menu

Wednesday 10 July 2013

ဇူလိုင်ဝိညာဉ်( ကေသွယ် )

7july-july7
ရန်ကုန်တက္ကသိုလ် သထုံဆောင် သဟာယနှင့် စာဖတ်အသင်း (၁၉၆၃-၆၄) မှ ထုတ်ဝေဖြန့်ချိသော ၇ ဇူလိုင် ဓာတ်ပုံမှတ်တမ်း
ဇူလိုင်လထဲကို စ၀င်လာပြီ ဆိုတာနဲ့ တစ်စုံတစ်ရာက နှိုးဆွလိုက်သလို သူတို့စိတ်ဝိညာဉ်တွေ အသင့်ဖြစ်နေ တတ်ကြသည်။ ဇူလိုင်သြဂုတ်ဆိုတဲ့ ပြက္ခဒိန် စာလုံးတွေရဲ့နောက်မှာ သမိုင်းနီနီ ညိုညိုမှိုင်းတွေက ကပ်ပါနေခဲ့သည်ကိုး။
"ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ကြီးများ" ဆိုတဲ့ စကားရပ်ကိုတော့ ကျောင်းတက်စ အရွယ်ကတည်းက သူတို့ခေါင်းထဲမှာ သံမှိုနှက်ပြီးသား။ မုတ်သုံမိုး တဖွဲဖွဲစွေနေတတ်တဲ့ ဇူလိုင် ၁၉ ရဲ့ ဥသြဆွဲသံကို ကြားရုံနှင့်ပင် ၀မ်းနည်းပက်လက် ဖြစ်တတ်ခဲ့သလို ဒီဇူလိုင်လထဲမှာပဲ နောက်ထပ်ဝမ်းနည်းစရာ နေ့တစ်နေ့ ရှိနေသေးတယ် ဆိုတာကိုလည်း ရိပ်ဖမ်းသံဖမ်း သိနေခဲ့ကြသည်။ တကယ်တော့ ဆဲဗင်းဇူလိုင်ဆိုတာ  ဥသြသံမစွဲ မျက်ရည်မ၀ဲနိုင်ဘဲ အံကြိတ်ခဲရင်း မျိုးဆက်တစ်ခုကနေ မျိုးဆက်နောက်တစ်ခုကို တိတ်တိတ်ဆိတ်ဆိတ် လက်ဆင့်ကမ်းခဲ့ရတဲ့ အာဇာနည်နေ့ နောက်တစ်နေ့ပဲ မဟုတ်လား။

လူမိုက်ပုံပြင်(ရန်ကင်းသား)

တစ်ခါတုန်းက သူဌေးကြီးတစ်ယောက်သည် တပည့်ဖြစ်သူအား လူမိုက်ကြီး (၁၀)ယောက်အား ရှာဖွေ၍ စာရင်းကောက်ခဲ့ရန် တာဝန်ပေးလိုက်သည်။ တပည့်ဖြစ်သူကလည်း သူဌေးကြီး၏ တာဝန်ပေးချက်အရ စာရင်းကောက်ရန် ခရီးထွက်ခဲ့သည်။

သူဌေးကြီးတပည့်သည် ခရီးထွက်ခွာလာရာ မြစ်တစ်ခု သို့ရောက်လာ၏။ လူတစ်ယောက်သည် မြစ်ထဲမှရေများကို ခပ်ထုတ်နေသည်ကိုတွေ့ရ၏။ ဘာကြောင့် ခပ်ထုတ်နေသည်ကို သိချင်လာ၍ အကြောင်းစုံကိုမေးမြန်းကြည့်သည်။
"ရွာထဲက ကျွန်တော်ကြိုက်နေတဲ့ ကွမ်းတောင်ကိုင် အလှအပလေးက မြစ်ထဲကရေတွေ ကုန်အောင်ခပ်ထုတ်နိုင်ရင် ကျွန်တော်ကို လက်ထပ်မယ်တဲ့။ အဲဒါ သူအချစ်ကို ရအောင်ကြိုးပမ်းနေရတာဗျ။" အင်းတော်တော် မိုက်မဲတဲ့လူပေပဲ။ ထိုသူနံမည် ကိုမေးမြန်း၍ လူမိုက်နံပါတ်(၁)အဖြစ် စာရင်းမှတ်လိုက်လေ၏။

ထိုမြစ်ကြောင်းအတိုင်း ဆက်လက်ထွက်ခွာလာရာ လူတစ်ယောက်သည် မြစ်ထဲသို့ ခေါက်ခေါက်အခါခါ လှော်နေသည်ကို တွေ့ရပြန်သည်။ သူဌေးကြီး၏ တပည့်က အကြောင်းအရင်း ကိုမေးမြန်းလေ၏။

သပ်ရပ်သားနားတဲ့ ကုလားထိုင်တွေနဲ့ ညံ့ဖျင်းတဲ့ လမ်းမကြီးတွေ(တာနာကာ)


ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ရဲ့ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲအဖြစ် ကျွန်တော် ရန်ကုန်ကို ပြောင်းရွှေ့လာခဲ့ ရပြီး မကြာခင်မှာပဲ JICA(ရန်ကုန်) ရုံးမှာတစ်စုံတစ်ခုကို စတင်သတိပြုမိလာ ပါတယ်။

ကျွန်တော်တို့ရဲ့ စည်းဝေးခန်းမကြီးထဲကို ၀င်လိုက်ရင် သိပ်ပြီးသပ်ရပ် သန့်ရှင်းနေပါတယ်။ စားပွဲတွေပေါ်မှာ အားလုံးရှင်းလင်းနေပြီး ယခင် အစည်း အဝေးက စာရွက်လက်ကျန်တွေ ဘာတစ်ခုမှမရှိပါဘူး။ ကုလားထိုင်တွေ အားလုံးဟာ တည့်တည့်မတ်မတ် ရှိနေပါတယ်။ ဒါပေမဲ့ တစ်ခုခုလိုနေ သလိုပဲ။

အခန်းက ထူးထူးခြားခြား သပ်ရပ်နေတယ်။ ကျွန်တော် နောက်မှ သဘောပေါက်လာတယ်။ အစည်းအဝေးကျင်းပတိုင်း အစည်းအဝေးထိုင် သူတွေဟာ ကုလားထိုင်တွေကို သူတို့အရပ်အမောင်းအနေအထားနဲ့ အဆင်ပြေသလို ခုံအမြင့်ကို ညှိပြီး ထိုင်ကြပါတယ်။

