menu

Thursday 12 December 2013

လုပ်ငန်းခွင်မှာ ခေါင်းကိုက်တဲ့အခါ

(၁) အလုပ်ပတ်ဝန်းကျင်ကိုပြုပြင်ပါ
ခေါင်းကိုက်စေတဲ့ အမွှေးနံ့၊ ရေမွှေး၊ ဆပ်ပြာစသည်တို့ကို ဖယ်ရှားပါ။ အလုပ်ထဲမှာ ကော်ဖီအလွန်အကျွံသောက်ခြင်းရှောင်ပါ။ ရေများများသောက်ပါ။ အစာစားချိန်ထက်မကျော်ပါစေနှင့်။ ကွန်ပျူတာမော်နီတာရှေ့မှာ အလင်းပြန်မှုလျှော့ချနိုင်တဲ့ မှန်တစ်ချပ်တစ်ဆင်ပါ။

(၂) ခေါင်းကိုက်ခြင်း၏ ကနဦးလက္ခ ဏာများကို သတိပြုပါ
အချို့ပုဂ္ဂိုလ်များ၌ ခေါင်းမကိုက်ခင် စိတ်တိုခြင်း၊ မူးဝေခြင်း၊ ပျို့ချင်အန်ချင်သလိုဖြစ်ခြင်း စသည်တို့ခံစားရတတ်သည်။ မိမိပင်ကိုယ် လက္ခဏာများအား ဂရုပြုမှတ်သားပြီး ခေါင်းမကိုက်ခင် အဆိုပါ ဝေဒနာများ ဖြစ်ပေါ်လာပါက ခေါင်းကိုက်ပျောက်ဆေးများ ကြိုသောက်ပါ။

(၃)တာဝန်လွှဲပြောင်းပါ
လုပ်ငန်းတာဝန်များကို တစ်ဦးတစ်ယောက်တည်း လုပ်ကိုင်ရခြင်းကြောင့် စိတ်ဖိစီးမှု ဖြစ်စေပြီး ခေါင်းကိုက်စေသည်။ လုပ်ဖော်ကိုင်ဘက်အချင်းချင်းတာဝန် လွှဲပေးပါ။

(၄) ဆေးကုသမှုခံယူရန် လိုမလို စောင့်ကြည့်ပါ
ခေါင်းကိုက်ခြင်းကြောင့် အလုပ် မကြာခဏ ပျက်ကွက်သည့်အခါ၊ လုပ်ငန်းခွင်မှ မကြာခဏစောပြန်ရသည့်အခါ၊ အလုပ်တွင်အာရုံမစိုက် နိုင် သည့်အခါ ဆေးကုသမှုခံယူပါ။

(၅) အမြင်အာရုံ စမ်းသပ်မှုခံယူပါ
ခေါင်းကိုက်ခြင်းသည် မျက်စိ မှုန်ခြင်း၊ မျက်စိအားနည်းခြင်းကြောင့် လည်းဖြစ်လေ့ရှိသည်။ မျက်လုံးတစ်ချက်ချင်းစီ ပိတ်ပြီးအနီးအဝေးကြည့်ပါ။ မျက်လုံးတစ်ဖက်ဖက်က ပိုမှုန်နေပါသလား။ မျက်မှန် တပ်လိုက်ခြင်းဖြင့် ခေါင်းကိုက်ဝေဒနာသက်သာလာပါလိမ့်မည်။

ဇော်ကို
Source:Health Central
Health Updates Journal

The Ideal Beauty ၀က်ဘ်ဆိုဒ်၏ အချောဆုံးအလှမယ် ၅၀ တွင် “ခင်ဝင့်ဝါ” ထပ်မံရွေးချယ်ခြင်းခံရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

The Most Beautiful Woman အချောလှဆုံးစာရင်းတွင် မြန်မာနိုင်ငံမှ ခင်ဝင့်ဝါသည် top-50 တွင် ထပ်မံတည် ရှိနေပြန်သည်။ ယင်းသည် ကမ္ဘာ့အချောလှဆုံးအလှမယ် Top -100 စာရင်းတွင်လည်း ဆက်လက်တည်ရှိနေကြောင်း Miss Golden Land Myanmar Organization က မဇ္ဈိမသို့ပြောသည်။

ယင်းအလှမယ်များရွေးချယ်ရာတွင် Miss World, Miss Universe, Miss Supr-anational, Miss Earth, Miss International, Miss Grand International 2013 စသည့် အလှမယ်ပြိုင်ပွဲများ အားလုံးထဲက အလှမယ်များကို The Most Beautiful Woman အချောလှဆုံးအလှမယ်အဖြစ် ရွေးချယ်ခြင်းဖြစ်သည်။

အဆိုပါရွေးချယ်မှုတွင် The Ideal Beauty ၀က်ဘ်ဆိုဒ်သည် ၂၀၀၇ ခုနှစ်ကတည်းက အချောအလှဆုံး အလှမယ် များကို စတင်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ယခု တစ်ကြိမ်တွင် ခုနစ်ကြိမ်မြောက်ရွေးချယ် ခဲ့ခြင်းဖြစ် သည်။ ၎င်းအပြင် ယင်းဝက်ဘ်ဆိုဒ်သည် တစ်နှစ်လုံးတွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာအလှမယ် ပြိုင်ပွဲများထဲက The Most Beautiful Woman အတွက်ရွေးချယ်ခြင်းဖြစ်သည်။

“ညီမ အရမ်းပျော်ပါတယ်။ ပထမဆုံး အယောက် ၁၀၀ ထဲပါတယ်။ အခု နောက်ထပ်အယောက် ၅၀ ရွေး တဲ့အထဲမှာလဲ ပါဝင်ခွင့်ရတဲ့အတွက် ၀မ်းသာမိတယ်။ နောက်ဆုံး ငါးယောက်ထဲမှာလဲ ညီမ ပါဝင်ဖို့က တော့ အဲဒီအဖွဲ့ရဲ့ရွေးချယ်မှုပါပဲ” ဟု ခင်ဝင့်ဝါကပြောသည်။

"ဒီနှစ် အကယ်ဒမီပွဲ ကို ဆန်းပြားတဲ့ တင်ဆက်မှုတွေ နဲ့ မြင်တွေ့နိုင်အောင် ကြိုးစားသွား မယ်လို့ ကတိပေးတဲ့ ဥက္ကဋ္ဌ လူမင်း"

"ဒီနှစ် အကယ်ဒမီပွဲ ကို ဆန်းပြားတဲ့ တင်ဆက်မှုတွေ နဲ့ မြင်တွေ့နိုင်အောင် ကြိုးစားသွား မယ်လို့ ကတိပေးတဲ့ ဥက္ကဋ္ဌ လူမင်း"

မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံး ဥက္ကဋ္ဌ ဦးလူမင်းက လာမယ့်နှစ် မှာပြုလုပ် မယ့် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲ ကြီးကို မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အနေ နဲ့ ဦးစီးပြီး ကျင်းပပေးမှာ ဖြစ်ပေမယ့်လည်း လာမယ့်နှစ် မှာ သူကိုယ်တိုင် ဥက္ကဋ္ဌ နေရာမှာ ရှိနေနိုင်တော့မှာ မဟုတ်တဲ့ အတွက် လက်ရှိ ဥက္ကဋ္ဌ အနေအထား မှာပဲ အခုပြုလုပ် မယ့် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန် ဆုပေးပွဲ အတွက် စီစဉ်ဆောင်ရွက် ခွင့်ရတယ် ဆိုရင် ကိုယ့်ရဲ့ ရုပ်ရှင် လောကသားတွေ အတွက် အကောင်း ဆုံး၊ အတတ်နိုင်ဆုံး လုပ်သွားမှာ ဖြစ်တယ်လို့ ပြောပြလာပါတယ်။

“ရှေ့နှစ်ထဲမှာ အစည်းအရုံး ကဦးစီးပြီး အကယ်ဒမီ ကို ကျင်းပ ပေးမယ် ဆိုပေမယ့်လည်း အဲဒီ အချိန်မှာ အစ်ကိုက ဥက္ကဋ္ဌ မဟုတ် နိုင်တော့ဘူးလေ။ အဲဒီတော့ အစ်ကို လက်ရှိ ဥက္ကဋ္ဌ အနေအထား မှာပဲ အစ်ကို စီစဉ်ဆောင် ရွက်ခွင့် ရတယ်၊ လောကသားတွေ အတွက် တောင်းဆိုခွင့်တွေ ရတယ်၊ စီမံ ဆောင်ရွက် ပိုင်ဆိုင်ခွင့် ရတယ် ဆိုရင် အစ်ကို့ရဲ့ ရုပ်ရှင်လောက အတွက် အစ်ကို အတတ်နိုင်ဆုံး လုပ်သွား မှာပါပဲ။ ဒါကို ဘယ် သူပေးပေးပေါ့။ အကယ်ဒမီပေးပွဲ ဆိုတာက အစ်ကိုတို့ လောက သားတွေ အထွဋ် အမြတ်ထား တဲ့ပွဲတစ်ပွဲပဲလေ” လို့ လူမင်းက ပြောပြပါတယ်။

အကယ်ဒမီ အခမ်းအနားတွေ ကိုတော့ သူ့အနေနဲ့ နှစ်ပေါင်း များစွာ တက်ရောက်ပြီး ကိုယ့်ရဲ့ ရုပ်ရှင် လောကသား အချင်းချင်း အားပေး နေ ကျဖြစ်သော် လည်း နှစ် တိုင်း၊ နှစ်တိုင်း တူညီတဲ့ စီစဉ် တင်ဆက် မှု တွေကိုပဲ မြင်တွေ့နေရဆဲ ဖြစ်တယ်လို့ ပြောပြတဲ့ ကိုလူမင်း က

“အစ်ကို့ အနေနဲ့ အကယ်ဒမီ ပွဲတွေကို နှစ်ပေါင်း များစွာ တက်လာ ခဲ့ပြီးပြီ။ နှစ်တိုင်း၊ နှစ်တိုင်းမှာ တူညီတဲ့ အစီ အစဉ် တင်ဆက်မှုတွေ နဲ့ပဲ တက် လာခဲ့ရတာ ဆိုတော့ အစ်ကို ကိုယ်တိုင် အပြောင်းအလဲ တစ်ခုကို လိုချင်နေ ခဲ့ တာ။ အခု အပြောင်းအလဲ တစ်ခု ဖြစ်အောင် ကိုယ်ကိုယ်တိုင် လည်း ဆောင်ရွက်ခွင့် ရပြီ ဆိုတော့ သေချာ တာတော့ အပြောင်း အလဲ တစ်ခုပေါ့။ အပြောင်းအလဲ ဆိုတဲ့ နေရာမှာ ပိုကောင်းတဲ့ပြောင်းလဲ မှု၊ ခမ်းနားတဲ့ ပြောင်းလဲမှုတွေ ဆန်းပြားတဲ့ တင်ဆက်မှုတွေနဲ့ ဖြစ်အောင် ဒီနှစ် အကယ်ဒမီ အတွက် ကြိုးစားပေး သွားမယ်လို့ ကတိပေးနိုင် ပါတယ်။ အစ်ကိုတို့ လောကသားတွေရော၊ ကြည့်ရှု ကြမယ့် ပရိသတ်တွေရော ဒီနှစ် အကယ်ဒမီ ပွဲကိုတော့ အရင်နှစ် တွေထက် ထူးခြား ဆန်းသစ်မှုတွေ နဲ့ ခံစားကြ ရလိမ့်မယ်လို့ အစ်ကိုမျှော် လင့်ထားပါတယ်”လို့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌတစ် ယောက် အနေနဲ့ ကိုလူမင်းက ပြောပြ ပေးခဲ့ပါတယ်။

ထက်လူလူ
#Aye Chan Mon မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်

Credit To :Popular Academy

Popular Academy

ရိုးရာယဉ်ကျေးမှုဝတ်စားဆင်ယင်မှုနဲ့ ကမ္ဘာ့အလယ်မှာ လူမျိုးဂုဏ်ရည်တင့်စေတဲ့ အနုပညာရှင်တို့စကားသံ

တိုင်းရင်းသားလူမျိုးစုများ စုပေါင်းနေထိုင်တဲ့ မြန်မာပြည်ဟာ ရိုးရာယဉ်ကျေးမှု ဓလေ့ ထုံးတမ်း ဝတ်စားဆင်ယင်မှု အလှတရားတွေနဲ့ နိုင်ငံ့ဂုဏ်ရည်မြှင့်တင် လို့ နေ ပါတယ်။ ကမ္ဘာမှာ လည်း မြန်မာရယ်လို့ ဂုဏ်ယူဝံ့ကြွားနိုင်အောင် မြန်မာ့စိတ်၊ မြန်မာ့အားမာန် တွေအပြင် မြန်မာ့ ရိုးရာယဉ်ကျေးမှုအသွင်သဏ္ဌာန်က ခံ့ညား ထည်ဝါစေ ပါတယ်။ ဒါ့အပြင် နိုင်ငံတကာကို အနုပညာ ပြိုင်ပွဲ၊ ဖျော်ဖြေပွဲတွေနဲ့ ခရီးစဉ်တွေထွက်ဖြစ်တိုင်း မိမိ လူမျိုးတို့ရဲ့ ရိုးရာဝတ်စားဆင်ယင် မှုတွေနဲ့ မြန်မာပြည်သားဆိုတဲ့ ဂုဏ်အင်ကို အနုပညာရှင်တိုင်းလိုလို ထုတ်ဖော်ပြသခဲ့ကြတာ တွေ့ရပါ တယ်။ ဒါ့ကြောင့် မိမိတို့ရဲ့ ရိုးရာယဉ် ကျေးမှုဝတ်စားစားဆင်ယင်ပုံကို အမြတ်တနိုးတန်ဖိုးထား စိတ်နဲ့ နိုင်ငံတကာ အလယ်မှာ ညွှန်းဆိုပြခဲ့ကြတဲ့ အနုပညာရှင်တို့ရဲ့ စကားသံတွေကို စုစည်းဖော်ပြ လိုက် ပါတယ်။
► သက်မွန်မြင့်-
“မြန်မာဝတ်စုံကို နိုင်ငံခြားက မယ်တွေလိုက်ပြီးဝတ်တာတောင်မှ တော်တော် ကြည့်လို့ကောင်းပါတယ်။ မိန်းကလေးတစ် ယောက်ရဲ့ အလှကိုလည်း ပေါ်လွင်စေ တယ်  ။ နောက်ပြီး ယဉ်ကျေးမှုအနေနဲ့လည်း သဘော ကျစရာကောင်းတယ်။ လေးစားစရာကောင်း တယ်။စိုင်းစိုင်းနဲ့ပြည်ပခရီးသွားတုန်းက သက်မွန် က ထရက်ဒစ်ရှင်နယ်နဲ့ မဟုတ်ဘဲ ရပ်ကာ ပက်ဆိုတော့ ရပ်ကာပက်နဲ့ လိုက် အောင် ချင်းရိုးရာဝတ်စုံ လေးကိုပဲဝတ်ပြီး တက် လိုက်ရတယ်။ မြန်မာဝတ် စုံနဲ့တော့ ဝတ်ပြီး မတက်လိုက် ရဘူး။ တခြားပွဲ တွေမှာတော့ မြန်မာ ဝတ်စုံဝတ်ပြီးတော့တက်ဖြစ်တယ်။ ပြည်ပမှာ ကိုယ့်ရဲ့ မြန်မာဝတ်စုံဝတ်ပြီး ပွဲတက်တဲ့အခါ မှာ ကိုယ်က ဘာပဲပြောပြော ထူးထူးခြားခြား   လေးလည်းဖြစ်တယ်။ ကိုယ့် အဝတ်အစား ကလည်း လုံလုံခြုံခြုံနဲ့ လှလှပပလေးဆိုတော့ ဘာပဲဖြစ်ဖြစ် မျက်နှာပန်းလှတာပေါ့။ လူတွေ လည်း စိတ်ဝင်စားကြတယ်။ အဲဒီလိုမျိုးဝတ်ပြီး တက်ရတဲ့အတွက် မြန်မာဆိုတာကိုပြလို့ရသလို သက်မွန် ဂုဏ်လည်းယူမိပါတယ်”

ရွှေည၀ါဆရာတော်ရဲ့ကမာရွတ်ပွဲ "ခြိမ်းခြောက်ခံရ"

