့မှ စတင်ကာ ၂၉ ရက်နေ့ထိ
ပြုလုပ်မည်ဖြစ်ကြောင်း သိရပြီး ပညာပေးကာလ ကျော်လွန်ပါက ယာဉ်
စည်းကမ်းဖောက်ဖျတ်မှုအဖြစ် တည်ဆဲ ဥပဒေများအရ အဌားယာဉ်များ
အပြင် ကိုယ်ပိုင် ယာဉ်များပါ အရေးယူသွားမည် ဖြစ်ကြောင်း စစ်ဆေးရေး
အဖွဲ့တွင် ပါဝင်သော အရာရှိတစ်ဦးက ပြောကြားသည်။

မော်လိုက်မြို့တွင် တံတားဖြတ်ကူးစဉ် တံတားကျိုး၍ ယာဉ်တိမ်းမှောက်မှုဖြစ်

Photo: မော်လိုက်မြို့တွင် တံတားဖြတ်ကူးစဉ် တံတားကျိုး၍ ယာဉ်တိမ်းမှောက်မှုဖြစ်
================================
မော်လိုက် ဇန်နဝါရီ ၂၄
===============================================
မုံရွာမှ နန်တောသို့ ပြေးဆွဲနေသော ရွှေမြန်မာ အဝေးပြေးယာဉ် ၄ခ/ ၅၉၃၄ သည် ဇန်နဝါရီလ ၂၄ ရက် နေ့လည် ၁၂နာရီ ၃၀တွင် ကလေးဝမြို့မှ အထွက် မော်လိုက်မြို့ အနီး မိုင်တိုင် အမှတ် ၂/၆ ရှိ ညောင်ချောင်းတံတားအား ဖြတ်ကူးစဉ် တံတား ကြို၍ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်တွင် ပါလာသော ခရီးသည် ၃၀ ဦးမှ ၁၅ ဦး ဒဏ်ရာရရှိ (မစိုးရိမ်ရ) ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများအား မော်လိုက် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း သတင်းရရှိသည်။

(မော်လိုက်ပြန်/ဆက်)

ပြန်ကြားရေးဝန်ကြီးဌာန website မှ
source::http://www.ministryofinformation.gov.mm/index.php

အေးချမ်းမွန်မှ  Yangon Media Group  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

မော်လိုက် ဇန်နဝါရီ ၂၄

မုံရွာမှ နန်တောသို့ ပြေးဆွဲနေသော ရွှေမြန်မာ အဝေးပြေးယာဉ် ၄ခ/ ၅၉၃၄ သည် ဇန်နဝါရီလ ၂၄ ရက် နေ့လည် ၁၂နာရီ ၃၀တွင် ကလေးဝမြို့မှ အထွက် မော်လိုက်မြို့ အနီး မိုင်တိုင် အမှတ် ၂/၆ ရှိ ညောင်ချောင်းတံတားအား ဖြတ်ကူးစဉ် တံတား ကြို၍ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။

အန္တာတိကတွင် သိပ္ပံပညာရှင်များ ပျောက်ဆုံးလျက်ရှိ

Photo: အန္တာတိကတွင် သိပ္ပံပညာရှင်များ ပျောက်ဆုံးလျက်ရှိ


အန္တာတိကတိုက်တွင် ပျောက်ဆုံးသွားသော ကနေဒါ နိုင်ငံသား (၃)ဦးကို လိုက်လံ ရှာဖွေနေသည့် လုပ်ငန်းများသည် ဆိုးရွားလှသော ရာသီဥတုကြောင့် နှောင့်နှေးနေကြောင်း သိရှိရသည်။
အန္တာတိကတိုက်တွင် ပျောက်ဆုံးသွားသော ကနေဒါ နိုင်ငံသား (၃)ဦးကို လိုက်လံ ရှာဖွေနေသည့် လုပ်ငန်းများသည် ဆိုးရွားလှသော ရာသီဥတုကြောင့် နှောင့်နှေးနေကြောင်း သိရှိရသည်။ အန္တာတိကတိုက် အရှေ့ဖျား ဒေသအနီးတွင် အရေးပေါ် အကူအညီ တောင်းခံသည့် အချက်ပြမီးကို တွေ့ရှိရသည့်နောက် DC-3 လေယာဉ် တစ်စင်းက သွားရောက် ကယ်တင်ရန် ကြိုးစားခဲ့သော်လည်း ရာသီဥတု အခြေအနေကြောင့် မဖြစ်မနေ အခြေစိုက် စခန်းထံ ပြန်လှည့်ခဲ့ရကြောင်း သတင်းများက ဆိုသည်။ အဆိုပါ ကနေဒါ နိုင်ငံသားများသည် လေယာဉ် တစ်စင်းနှင့်အတူ အန္တာတိကတိုက်တွင် ပျောက်ဆုံးသွားခြင်း ဖြစ်သည်။ နယူးဇီလန်တွင် အခြေစိုက်ကာ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသော်လည်း လတ်တလောတွင် အဆင်မပြေသေးဟု တာဝန်ရှိသူများက ဆိုသည်။

တောင်ဝင်ရိုးစွန်းနှင့် အနီးတဝိုက်တွင် ပျံသန်းခဲ့သော DC-3 လေယာဉ်သည် အင်္ဂါနေ့က ဖမ်းယူရရှိခဲ့သည့် အကူအညီတောင်းခံမှုနှင့် ပတ်သက်ပြီး ရှာဖွေရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ သို့တိုင်အောင် လေတိုက်နှုန်း ပြင်းထန်လွန်းခြင်းနှင့် ဆီးနှင်း အလွန်ထူထပ်ခြင်းများကြောင့် အမေရိကန် သုတေသနဌာန တစ်ခုတွင် ဆောက်လုပ်ထားသည့် လေယာဉ်ကွင်းသို့ ပြန်လာခဲ့ရသည်။ "DC-3ဟာ အချက်ပေးမှု ထုတ်လွှင့်တဲ့ ဧရိယာပေါ်မှာ စက်ဝိုင်းပတ် (၆)နာရီလောက် စောင့်ကြည့်ခဲ့ပါတယ်။ ဒါပေမဲ့ မြင်ကွင်း အရမ်းမှုန်ဝါး နေသလို အန္တရာယ် ရှိနိုင်တဲ့ အခြေအနေကြောင့် ပြန်လှည့်ခဲ့တာပါ"ဟု အဆိုပါ အခြေစိုက် စခန်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

Twin Otter လေယာဉ်ငယ်ဖြင့် ပျောက်ဆုံးသွားသူ (၃)ယောက်အနက် လေယာဉ်မှူး၏ အမည်ကိုမူ ဇနီးဖြစ်သူ၏ ဖော်ထုတ်မှုအရ ဘော့ဘ်ဟိသ်ဟု သိရှိရသည်။ ကနေဒါ အစိုးရကမူ ပျောက်ဆုံးစာရင်း အမည်များကို ကြေညာခြင်း မရှိသေးချေ။ လတ်တလောတွင် DC-3သည် ရာသီဥတု သာယာချိန်၌ အရေးပေါ် အကူအညီ တောင်းခံမှု အချက်ပေးလှိုင်းများ ထုတ်လွှင့်သော နေရာသို့ ပြန်သွားရန် စောင့်ဆိုင်းနေဆဲဟု သိရှိရသည်။

Source: BBC


အေးချမ်းမွန်မှ Planet Myanmar Network  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
အန္တာတိကတိုက်တွင် ပျောက်ဆုံးသွားသော ကနေဒါ နိုင်ငံသား (၃)ဦးကို လိုက်လံ ရှာဖွေနေသည့် လုပ်ငန်းများသည် ဆိုးရွားလှသော ရာသီဥတုကြောင့် နှောင့်နှေးနေကြောင်း သိရှိရသည်။
အန္တာတိကတိုက်တွင် ပျောက်ဆုံးသွားသော ကနေဒါ နိုင်ငံသား (၃)ဦးကို လိုက်လံ ရှာဖွေနေသည့် လုပ်ငန်းများသည် ဆိုးရွားလှသော ရာသီဥတုကြောင့် နှောင့်နှေးနေကြောင်း သိရှိရသည်။ အန္တာတိကတိုက် အရှေ့ဖျား ဒေသအနီးတွင် အရေးပေါ် အကူအညီ တောင်းခံသည့် အချက်ပြမီးကို တွေ့ရှိရသည့်နောက် DC-3 လေယာဉ် တစ်စင်းက သွားရောက် ကယ်တင်ရန် ကြိုးစားခဲ့သော်လည်း ရာသီဥတု အခြေအနေကြောင့် မဖြစ်မနေ အခြေစိုက် စခန်းထံ ပြန်လှည့်ခဲ့ရကြောင်း သတင်းများက ဆိုသည်။

မိကျောင်းကို အနီးကပ်လေ့လာနိုင်မည့် မိကျောင်းပြတိုက်

Photo: မိကျောင်းကို အနီးကပ်လေ့လာနိုင်မည့် မိကျောင်းပြတိုက်


ပုံမှာမြင်တွေ့ရတဲ့အတိုင်း လူတိုင်း မိကျောင်းမြောက်များစွာကို နီးနီးကပ်ကပ်လေ့လာခွင့်ရမှာ ဖ်ြစပါတယ်။

၂၀၀၈ ခုနှစ် ဇူလိုင်လက စတင်လို့ သြတေစလျနိုင်ငံ မှာ ဖွင့်လှစ်တဲ့ Crocosaurus Cove Darwin အမည်ရ ရေကမ္ဘာပြတိုက် တစ်ခုမှာ
ဖြစ်ပါတယ်။ မိကျောင်းပေါင်း အကောင် ၂၀၀ ကျော်မွေးမြူထားတဲ့ ကန်ထဲ ကို ဆင်းလေ့လာဖို့အတွက် မှန်ဆလင်ဘူးများ လုပ်ပေးထားပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပဲ ယင်း ဆလင်ဒါဘူးကနေ မိကျောင်းများကို အနီးကပ် လေ့လာရမှာ ဖြစ်ပါတယ်။

အထဲမှာမွေးထားတာ မိကျောင်းလိမ္မာများ မဟုတ်ပါဘူး။ ကမ္ဘာ့အကြီးဆုံး မိကျောင်း၊ အဆိုးဆုံးမိကျောင်းနဲ့ အသားစား မိကျောင်းကြိးများ ဖြစ်ပါတယ်။ ဒီတော့ လေ့လာချင်သူများအနေနဲ့ အသက်အန္တရာယ်လုံခြုံစိတ်ချ ရဖို့ အတွက် ယခုလိုပဲ ပြင်ဆင်ပေးထားပါတယ်။ လိုအပ်ရင် အောက်ဆီဂျင်ဘူး ပါ ပေးထားပါတယ်။

အသားစားချင်တဲ့ မိကျောင်းတွေက လူကို အနီးကပ်လာကြည့်ပြီး ထူလှတဲ့ မှန်ကို ကျော်လို့ မတိုက်ခိုက်နိုင်ပါဘူး။ Crocosaurus Cove Darwin မိကျောင်း ကမ္ဘာဟာ ကမ္ဘာ့လှည့်ခရီးသည်များအား အဓိကစွဲဆောင်ရာ နေရာ တစ်ခုအဖြစ်လည်း တည်ရှိလျက် ရှိကြောင်း သိရပါတယ်။
--
Ref: cbs
ရိုးရာလေး သဘာဝအလှ

http://www.yoyarlay.com/international-news/europe/33974-crocodile-aquarim-in-ausi


အေးချမ်းမွန်မှ   YoYarLay တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ပုံမှာမြင်တွေ့ရတဲ့အတိုင်း လူတိုင်း မိကျောင်းမြောက်များစွာကို နီးနီးကပ်ကပ်လေ့လာခွင့်ရမှာ ဖ်ြစပါတယ်။

၂၀၀၈ ခုနှစ် ဇူလိုင်လက စတင်လို့ သြတေစလျနိုင်ငံ မှာ ဖွင့်လှစ်တဲ့ Crocosaurus Cove Darwin အမည်ရ ရေကမ္ဘာပြတိုက် တစ်ခုမှာ
ဖြစ်ပါတယ်။ မိကျောင်းပေါင်း အကောင် ၂၀၀ ကျော်မွေးမြူထားတဲ့ ကန်ထဲ ကို ဆင်းလေ့လာဖို့အတွက် မှန်ဆလင်ဘူးများ လုပ်ပေးထားပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပဲ ယင်း ဆလင်ဒါဘူးကနေ မိကျောင်းများကို အနီးကပ် လေ့လာရမှာ ဖြစ်ပါတယ်။

စစ်တွေမြို့ပေါ်မှ အစားအစာနှင့် ဟင်းသီးဟင်းရွက်အချို့တွင် အဆိပ်များပါဝင်နေကြောင်း သတင်းများ ထွက်ပေါ်နေခြင်းနှင့် ပတ်သက်ပြီး မဟုတ်မှန်ကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ ပြောကြား


စစ်တွေမြို့ပေါ်မှ အစားအစာနှင့် ဟင်းသီးဟင်းရွက်အချို့တွင် အဆိပ်များပါဝင်နေကြောင်း သတင်းများ ထွက်ပေါ်နေခြင်းနှင့် ပတ်သက်ပြီး မဟုတ်မှန်ကြောင်း ပြည်နယ်အစိုးရဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီမှ တာဝန်ရှိသူ ဦးဝင်းမြိုင်က ပြောပါသည်။

"ကျွန်တော်တို့ သက်ဆိုင်ရာ ဆရာဝန်တွေနဲ့ စစ်ဆေးပြီးပါပြီ။ ဘာအဆိပ်မှ မတွေ့ပါဘူးလို့ ဆရာဝန်တွေက ထွက်ဆိုပါတယ်။ အခုထွက်ပေါ်နေတဲ့ သတင်းက ကောလာဟာလ သတင်းတွေပါ။ ရန်ကုန်ကိုတောင် ပို့စရာမလိုဘူး။ ဒီမှာတင် ဆရာဝန်တွေနဲ့ စစ်ဆေးခဲ့တာပါ" ဟု ပြောကြားခဲ့ပါသည်။

ယခုကဲ့သို့ သတင်းများ ထွက်ပေါ်နေခြင်းကြောင့် စစ်တွေမြို့ခံများမှာ ဟင်းသီးဟင်းရွက်များနှင့် အချို့သော အစားအစာများကိုပင် ၀ယ်ယူစားသုံးရန် စိုးရိမ်နေကြကြောင်း သိရသည်။

ဆရာတော် ဦးသုမင်္ဂလ( ဒယ်အိုးဆရာတော်) တရားဟောခွင့် ပြန်လည်ရရှိ

Photo: ဆရာတော် ဦးသုမင်္ဂလ( ဒယ်အိုးဆရာတော်) တရားဟောခွင့် ပြန်လည်ရရှိ 

ဒယ်အိုးဆရာတော်ဟု လူသိများသော ဆရာတော် ဦးသုမင်္ဂလ၏ တရားဟောကြားခွင့် ပိတ်ပင်ထားမှုကို ယနေ့ နေ့လည် ၁နာရီ အချိန်က ရွှေတိဂုံစေတီတော်အရှေ့ဘက်မုဒ် ကြေးသွန်းဘုရားကြီး ရှေ့ရှိ ရန်ကုန်တိုင်း တိုင်းသံဃနာယကအဖွဲ့ရုံးတွင် မိနစ် ၃၀ ကျော်အကြာ တွေ့ဆုံမှု အပြီး တရားဟောခွင့်ပြုလိုက်ပြီးဖြစ်ကြောင့် ဆရာတော်က မိန့်ကြားသည်။ 

အေးချမ်းမွန်မှ The Voice Weekly တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဒယ်အိုးဆရာတော်ဟု လူသိများသော ဆရာတော် ဦးသုမင်္ဂလ၏ တရားဟောကြားခွင့် ပိတ်ပင်ထားမှုကို ယနေ့ နေ့လည် ၁နာရီ အချိန်က ရွှေတိဂုံစေတီတော်အရှေ့ဘက်မုဒ် ကြေးသွန်းဘုရားကြီး ရှေ့ရှိ ရန်ကုန်တိုင်း တိုင်းသံဃနာယကအဖွဲ့ရုံးတွင် မိနစ် ၃၀ ကျော်အကြာ တွေ့ဆုံမှု အပြီး တရားဟောခွင့်ပြုလိုက်ပြီးဖြစ်ကြောင့် ဆရာတော်က မိန့်ကြားသည်။

The Voice Weekly 

ပြည်သူ့ရင်ပြင် အတွင်း စည်းကမ်းမဲ့ မောင်းနှင်နေသည့် ပြိုင်ကားများအနက်မှ ငါးစီးကို စည်ပင်သာယာ ဥပဒေဖြင့် အရေးယူ

Photo: 
ပြည်သူ့ရင်ပြင် အတွင်း စည်းကမ်းမဲ့ မောင်းနှင်နေသည့် ပြိုင်ကားများအနက်မှ ငါးစီးကို စည်ပင်သာယာ ဥပဒေဖြင့် အရေးယူ 

Thursday, 24 January 2013 19:58

ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင် အတွင်း စည်းကမ်းမဲ့ မောင်းနှင်နေသည့် ပြိုင်ကားများအနက် ယာဉ်ငါးစီးကို စည်ပင်သာယာ ဥပဒေဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁၃ ရက်နေ့ ညပိုင်းတွင် ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင် အတွင်း ပြိုင်ကား ၁၃ စီး စည်းကမ်းမဲ့ မောင်းနှင်နေသဖြင့် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တားဆီးဖမ်းဆီးရန် ညွှန်ကြားချက်ဖြင့် ဖမ်းဆီးခဲ့ရာ ငါးစီးအား ဖမ်းဆီးမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

စည်းကမ်းမဲ့ မောင်းနှင်မှုကြောင့် ဖမ်းဆီးခဲ့သည့် ပြိုင်ကားငါးစီးကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး၌ ထိန်းသိမ်းထားပြီး ယာဉ်မောင်းများအား နောက်နောင် စည်းကမ်းမဲ့စွာ ပြိုင်ကားများ အုပ်စုဖွဲ့ မောင်းနှင်ခြင်း မပြုလုပ်ရန် ရှင်းလင်းဆွေးနွေးပြီး ခံဝန်ကတိ ပြုလုပ်၍ လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပက်သက်၍ ရန်ကုန်တိုင်း ဒေသကြီး ယာဉ်ထိန်းရဲ တပ်ဖွဲ့ရုံးမှ ဒုတိယ တိုင်းရဲတပ်ဖွဲ့မှူး ဖြစ်သူ ရဲမှူးသာဌေးက “စည်းကမ်းမဲ့ မောင်းနှင်ခဲ့တဲ့ ပြိုင်ကားငါးစီးကို အရေးယူ ဖို့အတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးကို တင်ပြခဲ့ပါတယ်။ အဲ့ဒီယာဉ် ငါးစီးကို မော်တော်ယာဉ် ဥပဒေထက်ပိုပြီး သက်ရောက်စေမယ့် စည်ပင်သာယာ ဥပဒေနဲ့ အရေးယူသွားပါမယ်။ ကျွန်တော်တို့ဌာန အနေနဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီးတော့ စည်းကမ်းမဲ့ မောင်းနှင်နေတဲ့ ပြိုင်ကားတွေကို ဆက်လက် အရေးယူသွားမယ်။ ပြိုင်ကားမောင်းနေတဲ့ သူတွေက စည်းကမ်းရှိရှိနဲ့ မောင်းနှင်သွားမယ် ဆိုရင်တော့ အရေးယူစရာ မလိုပါဘူး” ဟု သုံးသပ် ပြောကြားခဲ့သည်။

ဖမ်းဆီး သိမ်းဆည်းခဲ့သည့် ပြိုင်ကားများမှာ ၉က/၄-- Toyota Supra အနက်ရောင်၊ ၉ဃ/၂--- Nissan Skyline အနက်ရောင်၊ ၄င/၄--- Nissan Skyline အဖြူရောင်၊ ၁င/၃--- Nissan Skyline အဖြူရောင်နှင့် ၂ဃ/၉--- Subaru အပြာရောင်ယာဉ်တို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်များအားလုံး၏ မှန်များတွင် စတေကာများ တပ်ဆင်ထားပြီး ယာဉ်မောင်းများမှာ အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်း ရှိသူများ ဖြစ်သည်။

ဖမ်းဆီးရမိခဲ့သည့် ငါးစီးတွင် Drift မောင်း ယှဉ်ပြိုင်သည့် ယာဉ်နှစ်စီး မပါဝင်ဘဲ ယင်းတို့မှာ ၄ဂ/၃၂-- နံပါတ်ပြား တပ်ဆင်ပြီး နံပါတ်ပြားကို စတစ်ကာဖြင့် ရေးသားထားသည့် အဖြူရောင်ကားနှင့် ၄င/၃၅--နံပါတ်ပြား တပ်ဆင်ထားပြီး နံပါတ်မှာ နောက်နံပါတ်ပြား တစ်ခုသာ ပါရှိပြီး ရှေ့နံပါတ်ပြား မပါရှိသည့် အနက်ရောင် ကားတို့ဖြစ်ကြောင်း ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယင်းဖြစ်စဉ်အား အသေးစိတ် သိရှိရန် အတွက် ဒဂုံမြို့နယ် ရဲစခန်းမှ တပ်ဖွဲ့မှူး ဖြစ်သူ ရဲမှူးဝင်းရွှေအား မေးမြန်းခဲ့ရာတွင်” ကျွန်တော်တို့ကို အထက်က မီဒီယာတွေနဲ့ တွေ့ဆုံပြောကြားဖို့ ခွင့်မပြုထားပါဘူး” ဟု ပြန်လည် ဖြေကြားခဲ့သည်။

ထိုသို့ စည်းကမ်းမဲ့ ပြိုင်မောင်းခဲ့သည့် ယာဉ်မောင်းများမှာ တာမွေမြို့နယ်၊ သာကေတမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ လှိုင်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ် တို့အတွင်း နေထိုင်သူများ ဖြစ်ကြပြီး စစ်ဘက်ဆိုင်ရာ အရာရှိကြီးများနှင့် နီးစပ်သူများ ပါဝင်ကြောင်း သိရှိရသည်။


ဖမ်းဆီးထိန်းသိမ်းထားသာ ပြိုင်ကားအချို့အား တွေ့ရစဉ်

အေးချမ်းမွန်မှ Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဖမ်းဆီးထိန်းသိမ်းထားသာ ပြိုင်ကားအချို့အား တွေ့ရစဉ်

  ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင် အတွင်း စည်းကမ်းမဲ့ မောင်းနှင်နေသည့် ပြိုင်ကားများအနက် ယာဉ်ငါးစီးကို စည်ပင်သာယာ ဥပဒေဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁၃ ရက်နေ့ ညပိုင်းတွင် ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင် အတွင်း ပြိုင်ကား ၁၃ စီး စည်းကမ်းမဲ့ မောင်းနှင်နေသဖြင့် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တားဆီးဖမ်းဆီးရန် ညွှန်ကြားချက်ဖြင့် ဖမ်းဆီးခဲ့ရာ ငါးစီးအား ဖမ်းဆီးမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