လှိုင်းအသင့်အတင့်(ဂျူး)

သရုပ်ဖော်ပန်းချီ ဝင်းသိန်း
           ဓနိပင်များ ကျိုးတိုးကျဲတဲ ပေါက်ရောက်နေသည့်စက်လှေဆိပ်မှာ ဆိပ်ခံတံတား မရှိ။ လှေအဆင်း မြေအတက် ဆက် သွယ်ပေးသည့် ကုန်းဘောင်ဟုခေါ်သောသစ်သားပြားမရှိ။ လှမ်းမြင်ရသမျှ ရွာထဲ အဝင်လမ်းသည် ရေစပ် စပ်၊ ရွှံ့နွံထူထပ် သည့် မြေစိုစိုစွတ်စွတ်။စက်လှေပေါ်မှ ကမ်းစပ်ဓနိတော ရွှံ့မြေပေါ် ခုန်ဆင်းလိုက်သည့်အခါ ဗွက်ထဲ သို့ နစ်ဝင်သွားသည်။ရွှံ့သည် ရာဘာလည်ရှည် ဖိနပ်၏ ခြေဖမိုးနေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။          
            ရွာကအမျိုးသမီးတွေနှင့် အတူတူ ဖြစ်အောင် ထဘီ ဝတ်လာခဲ့ရသော်လည်း တကယ်တော့ ကျွန်မ ဘောင်းဘီဖြင့်သာ လာချင်သည်။ အခုလို လှေအဆင်းမှာ လွှားခနဲ ခုန်ချင်ခုန်၊ ရေမြောင်းကလေးတွေ ရေအိုင်ဗွက်တွေတွေ့ လျှင် လွှားခနဲ ခုန်ချင်ခုန် ကြိုက်သလောက်ခုန် ထဘီလည်း ခဏခဏ ပြင်ဝတ်စရာ မလိုအောင်ပေါ့။သို့သော် ကျွန်မ ထဘီ ဝတ်မှကို ဖြစ်မည်။ မိန်းကလေး ဟူ၍ ကျွန်မ တစ်ယောက်တည်း ပါသည်။ ထိုတစ်ယောက်ကပါယောက်ျားလို ဝတ်ဆင်ထားလျှင် ရွာက အမျိုးသမီးတွေက ကျွန်မ ကို တခြားကမ္ဘာက ဂြိုဟ်သားဟုသတ်မှတ်လိုက်ကြလိမ့်မည်။

အမြန်လမ်းနှင့် ယာဉ်အန္တရာယ် (သန်းဝင်း (အာအိုင်တီ))

အများပြည်သူတို့ အသုံးပြုနေသော ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးကို အန္တရာယ် အနည်းဆုံးဖြင့် သွားလာနိုင်ကြရန်နှင့် ပြုပြင်သင့်သည်တို့ကို ပြုပြင်နိုင်ရန် ရည်ရွယ်၍ ဤဆောင်းပါးကို ရေးသားရခြင်း ဖြစ်ပါသည်။
လမ်းအန္တရာယ် ကင်းစေရေးအတွက် လူ၊ လမ်းနှင့် ယာဉ်တို့ သုံးခုလုံး ကောင်းမွန် ပြည့်စုံရပါမည်။ တစ်ခုခု ချို့ယွင်းလျှင် အန္တရာယ်ရှိပါသည်။ သို့သော် လမ်းဒီဇိုင်း ပြုလုပ်ရာတွင်လည်းကောင်း၊ လမ်း ဖောက်လုပ်ရာတွင်လည်းကောင်း အင်ဂျင်နီယာများ အဓိက ထည့်သွင်း စဉ်းစားရမည့် အချက်များမှာ လူနှင့် ယာဉ်တို့၏ ချို့ယွင်းနိုင်သည့် အချက်များ၊ ပျက်စီးနိုင်သည့် အချက်များ၊ စည်းကမ်း ဖောက်ဖျက် နိုင်သည့် အချက်များ ဖြစ်ပေသည်။ ကောင်းမွန်စွာ ဒီဇိုင်း ရေးဆွဲ ဆောက်လုပ်ထားသော လမ်းသည် သာ လူ၊ လမ်း၊ ယာဉ် သုံးရပ်ထဲတွင် အဓိက အရေးအပါဆုံးသော အချက်ဖြစ်ပေသည်။

အမြန် ဒီဇိုင်းဆွဲ၊ အမြန် ဖောက်ခဲ့ရသော ရန်ကုန်-နေပြည်တော်-မန္တလေး လမ်းသည် အင်ဂျင်နီယာ ရှုထောင့်မှကြည့်လျှင် အားနည်းချက်များ မြောက်မြားစွာ ရှိနေသည်မှာ အံ့သြရန် မရှိပါ။ ခေတ်စနစ် အခြေအနေအရ ထိုသို့ လုပ်ဆောင်ခဲ့ကြရသည်ကို နားလည်မိပါသည်။ သို့သော် အဆိုပါ အားနည်းချက်များ မှားယွင်းမှုများကို အမြန် ပြုပြင်ပေးမှသာလျှင် အန္တရာယ် အနည်းဆုံးသော လမ်းမကြီး ဖြစ်လာပါမည်။

ရထားဘီးနှင့် ခဲလုံးများ....(ကြည်အေး)


ညနေ ငါးနာရီထိုးလျှင် ချစ်သူလာမယ် ။ ငါးနာရီထက် ဘယ်နည်းနှင့်မှ ပို၍ စောပြီးမပြန်နိုင်သည်ကို သိသည်။ လေးနာရီထိုးကတည်းက စောင့်ရှာသည် ။ ကြို၍စောင့်သော တစ်နာရီသည် ပင်ပန်းခြင်းစင်စစ်ဖြစ်လေ၏ ။ ဘယ်တော့မှ မကုန်နိုင်တော့သည့် တစ်ဒင်္ဂလို့လည်း ဆိုချင်သည်။ လျှပ်တစ်ပက်မျှကြာသော သံသရာလို့လည်း ခေါ်ချင်သည် ။
စောင့်ဆဲတွင် ဂနာမငြိမ်ဖြစ်စမြဲပင် ။ အိပ်ရာပေါ် လှဲလိုက်၏ ။ ပြီးတော့ ဟိုဘက်သည်ဘက် မသိဘဲ ယောင်ယမ်း၍လှိမ့်သည် ။ အိပ်ရာပေါ်က ထထိုင်ပြီး ဖြုတ်ခနဲ စားပွဲဘေးတွင် မတ်တပ်ရပ်လျှက်ရှိပြန်သည် ။ စိတ်က အရှေ့ကပြေးနေလေရာ လူက အတွင်လိုက်လုပ်သော်လည်း လုပ်မိသမျှ ပြန်ပြီးမမှတ်မိနိုင်ရှိရ၏ ။ လက်ချောင်များသည် မလှတော့ဘဲ ကျိုးကြဲမသေမချာဖြစ်ကာ ပစ္စည်းပစ္စယကလေးများကို လှုပ်ဆွဲနေလေသည်။ ထို့နောက် လေတစ်ချက်ချွန်သည်။