ရန်ကုန်မြို့ ကမာရွတ်မြို့နယ်တွင် အင်္ဂါနေ့က ကျင်းပသည့် ရွှေည၀ါ ဆရာတော်၏ သြ၀ါဒခံယူပွဲကို  မြို့နယ် သံဃာ့နာယက အဖွဲ့က ခွင့်ပြုသော်လည်း၊   မြို့နယ် အုပ်ချုပ်ရေး အာဏာပိုင်တို့က တားမြစ်သောကြောင့် နေရာပြောင်းပြီး ပြုလုပ်လိုက်ရသည်ဟု စီစဉ်သူတို့က ဧရာဝတီကို  ပြောသည်။

ပွဲစီစဉ်သူတို့၏အသံ

ကမာရွတ်၊ အမှတ် ၁ ရပ်ကွက်၊ အောင်ချမ်းသာဓမ္မာရုံတွင် ကျင်းပခွင့် ရုပ်သိမ်းခံရသဖြင့်  ဓမ္မာရုံရှေ့ မြေကွက်လပ်တွင် ကမန်းကတန်း စီစဉ်လိုက်ရသည်ဟု

အသင်း၏ ဒုဥက္ကဋ္ဌ ဦးခင်မောင်ထွန်းက ပြောသည်။ “လက်ရှိတည်ဆဲ ဥပဒေအရ ...  အသင်းမှတ်ပုံတင်ကျမှ လုပ်ငန်းတွေ လုပ်ခွင့်ရှိမယ်ပြောတယ်။ ... အသင်းမှတ်ပုံတင်ဖို့ လက်ရှိအချိန်မှာ ကြိုးစားနေကြပါတယ် ... ဒီပွဲကိုတော့ ဖြစ်မြောက်အောင် စီစဉ်လိုက်တယ်။ တရားစွဲ လာမယ်ဆိုလည်း ရင်ဆိုင်ဖို့ အသင့်ပဲ” ဟု ဧရာဝတီသို့  ပြောသည်။

လူ့ဂုဏ်သိက္ခာချိုးနှိမ်ရန် သံခြေချင်းများကို အသုံးပြုသောအခါ

Photo: လူ့ဂုဏ်သိက္ခာချိုးနှိမ်ရန် သံခြေချင်းများကို အသုံးပြုသောအခါ
-----------------
ရေးသားသူ- အေးသူစံ၊ ထွန်းခိုင်

ခြေချင်းပြုတ်ပြီး ၁၃ နှစ်ကျော်ကျော်ကြာ အခုထိ အိပ်မက်မက်လိုက်တိုင်း ထောင်အပြင်မှာလို့ တစ်ခါမှမမက်ဘူး။ မက်တိုင်းလည်း ခြေချင်းပါတယ်။ အခု အပြင်ရောက်လို့  တစ်နှစ်ကျော်တဲ့အထိ အိပ်မက်မက်တိုင်း ခြေချင်းပါတုန်း”

မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်း အကျဉ်းထောင်လက်စွဲဥပဒေတွင် ပြဋ္ဌာန်းထားခြင်းမရှိသော သံခြေချင်းခတ်ထားခြင်းကို ၁၁ နှစ်တိတိ ခံစားခဲ့ရပြီး ထောင် ၂၃ နှစ်နီးပါးကျခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဂျော်လီထွန်းက ပြောပြခြင်းဖြစ်သည်။

အကျဉ်းထောင်အတွင်း ပြစ်ဒဏ်ကျအကျဉ်းသားတစ်ဦး ပြစ်မှုထပ်မံကျူးလွန်ခြင်း၊ ထောင်ပြောင်းရွှေ့ခြင်းတို့ပြုလုပ်ပါက ခြေချင်းခတ်ခြင်း၊ ဒေါက်ခတ်ခြင်းတို့ ပြုလုပ်လေ့ရှိသည်။ ပြစ်မှုအရွယ်အစားအလိုက် အန္တရာယ်ပေးနိုင်သည့် အကျဉ်းသားကို သံခြေချင်းခတ်ခြင်း၊ ဒေါက်ခတ်ခြင်းတို့မှာ နိုင်ငံတကာအကျဉ်းထောင်များတွင်လည်း ကျင့်သုံးလေ့ရှိသည်။

မြန်မာနိုင်ငံတွင် သံခြေချင်းကို ဓာတ်ပုံသမိုင်းအရ ကိုလိုနီခေတ်တွင် ဆရာစံကို သူပုန်မှုဖြင့် ကြိုးပေးစဉ်က ခြေချင်းခတ်ထားခဲ့ကြောင်း မှတ်သားရသည်။ မဆလခေတ် ၁၉၈၀ နောက်ပိုင်းတွင် ပြည်ထဲရေးဝန်ကြီးဟောင်းဦးဘိုနီ လက်ထက်၌ နောက်ဆက်တွဲ ညွှန်ကြားချက်အမိန့်တို့ဖြင့် သံခြေချင်းခတ်သည့်စနစ်ကို တွင်တွင်ကျယ်ကျယ်သုံးစွဲလာခဲ့သည်။

ပြစ်ဒဏ်ကျအကျဉ်းသားများကို အကျဉ်းထောင်အတွင်း လူမသိသူမသိ နောက်ထပ်အချုပ်အနှောင်တစ်ခုသဖွယ် သံခြေချင်းခတ်သည့်စနစ်ကို လူ့အခွင့်အရေးလှုပ်ရှားသူများအပါအ၀င် အကျဉ်းသားအများစုက မရှိစေလိုကြပေ။ အထူးသဖြင့် ဒီမိုကရေစီစနစ်ကိုကျင့်သုံးနေပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ လုပ်နေပါသည်ဟု အစိုးရကပြောနေသည့် ယနေ့အချိန်တွင် အများအတွက် တက်ကြွလှုပ်ရှားဆောင်ရွက်သူများကို သံခြေချင်းခတ် ရုံးထုတ်သည့်ပုံရိပ်များ လူမှုကွန်ရက်တွင် ထွက်ပေါ်လာခြင်းအပေါ် တက်ကြွလှုပ်ရှားသူများက မနှစ်မြို့ကြပါ။

“ကျွန်တော်က အဲသည်စနစ်ဖျက်စေချင်တာ။ လူကို သက်သက်အရှက်ခွဲတာ။ ၁၉၉၀ စာဥစစ်ဆင်ရေးအပြီး နိုင်ကျဉ်းတွေကို ထောင်ရွှေ့တော့ ပိုဆိုးတာပေါ့။ ဆံပင်ရိတ်ပြီး သံခြေချင်းနဲ့ အင်းစိန်ထောင်ကနေ ဘူတာထိ လမ်းလျှောက်ခိုင်းခဲ့တာ။ သံကြိုးတွဲချည်ထားသေးတာ”ဟု နိုင်ငံရေးအကျဉ်းသားဟောင်းဇာဂနာက ပြောသည်။

ပြစ်ဒဏ်ကျအကျဉ်းသား၏ ခြေချင်းဝတ်နှစ်ဖက်တွင် ပတ်လည်သံကွင်းတစ်ကွင်းစီကို အထက်သို့ သံကွင်းသုံးကွင်းဖြင့် တွဲချိတ်ထားသော ယင်းသံကွင်းများကို တစ်ပေခန့်ရှိ သံချောင်းနှစ်ချောင်းဖြင့် ချိတ်ဆက်ထားသည်။ ယင်းသံချောင်းနှစ်ခုကို ထိပ်မှသံကွင်းကြီးတစ်ခုဖြင့် ချိတ်ဆက်ဝရိန်ဆော်ထားပြီး ယင်းသံကွင်းကို အကျဉ်းသားကကိုင်၍ သွားလာလှုပ်ရှားမှုပြုရခြင်းဖြစ်သည်။

ဒေါက်ခတ်ခြင်းမှာ သံခြေချင်းခတ်ထားသည့် ခြေထောက်နှစ်ချောင်း၏ ခြေကျင်းဝတ်နေရာမှ သံကွင်းနှစ်ခုကို ပြစ်ဒဏ်အနည်းအများပေါ်မူတည်၍ အရှည် ၆ လက်မမှ ၁၈ လက်မအထိ အရွယ်အစားအမျိုးမျိုးရှိသည့် သံချောင်းများဖြင့် ကလန့်ချိတ်ဆက်ထားခြင်းဖြစ်သည်။ သံခြေချင်းအပြင် ဒေါက်ပါခတ်ထားခံရသည့် အကျဉ်းသားမှာ ဘဲသွားသာသွားနိုင်ပြီး ခက်ခဲစွာလမ်းလျှောက်ရသည်။ 

ထောင်တွင်းတွင် အလွန်တရာဆိုးသွမ်းသော အကျဉ်းသားများအတွက် ရည်ရွယ်ထားသည့် ခြေချင်း၊ ဒေါက်ခတ်ပြစ်ဒဏ်ကို ထောင်အာဏာပိုင်များက လိုသလိုသုံးစွဲပြီး ပုဂ္ဂိုလ်ရေးမကျေနပ်ချက်များ၊ အထက်အမိန့်ညွှန်ကြားချက်များဖြင့် အကျဉ်းသားများကို ပြစ်ဒဏ်ပေးလေ့ရှိကြောင်း ပြန်လည်လွတ်မြောက်လာသူများက ပြောသည်။ ထို့အပြင် အကျဉ်းသားများထံမှ ကြားပေါက်ငွေရလိုသည့် အကျင့်ပျက်ဝန်ထမ်းများကလည်း ခြေချင်းဒေါက်များကို အသုံးချပြီး အပိုဝင်ငွေ ဖန်တီးလေ့ရှိကြောင်း ၎င်းတို့ကပြောသည်။

၁၉၉၉ ခုနှစ် မြန်မာနိုင်ငံအကျဉ်းထောင်သို့ ICRC ၀င်လာချိန်တွင်တော့ နှစ်ရှည်လများ အိပ်မက်ဆုံးသဖွယ် ခံစားခဲ့ရသည့် သံခြေကျင်းအချုပ်အနှောင် ပြုတ်သွားသည့်နေ့ကို ဦးဂျော်လီထွန်းမမေ့နိုင်ပါ။

“ခြေချင်းပြုတ်သွားတဲ့နေ့က ကျွန်တော့်ကိုကြည့်ပြီး ထောင်ဝန်ထမ်းတွေကအစ မျက်ရည်ကျကြတယ်။ ကျွန်တော့်မိန်းမဆို ခြေချင်းမရှိတော့တဲ့ ကျွန်တော့်ကိုတွေ့တော့ သိန်း ၁၅၀၀ ဆယ်စုလောက်ပေါက်သွားတဲ့မျက်နှာလို ဖြစ်သွားတယ်”ဟု ဦးဂျော်လီထွန်းက မျက်ရည်များကျရင်းဆိုသည်။

အကျဉ်းထောင်များအတွင်း ထပ်မံပြစ်မှုကျူးလွန်သည့်သူများကို အကျဉ်းထောင်လက်စွဲဥပဒေအရ ဥပဒေနှင့်အညီအရေးယူရန်လိုအပ်ပြီး လူမဆန်သည့် ပြစ်ဒဏ်များချမှတ်ခြင်းကို လုံးဝပယ်ဖျက်ရမည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-မြန်မာနိုင်ငံ (AAPP-B)မှ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်ကပြောသည်။

သူသည်လည်း နိုင်ငံရေးအကျဉ်းသားအဖြစ် အကျဉ်းကျခံနေရစဉ်အတွင်း သံခြေချင်းနှင့် ဒေါက်အခတ်ခံရကာ လူမဆန်သည့်နှိပ်စက်မှုများ ခံခဲ့ရကြောင်းရှင်းပြသည်။

“အခတ်ခံရတဲ့အပြင် ကျွန်တော်တို့ကို နှစ်ပတ်လုံးပေါ့။ မနက်မိုးလင်းရင် တစ်နာရီ သူတို့ပြောတော့ လေ့ကျင့်ခန်းလို့ဆိုတယ်။ ပုံစံမောင်းတယ်။ ပုံစံဆိုတာ ခွေးဝပ်ဝပ်ရတယ်။ ပြီးရင် သူတို့က ပုံစံ၊ ပုံစံကြီးဆိုပြီး အော်တယ်။ ပုံစံဆိုရင် ခွေးဝပ်ဝပ်၊ ပုံစံကြီးဆိုရင် ပတပ်ရပ်။ အဲလိုနေရတယ်။ အဲဒါ ခြေချင်းဒေါက်နဲ့လုပ်ရတာ။ နှစ်ပတ်တိတိလုပ်ရတယ်။ မနက်တစ်နာရီ၊ ညနေတစ်နာရီ”ဟု သူကြုံရသည့် လူမဆန်သည့် ညှဉ်းပန်းမှုများအကြောင်း ဦးဘိုကြည်ကပြောသည်။

သို့သော် နှိပ်စက်မှုများက ဒီတင်မရပ်။

“အဲလိုလုပ်နေတဲ့အချိန်မှာ သူတို့ စိတ်ကျေနပ်မှုမရှိဘူးဆိုရင် ကျွန်တော်တို့ပုံစံကို မကြိုက်ဘူးဆိုရင် တံခါးဖွင့်ပြီး ထုတ်ရိုက်တယ်”ဟု ဦးဘိုကြည်ကပြောသည်။

အင်မတန်ဆိုးသွမ်းသည့် ရာဇ၀တ်သားကို သံခြေချင်းခတ်ပါက ကန့်ကွက်စရာမရှိပါ။ အများပြည်သူအတွက် ဖိနှိပ်ထားသည့် စနစ်နှင့်ဥပဒေတို့ကို ကန့်ကွက်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားဆိုသူများကိုမူ လူသားဂုဏ်သိက္ခာ ထိခိုက်အရှက်ရစေသော သံခြေကျင်းကို ပို၍မသုံးသင့်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း ရှေ့နေဦးသိန်းသန်းဦးက ပြောသည်။

“ခြေကျင်းဆိုတာ လုံခြုံရေးကိုမူတည်ပြီး ထောင်အာဏာပိုင်တွေက ဘယ်လိုလူခတ်သင့်တယ်။ မခတ်သင့်ဘူးဆိုတာ သုံးသပ်လို့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Jia Manual ကို ပြန်ပြီးတော့ ပြင်ဆင်သင့်တယ်။ ကိုဂျော်လီထွန်းတို့လိုလူကို နှစ်ရှည်လများခတ်ထားတာကျတော့ ဒါဟာ လူ့အခွင့်အရေးကို အကြီးအကျယ်ချိုးဖောက်တာ။ ထောင်ထဲမှာ ထပ်ပြီးအနိုင်ကျင့်တာသက်သက်ပဲ”ဟု ကိုယ်တိုင်သံခြေကျင်းခတ်ခံရပြီး အကျဉ်းကျခဲ့ရဖူးသည့် မြန်မာနိုင်ငံရှေ့နေများကွန်ရက်မှ တရားလွှတ်တော်ရှေ့နေဦးအောင်သိန်းက ပြောသည်။

ကိုလိုနီခေတ်က ရေးဆွဲထားသော အကျဉ်းထောင်လက်စွဲဥပဒေတွင် အကျဉ်းသားများအတွက် ယနေ့ခေတ်အထိ ခေတ်မီအသုံးဝင်နေသေးသော်လည်း ပြန်လည်ပြင်ဆင်ရန် အချက်များလည်း ရှိလာပြီဖြစ်သည်။ ပြည်ထဲရေးဝန်ကြီးဌာနကလည်း အကျဉ်းထောင်လက်စွဲဥပဒေကို ပြန်လည်ပြင်ဆင်ရေးသားနေပြီဟု လွှတ်တော်တွင်း လွန်ခဲ့သည့်တစ်နှစ်ကျော်ခန့်က ဆွေးနွေးပြောကြားသွားသည်။

အစိုးရသစ်လက်ထက်တွင် အကျဉ်းထောင်များအတွင်း အကျဉ်းသားများကို မတရားရိုက်နှက်ညှဉ်းပန်းမှုများ လျော့ပါးသွားကြောင်းနှင့် အစားအသောက်များ ၀၀လင်လင်စားသောက်ရသည်ဟု အပြောင်းအလဲဆန်သည့်သတင်းများ ထွက်ပေါ်လာသော်လည်း သံခြေကျင်းဒေါက်ခတ်ပြစ်ဒဏ်ကို ပယ်ဖျက်လိုသူတို့၏ ဆန္ဒမပြည့်ဝသေးပါ။

အကျဉ်းထောင်သည် ပြစ်မှုကျူးလွန်သူတို့အတွက် ပြန်လည်ပြုပြင်ရေးစခန်းတစ်ခုအဖြစ် နိုင်ငံတိုင်းတွင်ရှိသည့်နေရာတစ်ခု ဖြစ်သည်။ သို့သော် လူသားဆန်သည့် ပြစ်ဒဏ်မျိုးတော့ ဖြစ်ဖို့လိုသည်။