လမ်းဘေး လက်ဖက်ရည်ဆိုင်များနှင့် အဝေးပြေး ကားများပေါ်တွင် မြန်မာဗီဒီယို ဇာတ်ကားများ ပြသနေမှုများအား ခွင့်ပြုတော့မည် မဟုတ်ဟု ရန်ကုန်တိုင်း ဒေသကြီး ဗီဒီယို အခြေခံအဖွဲ့ (ဗဟို) မှ ထုတ်ပြန်


Photo: 
လမ်းဘေး လက်ဖက်ရည်ဆိုင်များနှင့် အဝေးပြေး ကားများပေါ်တွင် မြန်မာဗီဒီယို ဇာတ်ကားများ ပြသနေမှုများအား ခွင့်ပြုတော့မည် မဟုတ်ဟု ရန်ကုန်တိုင်း ဒေသကြီး ဗီဒီယို အခြေခံအဖွဲ့ (ဗဟို) မှ ထုတ်ပြန်  

Thursday, 24 January 2013 20:18

လမ်းဘေး လက်ဖက်ရည်ဆိုင်များနှင့် အဝေးပြေးကားများပေါ်တွင် မြန်မာဗီဒီယို ဇာတ်ကားများ ပြသနေမှုအား ခွင့်ပြုတော့မည် မဟုတ်ဘဲ တားဆီးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဗီဒီယို အခြေခံအဖွဲ့မှ ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းကဲ့သို့ ထုတ်ပြန် ကြေညာရခြင်းမှာ ရုပ်မြင်သံကြားနှင့် ဗီဒီယို အက်ဥပဒေအရ လမ်းဘေး လက်ဖက်ရည်ဆိုင်များတွင် မြန်မာဗီဒီယို ဇာတ်ကားများအား ပြသခွင့် မရှိဘဲ ရုပ်သံလိုင်းများတွင် ပြသလျက် ရှိသည့် ဇာတ်ကားများနှင့် တေးသီချင်း ဗီစီဒီများသာ ပြသခွင့်ရှိကြောင်း၊ အဝေးပြေး ကားများပေါ်၌ ဇာတ်ကားများ ပြသနေခြင်းသည်လည်း ဇာတ်ကား နယ်ကျော်ပြသခြင်းမျိုး ဖြစ်နေသည့်အတွက် ယခုကဲ့သို့ တားမြစ်ရခြင်း ဖြစ်သည်ဟု သိရှိရသည်။

“ကျွန်တော်တို့အနေနဲ့ မြန်မာဗီဒီယို ဇာတ်ကားတွေကို ပြသချင်တယ်ဆိုရင် ရုံသွင်းပြီးတော့ အခကြေးငွေနဲ့ ပြသခွင့် ရှိပါတယ်။ သို့သော် လမ်းဘေး လက်ဖက်ရည်ဆိုင်လို နေရာမျိုးမှာ ဇာတ်ကားတစ်ကားကို ငှားရမ်းပြီးတော့ ပြသရာမှာ လမ်းမပေါ် ရောက်တဲ့အထိ ရပ်ပြီး ကြည့်ကြတာမျိုးတွေတော့ ခွင့်ပြုတော့မှာ မဟုတ်ပါဘူး။ အဓိကတော့ ဈေးကွက်ပိုင်းဆိုင်ရာ အရလည်း ထိခိုက်တာကြောင့်ပါ။ ဥပဒေ အရလည်း ပြသခွင့် မရှိပါဘူး။ ပြသလိုတယ်ဆိုရင် ရုပ်သံလိုင်းတွေနဲ့ တေးသီချင်း ဗီစီဒီတွေပဲ ပြသခွင့် ရှိမှာပါ။ အဝေးပြေးကားတွေ ပေါ်မှာ မြန်မာဗီဒီယို ဇာတ်ကားတွေ ပြသတာကိုလည်း တားမြစ်သွားပါမယ်။ ဘာကြောင့်လည်း ဆိုတော့ ဗီဒီယို ဇာတ်ကားတွေကို သူ့နယ် မြေနဲ့သူ သတ်မှတ်ထားပြီး သားပါ။ အခုတော့ အဝေးပြေးကားပေါ်မှာ ပြဖို့ ရန်ကုန်ကနေ ယူသွားမယ်။ ဟိုဘက်နယ်မှာ ကျန်ခဲ့မယ်။ အဲဒီအခွေကို ကူးယူပြီး နယ်မှာ ထပ်မံငှားရမ်းမယ်။ ဒါဆို နယ်ကျော် ဖြစ်သွားပါပြီ။ ဒါကြောင့် အဲဒီနှစ်မျိုးလုံးကို တားမြစ်သွားပါမယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး ဗီဒီယို အခြေခံအဖွဲ့ (ဗဟို) မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ကိုမျိုးဇော်က ရှင်းပြခဲ့ပါသည်။

လမ်းဘေး လက်ဖက်ရည်ဆိုင်များနှင့် အဝေးပြေးကား များပေါ်တွင် မြန်မာဗီဒီယို ဇာတ်ကားများ ပြသနေမှုအား ယခုလကုန်ပိုင်းမှ စတင်ကာ ပညာပေး တားဆီးသွားရန် စီစဉ်ထားသည်ဟု သိရှိရသည်။

အေးချမ်းမွန်မှ Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
လမ်းဘေး လက်ဖက်ရည်ဆိုင်များနှင့် အဝေးပြေးကားများပေါ်တွင် မြန်မာဗီဒီယို ဇာတ်ကားများ ပြသနေမှုအား ခွင့်ပြုတော့မည် မဟုတ်ဘဲ တားဆီးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဗီဒီယို အခြေခံအဖွဲ့မှ ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းကဲ့သို့ ထုတ်ပြန် ကြေညာရခြင်းမှာ ရုပ်မြင်သံကြားနှင့် ဗီဒီယို အက်ဥပဒေအရ လမ်းဘေး လက်ဖက်ရည်ဆိုင်များတွင် မြန်မာဗီဒီယို ဇာတ်ကားများအား ပြသခွင့် မရှိဘဲ ရုပ်သံလိုင်းများတွင် ပြသလျက် ရှိသည့် ဇာတ်ကားများနှင့် တေးသီချင်း ဗီစီဒီများသာ ပြသခွင့်ရှိကြောင်း၊ အဝေးပြေး ကားများပေါ်၌ ဇာတ်ကားများ ပြသနေခြင်းသည်လည်း ဇာတ်ကား နယ်ကျော်ပြသခြင်းမျိုး ဖြစ်နေသည့်အတွက် ယခုကဲ့သို့ တားမြစ်ရခြင်း ဖြစ်သည်ဟု သိရှိရသည်။

ဘိုးဘိုးအောင်``၀´´လုံးကဲ့သို့မဖြစ်ဖို့လိုအပ်နေတဲ့ ပဲခူးမြို့ရဲ့ ယာဉ်စည်းကမ်း

Photo: ဘိုးဘိုးအောင်``၀´´လုံးကဲ့သို့မဖြစ်ဖို့လိုအပ်နေတဲ့ ပဲခူးမြို့ရဲ့ ယာဉ်စည်းကမ်း

ပဲခူးမြို့၊ မဇင်း(၁)လမ်းရှိ အ၀ိုင်းပတ်မှာ ရွှေသာလျောင်း လမ်းမနှင့် ရန်ကုန်-မန်္တလေးလမ်း မကြီးသို့ ဆက်သွယ်ထားတဲ့ အ၀ိုင်းပတ်ဖြစ်ပြီး မကြာခဏ ယာဉ်တိုက်မှုဖြစ်ပွားတဲ့နေရာဖြစ် နေသလို ယာဉ်ကြောကွေ့တဲ့ အခါ စည်းကမ်းမဲ့စွာ ကြုံသလို ကွေ့ဝိုက်ထွက်နေတဲ့ အ၀ိုင်းပတ် ဖြစ်နေတာ တွေ့နေရပါတယ်။ အဲဒီ အ၀ိုင်းပတ်အကွေ့ဟာ အလွန်ကျဉ်းမြောင်းစွာ ကွေ့ရတဲ့ နေရာဖြစ်သလို၊ ဆိုင်ကယ်၊ ကယ် ရီများကလည်း ဂိတ်အဖြစ် သူ ထက်ငါ ခရီးသည်လုပြီးခေါ်ကြ၊ ပျံကျဈေးဆိုင်များကလည်း မြို့၏ ပြယုဂ်ဖြစ်နေတဲ့ ပန်းခြံကို ပိတ် ဆို့ပြီး ဈေးရောင်းနေကြတော့ အလွန်ရှုပ်ထွေးလှပြီး၊ အမှတ်(၅) အ.လ.က ကျောင်းလည်း တည်ရှိတော့ ကျောင်းတက်ချိန်၊ ကျောင်း လွှတ်ချိန်ဆို ပိုမိုပြီး ကျောင်းသား၊ ကျောင်းသူများနဲ့ ရှုပ်ထွေး အန္တရာယ်ရှိလှတဲ့ အ၀ိုင်းပတ်တစ် ခုဖြစ်နေပါတယ်။ ရွှေသာလျောင်း လမ်းမကနေ မောင်းလာတဲ့ ဆိုင် ကယ်၊ ကားများမှာ ရန်ကုန်-မန္တလေးလမ်းမကြီးပေါ်တက်မယ် ဆိုရင် ဘူတာခုံးတံတားဖြစ်တဲ့ အတွက် အရှိန်နဲ့ အတင်းလု တက်ကြတော့ မကြာခဏ အန္တရာယ်နဲ့ ကြုံနေရတဲ့နေရာ တစ်ခုအဖြစ်ရှိနေပါတယ်။ စာ ရေးသူရဲ့ အတွေ့အကြုံလေးတစ် ခုပြောပြရမယ်ဆိုရင် မြို့တွင်း ဘူတာခုံးတံတားပေါ်မှ စာရေး သူဆိုင်ကယ်မောင်းဆင်းလာခဲ့ပါ တယ်။ အဲဒီမဇင်း(၁)လမ်း ရွှေ သာလျောင်းလမ်းဆုံအ၀ိုင်းပတ် ကိုရောက်တော့ TE ယာဉ်က အ၀ိုင်းပတ်ကို ရုတ်တရက်၊ လမ်း ပြောင်းပြန်ပတ်ကွေ့လိုက်တော့ ဆိုင်ကယ်မောင်းလာတဲ့ စာရေး သူဖြုန်းဆို ဘရိတ်ဖမ်း အရှိန် သတ်လိုက်ရတာပေါ့။ ယာဉ်မောင်း နဲ့စကားအခြေအတင်ပြောမိတော့၊ ယာဉ်မောင်းက ဘာပြောသလဲ ဆိုတော့၊ ခင်ဗျားဘာဖြစ်သွားလို့ လဲ၊ ဖြစ်မှပြောတဲ့၊ ကျုပ်တစ် ယောက်တည်း ဒီလိုကွေ့တာ မဟုတ်ဘူး၊ အများဒီလိုပဲ ကွေ့နေတာ၊ စည်းကမ်းစကား လာမပြောနဲ့လို့ ယာဉ်မောင်း စကားကြောင့် ကျွန်တော်တို့ ပဲခူးမြို့ရဲ့ ယာဉ်စည်းကမ်းဟာ အလွန်ကို စည်းကမ်းမဲ့ နေပါသလားဆိုတာ တွေးမိလို့ စာရေးသူကပဲ အလျှော့ပေးလိုက် ရတာပေါ့၊ ဒါကြောင့် ပဲခူးမြို့ရဲ့ ယာဉ်စည်းကမ်းဟာ အလွန်ကို ဆိုးဝါးစွာမဲ့နေတဲ့အတွက် တိုင်း ဒေသကြီးအစိုးရရုံးတည်ရှိရာ မြို့ တစ်မြို့အနေနှင့် ယာဉ်စည်းကမ်း အထူးရှိဖို့ လိုအပ်နေပြီး စာရေးသူ များ ဘယ်လောက်ပဲရေးရေး ပဲခူး မြို့၏ ယာဉ်စည်းကမ်းမှာ ဘိုးဘိုး အောင် “၀”လုံးကဲ့သို့ မဖြစ်ဖို့ လိုအပ်နေပါကြောင်း ရေးသား လိုက်ရပေသည်။

မျိုးကြီး(HGU)

အေးချမ်းမွန်မှ The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ပဲခူးမြို့၊ မဇင်း(၁)လမ်းရှိ အ၀ိုင်းပတ်မှာ ရွှေသာလျောင်း လမ်းမနှင့် ရန်ကုန်-မန်္တလေးလမ်း မကြီးသို့ ဆက်သွယ်ထားတဲ့ အ၀ိုင်းပတ်ဖြစ်ပြီး မကြာခဏ ယာဉ်တိုက်မှုဖြစ်ပွားတဲ့နေရာဖြစ် နေသလို ယာဉ်ကြောကွေ့တဲ့ အခါ စည်းကမ်းမဲ့စွာ ကြုံသလို ကွေ့ဝိုက်ထွက်နေတဲ့ အ၀ိုင်းပတ် ဖြစ်နေတာ တွေ့နေရပါတယ်။ အဲဒီ အ၀ိုင်းပတ်အကွေ့ဟာ အလွန်ကျဉ်းမြောင်းစွာ ကွေ့ရတဲ့ နေရာဖြစ်သလို၊ ဆိုင်ကယ်၊ ကယ် ရီများကလည်း ဂိတ်အဖြစ် သူ ထက်ငါ ခရီးသည်လုပြီးခေါ်ကြ၊ ပျံကျဈေးဆိုင်များကလည်း မြို့၏ ပြယုဂ်ဖြစ်နေတဲ့ ပန်းခြံကို ပိတ် ဆို့ပြီး ဈေးရောင်းနေကြတော့ အလွန်ရှုပ်ထွေးလှပြီး၊ အမှတ်(၅) အ.လ.က ကျောင်းလည်း တည်ရှိတော့ ကျောင်းတက်ချိန်၊ ကျောင်း လွှတ်ချိန်ဆို ပိုမိုပြီး ကျောင်းသား၊ ကျောင်းသူများနဲ့ ရှုပ်ထွေး အန္တရာယ်ရှိလှတဲ့ အ၀ိုင်းပတ်တစ် ခုဖြစ်နေပါတယ်။

ကလေးရိုက်တဲ့ ဆရာမ ထောင်ဒဏ် (၁) လ ပြစ်ဒဏ်ချခံရ

Photo: ဆရာမဖြစ်သူသည် ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃၂၃ ကို ကျူးလွန်ကြောင်း တွေ့ရှိသဖြင့် ငွေဒဏ်တစ်ထောင် ကျပ်ပေး ဆောင်စေ၊ မဆောင်က ထောင် ဒဏ်တစ်လ ကျခံစေရန် ဒဂုံမြို့ သစ်မြောက်ပိုင်းမြို့နယ် တရားရုံး က ဇန်န၀ါရီလ (၃)ရက်နေ့က ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
အမှုမှာ ၁၃-၉-၂၀၁၂ နေ့ မွန်းလွဲ ၂နာရီ ၃၀ အချိန် ဒဂုံ မြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၃၁ ရပ်ကွက်နေ ဦးထွန်းတင်၏ မြေး ဖြစ်သူသည် ဒဂုံမြို့သစ် မြောက် ပိုင်းမြို့နယ်ရှိ၊ အခြေခံပညာ မူလ တန်းကျောင်းမှ သူငယ်တန်း ကျောင်းသားဖြစ်ပြီးကျောင်းမှ ပြန်လာရာ ၎င်းင်း၏ ၀ဲဘက် ခြေ သလုံးနှင့်၊ ယာဘက်ခြေသလုံး တွင် ဖူးရောင်ဒဏ်ရာ ၂ ချက်စီ ရရှိထားသည်ကို တွေ့ရှိသဖြင့် မေးမြန်းရာ အတန်းပိုင်ဆရာမက ၀ါးခြမ်းပြားဖြင့် ရိုက်၍ ရရှိသော ဒဏ်ရာများ ဖြစ်ကြောင်း ပြောပြသိရှိရသဖြင့် ဆရာမကို အရေးယူပေးပါရန် ဦးထွန်းတင် က ရုံးတော်သို့ ဦးတိုက်လျှောက်ထားရာမှ ပေါ် ပေါက်လာသော အမှုဖြစ်ကြောင်း သိရသည်။
ဆရာမဘက်က ဆုံးမ သည့်အနေဖြင့် ရိုက်နှက်ခြင်း ဖြစ်သဖြင့် အပြစ်မရှိကြောင်း ထုချေထားသည်ကို တွေ့ရမည်။ သို့သော် ဆရာမဘက်က ထိုသို့ ရိုက်နှက်ပြီးဆုံးမနိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်သည်ကို မတွေ့ရပေ၊ တစ်နည်းအားဖြင့် ကျောင်းသား ဖြစ်သူကို ဆရာဖြစ်သူက ရိုက် နှက်ဆုံးမခြင်းမပြုနိုင်သည်မှာ မြင်သာကြောင်း၊ ဆရာနှင့်တပည့် ကြားတွင် စာမရ၍သော်လည်း ကောင်း၊ ရန်ဖြစ်၍သော်လည်း ကောင်း ရိုက်နှက်ဆုံးမသည့် အစဉ်အလာများ ရှိခဲ့ဖူးသည်မှာ အငြင်းမပွားသော်လည်း စနစ် အခြေအနေများ ပြောင်းလဲလာ သဖြင့် ယင်းပြောင်းလဲမှုနှင့်အညီ လိုက်နာဆောင် ရွက်သင့်သည်ကို လည်း အလေးဂရုပြုသင့် ကြောင်း၊ တရားသူကြီး၏ အမိန့် ချမှတ်ရာတွင် ထည့်သွင်း ဖော်ပြထားသည်။
ဆရာမသည် အသက် ၅၂ နှစ်အရွယ်ရှိနေသူဖြစ်ပြီး လုပ် သက်အားဖြင့် (၃၁)နှစ်ရှိသူ ဆရာမတစ်ဦးဖြစ်ခြင်း၊ ယခင်က အလားတူဖြစ်ရပ်မျိုး ပေါ်ပေါက် မှုမရှိခြင်း၊ အမှုတွဲတွင် ပေါ်ပေါက် နေသောပြစ်မှုကျူးလွန်သည့် ပမာဏအတိမ်အနက် အလေး အပေါ့တို့ကို ထည့်သွင်းစဉ်းစား ကာ ပြစ်မှုထင်ရှားသဖြင့် အထက် ပါအတိုင်း အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု တရားရုံးစီရင်ချက် တွင် ဖော်ပြထားကြောင်း သိရ သည်။

ဝင်းမြင့်ထွန်း(တောင်ဥက္ကလာ)

အေးချမ်းမွန်မှ The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဆရာမဖြစ်သူသည် ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃၂၃ ကို ကျူးလွန်ကြောင်း တွေ့ရှိသဖြင့် ငွေဒဏ်တစ်ထောင် ကျပ်ပေး ဆောင်စေ၊ မဆောင်က ထောင် ဒဏ်တစ်လ ကျခံစေရန် ဒဂုံမြို့ သစ်မြောက်ပိုင်းမြို့နယ် တရားရုံး က ဇန်န၀ါရီလ (၃)ရက်နေ့က ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
အမှုမှာ ၁၃-၉-၂၀၁၂ နေ့ မွန်းလွဲ ၂နာရီ ၃၀ အချိန် ဒဂုံ မြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၃၁ ရပ်ကွက်နေ ဦးထွန်းတင်၏ မြေး ဖြစ်သူသည် ဒဂုံမြို့သစ် မြောက် ပိုင်းမြို့နယ်ရှိ၊ အခြေခံပညာ မူလ တန်းကျောင်းမှ သူငယ်တန်း ကျောင်းသားဖြစ်ပြီးကျောင်းမှ ပြန်လာရာ ၎င်းင်း၏ ၀ဲဘက် ခြေ သလုံးနှင့်၊ ယာဘက်ခြေသလုံး တွင် ဖူးရောင်ဒဏ်ရာ ၂ ချက်စီ ရရှိထားသည်ကို တွေ့ရှိသဖြင့် မေးမြန်းရာ အတန်းပိုင်ဆရာမက ၀ါးခြမ်းပြားဖြင့် ရိုက်၍ ရရှိသော ဒဏ်ရာများ ဖြစ်ကြောင်း ပြောပြသိရှိရသဖြင့် ဆရာမကို အရေးယူပေးပါရန် ဦးထွန်းတင် က ရုံးတော်သို့ ဦးတိုက်လျှောက်ထားရာမှ ပေါ် ပေါက်လာသော အမှုဖြစ်ကြောင်း သိရသည်။

ပုဂံ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် နယ်မြေတွင် တောင်သူများ အားကိုး အားထားပြုရာ အာနန္ဒာ ဘုရားပွဲတော် စတင်

Photo: ပုဂံ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် နယ်မြေတွင် တောင်သူများ အားကိုး အားထားပြုရာ အာနန္ဒာ ဘုရားပွဲတော် စတင်

ပုဂံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် နယ်မြေတွင် နှစ်စဉ် ကျင်းပမြဲဖြစ်သော တောင်သူများ၏ အားကိုး အားထားပြုရာ အာနန္ဒာ ဘုရားပွဲတော်ကြီးကို ပြာသိုလဆန်း ၈ ရက်နေ့မှ စတင်၍ အစဉ်အလာ မပျက် ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အာနန္ဒာ ဘုရားပွဲတော်ကြီးကို နှစ်စဉ်ရှေးမူ မပျက် ဆိုင်ခန်းပေါင်း တစ်ထောင်ကျော် ခင်းကျင်းလျက် ကျင်းပ သွားမည်ဖြစ်ရာ ပျော်ပွဲရွှင်ပွဲ၊ ကြည့်ချင်ပွဲ၊ ဇာတ်ပွဲများ အပြင် အဆင့်မြင့် ဖိတ်ခေါ်ဘောလီဘော ပြိုင်ပွဲ၊ ခြင်းပွဲများကိုလည်း စီစဉ်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။ ပွဲတော်သို့ ပြည်တွင်း ဓာတ်ပုံ ဝါသနာရှင်၊ ပညာရှင် များနှစ်စဉ် လာရောက် ရိုက်ကူးခြင်းများ ရှိရာ ဒေသခံ ဓာတ်ပုံ ဆရာတစ်ဦးက ”ကျွန်တော့် မိတ်ဆွေ ဓာတ်ပုံသမား တွေ၊ ဆရာသမားတွေ ဒီနှစ် လာကြမယ်။ နှစ်စဉ်လည်း လာ ကြတယ်။ သူတို့က ဒီချိန်ရောက် ရင်မနေနိုင်ဘူး ရောက်လာမှာပါ။ လှည်းတန်းတွေ ရိုက်မယ်၊ လှည်း ဝိုင်းတွေ ရိုက်မယ်၊ သပိတ်လုံး လောင်းလှူပွဲ ရိုက်တယ်။ အညာ ကျေးလက် သဘာဝကိုရိုက်ကြ မှာ ပေါ့” ဟု ပြောသည်။

