menu

Wednesday 12 September 2012

တာဝန်ရှိတာနဲ့ အပြစ်ရှိတာမတူဘူးလို့ကျွန်တော်ထင်တယ်၊ဒေါက်တာနိုင်အောင်နှင့်တွေ့ဆုံခြင်း(၂)

Messenger မေးမြန်မှုကိုဖြေ ကြားပေးနေသောဒေါက်တာနိုင်အောင်

နောက်တစ်ချက်က တာဝန်ရှိသူများ စာရင်းထဲမှာ ဒေါက် တာပါနေတယ်။ ဒေါက်တာက အဲဒီဖြစ်ရပ်မှာ ဘယ်လို ပါဝင်ပတ်သက်တာလဲ။ ဘယ်လို တာဝန်ရှိနေတာလဲ။ အဲဒီအပေါ်မှာဘယ်လိုရှုမြင်မလဲ။ ဥပမာ ကျောင်းသား ခေါင်းဆောင်ကိုထွန်းအောင်ကျော်အပါအဝင် ကျောင်း သားအတော်များများအသတ်ခံရ၊ ထောက်လှမ်းရေး စွပ် စွဲခံရတဲ့ကိစ္စ ဘယ်လိုကြောင့်ဖြစ်သွားတာလဲ၊ ဘယ်သူ ကစွပ်စွဲတာလဲ။ ဒေါက်တာက တာဝန်အရှိဆုံးဆိုရင် ဘယ်သူကစွပ်စွဲတာလဲ၊ ဘယ်သူ့စွပ်စွဲမှုနဲ့ ဒီလိုဆုံးဖြတ် ချက်ကို ချခဲ့တာလဲဆိုတာကို သိချင်ပါတယ်။

ကျွန်တော်က ABSDF ဥက္ကဋ္ဌပါ။ ဥက္ကဋ္ဌဆိုတော့ အဲဒီဖြစ်ရပ်မှာ တာဝန်ရှိပါတယ်။ အဲဒီလိုမေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်လည်း ရှင်းပြခွင့်ရတာ ပေါ့။ အဲဒါ တိုက်ရိုက်မဖြေခင် ABSDF ဆိုတဲ့ နောက်ခံ လေးကို နည်းနည်းရှင်းပြချင်ပါတယ်။ အဲဒါမှ ခင်ဗျား တို့ရော ဖတ်ရမယ့် ပရိသတ်ရော နားလည်မှာပေါ့။ ကျွန်တော်တို့ ABSDFဆိုတဲ့ အဖွဲ့အစည်းကနယ်စပ်မှာ တောခိုတုန်းက ၈၈ ဖြစ်တဲ့အခါမှာ သပိတ်စခန်းထဲက လူတွေက နီးစပ်ရာနီးစပ်ရာကိုသွားကြတယ်။ သိသိသာ သာ နှိုင်းယှဉ်ပြချင်တာက ကွန်မြူနစ်ပါတီလို့ မဟုတ် ဘူး။ အဖွဲ့အစည်းက တောခိုသွားတာမဟုတ်ဘူး။ လူ တွေကတောခိုသွားတာ။ တောခိုလာတဲ့ သူတွေနဲ့ကျွန် တော်တို့ကဖွဲ့ထားတာ။

တာဝန်ရှိတာနဲ့ အပြစ်ရှိတာမတူဘူးလို့ကျွန်တော်ထင်တယ်၊ဒေါက်တာနိုင်အောင်နှင့်တွေ့ဆုံခြင်း(၁)


ဒီခရီးစဉ်ကို လာရတဲ့ရည်ရွယ်ချက်နဲ့ ဘယ်သူတွေနဲ့ တွေ့ ပြီးသွားပြီဆိုတာကို စပြောပေးပါ။
          ကျွန်တော်တို့ခရီးစဉ်ရည်ရွယ်ချက်ကတော့ ငြိမ်း ချမ်းရေးအကျိုးဆောင်နေတဲ့အစီအစဉ်နဲ့ အစိုးရတာဝန်ရှိ မယ့်သူတွေနဲ့တွေ့ခွင့်ရမယ့်အပေါ် လာတာပါ။ ကျွန် တော်တို့ ဒီမှာတွေ့ရင် ပြောချင်တဲ့ အကြောင်းအရာတွေ ကလည်း ကျွန်တော်အရင်က တရားမဝင်သဘောမျိုး ဦးအောင်မင်းတို့နဲ့ နှစ်ခေါက်လောက် တွေ့ဖူးတာပေါ့။ ကျွန်တော် ဒီတစ်ခေါက်လာခွင့်ရမယ်ဆိုတဲ့ဟာကတော့ တရားဝင်သဘောမျိုး ပိုဆန်လာတယ်ဆိုတဲ့ စဉ်းစားချက် လည်းပါပါတယ်။ နောက်တစ်ခုက အစိုးရတာဝန်ရှိသူ တွေနဲ့တွေ့ရမယ်။ ဒီထဲမှာ တွေ့ရမှာဆိုတော့ ပိုပြီးတော့ သေသေချာချာ တင်ပြနိုင်တဲ့ အနေအထားမျိုးဆိုတော့ အရင်တင်ပြချက်ကိုပဲ ထပ်တင်ပြမယ့် သဘောပါပဲ။ ကျွန်တော်တို့အမြင်က တကယ်တမ်း ရေရှည်တည်တံ့ ခိုင်မြဲတဲ့ငြိမ်းချမ်း ရေးရဖို့ဆိုရင် ကျွန်တော်တို့ ၂ဝ၁၅ မတိုင်ခင်မှာ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတစ်ခု ဖြစ်သင့်တယ်။

