menu

Friday 21 February 2014

မန္တလေး ဘူတာကြီး မြစ်ငယ်ဘက်သို့ ပြောင်းရန် NLD အကြံပြု

Photo: မန္တလေး ဘူတာကြီး မြစ်ငယ်ဘက်သို့ ပြောင်းရန် NLD အကြံပြု

မန္တလေး၊ ဖေဖော်ဝါရီ ၂၀

မန္တလေးမြို့လယ် အချက်အချာ ရှိသည့် နေရာတွင် ကိုလိုနီခေတ်မှစ၍ တည်ရှိခဲ့သော မန္တလေး ဘူတာရုံကြီးကို မြစ်ငယ် ကျေးရွာဘက်သို့ ပြောင်းရွှေ့ရန် အမရပူရမြို့နယ် NLD ပါတီက မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ (MCDC) အကြံပေး အဖွဲ့သို့ အကြံပြု တင်ပြထားကြောင်း အဆိုပါ ပါတီ တွဲဖက်အတွင်းရေးမှူး ဦးတင်ထွဋ်က The Voice သို့ ပြောကြားသည်။

အမရပူရမြို့နယ် တောင်မင်းကြီး ဘုရားဝင်းအတွင်း ဖေဖော်ဝါရီလ ၂၀ရက်နေ့က ကျင်းပသည့် MCDC အကြံပေးအဖွဲ့နှင့် နိုင်ငံရေး ပါတီဝင်များ၊ မြို့နယ် အထောက်အကူပြု အဖွဲ့များ၊ မြို့နယ် လူမှုရေး အသင်းများ တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သင့်သည့် လုပ်ငန်းများ ညှိနှိုင်း အစည်းအဝေးပွဲတွင် ၎င်းက အထက်ပါအတိုင်း အကြံပြု တင်ပြ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မန္တလေး ဘူတာကြီးသည် ချမ်းအေးသာစံ မြို့နယ်အတွင်း မြို့လယ်ကောင်တွင် တည်ရှိရာ ချမ်းအေးသာစံ မြို့နယ်သည် မြို့ပေါ် ငါးမြို့နယ်ထက် လူဦးရေ သိပ်သည်းမှုနှုန်းမှာ ၆၉ ဒသမ ၃၉ ရာခိုင်နှုန်း ရှိသဖြင့် မန္တလေး မြို့ပေါ်ရှိ လူဦးရေ သိပ်သည်းမှု အများဆုံး မြို့နယ်တွင် ပါဝင်သောကြောင့် ရေရှည်တွင် လမ်းပန်းဆက်သွယ်ရေး ပိုမို ခက်ခဲလာနိုင်မည် ဖြစ်သဖြင့် မြစ်ငယ် ကျေးရွာရှိ မီးရထားများကို ပြုပြင် မွမ်းမံ ထိန်းသိမ်းသော အလုပ်ရုံများ ရှိသည့် နေရာသည် ပိုမို သင့်လျော်သည့် နေရာဖြစ်နိုင်သောကြောင့် ပြောင်းရွှေ့ရန် တင်ပြရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းလင်း ပြောကြားသည်။

မြို့ပေါ်တွင် နေ့စဉ် ပြေးဆွဲနေသော ယာဉ်အချို့ကို မြို့ပြင်သို့ ထုတ်ခြင်းသည် အကောင်းဆုံးဖြစ်ကာ မြစ်ကြီးနား ရထားလိုင်းကိုမူ ရွာထောင်ဘက်သို့ ပြောင်းရွှေ့သင့်သည်ဟု အကြံပြုခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“ခရီးသွားလာမှု ကျပ်တည်းရင် ဖြေရှင်းရမှာက အစိုးရမှာ တာဝန်ရှိတယ်လေ၊ ခုံးကျော် တံတားတွေ ထိုးပြီးတော့ ဖြေရှင်းရင်လည်း ရတာပဲ၊ နိုင်ငံတကာမှာလည်း ဘူတာတွေက မြို့လယ်မှာပဲ ရှိတယ်” ဟု မန္တလေးတိုင်း ဒေသကြီး NLD ပါတီ တိုင်းအလုပ်အမှုဆောင် ကော်မတီဝင် ဦးခင်မောင်သန်းက ဆိုသည်။ 

မန္တလေး ဘူတာကြီးကို မြို့ဟောင်း ဘူတာသို့ ပြောင်းရွှေ့သင့်ကြောင်းကို ၁၉၄၉ ခုနှစ်က မန္တလေး မြူနီစီပယ်က တင်ပြခဲ့ဖူးပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ လက်ထက်တွင် မန္တလေး ဘူတာကြီးနှင့် တရုတ်တန်းဈေး စည်ကားမှုကြောင့် ယာဉ်ကြော ရှုပ်ထွေးခြင်း၊ ဘူတာကြီးနှင့် ဈေးတစ်ဝိုက် သန့်ရှင်းမှု မရှိခြင်း၊ ရေမြောင်း ပိတ်ဆို့ခြင်း၊ လမ်းဘေး ပလက်ဖောင်းပေါ်တွင် ဈေးဆိုင် တည်ခင်းခြင်း၊ အခြေအနေမဲ့များ ညအိပ် နေထိုင်ခြင်းတို့ကြောင့် တရုတ်တန်းဈေးနှင့် ဘူတာကြီးကို မြို့လယ်မှ ရွှေ့ပြောင်းသင့်ကြောင်းကို မြို့ခံလူထုက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရအဖွဲ့သို့ တင်ပြခဲ့သော်လည်း ယခုအချိန်ထိ ဘူတာကြီးမှာ မြို့လယ်တွင် ရှိနေဆဲ ဖြစ်သည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး အကြံပေး အဖွဲ့ဝင် အမရပူရမြို့သား ဦးသန်းမြင့်က ပြောကြားသည်။

“ဘူတာကြီး ပြောင်းရွှေ့မယ်ဆိုရင် မြို့ဟောင်း ဘူတာကို ပြောင်းရင် ပိုသင့်တော်တယ်။ သွားလာရေး လွယ်ကူမယ်။ မြစ်ငယ်က မြို့နဲ့ အလှမ်းဝေးတဲ့ အတွက်ကြောင့် သွားရေးလာရေး ခက်ခဲနိုင်တယ်” ဟု အမရပူရမြို့ခံ ရက်ကန်း လုပ်ငန်းရှင် ဦးသန်းနိုင်ထွန်းက ဆိုသည်။

မန္တလေး ဘူတာကြီး ပြောင်းရွှေ့ရန် လိုအပ်ချက်များကို ၁၉၉၃ ခုနှစ်တွင် ဂျပန်နိုင်ငံသား အတိုင်ပင်ခံ ရေးဆွဲ တင်ပြခဲ့သည့် Star Ruby Project ၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ရေးဆွဲသည့် နှစ် (၃၀) စီမံကိန်း၊ မန္တလေးတိုင်း ဒေသကြီး မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနက စုစည်း တင်ပြထားသည့် မန္တလေးမြို့ မြို့ပြ စီမံကိန်းနှင့် မြို့ဖွဲ့စည်း တည်ဆောက်ပုံ အစီရင်ခံစာများတွင် စီမံကိန်းကို ရေရှည် စဉ်းစားပြီး ဆောင်ရွက်ရန် အကြံပြုချက်များ တင်ပြထားခဲ့သည်ဟု MCDC တာဝန်ရှိသူများထံမှ သိရသည်။

မန္တလေး ဘူတာကြီးသည် ၇၈ လမ်းနှင့် ၃၀ လမ်းထောင့်တွင် တည်ရှိပြီး မြစ်ငယ် ကျေးရွာရှိ မီးရထား ပြုပြင် ထိန်းသိမ်းရေး အလုပ်ရုံ စခန်းများသည် မန္တလေးနှင့် ၁၂ မိုင် ဝေးသည်ဟု အမရပူရမြို့နယ် မြို့နယ် ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီထံမှ စုံစမ်း သိရှိရသည်။

မန္တလေး၊ ဖေဖော်ဝါရီ ၂၀

မန္တလေးမြို့လယ် အချက်အချာ ရှိသည့် နေရာတွင် ကိုလိုနီခေတ်မှစ၍ တည်ရှိခဲ့သော မန္တလေး ဘူတာရုံကြီးကို မြစ်ငယ် ကျေးရွာဘက်သို့ ပြောင်းရွှေ့ရန် အမရပူရမြို့နယ် NLD ပါတီက မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ (MCDC) အကြံပေး အဖွဲ့သို့ အကြံပြု တင်ပြထားကြောင်း အဆိုပါ ပါတီ တွဲဖက်အတွင်းရေးမှူး ဦးတင်ထွဋ်က The Voice သို့ ပြောကြားသည်။

အမရပူရမြို့နယ် တောင်မင်းကြီး ဘုရားဝင်းအတွင်း ဖေဖော်ဝါရီလ ၂၀ရက်နေ့က ကျင်းပသည့် MCDC အကြံပေးအဖွဲ့နှင့် နိုင်ငံရေး ပါတီဝင်များ၊ မြို့နယ် အထောက်အကူပြု အဖွဲ့များ၊ မြို့နယ် လူမှုရေး အသင်းများ တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သင့်သည့် လုပ်ငန်းများ ညှိနှိုင်း အစည်းအဝေးပွဲတွင် ၎င်းက အထက်ပါအတိုင်း အကြံပြု တင်ပြ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မန္တလေး ဘူတာကြီးသည် ချမ်းအေးသာစံ မြို့နယ်အတွင်း မြို့လယ်ကောင်တွင် တည်ရှိရာ ချမ်းအေးသာစံ မြို့နယ်သည် မြို့ပေါ် ငါးမြို့နယ်ထက် လူဦးရေ သိပ်သည်းမှုနှုန်းမှာ ၆၉ ဒသမ ၃၉ ရာခိုင်နှုန်း ရှိသဖြင့် မန္တလေး မြို့ပေါ်ရှိ လူဦးရေ သိပ်သည်းမှု အများဆုံး မြို့နယ်တွင် ပါဝင်သောကြောင့် ရေရှည်တွင် လမ်းပန်းဆက်သွယ်ရေး ပိုမို ခက်ခဲလာနိုင်မည် ဖြစ်သဖြင့် မြစ်ငယ် ကျေးရွာရှိ မီးရထားများကို ပြုပြင် မွမ်းမံ ထိန်းသိမ်းသော အလုပ်ရုံများ ရှိသည့် နေရာသည် ပိုမို သင့်လျော်သည့် နေရာဖြစ်နိုင်သောကြောင့် ပြောင်းရွှေ့ရန် တင်ပြရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းလင်း ပြောကြားသည်။

အောင်မြင်ကျော်ကြားသူ မိတ်ကပ်ခင်စန်းဝင်းရဲ့ ဘဝဇာတ်ခုံနောက်ကွယ်က ဖြတ်သန်းမှုများ

February 21, 2014 at 4:28pm

Written by  ဘုန်းနေလ (ဒဂုံတက္ကသိုလ်)