အာနန္ဒာ ဘုရားပွဲတော်သို့ ပုဂံ ညောင်ဦးဝန်းကျင် ကျေးရွာများမှ လှည်းများဖြင့် မိသားစု အားလုံး လိုက်ပါလာကာ ပွဲတော် ကာလ တစ်လျှောက်လုံး ဘုရားဝန်းကျင် တွင် လှည်းဝိုင်းဖွဲ့ အခြေချနေလေ့ ရှိကြောင်း သိရသည်။ တောင်သူများ လုပ်ငန်းသိမ်းချိန် ဖြစ်သောကြောင့် ယာထွက် သီးနှံများ ပွဲတော်အတွင်း လာရောက်ရောင်းချ ကာ လိုအပ်သည့် တောင်သူ လုပ်ငန်းသုံး ပစ္စည်းများ၊ အိမ် အသုံးအဆောင် ပစ္စည်း၊ မီးဖိုချောင်သုံးပစ္စည်းများ၊ အဝတ်အထည်များ ဝယ်ယူစု ဆောင်းသည့် ပွဲတော်ကြီး လည်းဖြစ်သည်။ ပွဲတော်သို့ အနယ်နယ် အရပ်ရပ်မှ ဆယ့်နှစ်ပွဲ ဈေးသည်များ တစ်လ ဝန်းကျင်ခန့် လာရောက် ခင်းကျင်းရာ နောက်ပိုင်းရက် များတွင် ပို၍ရောင်းအားကောင်းသော ကြောင့် အာနန္ဒာဘုရားပွဲတော် ဈေးကို နောက်ဆွဲဈေးဟု သတ်မှတ် လေ့ ရှိကြောင်း သိရသည်။ ဒေသ အခေါ်အဝေါ်မှာ ပြာသိုလတွင် ကျင်းပသောကြောင့် ပြာသို ပွဲတော် ဟုလည်းခေါ်သည်။ အာနန္ဒာဘုရား သည် အေဒီ ၁၁ ရာစု ကျန်စစ်သား မင်းကောင်းမှုဖြစ်သည်။



အေးချမ်းမွန်မှ ပုဂံသစ္စာ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ပုဂံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် နယ်မြေတွင် နှစ်စဉ် ကျင်းပမြဲဖြစ်သော တောင်သူများ၏ အားကိုး အားထားပြုရာ အာနန္ဒာ ဘုရားပွဲတော်ကြီးကို ပြာသိုလဆန်း ၈ ရက်နေ့မှ စတင်၍ အစဉ်အလာ မပျက် ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အာနန္ဒာ ဘုရားပွဲတော်ကြီးကို နှစ်စဉ်ရှေးမူ မပျက် ဆိုင်ခန်းပေါင်း တစ်ထောင်ကျော် ခင်းကျင်းလျက် ကျင်းပ သွားမည်ဖြစ်ရာ ပျော်ပွဲရွှင်ပွဲ၊ ကြည့်ချင်ပွဲ၊ ဇာတ်ပွဲများ အပြင် အဆင့်မြင့် ဖိတ်ခေါ်ဘောလီဘော ပြိုင်ပွဲ၊ ခြင်းပွဲများကိုလည်း စီစဉ်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။ ပွဲတော်သို့ ပြည်တွင်း ဓာတ်ပုံ ဝါသနာရှင်၊ ပညာရှင် များနှစ်စဉ် လာရောက် ရိုက်ကူးခြင်းများ ရှိရာ ဒေသခံ ဓာတ်ပုံ ဆရာတစ်ဦးက ”ကျွန်တော့် မိတ်ဆွေ ဓာတ်ပုံသမား တွေ၊ ဆရာသမားတွေ ဒီနှစ် လာကြမယ်။ နှစ်စဉ်လည်း လာ ကြတယ်။ သူတို့က ဒီချိန်ရောက် ရင်မနေနိုင်ဘူး ရောက်လာမှာပါ။ လှည်းတန်းတွေ ရိုက်မယ်၊ လှည်း ဝိုင်းတွေ ရိုက်မယ်၊ သပိတ်လုံး လောင်းလှူပွဲ ရိုက်တယ်။ အညာ ကျေးလက် သဘာဝကိုရိုက်ကြ မှာ ပေါ့” ဟု ပြောသည်။

ဟင်္သာတမြို့တွင် မီးလောင်ဆုံးရှုံးမှု အများဆုံးရှိခဲ့သော ငါးမျက်နှာစေတီတော်ကြီးနှင့် ပက်သက်၍ ကောလဟာလသတင်းများ ထွက်ပေါ်နေမှုအပေါ် ဂေါပက အဖွဲ့က ရှင်းလင်း ပြောကြား

Photo: ဟင်္သာတမြို့တွင် မီးလောင်ဆုံးရှုံးမှု အများဆုံးရှိခဲ့သော ငါးမျက်နှာစေတီတော်ကြီးနှင့် ပက်သက်၍ ကောလဟာလသတင်းများ ထွက်ပေါ်နေမှုအပေါ် ဂေါပက အဖွဲ့က ရှင်းလင်း ပြောကြား

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ရှိ ပဉ္စမုခမာရဇိန် ငါးမျက်နှာ
စေတီတော်မြတ်ကြီး၏ ဂေါပက ရုံးခန်းတွင် ဇန်နဝါရီလ(၂၃)ရက်နေ့က
ယင်းစေတီတော်ကြီး၏ အရှေ့မြောက်ဘက် တန်ဆောင်တော်ကြီး မီးဘေးသင့်ခဲ့သော
၂၀၀၈ ခုနှစ် ဖြစ်စဉ်များအား ရှင်းလင်း ပြောကြားမှု ပြုလုပ်ခဲ့သည်။
“ကျွန်တော်က ဘုရားကြီးမှာ ညစဉ် အာစိဏကံ ကုသိုလ် အဖြစ် ပုတီးစိပ်
တရားထိုင်တယ်။ အဲဒီ အချိန်က ကျွန်တော်က ဘာမှ လုပ်လို့ မရတဲ့ အရံ ဂေါပက
အဖွဲ့ဝင်ပါ။ မီးလောင်တဲ့ အဲဒီ ၂၀၀၈ ခုနှစ် သင်္ကြန် အကြိုနေ့ ည(၈း၃၀)
ပတ်ဝန်းကျင်လောက်မှာ ရင်ပြင်တော်ပေါ်မှာ ပုတီးစိပ်ပြီး ကျွန်တော်က အစောင့်
မိသားစုနဲ့ တနင်္ဂနွေထောင့်က ခုံတန်းလျှားမှာ စကားပြောနေတာပါ။ အဲဒီမှာ
တစ်မြို့လုံးက မီးပျက်နေပြီး အလင်းရောင်တွေ့တာနဲ့ အစောင့် မိသားစု ထဲက
ဘုတ်ဘုတ် ဆိုတဲ့ ကလေးမကို သွားကြည့်ခိုင်းလိုက်တယ်။ အဲဒီ ကလေးမက
မီးလောင်တာ ဆိုပြီး ပြန်ပြေးလာပြောတော့ ကျွန်တော်က အော်ခိုင်းတယ်။
အဲဒီတုန်းက ဂေါပကအဖွဲ့က စာရေးကြီး ကိုလည်း ခေါ်ခိုင်းတယ်။ စာရေးကြီးလည်း
ဆင်းသွားပြီး မီးလောင်နေတာ၊ မီးတွေ လို့ အော်ကြတာ။ အဲဒီမှာ ကျွန်တော်က
ဘာဆက်လုပ်ရမလဲ ဆိုပြီး မီးသတ်ကို အကြောင်းကြားရမယ် ဆိုတဲ့ အသိဝင်လာတယ်။
ဒါနဲ့ပဲ ဘုရားရဲ့ ငါးကန်းဘက်မှာ ထားခဲ့တဲ့ ဆိုင်ကယ်ဆီကို သွားပြီး
မီးသတ်ကို အကြောင်းကြားခဲ့တာ”ဟု ကိုယ်တွေ့ ကြုံခဲ့သူ လက်ရှိဂေါပက အဖွဲ့၏
အတွင်းရေးမှူးက ရှင်းပြသည်။
အဆိုပါ ၂၀၀၈ ခုနှစ် တန်ဆောင်းတော်ကြီး မီးဘေးသင့်ချိန်တွင် လက်ရှိဂေါပက
အဖွဲ့အနေဖြင့် တာဝန်ယူဆောင်ရွက်သော ကာလ မဟုတ်ဘဲ ၂၀၁၁ ခုနှစ်
ဇူလိုင်လ(၂၃)ရက်နေ့တွင် အများ မဲဆန္ဒဖြင့် ပြန်လည် ရွေးချယ်ကာ
အသစ်ခန့်အပ်တာဝန်ပေးခဲ့ပြီး သြဂုတ်လ (၅)ရက်နေ့တွင် တာဝန်လွှဲပြောင်း
လက်ခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“အဲဒီ မီးလောင်းနေတယ်လို့ ဘုတ်ဘုတ်က ပြေးပြောတော့ ကျွန်တော် က
ရင်ပြင်တော် အပေါ်က လှမ်းကြည့် လိုက်တာ။ အဲဒီမှာ ဆိုင်ခန်း (၃)ခန်း
မီးစွဲနေတာ တွေ့ရတယ်။ ရာဇာဓါတ်ပုံဆိုင်၊ နိဗ္ဗာန်ပစ္စည်းရောင်းတဲ့ဆိုင်ရယ်၊
နောက် ကိုနီကာ ဓါတ်ပုံဆိုင်ရယ် အဲဒီ (၃) ဆိုင်က မီးတောက် အပေါ် တက်နေတာ
တွေ့ရတယ်။ ဘယ်က စပြီး လောင်တယ် ဆိုတာလဲ မသိပါဘူး။ အရေးယူမှု အပိုင်းက
သက်ဆိုင်ရာအဖွဲ့တွေ၊ အုပ်ချုပ်ရေး၊ အာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့ကပဲ
စစ်ဆေးဖော်ထုတ်တာပါ။ ဂေါပက အနေနဲ့က မသက်ဆိုင်ပါဘူး။ လက်ရှိ
ဂေါပကအဖွဲ့ကလည်း အသစ် ပြန်လည် ဖွဲ့စည်းတဲ့ ဂေါပက ဖြစ်ပါတယ်။ အဖြစ်မှန်ကို
အများ ပြည်သူအနေနဲ့ အမြင်ရှင်း စေချင် လို့ပါ”ဟု ဂေါပက အဖွဲ့
အတွင်းရေးမှူး ဦးမြရွှေက ပြောကြားသည်။
ယင်း မီးလောင်ကျွမ်းခဲ့မှုတွင် တရားခံအား သက်ဆိုင်ရာမှ စစ်ဆေး ဖော်ထုတ်
အရေးယူခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခဲ့ရာ ပြစ်ဒဏ်ချမှတ်ခံရသူမှ မှားယွင်းစွာ
ပြစ်ဒဏ် ချမှတ်ခံရကြောင်း ပြန်လည် တင်ပြတိုင်ကြားမှုများရှိခဲ့၍ ၂၀၀၈
ခုနှစ်က အရှေ့မြောက်တန်ဆောင်းကြီး မီးလောင်းကျွမ်းခဲ့စဉ်နှင့်
လက်ရှိဂေါပက အဖွဲ့၏ တာဝန်နှင့် စေတီတော်ကြီး အား အများ ပြည်သူ
ကြည်ညိုသဒ္ဓါပွားများနိုင်ရန် ဆက်လက်လုပ်ဆောင်လျှက်ရှိသော
လုပ်ငန်းစဉ်များကိုလည်း ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

အောင်ကိုခန့်(ဥပဒေ)

အေးချမ်းမွန်မှ  The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ရှိ ပဉ္စမုခမာရဇိန် ငါးမျက်နှာ
စေတီတော်မြတ်ကြီး၏ ဂေါပက ရုံးခန်းတွင် ဇန်နဝါရီလ(၂၃)ရက်နေ့က
ယင်းစေတီတော်ကြီး၏ အရှေ့မြောက်ဘက် တန်ဆောင်တော်ကြီး မီးဘေးသင့်ခဲ့သော
၂၀၀၈ ခုနှစ် ဖြစ်စဉ်များအား ရှင်းလင်း ပြောကြားမှု ပြုလုပ်ခဲ့သည်။
“ကျွန်တော်က ဘုရားကြီးမှာ ညစဉ် အာစိဏကံ ကုသိုလ် အဖြစ် ပုတီးစိပ်
တရားထိုင်တယ်။ အဲဒီ အချိန်က ကျွန်တော်က ဘာမှ လုပ်လို့ မရတဲ့ အရံ ဂေါပက
အဖွဲ့ဝင်ပါ။ မီးလောင်တဲ့ အဲဒီ ၂၀၀၈ ခုနှစ် သင်္ကြန် အကြိုနေ့ ည(၈း၃၀)
ပတ်ဝန်းကျင်လောက်မှာ ရင်ပြင်တော်ပေါ်မှာ ပုတီးစိပ်ပြီး ကျွန်တော်က အစောင့်
မိသားစုနဲ့ တနင်္ဂနွေထောင့်က ခုံတန်းလျှားမှာ စကားပြောနေတာပါ။ အဲဒီမှာ
တစ်မြို့လုံးက မီးပျက်နေပြီး အလင်းရောင်တွေ့တာနဲ့ အစောင့် မိသားစု ထဲက
ဘုတ်ဘုတ် ဆိုတဲ့ ကလေးမကို သွားကြည့်ခိုင်းလိုက်တယ်။ အဲဒီ ကလေးမက
မီးလောင်တာ ဆိုပြီး ပြန်ပြေးလာပြောတော့ ကျွန်တော်က အော်ခိုင်းတယ်။
အဲဒီတုန်းက ဂေါပကအဖွဲ့က စာရေးကြီး ကိုလည်း ခေါ်ခိုင်းတယ်။ စာရေးကြီးလည်း
ဆင်းသွားပြီး မီးလောင်နေတာ၊ မီးတွေ လို့ အော်ကြတာ။ အဲဒီမှာ ကျွန်တော်က
ဘာဆက်လုပ်ရမလဲ ဆိုပြီး မီးသတ်ကို အကြောင်းကြားရမယ် ဆိုတဲ့ အသိဝင်လာတယ်။
ဒါနဲ့ပဲ ဘုရားရဲ့ ငါးကန်းဘက်မှာ ထားခဲ့တဲ့ ဆိုင်ကယ်ဆီကို သွားပြီး
မီးသတ်ကို အကြောင်းကြားခဲ့တာ”ဟု ကိုယ်တွေ့ ကြုံခဲ့သူ လက်ရှိဂေါပက အဖွဲ့၏
အတွင်းရေးမှူးက ရှင်းပြသည်။

ရှူတဲ့လေနဲ့ ဖုန်းအားသွင်းမယ့် AIRE mask

Photo: ရှူတဲ့လေနဲ့ ဖုန်းအားသွင်းမယ့် AIRE mask

အနာဂတ်မှာ လျှပ်စစ်ဓာတ်အားကို ဘယ်လိုထုတ်ရမလဲလို့ စဉ်းစားရင်း၊ တီထွင်ရင်း နောက်ဆုံးတော့ ရှူတဲ့လေကိုတောင် အလွတ်မပေးတော့ပဲ ဖန်တီး သူတို့က AIRE mask ဆိုပြီး ထုတ်ဖော်ပြသပါတယ်။

ဘယ်သွားသွား၊ ဘယ်လာလာ ဖုန်းအားသွင်းလို့ရပါမယ်။ ပါးစပ်နဲ့ နှားခေါင်းကို ဖုံးထားမယ့် ယင်း လေရှူမျက်နှာဖုံးမှာ တာဘိုင်သေးသေး လေးပါပါတယ်။ ယင်း တာဘိုင်ဟာ ရှူတဲ့လေ၊ ထုတ်တဲ့လေကို လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။

iPhone နဲ့ iOS သုံး iPad,iPod တို့မှာ အသုံးပြုလို့ရမယ်လို့ဆိုပါတယ်။ ယင်း ဒီဇိုင်းကို ၂၀၁၂ ခုနှစ်ကတည်းက ထုတ်ဖော်ပြသခဲ့တာ ဖြစ်ပါတယ်။ သို့ပေမ့် မဝေးတော့ပါဘူး။ လေစွမ်းအင်သုံး လျှပ်စစ် ပန်ကာတာဝါတိုင်ကြီးများ ကိုပဲ ပြန်လည်အခြေခံထားတာ ဖြစ်ပါတယ်။ ဒီမှာတော့ မျက်နှာဖုံး အစွပ်ထဲ မှာပဲ လိုအပ်တဲ့ ပစ္စည်းများကို ရှုံပြီး ထည့်ရုံပဲ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်အတွင်း ထွက်ရှိလာနိုင်မယ့် Gadget တစ်ခုဖြစ်ပြီး Android OS များအတွက်ပါ ထုတ်လုပ်မှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)

http://blog.techspace.com.mm/2013/01/aire-mask.html

အေးချမ်းမွန်မှ  TechSpace Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
အနာဂတ်မှာ လျှပ်စစ်ဓာတ်အားကို ဘယ်လိုထုတ်ရမလဲလို့ စဉ်းစားရင်း၊ တီထွင်ရင်း နောက်ဆုံးတော့ ရှူတဲ့လေကိုတောင် အလွတ်မပေးတော့ပဲ ဖန်တီး သူတို့က AIRE mask ဆိုပြီး ထုတ်ဖော်ပြသပါတယ်။

ဘယ်သွားသွား၊ ဘယ်လာလာ ဖုန်းအားသွင်းလို့ရပါမယ်။ ပါးစပ်နဲ့ နှားခေါင်းကို ဖုံးထားမယ့် ယင်း လေရှူမျက်နှာဖုံးမှာ တာဘိုင်သေးသေး လေးပါပါတယ်။ ယင်း တာဘိုင်ဟာ ရှူတဲ့လေ၊ ထုတ်တဲ့လေကို လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။

ကမ္ဘာမှာ နှစ်ခုတူ မရှိနိုင်တဲ့ လက်ထက်လက်စွပ်

Photo: ကမ္ဘာမှာ နှစ်ခုတူ မရှိနိုင်တဲ့ လက်ထက်လက်စွပ်

လုံးဝ တူစရာ အကြောင်းမရှိပါဘူး။ ကိုယ်က ဈေးကြီးပေးဝယ်ထားရတဲ့ လက်စွပ်လေး တစ်ယောက်ယောက်က ခိုးသွားတယ်ဆိုပါစို့။ ပြန်တွေ့တဲ့ အခါကျ ဟိုက ဒါနင့်လက်စွပ်မဟုတ်ဘူးလို့ ငြင်းနေလို့မရပါဘူး။ သက်သေ အထောက်အထားနဲ့တောင် သူခိုးကိုဖမ်းလို့ရပါတယ်။ ယင်းသက်သေ ကတော့ လက်စွပ်မှာပါတဲ့ Waveform ပဲ ဖြစ်ပါတယ်။

အနောက်တိုင်းက ဘုရားကျောင်းတွေမှာ လက်ထက်တဲ့အခါ အိုအောင်မင်းအောင် ပေါင်းသင်းပါ့မလားလို့ ခရစ်ယာန်ဘုန်းတော်ကြီးက မေးတဲ့အခါ I do လို့ပြန်ဖြေပါတယ်။ ယင်း I do ဆိုတဲ့ အသံကိုပဲ အသံလှိုင်းစနစ်နဲ့ Graph ထုတ်တဲ့ မိုက်ခရိုအတိုင်းမှ မလွဲအောင် လက်စွပ်အဖြစ်သို့ ပြန်လည်ပြောင်းလဲခြင်း ဖြစ်ပါတယ်။

ဒီတော့ ကောင်မလေးက ပြောတဲ့ I do နဲ့ ကောင်မလေးက ပြောတဲ့ I do ကို အသံလှိုင်းပြဇယားပုံ ထုတ်၊ ရွှေပန်းထိန်သည်က ကွန်ပြူတာ စနစ်နဲ့ 3D ပုံဖော်ပြီး နောက်ဆုံး လက်ထက် လက်စွပ်ပုံလေးကို ယခုလို ဖော်ထုတ် ပါတယ်။ ဒါဆိုရင် ဘယ်တော့မှ မှားစရာ အကြောင်း မရှိပါဘူး။ လူတစ်ယောက်ချင်းစီရဲ့  အသံက မတူနိုင်တော့ တစ်ယောက်က ထွက်တဲ့ Waveform နဲ့ အခြားတစ်ယောက်ထွက်တဲ့ Waveform က တူကို မတူနိုင်ပါဘူး။

ယင်းအချက်ကို အခြေခံလို့ စိတ်ကူးဆန်းဆန်းနဲ့ အနောက်တိုင်းက ပညာရှင်များက ယခုလို လက်စွပ်လုပ်ပါတယ်။

ps: ဒီထဲမှာ မှာချင်သူ စုံတွဲများ ရှိရင် techspace မှစုံစမ်းထားပေးပါ့မယ်။
--
Ref: coolgadget
Aung Kham (TSJ team)

http://blog.techspace.com.mm/2013/01/blog-post_6575.html

အေးချမ်းမွန်မှ TechSpace Journal  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
လုံးဝ တူစရာ အကြောင်းမရှိပါဘူး။ ကိုယ်က ဈေးကြီးပေးဝယ်ထားရတဲ့ လက်စွပ်လေး တစ်ယောက်ယောက်က ခိုးသွားတယ်ဆိုပါစို့။ ပြန်တွေ့တဲ့ အခါကျ ဟိုက ဒါနင့်လက်စွပ်မဟုတ်ဘူးလို့ ငြင်းနေလို့မရပါဘူး။ သက်သေ အထောက်အထားနဲ့တောင် သူခိုးကိုဖမ်းလို့ရပါတယ်။ ယင်းသက်သေ ကတော့ လက်စွပ်မှာပါတဲ့ Waveform ပဲ ဖြစ်ပါတယ်။

အနောက်တိုင်းက ဘုရားကျောင်းတွေမှာ လက်ထက်တဲ့အခါ အိုအောင်မင်းအောင် ပေါင်းသင်းပါ့မလားလို့ ခရစ်ယာန်ဘုန်းတော်ကြီးက မေးတဲ့အခါ I do လို့ပြန်ဖြေပါတယ်။ ယင်း I do ဆိုတဲ့ အသံကိုပဲ အသံလှိုင်းစနစ်နဲ့ Graph ထုတ်တဲ့ မိုက်ခရိုအတိုင်းမှ မလွဲအောင် လက်စွပ်အဖြစ်သို့ ပြန်လည်ပြောင်းလဲခြင်း ဖြစ်ပါတယ်။