အခြေခံပညာကဏ္ဍတွင် ပညာရေးဝန်ထမ်းများ၏ လစာနှုန်းထားများနှင့် ရာထူးအဆင့်များကို မူလကထက် ပြောင်းလဲ တိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရ



5244
ရန်ကုန်တိုင်းဒေသကြီး တက္ကသိုလ်ဝင်တန်း ထူးချွန်ဆုချီးမြှင့်ပွဲသို့ တက်ရောက်လာသည့် ဆရာ၊ ဆရာမအချို့
အခြေခံပညာကဏ္ဍတွင် ပညာရေးဝန်ထမ်းများ၏ လစာနှုန်းထားများ နှင့်ရာထူးအဆင့်များကို မူလကထက် ပြောင်းလဲတိုးမြှင့် သွားမည်ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာနမှ သိရှိရသည်။
လစာနှုန်းထားများတိုးမြှင့်ပေးရာတွင် လက်ရှိရာထူး၏တစ်ဆင့်တိုး လစာများအတိုင်း တိုးမြှင့်ပေးသွား မည်ဖြစ်ပြီးလေးနှစ်အတွင်း လေးသုတ်ခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ကာ ပထမအသုတ်၌ ပင်စင်နားနီး သက်ကြီး ၀န်ထမ်းများနှင့် ထူးချွန်သည့် ဆရာ၊ ဆရာမများအား ဦးစားပေး ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
“ပညာရေးမှာ ဆရာ၊ ဆရာမ တွေရဲ့ သင်ကြားသင်ယူမှု အရည်အသွေး မြှင့်တင်ပေးဖို့နဲ့ ဆရာ၊ ဆရာမ တွေရဲ့ အရည်အသွေး ပိုမိုမြင့်မားစေဖို့ အတွက် ရာထူးအဆင့်အတန်းတွေနဲ့ လစာနှုန်းထားတွေကို တိုးမြှင့်ပေး သွားဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ မူလတန်းကျောင်းအုပ်တွေကို အထက်တန်းပြဆရာ၊ ဆရာမတွေရဲ့ လစာအဆင့်၊

“ပုဂ္ဂလိက နေ့စဉ်ထုတ်သတင်းစာ စတင်ထုတ်ဝေခွင့်ပြုရန် ပုဂ္ဂလိက မီဒီယာ(၇)ခုမှ CEO များ သမ္မတထံ စာတင်ထား”

နေ့စဉ်သတင်းစာထုတ်ဝေရေးအတွက် ရင်းနှီးမြှုပ်နှံမှုများစွာပြုလုပ်ရမည့်အပြင် ကြိုတင်ပြင်ဆင်မှုအချိန်ရရှိစေရန် ယခုအချိန်မှစ၍ ထုတ်ဝေ
ခွင့်ပေးအပ်သင်

့ကြောင်း အပတ်စဉ်ထုတ် ပုဂ္ဂလိက မီဒီယာ(၇)ခုမှ CEO များ လက်မှတ်ရေးထိုးထားသည့်အကြံပြုစာကိုပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှတဆင့် နိုင်ငံတော်သမ္မတထံသို့ စက်
တင်ဘာလ ၁၀ ရက်နေ့တွင် တင်ပြထားကြောင်းသိရသည်။

အဆိုပါအကြံပြုစာတွင် အဓိကအားဖြင့် နေ့စဉ်ထုတ်သတင်းစာဟူသည် အခြားအပတ်စဉ်ထုတ်များနှင့်မတူဘဲ ပုံနှိပ်စက်ပိုင်းဆိုင်ရာနှင့် ဖြန့်ချိရေးပိုင်း
ဆိုင်ရာတို့တွင် ရင်းနှီးမြှူပ်နှံမှုများစွာပြုလုပ်ရမည်ဖြစ်ပြီး ၄လ မှ တစ်နှစ်ကျော်အထိ အချိန်ယူရမည်ဖြစ်ရာ ကြိုတင်ပြင်ဆင်ထားနိုင်ရန် ယခုမှစ၍ ခွင့်ပြု
ပေးစေလိုခြင်းဖြစ်သည်ဟု ပါရှိသည်။

ပိုင်နက်အငြင်းပွားမှုနှင့်ပတ်သက်၍ခေါင်းအေးအေးထားကြရန် ဂျပန်နှင့်တရုတ်ကို အမေရိကန်တိုက်တွန်း

ဝါရှင်တန်၊စက်တင်ဘာ ၁၂

ပိုင်နက်အငြင်းပွားမှုများကြောင့်တင်းမာမှုပြင်းထန်နေသော ဂျပန်နှင့်တရုတ်တို့ကို ခေါင်းအေးအေးထားကြရန်အမေရိကန်ကတိုက်တွန်းလိုက်ကြောင်း CNA သတင်းတွင်ဖော်ပြထားသည်။

အရှေ့တရုတ်ပင်လယ်အတွင်းရှိ ပိုင်နက်အငြင်းပွားလျက်ရှိသော ကျွန်းစု ၃ ခုကိုဂျပန်အစိုးရကဝယ်ယူခဲ့ပြီးနောက်၊ယင်းလုပ်ရပ

်ကိုတုံ့ပြန်သောအားဖြင့် တရုတ်ကလည်း စစ်သဘောင်္ နှစ်စင်းကိုစေလွှတ်ခဲ့ရာ ဂျပန်နှင့်တရုတ်နိုင်ငံကြား ဆက်ဆံရေးတင်းမာလျက်ရှိသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင်တော့ လက်ရှိအခြေအနေမှာ တည်ငြိမ်မှုတွေလွှမ်းမိုးနေတာကိုပဲ အလိုရှိပါတယ်”ဟု အရှေ့အာရနှင့်ပစိဖိတ်ရေးရာ နှင့်ဆိုင်သော အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ကတ်ကမ်းဘဲလ်ပြောကြားသည်။

