menu

Saturday 30 June 2012

ကွန်ပျူတာမောင်းနှင်စနစ် Linux တီထွင်သူနှင့် ပင်မကလာပ်စည်း သုတေသနပညာရှင်တို့ ယူရို ၁ ဒသမ ၂ သန်းတန်ဖိုးရှိ ထောင်စုနှစ် နည်းပညာဆု ပူးတွဲဆွတ်ခူး



အမေရိကန်-ဖင်လန် ဆော့ဖ်ဝဲအင်ဂျင်နီယာ လင်းနပ်စ်တော်ဗဲလ်စ်(ယာ)နှင့် ဂျပန်မှ ပင်မကလာပ်စည်း သုတေသနပညာရှင် ရှင်ယာယာမာနာကိုတို့အား ဇွန်လ ၁၃ ရက်က တွေ့ရစဉ်
အခမဲ့အသုံးပြုနိုင်သော ကွန်ပျူတာ မောင်းနှင်စနစ် Linux တီထွင်သူ အမေရိကန်-ဖင်လန် ဆော့ဖ်ဝဲအင်ဂျင်နီယာ လင်းနပ်စ်တော်ဗဲလ်စ်နှင့် ဂျပန်နိုင်ငံမှ ပင်မကလာပ်စည်း သုတေသနပညာရှင် ရှင်ယာယာမာနာကိုတို့သည် ဖင်လန်နိုင်ငံမှ ချီးမြှင့်သော ယူရို ၁ ဒသမ ၂ သန်း တန်ဖိုးရှိ ထောင်စုနှစ်နည်းပညာဆုကို ပူးတွဲ ဆွတ်ခူးသွားခဲ့သည်။

ယနေ့အခါတွင် လူသန်းပေါင်းများစွာက Linux စနစ်သုံး ကွန်ပျူတာများ၊ စမတ်ဖုန်းများ၊ ဒစ်ဂျစ်တယ် ဗီဒီယိုမှတ်တမ်းတင်စက်များကို အသုံးပြုနေကြသည့် လင်းနပ်စ်တော်ဗဲလ်စ်၏ အောင်မြင်မှုသည် မျှဝေသုံးစွဲနိုင်သော ဆော့ဖ်ဝဲဖွံ့ဖြိုးမှု၊ ကွန်ရက်ဆက်သွယ်မှုနှင့် ကွန်ရက်၏ လွတ်လပ်ပွင့်လင်းမှုအပေါ်တွင် ကြီးစွာသော သက်ရောက်မှုရှိကြောင်း ဆုရွေးချယ်ရေးအဖွဲ့က သုံးသပ်သည်။

တူရကီတိုက်လေယာဉ် ပစ်ချမှု ဆီးရီးယားကို NATO ရှုတ်ချ

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ တူရကီနိုင်ငံရဲ့ ဂျက်တိုက်လေယာဉ်ကို ဆီးရီးယားက ပစ်ချခဲ့တာကြောင့် ပျက်ကျပြီး နစ်မြုတ်ခဲ့ရတာကို နေတိုး NATO အဖွဲ့ကြီးက တုံ့ပြန်ဖို့ စဉ်းစားနေပါပြီ။ တူရကီရဲ့ တိုက် လေယာဉ် ဟာ နိုင်ငံတကာ လေကြောင်း ပိုင်နက်ထဲမှာ ပျံသန်းနေတုန်း  ခုလို အတိုက်အခိုက် ခံခဲ့ရတဲ့ နောက်ပိုင်း ဘရပ်ဆဲလ်မှာ အစည်းအဝေး ခေါ်ယူဖို့အတွက် တူရကီဘက်က ပန်ကြားခဲ့တာပါ။ ဆီးရီးယားကတော့ ဒါဟာ ကိုယ့်နိုင်ငံကို ကိုယ် ခုခံကာကွယ်ဖို့ အတွက် လုပ်ဆောင်ရင်း ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုတခုလို့ ဆိုပါတယ်။
တူရကီဝန်ကြီးချုပ် Recep Tayyip Erdogan က ဒီကနေ့ လွှတ်တော်မှာ တူရကီနိုင်ငံဘက်က တုံ့ပြန်မယ့် အစီအစဉ်အသေးစိတ်ကို ပြောလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ တူရကီ ဒုတိယ၀န်ကြီးချုပ် Bulent Arinc ကတော့ ဒီလို ဂျက်တိုက်လေယာဉ် အပစ်ချ ခံခဲ့ရတာနဲ့ ပတ်သက်ပြီး တူရကီ ဘက်က စစ်ပွဲ ဆင်နွှဲဖို့ မလုပ်ချင်ပေမဲ့ နိုင်ငံတကာ ဥပဒေအရ လက်တုံ့ပြန်နိုင်ခွင့် ရှိနေတယ်လို့ ပြောပါတယ်။

အိမ်တွင်းသတင်းစာရှင်းလင်းပွဲ


၂၁ ရာစုပညာရေး(တင်ညွန့်)



ကိုယ်သင်ချင်တာ ကိုယ်ရွေးချယ်ခွင့်ရှိလာမယ်
၂၁ ရာစု ပညာရေးအရွေ့ သို့မဟုတ် ပါရာဒိုင်းဟာ “မဖြစ်နိုင်ဘူး” ဆိုတာတွေကို စိန်ခေါ်နေတဲ့ အနေအထားကို ရောက်လာပြီ။ လက်ရှိ လက်ခံကျင့်သုံးနေကြတဲ့ ပညာရေးဟာ ၁၉ ရာစုလောက်ကတည်းက ကျင့်သုံးလာတဲ့ ပညာရေးစနစ်ရဲ့ ဝဲဂယက်ထဲကနေ ရုန်းထွက်နိုင်စွမ်း မရှိသေးဘူး။ အဲဒီမဖြစ်နိုင်ပါဘူးဆိုတာတွေကို ပြောနေတဲ့ ပညာရှင်ကြီးတွေရဲ့ အစွဲကိုဖြုတ်နိုင်မယ်ဆိုရင် ပညာရေးပါရာဒိုင်းဟာ အပြောင်းအရွေ့မြန်မယ် ထင်ပါတယ်။
Scott McLeod ဆိုသူက သူ့ ဘလော့ဂ် မှာ “Dangerously Irrelevant” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို ရေးထားပါတယ်။ “ကြောက်မက်ဖွယ်ကောင်းသော ဆက်စပ်မှု ကင်းမဲ့ခြင်း” လို့ပြောရမယ်ထင်ပါတယ်။ သူ ညွှန်းထားတာက လက်ရှိခေတ်စားနေတဲ့ “Mission Imopssible” ရုပ်ရှင်ဇာတ်ကား အမည်ကိုပါ။

CDMA 800MHz ဖုန်းတွင် Video Call စနစ်နှင့် Gtalk စနစ်များအသုံးပြုနိုင်လာ




CDMA 800MHz စနစ်ပေါ်တွင် Video Call စနစ်နှင့် Gtalk စနစ်နှင့် Gmail စနစ်များအား အသုံးပြုနိုင်လာပြီဖြစ်ကြောင်း သိရသည်။ ယခင်က CDMA 800MHz စနစ်အသုံးပြု Android OS ဖုန်းများ အများအပြားထွက်ရှိခဲ့သော်လည်း Video Call စနစ်အသုံးပြုနိုင်သောဖုန်းနှင့် Gmail, Gtalk စနစ်များအား စုံစုံလင်လင်အသုံးပြုနိုင်သော
 ဟန်းဆက်များမှာရှားပါးခဲ့ကြောင်းသိရသည်။ ဈေးကွက်တွင်းသို့ အသစ်ဝင်ရောက်လာခဲ့သော HTC EVO 4G CDMA800 ဖုန်းမှာ အဆိုပါစနစ်များအားလုံးအား ပြည့်ပြည့်စုံစုံအသုံးပြုနိုင်လာကြောင်း သိရသည်။

ဒီမိုကရေစီက နုနု မုန်တိုင်းကထန်ထန် (ကျော်ဝင်း)

ရခိုင်ပြည်နည်၊စစ်တွေမြို့မီးလောင်မှုမြင်ကွင်း
  အခါလည်လွန် ရင်တမမ

မြန်မာ့နွေဦး အခါလည်ကျော်လာသည်နှင့် ဘေးမှရပ်ကြည့်နေမြဲ စာရေးသူမှာ၊ ရင်မ နေရတော့သည်။ ဤအခိုက်မှာပင်၊ ဘယ်(လ)ဂျီယံနိုင်ငံ၊ ဘရပ်ဆဲ(လ) အခြေစိုက် ‘International Crisis Group’ ၏ ၂၀၁၂ ခုနှစ်၊ ဧပြီ ၁၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သော ‘Reform in Myanmar: One Year On’ အမည်ရှိ စာတမ်းကို ဖတ်လိုက်ရရာ၊ ပို၍ပင် ဂရုဓမ္မထား စောင့်ကြည့်နေမိသည်။ အဆိုပါစာတမ်းက၊ မြန်မာ့ဒီမိုကရက်တိုင်ဇေးရှင်း၏ အံ့ဖွယ်အောင်မြင်မှုများကို မီးမောင်းထိုးပြထားသလို၊ ဖြစ်တန်ရာစိန်ခေါ်ချက်များကိုလည်း ဖော်ထုတ်သတိပေးထားသည်။ ဆိုခဲ့ပါစိန်ခေါ်ချက်များထဲမှ တစ်ခုမှာ - ယခုလို … ၊ “ အပြောင်းအလဲများကြောင့်၊ လူထု၏မျှော်လင့်ချက်များမြင့်မားလာချိန်၊ ကာလတာရှည် ရှိနေခဲ့သော ထိန်းချုပ်မှုများလည်း လျော့ပါးလာချိန် …၊ ဤကဲ့သို့သော အခြေအနေ အချိန်အခါမျိုးတွင် မတည်ငြိမ်မှုများထွက်ပေါ်လာနိုင်စရာ အလားအလာရှိပေသည် …။” - စသဖြင့်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဥရောပငါးနိုင်ငံခရီးမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ




ဒေါ်အောင်ဆန်းစုကြည်စီးနင်းလိုက်ပါလာသော ယာဉ်တန်းအား ကြိုဆိုထောက်ခံသူများနှင့်အတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်
ဥရောပခရီးစဉ်အဖြစ် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ ဇွန်လ ၁၃ ရက်နေ့မှ စတင်သွားရောက်ခဲ့သည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ထိုင်းလေကြောင်းလိုင်း TG 303 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသော လေယာဉ် TG 303  သည် နံနက် ၈ နာရီ ၅၀ မိနစ်အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်မည်ဟု ကြေညာခဲ့သော်လည်း လေယာဉ် delay  အချိန်ရွှေ့ဆိုင်းလိုက်၍ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်၌သာ ဆိုက်ရောက်လာခဲ့သည်။

ရာဇ၀င် ရှိပါတယ်


တခါက လူနှစ်ယောက်ရှိတယ်။ တယောက်က မျက်စိမမြင်တဲ့သူ။ ဒါပေမယ့် ဉာဏ်တော့ရှိတယ်။ သူ့ နာမည်က ဖိုးဉာဏ် တဲ့၊ နောက်တယောက်တော့ ဗလကောင်းကောင်းနဲ့ လူပဲ။ ဆိုးတာက သူကဉာဏ်တော့မရှိဘူး။ အဲ့ သူသိတာတခုတော့ ရှိတယ်အဲ့ဒါ ဖိုးဉာဏ်ကို ဆရာတင်ရမယ် ဆိုတာပဲ။
သူ့ နာမည် ဗလတဲ့။ သူတို့က အတွဲတော့ညီသား။ ဗလ က ဖိုးဉာဏ် ကို ကုန်းပိုးပြီးသွားတတ်သလို ဖိုးဉာဏ်တော့ ဗလ ပြောတာနားထောင်ပြီး ဆုံးဖြတ်ပေးတတ်တယ်။ ဘယ်လောက်တောင် လဲဆိုတော့ တခါက သူတို ညပိုင်းကြီးပြန်လာတာ ဗလ က …
“ဟေ့ကောင် ဖိုးဉာဏ်ငါတို့ဆီကို ခပ်လင်းလင်းဟာကြီးနှစ်ခု ပြေးဝင်လာတယ်”
ဖိုးဉာဏ် ကစဉ်းစားပြီး
“ဘယ်လိုဟာလဲ ဟ”
“ခပ်လင်းလင်းနဲ့ အသံတွေလဲ ထွက်နေတယ် နှာမူတ်သံကြီးနဲ့ ငါတို့နဲ့တောင် အတော်နီးလာပြီ”

ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူရေးစင်ကာပူ ကုမ္ပဏီ ကန်ဒေါ်လာ ၁၀ သန်းအကုန်အကျခံ ဆောင်ရွက်မည်


ဓမ္မစေတီ ခေါင်းလောင်းကြီးရှာဖွေရေးအတွက် စင်ကာပူနိုင်ငံ
SD Mark International LLP ကုမ္ပဏီမှ ကန်ဒေါ်လာ ၁၀ သန်းအကုန်အကျခံ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ခေါင်းလောင်းကို ရှာဖွေဆယ်ယူပြီး ရွှေတိဂုံစေတီပေါ်အထိ တင်ဆောင်ပေးကာ နိုင်ငံတော်သို့ အပ်နှံမည်ဖြစ်ကြောင်း၊
ယင်းအတွက် တစ်စုံတစ်ရာ အကျိုးအမြတ်ရယူမည်မဟုတ်ဘဲ
နိုင်ငံတော်က ချီးမြှင့်သမျှကိုသာ လက်ခံမည်ဟု အဆိုပြုကြောင်း
ယနေ့ ဇွန်လ ၃၀ ရက် ကပြုလုပ်သော ဓမ္မစေတီခေါင်းလောင်း
ဆယ်ယူမှု သုတေသနဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှ သိရသည်။

နှစ်ပေါင်း ၂၂ နှစ်အတွင်း ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီးအဖြစ် ဒဲရစ်မစ်ချယ်အား အမေရိကန် အထက်လွှတ်တော် အတည်ပြု




 w55_08
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီးအဖြစ် အထက်လွှတ်တော်၏ အတည်ပြုခြင်းခံရသော ဒဲရစ်မစ်ချယ်အား ၂၀၁၂၊ မတ်လ ၁၅ ရက်က ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်
နှစ်ပေါင်း ၂၂ နှစ်အတွင်း ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီးအဖြစ် ဒဲရစ်မစ်ချယ်အား အမေရိကန် အထက်လွှတ်တော်က ဇွန်လ ၂၉ ရက်နေ့က အတည်ပြုခဲ့သည်။

လက်ရှိ အမေရိကန် ပြည်ထောင်စု၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချယ်ကို အမေရိကန် ပြည်ထောင်စု သမ္မတ ဘာရက်အိုဘားမားက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီး အဖြစ် မေလ ၁၇ ရက်နေ့တွင်  အမည်စာရင်း သွင်းခဲ့ပြီးနောက် ယခုကဲ့သို့ အမေရိကန် အထက်လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

ဒဲရစ်မစ်ချယ်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ပြည်ထောင်စု သံအမတ်ကြီးအဖြစ် အမည်စာရင်း တင်သွင်းခဲ့ရခြင်းမှာ မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသည့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို အားပေးထောက်ခံရန်အတွက်ဖြစ်ကြောင်း သိရသည်။

သီတာဆီးပါလို့ တောင်ကြီးတွေကာ(နီမင်းဆွေ)





  အခုတလော ကိုယ်တို့နိုင်ငံမှာ ဆက်တိုက်ဖြစ်ပေါ်လာနေတဲ့ အဖြစ်အပျက်တွေကြောင့် ရင်ထဲမှာ ခံစားချက်မျိုးစုံကို ရောပြွမ်းပြီး ခံစားနေရပါတယ်။ အဲဒီလို ခံစားရမှုတွေဟာ စိတ်သက်သာစရာမရှိလို့ ကိုယ့်ဘ၀ရဲ့ အတိတ်ကာလတုန်းကရော အဲသလို ဖြစ်ခဲ့ဖူးတာမျိုး ရှိသလားလို့ ပြန် တွေးကြည့်မိပါတယ်။ အဲဒီအခါ ကိုယ့်ဘ၀တစ်လျောက်လုံးမှာ ပျော်ခဲ့ရတဲ့ အချိန်တွေက နည်းပြီး သိမ်သိမ်ငယ်ငယ်ခံစားနေရတဲ့ အချိန်တွေကသာ များခဲ့ပါလားဆိုတာကို သတိထားလာမိပါတယ်။ အဲသလို ကိုယ့်ဘ၀ဇာတ်ကြောင်းကို ပြန်လည်စဉ်းစားမိရင်းနဲ့ ငယ်စဉ်တုန်းက သင်ယူ လေ့လာခဲ့ဖူးတဲ့ ကမ္ဘာ့အရှေ့ဖျား ရာဇ၀င်ထဲက ဂျပန်နိုင်ငံအကြောင်းကိုလည်း သတိရမိပါတယ်။
ဂျပန်နိုင်ငံဟာ ၁၆၄၀ ပြည့်နှစ်မှာ ကမ္ဘာနဲ့ လုံးဝ အဆက်အသွယ်ဖြတ်ပြီး တံခါးပိတ်ထားလိုက်ပါတယ်။

က, ကညစ်ပေမှာခြစ် မဖြစ်ကြရအောင်(လူထုစိန်ဝင်း)

ဒီမိုကရေစီခေတ်မှာ ဒီမိုကရေစီပညာရေးစနစ်ဖြစ်ဖို့အတွက် အောက်ခြေကစဖို့ လိုအပ်ပါတယ်။ အလားတူပဲ တခြားနေရာတွေမှာလည်း အောက်ခြေက စပြောင်းလဲဖို့ လိုပါတယ်  . . .


w79_07 ဒီခေတ်က နည်းပညာလွှမ်းမိုးတဲ့ ခေတ်ဖြစ်တယ်။နည်းပညာတိုးတက်မှုရှိမှ တိုင်းပြည်တိုးတက်နိုင်တယ်။ ဈေးရောင်းတာတောင်တိုးတက်တဲ့ ဈေးရောင်းနည်းအတတ်ပညာတွေ သုံးတတ်ဖို့ လိုအပ်လာတယ်။ သမားရိုးကျ 'ဆန်ပေးဆေးယူ' ဈေးရောင်း နည်းတွေနဲ့တင် အလုပ်မဖြစ်တော့ဘူး။
အာရှရဲ့ ထိပ်ဆုံးက
မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ဟာ ကိုလိုနီခေတ်ကတောင် အာရှတိုက်တစ်ခုလုံးမှာ ထိပ်ဆုံးကရှိတဲ့ ပညာရေးစနစ်ဖြစ်တယ်။ စာတတ်မြောက်မှုရာနှုန်းမှာဆိုရင် အာရှသာမကဘူး ဥရောပနိုင်ငံတချို့ထက်တောင် မြင့်မား ခဲ့တယ်။ ဥရောပနိုင်ငံတွေမှာ မြို့တော် ကြီးက မှူးမျိုးမတ်နွယ်တွေနဲ့ လူကုံ ထံသားသမီးတွေသာ အိမ်မှာဆရာထားပြီး စာသင်ကြားခွင့်ရကြပေမယ့် မြန်မာပြည်က ကျေးလက်တောရွာတွေမှာတော့ တောင်သူလယ်သမား ဆင်းရဲသား သားသမီးတွေအားလုံး ဘုန်းတော်ကြီးကျောင်းတွေမှာ အခမဲ့ပညာ  သင်ကြားနိုင်ခဲ့ကြတယ်။

ရယ်စရာတွေများပြီး ဟာသရှားတယ်(လူထုစိန်ဝင်း)




လူတွေကို ငိုအောင်လုပ်ဖို့ လွယ်သလောက် ရယ်အောင်လုပ်ဖို့ ခက်ပါတယ်။ စာပေမှာလည်း အလွမ်းဝတ္ထု၊ အချစ်ဝတ္ထုရေးတာက ဟာသ၀တ္ထုရေးရတာ ထက် ပိုလွယ်ပါတယ်။ ဟာသအတတ်ပညာကို အဆင့်မြင့်ပညာရပ် တစ်ခုအဖြစ်တောင် သတ်မှတ်ကြပါတယ်။ နိုင်ငံတကာမှာလည်း လူပြက်တို့၊ လူရွှင်တော်တို့ ပေါပေမယ့် ဟာသပညာရှင်ရှားပါတယ်။ စာပေမှာလည်း ဟာသစာပေရှားပါတယ်။ ရယ်စရာ စာတွေသာများတာပါ။