၂ နှစ်ကြာ ရပ်နားထားသော ကိုကိုးကျွန်းခရီးစဉ် ပြန်လည်ပြေးဆွဲမည်

Photo: ၂ နှစ်ကြာ ရပ်နားထားသော ကိုကိုးကျွန်းခရီးစဉ် ပြန်လည်ပြေးဆွဲမည်

ရန်ကုန်၊ ဇန်နဝါရီ ၁၉

ရန်ကုန်မှကိုကိုးကျွန်းသို့ ရေကြောင်းခရီးစဉ်ပြန်လည်ပြေးဆွဲရေးနှင့် ရေကြောင်းပို့ဆောင်ရေးကဏ္ဍ အထူးကိစ္စရပ်များအတွက် ပို့ဆောင်ရေး ဝန်ကြီးဌာနမှ သက်ဆိုင် ရာဌာနလုပ်ငန်းတို့နှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု သိရသည်။

 ပို့ဆောင်ရေးဝန်ကြီးဌာနမှ ဒု တိယဝန်ကြီးက ”ပို့ဆောင်ရေးဝန် ကြီးဌာနက ရေကြောင်းသယ်ယူပို့ ဆောင်ရေးနှင့်ပတ်သက်ပြီး ယခင် က ပြည်တွင်းရေကြောင်းပို့ဆောင်   ရေးဌာနမှ ဌာနခွဲခြောက်ခုဖြင့် တိုင်းဒေသကြီးပြည်နယ်အလိုက် အခြေပြုပြီး မြန်မာနိုင်ငံ၏ အဓိက မြစ်ကြောင်းများ၌ မြစ်တွင်းသွားရေ ယာဉ်များဖြင့်လည်းကောင်း  ၊ မြန်မာ့ ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းမှ ပင် လယ်ပြင်သွား ကုန်တင်သင်္ဘော များနှင့် ကမ်းရိုးတန်းသွား လူစီး ကုန်တင်သင်္ဘောများဖြင့်လည်း ကောင်း သယ်ယူပို့ဆောင်ေ ရး ပြုလုပ်ခဲ့ကြောင်း၊ မြန်မာ့ ကြယ်ငါး ပွင့်သင်္ဘောအနေဖြင့် စစ်တွေ၊ ကျောက်ဖြူ၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ်နှင့်ကော့သောင်းကဲ့သို့ ကမ်း ရိုးတန်းခရီးစဉ်များကို ယခင် က ပြေးဆွဲခဲ့သည့်နည်းတူ ပွင့်လင်း ရာသီများ၌လည်း ရန်ကုန် ကိုကိုး ကျွန်းခရီးစဉ်ကိုတစ်လတစ်ခေါက် ဆောင်ရွက်ခဲ့ကြောင်း၊ သို့သော်လည်း ပို့ဆောင်ရေးဝန်ကြီးဌာန လက် အောက်ရှိ မြန်မာ့ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ပိုင်ဆိုင်မှုများအား  ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်သို့ ၂ဝ၁ဝ ဧပြီလ ၁ ရက်နေ့တွင် လွှြဲေ ပာင်းပေးအပ် ရောင်းချခဲ့ကြောင်း၊ ထို့ကြောင့် ပို့ဆောင်ရေးဝန်ကြီးဌာနအနေနှင့် မြစ်တွင်းသွား ရေယာဉ်များသာရှိပြီး ကမ်းရိုးတန်းသွား သင်္ဘောများ လက်ရှိတွင်မရှိ၍ ပို့ဆောင်ရေး ဝန်ကြီးဌာနအနေနှင့် ကိုကိုးကျွန်း ရန်ကုန်ခရီးစဉ်ကို မြန်မာ့စီးပွားရေး ဦးပိုင်အောက်မှ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းနှင့် ညှိနှိုင်းစီ စဉ်ပေးသွားမည်ဖြစ် ပြီး အထူးကိစ္စ ရပ်များအတွက် ရေကြောင်းနှင့် ပို့ဆောင် ဆောင်ရွက်ရန်လိုအပ်ပါ က ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် ညှိနှိုင်းစီစဉ်ပေးနိုင်ကြောင်း ပြည်သူ့လွှတ်ေ တ်ာဆဋ္ဌမ ပုံမှန်အစည်းအဝေးတွင်ပြောကြားခဲ့သည်။ ”ကိုကိုးကျွန်းဟာ ရန်ကုန်မြို့ ရဲ့ အနောက်တောင်မိုင် ၂၇ဝ ခန့်အကွာ ပင်လယ်ပြင်မှာ ထီးထီး ကြီးတည်ရှိပါတယ်။ အလျား ၇ မိုင် အနံ ၁ ဒသမ ၂ မိုင်ရှိပါတယ်။ စတုရန်းမိုင် ၈ ဒသမ ၄ မိုင်ရှိ ပါတယ်။ ကျွန်းပေါ်မှာ အုန်းပင်များ ရှိပြီးကျွန်းအနောက်ဘက်တောင် ကုန်းများမှာလည်း သစ်ေ တာ များဖြင့် ဖုံးလွှမ်းလျက်ရှိပါတယ်။ ကျွန်း၏ ပတ်ဝန်းကျင်မှာ ကျွန်း ငယ်ပေါင်း ခုနစ်ခု ရှိပါတယ်။ အဲဒီ ကျွန်းငယ် ခုနစ်ခုအနက် ကိုကိုး လေးကျွန်းတောင်ဘက် မိုင်နှစ် ဆယ်ခန့်အကွာမှာ အိန္ဒိယနိုင်ငံပိုင် ကပ္ပလီကျွန်းရှိပါတယ်။ ဒါကြောင့် ကိုကိုးကျွန်းဟာ ပင်လယ်ပြင်မှာ ထီးထီးကြီးတည်ရှိနေပြီး ပို့ဆောင် ရေး၊ ဆက်သွယ်ရေး၊ စသည့် ကဏ္ဍများအား ပြည်မကိုသာ အားကိုး နေရပါတယ်”ဟု ရန်ကုန်တိုင်း ဒေသကြီး ကိုကိုးကျွန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးဖေက လွှတ်တော်သို့ တင်ပြ သည်။ကိုကိုးကျွန်းတွင်မြို့နယ် အ ဆင့် ဌာန ၁၆ ခုရှိပြီး ဌာနေ ဝန်ထမ်းမိသားစုများ အပါအဝင် ကျွန်းပေါ်တွင် လူဦးရေ တစ် ထောင်ခန့်ရှိရာ ၄င်းတို့သည်ခေတ် အဆက်ဆက် ပင်လယ်ပြင်ကို အားပြု၍ ပို့ဆောင်ဆက်သွယ်ရေး လုပ်ခဲ့ကြရကြောင်း၊ ကိုကိုးကျွန်း ပေါ်တွင် ပေခြောက်ထောင်ရှိသည့် လေယာဉ်ပျံ ကွင်းတစ်ကွင်းရှိသော် လည်း ကျွန်းသူကျွန်းသားများ သည် ရေကြောင်းကိုသာ အဓိက အားကိုးနေရပြီး ၁၉၅၄ ခုနှစ်မှ ၁၉၉ဝ ခုနှစ်အတွင်း ပြည်မမှလာ သော ဌာနဆိုင်ရာ ပင်လယ်ကူး သင်္ဘော များဖြင့်သာ သွားလာခဲ့ရ ကြောင်း၊ ၁၉၉ဝ နိုဝင်ဘာလမှ ၂ဝ၁ဝ အောက်တိုဘာလအထိ ပို့ ဆောင်ရေးဝန်ကြီးဌာန မြန်မာ့ ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းမှ ကမ်း ရိုးတန်း သင်္ဘောများဖြင့် တစ် လတစ်ကြိမ် (မိုးကာလမှအပ) ပြေး ဆွဲပေးသည့်အတွက် ကျွန်းနေပြည် သူများ သွားလာရေးအဆင်ပြေခဲ့သော်လည်း ၂ဝ၁ဝ အောက်တိုဘာ လနောက်ပိုင်းမှစ၍ ကြယ်ငါးပွင့် သင်္ဘောပြေးဆွဲခြင်းမရှိတော့သဖြင့် တပ်မတော်ရေယာဉ်များကိုသာ လိုက်ပါ စီးနင်းသွားလာနေရကြောင်း ဦးအေးဖေ၏ တင်ပြချက်များ မှ တစ်ဆင့် သိရသည်။

စွမ်းရဲထွဋ်၊ စိုင်းနောင်

အေးချမ်းမွန်မှ  Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ရန်ကုန်မှကိုကိုးကျွန်းသို့ ရေကြောင်းခရီးစဉ်ပြန်လည်ပြေးဆွဲရေးနှင့် ရေကြောင်းပို့ဆောင်ရေးကဏ္ဍ အထူးကိစ္စရပ်များအတွက် ပို့ဆောင်ရေး ဝန်ကြီးဌာနမှ သက်ဆိုင် ရာဌာနလုပ်ငန်းတို့နှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု သိရသည်။

ပို့ဆောင်ရေးဝန်ကြီးဌာနမှ ဒု တိယဝန်ကြီးက ”ပို့ဆောင်ရေးဝန် ကြီးဌာနက ရေကြောင်းသယ်ယူပို့ ဆောင်ရေးနှင့်ပတ်သက်ပြီး ယခင် က ပြည်တွင်းရေကြောင်းပို့ဆောင် ရေးဌာနမှ ဌာနခွဲခြောက်ခုဖြင့် တိုင်းဒေသကြီးပြည်နယ်အလိုက် အခြေပြုပြီး မြန်မာနိုင်ငံ၏ အဓိက မြစ်ကြောင်းများ၌ မြစ်တွင်းသွားရေ ယာဉ်များဖြင့်လည်းကောင်း ၊ မြန်မာ့ ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းမှ ပင် လယ်ပြင်သွား ကုန်တင်သင်္ဘော များနှင့် ကမ်းရိုးတန်းသွား လူစီး ကုန်တင်သင်္ဘောများဖြင့်လည်း ကောင်း သယ်ယူပို့ဆောင်ေ ရး ပြုလုပ်ခဲ့ကြောင်း၊ မြန်မာ့ ကြယ်ငါး ပွင့်သင်္ဘောအနေဖြင့် စစ်တွေ၊ ကျောက်ဖြူ၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ်နှင့်ကော့သောင်းကဲ့သို့ ကမ်း ရိုးတန်းခရီးစဉ်များကို ယခင် က ပြေးဆွဲခဲ့သည့်နည်းတူ ပွင့်လင်း ရာသီများ၌လည်း ရန်ကုန် ကိုကိုး ကျွန်းခရီးစဉ်ကိုတစ်လတစ်ခေါက် ဆောင်ရွက်ခဲ့ကြောင်း၊

"တက္ကသိုလ်ဝင် မေးခွန်းလွှာ ယမန်နှစ်ကဲ့သို့ မမှားစေရေး သတိပေး"

တက္ကသိုလ်ဝင်မေးခွန်းလွှာ အမှားအယွင်းမရှိစေရန် သက်ဆိုင်ရာ မေးခွန်း ထုတ်သူများအား ပညာရေးဝန်ကြီးဌာနမှ သတိပေးထားကြောင်း စုံစမ်းသိရှိရသည်။

ယခင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ သချာင်္မေးခွန်း ပုစ္ဆာတစ်ပုဒ် မှားခဲ့ခြင်းနှင့် ရူပဗေဒ ပုစ္ဆာတစ်ပုဒ် အဖြေအပေါ် အမှတ်ပေးစည်းမျဉ်း အငြင်းပွားခြင်းတို့ ရှိခဲ့ရာ အဆိုပါ ဖြစ်ရပ်မျိုး ယခုနှစ်တွင် မဖြစ်စေရေးအတွက် ဖြစ်မည်ဟု အဖြေလွှာစိစစ်သူ ကထိက အချို့က မှတ်ချက်ပြုသည်။

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက မေးခွန်းထုတ်သူများအား အသိပေး မှုအပေါ် အတည်ပြု ပေးခဲ့ပြီး မေးခွန်းပုစ္ဆာမှားယွင်း မထုတ်မိစေရေး အတွက် ဖြစ်သည်ဟု ပြောသည်။
''စစ်ဆေးကြည့်တဲ့အခါ ပြောနေကြတာထက်ကို ပိုမှားနေတာကို တွေ့ ခဲ့ရတယ်။ ဒါမျိုး နောက် မဖြစ်စေဖို့အတွက်ပါ''ဟု ဒုတိယဝန်ကြီး က ပြောသည်။

ကြံ့ခိုင်ရေးပါတီဝင်အိမ်၌ ဒေါ်အောင်ဆန်းစုကြည်ပုံချိတ်ရန်ရန်ကုန်တိုင်းဒေသ ကြီးမှ ကော်မတီဝင်ဟောပြော

Photo: ကြံ့ခိုင်ရေးပါတီဝင်အိမ်၌ ဒေါ်အောင်ဆန်းစုကြည်ပုံချိတ်ရန်ရန်ကုန်တိုင်းဒေသ
ကြီးမှ ကော်မတီဝင်ဟောပြော

ရန်ကုန်၊ ဇန်န၀ါရီ ၁၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ပုံကို ချိတ်ဆွဲသင့်ကြသည်ဟု ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ကော်မတီဝင်တစ်ဦးက ဇန်န၀ါရီလ ၁၈ ရက် တွင်တိုင်းပါတီရုံး၌ပြုလုပ်သည့် ပြည်သူ့ဆက်ဆံရေးသင်တန်း၌ ဟောပြောခဲ့ကြောင်းသတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၌ အရှေ့ပိုင်းခရိုင်သည် ယခင်ကြံ့ခိုင်ရေးအသင်း လှုပ်ရှားစဉ်တိုင်းတာ ၀န်ဗိုလ်မှူးကြီးတင်လှိုင်တာဝန်ယူစဉ်က အတက်ကြွဆုံး လှုပ်ရှားခဲ့ပြီး လူထုအစည်းအဝေးများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သည့် နယ်မြေဖြစ်ခဲ့သည်။  ထိုစဉ်က  အရှေ့ပိုင်းခရိုင်အတွင်းရေးမှူးသည် ဦးတင်အောင်(ယခု တိုင်းလွှတ်တော် ဒုဥက္ကဋ္ဌ)ဖြစ်ပြီး ခရိုင်အတွင်း၌ မြို့နယ်နယ်မြေတာဝန်ခံများအနေဖြင့် ဦးအောင်သောင်း (တာမွေ)၊ သူရဦးအောင်ကို (ဒဂုံတောင်)၊ သူရဦးအေးမြင့် (ဒဂုံမြောက်)၊ ဗိုလ်မှူးချုပ်ဘုန်းဆွေ (မြောက်ဥက္ကလာ)၊ ဗိုလ်မှူးချုပ်အောင်သိန်းလင်း (တောင်ဥက္ကလာပ)၊ ဗိုလ်မှူးချုပ်သိန်းအောင် (ဗိုလ်တထောင်၊ သာကေတ)၊ ဗိုလ်မှူးချုပ်သိန်းဇော် (သင်္ဃန်းကျွန်း)၊ ဗိုလ်ချုပ်အောင်မင်း(ရန်ကင်း)စသည့် ထိပ်တန်းဗဟိုကော်မတီများ ကိုယ်တိုင်ကိုင်တွယ်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ တွင် သင်္ဃန်းကျွန်းနှင့် မြောက်ဥက္ကလာတို့သာ ရှုံးနိမ့်ခဲ့သည်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်မူ ရန်ကုန်တိုင်းဒေသကြီး၌ ယှဉ်ပြိုင်သော နယ်မြေအားလုံးရှုံးနိမ့်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက နေရာလွတ်အားလုံး အနိုင်ရခဲ့ကာ တစ်ချိန်က ကြံ့ခိုင် ရေးအသင်းဝင်များကပင် NLD ပါတီကို မဲပေးခဲ့ကြသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က ရန်ကုန်တိုင်းဒေသကြီးပါတီရုံး၌ ဖွင့်လှစ်ခဲ့သော ပါတီတွင်းသင်တန်း၌ သတင်းရရန်အတွက် အရောင်ဖျောက်ဖို့လိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ပုံများကို ပါတီဝင်များ၏ နေအိမ်များတွင်ချိတ်ဆွဲသင့်ကြောင်း စသည်ဖြင့် ဗဟိုအဆင့်ဆုရခဲ့ဖူးသူ အရှေ့ပိုင်းခရိုင်ကော်မတီဝင်က ဟောပြောခဲ့ရာ သင်တန်းသို့ တက်ရောက်လျက်ရှိသူများအတွင်း ဝေဖန်စရာတစ်ခုဖြစ်ခဲ့ကြောင်း သင်တန်းသား ကော်မတီဝင်တစ်ဦးက မြန်မာသံတော်ဆင့်သို့ပြောသည်။

ပြည်ခိုင်ဖြိုးပါတီရုံးများနှင့် အစိုးရရုံးများတွင် လက်ရှိပါတီ ဥက္ကဋ္ဌသမ္မတကြီး ဦးသိန်းစိန်၏ ဓာတ်ပုံများကို ချိတ်ဆွဲထားလျက်ရှိသည်။

ကြံ့ခိုင်ရေးပါတီနေအိမ်များတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံချိတ်ဆွဲသင့်ကြောင်း ဟောပြောခဲ့သူ ဦးစိုးမင်းသန်း (ခရိုင်ကော်မတီဝင်)ကို ဆက်သွယ်မေးမြန်းခဲ့ရာ ““ကျွန်တော် စိုးမင်းသန်းပါ။ ဟုတ်တယ်၊ ပြောရတာပေါ့။ ဒီနေ့တော့ရှင်းလိုက်ပါပြီ ဆရာရယ်။ ပြီးသွားပါပြီ။ ဒီလိုပဲ ပြောလိုက်တာပေါ့။ ဆင့်ပွားသင်တန်း အခု တိုင်းရုံးမှာဖွင့်တဲ့သင်တန်းမှာပြောတာ စင်ပေါ်မှာပြောတာပေါ့။  ကိုယ့်ရဲ့လူထု ကိုစည်းရုံးတဲ့နေရာမှာ ဒီလိုဟာမျိုးထား သင့်ထားပါလို့ပြောတာ။ ဒေါ်စုပုံပေါ့ဗျာ။ ဒေါ်စုပုံထားပါ။ ကျွန်တော်ထားတယ်ပြောတာ ခင်ဗျားတို့လည်း လိုအပ်ရင် ဒီနည်းသုံးပေါ့လို့ ပြောတာ။ အခြားမြို့နယ်တွေမှာလဲ ပြောပြီးသွားပြီးဗျ။  နည်းလမ်းတွေပြောတာ””ဟု မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။

အဆိုပါ ပြည်ခိုင်ဖြိုးပါတီ၏ သင်တန်းသို့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီအဖွဲ့ဝင် ရန်ကုန်မီဒီယာဂရု(ပ်)မှ ဦးကိုကို(စက်မှု)သည် ဇန်န၀ါရီ ၂၃ ရက် နံနက် ၉ နာရီတွင် သင်တန်းလာရောက် ပို့ချခဲ့ပြီး ဒေါက်တာအောင်ထွန်းသက်လည်း လာရောက်ပို့ချမည်ဖြစ်ကြောင်း သင်တန်းသားတစ်ဦးက မြန်မာသံတော်ဆင့်သို့ပြောသည်။

အေးချမ်းမွန်မှ  Myanmartandawsint Newspaper   တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ပုံကို ချိတ်ဆွဲသင့်ကြသည်ဟု ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ကော်မတီဝင်တစ်ဦးက ဇန်န၀ါရီလ ၁၈ ရက် တွင်တိုင်းပါတီရုံး၌ပြုလုပ်သည့် ပြည်သူ့ဆက်ဆံရေးသင်တန်း၌ ဟောပြောခဲ့ကြောင်းသတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၌ အရှေ့ပိုင်းခရိုင်သည် ယခင်ကြံ့ခိုင်ရေးအသင်း လှုပ်ရှားစဉ်တိုင်းတာ ၀န်ဗိုလ်မှူးကြီးတင်လှိုင်တာဝန်ယူစဉ်က အတက်ကြွဆုံး လှုပ်ရှားခဲ့ပြီး လူထုအစည်းအဝေးများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သည့် နယ်မြေဖြစ်ခဲ့သည်။ ထိုစဉ်က အရှေ့ပိုင်းခရိုင်အတွင်းရေးမှူးသည် ဦးတင်အောင်(ယခု တိုင်းလွှတ်တော် ဒုဥက္ကဋ္ဌ)ဖြစ်ပြီး ခရိုင်အတွင်း၌ မြို့နယ်နယ်မြေတာဝန်ခံများအနေဖြင့် ဦးအောင်သောင်း (တာမွေ)၊ သူရဦးအောင်ကို (ဒဂုံတောင်)၊ သူရဦးအေးမြင့် (ဒဂုံမြောက်)၊ ဗိုလ်မှူးချုပ်ဘုန်းဆွေ (မြောက်ဥက္ကလာ)၊ ဗိုလ်မှူးချုပ်အောင်သိန်းလင်း (တောင်ဥက္ကလာပ)၊ ဗိုလ်မှူးချုပ်သိန်းအောင် (ဗိုလ်တထောင်၊ သာကေတ)၊ ဗိုလ်မှူးချုပ်သိန်းဇော် (သင်္ဃန်းကျွန်း)၊ ဗိုလ်ချုပ်အောင်မင်း(ရန်ကင်း)စသည့် ထိပ်တန်းဗဟိုကော်မတီများ ကိုယ်တိုင်ကိုင်တွယ်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ တွင် သင်္ဃန်းကျွန်းနှင့် မြောက်ဥက္ကလာတို့သာ ရှုံးနိမ့်ခဲ့သည်။

အငြင်းပွားနေတဲ့ လယ်ယာတွေကို ဇေကမ္ဘာ ကုမ္ပဏီက ဝင်ရောက်ဖျက်ဆီး

Photo: အငြင်းပွားနေတဲ့ လယ်ယာတွေကို ဇေကမ္ဘာ ကုမ္ပဏီက ဝင်ရောက်ဖျက်ဆီး

ဇေကမ္ဘာကုမ္ပဏီနဲ့ မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာက လယ်သမားတွေအကြား ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ စက်မှုဇုန် ၄ က လယ်ယာမြေ ကန်သင်းတွေကို မနေ့က ဇေကမ္ဘာ ကုမ္ပဏီ ဘက်ကလူတွေ ဝင်ရောက်ဖျက်ဆီး ခဲ့တဲ့အတွက် လယ်သမားတွေနဲ့ ဇေကမ္ဘာကုမ္ပဏီ တာဝန်ရှိသူတွေအကြား ထိပ်တိုက်တွေ့ဆုံ မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရှိရပါတယ်။

လယ်သမားတွေ စိုက်ပျိုးထားတဲ့ လယ်မြေဧက ၅ ဧကလောက်ကို မနေ့က မနက်ပိုင်းမှာ ဇေကမ္ဘာကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးမြင့်ဇော်ဦးဆောင်တဲ့အဖွဲ့ကနေ မြေထိုးစက်တွေနဲ့ ဝင်ရောက်ဖျက်ဆီးခဲ့တာကြောင့် လယ်သမား ၈ဝ ခန့်ဟာ လယ်ကွင်းထဲ တနေကုန်လာရောက် စောင့်ကြပ်နေခဲ့ကြတယ်လို့ ရွှေနံ့သာ ကျေးရွာနေ လယ်သမား ဦးကျော်စိန်က RFA ကို ပြောပါတယ်။