ညဥ့်လမ်းပေါ်က ဘ၀များစွာ(ရေးသားသူ- သီဟ)

နီယွန်မီးရောင်များ မှိတ်တုတ်မှိတ်တုတ်ဖြင့် လင်းလက်နေသည်မှာ ရန်ကုန်၏ ညကမ္ဘာငယ်တစ်ခုအလား သက်ဝင်လှုပ်ရှားလျက်ရှိသည်။

သက်ကြီးခေါင်းချချိန် ကျော်သည့်တိုင်ပင် နုပျိုလတ်ဆတ်သယောင် ညချမ်းသည် ဟိုမှဒီမှ ကူးခတ်သွားလာနေသည့် ညဥ့်ငှက်လေးများဖြင့် ပျော်ဝင်နေဆဲဖြစ်သည်။

ကားတစ်စီး ထိုးရပ်လာတိုင်း အပြေးအလွှားထွက်လာသည့် သွေးသားအကျိုးဆောင်များက စကားလုံးများဖြင့် ဆွဲဆောင်လျက်ပင်။

ထိုနေရာကား ရန်ကုန်မြို့၏ စီးပွားရေး အချက်အချာကျရာ ဈေးကြီးတစ်ခု၏ ပတ်ဝန်းကျင်တွင်ဖြစ်သည်။

နေ့လယ်ခင်းအချိန်တွင် ကုန်စည်ကူးသန်းရောင်းဝယ်မှုများဖြင့် စည်ကားလေ့ရှိပြီး ညပိုင်းမှာတော့ သွေးသားကူးသန်းရောင်းဝယ်မှုများဖြင့် စည်ကားလေ့ရှိသည့် ယင်းနေရာသည် တရားဝင် မဟုတ်သော်လည်း ရန်ကုန်မြို့၏ ထိုနေရာများစွာထဲမှ တစ်နေရာပင် ဖြစ်လေသည်။

အိမ်အကူအမျိုးသမီးငယ် သေဆုံးမှု အိမ်ရှင်အမျိုးသမီးက ၄င်းကိုယ်တိုင် သတ်ခဲ့ကြောင်း ၀န်ခံ

Photo: ကမာရွတ်မြို့နယ်တွင်ဖြစ်ပွားခဲ့သော အိမ်အကူအမျိုးသမီးငယ် သေဆုံးမှုနှင့် ပတ်သက်၍ အိမ်ရှင်အမျိုးသမီးက ၄င်းကိုယ်တိုင် သတ်ခဲ့ကြောင်း ၀န်ခံလိုက်ပြီဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ ရဲမှူးက မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

"သေတာက ၃၆ နာရီအတွင်းသေတယ်။ သေဆုံးသူက ဧရာဝတီတိုင်း ပုသိမ်မြို့ကပါ။ တရားခံကလည်းဝန်ခံတယ်။ ၀န်ခံတော့ ဆက်လက် စစ်ဆေးနေတယ်။ ဆက်ပြီးတော့ အမှုတွဲ တည်ဆောက်နေတယ်"ဟု ရဲမှူးက ပြောကြားသည်။

တရားခံသည် MRTV-4 မှ ထုတ်လွှင့်မည့် ရုပ်သံဇာတ်လမ်းတွဲတွင် သရုပ်ဆောင်ရန် ရွေးချယ်ခံထားရသော မေဇွန်ဆိုသူဖြစ်ပြီး သူမနေထိုင်သည့်အိမ်တွင် သူမအပါအ၀င် ၁၃ နှစ် အရွယ် အိမ်အကူတစ်ဦးနှင့် ယခုအသတ်ခံရသူ ၁၈ နှစ်အရွယ် အိမ်အကူတို့ နေကြသည်။

သေဆုံးသူတွင် ရှိနေသည့် ဒဏ်ရာများကြောင့် အိမ်ရှင်နှင့် ကျန်အိမ်ဖော်အား စစ်ဆေးရာမှ ၀န်ခံချက်ထွက်ပေါ်လာခြင်းဖြစ်ပြီး စစ်ဆေးချက်အရ လွန်ခဲ့သော ၅ လခန့်တွင် ရောက်ရှိခဲ့သည့် ယခုသေဆုံးသူ အိမ်အကူ မိန်းကလေးမှာ အမြဲတမ်း နှိပ်စက်ခံရလေ့ရှိကြောင်း ထွက်ဆိုသည်ဟု သတင်းရရှိသည်။ 

ယင်းကဲ့သို့ နှိပ်စက်ပြုမူသူ တရားခံ မေဇွန်က အိမ်အကူမိန်းကလေးအား ဆံပင်ဆွဲ၍ ဦးခေါင်းနှင့် နံရံကို စောင့်ခြင်း၊ ၂ တစ်လက်မ တုတ်ဖြင့် ရိုက်နှက်ခြင်း၊ ၀မ်းဗိုက်ပေါ်သို့ တက်၍ခုန်ခြင်း၊ အိမ်အကူနှစ်ယောက် အချင်းချင်း ကြက်မွေးတစ်ချောင်းစီကိုင်၍ ရိုက်ခိုင်းခြင်းစသည် ကိုယ်ထိ လက်ရောက်မှုများနှင့် နှိပ်စက်လေ့ရှိကြောင်း စစ်ဆေးချက်များအရသိရသည်။  