ရေးသားသူ- အေးသူစံ၊ ထွန်းခိုင်

ခြေချင်းပြုတ်ပြီး ၁၃ နှစ်ကျော်ကျော်ကြာ အခုထိ အိပ်မက်မက်လိုက်တိုင်း ထောင်အပြင်မှာလို့ တစ်ခါမှမမက်ဘူး။ မက်တိုင်းလည်း ခြေချင်းပါတယ်။ အခု အပြင်ရောက်လို့ တစ်နှစ်ကျော်တဲ့အထိ အိပ်မက်မက်တိုင်း ခြေချင်းပါတုန်း”

မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်း အကျဉ်းထောင်လက်စွဲဥပဒေတွင် ပြဋ္ဌာန်းထားခြင်းမရှိသော သံခြေချင်းခတ်ထားခြင်းကို ၁၁ နှစ်တိတိ ခံစားခဲ့ရပြီး ထောင် ၂၃ နှစ်နီးပါးကျခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဂျော်လီထွန်းက ပြောပြခြင်းဖြစ်သည်။

အကျဉ်းထောင်အတွင်း ပြစ်ဒဏ်ကျအကျဉ်းသားတစ်ဦး ပြစ်မှုထပ်မံကျူးလွန်ခြင်း၊ ထောင်ပြောင်းရွှေ့ခြင်းတို့ပြုလုပ်ပါက ခြေချင်းခတ်ခြင်း၊ ဒေါက်ခတ်ခြင်းတို့ ပြုလုပ်လေ့ရှိသည်။ ပြစ်မှုအရွယ်အစားအလိုက် အန္တရာယ်ပေးနိုင်သည့် အကျဉ်းသားကို သံခြေချင်းခတ်ခြင်း၊ ဒေါက်ခတ်ခြင်းတို့မှာ နိုင်ငံတကာအကျဉ်းထောင်များတွင်လည်း ကျင့်သုံးလေ့ရှိသည်။

မြန်မာနိုင်ငံတွင် သံခြေချင်းကို ဓာတ်ပုံသမိုင်းအရ ကိုလိုနီခေတ်တွင် ဆရာစံကို သူပုန်မှုဖြင့် ကြိုးပေးစဉ်က ခြေချင်းခတ်ထားခဲ့ကြောင်း မှတ်သားရသည်။ မဆလခေတ် ၁၉၈၀ နောက်ပိုင်းတွင် ပြည်ထဲရေးဝန်ကြီးဟောင်းဦးဘိုနီ လက်ထက်၌ နောက်ဆက်တွဲ ညွှန်ကြားချက်အမိန့်တို့ဖြင့် သံခြေချင်းခတ်သည့်စနစ်ကို တွင်တွင်ကျယ်ကျယ်သုံးစွဲလာခဲ့သည်။

ပြစ်ဒဏ်ကျအကျဉ်းသားများကို အကျဉ်းထောင်အတွင်း လူမသိသူမသိ နောက်ထပ်အချုပ်အနှောင်တစ်ခုသဖွယ် သံခြေချင်းခတ်သည့်စနစ်ကို လူ့အခွင့်အရေးလှုပ်ရှားသူများအပါအ၀င် အကျဉ်းသားအများစုက မရှိစေလိုကြပေ။ အထူးသဖြင့် ဒီမိုကရေစီစနစ်ကိုကျင့်သုံးနေပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ လုပ်နေပါသည်ဟု အစိုးရကပြောနေသည့် ယနေ့အချိန်တွင် အများအတွက် တက်ကြွလှုပ်ရှားဆောင်ရွက်သူများကို သံခြေချင်းခတ် ရုံးထုတ်သည့်ပုံရိပ်များ လူမှုကွန်ရက်တွင် ထွက်ပေါ်လာခြင်းအပေါ် တက်ကြွလှုပ်ရှားသူများက မနှစ်မြို့ကြပါ။

ဆီးဂိမ်းအပြန် ပြည်သူတွေအတွက် ဘာကျန်ခဲ့မလဲ

ဆီးဂိမ်းအားကစားပြိုင်ပွဲကြီးက မြန်မာ့မြေပေါ်သို့ တစ်ခေါက်အလည်ရောက်ခဲ့ပြန်ပြီဖြစ်သည်။ အရှေ့တောင်အာရှဒေသတွင်းပြိုင်ပွဲဆိုသော်လည်း အိမ်နီးချင်းနိုင်ငံ အားလုံး နီးပါး ပါဝင်ခြင်းဖြစ်ရာ ကြီးကျယ်ခမ်းနားသော အဆင့်အတန်းရှိ အားကစားပြိုင်ပွဲပင်ဖြစ်သည်။ ထိုသို့သော ဝိသေသရှိသည့် ပြိုင်ပွဲတစ်ရပ်ကို အိမ်ရှင်အဖြစ် လက် ခံကျင်းပနိုင်ခြင်းက နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာလည်းဖြစ်သည်။ ထို့အပြင် ပြိုင်ပွဲအတွက် လိုအပ်သော အဆောက်အအုံနှင့် ကွင်းများ၊ လမ်းများနှင့် လျှပ်စစ်မီးမှ အစ ပြင် ဆင်တိုးချဲ့ရသည်ဖြစ်ရာ ထိုအရာများကတော့ အကျိုးအမြတ် အဖြစ်ကျန်ခဲ့မည်ဖြစ်သည်။ ယင်းကဲ့သို့ မြင်နိုင်သော အရာများသာမက ကြိုတင်မမြင်နိုင်သော စီးပွားရေး၊ လူမှုရေး၊ နိုင်ငံတကာဆက်ဆံရေး အပြောင်းအလဲများစွာကိုလည်း ဤပြိုင်ပွဲကြီးနှင့်အတူ ရနိုင်မည်ဖြစ်သည်။ တကယ်တော့ ထိုမျှ မကပါ။ ယင်းပြိုင်ပွဲကြီးတစ်ခု ကျင်းပ ခွင့်ရခြင်း၏နောက် တွင် ပြည်သူများအတွက်လည်း မည်ကဲ့သို့ အကျိုးအမြတ်ရနိုင်မည်ဆိုသည်က စိတ်ဝင်စားဖွယ်ပင်ဖြစ်သည်။  ထို့ကြောင့် နယ်ပယ်ကဏ္ဍအ သီးသီး မှ ပြည်သူများထံ ဆီးဂိမ်းအားကစားပြိုင်ပွဲကြီးဆီမှ မည်သည့်အရာများမျှော်မှန်းရနိုင်မည်ဟူသော အမေးစကားဖြင့် မျှော်လင့်ချက် များအား ဖော်ပြပေးလိုက် ရပါသည်။
ဒေါ်ချောခင်ခင် (MCC Group-CEO)
ဆီးဂိမ်းလုပ်တဲ့အပေါ်မှာ သိပ်တော့ Positive မဖြစ်ဘူး။ မဖြစ်ဘူးဆိုပေမယ့် အစ်မအမြင်ကိုပြောရရင် ဆီးဂိမ်းအနေနဲ့ အစ်မတို့နိုင်ငံကို ဘယ်လိုအကျိုးပြုမှုတွေ ရှိမလဲ ဆိုရင် ဒီလိုမျိုး ပွဲတွေလုပ်တယ်ဆိုတာ နိုင်ငံတွေဖွံ့ဖြိုးတိုးတက်ဖို့ လုပ်တာပေါ့။ မြန်မာပြည်အနေနဲ့ ဖွံ့ဖြိုးတိုးတက်သွားတာဆိုရင် ခေတ်မီတဲ့ အဆင့်မြင့်တဲ့ အားက စားရုံကြီးတွေအဖတ်တင်သွားတာပေါ့။ ဒါကအရင်ဦးဆုံး မြင်ရတဲ့ တိုးတက်မှုပေါ့။ နောက်တစ်ခုက ဟိုတယ်နဲ့ခရီးသွားပေါ့။ ဒါတွေကို မြင်တဲ့အခါမှာ အစ်မအမြင် က နှစ် ပိုင်းဖြစ်နေတာပေါ့။

ကျိုက်ထီးရိုး ဘုရားဖူးများ ဈေးနှုန်းကြီးမြင့်မှုကြောင့် အခက်ကြုံ

Photo: ကျိုက်ထီးရိုး ဘုရားဖူးများ ဈေးနှုန်းကြီးမြင့်မှုကြောင့် အခက်ကြုံ

 ယခုနှစ် ကျိုက်ထီးရိုး တောင်တက် ဘုရားဖူးခရီးသည်များမှာ ယခင်နှစ်များ ထက်ပင် ပိုမိုများပြားလာသော်လည်း ဘုရားဖူးခရီးသည်တို့မှာ အစစအရာ ရာ ဈေးနှုန်းကြီးမြင့် မှုများကြောင့် စရိတ်ပြတ် သည်အထိ အခက်အခဲများ ကြုံတွေ့ခဲ့ရ ကြောင်း ဘုရားဖူး ခရီးသည်တစ်ဦးက ပြောသည်။

”ဟိုအညာကနေ တကူးတကဘုရား ဖူးလာခဲ့ရတာပါဗျာ။ ပခုက္ကူ-ရန်ကုန် ကားခတစ်သောင်း၊ ရန်ကုန်-  ကင်မွန်း စခန်းက ငါးထောင်ပဲပေးရပါတယ်။ ဒီ လောက်မိုင်တွေ အများကြီး မောင်းရတဲ့ ကားခက ဈေးသက်သာပြီး ကျိုက်ထီးရိုး တောင်ပေါ်တက်တဲ့ကားခက နောက်ခန်း ၂၅ဝဝ၊ ရှေ့ခန်း ၃၅ဝဝ ဖြစ်နေတာတော့ ဈေးကြီးလွန်းနေတယ် ဗျာ၊ တောင်ပေါ်မ တက်ခင် တောင်ခြေထမင်းဆိုင်မှာ ည အိပ်တော့လည်း ညအိပ်ခက သီးသန့် ကျပ်တစ်သောင်းပေးရတယ်။ အရင် တုန်းကသူ့ဆိုင်မှာ ထမင်းစားရင် တည်း ခိုခမပေးရဘူး။ အခုတော့ ထမင်းဆိုင် တွေကလည်း တည်းခိုခတောင်းနေ တယ်။ တောင်ပေါ်ရောက်တော့လည်း ဖျာတစ်ချပ် ငှားခငါးရာဗျာ၊ စပေါ်က တစ်ထော င်ပေးရတယ်။ မျက်နှာသစ်တာ၊ အပေါ့အပါးသွားတာကအစ ပိုက်ဆံပေး မှရတယ်။ဗမာလူမျိုးတစ်ယောက်က ဗမာဘုရားသွားဖူးတာ ဘုရားတောင် သွားမဖူးရဲလောက်ေ အာင်ဖြစ်နေတယ် ဗျာ။ ကျွန်တော့်မှာ မြေးတွေ၊ သမီးတွေ ကလေးငယ်တွေပါတော့ ထမင်းဖိုးတောင်  မနည်းချန်ပြီး ပြန်ခဲ့ရပါတယ်ဗျာ”ဟု ပြောသည်။

နေဦးမောင်

Popular Myanmar News

တောင်ကြီးဗုံး ငါးဖမ်းမိုင်းခွဲရန် ယမ်းထုပ်ပြုလုပ်ရာမှ ပေါက်ကွဲဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ် တောင်ကြီးမြို့ မြို့မရပ်ကွက် မြောက်ကျောင်းလမ်းနှင့် အုတ်ဖို လမ်းဆုံရှိ နေအိမ် တစ်လုံးတွင် ဒီဇင်ဘာ ၈ ရက် ည ၁၁ နာရီခန့်က ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုနှင့် ပတ်သက်၍ ငါးဖမ်းမိုင်းခွဲရန် ယမ်းထုပ်ပြုလုပ်ရာမှ ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း တောင်ကြီးမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

မြို့လယ်ဗလီ ဥက္ကဋ္ဌ အသက် ၄၈ နှစ်အရွယ်ရှိ ဟာဂျီယူစွတ် (ခ) ဦးမြင့်အောင်၏ နေအိမ်တွင် ငါးဖမ်းမိုင်းခွဲရန် ယမ်းထုပ် ပြုလုပ်နေစဉ် ယမ်းထုပ် ပူလာသောကြောင့် လက်ထဲမှ လွတ်ကျရာမှ အဆိုပါ အထုပ်မှာ လှေကားထစ်အောက်သို့ ပြုတ်ကျခါနီး ၎င်း၏ ဘယ်ဘက် ခြေထောက်ဖြင့် နင်းကာ အထုပ်မလိမ့်စေရန် တားဆီးရာမှ ပေါက်ကွဲခဲ့သည်ဟု ကာယကံရှင်က ဆိုကြောင်း တောင်ကြီးမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ရှမ်းပြည်နယ်တွင် အင်းလေးမှ ညောင်ရွှေသို့ သွားသောလမ်းရှိ အင်းအိုင်နှင့် ဆည်များတွင် ငါးရှာသူ အများစုမှာ ငါးဖမ်းမိုင်းများ ပြုလုပ်ကာ ငါးရှာကြပြီး ဒေသအခေါ်အရ ယမ်းကွဲသည်ဟု ခေါ်ဆိုကြောင်း တောင်ကြီးမြို့ မြောက်ကျောင်းလမ်းအတွင်း နေထိုင်သူ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ရှင်းပြသည်။

"world's smallest" V-12 engine'

Photo: "world's smallest" V-12 engine'
==================

စပိန် အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ Patelo လို့ခေါ်တဲ့ လူက ထီထွင်ခဲ့တာဖြစ်ပါတယ်။

တိကျသပ်ရပ်လှတဲ့ ဖန်တီးမူ အနုပညာရပ်တစ်ခုပါပဲ။

ဒီလိုဖြစ်လာဖို့အတွက် နာရီပေါင်း (၁၂၀၀) ကျော်လောက် ဒီဇိုင်းဆွဲ၊ ဖြတ်တောက် ပြုလုပ်တပ်ဆင်ထားရတာပါ။

အလူမီနီယံတုံးတွေ၊ အစွန်းထင်ခံသံမဏိသားတွေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

(0.1kg/sqcm) နဲ့ လေဖိအားထိုးသွင်းဖိသိပ်ထားပါတယ်။

ဆလင်ဒါ ဟိုဘက်(၆)လုံး ဒီဘက်(၆)လုံးရှိတဲ့ V12 အင်ဂျင် ဖြစ်ကာ 11.3 မီလီမီတာရှိ ပစ်စတုန် တွေနဲ့ပြုလုပ်ထားခဲ့တာ ဖြစ်ပါတယ်။

တကယ်ကို သေးသေးလေးပါပဲ။ လူကြီးလက် သီးဆုပ်လောက်ပဲရှိပါလိမ့်မယ်။

ဒီဇိုင်းတွေကို သေသေချာချာရေးဆွဲကာ အစိတ်အပိုင်း(၂၆၁) ရှိတဲ့ ဒီ V12 အင်ဂျင်ကို လက်နဲ့ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Aung Heine (Smart.com.mm)

