menu

Thursday 4 October 2012

ဆောက်လုပ်ဆဲတိုက် ငြမ်းပြိုကျပြီး ၇ ဦးသေဆုံး

၇ ထပ်တိုက် ၅ လွှာရှိ ငြမ်း ပြုတ်ကျပြီးနောက် မြင်ကွင်း (ဓာတ်ပုံ – John Chitnyein)
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့  ပြည်တော်သာ ရပ်ကွက်ရှိ ပုဂ္ဂလိကဆေးရုံတခု၏ တည်ဆောက်ရေး လုပ်ငန်းခွင် ငြမ်းပြိုကျပြီး စုစုပေါင်း လူ ၇ ဦး သေဆုံးကြောင်း သိရသည်။
ပြည်တော်သာရပ်ကွက်၊ ကြံ့ခိုင်ရေးလမ်းရှိ ပုဂ္ဂလိက အထူးကုဆေးရုံကို ၇ ထပ်ရှိ အဆောက်အအုံ အဖြစ်တည်ဆောက်နေရာ အဆောက် အအုံ၏ ၅ လွှာတွင် တပ်ဆင်ထားသည့် ငြမ်း ယမန်နေ့က ပြုတ်ကျ၍ ၆ ဦးပွဲချင်းပြီး သေဆုံးကာ ၄ ဦးမှာ အတွင်း လူနာအဖြစ် တောင်ကြီးဆေးရုံ၌ ဆေးကုသမှု ခံယူနေ ယနေ့ နောက်ထပ်တဦး ထပ်မံသေဆုံးကြောင်း မြို့ခံများက ဧရာဝတီကို ပြောသည်။
“ကွန်ကရစ် လောင်းနေရင်း ငြမ်းကြိုးပြတ်ကျပြီး ပြုတ်ကျတော့ လူတွေက အဆောက်အအုံ ပြိုကျတဲ့ ပစ္စည်းတွေအောက်မှာ ပိကုန်ကြတယ်၊ ငြမ်းကြိုးက ဆွေးနေတဲ့ ကြိုးဖြစ်လို့ပါ” ဟု  မျက်မြင်တဦးက ပြောသည်။

မြန်မာအလှမယ် မစ္စမြန်မာအင်တာနေရှင်နယ် ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်


မနန်းခင်ဇေယျာ
အောက်တိုဘာလ ၂၁ ရက်နေ့မှာ ဂျပန်နိုင်ငံ၊ အိုကီနာဝါမှာ ကျင်းပ မယ့် Miss International Beauty Pageant 2012 ပြိုင်ပွဲမှာ မြန်မာနိုင်ငံမှ ပထမဆုံး အကြိမ် ပါဝင်ယှဉ်ပြ
ိုင်မှာ ဖြစ်ပါတယ်။

(၅၂)ကြိမ်မြောက်အဖြစ် ကျင်းပတဲ့ ဒီပွဲကြီးမှာ ပါဝင်ဖို့အတွက် Miss Myanmar International ဆုရှင် မနန်းခင်ဇေယျာဟာ
အောက်တိုဘာလ ၁ ရက်နေ့က မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ပါပြီ။

ဒီပြိုင်ပွဲကြီးမှာ နိုင်ငံပေါင်း ၅၀ ကျော် မှ အလှမယ်များ ပါဝင်ယှဉ်ပြိုင် ကြမှာဖြစ် ပြီး မြန်မာနိုင်ငံကိုလည်း ပါဝင်ဖို့အတွက် International
Cultural Association မှ ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

အမှတ်ပြည့် အက်ဆေး( မြေမှုန်လွင်)

ဓားလွယ်ခုတ်တွင် ထိုင်နေသည့် ဖွေးဖွေးက အသာ ငဲ့စောင်း ကြည့်နေသည်ကို သူမ သတိထားလိုက်မိသည်။ ဒါ တမင်သက်သက် ငါ ဖြေနိုင်ရဲ့လားလို့ လှည့်ပြီး စပ်စုတာနေမှာဟု တွေးမိပြီး သူမစိတ်ထဲတွင် ထောင်းခနဲနှင့် ဒေါသဖြစ်သွားသည်။
ယခင်လက လပတ် စာမေးပွဲတွင် သူမက အဆင့်နှစ်သို့ ကျသွားပြီး ဖွေးဖွေးက အဆင့် တစ်ဖြစ်ခဲ့သည်။ ဒီတစ်လတော့ အဆင့်တစ် ပြန်ဖြစ်စေရမည်ဟု ကျူရှင်၌ သူမ ကြိမ်းဝါးခဲ့ သည်ကို ဖွေးဖွေးကြားမိလိမ့်မည်။ ထို့ကြောင့် သူမကို ဖွေးဖွေးက လှည့်၍ အကဲခတ်ခြင်း ဖြစ်မည်။
ယခင်လက အဆင့်တစ်နှင့် နှစ်ဖြစ်သော်လည်း တစ်မှတ်သာကွာခြင်းဖြစ်သည်။ အစဉ်အဆက် အဆင့်တစ်ဖြစ်ခဲ့သော သူမကို ဖွေးဖွေး ကျော်သွားသည့် တစ်မှတ်မှာ လည်း ယခုဖြေနေသည့် အင်္ဂလိပ်အက်ဆေး ကဏ္ဍတွင် ဖြစ်သည်။
ထို့ကြောင့် မေးခွန်းကို စေ့စေစပ်စပ် ဖတ်လိုက်သည်။ My Family။ သူမ အပိုင်ဆုံးခေါင်းစဉ်။ အကြိမ်ကြိမ်အခါခါ ဂိုက်နှင့်လေ့ကျင့်ခဲ့သလို ကျူရှင်တွင်လည်း အမှတ်ပြည့် ရအောင် ဖြေဆိုခဲ့ဖူးသည့် ခေါင်းစဉ်ဖြစ်သည်။ ရွေးချယ်ခွင့်ပေးထားသည့် အခြားခေါင်းစဉ်များကိုပင် မကြည့်တော့ဘဲ ရေတံခွန်မှ ရေများ ဒလဟော ကျလာသကဲ့သို့ စာလုံးများ တစ်လုံးပြီးတစ်လုံး အဖြေလွှာပေါ်သို့ အဆက်မပြတ်။

အပျိုစင်ညကို ရောင်းပြီး လူမှုရေးအတွက် လှူမည့် ပညာရေးဘွဲ့ ကျောင်းသူ

ဘရာဇီးနိုင်ငံမှ ပညာရေးဘွဲ့ ကျောင်းသူတစ်ဦးသည် ဆင်းရဲချို့တဲ့နေကြသည့် မိသားစုများ နေထိုင်နိုင်ရန် အိမ်များ ဆောက်လုပ်ပေးမည့် ပရဟိတ ရန်ပုံငွေတစ်ရပ် ထူထောင်နိုင်ရန်အတွက် သူမ၏ အပျိုစင်ညကို ဈေးပြိုင်စနစ်ဖြင့် လေလံတင် ရောင်းချလျက် ရှိနေသည်။

အသက် ၂၀ အရွယ်ရှိ ကာတာရီနာ မစ်ဂလီယီုရီနီက ယခု ဈေးပြိုင် လေလံခေါ်ဈေး ဒေါ်လာ ၁၅၅၀၀အထိ ရောက်နေပြီဖြစ်သည့် ထိုလေလံပွဲမှရသည့် ငွေ အားလုံးအား ဘရာဇီးနိုင်ငံ တောင်ပိုင်းမှ သူမနေထိုင်ရာ ဆန်တာကာ တာရီနာ ပြည်နယ်တွင် အစိုးရ မဟုတ်သည့် အဖွဲ့ အစည်းမှ တာဝန်ယူ လှူဒါန်း ဆောက်လုပ်မည့် ဆင်းရဲသူ ဆင်းရဲသားများအတွက် (တန်ဖိုးနည်း) ခေတ်မီအိမ်ရာ စီမံကိန်းအတွက် လှူဒါန်းပေးအပ်မှာဖြစ်သည်။

ကမ်းနီးသို့လာရောက်ငါးဖမ်းကြသူများအား တားဆီးရန် အဆိုကို ပြည်နယ်လွှတ်တော်ကအတည်ပြု

Photo: ကမ်းနီးသို့လာရောက်ငါးဖမ်းကြသူများအား တားဆီးရန် အဆိုကို ပြည်နယ်လွှတ်တော်ကအတည်ပြု

မိုးဝေ ရခိုင်ပြည်နယ် (မြစ်မခ)

ကမ်းဝေးမှကမ်းနီသို့လာရောက်ငါးဖမ်းကြသူများအား တားဆီးပေးရန်နှင့် ငါးသယံဇာတမပြုန်းတီးရေး အဆိုကို ရခိုင်ပြည်နယ် လွှတ်တော်  စတုတ္ထပုံမှန်အစည်းအဝေးဆဋ္ဌမနေ့တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးမင်း(ခ)ဘိုးမင်းက တင်သွင်းခဲ့ခြင်းဖြစ်သည်။ 

 ကမ်းဝေးငါးဖမ်းလုပ်ကွက်တွင်အသုံးပြုနေသည့်  နိုင်ငံတကာအဆင့်ရှိငါးဖမ်းသင်္ဘောများသည် ကမ်းနီးငါး ဖမ်းလုပ်ကွက်များသို့ ဝင်ရောက်ငါးဖမ်းလာသည့်အတွက်ကမ်းနီးငါးဖမ်းလုပ်ငန်းရှင်များနစ်နာကြောင်းကိုလည်း သိရသည်။ 

''နယ်မြေကျူးကျော်ပြီး ကမ်းနီးဝင်ပြီးတော့ မလိုလားအပ်တဲ့ ပိုက်တွေနဲ့ဖမ်းနေတဲ့အတွက်ကြောင့်ငါးတွေပြုန်းတီးလာတယ်၊ ဆက်လက်ပြီး အဲ့လိုကမ်းနီးလုပ်ကွက်ဝင်ပြီး ဖမ်းမယ်ဆိုရင် ရခိုင်ပြည်နယ်မှာငါးတွေပြုန်းတီးသွားမယ်၊ ဒါကိုဗဟိုအစိုးရကနေပြီး တိကျကျတားဆီးပေးဖို့ကိစ္စကို တောင်းဆိုသွားဖို့အတွက် အစိုးရကိုတိုက်တွန်းတဲ့ အဆိုဖြစ်ပါတယ်'' ဟု ဦးဘိုးမင်း ကပြောသည်။

ကမ်းနီးကမ်းဝေးငါးဖမ်းလုပ်ကွက်များတွင်ကမ်းဝေးငါးဖမ်းလုပ်ငန်းသမားများကကမ်းနီးသို့ဝင်၍ငါးမဖမ်းဖို့ နိုင်ငံတော်အစိုးရသို့ တောင်းဆိုသည့်အဆိုဖြစ်သည်ဟု သေ့တောင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးမင်း(ခ)ဘိုးမင်းကပြောသည်။
 ''ပြည်သူတွေထိခိုက်နေတာကငါးရှာမရဖြစ်နေတယ်။အပြင်လူတွေဝင်ဖမ်းတဲ့အတွက်ကြောင့် ကမ်းဝေးမှာ ငါးဖမ်းခွင့်ရှိတဲ့သူတွေက ကမ်းနီးငါးဖမ်းလုပ်ကွက်မှာ လာပြီးဖမ်းတယ်၊ လုပ်သားတွေကတော့ ကမ်းနီးမှာဖမ်းခွင့်ရှိတဲ့ငါးတွေ ဖမ်းလို့မရတဲ့အခါ လုပ်သားတွေ နစ်နာကြတယ်''ဟု ၄င်းက ဆက်ပြောသည်။

ထိုကဲ့သို့ ကမ်းဝေးငါးဖမ်းလုပ်ကွက်တွင် အသုံးပြုသည့် ငါးဖမ်းပိုက်များဖြင့် ကမ်းနီးတွင် အသုံးပြုနေကြသဖြင့် သားငါးပေါက်များလည်း ပြုန်းတီးလာကြောင်း ရေလုပ်ငန်းရှင်တို့က ဆိုသည်။

 ''ကမ်းနီးကမ်းဝေးငါးဖမ်းလုပ်ငန်းပြဿနာကတော့ အထူးသဖြင့် မြိတ်၊ထားဝယ်ဘက်ကလာတဲ့  နိုင်ငံတကာငါးဖမ်းသင်္ဘောတွေကို အစိုးရအနေနဲ့ ခွင့်ပြုထားတာတွေရှိတယ်၊ အဲ့လိုခွင့်ပြုထားတဲ့အထဲမှာ ဒီနေရာနဲ့ မသင့်တော် မဆွဲရဆိုတဲ့ ပိုက်တွေနဲ့ ဝင်ပြီးဆွဲတယ်"ဟု စစ်တွေမှရေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

 ရခိုင်ပြည်နယ်လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင်တင်သွင်းခဲ့သည့်လွှတ်တော်ကိုယ်စားလှယ် ဦးဘိုးမင်း၏ ရခိုင်ပြည်နယ်ပင်လယ် ကမ်းနီးငါးဖမ်းလုပ်ငန်းတွင်ရေလုပ်သားများ၏ ကမ်းနီးငါးဖမ်းလုပ်ငန်းများလုံခြုံရေးနှင့်အင်အားကြီးကမ်းဝေးငါးဖမ်းလုပ်ငန်းများဝင်ရောက်ဖမ်းဆီးကြခြင်းမှထိရောက်စွာာကွယ်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းတောင်းဆိုရန် ပြည်နယ်အစိုးရအား       တိုက်တွန်းထားကြောင်းကိုလည်း သိရသည်။

၎င်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး မဲခွဲစရာမလိုပဲ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သဘောတူသဖြင့်အတည်ဖြစ်သွားကြောင်းကိုလည်း သိရသည်။

အလားတူ ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် မြောက်ဦးမြို့ကို ခရိုင်မြို့အဆင့်တိုးမြှင်ပေး သင့်ပါကြောင်း၊ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် ရခိုင်ပြည်နယ် မြို့နယ်တိုင်းမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအား   ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၂၈၄အရ ပြဌာန်းလိုက်သောရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်ချုပ်ရေးမှူးဥပဒေ  နှင့်အညီ သေချာတိကျမြန်ဆန်ဆောင်ရွက်ပေးရန် စသည့်အဆိုများအား လွှတ်တော်ကိုယ်စားလှယ်များက တင် သွင်းခဲ့ကြသည်။

ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေး စတုတ္ထပုံမှန်အစည်းအဝေးသည် အောက်တိုဘာလ(၂)ရက် အင်္ဂါနေ့၌ ပြီးဆုံးခဲ့သည်။

News from:  Myit Makha Mediagroup
Post by : Aye Chan Mon
ကမ်းဝေးမှကမ်းနီသို့လာရောက်ငါးဖမ်းကြသူများအား တားဆီးပေးရန်နှင့် ငါးသယံဇာတမပြုန်းတီးရေး အဆိုကို ရခိုင်ပြည်နယ် လွှတ်တော် စတုတ္ထပုံမှန
်အစည်းအဝေးဆဋ္ဌမနေ့တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးမင်း(ခ)ဘိုးမင်းက တင်သွင်းခဲ့ခြင်းဖြစ်သည်။

ကမ်းဝေးငါးဖမ်းလုပ်ကွက်တွင်အသုံးပြုနေသည့် နိုင်ငံတကာအဆင့်ရှိငါးဖမ်းသင်္ဘောများသည် ကမ်းနီးငါး ဖမ်းလုပ်ကွက်များသို့ ဝင်ရောက်ငါးဖမ်းလာသည့်အတွက်ကမ်းနီးငါးဖမ်းလုပ်ငန်းရှင်များနစ်နာကြောင်းကိုလည်း သိရသည်။

''နယ်မြေကျူးကျော်ပြီး ကမ်းနီးဝင်ပြီးတော့ မလိုလားအပ်တဲ့ ပိုက်တွေနဲ့ဖမ်းနေတဲ့အတွက်ကြောင့်ငါးတွေပြုန်းတီးလာတယ်၊ ဆက်လက်ပြီး အဲ့လိုကမ်းနီးလုပ်ကွက်ဝင်ပြီး ဖမ်းမယ်ဆိုရင် ရခိုင်ပြည်နယ်မှာငါးတွေပြုန်းတီးသွားမယ်၊ ဒါကိုဗဟိုအစိုးရကနေပြီး တိကျကျတားဆီးပေးဖို့ကိစ္စကို တောင်းဆိုသွားဖို့အတွက် အစိုးရကိုတိုက်တွန်းတဲ့ အဆိုဖြစ်ပါတယ်'' ဟု ဦးဘိုးမင်း ကပြောသည်။

ရခိုင်အရေး ဆွေးနွေးအဖြေရှာ(ကျော်ဝင်း)

Photo: ရခိုင်အရေး ဆွေးနွေးအဖြေရှာ

by 7Day News Journal on Thursday, October 4

ကျော်ဝင်း

ယခုရက်ပိုင်း စာရေးသူ စာမရေးဖြစ်ပါ။ စာပင် ဟုတ်ဟုတ်ငြားငြား မဖတ်ဖြစ်ပါ။ သို့သော် တန်ပါသည်။ မိတ်ဆွများ၏ ကျေးဇူးကြောင့် ရခိုင်အရေး ဆွေးနွေးအဖြေရှာကြသော အလုပ်ရုံဆွေးနွေးပွဲနှစ်ခုကို ဆက်တိုက်ဆိုသလို တက်ခွင့်ရသောကြောင့် ဖြစ်ပါသည်။ ရန်ကုန်နှင့် နေပြည်တော်တို့တွင် ကျင်းပခဲ့သော ဆွေးနွေးပွဲများဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲနှစ်ခုတွင် စာရေးသူ တင်ပြခွင့်ရခဲ့သော ထင်မြင်ချက်များကို စုစည်းပြီး ယခုစာစုကို ရေးသားဖော်ပြလိုက်ပါသည်။

၁။ နိုင်ငံတကာ အဆက်အစပ် (International Context)

 အားလုံးသိကြသည့်အတိုင်း ကျွန်တော်တို့မျက်စိအောက်မှာပင် ကမ္ဘာကြီးမှာ ၂၀ ရာစုကိုကျော်ပြီး ၂၁ ရာစုထဲသို့ ချဉ်းနင်းဝင်ရောက်ခဲ့ပြီး ဖြစ်ပါသည်။ ပညာရှင်အများက ကုန်လွန်သွားခဲ့ပြီဖြစ်သော ၂၀ ရာစုကို အမေရိကန်ရာစုဟူ၍လည်းကောင်း၊ အိုင်ဒီအိုလိုဂျီရာစုဟူ၍လည်းကောင်း ၀ိဂြိုဟ်ပြုခဲ့ကြသည်များ ရှိသည်။ မနည်းလှသော သာဓကများကို ထောက်ပြပြီးသကာလ ယခုရောက်ရှိနေသော ၂၁ ရာစုကိုလည်း အာရှရာစုဟူ၍လည်းကောင်း “အမှတ်အသား သရုပ်ရာစု” (Century of Identity)ဟူ၍လည်းကောင်း သတ်မှတ်ဖွင့်ဆို ကြသည်များကို တွေ့နေရသည်။ ဤတွင် ကျွန်တော်တို့တစ်တွေမှာ ရာစုခေတ် အလှည့်အပြောင်း ကာလကြီးကို မျက်မှောက်ပြုနေရပါလားဟု ဆင်ခြင်မိရပါတော့သည်။

(က)အပြိုင်အရွေ့ (Parallel Shift)

ဆိုခဲ့ပါ အလှည့်အပြောင်း ကာလကြီးတွင် အပြိုင်ဖြစ်ပေါ်နေသော အရွေ့နှစ်ရပ်၊ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။ ကမ္ဘာ့စီးပွားရေး ချိန်ခွင်လျှာ အနောက်မှအရှေ့သို့ ရွေ့လာခြင်းနှင့် အိုင်ဒီအိုလိုဂျီမှ အမှတ်အသားသရုပ်သို့ ရွေ့လာခြင်းတို့ဖြစ်သည်။
ပထမအရွေ့ (အနောက်မှအရှေ့)ကို ခြေရာခံကြည့်လိုကလျှင် အာရှဒေသ၏ အံ့မခန်းစီးပွားရေး (Asian Miracle, ၁၉၇၀ နှင့် ၈၀ ပြည့်လွန်နှစ်များ)၊ တရုတ်နှင့် အိန္ဒိယတို့ အင်အားကြီးမားလာခြင်း (၁၉၉၀ ပြည့်လွန်နှစ်များ)နှင့် မကြာသေးခင်ကမှ ကြုံလိုက်ရသော Great Recession ခေါ် ကမ္ဘာလုံးချီ ဘဏ္ဍာရေးအကျပ် (၂၀၀၇/၀၈)တို့ကို တွေ့ပါလိမ့်မည်။ ဒုတိယအရွေ့ (အိုင်ဒီအိုလိုဂျီမှ အမှတ်အသားသရုပ်)ကို ပြန်ကြည့်လိုက်လျှင်လည်း ဘာလင်တံတိုင်းပြိုကျရာမှ ဂလိုဘယ်လိုက်ဇေးရှင်း အရှိန်ရလာခြင်း(၁၉၉၈)၊ ဘော်လကန်စစ်ပွဲများမှသည် ဘော်လကန်နိုက်ဇေးရှင်းခေါ် အစိတ်စိတ်၊ အမြွှာမြွှာပြိုကွဲခြင်း(၁၉၉၀ ပြည့်လွန်နှစ်များ)၊ နယူးယောက် မျှော်စင်ညီနောင် ဖြိုချခံရခြင်းနှင့် ကမ္ဘာလုံးအတိုင်းအတာ အကြမ်းဖက်ဝါဒ (၂၀၀၁)စသည်များကို ခြေရာခံမိပါလိမ့်မည်။