သမားစဉ်ကျင့်ဝတ်ရှိတယ်

မြန်မာနိုင်ငံမှာလည်း ရယ်စရာ စာအုပ်တွေများပေမယ့် ဟာသစာပေ ရှားသထက်ရှားလာပါတယ်။ ဒီနှစ် အတွင်းမှာ ရယ်စရာစာအုပ်တွေနဲ့ ရယ်စရာရုပ်ရှင်၊ ဗီဒီယိုတွေအထွက် များတာကိုကြည့်ပြီး ဟာသပညာ ထွန်းကားတယ်လို့ တော့မဆိုနိုင်ပါ ဘူး။ သတိထားမိသလောက် အများစုက ဟာသပညာလို့ ပြောဖို့ခက်တာ မျိုးတွေဖြစ်ပါတယ်။ ရယ်စရာအဆင့်တောင် မရှိတဲ့ဗရုတ်သုက္ခတွေလည်း တွေ့ရပါတယ်။ တချို့ဆို မလှောင်အပ် မပြောင်အပ်တာတွေကိုတောင် စောင့်စည်းရမှန်းမသိဘဲ သရော်လှောင်ပြောင်ပြကြတာ တွေ့ရပါတယ်။ လူတစ်ယောက်ရဲ့ ကိုယ်ခန္ဓာချို့ယွင်း  ချက်တစ်ခုခုကို ဘယ်တော့မှ မလှောင်ရ၊ မပြောင်ရဆိုတဲ့ ရှေးသမားစဉ် ကျင့်ဝတ်ရှိပါတယ်။ မျက်စိတစ်လုံး ပျက်နေသူကို 'ဟဲ့ငကန်း' လို့ခေါ်တာ မျိုး၊ ခြေတစ်ဖက်ဆာနေသူကို 'င ကျိုး' လို့ခေါ်တာမျိုးမလုပ်အပ်ပါ ဘူး။ ဒီခေတ်မှာ သိပ်ပြီးမစောင့်စည်းကြတော့တာ သတိထားမိတယ်။

ဟိုတယ်အခန်းခ နှုန်းထားများ မြင့်တက်လာမှုကြောင့် အသေးစားနှင့် အလတ်စား ခရီးသွားလုပ်ငန်းများ ဆက်လက်ရှင်သန်ရန် ခက်ခဲလာမှုအား နိုင်ငံတော်သမ္မတထံ တင်ပြ



မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်း တိုးတက်လာမှုနှင့်အတူ ဟိုတယ်အခန်းခနှုန်းထားများသည်လည်း လိုက်ပါမြင့်တက်လာခဲ့ကာ ယခုအခါတွင် ယင်းသို့ ဈေးနှုန်းမြင့်တက်လာမှုက ခရီးသွားလုပ်ငန်း အသေးစားနှင့် အလတ်စားများ ဆက်လက်ရှင်သန်ရပ်တည်ရန် ခက်ခဲလာသည်ဟု ခရီးသွားလုပ်ငန်းနယ်ပယ်မှ သတင်းရရှိပါသည်။
ယင်းအနေအထားများကြောင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းနှင့် စပ်လျဉ်း၍ လက်ရှိအခြေအနေများအား နိုင်ငံတော်သမ္မတထံသို့ ၂၀၁၂ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က တင်ပြခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် ကန့်သတ်မှုတွေ များနေဆဲ

ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ရေးသားဖော်ပြနေတဲ့ သတင်းမီဒီယာတွေအပေါ် အစိုးရရဲ့ အရေးယူ ဆောင် ရွက်မှုတွေကို ကြည့်ရင် မြန်မာနိုငံမှာ သတင်းလွတ် လပ်ခွင့်ကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ခံ ထားရဆဲ ဖြစ်တယ် လို့ ပြင်သစ်အခြေစိုက် RSF နယ်စည်း မခြား သတင်းထောက်များ အဖွဲ့က ပြောကြားလိုက် ပါတယ်။
RFA
ရခိုင်ပြည်နယ် ပဋိပက္ခများ ရေးသားဖော်ပြမှုကြောင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ၏ တရားဆွဲဆိုခြင်း ခံရသည့် လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင် တရားရုံးမှ အာမခံဖြင့် ထွက်လာစဉ်။
အလားတူပဲ ရခိုင်ဒေသ ပဋိပက္ခတွေအပြီး စာနယ်ဇင်း ထိန်းချုပ်ကန့် သတ်တာတွေ ပိုများလာတယ်လို့လည်း ပြည်တွင်းစာနယ်ဇင်း အသိုင်းအ၀ိုင်းကလည်း ဆိုပါတယ်။

သတင်းစာဆရာ နှင့် နိုင်ငံရေး(မောင်ဝံသ)

"Becoming a politician is the only step down I could take from being a journalist."
Jim Hightower
နိုင်ငံရေးသမားဖြစ်လာတာဟာကျွန်တော့်အနေနဲ့သတင်းစာဆရာ ဖြစ်ဖို့ကနေ အောက်တစ်ဆင့်ပဲ လျှော့
ထားတာ။
(ဂျင် ဟိုင်းတာဝါ)
သူ ဆိုလိုတာက တကယ်ဖြစ်ချင်တာ သတင်းစာဆရာ။ သတင်းစာဆရာ ဘဝကို မရောက်ခင် တစ်ထစ်ပဲ လျှော့ပြီး ခံယူမယ့် ဘဝကတော့ နိုင်ငံရေးသမား ဘဝကတော့ နိုင်ငံရေးသမား ဘဝပါပဲတဲ့။
ဟိုင်းတာဝါ(၁၉၄၃ဖွား) ဟာ ဆင်ဒီကိတ် ကော်လံ ဆောင်းပါးရှင်၊ လစ်ဘရယ် ဝေဖန်ရေးဆရာ၊ ပေါ်ပြူလစ် တက်ကြွလှုပ်ရှားသူ၊အမေရိကန်နိုင်ငံမှာထင်ပေါ်ကျော်ကြားတဲ့ နိုင်ငံရေး​ သတင်းစာဆရာ တစ်ယောက်ပါ။ သူဟာ အောက်ခြေသိမ်းနိုင်ငံရေးသမားဘဝက စလုပ်ခဲ့ပြီးနောက်ဆုံးတော့ သူရည်မှန်းတဲ့ အ တိုင်း အောင်မြင်တဲ့ သတင်းစာဆရာ ဘဝကို ရောက်သွားပါတယ်။

ဗမာနိုင်ငံ နဲ့ မြန်မာလူမျိုး



မြန်မာ ဆိုတာ လူမျိုးရဲ့နာမည်

ဒေါက်တာသန်းထွန်း- မြန်မာသမိုင်းရှာတော်ပုံ စာအုပ် စာမျက်နှာ (၁၀၃- ၁၀၄) တွင် ယခုလိုဖေါ်ပြထားပါသည်။
“မြန်မာလို့ခေါ်ရင်အစပထမလူမျိုးကိုပဲခေါ်တာဖြစ်တယ်။
နောက်တစ်နေရာ တစ်နေရာတည်းမှာပဲ မြန်မာတွေအနေကြာတော့ သူတို့နေတဲ့ နေရာကိုပါ မြန်မာစု၊ မြန်မာရွာ၊ မြန်မာပြည်လို့ခေါ်တယ်၊
မွန်ကျောက်စာ (ခရစ် ၁၁၀၂ ) ထဲမှာ မြန်မာ ကို မိရ်မာ (မွန်ကျောက်စာ ၉ခ/၄၂၊ဒီ ၂၄၊ အိပ်ခ်ျ ၁၂) လို့ရေးထားတာတွေ့ရတယ်။ ထိလိုင်မင် (၁၀၈၄ – ၁၁၁၃) လက်ထက် နန်းသစ် ဆောက်တဲ့ အခါ မွန်၊ ပျူနဲ့ မိရ်မာ လက်သမားတွေပါတယ်လို့ ဆိုပါတယ်။ အဲဒါ မြန်မာနိုင်ငံရဲ့ကျောက်စာတွေထဲမှာ အစောဆုံးတွေ့ရတဲ့ မြန်မာ အကြောင်းပဲဖြစ်ပါတယ်”
“မြမ္မာ” လို့ရေးတာလည်းတွေ့ရတယ်လို့ဆိုပါတယ်။
ဒီတော့ “မြန်မာ” ဆိုတာ မြန်မာလူမျိုးရဲ့မူလနာမည်ပဲ။ တိုင်းပြည်နာမည် မဟုတ်ပါ။

Burma လို့ ခေါ်ဝေါ်မှု NLD ခုခံချေပ

ဒေါ်အောင်ဆန်းစုကြည်အပြန်ခရီးကိုစောင့်ကြိုနေသောလူထု

ပြည်ပခရီးစဉ်တွေအတွင်းမှာ မြန်မာကို Burma လို့ ဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့ ခေါ်ဝေါ်သုံးစွဲ တာဟာ ဥပဒေနဲ့ဆန့်ကျင်တဲ့ကိစ္စ မဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိပုဂ္ဂိုလ်တွေ က ချေပလိုက်ကြပါတယ်။ မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်ကတော့ အခုလို ခေါ်ဝေါ်သုံးစွဲတာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆန့်ကျင်နေတဲ့အတွက် မြန်မာနိုင်ငံအဖြစ်နဲ့သုံးစွဲဖို့ အသိပေး အကြောင်းကြား တဲ့ အကြောင်းကို ဒီကနေ့ သတင်းစာထဲမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူမရဲ့မိန့်ခွန်းတွေမှာ မြန်မာနိုင်ငံကို  Burma လို့ ပြောဆိုအသုံးပြုနေတဲ့ အပေါ်မှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကနေပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ဇွန်လ ၂၈ ရက်၊ ရက်စွဲနဲ့ မြန်မာနိုင်ငံလို့ သုံးစွဲဖို့ အသိပေး အကြောင်းကြားစာ တစ်စောင် ပေးပို့ထားတယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြလာပါတယ်။