အောင်မြင် ထင်ရှားကျော်ကြားကြသူများရဲ့ ဘဝနောက်ကွယ်ဇာတ်ခုံများဟာ အများအားဖြင့် ခက်ခဲမှုများ၊ ရင်နာမှုများ၊ နာကြည်းချက်များ၊ မခံချင်သည့်စိတ်ဓာတ်များ၊ ရည်ရွယ်ချက်များနဲ့ဘဝကို အံတုကာ ဖြတ် သန်းကြရင်း လိမ္မာပါးနပ်မှုများစွာဖြင့် သူတို့ဘဝကို ခိုင်မာအောင်တည်ဆောက် ဖြတ်သန်းခဲ့ကြသူတွေက များလှပါတယ်။ ယခုလို အရာတွေကလည်းသူတို့ ဘဝအောင်မြင်မှုတွေကို ရရှိလာစေဖို့ တွန်းအားများ ပေးခဲ့ကြတယ်ဆိုရင်လည်း မမှားပါဘူး။ အများက သူတို့ကို အားကျကြပေမယ့် သူတို့ ဘဝရဲ့ နောက်ခံ ဖြတ်သန်းမှုများကိုတော့ ဘယ်သူကမှသတိမထားခဲ့မိကြတာ အမှန်ပါပဲ။ ဒါကြောင့်မို့ လက်ရှိမြန်မာနိုင်ငံရဲ့ အောင်မြင်ကျော်ကြားနေတဲ့ အောင်မြင်သူတွေထဲမှာမှ မိတ်ကပ်ဖန်တီးမှုများနဲ့ နေရာတစ် နေရာအဖြစ် ရပ်တည်လို့နေတဲ့ ခင်စန်း ဝင်းရဲ့ ဘဝဖြတ်သန်းမှုအချိုးအကွေ့များနဲ့ မိန်းမလျာတစ်ယောက်ရဲ့ ရုန်းကန် ဖြတ်သန်းမှုများကို ဖွင့်ဟကြည့်တော့။
ငယ်ဘဝ ဖြတ်သန်းမှုက
အသက်ငယ်ငယ်က လက်ဦးဆရာ ကိုတူးနဲ့ သူ့သူငယ်ချင်း ရှယ်ယာလုပ်ပြီး ဆိုင်ဖွင့်တော့ ဝင်လုပ်ခဲ့ တယ်။ ဆရာဆီမှာ မကြီးစန်း အောက်ခြေ သိမ်းအကုန်လုပ်ပြီး ပညာတွေသင်တယ်။ အဲဒီအတတ်ပညာ တွေကို ဂရုတစိုက်သင်တော့ ကျွမ်းကျင်မှုတွေ ရှိလာတယ်။ ဆရာရဲ့ညီမလုပ်သူနဲ့အတူ သင်ရတော့ ညီမ လုပ်သူထက် မကြီးစန်းက ပိုသာတော့ ကိုယ့်ကို ညီမဖြစ်သူက ပထုတ်ဖို့ လုပ်လာခဲ့တယ်။

ဓားကိုင်ပြီး အလှူခံနေသည့် သင်္ကန်း ၀တ်ထားသူကို လူဝတ်လဲပြီး အမှုဖွင့်


သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဘုရား ပွဲတော်တွင် ဓားကိုင်ပြီး အလှူခံနေသည့် သင်္ကန်း ၀တ်ထားသူ တစ်ဦး ကို သံဃနာယကအဖွဲ့က လူဝတ်လဲပြီးနောက် ဖေဖော်ဝါရီ ၁၉ ရက်တွင် မြို့နယ်ရဲစခန်းက အမှုဖွင့်အရေး ယူလိုက်သည်။

ဖေဖော်ဝါရီ ၁၉ ရက် ည ၁၀ နာရီခွဲတွင် သတင်းအရ ဘုရားပွဲ လုံခြုံရေး ဆောင်ရွက်နေသည့် သင်္ဃန်း ကျွန်း ရဲစခန်းမှ ရဲတပ်အဖွဲ့က သွားရောက်စစ်ဆေးရာ ဓားကိုင်အလှူခံနေသူသည် ရန်ကင်းမြို့နယ် (၁၂) ရပ် ကွက်၊ မဟာစန္ဒာသူရိယကျောင်းမှ ဦးပညာသီဟ (ခ) အောင်သန်း (၄၂)နှစ် သုံးဝါရှိသူဖြစ်ပြီး ၎င်းင်းတွင် သာသနာဝင်ကတ် မရှိပေ။

အဆိုပါ သင်္ကန်းဝတ်ထားသူကို ကျိုက္ကဆံဘုရားဓမ္မာရုံ၌ မြို့နယ်သံဃနာယကအဖွဲ့ဝင် စည်းကမ်းထိန်း သိမ်းရေးအကျိုး တော်ဆောင်ဆရာတော် ဦးဝါသေနနှင့် မြို့နယ်လ၀ကမှူး ဦးနန်းမြင့် တို့ရှေ့တွင် သိက္ခာချ လူဝတ်လဲခဲ့သည်။

ချစ်သူဟောင်းနဲ့ အရက်မူးပြီး အိပ်မိလို့ ရုရှားသူလေး သေကြောင်းကြံ

ချစ်သူဟောင်းနဲ့ အရက်မူးပြီး အိပ်မိလို့ ရုရှားသူလေး သေကြောင်းကြံ 

အသက် ၂၈ နှစ်ပဲ ရှိသေးတဲ့ ရုရှားမလေး Alina Bogdanova ဟာ ချစ်သူဟောင်းနဲ့ အရက်မူးပြီးတော့ တစ်ညတာ ကုန်ဆုံးစေခဲ့မှုအတွက် မိမိကိုယ်ကို သေကြောင်း ကြံစည်ခဲ့ကြောင်း သိရ ပါတယ်။ 

သူမရဲ့ လက်ရှိ ချစ်သူ ဖြစ်တဲ့ Arturas Pakalniskis ကို မျက်နှာချင်း မဆိုင်ရဲတော့တဲ့ အတွက် ယခုလို သေကြောင်း ကြံစည်ခြင်း ဖြစ်ကြောင်း စစ်ဆေးမှုများက ထုတ်ဖော် ပြောဆို ထားပါတယ်။ သူမဟာ အကို ဖြစ်သူထံ အလည်သွားစဉ် သူ့ချစ်သူဟောင်း ဖြစ်တဲ့ အသက် ၂၉ နှစ်အရွယ် Aleksandra Zuks ရဲ့ အိမ်မှာ တည်းခိုခဲ့ခြင်း ဖြစ်ပါတယ်။ သူမအနေနဲ့ အိမ်ပေါ် အခန်းထဲမှာ အိပ်ပြီး Aleksandra ဟာ အောက်မှာ ဆင်းအိပ်မယ် လို့ပြော ပါတယ်။ သို့ပေမယ့် အရက်မူးနေကြတာမို့ ညက အဖြစ်အပျက်ကို အမှတ်သညာ မရှိခဲ့ကြ ပါဘူး။ မနက် လင်းလာချိန်မှာတော့ ချစ်သူဟောင်း ဖြစ် သူ အိပ်ယာထပြီး ဘေးမှာ မရှိလို့ ထွက်ကြည့် ချိန် လှေကား ရင်းမျာ ကြိုးဆွဲချ သေနေတဲ့ သူ့ချစ်သူဟောင်းကို တွေ့ရှိခဲ့ ပါတယ်။ 

စုံစမ်း စစ်ဆေးမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး ဒါဟာ မိမိကိုယ် ကို သေကြောင်းကြံတဲ့ ဖြစ်ရပ် ဖြစ်ကြောင်း တိကျတဲ့ အဖြ ထွက်ရှိခဲ့ ပါတယ်။ ချစ်သူသစ် ဖြစ်တဲ့ Arturas Pakalniskis ကို မျက်နှာချင်း မဆိုင် ရဲတော့ တဲ့ Alina ဟာ မနက်လင်းချိန်မှာပဲ ကြိုးဆွဲချ သေကြောင်းကြံ ခဲ့ခြင်း ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)

http://www.yoyarlay.com/international-news/europe/40103-russian-girl-hand-herself-for-sex-drunk

.

အသက် ၂၈ နှစ်ပဲ ရှိသေးတဲ့ ရုရှားမလေး Alina Bogdanova ဟာ ချစ်သူဟောင်းနဲ့ အရက်မူးပြီးတော့ တစ်ညတာ ကုန်ဆုံးစေခဲ့မှုအတွက် မိမိကိုယ်ကို သေကြောင်း ကြံစည်ခဲ့ကြောင်း သိရ ပါတယ်။

သူမရဲ့ လက်ရှိ ချစ်သူ ဖြစ်တဲ့ Arturas Pakalniskis ကို မျက်နှာချင်း မဆိုင်ရဲတော့တဲ့ အတွက် ယခုလို သေကြောင်း ကြံစည်ခြင်း ဖြစ်ကြောင်း စစ်ဆေးမှုများက ထုတ်ဖော် ပြောဆို ထားပါတယ်။ သူမဟာ အကို ဖြစ်သူထံ အလည်သွားစဉ် သူ့ချစ်သူဟောင်း ဖြစ်တဲ့ အသက် ၂၉ နှစ်အရွယ် Aleksandra Zuks ရဲ့ အိမ်မှာ တည်းခိုခဲ့ခြင်း ဖြစ်ပါတယ်။ သူမအနေနဲ့ အိမ်ပေါ် အခန်းထဲမှာ အိပ်ပြီး Aleksandra ဟာ အောက်မှာ ဆင်းအိပ်မယ် လို့ပြော ပါတယ်။ သို့ပေမယ့် အရက်မူးနေကြတာမို့ ညက အဖြစ်အပျက်ကို အမှတ်သညာ မရှိခဲ့ကြ ပါဘူး။ မနက် လင်းလာချိန်မှာတော့ ချစ်သူဟောင်း ဖြစ် သူ အိပ်ယာထပြီး ဘေးမှာ မရှိလို့ ထွက်ကြည့် ချိန် လှေကား ရင်းမျာ ကြိုးဆွဲချ သေနေတဲ့ သူ့ချစ်သူဟောင်းကို တွေ့ရှိခဲ့ ပါတယ်။

ပြဿနာဖြစ်လာသည့်အခါ အထက်မှ ရပ်တည်ပေးမှုမရှိ၊ အနိုင်ကျင့် ရိုက်နှက်ခံခဲ့ရသော ယာဉ်ထိန်းတပ်ကြပ်ကြီး



ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

ဗီဒီယိုသရုပ်ဆောင် နေသူရိန်၊ အမည်ရင်း စနေထွန်း (၇၇) ဗီဒီယို ထုတ်လုပ်ရေး မိသားစု၏ ဖေဖော်ဝါရီလ (၉)ရက်နေ့ နံနက် (၁၁း၃၀) အချိန်ခန့်နှင့် ဖေဖော်ဝါရီလ (၁၀) ရက်နေ့ ညနေ (၆း၃၀) အချိန်တို့တွင် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီးပတ်လမ်း၊ မီးပွိုင့်တွင် တာဝန် ထမ်းဆောင်နေသော ယာဉ်ထိန်းရဲတစ်ဦးအား အုပ်စုဖြင့် ၀ိုင်းဝန်းအနိုင်ကျင့် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မှုများကြောင့် ဒဏ်ရာများ ရရှိခဲ့သော ယာဉ်ထိန်း ရဲတပ်ကြပ်ကြီးသောင်းဒန်၊ ကိုယ်ပိုင် အမှတ် -လ/၁၉၇၇၅၄ က ဗီဒီယို သရုပ်ဆောင် နေသူရိန်ကို အမှုဖွင့် အရေးယူပေးရန် တိုင်ကြားခဲ့ကြောင်း မြန်မာသံတော်ဆင့် သတင်းဌာနသို့ ဖေဖော်ဝါရီလ (၁၇) ရက်နေ့က လာရောက် ပြောကြားသည်။

ကျွန်တော် တပ်ကြပ်ကြီး သောင်းဒန် ကိုယ်ပိုင်အမှတ်-လ/ ၁၉၇၇၅၄ မှ ရင်ဖွင့်လိုက်ပါသည်။ ဖြစ်စဉ်က ဒီလိုပါ ကျွန်တော် တာဝန်ကျနေသည့် ကန်တော်ကြီးပတ်လမ်း မီးပွိုင့်တွင် ၉-၂-၂၀၁၄ (၁၁း၃၀) နာရီအချိန်ခန့် မီးပွိုင့်ပြင်တဲ့အဖွဲ့ မီးပြန်ချိန်ရန် ပြုပြင်နေစဉ် မီးပွိုင့်မီးဖြတ် လိုက်တယ်။ တာဝန်အရ ကျွန်တော် ကားတွေကို ထိန်းရတယ်၊ လက်ထွက်ပြရတယ်၊ အဲဒီမှာ ၇ဃ/၇၇၇၄ ကားက ဖရီးကြောက တည့်ထွက်လာတယ်၊ ထွက်လာတဲ့ကားကို လက်ပြပြီး တားထားတယ်၊ ဒီကားကမရပ်ဘူး။ ဆက်မောင်းလာပြီး ပွိုင့်အလယ်ကောင် အထိရောက်လာတယ်၊ သူတို့ကကားပေါ်က ဆင်းလာပြီး မင်းကဘာကောင်မို့ ငါ့ကားကိုတားတာလဲ၊ ဘာဖြစ်တယ်/ ညာဖြစ်တယ်ဆိုပြီး ကျွန်တော်ကို ရန်လုပ်တယ်၊ ကျွန်တော်က ညီလေး ဆက်မောင်းသွားဖို့ ဆက်ပြောတယ်၊ ဖရီးကြောက ထွက်လာလို့