ယခင် ၂၀ ရာစု တစ်နည်း စစ်အေးခေတ်ကဆိုလျှင် ကျွန်တော်တို့တစ်တွေမှာ “ငါတို့ဘယ်သူလဲ” (Who are We?)ဆိုသော မေးခွန်းကို မေးစရာအကြောင်းမရှိ။ “ဘယ်ဘက်ကရပ်မလဲ” (Which Side We Stand?) ဆိုသည်ကိုသာ ဆုံးဖြတ်ဖို့ရှိသည်။ သို့တိုင် ပြည်ထောင်စုများ ပြိုကွဲလာသော၊ နယ်နိမိတ်များ မှုန်ဝါးလာသော မျက်မှောက် ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်ကြီးတွင်ကား ဤသို့ မဟုတ်လေတော့။ ငါတို့ ဘယ်သူလဲဆိုသော မေးခွန်းသည်ပင် နိုင်ငံတိုင်း လူမှုအုပ်စုတိုင်းအတွက် စိန်ခေါ်ချက်တစ်ခုလို ဖြစ်လာသော အမှတ်သားသရုပ်ဆိုင်ရာ ပုစာကြီးဖြစ်လာရတော့သည်။

(ခ)အပြိုင်ချဉ်းကပ်မှု (Parallel Approach)

ဆိုခဲ့ပြီးသည့်အတိုင်း ရာစုသစ်အကူးအပြောင်းတွင် အပြိုင်အရွေ့နှစ်ခု ပေါ်ထွက်လာရာ ချဉ်းကပ်စဉ်းစားပုံတွင်လည်း မူကွဲနှစ်ရပ် ပေါ်လာသည်။ “လူအခြေပြု ချဉ်းကပ်နည်း” (Humanbase Approach)နှင့် “နိုင်ငံအခြေပြု ချဉ်းကပ်နည်း” (Nation-base Approach)တို့ ဖြစ်သည်။

လူအခြေပြုချဉ်းကပ်လာ၊ လူမျိုး၊ အသားအရောင် ကိုးကွယ်သည့်ဘာသာ မည်သို့ပင် ကွဲပြားခြားနားပါစေ “လူသည် လူပင်ဖြစ်သည်ဆိုသော ပရမတ္တအမြင်ကို ဗဟိုပြုစဉ်းစားသည်။ သို့နှင့်အမျှ လူ့ဂုဏ်သိက္ခာ၊ လူ့လုံခြုံရေး၊ လူ့အခွင့်အရေးစသော အထိုင်များပေါ်မှ ရပ်ခံသည်။ “လောကလုံး သဘောဆောင်သည့် နှုန်းခံများ” (Universal Norms)ပေါ် အခြေခံသည်ဖြစ်၍ “လောကလုံးအမြင် (သို့မဟုတ်) စံအခြေပြုအမြင်” (Universalist, Normative Perspective)ဟု ဆိုနိုင်ပါလိမ့်မည်။

သို့နှင့်တိုင် တကယ့်လက်တွေ့တွင် လူသည် “အမျိုးသားနိုင်ငံများ” (Nation States)အဖြစ် စုစည်းနေထိုင်ကြသည်ဖြစ်ရာ တိုင်းပြည်လူမျိုးစသော ပညတ်များကို အကုန်အစင်ဖယ်ရှားလို့ ရသေးသည်တော့ မဟုတ်ပါချေ။ သို့အတွက် “နိုင်ငံအခြေပြု ချဉ်းကပ်နည်း”ဆိုသော ဒုတိယပုံစံ သဘာဝကျစွာ ပေါ်ထွက်လာရခြင်း ဖြစ်ပါသည်။ ဤနည်းက အမျိုးသားရေးဂုဏ်သိက္ခာ၊ အမျိုးသားလုံခြုံရေး၊ အမျိုးသားအမှတ်အသားသရုပ် စသည်များအပေါ် ရပ်ခံသည်။ “တကယ့်အရှိ” (Reality)ကို အခြေခံသည်ဖြစ်၍ “လက်တွေ့အခြေပြုအမြင်” (Pragmatic Perspective)ဟု ဆိုနိုင်ပါလိမ့်မည်။

အဆိုပါ ချဉ်းကပ်ပုံနှစ်ရပ်၏ အားပြိုင်မှုကို နယ်ပယ်အားလုံး နီးပါးလောက်တွင် မြင်တွေ့နေရရာ အထင်ရှားဆုံး ဖြစ်ဖွယ်ရှိသည်မှာ ကုလသမဂ္ဂအဖွဲ့ကြီး ကိုယ်တိုင်ပင် ဖြစ်တော့သည်။

(ဂ) ၁၇ နှင့် ၂၁ ရာစု (17th and 21st Century)

အမှန်စင်စစ် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းများမှာ ၁၆၄၈ ခုနှစ်က ချုပ်ဆိုခဲ့သော ၀က်စဖေးလီးယားစာချုပ်အပေါ် အခြေခံထားခြင်း ဖြစ်သည်။ ၀က်စဖေးလီးယားစာအုပ်မှာ ဥရောပအမျိုးသား နိုင်ငံများကြား နှစ်ပေါင်းသုံးဆယ်ကြာ စစ်မက်ယှဉ်ပြိုင် တိုက်ခိုက်ကြပြီးနောက် စစ်ပန်းရာမှ ထွက်ပေါ်လာသော ကြားအဖြေပင်ဖြစ်သည်။ ထိုစဉ်ကာလ (၁၇ ရာစု)၏ တက္ခနိုလိုဂျီနှင့် ၎င်း၏ လူမှုအကျိုးဆက်ကို စကားရပ်နှစ်ခုဖြင့် ဖော်ပြနိုင်သည်ဟု ဆိုပါသည်။ “သိပ်ဝေး” (Far away) ဆိုသည်နှင့် “ငါတို့ဘာမှမသိ” (We Know Nothing)ဆိုသော စကားရပ်များဖြစ်သည်။ သို့အတွက် “မိမိသက်ဆိုင်ရာ တိုင်းပြည်ကို မိမိတို့စိတ်ကြိုက်အုပ်ချုပ်”ဆိုသော အများညီအမြင်သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။

သို့နှင့်အမျှ ၀က်စဖေးလီးယားပုံစံ၏ အခြေခံယူနစ်မှာ “အမျိုးသားနိုင်ငံများ” ဖြစ်လာသည်။ အခြေခံမူများမှာ “အချုပ်အခြာအာဏာ” (Sovereignty)၊ “ပြည်တွင်းရေးမစွက်ဖက်ရေး” (Non-intervention)နှင့် “အင်အားချိန်ခွင်လျှာအယူအဆ” (Balance of Power)တို့ ဖြစ်လာသည်။ ဆိုရလျှင် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းမှာ ဤမူများကို အမွေခံထားခြင်းပင်ဖြစ်သည်။ သို့နှင့်တိုင် ယနေ့ ၂၁ ရာစု အင်တာနက်ခေတ်မှာ မြင်းနှင့်သတင်းပို့ရသော ၂၁ ရာစုနှင့် ဘယ်လိုမှ မတူနိုင်တော့ပြီ။ မျက်မှောက်ခေတ် တက္ခနိုလိုဂျီနှင့် လူမှုအကျိုးဆက်ကို ဖော်ပြသော စကားရပ်နှစ်ခုမှာ “ချက်ချင်း” (instant)ဆိုသည်နှင့် “ငါတို့အကုန်သိ” (We Know Everything) ဖြစ်လာသည်။

ဤအပြောင်းအလဲက ၀က်စဖေးလီးယားမူများကို အခြေမှ ကိုင်လှုပ်လာသည်။ ဤအချက်ကို ထောက်ပြပြီး ၁၉၉၅၊ ကုလသမဂ္ဂ ရွှေရတုနှစ်တွင် တစ်ကြိမ်၊ ၂၀၀၀ ပြည့်နှစ် ထောင်စုသစ် ထိပ်သီးဆွေးနွေးပွဲတွင် နောက်တစ်ကြိမ်၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို ပြန်စဉ်းစားကြဖို့ အဆိုပြုသည်များ ရှိလာသည်။ နိုင်ငံအခြေပြု စဉ်းစားနည်းမှ လူ့အခြေပြု စဉ်းစားနည်းသို့ ပြောင်းလဲဖို့ဖြစ်သည်။ သို့တိုင်အောင် အပြည့်အ၀ အောင်မြင်ခဲ့သည်တော့ မဟုတ်ပါ။ “လူလူချင်း စာနာထောက်ထားမှုနှင့်ယှဉ်သော” (Humanitarian)ဆိုသည့် ရှေ့ဆက်ပါ အယူအဆများကိုမူ ဖြည့်စွက် ထည့်သွင်းနိုင်ခဲ့ပါသည်။ “လူလူချင်း စာနာထောက်ထားမှုနှင့်ယှဉ်သော အကူအညီ”၊ “လူလူချင်း စာနာထောက်ထားမှုနှင့်ယှဉ်သော စွက်ဖက်မှု” စသဖြင့် (ဤအချက်ကိုတော့ “နောက်ဆုံးအားထားရာ” Last Resort အဖြစ်သာ သဘောယူခဲ့ကြသည်။)

ဤတွင် ပြောလိုသည်မှာ ကုလသမဂ္ဂအဖွဲ့ကြီး ကိုယ်တိုင်သည်ပင် ဆိုခဲ့ပါ ချဉ်းကပ်နည်းနှစ်ရပ် (လူ့အခြေပြုနှင့် နိုင်ငံအခြေပြု)ကို ချိန်ခွင်လျှာမျှ စဉ်းစားရသည်ဆိုသော အချက်ဖြစ်ပါသည်။ ယနေ့ ရခိုင်အရေးတွင်လည်း ဤအတိုင်း စဉ်းစားကြည့်မြင်သင့်သည်ဟု သဘောရပါသည်။ လူ့အခြေပြုချဉ်းကပ်နည်း တစ်ခုတည်းကို အားပြုလွန်းလျှင် နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမှတ်အသားသရုပ်ကို ထိခိုက်နိုင်စရာ ရှိသည်။ တစ်ပြိုင်နက်တည်းမှာပင် နိုင်ငံအခြေပြုချဉ်းကပ်နည်း သက်သက်ဆိုပြန်လျှင်လည်း လူ့အခွင့်အရေးဘက်မှ လျော်ကန်သင့်မြတ်မှု ရှိမည်မဟုတ်ပါချေ။

၂။ မြန်မာနိုင်ငံအဆက်အစပ် (MYANMA CONTEXT)

ယနေ့ မြန်မာနိုင်ငံမှာ သိမ်မွေ့သည်နှင့်အမျှ ရှုပ်ထွေးသော၊ ခက်ခဲသည်နှင့်အမျှ နက်ရှိုင်းသော စိန်ခေါ်ချက်နှစ်ရပ်ကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ရလျက်ရှိနေသည်။ “နိုင်ငံတည်ဆောက်ရေး” (State Building)နှင့် “အမျိုးသားတည်ဆောက်ရေး” (Nation Building)တို့ ဖြစ်ပါသည်။ ဤသည်ပင် မြန်မာ့ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်၏ အခက်ခဲဆုံးအပိုင်း ဖြစ်ဖွယ်ရှိသည်။

(က) နိုင်ငံတည်ဆောက်ရေး (State Building)

နိုင်ငံတည်ဆောက်ရေး ဆိုသည်မှာ လူ့အဖွဲ့အစည်းတစ်ရပ်တွင် စုပေါင်းဘ၀ တတ်နိုင်သမျှ ဖြစ်ပေါ်လာစေရန် တရားဝင် အင်စတီကျူးရှင်းများ တည်ဆောက်ရသည့် ဖြစ်စဉ်ဖြစ်သည်။

အစဉ်အလာအရ ဗြိတိသျှကိုလိုနီဖြစ်ခဲ့ဖူးသော နိုင်ငံများတွင် နိုင်ငံတည်ဆောက်ရေး အားကောင်းလေ့ရှိသည်ဟု ဆိုကြသည်များ ရှိသည်။ သို့နှင့်တိုင် ဗြိတိသျှ-အိန္ဒိယအင်ပါယာ၏ ပြည်နယ်တစ်ခုအဖြစ်သာ ကာလတာရှည် ရပ်တည်ခဲ့သော မြန်မာနိုင်ငံအတွက်မူ အဆိုပါ အားကောင်းချက်ကို အပြည့်အ၀ရခဲ့သည်ဟု ဆိုနိုင်လိမ့်မည် မဟုတ်ပါ။ မည်သို့ပင်ရှိစေ လွတ်လပ်သော မြန်မာနိုင်ငံအနေနှင့် ဗြိတိသျှကိုလိုနီအမွေဟု ဆိုနိုင်သော နိုင်ငံတည်ဆောက်ရေးဆိုင်ရာ အင်စတီကျူးရှင်းများနှင့် ဗျူရိုကရေစီကို အထိုက်အသင့် လက်ခံရရှိခဲ့ပါသည်။ သို့တစေ အဆိုပါ အင်စတီကျူးရှင်းများကို ဆက်လက် ထိန်းသိမ်းနိုင်စွမ်းနှင့် ဗျူရိုကရေစီကို ဆက်လက် ဖြည့်ဆည်းပေးရမည့် ပညာရေး အားနည်းမှုများကြောင့် မြန်မာနိုင်ငံ တည်ဆောက်ရေးမှာ တဖြည်းဖြည်း ပွန်းပြတ်၊ ပြတ်သလို ဖြစ်ခဲ့ရသည်။ သည်လိုနှင့် နောက်ဆုံး ၁၉၆၂ နောက်ပိုင်းသို့ ရောက်သောအခါ ယိုယွင်းရုံမျှမက ပြိုလဲသည်ထိ ဖြစ်ခဲ့ရသည်။

ပြောရလျှင် မြန်မာနိုင်ငံ တည်ဆောက်ရေး စိန်ခေါ်ချက်မှာ နှစ်ပေါင်း ၅၀ ကျော် ဝေဒနာခံစားနေခဲ့ရသော နာတာရှည် လူမမာကြီးလို ဖြစ်နေပါတော့သည်။ ယနေ့ မြန်မာခေါင်းဆောင်များအနေနှင့် နိုင်ငံရေးအရ စိတ်အားထက်သန်မှု အပြည့်ရှိကြသော်လည်း လက်တွေ့ အကောင်အထည်ဖော်ရမည့် ပညာပိုင်းဆိုင်ရာ၊ စွမ်းဆောင်ရည်နှင့် အတွေ့အကြုံပိုင်းတွင်မူ အကြီးအကျယ် လစ်ဟာလျက်ရှိနေသည်။ ဆိုရလျှင် မြန်မာနိုင်ငံ တည်ဆောက်ရေးမှာ ယခုမှ တာထွက်ခါစ အလွန်နုနယ်သေးသော အနေအထားဟု ဆိုရပါလိမ့်မယ်။

(ခ) အမျိုးသားတည်ဆောက်ရေး (Nation Building)

အမျိုးသားတည်ဆောက်ရေး ဆိုရာတွင် မျှဝေလက်ခံထားသော သမိုင်း၊ ယဉ်ကျေးမှုဓလေ့၊ တန်ဖိုး၊ ဘာသာစကားနှင့် အမှတ်အသားသရုပ်တို့ဖြင့် စုစည်းပုံဖော်ကြရသည့် သဘောဖြစ်သည်။ တစ်နည်းဆိုရလျှင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ဥမကွဲသိုက်မပျက် စုစည်းနေထိုင်ကြမည့် ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်ကြရမည့် ဖြစ်စဉ်ဖြစ်သည်။ ကံမကောင်း အကြောင်းမလှစွာပင် ဤတာဝန်ကို ဒီမိုကရက်တစ် နည်းလမ်းတကျ မဖြေရှင်းနိုင်ရာမှာ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းစစ်ကြီးနှင့် ရင်ဆိုင်ခဲ့ရသည်မှာ ယနေ့ထက်တိုင်ပင် ဖြစ်တော့သည်။ မြန်မာ့ပြည်တွင်းစစ် သက်တမ်းမှာ နှစ်ပေါင်း ၆၀ နီးပါးဖြစ်ရာ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး စစ်ပွဲတစ်ပွဲဟု ဆိုရပါလိမ့်မည်။

ယခုအခါ တိုင်းရင်းသားလူမျိုး လက်နက်ကိုင် ၁၁ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲနိုင်ပြီဖြစ်သည့်တိုင် အရေးကြီးသော “ကချင်လွတ်လပ်ရေးအဖွဲ့” (KIO)နှင့်မူ စစ်ရေးပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေဆဲ ရှိသည်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရပြီးသော အဖွဲ့များနှင့်လည်း နိုင်ငံရေးအရ ဆက်လက်ညှိနှိုင်း ဆွေးနွေးကြရဦးမည်ဖြစ်ရာ အချိန်မရွေး သေနတ်သံ ပြန်ထွက်လာနိုင်သည့် အနေအထားဟု ဆိုရပါလိမ့်မည်။ ဆိုရလျှင် တည်ငြိမ်ခိုင်မာသော ငြိမ်းချမ်းရေးရဖို့ဆိုလျှင် ဆက်လက်လုံးပန်း အားထုတ်ကြရဦးမည် ဖြစ်ပါသည်။

သို့အတွက် မြန်မာနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးရော အမျိုးသားတည်ဆောက်ရေးသည်ပါ အလွန်အကဲဆတ်သည့် အနေအထားတွင် ရှိနေဆဲဟူ၍သာ ဆိုရလိမ့်မည် ဖြစ်ပါသည်။

(ဂ) ရခိုင်အရေး (Sectarian Violence In Rakhine State)

ဤမျှ အရေးကြီးသည့် အခြေအနေမှာပင် နုနယ်သေးသော မြန်မာ့ဒီမိုကရေစီရေးအတွက် အလွန်ပြင်းထန်သော ရိုက်ချက်တစ်ခုနှင့် ရင်ဆိုင်လိုက်ရသည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော လူမှုအုပ်စု(ကွန်မြူနတီ)နှစ်ခုကြား ဂိုဏ်းဂဏ အကြမ်းဖက်မှုများ ဖြစ်သည်။ အမှန်စင်စစ် ဤကိစ္စမှာ ရှောင်တခင်ဖြစ်ပေါ်လာသည်တော့ မဟုတ်ပါ။ သမိုင်းနှင့်ဆိုင်သလို ပထ၀ီနိုင်ငံရေး အဆက်အစပ်များနှင့်လည်း ပတ်သက်နိုင်ပါသည်။ သို့ဖြစ်လင့်ကစား သမိုင်းဇာစ်မြစ်များကို တူးဖော်ရသည်မှာ အငြင်းပွားဖွယ်ရာ များစွာရှိနိုင်သည်ဖြစ်ရာ ယခုလို သွေးပူနေချိန်မျိုးတွင် သဟဇာတဖြစ်ရေးထက် အာဃာတပွားစရာ ပိုများလိမ့်မည် ထင်သည်။ ဤသို့ဆိုသည်နှင့် သမိုင်းကို ရာဇ၀င်ထဲမှာ ထားလိုက်ဖို့ ဆိုလိုသည် မဟုတ်ပါ။ ပြဿနာ၏ ဇာစ်မြစ်များကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်ဆွေးနွေး အဖြေရှာကြရမည်သာ ဖြစ်ပါသည်။ သို့တစေ ယခုလောလောဆယ်တော့ မဟုတ်။ ပြန်လည်သွေးအေးသည့် အခြေအနေတွင် တည်ငြိမ်သော စိတ်နှလုံးဖြင့် ညှိနှိုင်းဆွေးနွေးကြသည်က ပို၍လျော်ကန် သင့်မြတ်လိမ့်မည်ဟု သဘောရပါသည်။

စာရေးသူအမြင်၊ ရခိုင်အရေးမှာ သမိုင်းဇာစ်မြစ်သာမက ပထ၀ီနိုင်ငံရေး ဆက်စပ်အခြေအနေများနှင့်လည်း နက်နက်ရှိုင်းရှိုင်း ပတ်သက်လေမည်လား စဉ်းစားမိသည်။ အထူးသဖြင့် “ထိစပ်နယ်မြေ” (Border Land) ပြဿနာကို ထည့်သွင်းစဉ်းစားသင့်သည်ဟု ထင်သည်။

(ဃ) ထိစပ်နယ်မြေ (Borderland)