ဒါ့အပြင် ကုမ္ပဏီတာဝန်ရှိသူတွေအနေနဲ့ လယ်သမားတွေ စိုက်ထူထားတဲ့ လယ်ယာမြေ ဥပဒေဆိုင်ရာ ဆိုင်းဘုတ်တွေကိုလည်း ဖျက်ဆီးဖို့ ကြိုးစားခဲ့ကြောင်းနဲ့ အာဏာပိုင်တွေ ရောက်ရှိလာပြီး နောက်ပိုင်း လူစုခွဲသွားကြောင်း သိရပါတယ်။

စုစုပေါင်း ဧက ၈ဝဝ ကျော်ရှိတဲ့ အဲဒီလယ်မြေတွေကို ဇေကမ္ဘာကုမ္ပဏီက မင်္ဂလာဒုံ စက်မှုဇုန်စီမံကိန်း တိုးချဲ့ဖို့ဆိုကာ၂ဝ၁ဝ ခုနစ်က သိမ်းယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိ လက်ရှိ လယ်ယာမြေ အမျိုးအစားအဖြစ် တည်ရှိနေဆဲဖြစ်ကာ လယ်သမားတွေကလည်း ထွန်ယက်စိုက်ပျိုးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

အေးချမ်းမွန်မှ  RFA Burmese တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဇေကမ္ဘာကုမ္ပဏီနဲ့ မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာက လယ်သမားတွေအကြား ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ စက်မှုဇုန် ၄ က လယ်ယာမြေ ကန်သင်းတွေကို မနေ့က ဇေကမ္ဘာ ကုမ္ပဏီ ဘက်ကလူတွေ ဝင်ရောက်ဖျက်ဆီး ခဲ့တဲ့အတွက် လယ်သမားတွေနဲ့ ဇေကမ္ဘာကုမ္ပဏီ တာဝန်ရှိသူတွေအကြား ထိပ်တိုက်တွေ့ဆုံ မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရှိရပါတယ်။

လယ်သမားတွေ စိုက်ပျိုးထားတဲ့ လယ်မြေဧက ၅ ဧကလောက်ကို မနေ့က မနက်ပိုင်းမှာ ဇေကမ္ဘာကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးမြင့်ဇော်ဦးဆောင်တဲ့အဖွဲ့ကနေ မြေထိုးစက်တွေနဲ့ ဝင်ရောက်ဖျက်ဆီးခဲ့တာကြောင့် လယ်သမား ၈ဝ ခန့်ဟာ လယ်ကွင်းထဲ တနေကုန်လာရောက် စောင့်ကြပ်နေခဲ့ကြတယ်လို့ ရွှေနံ့သာ ကျေးရွာနေ လယ်သမား ဦးကျော်စိန်က RFA ကို ပြောပါတယ်။

ပြည်ထောင်စုနေ့အမီ အပစ်အခတ် ရပ်စဲနိုင်မလား

Photo: ပြည်ထောင်စုနေ့အမီ အပစ်အခတ် ရပ်စဲနိုင်မလား

ထက်အောင်ကျော်| January 25, 2013 | 

လာမယ့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ ၆၆ ကြိမ်မြောက် ပြည်ထောင်စုနေ့ ဖြစ်ပါတယ်။ ကိုလိုနီ နယ်ချဲ့ ဗြိတိသျှလက်အောက်က လွတ်လပ်ရေး အရယူနိုင်ဖို့အတွက် ပြည်မက ဗမာတွေနဲ့ တောင်တန်း ဒေသက လူမျိုးစုတွေ ( လူမျိုးစုအစား တိုင်းရင်းသားဆိုတဲ့ စကားလုံးကို မီဒီယာတွေက အသုံးများနေ ပါတယ်) စုပေါင်းတွေ့ဆုံပြီး ရှမ်းပြည်နယ် ပင်လုံမြို့မှာ အဲဒီနေ့က လက်မှတ်ရေးထိုးခဲ့ပါတယ်။ တနည်းအားဖြင့် ပြောမယ် ဆိုရင်တော့ ပြည်မနဲ့ တောင်တန်း ဒေသကလူတွေ ငြိမ်းချမ်းစွာ ပူးပေါင်းတဲ့နေ့ပေါ့။

ဒါပေမယ့် အခု ၆၆ နှစ်ကြာပြီးတဲ့ အခါမှာတော့ အဲဒီပင်လုံမှာ လက်မှတ်ရေးထိုးခဲ့သူတွေ အချင်းချင်းဟာ အဲဒီပင်လုံနဲ့ သိပ်မဝေးတဲ့အရပ်၊ အတိအကျ ပြောရမယ်ဆိုရင် ကချင်ပြည်နယ် လိုင်ဇာဒေသမှာ အကြီးအကျယ် စစ်ပွဲဖြစ်နေပါတယ်။ ဘာကြောင့်လဲ။

နိုင်ငံရေးအကဲခတ် အတော်များများကတော့ လွန်ခဲ့တဲ့ ၆၆ နှစ်က လက်မှတ်ရေးထိုးခဲ့တဲ့ ပင်လုံစာချုပ်ပါ အချက်အလက်တွေကို လူများစု ဗမာတွေဘက်က၊ အတိအကျ ပြောရမယ်ဆိုရင် အာဏာကို တလျှောက်လုံး ရယူထားခဲ့တဲ့ မြန်မာ့တပ်မတော်နဲ့ တပ်မတော်ကို ကျောထာက်နောက်ခံ ယူထားတဲ့ အုပ်ချုပ်သူအစိုးရ အဆက်ဆက်က ပင်လုံစာချုပ်ပါ အချက်လက်တွေကို အကောင်ထည် ဖော်ပေးဖို့ ပျက်ကွက် နေတာကြောင့်လို့ ပြောပါတယ်။

အပစ်ခတ်ရပ်စဲရေး ကာလ ၁၇ နှစ်ကြာပြီးမှ စစ်ပြန်တိုက်နေတဲ့ KIO ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ တာဝန်ရှိသူတွေ ကိုယ်တိုင်ကလဲ KIA ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမယ့်အစား ပင်လုံစာချုပ်ပါ အချက်လက်တွေကို အကောင်ထည် ဖော်ပးမယ်ဆိုရင် ဒီကိစ္စ အဆင်ပြေသွားလိမ့်မယ်လို့ အတိအလင်း တောင်းဆိုခဲ့ဖူးပါတယ်။

ဒါတွေက သမိုင်းနဲ့ဆိုင်တဲ့ ကိစ္စတွေပါ။ တထိုင်တည်း ဆွေးနွေးလို့ မပြီးနိုင်ပါဘူး။ အချိန်ယူ လုပ်ဆောင် ရမယ့် လုပ်ငန်းစဉ်တွေပါ။ လက်ရှိ အစိုးရဘက်ကလည်း ဒါတွေကို ချက်ချင်း ထလုပ်မယ့်ပုံ မပေါ်သေးပါဘူး။

အစိုးရက ချက်ချင်းထလုပ်မယ့် ကိစ္စကတော့ လာမယ့် ၁၂ ရက် ပြည်ထောင်စုနေ့ကျရင် တနိုင်ငံလုံးအနှံ့ ပြည်ထောင်စုနေ့ အခန်းအနားတွေ ကျင်းပမယ်၊ ညစာစားပွဲ လုပ်မယ်၊ အဲဒီပွဲကိုတက်ဖို့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေကို ဖိတ်မယ်။ ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့ တုန်းကလဲ ဒါမျိုးလုပ်သွားတာဆိုတော့ အခုလဲ အဲဒီလိုပဲ လုပ်လိမ့်မယ်လို့ ခန့်မှန်းနိုင်ပါတယ်။

ဒါပေမယ့် နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ အထူးသဖြင့် လူမျိုးစုပါတီ ခေါင်းဆောင်တွေ ပြည်ထောင်စုနေ့ပွဲကို တက်ပါ့မလား။ တိုက်ပွဲတွေ သိပ်မပြင်းထန်သေးတဲ့ လွတ်လပ်ရေးနေ့ တုန်းကတောင် အထင်ကရ လူမျိုးစု ခေါင်းဆောင်နှစ်ဦး မတက်ဘူးဆိုရင် အခုလို တိုက်ပွဲတွေပြင်းထန်နေပြီး အရပ်သားတွေပါ သေဆုံးနေချိန်မှာ အဲဒီဖြစ်စဉ်ကို လျစ်လျူရှုပြီး နေပြည်တော်က ညစာစားပွဲမှာ ရှန်ပိန် လာသောက်ရဲတဲ့ လူမျိုးစုခေါင်းဆောင် ရှိပါဦးတော့မလား။

ကျနော် ဒီလိုပြောလိုက်လို့ ပြည်ထောင်စုနေ့ကို မှေးမိန်အောင် လုပ်တယ်လို့ မထင်လိုက်ပါနဲ့။ တကယ်က ပြည်ထောင်စုနေ့ကို အနှစ်သာရပြည့်ဝစွာ ကျင်းပနိုင်ဖို့ နှိုးဆော်လိုက်ခြင်းသာ
ဖြစ်ပါတယ်။ ပြည်မနဲ့ တောင်တန်းဒေသပဲ ဆိုဆို၊ ဗမာနဲ့ လူမျိုးစုတွေပဲ ခေါ်ခေါ် သေချာတာကတော့ မြန်မာနိုင်ငံ ဆိုတာဟာ နိုင်ငံတွင်းရှိသမျှ လူမျိုးစုအားလုံးနဲ့ နယ်မြေအားလုံးကို စုပေါင်းခေါ်ဆိုထားတာပါ။

ဒါကြောင့် ဗမာအများစုနေထိုင်တဲ့ နေပြည်တော်နဲ့ ရန်ကုန်မှာ ဒီမိုကရေစီအခွင့်ရေး အနည်းအကျဉ်း ရနေရုံနဲ့ မြန်မာနိုင်ငံတခုလုံး အေးချမ်းတည်ငြိမ်နေပြီ၊ တိုးတက်ဖွံဖြိုးနေပြီလို့ ပြောလို့ မဖြစ်နိုင်ပါ။ တနိုင်ငံလုံး ငြိမ်းချမ်းရေးရပြီး တနိုင်ငံလုံးအေးချမ်းတည်ငြိမ် ဖွံဖြိုးတိုးတက်လာမှသာ အားလုံးအဆင်ပြေမှာ ဖြစ်ပါ တယ်။

ဒီမိုကရေစီ အခွင့်အရေးနဲ့ လူမျိုးစုတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ကိစ္စဟာ တခုနဲ့တခု ခေါင်းနဲ့ ပန်းလို ခွဲမရအောင် ဆက်စပ်နေတယ်ဆိုတဲ့ အယူဆတခုကို ဒီနေရာမှာ ကျနော်တင်ပြချင်ပါတယ်။ လွန်ခဲ့တဲ့ ၂၄ နှစ်ကျော်ကဖြစ်ပွါးခဲ့တဲ့ ၈ လေးလုံး အရေးတော်ပုံကြီး ဖြိုခွဲခံရပြီးတဲ့နောက် နယ်စပ်ဒေသဆီ၊ အတိအကျပြောရမယ်ဆိုရင် လူမျိုးစု လက်နက်ကိုင် သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒေသဆီ ကျနော် အပါဝင် ကျောင်းသားတွေ ထောင် သောင်းချီ ရောက်လာခဲ့ပါတယ်။

ကျနော်တို့ ကျောင်းသားတွေနဲ့ လူမျိုးစုသူပုန်တွေကြား နိုင်ငံရေးအရ နားလည်မှု၊ သဘောတူညီမှုရခဲ့တဲ့ အထဲက အကြီးမားဆုံး နားလည်မှုဟာ ရှေ့မှာပြောခဲ့တဲ့ ”ဒီမိုကရေစီအရေးနဲ့ လူမျိုးစုအရေးဟာ ခေါင်းနဲ့ ပန်းလိုဒွန်တွဲနေတယ်။ နှစ်ခုစလုံးအဆင်ပြေမှ တိုင်းပြည်ငြိမ်ချမ်းမယ်။ ဒီနှစ်ခုကို တပြိုင်တည်းဖြေရှင်း ဖို့လိုတယ်” ဆိုတာပါပဲ။

ဒီကြွေးကြော်သံဟာ တပ်ပေါင်းစုရဲ့ မူဝါဒဖြစ်လာပြီး ဖက်ဒရယ်မူနဲ့ နိုင်ငံသစ် တည်ဆောက်ဖို့ ကျနော်တို့ ကြိုးစားခဲ့ကြပါတယ်။ ဒီကြွေးကြော်သံရဲ့ လုပ်ငန်းစဉ်အဖြစ် ”သုံးပွင့်ဆိုင်ဆွေးနွေးရေး” ဆိုတာပေါ်လာပါ တယ်။

ဒါပေမဲ့ အခုနှစ်တွေ ကြာလာတဲ့ အခါမှာတော့၊ နယ်စပ်က တိုင်းရင်းသားအဖွဲ့ အတော်များများ အပစ်ခတ် ရပ်စဲပြီးနောက်မှာတော့၊ အထူးသဖြင့် ၂၀၀၈ အခြေခံဖွဲစည်းပုံနဲ့ ၂၀၁၀ ရွေးကောက်ပွဲ လမ်းကြောင်း ပေါ်လာပြီးနောက်မှာ၊ အတိအကျပြောရမယ်ဆိုရင် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲအပြီးမှာ ဒီ ကြွေးကြော်သံ လုံးဝနီးပါး မကြားရတော့ပါဘူး။

လူမျိုးစုအရေးဟာ ဒီမိုကရေစီအရေးထက် ပိုရှုပ်ထွေး ပိုခက်ခဲတယ်လို့ ကျနော်မြင်ပါတယ်။ မြန်မာ့ တပ်မတော်နဲ့ လက်ရှိအစိုးရ (လွှတ်တော်အပါဝင်) ကလည်း ဒီမိုကရေစီအခွင့်ရေးတွေကို အတိုင်းတာတခုထိ ပေးကောင်း ပေးချင်ပေမယ့် လူမျိုးစု အခွင့်အရေးတွေကိုတော့ ပေးချင်ပုံမရသေးပါ။ လူမျိုးစု အခွင့်အရေးကို ဘယ်လိုပေးရမှန်း၊ ဘယ်လို ကိုင်တွယ်ရမှန်း မသိတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။

ကျနော် တဦးတည်း အမြင်ကို ပြောရမယ်ဆိုရင်တော့ လူမျိုးစုဒေသဆီ မရောက်ဖူးပဲ၊ လူမျိုးစုတွေနဲ့ အတူ မနေဖူးဘဲနဲ့တော့ လူမျိုးစုတွေရဲ့ ခံစားချက်ကို နားလည်ဖို့ သိပ်မလွယ်ဘူးလို့ ထင်ပါတယ်။ စာအုပ်တွေ ဖတ်ပြီး သီအီုရိအရ နားလည်ကောင်း နားလည်နိုင်ပေမယ့် ”ခံစားချက်” ကို နားလည်ဖို့ကတော့ လူမျိုးစု တွေနဲ့ အတူနေဖူး၊ အတူလက်တွဲ အလုပ်လုပ်ဖူးမှ ဖြစ်မယ်လို့ ထင်ပါတယ်။

”မဟာဗမာဝါဒကြောင့် ဒီလိုဖြစ်နေတာ၊ မင်းတို့လဲ ဗမာတွေဘဲ” ဆိုတဲ့ စကားလုံးကို ကျနော်တို့တော ထဲရောက်ရောက်ချင်း စကြားရပါတယ်။ ကျောင်းစာအုပ်တွေ၊ ကျောင်းသားအသိုင်းဝိုင်းတွေမှာ တခါမှ မကြားဖူးတဲ့ စကားလုံးတွေဆိုတော့ သူတို့ ဘာကိုဆိုလိုမှန်း နားကို မလည်ပါဘူး။ ကျောင်းမှာတုန်းက ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်က ကျောင်းသားတွေနဲ့ အတူတူ နေခဲ့ဖူးပေမယ့် ”မဟာ ဗမာ” ဆိုတဲ့စကားလုံးမျိုး တခါမှ မကြားဖူးခဲ့ပါ။

ကျောင်းမှာတုန်းက သူတို့က လူနည်းစုဖြစ်နေလို့ ရင်ထဲက စကားလုံးတွေကို မပြောရဲတာလား။ ဟော… အခုတောထဲမှာတော့ သူတို့က လူများစုဖြစ်တဲ့အပြင် လက်နက်ကိုင် သူပုန်တွေလည်း ဖြစ်နေပြန်တော့ သူတို့ စိတ်ထဲရှိတာ အကုန်ပြောနေတာ ဖြစ်ပုံရပါတယ်။ ပြည်တွင်းစစ် နှစ် ၆၀ ဒဏ်အတွက် မြန်မာ့တပ်မတော်နဲ့ ဗမာလူများစုကို သူတို့ မကောင်းမြင်နေပါတယ်။ လူများစု ဗမာတွေဘက်က လူနည်းစု တိုင်းရင်းသား လူမျိုးစုတွေအပေါ် ဘာတွေအနိုင်ကျင့်ခဲ့သလဲ။ ကျနော်တို့ တောခို ကျောင်းသားတွေက ဒီအတွက် ဓားစာခံတွေလား။

တချိန်တည်းမှာပဲ လူမျိုးစု သူပုန်တွေဘက်ကကော ဗမာလူမျိုးနဲ့ မြန်မာ့တပ်မတော်ကို ခွဲခွဲခြားခြား မြင်ရဲ့ လား၊ စစ်တပ်က ဆိုးသမျှကို ဗမာတွေဆိုးတယ်လို့ မြင်နေတာမျိုးလား။ ဆိုလိုတာကတော့ တချိန်က တစုံတဦး၊ အဖွဲ့တဖွဲ့ရဲ့ အမှားဟာ အဲဒီမှာတင် ပြီးသွားတာမျိုး မဟုတ်ဘဲ မျိုးဆက်သစ်တွေပေါ်အထိ အရိပ်မည်း က ထိုးနေပါတယ်။ ဒါကို မျိုးဆက်သစ်တွေက ရှောင်ပြေးလို့ မရပါဘူး။ ရင်ဆိုင်ဖြေရှင်းဖို့ မျိုးဆက်သစ်တွေမှာ တာဝန်ရှိလာပါတယ်။

အကဲခတ်တချို့ရဲ့ အဆိုအရ ABSDF ဟာ ပြည်မက ဗမာတွေနဲ့ နယ်စပ်က လူမျိုးစုသူပုန်တွေကြား နိုင်ငံရေးအရ နားလည်မှုရအောင် လုပ်ပေးနိုင်ခဲ့ဆုံး အဖွဲ့စည်းတခု ဖြစ်တယ်လို့ သိရပါတယ်။ ဗမာပြည် ရဲ့ သက်တမ်း အရှည်ဆုံး နိုင်ငံရေးပါတီတခုဖြစ်တဲ့ ဗမာပြည် ကွန်မြူနစ်ပါတီဝင်ဟောင်း စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇော ကိုယ်တိုင် အလားတူ မှတ်ချက်ပေးထားတာကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ဂျာနယ်တစောင်မှာ တွေ့လိုက်ရပါတယ်။

ဒါပေမယ့် ABSDF ကိုယ်တိုင် KIA နဲ့တွဲပြီး အစိုးရကို လက်နက်ကိုင် တော်လှန်နေတဲ့အတွက် စစ်ပွဲရပ် ဆိုင်းရေးကိစ္စမှာ ABSDF က ကြားဝင်ဆောင်ရွက်လို့တော့ မဖြစ်နိုင်ပါ။ ဒါဆိုရင် သူတို့နဲ့ မျိုးဆက်တခု တည်းဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ ကြားဝင်ဆောင်ရွက်ပေးမယ်ဆိုရင် အသင့်တော်ဆုံးလို့ ထင်ပါတယ်။ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ အဖွဲ့ဟာ ကချင်အပါဝင် လူမျိးစုလက်နက်ကိုင် ဒေသတွေဆီအထိ ထဲထဲဝင်ဝင်သွားရောက်လေ့လာနေသူတွေဖြစ်ပြီး တိုက်ပွဲကြီးတွေ မစမီအထိ လိုင်ဇာကို ရောက်ခဲ့သူ တွေပါ။

ဒါပေမယ့် အဲဒီခရီးစဉ်အတွင်း ဖမ်းဆီးခံ မြန်မာစစ်သားတွေ ပြန်ပို့ပေးရေးကိစ္စ ၈၈ က ကြားဝင်ဆောင်ရွက် ပေးတာကို စစ်တပ်ဖက်က လက်မခံတဲ့အတွက် သူတို့ရဲ့ကြားဝင်ပေးမှုကို အစိုးရဘက်က လက်ခံ မခံဆို တာမေးခွန်းထုတ်စရာ ဖြစ်လာပြန်ပါတယ်။

ဒါဆိုရင် ဒီစစ်ပွဲကို ချက်ချင်းရပ်ဖို့ တောင်းဆိုနေတဲ့ နေပြည်တော်က လွှတ်တော်အမတ်တွေ ကိုယ်တိုင်ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့တခု လိုင်ဇာအထိသွားပြီး ဆွေးနွေးမယ်ဆိုရင်ကော အပစ်ခတ်ရပ်စဲရေး ရလာနိုင်မလား။ အထူးသဖြင့် လူအတော်များများ အကြံပေးနေတဲ့အတိုင်း NLD ပါတီဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က အဲဒီကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်နိုင်မယ်ဆိုရင် တကယ် အပစ်ခတ်ရပ်စဲပြိး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်လာနိုင်မလား။

တချိန်တည်းမှာပဲ အိမ်နီးချင်း တရုတ်အပါဝင် အမေရိကန်၊ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အစိုးရတွေဖက်က ဖိအားပေးမှုတွေ၊ တောင်းဆိုမှုတွေလဲ ဒီထက်မက အင်အားပါဖို့ လိုမယ်ထင် ပါတယ်။

ဒီဆောင်းပါး ရေးနေစဉ်အတွင်းမှာပဲ လဂျားယန်ဒေသ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးတွေကို ဇန်န၀ါရီ လ ၁၉ ရက်နေ့ကနေ စတင်ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း အစိုးရပိုင် မီဒီယာတွေက ကြေညာခဲ့ပါတယ်။ ဒါ ပေမယ့် အစိုးရတပ်တွေက သူတို့စခန်းတွေကို ၂၀ ရက်နေ့အထိ ထိုးစစ်ဆင်နေဆဲ ဖြစ်တယ်လို့ KIA နဲ့ ABSDF-NB တပ်တွေက ပြောပါတယ်။