တရုတ်ပြည်တွင် ရည်းစား အငှားလိုက် ဝန်ဆောင်မှု ဈေးကွက် ကျယ်ပြန့်လာ

Photo: တရုတ်ပြည်တွင် ရည်းစား အငှားလိုက် ဝန်ဆောင်မှု ဈေးကွက် ကျယ်ပြန့်လာ

*********************************************

ကျား၊မ အချိုးအစား မညီမျှမှု ကြီးမားသော တရုတ်နိုင်ငံတွင် အမျိုးသားများ အတွက် မိန်းကလေး များက ရည်းစား အငှားလိုက်သည့် အလေ့အထ ထွန်းကားခေတ်စား လာနေကြောင်း သိ ရသည်။

အားလပ်ရက် အပန်းဖြေချိန် အတွင်း ဈေးဝယ် ထွက်စဉ်အတွင်း တွဲ သွား၊ တွဲလာလုပ်ရန် ရည်းစား မရှိသော တရုတ် အမျိုးသားများ အတွက် ရည်းစား အငှား လိုက် သည့် အလုပ်သည် မိန်းကလေးများ အတွက် မက်မောလောက်စရာ အလုပ် တစ်ခုဖြစ်သည်။ အငှားရည်းစား အဖြစ် ငှားရမ်းခ တစ်ပတ်ကို ပေါင် တစ်သိန်းနီးပါး ရရှိ ကြသည်။

 ထို့အတူ အငှား ရည်းစား ဝန် ဆောင်မှုပေးသော အွန်လိုင်းဝက်ဘ် ဆိုက်များ ကလည်း ဘွဲ့ရပညာတတ် ရုပ် ရည်ချောမောသော မိန်းမပျိုလေးများ ကို အပူတပြင်း ရှာဖွေ ဆက်သွယ်နေကြ ပြီး အငှားရည်းစား ဝန်ဆောင်မှုမှာ အ လျင်အမြန် ဖွံ့ဖြိုး လာနေသည်ဟု သိရ သည်။

တရုတ်နှစ်သစ်ကူး ကာလများတွင် တော့ အမျိုးသမီးများ က  ယောက်ျား လေးများကို အငှား ရည်းစားအဖြစ် ငှား ရမ်းသည့်ဈေးကွက် ပိုမို တွင်ကျယ်သည် ကို တွေ့ရ သည်။

ဘေဂျင်း အခြေစိုက် အငှားရည်း စား လိုက်သူ သက်လတ်ပိုင်း အမျိုးသား Zhu Ruisen ကနှစ်သစ်ကူး ကာလတွင် ဝန်ဆောင်မှု ငှားရမ်းခြင်း အမြင့်ဆုံး ကာလဟု ဆိုသည်။

”နှစ်သစ်ကူး ကာလ မိဘအိမ် ပြန် မယ့် မိန်းကလေးတွေ အတွက် သူတို့ မိ သားစုနဲ့ လိုက်တွေ့ရတာပါ။ ဒါ့အတွက် အခကြေးငွေနဲ့ အငှား လိုက်ပေးတာပါ”ဟု ၄င်းက ဆို သည်။

ယမန်နှစ် နှစ်ကုန်ပိုင်း အထိ ကျင့် သုံးခဲ့သော တစ်အိမ်ထောင် ကလေး တစ်ယောက် မူဝါဒနှင့် သားယောက်ျား လေးကိုသာ ပိုမို အလိုရှိသော တရုတ်ရိုး ရာ အစဉ် အလာကြောင့် တရုတ်နိုင်ငံ တွင် ကျား၊ မ အချိုးအစား ကွာခြားမှု အမြင့်ဆုံးဖြစ်နေပြီး အိမ်ထောင်ဖက် ရှာမရသော တရုတ် အမျိုးသားများ အ တွက် မိန်းမပျို များက အငှား ရည်းစား လိုက်သည့် ဈေးကွက် ထွန်းကားလာ နေခြင်း ဖြစ်သည်။

KYL

Ref: huffing ton post.com

ကျား၊မ အချိုးအစား မညီမျှမှု ကြီးမားသော တရုတ်နိုင်ငံတွင် အမျိုးသားများ အတွက် မိန်းကလေး များက ရည်းစား အငှားလိုက်သည့် အလေ့အထ ထွန်းကားခေတ်စား လာနေကြောင်း သိ ရသည်။

အားလပ်ရက် အပန်းဖြေချိန် အတွင်း ဈေးဝယ် ထွက်စဉ်အတွင်း တွဲ သွား၊ တွဲလာလုပ်ရန် ရည်းစား မရှိသော တရုတ် အမျိုးသားများ အတွက် ရည်းစား အငှား လိုက် သည့် အလုပ်သည် မိန်းကလေးများ အတွက် မက်မောလောက်စရာ အလုပ် တစ်ခုဖြစ်သည်။ အငှားရည်းစား အဖြစ် ငှားရမ်းခ တစ်ပတ်ကို ပေါင် တစ်သိန်းနီးပါး ရရှိ ကြသည်။

ထို့အတူ အငှား ရည်းစား ဝန် ဆောင်မှုပေးသော အွန်လိုင်းဝက်ဘ် ဆိုက်များ ကလည်း ဘွဲ့ရပညာတတ် ရုပ် ရည်ချောမောသော မိန်းမပျိုလေးများ ကို အပူတပြင်း ရှာဖွေ ဆက်သွယ်နေကြ ပြီး အငှားရည်းစား ဝန်ဆောင်မှုမှာ အ လျင်အမြန် ဖွံ့ဖြိုး လာနေသည်ဟု သိရ သည်။

ကန်ကို ပျံသန်း မယ့် လေယာဉ်တွေ ဖောက်ခွဲဖို့ ခြိမ်းခြောက်မှု ထွက်ပေါ်

လေယာဉ်စီးခရီးသည်တွေအတွက် သတိပေးချက်များ၊ JFK လေဆိပ်၊ အမေရိကန်ပြည်ထောင်စု။ 

အမေရိကန် ပြည်ထောင်စုကို ပျံသန်းလာတဲ့ နိုင်ငံတကာလေယာဉ်တွေ မှာ ဖောက်ခွဲရေးပစ္စည်းတွေကို ဖိနပ်ထဲမှာထည့်ပြီး တိုက်ခိုက်နိုင်တဲ့ ခြိမ်းခြောက်မှုတွေ ရှိနိုင်တဲ့အကြောင့် အမေရိကန် အစိုးရက လေကြောင်းလိုင်းတွေ ကို သတိပေးလိုက်ပါတယ်။ အကြမ်းဖက်သမား တွေဟာ ပေါက်ကွဲ ပစ္စည်းတွေကို ရှူးဖိနပ်ထဲမှာ သယ်ဆောင်ပြီး ဂျက်လေယာဉ်တွေကို တိုက်ခိုက်နိုင်တယ်ဆိုတဲ့ ခိုင်မာတယ်လို့ ယူဆရတဲ့ မကြာသေးခင်က ထောက်လှမ်းရေး သတင်းတွေ ကို အခြေခံပြီး ခုလို့ သတိပေးချက်ကို အမိမြေလုံခြုံရေး ဌာနက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့တာပါ။

အခုလို ခရီးသည်တင် ဂျက်လေယာဉ်တွေမှာ ပေါက်ကွဲစေတဲ့ပစ္စည်းတွေ ခိုးဝှက်သယ်ဆောင်ပြီး တိုက်ခိုက်နိုင်တယ် ဆိုတဲ့ သတိပေးချက်ကို အစိုးရဘက်က သတိပေးချက်ထုတ်ပြန်တာဟာ သုံးလအတွင်း ဒုတိယအကြိမ်ပဲ ဖြစ်ပါတယ်။ ဖိနပ်၊ အရည်ပစ္စည်းတချို့နဲ့ မိတ်ကပ်ပစ္စည်းတွေကို သတိထားဖို့ အမိမြေလုံခြုံရေးဌာနက လေကြောင်းလိုင်းတွေကို သတိပေးချက် ထုတ်ပြန်ထားတဲ့အကြောင်းလည်း အမေရိကန် ထောက်လှန်းရေးသတင်းတွေက ဆိုပါတယ်။

"မမျှော်လင့်တဲ့ ချစ်သူ့လက်ဆောင်ကြောင့် ဝမ်းသာခဲ့ရသူ နန်းသူဇာ"

Photo: "မမျှော်လင့်တဲ့ ချစ်သူ့လက်ဆောင်ကြောင့် ဝမ်းသာခဲ့ရသူ နန်းသူဇာ"

(ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇) 

ချစ်သူများနေ့မှာ လုံးဝကို မမျှော် လင့်ဘဲ သူပေးတဲ့ လက်ဆောင်ကြောင့် အံ့သြပြီး ဝမ်းသာခဲ့ ရကြောင်း နန်းသူဇာ က ပြောသည်။

”ဘာတစ်ခုမှ ကြိုတင်မပြောဘဲ ရုတ်တရက် သူပေးလာတာ ဆိုတော့ ကြောင်တောင်တောင် တောင် ဖြစ် တယ်” ဟု နန်းသူဇာက ပြောသည်။

ချစ်သူများနေ့ မှာ နန်းသူဇာက သူမ၏ ချစ်သူအဆိုတော် ကိုကျော်ထွဋ်ဆွေ ကသူ၏ တေးစီးရီး ‘ရပ်ကွက်ထဲက အရူး’ မူပိုင်ခွင့်ကို ချစ်သူများနေ့ လက်ဆောင် အဖြစ် ပေး ခဲ့ကြောင်း သိရသည်။

 ’ဒီအခွေ၏ မူပိုင်ခွင့်က သူ့ရဲ့ကိုယ်ပိုင် ပစ္စည်း၊ ပြီးတော့ သူယူထားတဲ့ သူ့ရဲ့ ဇနီးမယားလည်း မဟုတ်သေးဘူး။ သမီး ရည်းစားပဲ ရှိသေးတယ်။ ဒီလိုလုပ် စရာလား ဆိုပြီး သူ့ကိုတောင် ပြန်ပြော မိတယ်” ဟု နန်းသူဇာက ဆိုသည်။

ချစ်သူသက်တမ်း တစ်လျှောက်မှာ တစ်ဦးအပေါ် တစ်ဦး နားလည်ကြ ချစ်ကြပြီး၂ဝ၁၄ ချစ်သူများနေ့သည် သူမ၏ လုံးဝ မမေ့နိုင် သည့် နေ့တစ် နေ့ဖြစ်ကြောင်း ကိုလည်း နန်းသူဇာ က ပြောသည်။

နန်းသူဇာက သူ့ချစ်သူ ကျော်ထွဋ် ဆွေ ကို ဆင်တူ လက်စွပ်၊ လက်ကောက် ၊ ဆွဲကြိုးနှင့် သူ အကြိုက်ဆုံးရေမွှေး ကို ပြန်ပေးခဲ့ကြောင်း ၄င်းထံမှ သိရသည်။

”နန်းသူဇာတို့ ရွှေလက်တွဲဖို့ မင်္ဂ လာရက်တော့ ကြာပါဦးမယ်။ နှစ်ယောက် စလုံး ကြိုးစားရဦးမယ်” ဟု နန်းသူဇာက ပြောသည်။

နန်းသူဇာနှင့် နန်းမြတ်ဖြိုးသင်း တို့၏ သူငယ်ချင်း အတွဲခွေ MTV ထွက် ရှိဖို့အတွက် ရိုက်ကူးရေးကို အစွမ်းကုန် တိုင်ပင် လုပ်ဆောင်ကြကြောင်း ၄င်းထံ မှ သိရသည်။

ထူးထူး

(ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇)