Smart Pro Journal

ဆီးဂိမ်းကို အိုးမဲသုတ်သူများ

ဆီးဂိမ်း, အားကစား, ဘောလုံးပြိုင်ပွဲ, ထိုင်း
မြန်မာ-ကမ္ဘောဒီးယား ဘောလုံးပြိုင်ပွဲ မြင်ကွင်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ပြီးခဲ့တဲ့ ရက်အတွင်း ဆီးဂိမ်း အားကစားပြိုင်ပွဲတွေထဲက တခုဖြစ်တဲ့ ဘောလုံး အားကစားပြိုင်ပွဲတွေ စတင် ကျင်းပပါတယ်။ ကစားပွဲထဲမှာ လာရောက်ကြည့်ရှုတဲ့ မြန်မာ ပရိသတ်တွေ အားပေးတဲ့ ပုံစံဟာ အရင့်အရင် နှစ်တွေကထက် တော်တော် တိုးတက်လာတာတွေ့ ရသလို ပရိသတ် တချို့ရဲ့ ပြုမူပုံတွေကတော့ တော်တော်ကြီး ရှက်စရာကောင်းတယ်လို့ မြင်မိပါတယ်။
အဲဒီနေ့ ဘောလုံး အားကစား ပြိုင်ပွဲပထမပွဲစဉ်မှာ ထိုင်းအသင်း နဲ့ အရှေ့တီမော အသင်းတို့ ရန်ကုန်မြို့ သုဝဏ္ဏဘောလုံး ကွင်းကြီးမှာ ယှဉ်ပြိုင်ကစားတဲ့ပွဲပါ။ အဲဒီပွဲမှာ ထိုင်းအသင်းကို လာရောက်အားပေးတဲ့ ထိုင်းနိုင်ငံသား ပရိသတ်တွေကလည်း ထိုင်းအသင်းကို အားပေးကြပါတယ်။ ဒုတိယပွဲစဉ်က မြန်မာနဲ့ ကမ္ဘောဒီးယားပွဲစဉ် ဖြစ်တဲ့အတွက် မြန်မာပရိတ်သတ် ၁ သောင်းခွဲလောက်က ကွင်းထဲကို ကြိုတင်ရောက်နေကြတာပါ။
ကိုယ့်အသင်း ကစားချိန် မရောက်သေးပေမယ့် အရှေ့ တီမောနဲ့ ကန်နေတဲ့ သူတို့အသင်းကို အားပေးနေကြတဲ့ ထိုင်းပရိသတ်တွေကို မြန်မာ ပရိတ်သတ် တချို့က ရန်စ နှောက်ယှက်ကြတာပါ။ ထိုင်း-မြန်မာ ကျောင်းတော်က ရန်စ၊ သမိုင်းအာဃာတကို ထင်ဟပ်စေတဲ့ ဦးအောင်ဇေယျ ရုပ်ပုံကြီးကို ထိုင်းပရိသတ်တွေ ရှေ့မှာ ခနခန ထောင်ပြနေကြပြီး ဝါရင်းတုတ်နဲ့ ယိုးဒယားကို တက်သိမ်းခဲ့ဖူးတာတွေ အော်ဟစ်ကာ အိမ်ရှင်မြန်မာနိုင်ငံ အရှက်ရစေမယ့် အပြုအမူတွေ လုပ်ပြကြပါတယ်။
စုစုပေါင်း အယောက် ၅၀ မပြည့်တဲ့ ထိုင်းပရိသတ်တွေက ထိုင်းအသင်းကို “ထိုင်းလန်း … ထိုင်းလန်း” ဆိုပြီး သံပြိုင် အော်ဟစ် အားပေးသံရဲ့ အဆုံးမှာ မြန်မာပရိသတ်တချို့  အင်္ဂလိပ်လို F နဲ့ စတဲ့ ဆဲလုံးနဲ့ နောက်ကနေ သံပြိုင် လိုက်ဆဲကြပါတယ်။
တချို့ အကြိမ်တွေမှာလည်း ထိုင်းတွေက သူတို့ အသင်းကို အော်ဟစ်အားပေးနေချိန်မှာ ရာနဲ့ချီတဲ့ မြန်မာ ပရိသတ်တွေက
ထိုင်းတွေရဲ့ အသံတွေ ဖုံးလွှမ်းသွားအောင် ထိုင်းရဲ့ ပြိုင်ဘက်အသင်း အရှေ့တီမော နာမည်ကို ထပ်ခါတလဲလဲ သံပြိုင် ဟစ်အော်ခဲ့ကြပါတယ်။

အမျိုးသမီးသုံးဦး ပွဲချင်းပြီးသေဆုံးခဲ့သည့် ယာဉ်တိုက်မှု ယာဉ်ပိုင်ရှင်က တစ်ဦးလျှင် ကျပ်တစ်သိန်းစီ နစ်နာကြေးပေး

မင်္ဂလာဒုံလေဆိပ် အ၀င်လမ်းတွင် ဒီဇင်ဘာလ ၅ ရက်က ဖြစ်ပွားခဲ့သော မထသ (ဗဟို) လက်အောက်ရှိ အမှတ် (၄၈) အထူးယာဉ်လိုင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီးသုံးဦး ပွဲချင်းပြီးသေဆုံးခဲ့မှုအတွက် သေဆုံးသူတစ်ဦးလျှင် ငွေကျပ်တစ်သိန်းစီ ယာဉ်ပိုင်ရှင်က နစ်နာကြေးပေးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါယာဉ်မှာ ဒီဇင်ဘာ ၅ ရက်က မြောက်ဥက္ကလာပမြို့နယ်အတွင်း မင်္ဂလာဒုံလေဆိပ် အ၀င်လမ်းအတိုင်း မောင်းလာစဉ် ဘရိတ်ပေါက်ကာ လက်ယာဘက်လမ်းဘေးတွင် လမ်းလျှောက်နေသည့် အမျိုးသမီးလေးဦးအား ၀င်တိုက်မိရာ ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ အခင်းဖြစ်ပွားရာနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
““အဲဒီဖြစ်စဉ်မှာ အမျိုးသမီးသုံးဦးသေဆုံးခဲ့မှုအတွက် ယာဉ်ပိုင်ရှင်က နစ်နာကြေး ငွေသုံးသိန်းအပြင် နာရေးယာဉ်ငှားရမ်းခအနေနဲ့ ကျပ်တစ်သိန်းခွဲကျော် ကူညီခဲ့ပါတယ်””ဟု မထသ (ဗဟို) မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လွတ်မြောက် နိုင်ကျဉ်းနှစ်ဦး ချက်ချင်း ပြန်အဖမ်းခံရ

ဖောက်ခွဲမှု၊ မတရားအသင်းဆက်သွယ်မှုတို့ဖြင့် ထောင်ခုနစ်နှစ်ကျခံနေရသူ ဦးမျိုးမြင့်အောင် ပြန်လည်လွတ်မြောက်လာသည်ကို အင်းစိန်အကျဉ်းထောင်ရှေ့တွင် ဒီဇင်ဘာ ၁၁ ရက်က တွေ့ရစဉ်။ ထိုနေ့တွင် နိုင်ငံရေးအကျဉ်းသား ၄၁ ဦး လွတ်မြောက်ခဲ့ရာ နိုင်ငံရေးအကျဉ်းသား ဦးထင်ကျော်နှင့် ဦးအေးသိန်းတို့ ပါဝင်ခဲ့သော် လည်း ထောင်မှလွှတ်ပြီးချင်းပင် ကျန်ရှိပုဒ်မများဖြင့် ပြန်လည်အဖမ်းခံခဲ့ရသည်။ (ဓာတ်ပုံ-ဘိုဘို) 
ကြာသပတေးနေ့၊ ဒီဇင်ဘာ ၁၂ ရက်၊ ၂၀၁၃ ခုနှစ်

သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဒီဇင်ဘာ ၁၁ ရက်တွင် လွတ်မြောက်လာခဲ့သူ နိုင်ငံရေးအကျဉ်းသား များထဲမှ နှစ်ဦးသည် အခြားသောအမှုများ ရင်ဆိုင်ရန် ကျန်ရှိနေသေးသဖြင့် ချက်ချင်း ပြန်လည် အဖမ်းခံ ခဲ့ရသည်ဟု ကာယကံရှင်များနှင့် နီးစပ်သူများက မဇ္ဈိမကို အတည်ပြု ပြောဆိုသည်။

ပြန်လည်ဖမ်းဆီးခံခဲ့ရသူများမှာ ခွင့်ပြုချက်မရဘဲ စီတန်းလှည့်လည်ခဲ့မှု (ပုဒ်မ ၁၈)ဖြင့် အင်းစိန်အကျဉ်း ထောင်တွင် ထောင်ဒဏ် ၃၃ လ ကျခံနေရသူ ဦးထင်ကျော်နှင့် နိုင်ငံတော် အကြည်ညိုပျက်စေရန် လှုံ့ ဆော်မှု (ပုဒ်မ- ၅၀၅/ခ)၊ ပုဒ်မ ၁၈ တို့ဖြင့် မန္တလေးအိုးဘိုထောင်တွင် ထောင်ဒဏ် တစ်နှစ်သုံးလကျခံနေ ရသူ ဦးအေးသိန်းတို့ ဖြစ်သည်။

ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားသူများအဖွဲ့ဝင် ဦးသိန်းစံက “ဒီနေ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ ထဲမှာ ပါတယ်သာပြောတယ်။ တကယ်တမ်းတော့ မလွတ်ဘူး”ဟုဆိုကာ ဦးထင်ကျော် မလွတ်မြောက် သေးခြင်းကို မဇ္ဈိမသို့ အတည်ပြု ပြောကြားသည်။

ရဲစခန်းအတွင်း အချုပ်သားသေဆုံးမှု စခန်းမှူးကို ရာထူးတစ်ဆင့်ချ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ရဲစခန်းအတွင်း အချုပ်သား သေဆုံးမှုအတွက် စခန်းမှူး ရဲအုပ် ဆန်းလင်းကို ရဲစည်းကမ်းဥပဒေအရ တာဝန်ဝတ္တရားပေါ့လျော့မှုဖြင့် ရာထူးတစ်ဆင့်ချ အရေးယူထား သည်ဟု ပြည်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး ရဲမှူးတစ်ဦးက ဒီဇင်ဘာ ၁၁ ရက်တွင် မဇ္ဈိမကို ပြောသည်။

“အရက်ကြောင်ကြောင်နေတဲ့ အချုပ်သားကို ဆေးရုံပို့တာနောက်ကျလို့ အရေးယူ ဆောင်ရွက်တာ။ တာ ၀န်ဝတ္တရား ပေါ့လျော့တဲ့သဘောပေါ့။ ဒု-ရဲအုပ်အဖြစ် ရာထူးချပြီး နယ်ပြောင်းထားတယ်”ဟု ရဲမှူးက ပြောသည်။ လက်ရှိအချိန်တွင် ပန်းတောင်းမြို့နယ် ရဲစခန်းတွင် ဒု-ရဲမှူးတစ်ဦးကို တာဝန်ပေးအပ်ထားပြီး ဒု-ရဲအုပ်အဖြစ် ရာထူးချခံရသူကို ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ ပြောင်းရွှေ့ထားသည်ဟုလည်း ဆိုသည်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၆ ဖြင့် ဖမ်းဆီးခံရသူ ပန်းတောင်းမြို့နယ် ဒန့်တလွန်အုပ်စု၊ ကြာအင်းရွာနေ ဦးသန်းထွန်း မေလ ၂၃ ရက်က အချုပ်ခန်းအတွင်း သေဆုံးခဲ့ခြင်းအတွက် စခန်းမှူးဆန်းလင်းကို တာဝန် ပေါ့လျော့မှုဖြင့် ရာထူးတစ်ဆင့်ချ ပြစ်ဒဏ်ပေးခဲ့ခြင်းလည်း ဖြစ်သည်။

သေဆုံးစဉ်အချိန်က ဦးသန်းထွန်း၏ ခန္ဓာကိုယ်တွင် ဒဏ်ရာဒဏ်ချက်များ တွေ့ရသဖြင့် သေသူ၏မိသား စုက ရိုက်နှက်ခံရခြင်းကြောင့် သေဆုံးခြင်းဟု စွပ်စွဲကာ တရားဆွဲဆိုခြင်းများ ပြုလုပ်ခဲ့သည်ဟု သေဆုံး သူ၏ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက ပြောသည်။

မန်စီမှ ရှမ်းနီ ၆၀ ကျော်ကို ကေအိုင်အေ ဖမ်းထားဟု ရှမ်းနီပါတီ ဥက္ကဋ္ဌဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ကချင်ပြည်နယ် မန်စီမြို့နယ် အတွင်းရှိ ရွာများမှ ရှမ်းနီ တိုင်းရင်းသား ၆၀ ဦးကျော်ကို ကေအိုင်အေ တပ်ရင်း (၁၂) က ဒီဇင်ဘာ ပထမပတ်အတွင်း ဖမ်းဆီးထားကြောင်း တိုင်းလိုင် (ရှမ်းနီ) တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးဌေးအောင်က The Voice သို့ ပြောကြားသည်။

မန်စီမြို့နယ်နှင့် နှစ်မိုင်မျှသာ ဝေးသော မန်ဖွရွာမှ လယ်ရိတ်သိမ်းနေသော ရွာသားများ အပါအဝင် လမ်းသွားလမ်းလာများနှင့် အနီးရှိရွာများမှ ရှမ်းနီ တိုင်းရင်းသား ၆၀ ဦးအပြင် ကချင်လူမျိုး ၁၀ ဦးကိုပါ ကေအိုင်အေက ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“စစ်တပ် (အစိုးရတပ်) က ရွာနဲ့ တစ်မိုင်လောက်ပဲ ဝေးတယ်။ ဒါနဲ့ အကူအညီ သွားတောင်းတော့ သူတို့လည်း အထက်အမိန့် မရလို့ ဘာမှလုပ်လို့ (ကူညီလို့) မရဘူးလို့ ပြောတယ်။ လယ်သိမ်းနေတဲ့ အချိန်ဆိုတော့ ရွာသားတွေ ဒုက္ခရောက်တာပေါ့ဗျာ” ဟု တိုင်းလိုင် (ရှမ်းနီ) တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးဌေးအောင်က ထပ်လောင်း ပြောကြားသည်။

ယခုကိစ္စနှင့် ပတ်သက်၍ ရှမ်းနီပါတီမှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းထံ ဒီဇင်ဘာလ ၁၁ ရက်နေ့က စာပေးပို့ထား ကြောင်း ၎င်းကရှင်းပြသည်။
“ကချင်ပြည်နယ် ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ခေါင်းဆောင် ဦးစိုင်းထိန်လင်းက မြစ်ကြီးနားမှာ ရှိတဲ့ ကေအိုင်အို နည်းပညာ အထောက်အကူပြု အဖွဲ့ကို သွားပြောထားတယ်လို့ ပြောတယ်။ အခုထိတော့ ဘာမှ အကြောင်းမပြန်သေးဘူး” ဟု ဦးဌေးအောင်က ပြောသည်။

အသွင်အမျိုးမျိုးနှင့် တရုတ်နို့မှုန့်များ အသက်အန္တရာယ် ရှိဟုဆို

Photo: အသွင်အမျိုးမျိုးနှင့် တရုတ်နို့မှုန့်များ အသက်အန္တရာယ် ရှိဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ပြည်တွင်း မုန့်ဈေးကွက်တွင် တရုတ်နယ်စပ်က အသွင်အမျိုးမျိုးနှင့် ထုတ်လုပ်ထားသော  အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန (FDA) လက်မှတ် မရှိသည့် ကလေးကြိုက် တရုတ်နို့မှုန့်များ ကျယ်ပြန့်စွာ ရောင်းချနေခြင်းသည် ကလေးသူငယ်များ အသက်အန္တရာယ်အတွက် စိုးရိမ်ဖွယ် ရှိလာနိုင်ကြောင်း တောင်တွင်းကြီးမြို့ မုန့်တိုက်ပွဲ ဦးဆောင် လှုပ်ရှားသူ ဒေါက်တာကျော်ဆွေက The Voice သို့ ပြောကြားသည်။

ယင်းဈေးသက်သာသော နို့မှုန့်ထုပ် များကို ကျောင်းမုန့်ဈေးတန်းနှင့် ရပ်ကွက် မုန့်ဆိုင်တို့တွင် အရိုးခေါင်းပုံပါ မုန့်အခွံနှင့် နို့မှုန့်ကို စီးကရက်ပုံစံ ပိုက်ဖြင့် စုပ်ယူ စားသောက်ရသော အမှုန့်များ၊ ဆေးပြားသဏ္ဌာန် နို့ခဲ များနှင့် ရောင်စုံ သကြားလုံးများ  ပုံစံမျိုးစုံနှင့် ရောင်းချနေကြောင်း ရန်ကုန် မြို့တွင်းက ရောင်းချသူများနှင့် ဝယ်ယူသူများထံမှ သိရသည်။

ကလေးကြိုက် အရောင်မျိုးစုံ အသွင်သဏ္ဌာန်မျိုးစုံနှင့် ထုတ်လုပ်ထားသော တရုတ်နို့မှုန့် ထုတ်များတွင် သကြားထက် အချိုနှစ်ဆပြင်းသော ဓာတ်များ ထည့်သွင်းထားပြီး စားသုံးမိပါက ပါးစပ်အတွင်း ပျဉ်းတွဲတွဲ အချိုအရသာကို ကြာရှည်စွာ ခံစားရနိုင်ကြောင်း ဒေါက်တာကျော်ဆွေက ပြောဆိုသည်။
“အဆိုးဆုံးက ဒီမုန့်ကို ကလေးတွေစားတဲ့ နည်းလမ်းပါ။ မုန့်ထုပ်မှာ စီးကရက်ပုံစံ စက္ကူချောင်း တစ်ချောင်းပါတယ်။ စက္ကူချောင်းကနေ အဲ့ဒီအမှုန့်တွေ သိပ်ထည့်ပြီး ဆေးလိပ်သောက်တဲ့ ပုံစံနဲ့ မုန့်ကိုစုပ်ပြီး စားရတာပါ” ဟု ၎င်းက ရှင်းလင်း ပြောဆိုသည်။