ချစ်သူ၌ ယုံကြည်သူမို့ ပူလောင်ခြင်းတော့ မရှိချေ။

နယ်စပ်မြို့လေးရဲ့ စိန်ခေါ်သံ(ရေးသားသူ- ဥက္ကာကိုကို)

Photo: နယ်စပ်မြို့လေးရဲ့ စိန်ခေါ်သံ
----------------------------
ရေးသားသူ-  ဥက္ကာကိုကို

ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၆၉၀၀ ခန့်တွင် တည်ရှိပြီး နှစ်စဉ်နှင်းခဲတတ်သည့် တောင်တန်းရှည်ကြီးများ သေသပ်လှပစွာ ၀န်းရံထားသော မြန်မာပြည်အရှေ့မြောက်ဖျား နယ်နိမိတ်မျဉ်းပေါ်က မြို့နယ်လေးသည်မူရင်း ဒေသခံများဖြစ်သော လော်ဝေါ်၊ လချိတ်၊ လီဆူးလူမျိုးတို့၏ လိုတရ နတ်ဗိမာန်တစ်ခုဖြစ်ခဲ့ပြီး ကြက်ပျံမကျစည်ကားခဲ့သည်ဟု ယနေ့လက်ညှိုးထိုးပြလျှင် မည်သူ မျှယုံနိုင်ဖွယ်ရာ မရှိပါပေ။

လွန်ခဲ့သည့် နှစ်တွေမှာ စည်ကားသိုက်မြိုက်လွန်းပါသည်ဟု ဒေသခံတို့ တခုတ်တရပြောပြကြသည့် မြို့လေးက မြန်မာ့ဒီမိုကရေစီသက်တမ်း သုံးနှစ်နီးပါးအတွင်းမှာပင် ရှေးဟောင်းမြို့ပျက်တစ်ခုအလား သမိုင်းတင်ရမလိုလို အခြေအနေသို့ ရုတ်ခြည်းပြောင်းလဲသွားခဲ့ပါပြီ။

ထိုမြို့လေးသည် ပြည်တွင်းမှ အရောက်အပေါက်နည်းပါးပြီး နာမည်ကျော်မြို့တစ်မြို့မဟုတ်သော်လည်း တရုတ်-မြန်မာနယ်စပ်မျဉ်းပေါ်တွင် တည်ထားသော မြန်မာ့မြေပိုင်နက်မှ  မြို့လေးကို ပန်ဝါဟု ခေါ်ပါသည်။ 

ဒီမိုကရေစီ အစိုးရလက်ထက် ၂၀၁၂ ခုနှစ် ဧပြီလတွင် ပန်ဝါမြို့၊ လုပီကျေးရွာအနီးရှိ နယ်ခြားစောင့်တပ်ရင်း ၁၀၀၂ ကို ကေအိုင်အေမှ ၀င်ရောက်တိုက်ခိုက်ရာက အစပြုခဲ့သော တိုက်ပွဲများ၏ ရိုက်ခတ်မှုက ပန်ဝါကို မြို့ပျက်တစ်ခုနှင့်မခြား ဖြစ်သွားစေခဲ့သည်။ ထိုအခြေအနေက ယခု ၂၀၁၃ ခုနှစ် ဇွန်လအထိ နာလန်မထူနိုင်သေးဟု ဆိုရပါမည်။

စီးပွားရေးဇုန်နယ်မြေအဖြစ် သတ်မှတ်ထားသော ပန်ဝါ၏ အဆောက်အအုံများက မြို့ပျက်ဟူသည့်အသုံးအနှုန်းကို သက်သေပြနေပါသည်။ လေးလမ်းသွားလမ်းတစ်လျှောက် ပြည့်နှက်နေသည့် နွားချေး၊ ဆိတ်ချေးပုံများ၊ လမ်းဘေးတစ်ဖက်တစ်ချက်ရှိ ယခင်ကတစ်နေရာရရှိရန်ပင် မလွယ်ကူသည့် ဆိုင်ခန်းတွဲများ၊ အဆိုပါဆိုင်ခန်းတွဲများ၏ ပျက်စီးကျိုးပဲ့နေသည့် တံခါးချပ်များ၊ လမ်းပေါ်မှာ ပြန့်ကျဲနေသည့် လျှပ်စစ်မီးချောင်းများ၊ မှန်ကွဲစများ၊ အဆောက်အအုံမှန်တံခါး တချို့ကို ဖောက်ထွင်းထားသည့် ကျည်ဆန်ရာများ စသည်တို့က ပန်ဝါ၏ အတိတ်ဆိုးကို ညွှန်းဆိုလျက်ရှိသည်။

တကယ်တော့... ပန်ဝါမြို့အတွက် ယခုကဲ့သို့ လူသူတိတ်ဆိတ်ခြောက်ကပ်သွားရသည့် အကြောင်းရင်းနှစ်ခုရှိခဲ့ပါသည်။ ပထမတစ်ခုမှာ  ၂၀၀၅ ခုနှစ်ကဒီမိုကရေစီသစ်  တပ်မတော်(ကချင်)၏  ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်း ရန်ကုန်မြို့သို့ ခေတ္တရောက်ရှိနေစဉ် အဖွဲ့အစည်းအတွင်း အာဏာသိမ်းမှုကြီးပင်ဖြစ်သည်။ သို့သော် ဒေသခံပြည်သူ လူထုလက်မခံသောကြောင့် အောင်မြင်သည့် အာဏာသိမ်းပွဲ မဖြစ်ခဲ့ဘဲ  ပန်ဝါဒေသ၏ စီးပွားရေး ယိုင်နဲ့စေခဲ့သည်ပဲ အဖတ်တင်သွားသည်။ နောက်ထပ်အကြောင်းရင်းတစ်ခုမှာ... 