ချစ်သူများနေ့မှာ လုံးဝကို မမျှော် လင့်ဘဲ သူပေးတဲ့ လက်ဆောင်ကြောင့် အံ့သြပြီး ဝမ်းသာခဲ့ ရကြောင်း နန်းသူဇာ က ပြောသည်။

”ဘာတစ်ခုမှ ကြိုတင်မပြောဘဲ ရုတ်တရက် သူပေးလာတာ ဆိုတော့ ကြောင်တောင်တောင် တောင် ဖြစ် တယ်” ဟု နန်းသူဇာက ပြောသည်။

ချစ်သူများနေ့ မှာ နန်းသူဇာက သူမ၏ ချစ်သူအဆိုတော် ကိုကျော်ထွဋ်ဆွေ ကသူ၏ တေးစီးရီး ‘ရပ်ကွက်ထဲက အရူး’ မူပိုင်ခွင့်ကို ချစ်သူများနေ့ လက်ဆောင် အဖြစ် ပေး ခဲ့ကြောင်း သိရသည်။

’ဒီအခွေ၏ မူပိုင်ခွင့်က သူ့ရဲ့ကိုယ်ပိုင် ပစ္စည်း၊ ပြီးတော့ သူယူထားတဲ့ သူ့ရဲ့ ဇနီးမယားလည်း မဟုတ်သေးဘူး။ သမီး ရည်းစားပဲ ရှိသေးတယ်။ ဒီလိုလုပ် စရာလား ဆိုပြီး သူ့ကိုတောင် ပြန်ပြော မိတယ်” ဟု နန်းသူဇာက ဆိုသည်။

“အနုပညာဆိုတာ လုပ်ယူလို့မရဘူး” ဆိုတဲ့ ကျော်ကျော်ဗို

 ကျော်ကျော်ဗို, အနုပညာ, မင်းသား
သရုပ်ဆောင် ကျော်ကျော်ဗိုကို ၎င်း၏သမီးငယ်နှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)

ဝေဇယန္တာ ဈေးဝယ်စင်တာ အပေါ်ထပ်တွင် ရုပ်ရှင်လောကသား တဖွဲ့ Unlimited ဆိုသည့် ဇာတ်ကားတကား ရိုက်နေကြသည်။ မင်းသမီး အေးမြတ်သူ အပါအဝင် ဇာတ်ပို့ဇာတ်ရံများကိုလည်း တွေ့ရသည်။  အင်္ကျီဘောင်းဘီ အမည်းရောင်၊ လက်အိတ် အမည်းရောင်နှင့် Punk ဂီတ ရူးသွပ်သူတဦးစတိုင် ဝတ်ဆင် ထားသူ မင်းသားတဦးက ထိုကားတွင် အဓိက ဇာတ်ကောင်တဦးအဖြစ် သရုပ်ဆောင် နေသည်ကို တွေ့ရသည်။
သူက နာမည်ကျော် ဇာတ်သဘင်မင်းသားကြီး ရွှေမန်းတင်မောင်၏ မြေးတဦးဖြစ်သလို၊ နှင်းဆီသခင် အငြိမ့် အဖွဲ့သား တဦးလည်း ဖြစ်သည်။ သာယာသည့် အိမ်ထောင်ရေးကို တည်ဆောက်ထားနိုင်သလို၊ အနုပညာပိုင်း ဆိုင်ရာတွင်လည်း ဟာသ၊ ဒရာမာ၊ ဖန်စီ စသည့် ကျရာ ဇာတ်ရုပ်တိုင်း၌ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်သည့် အရည်အချင်းရှိပြီး ကောလာဟလ နည်းသည့် အနုပညာရှင် တဦးလည်းဖြစ်သည်။ သူကတော့ ကျော်ကျော်ဗိုပဲ ဖြစ်သည်။
ကျော်ကျော်ဗိုက သူ့ရဲ့ ငယ်ဘဝရည်မှန်းချက်သည် ဘောလုံးကန်သူ တဦး ဖြစ်ချင်ခဲ့သော်လည်း အထက်တန်း ကျောင်းပြီးချိန် အရွယ်ရောက်ချိန်မှာတော့ သူရဲ့ စိတ်ခံစားချက်အပေါ် လိုက်ပြီး ခံစားရွေးချယ် ခဲ့သည်က အနုပညာရှင် တယောက် ဘဝသာဖြစ်ခဲ့သည်ဟု ဆိုသည်။
“ကျနော် သိတတ်လာတဲ့ အချိန်မှာ ရင်ထဲ အသည်းထဲက ကြက်သီးထလောက်အောင် ခံစားရပြီး ရွေးချယ်ဖြစ်ခဲ့တာ အနုပညာရှင် ဆိုတာပဲ” ဟု သူက ဆိုသည်။
သူ၏ အနုပညာအလုပ်အပေါ် ခံစားချက်နှင့် ပတ်သက်ပြီးလည်း “ကျနော်က အနုပညာရှင် ဖြစ်ချင်တာ၊ ဘယ်ဇာတ်ရုပ်ကိုမှ ရိုက်မယ်ဆိုတာမျိုး မရှိဘူး၊ ဇာတ်ရုပ်တရုပ် သရုပ်ဆောင်ဖို့အတွက် အမြဲ စိန်ခေါ်ပြီးရိုက်တယ်” ဟု ကျော်ကျော်ဗိုက ဆက်ပြောသည်။

ရှေ့နေကုတ်အစား ဂျိုကာကုတ်ရွေးခဲ့သူ

Photo: ရှေ့နေကုတ်အစား ဂျိုကာကုတ်ရွေးခဲ့သူ
--------------
ရေးသားသူ- အေးသူစံ

နိုင်ငံခြားရုပ်ရှင်များထဲတွင်သာ တွေ့ရလေ့ရှိသည့် ဒီဇိုင်းဆန်းဆန်းပူဖောင်းရုပ်များကို ပြည်သူ့ရင်ပြင်ထဲမှ ကလေးများလက်ထဲတွင် တွေ့ရသည်မှာ အမြင်ဆန်းနေ၏။ ချစ်စရာကောင်းပြီး အလွန်လက်ရာမြောက်လှသော Pooh ၀က်ဝံ၊ Angry Bird ၊ လေယာဉ်ပျံ၊ မစ်ကီမောက်စ်စသည့် ကလေးတို့အကြိုက်ဇာတ်ကောင်များကို ရောင်စုံပူဖောင်းများဖြင့် လိမ်ယှက်ပုံဖော်ထားသည်မှာ မြင်နေကျပူဖောင်းအရုပ်ကလေးများနှင့် မတူကွဲပြားခြားနားသော အနုစိတ်လက်ရာများဖြစ်သည်။

“မေမေ ဟိုမှာ ဟိုမှာ”ဟု ပျော်ရွှင်စွာအော်ဟစ်လိုက်သော ကလေးငယ်ညွှန်ပြရာ လူအုပ်အလယ်တွင် တစ်စွန်းတစမြင်တွေ့လိုက်ရသည်က အစိမ်းအနီအပြာအ၀ါ တောက်ပသောအရောင်များ ရောယှက်နေသောဝတ်စုံကို ၀တ်ဆင်ထားပြီး မျက်နှာတွင် ဆေးရောင်စုံခြယ်သထားသည့် ကလေးတို့အချစ်တော် ဂျိုကာတစ်ဦး။ ထူးခြားလှသည့်ပူဖောင်းရုပ်လေးများ၏ လက်ရာရှင်ပင်ဖြစ်သည်။

ကိုဂျိုကာ၏လက်များက ပူဖောင်းရုပ်များကို သွက်လက်စွာဖန်တီးရင်း ပါးစပ်ကလည်း ကလေးငယ်တို့၏မေးခွန်းတွေကို မျက်နှာအမူအရာမျိုးစုံလုပ်ပြလျက် စိတ်ရှည်လက်ရှည်ဖြေကြားပေးနေပုံက အနီးရှိလူကြီးများကိုပင် အပျော်များကူးစက်စေသည်။

ရောင်စုံယိုးဒယားပူဖောင်းစ Snake မျိုးစုံနှင့် အရောင်ခြယ်ဆော့ပင်များ၊ ကတ်ကြေးတစ်လက်နှင့် လေထိုးတံတို့ကို ခါးပတ်ပတ်လည်အိတ်ထဲတွင် စီစဉ်ထည့်ထားပြီး ပခုံးထိလုနီးပါး ဆံပင်တုရောင်စုံလိမ်ကောက်ကောက်၊ ကော်နှာခေါင်းနီပွပွ၊ မှန်မပါသည့်မျက်မှန်နီနီဖြင့် သူ့ကို ဖြတ်သွားဖြတ်လာသူတိုင်း အနည်းဆုံးတော့ လည်ပြန်ကြည့်ကာ ပြုံးပြကြမြဲဖြစ်သည်။

တချို့ဆို ဓာတ်ပုံပင်အမှတ်တရတွဲရိုက်သွားသေးကြောင်း သူကဂုဏ်ယူဟန်ဖြင့် ရောင်စုံမျက်ခုံးများကိုပင့်လျက်ပြောသည်။

“ဖြစ်ချင်တာက ရှေ့နေ၊ ဖြစ်လာတာက ဂျိုကာရုပ်နဲ့ ပူဖောင်းသည်။ ဒါပေမဲ့ ဘ၀မှာအပျော်ဆုံးအချိန်က ပူဖောင်းရုပ်တွေလုပ်ပြီး ကလေးတွေပျော်အောင် စနောက်ပြီးနေရတာကိုပါ” ဟု အဖြူအပြာပန်းရောင်သုံးမျိုးစပ် လေယာဉ်ပျံရုပ်အတွက် အပြီးသတ်ပူပေါင်းအစကို ကတ်ကြေးဖြင့်ကိုက်ဖြတ်ထုံးချည်လိုက်သည့် ဂျိုကာတစ်ဖြစ်လဲ ကိုကျော်ဇေယျကပြောသည်။

မော်လမြိုင်သား အဖေနှင့် ပဲခူးသူအမေတို့ အိမ်ထောင်ကျခါစက ပဲခူးမြို့ ခရွဲတန်းကျေးရွာတွင် ဓာတ်ပုံဆိုင်လေးတစ်ဆိုင် ဖွင့်ဖြစ်ခဲ့သည်။ စီးပွားရေးကျပ်တည်းလာသဖြင့် ရန်ကုန်မြို့သို့ ၁၉၉၆ ခုနှစ်တွင် မိသားစုရွှေ့ပြောင်းလာခဲ့ပြီးနောက် အဖေက သင်္ဘောကျင်းတစ်ခုတွင် ဆောက်လုပ်ရေးအလုပ်ရသည်။ အမေကတော့ စက်ချုပ်ဆိုင်ဖွင့်ရင်းမှ ကိုကျော်ဇေယျတို့မောင်နှမ လူလားမြောက်ခဲ့သည်။ ညီမငယ်ရှေ့ရေးနှင့် အိမ်တာဝန်အတွက် ဥပဒေဘာသာဖြင့် အဝေးသင်တက်ရောက်ရင်း အဖေ့သင်္ဘောကျင်းတွင် လက်သမားပညာဖြင့် နေ့စားအလုပ်လုပ်ခဲ့သည်။

အဖေ့နောက်လိုက်ရင်းက မျက်လှည့်ပညာရှင် မစ္စတာတော့ပ်အိမ်ကို လက်ခစားဖြင့် ဆောက်လုပ်ရချိန်တွင် မစ္စတာတော့ပ်နှင့် ခင်မင်ရင်းနှီးခဲ့သည်။ မစ္စတာတော့ပ်အတွက် မျက်လှည့်ပစ္စည်းများ ပြုလုပ်ပေးရင်းက မစ္စတာတော့ပ်၏တပည့်ထံမှ လေ့လာဆည်းပူးခဲ့သော ကော်ကပ်စရာမလိုဘဲ ပူဖောင်းချည်းသက်သက်ဖြင့် အရုပ်များချိုးကာ ဆေးရောင်ခြယ်သည့်အတတ်ကို ကျွမ်းကျင်တတ်မြောက်ခဲ့သည်။