တခါ အစိုးပိုင် သတင်းစာတွေရဲ့ အဆိုအရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော် ဆောင်မှုကော်မတီက KIO ဥက္ကဌဆီ စာပို့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ထပ်မံ ကမ်းလှမ်းလိုက်ကြောင်း ဖော်ပြထားပါတယ်။ ၂၀ ရက်နေ့က ရန်ကုန်တိုင်း လွတ်တော်ခန်းမမှာ ကျင်းပတဲ့ အရပ်ဖက် အဖွဲ့စည်းများနဲ့ တွေ့ဆုံပွဲမှာလည်း ကချင်ဒေသ ငြိမ်းချမ်းရေးအောင် ဆောင်ရွက်နေတယ်လို့ သမ္မတကိုယ်တိုင်က ပြောဆိုပြီး ”လိုင်ဇာနဲ့ လက် တကမ်းအလိုရောက်မှ တပ်တွေကို ထိုးစစ်ရပ်ခိုင်းလာတာဟာ တပ်မတော်ဖက်က ငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုတာကို သက်သေပြသလိုက်တာ ဖြစ်တယ်” လို့  ပြောသွားပါတယ်။

သမ္မတရဲ့ စကားလုံးအပေါ် နိုင်ငံရေးအကဲခတ်တွေ ဘယ်လိုနားလည်သလဲတော့ မသိပါ။ လူမျိုးစုတွေနဲ့အတူ တွဲပြီး တာဝန်ထမ်းခဲ့ဖူးတဲ့ ကျနော်စိတ်ထဲမှာတော့ ဒီစကားလုံးဟာ အပေါ်စီး သိပ်ဆန်ပြီး ”ငါတို့ပြောနေတဲ့ ငြိမ်းချမ်းရေးကို အခုဆွေးနွေးရင်ဆွေးနွေး၊ မဆွေးနွေးရင် လိုင်ဇာကို အချိန်မရွေး သိမ်းနိုင်တယ်” ဆို ပြီး ခြိမ်းခြောက်လိုက်တယ်လို့ ခံစားရပါတယ်။

ဆိုလိုတာကတော့ လူမျိုးစုတွေဖက်ကနေ တလျှောက်လုံး တောင်းဆိုနေတဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ တန်းတူရည်တူ ဆွေးနွေးဖို့ဆိုတဲ့ အချက်နဲ့ လုံးဝ ကွဲလွဲနေပါတယ်။ အင်အားအရ အတိအကျ ပြောရမယ်ဆိုရင် စစ်အင်အားအရ အသားစီးရအောင် အရင်ယူထားပြီးမှ စားပွဲဝိုင်းဆီ လာဆွေးနွေးဖို့ ခေါ်နေတာမျိုးဟာ မလုပ်သင့်တဲ့ကိစ္စ ဖြစ်ပါတယ်။

မြန်မာတပ်မတော်မှာ အင်အားများစွာရှိတဲ့အတွက် လိုင်ဇာကိုသိမ်းပြီး KIA တပ်တွေကို မောင်းထုတ်နိုင် တယ်ဆိုတာ အထူးအဆန်း မဟုတ်ပါဘူး။ ကျန်တဲ့ လူမျိုးစု လက်နက်ကိုင်တွေကိုလဲ ဒီလိုပဲ တိုက်ခိုက် လိုက်၊ ခြိမ်းခြောက် လိုက်၊ ဆွေးနွေး လိုက်လုပ်လာခဲ့ဖူးတာ သမိုင်းမှတ်တမ်းတွေ အထင်အရှား ရှိပါတယ်။

ဒါပေမယ့် ဒီနည်းနဲ့ အဖြေမှန်မရနိုင်ဘူး ဆိုတာကိုလဲ သမိုင်းမှတ်တမ်းတွေက လွန်ခဲ့တဲ့နှစ် ၆၀ အတွင်း အထင်အရှား ရှိခဲ့ပြီးသားဖြစ်ပါတယ်။ ဒီနေ့ နိုင်ငံရေး အပြောင်းအလဲ ကာလမှာ ရေရှည်ခံမယ့် အဖြေတခုခုကို တွေ့အောင် ရှာဖို့လိုပါတယ်။ အရင်က နည်းဟောင်းတွေအတိုင်း အင်အားသုံး နှိမ်နှင်းတဲ့နည်း၊ ခြိမ်းခြောက် အကျပ်ကိုင်တဲ့နည်းတွေကို ဆက်မသုံးသင့်တော့ပါဘူး။ ဒါက တပ်မတော်နဲ့ လက်ရှိအစိုးရကို ပြောတာပါ။

ပြည်သူတွေ ရွေးချယ်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု လွှတ်တော်ကလည်း ဒီကိစ္စကို ရဲရဲဝံ့ဝံ့ပြောသင့်တယ်လို့ ထင်ပါတယ်။ လွတ်တော်အမတ် အတော်များများဟာ ဒီမိုကရေစီအခွင့်ရေးနဲ့ ပတ်သက်ပြီး အတော်များများ ပြောရဲ ဆိုရဲ ရှိလာကြပေမယ့် လူမျိုးစုအရေး၊ ဖက်ဒရယ် အရေးတွေကိုတော့ ပြောဖို့ တွန့်ဆုတ်နေဆဲ ဖြစ်တာကို တွေ့ရပါတယ်။ ဒီအထဲမှာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်မယ်၊ ဒုတိယ ပင်လုံညီလာခံခေါ်ပြီး လူမျိုးစုအရေးကို ဖြေရှင်းမယ်လို့ ကြွေးကြော်ခဲ့တဲ့ အဓိက အတိုက်အခံ ပါတီခေါင်းဆောင်နဲ့ အမတ်တွေ ပါဝင်နေတာကတော့ တကယ့်ကို မဖြစ်သင့်တဲ့ အခြေအနေလို့ ကျနော်မြင်ပါတယ်။

သက်ကြီးတန်း နိုင်ငံရေးသမားတွေက ဒီလို လက်ရှောင်နေချိန်မှာ ထူးထူးခြားခြား ထွက်လာတဲ့ သတင်း တခုကတော့ ”ငြိမ်းချမ်းရေးလိုလားသူများ” ဆိုတဲ့ ကျောင်းသားလူငယ်အဖွဲ့တခုဟာ ရန်ကုန်ကနေ လိုင်ဇာအထိ ငြိမ်းချမ်းရေးခရီးရှည် ချီတက်မှုကို ဇန်နဝါရီလ ၂၁ ရက်နေ့မှာ စတင်လိုက်ပြီ လို့သိရပါတယ်။ သူတို့နဲ့အတူ အများပြည်သူ ဘယ်လောက် ပါဝင်နိုင်မလဲ။ နိုင်ငံရေးသမားတွေက ဘယ်လောက်အထိ ၀န်းရံပေး နိုင်မလဲ။

ဒီအဖြေဟာ စစ်ပွဲတွေရပ်ဆိုင်းစေဖို့ နိုင်ငံရေးသမားတွေမှာ ဘယ်လောက်အထိ ဆန္ဒရှိနေသလဲ၊ ထပ် ဖြည့်ပြောရမယ်ဆိုရင် လူမျိုးစုပြဿနာအပေါ် နိုင်ငံရေးသမားတွေ ဘယ်လောက်အထိ အလေးအနက် ထားသလဲဆိုတာနဲ့ ဆက်စပ်နေပါတယ်။

(စာရေးသူသည် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သော ကျောင်းသားလက်နက်ကိုင် ABSDF အဖွဲ့ဝင်ဟောင်းဖြစ်ပြီး DVB ၏ သတင်းထောက်ဟောင်းလည်း ဖြစ်သည်။ ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်လျက်ရှိသည်)

နလုန်းအမည်ရှိ ကချင်ရွာ မီးလောင်နေစဉ် (ဓာတ်ပုံ/ ဧရာဝတီ)

အေးချမ်းမွန်မှ  ဧရာဝတီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
နလုန်းအမည်ရှိ ကချင်ရွာ မီးလောင်နေစဉ် (ဓာတ်ပုံ/ ဧရာဝတီ)
လာမယ့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ ၆၆ ကြိမ်မြောက် ပြည်ထောင်စုနေ့ ဖြစ်ပါတယ်။ ကိုလိုနီ နယ်ချဲ့ ဗြိတိသျှလက်အောက်က လွတ်လပ်ရေး အရယူနိုင်ဖို့အတွက် ပြည်မက ဗမာတွေနဲ့ တောင်တန်း ဒေသက လူမျိုးစုတွေ ( လူမျိုးစုအစား တိုင်းရင်းသားဆိုတဲ့ စကားလုံးကို မီဒီယာတွေက အသုံးများနေ ပါတယ်) စုပေါင်းတွေ့ဆုံပြီး ရှမ်းပြည်နယ် ပင်လုံမြို့မှာ အဲဒီနေ့က လက်မှတ်ရေးထိုးခဲ့ပါတယ်။ တနည်းအားဖြင့် ပြောမယ် ဆိုရင်တော့ ပြည်မနဲ့ တောင်တန်း ဒေသကလူတွေ ငြိမ်းချမ်းစွာ ပူးပေါင်းတဲ့နေ့ပေါ့။

ဒါပေမယ့် အခု ၆၆ နှစ်ကြာပြီးတဲ့ အခါမှာတော့ အဲဒီပင်လုံမှာ လက်မှတ်ရေးထိုးခဲ့သူတွေ အချင်းချင်းဟာ အဲဒီပင်လုံနဲ့ သိပ်မဝေးတဲ့အရပ်၊ အတိအကျ ပြောရမယ်ဆိုရင် ကချင်ပြည်နယ် လိုင်ဇာဒေသမှာ အကြီးအကျယ် စစ်ပွဲဖြစ်နေပါတယ်။ ဘာကြောင့်လဲ။

ဒလ၊ ရန်ကုန်ကို ဘုရင်တွေနဲ့သွားမယ်

ရန်ကုန်မြို့ ပန်းဆိုးတန်း၊ နန်းသီတာဆိပ်ကမ်းကနေ တဖက်ကမ်းကိုကူးရင် ဒလမြို့ကို ရောက်ပါတယ်။

ဒလ-ရန်ကုန် သင်္ဘောတွေကို အများစု စီးနေကြတာက ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ တွံတေး အစရှိတဲ့မြို့က ရန်ကုန်ဈေးဝယ်ကြတဲ့ ကုန်သည်တွေ၊ ကျောင်းသားတွေ၊ ရန်ကုန်တက်ပြီး သားငါးအသီးအနှံ ရောင်းတဲ့ လမ်းဘေးဈေးသည်တွေ၊ ရုံးသွားရုံးပြန်တွေ ဖြစ်ပါတယ်။

ရုံးဆင်းရုံးတက်ချိန်တွေမှာဆို ရန်ကုန် ဘတ်စ်ကားတွေလိုပဲ ခြေချစရာနေရာရှာမရတဲ့အထိ လူများတတ်ပါတယ်။
ရန်ကုန်ဒေသခံတချို့က ညပိုင်းမှာ အပျင်းပြေ စီးလေ့ရှိတာ တွေ့ရတတ်ပါတယ်။ တချို့ကတော့ မြစ်ထဲမြင်ရမယ့် ဆည်းဆာရှုခင်းကို ဓာတ်ပုံရိုက်ဖို့ သင်္ဘောစီးကြပါတယ်။


ပြည်ခိုင်ဖြိုးနဲ့ တပ်ကိုယ်စားလှယ်တွေ ကချင်အရေး အင်အားသုံးဖို့ လိုလား

Photo: ပြည်ခိုင်ဖြိုးနဲ့ တပ်ကိုယ်စားလှယ်တွေ ကချင်အရေး အင်အားသုံးဖို့ လိုလား

ကိုအောင်လွင်ဦး
24.01.2013

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတာတွေ အဆုံးသတ်စေရေး ရည်ရွယ်ပြီးတော့ နေပြည်တော်မှာ ကျင်းပတဲ့ လွှတ်တော်တွင်း ဒီကနေ့ ဆွေးနွေးကြပါတယ်။ တိုင်းရင်းသား ကိုယ်စားလှယ်တွေကတော့ မြန်မာအစိုးရတပ်တွေနဲ့ ကချင်တိုင်းရင်းသား လက်နက်ကိုင်တွေကြားမှာ တိုက်ခိုက်မှုတွေကို နိုင်ငံရေးအရ အဖြေရှာကြဖို့ အကြံပြုဆွေးနွေးခဲ့ကြပေမဲ့ အာဏာရပါတီနဲ့ စစ်တပ်ကိုယ်စားလှယ်တွေကတော့ အင်အားသုံး နှိမ်နင်းဖို့ လိုလားနေကြတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ ဒီကနေ့ လွှတ်တော်ထဲမှာ အချေအတင် ဆွေးနွေးခဲ့တာတွေကိုတော့ ကိုအောင်လွင်ဦး က ပြောပြပေးမှာပါ။

မြန်မာအစိုးရတပ်ဖွဲ့တွေနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ကြား တိုက်ခိုက်မှုတွေ နေ့စဉ်ရက်ဆက် ဆိုသလို ဖြစ်ပွားနေတာတွေ အဆုံးသတ်စေရေး ရည်ရွယ်ပြီး အမျိုးသားလွှတ်တော်မှာ တင်သွင်းတဲ့ အဆိုတရပ်ကို ဆွေးနွေးကြတာပါ။ ကချင်တိုင်းရင်းသား ကိုယ်စားလှယ် ဦးခက်ထိန်နန် တင်သွင်းလာတဲ့ အဆိုကို တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေ ဆွေးနွေးကြ ရာမှာတော့ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးနောက် ကြုံခဲ့ရတဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ အစိုးရ အဆက်ဆက် လက်ထက် ပြေလည်အောင် မဖြေရှင်းနိုင်ခဲ့တဲ့ နိုင်ငံရေး အကျိုးဆက်အဖြစ် ဆွေးနွေးခဲ့ကြတာပါ။ ကချင်ပြည်နယ်က အခုနောက်ဆုံး ပဋိပက္ခတွေ အဆုံးသတ်ဖို့ ဆိုရင်လည်း တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းကသာ အဖြေရနိုင်မယ်လို့ တိုင်းရင်းသား ကိုယ်စားလှယ်တွေက ယုံကြည်ကြတဲ့အကြောင်း ကိုယ်တိုင် ၀င်ရောက် ဆွေးနွေးခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာအေးမောင် က ပြောပါတယ်။

“အဓိကကတော့ ပြည်တွင်းစစ်ကို ရပ်စေချင်တာပေါ့၊ ဒီပြဿနာကို ဖြေရှင်းဖို့ တစ်ခုတည်းသော နည်းလမ်းဟာ တွေ့ဆုံညှိနှိုင်းဖြေရှင်းနည်းပဲ ဆိုတဲ့သဘောကို ဆွေးနွေးကြပါတယ်။ ဒါကျနော်တို့ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးကြတယ်။ တော်တော်များများ အဲ့ဒီ့အမြင်နဲ့ပါ။ နောက်တော့ ပြည်ခိုင်ဖြိုးပါတီဘက်က တချို့၊ တပ်မတော် အငြိမ်းစားပုဂ္ဂိုလ်တွေကတော့ဖြင့် အပြုတ်ချေမှုန်းရေးဆိုတဲ့ ဦးတည်ချက်ဘက်ကို သွားတယ်လို့ယူဆပါတယ်။ ကျနော်တို့ဆွေးနွေးတဲ့အခါမှာကျတော့ ဒီနယ်မြေကို ခဏတာ အောင်လံစိုက်ပြီးခါမှ သိမ်းရုံနဲ့ ထာဝရ ငြိမ်းချမ်းရေးကို မရနိုင်ဘူး။ နယ်မြေစိုးမိုးရေးကို မရနိုင်ဘူး ဆိုတာ ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်။ ထာဝရ ငြိမ်းချမ်းရေးကို ရဖို့အတွက် ကျနော်တို့ နိုင်ငံရေးအားဖြင့် တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ ယဉ်ကျေးမှု တည်ဆောက်ဖို့ လိုတယ်ဆိုတဲ့ အဲ့တာလေးနဲ့ ကျနော်တို့ ဆွေးနွေးပါတယ်။”

၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲထားတာတွေ ၂၀၁၁ နှစ်လည်ပိုင်းမှာပဲ ပျက်ပြားခဲ့ပြီးတဲ့နောက် လက်နက်ကိုင် ပဋိပက္ခတွေ ပြန်လည် ဖြစ်ပွားနေတာတွေဟာ ဒီနှစ်ဆန်းပိုင်းမှာတော့ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့တာပါ။ မြန်မာအာဏာပိုင်တွေ ကတော့ အစိုးရရဲ့ စစ်ကြောင်းတွေကို ကချင်လက်နက်ကိုင် တပ်တွေ တိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် တုန့်ပြန်တဲ့ အနေနဲ့ ဒေသတွင်း ရှင်းလင်းတဲ့ စစ်ဆင်ရေးတွေ လုပ်ခဲ့တာလို့ ပြောပါတယ်။ စစ်ရေးရည်မှန်းချက်တွေ ရရှိပြီး ဖြစ်တဲ့အတွက်လည်း ပြီးခဲ့တဲ့ စနေနေ့ကစပြီး ထိုးစစ်တွေ ရပ်မယ်လို့ ကြေညာထားတာပါ။

ဒါပေမဲ့လည်း ကြေညာချက် ထုတ်ပြန်ပြီး နောက်ပိုင်းအထိ ကချင်လက်နက်ကိုင်တွေက အစိုးရ တပ်ဖွဲ့တွေနဲ့ အရပ်သားတွေကို တိုက်ခိုက်မှုတွေ ရှိတယ် ဆိုပြီးတော့လည်း ပြောဆိုနေတာ ဖြစ်ပါတယ်။ ကြာသပတေးနေ့က လွှတ်တော်တွင်း ဆွေးနွေးစဉ်မှာလည်း စစ်တပ် ကိုယ်စားလှယ်တွေနဲ့ စစ်မှုထမ်းဟောင်း ကိုယ်စားလှယ်တွေက အလားတူ စွပ်စွဲချက်တွေနဲ့အတူ ပြဿနာကို အင်အားသုံး ဖြေရှင်းဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဒေါက်တာအေးမောင် ကပြောပါတယ်။

“တပ်မတော်သားတွေဖက်က ဆွေးနွေးတဲ့အခါကျတော့ ပြည်တွင်းဒီစစ်ပွဲနဲ့ပတ်သက်လို့ ကေအိုင်အေ၊ ကေအိုင်အိုတို့ရဲ့ စတင်ပစ်ခတ်မှုတွေ၊ မိုင်းခွဲမှုတွေ၊ အဲ့တာမျိုးတွေကို ချပြပြီးကာမှ ရှင်းတာပေါ့ဗျာ။ တိုင်းရင်းသားတွေဖက်ကတော့ ဟိုဘက်၊ ဒီဘက် အကြောင်းပြနိုင်မှာပဲ စစ်ပွဲဆိုတာ၊ နော် စစ်ပွဲဆိုတာ  အကြောင်းရင်းကို ရှာဖို့လိုတယ်။ အဲ့ဒီ့နည်းဟာ နိုင်ငံရေးအရ ဖြေရှင်းနည်းပဲ။ တကယ်တမ်း ကျနော်တို့ တိုင်းပြည်ကိုသာ စစ်မှန်တဲ့ ပြည်ထောင်စုအဖြစ် တည်ဆောက်မယ်ဆိုရင် နှစ်ပေါင်း ၆၀ကျော် မငြိမ်းချမ်းသေးတာ၊ တိုင်းရင်းသားအချင်းချင်း တိုက်ကြခိုက်ကြ ဖြစ်ကြတာ၊ အမှန်တော့ ကျနော်တို့ပြန်လည်သုံးသပ်ဖို့ လိုပြီ။ ကျနော်တို့ တွေ့ဆုံညှိနှိုင်း အဖြေရှာပြီးကာမှ ပြည်ထောင်စုကို တည်ဆောက်ဖို့ လိုပြီဆိုတာကို ကျနော်တို့ကို ပြန် တပ်လှန့်လိုက်တဲ့ သဘောပါပဲလို့ ဆွေးနွေးကြပါတယ်။ အကုန်လုံး ငြိမ်းချမ်းရေးကို ရစေချင်တယ်။ ဦးခတ်ထိန်နန်အဆိုတင်သွင်းတဲ့ အချက်သုံးချက်လုံးကို တိုင်းရင်းသားလွှတ်တော်အမတ်တွေက ထောက်ခံခဲ့ကြပါတယ်။”

ကချင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်လို့ အမျိုးသား လွှတ်တော်မှာ သောကြာနေ့အထိ ဆက်လက် ဆွေးနွေးဦးမှာပါ။ မြန်မာအစိုးရ ကတော့ တိုက်ခိုက်မှုတွေ ရပ်စဲပြီး KIO နဲ့ ဆွေးနွေးဖို့ အသင့်ရှိနေတဲ့ အကြောင်း ကမ်းလှမ်းထားပေမဲ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲမို့ လက်တွေ့မှာ ဆွေးနွေးရေး မဖြစ်နိုင်သလောက် အခြေအနေမျိုးမှာ ရောက်နေတယ်လို့ KIO က ပြောဆိုထားတာပါ။ ဒီလိုပဲ တွေ့ဆုံရမယ် ဆိုရင်လည်း တဖွဲ့ချင်း အနေနဲ့ မဟုတ်ပဲ တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ် အဖွဲ့တခုဖြစ်တဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နဲ့အတူ တွေ့ဆုံဖို့ လိုလားကြောင်းလည်း ပြောဆိုထားတာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် အစည်းအဝေးခမ်းမအတွင်း တပ်မတော်သား ကိုယ်စားလှယ်များ တက်ရောက်နေစဉ်။ (ဇူလိုင် ၁၇၊ ၂၀၁၂)
 
အေးချမ်းမွန်မှ  VOA တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ပြည်သူ့လွှတ်တော် အစည်းအဝေးခမ်းမအတွင်း တပ်မတော်သား ကိုယ်စားလှယ်များ တက်ရောက်နေစဉ်။ (ဇူလိုင် ၁၇၊ ၂၀၁၂)
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတာတွေ အဆုံးသတ်စေရေး ရည်ရွယ်ပြီးတော့ နေပြည်တော်မှာ ကျင်းပတဲ့ လွှတ်တော်တွင်း ဒီကနေ့ ဆွေးနွေးကြပါတယ်။ တိုင်းရင်းသား ကိုယ်စားလှယ်တွေကတော့ မြန်မာအစိုးရတပ်တွေနဲ့ ကချင်တိုင်းရင်းသား လက်နက်ကိုင်တွေကြားမှာ တိုက်ခိုက်မှုတွေကို နိုင်ငံရေးအရ အဖြေရှာကြဖို့ အကြံပြုဆွေးနွေးခဲ့ကြပေမဲ့ အာဏာရပါတီနဲ့ စစ်တပ်ကိုယ်စားလှယ်တွေကတော့ အင်အားသုံး နှိမ်နင်းဖို့ လိုလားနေကြတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ ဒီကနေ့ လွှတ်တော်ထဲမှာ အချေအတင် ဆွေးနွေးခဲ့တာတွေကိုတော့ ကိုအောင်လွင်ဦး က ပြောပြပေးမှာပါ။