တရားခံ မေဇွန်ပါဝင်သရုပ်ဆောင်မည့် Flowers and Butterflies ရုပ်သံဇာတ်လမ်းတွဲမှာ မကြာမီတွင် MRTV-4 မှ ရိုက်ကူးတော့မည်ဖြစ်ပြီး သူမက ဆာကူရာ ဇာတ်ရုပ်တွင် ယောက်ျားလို ပုံစံဖြင့် သရုပ်ဆောင်ရန် ရွေးချယ်ခံထားရခြင်းဖြစ်သည်။ 

တရားခံမေဇွန်သရုပ်ဆောင်ရမည့် ဆာကူရာ ဇာတ်ကောင်နေရာတွင် အခြား ဇာတ်ကောင်သစ်ကို ထပ်မံရွေးချယ်သွားမည်ဖြစ်ကြောင်း အဆိုပါ ဇာတ်လမ်းတွဲ၏ အနုပညာအကြံပေး ဒါရိုက်တာ မောင်သီက ပြောကြားသည်။
MRTV-4 မှ ထုတ်လွှင့်မည့် ရုပ်သံဇာတ်လမ်းတွဲတွင် သရုပ်ဆောင်ရန် ရွေးချယ်ခံထားရသော မေဇွန်

ကမာရွတ်မြို့နယ်တွင်ဖြစ်ပွားခဲ့သော အိမ်အကူအမျိုးသမီးငယ် သေဆုံးမှုနှင့် ပတ်သက်၍ အိမ်ရှင်အမျိုးသမီးက ၄င်းကိုယ်တိုင် သတ်ခဲ့ကြောင်း ၀န်ခံလိုက်ပြီဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ ရဲမှူးက မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

"သေတာက ၃၆
နာရီအတွင်းသေတယ်။ သေဆုံးသူက ဧရာဝတီတိုင်း ပုသိမ်မြို့ကပါ။ တရားခံကလည်းဝန်ခံတယ်။ ၀န်ခံတော့ ဆက်လက် စစ်ဆေးနေတယ်။ ဆက်ပြီးတော့ အမှုတွဲ တည်ဆောက်နေတယ်"ဟု ရဲမှူးက ပြောကြားသည်။

တရားခံသည် MRTV-4 မှ ထုတ်လွှင့်မည့် ရုပ်သံဇာတ်လမ်းတွဲတွင် သရုပ်ဆောင်ရန် ရွေးချယ်ခံထားရသော မေဇွန်ဆိုသူဖြစ်ပြီး သူမနေထိုင်သည့်အိမ်တွင် သူမအပါအ၀င် ၁၃ နှစ် အရွယ် အိမ်အကူတစ်ဦးနှင့် ယခုအသတ်ခံရသူ ၁၈ နှစ်အရွယ် အိမ်အကူတို့ နေကြသည်။

ဦးနေ၀င်း သမီးပိုင် န၀ရတ် ဟိုတယ် ပြန်ဖွင့်မည်


0shwe1 ရန်ကုန်မြို့  အင်းစိန် လမ်းမ အမှတ် ၂၅၇ တွင် ရှိသည့် န၀ရတ် ဟိုတယ် ကို အကြီးစား ပြင်
ဆင်မှု များ ပြု လုပ် နေ ပြီး မကြာခင် ပြန်လည် ဖွင့်လှစ်တော့ မည် ဟု FNG မှ သတင်း ရရှိ
သည်။
န၀ရတ် ဟိုတယ် ကို မူလ ပိုင်ရှင် ဖြစ်သည့်အာဏာရှင်ဟောင်း ဦးနေ၀င်း ၏ သမီး ဖြစ်သူ ဒေါ်
စန္ဒ၀င်း နှင့် သူ၏ မိသားစု က ပင် ဆက်လက် စီမံ ခန့် ခွဲ မည် ဟု သိရသည်။
န၀ရတ် ဟိုတယ် ကို ၁၉၉၄ ခုနှစ် တွင် ဖွင့် လှစ် ခဲ့ ပြီး ၂၀၀၂ ခုနှစ် ဆန်း ပိုင်း တွင် ဦးနေ၀င်း နှင့်
မိသား စုများ ကို မြန်မာ အစိုးရ က နေ အိမ် အကျယ် ချုပ် ချ ပြီး နောက် လုပ်ငန်း စီမံ ခန့် ခွဲ မှု
များ ရပ် ဆိုင်း သွား ခဲ့ သည်။
ယခင် ဖွင့်လှစ် ခဲ့ သည့် န၀ရတ် ဟို တယ် တွင် ညကလပ် တစ်ခု နှင့် ရေကူးကန် များ လည်း
ပါဝင် ခဲ့ ပြီး လူကုံထံ အသိုင်း အ၀ိုင်း မှ လူငယ် များ မှာ  ထို ဟိုတယ် ၏ ညကလပ် တွင် လွတ်
လပ် စွာ ပျော် ပါး နိုင်ကြ သည်။

မုံရွာရဲများ ရိုက်၍ ဝက်မှေးရွာသူ နှစ်ဦး ဆေးကုနေရ

နယူးဒေလီ (မဇ္ဈိမ) ။ ။ ဆားလင်းကြီးမြို့နယ်၊ လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် ဝတ်ပြုဆုတောင်းနေစဉ် ဖမ်းဆီးထိန်းသိမ်းခြင်းခံရပြီးနောက် မုံရွာမြို့ အမှတ် ၁ ရဲစခန်းမှ ပြန်လည် လွတ်မြောက်လာ သည့် အမျိုးသမီးများထဲမှ နှစ်ဦးမှာ ရိုက်နှက်ခံရမှုကြောင့် အိပ်ယာထဲတွင်သာ လဲလျောင်းနေရကြောင်း သိရှိရသည်။