ဤသို့နှင့် ကိုကျော်ဇေယျတစ်ယောက် ၂၀၀၉ ခုနှစ်တွင် ဂျိုကာဖြစ်လာခဲ့သည်။ စလုပ်လုပ်ချင်း ဆေးရောင်စုံခြယ်ထားသည့်မျက်နှာနှင့် ဂျိုကာဝတ်စုံအတွက် ရှက်မိပြီး လူအချို့၏လှောင်ပြောင်ကဲ့ရဲ့မှုများ ခံခဲ့ရသည်များလည်းရှိသည်။

ရှေ့နေဖြစ်ဖို့ ကျောင်းဆက်တက်မည်ဟုဆုံးဖြတ်၍ မစ္စတာတော့ပ်နှင့် ခေတ္တလမ်းခွဲခဲ့စဉ် ကန်တော်ကြီးဥယျာဉ်က တစ်လသုံးသိန်းဖြင့် ပူဖောင်းလုပ်ဖို့ လာငှားသည်။ ၀င်ငွေနောက်လိုက်ရင်း အဲဒီတည်းက ကျောင်းလည်းဆက်မတက်ဖြစ်တော့။ ကန်တော်ကြီးတွင် စာချုပ်သုံးလပြည့်ချိန်ကစပြီး ယနေ့အထိ တောက်လျှောက်ဂျိုကာရုပ်ဖြင့် ပူဖောင်းတွေသာ ဆက်ရောင်းဖြစ်သည်။

“အလုပ်ကလည်း သူများကိုပျော်အောင်လုပ်ရတာ။ ကိုယ်တိုင်လည်း ပျော်ပျော်နေတတ်တယ်။ နိုင်ငံခြားလူရွှင်တော်တွေကို အတုခိုးတယ်။ မြန်မာပြည်ကတော့ ဦးမော့စ်တို့လို နာမည်ကြီးတွေရဲ့ တစ်ကွက်ကောင်းလေးတွေကိုလည်း လေ့လာတယ်”ဟု ပြောနေစဉ် ခုနစ်နှစ်အရွယ်ကလေးတစ်ဦးက နှာခေါင်းကြီးအကြီးကြီးပဲဟု မရဲတရဲအပြောကို သူကြားသွားသည်။

“မိုးယုစံ ကိုက်သွားလို့ပါ”ဟု မချိုမချဉ်မျက်နှာထားဖြင့် ခပ်ကျယ်ကျယ်ပြောရင်း တရုတ်သိုင်းကားများထဲက ပိုက်ဆံသိမ်းသလို ဂျိုကာအင်္ကျီလက်ရှည်ထဲသို့ ပူဖောင်းရောင်းရသည့်ပိုက်ဆံတွေကို ထိုးထည့်သိမ်းဆည်းနေသည်။ အင်္ကျီလက်ဝက သရေကြိုးဖြင့်စည်းထားသည့်အတွက် ပိုက်ဆံပျောက်မှာမပူရ။

ပြည်သူ့ရင်ပြင်ထဲ စနေ၊ တနင်္ဂနွေနှစ်ရက် ပူးဖောင်းရောင်းရငွေက ကျပ်ငါးသောင်းနီးပါး။ တစ်လုံးငါးရာကျပ်ဖြင့် တစ်နေ့ အလုံး ၄၀  လောက်ကတော့ အသာလေးရောင်းစွံသည်ဟုဆိုသည်။ သူနှင့်အင်တာဗျူးလုပ်နေစဉ် တစ်နာရီခွဲအတွင်းမှာပင် အရုပ် ၁၀ ရုပ်ခန့် ရောင်းထွက်သွားပြီဖြစ်သည်။

ပြည်သူ့ရင်ပြင်ကလည်း သူရှိခြင်းကြောင့် လူတွေပိုစိတ်ဝင်စားပြီး ဖျော်ဖြေမှုပေးသည်ဟုယူဆကာ ကိုကျော်ဇေယျထံက အခကြေးငွေ တစ်စုံတစ်ရာမယူတော့ဘဲ ရောင်းချခွင့်ပြုထားသည်။

တစ်ပတ်ဝင်ငွေက မက်လောက်စရာမို့ ဂျိုကာဝတ်စုံနှင့် ပူဖောင်းအလုပ်ကို သူမစွန့်လွှတ်နိုင်။ ထို့ပြင် သူ့လိုအဆင်အပြင်မျိုးနှင့် တမူထူးသည့် Twistist ပူပေါင်းရုပ်များကြောင့် ကိုကျော်ဇေယျနှင့် သူ့လက်ရာပူဖောင်းများကို ပွဲလမ်းသဘင်အချို့နှင့် ဗီစီဒီ၊ ဗီဒီယိုရိုက်ကွင်းများက အာရုံစိုက်လာကြသည်။ အင်တာနေရှင်နယ်ကျောင်းဆင်းပွဲများ၊ ပါတီပွဲ၊ မွေးနေ့ပွဲများ၊ ဗယ်လင်တိုင်းကဲ့သို့သော အထိမ်းအမှတ်ပွဲများကလည်း ကိုကျော်ဇေယျအတွက် ၀င်ငွေရလမ်းများဖြစ်သည်။

“ပွဲစီစဉ်သူတွေက သူ့ပွဲက ဒီဂျိုကာပါရင် ငါ့ပွဲကလည်း ဒီထက်ဆန်းရမယ်ဆိုတာမျိုး။ ကျွန်တော့်အတွက်တော့ အလုပ်မရှားဘူးပေါ့။ အင်တာနေရှင်နယ်စကူးက ကလေးတွေကတော့ နည်းနည်းသည်းခံရတယ်။ ဟိုတယ်ရေကူးကန်နားလုပ်တဲ့ပွဲဆို ကလေးတွေကို အတော်သတိထားရတယ်။ ဂျိုကာကြီးဆိုပြီး လူကိုအသည်းယားပြီး ရေထဲတွန်းချတတ်ကြလို့”ဟု သူက ရယ်မောရွှင်ပြစွာပြောပြသည်။ ငွေရှာရင်းကပင် ပညာဝမ်းစာဖြည့်ရန်အတွက် အားလပ်ရက်များတွင် အင်တာနက်သုံးပြီး လေ့လာမှုရှိရသည်ဟုဆိုသည်။

သူ့မျှော်လင့်ချက်များပြည့်ဖို့က သူအလုပ်ကြိုးစားပုံနှင့်ဆို သိပ်ကြာမည်မထင်။ ရသမျှခြစ်ခြုတ်ဝယ်ထားသည့် ဆိပ်ကြီးခနောင်တိုက လက်ရှိနေအိမ်နှင့် နောက်ထပ်တစ်ခြံကိုရောင်းပြီး ရင်းနှီးလုပ်ကိုင်ဖို့ စဉ်းစားနေပြီဟု ကိုကျော်ဇေယျကပြောသည်။ တစ်ဖက်တွင်လည်း ပုံမှန်ဝင်ငွေလေးရနေသည့် ဂျိုကာအလုပ်ကို ဆက်လုပ်ချင်နေပုံပင်။

ဘွဲ့တစ်ခုရအောင် ကျောင်းလည်းဆက်တက်ဦးမည်ဖြစ်သည်။ အမေဖြစ်သူကိုယ်တိုင် ချုပ်ပေးထားသည့် ဂျိုကာဝတ်စုံခြောက်စုံခန့်ကို စည်းကမ်းတကျဝတ်ဆင်ရင်း ကလေးတွေ တောင်းဆိုသည့် အရုပ်တွေကို ခေါင်းပူအောင်စဉ်းစားရသည်မှာ မလွယ်လှပေ။

“အန်းဂရီးဘတ်ဒ်တို့၊ စက်ရုပ်တို့ဆို လုပ်ရတာသိပ်လက်ဝင်တယ်။ ကလေးတွေကလည်း ကိုယ့်ထက်တောင် ခေတ်မီသေး။ သူတို့ပြောလို့ မလုပ်တတ်ရင် လူကိုဆိတ်ဆွဲတယ်။ ထုတယ်။ နည်းနည်းကြီးတဲ့ကလေးတွေဆို ထိုးတယ်။ သည်းခံရတာပါပဲ”

သက်ပြင်းမောများချနေသည့် ကိုကျော်ဇေယျအနား ညနေခင်းနေရောင်ဖျော့လာချိန်မှာတော့ ကလေးများကျဲပါးလာပြီဖြစ်သည်။ တစ်နေကုန်မတ်တတ်ရပ်နေသော်လည်း ညောင်းညာပုံမရ။ သူသောက်နေသည့်ရေဘူးကိုကမ်းပေးရင်း ရုပ်သံလိုင်းအချို့ကလည်း သူ့ဘ၀ဖြတ်သန်းမှုကို မှတ်တမ်းရုပ်ရှင်လာရိုက်ကြသည်ဆိုသည်။ ရောင်စုံမျက်နှာအောက်က သူ့မျက်နှာအစစ်အမှန်ကို ပန်းခြံထဲက၀န်ထမ်းအားလုံးပင် သေချာမမြင်ဖူးကြသော်လည်း တီဗီကလွှင့်လျှင်တော့ သိသွားကြတော့မှာဖြစ်သည်။

စကားဝိုင်းအဆုံးသတ်ချိန်မှာပင် သားအဖနှစ်ဦး ကိုဂျိုကာနားလာရပ်သည်။ ငါးနှစ်အရွယ်ကလေးလေးက ဓားရုပ်လုပ်ပေးပါဟု ပူဆာသည်။ ပြောလက်စ စကားကိုဖြတ်၍ ကိုဂျိုကာက သွက်လက်စွာပင် ခါးကြားကလေထိုးတံနှင့် အပြာရောင်ပူဖောင်းစကိုဆွဲထုတ်ကာ ဓားတစ်လက်ရဖို့ စတင်ပြင်ဆင်နေပါတော့သည်။

ဓာတ်ပုံ- နစ်ကီ

ရေးသားသူ- အေးသူစံ

နိုင်ငံခြားရုပ်ရှင်များထဲတွင်သာ တွေ့ရလေ့ရှိသည့် ဒီဇိုင်းဆန်းဆန်းပူဖောင်းရုပ်များကို ပြည်သူ့ရင်ပြင်ထဲမှ ကလေးများလက်ထဲတွင် တွေ့ရသည်မှာ အမြင်ဆန်းနေ၏။ ချစ်စရာကောင်းပြီး အလွန်လက်ရာမြောက်လှသော Pooh ၀က်ဝံ၊ Angry Bird ၊ လေယာဉ်ပျံ၊ မစ်ကီမောက်စ်စသည့် ကလေးတို့အကြိုက်ဇာတ်ကောင်များကို ရောင်စုံပူဖောင်းများဖြင့် လိမ်ယှက်ပုံဖော်ထားသည်မှာ မြင်နေကျပူဖောင်းအရုပ်ကလေးများနှင့် မတူကွဲပြားခြားနားသော အနုစိတ်လက်ရာများဖြစ်သည်။

“မေမေ ဟိုမှာ ဟိုမှာ”ဟု ပျော်ရွှင်စွာအော်ဟစ်လိုက်သော ကလေးငယ်ညွှန်ပြရာ လူအုပ်အလယ်တွင် တစ်စွန်းတစမြင်တွေ့လိုက်ရသည်က အစိမ်းအနီအပြာအ၀ါ တောက်ပသောအရောင်များ ရောယှက်နေသောဝတ်စုံကို ၀တ်ဆင်ထားပြီး မျက်နှာတွင် ဆေးရောင်စုံခြယ်သထားသည့် ကလေးတို့အချစ်တော် ဂျိုကာတစ်ဦး။ ထူးခြားလှသည့်ပူဖောင်းရုပ်လေးများ၏ လက်ရာရှင်ပင်ဖြစ်သည်။

ကိုဂျိုကာ၏လက်များက ပူဖောင်းရုပ်များကို သွက်လက်စွာဖန်တီးရင်း ပါးစပ်ကလည်း ကလေးငယ်တို့၏မေးခွန်းတွေကို မျက်နှာအမူအရာမျိုးစုံလုပ်ပြလျက် စိတ်ရှည်လက်ရှည်ဖြေကြားပေးနေပုံက အနီးရှိလူကြီးများကိုပင် အပျော်များကူးစက်စေသည်။