“ထိစပ်နယ်မြေ” ဆိုသည်မှာ သာမန်နယ်စပ်ဒေသ သက်သက်မျှမဟုတ်ပါ။ အိမ်နီးချင်းနိုင်ငံ နှစ်ခုကြားတွင်ရှိပြီး ပိုင်ဆိုင်မှုအကြိမ်ကြိမ် အပြောင်းအလဲရှိသော နယ်မြေများဖြစ်သည်။ သို့နှင့်အမျှ လူမျိုးရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဓလေ့မျိုးစုံတို့ ရောယှက်နေတတ်သလို “အမျိုးသားရေးသစ္စာခံမှု” (National Loyalty) အမျိုးမျိုးရှိသော လူများလည်း ရှိနေတတ်သည်။ ဆိုရလျှင် တင်းမာမှုမျိုးစုံ အချိန်မရွေး ပေါ်ထွက်နိုင်သည့် အနေအထားမျိုး ဖြစ်ပါသည်။

“နိုင်ငံတစ်နိုင်ငံမှ တစ်နိုင်ငံသို့ သမားရိုးကျ ရွှေ့ပြောင်းနေထိုင်မှု” (Coventional Immigration)နှင့် ထိစပ်နယ်မြေအတွင်း လူရွှေ့ပြောင်းနေထိုင်မှုများမှာ သဘောသဘာဝချင်း တူကြသည် မဟုတ်ပါ။ သာမန် ရွှေ့ပြောင်းနေထိုင်သူများမှာ အမိမြေကို အပြီးတိုင်ကျောခိုင်းပြီး နယ်မြေသစ်တွင် သဟဇာတဖြစ်အောင် နေကြရသည့်သဘော ရှိသည်။ ပြဿနာမရှိ။ ထိစပ်နယ်မြေအတွင်း အခြေချ နေထိုင်ကြသူများမှာ အမိမြေနှင့် လုံးဝအဆက်ပြတ်သွားသည် မဟုတ်။ အမိမြေနှင့် မူလအသိုင်းအ၀ိုင်းဟောင်းကို ဆွဲဆန့်လိုက်သည့် သဘောပင်ရှိသည်။ ထို့ထက် နိုင်ငံနယ်နိမိတ်များမှာ နိုင်ငံရေးကိုသာ ကိုယ်စားပြုနိုင်ပြီး စီးပွားရေး၊ ယဉ်ကျေးမှုရေးတို့ကို ကိုယ်စားပြုနိုင်သည်မဟုတ်။ သို့နှင့်အမျှ သစ္စာခံမှုမှာ ထွေပြားနိုင်သလို အပြောင်းအလဲလည်း များနိုင်ပေသည်။

ပြင်သစ်နှင့် ဂျာမနီကြားရှိ အဲလဆက်နှင့် လော်ရိန်းဒေသ (ဒုတိယကမ္ဘာစစ် ဖြစ်ပွားစေသည့် လတ်တလော အကြောင်းရင်းတစ်ခု)၊ အိန္ဒိယနှင့် ပါကစ္စတန်ကြားရှိ ကက်ရှမီးယားဒေသ (ဤနေရာတွင် နှစ်နိုင်ငံ နယ်စပ်စစ်ပွဲဖြစ်ခဲ့)၊ ဆားဘီးယားနှင့် အယ်လ်ဘေးနီးယားကြားရှိ ကိုဆိုဗိုဒေသ (ကိုဆိုဗိုစစ်ပွဲ၏ စစ်တလင်း)တို့မှာ ပြဿနာများစွာ တက်ခဲ့ဖူးသော ထိစပ်နယ်မြေများဖြစ်သည်။ အလားတူ ယူကေနှင့် အိုင်ယာလန်ကြားရှိ မြောက်ပိုင်းအိုင်ယာလန်၊ ယူအက်စ်မက္ကဆီကို နယ်နိမိတ် တစ်လျှောက်တို့မှာလည်း အချိန်မရွေးဆိုသလို မီးခိုးအူနေသော ထိစပ်နယ်မြေများပင် ဖြစ်သည်။ ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တောဒေသမှာ ဆိုခဲ့ပါ ထိစပ်နယ်မြေလက္ခဏာများ ရှိနေသည်ဖြစ်ရာ ပြဿနာ၏ ဇာစ်မြစ်တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားဖို့ လိုလိမ့်မည်ထင်ပါသည်။ အကျော်ဒေးယျ အနာဂတ္တိဆရာတစ်ဦးဖြစ်သူ ဂျော့ဖရိုင်းမင်းက အဆိုပါ ထိစပ်နယ်မြေများကို “ပထ၀ီနိုင်ငံရေး အန္တရာယ်လမ်းကြောင်းများ” (Geopolitical Fault Lines)အဖြစ် သတ်မှတ်သည်။

၃။ ဘာလုပ်ကြမည်နည်း (What is to be done?)

 ပြဿနာမှာ နက်ရှိုင်းထွေပြားသော ဇာစ်မြစ်မျိုးစုံ ရှိနိုင်သည်ဖြစ်ရာ နေ့ချင်းညချင်း အပြီးသတ် ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပါချေ။ ဤသို့တပြီကား- ဘာလုပ်ကြမည်နည်း။ ဤနေရာတွင် ကျမ်းမြတ်ကိုရာမ်၏ သင်ကြားချက်အချို့ကို အကိုးအကား ပြုလိုပါသည်။

ယခုလို--
“မည်သူပင်ဖြစ်စေ အပြစ်မဲ့သူကိုသတ်လျှင် လူသားတစ်ရပ်လုံးကို သတ်ဖြတ်ခြင်းမည်ပေ၏”။

“မည်သူပင်ဖြစ်စေ လူတစ်ယောက်ကို ကယ်တင်လျှင် လူသားတစ်ရပ်လုံးကို ကယ်တင်ရာမည်ပေ၏”။ ကျွန်တော်တို့အနေဖြင့် ကျမ်းမြတ်ကိုရာမ်၏ အထက်ပါ မိန့်မှာချက်အတိုင်း ပုံသဏ္ဌာန်မျိုးစုံ သတ်ဖြတ်မှုများကို ချက်ချင်းရပ်တန့်ရပါလိမ့်မည်။ ပုံသဏ္ဌာန်မျိုးစုံ ကယ်ဆယ်ရေး လုပ်ငန်းများကို တစ်ခဲနက် ဆောင်ရွက်ကြရပါလိမ့်မည်။ အမုန်းမီးပွားများဖြင့် ပူလောင်တင်းမာနေကြသော လူမှုအုပ်စုနှစ်ခုကို ပြန်လည်ရင်ကြားစေ့ ပေးရပါလိမ့်မည်။ အာဃာတအနေအထားကို သဟဇာတအခြေဆိုက်အောင် ၀ိုင်းဝန်းကြိုးပမ်းကြရပါလိမ့်မည်။ ဤသည်သာ ဘာသာတရားမျိုးစုံက ကောင်းချီးပေးကြမည့် နတ်လူသာဓုခေါ်စေမည့် အပြုအမူဖြစ်ပါသည်။

(က) ရင်ကြားစေ့ရေးနှင့် သဟဇာတမျှရေး (Reconciliation and Harmony)

ကိုလံဘီယာ၊ ဆိုမာလီယာ နစ်ကာရာဂွါ၊ မြောက်အိုင်ယာလန် စသည့်ဒေသများ၏ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းများကို ဦးဆောင်ခဲ့သည့် ဂျွန်ပေါလ်လီဒါအက်ခ်ျ၏ အလိုအရ ပြန်လည်ရင်ကြားစေ့ရေး ဆိုသည်မှာ မှန်ကန်မှုနှင့်စာနာမှု၊ တရားမျှတမှုနှင့် ငြိမ်းချမ်းမှုတို့ပေါင်းစုံရာဟု ဆိုပါသည်။ (Reconciliation is the place where 'Truth' and 'Mercy', 'Justic' and 'peace', met.) ပုံနှင့် ယှဉ်တွဲစဉ်းစားဖို့ဖြစ်သည်။

ဤသို့သော ပြန်လည်ရင်ကြားစေ့နိုင်မည့် အခြေအနေရပြီဆိုလျှင် “လူမှုသဟဇာတမျှရေး” (social harmony)သို့ အသေအချာ ဦးတည်နိုင်ပါလိမ့်မည်။ ဤနေရာတွင် လူသားထုအတွက် ကံကောင်းလှသည်မှာ အစ္စလာမ်၊ ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာ စသော ကမ္ဘာ့ဘာသာတရားတိုင်းတွင် လူမှုသဟဇာတမျှရေးသို့ ဦးတည်စေသည့် “အပြုသဘောဆောင်သော မျှဝေတန်ဖိုးများ” (positive shared values) ရှိနေခြင်းပင်ဖြစ်သည်။ ဤသည်တို့မှာ “ခန္တီ” (tolerance)၊ “မေတ္တာ” (love/ kindness)၊ “ကရုဏာ” (honesty)နှင့် “အနာဂတ်မျိုးဆက်များအတွက် ကောင်းရာကောင်းကြောင်း” (welfare of future generation)တို့ ဖြစ်ပါသည်။

ခန္တီဆိုသည်မှာ ဆန့်ကျင်ဘက် ရပ်ခံမှုများကို ခွင့်ပြုနိုင်လောက်သော ရင့်ကျက်မှုကို ဆိုလိုရင်းဖြစ်သည်။ မေတ္တာမှာ “အရှုံးအနိုင် အဖြေထွက်စေသော ဆက်ဆံရေး” (zero-sum)မဟုတ်။ “နှစ်ဖက်အနိုင်ရစေမည့် ဆက်ဆံရေး” (win-win)မျိုးဖြစ်သည်။ ကရုဏာဆိုသည်မှာ ဒုက္ခရောက်နေသူများအပေါ် စာနာစိတ်ဖြင့် ကူညီလိုမှုကို ဆိုလိုသည်။ ရိုးသားမှုကား လူမှုဆက်ဆံရေး အားလုံးအတွက် အခြေခံအကျဆုံး လိုအပ်ချက်ပင်။ အနာဂတ် မျိုးဆက်များအတွက် ကောင်းရာကောင်းကြောင်းဆိုသည်မှာ ပညာရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး ထိန်းသိမ်းကာကွယ်ဖို့ဖြစ်သည်။ ဤသို့သော အပြုသဘောဆောင်သည့် မျှဝေဖန်ဖိုးများကိုသာ လက်ခံကျင့်သုံးနိုင်ပြီဆိုလျှင် မည်သို့သော ပြဿနာမျိုးပင်ဖြစ်စေ ထက်ဝက်မက ဖြေရှင်းပြီးသား ရောက်ပါလိမ့်မည်။

(ခ) လတ်တလောမှ ရေရှည်သို့ (From currnet to long-term)

ရန်ကုန်နှင့် နေပြည်တော်တွင် ကျင်းပသော အလုပ်ရုံဆွေးနွေးပွဲများအတွင်း နှစ်ဖက်လူမှုအုပ်စုများ၏ စိတ်ခံစားမှုနှင့် စိုးရိမ်မကင်းဖြစ်ရမှုများကို အထိုက်အသင့် ဆ၀ါးခွင့်ရခဲ့ရာ စာရေးသူအတွက်တော့ “အမြတ်”ပင် ဖြစ်သည်။ ရခိုင်တိုင်းရင်းသားများက မိမိတို့၏ အမှတ်အသားသရုပ်နှင့် နယ်မြေလုံခြုံရေးအတွက် စိုးရိမ်မကင်း ဖြစ်နေကြဟန်ရှိသည်။ အလွန်သဘာဝကျသော စိုးရိမ်မှုဟု သဘောရပါသည်။ “နိုင်ငံသားဖြစ်မှု အခွင့်အရေး” (right to citizenship)ဆိုသော တစ်ဖက်အုပ်စုမှ မိတ်ဆွေများ၏ ဆန္ဒကိုလည်း ကြားနာခွင့်ရခဲ့ပါသည်။

ဤကိစ္စနှင့် ပတ်သက်လျှင် တည်ဆဲဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ရေရှည်ဆွေးနွေး အဖြေရှာကြရမည် ထင်ပါသည်။ ဤနေရာတွင် ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေအပေါ် ဝေဖန်ကြသည်များလည်း ရှိသည်။ တည်ဆဲဥပဒေတစ်ရပ်ကို ပြင်ဆင်ဖို့ဆိုသည်မှာ ဒီမိုကရက်တစ် လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှတ်တော်လမ်းကြောင်းမှ သွားကြရမည်ဖြစ်ရာ ကာလတစ်ခု အချိန်ယူကြရပါလိမ့်မည်။ “လူမျိုးစုအခွင့်အရေး” (ethnic right)ဆိုလျှင်ကား ပို၍အချိန်ယူရဦးမည့်သဘော ရှိမည်ထင်သည်။ ဤပြဿနာမှာ ရခိုင်ပြည်နယ်အရေး သက်သက်မျှမဟုတ်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်တစ်ခုလုံး၏ “စုပေါင်းအမှတ်အသားသရုပ်”နှင့် တိုက်ရိုက် ဆက်စပ်နေသည်ကို သတိချပ်ကြဖို့ လိုပါလိမ့်မည်။

ပဋိပက္ခသဘောဆောင်နေသော လူမှုအုပ်စုနှစ်ရပ်လုံး၏ ယခု လောလောဆယ် တူညီသောဆန္ဒသည်ကား လုံခြုံရေးနှင့် အသက်ဆက်ရှင်သန်ရေးဟု နားလည်ရပါသည်။ ဤသည်ပင် နှစ်ဖက်လုံး၏ “ဘုံတူညီချက်” (common ground) ဖြစ်လေရာ ဤနေရာမှ အစပြုကြရလိမ့်မည်ဟု သဘောရပါသည်။ တူတာတွဲလုပ်ရင်း မတူညီမှုများကို ညှိနှိုင်းအဖြေရှာကြခြင်းသည်ပင် ဒီမိုကရေစီ၏ အလှတစ်ပါး မဟုတ်ပါလော။

နိဂုံး (Conclusion)

 ယခုစာစုကို ဒီမိုကရက်တိုင်ဇေးရှင်းဆိုင်ရာ ကျွမ်းကျင်သူအဖြစ် ပညာလောကမှ သိမှတ်လက်ခံထားသော ပညာရှင်တစ်ဦးဖြစ်သူ တောမတ်ကရိုသာ၏ စကားဖြင့် နိဂုံးချုပ်လိုပါသည်။ (ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ တစ်လအလိုလောက်က ကရိုသာကိုယ်တိုင် မြန်မာနိုင်ငံသို့ ရောက်ခဲ့ဖူးသည်။) သူက စိန်ခေါ်ချက်များဖြင့် ပြည့်လျှမ်းနေသော မြန်မာ့ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို ထင်သာမြင်သာရှိသော ဥပမာဖြင့် ယခုလို သုံးသပ်ဖော်ပြခဲ့သည်။

“သွားရမယ့်ခရီးက တစ်ဖက်တစ်ချက်မှာ ချောက်ကမ်းပါးကြီးတွေရှိနေတဲ့၊ တံတားအို၊ တံတားကျဉ်း။ မောင်းလာရတဲ့ကားက ချုံးချုံးကျနေတဲ့ ကားအိုကားဟောင်း၊ ဒီကြားထဲ ကားပေါ်ပါလာတဲ့ ခရီးသည်တွေက အချင်းချင်း ရန်ဖြစ်နေကြတာ...” စသဖြင့်။ ဤမျှ အခြေအနေဆိုးလှသော ခရီးကို ဤလိုယိုယွင်းနေသော ကားကြီးဖြင့် ဤသို့ ရန်ဖြစ်နေကြသော ခရီးသည်များ တင်ဆောင်မောင်းနှင်နေရသော ဒရိုင်ဘာထိုင်ခုံထက်မှ အစိုးရ၏ အခက်အခဲကို အလွယ်တကူပင် မှန်းဆနိုင်ပါလိမ့်မည်။ မောင်းနှင်နေသောကားကြီး အင်ဂျင်ကောင်းဖို့၊ ရှော့ဘားပြင်ဖို့ အထူးအရေးကြီးသလို (နိုင်ငံတည်ဆောက်ရေး) ရှေ့ဆက်ရမည့် ခရီးဖြစ်သည့် တံတားအိုကြီး လုံခြုံစိတ်ချရဖို့ (အမျိုးသားတည်ဆောက်ရေး)လည်း အထူးအရေးကြီးသည်။ ဤလုပ်ငန်းတာဝန်နှစ်ရပ်ကို အောင်မြင်စွာ ထမ်းဆောင်ဖို့ဆိုလျှင် ကားပေါ်တွင်ပါလာသော ခရီးသည်အားလုံး (နိုင်ငံသားဖြစ်စေ၊ နိုင်ငံသားမဟုတ်သည်ဖြစ်စေ တိုင်းရင်းသားဖြစ်စေ၊ တိုင်းရင်းသားမဟုတ်သည်ဖြစ်စေ) ရန်ဖြစ်နေလို့ မဖြစ်ပါ။ ညီညွတ်သင့်မြတ်ပါမှ ရှေ့ခရီး အန္တရာယ်ကင်းပါလိမ့်မည်။

ဤသို့သော အရပ်ရပ်အခြေအနေကို ထောက်ချင့်ပြီးသကာလ မြန်မာ့ဒီမိုကရေစီရေးကို ဗူးလေးရာ ဖရုံမဆင့်စေဘဲ နားလည်မှုအပြည့်ဖြင့် ၀ိုင်းဝန်းကူညီ အားဖြည့်ပေးကြဖို့ မိတ်ဆွေအားလုံး (အထူးသဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်း)ကို မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။

စာပြီးနေ့

၂၈၊ စက်တင်ဘာ၊ ၂၀၁၂

News from : 7Day News Journal
Post By : Aye Chan Mon
ယခုရက်ပိုင်း စာရေးသူ စာမရေးဖြစ်ပါ။ စာပင် ဟုတ်ဟုတ်ငြားငြား မဖတ်ဖြစ်ပါ။ သို့သော် တန်ပါသည်။ မိတ်ဆွများ၏ ကျေးဇူးကြောင့် ရခိုင်အရေး ဆွေးနွေးအဖြေရှာကြသော အလုပ်ရုံဆွေးနွေးပွဲနှစ်ခုကို ဆက်တိုက်ဆိုသလို တက်ခွင့်ရသောကြောင့် ဖြစ်ပါသည်။ ရန်ကုန်နှင့် နေပြည်တော်တို့တွင် ကျင်းပခဲ့သော ဆွေးနွေးပွဲများဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲနှစ်ခုတွင် စာရေးသူ တင်ပြခွင့်ရခဲ့သော ထင်မြင်ချက်များကို စုစည်းပြီး ယခုစာစုကို ရေးသားဖော်ပြလိုက်ပါသည်။

၁။ နိုင်ငံတကာ အဆက်အစပ် (International Context)

အားလုံးသိကြသည့်အတိုင်း ကျွန်တော်တို့မျက်စိအောက်မှာပင် ကမ္ဘာကြီးမှာ ၂၀ ရာစုကိုကျော်ပြီး ၂၁ ရာစုထဲသို့ ချဉ်းနင်းဝင်ရောက်ခဲ့ပြီး ဖြစ်ပါသည်။ ပညာရှင်အများက ကုန်လွန်သွားခဲ့ပြီဖြစ်သော ၂၀ ရာစုကို အမေရိကန်ရာစုဟူ၍လည်းကောင်း၊ အိုင်ဒီအိုလိုဂျီရာစုဟူ၍လည်းကောင်း ၀ိဂြိုဟ်ပြုခဲ့ကြသည်များ ရှိသည်။ မနည်းလှသော သာဓကများကို ထောက်ပြပြီးသကာလ ယခုရောက်ရှိနေသော ၂၁ ရာစုကိုလည်း အာရှရာစုဟူ၍လည်းကောင်း “အမှတ်အသား သရုပ်ရာစု” (Century of Identity)ဟူ၍လည်းကောင်း သတ်မှတ်ဖွင့်ဆို ကြသည်များကို တွေ့နေရသည်။ ဤတွင် ကျွန်တော်တို့တစ်တွေမှာ ရာစုခေတ် အလှည့်အပြောင်း ကာလကြီးကို မျက်မှောက်ပြုနေရပါလားဟု ဆင်ခြင်မိရပါတော့သည်။

ဘင်္ဂလားဒေ့ရှ်တွင် ဘုန်းကြီးကျောင်းများနှင့် အိမ်များ ဖျက်ဆီးခံရမှုနှင့် ပတ်သက်ပြီး မြန်မာ ဗုဒ္ဓဘာသာ သံဃာတော်များ ဆန္ဒထုတ်ဖော်



ဘင်္ဂလားဒေ့ရှ်၌ ဘုန်းကြီးကျောင်းများနှင့် အိမ်များကို မွတ်စလင် လူအုပ်စုများက တိုက်ခိုက်မှုများ ဖျက်ဆီးခဲ့မှုနှင့် ပတ်သက်ပြီး
ဗုဒ္ဓဘာသာ သံဃာတော် အပါး (၂၀၀) ခန့် ၏ ဆန္ဒထုတ်ဖော်မှုကို ယနေ့ (အောက်တိုဘာလ ၄ ရက်နေ့) တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၁) ရပ်ကွက်ရှိ မကွေးပရိယတ္တိ စ
ာသင်တိုက်တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ သံဃာတော်များနှင့် ဗုဒ္ဓဘာသာဝင် လူပုဂ္ဂိုလ်များက ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ် သံရုံး ရှေ့တွင် ဆန္ဒထုတ်ဖော်ရန် စီစဉ်ခဲ့သော်လည်း ခွင့်ပြုချက် မရရှိသဖြင့် မကွေးပရိယတ္တိ စာသင်တိုက်၌
ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။