ဈေးကွက်အတွင်း ရောင်းချနေသော ကလေးကြိုက် တရုတ်နို့မှုန့် ထုပ်များ၏ ငွေအရင်းအနှီးသည် တစ်ထုပ်လျှင် ၃၀ မှ ၄၀ ကျပ်ခန့်သာ ရှိပြီး စားသုံးသူများကို ၁၀၀ ကျပ်ဖြင့် ရောင်းချနေကြောင်း၊ အဆိုပါ မုန့်မျိုးစုံကို ကလေးသူငယ်များအပြင် ဆယ်ကျော်သက် အရွယ်များလည်း စားသုံးကြကြောင်း ရန်ကုန်မြို့ မုန့်မျိုးစုံ လက်လီ၊ လက္ကား ရောင်းချသူများထံမှ သိရသည်။

ယင်းအစားအစာများကို စားသုံးမှု များလာပါက ဆီးနှင့် ဆက်နွှယ်သော ပြဿနာများ ကြုံတွေ့နိုင်ပြီး ဖျားနာခြင်း၊ ကျောက်ကပ် ထိခိုက်ပြီး ဆီးမသွားနိုင်ဘဲ သေဆုံးခြင်းတို့အထိ ဖြစ်နိုင်ကြောင်း ရန်ကုန်တက္ကသိုလ် ဓာတုဗေဒဌာန ပါမောက္ခ ဒေါက်တာမောင်ကျော်က ပြောကြားသည်။

မကြာသေးမီက တရုတ်နိုင်ငံထုတ် နို့မှုန့်များတွင် မယ်လမင်း ပါဝင်နှုန်း မြင့်မားသောကြောင့် နို့မှုန့် ထုတ်လုပ် ရောင်းချသော ကုမ္ပဏီများကို ပိတ်ပင်ပြီး သေဒဏ် ချမှတ်မှုများထိ ပြုလုပ်ခဲ့သည်။

လက်ရှိ ပြည်တွင်းတွင် ရောင်းချနေသော ဈေးနှုန်းနည်း တရုတ်စာတန်းပါ နို့မှုန့် ထုပ်များတွင် FDA လက်မှတ် မပါသည့် တွက် စားသုံးသူများ သတိပြု ရှောင်ရှား သင့်ကြောင်း၊ ပါဝင်ပစ္စည်းနှင့် နားမလည် သော ဘာသာစကားများနှင့် ရေးသားထားသော အသင့်စားမုန့်များကို ဝယ်သူ မစားသင့်ကြောင်း ကျန်းမာရေး အသိုင်းအဝိုင်းက အကြံပြုထားသည်။

ပြည်တွင်းသို့ ဝင်ရောက်နေသော အန္တရာယ်ရှိ ဓာတုဆိုးဆေးပါ အစားအစာများသည် ထိုင်း-မြန်မာနယ်စပ်၊ တရုတ်-မြန်မာ နယ်စပ်များမှ တရားမဝင် ဝင်ရောက်လျက် ရှိသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ပြည်တွင်း မုန့်ဈေးကွက်တွင် တရုတ်နယ်စပ်က အသွင်အမျိုးမျိုးနှင့် ထုတ်လုပ်ထားသော အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန (FDA) လက်မှတ် မရှိသည့် ကလေးကြိုက် တရုတ်နို့မှုန့်များ ကျယ်ပြန့်စွာ ရောင်းချနေခြင်းသည် ကလေးသူငယ်များ အသက်အန္တရာယ်အတွက် စိုးရိမ်ဖွယ် ရှိလာနိုင်ကြောင်း တောင်တွင်းကြီးမြို့ မုန့်တိုက်ပွဲ ဦးဆောင် လှုပ်ရှားသူ ဒေါက်တာကျော်ဆွေက The Voice သို့ ပြောကြားသည်။

ယင်းဈေးသက်သာသော နို့မှုန့်ထုပ် များကို ကျောင်းမုန့်ဈေးတန်းနှင့် ရပ်ကွက် မုန့်ဆိုင်တို့တွင် အရိုးခေါင်းပုံပါ မုန့်အခွံနှင့် နို့မှုန့်ကို စီးကရက်ပုံစံ ပိုက်ဖြင့် စုပ်ယူ စားသောက်ရသော အမှုန့်များ၊ ဆေးပြားသဏ္ဌာန် နို့ခဲ များနှင့် ရောင်စုံ သကြားလုံးများ ပုံစံမျိုးစုံနှင့် ရောင်းချနေကြောင်း ရန်ကုန် မြို့တွင်းက ရောင်းချသူများနှင့် ဝယ်ယူသူများထံမှ သိရသည်။

ကလေးကြိုက် အရောင်မျိုးစုံ အသွင်သဏ္ဌာန်မျိုးစုံနှင့် ထုတ်လုပ်ထားသော တရုတ်နို့မှုန့် ထုတ်များတွင် သကြားထက် အချိုနှစ်ဆပြင်းသော ဓာတ်များ ထည့်သွင်းထားပြီး စားသုံးမိပါက ပါးစပ်အတွင်း ပျဉ်းတွဲတွဲ အချိုအရသာကို ကြာရှည်စွာ ခံစားရနိုင်ကြောင်း ဒေါက်တာကျော်ဆွေက ပြောဆိုသည်။
“အဆိုးဆုံးက ဒီမုန့်ကို ကလေးတွေစားတဲ့ နည်းလမ်းပါ။ မုန့်ထုပ်မှာ စီးကရက်ပုံစံ စက္ကူချောင်း တစ်ချောင်းပါတယ်။ စက္ကူချောင်းကနေ အဲ့ဒီအမှုန့်တွေ သိပ်ထည့်ပြီး ဆေးလိပ်သောက်တဲ့ ပုံစံနဲ့ မုန့်ကိုစုပ်ပြီး စားရတာပါ” ဟု ၎င်းက ရှင်းလင်း ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် ရာခိုင်နှုန်း ၉၀ မကျိန်းသေ ဟု ဆို

ရန်ကုန် ၊ ဒီဇင်ဘာ ၁၀ ။ ။ ဒေါ်အောင် ဆန်းစုကြည် သမ္မတဖြစ်ရန် ရာ ခိုင်နှုန်း ၉ဝမကျိန်းသေဟု ဝါရင့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဘ တင့်ဆွေက သုံးသပ်ပြောသည်။

အခြေခံဥပဒေပြင်ဆင်ရာ တွင် တပ်မတော်၏ပါဝင်မှုအခန်း ကဏ္ဍကိုလျှော့ချရေးမှာထိပ်တန်းမှ ပြင်ဆင်သင့်သည့်အရာတစ်ခု ဖြစ်သော်လည်း သမ္မတဖြစ်ရေး ကိုပြင်ဆင်ရမည့်အချက်မှာ ပိုမို ခက်ခဲသောကြောင့် ဒေါ်အောင် ဆန်းစုကြည် သမ္မတဖြစ်ရန်မှာ ရာခိုင်နှုန်း၉၀ မကျိန်းသေခြင်းဖြစ် သည်ဟု ယင်းက သုံးသပ်သည်။

ဦးဘတင့်ဆွေက ''အများစု အမြင်မှားနေတာတစ်ခုက ၂၀၀၈ ဖွဲ့စည်းပုံရဲ့ သမ္မတဖြစ်ရေးဥပဒေ ဟာ ဒေါ်စုတစ်ဦးတည်းကို ရည် ရွယ်ရေး ဆွဲထားတာလို့ ထင်နေ ကြတယ်။ တကယ်တော့ မဟုတ် ပါဘူး။ ဖွဲ့စည်းပုံတစ်ခုက တိုင်း ပြည်ရဲ့ ရေမြေသဘာဝနဲ့ ကိုက် ညီအောင် လုပ်ရတာပါ။ ဒီဖွဲ့စည်း ပုံကလဲ စစ်အစိုးရလက်ထက် မှာ ရေးဆွဲထားတာဆိုတော့ သူတို့ရဲ့ အကျိုးစီးပွားကို လုံခြုံဖို့ အဓိက ထားတဲ့ အချက်ပါ။ ဖွဲ့စည်းပုံမှာ သမ္မတတစ်ယောက်ဖြစ်ဖို့အတွက် မလိုလားအပ်တဲ့ ကန့်သတ်ချက် တွေပါတယ်။ ဒါပေမဲ့ ဒီအချက် တွေကိုပြင်ဖို့က တပ်မတော်ပါဝင် မှုကိုပြင်ဖို့ထက်ခက်တယ်။ ဒီတော့ ဒေါ်စုသမ္မတဖြစ်ဖို့ ၂၀၁၅မှာမဖြစ် နိုင်ဘူး။ ဒေါ်စုမဟုတ်တဲ့ တခြား ပြည်သူတစ်ဦးဆိုရင်လဲ မဖြစ်နိုင် ပါဘူး။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဇာတ်ခုံ အခင်းအကျင်းအရရော ဖွဲ့စည်းပုံအရ ဒေါ်စုသမ္မတဖြစ်ဖို့ ရာခိုင်နှုန်း၉၀ မကျိန်းသေပါဘူး'' ဟု ပြောသည်။

ယင်းနှင့်ပတ်သက်၍ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦး ဝင်းမြင့်က ''အစိုးရအနေနဲ့ ဒီမို ကရေစီတည်ဆောက်ချင်ရင် လွှတ် တော်အနေနဲ့ ဒီမိုကရေစီတည် ဆောက်ချင်ရင် တပ်မတော်အနေ နဲ့ ဒီမိုကရေစီ တည်ဆောက် ချင် တယ်ဆိုရင် သမ္မတရွေးချယ်ခွင့်ရ အောင် လုပ်ပေးသင့်ပါတယ်။ ဒေါ် အောင်ဆန်းစုကြည် သမ္မတဖြစ် ဖို့ ကန့်သတ်ထားတဲ့ ကန့်သတ် ချက်တွေက ၄ရအခြေခံဥပဒေနဲ့ ၇၄အခြေခံဥပဒေထဲမှာလဲ မပါ ပါဘူး။ နိုင်ငံတကာမှာလဲ ဒါမျိုး မရှိဘူး။ နိုင်ငံသူ၊ နိုင်ငံသားတွေ ရဲ့အကျိုးစီးပွားအတွက် လုပ်ပေး နိုင်တဲ့သူ၊ ပြည်တွင်းပြည်ပက လက်ခံတဲ့သူကို ပိတ်ပင်ထားရင် ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်ဘူး''ဟု ပြောသည်။

"ဆီးဂိမ်းဖွင့်ပွဲရဲ့ လေးသမား"

"ဆီးဂိမ်းဖွင့်ပွဲရဲ့ လေးသမား"

မနေ့က မီးမြားပစ်တာကို ဟန်လုပ်တာတို့ ... တစ်ကယ် မပစ်ပါဘူးတို့.. ခလုတ်နဲ့ မီးတောက်အောင် လုပ်တာတို့.. မပစ်ခင်ကတည်းက မီးသေနေပြီတို့.. အစရှိသဖြင့် အမျိုးမျိုး သောသောညံအောင် ဝေဖန်နေကြတာ ကြားရတော့ တစ်ကယ် ကြိုးစားခဲ့တဲ့ လေးသမားလေးအတွက် စိတ်မကောင်းမိတာ အမှန်ပါပဲ..

ဒါကြောင့်လည်း ကွင်းထဲမှာ တာဝန်ကျတဲ့ သူငယ်ချင်းတွေရော.. အားကာက သူငယ်ချင်းတွေကိုပါ လှမ်းပြီး စုံစမ်းကြည့်မိပါတယ်..

မြားပစ်တဲ့ ကောင်လေးနာမည်က ဝေလင်းထွန်း ဖြစ်ပါတယ်.. သူပစ်တဲ့ လေးက လက်အားနဲ့ လေးညို့ကို ဆွဲထားပြီး ပစ်ရတဲ့ လေးရယ် ဒူးလေးလို ညို့ကြိုးကို ဆွဲတင်ပြီး ခလုတ်နဲ့ ပစ်ရတဲ့ လေးရယ်ဆိုပြီး နှစ်မျိုး ရှိတဲ့အထဲက ခလုတ်နဲ့ ပစ်ရတဲ့ လေး အမျိုးအစားကို သုံးသွားတာ ဖြစ်ပါတယ်..

သုံးစွဲတဲ့ မြားကတော့ လက်ရှိဆီးဂိမ်းပြိုင်ပွဲမှာ သုံးစွဲနေတဲ့ မြားအမျိုးအစားနဲ့ အတူတူ ဖြစ်ပြီး ကိုးရီးယား နိုင်ငံက တင်သွင်းခဲ့တဲ့ မြားတစ်ချောင်းကို  မြန်မာငွေ ၃ သောင်း ကျော်လောက် ကျသင့်တဲ့ မြားကို သုံးစွဲထားတာဖြစ်ပါတယ်..

ပစ်မယ့်နေရာ အကွာအဝေး လမ်းကြောင်းနှင့် လေးရဲ့ ချိန်သီးကို အတိအကျ တွက်ချက်လို့ ချိန်ထားပြီး ထပ်ခါထပ်ခါ အကြိမ်ကြိမ် အဖန်ဖန် လေ့ကျင့်ထားတာ ဖြစ်ပါတယ်.. လက်ရှိ ဆီးဂိမ်းမှာလည်း ပြိုင်ပွဲဝင်နေသူ ဖြစ်တာကြောင့် ပစ်ကွင်းကျယ်တဲ့ မီးရှူးတိုင်ကြီးကို ထိမှန်ရေးအတွက် သူ့အတွက် အခက်အခဲ မရှိပေမယ့် နောက်ဆုံး အကြိမ် လေ့ကျင့်တဲ့ အချိန်ထိ စိုးရိမ်စိတ် ရှိနေခဲ့တာတော့ အမှန်ပါပဲ..

ဒါကြောင့်လည်း တစ်ကယ်လို့များ လွဲများ လွဲသွားခဲ့ရင် ရုပ်ပျက်ဆင်းပျက် ဖြစ်မှာစိုးလို့ အရန် အစီအစဉ်များ လုပ်ထားတာကတော့ အမှန်ပါပဲဗျာ.. 

ဒါပေမယ့် ဒီ လေးသမားလေး တစ်ကယ်ပစ်ပြီး တစ်ကယ်လည်း ထိပါတယ်.. မီးလည်း ပစ်တဲ့အချိန်မှာ ပါသွားပါတယ်ဗျာ.. သူ့ရဲ့ မီးမြားကြောင့်လည်း မီးတောက်ခဲ့ပါတယ်..

မီးရှူးတိုင်က မီးတောက်တာကတော့ သူအပစ်နဲ့ မီးတောက်တာ ထပ်တူတော့ မကျပါဘူးဗျာ.. အချိန်တော့ ကွာပါတယ်.. မြားဆိုတာ လူထက်တော့ အများကြီး မြန်အောင် သွားနိုင်တာပေါ့ဗျာ.. ဒါပေမယ့် တစ်ခုတော့ ရှိတာက မြားက မီးရှူးတိုင်ကို မရောက်ခင် အရံစနစ်က အသက်ဝင်သွားသလား မြားကြောင့် မီးထတောက်တာလား ဆိုတာကတော့ လူတိုင်းကို ပဟေဠိ ဖြစ်စေခဲ့သလို တာဝန်ရှိသူတွေကိုလည်း ပဟေဠိ ဖြစ်စေခဲ့တာ အမှန်ပါပဲ..

မည်သို့ပင် ဆိုစေကာမှု လေးသမားလေး အနေဖြင့် မီးမြားကို တစ်ကယ်လည်း ပစ်ခဲ့သလို.. မီးလည်း မြားမှာ ပါသွားပြီး မီးရှူးတိုင်ကိုလည်း တစ်ကယ်ကို သက်မှတ်ထားတဲ့အတိုင်း အတိအကျ မှန်ခဲ့ပါတယ်ဗျာ..

ဘာပဲပြောပြော ဒီလို ငြိမ်သပ်မှု မရှိပဲ လှုပ်ရှားနေတဲ့ ပန်းရထားပေါ်ကနေ အလွန်ဝေးကွာတဲ့ ပစ်မှတ်ကို ထိမှန်အောင် ပစ်နိုင်ခဲ့တဲ့ လေးသမားလေး ဝေလင်းထွန်းကို မြန်မာ့ဂုဏ်ဆောင် အားကစားသမား အနေနဲ့ ဂုဏ်ပြုသင့်တယ် မဟုတ်ပါလားဗျာ.. 