၎င်းတို့အား လွှတ်ပေးချိန်အထိ မည်သည့်အတွက်ကြောင့် ဖမ်းဆီးခဲ့သည်ကို တိတိကျကျ မပြောပြကြောင်းနှင့် ထိန်းသိမ်းထားချိန်တွင် ရိုက်နှက်ခဲ့ကြောင်း လွတ်လာသူတဦးနှင့် တွေ့ဆုံခဲ့သူ ကျောင်းသားခေါင်းဆောင် ကိုနွေဦးကို က ပြောသည်။

“တချို့တဝက်ကို ရိုက်တယ်။ နှိပ်စက်တယ်။ ခါးတွေ ကန်တယ်၊ ခြေထောက်တွေကို ကန်တယ်တယ်ဗျ။ မနက်က လွတ်လာတဲ့ အဖွဲ့၊ အထဲမှာ သုံးယောက် ကျန်တယ်။ မသွဲ့သွဲ့ဝင်း တို့လည်း ရိုက်နှက်ခံရတယ်လို့ ပြောတယ်ဗျ” ဟု မဇ္ဈိမကို ပြောသည်။

မိုး(မာဂျေ)

ဓာတ်ပုံ-လွင်ကိုတိတ်

ဘယ်လိုလဲမိုးဟု မေးရလောက်အောင် ဩဂုတ်တစ်လလုံး မိုးရွာနေ သည်။ မိုးရွာလျှင် ဒုက္ခရောက်နေကြဖြစ်သော မြန်မာနိုင်ငံ အောက်ပိုင်း ကား ဆိုဖွယ်ရာမရှိပြီ။ ပဲခူးလည်း ရေကြီးသည်။ ပုသိမ်လည်း ရေကြီး သည်။
ရန်ကုန်မြို့သစ်များနှင့် မြို့မသစ်တစ်သစ်များလည်း ရေကြီးသည်။ ၂၀၁၂ ဒီဇင်ဘာ ၂၁ ရက်တွင် ကမ္ဘာပျက်မည်ဆိုသော ဟောကိန်းကို သတိရစရာဖြစ်လာသည်။
ယခုနှစ်မိုးသည် အလွန်ဆိုးသည်။ စိုက်ခင်းများ ရေလိုသော မိုးဦးတွင် သူမဟုတ်သလိုနေပြီး မိုးနှောင်းကျမှ အငြိုးနှင့် ဖိရွာနေသည်။
လယ်ယာ မြေဧက ငါးသိန်းကျော် ရေအောက်ရောက်နေသည်။ အစိုးရ က အရန်ဆန်တွေ ထုတ်ရောင်းနေရကြောင်း သတင်းဂျာနယ်များတွင် ဖတ်ရသည်။
တင်းသမားများ ငွေရှာရလွယ်သောခေတ်ပင် ဖြစ်တော့သည်။သူတို့ အတွက် သတင်းတွေက ပေါမှပေါ။ အစိုးရကလည်း စာပေစိစစ်ရေး မရှိတော့ဟု ပြောသဖြင့် ထိုဆရာများ ပျော်တစ်ပြုံးပြုံး ဖြစ်နေသည်။
မာဂျေကား အညာသားဖြစ်သော် လည်း မိုးကိုမကြောက်။ မိုးကို ငယ်စဉ်ကပင် တောင့်တသည်။ ညဘက် အိမ်ခေါင်မိုး သွပ်ပြားပေါ် တစ်ဝုန်းဝုန်းနှင့် ရွာချသော မိုးသံကို နားထောင်ရင်း အိပ်ရသည့် အရသာကို ဘာနှင့်မှမလဲနိုင်။

အရေးပေါ် လူနာ တင် လေယာဉ်ဝန်ဆောင်မှု ပြည်တွင်းပုဂ္ဂလိက ဆေးရုံများ ရည်ရွယ်ထား

မြန်မာနိုင်ငံမှ အရေးပေါ်လူနာများကို ပြည်ပဆေးရုံများတွင် ဆေးကုသနိုင်ရန် အရေးပေါ်လူနာတင်လေယာဉ်ဖြင့် ပို့ ဆောင်ပေးမည့် ၀န်ဆောင်မှုလုပ်ငန်းကို ထိုင်းနိုင်ငံရှိ Samitivej Hospital ဆေးရုံ နှင့် ချိတ်ဆက်လုပ်ကိုင်ရန် ပြည်တွင်းရှိ ပုဂ္ဂလိက ဆေးရုံများက ရည်ရွယ်ချက်ရှိ နေသည်ဟု ပါရမီဆေးရုံတွင်ပြုလုပ်ခဲ့ သော အရေးပေါ် လူနာတင်လေယာဉ် ၀န်ဆောင်မှုလုပ်ငန်း ဆွေးနွေးပွဲတွင် ပါရမီဆေးရုံ၏ အကြံပေး ဒေါက်တာ တင်ညွန့်က ပြောသည်။
"မြန်မာနိုင်ငံမှာက ဒီဝန်ဆောင်မှု လုပ်ငန်းက ချက်ချင်းလုပ်ကိုင်ဖို့ မအောင် မြင်နိုင်သေးနိုင်ပေမယ့်လည်း ကမ္ဘာ လှည့်ခရီးသွားတွေ၊ နိုင်ငံခြားသားတွေ သူတို့သွားချင်တဲ့ဆေးရုံ ရောက်အောင် ပို့ပေးနိုင်တဲ့ ၀န်ဆောင်မှုမျိုးနဲ့ စတင်နိုင်ဖို့ စီစဉ်ထားတယ်"ဟု ၎င်းကပြောသည်။
သို့ရာတွင် အဆိုပါဝန်ဆောင်မှု လုပ် ကိုင်နိုင်ရေးအတွက် မြန်မာနိုင်ငံတွင် လက်ရှိ နိုင်ငံတကာအဆင့်မီ လေယာဉ် ကွင်းများ နည်းနေ သေးခြင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး စသည့် အဆင်မပြေမှုများကြောင့် လုပ်ငန်းစတင်ရန် ခက်ခဲနေသေး ကြောင်း အဆိုပါဆွေးနွေးပွဲတွင် Samitivej Hospital မှ ကိုယ်စားလှယ် Dr. Sommart Somsiri က ပြော ကြားသည်။