တရုတ်ရေနံကုမ္ပဏီ မိုင်းခွဲရှာဖွေမှုကြောင့် လယ်မြေဧက ၁၀၀ ခန့် စိုက်ပျိုးမရဖြစ်

တရုတ်ရေနံကုမ္ပဏီ၏ မိုင်းဖောက်ခွဲမှုကြောင့် ပြိုကျသွားသော ပုံတောင်ပုံညာအနီး ထီးလင်းမြို့နယ် အထက်ကျော်ရွာရှိ လယ်မြေဧက တစ်ရာခန့်မှာ စိုက်ပျိုးရေးလုပ်ကိုင်၍ မရတော့ကြောင်း သတင်းရရှိသည်။

“စပါးစိုက်တာ ဧကခုနစ်ဆယ်လောက်ရှိတယ်။ နောက်ပြီး ပြောင်း၊ မြေပဲ၊ နှမ်းစိုက်တဲ့ဧက ၃၀ လောက်ရှိမယ်။ ထိခိုက်သွားတဲ့ဧက ၁၀၀ ကျော်ပါတယ်။ မြေကြီး
က အတော်လေးပြိုနေတယ်။ မနှစ်ကလည်း ပြိုတယ်။ အခု မြက်တွေဘာတွေတော့ ပေါက်နေတာပေါ့။ စိုက်လို့ပျိုးလို့ မရတော့ဘူး။ တချို့လယ်ကွင်းတွေက လှန်ပစ်လိုက်သလို ဖြစ်သွားတယ်။ တစ်နေရာနဲ့တစ်နေရာ ငုပ်သွားပြီး ကမ်းပါးတွေလို ဖြစ်သွားတာ”ဟု မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ အထက်ကျော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးညိုဝင်းကပြောသည်။

သေနတ်လုပ်တဲ့ မြေပုံက ပန်းဘဲ ဆရာကြီး စစ်တပ်က ဖမ်း

Photo: သေနတ်လုပ်တဲ့ မြေပုံက ပန်းဘဲ ဆရာကြီး စစ်တပ်က ဖမ်း


ရခိုင်ပြည်နယ် မြေပုံမြို့တွင် သေနတ် ပြုလုပ်သော ပန်းဘဲ ဆရာကြီး တစ်ဦးကို စစ်တပ်က သတင်းအရ ဖမ်းဆီးပြီးနောက် ရဲတပ်ဖွဲ့ လက်သို့ လွဲပြောင်းလိုက်ကြောင်း သတင်း ရရှိသည်။

အဖမ်းဆီးခံရသူမှာ ဦးစံအောင်ကျော်ဖြစ်ပြီး မွတ်ဆလင် ရပ်ကွက်ထဲတွင် နေထိုင်သူ ရခိုင်အမျိုးသား ဖြစ်ကြောင်း သိရသည်။

“ သူကို သွားတိုင်ကြတယ်ထင်ပါတယ်။ စစ်တပ်က လွန်ခဲ့တဲ့ ၂ ရက်က  ၀င်ဖမ်းတာပါ။ သူ့ဆီက လုပ်လက်စ သေနတ် တလက် ဖမ်းမိသွားတယ်လို့ ကြားရတယ်။ သေနတ်ကတော့ မပီးသေးဘူးလို့ သိရပါတယ်” ဟု မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးဖေသန်းက နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

ယခုအခါ သူ့အား  ရဲတပ်ဖွဲ့ ရမန် (၇) ရက် ယူထားကြောင်း သိရသည်။

“ သူက ပန်းဘဲ ဆရာတော့ သေနတ်တွေဘာတွေ နည်းနည်း လုပ်တတ်တယ်လို့ ကြားပါတယ်။ မွတ်ဆလင် အစုမှာ နေထိုင်တော့ သူကိုယ်သူကာကွယ်ဖို့ လုပ်တယ် ထင်ပါတယ်။ လက်ခံတော့ မရသေးပါဘူး” ဟု သူက ဆက်ပြောသည်။

ဦးစံအောင်ကျော်ထံမှ အချော မသတ်သေးသော လုပ်လက်စ သေနတ် အပါအ၀င် သေနတ် လုပ်ရာတွင် ပြုလုပ်သော ပစ္စည်းကရိယာများကိုလည်း စစ်တပ်က သိမ်းယူသွားကြောင်း သိရသည်။ သူ့မှာ အသက် ၆၀ ခန့်ရှိပြီး တောတွင်းပြန် ပြောက်ကျား တစ်ဦး  ဖြစ်ကြောင်း သိရသည်။

 News from : Narinjara
Post By : Aye Chan Mon
ရခိုင်ပြည်နယ် မြေပုံမြို့တွင် သေနတ် ပြုလုပ်သော ပန်းဘဲ ဆရာကြီး တစ်ဦးကို စစ်တပ်က သတင်းအရ ဖမ်းဆီးပြီးနောက် ရဲတပ်ဖွဲ့ လက်သို့ လွဲပြောင်းလိုက်ကြောင်း သတင်း ရရှိသည်။

အဖမ်းဆီးခံရသူမှာ ဦးစံအောင်ကေ
ျာ်ဖြစ်ပြီး မွတ်ဆလင် ရပ်ကွက်ထဲတွင် နေထိုင်သူ ရခိုင်အမျိုးသား ဖြစ်ကြောင်း သိရသည်။

“ သူကို သွားတိုင်ကြတယ်ထင်ပါတယ်။ စစ်တပ်က လွန်ခဲ့တဲ့ ၂ ရက်က ၀င်ဖမ်းတာပါ။ သူ့ဆီက လုပ်လက်စ သေနတ် တလက် ဖမ်းမိသွားတယ်လို့ ကြားရတယ်။ သေနတ်ကတော့ မပီးသေးဘူးလို့ သိရပါတယ်” ဟု မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးဖေသန်းက နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

ယခုအခါ သူ့အား ရဲတပ်ဖွဲ့ ရမန် (၇) ရက် ယူထားကြောင်း သိရသည်။

အိန္ဒိယသူပုန်လက်မှ အမေရိကန်လက်နက် မြန်မာပြည်မှလာ ဟုဆို

Photo: အိန္ဒိယသူပုန်လက်မှ အမေရိကန်လက်နက် မြန်မာပြည်မှလာ ဟုဆို


နယူးဒေလီ (မဇ္ဈိမ) ။       ။ အိန္ဒိယရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိထားသည့် မော်ဝါဒီ သူပုန် နှစ်ယောက်က ၎င်းတို့နှင့်အတူ သိမ်းဆည်းရမိသော အမေရိကန်လုပ် M-16 သေနတ် တလက်နှင့် ဗြိတိန်လုပ် ရူပီး လေးသိန်း (ဒေါ်လာ ၇,၀၀၀ ကျော်) တန် ကျည်ကာအင်္ကျီတို့ကို မြန်မာပြည်မှ ရရှိကြောင်း ဖြောင့်ချက်ပေး ထွက်ဆိုကြသည်ဟု ဂျာရ်ခန်းပြည်နယ် ရဲညွှန်ချုပ် က ပြောသည်။

“ဒီလက်နက်ဟာ အစွန်းရောက်တွေ ထကြွနေတဲ့ မြန်မာနိုင်ငံကနေ မော်ဝါဒီတွေ လက်ထဲကို ရောက်လာတာဖြစ်တယ်” ဟု ဂျာရ်ခန်း ရဲညွှန်ချုပ် G S Rath က ဗုဒ္ဓဟူးနေ့တွင် ထုတ်ဖော်ပြောကြားလိုက်ကြောင်း PTI သတင်းတရပ်တွင် ဖော်ပြ ပါရှိသည်။

အိန္ဒိယနယ်စပ် မြန်မာနယ်မြေတွင် အိန္ဒိယခွဲထွက်သူပုန် ၁ဝ ဖွဲ့ခန့် ခိုလှုံနေထိုင်ကြသည်ကို ရည်ညွှန်းပြောဆိုလိုက်
ခြင်း ဖြစ်သည်။

သြဂုတ်လ ၂၉ ရက်နေ့က တောတွင်းတနေရာမှ ဖမ်းဆီးရမိခဲ့သည့် ဒေသတွင်း မော်ဝါဒီ သူပုန်ခေါင်းဆောင်တဦးနှင့် လက်နက်ထောက်ပံ့သူတဦးတို့အား စစ်ဆေးမေးမြန်းရာမှ အဆိုပါ နိုင်ငံခြားလက်နက်များရရာ လမ်းကြောင်းကို သိရှိခဲ့ရပြီး ထိုလမ်းကြောင်းကိုမူ သတင်းထောက်များအား ရဲညွှန်ချုပ်က ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ခဲ့သည်။

ယခင်ကလည်း ဤသို့ နိုင်ငံခြားဖြစ် သေနတ်များကို မော်ဝါဒီ သူပုန်များထံမှ ရရှိခဲ့ဖူးကြောင်းလည်း ၎င်းကထည့်သွင်း
ပြောကြားသွားသည်။

ကြာသပတေးနေ့က တမူးမြို့တွင် မြန်မာအရာရှိများနှင့် တွေ့ဆုံဆွေးနွေးပြီး ပြန်လာသည် မဏိပူရပြည်နယ်၊ ချန်ဒယ် ခရိုင် ရဲမှူးကြီး E Priyo Kumar နှင့် ကိုယ်ရံတော်အဖွဲ့အား မြန်မာနယ်စပ်နှင့် ၃ မိုင်ခန့်အကွာတွင် သူပုန်များက ဗုံးခွဲတိုက်ခိုက်ရာ ကိုယ်ရံတော် ခုနှစ်ဦး ဒဏ်ရာရရှိသွားပြီး အပြန်အလှန်ပစ်ခတ်မှုများ တနာရီခန့်ကြာ ပြင်းထန်စွာ
ဖြစ်ပွားခဲ့ရသည်ဟု မဏိပူရမှ ပေးပို့သော Indian Express သတင်းတရပ်တွင် ပါရှိသည်။

အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့၏ လက်ချက်ဟု စွပ်စွဲမှု မရှိသေးသော်လည်း ထိုနယ်မြေတွင်
ဒေသခံ ကသဲ(မဏိပူရ)သူပုန် ခြောက်ဖွဲ့ခန့် လှုပ်ရှားလျက်ရှိကြောင်း သိရှိရသည်။

အိန္ဒိယ အရှေ့မြောက်ဒေသများမှ ခွဲထွက်ရေးသူပုန်အဖွဲ့များ မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း၊ နာဂတောင်တန်းနှင့် ကချင်ပြည်နယ်တို့တွင် ခိုလှုံနေထိုင်ကြကြောင်း အိန္ဒိယအစိုးရနှင့် သတင်းစာများက မကြာခဏ ထောက်ပြ
ပြောဆိုလျက် ရှိကြသည်။

မြန်မာ့မြေပိုင်နက်ထဲတွင် မော်ဝါဒီ သူပုန်များ စစ်သင်တန်း စခန်းများ ဖွင့်ခြင်းနှင့် ပတ်သက်၍ အထောက်အထားများ
တွေ့ရှိရပြီး ထိုစစ်စခန်းများအား မဏိပူရ ခွဲထွက် သူပုန်တဖွဲ့ဖြစ်သည့် PLA နှင့် Naxalites တို့ ပူးတွဲ စီစဉ်ခြင်း
ဖြစ်ကြောင်း လွန်ခဲ့သည့်နှစ် အောက်တိုဘာလ ၁ ရက်နေ့က နယူးဒေလီမြို့တော်၌ ဖမ်းဆီးရမိခဲ့သည့် PLA အဖွဲ့ဝင်
နှစ်ဦး၏ ခရီးဆောင် ကွန်ပျူတာများမှ ဖော်ထုတ်သိရှိရခြင်း ဖြစ်သည်ဟု ဆိုသည်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံမှုတိုင်းတွင် အိန္ဒိယ အရှေ့မြောက် သူပုန်များကိစ္စ အမြဲတစေ
ဆွေးနွေးရလေ့ရှိသည်။

PLA, ULFA, UPLF, PREPAK, KCP, KYKL, RPF နှင့် UNLF တို့အပါအဝင် မြန်မာ ပိုင်နက်ထဲတွင် အိန္ဒိယလက်နက်ကိုင် သူပုန် ရှစ်ဖွဲ့ထက်မနည်း ခိုလှုံနေထိုင်ကြကြောင်း သတင်းစာများတွင် ရေးသားကြသည်။

News from : မဇ္ဈိမသတင်းဌာန 
Post By : Aye Chan Mon
နယူးဒေလီ (မဇ္ဈိမ) ။ ။ အိန္ဒိယရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိထားသည့် မော်ဝါဒီ သူပုန် နှစ်ယောက်က ၎င်းတို့နှင့်အတူ သိမ်းဆည်းရမိသော အမေရိကန်လုပ် M-16 သေနတ် တလက်နှင့် ဗြိတိန်လုပ် ရူပီး လေးသိန်း (ေ
ဒ်ါလာ ၇,၀၀၀ ကျော်) တန် ကျည်ကာအင်္ကျီတို့ကို မြန်မာပြည်မှ ရရှိကြောင်း ဖြောင့်ချက်ပေး ထွက်ဆိုကြသည်ဟု ဂျာရ်ခန်းပြည်နယ် ရဲညွှန်ချုပ် က ပြောသည်။

“ဒီလက်နက်ဟာ အစွန်းရောက်တွေ ထကြွနေတဲ့ မြန်မာနိုင်ငံကနေ မော်ဝါဒီတွေ လက်ထဲကို ရောက်လာတာဖြစ်တယ်” ဟု ဂျာရ်ခန်း ရဲညွှန်ချုပ် G S Rath က ဗုဒ္ဓဟူးနေ့တွင် ထုတ်ဖော်ပြောကြားလိုက်ကြောင်း PTI သတင်းတရပ်တွင် ဖော်ပြ ပါရှိသည်။

အိန္ဒိယနယ်စပ် မြန်မာနယ်မြေတွင် အိန္ဒိယခွဲထွက်သူပုန် ၁ဝ ဖွဲ့ခန့် ခိုလှုံနေထိုင်ကြသည်ကို ရည်ညွှန်းပြောဆိုလိုက်
ခြင်း ဖြစ်သည်။

ဒုတိယ အခွေကို မလေးရှားနဲ့ ထိုင်း မှာပါ အခွေဖြန့်မယ့် ဂျောက်ဂျက်

Photo: ‘တိုင်းသိပြည်သိ ‘ဒုတိယ အခွေကို မလေးရှားနဲ့ ထိုင်း မှာပါ အခွေဖြန့်မယ့် ဂျောက်ဂျက်

ဒီဘက်ခေတ် ဟစ်ဟော့ပ်လောကမှာ အအောင်မြင်ဆုံးအဆိုတော်အဖြစ် သတ်မှတ် လို့ရတဲ့ တေးသံရှင် ဂျောက်ဂျက်က အခုဆိုရင် သူ့ရဲ့ Underground မှာအတူ သီဆိုခဲ့တဲ့ သူငယ်ချင်းဖြစ်သှူဇရဲ့တစ်ကိုယ်တော် အခွေ မှာလည်း သီချင်းတစ်ပုဒ် ပါဝင် သီဆိုထားပါတယ်။ ဟစ်ဟော့ပ်ဂီတကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ခိုင်ခိုင်မာ မာရရှိထားတဲ့ တေးသံရှင်ဂျောက်ဂျက်က သူငယ်ချင်း SZ ရဲ့ တစ်ကိုယ်တော်အခွေမှာ ဝင်ရောက်သီဆိုဖြစ်ပုံနဲ့ ပတ်သက်ပြီး…”သူနဲ့ ကျွန်တော်က ငယ်သူငယ်ချင်း လည်းဖြစ်တော့ သူ့အကြောင်းေ တွအကုန်လုံး ကျွန်တော်သိတယ်။ သူ့အခွေမှာ ဆိုပေးရတာက ငယ်သူငယ်ချင်း စိတ်ကြောင့်လည်း ပါတယ်။ သူငယ် ချင်း မဟုတ်ဘဲ သူစိမ်း လိုပဲ သဘောထားလိုက်ရင်တောင်မှ SZ က ရန်ကုန်ကထွက်တဲ့ အဆိုတော်တွေထဲမှာ တော်တော်လေးမိုက်တဲ့ ဟစ်ဟော့ပ်အစစ် တစ်ယောက်ဖြစ် တယ်။ ကျွန်တော် တို့နယ်ပယ် ထဲမှာ ဒီလို ဟစ်ဟော့ပ်အစစ်ကို မမြင်ရတာ တော်တော်ကြာပြီ။ အခုနောက်ပိုင်း တက်လာတဲ့ အဆိုတော်တွေ တိုင်းကတော့ အနည်းနဲ့ အများ လွဲကြတာ ပါတယ်။ အခှုဇ ပေါ်လာပြီဆိုတော့ ကျွန်တော်ပျော် တယ်။ SZ လိုမျိုး နောက်ထပ် လူတွေ ထွက်ပေါ် စေချင်တယ်။ ပြီးတော့ ဟစ်ဟော့ပ် အစစ်ကို ပြန် ပြနိုင်တဲ့သူ မျိုး ကျွန်တော် ရှာနေတာ ကြာနေပြီ။ သူ့ အခွေထဲမှာ ကျွန်တော် တစ်ပုဒ်ပဲဆို ထား ပေမယ့် အဲဒီတစ် ပုဒ်ကိုခပ်မိုက် မိုက်ပုံစံလေး သေချာရေးပြီးဆို ပေးထား တယ်။ အဲဒီ သီ ချင်းမှာ ကျွန် တော်ရယ်၊ SZရယ်၊ ASH ရယ် ၃ ယောက်သီဆို ထားပါတယ်”လို့ SZ အခွေမှာ ပါဝင်သီဆိုပုံနှဲ့SZ လိုမျိုး နောက်ထပ်မျိုး ဆက်တွေ ထွက်ပေါ် လာ စေချင်ကြောင်းကို ဂျောက်ဂျက်က ပြောပါတယ်။ လက်ရှိ ဟစ်ဟော့ပ်လောကမှာလည်းမျိုးဆက် သစ်ရက်ပါတွေ တိုးပွားလာတာကြောင့် နောက်ထပ်တက်လာမယ့် မျိုး ဆက် သစ် တွေကိုကော ဂျောက်ဂျက်အနေနဲ့ဘာများ အကြံပြုချင်သေးလဲဆိုတော့ ”နောက် တက်လာမယ့် အဆိုတော်တွေ ကိုလည်း တစ်ဖက်စွန်းကြီး တအား မရောက် ဘဲ ရောမ မှာနေရင် ရောမလိုကျင့်ရမယ်။ ပြီးတော့ ဟစ်ဟော့ပ် ကိုလည်း အမိုက်စားဆိုပြ နိုင်ရ မယ်။ လူတွေနားလည်မယ့် သီချင်း အကြောင်း အရာမျိုးကိုလည်း ဆို ပေးနိုင်မယ် ဆိုရင်တော့ အဆင်ပြေလိမ့် မယ်လို့ထင်တယ်” လို့ ပြောပြ ပါတယ်။ ဂျောက်ဂျက်ရဲ့ “တိုင်းသိ၊ ပြည်သိ” ဒုတိယ တစ်ကိုယ်တော်အခွေကိုလည်း အောက်တို ဘာ ၂၇ ရက်နေ့မှာထွက်ရှိ မှာဖြစ်တဲ့အတွက် ကာဗာဒီဇိုင်းကိုလည်း အပြင်က တအားကောင်း တဲ့လူတစ် ယောက် ဆီမှာအပ်ထားကြောင်း သိရပါ တယ်။ အခုဆိုရင် တေးသံရှင် ဂျောက် ဂျက်က ဒုတိယတစ် ကိုယ်တော်ခွေအတွက် အိမ်မှာ အမြဲတမ်း အသံသွင်း နေပြီး နယ်ခရီးစဉ်တွေဖြစ်တဲ့ မန္တလေးနဲ့ မကွေးမှာလည်း သွားရောက်ဖျော် ဖြေမှာဖြစ် ပါတယ်။ ဆက်လက်ပြီး ၁၁ လပိုင်းမှာတော့ မလေး ရှား၊ ထိုင်း (ချင်းမိုင်)မှာ ဖျော် ဖြေဖို့ရှိပြီး အဲဒီ မှာပဲဒုတိယအခွေ ပရိုမိုးရှင်းကို လည်း လုပ်ခဲ့မှာ ဖြစ်ကြောင်း သိရပါတယ်။