မြောက်ကိုရီးယားက မြန်မာနဲ့ စစ်လက်နက်အပေးအယူ လုပ်ခဲ့ဖွယ်ရှိ

မြောက်ကိုးရီးယားက ဆီးရီးယားနဲ့ မြန်မာနိုင်ငံတို့နဲ့ စစ်လက်နက်ဆိုင်ပစ္စည်းရာ အပေးအယူတွေ လုပ်ခဲ့ဖွယ်ရှိတယ်ဆိုတဲ့ လွတ်လပ်တဲ့ကျွမ်းကျင်သူတွေရဲ့ အဖွဲ့တစ်ဖွဲ့က စုံစမ်းစစ်ဆေးရေးသားထားတဲ့ အစီရင်ခံစာတစ်စောင်ကို ကုလသမဂ္ဂက ဇွန်လ (၂၉) ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီအစီရင်ခံစာကို Reuters သတင်းဌာနက လွန်ခဲ့တဲ့ မေလကတည်းက ကြည့်ခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။
လွတ်လပ်တဲ့ကျွမ်းကျင်သူအဖွဲ့က စာမျက်နှာ (၇၄) မျက်နှာပါတဲ့ ဒီအစီရင်ခံစာကို ပြီးခဲ့တဲ့ မေလက ကုလ သမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြောက်ကိုးရီးယားကို အရေးယူပိတ်ဆို့ဒဏ်ခတ်ရေး ကော်မတီဆီ တင်သွင်း ခဲ့ပြီးတော့ ဒီအစီရင်ခံစာ ထုတ်ပြန်ရေးကို တရုတ်က ကန့်ကွက်နေတာကြောင့် တစ်လကျော် နောက် ကျပြီးမှ ထွက်လာရတာဖြစ်တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။

မိခင်က Online မှာ Chatting ဝင်ပြီး ကလေးငယ်နာဖျားမှု လျစ်လျူရှုလို့ (၁၉)လသား ကလေးငယ်သေဆုံး

ဂျပန်နိုင်ငံရှိ အသက်(၂၉)နှစ်အရွယ် မိခင်တစ်ဦးဟာ သူမရဲ့ (၁၉)လသားအရွယ် သားလေး ဖျားနေတာကို ဇွန်လ(၂၄)ရက်နေ့ မွန်းလွဲချိန်တွင် သိထားခဲ့ပေမယ့် ကလေးကို အိပ်ယာပေါ်တွင် လှဲအိပ်စေကာ သူမကတော့ Online မှာ Chatting ဝင် စကားပြောနေခဲ့ရာမှ နောက်တစ်နေ့ မနက်အစောပိုင်း (၂)နာရီလောက်တွင် အသက်မရှိတော့သော ကလေး၏ အလောင်းအား တွေ့ရှိခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။
ဖျားနေတဲ့ကလေးကို ပြုစုစောင့်ရှောက်မှုမရှိဘဲ လျစ်လျူရှု ပစ်ထားတဲ့အတွက် ကလေးငယ်သေဆုံးမှု ဖြစ်ပေါ်စေခဲ့တယ်လို့ သံသယရှိသောကြောင့် ကလေး၏မိခင်ကို ကြာသပတေးနေ့တွင် ရဲများက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထိုအမျိုးသမီးဟာ သူမ၏ ပထမကလေးကို မွေးဖွားပြီး ရက်အနည်းငယ်အကြာတွင် ဆုံးရှုံးခဲ့ရသူတစ်ဦးဖြစ်ကာ ဒုတိယသားကိုလည်း နေအိမ် balcony မှ ပြုတ်ကျသေဆုံးသွားခဲ့လို့ ဆုံးရှုံးခဲ့ရသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

Friday 29 June 2012

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၉၀၀ ၀န်းကျင်အထိ ခုန်တက်




လဲလှယ်လိုသလောက် နိုင်ငံခြားငွေပမာဏ မရရှိ၍ လာရောက်လဲလှယ်သူမရှိသလောက် နည်းပါးသွားသည့် နိုင်ငံခြားငွေလဲကောင်တာတစ်ခုကို ဇွန်လ ၂၇ ရက်နေ့က တွေ့ရစဉ်
မြန်မာငွေကြေးဈေးကွက်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းသည် ပြင်ပဈေးကွက်အတွင်းတစ်ဒေါ်လာ ကျပ်၉၀၀၀န်းကျင်အထိဆက်လက် မြင့်တက်လျက်ရှိပြီးအက်ဖ်အီးစီပြင်ပ လဲနှုန်းမှာလည်း တစ်ယူနစ်ကျပ် ၉၀၀ အထက်ရောက်ရှိလာသည်။ ထို့အတူ ဗဟိုဘဏ်မှသတ်မှတ်သော ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်း၊ တရားဝင်ငွေလဲကောင်တာဈေးနှုန်း နှင့် ပြင်ပဈေးကွက်ငွေလဲနှုန်းများ အကြား ကွာဟချက်ပိုမိုများပြားလာ ကြောင်း ငွေကြေးဈေးကွက်အတွင်း မှ သတင်းရရှိပါသည်။

Burma ဟု မသုံးရန် ဒေါ်အောင်ဆန်းစုကြည်ကို ကော်မရှင် ထပ်မံသတိပေး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မြန်မာနိုင်ငံကို Burma ဟု သုံးနှုန်း ပြောဆိုခြင်း မပြုဘဲ အခြေခံဥပဒေ အခန်း (၁) ပုဒ်မ (၂) တွင် ဖော်ပြထားသည့်အတိုင်း ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် (သို့မဟုတ်) မြန်မာနိုင်ငံဟုသာ ခေါ်ဆို သုံးနှုန်းရန် ရွေးကောက်ပွဲ ကော်မရှင်က ဇွန်လ (၂၈) ရက်စွဲဖြင့် ကြေညာချက်တစ်ရပ် ထပ်မံထုတ်ပြန် သတိပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်သော ကမ္ဘာစီးပွားရေး ဖိုရမ်တွင် မိန့်ခွန်း ပြောကြားရာ မြန်မာနိုင်ငံကို Burma သုံးစွဲခဲ့ပြီး ဥရောပခရီးစဉ်တွင်လည်း Burma ဟု သုံးစွဲခဲ့ခြင်းကြောင့် ထပ်မံ အသိပေး အကြောင်းကြားရခြင်း ဖြစ်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင်မီဒီယာများ မှတဆင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက် ထုတ်ပြန်သည်။

"ရွှေဝါရောင်တော်လှန်ရေးနောက်ခံ ၀တ္ထုစာအုပ်ထုတ်ဝေခဲ့သည့် စာအုပ်တိုက်ကို ထုတ်ဝေခွင့်ယာယီပိတ်"


လူငယ်စာရေးဆရာမြေမှုန်လွင်ရေးသားသည့် "ကျောက်စာကို ခဲဖျက်နှင့်ဖျက်၍မရ" လုံးချင်းဝတ္ထု စာအုပ်ကို ထုတ်ဝေခဲ့မှုကြောင့် "ငါတို့"စာပေကို ထုတ်ဝေခွင့်ယာယီပိတ်သိမ်းလိုက်ကြောင်း ထုတ်ဝေသူ ကိုစန်းမွန်အောင်က ပြောသည်။
အဆိုပါစာအုပ်သည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးနောက်ခံနှင့် ရေးဖွဲ့ထားခြင်းဖြစ်ပြီး လူငယ်တစ်ယောက်၏ ဘ၀တော်လှန်ရေးမှတ်တမ်းဟု စာအုပ်မျက်နှာဖုံးတွင်ရေးသားထားသည်။
"စိစစ်ရေးရုံးရှေ့မှာ စာကပ်ထားတယ်။ ဆက်လက်အရေးယူသွားမယ်လို့လည်း ပြောတယ်။ ဒီစာအုပ်ကို ဖတ်ညွှန်း မရေးရဘူးလို့ ဂျာနယ်တွေကို စိစစ်ရေးကဖုန်းဆက်ထားတယ်လို့ ကြားပါ တယ်" ဟု ကိုစန်းမွန်အောင်က ဆိုသည်။

မိုးရာသီမှာ ပိုလို့ရုန်းကန်ကြရတဲ့ သမ္ဗန်သမားတွေရဲ့ဘဝ


ဒလဆိပ်မှ ပန်းဆိုးတန်းဆိပ်သို့ ကူးမည့် သမ္ဗန်သမားတစ်ဦး။
ဓာတ်ပုံ - လွင်ကိုတိတ်

မိုးဖွဲဖွဲ ရွာနေတာကြောင့် ပန်းဆိုးတန်း ဆိပ်ကမ်း၊ ဗောတံတားပေါ်မှာ အေး အေးလူလူထိုင်သူတွေ သိပ်မရှိဘဲ လူရှင်းနေပါတယ်။ ဗောတံတား နားမှာတော့ 'ဟေး' ..'ဟား'အသံ တစ်ချက်ထွက်ထွက် လာတဲ့ ခြင်း ခတ်သူတစ်စုနဲ့ စကားထိုင် ပြောကြသူတွေ တချို့ရှိပေမယ့် ဗော တံတားပေါ်မှာ တစ်ယောက်တည်း ထိုင်နေတဲ့ သမ္ဗန်သမားကြီး ဦးမြတ်ကျော် ကတော့ ရန်ကုန်မြစ်ဝဘက်ကို လှမ်းကြည့် ရင်း တစ်စုံတစ်ရာကို အလေးအနက် တွေးနေပုံပါပဲ။
အမှန်တော့ သူတကယ်အာရုံစိုက်နေတာက ဂိတ်မှူး (သမ္ဗန်နံပါတ်နဲ့ နာမည်ကို မိုက်ခရိုဖုန်းနဲ့ ထိုင်ခေါ်နေတဲ့ သူ)ရဲ့ သူ့လှေနာမည်ကို ခေါ်မယ့်အသံ ကို နားစွင့်နေတာပါ။
"ခုလို မိုးရာသီရောက်ပြီဆိုရင် နေ့လယ်ဘက်တွေမှာ ကိုယ့်အလှည့်ပြန် ရောက်ဖို့ နာရီနှစ်ပတ်၊ သုံးပတ် (နှစ် နာရီ၊ သုံးနာရီ)လောက် ထိုင်စောင့် ရပါတယ်။ ကိုယ့်အလှည့်တစ်ခါရောက်ရင်တော့ ခရီးသည်တစ်ဦးကို တစ်ရာကျပ်နဲ့ ဆိုတော့ ၁၀ ဦးအတွက် ကျပ်တစ်ထောင် ရတယ်။ မိုးများနေရင်တော့ ခုနစ်ဦးပဲ တင်ပြီး တစ်ယောက် ၁၅၀ တောင်းလိုက်တယ်"လို့ 'ရာပြည့်'သမ္ဗန်ကို မောင်းရတဲ့ ဦးမြတ်ကျော်က ပြောပါတယ်။