ရုံးလုပ်ငန်းသုံးစရိတ်များ တိုးမြှင့်ခွင့်ပြုမည်ဟု သူရဦးရွှေမန်း ပြောကြား

Photo: ရုံးလုပ်ငန်းသုံးစရိတ်များ တိုးမြှင့်ခွင့်ပြုမည်ဟု သူရဦးရွှေမန်း ပြောကြား

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀

အစိုးရဝန်ကြီးဌာန  ၃၆ ခု လက်အောက်ခံ ရုံးဌာနများ ရုံးလုပ်ငန်း အသုံးစရိတ်များကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် တိုးမြှင့်ခွင့်ပြုမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။ 

ရုံးဌာန အသီးသီးတွင် အမှန်တကယ် လိုအပ်သော သုံးစွဲငွေ ကုန်ကျစရိတ်များ တိုးမြှင့်ပေးရန် အစီအစဉ်ရှိ မရှိနှင့် ပတ်သက်ပြီး ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပေါက်မဲ ဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ညိုက မေးမြန်းရာ ၎င်းကယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။ 

ရပ်ကျေး အုပ်ချုပ်ရေးမှူးတစ်ဦး၏ အသုံးစရိတ်မှာ ကျပ်ငါးသောင်းအထိ ရှိနေပြီး မြို့နယ်ရုံး၊ မြို့နယ် ကျန်းမာရေးဌာန တစ်ခုလုံး၏ အသုံးစရိတ်မှာ ကျပ် ၁၅,၀၀၀ နှင့် ၂၀,၀၀၀ ကျပ် ဝန်းကျင်သာ ရှိသောကြောင့် တိုးမြှင့်ပေးရန် လိုအပ်ကြောင်းဦးခင်မောင်ညိုက ပြောကြားသည်။

ဌာနဆိုင်ရာ အဖွဲ့အစည်းများ အပါအဝင် ရဲဌာနများသည် ရုံးအသုံးစရိတ် မလုံလောက်သောကြောင့် မလုပ်သင့်သော တောင်းခံမှုများ ပြုလုပ်နေသောကြောင့် တိုင်း၊ ခရိုင်နှင့်မြို့နယ် အဆင့်ဆင့်မှ အသုံးစရိတ် အမှန်တကယ် ကုန်ကျငွေကို လွှတ်တော်သို့ တင်ပြရန် လိုအပ်ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။
“လုံလောက်တဲ့ အသုံးစရိတ်မရရင် clean gorverment နဲ့ good governance ဆိုတာ စာထဲမှာပဲရှိမယ်။ ငွေထုတ်ပေးလို့ ကုန်တယ်ဆိုပေမယ့် တိုင်းပြည်နဲ့ ပြည်သူအတွက် အများကြီး တန်ဖိုးရှိသွားမယ်။ မဖွယ်မရာ လုပ်တယ်ဆိုရင် သူတို့မှာ တာဝန်ရှိသွားပြီ” ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ အသုံးစရိတ် တိုးမြှင့်ပေးပါက ဘဏ္ဍာငွေ ပိုမိုကုန်ကျခြင်းထက် ဝန်ထမ်းများ ဂုဏ်သိက္ခာ ရာနှုန်းပြည့်မြင့် တက်လာရန် တဖြည်းဖြည်း ထိန်းကျောင်းနိုင်မည် ဖြစ်ပြီး နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပွားခြင်းကို ကာကွယ်ရာ ရောက်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀

အစိုးရဝန်ကြီးဌာန ၃၆ ခု လက်အောက်ခံ ရုံးဌာနများ ရုံးလုပ်ငန်း အသုံးစရိတ်များကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် တိုးမြှင့်ခွင့်ပြုမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ရုံးဌာန အသီးသီးတွင် အမှန်တကယ် လိုအပ်သော သုံးစွဲငွေ ကုန်ကျစရိတ်များ တိုးမြှင့်ပေးရန် အစီအစဉ်ရှိ မရှိနှင့် ပတ်သက်ပြီး ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပေါက်မဲ ဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ညိုက မေးမြန်းရာ ၎င်းကယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ရပ်ကျေး အုပ်ချုပ်ရေးမှူးတစ်ဦး၏ အသုံးစရိတ်မှာ ကျပ်ငါးသောင်းအထိ ရှိနေပြီး မြို့နယ်ရုံး၊ မြို့နယ် ကျန်းမာရေးဌာန တစ်ခုလုံး၏ အသုံးစရိတ်မှာ ကျပ် ၁၅,၀၀၀ နှင့် ၂၀,၀၀၀ ကျပ် ဝန်းကျင်သာ ရှိသောကြောင့် တိုးမြှင့်ပေးရန် လိုအပ်ကြောင်းဦးခင်မောင်ညိုက ပြောကြားသည်။

ထိုင်းရောက် မြန်မာများထံမှ အိမ်ပြန်စရိတ် ဘတ်တစ်ထောင် ကောက်မည့် အစီအစဉ် ဖျက်သိမ်းရန် တောင်းဆို


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာ လုပ်သားများထံမှ အိမ်ပြန်စရိတ်အဖြစ် ဘတ်တစ်ထောင် ကောက်ယူမည့် အစီအစဉ်ကို ဖျက်သိမ်းပေးရန် အတွက် ထိုင်းအစိုးရကို ညှိနှိုင်းပေးရန် အဆိုပါနိုင်ငံ အခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက်က မြန်မာအစိုးရကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

ယင်းအပြင် ဗီဇာ သက်တမ်းကုန် လုပ်သားများကို နိုင်ငံကူး လက်မှတ် ပြုလုပ်ပေးခြင်း မလုပ်ဘဲ ယာယီနိုင်ငံကူး လက်မှတ်ကိုသာ သက်တမ်း တိုးပေးရန်၊ ဗီဇာ သက်တမ်းတိုးရန် ရုံးများကို နယ်စပ်တွင် သာမက ထိုင်းနိုင်ငံ အတွင်းတွင် ဖွင့်ပေးရန်၊ ဗီဇာ သက်တမ်းကုန် လုပ်သားများကို ဒဏ်ကြေး မရိုက်ရန်၊ ဗီဇာ သက်တမ်း တိုးရာတွင် အလုပ်ရှင်၊ လုပ်သားကိုယ်တိုင် ပြုလုပ်နိုင်သည့် စနစ်ဖြင့် လုပ်ရန်နှင့် ကြာမြင့်ချိန်များကို သတင်းထုတ်ပြန်ရန် အဆိုပါ ကွန်ရက်က အရေးပေါ် ထုတ်ပြန်ချက်ကို ထုတ်ပြန်သည်။

အိမ်အကူနှင့် အခြေခံ လုပ်သားများထံမှ အိမ်ပြန်စရိတ် ဘတ်တစ်ထောင်ကို လာမည့် မတ်လ ၁ ရက်နေ့မှ စတင် ကောက်ယူမည် ဖြစ်ရာ ယင်းအစီအစဉ်အရ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား သုံးနိုင်ငံက လုပ်သားများ ပေးဆောင်ရမည် ဖြစ်သည်။ ယင်းအစီအစဉ်တွင် ကျွမ်းကျင်လုပ်သား မပါဝင်သဖြင့် အမေရိကန်၊ ဥရောပ၊ တရုတ်၊ ဂျပန်၊ ကိုရီးယားစသည့် နိုင်ငံများက လုပ်သားများ ပါဝင်ခြင်း မရှိပေ။

အမေရိကန်ဒေါ်လာ ၂၉ သန်းကျော် တန်ဖိုးရှိ ရေတပ်သုံး ရေဒါကိရိယာများ အိန္ဒိယထံမှမြန်မာ ဝယ်ယူမည်


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၂၄ သန်းတန်ဖိုးရှိ ရေတပ်သုံးရေဒါ ကိရိယာများကို မြန်မာနိုင်ငံ အစိုးရက အိန္ဒိယနိုင်ငံမှ ဝယ်ယူရန် စာချုပ် ချုပ်ဆိုခဲ့သည်ဟု အိန္ဒိယ ကာကွယ်ရေးဝန်ကြီး AK Antony က ဖေဖော်ဝါရီလ ၂၀ ရက်တွင် ပြောကြားကြောင်း အိန္ဒိယနိုင်ငံ အခြေစိုက် The Time of India သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

အိန္ဒိယအစိုးရပိုင် Bharat Electronics ကုမ္ပဏီသည် မြန်မာအစိုးရကို “hull –mounted sonars” အမည်ရှိ ရေအောက်တွင် အသုံးပြုသည့် ရှာဖွေရေး ရေဒါကိရိယာ သုံးလုံးကို ရောင်းချပေးရန်အတွက် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က နှစ်ဖက်အစိုးရ သဘောတူညီချက် ရရှိခဲ့ကြောင်း ၎င်းကရှင်းပြသည်။

မြန်မာနိုင်ငံသို့ အဆိုပါ ရေတပ်သုံး ရှာဖွေရေး ကိရိယာများ ရောင်းချရေးကိစ္စကို ယနေ့ကျင်းပသည့် အိန္ဒိယ အထက်လွှတ်တော်တွင် အတည်ပြုချက် ရရှိခဲ့သည့်အတွက် မကြာမီ ကာလအတွင်း မြန်မာ့ တပ်မတော် (ရေ) သို့ ရောင်းချသွားမည်ဟု ဝန်ကြီးက ပြောကြားခဲ့ကြောင်း အဆိုပါ သတင်းစာတွင် ဖော်ပြထားသည်။

မလေးရှားနိုင်ငံသား သုံးဦးနှင့် စစ်တွေ ဒေသခံများ ရုန်းရင်း ဆန်ခတ်ဖြစ်


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အနီးတွင် တည်ရှိသော မြတည်းခိုရိပ်သာတွင် တည်းခိုနေသည့် မလေးရှား နိုင်ငံသားသုံးဦးအနက် နှစ်ဦးသည်ဘင်္ဂါလီများ နေထိုင်သည့်
အောင်မင်္ဂလာ (အင်ဘာလာ)ရပ်ကွက်သို့ ဝင်ထွက်မှုများ ပြုလုပ်ခဲ့သဖြင့် ၎င်းတို့ကိုစစ်ဆေးရန် မြို့ခံ၁၀၀ဝန်းကျော်က လူစုလူဝေးဖြင့်
တောင်းဆိုမှု ဖေဖော်ဝါရီ ၂၀ ရက်ည ၆နာရီမှ ၁၁ နာရီကျော် အထိ ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရှိရသည်။

အဆိုပါ မလေးရှားနိုင်ငံသား သုံးဦးအနက် နှစ်ဦးသည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညလေးနာရီခန့်တွင် အင်ဘာလာ ရပ်ကွက်သို့ ဝင်သွား သည်ကို ဝင်သွားခဲ့ပြီး ညခြောက်နာရီ သုံးဆယ် မိနစ်ခန့်တွင် ပြန်ထွက်လာကြောင်း၊ ယင်းလုပ်ရပ်သည် မလေးရှားနိုင်ငံတွင် ရခိုင်ပါတီခေါင်းဆောင်များ လုပ်ကြံခံရမှုနှင့် ဆက်စပ်မှု ရှိနိုင်သည်ဟု သံသယဖြစ်ပွားကာ လူစုလူဝေးဖြင့် တေင်းဆိုသည် အထိ ဖြစ်ပွားသွားခြင်းဖြစ်ကြောင်း စစ်တွေမြို့ မြို့မိမြို့ဖတစ်ဦးက ပြောကြားသည်။