ချစ်သောမျက်စိဖြင့်သာ ကြည့်တတ်လျှင် ချစ်စရာတွေ ဖြစ်လာသလို အမုန်းမျက်စိနဲ့ အပြစ်ရှာ ကြည့်တတ်သူတွေအတွက်တော့ အပြစ်ရှာစရာ တွေ့တာ မဆန်းပါဘူးဗျာ..

လောလောဆယ်တော့ ဒီလေးသမားလေးရဲ့ ဖုန်းနံပါတ်ကို ကောင်မလေး တော်တော်များများက အသည်းအသန် လိုက်စုံစမ်းနေကြပါပြီဗျာ.. သိချင်သူများ ရှိပါက မက်စိကနေ လှမ်းမေးပါခင်ဗျာ..  ၂၂ ရက်နေ့နောက်ပိုင်း ရောက်ရင်တော့ လေးသမားလေးရဲ့ ဖုန်းနံပါတ်ကို ပေးပါ့မယ်ဗျာ.. လက်ရှိမှာ ပြိုင်ပွဲဝင်နေတာဖြစ်လို့ မြားပစ်ပြိုင်ပွဲမှာ ရွှေမှန်းထားတဲ့ ဆီးဂိမ်းဖွင့်ပွဲရဲ့ လေးသမားလေးကို ပြိုင်ပွဲ ပြီးတော့မှာသာ ကြူချင်သူများ ၀ိုင်းလို့သာ ကြူကြပါခင်ဗျာ..

(AERO)

မနေ့က မီးမြားပစ်တာကို ဟန်လုပ်တာတို့ ... တစ်ကယ် မပစ်ပါဘူးတို့.. ခလုတ်နဲ့ မီးတောက်အောင် လုပ်တာတို့.. မပစ်ခင်ကတည်းက မီးသေနေပြီတို့.. အစရှိသဖြင့် အမျိုးမျိုး သောသောညံအောင် ဝေဖန်နေကြတာ ကြားရတော့ တစ်ကယ် ကြိုးစားခဲ့တဲ့ လေးသမားလေးအတွက် စိတ်မကောင်းမိတာ အမှန်ပါပဲ..

ဒါကြောင့်လည်း ကွင်းထဲမှာ တာဝန်ကျတဲ့ သူငယ်ချင်းတွေရော.. အားကာက သူငယ်ချင်းတွေကိုပါ လှမ်းပြီး စုံစမ်းကြည့်မိပါတယ်..

မြားပစ်တဲ့ ကောင်လေးနာမည်က ဝေလင်းထွန်း ဖြစ်ပါတယ်.. သူပစ်တဲ့ လေးက လက်အားနဲ့ လေးညို့ကို ဆွဲထားပြီး ပစ်ရတဲ့ လေးရယ် ဒူးလေးလို ညို့ကြိုးကို ဆွဲတင်ပြီး ခလုတ်နဲ့ ပစ်ရတဲ့ လေးရယ်ဆိုပြီး နှစ်မျိုး ရှိတဲ့အထဲက ခလုတ်နဲ့ ပစ်ရတဲ့ လေး အမျိုးအစားကို သုံးသွားတာ ဖြစ်ပါတယ်..

သုံးစွဲတဲ့ မြားကတော့ လက်ရှိဆီးဂိမ်းပြိုင်ပွဲမှာ သုံးစွဲနေတဲ့ မြားအမျိုးအစားနဲ့ အတူတူ ဖြစ်ပြီး ကိုးရီးယား နိုင်ငံက တင်သွင်းခဲ့တဲ့ မြားတစ်ချောင်းကို မြန်မာငွေ ၃ သောင်း ကျော်လောက် ကျသင့်တဲ့ မြားကို သုံးစွဲထားတာဖြစ်ပါတယ်..

ပစ်မယ့်နေရာ အကွာအဝေး လမ်းကြောင်းနှင့် လေးရဲ့ ချိန်သီးကို အတိအကျ တွက်ချက်လို့ ချိန်ထားပြီး ထပ်ခါထပ်ခါ အကြိမ်ကြိမ် အဖန်ဖန် လေ့ကျင့်ထားတာ ဖြစ်ပါတယ်.. လက်ရှိ ဆီးဂိမ်းမှာလည်း ပြိုင်ပွဲဝင်နေသူ ဖြစ်တာကြောင့် ပစ်ကွင်းကျယ်တဲ့ မီးရှူးတိုင်ကြီးကို ထိမှန်ရေးအတွက် သူ့အတွက် အခက်အခဲ မရှိပေမယ့် နောက်ဆုံး အကြိမ် လေ့ကျင့်တဲ့ အချိန်ထိ စိုးရိမ်စိတ် ရှိနေခဲ့တာတော့ အမှန်ပါပဲ..

မြန်မာနိုင်ငံတွင် ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်နှုန်း များပြားလာ

Photo: မြန်မာနိုင်ငံတွင် ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်နှုန်း များပြားလာ

မြန်မာနိုင်ငံတွင် ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်နှုန်း များပြားလာပြီး အသက် ၁၅ နှစ်မှ ၁၉ နှစ်ကြား ဆယ်ကျော်သက် အမျိုးသမီး ၁၀၀၀ တွင် ၁၇ ဦးနှုန်း ကလေးမွေးဖွားနေရာ အသက်၂၀ မတိုင်မီ ကိုယ်ဝန်ဆောင်ခြင်း၊ မလိုချင်ဘဲ ကိုယ်ဝန်ဆောင်ရခြင်းကို လျှော့ချရန် အရေးတကြီး လုပ်ဆောင်ရန် လိုအပ်နေကြောင်း "၂၀၁၃ ခုနှစ်၊ ကမ္ဘာ့လူဦးရေ အစီရင်ခံစာ ဆွေးနွေးခြင်း အခမ်းအနား" တွင် ပြောကြားသည်။  

လက်ရှိ နိုင်ငံလူဦးရေ သန်း ၆၀ ရှိသည့်အနက် အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အကြား အမျိုးသမီး ဦးရေမှာ ၂ ဒသမ ၉ သန်းခန့် ရှိနေကြောင်းနှင့် အသက်၂၀ မတိုင်မီ ကိုယ်ဝန်ဆောင်ခြင်းနှင့် မလိုချင်သော ကိုယ်ဝန်ဆောင်ရခြင်းတို့ကို လျှော့ချနိုင်ရန် အကူအညီများပေးရန် လိုအပ်နေသည်ဟု သိရသည်။

"လူငယ်တွေက လူဦးရေ အားလုံးရဲ့ သုံးပုံတစ်ပုံ ရှိတယ်။ မြန်မာနိုင်ငံရဲ့ ဆယ်ကျော်သက် မျိုးဆက်ပွား ကျန်းမာရေး အစီရင်ခံစာအရ ၃၈ ရာခိုင်နှုန်းထက် မနည်းတဲ့ အမျိုးသမီးတွေက တစ်ကြိမ်တစ်ခါ လိင်ဆက်ဆံမှု ပြုရုံနဲ့ ကိုယ်ဝန်ရသွား နိုင်တယ်ဆိုတာ မသိကြဘူး။ နောက်ပြီး ရာခိုင်နှုန်း ၂၀ လောက်က သားဆက်ခြားခြင်း အကြောင်းတွေကို မသိကြဘူး။ နောက် မြန်မာနိုင်ငံမှာ အိမ်ထောင်ပြုတဲ့ အသက်အရွယ်က မြို့ပြတွေမှာတော့ မြင့်မားလာပေမယ့် ကျေးလက်တွေမှာဆိုရင် စောစောစီးစီး အိမ်ထောင်ပြုတာကို တွေ့နေရဆဲ ဖြစ်တယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာကိုကိုက ဆိုသည်။

ဆယ်ကျော်သက် မိန်းကလေးများ အပါအ၀င် အမျိုးသမီးများ သေဆုံးရခြင်း အဓိက အကြောင်းရင်းများအနက် မလိုချင်ဘဲ ရရှိလာသည့် ကိုယ်ဝန်ကို ဖျက်ချခြင်း အပါအ၀င် ကိုယ်ဝန်ဆောင်ခြင်းနှင့် ပတ်သက်သည့် နောက်ဆက်တွဲ ပြဿနာများသည်လည်း တစ်ခုအပါအ၀င် ဖြစ်ကြောင်းနှင့် အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်နှုန်း များပြားလာခြင်းသည် မြန်မာနိုင်ငံ အပါအ၀င် တစ်ကမ္ဘာလုံးတွင် ဖြစ်ပွားနေသည့် ပြဿနာ တစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံရှိ အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်း မျိုးဆက်ပွားနိုင်သည့် လူငယ်လူရွယ်များတွင် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များနှင့် ၀န်ဆောင်မှုများ အရေးတကြီး လိုအပ်နေကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

"တရားမ၀င် ကိုယ်ဝန်ဖျက်ချတာ (Criminal abortion) တွေကြောင့် သားပျက်သားလျှောဖြစ်ပြီး အသက်သေဆုံးရတဲ့ မိခင်တွေ အများကြီး ရှိနေပြီး အဲဒီအထဲမှာ ဆယ်ကျော်သက် မိခင်တွေလည်း ပါနေတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေမှာ ကိုယ်ဝန်ဖျက်ချနှုန်းက နောက်ဆုံးရထားတဲ့ အချက်အလက်တွေအရ ၃ ဒသမ ၁ ရာခိုင်နှုန်း ရှိနေပြီး  များသောအားဖြင့် လူငယ်တွေ များနေပါတယ်။ ဆယ်ကျော်သက် လူငယ်တွေမှာ မမျှော်လင့်ဘဲ ကိုယ်ဝန်ရတော့ မလိုလားတဲ့ ကိုယ်ဝန်တွေ ဖြစ်တယ်။ အဲဒီအခါမှာ ဖျက်ဆီးဖို့ ဥပဒေပြင်ပက နည်းမျိုးစုံနဲ့ ကြိုးစားကြတယ်။ အဲဒီလို ကြိုးစားရင်းနဲ့ပဲ မလိုလားအပ်တဲ့ သေဆုံးမှုတွေ ဖြစ်နေကြတာ တွေ့ရတယ်" ဟု ကျန်းမာရေး ဦးစီးဌာန၊ ဗဟိုကျန်းမာရေး ပညာဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာလှမြသွေးအိန္ဒြာက ဆိုသည်။

မည်သူမဆို ကိုယ်ဝန်ဆောင် မိခင်၏ အသက်ကို ကယ်ဆယ်လိုသော သဘောရိုးဖြင့် မဟုတ်ဘဲ ကိုယ်ဝန်ဆောင်မိန်းမကို ကိုယ်ဝန်ပျက်စေရန် မိမိအလိုအလျောက် ပြုလျှင် ထိုသူကို သုံးနှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း၊ မိန်းမသည် လှုပ်ရှားသော ကိုယ်ဝန်နှင့်ဖြစ်လျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း သိရသည်။

ကိုယ်ဝန်ဆောင် မိခင်များအား အာဟာရမျှတစွာ စားသုံးတတ်စေရန် ကျန်းမာရေး ၀န်ထမ်းတစ်ဦးက အသိပညာ ပေးနေစဉ်

မြန်မာနိုင်ငံတွင် ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်နှုန်း များပြားလာပြီး အသက် ၁၅ နှစ်မှ ၁၉ နှစ်ကြား ဆယ်ကျော်သက် အမျိုးသမီး ၁၀၀၀ တွင် ၁၇ ဦးနှုန်း ကလေးမွေးဖွားနေရာ အသက်၂၀ မတိုင်မီ ကိုယ်ဝန်ဆောင်ခြင်း၊ မလိုချင်ဘဲ ကိုယ်ဝန်ဆောင်ရခြင်းကို လျှော့ချရန် အရေးတကြီး လုပ်ဆောင်ရန် လိုအပ်နေကြောင်း "၂၀၁၃ ခုနှစ်၊ ကမ္ဘာ့လူဦးရေ အစီရင်ခံစာ ဆွေးနွေးခြင်း အခမ်းအနား" တွင် ပြောကြားသည်။

လက်ရှိ နိုင်ငံလူဦးရေ သန်း ၆၀ ရှိသည့်အနက် အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အကြား အမျိုးသမီး ဦးရေမှာ ၂ ဒသမ ၉ သန်းခန့် ရှိနေကြောင်းနှင့် အသက်၂၀ မတိုင်မီ ကိုယ်ဝန်ဆောင်ခြင်းနှင့် မလိုချင်သော ကိုယ်ဝန်ဆောင်ရခြင်းတို့ကို လျှော့ချနိုင်ရန် အကူအညီများပေးရန် လိုအပ်နေသည်ဟု သိရသည်။

"လူငယ်တွေက လူဦးရေ အားလုံးရဲ့ သုံးပုံတစ်ပုံ ရှိတယ်။ မြန်မာနိုင်ငံရဲ့ ဆယ်ကျော်သက် မျိုးဆက်ပွား ကျန်းမာရေး အစီရင်ခံစာအရ ၃၈ ရာခိုင်နှုန်းထက် မနည်းတဲ့ အမျိုးသမီးတွေက တစ်ကြိမ်တစ်ခါ လိင်ဆက်ဆံမှု ပြုရုံနဲ့ ကိုယ်ဝန်ရသွား နိုင်တယ်ဆိုတာ မသိကြဘူး။ နောက်ပြီး ရာခိုင်နှုန်း ၂၀ လောက်က သားဆက်ခြားခြင်း အကြောင်းတွေကို မသိကြဘူး။ နောက် မြန်မာနိုင်ငံမှာ အိမ်ထောင်ပြုတဲ့ အသက်အရွယ်က မြို့ပြတွေမှာတော့ မြင့်မားလာပေမယ့် ကျေးလက်တွေမှာဆိုရင် စောစောစီးစီး အိမ်ထောင်ပြုတာကို တွေ့နေရဆဲ ဖြစ်တယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာကိုကိုက ဆိုသည်။

သက္ကရာဇ်ရေးထိုး မှတ်တမ်းတင်ထားသော အစောဆုံး ကျောက်စာအဖြစ် ဘာသာစကား ခြောက်မျိုးဖြင့် ရေးထိုးထားသည့် ပုဂံခေတ် စောလူးမင်း၏ကျောက်စာ မြစ်သားမြို့၌ တွေ့ရှိ

Photo: သက္ကရာဇ်ရေးထိုး မှတ်တမ်းတင်ထားသော အစောဆုံး ကျောက်စာအဖြစ် ဘာသာစကား ခြောက်မျိုးဖြင့် ရေးထိုးထားသည့် ပုဂံခေတ် စောလူးမင်း၏ကျောက်စာ မြစ်သားမြို့၌ တွေ့ရှိ

ဘာသာစကား ခြောက်မျိုးဖြင့် ရေးထိုးထားသည့် ပုဂံခေတ် စောလူးမင်း၏ ကျောက်စာအား မြစ်သားမြို့၌ တွေ့ရှိခဲ့ပြီး မြန်မာ့သမိုင်းတွင် သက္ကရာဇ်ရေးထိုး မှတ်တမ်းတင်ထားသည့် ကျောက်စာများအနက် အစောဆုံး ကျောက်စာတစ်ချပ်ဖြစ်ကြောင်း ပညာရှင်များ၏ ရှာဖွေတွေ့ရှိ ချက်များအရ သိရသည်။

ပုဂံခေတ် စောလူးမင်း၏ ဘာသာစကား ခြောက်မျိုးဖြင့် ရေးထိုးထားသည့် ကျောက်စာကို မြစ်သားမြို့ ပေတောကျောင်းတိုက် အတွင်းမှ နိုဝင်ဘာ ၁၇ ရက်က စတင်တွေ့ရှိခဲ့ပြီး တွေ့ရှိချိန်၌ ကျောက်စာချပ် သုံးချပ်ကို တွေ့ရှိခဲ့ကာ နိုဝင်ဘာ ၂၇ ရက်တွင် နောက်ဆုံးကျန်ရှိနေသည့် ကျောက်စာချပ်အား ထပ်မံတွေ့ရှိခဲ့သည်။