Failed States ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းတွင် ဆိုမာလီယာက ငါးနှစ်ဆက်တိုက် ထိပ်ဆုံး၌ရပ်တည်




ဆိုမာလီယာနိုင်ငံ အလယ်ပိုင်းရှိ ဟူဒါမြို့တွင် ကလေးတစ်ဦး စက်ဘီးစီးနေမှုကို ဇွန်လ ၁၂ ရက်က တွေ့ရစဉ်
နှစ်စဉ်ထုတ်ပြန်လေ့ရှိသော Failed States စာရင်းကို ထုတ်ပြန်ခဲ့ရာ ၂၀၁၂ ခုနှစ်တွင်လည်း ဆိုမာလီယာက ငါးနှစ်ဆက်တိုက် ထိပ်ဆုံး၌ ရပ်တည်ခဲ့ပြီး ထိပ်ဆုံး ၁၀ နိုင်ငံတွင် အာဖရိကနိုင်ငံ ခြောက်နိုင်ငံ ပါဝင်ခဲ့ကြောင်း သိရသည်။
ဥပဒေစိုးမိုးမှု နိုင်ငံတစ်ဝန်း ကင်းမဲ့နေခြင်း၊ အစိုးရ၏ အာဏာ သက်ရောက်မှု မရှိခြင်း၊ အကြမ်းဖက်တိုက်ခိုက်မှု၊ သောင်းကျန်းမှု ဖြစ်ပွားခြင်း၊ ရာဇ၀တ်မှု ထူပြောခြင်း၊ ပြည်ပသင်္ဘောများကို ပင်လယ်ဓားပြတိုက်မှု ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်နေခြင်းတို့ကြောင့် ဆိုမာလီယာသည် ထိပ်ဆုံးတွင် ရပ်တည်ခဲ့ခြင်းဖြစ်ကြောင်း ၀ါရှင်တန်အခြေစိုက် အကျိုးအမြတ်မယူသော Fund for Peace က ဇွန်လ ၁၈ ရက်တွင် ဖော်ပြခဲ့သည်။

လွတ်လပ်သည့် ငွေကြေးဆိုင်ရာမူဝါဒ ချမှတ်ခွင့် ဗဟိုဘဏ်က စောင့်စားနေ

မြန်မာနိုင်ငံ ဗဟိုဘဏ်အနေနဲ့ ငွေကြေးဆိုင်ရာမူဝါဒကို လွတ်လွတ်လပ်လပ် ချမှတ်ကျင့်သုံးနိုင်ခွင့် ရရှိဖို့ အသင့်စောင့်စားနေကြောင်း ဗဟိုဘဏ် လက်ထောက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဝင်းက ပြောကြားလိုက်ပါတယ်။
လွတ်လပ်တဲ့ ဈေးကွက် စီးပွားရေးစနစ်ရဲ့အဓိက လက္ခဏာတစ်ရပ်ဖြစ်တဲ့ အမှီအခိုကင်းတဲ့ ဗဟိုဘဏ် ပေါ်ပေါက်လာရေးဟာ ကမ္ဘာက မြန်မာ့စီးပွားရေးအပေါ် ယုံကြည်မှု ပိုရလာနိုင်စေတဲ့ နောက်ထပ်ခြေလှမ်းဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ငွေကြေး တည်ငြိမ်မှုရှိလာပြီဆိုရင် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ စိတ်ချလက်ချ လာရောက်ကြမှာပါလို့ ဦးမောင်မောင်ဝင်းက အေအက်ဖ်ပီ သတင်းကို ပြောပါတယ်။

ငွေစက္ကူလား စက္ကူငွေလား(ဇော်မင်း)


အခုဇွန်လ ၁၅ ရက်နေ့မှာ ကျပ်ငွေ တသောင်းတန် စတင်ထုတ်ဝေပါပြီ။ မြန်မာနိုင်ငံမှာ အမြင့်ဆုံးရှိခဲ့တဲ့ ငွေစက္ကူဟာ ငါးထောင်တန် ငွေစက္ကူဖြစ်ပါ။ သြစတေးလျှနိုင်ငံက စီးပွားရေးပညာရှင်လည်းဖြစ် မြန်မာနိုင်ငံက အကြောင်းအရာတွေကို ဆက်တိုက် လေ့လာနေသူလည်း ဖြစ်တဲ့ ဒေါက်တာရှောင်တာနဲရဲ့ အဆိုအရ တသောင်းတန်ငွေစက္ကူ ထုတ်ဝေတဲ့အတွက် ငွေကြေးဖောင်းပွလာမှုကို အတိုင်းအတာတခုအထိ ကြုံတွေ့နိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ငွေကြေး ဖောင်းပွလာရင် အ ကျိုးဆက်အဖြစ် အားလုံးသိတဲ့အတိုင်း ကုန်ဈေးနှုန်းတွေ၊ ကားခတွေ၊ ဘာခညာခတွေ စသဖြင့် ဈေးတက်လာနိုင်တာကို ဆက်တိုက်ရင်ဆိုင် ရပါလိမ့်မယ်။ ဈေးတက်လာရင် ဆင်းရဲသားတွေသာ ခံပေရော့ဆိုတာ အားလုံးအသိပါ။ အခုကိုပဲ တ သောင်းတန်ထုတ်ဝေမယ်ဆိုတဲ့ တရားဝင်ကြေညာချက်ကြောင့် တချို့တတ်နိုင်သူတွေက ဒီရက်ပိုင်းအတွင်း စားသုံးကုန် တွေ ဈေးများတက်လာမှာလားဆိုတဲ့ စိုးရိမ်ချက်ကြောင့် ဆန်၊ ဆီ၊ ဆား စတာတွေကို ကြိုတင် ဝယ်ယူနေ ကြတယ်လို့ လည်း ကြားနေရတယ်။

မြန်မာအမျိုးသမီးများ ထမီဝတ်ကြသည် .. (ဇော်အောင်(မုံရွာ))



ခမောက်ဆောင်းထားတဲ့ ဗီယက်နမ်မိန်းကလေး၊ ပုသိမ်ထီးနဲ့သနပ်ခါးပါးကွက် မြန်မာမိန်းကလေး .. ဒီ၂ယောက်ရဲ့ ဓါတ်ပုံတွေဟာ မြို့ပေါ်မှာ တမင်ဖန်တီးရိုက်ယူထားတာ မဟုတ်မှန်း ထင်ရှားပါတယ်။ ကျေးလက်ဒေသကို ကင်မရာမင်း ကိုယ်တိုင် သွားပြီး ရိုက်ယူတာကြောင့် သဘာဝကျပါတယ်။ လှပပါတယ်။

ကျွန်တော်ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ (ဆိုင်ဂုံ) အလုပ်လုပ်နေပါတယ်။ မနေ့က အီးမေးမှာ Happy Planet လူမျိုးအဖြစ် ဗီယက်နမ်နိုင်ငံက ထိပ်ဆုံးအဆင့်ကို တက်လာပါတယ်။ ပြုပြင်ပြောင်းလဲမှု ၁၈နှစ်အကြာမှာ တင်းတိန်ရောင့်ရဲသော နိုင်ငံအဖြစ် နောင်အမေရိကနိုင်ငံများနဲ့အတူ ပျော်ပျော်နေထိုင်သော နိုင်ငံအဖြစ်ကို တိုးကတ်လာပါတယ်။

မြစ်ကြီးနားမြို့တွင် ဇွန်လ ၂၉ ရက်နေ့ ညနေ ၆ နာရီ ၀န်းကျင်က ဗုံးတစ်လုံးပေါက်ကွဲ၊ လူတစ်ဦးသေဆုံးခဲ့ကြောင်းသိရ




Myt2
ဗုံးပေါက်ကွဲမှုဖြစ်ပွာခဲ့သည့် နေရာအား တွေ့မြင်ရစဉ်


မြစ်ကြီးနားမြို့၊ မိုးလုံလေလုံ အားကစားကွင်းအနောက်ဘက် လ၀ကရုံးလမ်း စမားဒူးဝါးဆင်ဝါးနောင် အုတ်ဂူ နောက်ကျောလမ်းကြားတွင် ဇွန်လ ၂၉ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က ပြင်းအား အသင့်အတင့်ရှိ ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး ဖေါက်ခွဲသူကိုယ်တိုင် ညာလက်ပြတ်၊ မျက်နှာတစ်ခုလုံး ပျက်စီးကာ သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းပြည်ကို ဦးဆောင်ခွင့်ရရင် ဦးဆောင်သွားမယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

သူ့အနေနဲ့ တိုင်းပြည်ကို ဦးဆောင်ခွင့်ရရင် ဦးဆောင် လုပ်ကိုင်သွားမှာဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြင်သစ်နိုင်ငံ ပဲရစ် မြို့တော်မှာ မနေ့က သတင်းထောက်တွေရဲ့ အမေးကို ဖြေကြား ရာမှာ ပြောသွားခဲ့ပါတယ်။
AFP
၂၀၁၂ ခုနှစ် ဇွန်လ ၂၈ ရက်က ပဲရစ်မြို့ Sorbonne University တွင်ပြုလုပ်သော ညီလာခံတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နေစဉ်။
တိုင်းပြည်ကို ဦးဆောင်လုပ်ကိုင်သွားဖို့ အဆင်သင့် ပြင်ထားပါသ လားလို့ အေအက်ဖ်ပီိ သတင်းထောက်က မေးမြန်းတာကို ဒေါ်အောင် ဆန်းစုကြည်က အခုလို ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

အရိပ်နေနေ အခက်ချိုးချိုး မဖြစ်စေဖို့(ကိုနော်(ပုဂံ))

ရှေးဟောင်းအမွေအနှစ်များ မထိခိုက်စေဘဲ သဘာဝပတ်ဝန်းကျင်နှင့် လယ်ယာမြေများ မဆုံးရှုံးစေဘဲ ရှေးဟောင်းမြို့လေး တန်ဖိုးရှိရှိ ရှေ့ဆက်သွားနိုင်ဖို့ စဉ်းစားနေစဉ်မှာ ရှေးရှေးက သည်ရှေးဟောင်းမြို့လေး ခုလိုခန့်ခန့်ထည်ထည် ကျန်ရှိနေအောင် ဘယ်နည်း၊ ဘယ်ပုံ ကာကွယ်ခဲ့ကြသလဲ တွေးမိ၏  . . .