၂၀၁၂ ခုနှစ် ဧပြီလတွင် ကေအိုင်အေတပ်ဖွဲ့၏ မြို့သိမ်းရန် ထိုးစစ်ဆင်တိုက်ခိုက်မှုမှ စတင်ကာ ပန်ဝါဒေသတွင်း မငြိမ်မသက်မှုတွေ ဖြစ်ပေါ်လာခဲ့သည်။ ကေအိုင်အေသည် ကချင်အထူးဒေသ(၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့၏ ဌာနချုပ်ဖြစ်သော ပန်ဝါကို သိမ်းပိုက်ရန်အတွက် လုပီကျေးရွာအနီးရှိ နယ်ခြားစောင့်တပ်ရင်း ၁၀၀၂ ကို မမျှော်လင့်ဘဲ ကနဦး ၀င်ရောက်တိုက်ခိုက်ခဲ့ကြသည်။ ၎င်းတို့၏ ထိုးစစ်ကြောင့် နယ်ခြားစောင့်တပ်ရင်းမှာ နောက်ဆုံးဗဟိုကင်းကုန်းအထိ ဆုတ်ခွာခုခံခဲ့ကြရပြီး တပ်ရင်းရှိ မိန်းမ၊ ကလေးမကျန် ပါဝင်တိုက်ခိုက်ခဲ့ကြရသည်ဟု တိုက်ပွဲဝင်ခဲ့ သူတို့က ပြန်ပြောပြသည်။

နောက်ဆုံးတွင် တပ်မတော်မှ စစ်ကူပေးပို့ခဲ့သည့်အပြင် တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် နယ်မြေရှင်းလင်းခဲ့သည့်အတွက် ကေအိုင်အေတပ်ဖွဲ့များကို တပ်လန်ဆုတ်ခွာသွားစေခဲ့သည်။

ထိုတိုက်ပွဲ အခြေအနေတို့ကြောင့် လမ်းတံတားတည်ဆောက်ရေး၊ စက်ရုံအလုပ်ရုံတည် ဆောက်ရေး၊ တိုက်တာ အိုးအိမ် တည်ဆောက်ရေး အစရှိသည့် ဒေသဖွံ့ဖြိုးရေးစီမံကိန်းများတွင် အလုပ်ဝင်နေကြသည့် တရုတ်နိုင်ငံသားများ အထုပ်ဆွဲ၍ အိမ်ပြန်သွားခဲ့ကြသည်။ တရုတ်နယ်နိမိတ်အနီးရှိ မြို့လယ်ကောင်နေရာမှအပ အခြားနေရာအသီးသီးမှာ ပျက်စီးယိုယွင်းနေသည့် အဆောက်အအုံများ၊ ဆောင်ရွက်လက်စ ကျန်ရစ်ပစ္စည်းများကိုသာ မြင်တွေ့ရတော့သည်။ ထိုဖြစ်ရပ်များက တစ်နှစ်ကျော်ပဲ ကြာမြင့်ပါသေးသည်။

ယခင်အုပ်ချုပ်ခဲ့သည့် လူမျိုးစုအကြီးအကဲလက်ထက်မှာ လုံခြုံနွေးထွေး အေးချမ်းသာယာလှသည့် ပန်ဝါဒေသသည် အစိုးရသစ်လက်ထက်တွင် ကျီးနှင့်ဖုတ်ဖုတ်ဖြစ်သွားရသည့်အခြေအနေကို ရိုးသားအေးဆေးသည့် ဒေသခံတိုင်းရင်းသားတို့က နားမလည်နိုင်ဘဲဖြစ်နေကြပါသည်။ “အရင်တုန်းက ဒီလို ဖြစ်စရာမရှိဘူး” ဟု သူတို့က ပြောကြပါသည်။

သူတို့အကြီးအကဲများသည် ဒေသဖွံ့ဖြိုးရေးကို မျှော်မှန်းလျက် ငြိမ်းချမ်းရေးလမ်းစဉ်ကို ဖော်ဆောင်ခဲ့သည်။ အာဏာကို စွန့်လွှတ်လျက် မိမိပိုင်ဆိုင်သည့် တပ်အင်အားကို အချုပ်အခြာပိုင် အစိုးရဆီသို့ လွှဲပြောင်းပေးခဲ့သည်။ ထိုသို့လျှင် မိမိတို့နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ကာကွယ်စောင့်ရှောက်ရန်မှာ ပြည်ထောင်စုအစိုးရတွင် တာဝန်အပြည့်အ၀ ရှိသွားပြီဟု ဒေသခံများက မမှိတ်မသုန်ခံယူထားကြသည်။

ပေပေါင်း ၈၀၀၀ နှင့် ၉၀၀၀ ကြား အမြင့်ရှိ တောင်စွယ်တန်းများကြားမှာ မဟာဗျူဟာကျကျ ခံတပ်သဖွယ်တည်ရှိနေသည့် ပန်ဝါမြို့ကို အမျိုးသားဒီမိုကရေစီသစ်တပ်မတော် (ကချင်)ကို ဦးစီးသူ ဦးဇခုန်တိန့်ယိမ်းက တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ယခင်က လူနေထိုင်ခြင်းမရှိသော ဘမ်ဝေါ် (တောင်ပေါ်တွင်ပေါက်သောဝါး) တောင်ကြား ကာလကြာမြင့်လာသောအခါ ဘမ်ဝေါ်မှသည် ပန်ဝါဟု အမည်တွင်လာခဲ့သည်။ ၁၉၇၀ ပြည့်နှစ်ခန့်က ပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင်များ စတင်နေထိုင်ရာမှ တဖြည်းဖြည်း လူသူအရောက်အပေါက် ရှိလာခဲ့သည်ဟု သမိုင်းကြောင်းအရ သိရသည်။ ၁၉၇၀ ပြည့်နှစ်တွင် ရေခဲတတ်သည့် တောင်တန်းများကြားတွင် ပန်ဝါဟု အမည်တွင်လာမည့် မြို့လေးတစ်မြို့ကို ၎င်း၏ NDAK တပ်မတော် ဌာနချုပ်အဖြစ် ဦးဇခုန်တိန့်ယိမ်းက ဖန်တီးမွေးဖွားပေး
ခဲ့သည်။