ညီအစ်မနှစ်ဦးကို ပိတ်လှောင်ကာ ပြည့်တန်ဆာအဖြစ် စေခိုင်းခဲ့သော လင်မယားနှစ်ဦး ဖမ်းမိ


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ (၈၀) ရပ်ကွက်တွင်နေသူ အသက် ၁၇ နှစ်အရွယ် ညီအစ်မနှစ်ဦးကို အထည်ချုပ် စက်ရုံတွင် လစာကောင်းသော အလုပ်ရမည်ဟု လိမ်လည် ပြောဆိုကာ အခန်းတံခါးပိတ်ပြီး ပြည့်တန်ဆာအဖြစ် စေခိုင်းခဲ့သည်ဟု တိုင်ကြားခံရသော လင်မယားနှစ်ဦးကို ဖမ်းမိထားကြောင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဒဂုံဆိပ်ကမ်းမြို့နယ် (၈၀) ရပ်ကွက်တွင် နေထိုင်သော အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်ကို ဇန်နဝါရီလ ၂၄ ရက်နေ့က ၎င်းနှင့် ရင်းနှီးသော မသဲသဲ ဆိုသူက အထည်ချုပ် စက်ရုံတွင် လစာကောင်းဖြင့် အလုပ်ရမည်ဟုဆိုကာ ဗိုလ်တထောင်မြို့နယ်၊ ၅၂ လမ်းအောက် ဘလောက်ရှိ တိုက်ခန်းတစ်ခု၏ ငါးလွှာတိုက်ခန်းသို့ ခေါ်ဆောင်ခဲ့ကြောင်း၊ ယင်းနောက် တိုက်ခန်းတွင်း ပိတ်လှောင်ကာ ပြည့်တန်ဆာအဖြစ် စေခိုင်းခံရကြောင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစခန်းထံမှ သိရှိရသည်။

ယင်းသို့ စေခိုင်းခံရစဉ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ၎င်းကို စတင်ခေါ် ဆောင်သူ မသဲသဲမှာ ဒဂုံဆိပ်ကမ်းမြို့နယ် (၇၈) ရပ်ကွက်တွင်နေသူ ၎င်း၏ ညီမဝမ်းကွဲ တော်စပ်သူ အသက် ၁၇ နှစ်အရွယ် မိန်းကလေးကို ပြည့်တန်ဆာအဖြစ် စေခိုင်းရန် ခေါ်ဆောင်လာခဲ့သော်လည်း ယင်းညီမဝမ်းကွဲမှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က အရေးပေါ် လှေကားထွက်ပေါက်မှ ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

ခိုးယူ ပေါင်းသင်းစဉ်က ရိုက်ကူးခဲ့သော ဓာတ်ပုံများ အင်တာနက်တွင် ဖော်ပြသည့် လူငယ်ကို အမှုဖွင့်


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

အသက် ၁၇ နှစ် အရွယ်ရှိ ဒုတိယနှစ် ကောလိပ်ကျောင်းသူကို ခိုးယူ ပေါင်းသင်းခဲ့စဉ်က ရိုက်ကူးခဲ့သော ညစ်ညမ်းဓာတ်ပုံများ အင်တာနက်တွင် ဖော်ပြခဲ့သည်ဟု ဆိုကာ ယု အသက် ၁၉ နှစ် အရွယ် လူငယ်ကို ကောလိပ်ကျောင်းသူ၏ အုပ်ထိန်းသူများက တာမွေမြို့မ ရဲစခန်းတွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က အမှုဖွင့် တိုင်ကြားထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

အမျိုးသား စီမံခန့်ခွဲမှု ကောလိပ် ဒုတိယနှစ် ကျောင်းသူကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က တာမွေမြို့နယ် နတ်ချောင်း ရပ်ကွက်တွင် နေထိုင်သူ လူငယ် တစ်ဦးက မိဘများ သဘောမတူဘဲ ခိုးယူ ပေါင်းသင်းခဲ့သောကြောင့် မြို့နယ် တရားရုံးတွင် အမှု ရင်ဆိုင်လျက် ရှိရာ ခိုးယူ ပေါင်းသင်းချိန်က ရိုက်ကူးခဲ့သော ညစ်ညမ်းဓာတ်ပုံများ အင်တာနက်တွင် ဖော်ပြခဲ့ပြီး အဆိုပါ ကျောင်းသူကို ထပ်မံ ခိုးယူကာ ထိမ်းမြားခဲ့ပြီးနောက် ဓာတ်ပုံများ ဆက်လက် ဖော်ပြနေသောကြောင့် ကောလိပ် ကျောင်းသူ၏ အုပ်ထိန်းသူ မိဘများက အမှုဖွင့် တိုင်ကြားခြင်း ဖြစ်ကြောင်း တာမွေမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

ဒိုင်လူကြီးကို ပါးရိုက်ခဲ့သည့် ဇွဲကပင် အသင်းပိုင်ရှင် ဒဏ်ငွေ ကျပ်ဆယ့်ငါးသိန်း ချမှတ်ခံရ


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

မြန်မာနေရှင်နယ် လိဂ်ပြိုင်ပွဲ၏ တတိယ ပွဲစဉ်အဖြစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့က ဇွဲကပင်အသင်းနှင့် ရတနာပုံအသင်းတို့ ပွဲအပြီးတွင် ကွင်းလယ်ဒိုင်ကို ပါးရိုက်ခဲ့သည့် ဇွဲကပင် အသင်းပိုင်ရှင် ဦးလှဌေးအား စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက ဒဏ်ငွေ ကျပ်ဆယ့်ငါးသိန်း ချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်လိုက်သည်။

စည်းကမ်းထိန်းသိမ်းရေး ကော်မတီအနေနှင့် ယင်းဖြစ်ရပ်ကို အရေးယူရန် ဖေဖော်ဝါရီ ၁၉ ရက်နှင့်၂၀ ရက်နေ့တို့တွင် အဖွဲ့ချုပ်ရုံး၌ ယင်းပွဲစဉ်၏ မှတ်တမ်း ဗီဒီယိုကို ကြည့်ရှုခဲ့သည်။

ပါးရိုက်ခံခဲ့ရသည့် ဒိုင်လူကြီး ဦးလှမင်းကို မေးမြန်းခြင်းနှင့် ဇွဲကပင် အသင်း၏ အသနားခံစာတို့ကို ကြည့်ရှုပြီးနောက် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် စည်းမျဉ်း အပိုင်း ၂ (Article 49) နှင့် 52(b) ၊ မြန်မာ နေရှင်နယ်လိဂ် စည်းကမ်း ထိန်းသိမ်းရေးမူ ၁၃ တို့အရ အရေးယူခဲ့ခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြိုင်ကားငါးစီးနှင့် တရားဥပဒေစိုးမိုးမှု လက်တံ

Photo: #emg_opinions

ပြိုင်ကားငါးစီးနှင့် တရားဥပဒေစိုးမိုးမှု လက်တံ 

Written By - သစ်ထွဋ်

နိုင်ငံတစ်နိုင်ငံ တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်ချက်များစွာ ရှိနေရာမှာ တရားဥပဒေစိုးမိုးမှု လက်တံတွေ အားကောင်းနေဖို့ လိုအပ်တယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်တဲ့ လိုအပ်ချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ နိုင်ငံတွေအတွက် အရေးပါလှတဲ့ တရားဥပဒေစိုးမိုးမှုဟာ လက်ရှိမြန်မာနိုင်ငံမှာ ဘယ်အခြေအနေမှာ ဆိုက်ရောက်နေတယ်လို့ သင်ထင်ပါသလဲ။

ဘေ့စ်ဘောတုတ်များဖြင့် ၀ိုင်းရိုက်သူများ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၁ နာရီခန့်က ရန်ကုန်မြို့လှိုင်မြို့နယ် ပြည်လမ်းမပေါ်ရှိ  IBC အဆောက်အအုံအနီးတွင် ပြိုင်ကားငါးစီးက အငှားယာဉ်တစ်စီးအား ရှေ့နောက်ပိတ်ဆို့ကာ အုပ်စုဖွဲ့ရိုက်နှက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ပုဂ္ဂလိကမီဒီယာများမှာ ဖော်ပြလာခဲ့ရာ ဘယ်သူတွေပါဝင်ကျူးလွန် ခဲ့တာလဲဆိုတာ စိတ်ဝင်စားမှု မြင့်တက်လျက်ရှိပါတယ်။ ယင်းဖြစ်စဉ်မှာ ပြိုင်ကားတစ်စီးကို အငှားယာဉ်က ကျော်တက်မိရာမှ ပြိုင်ကားများက လိုက်လံပိတ်ဆို့ကာ ပြိုင်ကားများပေါ်ပါ အသက် ၂ဝ ကျော်ခန့်ရှိ အမျိုးသားငါးဦးက ဘေ့စ်ဘောတုတ်များဖြင့် အငှားယာဉ်မောင်း အပါအဝင် ကားပေါ်ပါခရီးသည် သုံးဦးပါမချန် ဝိုင်းဝန်းရိုက်နှက်တဲ့အပြင် အငှားယာဉ်ကိုလည်း ခဲများဖြင့်ထုခြင်း၊ ဘေ့စ်ဘောတုတ်များဖြင့် ရိုက်နှက်ဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။ ယင်းကဲ့သို့ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် ယာဉ်မောင်းနဲ့ ခရီးသည်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အငှားယာဉ်ရှေ့ဘောနက်၊ ဝဲပါးခြမ်း၊ ဝဲ/ယာရှေ့တံခါး၊ နောက်ဖုံးများ၊ ကားရှေ့နောက်လေကာမှန်များ၊ တံခါးမှန်များ ရစရာမရှိအောင် ဖျက်ဆီးခံခဲ့ရရာ ကျူးလွန်သူများရဲ့ မင်းမဲ့စရိုက်ဆန်ဆန် လုပ်ရပ်ဟာတရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်နေတဲ့ ဖြစ်ရပ်တစ်ခုလို့ ဆိုနိုင်ပါတယ်။

ရွံ့ကြောက်စရာ

တကယ်တော့ ရန်ကုန်မြို့လမ်းမကြီးများပေါ် အထူးသဖြင့် ပြည်လမ်းမကြီးပေါ်မှာ ပြိုင်ကားအုပ်စုများရဲ့ရမ်းကားစွာ မောင်းနှင်ခြင်း၊ အခြားယာဉ်များကို လိုက်လံယှဉ်ပြိုင် မောင်းနှင်ခြင်းနဲ့ ရန်ရှာတဲ့ဖြစ်ရပ်တွေဟာ ညဥ့်နက်ပိုင်းတွေမှာ ဖြစ်ပွားလေ့ရှိနေခဲ့တာ ကြာပါပြီ။ ပြိုင်ကားမောင်းနှင်သူများရဲ့ စည်းကမ်းမဲ့မောင်းနှင် မှုများကြောင့် ယာဉ်မတော်တဆ မှုများလည်း ဖြစ်ပွားခဲ့ရသလို ယခုကဲ့သို့ အုပ်စုဖွဲ့ရန်ရှာ မှုတွေကလည်း ရန်ကုန်မြို့ရဲ့ ညအလှကို အကျည်းတန် စေခဲ့ပါတယ်။ တန်ဖိုးကြီးတဲ့ ပြိုင်ကားများကို မောင်းနှင်နေသူများဟာ လူငယ်အများစု ဖြစ်နေလေ့ရှိပြီး ယခုကဲ့သို့ ဘေ့စ်ဘောတုတ်များကိုင် ဆောင်ရန်ရှာမှုများကို အလေ့အကျင့် တစ်ခုအဖြစ် လုပ်ဆောင်နေခြင်းဟာလည်း မြင်ရကြားရသူတွေအဖို့ ရွံ့ကြောက်စရာ ဖြစ်ရပါတယ်။ အထူးသဖြင့် ယင်းကဲ့သို့ဖြစ်ရပ် ကျူးလွန်သူများအပေါ် ထိထိရောက်ရောက် အရေးယူမှုတွေ ရှိလာပါ့မလားဆိုတဲ့ မေးခွန်းတွေ ရှိလာပါတယ်။