နန်းတော်၊ ကျုံးမြို့ရိုးနှင့် ခံတပ်များကို သမိုင်းဝင်ဥယျာဉ်များ အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရန် စီစဉ်လျက်ရှိ


အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းဘုရားတစ်ဆူရှေ့မှ ကျောင်းပြန်လာသော ကျောင်းသားငယ်လေးများကိုတွေ့ရစဉ်။
ဓာတ်ပုံ - ဖြိုးဝေကျော်
မန္တလေးမြို့၊ ရွှေဘိုမြို့၊ ပဲခူးမြို့နှင့် အင်းဝ မြို့ဟောင်းရှိ နန်းတော်များ၊ ကျုံးနှင့် နန်းမြို့ရိုးများ၊ သမိုင်းဝင်ခံတပ်များကို ပြည်တွင်း၊ ပြည်ပ ဧည့်သည်များ အဆင် ပြေချောမွေ့စွာ လေ့လာနိုင်ရေးအတွက် သမိုင်းဝင်ဥယျာဉ် (Historical Park) များအဖြစ် အဆင့်မြှင့်သွားမည် ဖြစ်ပြီး ပြင်ပလုပ်ငန်းရှင်များနှင့် ပူးပေါင်း လုပ်ဆောင်သွားနိုင်ရန် လုပ်ငန်း တင်ဒါ ဖိတ်ခေါ်ထားကြောင်းသိရသည်။
ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက် နှင့် စာကြည့်တိုက်ဦးစီးဌာန ကြီးကြပ်မှု လက် အောက်ရှိ မန္တလေးမြို့ နန်းတွင်းမှ မြနန်း စံကျော်ရွှေနန်းတော်၊ နန်းမြို့ရိုးနှင့် ကျုံး၊ ရွှေဘိုမြို့ရှိ ရွှေဘုံရတနာမင်္ဂလာနန်း တော်၊ ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီ နန်းတော် နှင့် အင်းဝမြို့ဟောင်းရှိ သပြေတန်းခံ တပ်၊ အစေခံခံတပ်နှင့် ဆင်ကျုံး ခံတပ်တို့ ကို Historical Park များအဖြစ် အဆင့် မြှင့်ကာ ၀န်ဆောင်မှု လုပ်ငန်းများကို ဌာနနှင့်ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ်သည်။

မြန်မာပြည်


Western Union နှင့် Myanmar Oriental Bank သဘောတူညီချက် လက်မှတ်ရေးထိုး

ကမ္ဘာအရပ်ရပ်မှာ ရှိကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ပြည်တွင်းရှိ မိသားစုတွေ စိတ်ချလက်ချ ငွေပေးငွေယူ ငွေလွှဲပို့ပေးနိုင်ဖို့အတွက် အမေရိကန်အခြေစိုက် ကမ္ဘာကျော် Western Union ကုမ္ပဏီက လာရောက် လုပ်ငန်းဖော်ဆောင်တော့မယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဖက်စပ်လုပ်ငန်း အကောင်အထည်ဖော်နိုင်ဖို့ မြန်မာ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်တဲ့ Myanmar Oriental Bank နဲ့ သဘောတူညီချက် လက်မှတ်ရေးထိုးလိုက်ပြီလို့ ကုမ္ပဏီအရာရှိတွေက မနေ့က ပြောကြားလိုက်ပါတယ်။
ပြည်ထောင်စု ဗဟိုဘဏ်က ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ မုံရွာစတဲ့ မြို့ကြီး ၁၉ မြို့မှာ လုပ်ငန်းစတင်မယ်လို့ ဆိုပါတယ်။

အ.ထ.က (၄)အလုံတွင် တွေ့ရှိခဲ့သော စစ်ကျန်ဗုံးဟောင်း ၂၅လုံး ကို ဖျက်ဆီးသွားမည်



ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် အ.ထ. က(၄) အလုံတွင် စက်တင်ဘာလ ၁၀ရက်နေ့ နံနက်ပိုင်းက တွေ့ရှိခဲ့သည့် အင်္ဂလိပ်၊ ဂျပန်နှင့် မြန်မာ စစ်တပ် တစ်ခုခုမှ မြှုပ်နှံခဲ့သည်ဟု ယူဆရသည့် စစ်ကျန်ဗုံးဟောင်း ၂၅လုံးကို ဖျက်ဆီးသွားမည်ဟု ယင်းဗုံးများ ရှင်းလင်းရေး လုပ်ငန်းဆောင်ရွက်နေသည့် တာဝန်ရှိသူတစ်ဦးထံမှ သိရပါသည်။
''အဆောက်အဦ ဖောင်ဒေးရှင်းတွေ တူးတဲ့အခါမှာ အခုလိုစစ်ကျန် ဗုံးဟောင်းတွေ တွေ့လေ့တွေ့ထ ရှိတက်ပါတယ်။တစ်လတည်း နှစ်ကြိမ်သုံးကြိမ်တွေ့တာမျိုးတောင် ရှိတက်ပါတယ်။ စစ်တပ် တစ်ခုခုက နယ်မြေစွန့်ခွာတဲ့အခါမှာ မသယ်နိုင် လို့ မြှုပ်နှံခဲ့တယ်လို့ ယူဆရပါတယ်။ အခုတွေ့ရှိတဲ့ဗုံးတွေက ဆွေးမြေ့နေတဲ့ ဗုံးဟောင်းတွေပါ။ အန္တရာယ်မရှိပါဘူး။ ဒီဗုံးတွေကို ဖျက်ဆီးသွားဖို့အတွက် ဆက်လက်ဆောင်ရွက်သွားမှာပါ''ဟု အဆိုပါတာဝန်ရှိသူမှ ပြောကြားခဲ့ပါသည်။