ယွန်းလင်္ကာ

News from :Popular Journal
Post By : Aye Chan Mon
ဒီဘက်ခေတ် ဟစ်ဟော့ပ်လောကမှာ အအောင်မြင်ဆုံးအဆိုတော်အဖြစ် သတ်မှတ် လို့ရတဲ့ တေးသံရှင် ဂျောက်ဂျက်က အခုဆိုရင် သူ့ရဲ့ Underground မှာအတူ သီဆိုခဲ့တဲ့ သူငယ်ချင်းဖြစ်သူ
ှဇရဲ့တစ်ကိုယ်တော် အခွေ မှာလည်း သီချင်းတစ်ပုဒ် ပါဝင် သီဆိုထားပါတယ်။ ဟစ်ဟော့ပ်ဂီတကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ခိုင်ခိုင်မာ မာရရှိထားတဲ့ တေးသံရှင်ဂျောက်ဂျက်က သူငယ်ချင်း SZ ရဲ့ တစ်ကိုယ်တော်အခွေမှာ ဝင်ရောက်သီဆိုဖြစ်ပုံနဲ့ ပတ်သက်ပြီး…”သူနဲ့ ကျွန်တော်က ငယ်သူငယ်ချင်း လည်းဖြစ်တော့ သူ့အကြောင်းေ တွအကုန်လုံး ကျွန်တော်သိတယ်။ သူ့အခွေမှာ ဆိုပေးရတာက ငယ်သူငယ်ချင်း စိတ်ကြောင့်လည်း ပါတယ်။ သူငယ် ချင်း မဟုတ်ဘဲ သူစိမ်း လိုပဲ သဘောထားလိုက်ရင်တောင်မှ SZ က ရန်ကုန်ကထွက်တဲ့ အဆိုတော်တွေထဲမှာ တော်တော်လေးမိုက်တဲ့ ဟစ်ဟော့ပ်အစစ် တစ်ယောက်ဖြစ် တယ်။

မြန်မာနိုင်ငံ၏ ထိပ်ဆုံးအခွန်ထမ်း ၁၀၀ ဦးစာရင်းကို နိုင်ငံတကာဘဏ်နှင့် အဖွဲ့အစည်းများ တောင်းယူ

မြန်မာနိုင်ငံ၏ ထိပ်ဆုံးအခွန်ထမ်း ၁၀၀ ဦးအား စာအုပ်အဖြစ် ထုတ်ဝေခဲ့ပြီး အဆိုပါ စာရင်းစာအုပ်ကို နိုင်ငံတကာဘဏ်နှင့် နိုင်ငံတကာအဖွဲ့အစည်းအချို့ကပါ တောင်းယူကြောင်း သတင်းရရှိပါသည်။

တောင်းယူရခြ

င်း၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံတကာမှဘဏ်နှင့် အဖွဲ့အစည်းများအနေဖြင့် ပြည်တွင်းရှိလုပ်ငန်းရှင်များနှင့် လုပ်ငန်းဆက်စပ်လုပ်ကိုင်ရာတွင် မိမိနှင့်လုပ် ကိုင်မည့်လုပ်ငန်းရှင်မှာ အခွန်ထမ်းဆောင်သည့် လုပ်ငန်းရှင်ဟုတ်၊ မဟုတ်၊ ယုံကြည်ရသည့်လုပ်ငန်းရှင် ဟုတ်၊ မဟုတ် သိရှိနိုင်ရန်အတွက် တောင်းယူထားခြင်းဖြစ်ကြောင်း သိရသည်။

နေရာ

EMG

Apple ရဲ့  iPad မီနီကို အများအပြား ထုတ်လုပ်နေပြီဟုဆို

Photo: Apple ရဲ့  iPad မီနီကို အများအပြား ထုတ်လုပ်နေပြီဟုဆို

Apple မှ ဈေးနှုန်း သက်သက်သာသာနှင့် ထွက်ရှိမည့် iPad mini မီနီကို အများအပြား ထုတ်လုပ်မှု စတင်နေပြီ ဖြစ်ကြောင်း Wall Street Journal မှဖော်ပြခဲ့သည်။ 

ယင်းထုတ်လုပ်မှုကို ဘရာဇီးနိုင်ငံရှိ Foxconn စက်ရုံတွင် ပြုလုပ်လျက် ရှိကြောင်းလည်း ဂျပန် Apple ဝဘ်ဆိုဒ် တစ်ခုမှ ဖော်ပြသည်။ ၇.၈၅ လက်မသာ ရှိမည်ဖြစ်ပြီး ၉.၇ လက်မရှိသော The new iPad မျက်နှာပြင် ထက် ငယ်သည်။ မျက်နှာပြင်ကို Retina Diplay အမျိုးအစား အသုံးမပြုတော့ပဲ LCD ကိုသာ အသုံးပြုထားကြောင်း လည်း သိရသည်။ Display အတွက် လိုအပ်သော ကုန်ကြမ်းကို AU Optronics နှင့် LG စတဲ့ Apple ၏ Supplier များမှ ရယူထားကြောင်း သိရသည်။ 
...
Apple iPad မီနီနှင့် ပက်သက်သည့် သတင်းအချက်အလက်များ ကို လည်း အောက်တိုဘာလ ၁၀ ရက်တွင် ကြေညာသွားဖွယ်ရှိကြောင်း Cnet မှပြောဆိုထားသည်။ ယင်းကဲ့သို့ ဈေးနှုန်းသက်သာ iPad mini ထုတ်လုပ်မှု သည် Google, Samsung နှင့် Amazon တို့မှ ထုတ် သည့် ကျောက်သင်ပုန်း ကွန်ပျူတာများ၏ အဓိကပြိုင်ဘက် ဖြစ်လာနိုင် သည်ဟု ခန့်မှန်း ထားကြောင်း သိရသည်။. 
----
Ref: Cnet
Aung Kham (TSJ team)
http://techspacejournal.blogspot.com/2012/10/apple-ipad.html
News from :TechSpace Journal
Post by အေးချမ်းမွန်
Apple မှ ဈေးနှုန်း သက်သက်သာသာနှင့် ထွက်ရှိမည့် iPad mini မီနီကို အများအပြား ထုတ်လုပ်မှု စတင်နေပြီ ဖြစ်ကြောင်း Wall Street Journal မှဖော်ပြခဲ့သည်။

ယင်းထုတ်လုပ်မှုကို ဘရာဇီးနိုင်ငံရှိ
Foxconn စက်ရုံတွင် ပြုလုပ်လျက် ရှိကြောင်းလည်း ဂျပန် Apple ဝဘ်ဆိုဒ် တစ်ခုမှ ဖော်ပြသည်။ ၇.၈၅ လက်မသာ ရှိမည်ဖြစ်ပြီး ၉.၇ လက်မရှိသော The new iPad မျက်နှာပြင် ထက် ငယ်သည်။ မျက်နှာပြင်ကို Retina Diplay အမျိုးအစား အသုံးမပြုတော့ပဲ LCD ကိုသာ အသုံးပြုထားကြောင်း လည်း သိရသည်။ Display အတွက် လိုအပ်သော ကုန်ကြမ်းကို AU Optronics နှင့် LG စတဲ့ Apple ၏ Supplier များမှ ရယူထားကြောင်း သိရသည်။
...

အသံနှင့် စေခိုင်း၍ရသော ကားကို တိုယိုတာမှ ထုတ်လုပ်

Photo: အသံနှင့် စေခိုင်း၍ရသော ကားကို တိုယိုတာမှ ထုတ်လုပ်

တကယ် အသံနဲ့ စေခိုင်းလို့ရတဲ့ ကား ဖြစ်ပါတယ်။ ဒီအတွက် တိုယိုတာက Microsoft နဲ့ ပူးပေါင်းရယူထားတဲ့ နည်းပညာ ဖြစ်ပါတယ်။ 

တစ်ယောက်စီး Smart Insect concept EV မီနီကားငယ်လေး ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ- အဆင့်မြင့် နည်းပညာပြပွဲမှာ ဝင်ရောက်ပြသပြီး လူကြိုက် များနေတဲ့ ကား ဖြစ်ပါတယ်။ ကားရဲ့ အရှေ့ နဲ့ အနောက်မှာ Xbox -Kinect ကင်မရာကို တပ်ဆင်ထားပါတယ်။ စပီကာလည်း ပါဝင်ပါတယ်။ ကင်မရာ ကတော့ ဒရိုဘာရဲ့ လှုပ်ရှားမှုကို မှတ်သားပေးထားပါတယ်။ ယင်းလှုပ်ရှားမှု ကို ကင်မရာက မှတ်သားထားပေးပြီး သော့သုံးစရာမလိုပဲ Body ပြရုံနဲ့ အလို အလျောက် တံခါးပွင့်မှာ ဖြစ်ပါတယ်။ ရှေ့ ရော၊နောက်မှာပါ တပ်ထားတဲ့ မျက်နှာပြင်ကလည်း ဒရိုင်ဘာကို ကြိုဆိုတဲ့ စာတန်းပေါ်လာမှာ ဖြစ်ပါတယ်။ အသံနဲ့လည်း ကြိုဆိုပါတယ်။ 
...
ဒါတင်မကသေးပါဘူး။ အသံကိုလည်း မှတ်သားထားပေးပြီး အသံနဲ့လည်း ကားအဖွင့်အပတ် လိုက်နိုင်ပါတယ်။ ဒါ့အပြင် အခြားသော function များကို လည်း အသံနဲ့ ခိုင်းစေလို့ ရပါတယ်။ တံခါးပေါက်က အမိုးပင့် ဖွင့်ရမယ့် လိပ်ပြာတောင်ပံ ဒီဇိုင်း ဖြစ်ပါတယ်။ 

ကားကို ကွန်ပျူတာ စနစ်နဲ့ ထိန်းချုပ်ထားပါတယ်။ ဒတ်ခ်ျဘုတ်မှာတင် ကားကို ထိန်းလို့ရမယ့် function ခလုပ်တော်တော်များများ ပါဝင်ပါတယ်။ ဖုန်းနဲ့ အခြား မိုဘိုင်း အီလက်ထရောနစ် ပစ္စည်းများကို အားပြန်သွင်းဖို့ အတွက် Plug in ပေါက်လည်း ပါဝင်ပါသေးတယ်။ 

အိမ်က အဲယားကွန်း၊ တံခါးပေါက်၊ ရေမော်တာ စတာတွေကို အဆင့်မြင့် နည်းပညာ ပစ္စည်းနဲ့ တပ်ဆင်ထားရင် ဖုန်းရဲ့  App ကနေတောင် လမ်းပြီး ထိန်းချုပ်နိုင်တယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် တိုယိုတာမှ ထုတ်တဲ့ Smart Insect EV ဟာ အသံရော၊ လှုပ်ရှားမှုနဲ့ပါ စေခိုင်းလို့ ရတဲ့ ကား ဖြစ်ပါတယ်။ တစ်ယောက်စီး ကား ဖြစ်ပြီး လျှပ်စစ်မော်တာအင်ဂျင်ကိုပဲ အသုံးပြုပါတယ်။ ပြန်လည် အားသွင်းနိုင်တဲ့ ဘက်ထရီနဲ့ ဖြစ်ပါတယ်။ အခြား ဆီစားကား များလောက်တော့ ကီလိုမီတာ ခပ်များများ မပြေးနိုင်သေး ပါဘူး။ မြို့ တွင်း မောင်းနှင်ဖို့အတွက် ရည်ရွယ်တဲ့ မီနီကားငယ်လေး ဖြစ်ပါတယ်။ Concept အဆင့်ဆိုပေမယ့် နောက်နှစ်အတွင်းမှာ ထွက်ရှိမယ်လို့ ခန့်မှန်း ထားကြပါတယ်။ 

Microsoft ရဲ့ အကူအညီကြောင့် တိုယိုတာမှ လက်ရှိထုတ်လုပ် နေတဲ့ ကားများ အားလုံးမှာ ပေါင်းစပ်ဖို့လည်း ဆက်လက်ကြိုးစားပြီး နောက်ထုတ် မယ့် အနာဂတ်ကားများကိုလည်း အသံနဲ့ စေခိုင်းနိုင်အောင် ဖန်တီးတော့ မှာ ဖြစ်တယ်လို့ သိရပါတယ်။ 
----
Ref:www.engadget.com
Aung Kham (TSJ team)
http://techspacejournal.blogspot.com/2012/10/blog-post_3.html

News from :TechSpace Journal
Post by အေးချမ်းမွန်
တကယ် အသံနဲ့ စေခိုင်းလို့ရတဲ့ ကား ဖြစ်ပါတယ်။ ဒီအတွက် တိုယိုတာက Microsoft နဲ့ ပူးပေါင်းရယူထားတဲ့ နည်းပညာ ဖြစ်ပါတယ်။

တစ်ယောက်စီး Smart Insect concept EV မီနီကားငယ်လေး ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ
- အဆင့်မြင့် နည်းပညာပြပွဲမှာ ဝင်ရောက်ပြသပြီး လူကြိုက် များနေတဲ့ ကား ဖြစ်ပါတယ်။ ကားရဲ့ အရှေ့ နဲ့ အနောက်မှာ Xbox -Kinect ကင်မရာကို တပ်ဆင်ထားပါတယ်။ စပီကာလည်း ပါဝင်ပါတယ်။ ကင်မရာ ကတော့ ဒရိုဘာရဲ့ လှုပ်ရှားမှုကို မှတ်သားပေးထားပါတယ်။ ယင်းလှုပ်ရှားမှု ကို ကင်မရာက မှတ်သားထားပေးပြီး သော့သုံးစရာမလိုပဲ Body ပြရုံနဲ့ အလို အလျောက် တံခါးပွင့်မှာ ဖြစ်ပါတယ်။ ရှေ့ ရော၊နောက်မှာပါ တပ်ထားတဲ့ မျက်နှာပြင်ကလည်း ဒရိုင်ဘာကို ကြိုဆိုတဲ့ စာတန်းပေါ်လာမှာ ဖြစ်ပါတယ်။ အသံနဲ့လည်း ကြိုဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ခရီးစဉ်ပြီးဆုံး

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂ ပတ်ကျော်ကြာ အမေရိကန်နိုင်ငံ ခရီးစဉ်ကို အဆုံးသတ်လိုက်ပြီး ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ကယ်လီဖိုးနီးယား ပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့ကနေ မြန်မာနိုင်ငံကို ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
Photo: RFA
၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့က လော့စ်အိန်ဂျလိစ်မြို့တွင် ပြုလုပ်သည့် အမေရိကန် ပြည်ထောင်စု အနောက်ဖက်ခြမ်းက မြန်မာများနှင့် တွေ့ဆုံပွဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနှုတ်ဆက်သူများနှင့်အတူ တွေ့ရစဉ်။
ဒေါ်အောင်ဆန်းစုကြည် ဟာ မနက်ဖန် အောက်တိုဘာလ ၄ ရက်နေ့ ညပိုင်းမှာ ရန်ကုန်မြို့ကို ပြန်လည် ရောက်ရှိမှာ ဖြစ်ပြီး မိမိတို့ ပါတီအနေနဲ့ သွားရောက်ကြိုဆိုဖို့ ပြင်ဆင်ထားပြီး ဖြစ်ပေမယ့် လေယာဉ်ဆိုက်ချိန်ဟာ ညပိုင်းဖြစ်တဲ့အတွက် လာရောက်ကြိုဆိုမယ့်  လူထုကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေလိုကြောင်း ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာ မြန်မာနိုင်ငံသား ၃ ထောင်ခန့်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ရန်ကုန်မြို့ထဲ ဓားပြတိုက်ခံရခြင်း(ကြည်တင့်)

တာမွေဗလီမှ (၁၀၇) အပြာကားကို ကျွန်တော်စီးခဲ့သည်။ ရွှေတိဂုံတိုင်မှတ်တိုင် ရောက်မီ မီးနီမိလေ၏။
“ဆင်းမယ့်လူတွေ ဒီကပဲဆင်းနော်။ မှတ်တိုင်မှာ မရပ်တော့ဘူး” ဟု စပယ်ယာ ကပြောသည် သည်တော့ ကျွန်တော် ကားပေါ်မှ ဆင်းလိုက်ရ၏။ ကားလမ်း တစ်ဖက်ကိုကူးရန် လူကူးမျဉ်းကျားကို ရှာကြည့်သည်။ ရွှေဂုံတိုင်မီးပွိုင့်လမ်းဆုံ နှင့် အနီးအနားတွင် လူကူးမျဉ်းကျားမရှိ ချေ။ လူကူးမျဉ်းကျားကို ရှာရခြင်းမှ

ာ မတော်တဆကားတိုက်ခံရလျှင် ကျွန်တော့် ဘက်မှ အမှားမရှိစေရန်ကတစ်ကြောင်း ကျွန်တော်ကိုယ်တိုင်က ဥပဒေနှင့် အသက် မွေးသော အလုပ်အကိုင်ကို လုပ်ကိုင်နေ ၍လည်းတစ်ကြောင်းဖြစ်သည်။
လူကူးမျဉ်းကျားမရှိသဖြင့် သည်အတိုင်း ပင် လမ်းဖြတ်ကူးလိုက်သည်။ လက်မောင်း တွင် တာဝန်ဆိုသော အနီရောင်ပိတ်စ ပတ်ထားသော အဖိုးကြီးတစ်ဦးရောက် လာသည်။ ကားတွေကြားထဲက မကူးရ ဘူးဟုပြောပြီး ကျွန်တော်နဲ့ဘေးမှ ကပ် လိုက်လာသည်။

ဗုဒ္ဓဘာသာဝင်များကို တိုက်ခိုက်မူ နိုဘယ်လ် ဆုရှင် ဒေါက်တာ ယူနိုး ကျေညာချက်ထုတ်၊ ပြန်ကြားရေး ၀န်ကြီး လမ်းပေါ်ထွက် ဆန္ဒပြ

Photo: ဗုဒ္ဓဘာသာဝင်များကို တိုက်ခိုက်မူ နိုဘယ်လ် ဆုရှင် ဒေါက်တာ ယူနိုး ကျေညာချက်ထုတ်၊ ပြန်ကြားရေး ၀န်ကြီး လမ်းပေါ်ထွက် ဆန္ဒပြ


ဘင်္ဂလာဒေခ်ျ့ နိုင်ငံက  ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေနဲ့  ဗုဒ္ဓဘာသာဝင်များရဲ့  နေအိမ်တွေကို မီးရှို့တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး  နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် ဒေါက်တာ မူဟာမတ် ယူနိုးမှ ကျေညာ ချက် တစ်စောင် ထုတ်ပြန်လိုက်ပြီး သတင်း ပြန်ကြားရေး ၀န်ကြီး ဟာဆန်နုရ်ဟုပ် အီနုရ် ကတော့  လမ်းပေါ်ထွက် ဆန္ဒပြခဲ့ပါတယ်။

သတင်းနှင့် ပြန်ကြားရေး ၀န်ကြီး ကန့်ကွက် ဆန္ဒပြနေစဉ်။ (ဓါတ်ပုံ- Star)
ကျေညာချက်ထဲမှာ ငြိမ်းချမ်းရေး ဆုရှင် ဒေါက်တာ ယူနိုးက အခု တိုက်ခိုက်မူကို ဘာသာရေး လွတ်လပ်ခွင့်ရှိတဲ့ ဘင်္ဂလာဒေခ်ျ့ သမိုင်းမှာ Black Incident  အဖြစ် သတ်မှတ်ရမှာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။

ဒါ့အပြင် သူက တိုက်ခိုက်မူတွင် ပါဝင်သူတွေကို သေချာ စစ်ဆေးးပြီး အရေးယူသွားဖို့နဲ့  ဘင်္ဂလာဒေခ်ျ့ နိုင်ငံရဲ့ လူမျိုးရေးအရ တန်းတူ ညီမျှမူနဲ့ သဟဇာတ ဖြစ်မူကို မြင့်တင်ကြဖို့ မေတ္တာရပ်ခံ ဆော်သြ လိုက်ပါတယ်။

လူမျိုးရေး ဘာသာရေး အစွန်းရောက် သမားတွေကို ဆန့်ကျင်တဲ့ နေရာမှာလည်း အားလုံး အတူ တကွ ရပ်တည် တိုက်ပွဲဝင် ကြဖို့လည်း ပြောဆိုလိုက်ပါတယ်။

ဒေါက်တာ ယူနိုးဟာ ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင်သာမက Grameen ကျေးလက် ဘဏ်တစ်ခုကို စတင် ထူထောင်ခဲ့သူ တစ်ဦးဖြစ်ပြီး ကျေးလက် ဒေသက ဆင်းရဲ နွမ်းပါးတဲ့ ပြည်သူတွေကို အတိုးနည်းနည်းနဲ့ ငွေထုတ်ချေးပြီး စီးပွားရေး လုပ်ငန်းတွေကို ချပေးခဲ့တဲ့ အတွက် သူ့ရဲ့ ဘဏ်လုပ်ငန်းဟာ အောင်မြင်မူ အကြီးအကျယ် ရရှိခဲ့ပါတယ်။

အလားတူ ဘင်္ဂလာဒေခ်ျ့ သတင်းနဲ့ ပြန်ကြားရေး ၀န်ကြီး ဟာဆန်နုရ်ဟုပ် အီနုရ်ကလည်း ဒက္ကားမြို့ အမျိုးသား သတင်းထောက် အသင်းရုံးရှေ့ကို သွားပြီး ဘင်္ဂလာဒေခ်ျ့ ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့ဝင်တွေနဲ့ လက်ချင်းချိတ်ကာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ မိသားစုဝင်တွေ အပေါ် တိုက်ခိုက်ခဲ့တာကို ကန့်ကွက် ဆန္ဒပြခဲ့ပါတယ်။

သူက အခု တိုက်ခိုက်မူဟာ ကြိုတင် စီမံထားတဲ့ လုပ်ကြံမူကြီး တစ်ခု ဖြစ်ပြီး တိုင်းပြည် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဖျက်လို ဖျက်ဆီး လုပ်လိုသူတွေရဲ့ လက်ချက်လို့ စွပ်စွဲ ပြောဆိုပါတယ်။