၎င်းသည် ၂၀၁၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကို တစ်သီး ပုဂလ (ကချင်ပြည် နယ်)ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်
အနိုင်ရရှိကာ အမျိုးသားလွှတ် တော်ကိုယ်စားလှယ်တစ်ဦးအနေ နှင့် နိုင်ငံတည်ဆောက်ရေးလမ်းကြောင်းပေါ်သို့ တက်ရောက်သွား ခဲ့သည်။ 

မြို့ပေါ်ရပ်ကွက်သုံးခု၊ ကျေးရွာအုပ်စုခုနစ်စု၊ ကျေးရွာပေါင်း ၃၀ ပါဝင်ပြီး စတုရန်းမိုင်ပေါင်း ၄၃၂ မိုင် ကျယ်ဝန်းသော ပန်ဝါဒေသတွင် လီဆူး၊ လာချိတ်၊ ဗမာ၊ ရှမ်း၊ ဂျိမ်းဖောစသည့်လူမျိုးစုများ ဦးရေ ရှစ်ထောင်ခန့်ရောနှောနေထိုင်ကြသည်။ ထို့အပြင် နယ်နိ မိတ်ချင်းငါးပေသာ ကွာဝေးသော အိမ်နီးချင်းတရုတ်နိုင်ငံမှ တိုင်းရင်းသားများလည်း ရေကြည်ရာ မြက်နုရာ လာရောက်လုပ်ကိုင်စား သောက်လျက်ရှိသည်ကို တွေ့ရသည်။ ခရစ်ယာန်ဘာသာဝင်အများဆုံးနေထိုင်ကြသော်လည်း ပြည်ထောင်စုနယ်မြေ အထိမ်းအမှတ်အဖြစ် ဇမ္ဗူငြိမ်းစေတီနှင့် အရံစေတီနှစ်ဆူကိုလည်း တောင်ထိပ်မှာ ရွှေရောင်တ၀င်းဝင်းဖြင့် ဖူးမြင်ရသည်။

နယ်စပ်မြို့ဖြစ်၍သာ အတန်အသင့်စည်ကားခဲ့သော်လည်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်းမရှိသည့်အတွက် စီးပွားရေးဖွံ့ဖြိုးမှုနှေးကွေးသည့် ဒေသတစ်ခုဖြစ်သည်။ ဒေသခံအများစုမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး စပါး၊ ပြောင်းဖူး၊ အာလူးတို့သာ အဓိကထွက်ရှိသည်ကို တွေ့ရသည်။ အနိမ့်ဆုံးအပူချိန် ရေခဲမှတ်အောက် ၂ ဒီဂရီရှိသည့် တောင်တန်းများပေါ်မှာ ထင်ရှူးပင်တို့က တစ်မျှော်တစ်ခေါ်ပေါက်ရောက်လျက်ရှိပြီး သစ်တောပြုန်းတီးမှုမရှိသေးသည့် ဒေသဖြစ်သည်။

ကျေးရွာဒေသလူထုစီးပွားရေးနှင့်ပတ်သက်၍ မြို့အုပ်ချုပ်ရေးကော်မတီမှ ဦးဝမ်ထယ်ဘရန်အောင်က “တရုတ်အာလူး၊ ပြောင်းဖူးကလွဲလို့ ဘာမှလုပ်စားမရဘူး။ ဆိတ်၊ နွား၊ ၀က်မွေးပြီး ဖြစ်သလို ရုန်းကန်ရှာဖွေနေကြတာပဲ။ အရောင်းအ၀ယ်ဆိုတာကလည်း ဒေသခံတွေက အရင်းအနှီးမရှိတော့ မလုပ်နိုင်ဘူး။ ပိုက်ဆံရှိတဲ့ လူတွေပဲ လုပ်နိုင်တာဖြစ်နေတယ်” ဟု ရှင်းပြသည်။

မူလတန်းကျောင်း ဆယ်ကျောင်းနှင့် အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းတစ်ကျောင်းစီ ဖွင့်လှစ်ထားပြီးဖြစ်သော်လည်း
ပန်ဝါဒေသ၏ စာတတ်မြောက်မှုနှုန်းမှာ ၅၄ ရာခိုင်နှုန်းသာ ရှိနေပါသေးသည်။ မြစ်ကြီးနားမြို့တွင် ၂၄ နာရီလျှပ်စစ် မီးမရရှိသေးသော်လည်း ပန်ဝါမြို့လေးမှာတော့ လျှပ်စစ်မီးကို တစ်ယူနစ်လျှင် ကျပ် ၁၃၀ နှုန်းခန့်ဖြင့် ၂၄ နာရီလုံး သုံးစွဲနိုင်ကြပါသည်။ ကချင်အထူးဒေသ (၁)ပိုင် ဆန်းလင်းကုမ္ပဏီက ရေအားလျှပ်စစ် ဓာတ်အားပေးရုံ တည်ဆောက်၍ တရုတ်ပြည်မှ ပညာရှင်များကိုပင် ခေါ်ယူခန့်ထားနိုင်ခဲ့ပြီး ပန်ဝါဒေသအတွင်း ကျေးရွာများပါမကျန် လျှပ်စစ်မီးကို  ဖောဖောသီသီ  ရရှိထားကြသည်။

ထိုသို့ရရှိရန်အတွက်လည်း ပန်ဝါဒေသတစ်ခုလုံး၏ ဖွံ့ဖြိုးရေး စီမံကိန်းများကို ကချင်အထူးဒေသ(၁)ကသာ အဓိကပြုလုပ်ပေး ထားသည်ကို တွေ့ရသည်။ နိုင်ငံတော်အုပ်ချုပ်မှုလက်အောက် ရောက်ရှိနေပြီဖြစ်သော်လည်း ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအားလုံးကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်တို့က အစိုးရဌာနဆိုင်ရာ အဆောက်အအုံ တည်ဆောက်ရာက အစပါဝင်
ကူညီထောက်ပံ့နေကြရဆဲဟု ဆိုသည်။

ယခင်က အစိုးရအုပ်ချုပ်ရေး လက်လှမ်းမမီသည့် ပန်ဝါဒေသရှိ NDA-K ဌာနချုပ်တပ်ဖွဲ့ဝင်များ နယ်ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်းသွားပြီးသည့်နောက် ဒီမိုကရေစီအစိုးရသစ်လက်ထက်တွင် ဒေသလူမျိုးစုခေါင်းဆောင်အဖြစ်လည်း ဥက္ကဋ္ဌကြီး ဦးဇခုန်တိန့်ယိမ်းတို့ လွှတ်တော် ကိုယ်စားလှယ်များဖြစ်သွားသည့် အချိန်မှာတော့ ပန်ဝါဒေသကို ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အပိုင်တွင် ပါဝင်သည့် မြို့နယ်ခွဲအဖြစ် နိုင်ငံတော်က သတ်မှတ်ပေးလိုက်သည်။

၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁၄ ရက်တွင် မြို့နယ်ခွဲသစ် ပန်ဝါဒေသသို့ အထွေထွေအုပ်ချုပ်ရေးမှူးတစ်ဦး ရောက်ရှိလာခဲ့သည်။ အချိန်တိုအတွင်း အုပ်ချုပ်ရေးမှူးသုံးဦးပြောင်းလဲခဲ့သည့် ပန်ဝါမြို့တွင် ယခုအခါမှာတော့ မြို့အင်္ဂါရပ်နှင့်လျော်ညီစွာ အစိုးရမှစေလွှတ်သည့် ဌာနဆိုင်ရာ (၁၈) ခုရောက်ရှိနေခဲ့ပြီဖြစ်သည်။ သို့သော် လူမျိုးစု အကြီးအကဲကိုသာ အရှင်သခင် အဖြစ်မှတ်ယူထားကြဆဲဖြစ်သည့် ဒေသခံတို့ကြားမှာ အစိုးရအုပ်ချုပ်ရေးယန္တရားလည်ပတ်မှုက သုညအဆင့်မှာပဲရှိနေပါသေးသည်။ ဌာနဆိုင်ရာများဆီမှ မည်သည့်အခွန်အခမှ ရရှိမလာသည့်အတွက် ပြည်နယ်အစိုးရဆီမှလည်း မည်သည့်ဘတ်ဂျက်မှ ကျလာခြင်းမရှိသေးပေ။

“၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်မှာ ဒီဒေသအတွက် ဘာဘတ်ဂျက်မှမကျခဲ့ဘူး။ ဌာနဆိုင်ရာအဆောက်အအုံရတာလည်း ထွေအုပ်နဲ့ ရဲစခန်းပဲရှိသေးတယ်။ အခုက အထူးဒေသ(၁)က ပေးထားတဲ့ စုပေါင်းရုံးမှာပဲ ဌာနတွေစုနေကြရတယ်” ဟု လက်ရှိ ပန်ဝါမြို့နယ်ခွဲ၏ အထွေထွေအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက ပြောပြသည်။

ထို့နောက် ဦးသိန်းဇော်ဦးက ပန်ဝါမြို့ရှိ အစိုးရဌာနများ ယောင်လည်လည်ဖြစ်နေရသည့် အခြေအနေကို အောက်ပါအတိုင်း ပြောပါသည်။

“အုပ်ချုပ်ရေးက တည်တည်ငြိမ်ငြိမ်မဖြစ်သေးဘူး။ ယစ်မျိုးခွန် ကောက်လို့မရဘူး။ စည်ပင်က ဈေးခွန်ကောက်လို့မရသေးဘူး။ အထူးဒေသ(၁)ကပဲ စီမံဆောင်ရွက်နေသေးတယ်။ ကျွန်တော်တို့လည်း ထွင်ပြီးမလုပ်ရဲဘူး။ ပထမဆုံးငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့
လည်းဖြစ်နေတယ်။ ကျွန်တော်တို့ဌာနအကြီးအကဲတွေ ကိုယ်တိုင်ကလည်း စည်းရုံးရေးနည်းလမ်းနဲ့ပဲသွားပါလို့ မှာလိုက်တယ်။ အစိုးရအုပ်ချုပ်ရေးကို မရောက်သေးဘူး။ ဒေသခံတွေက လိုလိုလား လားပေးမှရမှာ”

ကချင်အထူးဒေသ(၁)ဟူသည့် ဂုဏ်အရှိန်အ၀ါက အစိုးရက စေလွှတ်လိုက်သည့် ဌာနဆိုင်ရာ ၀န်ထမ်းများအတွက် မ၀ံ့မရဲ ဖြစ်နေသေးသည်ဟုလည်း ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ပန်ဝါမြို့အတွင်းရှိ ယခင် ကချင်အထူးဒေသ(၁)၏ မြို့အုပ်ချုပ်ရေး အဖွဲ့ရုံးကလည်း ဒေသအပေါ်စိုးမိုးနိုင်စွမ်းရှိနေဆဲဖြစ်သည်။

အထူးဒေသ(၁)အုပ်ချုပ်ရေးအဖွဲ့ကို ဒေသတည်ငြိမ်၊ ဖွံ့ဖြိုး၊ အုပ်ချုပ်ရေးကော်မတီဟု အမည်ပြောင်းလဲထားကာ ပန်ဝါဒေသတည်ငြိမ်ဖွံ့ရေးအတွက် အစိုးရအုပ်ချုပ်ရေးမှူးရုံးနှင့် လက်တွဲဆောင်ရွက်နေကြပြီဟု အုပ်ချုပ်ရေးနှစ်ဖွဲ့လုံးကတော့ ပြောကြသည်။ မည်သို့ပင်ဆိုစေ မငြိမ်သက်သေးသည့်အခြေအနေများကြောင့် ပန်ဝါမြို့အစိုးရအုပ်ချုပ်ရေးယန္တရားက အခြေမခိုင်သေးဘဲ မြို့ခံအုပ်ချုပ်ရေးကော်မတီနှင့်အတူ  စစ်ဘေးရှောင်ဒုက္ခသည်များကိုသာ ပူးတွဲကူညီနေကြရသည်။

ပန်ဝါမြို့သို့ ၂၀၁၂ မေလမှ စတင်ကာ ခိုလှုံလာကြသည့် စစ်ဘေးဒုက္ခသည်များမှာ ပန်ဝါဒေသတွင်း ရွာကိုးရွာမှ တိုင်းရင်းသားများဖြစ်ကြပြီး လူဦးရေ ၃၈၉ ဦးရှိ သည်။ ထိုဒုက္ခသည်တို့အတွက် လိုအပ်သည့်အစားအသောက်ကို ပန်ဝါမြို့အကြီးအကဲများနှင့် အုပ်ချုပ်ရေးအဖွဲ့များကပင် တာဝန်ယူထားကြသည်။ သို့သော်လည်း ချမ်းအေးသည့် ဒေသဖြစ်သည်မို့ အ၀တ်အစားနှင့် စောင်လိုအပ်ချက်များရှိနေကြသည်ကို တွေ့ရသည်။ ၂၅ ခုတင်ဆံ့ ဆေးရုံလေးတစ်ရုံရှိသော်လည်း ဆေးဝါးလိုအပ်ချက်ကလည်း ရှိနေသည်သာ။