ပြည်ခိုင်ဖြိုးပါတီက မဲမသမာမှုနှင့်တရားစွဲဆိုထားမှုအပေါ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း အနိုင်ရရှိ



ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဒေါ်လဲ့လဲ့အေးက NLD မှ မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကို ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲမသမာမှုပြုလုပ်ခဲ့သည်ဟု တရားစွဲဆိုထားမှုတွင် ဒေါ်ဖြူဖြူသင်းက အနိုင်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါအမှုကို နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ခုံရုံး အမှတ် (၁)က စက်တင်ဘာလ ၁၁ ရက်နေ့တွင် အပြီးသတ် ဆုံးဖြတ်ခဲ့ပြီး ထိုသို့ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
''ပထမတုန်းက မဲရရှိမှုဟာ မတရားဘူးဆိုတဲ့စွပ်စွဲချက်အပြင် စွဲချက်တွေ အများကြီးနဲ့ တရားစွဲခဲ့ပါတယ်။ ဒါပေမယ့် ခုံရုံးကို ငါးချက်နဲ့ပဲ စွဲခဲ့ပါတယ်။ အစကတည်းက ဒီကိစ္စက မတရားတာ မဟုတ်ဘူးဆိုတော့ အနိုင်ရရှိမယ်လို့ ယုံကြည်ပြီးသားပါ။ ပြီးတော့ မြို့နယ်အလိုက် ပြည်သူတွေကလည်း သူတို့ရဲ့ တွေ့ရှိချက်တွေကို တင်ပြပြောဆိုခဲ့တာကြောင့်လည်း ပါပါတယ်။ ဒီဆုံးဖြတ်ချက်ကလည်း မှန်မှန်ကန်ကန် ဆုံးဖြတ်ခဲ့တယ်လို့ ယုံကြည်ပါတယ်''ဟု မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောပါသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံများသို့ ယခုလအတွင်း သွားရောက်မည်



နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံများသို့ ယခုလအတွင်း သွားရောက်မည် ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်ကို စက်တင်ဘာလ ၁၈ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး သုံးရက်ကြာမြင့်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။ နိုင်ငံတော် သမ္မတ၏ တရုတ် ခရီးစဉ်သည် ၉ ကြိမ်မြောက် နန်နင်းကုန်စည်ပြပွဲသို့ တက်ရောက်ရင်း သွားရောက်သည့် ခရီးစဉ် ဖြစ်ကြောင်း သိရပါသည်။
နိုင်ငံတော် သမ္မတ၏ အမေရိကန် ခရီးစဉ်ကို စက်တင်ဘာလ ၂၃ ရက်နေ့တွင် စတင်ဖွယ်ရှိကြောင်း သိရပြီး ထိုခရီးစဉ်မှာလည်း သုံးရက်ခန့် ကြာမြင့်မည် ဖြစ်ကြောင်း သိရှိရပါသည်။ အမေရိကန် ခရီးစဉ်မှာမူ နယူးယောက်မြို့တွင် ကျင်းပမည့် (၆၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံသို့ တက်ရောက်ရန် သွားရောက်ခြင်း ဖြစ်ပါသည်။

မုံရွာမြို့ ဆန္ဒပြပွဲ လူ ၂၀၀၀ ခန့် ပါဝင်

ဓာတ်ပုံ - Opensoiciety Monywa
စစ်ကိုင်းတိုင်း မုံရွာမြို့တွင် ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့ ညနေ ၅ နာရီခွဲမှ စတင်ကာ မုံရွာဒေသမှ ဗကသ ကျောင်းသားများ၊ မန္တလေးမှ ဗကသများနှင့် ဒေသခံ စုစုပေါင်း လူ ၂ ထောင်ဝန်းကျင်ခန့်သည် ဖမ်းဆီးခံထားရသူ ၃ ဦး ပြန်လွှတ်ပေးရေး၊ တရားဥပဒေကို လေးစားလိုက်နာရေးများ တောင်းဆိုကာ ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်ခဲ့ကြကြောင်း သိရပါတယ်။

မုံရွာမြို့ ဆုတောင်းပြည့်ဘုရားတွင် တက်ရောက်၍ မြေများ မတရား သိမ်းပိုက်ခံရမူကို ဆုတောင်းခဲ့ကြရင်း အဖမ်းခံခဲ့ရတဲ့ ၁၁ ဦးအနက် ကျန်ရှိနေသေးသော ဖလက်ပန်းတောင်တောင် ကြေးနီစီမံကိန်း ဒေသ က ကျေးရွာသူ မသွဲ့သွဲ့ဝင်း၊ မအေးနက်၊ မဖြူဖြူဝင်းတို့ ၃ ဦး အား ပြန်လွှတ်ပေးရေးအတွက် ဆန္ဒပြခဲ့ကြ တာဖြစ်ပြီး ည ၇ နာရီခွဲတွင် အေးချမ်းစွာ လူစု ခွဲခဲ့ကြပါတယ်။