ရာချီရှိတဲ့ ဘင်္ဂလာဒေခ်ျ့ ကွန်မြူနစ်ပါတီဝင်တွေကလည်း အမျိုးသား သတင်းစာတိုက်ကို သွားပြီး တိုက်ခိုက်မူ အပေါ် ဆန့်ကျင် ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီမှာ တက်ရောက်ခဲ့တဲ့ ကွန်မြူနစ်ပါတီ ခေါင်းဆောင် တစ်ဦးက လက်ရှိ အစိုးရနဲ့ အတိုက်အခံ ပါတီတို့ကို တစ်ဦးနဲ့ တစ်ဦး ဆက်လက်ပြီး အပြစ်ပုံချကာ  နိုင်ငံရေး ကစားနေကြရင်တော့ အမှန်တကယ် ပြစ်မူ ကျူးလွန်သူတွေကတော့ ကြားထဲမှာ ထွက်ပြေး လွှတ်မြောက်သွားလိမ့်မယ်လို့ သတိပေး ပြောကြားခဲ့ပါတယ်။

တခြား လူမူ အဖွဲ့အစည်း (၉) ခုကလည်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဗုဒ္ဓဘာသာမိသားစုဝင်တွေရဲ့ နေအိမ်တွေကို တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး ကန့်ကွက် ဆန္ဒပြပွဲတွေကို ပြုလုပ်ခဲ့ကြပါတယ်။

 News from : Narinjara
Post By : Aye Chan Mon
သတင်းနှင့် ပြန်ကြားရေး ၀န်ကြီး ကန့်ကွက် ဆန္ဒပြနေစဉ်။ (ဓါတ်ပုံ- Star)
ဘင်္ဂလာဒေခ်ျ့ နိုင်ငံက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဗုဒ္ဓဘာသာဝင်များရဲ့ နေအိမ်တွေကို မီးရှို့တိုက်ခိုက်တာနဲ့ ပတ်သက်
ပြီး နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် ဒေါက်တာ မူဟာမတ် ယူနိုးမှ ကျေညာ ချက် တစ်စောင် ထုတ်ပြန်လိုက်ပြီး သတင်း ပြန်ကြားရေး ၀န်ကြီး ဟာဆန်နုရ်ဟုပ် အီနုရ် ကတော့ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ပါတယ်။

ကျေညာချက်ထဲမှာ ငြိမ်းချမ်းရေး ဆုရှင် ဒေါက်တာ ယူနိုးက အခု တိုက်ခိုက်မူကို ဘာသာရေး လွတ်လပ်ခွင့်ရှိတဲ့ ဘင်္ဂလာဒေခ်ျ့ သမိုင်းမှာ Black Incident အဖြစ် သတ်မှတ်ရမှာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။
ဒါ့အပြင် သူက တိုက်ခိုက်မူတွင် ပါဝင်သူတွေကို သေချာ စစ်ဆေးးပြီး အရေးယူသွားဖို့နဲ့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံရဲ့ လူမျိုးရေးအရ တန်းတူ ညီမျှမူနဲ့ သဟဇာတ ဖြစ်မူကို မြင့်တင်ကြဖို့ မေတ္တာရပ်ခံ ဆော်သြ လိုက်ပါတယ်။

ကံ့ကော်မြိုင်အငြိမ့်နှင့် လွမ်းဆွတ်တမ်းတ တက္ကသိုလ်ဘ၀ ဂီတဖျော်ဖြေပွဲ ကျင်းပ




thn-10-4-7
ရန်ကုန်တက္ကသိုလ် အနုပညာအသင်းရန်ပုံငွေအဖြစ် ကံ့ကော်မြိုင်အငြိမ့်နှင့် လွမ်းဆွတ်တမ်းတ တက္ကသိုလ်ဘ၀ဂီတဖျော်ဖြေပွဲကို စက်တင်ဘာလ ၃၀ရက်နေ့က ရန်ကုန်မြို့အမျိုးသားကဇာတ်ရုံတွင် ကျင်းပခဲ့သည်။
ယင်းဖျော်ဖြေပွဲတွင် ပထမဆုံးအစီအစဉ်များကို ရန်ကုန်တက္ကသိုလ်အနုပညာအသင်း ကျောင်းသူ၊ ကျောင်းသားဟောင်းများက 'ပွဲဦးပတ်ယိုင်နှင့် ပွဲဦးအပျိုတော်'၊ ကနည်းသုံးဟန်ဖြင့် တင်ဆက်သည့် 'သုံးပန်လှ'၊ ' စည်တော်ကြီး'၊ ' ရွှေပြည်စိုး'၊ 'ဘိုးဘွားပေးတဲ့အသံ' စသည့်အစီအစဉ်များကို တင်ဆက်ခဲ့သည်။ အစီအစဉ် တင်ဆက်မှုများနှင့်အတူ ရန်ကုန်တက္ကသိုလ်နှင့် ပတ်သတ်သည့် အမှတ်တရ စကားများပြောဆိုခဲ့ကြသည်။
ဒုတိယပိုင်းအစီအစဉ်တွင် အလင်္ကာဝတ်ရည် တေးဂီတအဖွဲ့နှင့်အတူ ကိုမြသိန်းနှင့်အဖွဲ့က ' မြကျွန်းညိုညို' သီချင်းကို စတင်ဖျော်ဖြေခဲ့သည်။ ထို့နောက် ရဲထိုက်၊ တော်ဝင်ကိုကိုထွေး၊ ကိုမင်းနောင်၊ ချိုပြုံး၊ ဗညားဟန်၊ သဲနုဝါ၊ ကေတုဝင်းထွဋ်၊  နွမ်ဂျာသိုင်း၊ ရဲရင့်ဝေလွင်နှင့် သုတေသီ တင်အောင်ရွှေ၊ ဖိုးသောကြာ၊ အလင်္ကာဝတ်ရည် မောင်မောင်အေး၊ တို့က တက္ကသိုလ်နောက်ခံ မြန်မာသံစဉ်တေးသီချင်းများဖြစ်သည့် ' တက္ကသိုလ်ကျောင်းသူတစ်ဦး'၊ ' တက္ကသိုလ်ကျောင်းက ငွေလမင်း'၊ ' ချစ် ရက်ရှည်ရှည် အင်းလျားမြေ' စသည့်သီချင်းများ သီဆိုဖျော်ဖြေခဲ့သည်။

ဥပဒေနှင့်မညီသော ပစ်ခတ်မှုဖြစ်ပါက ရဲတပ်ဖွဲ့အား အရေးယူရမည်ဟု တိုင်းလွှတ်တော်ဥက္ကဌပြောကြား

Photo: ဥပဒေနှင့်မညီသော ပစ်ခတ်မှုဖြစ်ပါက ရဲတပ်ဖွဲ့အား အရေးယူရမည်ဟု တိုင်းလွှတ်တော်ဥက္ကဌပြောကြား

မျိုးမင်းထွန်း-ဧရာဝတီတိုင်း(မြစ်မခ)

 ရှားခဲအင်းကိစ္စဖြစ်ပွားခဲ့သောပြဿနာများတွင် ရဲတပ်ဖွဲ့ဝင်များက ရွာသားများအပေါ်ပစ်ခတ်ခဲ့မှုမှာ ဥပဒေနှင့် မညီသော ပစ်ခတ်မှုဖြစ်ပါက သက်ဆိုင်ရာအဖွဲ့အစည်းများက အရေးယူရမည်ဟု ဧရာဝတီတိုင်းလွှတ်တော် ဥက္ကဌက ပြောကြားလိုက်သည်။
 
ရွာတစ်ရွာတည်းတွင် ရဲတပ်ဖွဲ့ဝင် (၂၀၀)ခန့် ကြိုတင်ချထားခဲ့သော်လည်း ဥပဒေမဲ့အုပ်စုဖွဲ့ကာ ရိုက်နှက် သတ် ဖြတ်မှု ဖြစ်ပွားခဲ့ခြင်း၊ ထိုလူအုပ်စုအဖွဲ့ဝင်များကို မဖမ်းသေးဘဲ ရွာမှထွက်လာသော ရွာသူ ရွာသားများထံ သို့ ကားပေါ်မှသတိပေးခဲ့ခြင်းမျိုး မပြုလုပ်ခဲ့ဘဲ တိုက်ရိုက်ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သော ရဲတပ်ဖွဲ့ဝင်များကို ရှားခဲကျေးရွာအုပ်စုတွင် နေထိုင်သူများက  တိုင်းလွှတ်တော်ရုံး တွင် ဖော်ထုတ်ခဲ့ပြီးနောက် လွှတ်တော်ဥက္ကဌ ဦးဆန်းဆင့်က ယခုကဲ့သို့ ပြောကြာခဲ့ခြင်းဖြစ်သည်။
 
“အဓိကရုဏ်းနှိမ်နင်းရာမှာ အဆင့်(၃) ဆင့်ရှိပါတယ်၊ ပထမအနေနဲ့ အတားအဆီးတွေ ချရပါမယ်၊ ဒါတွေကို မကျော်ဖို့ အသံချဲ့စက်နဲ့ အားလုံးကြားအောင် ပြောရပါမယ်၊ တဆင့်ချင်း ဒါတွေကို လူအုပ်က ကျော်လာ ရင်လည်း ပစ်မိန့် မရှိရင်တောင်းရပါမယ်၊ ပစ်မိန့် ရရင်တောင် ခြေထောက်ကိုပဲပစ်ရပါမယ်” ဟု အဓိကရုဏ်း များကို နှိမ်နင်းခဲ့ဖူးသည့် တိုင်းလွှတ်တော်ဥက္ကဌက ပြောသည်။
 
ထိုရွာသား(၃)ဦး သေဆုံးဖြစ်စဉ် ဖြစ်ပွားပြီးနောက် ထိုပြဿနာစတင်ဖြစ်ပေါ်ပေါက်အောင် ကိုဝင်းနိုင်(တလုပ်) ၏ လက်/ခြေ များကို ဖြတ်၍ အူထွက်ပြတ်ရှဒဏ်ရာများရရှိအောင် ပြုလုပ်ခဲ့သည့် ဖိုးလူဝနှင့် ၀ိုင်းဝိုင်းလည် ငါးထုတ်(သ/မ)အသင်းမှ လူအုပ်စုမှာ ဆက်လက်လွတ်မြောက်နေသည့်အတွက် ရွာခံများ၏ လုံခြုံရေးကို အထူး စိုးရိမ်နေရကြောင်း ရွာခံများကဆိုသည်။
 
“ရဲတွေကတော့ စက်တင်ဘာ(၂၄)ရက်ကတည်းက ရွာမှာချထားတာ မည်းနေတာပဲ၊ ဒါပေမဲ့ သူတို့ ရှိနေ ရက်သားနဲ့ကျွန်တော့်အဖေ အူတွေထွက်ပြီး သေခဲ့တဲ့အထိဖြစ်ခဲ့တယ်၊ အခု ဒါတွေလုပ်ခဲ့တဲ့အဖွဲ့ကလည်း ရွာမှာ ထင်ထင်ပေါ်ပေါ်ပဲ သွားနေတာတောင် မဖမ်းသေးတော့ အဖေသေတာတောင် ၀မ်းနည်းချိန်မရဘူး၊ ကိုယ်မသေအောင် နေ့ခင်းဘက်အိမ်မှာ ချက်စားပြီး ညဘက်ဆို ဆွေမျိုးတွေရှိတဲ့ တစ်ဖက်ကမ်းအိမ်မှာ သွားအိပ်နေရတယ်”ဟု ဥပဒေမဲ့လုပ်ရပ်များကြောင့် သေဆုံးခဲ့သူ၏ သားဖြစ်သူ အောင်တင်ဝင်းက ပြောသည်။
 
ထိုနေ့က အခင်းဖြစ်ပွားသော နေရာတွင်လည်း ရောက်ရှိလာသော ရဲကားနှစ်စီးမှ နောက်ကား (အဖြူ ဟိုင်းလတ်)မှ တပ်ဖွဲ့ဝင်များသည် မိုးပေါ်သို့ နှစ်ချက်သာ ထောင်ပစ်ခဲ့ပြီး ကျေးရွာဒေသခံလူအုပ်များသို့ ဆက်တိုက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ကားပေါ်မှပင် မဆင်းပဲနှင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရွာသားများက ဧရာဝတီတိုင်းလွှတ်တော်အထိ သက်သေနှင့်တကွ တိုင်ကြားထားခြင်းဖြစ်သည်။
 
“သူတို့သတင်းတွေ ဖြန့်နေသလို ကျေးရွာ ဆူပူအုံကြွမှုမျိုး မဟုတ်ပါဘူး၊ ကျွန်တော်တို့စားဝတ်နေရေးအတွက်ပဲ တောင်းဆိုခဲ့တာ၊ အဲဒါကို ကားပေါ်ကနေပဲ လူအုပ်ထဲကို ပစ်ပြီး ပြန်မောင်းထွက်သွားတာ၊ သူတို့ ပြောတဲ့အတိုင်း သူတို့ကား ပျက်ဆီးခဲ့ရင် ရဲစခန်းကို တောင် ပြန်သွားလို့ မရနိုင်တာကို စဉ်းစားကြည့်ရင်တောင် သိနိုင်ပါတယ်”ဟု ရှားခဲကျေးရွာနေသူတစ်ဦးက ပြောသည်။
 
ရှားခဲအင်းပြဿနာတွင်  လူအုပ်က မိမိတို့ ကားမှန်ကို လူအုပ်မှ စတင် ရိုက်ခွဲခဲ့ခြင်းဖြစ်ပြီး တာယာ(၃)လုံး ကိုလည်း ဓါးဖြင့်ခုတ်ခဲ့ခြင်းကြောင့် ကြေမွခဲ့သည်အထိ ဖြစ်ခဲ့ရသည်ဟု ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထား ကြောင်း သိရသည်။
 
“အဓိကရုဏ်းဖြစ်လို့ နှိမ်နှင်းတာပဲဖြစ်ဖြစ် ပြည်သူတွေ ဖြစ်နေတဲ့အတွက် နှိမ်နှင်းတဲ့ နည်းလမ်းအတိုင်းပဲ ဖြစ်သင့်ပါတယ်”ဟု လွတ်တော်ဥက္ကဌက ဆက်ပြောသည်။
 
ထိုဒေသတွင်ရှိသော ရဲတပ်ဖွဲ့ဝင်များမှာ အင်းလေလံရထားသော(သမ)အဖွဲ့ဘက်သို့ လိုက်ပြီး ဥပဒေလုပ်များကို လုပ်ဆောင်ပြီး လုံခြုံမှုကင်းအောင် ပြုလုပ်နေပါက ဥပဒေနှင့်အညီ ဖြစ်အောင် မကြာမီကျင်းပတော့မည့် လွတ်တော်အစည်းအဝေးတွင် အထူးကိစ္စရပ်အနေဖြင့် ဆောင်ရွက်သွားမည်ဟု တက်ရောက်လာသော မီဒီယာများသို့ လွတ်တော်ဥက္ကဌ ဦးဆန်းဆင့်က  ပြောကြားခဲ့သည်။
 
ပုသိမ်မြို့ရှိ တိုင်းလွတ်တော်ရုံး၌ ရှားခဲကျေးရွာသားများနှင့်မီဒီယာများမှ သတင်းထောက်(၁၂)ဦးတွေ့ဆုံပွဲတွင် တိုင်းလွှတ်တော်ဥက္ကဋ္ဌက  ပြောကြားခဲ့ခြင်းဖြစ်သည်။

News from : Myit Makha Mediagroup
Post By : Aye Chan Mon
ရှားခဲအင်းကိစ္စဖြစ်ပွားခဲ့သောပြဿနာများတွင် ရဲတပ်ဖွဲ့ဝင်များက ရွာသားများအပေါ်ပစ်ခတ်ခဲ့မှုမှာ ဥပဒေနှင့် မညီသော ပစ်ခတ်မြှု
ဖစ်ပါက သက်ဆိုင်ရာအဖွဲ့အစည်းများက အရေးယူရမည်ဟု ဧရာဝတီတိုင်းလွှတ်တော် ဥက္ကဌက ပြောကြားလိုက်သည်။

ရွာတစ်ရွာတည်းတွင် ရဲတပ်ဖွဲ့ဝင် (၂၀၀)ခန့် ကြိုတင်ချထားခဲ့သော်လည်း ဥပဒေမဲ့အုပ်စုဖွဲ့ကာ ရိုက်နှက် သတ် ဖြတ်မှု ဖြစ်ပွားခဲ့ခြင်း၊ ထိုလူအုပ်စုအဖွဲ့ဝင်များကို မဖမ်းသေးဘဲ ရွာမှထွက်လာသော ရွာသူ ရွာသားများထံ သို့ ကားပေါ်မှသတိပေးခဲ့ခြင်းမျိုး မပြုလုပ်ခဲ့ဘဲ တိုက်ရိုက်ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သော ရဲတပ်ဖွဲ့ဝင်များကို ရှားခဲကျေးရွာအုပ်စုတွင် နေထိုင်သူများက တိုင်းလွှတ်တော်ရုံး တွင် ဖော်ထုတ်ခဲ့ပြီးနောက် လွှတ်တော်ဥက္ကဌ ဦးဆန်းဆင့်က ယခုကဲ့သို့ ပြောကြာခဲ့ခြင်းဖြစ်သည်။

ကရင်ပြည်နယ်တွင်း မြေမြှုပ်မိုင်းများ စရှင်းပြီဟုဆို

Photo: ကရင်ပြည်နယ်တွင်း မြေမြှုပ်မိုင်းများ စရှင်းပြီဟုဆို

နန်းဆိုင်နွမ်-- October 4, 2012


ကရင်ပြည်နယ် အတွင်း လူသွားများသည့် နေရာများတွင် မြေမြှုပ်မိုင်းများ စတင် ရှင်းလင်း နေပြီဖြစ်ကြောင်း ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

ကရင်ပြည်နယ် အတွင်းရှိ ဒေသအားလုံးကို အစဉ်အတိုင်း လုပ်ဆောင်ခြင်း မဟုတ်ကြောင်း၊ ပုံမှန် လူသွားများသည့် နေရာများနှင့် ယခင် စစ်ပွဲဖြစ်ခဲ့သည့် ဒေသများတွင်သာ အဓိက လုပ်ဆောင်နေကြောင်၊ ရွာနှင့် နီးစပ်ရာ၊ လူနေ အိမ်ခြေများနှင့် မလွတ်သည့် ဒေသများတွင် ဦးစားပေး ရှင်းလင်းမည် ဖြစ်ကြောင်း သူက ဆိုသည်။

“မြေမြှုပ်မိုင်း ဖော်ဖို့ ကိစ္စကို အခုအချိန်မှာ ကရင်လွတ်လပ်ရေး တပ်မတော် (KNU) ဘက်က ကျွမ်းကျင်တဲ့ သူတွေနဲ့ အစိုးရ စစ်တပ်ဘက်က ကျွမ်းကျင်တဲ့သူတွေ ပေါင်းပြီး ရှင်းလင်း နေပါတယ်။ ကျောက်ကြီး ဘက်မှာတော့ ရှင်းလင်းပြီးသွားပါပြီ။ စီမံချက်နဲ့ လုပ်ဖို့လည်း ရှိပါတယ်” ဟု ဦးဇော်မင်းက ပြောသည်။

ငြိမ်းချမ်းရေး အတွက် ဆွေးနွေး ရာတွင်လည်း မြေမြှုပ်မိုင်း ရှင်းလင်းမည့် ကိစ္စ ပါဝင်ကြောင်း၊ နယ်စပ်ဒေသများတွင် စစ်ရှောင် ပြေးခွာနေသည့် ပြည်သူများ ပြန်လာပါက ၎င်းတို့ ကိုယ်ပိုင်နေရာများတွင် ပြန်နေနိုင်ရန် စီစဉ်ပေးနေကြောင်း၊ထိုင်း – မြန်မာ နယ်စပ် ဒုက္ခသည် စခန်းများတွင် နေထိုင်သည့် သူများ အားလုံး ပြန်လာနိုင်ရန် အတွက်လည်း မြန်မာ အစိုးရနှင့် ထိုင်း
အစိုးရတို့ ညှိနှိုင်းကာ စာရင်းကောက်ယူနေကြောင်း သိရသည်။

“ပြန်ဝင်လာဖို့ ခန့်မှန်းခြေ လူ တသိန်းလေးသောင်းနဲ့ တသိန်း ခြောက်သောင်းလောက် ရှိတယ်။ တချို့က သူ့ရပ်သူ့ရွာ ရှိတယ်၊တချို့ကတော့ မရှိဘူး။ သူတို့ လာရင် စနစ်တကျ နေထိုင်လို့ရအောင် စီစဉ်ပေးမှာပါ” ဟု ဦးဇော်မင်းက ဆက် ပြောသည်။