“မျှော်လင့်ချက်ထားစရာတော့ ဘာမှမရှိပေမယ့် ... သူများဒေသ ဒုက္ခသည်စခန်းတွေကို အကူအညီရောက်တာတွေကြားတော့လည်း နိုင်ငံသားအချင်းချင်း ကိုယ့်ဒေသကို ရောက်များရောက်လာမလားလို့ မျှော်တလင့်လင့်တော့ ဖြစ်နေတာပေါ့” ဟု ပန်ဝါဒေသတည်ငြိမ်၊ ဖွံ့ဖြိုး၊ အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ဦးဝမ်ထယ်ပရန်အောင်က မြို့မိ မြို့ဖတစ်ဦး၏ ခံစားချက်ကို ရင်ဖွင့်သည်။

ယခုနှစ် ဇွန်လနောက်ဆုံးပတ်က မြန်မာပြည်အရှေ့မြောက်ဖျား၊ တရုတ်ပြည်နယ်စပ်ရှိ ပေပေါင်း ၈၀၀၀ ခန့်မြင့်မားသည့် ထင်းရှူးတောင်တန်းကြီးများပေါ်မှာ မြူခိုးတွေမှိုင်းညို့လျက်ရှိသည်။ တောင်ကုန်း၊ ချိုင့်ဝှမ်းများဖြင့် မြေပြင်မညီမညာတည်ဆောက်
ထားသော အညိုရောင်နယ်မြေ ပန်ဝါမြို့နယ်ခွဲလေးပေါ်သို့ မိုးရေစက်များက ခပ်ဖွဲဖွဲကျဆင်းနေသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်မှ လှိုက်လှဲစွာကြိုဆိုပါ၏ဟူသော နှစ်နိုင်ငံနယ်နိမိတ် မုခ်ဦးပေါက်ဝဆီမှ အနွေးထည်ထူထူထဲထဲဝတ်ဆင်ထားသည့် အိမ်နီးချင်းဆွေမျိုးပေါက်ဖော်များ ခပ်ကျဲကျဲဝင်ရောက်လာကြသည်။ ထိုမြင်ကွင်းများမှာ ယခင် NDA-K အဖွဲ့အစည်းအုပ်ချုပ်ခဲ့သောကာလ၊ ဒီမိုကရေစီအစိုးရသစ်မတိုင်မီကာလတို့နှင့် နှိုင်းစာလျှင် ပုံမှန်အခြေအနေ ပြန်မရောက် လာသေးသည့် ပန်ဝါမြို့၏ အသွင်ကို ဖော်ပြနေသည်။

“ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်ချမှတ်ထားတဲ့ လမ်းကြောင်းထဲမှာ ကျွန်တော်တို့ အားလုံးလိုက်လာခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ဒေသ ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်ရဲ့ စီမံကိန်းရေးဆွဲထားမှုရှိ၊ မရှိကိုတော့ မသိသေးဘူး။ ကိုယ့်ဒေသဖွံ့ဖြိုးရေးအတွက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်နေရတုန်းပဲ” ဟု ကချင်အထူးဒေသ(၁) ၏ လူမျိုးစုခေါင်းဆောင် ဒူဝါတစ်ဦးဖြစ်သည့်အပြင် ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သော ဦးဇခုန်ယိမ်းဆောင်က ၎င်းတို့ဒေသ၏ လက်ရှိအခြေအနေကို ပြည်သူများကိုယ်စား ပြောသည်။

ကချင်အထူးဒေသ(၁)သည် နိုင်ငံတော်အစိုးရနှင့် ပထမဆုံးငြိမ်းချမ်းရေးရယူခဲ့သည့်အပြင် အစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို ပထမဆုံးလက်ခံခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည့်အတွက် မြန်မာနိုင်ငံအတွင်းရှိ အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက အစိုးရအပေါ် ယုံကြည်မှုတစ်ရပ် ဖြစ်တည်လာစေရန်မှာ ထိုဒေသ၏ ဖွံ့ဖြိုးမှုစံနှုန်းအပေါ်လည်း များစွာမူတည်နေပါသည်။

နောင်တစ်ချိန်တွင် အတိတ်ကထက် ပိုမိုသာလွန်စွာ စည်ကားသိုက်မြိုက်လာနိုင်မည့် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးအခန်းကဏ္ဍအတွက် အရေးပါသည့်နယ်စပ်မြို့ကြီးတစ်မြို့ ဖြစ်လာဖွယ်ရှိသော ပန်ဝါဒေသကို နိုင်ငံတော်အစိုးရက တာဝန်ယူကာ ဖွံ့ဖြိုးတိုးတက်လာ စေမည်လား။ သို့တည်းမဟုတ် ကချင်အထူးဒေသ(၁)၏ မူလဒေသအကြီးအကဲများကပင် ကိုယ့်ဒေသအတွက် တာဝန်ယူလုပ်ဆောင်သွားဦးမည်လားဆိုသည်ကိုမူ စောင့်ကြည့်ကြရမည်သာဖြစ်သည်။

ဓာတ်ပုံ- ဥက္ကာကိုကို
ဓာတ်ပုံ- ဥက္ကာကိုကို

ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၆၉၀၀ ခန့်တွင် တည်ရှိပြီး နှစ်စဉ်နှင်းခဲတတ်သည့် တောင်တန်းရှည်ကြီးများ သေသပ်လှပစွာ ၀န်းရံထားသော မြန်မာပြည်အရှေ့မြောက်ဖျား နယ်နိမိတ်မျဉ်းပေါ်က မြို့နယ်လေးသည်မူရင်း ဒေသခံများဖြစ်သော လော်ဝေါ်၊ လချိတ်၊ လီဆူးလူမျိုးတို့၏ လိုတရ နတ်ဗိမာန်တစ်ခုဖြစ်ခဲ့ပြီး ကြက်ပျံမကျစည်ကားခဲ့သည်ဟု ယနေ့လက်ညှိုးထိုးပြလျှင် မည်သူ မျှယုံနိုင်ဖွယ်ရာ မရှိပါပေ။