စောလူးမင်း ရေးထိုးစိုက်ထူခဲ့သည့် ကျောက်စာသည် တိုင်းရင်းသား ဘာသာစကား ခြောက်မျိုးဖြင့် နှစ်ဖက်ရေးထိုးထားသည်ကို တွေ့ရှိရသည်။ အဆိုပါ ကျောက်စာ၌  ပါဠိဘာသာဖြင့် အများဆုံး ရေးထိုးထားရာဘက်တွင် မြန်မာဘာသာဖြင့် ရှစ်ကြောင်း၊ ပျူပါဠိဖြင့် ၁၄ ကြောင်းနှင့် ပျူစာစစ်စစ် ခုနစ်ကြောင်း စာကြောင်းရေ စုစုပေါင်း ၂၉ ကြောင်း ပါရှိသည်။ မွန်စာ အများဆုံးဖြင့် ရေးထိုးထားရာဘက်၌ ပါဠိဘာသာဖြင့် ရှစ်ကြောင်း၊ မွန်ဘာသာဖြင့် ၁၅ ကြောင်း၊ ကျွမ်း (သို့မဟုတ်) ယွန်းဘာသာဖြင့် လေးကြောင်းဖြင့် စာကြောင်းရေ စုစုပေါင်း ၂၇ ကြောင်း ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရှာဖွေတွေ့ရှိထားသည့် ကျောက်စာများ အနက်မှ ဘာသာစကား ခြောက်မျိုးဖြင့် ရေးထိုးထားသောကြောင့် ဘာသာအများဆုံး ပါရှိသည့် ကျောက်စာတစ်ချပ် ဖြစ်သည်။ ယင်းကျောက်စာကို စောလူးမင်းမှ မြန်မာသက္ကရာဇ် ၄၁၅ ခုနှစ်တွင် ရေးထိုးခဲ့ပြီး ကျောက်စာ၌ စောလူးမင်းသည် မိမိကိုယ်အတိုင်းအတာ ပမာဏရှိသော ဆင်းတုတော် တစ်ဆူကို ဘုရား၌ လှူသည်။ ရွှေဆင်းတု နှစ်ဆူကို ဌာပနာသည်။ ကျွန် ၁၀၀၊ နွားအရှဉ်း ၁၀၊ လယ် ၁၀၀ ပယ်နှင့် စပါးတင်း ၁၀၀၀ ကို ရေစက်သွန်းချ လှူဒါန်းသည်" ဟု မွန်ကဗျည်းကျောက်စာ ပညာရှင် ဦးနိုင်ဘရှင်၏ ဘာသာပြန်ဆို ထားချက်အရ သိရသည်။

ပုဂံခေတ်တွင် ရေးထိုးခဲ့သည့် ကျောက်စာများတွင် ကျန်စစ်သား မင်းကြီး၏သားတော် ရာဇကုမာကျောက်စာ (မြစေတီ)မှာ မြန်မာသက္ကရာဇ် ၄၇၅ ခုနှစ်တွင် ရေးထိုးခဲ့သောကြောင့် ယင်းကျောက်စာထက် ယခုတွေ့ရှိထားသည့် စောလူးမင်းကျောက်စာ (၄၁၅ ခုနှစ်)မှာ နှစ်ပေါင်း ၆၀ ခန့် စောခဲ့သည်ဟု ပညာရှင်များက ပြောဆိုခဲ့သည်။

"ပုဂံခေတ်မှာ ကျောက်စာတွေ ရေးထိုးတာက အနော်ရထာခေတ်မှာလည်း ရှိခဲ့ပေမယ့် သူရေးထိုးထားခဲ့တဲ့ ကျောက်စာက မူရင်းမရှိတော့ပဲ နောက်ထပ်တစ်ဆင့်ထိုး ဖြစ်နေတာကြောင့် အခုတွေ့ထားတဲ့ စောလူးမင်း ကျောက်စာက အစောဆုံး ဖြစ်တယ်လို့ ပြောလို့ရသွားပါတယ်။ ကျောက်စာမှာ ဘာသာငါးမျိုး တွေ့ပြီးတော့ အခုနောက်ထပ် ဘာသာတစ်မျိုး ထပ်တွေ့ထားတဲ့ အနေအထား ရှိပါတယ်။ အဲဒါရောဆိုရင် ဘာသာစကားက ခြောက်မျိုးဖြစ်သွားမှာပါ။ ကျောက်စာကိုတော့ အခုပညာရှင်တွေ စုပေါင်းပြီး လေ့လာနေဆဲပါ" ဟု မြန်မာမှုဗိသုကာ ပညာရှင် ဦးဝင်းမောင် (တမ္ပ၀တီ)က ပြောကြားခဲ့သည်။

၁၁ ရာစု ခေတ်ဦးဖြစ်သည့် စောလူးမင်း၏ ကျောက်စာတွင် ကျိန်စာ၊ ဆုတောင်းစာများ ပါဝင်ပြီး ပျူပါဠိဘာသာဖြင့် ရေးထိုးထားရာဘက်၌ ဆင်းတုတော်သုံးဆူပါ လှူဒါန်းခဲ့ကြောင်း ရေးထိုးထားသည်။ နောက်ထပ်တွေ့ရှိရသည့် ဘာသာစကား တစ်မျိုးမှာ မြန်မာဘာသာစကား (သို့မဟုတ်) ပါဠိဘာသာစကား တစ်မျိုးဖြစ်သည့် ဒေ၀နာဂရီဘာ သာစကားဖြင့် ရေးထိုးထားသည်ဟု ယူဆရကြောင်း အဆိုပါ မြန်မာမှု ဗိသုကာ ပညာရှင်က ဆက်လက်ပြောကြားသည်။

ယခုတွေ့ရှိထားသည့် ၁၁ ရာစု ခေတ်ဦးတွင် ရေးထိုးခဲ့သည့် စောလူးမင်း ကျောက်စာအား ယင်းကျောက်စာ တွေ့ရှိခဲ့သည့် မြစ်သားမြို့ရှိ ပေတောကျောင်းတိုက် အတွင်း၌ ပြန်လည်စိုက်ထူ ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။    

မြန်မာ့သမိုင်းတွင် သက္ကရာဇ်ရေးထိုးသည့် ကျောက်စာများ၌ အစောဆုံးဖြစ်သည့် ပုဂံခေတ် စောလူးမင်း၏ ကျောက်စာအား တွေ့မြင်ရစဉ်
မြန်မာ့သမိုင်းတွင် သက္ကရာဇ်ရေးထိုးသည့် ကျောက်စာများ၌ အစောဆုံးဖြစ်သည့် ပုဂံခေတ် စောလူးမင်း၏ ကျောက်စာအား တွေ့မြင်ရစဉ်

ဘာသာစကား ခြောက်မျိုးဖြင့် ရေးထိုးထားသည့် ပုဂံခေတ် စောလူးမင်း၏ ကျောက်စာအား မြစ်သားမြို့၌ တွေ့ရှိခဲ့ပြီး မြန်မာ့သမိုင်းတွင် သက္ကရာဇ်ရေးထိုး မှတ်တမ်းတင်ထားသည့် ကျောက်စာများအနက် အစောဆုံး ကျောက်စာတစ်ချပ်ဖြစ်ကြောင်း ပညာရှင်များ၏ ရှာဖွေတွေ့ရှိ ချက်များအရ သိရသည်။

ပုဂံခေတ် စောလူးမင်း၏ ဘာသာစကား ခြောက်မျိုးဖြင့် ရေးထိုးထားသည့် ကျောက်စာကို မြစ်သားမြို့ ပေတောကျောင်းတိုက် အတွင်းမှ နိုဝင်ဘာ ၁၇ ရက်က စတင်တွေ့ရှိခဲ့ပြီး တွေ့ရှိချိန်၌ ကျောက်စာချပ် သုံးချပ်ကို တွေ့ရှိခဲ့ကာ နိုဝင်ဘာ ၂၇ ရက်တွင် နောက်ဆုံးကျန်ရှိနေသည့် ကျောက်စာချပ်အား ထပ်မံတွေ့ရှိခဲ့သည်။

စောလူးမင်း ရေးထိုးစိုက်ထူခဲ့သည့် ကျောက်စာသည် တိုင်းရင်းသား ဘာသာစကား ခြောက်မျိုးဖြင့် နှစ်ဖက်ရေးထိုးထားသည်ကို တွေ့ရှိရသည်။ အဆိုပါ ကျောက်စာ၌ ပါဠိဘာသာဖြင့် အများဆုံး ရေးထိုးထားရာဘက်တွင် မြန်မာဘာသာဖြင့် ရှစ်ကြောင်း၊ ပျူပါဠိဖြင့် ၁၄ ကြောင်းနှင့် ပျူစာစစ်စစ် ခုနစ်ကြောင်း စာကြောင်းရေ စုစုပေါင်း ၂၉ ကြောင်း ပါရှိသည်။ မွန်စာ အများဆုံးဖြင့် ရေးထိုးထားရာဘက်၌ ပါဠိဘာသာဖြင့် ရှစ်ကြောင်း၊ မွန်ဘာသာဖြင့် ၁၅ ကြောင်း၊ ကျွမ်း (သို့မဟုတ်) ယွန်းဘာသာဖြင့် လေးကြောင်းဖြင့် စာကြောင်းရေ စုစုပေါင်း ၂၇ ကြောင်း ပါဝင်ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်၊ ကတော့ကမ်းရွာတွင် လမ်းဖောက်ရာမှ ရှေးမြန်မာဘုရင်များ ကိုင်ဆောင်သည့် ရွှေသန်လျက်ဟု ယူဆရသော အရာတစ်ခု တွေ့ရှိ

Photo: တနင်္သာရီမြို့နယ်၊ ကတော့ကမ်းရွာတွင် လမ်းဖောက်ရာမှ ရှေးမြန်မာဘုရင်များ ကိုင်ဆောင်သည့် ရွှေသန်လျက်ဟု ယူဆရသော အရာတစ်ခု တွေ့ရှိ

မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကတော့ကမ်းရွာတွင် လမ်းဖောက်ရာမှ ရှေးမြန်မာ ဘုရင်များ ကိုင်ဆောင်သည့် ရွှေသန်လျက်ဟု ယူဆရသော အရာတစ်ခု တွေ့ရှိခဲ့ပြီး တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

ဒီဇင်ဘာ ၇ ရက် ညနေပိုင်းက ကတော့ကမ်းရွာမှ အောက်ကမ်းသို့ မြေသားလမ်း ဖောက်လုပ်နေစဉ် တောင်စောင်းမှ မြေအောက်တစ်ပေခွဲ အနက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ "ကတော့ကမ်းမှာ လမ်းဖောက်နေတုန်း လူငယ်တစ်ဦးက ပေါက်တူးနှင့် တူးလိုက်တဲ့ အချိန်မှာ သန်လျက်လို့ ယူဆရတဲ့ အရာကို ထိမိပြီး တွေ့ရှိခဲ့တာပါ။ ပေါက်တူးနှင့် ထိမိခဲ့တာကြောင့် အဖျားပိုင်းမှာ ငါးလက်မလောက် ပဲ့ထွက်သွားပါတယ်။ ရှေးခေတ် တနင်္သာရီနယ်က မြန်မာဘုရင်တွေ ကိုင်ဆောင်တဲ့ ခရင်းပုံစံ သန်လျက်ဖြစ်ဖို့ များပါတယ်။ အဖျားကနေ အရင်းအထိ တစ်တောင်လောက် ရှည်ပါတယ်။ အရင်းပိုင်းက ရွှေထည်ဖြစ်ပါတယ်။ ရတနာတွေ ပတ်လည်မှာ စီခြယ်ထားတာပါတယ်။ ဒါကို ကျွန်တော်တို့ သေချာစွာ မှတ်တမ်းတင်ထားပါတယ်။ ယဉ်ကျေးမှု ၀န်ကြီးဌာနကိုလည်း ဆက်သွယ်ထားပြီး အခုလောလောဆယ် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ သိမ်းဆည်းထားပါတယ်" ဟု တနင်္သာရီမြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးသန်းစိုးဝင်းက ဒီဇင်ဘာ ၁၁ ရက်က ပြောကြားသည်။

ကတော့ကမ်းမှာ တနင်္သာရီမြစ်ကို ရေလမ်းဖြင့်သာ သွားရပြီး မော်တုန်းကျေးရွာ အုပ်စုအတွင်း ပါဝင်ကာ သမိုင်းမှတ်တမ်းများအရ ကောဇာသက္ကရာဇ် ၅၁၃ ခုနှစ်က ဗြစဣပိတ် မင်းကြီးမှာ ထောင့်ကွာမြို့မှ ပြောင်းရွှေ့လာပြီးနောက် ကတော့ကမ်းသို့ အရောက်တွင် မိမိ၏မယ်တော်နှင့် ဘေးလောင်းတော်များကို မှန်းဆရည်မှန်းကာ ကန်တော့ခဲ့သော နေရာဖြစ်ကြောင်း သိရသည်။ အဆိုပါ သန်လျက်ဟု ယူဆရသော လက်နက်မှာလည်း အရင်းပိုင်းတွင် အရိုးတပ်နိုင်သော သံလက်ကိုင် ပါရှိကာ ရာဇ၀င် မှတ်တမ်းများတွင် ပါရှိသော ဗြစဣပိတ်မင်းကြီးမှ နဂါးမင်းကြီးကို ထိုးသတ်ခဲ့သော ခရင်းပုံစံ လက်နက်မျိုးလည်း ဖြစ်နိုင်ကြောင်း သိရသည်။

လမ်းဖောက်ရာမှ တူးဖော်ရရှိသော ရွှေသန်လျက်ဟု ယူဆရသော ပစ္စည်းအား တွေ့ရစဉ်
လမ်းဖောက်ရာမှ တူးဖော်ရရှိသော ရွှေသန်လျက်ဟု ယူဆရသော ပစ္စည်းအား တွေ့ရစဉ်

မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကတော့ကမ်းရွာတွင် လမ်းဖောက်ရာမှ ရှေးမြန်မာ ဘုရင်များ ကိုင်ဆောင်သည့် ရွှေသန်လျက်ဟု ယူဆရသော အရာတစ်ခု တွေ့ရှိခဲ့ပြီး တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

ဒီဇင်ဘာ ၇ ရက် ညနေပိုင်းက ကတော့ကမ်းရွာမှ အောက်ကမ်းသို့ မြေသားလမ်း ဖောက်လုပ်နေစဉ် တောင်စောင်းမှ မြေအောက်တစ်ပေခွဲ အနက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ "ကတော့ကမ်းမှာ လမ်းဖောက်နေတုန်း လူငယ်တစ်ဦးက ပေါက်တူးနှင့် တူးလိုက်တဲ့ အချိန်မှာ သန်လျက်လို့ ယူဆရတဲ့ အရာကို ထိမိပြီး တွေ့ရှိခဲ့တာပါ။ ပေါက်တူးနှင့် ထိမိခဲ့တာကြောင့် အဖျားပိုင်းမှာ ငါးလက်မလောက် ပဲ့ထွက်သွားပါတယ်။ ရှေးခေတ် တနင်္သာရီနယ်က မြန်မာဘုရင်တွေ ကိုင်ဆောင်တဲ့ ခရင်းပုံစံ သန်လျက်ဖြစ်ဖို့ များပါတယ်။ အဖျားကနေ အရင်းအထိ တစ်တောင်လောက် ရှည်ပါတယ်။ အရင်းပိုင်းက ရွှေထည်ဖြစ်ပါတယ်။ ရတနာတွေ ပတ်လည်မှာ စီခြယ်ထားတာပါတယ်။ ဒါကို ကျွန်တော်တို့ သေချာစွာ မှတ်တမ်းတင်ထားပါတယ်။ ယဉ်ကျေးမှု ၀န်ကြီးဌာနကိုလည်း ဆက်သွယ်ထားပြီး အခုလောလောဆယ် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ သိမ်းဆည်းထားပါတယ်" ဟု တနင်္သာရီမြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးသန်းစိုးဝင်းက ဒီဇင်ဘာ ၁၁ ရက်က ပြောကြားသည်။

"ဖမ်းလိုက် လွှတ်လိုက်" မကြာသေးမီက ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးခံရသူများ အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၄၁ ဦး ထပ်မံလွှတ်ပေး

Photo: "ဖမ်းလိုက် လွှတ်လိုက်" မကြာသေးမီက ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးခံရသူများ အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၄၁ ဦး ထပ်မံလွှတ်ပေး

မြန်မာနိုင်ငံတွင် လက်ခံကျင်းပသည့် (၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ ဖွင့်ပွဲနေ့ဖြစ်သော ဒီဇင်ဘာ ၁၁ ရက်တွင် မြန်မာနိုင်ငံ အနှံ့အပြားရှိ အကျဉ်းထောင် အသီးသီးမှ နိုင်ငံရေး အကျဉ်းသား ၄၁ ဦး ထပ်မံလွတ်မြောက် လာခဲ့သည်။