ထိုင်း – မြန်မာနယ်စပ် ဒေသရှိ ဒုက္ခသည် စခန်းများသို့ ရောက်ရှိနေသူများ ပြန်လာမည်ဆိုပါက အဆင်သင့် ဖြစ်စေရန်အတွက် ပညာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ ကျန်းမာရေး ကိစ္စများကို အပြည့်အ၀ ပေးနိုင်ရန်လည်း စီစဉ်ပေး နေကြောင်း၊ နော်ဝေ နိုင်ငံ အမျိုးသား ကြက်ခြေနီ အဖွဲ့ကလည်း အဆိုပါဒေသရှိ ကျောင်းနေရန် ခက်ခဲသူများအတွက် အိမ်များ ဆောက်ပေးနိုင်ရန် ပူးပေါင်း ဆောင်ရွက်နေသည်ကိုလည်း သိရသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၂ ရက်နေ့က ဘားအံမြို့တွင် ပထမဆုံး အကြိမ် ပြည်နယ်အဆင့် အစိုးရနှင့် လက်မှတ်ရေးထိုးခဲ့သည့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွင် ဆက်ဆံရေး ရုံးများ ဖွင့်လှစ်သွားရန် ပါရှိပြီး ယခုနှစ် ဧပြီလမှ စတင်၍ ပဲခူးတိုင်း ကျောက်ကြီး မြို့နယ်၊ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်၊ ဘုရားသုံးဆူမြို့နယ်နှင့် မြ၀တီမြို့နယ်တို့တွင် ဖွင့်လှစ် ထားပြီး ဖြစ်သည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အစိုးရ ကိုယ်စားလှယ် အနေနှင့် ဦးအောင်မင်းက KNU ကိုယ်စားလှယ်များကို ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန် တရားဝင် ကမ်းလှမ်းခဲ့ပြီးနောက် တွေ့ဆုံဆွေးနွေးမှုများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ကရင်ပြည်နယ် နယ်စပ်တနေရာ သံလွင်မြစ်ဘေးတွင် မြေမြှုပ်မိုင်းဒဏ် ခံစားခဲ့ရသူတဦးကို တွေ့ရစဉ် (ဓာတ်ပုံ – Reuters)

News from : ဧရာဝတီသတင်း
Post By : Aye Chan Mon
ကရင်ပြည်နယ် အတွင်း လူသွားများသည့် နေရာများတွင် မြေမြှုပ်မိုင်းများ စတင် ရှင်းလင်း နေပြီဖြစ်ကြောင်း ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းက ဧရာဝတီသတင်းဌာနသို
့ ပြောသည်။

ကရင်ပြည်နယ် အတွင်းရှိ ဒေသအားလုံးကို အစဉ်အတိုင်း လုပ်ဆောင်ခြင်း မဟုတ်ကြောင်း၊ ပုံမှန် လူသွားများသည့် နေရာများနှင့် ယခင် စစ်ပွဲဖြစ်ခဲ့သည့် ဒေသများတွင်သာ အဓိက လုပ်ဆောင်နေကြောင်၊ ရွာနှင့် နီးစပ်ရာ၊ လူနေ အိမ်ခြေများနှင့် မလွတ်သည့် ဒေသများတွင် ဦးစားပေး ရှင်းလင်းမည် ဖြစ်ကြောင်း သူက ဆိုသည်။

မြန်မာအလုပ်သမား ၁၇ ဦး ထိုင်းတောင်ပိုင်းမှာ အဖမ်းခံရ


ထိုင်းနိုင်ငံ တောင်ပိုင်းက Trang လို့ ခေါ်တဲ့ မြို့နယ်ထဲက ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုမှာ တရားမ၀င် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၇ ယောက်ကို ထိုင်းရဲတွေက သတင်းအရ အင်္ဂါနေ့မှာ သွားရောက် ဖမ်းဆီးလိုက်ပါတယ်။

ထိုင်းသတင်းမှာ ဖော်ပြထားချက်အရဆိုရင် ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံထဲ ၀င်လာတဲ့ လမ်းကြောင်းဟာ ကော့သောင်း-ရနောင်းလမ်းဖြစ်တယ်လို့ ရေးထားပါတယ်။

“မြန်မာနိုင်ငံမှာဆိုရင် တနေ့ ဘတ်ငွေ ၅၀ လောက်ပဲရတယ်၊ ထိုင်းနိုင်ငံမှာ တနေ့ ၂၇၀ ကနေ ၃၅၀ လောက်ရတယ်၊ ၀င်ငွေကောင်းတော့ ဒီမှာ လာလုပ်တာပါ” ဆိုပြီး ဖမ်းဆီးခံရသူတွေက ထွက်ဆိုပါတယ် တဲ့။

လူကုန်ကူးမှုနှင့် လူမှောင်ခိုမှု(၀င်းနိုင်ထွန်း)



1bmt ဘယ်အချိန်ခါမဆို ကမ္ဘာနှင့်တစ်ဝန်း လူကုန်ကူးခံနေရသူ၊ လူမှောင်ခိုသွင်းခံနေရသူ သန်းပေါင်းများစွာ ရှိနေလေသည်။ ထိုလူကုန်ကူးမှုနှင့် လူမှောင်ခိုမှုတို့သည် လူသားတို့၏ ဂုဏ်သိက္ခာကို ထိပါးရန် အလွန်အမင်း ခြိမ်းခြောက်နေသကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ရပ်လည်း ဖြစ်နေသည်။ သို့ကြောင့်လည်း ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှ နယ် စပ်ဖြတ်ကျော်ဂိုဏ်းဖွဲ့၍ ပြစ်မှုများ နှိမ်နင်းရေးဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ယင်း၏နောက်ဆက်တွဲ စာချုပ်များကိုချမှတ်ကာ နယ်စပ်ဖြတ်ကျော်ဂိုဏ်းဖွဲ့၍ ပြစ်မှုများနှိမ်နင်းရေး အားထုတ် ကြိုးပမ်းမှုကို တစ်ကမ္ဘာလုံးက တိုးမြှင့်ဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။
မြန်မာနိုင်ငံသည် ထိုကွန်ဗင်းရှင်းနှင့် ယင်း၏နောက်ဆက်တွဲ စာချုပ်တို့၏ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် အရေး ပါလှသည့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေကို ထုတ်ပြန်ပြဋ္ဌာန်း ခဲ့သည်။

သတင်းဂျာနယ် နှစ်စောင်ကို NLD ဦးဉာဏ်ဝင်း တရားစွဲမည်

Photo: သတင်းဂျာနယ် နှစ်စောင်ကို NLD ဦးဉာဏ်ဝင်း တရားစွဲမည်

ရန်ပိုင်| October 4, 2012 |

ပြည်မြန်မာ သတင်းဂျာနယ်နှင့် Messenger သတင်း ဂျာနယ်တို့အား “တရားရုံးဆုံးဖြတ်ချက် မချမီ ပြစ်မှုကျူးလွန်သည်ဟု ရေးသားခြင်းကြောင့်” အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မန္တလေးတိုင်း တရားလွှတ်တော်တွင် ပြီးခဲ့သည့် တနင်္လာနေ့က တရားစွဲဆိုလိုက်သည်။

ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ မဲရုံတချို့တွင် ဖယောင်းသုတ်သည်ဟု ဦးဉာဏ်ဝင်း၏ ပြောဆိုမှုအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မမှန်မကန် သတင်းပေးမှုဖြင့် တရားစွဲဆိုခြင်းနှင့် ပတ်သက်ပြီး အဆိုပါ ဂျာနယ်နှစ်စောင်၌ ပြစ်မှုကျူးလွန်သည်ဟု ရေးသားကြောင်း၊ ထိုရေးသားချက်သည် ဥပဒေအရ တရားရုံးတော်ကို မထီမဲ့မြင်ပြုရာ ရောက်သည့်အတွက် တရားစွဲခြင်းဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောသည်။

“တရားရုံးက အမှုကိုစစ်နေဆဲ၊ အဆုံးအဖြတ် ဘာမှမလာသေးဘူး။ အဲဒါကို မီဒီယာက ဘယ်သူဟာ ဘာပြစ်မှုကို ကျူးလွန်တယ်၊ ဘာအပြစ်ရှိတယ်လို့ ရေးတာဟာ တရားရုံးအလုပ်ကို အနှောက်အယှက် ပေးရာကျပါတယ်” ဟု ၎င်းက ဆိုသည်။

မန္တလေးတိုင်း တရားလွှတ်တော်ကလည်း အဆိုပါ ဂျာနယ်နှစ်စောင်အား တရားစွဲဆိုသည့် အမှုကို လက်ခံထားကြောင်း၊ မကြာမီ ဆင့်ခေါ်မည်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ဆက်လက်ရှင်းပြသည်။

ဦးဉာဏ်ဝင်းသည် ကြားဖြတ်ရွေးကောက်ပွဲကာလက ပါတီအောင်နိုင်ရေးတာဝန်ကို ယူခဲ့သူဖြစ်ပြီး ပြီးခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ မဲရုံတချို့တွင် ဖယောင်းသုတ်ကာ မဲမသမာမှုများရှိသည့်ဟု ပြောဆိုခဲ့သည့်အတွက် ပြည်ထောင်စုရွေးကော်မရှင်က မမှန်မကန် သတင်းပေးသည်ဟုဆိုကာ တရားစွဲဆိုခြင်းခံရသူဖြစ်သည်။

News from :Irrawaddy
Post By : Aye Chan Mon
ပြည်မြန်မာ သတင်းဂျာနယ်နှင့် Messenger သတင်း ဂျာနယ်တို့အား “တရားရုံးဆုံးဖြတ်ချက် မချမီ ပြစ်မှုကျူးလွန်သည်ဟု ရေးသားခြင်းကြောင့်” အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (N
LD) ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မန္တလေးတိုင်း တရားလွှတ်တော်တွင် ပြီးခဲ့သည့် တနင်္လာနေ့က တရားစွဲဆိုလိုက်သည်။

ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ မဲရုံတချို့တွင် ဖယောင်းသုတ်သည်ဟု ဦးဉာဏ်ဝင်း၏ ပြောဆိုမှုအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မမှန်မကန် သတင်းပေးမှုဖြင့် တရားစွဲဆိုခြင်းနှင့် ပတ်သက်ပြီး အဆိုပါ ဂျာနယ်နှစ်စောင်၌ ပြစ်မှုကျူးလွန်သည်ဟု ရေးသားကြောင်း၊ ထိုရေးသားချက်သည် ဥပဒေအရ တရားရုံးတော်ကို မထီမဲ့မြင်ပြုရာ ရောက်သည့်အတွက် တရားစွဲခြင်းဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောသည်။

ကွန်တိန်နာတွင်း လက်နက်တွေ့မှု ရန်ကုန်တိုင်းဒေသကြီး အစိုးရ စုံခုံရုံးဖွဲ့စစ်ဆေးနေ

Photo: ကွန်တိန်နာတွင်း လက်နက်တွေ့မှု စုံခုံရုံးဖွဲ့စစ်ဆေးနေ

သာလွန်ဇောင်းထက်| October 4, 2012 | 

ပါကစ္စတန် နိုင်ငံမှ မှာယူထားသော ဂျုံစေ့ ကွန်တိန်နာတခုတွင် တရုတ်နိုင်ငံလုပ် ပစ္စတိုတလက်နှင့် ကျည်ဆံများ တွေ့ရှိခဲ့မှုနှင့် ပတ်သက်၍ အဖွဲ့အစည်း ပေါင်းစုံပါဝင်သော စုံစမ်း စစ်ဆေးရေးအဖွဲ့ (စုံခုံရုံး) ဖွဲ့စည်းကာ စုံစမ်းနေပြီး စစ်ဆေးချက်အပေါ် မူတည်၍ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ နယ်စပ်နှင့် လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ဧရာဝတီသို့ ပြောသည်။

ယင်း ကွန်တိန်နာသည် ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်ကြီး တဦးဖြစ်သော ဒေါက်တာကိုကိုကြီး ပိုင်ဆိုင်သည့် ဒိုင်းမွန်းစတား ကုမ္ပဏီက မှာယူထားခြင်းဖြစ်ကြောင်း၊ စက်တင်ဘာလ ၂၄ ရက်နေ့က ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ ဒိုင်းမွန်းစတား ဂျုံစက်ရုံတွင် သီလ၀ါဆိပ်ကမ်းမှ သယ်ဆောင်လာသည့် ဂျုံ ကွန်တိန်နာများကို ဖွင့်ဖောက်ပြီး စက်ရုံအတွင်းသို့ သယ်ရန် ပြင်ဆင်နေစဉ် အထုပ်တထုပ်ကို အလုပ်သမားများက တွေ့ရှိခဲ့ကြောင်း၊ ယင်းအထုပ်ကို စက်ရုံတာဝန်ရှိသူများက စစ်ဆေးကြည့်ရှုရာ ပစ္စတို အမျိုးအစား သေနတ်တလက်နှင့် ကျည်ဆံများ ဖြစ်နေကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကြောင်း သိရှိရသည်။

“ပစ္စတို သေနတ်က အသစ်စက်စက် Made in China၊ ရွှေရောင်၊ ကျည်ဆံတွေလည်း ပါတယ်။ အလုပ်သမားတွေက တွေ့တွေ့ချင်း သက်ဆိုင်ရာကို အကြောင်းကြား ခဲ့ပါတယ်။ ဘယ်လို ပါလာသလဲဆိုတော့ သေသေချာချာမသိဘူး” ဟု ဒိုင်းမွန်းစတား ကုမ္ပဏီ ၀န်ထမ်းတဦးက ပြောသည်။

ဗိုလ်မှူးကြီး တင်ဝင်းကမူ လက်နက်တွေ့ရှိမှုနှင့် ပတ်သက်၍ အသေးစိပ် စုံစမ်းစစ်ဆေးလျှက် ရှိကြောင်း၊ လက်ရှိ အခြေ အနေတွင် လက်နက် တွေ့ရှိမှုအပေါ် မည်သို့မျှ မပြောနိုင် သေးဘဲ စုံစမ်း စစ်ဆေးချက်များကို စောင့်ဆိုင်းနေကြောင်း ရှင်းပြသည်။

“ဘယ်လမ်းကြောင်းက လာတာလဲ၊ ဘယ်လို ၀င်လာသလဲ စုံစမ်းစစ်ဆေး နေဆဲပဲ။ လောလောဆယ် အထိတော့ ဘာအဖြေမှ တက်မလာသေးဘူး။ ရလဒ်ပေါ်မှာ မူတည်ပြီး အရေးယူတာတွေ ရှိမယ်။ ဆိပ်ကမ်း စစ်ဆေးရေး လုပ်ငန်းတွေ ပေါ့ဆတယ် ဆိုတာမျိုး တွေ့ရင်လည်း တွေ့ရှိချက်မှာပေါ်မှာ မူတည်မှာပေါ့။ ဒီကွန်တိန်နာတွေ ဆိပ်ကမ်းမှာ X-Ray စက်က ဖြတ်၊ မဖြတ်၊ X-Ray စက် ကောင်း၊ မကောင်း အဲဒါတွေ အကုန်လုံး စစ်ခိုင်းထားတယ်။ အဲဒါတွေစုံမှ သိရမယ်” ဟု ၎င်းက ဆိုသည်။

စုံစမ်းစစ်ဆေးရေး အဖွဲ့တွင် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့နှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအပါအ၀င် ပြည်ထဲရေးဝန်ကြီး ဌာနလက်အောက်ရှိ အဖွဲ့အစည်းများစွာ ပါဝင်ကြောင်း သိရှိရသည်။

အကောက်ခွန် အေးဂျင့်တဦးကမူ ကွန်တိန်နာတွင် လက်နက် ပါဝင်မှုသတင်းကြောင့် အကောက်ခွန် ရှင်းလင်းရေး ၀န်ဆောင်မှု ပေးသော အေဂျင်စီများ စိုးရိမ်ထိတ်လန့် နေကြသည်ဟု ပြောသည်။

“လက်နက် ပါလာတဲ့သတင်းကြောင့် အကုန်လုံး ထိတ်ထိတ်ပြာပြာ ဖြစ်ကုန်တယ်။ အကောက်ခွန် အေဂျင်စီဆိုတာ ကုမ္ပဏီတွေက သွင်းလာတဲ့ ကွန်တိန်နာတွေကို ဆိပ်ကမ်းမှာ သွားထုတ်ပေးတဲ့ ၀န်ဆောင်မှုကို အဓိက ပေးကြတာ။ အဲဒီလို ကွန်တိန်နာမျိုး ထုတ်ပေးမိရင် ကုမ္ပဏီလည်း ပြဿနာတက်မယ်၊ အေဂျင်စီတွေလည်း ပြဿနာတက်မှာ။ အရင်တုန်းက လိုင်စင်မဲ့ ကားတွေပါတဲ့ ကွန်တိန်နာတွေ ထုတ်ပေးမိတဲ့ အေဂျင်စီတွေ ပြဿနာတက်၊ တရားရုံးရောက်၊ လိုင်စင်ပိတ်၊ ထောင်ကျတာမျိုးတွေ ရှိခဲ့ဖူးတော့ ပိုပြီး စိုးရိမ်ကြတယ်” ဟု ရန်ကုန်အကောက်ခွန်အေဂျင်စီတဦးက ဆိုသည်။

News from :Irrawaddy
Post By : Aye Chan Mon
ပါကစ္စတန် နိုင်ငံမှ မှာယူထားသော ဂျုံစေ့ ကွန်တိန်နာတခုတွင် တရုတ်နိုင်ငံလုပ် ပစ္စတိုတလက်နှင့် ကျည်ဆံများ တွေ့ရှိခဲ့မှုနှင့် ပတ်သက်၍ အဖွဲ့အစည်း ပေါင်းစုံပါဝ
င်သော စုံစမ်း စစ်ဆေးရေးအဖွဲ့ (စုံခုံရုံး) ဖွဲ့စည်းကာ စုံစမ်းနေပြီး စစ်ဆေးချက်အပေါ် မူတည်၍ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ နယ်စပ်နှင့် လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ဧရာဝတီသို့ ပြောသည်။

ယင်း ကွန်တိန်နာသည် ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်ကြီး တဦးဖြစ်သော ဒေါက်တာကိုကိုကြီး ပိုင်ဆိုင်သည့် ဒိုင်းမွန်းစတား ကုမ္ပဏီက မှာယူထားခြင်းဖြစ်ကြောင်း၊ စက်တင်ဘာလ ၂၄ ရက်နေ့က ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ ဒိုင်းမွန်းစတား ဂျုံစက်ရုံတွင် သီလ၀ါဆိပ်ကမ်းမှ သယ်ဆောင်လာသည့် ဂျုံ ကွန်တိန်နာများကို ဖွင့်ဖောက်ပြီး စက်ရုံအတွင်းသို့ သယ်ရန် ပြင်ဆင်နေစဉ် အထုပ်တထုပ်ကို အလုပ်သမားများက တွေ့ရှိခဲ့ကြောင်း၊ ယင်းအထုပ်ကို စက်ရုံတာဝန်ရှိသူများက စစ်ဆေးကြည့်ရှုရာ ပစ္စတို အမျိုးအစား သေနတ်တလက်နှင့် ကျည်ဆံများ ဖြစ်နေကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကြောင်း သိရှိရသည်။

အလုပ်ရှာတဲ့စစ်သား ၄ ဦး ထိုင်းနယ်စပ်မှာ ဖမ်းမိ

 
 ဓာတ်ပုံ/သတင်း - မန်နေဂျာအွန်လိုင်း 

ဆင်းရဲဒဏ် မခံနိုင်လို့ နယ်စပ်ဖြတ်ကျော်ပြီး အလုပ်လုပ်ဖို့ ရောက်နေတယ် ဆိုတဲ့ မြန်မာ့တပ်မတော်သား ၄ ယောက်ကို ထိုင်းအာဏာပိုင်တို့က ဗုဒ္ဓဟူးနေ့မှာ ထိန်းသိမ်းလိုက်တယ်လို့  ထိုင်းသတင်းတွေမှာ ရေးသားထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် တပ် (Tak) ခရိုင်၊ မဲဆောက်မြို့တနေရာက ပြောင်းဖူး စိုက်ခင်းဝန်းကျင်မှာ ကင်းလှည့်နေတဲ့ ထိုင်းရဲတွေက ဖမ်းဆီးလိုက်တာလို့ ဆိုပါတယ်။

သူတို့တွေဟာ အသက် ၂၁ နဲ့ ၂၄ နှစ်အတွင်း ရှိကြတဲ့ အောင်ထွန်း၊ ပြည့်အောင်၊ သီဟစိုး၊ စောမြင့်ထွန်း တို့ ဖြစ်ပြီး လက်နက်တွေတော့  ပါမလာကြဘူး လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်တွင် ဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အအုံများနှင့်အိမ်များ တိုက်ခိုက် ဖျက်ဆီးခံရမှုများကို ကန့်ကွက်သည့်အနေဖြင့် ဘန်ကောက်တွင် သံဃာတော်များ ဆန္ဒပြ