အရေးယူနိုင်မှု အားနည်းခဲ့

ယခုကဲ့သို့ အုပ်စုဖွဲ့ရိုက်နှက်မှုကျူးလွန်သူတွေကို တည်ဆဲဥပဒေများအရ ထိထိရောက်ရောက် အရေးယူဖို့ အများစုက မျှော်လင့်နေကြပေမယ့် ယခင်ပြိုင်ကားများရဲ့ ရမ်းကားမှုများကို အရေးယူနိုင်မှု အားနည်းခဲ့ခြင်းကြောင့် ယခုဖြစ်စဉ်မှာလည်း ကျူးလွန်သူများကို ထိရောက်တဲ့အရေးယူမှုများ ပြုလုပ်နိုင်မလားဆိုတာ စိတ်ဝင်တစားရှိနေကြတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ယင်းဖြစ်စဉ်ကိုလှိုင်မြို့နယ် ရဲစခန်းမှာ အမှုဖွင့်ထားပြီး ယင်းဖြစ်စဉ်တွင်ပါဝင်တဲ့ ပြိုင်ကားများအနက် ၉ဂ/၇၄၁၄ Nissan Fairlady အဖြူရောင် ပြိုင်ကားအား ဖေဖော်ဝါရီ ၁၉ ရက်မှာ မရမ်းကုန်းမြို့နယ်၊ (၆)ရပ်ကွက်၊ တော်ဝင်ချယ်ရီ အိမ်ရာတွင် သိမ်းဆည်းရမိပြီး ပြစ်မှုကျူးလွန်သူဟု မသင်္ကာသူ ဇာနည်ထက်ဝေ၊ ကိုကိုနိုင်တို့မှာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရှိရသဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ချိတ်ဆက်ပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂ဝ ရက်မှာ ထုတ်ပြန်ထားခဲ့ပါတယ်။

အနိုင်ကျင့်သော လုပ်ရပ်အဖြစ် ဝေဖန်မှုများရှိ

ယခုဖြစ်စဉ်ကို လေ့လာကြည့်ပါက သာမန်ရန်ဖြစ်မှု တစ်ခုလို့ဆိုနိုင်ပေမယ့် အဆိုပါသတင်းကို မီဒီယာများရဲ့ ကိုယ်ပိုင် Facebook စာမျက်နှာများတွင် ဖော်ပြခဲ့ရာ ဖတ်ရကြားရသူများရဲ့ မှတ်ချက်အများစုတွင် အာဏာ၊ ငွေကြေးရှိသူ လူတစ်စုကအခြားသူများကို အနိုင်ကျင့်နေတဲ့ဖြစ်ရပ်လို့ ရှုမြင်ကာ ဝေဖန်မှုအများအပြား ရှိခဲ့တာတွေ့ရပါတယ်။ ဝေဖန်မှုတွေမှာ တန်ဖိုးကြီးပြိုင်ကား စီးနိုင်သူတွေဖြစ်တာကြောင့် ငွေကြေး၊ အာဏာများကို အသုံးပြုကာ ယခုဖြစ်စဉ်တွင် အရေးယူမခံရအောင် ရှောင်တိမ်းနိုင်မယ်လို့ ယူဆသူတွေ ရှိနေသလို အပြစ်ကျူးလွန်သူကို ထိုက်သင့်တဲ့ အပြစ်ဒဏ်ပေးခြင်းဖြင့် အများစုရဲ့ဘဝတွေကို လုံခြုံမှုပေးနိုင်တဲ့ တရားဥပဒေ စိုးမိုးရေးရှိသင့်တယ်လို့ ဝေဖန်မှုများ ရှိနေတာ ဖြစ်ပါတယ်။ ယင်းကဲ့သို့ အများပြည်သူများရဲ့ တုံ့ပြန်မှုများတွင် ဝေဖန်မှုတွေ အများအပြားရှိနေသလို ယင်းဖြစ်စဉ်အပေါ် သက်ဆိုင်ရာက အရေးယူတဲ့ အနေအထားကိုလည်း စောင့်ကြည့်နေကြမှာဖြစ်လို့ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းတွေ အနေနဲ့လည်း ကျောသားရင်သား မခွဲခြားဘဲ ထိရောက်တဲ့ အရေးယူမှုများ ပြုလုပ်ဖို့ အရေးတကြီး လိုအပ်နေတာ ဖြစ်ပါတယ်။

ဘယ်လိုအရေးယူမလဲ

မီဒီယာတွေမှာပါရှိခဲ့တဲ့ အငှားယာဉ်မောင်းရဲ့ဖြေကြားမှုတွင် ယင်းအားဝိုင်းဝန်း ရိုက်နှက်နေသော နေရာအနီးမှာ ရဲကင်းတစ်ခုရှိပြီး ရဲဝန်ထမ်းများ ရှိနေခဲ့သော်လည်း ဝိုင်းဝန်းရိုက်နှက်ခံနေရစဉ် လာရောက်တားဆီးမှု မရှိခဲ့ဘူးလို့ ပါရှိခဲ့သလို ယခင်ပြိုင်ကား မောင်းနှင်သူများရဲ့ ရမ်းကားမှုများမှာလည်း ထိရောက်တဲ့ ကာကွယ်အရေးယူမှုတွေ မတွေ့ရသလောက် နည်းပါးခဲ့မှုတွေကြောင့် ယခု ဖြစ်စဉ်ကိုလည်း သက်ဆိုင်ရာက ဘယ်လိုကိုင်တွယ် မလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းနေတာ ဖြစ်ပါတယ်။ ယခင်က စည်းကမ်းမဲ့မောင်းနှင်တဲ့  ပြိုင်ကားအချို့ကို တိုင်းဒေသကြီးအစိုးရက ထိန်းသိမ်းမှုအချို့ ရှိခဲ့သော်လည်း ရိုက်နှက်တဲ့ဖြစ်စဉ်များ ပါဝင်နေတယ်ဆိုသော ယခုဖြစ်စဉ်ကို လှိုင်မြို့မရဲစခန်းက ပုဒ်မ ၄၄ဝ/၄၂၇/၃၂၅/၁၁၄ဖြင့် အမှုဖွင့်ထားရာ ဘယ်လိုဆက်လက် အရေးယူဆောင်ရွက်မလဲဆိုတာ အရေးပါနေတာ ဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ တရားဥပဒေ စိုးမိုးမှုရှိစေဖို့အတွက် တရားမျှတတဲ့ ဥပဒေတွေရှိဖို့ လိုအပ်သလို တရားဥပဒေ စိုးမိုးဖို့အတွက် ဆောင်ရွက်ချက်တွေအပေါ် အများပြည်သူများရဲ့လက်ခံကျေနပ်မှုကလည်း အရေးကြီးလှပါတယ်။ အချို့ဖြစ်ရပ်များတွင် အများရဲ့အမြင်မှာ တရားဥပဒေလက်တံ သက်ရောက်မှု အားနည်းနေတယ်လို့ ထင်မြင်နေမှုဟာ တရားဥပဒေ စိုးမိုးမှုအပေါ် ယုံကြည်အားကိုးမှုကို လျော့ပါးစေနိုင်သလို တစ်ဖက်မှာလည်း တရားဥပဒေကို လွယ်လွယ်နဲ့ချိုးဖောက်မှုတွေ ဖြစ်ပေါ်စေနိုင်ကြောင်း တင်ပြလိုက်ရပါတယ်။

(အုပ်စုဖွဲ့ ရိုက်နှက်ခံခဲ့ရသည့် အငှားယာဉ်ကို တွေ့ရစဉ်)
(အုပ်စုဖွဲ့ ရိုက်နှက်ခံခဲ့ရသည့် အငှားယာဉ်ကို တွေ့ရစဉ်)

 
Written By - သစ်ထွဋ်

နိုင်ငံတစ်နိုင်ငံ တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်ချက်များစွာ ရှိနေရာမှာ တရားဥပဒေစိုးမိုးမှု လက်တံတွေ အားကောင်းနေဖို့ လိုအပ်တယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်တဲ့ လိုအပ်ချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ နိုင်ငံတွေအတွက် အရေးပါလှတဲ့ တရားဥပဒေစိုးမိုးမှုဟာ လက်ရှိမြန်မာနိုင်ငံမှာ ဘယ်အခြေအနေမှာ ဆိုက်ရောက်နေတယ်လို့ သင်ထင်ပါသလဲ။

ဘေ့စ်ဘောတုတ်များဖြင့် ၀ိုင်းရိုက်သူများ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၁ နာရီခန့်က ရန်ကုန်မြို့လှိုင်မြို့နယ် ပြည်လမ်းမပေါ်ရှိ IBC အဆောက်အအုံအနီးတွင် ပြိုင်ကားငါးစီးက အငှားယာဉ်တစ်စီးအား ရှေ့နောက်ပိတ်ဆို့ကာ အုပ်စုဖွဲ့ရိုက်နှက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ပုဂ္ဂလိကမီဒီယာများမှာ ဖော်ပြလာခဲ့ရာ ဘယ်သူတွေပါဝင်ကျူးလွန် ခဲ့တာလဲဆိုတာ စိတ်ဝင်စားမှု မြင့်တက်လျက်ရှိပါတယ်။ ယင်းဖြစ်စဉ်မှာ ပြိုင်ကားတစ်စီးကို အငှားယာဉ်က ကျော်တက်မိရာမှ ပြိုင်ကားများက လိုက်လံပိတ်ဆို့ကာ ပြိုင်ကားများပေါ်ပါ အသက် ၂ဝ ကျော်ခန့်ရှိ အမျိုးသားငါးဦးက ဘေ့စ်ဘောတုတ်များဖြင့် အငှားယာဉ်မောင်း အပါအဝင် ကားပေါ်ပါခရီးသည် သုံးဦးပါမချန် ဝိုင်းဝန်းရိုက်နှက်တဲ့အပြင် အငှားယာဉ်ကိုလည်း ခဲများဖြင့်ထုခြင်း၊ ဘေ့စ်ဘောတုတ်များဖြင့် ရိုက်နှက်ဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။ ယင်းကဲ့သို့ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် ယာဉ်မောင်းနဲ့ ခရီးသည်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အငှားယာဉ်ရှေ့ဘောနက်၊ ဝဲပါးခြမ်း၊ ဝဲ/ယာရှေ့တံခါး၊ နောက်ဖုံးများ၊ ကားရှေ့နောက်လေကာမှန်များ၊ တံခါးမှန်များ ရစရာမရှိအောင် ဖျက်ဆီးခံခဲ့ရရာ ကျူးလွန်သူများရဲ့ မင်းမဲ့စရိုက်ဆန်ဆန် လုပ်ရပ်ဟာတရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်နေတဲ့ ဖြစ်ရပ်တစ်ခုလို့ ဆိုနိုင်ပါတယ်။

ကုလသံတမန်တွေ ဘက်လိုက်မှု ကင်းရဲ့လား လို့ အစိုးရကမေးခွန်းထုတ်

ဒုချီးရားတန်း ဖြစ်ရပ်မှာ လူသေဆုံးမှုတွေ ရှိခဲ့တယ်လို့ ယူဆနိုင်တဲ့ အခြေအနေ ရှိနေလို့ ကုလသမဂ္ဂနဲ့ ပူးပေါင်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန် မစ္စတာ ကင်တားနားရဲ့ အကြံပြုချက်ကို မြန်မာအစိုးရဘက်က ပယ်ချလိုက်ပါတယ်။

မစ္စတာ ကင်တားနား ကိုယ်တိုင်ကရော ဘက်လိုက်မှု ကင်းရဲ့လား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောပါတယ်။

လွတ်လပ်တဲ့ ကော်မရှင် ဆိုတာကို လုပ်ထုံးလုပ်နည်းတွေ အရသာ ဆုံးဖြတ်သင့်ပြီး ကိုယ်ပါဝင်စေချင်သူတွေ မပါလို့ မလွတ်လပ်ဘူး ပြောတာကတော့ ဘက်လိုက်တာဖြစ်ပြီး နိုင်ငံတကာ စံတွေနဲ့ မကိုက်ညီဘူးလို့ သတ်မှတ်ရမှာဖြစ်ကြောင်း သူက ပြောပါတယ်။

မြန်မာ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ကောင်းမွန်လာပေမယ့် လိုအပ်နေတာတွေ ရှိနေသေးတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန်အဖြစ် မြန်မာနိုင်ငံကို နောက်ဆုံး လာရောက်တဲ့ ခရီးစဉ်မှာ မစ္စတာ ကင်တားနားက ပြောခဲ့တာ ဖြစ်ပါတယ်။

Related Posts Plugin for WordPress, Blogger...

ShareThis