မြန်မာအစိုးရတပ်ဖွဲ့တွေနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ကြား တိုက်ခိုက်မှုတွေ နေ့စဉ်ရက်ဆက် ဆိုသလို ဖြစ်ပွားနေတာတွေ အဆုံးသတ်စေရေး ရည်ရွယ်ပြီး အမျိုးသားလွှတ်တော်မှာ တင်သွင်းတဲ့ အဆိုတရပ်ကို ဆွေးနွေးကြတာပါ။ ကချင်တိုင်းရင်းသား ကိုယ်စားလှယ် ဦးခက်ထိန်နန် တင်သွင်းလာတဲ့ အဆိုကို တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေ ဆွေးနွေးကြ ရာမှာတော့ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးနောက် ကြုံခဲ့ရတဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ အစိုးရ အဆက်ဆက် လက်ထက် ပြေလည်အောင် မဖြေရှင်းနိုင်ခဲ့တဲ့ နိုင်ငံရေး အကျိုးဆက်အဖြစ် ဆွေးနွေးခဲ့ကြတာပါ။

သမ္မတအား ဆုပေးခြင်းသည် ပညာရေးကဏ္ဍနှင့်သာ တွက်ချက် စဉ်းစားခဲ့ခြင်းဖြစ်

Photo: သမ္မတအား ဆုပေးခြင်းသည် ပညာရေးကဏ္ဍနှင့်သာ တွက်ချက် စဉ်းစားခဲ့ခြင်းဖြစ်

ဟင်္သာနီ (မွန်မြေ) | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၄ ရက် ၂၀၁၃ ခုနှစ် ၁၇ နာရီ ၃၁ မိနစ် 

မြန်မာနိုင်ငံတွင်း နိုင်ငံရေး မငြိမ်သက်မှုနှင့် စစ်ပွဲများ ဆက်လက် ဖြစ်ပွားလျက် ရှိနေသော်လည်း (Bansomdej chaopraya Rajabhat University - BSRU) မှ ဂုဏ်ထူးဆောင် ဆုတံဆိပ် လာရောက် ပေးအပ်ခဲ့သည့် အပေါ်ဝေဖန်မှုများ ရှိခဲ့ခြင်းကို ယင်း တက္ကသိုလ် အဓိပတိ ဘုတ်အဖွဲ့ လက်ထောက် အတွင်းရေးမှူးမှ ပညာရေး ကဏ္ဍ တွက်ချက် စဉ်းစားမှုဖြင့်သာ ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု မဇ္ဈိမအား ပြောသည်။ 

၎င်းက “နိုင်ငံရေးက နိုင်ငံရေး နဲ့ပဲ သက်ဆိုင် ပါတယ် ၊ မြန်မာပြည် နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှု စစ်ပွဲတွေ အဲဒီ အခြေအနေ တွေက ဒီဂုဏ် ထူးဆောင် ဆုတံ ဆိပ်နဲ့ ဘယ်လိုမှ ဆက်စပ်မှု မရှိဘူးလို့ကျွန်မ မြင်တယ်၊ ကျွန်မ တို့ အခုလို ဆုတံဆိပ် ပေးအပ် တာကလည်း ပညာရေး ကဏ္ဍနဲ့ပဲ တွက်ချက် စဉ်းစားပြီး ပေးအပ်ခြင်း ဖြစ်တယ်” ဟု  မဇ္ဈိမအား ပြောသည်။ 

စီမံ ခန့်ခွဲမှု နည်းပညာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ (Honorary Doctor of Philosophy in Technology Management) ခေါ် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို သမ္မတဦးသိန်းစိန်အား ဇန်န၀ါရီလ ၂၃နေ့ ညနေငါးနာရီတွင် သမ္မတအိမ်တော် ၌ ပေးအပ်ခဲ့ကြောင်း သမ္မတရုံး ၀ဘ်ဆိုက်တွင်ဖော်ပြထားသည်။ 

( Bansomdej chaopraya Rajabhat University - BSRU) တက္ကသိုလ်မှ အဓိပတိ ဘုတ်အဖွဲ့ ဝင်နှင့် တက္ကသိုလ် အကြံပေး အဖွဲ့များ ပါဝင်သည့် (၉) ဦးပါ ကိုယ်စားလှယ် အဖွဲ့အား တက္ကသိုလ် တွဲဖက် ပါမောက္ခ ဒေါက်တာ ဖွန်လာဆစ် နူချူချိုင်းမှ ဦးဆောင်ကာ နေပြည်တော်ရှိ သမ္မတ အိမ်တော် သဘင် ဆောင်၌ သမ္မတ အား ပေးအပ် ခဲ့ခြင်း ဖြစ်သည်။ 

သမ္မတ ဦးသိန်းစိန် က မိမိအား ယခုကဲ့သို့ ဂုဏ်ထူးဆောင် ဆုတံဆိပ် ပေးအပ် ခြင်းသည် မိမိတို့ နိုင်ငံနှင့် ပြည်သူ များ၏ ဒီမိုကရေစီ အသွင် ကူးပြောင်း ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ကြိုးပမ်း အားထုတ် မှုများ အပေါ် အသိအမှတ် ပြုမှု တစ်ရပ် အဖြစ် ခံယူကြောင်း ဆုပေးအပ်ပွဲ အခမ်း အနားတွင် ပြောခဲ့သည် ဟုသမ္မတရုံး ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။ 

ဆက်လက် ၍လည်း ထိုင်း မြန်မာ နှစ်နိုင်ငံကြား ပညာရေး ကဏ္ဍ ပူးပေါင်း လုပ်ဆောင်မှု မြင့်မား စေရန် မြန်မာ တက္ကသိုလ်နှင့် မိမိတို့ တက္ကသိုလ် များအကြား ပညာ သင်ကြားမှု ဖလှယ်ရေး အစီအစဉ် သဘောတူ စာချူပ်များ ဆက်လက် ချုပ်ဆို သွားရန် ရှိကြောင်းလည်း ( Bansomdej chaopraya Rajabhat University - BSRU) မှ တက္ကသိုလ် အဓိပတိ ဘုတ်အဖွဲ့ လက်ထောက် အတွင်း ရေးမှူးမှ မဇ္ဈိမအား ပြောသည်။ 

၎င်းက “အနာဂါတ်မှာ အာဆီယံ နိုင်ငံတွေ အကြား ကူးလူး ဆက်သွယ်မှု ကောင်းမွန် လာရင်၊ တစ်နိုင်ငံနဲ့ တစ်နိုင် ငံကြား ဘာသာ စကား ဖလှယ် သင်ကြား မှုတွေ ရှိလာမယ်၊ ဒါ့ပြင်ကို ပညာရေး ကဏ္ဍနဲ့ ပတ်သက် ပြီးတော့မြန်မာ နိုင်ငံနဲ့ ကျွန်မတို့ တက္ကသိုလ် ကြားမှာလည်း MOU စာချုပ်တွေ ဆက်လက် ချုပ်ဆို ကြဖို့ ရှိပါတယ်၊ ချုပ်ဆို နိုင်မယ် လို့လည်း မျှော်လင့် ပါတယ်” ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် တက္ကသိုလ် အနေနှင့် ယခု ဘွဲ့တံဆိပ်ကို အခြား အာဆီယံ အဖွဲ့ဝင် နိုင်ငံ အသီးသီးရှိ နိုင်ငံဥသျှောင်ခေါင်းဆောင်များအား ပေးအပ် ခဲ့ပြီး ဖြစ်ကာ မြန်မာနိုင်ငံအား အာဆီယံ နိုင်ငံ အတွင်း နောက်ဆုံး ပေးအပ်နိုင်ခဲ့ခြင်းလည်း ဖြစ်ကြောင်း မစ္စစ် ဝလင်းလက်စ် မှ ပြောကြားခဲ့ပါသည်။ 

သမ္မတ ဦးသိန်းစိန်အား အဆိုပါဆု ပေးအပ်နိုင်ရန် ဗန်ကောက် မြန်မာသံရုံးမှ တဆင့် ၂၀၁၂ နှစ်ဆန်းပိုင်း ခန့်ကပင် ဆက်သွယ် ခဲ့သော်လည်း ဒီဇင်ဘာလ မှသာ သမ္မတမှ လက်ခံရန် အကြောင်းပြန်ခဲ့သဖြင့် ၂၀၁၃ ဇန်န၀ါရီလ ၂၃ ရက်နေ့ တွင် ပေးအပ် နိုင်ခဲ့သည်။         

အေးချမ်းမွန်မှ  Mizzima - News in Burmese    တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
မြန်မာနိုင်ငံတွင်း နိုင်ငံရေး မငြိမ်သက်မှုနှင့် စစ်ပွဲများ ဆက်လက် ဖြစ်ပွားလျက် ရှိနေသော်လည်း (Bansomdej chaopraya Rajabhat University - BSRU) မှ ဂုဏ်ထူးဆောင် ဆုတံဆိပ် လာရောက် ပေးအပ်ခဲ့သည့် အပေါ်ဝေဖန်မှုများ ရှိခဲ့ခြင်းကို ယင်း တက္ကသိုလ် အဓိပတိ ဘုတ်အဖွဲ့ လက်ထောက် အတွင်းရေးမှူးမှ ပညာရေး ကဏ္ဍ တွက်ချက် စဉ်းစားမှုဖြင့်သာ ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု မဇ္ဈိမအား ပြောသည်။

၎င်းက “နိုင်ငံရေးက နိုင်ငံရေး နဲ့ပဲ သက်ဆိုင် ပါတယ် ၊ မြန်မာပြည် နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှု စစ်ပွဲတွေ အဲဒီ အခြေအနေ တွေက ဒီဂုဏ် ထူးဆောင် ဆုတံ ဆိပ်နဲ့ ဘယ်လိုမှ ဆက်စပ်မှု မရှိဘူးလို့ကျွန်မ မြင်တယ်၊ ကျွန်မ တို့ အခုလို ဆုတံဆိပ် ပေးအပ် တာကလည်း ပညာရေး ကဏ္ဍနဲ့ပဲ တွက်ချက် စဉ်းစားပြီး ပေးအပ်ခြင်း ဖြစ်တယ်” ဟု မဇ္ဈိမအား ပြောသည်။

ဂစ္စပနဒီမြစ်အတွင်း စက်လှေတစ်စီး လုယက်တိုက်ခိုက်ခံရ

Photo: ဂစ္စပနဒီမြစ်အတွင်း စက်လှေတစ်စီး လုယက်တိုက်ခိုက်ခံရ

Written by စိုးမင်း     Thursday, 24 January 2013 17:25 
     
အပေါက်ဝကျေးရွာမှ ကျောက်တော်မြို့သို့ ဆန်တင်ပို့ရန်လာသော စက်လှေတစ်စီးမှာ ဇန္နဝါရီလ ၂၃ ရက်နေ့ ညနေ ၆ နာရီခန့်အချိန် ဂစ္စပနဒီတံတားအနီးရှိ ပိုက်သည်ကုလားရွာအနီးတွင် ကုလားအုပ်စုတစ်စု၏ လုယက်တိုက်ခိုက်ခြင်း ခံခဲ့ရကြောင်း သတင်းရရှိသည်။

အဆိုပါ စက်လှေတွင် ဆန်အိတ် ၄၅ အိတ်ပါရှိပြီး စက်ဆရာတစ်ဦးတည်းလိုက်ပါခုတ်မောင်းလာနေစဉ် စက်လှေပင်ကာ ပိုက်ကွန်တွင်မိ၍ စက်ရပ်သွားသည့်အချိန်တွင် လာရောက် တိုက်ခိုက်လုယက်ခြင်း ဖြစ်ကြောင်းသိရသည်။

" ကျောက်တော်မြို့ကို ဆန်တင်ပို့ဖို့အတွက် အပေါက်ဝကျေးရွာကနေ စက်လှေကိုခုတ်မောင်းလာတယ်။ ဂစ္စပနဒီတံတား နားကို ရောက်တာနဲ့ ပင်ကာက ရေမှာချထားတဲ့ပိုက်မှာ ငြိမ့်သွားပြီးတော့ စက်ရပ်သွားတယ်။ ပင်ကာမှာ ငြိမ့်သွားတဲ့ ပိုက်ကိုဖြေဖို့လုပ်နေတဲ့အချိန်မှာ ပိုက်သည်ကုလားရွာက ကုလားအယောက် ၂၀ ခန့် ထွက်လာပြီးတော့ တိုက်ခိုက်ဖို့ လုပ်တယ်။ အဲဒီတော့ ကျနော်လည်းလွတ်ရာလွတ်ကြောင်းဆိုပြီးတော့ မြစ်ထဲကိုခုန်ဆင်းထွက်ပြေးလို့ လွတ်မြောက် လာပါတယ်။ " ဟု ထွက်ပြေးလွတ်မြောက်လာသည့် စက်ဆရာက ပြောသည်။

အဆိုပါ လုယက်ခြင်းခံရသည့် ဆန်များမှာ ကျောက်တော်မြို့ အပေါက်ဝကျေးရွာနေ ဦးအောင်သိန်းနှင့် ဒေါ်သိန်းနုရွှေတို့၏ ဆက်စက်မှ ဆန်များဖြစ်ကြောင်း သိရသည်။

ထိုသို့ထွက်ပြေးလွတ်မြောက်လာပြီးနောက် ဒေသအာဏာပိုင်များအကူအညီဖြင့် အဆိုပါစက်လှေအား လိုက်လံရှာဖွေရာ ကုလားတန်မြစ်ထဲတွင်တွေရှိခဲ့သော်လည်း ဘုတ်မှာပျက်စီးနေပြီး ဆန်အိတ်များမရှိတော့ကြောင်း သိရသည်။

အဆိုပါအခင်းအရာနှင့်ပတ်သက်၍ ဒေသခံအာဏာပိုင်များက ဆက်လက်လိုက်လံစုံစမ်းရာ ဇန္နဝါရီလ ၂၄ ရက်နေ့ တွင် ဆန်အိတ်များကို အဆိုပါပိုက်သည်ကုလားရွာထဲမှ ပြန်လည်သိမ်းဆည်းရမိကြောင်း နောက်ဆုံး သတင်းပေးကြားချက်အရ သိရသည်။

ဆန်အိတ်များကိုကုလားရွာထဲမှ ပြန်လည်သိမ်းဆည်းခဲ့သော်လည်း ဆန်အိတ်များကိုလုယူထားသည့် ကုလားများအား အာဏာပိုင်များက တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်းများ မရှိသေးကြောင်း သိရသည်။

အေးချမ်းမွန်မှ Arakan Times  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
အပေါက်ဝကျေးရွာမှ ကျောက်တော်မြို့သို့ ဆန်တင်ပို့ရန်လာသော စက်လှေတစ်စီးမှာ ဇန္နဝါရီလ ၂၃ ရက်နေ့ ညနေ ၆ နာရီခန့်အချိန် ဂစ္စပနဒီတံတားအနီးရှိ ပိုက်သည်ကုလားရွာအနီးတွင် ကုလားအုပ်စုတစ်စု၏ လုယက်တိုက်ခိုက်ခြင်း ခံခဲ့ရကြောင်း သတင်းရရှိသည်။

အဆိုပါ စက်လှေတွင် ဆန်အိတ် ၄၅ အိတ်ပါရှိပြီး စက်ဆရာတစ်ဦးတည်းလိုက်ပါခုတ်မောင်းလာနေစဉ် စက်လှေပင်ကာ ပိုက်ကွန်တွင်မိ၍ စက်ရပ်သွားသည့်အချိန်တွင် လာရောက် တိုက်ခိုက်လုယက်ခြင်း ဖြစ်ကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည် Hawaii ကို ရောက်ရှိ

Photo: ဒေါ်အောင်ဆန်းစုကြည် Hawaii ကို ရောက်ရှိ

ကိုသိန်းထိုက်ဦး,  စုမြတ်မွန်
24.01.2013

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ Hawaii ပြည်နယ်မှာ ကျင်းပတဲ့ Rotary ကမ္ဘာ့ငြိမ်းချမ်းရေး ညီလာခံမှာ မိန့်ခွန်းပြောဖို့အတွက် ကြာသပတေးနေ့က Hawaii ပြည်နယ် Honolulu မြို့တော်ကို ရောက်ရှိလာပါတယ်။ အဲ့ဒီမှာ သတင်းယူဖို့အတွက် VOA  ဝိုင်းတော်သား ကိုသိန်းထိုက်ဦး လည်း ရောက်နေတာကြောင့်  ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အစီအစဉ်တွေကို သိရဖို့ မစုမြတ်မွန်က ကိုသိန်းထိုက်ဦးကို ဆက်သွယ်မေးထားပါတယ်။

မစုမြတ်မွန်- ကိုသိန်းထိုက်ဦးရေ၊ သိထားတဲ့ အစီအစဉ်အတိုင်းဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီကနေ့ ကြာသပတေးနေ့မှာ Hawaii ကို ရောက်လာဖို့ ရှိတယ်လို့ သိရပါတယ်။ အခု ကိုသိန်းထိုက်ဦးလည်း Honolulu မှာ ရောက်နေတယ်ဆိုတော့ နောက်ဆုံး သူ့ရဲ့ခရီးစဉ်အခြေအနေ သိထားသမျ ပြောပြပေးပါရှင့်။

ကိုသိန်းထိုက်ဦး- ဟုတ်ကဲ့။ ဒီခရီးစဉ်ကို စီစဉ်သူတွေရဲ့ အပြောအရတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ Honolulu စံတော်ချိန် မနက်ပိုင်းမှာ ရောက်လာမှာပါခင်ဗျ။ ဒါပေမဲ့ သူ့ရဲ့ လုံခြုံရေးအရ ဘယ်လေယာဉ်နဲ့ ဘယ်အချိန်မှာ ရောက်မယ်ဆိုတာမျိုးကို ကြိုပြီးတော့ ကြေညာတာမျိုးတော့ မရှိပါဘူး။ နောက်ပြီးတော့ လေဆိပ်မှာလည်း တခြားနေရာတွေမှာလို ဒေါ်အောင်ဆန်းစုကြည်ကို လူတွေ အုံနဲ့ကျင်းနဲ့ ကြိုဆိုတာမျိုးတွေတော့ မတွေ့ရပါဘူးခင်ဗျ။ ဒါပေမဲ့ ပွဲစီစဉ်သူတွေကတော့ ဒီနေ့မနက် ရောက်မှာ သေချာတယ်။ မနက်ဖြန်မှာလည်း သူ အစီအစဉ်တွေ စပြီး စီစဉ်မှာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ ရောက်ပြီလို့ပဲ သိရပါတယ်ခင်ဗျ။

မစုမြတ်မွန်- ဟုတ်ကဲ့ပါရှင့်။ အဲ့တော့ ကိုသိန်းထိုက်ဦးပြောသလို၊ သူ့ရဲ့ အစီအစဉ်တွေရှိတယ်ဆိုတော့ ဘာအစီအစဉ်တွေ ရှိတာပါလဲရှင့်။

ကိုသိန်းထိုက်ဦး- ဟုတ်ကဲ့။ မနက်ဖြန်မှာတော့ သူက ဟာဝိုင်အီပြည်နယ် လွှတ်တော်ကို သွားပြီးတော့ လေ့လာမယ်။ နောက်ပြီးတော့ East- West Center ပေါ့နော်၊ အာရှပစိဖိတ်ဒေသနဲ့ အနောက်နိုင်ငံတွေကြားမှာ ပိုပြီးတော့ နီးစပ်ဖို့၊ ပိုပြီးတော့ နားလည်မှုရှိဖို့နဲ့ သုတေသနလုပ်နေတဲ့ အဖွဲ့အစည်းတခုကို သွားပြီး အဲ့ဒီ့က ခေါင်းဆောင်တွေကို သွားပြီးတော့ တွေ့ပါမယ်ခင်ဗျ။ Asia-Pacific Center for Security Studies ဆိုတာကို သွားပြီးတော့ လေ့လာဖို့ရှိသလို၊   ညနေပိုင်းမှာတော့ မြန်မာနိုင်ငံ အသင်းက မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်ခင်ဗျ။
မစုမြတ်မွန်- ဒေါ်အောင်ဆန်းစုကြည် အဓိက သူ Hawaii ကို လာရတာက သူငြိမ်းချမ်းရေးဆု လက်ခံဖို့အတွက်နဲ့ နောက်ငြိမ်းချမ်းရေး ညီလာခံမှာ မိန့်ခွန်းပြောဖို့ လာတာဆိုတော့ အဲ့ဒီ့ဆုပေးပွဲကရော ဘယ်တော့ပါလဲရှင့်။

ကိုသိန်းထိုက်ဦး- ဟုတ်ကဲ့။ ဒီငြိမ်းချမ်းရေး ညီလာခံကတော့ တကယ်တမ်းကျတော့ ဇန်နဝါရီ ၂၅ရက်နေ့ကနေ ၂၇ရက်နေ့အထိ ကျင်းပနေတာပါခင်ဗျ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က ၂၆ရက်နေ့ ညနေ မှာ Rotary  နိုင်ငံတကာ ငြိမ်းချမ်းရေးအဖွဲ့ကြီးရဲ့ ညီလာခံမှာ သူ အထူးဧည့်သည်တော်အဖြစ် မိန့်ခွန်းပြောကြားပြီးတော့ Hawaii ငြိမ်းချမ်းရေးဆုကို သူလက်ခံယူမှာပါ ခင်ဗျ။ သူ့ရဲ့ မြန်မာပြည် ဒီမိုကရေစီရေးအတွက် အကြမ်းမဖက်တဲ့ လှုပ်ရှားမှုတွေအတွက် ဒီဆုကို ရွေးချယ်ချီးမြှင့်တာလို့လည်း သိရပါတယ် ခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည် ဟာ ၂၆ရက်နေ့မှာ Hawaii အုပ်ချုပ်ရေးမှူးနဲ့ နေ့လည်စာ စားပြီးတော့ ဒုတိယကမ္ဘာစစ်တုန်းက  ဂျပန်တွေ ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့ ပုလဲဆိပ်ကမ်းကို သွားပြီးတော့ လေ့လာမယ်လို့လည်း သိရပါတယ်ခင်ဗျ။ ပုလဲဆိပ်ကမ်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပစိဖိတ် စစ်ဌာနချုပ်က အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး က သီးသန့် ဖိတ်ကြားတာပါခင်ဗျ။ ညနေပိုင်းမှာ ငြိမ်းချမ်းရေး ညီလာခံမှာ ဆုပေးပွဲအခမ်းအနား တက်ရောက်ပြီးလို့ရှိရင် ၂ရရက်နေ့မှာတော့ Honolulu ကနေ တောင်ကိုရီးယားနိုင်ငံကို ထွက်ခွာမှာဖြစ်ပါတယ်ခင်ဗျ။