(၁)
တစ်နေ့ ဂျာနယ်ဟောင်းများကိုရှင်းရင်းက နိုင်ငံခြားသတင်းနှစ်ပုဒ် ပြန်ဖတ်ကြည့်မိပါသည်။ သတင်းနှစ်ပုဒ်လုံး အရှေ့တောင်အာရှနိုင်ငံများမှ ဖြစ်သည်။ ကာလမှာ ၂၀၀၈ ခုနှစ် သြဂုတ်လအတွင်းက ဖြစ်၏။ 
သတင်းတစ်ပုဒ်မှာကား လာအိုနိုင်ငံ၏ သတင်း။ လာအိုနိုင်ငံတွင် ခရီးသွားလုပ်ငန်း ကောင်းမွန်လာသည့်အလျောက် ဟိုတယ်သစ်များ တည်ဆောက်ရန် လိုအပ်လာသည်။ သို့ရာတွင် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းမှ ပယ်ဖျက်မခံရရေးအတွက် သမိုင်းဝင် ရှေးဟောင်းမြို့တော် လွန်ပရာဘန်၏ ဗဟိုချက်၌ ဟိုတယ်သစ်များ တည်ဆောက်မည့်အစီအစဉ်အား လာအိုနိုင်ငံက ပယ်ဖျက်လိုက်သည့်သတင်းဖြစ်သည်။   
လွန်ပရာဘန်မြို့တော် ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးရုံး အကြီးအကဲ မာနီဘွန်သွန်မာဘိုးက ပြည်ပရင်းနှီးမြှုပ်နှံများ၏ ဟိုတယ်သစ်များ ထပ်မံဖွင့်လှစ်ရေး တောင်းဆိုမှုကို ခွင့်ပြုတော့မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

စစ်တွေတွင် ဘင်္ဂါလီများကို နေရာပြောင်းရွှေ့

ဆူပူ အကြမ်းဖက်မှုများ ထပ်မံ မပေါ်ပေါက်စေရန် ရည်ရွယ်၍ ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက်တွင် နေထိုင်သော ဘင်္ဂါလီ လူမျိုးများကို နေရာပြောင်းရွေ့ နေပြီ ဖြစ်ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ပါတီဝင် တစ်ဦးက ပြောကြားသည်။

“ဘင်္ဂါလီ ၅၀၀ ဦးလောက်ကိုတော့ ပြောင်းရွှေ့ပြီး သွားပြီလို့ သိရတယ်” ဟု ၎င်းက ဆိုသည်။

ယခု ပြောင်းရွေ့နေသော ဘင်္ဂါလီများမှာ ဆူပူ အကြမ်းဖက်မှု ဖြစ်ပွားစဉ်က ဝင်ရောက် ခိုလှုံနေသော ဘင်္ဂါလီ လူမျိုးများသာ ဖြစ်ပြီး မူလနေထိုင်သူများ မပါဝင်သေးကြောင်း အဆိုပါ ပါတီထံမှ သိရှိရသည်။

ရွှေတိဂုံရင်ပြင်ထီးတော်ပုံပန်းစေတီမှ ဗိုလ်ချုပ်အောင်ဆန်းကမ္ဗည်းစာ (၂)ချပ်

 
ရွှေတိဂုံစေတီသည်မြန်မာလူမျိုးဗုဒ္ဓဘာ သာဝင်များ၏အလေးအမြတ်ထားရာစေတီ  တဆူဖြစ်သည်။ကျွန်မတို့ဧည့်လမ်းညွှန် များအနေဖြင့်ဧည့်သည်များအားမရောက်  မဖြစ်ပြသရသောနေရာမှန်လည်းဖြစ်ပါသည်။   ရွှေတိဂုံကုန်းတော်ပေါ်မည်သည့်အချိန်ရောက်  ရောက်စိတ်ကြည်လင်လန်းဆန်းရသည်။  မြန်မာနိုင်ငံသို့ရောက်ရှိသောဧည့်သည်အား   လေဆိပ်မှကြိုဆိုပြီးနောက်ထိုနေ့တွင်ဖြစ်  ဖြစ်၊သို့မဟုတ်အချိန်ရပါကနောက်တစ်ရက်  တွင်ရွှေတိဂုံသို့ပို့ရမြဲဖြစ်ပါသည်။ရွှေတိဂုံ  သို့ရောက်သည်နှင့်ဧည့်လမ်းညွှန်တစ်ဦး  အနေဖြင့်မြန်မာ့ဓလေ့၊ဗိသုကာလက်ရာ၊  သမိုင်းတို့ကိုရှင်းလင်းပြောကြားရသည်။

သိကြားမင်းဦးမာဃ နှင့် မာတလိ


 
တစ်နေ့တွင် သိကြားမင်းဦးမာဃသည်  တပည့်ကျော်မာတလိနတ်သားအား ခေါ်ယူတွေ့ဆုံ၍ အောက်ပါအကြောင်း အရာများကို မေးမြန်းခဲ့လေသည်။
ဦးမာဃ- သင်္ကြန်ပြီးကတည်းက လူ့ပြည် ကို ထပ်မရောက်တော့ နင့်ကိုလူ့ပြည်ရဲ့ သတင်းတွေ မေးရဦးမယ်။
မာတလိ- မှန်လှပါ။ ကျွန်တော်မျိုးသိသ မျှ ရွှေနားတော်သွင်းပါ့မယ် ဘုရား။
ဦးမာဃ- လူဦးရေတစ်ထောင်မှာ ကား (၁၄) စီး စီးနိုင်ပြီဆို ဟုတ်ရဲ့လားကွဲ့။
မာတလိ- ပြောကြတာပါပဲဘုရား။ ကျွန်တော်မျိုးသိတာကတချို့လူတွေတစ်ဦး တည်းကား (၇) စီးလောက်ပိုင်တာတွေ တော့တွေ့ရပါတယ်ဘုရား။
ဦးမာဃ- သဘာဝဓာတ်ငွေ့တွေ၊ ရေ အားလျှပ်စစ်တွေက တိုင်းပြည်အတွက် ဒေါ်လာတွေတော်တော်ဝင်တယ်ဆို။

ဘင်္ဂလားဒေ့ရှ် မြေပြို၊ လူရာကျော် သေဆုံး

ဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ရေကြီး မြေပြိုမှုအတွင်း သေဆုံးသူ အရေအတွက်ဟာ အနည်းဆုံး ၁၁၀ ဦး ထက်မနည်း ရှိနေပြီလို့ သိရပါတယ်။

စစ်တကောင်းဆိပ်ကမ်း ပတ်ဝန်းကျင်တ၀ိုက်၊ Cox's Bazaar နဲ့ ဘန်ဒါဘန် ဒေသတ၀ိုက်မှာ ရက်ပေါင်း အတန်ကြာ မိုးသီးထန်စွာ ရွာသွန်းခဲ့မှုကြောင့် နေစရာ ထိုင်စရာမရှိ ဖြစ်နေသူတွေက ၆၀,၀၀၀ လောက် ရှိနေတယ်လို့ ဆိုပါတယ်။

မြေပြိုကျမှုကတော့ မြို့အစွန်အဖျား လူနေတဲတွေ ရှိတဲ့နေရာမှာ ဖြစ်ပွားခဲ့တာပါ။ အင်္ဂါနေ့ ညဘက် လူတွေ အိပ်ပျော်နေတဲ့ အချိန်မှာ ဖြစ်ပွားခဲ့ပြီး ကလေးငယ်တွေလည်း အများအပြားပါဝင်တယ်လို့ ဆိုပါတယ်။

မြန်မာတွင် ရင်းနှီးမြှုပ်နှံခွင့် အမြန်ဆုံးပေးရန် အထက်လွှတ်တော်အမတ်များ တိုက်တွန်း

မြန်မာနိုင်ငံမှာ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ ဆိုင်းငံ့ထားပြီ ဖြစ်တဲ့အတွက် အမေရိကန် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီတွေ အနေနဲ့ သွားရောက် ရင်းနှီးမြှုပ်နှံခွင့် အမြန်ပေးဖို့ အမေရိကန် အထက်လွှတ်တော်အမတ်တွေက အိုဘားမားအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
(Photo: AFP)
အမေရိကန် အထက်လွှတ်တော်အမတ် Jim Webb ဖြစ်ပါသည်။
၂၂ နှစ်တာကာလအတွင်း မြန်မာနိုင်ငံအတွက် ပထမဆုံး အမေရိကန် သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဖို့  Mr.Derek Mitchell ကို အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီက အတည်ပြုပွဲ အခမ်းအနားမှာ ဒီမိုကရက်တစ်ပါတီ အမတ် Jim Webb နဲ့ Republican အမတ် James Inhof တို့က တိုက်တွန်းလိုက်ကြတာပါ။