လွန်ခဲ့သည့် နှစ်တွေမှာ စည်ကားသိုက်မြိုက်လွန်းပါသည်ဟု ဒေသခံတို့ တခုတ်တရပြောပြကြသည့် မြို့လေးက မြန်မာ့ဒီမိုကရေစီသက်တမ်း သုံးနှစ်နီးပါးအတွင်းမှာပင် ရှေးဟောင်းမြို့ပျက်တစ်ခုအလား သမိုင်းတင်ရမလိုလို အခြေအနေသို့ ရုတ်ခြည်းပြောင်းလဲသွားခဲ့ပါပြီ။

ထိုမြို့လေးသည် ပြည်တွင်းမှ အရောက်အပေါက်နည်းပါးပြီး နာမည်ကျော်မြို့တစ်မြို့မဟုတ်သော်လည်း တရုတ်-မြန်မာနယ်စပ်မျဉ်းပေါ်တွင် တည်ထားသော မြန်မာ့မြေပိုင်နက်မှ မြို့လေးကို ပန်ဝါဟု ခေါ်ပါသည်။

လီလီပန်းလေးများရဲ့ နောက်ကွယ်မှာ… ( ငြိမ်းငြိမ်းနိုင်)

ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက ဘာမှ လုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့ အဘိုးကလည်း သူ့အပြစ်အတွက် ဥပဒေအရ ခံသွားပြီပဲ။ ကျန်တဲ့လူမှာ ဘာအပြစ်မှ မရှိဘူး။ ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ်သူတို့လည်း အပြစ်ရှိတဲ့ လူတွေရယ် လို့ မသတ်မှတ်သင့်ဘူး။    (ဒေါ်အောင်ဆန်းစုကြည် )

လီလီပန်း အဖြူရောင်လေးများက ကနုတ်ပန်းကြွ မင်္ဂလာဘိသိက် ငွေဖလားကြီးထဲ၌ လှလှပပ လန်းလန်းဆန်းဆန်း။ လွန်ခဲ့ပြီးသော ဆယ်စုနှစ်သုံးခုကျော်မှကြီးကျယ် ခမ်းနားလှသည့် မင်္ဂလာအခမ်းအနားပွဲ တစ်ခု၏ မြင်ကွင်းဖြစ်သည်။
ဘိသိက်ခံမင်္ဂလာမောင်နှံမှ သတို့သမီးမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများကို လုပ်ကြံမှုတွင် မြန်မာ့သမိုင်း တရားခံတစ်ဦးအဖြစ် ပြည်သူများအကြား ယနေ့တိုင် နာမည်ဆိုးနှင့် ရှိနေခဲ့သော ဂဠုန်ဦးစော၏ မြေးဖြစ်၏။ ဦးစော၊ ဒေါ်သန်းခင်တို့၏ သမီးဒေါ်ဘေဘီစော မှ မွေးဖွား သော ဒုတိယသမီး ဒေါ်မွန်မွန်ရင်ဖြစ်သည်။

အကျိုးထူးပေးတော့မယ်တဲ့ဗျ .. (မောင်ဝဏ္ဏ)



၁။
မောင်စိန်သောင်း ဆိုတဲ့ ငတိက တော်တော့်ကို အူပါတယ် ဗျာ။
သူ့ဘာသာသူ အပျင်းထူပြီး ပိုက်ဆံ ရပေါက် ရလမ်း အလုပ်တွေ မလုပ်ဖြစ်တာကို ရိုးရိုးသားသား ၀န်မခံဘဲ ကမ္ဘာ့ စီးပွား ပျက်ကပ်ကြောင့်တို့၊ နယူးရော့ခ် ဝေါလ်စထရိတို့၊ စတော့ရှယ်ယာ ဈေးကွက် ပျက်လို့တို့ ထင်ရာ မြင်ရာတွေ လျှောက်ပြော နေတယ်။ နယူးရော့ခ်တို့ ဘာတို့ဆိုတာ အဝေးကြီး။ လေယာဉ်ပျံ စီးသွားရင်တောင် နာရီ ၂၀ လောက် စီးရဆိုပဲ။ အဲဒီလောက် ဝေးတဲ့နေရာက ဝေါလ်စထရိ စတော့ ရှယ်ယာ တွေနဲ့ သူနဲ့ ဘာဆိုင် လို့တုံး။ အဲဒီလို ပြောတော့ မောင်စိန်သောင်း ဆိုတဲ့ ငအူက ဂလိုဘယ် လိုက်ဇေးရှင်းတဲ့။ ဂလိုဘယ် လိုက်ဇေးရှင်းတဲ့။ ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာနဲ့ တူလာပြီ ဆိုပဲ။ ရွာမြောက်ပိုင်းမှာ မီးလောင်ရင် ရွာတောင်ပိုင်းကို ကူးနိုင်ဆိုပဲ။ မထော်မနန်းတွေ လျှောက်ပြော ပြန်ရောဗျ။ လက်ဖက်ရည်ဆိုင် ထိုင်ပြီး လေပစ်ရင် ဆိုမာလီ ပင်လယ်ကွေ့မှာ ဓားပြတိုက်လို့ သူ့အိမ်မှာ စီးပွားရေး သိပ်အဆင်မပြေ ဘူးလို့ ပြောလား ပြောရဲ့ဗျာ။ အဲဒါနဲ့ ဘာဆိုင်လဲ ဆိုတော့ ဘတ်တာဖလိုင်း အဖက်တဲ့။ အိန္ဒိယမှာ လိပ်ပြာ တစ်ကောင် တောင်ပံ ခတ်ရင် အမေရိကမှာ မုန်တိုင်းတိုက် နိုင်တယ်ဆိုလား။
အဲဒါများ အဆန်းမှတ်လို့။ ရှေ့လူကြီးတွေက ပြောပြီးပြီ။ ညောင်ဦးကမ်းပါး ပြိုတာနဲ့ စမ္ပာနဂိုက နွားမ ပေါင် ကျိုးတဲ့။ ဒီလို ပြောကြေးဆိုရင် နွားမပေါင် ကျိုးအဖက်လို့ မြန်မာမှု ပြုလို့ ရတာပေါ့ နော် ပေါ့နော်။ ပြီးတော့ ငတိက နိုင်ငံတကာ အရေးတွေလည်း ဟိုပြောဒီပြော ပြောပြီး (ဖြီးပြီး) သူ့ကိုယ်သူ ကမ္ဘာ့ ရေးရာ ပါမောက္ခလိုလို ဘာလိုလို လုပ်ချင် လုပ်နေတာကလား။
Related Posts Plugin for WordPress, Blogger...

ShareThis