မစုမြတ်မွန်- ဟုတ်ကဲ့။ ကိုသိန်းထိုက်ဦး၊ အခုနောက်ဆုံးမေးချင်တာကတော့ Hawaii မှာ ဒေါ်အောင်ဆန်းစုကြည် လာမယ့်အတွက်ပေါ့လေ။ အဲ့ဒီ့မှာရှိနေတဲ့ ဒေသခံတွေရဲ့ စိတ်လှုပ်ရှားမှု၊ သူလာမယ့်ခရီးစဉ်ကို ဘယ်လောက်ကြိုဆိုနေကြတယ်။ ဘယ်လောက်အထိ လူတွေ စိတ်ဝင်စားမှုရှိကြတယ်လို့ရော ပြောလို့ရပါလားရှင့်။

ကိုသိန်းထိုက်ဦး- မြန်မာနိုင်ငံသားတွေကို သူ့ကို ကြိုဆိုဖို့ တော်တော်လေး ပြင်ဆင်နေကြ တာ တွေ့ရပါတယ်ခင်ဗျ။ ဒါပေမဲ့လည်း သူ့ရဲ့လုံခြုံရေးအရ ဒီခရီးစဉ်မှာ တော်တော်များများ ကို တွေ့ဆုံပွဲတွေက သီးသန့်သဘောဆောင်နေတာတော့ တွေ့ရပါတယ်ခင်ဗျ။ သတင်းဌာနတွေကို တချို့နေရာမှာဆိုလို့ရှိရင် ဝင်ပြီးတော့ သတင်းယူခွင့်မပေးပါဘူး။

မစုမြတ်မွန်- ဟုတ်ပြီ။ ကိုသိန်းထိုက်ဦးရေ၊ နောက်နေ့တွေလည်း သိသမျ သတင်းတွေ ထပ်ပြီးတော့ ပြောပြပေးပါဦးရှင့်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစဉ်နဲ့ တောင်ကိုရီးယားခရီးစဉ်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာစဉ်။ (ဇန်နဝါရီ ၂၄၊ ၂၀၁၃)

အေးချမ်းမွန်မှ  VOA တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစဉ်နဲ့ တောင်ကိုရီးယားခရီးစဉ်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာစဉ်။ (ဇန်နဝါရီ ၂၄၊ ၂၀၁၃)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ Hawaii ပြည်နယ်မှာ ကျင်းပတဲ့ Rotary ကမ္ဘာ့ငြိမ်းချမ်းရေး ညီလာခံမှာ မိန့်ခွန်းပြောဖို့အတွက် ကြာသပတေးနေ့က Hawaii ပြည်နယ် Honolulu မြို့တော်ကို ရောက်ရှိလာပါတယ်။ အဲ့ဒီမှာ သတင်းယူဖို့အတွက် VOA ဝိုင်းတော်သား ကိုသိန်းထိုက်ဦး လည်း ရောက်နေတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အစီအစဉ်တွေကို သိရဖို့ မစုမြတ်မွန်က ကိုသိန်းထိုက်ဦးကို ဆက်သွယ်မေးထားပါတယ်။

မစုမြတ်မွန်- ကိုသိန်းထိုက်ဦးရေ၊ သိထားတဲ့ အစီအစဉ်အတိုင်းဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီကနေ့ ကြာသပတေးနေ့မှာ Hawaii ကို ရောက်လာဖို့ ရှိတယ်လို့ သိရပါတယ်။ အခု ကိုသိန်းထိုက်ဦးလည်း Honolulu မှာ ရောက်နေတယ်ဆိုတော့ နောက်ဆုံး သူ့ရဲ့ခရီးစဉ်အခြေအနေ သိထားသမျ ပြောပြပေးပါရှင့်။

ပင်းကတော့တောင်ကို ဖောက်နေတဲ့ လျှို့ဝှက်လှိုဏ်ဂူ ဘာအတွက်လဲ

Photo: ပင်းကတော့တောင်ကို ဖောက်နေတဲ့ လျှို့ဝှက်လှိုဏ်ဂူ ဘာအတွက်လဲ

သီတာအေး (နတ်မောက်)| January 25, 2013 |

မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးတိုင်း နတ်မောက် မြို့နယ်ထဲမှာရှိတဲ့ ကျမတို့ရဲ့ ပင်းကတော့ တောင်တန်းကြီးကို အစိုးရ စစ်တပ်က သိမ်းပြီး “တပ်မြေ မကျူးကျော်ရ” ဆိုတဲ့ ဆိုင်းဘုတ်တွေချိတ်၊ အုတ်ဖြူတိုင်တွေ စိုက်ထားပြီး မြောက်ကိုရီးယား ပညာရှင်တွေနဲ့ အတူ လျှို့ဝှက်လှိုဏ်ဂူတခုကို ဖောက်လုပ်နေပါတယ်။

ဒီလှိုဏ်ဂူက ဘာလုပ်ဖို့ ဖောက်လုပ်နေလဲဆိုတာ အတိအကျ မသိရပေမယ့် အဲဒီကိုရောက်ခဲ့ပြီး မြင်တွေ့ခဲ့သူတွေ ပြောပြချက်အရတော့ လှိုဏ်ဂူ အကျယ်ဟာ ဆယ်ဘီးကား ၃ စီး ရှောင်နိုင်တဲ့ အကျယ်အဝန်းဖြစ်ကြောင်း၊ ဂူပေါက်ဝတွေကို ကွပ်ထားတဲ့အထူက ၂ ပေ လောက်ရှိကြောင်း၊ နံရံတွေကလည်း အတော်ခိုင်ခိုင်ခန့်ခန့် လုပ်ထားကြောင်း ပြောဆိုကြပါတယ်။

တပ်ထဲကို ဝင်ထွက်ခွင့်ရခဲ့သူ တချို့ကို ကိုးကားပြီး နျူကလီးယားစီမံကိန်းလို့ ယူဆပြောဆိုနေသူတွေရှိသလို မိတ္ထီလာမှာရှိတဲ့ အစိုးရ တိုက်လေယာဉ်တွေကို နေရာအခက်အခဲကြောင့် ဒီတောင်မှာ ပြောင်းထားဖို့ ပြင်ဆင်နေတာလို့ ပြောဆိုနေကြတာတွေလည်း ရှိပါတယ်။

ဒါ့အပြင် လက်နက်တွေ ရွှေ့ပြောင်းဖို့ လွယ်ကူအောင် မြေအောက်လမ်း ဖောက်တယ်လို့ ပြောသူတွေလည်းရှိပြီး အများစု ပြောနေကြတာကတော့ ဝေဟင်ပစ် အမြှောက်လက်နက်တပ်လို့လည်း ဆိုကြပါတယ်။

ဒီတပ်ဟာ ရွာမွန်၊ နတ်မောက် ဘက်ကို သွားတဲ့ ကားလမ်းရဲ့ အနောက်ဘက် ၃ မိုင် အကွာလောက်မှာ ရှိပါတယ်၊ ဒီကားလမ်းဟာလည်း ကျောက်ပန်းတောင်း-မိတ္ထီလာ ကားလမ်းမကြီးပေါ်မှာ ရှိတဲ့ ရွှေအုန်းပင် ကားဂိတ်ကနေ ဖြတ်ပြီး ဖောက်ထားတဲ့ ကားလမ်း ဖြစ်ပါတယ်။

တပ်ရဲ့ အရှေ့ဘက် ၃ မိုင်လောက်မှာပဲ ကျောက်ခွဲစက်ကြီး တခုရှိပြီး အဲဒီမှာ ခွဲတဲ့ကျောက်တွေကို လှိုဏ်ဂူရှိတဲ့ တောင်ခြေက တပ်ကို ပို့ပါတယ်။ ခွဲဖို့ ရှာထားတဲ့ ကျောက်ပုံတွေဟာလည်း ကျောက်ခွဲစက်ရှိတဲ့ နေရာကနေ ရွှေအုန်းပင် ကားဂိတ်နားအထိ ကားလမ်းရဲ့ ဘေးဘယ်ညာ နှစ်ဖက်မှာ ၄-၅ မိုင်လောက် ပုံထားတာကိုလည်း ကိုယ်တိုင် တွေ့မြင်ခဲ့ရပါတယ်။

လှိုဏ်ဂူအနီး တည်ထားတဲ့ စစ်တပ် အဆောက်အအုံတွေကို သင်္ဘောဆေး အစိမ်းရောင်တွေနဲ့ အရောင်ခြယ်ထားပြီး တောင်ပေါ်နဲ့ တောင်ခြေမှာ အစောင့်ကင်းတဲတွေ မြင်ခဲ့ရပါတယ်။ စီစီတီဗီကင်မရာနဲ့ လူတဖက်ခန့်ရှိ သင်္ဘောဆေး အစိမ်းရောင် ခြယ်ထားတဲ့ မီးလုံးတွေလည်း တပ်ဆင်ထားတဲ့အတွက် ဓာတ်ပုံ ဗီဒီယိုမှတ်တမ်းတွေယူဖို့ ခက်ခဲပါတယ်။

ယုန်လိုက်ရင်း ကန့်သတ်နယ်မြေထဲကို ရောက်သွားတဲ့ ဒေသခံ ရွာသား ၂ ဦးကို အဲဒီမီးလုံးတွေနဲ့ တမိုင်ကျော်လောက်ထိ ထိုးကြည့်တဲ့အတွက် ရွာသားနှစ်ဦး ထိတ်ထိတ်လန့်လန့်နဲ့ အသက်လုပြီး ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် တောင်ခြေက ကန့်သတ်နယ်မြေတွေထဲကို ကျွံပြီး နွားကျောင်းမိတဲ့ ရွာသားအချို့လည်း ဖမ်းဆီးခံခဲ့ရပါတယ်၊ ဒါပေမယ့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ အာမခံချက်နဲ့ ပြန်လွတ်လာခဲ့ပါတယ်။ နောက်ပိုင်း ဒီတောင်ခြေဘက်ကို ကျမတို့ဘက်က ရွာသူရွာသားတွေ ခြေဦး မလှည့်ရဲတော့ပါဘူး။

ဒါပေမယ့် စီမံကိန်းမှာရှိတဲ့ မြောက်ကိုရီးယား ပညာရှင် ၃ ယောက်ဟာ ခွေးသား အရမ်းကြိုက်တဲ့အတွက် ဒီစီမံကိန်းရှိရာ ပင်းကတော့တောင်ရဲ့ အနောက်ဘက်မှာရှိတဲ့ ဆင်သေကန်ရွာက တပတ်တခါလောက် ၇ ပိဿာ အရွယ်ခန့်ရှိတဲ့ ခွေးတကောင် ဖျက်ပြီး သွားရောင်းပေးရတယ်လို့ သိရပါတယ်။

မြောက်ကိုရီးယား ပညာရှင်တွေ ကိုယ်တိုင်လည်း ဆင်သေကန်နဲ့ ရှမ်းကုန်းရွာတွေကို ရံဖန်ရံခါ အလည်အပတ် သဘောမျိုး ရောက်လာကြပါတယ်။ မြန်မာစကားကိုတော့ “မင်္ဂလာပါ” ဆိုတာလောက်ပဲ ပြောတတ်တယ်လို့ ရွာသားတွေထံက သိရပါတယ်။

ဒါ့အပြင် အမဲသား၊ ဟင်းသီးဟင်းရွက်နဲ့ တခြား သားငါးတွေရောင်းတဲ့ ဆင်သေကန်ရွာခံ တချို့လည်း အဲဒီတပ်ထဲကို သွားရောင်းခွင့် ရပါတယ်။ အခုဆို ဈေးရောင်းသွားတဲ့ ဆင်သေကန်ရွာသူ တချို့နဲ့ တပ်ထဲက တပ်သား တချို့နဲ့တောင် အိမ်ထောင်ကျနေပြီး စစ်သားတချို့လည်း ရွာထဲကို မကြာခန ဝင်ထွက်သွားလာနေပါတယ်။

ခွေးသားရောင်းသူ အပါအဝင် ဆင်သေကန်ရွာက ဈေးသည်တွေက တခြားရွာတွေမှာ သွားရောင်းတာထက် တပ်ထဲက ဈေးပိုပေးတဲ့အတွက် ပင်းကတော့တောင်ကို ကျော်ပြီး ပင်ပင်ပန်းပန်း ခြေကျင် သွားရောင်းကြပါတယ်။ ဒီဈေးသည်တွေလည်း တပ်အဝင်မှာ အစစ်ခံကြရပါတယ်လို့ သိရပါတယ်။ လျှပ်စစ်ပစ္စည်း ကနေ ရေဒီယိုအထိ ဘာမှ သယ်ခွင့်မရဘူးလို့ ဆိုပါတယ်။

တောင်-မြောက် သွယ်တန်းနေတဲ့ ပင်းကတော့ တောင်တန်းကြီးပေါ်မှာ ဒီတပ်တခုတည်းရှိတာ မဟုတ်ဘဲ လှိုဏ်ဂူ ဖောက်နေတဲ့ ဒီတပ်ဟာ မြောက်ဘက်အစွန်မှာ ဖြစ်ပြီး အလယ်မှာက ဆက်သွယ်ရေးတပ်နဲ့ တောင်ဘက်အစွန်မှာ မကွေး ပင်မ စစ်လက်နက် ပစ္စည်းတပ်ရှိပါတယ်။ ဒီတပ်တွေဟာ တောင်ကြော တခုတည်းမှာပဲ တည်ဆောက်ထားတာဖြစ်ပြီး တပ်တခုနဲ့ တခု ၅ မိုင် ကျော်လောက် ကွာဝေးပါတယ်။

ဒီတပ် ၃ ခုထဲမှာ အလယ်က ဆက်သွယ်ရေးတပ်ဟာ နောက်ပိုင်းမှာ တပ်အနီးက လမ်းအတိုင်း ဒေသခံတွေကို ဖြတ်သွားဖြတ်လာခွင့် ပြုပေမယ့် လှိုဏ်ဂူဖောက်လုပ်နေတဲ့ တပ်နဲ့ စစ်လက်နက် ပစ္စည်းတပ်ကတော့ ဒေသခံတွေနဲ့ သူစိမ်းတွေကို အနားကပ်ခွင့်တောင် မပေးဘူးလို့ ဆိုပါတယ်။

ရွာမွန်ရဲ့ အနောက်ဘက်မှာရှိတဲ့ စစ်လက်နက် ပစ္စည်းတပ်ဟာ သူတို့ကန့်သတ်ထားတဲ့ နယ်မြေအတွင်းမှာ နွားစာအတွက် မြက်လာရိတ်ရင်တောင် မှတ်ပုံတင် ပြရပါတယ်။ ဒါတင် မကသေးပါဘူး၊ လှည်းတစ်စီးစာ မြက်ရိတ်ရင် သူတို့အတွက် မြေသြဇာဆိုပြီး နောက်ချေး နှစ်တင်း ပေးရပါသေးတယ်။

ဒီတပ်ထဲမှာ လွန်ခဲ့တဲ့ ၃ နှစ်လောက်က တပ်မိသားစုတွေကို စာသင်ရင်း ဗီဒီယိုမှတ်တမ်းယူမိတဲ့ ကျောင်းဆရာ တဦးကို စစ်တပ်က ဖမ်းဆီးပြီး ပြန်လွတ်လာတဲ့ သတင်းမကြားရဘဲ အဲဒီကျောင်းဆရာရဲ့ အစအန ပျောက်နေတယ်လို့ ရွာမွန်ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။

ဒီ တပ်စီမံကိန်း စတည်စဉ်က အနီးမှာရှိတဲ့ ရွာလေး၊ ရွာမွန်၊ ကုန်းဇောင်း၊ တောင်ထောင့် အပါအဝင် ရွာပေါင်း ဆယ်ရွာကျော်က ရာနဲ့ချီတဲ့ တောင်ယာတွေကိုသိမ်းပြီး သီးစား ပြန်ချစားနေတဲ့အတွက် အခုအခါမှာ ရွာခံတွေက စုပေါင်းလက်မှတ်ထိုးပြီး ပြန်တောင်းနေကြပါတယ်။

ရွာခံတွေက စုပေါင်းလက်မှတ်ထိုးပြီး တိုင်တန်းတာကို အစိုးရက ဘာမှ ဆောင်ရွက်ပေးမှု မရှိလို့ဆိုပြီး မြေယာတွေ ပြန်ရရေး တောင်းဆိုကြဖို့ ယာပိုင်ရှင်တွေက ပြင်နေကြပါတယ်။

ဒီတပ်တွေ စွဲထားတဲ့ ပင်းကတော့ တောင်တန်းဟာ မိုးရာသီ တခုကလွဲပြီး ပူးပြင်းခြောက်သွေ့ကာ ရေရှားပါးတဲ့နေရာ ဖြစ်ပါတယ်။ တိရိစ္ဆာန် စားကျက်နေရာကလွဲလို့ အသီးအနှံတွေတောင် စိုက်ပျိုးလို့ရတဲ့ နေရာတွေ မဟုတ်တဲ့ လွင်တီးခေါင် တောင်ကုန်းတွေပါ၊ မိုးရာသီမှာပေါက်တဲ့ မြက်တွေတောင် ဆောင်းလယ်ပိုင်းလောက် ရောက်တာနဲ့ ခြောက်သွေ့ကုန်ပါတယ်။

ဒါပေမယ့် ဒီတပ်တွေထဲမှာ အနီးအနားက ရွာတွေမှာ မရနိုင်တဲ့ ရေ၊ မီး ၂၄ နာရီရပြီး စားသောက်ဆိုင်၊ လင်ဖက်ရည်ဆိုင်တွေလည်း ရှိပါတယ်။ လျပ်စစ်မီးကတော့ ဖောဖောသီသီ သုံးနိုင်တဲ့အတွက် ပင်းကတော့ တောင်တန်းကြီးတခုလုံး တညလုံး ထိန်ထိန်လင်းနေပါတယ်။

ဒီတောင်တန်းဟာ နေပြည်တော်-ကျောက်ပန်းတောင်း ရထားလမ်းရဲ့ အရှေ့ဘက် ၂ မိုင် အကွာမှာ ရှိပြီး ကျောက်ပန်းတောင်း-မိတ္ထီလာ ကားလမ်းမကြီးကနေ နတ်မောက်မြို့ကို ဖြတ်ဖောက်ထားတဲ့ ကားလမ်းရဲ့ အနောက်ဖက် ၃ မိုင်ကျော် အကွာမှာ ဖြစ်ပါတယ်။

တောင်ရဲ့ အနောက်ဖက် ၃ မိုင်ခန့်အကွာ တောင်ကြော တလျှောက်မှာတော့ ပင်းချောင်း (အင်းကန်)၊ ဆင်သေကန်၊ ရှမ်းကုန်း၊ ဂွေးကုန်းနဲ့ သားမြား ကျေးရွာတွေရှိသလို တောင်ရဲ့ အရှေ့ဖက်မှာလည်း ဆားတုံး၊ ဒန့်သလွန်၊ စရန်အိုင့်၊ ပင်းမြို့ဟောင်း၊ ကုန်းဇောင်း၊ တောင်ထောင့်၊ ရွာလေး၊ ရွာမွန် စတဲ့ ရွာတွေဟာ ဒီတောင်ကြောတလျှောက်လုံးမှာ အနီးဆုံး ရွာတွေ ဖြစ်ပါတယ်။

ပင်းကတော့ တောင်အနီးမှာရှိတဲ့ ကျမတို့ ဒေသခံတွေဟာ အရင်တုန်းက တောင်ပေါ်နဲ့ တောင်ခြေတွေမှာ မျှစ်ချိုး၊ ထင်းခုတ်၊ ဟင်းသီးဟင်းရွက်ရှာ၊ တိရိစ္ဆာန်တွေ စားကျက်မြေအဖြစ် အသုံးပြုနိုင်ခဲ့ကြပေမယ့် ၁၉၉၇ ခုနှစ်ကစပြီး ဒီတောင်ပေါ်မှာ အစိုးရတပ် အဆောက်အဦးတွေ တည်ဆောက်လာပြီး နောက်ပိုင်း ကန့်သတ်နယ်မြေတွေ လုပ်လိုက်ပြီးကတည်းက ဒေသခံတွေ တောင်ခြေကို ကပ်ခွင့်မရတော့တာ ဆယ်နှစ်ကျော်ကြာခဲ့ပြီ ဖြစ်ပါတယ်။

ဒါကတော့ သမ္မတဦးသိန်းစိန်က ဒီမိုကရေစီဖြစ်စဉ်ကို သွားနေချိန်၊ ပွင့်လင်းမြင်သာမှု ရှိရမယ်ဆိုပြီး ပြောဆိုနေချိန်မှာ စစ်တပ်က မြေတွေ နေရာတွေ သိမ်းယူ၊ ဒေသခံတွေကို နှင်ထုတ်ကာ မြောက်ကိုရီးယား ပညာရှင်တွေနဲ့ လျှို့လျှို့ဝှက်ဝှက်လုပ်နေတဲ့ စီမံကိန်းတခု အကြောင်းပဲ ဖြစ်ပါတယ်။

ညနေ ၆ နာရီ အချိန်မှာ လျှပ်စစ်မီးတွေ ထွန်းထားတဲ့ ဆက်သွယ်ရေးတပ်ကို ဒီလိုမြင်ရပါတယ် (ဓာတ်ပုံ - ဧရာဝတီ)

အေးချမ်းမွန်မှ  ဧရာဝတီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
သီတာအေး (နတ်မောက်)| January 25, 2013 |

မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးတိုင်း နတ်မောက် မြို့နယ်ထဲမှာရှိတဲ့ ကျမတို့ရဲ့ ပင်းကတော့ တောင်တန်းကြီးကို အစိုးရ စစ်တပ်က သိမ်းပြီး “တပ်မြေ မကျူးကျော်ရ” ဆိုတဲ့ ဆိုင်းဘုတ်တွေချိတ်၊ အုတ်ဖြူတိုင်တွေ စိုက်ထားပြီး မြောက်ကိုရီးယား ပညာရှင်တွေနဲ့ အတူ လျှို့ဝှက်လှိုဏ်ဂူတခုကို ဖောက်လုပ်နေပါတယ်။

ဒီလှိုဏ်ဂူက ဘာလုပ်ဖို့ ဖောက်လုပ်နေလဲဆိုတာ အတိအကျ မသိရပေမယ့် အဲဒီကိုရောက်ခဲ့ပြီး မြင်တွေ့ခဲ့သူတွေ ပြောပြချက်အရတော့ လှိုဏ်ဂူ အကျယ်ဟာ ဆယ်ဘီးကား ၃ စီး ရှောင်နိုင်တဲ့ အကျယ်အဝန်းဖြစ်ကြောင်း၊ ဂူပေါက်ဝတွေကို ကွပ်ထားတဲ့အထူက ၂ ပေ လောက်ရှိကြောင်း၊ နံရံတွေကလည်း အတော်ခိုင်ခိုင်ခန့်ခန့် လုပ်ထားကြောင်း ပြောဆိုကြပါတယ်။
Related Posts Plugin for WordPress, Blogger...

ShareThis