‘အနုပညာ အလုပ်လုပ်တဲ့အခါ ခံစားချက်က အရေးကြီးပါတယ်’ ၊ သရုပ်ဆောင် အဆိုတော် ၀ိုင်းစုခိုင်သိန်းနှင့် တွေ့ဆုံခြင်း




e5112 ယခုတစ်ပတ် အင်တာဗျူးကဏ္ဍတွင် တွေ့ဆုံမေးမြန်းဖြစ်သူက သရုပ်ဆောင်ပိုင်းတွင် သာမကအဆိုပိုင်းတွင်ပါ ပရိသတ်လက်ခံထားသူ ၀ိုင်းစုခိုင်သိန်းပင်ဖြစ်သည်။ ပရိသတ်ရှေ့မှောက် ရောက်ရှိလာသည့် ဇာတ်ကားများတွင် ပီပြင်သည့် ဇာတ်ကောင်စရိုက်များနှင့် ဖမ်းစားနိုင်ခဲ့သူ ၀ိုင်းစုခိုင်သိန်းက ထွက်ရှိထားသည့် တစ်ကိုယ်တော် တေးစီးရီးများဖြစ်သည့် ‘မက်လောက်စရာ’ နှင့် ‘မျက်လှည့်’ နှစ်ခွေလုံးတွင် ပရိသတ် အားပေးမှုအပြည့်အ၀ ရရှိထားသူဖြစ်သည်။ ဂီတနှင့် သရုပ်ဆောင်နယ်ပယ် နှစ်ခုကြား လှုပ်ရှားနေသူ ၀ိုင်းစုခိုင်သိန်းက မကြာခင် ရုံတင်ပြသတော့မည့် ဒါရိုက်တာမီးပွား ရိုက်ကူးသော ‘ဆယ့်နှစ်ကြိုးကဝေ’ လူငယ် အချစ်ဂီတဇာတ်လမ်းတွင် ဇာတ်ကောင်စရိုက်အတိုင်း ပီပြင်စွာ ပုံဖော်ထားသည်ကို တွေ့မြင်ရသည်။

Thursday 28 June 2012

သမ္မတ အကြောင်း ကြားပါက ဒုတိယ သမ္မတ နေရာ ပြန်လည် ရွေးချယ် မည်


လာမည့်  ဇူလိုင် ၄ ရက်နေ့တွင် ကျင်းပမည့် စတုတ္ထ အကြိမ် လွှတ်တော် ပုံမှန် အစည်းအဝေး များတွင် နိုင်ငံတော် သမ္မတမှ အကြောင်းကြား လာပါက ဒုတိယ သမ္မတနေရာ ပြန်လည်ရွေး ချယ်အ တည်ပြုမှုများ ပြုလုပ်ရမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ဆိုသည်။

“ဒုတိယသမ္မတ သီပာသူရ ဦးတင်အောင်မြင့်ဦး ကျန်းမာရေးချို့ယွင်းနေတယ်ဆိုတော့ နိုင်ငံတာဝန်တွေ ထမ်းဆောင်ဖို့က ဘယ်လိုမှကို အဆင်မပြေတော့ဘူး။ ပြီးတော့ သူအနားယူဖို့အတွက်ကိုလည်း သမ္မတဆီကို အကြောင်းကြားပြီးသား။ ဒီတော့ သမ္မတကသာ လက်ခံပြီး အကြောင်း ကြားလာမယ်ဆိုရင် ခုကျင်းပမည့် လွှတ်တော်အစည်း အဝေးမှာ ဒုတိယသမ္မတတစ်ဦး ထပ်မံရွေးချယ်သွားမှာပါ”ပာု အမျိုးသားလွှတ်တော် ကိုယ်စား လှယ်တစ်ဦးက ဆိုသည်။

မိခင်နို့သည် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်မှု ကာကွယ်နိုင်စွမ်းရှိကြောင်း တွေ့ရှိ




မိခင်နို့သည် ကလေးများတွင် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်မှုကို ကာကွယ်ပေးနိုင်ကြောင်း ကြွက်များတွင် သုတေသနပြုစမ်းသပ်မှုအပြီး လေ့လာတွေ့ရှိခဲ့ကြောင်း သိရသည်။
အမေရိကန်၊ မြောက်ကာရိုလိုင်း နားတက္ကသိုလ်မှ ဒေါက်တာဗစ်တာ ဂါစီယာက ယင်းသုတေသနကို ဦးဆောင်ပြုလုပ်ခဲ့ပြီး အွန်လိုင်းဂျာနယ်တစ်ခုဖြစ်သော Public Library of Science Pathogens တွင် ဖော်ပြခဲ့ကြောင်း သိရသည်။ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံထားရသော ကြွက်များတွင် စမ်းသပ်မှုအရ ကြွက်အချို့မှာ အိတ်ခ်ျ အိုင်ဗွီပိုးကို မိခင်နို့တိုက်ကျွေးမှုမှ တစ်ဆင့်ရလာခဲ့ခြင်းဖြစ်သော်လည်း မိခင်နို့ထဲတွင်ပင် ဗိုင်းရပ်စ်ကို ပြင်းပြင်းထန်ထန် ခုခံနိုင်စွမ်းရှိကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အိုင်းစတိုင်းသီအိုရီ မှန်ကန်နေဆဲ၊ အလင်းထက်မြန်သော အမှုန်သုတေသန အောင်မြင်ခဲ့သည်ဆိုခြင်းမှာ မှားယွင်းကြောင်း သိပ္ပံပညာရှင်များ ၀န်ခံ






နျူထရီနို အက်တမ်တစ်ပိုင်း အမှုန်များကို အလင်းထက် လျင်မြန်သော အမြန်နှုန်းဖြင့် ပို့လွှတ်နိုင်ခဲ့သည်ဆိုသော ယမန်နှစ်ကပြုလုပ်ခဲ့သည့် သုတေသန အောင်မြင်သည်ဆိုခြင်းမှာ မှားယွင်း တွက်ချက်မိခြင်းသာဖြစ်ကြောင်း ယင်းသုတေသနကို ဦးဆောင်လုပ်ကိုင်ခဲ့သော သိပ္ပံ ပညာရှင်များက ဇွန်လ ၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

စကြ၀ဠာအတွင်း အက်တမ်တစ်ပိုင်း အမှုန်များသည်လည်းအခြား အရာရာတိုင်းကဲ့သို့ပင် အလင်းအမြန်နှုန်းထက် ပိုမြန်အောင် မသွားနိုင်သည်မှာ သေချာကြောင်း ၀န်ခံခဲ့ရခြင်းဖြစ်ပြီး ရူပဗေဒပညာရှင်ကြီး အဲလ်ဘတ်အိုင်းစတိုင်း၏ တွက်ချက်ဖော်ထုတ်ခဲ့မှုများ မှန်ကန်ဆဲဖြစ်ကြောင်း ၀န်ခံခဲ့ရခြင်းလည်းဖြစ်သည်။

ရန်ကုန် ဆောက်လုပ်ရေး အလုပ်သမား နှစ်ထောင်နီးပါး လုပ်ခတိုးရေး ဆန္ဒပြ

တော်ဝင် ဆောက်လုပ်ရေး စီမံကိန်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမား နှစ်ထောင်နီးပါးဟာ လုပ်အားခ တိုးမြှင့်ရရှိရေးအတွက် ဒီကနေ့ စတင် ဆန္ဒပြနေကြပါ တယ်။
RFA
၂၀၁၂ ခုနှစ် ဇွန်လ ၂၈ ရက်က တော်ဝင် ဆောက်လုပ်ရေး စီမံကိန်းတွင် အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမားများ လုပ်အားခ တိုးမြှင့်ရရှိရေးအတွက် ဆန္ဒပြနေကြစဉ်။
ဆန္ဒပြ အလုပ်သမားတွေဟာ ရန်ကုန် အင်းစိန်မြို့နယ် အောင်ဇေယျ တံတားအနီး၊ ပေါက်တောရပ်ကွက်မှာ တော်ဝင်ကုမ္ပဏီက ဆောက်လုပ်နေတဲ့ တန်ဖိုးနည်း အထပ်မြင့်အိမ်ယာ စီမံကိန်းက ကုမ္ပဏီဝန်ထမ်းတွေ ဖြစ်ပါတယ်။

မောင်တောတွင် လက်နက်လုယက်မှု ဖြစ်ပွါး


ရခိုင်ပြည်နယ် နယ်စပ်မြို့ မောင်တောတွင် ဆူပူအကြမ်းဖက်မှုများကြောင့် အရေးပေါ်အခြေအနေနှင့် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်ကြားမှ လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် လုံထိန်းရဲတပ်ဖွဲ့ဝင် တစ်ဦးထံမှမွတ်ဆလင် (၅)ဦးက ၀ိုင်းပြီး လက်နက်လုရန် ကြိုးပမ်းမှုတစ်ခု ဖြစ်ပွါးခဲ့ကြောင်း သတင်းရရှိသည်။

“မနေ့က ညနေ (၈)နာရီဝန်းကျင်လောက်မှာ ဖြစ်တာပါ။ ပစ်သံပြေးလွှားအော်ဟစ်သံတွေ ကြားလို့ စုံစမ်းကြည့်တော့ ကျွန်တော်တို့ ရပ်ကွက်အနီး တံတားမှာ လုံခြုံရေးချထားတဲ့ လုံထိန်းရဲတစ်ယောက်ဆီကနေ ကုလား (၅)ယောက်က ၀ိုင်းပြီးသေနတ်လုတာဖြစ်တယ်လို့ သိရပါတယ်″ ဟု မောင်တော မြို့သူကြီးရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။

အာရှသန်းကြွယ်သူဌေး အရေအတွက်သည် အမေရိကထက် ပိုမိုများပြားလာ






အာရှ-ပစိဖိတ်ဒေသသည် မြောက်အမေရိကကို ကျော်လွန်ပြီး ကမ္ဘာတွင် သန်းကြွယ်သူဌေး အရေအတွက် အများဆုံးရှိရာ ဒေသအဖြစ် ပထမဆုံးအကြိမ် ဖော်ပြခံခဲ့ရကြောင်း Capgemini and Royal Bank of Canada မှ နှစ်စဉ်ထုတ်ပြန်သည့် ကမ္ဘာလုံးဆိုင်ရာ ဥစ္စာဓနကြွယ်ဝမှု အစီရင်ခံစာတစ်ခုတွင် ဖော်ပြခဲ့သည်။