ယခု ထပ်မံလွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသား ၄၁ ဦးတွင် ယခုအစိုးရ လက်ထက်တွင်မှ ပုဒ်မအမျိုးမျိုးဖြင့် ဖမ်းဆီးထောင်ချ ခံခဲ့ရသည့် အကျဉ်းသားများလည်း ပါဝင်လာခဲ့ကြောင်း သိရသည်။

လွတ်မြောက်လာခဲ့သူများမှာ အင်းစိန်ထောင်မှ ၁၁ ဦး၊ မန္တလေးထောင်မှ တစ်ဦး၊ တောင်ကြီးထောင်မှ တစ်ဦး၊ ပုသိမ်ထောင်မှ နှစ်ဦး၊ သာယာဝတီထောင်မှ နှစ်ဦး၊ ဘားအံထောင်မှ တစ်ဦး၊ တောင်ငူထောင်မှ တစ်ဦး၊ ကော့သောင်းထောင်မှ လေးဦး၊ သထုံထောင်မှ ၁၀ ဦး၊ ပဲခူးထောင်မှ ခြောက်ဦး၊ မြစ်ကြီးနားထောင်မှ တစ်ဦးနှင့် ဘူးသီးတောင်ထောင်မှ တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

အင်းစိန်ထောင်မှ လွတ်မြောက်လာသူများတွင် မကြာသေးမီကမှ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၈ ဖြင့် ထောင်ကျထားသူ အများစု ပါဝင်လာခဲ့ကြောင်း သိရသည်။

ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရသည့် ကျောင်းသားများသမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီမှ ကိုဒီငြိမ်းလင်းက "ကျွန်တော်တို့ ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ်တစ်လဆီ ချမှတ်ခံခဲ့ရတယ်။ အခု တစ်လမပြည့်ခင် လွှတ်ပေးတာပါ။ ကျွန်တော့်အထင်တော့ နိုင်ငံရေး အကျဉ်းသားတွေကို နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်ထဲမှာ မထားစေချင်လို့ လွှတ်ပေးတယ်လို့ ထင်တယ်။ ဒါပေမဲ့ သူတို့မလွှတ်ပေးရင်လည်း နောက်တစ်ပတ်ဆိုရင် ကျွန်တော်တို့ လွတ်ပါပြီ။ ကျွန်တော်ကတော့ ဒီပုဒ်မ ၁၈ က မဖြစ်သင့်ဘူးလို့ ထင်တယ်။ ဒီမိုကရေစီ နည်းလမ်းအရ လုပ်ခွင့်ပေးနေတယ် ဆိုပေမယ့်လည်း ဘာပဲဖြစ်ဖြစ် ပုဒ်မ ၁၈ ဆိုတဲ့ဟာနဲ့ အတားအဆီး လုပ်ထားတဲ့အတွက် ကျွန်တော်တို့ ဘာပဲလုပ်လုပ် ဒီပုဒ်မ ၁၈ က မလွတ်ကင်းနိုင်ဘဲ ဖြစ်နေပါတယ်။ နောက်ကျွန်တော် အခု ကျောင်းသားတစ်ယောက် အနေနဲ့ ထောင်ထဲမှာ စာမေးပွဲဖြေခွင့် ပေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေပဲ သီးခြားမဟုတ်ဘဲ အခြားအမှုတွဲတွေနဲ့ ကျနေတဲ့ အကျဉ်းသားတွေလည်း ဒီလိုအခွင့်အရေးမျိုး ရသင့်တယ်လို့ ထင်ပါတယ်" ဟု ဆိုသည်။

"အခုက ကျွန်မတို့ကို ပြန်လွှတ်လိုက်၊ ဖမ်းသွားလိုက်ဆိုတဲ့ ပြဿနာမှာ ကျွန်မတို့မှာ ပြောပိုင်ခွင့်မရှိဘူး။ ပြောလိုက်၊ ဖမ်းလိုက် ထောင်ထဲရောက်လိုက်ဆိုတဲ့ ပြဿနာနဲ့ပဲ သံသရာလည်နေတယ်။ ကျွန်မတို့ တကယ်လိုချင်တာက လွတ်လပ်စွာ စည်းရုံးခွင့်၊ ဟောပြောခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်ပဲ။ တကယ့်တကယ်ကျတော့ ဆန္ဒထုတ်ဖော်ဖို့ လိုအပ်လာရင် ပုဒ်မ ၁၈ အရ သွားပြီး ခွင့်ပြုချက် တင်နေဖို့ အချိန်မရဘူး" ဟု ပုဒ်မ ၁၈ ဖြင့် အဖမ်းခံရပြီး အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသည့် မသန္တာက ပြောကြားသည်။

သမ္မတ ဦးသိန်းစိန်သည် ၂၀၁၃ နှစ်မကုန်မီ နိုင်ငံရေး အကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးမည်ဟု ဗြိတိန်နိုင်ငံ ခရီးစဉ်အတွင်း ပြောကြားထားသည်။ ယခုလွှတ်ပေးသူများသည် လက်ရှိထောင်ဒဏ်ကျ ခံနေရသူများဖြစ်ပြီး အခြားနိုင်ငံရေးနှင့် ဆက်နွှယ်၍ တရားရင်ဆိုင် နေရသူပေါင်း ၂၅၀ ကျော် ကျန်ရှိနေသေးကြောင်း လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီမှ သိရသည်။

အဆိုပါ ပုဒ်မ(၁၈)၊ ပုဒ်မ ၅၀၅(ခ)စသည့် နိုင်ငံရေး ပုဒ်မများဖြင့် အမှုရင်ဆိုင် နေရသူများအား သမ္မတလုပ်ပိုင်ခွင့်ဖြင့် လွှတ်ပေးရန် နှစ်မကုန်မီ သမ္မတထံ မူကြမ်းရေးဆွဲကာ အကြံပြု သွားမည်ဖြစ်ကြောင်း လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီမှ သိရသည်။

ဒီဇင်ဘာ ၁၁ ရက်တွင် အကျဉ်းသား ၄၁ ဦး လွှတ်ပေးခဲ့သော်လည်း အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသည့် ကိုထင်ကျော်ကို မြောက်ဥက္ကလာပ တရားရုံးက ပုဒ်မ ၅၀၅(ခ)ဖြင့် အာမခံ မပေးသည့်အတွက် အင်းစိန်ထောင်သို့ အဆိုပါနေ့ ညနေပိုင်းတွင် ပြန်လည်ခေါ်ဆောင်သွားကြောင်း သိရသည်။

"အခုလို ဖမ်းလိုက်၊ လွှတ်လိုက် လုပ်နေတာက ဘယ်ဟာအတွက်မှ အလားအလာ မကောင်းဘူး။ အင်မတန်မှ ၀မ်းနည်းစရာ ကောင်းတယ်။ တကယ်ဆိုရင် လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီးမှသာလျှင် တရားရေးမဏ္ဍိုင် ယိုင်ယဲ့တာကို ပြင်ဆင်သင့်တယ်။ ပြစ်ဒဏ်နဲ့ ပြစ်မှုမမျှတာတွေ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ခြေလှမ်းစတာတွေ လုပ်ရမှာ ဖြစ်တယ်။ ပုဒ်မ ၁၈၊ ၅၀၅ (ခ)ဆိုတာတွေကို ပြည်ထဲရေးက အသက်သွင်းတာ ဖြစ်တယ်။ ဒီပုဒ်မတွေ ရှိနေသမျှ နိုင်ငံရေး အကျဉ်းသားကတော့ ရှိနေမှာပဲ" ဟု ဒီဇင်ဘာ ၁၁ ရက်တွင် လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ကိုစိုးမိုးထွန်းက ပြောကြားသည်။ 

အင်းစိန်အကျဉ်းထောင်မှ ဒီဇင်ဘာ ၁၁ ရက်က လွတ်မြောက်လာသည့် ကိုဒီငြိမ်းလင်းက မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားစဉ်
အင်းစိန်အကျဉ်းထောင်မှ ဒီဇင်ဘာ ၁၁ ရက်က လွတ်မြောက်လာသည့် ကိုဒီငြိမ်းလင်းက မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားစဉ်

မြန်မာနိုင်ငံတွင် လက်ခံကျင်းပသည့် (၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ ဖွင့်ပွဲနေ့ဖြစ်သော ဒီဇင်ဘာ ၁၁ ရက်တွင် မြန်မာနိုင်ငံ အနှံ့အပြားရှိ အကျဉ်းထောင် အသီးသီးမှ နိုင်ငံရေး အကျဉ်းသား ၄၁ ဦး ထပ်မံလွတ်မြောက် လာခဲ့သည်။

ယခု ထပ်မံလွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသား ၄၁ ဦးတွင် ယခုအစိုးရ လက်ထက်တွင်မှ ပုဒ်မအမျိုးမျိုးဖြင့် ဖမ်းဆီးထောင်ချ ခံခဲ့ရသည့် အကျဉ်းသားများလည်း ပါဝင်လာခဲ့ကြောင်း သိရသည်။

လွတ်မြောက်လာခဲ့သူများမှာ အင်းစိန်ထောင်မှ ၁၁ ဦး၊ မန္တလေးထောင်မှ တစ်ဦး၊ တောင်ကြီးထောင်မှ တစ်ဦး၊ ပုသိမ်ထောင်မှ နှစ်ဦး၊ သာယာဝတီထောင်မှ နှစ်ဦး၊ ဘားအံထောင်မှ တစ်ဦး၊ တောင်ငူထောင်မှ တစ်ဦး၊ ကော့သောင်းထောင်မှ လေးဦး၊ သထုံထောင်မှ ၁၀ ဦး၊ ပဲခူးထောင်မှ ခြောက်ဦး၊ မြစ်ကြီးနားထောင်မှ တစ်ဦးနှင့် ဘူးသီးတောင်ထောင်မှ တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

အင်းစိန်ထောင်မှ လွတ်မြောက်လာသူများတွင် မကြာသေးမီကမှ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၈ ဖြင့် ထောင်ကျထားသူ အများစု ပါဝင်လာခဲ့ကြောင်း သိရသည်။

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား နေပြည်တော်တွင် ကျင်းပ

Photo: (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား နေပြည်တော်တွင် ကျင်းပ

နှစ်ပေါင်း ၄၄ နှစ်အကြာတွင် မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် ပြန်လည်ကျင်းပခွင့် ရရှိခဲ့သည့် ဆီးဂိမ်းစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက်က နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိ ဘောလုံးကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနား ကျင်းပမည့် နံနက်ပိုင်းတွင် ဆီးဂိမ်းစ်မီးရှူးတိုင်ကို ရန်ကုန်မြို့ အမျိုးသား အားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏမှ ပါရမီ လမ်းဆုံအထိ၊ နေပြည်တော် မြို့တော်ခန်းမမှ ၀ဏ္ဏသိဒ္ဓိ ဘောလုံးကွင်းအထိ နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင် ကစားသမားဟောင်း ၇၀ ကျော်က လက်ဆင့်ကမ်း သယ်ဆောင်ခဲ့ကြသည်။ ညနေ ၆ နာရီတွင် ဖွင့်ပွဲအခမ်းအနားကို လူအင်အား ၉၀၀၀ ကျော်ဖြင့် စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပခဲ့ပြီး ဖျော်ဖြေရေး အစီအစဉ်များ၊ တေးသရုပ်ဖော် အစီအစဉ်များလည်း ပါဝင်ခဲ့သည်။ ယင်းအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး၊ ဒုတိယသမ္မတနှင့် ဦးဥာဏ်ထွန်း၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် ဒေသတွင်းနိုင်ငံများမှ တာဝန်ရှိသူများလည်း တက်ရောက်အားပေး ခဲ့ကြသည်။ အခမ်းအနား မစတင်မီ ဖျော်ဖြေရေး အစီအစဉ်တွင် နိုင်ငံကျော် တေးသံရှင်များဖြစ်သည့် မြန်မာပြည်သိန်းတန်၊ ဇော်ဝင်းထွဋ်၊ ဖြိုးကြီး+ယုဇန၊ ထူးအယ်လင်း+ဆုန်သင်းပါရ်၊ စောခူဆဲ၊ ဖြူဖြူကျော်သိန်း၊ မေခလာတို့က တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြပြီး လက်ရွေးစင် ကစားသမားဟောင်းများ သယ်ဆောင်လာသည့် မီးရှူးတိုင်ကို မြားပစ်ထွန်းညှိကာ ဖွင့်လှစ်ခဲ့သည်။

ထို့နောက် ပြိုင်ပွဲဝင်နိုင်ငံများမှ အားကစားသမားများနှင့် တာဝန်ရှိသူများက ပရိသတ်များကို နှုတ်ဆက်ပြီး မြန်မာအားကစား အဖွဲ့၏ အလံကို ပိုက်ကျော်ခြင်း ကစားသမား အောင်ချိုမြင့်က ကိုင်ဆောင်ခဲ့ကြောင်း သိရသည်။ ယင်းနောက် "အမျိုးသား အမွေအနှစ် မဟာပုဂံ"၊ "ပွဲဦး အလင်္ကာ"၊ "ရွှေနိုင်ငံက ကြိုနေမယ်"၊ "သွေးချင်းတို့ဌာနေ မြန်မာပြည်"၊ "အနာဂတ် ကမ္ဘာမြေ"၊ "တို့မြန်မာ့ခြင်းလုံး"၊ "ပြည်ထောင်စုကြီးတို့ရဲ့ မြန်မာ" စသည့် တေးသရုပ်ဖော်ပြကွက်များကို ထူးခြားသော အပြင်အဆင်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သလို ခေတ်ပေါ်တေးသီချင်းများဖြင့်လည်း ဆက်လက်တင်ဆက်ခဲ့ကြောင်း သိရသည်။ စုစုပေါင်း အခမ်းအနား ကျင်းပချိန် သုံးနာရီကျော် ကြာမြင့်ခဲ့သည်။

ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းက နေပြည်တော် ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းအတွင်း ဖွင့်ပွဲအခမ်းအနား ကျင်းပစဉ်မြင်ကွင်း (ဓာတ်ပုံ- ညီညီစိုးညွန့်)

နှစ်ပေါင်း ၄၄ နှစ်အကြာတွင် မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် ပြန်လည်ကျင်းပခွင့် ရရှိခဲ့သည့် ဆီးဂိမ်းစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက်က နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိ ဘောလုံးကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနား ကျင်းပမည့် နံနက်ပိုင်းတွင် ဆီးဂိမ်းစ်မီးရှူးတိုင်ကို ရန်ကုန်မြို့ အမျိုးသား အားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏမှ ပါရမီ လမ်းဆုံအထိ၊ နေပြည်တော် မြို့တော်ခန်းမမှ ၀ဏ္ဏသိဒ္ဓိ ဘောလုံးကွင်းအထိ နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင် ကစားသမားဟောင်း ၇၀ ကျော်က လက်ဆင့်ကမ်း သယ်ဆောင်ခဲ့ကြသည်။ ညနေ ၆ နာရီတွင် ဖွင့်ပွဲအခမ်းအနားကို လူအင်အား ၉၀၀၀ ကျော်ဖြင့် စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပခဲ့ပြီး ဖျော်ဖြေရေး အစီအစဉ်များ၊ တေးသရုပ်ဖော် အစီအစဉ်များလည်း ပါဝင်ခဲ့သည်။ ယင်းအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး၊ ဒုတိယသမ္မတနှင့် ဦးဥာဏ်ထွန်း၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် ဒေသတွင်းနိုင်ငံများမှ တာဝန်ရှိသူများလည်း တက်ရောက်အားပေး ခဲ့ကြသည်။ အခမ်းအနား မစတင်မီ ဖျော်ဖြေရေး အစီအစဉ်တွင် နိုင်ငံကျော် တေးသံရှင်များဖြစ်သည့် မြန်မာပြည်သိန်းတန်၊ ဇော်ဝင်းထွဋ်၊ ဖြိုးကြီး+ယုဇန၊ ထူးအယ်လင်း+ဆုန်သင်းပါရ်၊ စောခူဆဲ၊ ဖြူဖြူကျော်သိန်း၊ မေခလာတို့က တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြပြီး လက်ရွေးစင် ကစားသမားဟောင်းများ သယ်ဆောင်လာသည့် မီးရှူးတိုင်ကို မြားပစ်ထွန်းညှိကာ ဖွင့်လှစ်ခဲ့သည်။
Related Posts Plugin for WordPress, Blogger...

ShareThis