ဘန်ကောက်ရှိ ကုလသမဂ္ဂရုံးရှေ့တွင် ဆန္ဒပြနေကြသော ထိုင်းနိုင်ငံရောက် ဘင်္ဂလားဒေ့ရှ် သံဃာတော်များ Photo: AFP
ဘင်္ဂလားဒေ့ရှ်တွင် ဘုန်းကြီးကျောင်းများနှင့် အိမ်များကို မွတ်စလင်လူအုပ်စုများက တိုက်ခိုက်မှုများ ဖျက်ဆီးမှုများကို ကန့်ကွက်သည့်အနေဖြင့် ဗုဒ္ဓဘာသာသံဃာတော် ၃၀၀ ခန့်က ထိုင်းနိုင်ငံမြို့တော်ဘန်ကောက်တွင် အောက်တိုဘာလ ၃ ရက်နေ့က ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။
ငြိမ်းချမ်းရေးလိုလားကြောင်းနှင့် ဘင်္ဂလားဒေ့ရှ် ဗုဒ္ဓဘာသာဝင်များအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ ရပ်တန့်ရန် တောင်းဆိုသော စာတမ်းများ ကိုင်ဆောင်ထားသည့် သံဃာတော်များက ကုလသမဂ္ဂရုံးများရှေ့တွင် စုဝေးကာဆန္ဒပြခဲ့ကြပြီး အကြမ်းဖက် တိုက်ခိုက်မှုများအတွက် စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့ကြသည်။ ဆန္ဒပြသည့် သံဃာတော်များတွင် ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ သံဃာတော်များ ပါဝင်ခဲ့သည်။

ဖားကန့်တွင် မြေစာပုံပြိုကျ၍ အမျိုးသမီးတစ်ဦးသေဆုံး အိမ်ခြေ(၁၀၀)ကျော် ပျက်စီး

Photo: ဖားကန့်တွင် မြေစာပုံပြိုကျ၍ အမျိုးသမီးတစ်ဦးသေဆုံး အိမ်ခြေ(၁၀၀)ကျော် ပျက်စီး

ငြိမ်းချမ်း(မြစ်မခ)

 ဖားကန့်မြို့နယ်တွင် ရွှေထိုင်းကျောက်ကုမ္ပဏီမှ စုပုံထားသောမြေစာပုံကြီး မိုးရွာ၍ ပြိုကျမှုကြောင့် ဖားပြင်ကျေးရွာရှိ အိမ်(၂၆)လုံး ရေနှင့်မျှောပါသွားကာ အိမ်(၈၂)လုံး ပျက်စီးသွားကြောင်း ဖားကန့် ဒေသခံများထံက သိရှိရသည်။
 
အောက်တိုဘာလ(၂)ရက်နေ့ ည(၁၀း၃၀)အချိန်တွင် မိုးများသည်းထန်စွာ ရွာသွန်းမှုကြောင့် ရွှေထိုင်း ကျောက်ကုမ္ပဏီမှစုပုံ ထားသောမြေစာပုံကြီးရေများဝင်၍ ကျိုးပေါက်ကာ မြေအနိမ့်ပိုင်းတွင် တည်ရှိသော ဖားပြင်ကျေးရွာအပေါ် သို့မျှောပါလာသော သဲရေများပိ၍ အိမ်(၂၆)လုံး မျှောပါသွားပြီး၊ အိမ်(၈၂)လုံးမှာ ပျက်စီးခဲ့ကြောင်းဒေသခံများထံက သိရသည်။
 
အဆိုပါနေရာသို့ လာရောက်ကြည့်ရှုသည့် ဖားပြင်မှ နှလုံးရောဂါဝေဒနာသည် ဒေါ်တင်မာဦး အသက် (၅၂)နှစ်မှာလည်း   နေရာ၌ပင် သေဆုံးသွားကြောင်း သိရှိရသည်။
 
 “ညဆယ်နာရီခွဲလောက်ဆိုတော့ ပြင်ဆင်ချိန်က ဘာမှမရှိဘူး။ကျွန်တော်တို့ ရွာတော်တော်ပျက်စီးသွားတယ်။ အိမ်(၂၅) လုံးကတော့ ပါသွားတယ်၊ ဘာမှမရလိုက်ဘူး’’ဟု ဖားပြင်ရွာက ကိုစိန်ထွန်းက ပြောသည်။
 
ယခုလို မြေပြိုမှုကြောင့် ဖားပြင်ရွာတွင် ဒုက္ခသည်လူဦးရေ(၅၀၀)ကျော်အထိရှိလာသော်လည်းမြေစာပုံ ထားသော ကုမ္ပဏီမှ မည်သည့်တာဝန်မျှ မယူသေးကြောင်းကိုလည်း ဒေသခံများထံက သိရှိရသည်။
 
“အလိုလိုမှ စစ်ဘေးဒုက္ခသည်က များနေပါတယ်ဆိုမှ မြေပြိုလို့က ငါးရာကျော် ထပ်တိုးလာသေးတယ်၊ ကုမ္ပဏီက တာဝန်ယူဖို့တော့ကောင်းတယ်’’ဟု ဖားကန့်မြို့မှ ကိုတင်စိုးကပြောသည်။
 
အဆိုပါမြေပြိုကျမှုတွင် KIAစစ်တပ်က အရင်သိရှိ၍ ဖားပြင်ရွာသို့ လာရောက် အသိပေးပြောကြားသောကြောင့် ရွာသူရွာသားများ အသက်အန္တရယ်မှ လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။
 
 “မြေပြိုလာတာကို KIA အရင်သိလို့ ရွာသားတွေကို လာပြောတာ။ လာမပြောရင် သေကြမှာ မနည်းဘူး” ဟု ဖားကန့် NLDပါတီက ဦးလဆိုင်းက ပြောသည်။
 
အဆိုပါဒုက္ခသည်များအား ဖားပြင်ဘုန်းကြီးကျောင်း၊ ဖားကန့်NLD၊ ဖားကန့်လူမှုကူညီရေးအသင်းများက   ကျွေးမွေးထားကြောင်း   ဒေသခံတို့က ဆိုသည်။
 
ယခုအခါ ဖားကန့်ဒေသ၌ စစ်ဘေးဒုက္ခသည် အလွန်များပြားနေပြီး ဖားကန့်မြို့တွင် စစ်ဘေးဒုက္ခသည် စခန်း(၃၀)ကျော်တွင် လူဦးရေ(၁)သောင်းကျော်ရှိပြီး၊ ဆိုင်းတောင်(ဆိပ်မူ)တွင် ဒုက္ခသည် စခန်း(၆)ခုရှိပြီး လူဦးရေ(၁)ထောင် ကျော်နှင့် လုံးခင်းတွင် ဒုက္ခသည်စခန်း(၁)ခု ရှိသည်။

News from : Myit Makha Mediagroup
Post By : Aye Chan Mon
ဖားကန့်မြို့နယ်တွင် ရွှေထိုင်းကျောက်ကုမ္ပဏီမှ စုပုံထားသောမြေစာပုံကြီး မိုးရွာ၍ ပြိုကျမှုကြောင့် ဖားပြင်ကျေးရွာရှိ အိမ်(၂၆)လုံး ရေနှင့်မျှောပါသွာ
းကာ အိမ်(၈၂)လုံး ပျက်စီးသွားကြောင်း ဖားကန့် ဒေသခံများထံက သိရှိရသည်။

အောက်တိုဘာလ(၂)ရက်နေ့ ည(၁၀း၃၀)အချိန်တွင် မိုးများသည်းထန်စွာ ရွာသွန်းမှုကြောင့် ရွှေထိုင်း ကျောက်ကုမ္ပဏီမှစုပုံ ထားသောမြေစာပုံကြီးရေများဝင်၍ ကျိုးပေါက်ကာ မြေအနိမ့်ပိုင်းတွင် တည်ရှိသော ဖားပြင်ကျေးရွာအပေါ် သို့မျှောပါလာသော သဲရေများပိ၍ အိမ်(၂၆)လုံး မျှောပါသွားပြီး၊ အိမ်(၈၂)လုံးမှာ ပျက်စီးခဲ့ကြောင်းဒေသခံများထံက သိရသည်။

အဆိုပါနေရာသို့ လာရောက်ကြည့်ရှုသည့် ဖားပြင်မှ နှလုံးရောဂါဝေဒနာသည် ဒေါ်တင်မာဦး အသက် (၅၂)နှစ်မှာလည်း နေရာ၌ပင် သေဆုံးသွားကြောင်း သိရှိရသည်။

ထိပ်တန်းခေါင်းဆောင် သုံးဦးကို KNU ထုတ်ပယ်

~
အစိုးရဘက်မှ ငြိမ်းချမ်းရေးဖော်ဆောင်သူ ၀န်ကြီး ဦးအောင်မင်း၊ KNU ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး (ဓာတ်ပုံ - ဧရာဝတီ)
အဖွဲ့၏ သဘောတူညီမှုမရရှိဘဲ ဖားအံမြို့တွင် ဆက်ဆံရေးရုံး သွားရောက်ဖွင့်လှစ်ခဲ့သည့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး အပါအ၀င် ထိပ်တန်းခေါင်းဆောင် ၃ ဦးကို ကရင်အမျိုးသားအစည်းအရုံး KNU က ယမန့်နေ့ကစတင်ပြီး တာဝန်အသီးသီးမှ ရပ်စဲလိုက်သည်။

အဖွဲ့အစည်းက ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများကို အကြိမ်ကြိမ် ဖေါက်ဖျက်မှုဖြင့် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ဗဟိုတရားရေးဌာန တာဝန်ခံ ပဒိုဒေးဗစ်ထော၊  လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံ ပဒိုရောဂျာခင်တို့ကို တာဝန် ရပ်စဲကြောင်း အမိန့်စာကို  တွဲဘက်အတွင်းရေးမှူး(၁) ပဒိုစောလှငွေက လက်မှတ် ရေးထိုးထားသည်။

ဧရာဝတီ မြစ်ကျဉ်းနေရာ ပရှောတွင် စက်လှေများကို KIA ဆက်ကြေးကောက်

Photo: ဧရာဝတီ မြစ်ကျဉ်းနေရာ ပရှောတွင် စက်လှေများကို KIA ဆက်ကြေးကောက်

အောက်တိုဘာလ(၄)

KIA တပ်မဟာ(၂) လက်အောက်ခံ တပ်ရင်း(၅)မှ ဗိုလ်အဆင့်ရှိ လ၀မ်ဦးစီး အင်အား(၁၀)ဦးခန့်ဟာ ဧရာဝတီ မြစ်ကျဉ်းနေရာ ပရှောတွင် စက်လှေများကို ဆက်ကြေးကောက်လျက်ရှိတယ်လို့ သိရပါတယ်။
လ၀မ်အဖွဲ့ဟာ စက်တင်ဘာလ(၂၅)ရက်နေ့ စတင်ပြီး အောက်တိုဘာလ(၃)ရက်နေ့အထိအောင်
မြစ်ကျဉ်းကို စိုးမိုး ထားပြီး ဗန်းမော် - မြစ်ကြီးနား အသွားအပြန် ကုန်ပစ္စည်းတင်ပို့လျက်ရှိတဲ့ စက်လှေများအား တစ်စီးလျှင် (၄၀၀၀)ကျပ်နှုန်း ကောက်ခံလျက်ရှိကြောင်း သိရပါတယ်။ 

အဆိုပါမြစ်ကျဉ်းနေရာဟာ ကိုက်(၂၅၀ နှင့် ၃၀၀)သာ ကျယ်ဝန်းသောကြောင့် လ၀မ်နှင့်အဖွဲ့ဟာ မြစ်ကျဉ်း ဘက်သို့ သေနတ်ဖြင့်ချိန်ထားပြီး စက်လှေများအား ကမ်းကပ်လာစေကာ ဆက်ကြေးကောက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

`` သူတို့က စက်လှေကို စမြင်တာနဲ့ သေနတ်လေးငါးလက်နဲ့ ထိုးချိန်ထားတာ ပြီးတော့ မြစ်ကကျဉ်းတော့ ရှောင်ပြေးလို့လည်း မရဘူး။ တစ်စီး(၄၀၀၀)ကျပ်ဆိုတော့ ကျွန်တော်တို့ စက်လှေတွေက နေ့တိုင်း (၄၀၀၀)ပေးနေရတာပေါ့၊ သူတို့ အတွက်ကတော့ တစ်ရက်ကိုတစ်သိန်းနဲ့အထက် ၀င်တာပေါ့၊ မြစ်ကြီးနားက စုန်တာရော၊ ဗန်မော်က ဆန်တာ ရော တစ်ရက်ကို အစီး(၃၀)လောက်ရှိတာကိုး၊ အရင်ကတော့ မကောက်ဘူး။ ဂိတ်တွေကဘဲ အပတ်စဉ် ပေါင်းပြီး ဆက်ကြေး ပေးရတာ၊ အခုက ဂိတ်ကလည်း အပတ်စဉ်ပေးရတယ် လမ်းမှာလည်း တောင်းတယ် ဆိုတော့ ကျွန်တော်တို့အတွက် သိပ်မကိုက်တော့ဘူးပေါ့ဗျာ´´ လို့ စက်လှေ နောက်လိုက်တစ်ဦးက ပြောကြား ခဲ့ပါတယ်။

News from :  ကချင်နေစဉ်သတင်း  
Post By : Aye Chan Mon
အောက်တိုဘာလ(၄)

KIA တပ်မဟာ(၂) လက်အောက်ခံ တပ်ရင်း(၅)မှ ဗိုလ်အဆင့်ရှိ လ၀မ်ဦးစီး အင်အား(၁၀)ဦးခန့်ဟာ ဧရာဝတီ မြစ်ကျဉ်းနေရာ ပရှောတွင် စက်လှေများကို ဆက်ကြေးကောက်လျက်ရှိတယ်လို့ သိရပါတယ်

လ၀မ်အဖွဲ့ဟာ စက်တင်ဘာလ(၂၅)ရက်နေ့ စတင်ပြီး အောက်တိုဘာလ(၃)ရက်နေ့အထိအောင်
မြစ်ကျဉ်းကို စိုးမိုး ထားပြီး ဗန်းမော် - မြစ်ကြီးနား အသွားအပြန် ကုန်ပစ္စည်းတင်ပို့လျက်ရှိတဲ့ စက်လှေများအား တစ်စီးလျှင် (၄၀၀၀)ကျပ်နှုန်း ကောက်ခံလျက်ရှိကြောင်း သိရပါတယ်။

အဆိုပါမြစ်ကျဉ်းနေရာဟာ ကိုက်(၂၅၀ နှင့် ၃၀၀)သာ ကျယ်ဝန်းသောကြောင့် လ၀မ်နှင့်အဖွဲ့ဟာ မြစ်ကျဉ်း ဘက်သို့ သေနတ်ဖြင့်ချိန်ထားပြီး စက်လှေများအား ကမ်းကပ်လာစေကာ ဆက်ကြေးကောက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

Orchid Hotel မှ မြန်မာအမျိုးသမီးဝန်ထမ်းတစ်ဦးနှင့်ဂျပန်နိုင်ငံသားတစ်ဦးတို့ အပြန်အလှန်တရားစွဲဆိုမှုအား မင်္ဂလာတောင်ညွှန့်မြို့နယ်တရားရုံးမှ နှစ်ဖက်စလုံးအား စွဲချက်တင်ကြောင်း အမိန့်ချမှတ်




thn-10-4-9
တရားရုံးမှထွက်လာပြီး ကားပေါ်တက်မည့် Mr.Okahashi Takashi အား ၎င်း၏စကားပြန်နှင့် အခြား ဂျပန်နိုင်ငံသားတစ်ဦးမှ သတင်းထောက်များ ဓါတ်ပုံရိုက်ကူးနေမှုအား ကာပေးထားသည်ကို အောက်တိုဘာလ ၄ရက်နေ့က တွေ့ရစဉ်
ပုဇွန်တောင်မြို့နယ်ရှိ Orchid Hotel မှ မြန်မာအမျိုးသမီးတစ်ဦးနှင့် တည်းခိုနေထိုင်သည့် ဂျပန်နိုင်ငံသားတစ်ဦးတို့ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလက ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အပေါ် အပြန်အလှန်အမှုဖွင့်ပြီး တရားစွဲဆိုထားမှုအား မင်္ဂလာတောင်ညွန့် မြို့နယ်တရားရုံးမှ နှစ်ဖက်စလုံးအားစွဲချက်တင်ကြောင်း ဆုံးဖြတ်ချက်ကို အောက်တိုဘာလ ၄ ရက်နေ့က အမိန့်ချမှတ်ခဲ့သည်။
Orchid Hotel တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်မှာ ၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်နေ့က ဂျပန်နိုင်ငံသားတစ်ဦးသည် ညပိုင်းတွင်ပြင်ပမှ မြန်မာအမျိုးသမီးငယ်တစ်ဦး ခေါ်ဆောင်လာသည့်အတွက်  ဟိုတယ်ကောင်တာ၌ တာဝန်ကျနေသည့် မြန်မာအမျိုးသမီးဝန်ထမ်းတစ်ဦးက   ပြင်ပမှခေါ်ဆောင်လာသည့် အမျိုး သမီးငယ်နှင့် ပတ်သက်၍ ဟိုတယ်မှ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊စည်းကမ်းအတိုင်း လက်မခံနိုင်ကြောင်း ပြန်လည်ပြောကြားရာတွင် အဆိုပါဂျပန်နိုင်ငံသားက အမျိုး သမီးဝန်ထမ်းကို ဆဲဆိုကြိမ်းမောင်းပြီး ပါးတစ်ချက်ရိုက်ခဲ့သည့်အတွက် မြန်မာအမျိုးသမီးဝန်ထမ်းဖြစ်သူက ပုဇွန်တောင်ရဲစခန်းသို့ ဇန်န၀ါရီလ ၃၀ ရက်နေ့တွင် တိုင်ကြားခဲ့ကြောင်း၊  

မြန်မာ့အင်တာနက် ပင်လယ်ရေအောက် ကေဘယ်ဆက်ကြောင်းသစ် (Se Me We 5)ဖြင့် ချိတ်ဆက်ရန်စီစဉ်

Photo: မြန်မာ့အင်တာနက် ပင်လယ်ရေအောက် ကေဘယ်ဆက်ကြောင်းသစ် 
(Se Me We 5)ဖြင့် ချိတ်ဆက်ရန်စီစဉ်

ပုဂံ၊ အောက်တိုဘာ-၁

အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေအောက် ကေဘယ်လ်ဆက်ကြောင်း se me we 3 အင်တာနက်ဆက်ကြောင်း သက်တမ်းပြည့်ခါနီးပြီဖြစ်၍ အင်တာနက်ဆက်ကြောင်း အသစ်ဖြစ်သော se me we 5 ဖြင့် ချိတ်ဆက်အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။ လက်ရှိ အဆိုပါ se me we 3 အင်တာနက်ဆက်ကြောင်းဖြင့် နိုင်ငံပေါင်း ၃၄ နိုင်ငံ အသုံးပြုလျက်ရှိပြီး se me we 3 ၏ သက်တမ်းမှာ နှစ်ပေါင်း ၃၀ ကျော် ၀န်းကျင်ဖြစ်ပြီး၊ ယခုအခါ နှစ် ၂၀ ကျော်လာပြီဖြစ်၍ ထိုကဲ့သို့ အင်တာနက်ဆက်ကြောင်း အသစ်ဖြင့် ချိတ်ဆက်အသုံးပြုသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှာ တာဝန်ရှိသူကပြောသည်။

အဆိုပါ se me we 5 အင်တာနက်ဆက်ကြောင်းသစ်နှင့် ချိတ်ဆက်ရန်အတွက် စင်ကာပူနိုင်ငံမှ ကမကထ ပြုလုပ်သွားမည်ဖြစ်ကာ မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ချိတ်ဆက် အသုံးပြုသွားမည်ဖြစ်သည်။ 

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအရ cross border transmission capacity တိုးချဲ့ခြင်းနှင့် အဓိက ဖိုင်ဘာလမ်းကြောင်းများကို တည်ဆောက်ရန်အတွက် မူဆည်-မန္တလေး-ရန်ကုန်-ပုသိမ်-ချောင်းသာ ဖိုင်ဘာဆက်ကြောင်းကို China Unicom နှင့် ပူးပေါင်း၍ တည်ဆောက်မည် ဖြစ်သည်။

News from : 7Day News Journal
Post By : Aye Chan Mon
အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေအောက် ကေဘယ်လ်ဆက်ကြောင်း se me we 3 အင်တာနက်ဆက်ကြောင်း သက်တမ်းပြည့်ခါနီးပြီဖြစ်၍ အင်တာနက်ဆက်ကြောင်း အသစ်ဖြစ်သေ
ာ se me we 5 ဖြင့် ချိတ်ဆက်အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။ လက်ရှိ အဆိုပါ se me we 3 အင်တာနက်ဆက်ကြောင်းဖြင့် နိုင်ငံပေါင်း ၃၄ နိုင်ငံ အသုံးပြုလျက်ရှိပြီး se me we 3 ၏ သက်တမ်းမှာ နှစ်ပေါင်း ၃၀ ကျော် ၀န်းကျင်ဖြစ်ပြီး၊ ယခုအခါ နှစ် ၂၀ ကျော်လာပြီဖြစ်၍ ထိုကဲ့သို့ အင်တာနက်ဆက်ကြောင်း အသစ်ဖြင့် ချိတ်ဆက်အသုံးပြုသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှာ တာဝန်ရှိသူကပြောသည်။

အဆိုပါ se me we 5 အင်တာနက်ဆက်ကြောင်းသစ်နှင့် ချိတ်ဆက်ရန်အတွက် စင်ကာပူနိုင်ငံမှ ကမကထ ပြုလုပ်သွားမည်ဖြစ်ကာ မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ချိတ်ဆက် အသုံးပြုသွားမည်ဖြစ်သည်။
Related Posts Plugin for WordPress, Blogger...

ShareThis