အာရှ-ပစိဖိတ်၏ သန်းကြွယ်သူဌေးများသည် ၂၀၁၁ ခုနှစ်တွင် တစ်ဦးချင်း အသားတင်ပိုင်ဆိုင်မှု (HNWI)ဒေါ်လာ ၃ ဒသမ ၃၇ သန်းဖြင့် မြောက်အမေရိကကို ကျော်တက်ခဲ့ခြင်းဖြစ်သည်။ အိမ်ခြံ မြေ၊ ဥစ္စာဓနစုဆောင်းမှုနှင့် ရေရှည် သုံးစွဲနိုင်မှုများကို ထည့်မတွက်ဘဲ ရင်းနှီးမြှုပ်နှံမှုမှ အနည်းဆုံး ဒေါ်လာတစ်သန်း ရရှိသည့်သူများကို သတ်မှတ်ခြင်းဖြစ်သည်။

လွတ်လပ်စွာပြောဆိုခွင့်


မြန်မာအမျိုးသမီးများအတွက် စဉ်းစားရမယ့်အချိန်

လူတစ်ရပ်ကျော်မြင့်သော ဆိုင်းဘုတ်ကြီးတွင် စည်းကမ်းချက် ၁၅ ချက်ကိုတရုတ်-မြန်မာနှစ်ဘာသာဖြင့် ရေးသားထားသည်။ စည်းကမ်းချက်၊ နံပါတ်၁၂ တွင် “အရပ်သားနှင့် ချစ်ရေး ကြိုက်ရေးပြုခြင်း၊ အတူနေထိုင်ခြင်း၊ လက်ထပ်ခြင်းမပြုရ”ဟူသောသတ်မှတ်ချက်ပါဝင်သည်။ ရခိုင်ပြည်နယ်၊
ကျောက်ဖြူမြို့နယ်ရှိ မြဒေးကျွန်း၌ အခြေစိုက်ဆောင်ရွက်လျက်ရှိသောကျောက်ဖြူရေနက်ဆိပ်ကမ်းတွင် မြန်မာ-တရုတ်ရေ နံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းခွင်မှ တရုတ်ဝန်ထမ်းများ လိုက်နာရန် ချမှတ်ထားသော စည်းကမ်းချက်ဖြစ်သည်။
အထူးစီးပွားရေးဇုန်များ၊ ရေနက်ဆိပ်ကမ်းများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပြည်တွင်းသို့ ၀င် ရောက်လာတော့မည် အချိန်တွင် နိုင်ငံခြားသား၊ လူမျိုးခြားများလည်း အလုံးအရင်းဖြင့်ရောက် ရှိလာတော့မည်ဖြစ်သည်။ မြန်မာ နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ပွင့် လန်းလာမည်ဖြစ်သလို လူမှုရေးဆိုင်ရာ ကူးလူးဆက်ဆံမှုများလည်း ကြုံတွေ့လာတော့မည် ဖြစ်သည်။

မြန်မာသံအမတ်နေရာအတွက် အမေရိကန် အထက်လွှတ်တော်မှာ ကြားနာ

မြန်မာနိုင်ငံအတွင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ ပေါ်လာပြီဆိုပေမယ့် စိုးရိမ်ရဆဲ အခြေအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဆဲ ဖြစ်တဲ့ အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် အဆိုပြု ခံထားရတဲ့ အမေရိကန် မူဝါဒညှိနှိုင်းရေးမှူး Derek Mitchell က သူ့ကို သံအမတ်ကြီးအဖြစ် အဆိုပြုတာနဲ့ ပတ်သက်ပြီး အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကောက်မတီ ရှေ့မှောက်ကြားနာပွဲမှာ  မနေ့က ပြော ဆိုပါတယ်။ အမေရိကန် စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် အမေရိကန်ပြည်ထောင် စုရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဖြစ်ဖို့ သူ့အနေနဲ့ အားပေးလုပ်ဆောင်သွားမယ်လို့ ပြောပါ တယ်။

ဒေါ်အောင်ဆန်းစုကြည် ပါရီမြို့ ဂုဏ်ထူးဆောင် မြို့သားဘွဲ့လက်ခံရယူ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၄ ခုနှစ်မှာ သူ့ကို ချီးမြှင့်ထားတဲ့ ပါရီမြို့ ဂုဏ်ထူးဆောင် မြို့သားဘွဲ့ကို ဒီကနေ့မှာပဲ လက်ခံရယူ လိုက်ပါတယ်။
AFP
၂ ခုနှစ် ဇွန်လ ၂၇ ရက်က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပါရီမြို့ ဂုဏ်ထူးဆောင် မြို့သားဘွဲ့ကို လက်ခံရယူနေစဉ်။
ဒီမတိုင်ခင်မှာတော့  ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်ရောက် မြန်မာ တိုင်းရင်းသား အယောက် ၁၅၀ နဲ့ ပဲရစ်မြို့တော်ခန်းမမှာ တွေ့ဆုံခဲ့ ပါတယ်။
ညနေပိုင်းမှာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Laurent Fabius အပါအ၀င် အစိုးရ ထိပ်တန်းအရာရှိတွေနဲ့ ညစာစားပွဲမှာ တွေ့ဆုံဖို့ရှိတယ် လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ခရီးစဉ်မှာ လိုက်ပါ သွားတဲ့ ဦးခွန်သာမြင့်က ပြောပါတယ်။

ကလေးစစ်သား ပပျောက်ရေး မြန်မာ ကုလ သဘောတူလက်မှတ်ရေးထိုး

မြန်မာနိုင်ငံမှာ ကလေးစစ်သား အသုံးပြုမှု ပပျောက်ရေးအဖြစ် ကုလသမဂ္ဂနဲ့ မြန်မာအစိုးရတို့ လုပ်ငန်းစဉ်တွေ ချမှတ်ပြီး သဘောတူ လက်မှတ်ရေးထိုး လိုက်တယ်လို့ သတင်းရရှိပါတယ်။
ကလေးသူငယ်တွေကို မြန်မာ့တပ်မတော်မှာ စစ်မှုထမ်းခြင်းမှ ကာကွယ်ဖို့နဲ့ အသက်မပြည့်သေးတဲ့ တပ်သားသစ်တွေကို လွတ်မြောက်ခွင့်ပြုဖို့ လုပ်ငန်း အစီအစဉ်တရပ်ကို လက်မှတ်ရေးထိုးကြတာလို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီအစီအစဉ်ကို ကုလသမဂ္ဂဆိုင်ရာ ကလေးသူငယ်များ စောင့်ရှောက်ရေးအဖွဲ့ UNICEF က ဦးဆောင်တာဖြစ်ပြီး ဒီလုပ်ငန်းတွေအတွက် အစိုးရက အကောင်အထည်ဖော်တဲ့နေရာမှာ UNICEF က အထောက်အပံ့ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Cronies တွေနဲ့ နိုင်ငံသစ်၏ စီးပွားရေး (ဒေါက်တာခင်မောင်ညို)

ခုလိုပြောင်းလဲလာတဲ့အခါ စီးပွားရေးလုပ်ငန်းတွေ အားလုံးကိုပွင့်လင်းမြင်သာအောင် ဥပဒေတွေနဲ့ ထိန်းရမယ်။ အချိန်တော့ကြာမယ်။ အမှားအယွင်းတွေ ရှိဦးမှာပဲ။ ဒါကိုလက်ခံကြရမယ်။ မြန်မာလူငယ်လေး တွေဟာလည်း Business Tycoon တွေ ဖြစ်လာနိုင်တာပဲ။ သူတို့မှာ ကြိုးစားနိုင်တဲ့ အခွင့်အရေးတွေ ရှိလာနိုင်တယ်။ ဥပဒေနဲ့ ထိန်းနိုင်ပြီး တိုင်းပြည်ဟာ ပွင့်လင်းမြင်သာလာတဲ့အခါ Cronies တွေရဲ့ လက်ဝါးကြီးအုပ်မှုဟာ နည်းလာမယ်  . . .


Crony အကြောင်းကို ပြောချင်ပါတယ်။ Crony ရဲ့ မူလအဓိပ္ပာယ်ကတော့ မိတ်ဆွေကောင်း မိတ်ဆွေဟောင်းပါပဲ။
ကျွန်တော့်ဆီမှာရှိတဲ့ Dictionary အတော်များများမှာတော့ Crony ရဲ့ အဓိပ္ပာယ်ဟာ ရိုးစင်းတယ်။(Crony; Close fried:a close friend of someone especially one of long standing)
အနီးကပ်မိတ်ဆွေ၊ အနီးကပ် မိတ်ဆွေ။ ရှေးကတည်းကခင်မင်တဲ့ မိတ်ဆွေကောင်းမိတ်ဆွေဟောင်းပါ ပဲ။

Wednesday 27 June 2012

ရခိုင်ပြည်နယ် ပဋိပက္ခ သေဆုံးသူ ၇၈ ယောက်ရှိကြောင်း အစိုးရဖော်ပြ

အစိုးရ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားတဲ့ စာရင်းဇယားအရ - ဌာနေ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာ ဘင်္ဂါလီတွေကြား ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ မေလ (၂၈) ရက်ကနေ ဇွန်လ (၂၄) ရက်အထိ နှစ်ဘက် တိုက်ခိုက်မှုပေါင်း ( ၉၂) ကြိမ် ဖြစ်ပွားခဲ့ရာမှာ စုစုပေါင်း သေဆုံးသူ (၇၈) ယောက်၊ ထိခိုက်ဒဏ်ရာရသူ အရပ်သား (၈၅) ယောက်နဲ့ ရဲတပ်ဖွဲ့ဝင် (၂) ယောက်၊ မီးလောင်ကျွမ်း ပျက်စီးခဲ့ ရတဲ့ အိမ်ခြေပေါင်း (၃၁၅၈) လုံး ရှိကြောင်း ဖော်ပြထားပါတယ်။
US Department of State
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောခွင့်ရ အမျိုးသမီး Victoria Nuland က သတင်းထောက်များကို ရှင်းလင်းပြောကြားနေစဉ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို လှေတွေနဲ့ ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာ ဘင်္ဂါလီတွေ ကိစ္စနဲ့ပတ်သက်ပြီး နှစ်နိုင်ငံ ဆွေးနွေးကြဖို့ အမေရိကန် အစိုးရက တိုက်တွန်းကြောင်း လည်း နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Victoria Nuland က မနေ့က ကျင်းပတဲ့ ပုံမှန်သတင်းစာရှင်း လင်းပွဲမှာ ပြောဆိုခဲ့ရာမှာ -
Related Posts Plugin for WordPress, Blogger...

ShareThis