MAI လေကြောင်းလိုင်း မန္တလေး-ဘန်ကောက် တိုက်ရိုက်ပြေးဆွဲ


မြန်နိုင်ငံသို့ လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့် ခရီးသည်တွေဟာ အခုဆို မန္တလေးမြို့ကို တိုက်ရိုက် လာနိုင်ဘို့အတွက် ပြည်တွင်း လေကြောင်းလိုင်း တခုဖြစ်တဲ့ မြန်မာ့လေကြောင်းလိုင်း MAI က ပြေးဆွဲပေးနေ ပါပြီတဲ့။

ပြည်တွင်း၊ ပြည်ပ လေကြောင်း ကုမ္ပဏီတွေ လွယ်ကူအဆင်ပြေစေရေး မြန်မာနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင် မှုတွေရှိသလို MAI ကလည်း အခုဆို ဘူဂေးရီးယားနိုင်ငံက မှာယူတင်သွင်းထားတဲ့ A_320 Air Bus လေယာဉ်သစ် ၂ စင်း ထပ်မံ ရောက်နေပါပြီတဲ့။

ဦးသိန်းစိန် နဲ့ ဗေဒင်

~ဦးသိန်းစိန်ကြီးက သူလုပ်ကိုင်နေတဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို နက္ခတ်၊ ဗေဒင် စတဲ့ ပညာရပ်တွေအတိုင်း အကောင်အထည်ဖော်နေသလား။

ပြီးခဲ့တဲ့လ ၃၀ ရက်နေ့ထုတ် 7Day ဂျာနယ် မျက်နှာဖုံးမှာ ဖော်ပြထားချက်အရ ဆိုရင် အဲဒီလို ပညာရပ်တွေ အားကိုးအားထားပြုနေသလား ဆိုတဲ့ မေးခွန်း ပေါ်ပေါက်လာပါတယ်။

အဲဒါကတော့ ၀န်ကြီးအပြောင်းအလဲ၊ ဒုဝန်ကြီးအများအပြား ခန့်အပ်မှုတွေအကြောင်း ကြေညာရာမှာ ၉ ဂဏန်းကို ဖောဖောသီသီ အားပြုထားတာပါပဲ။
"သမ္မတရုံးဝက်ဘ်ဆိုက်က ထုတ်ပြန်ကြေညာရာတွင် နေ့ရက်နှင့် အချိန်တို့မှာ တိုက်ဆိုင်စွာ ကိုးဂဏန်းသုံးခု (သြဂုတ် ၂၇ရက်၊ ၁၈ နာရီ၊ ၄၅မိနစ်) ဖြစ်နေသည်" လို့ ဆိုပါတယ်။

လက်ပံတောင်း နောက်ဆုံးအခြေအနေ

ပုလဲမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် (NLD) ကိုလက်ဆွဲနှုတ်ဆက်နေသည့် တာဝန်ကျရဲအရာရှိတစ်ဦးအားတွေ့ရစဉ်
ဓါတ်ပုံ- ဂျေပိုင်
မုံရွာမြို့ မြို့မဂါတ်ကျောင်းအတွင်းနေထိုင်သည့် လယ်သမားများအား ယနေ့မွန်းလွဲ ၂နာရီ နောက်ဆုံး ထားပြီး ကျောင်းမှထွက်ခွာပေးရန် မြို့နယ်အာဏာပိုင်များက ညွှန်ကြား ထားကြောင်း ယင်းကျောင်းတွင် နေထိုင်နေသည့် လယ်သမားများက ဆိုသည်။
လက်ရှိအရေးကိစအား ပုလဲမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်(NLD) က အာဏာပိုင်နှင့်တွေဆုံညှိုနှိုင်းပြီး အေးအေးချမ်းချမ်း ပြုလုပ်ကြရန် နှစ်ဖက်စလုံးကို တောင်းဆိုခဲ့သည်။


The Irrawaddy (Burmese Version)

ကျောက်တော်မြို့နယ် သရက်အုပ် ကျေးရွာ ကောင်စီ ဥက္ကဌဟောင်း ယမန်နေ့က သတ်ဖြတ်ခံရ


ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သရက်အုပ် ကျေးရွာ ကောင်စီ ဥက္ကဌ ဟောင်း ယမန်နေ့ ညနေပိုင်းက ကျောက်တော်မှ အိမ်အပြန် သတ်ဖြတ်ခံခဲ့ရသည်ဟု သတင်း ရရှိသည်။
သတ်ဖြတ်ခံရသူ ကောင်စီ ဥက္ကဌ ဟောင်းမှာ သရက်အုပ်ကျေးရွာမှ  ဦးကျော်မောင်ရွှေ (၆၄) နှစ်ဖြစ် သည်။
ဖြစ်ပျက်ပုံနှင့်ပတ်သတ်ပြီး ကျောက်တော်မြို့မှ လူကြီးတဦးက ယခုကဲ့သို့ နိရဉ္စရာသို့ ပြောသည်။
ကျောက်တော်မြို့နယ် ရခိုင်သားပိုင် ဆန်စက် လွန်ခဲ့သောလက မီးရှို့ခံထားရစဉ်။
“မနေ့က ည ၅ နာရီကျော်ကျော်ခန့်မှာ ကျောက်တော်ကနေ ကိုယ့်ရွာကို တယောက်တည်းပြန် သွား တယ်။ နေ၀င်လာတဲ့အချိန်မှာ အိမ်ကိုမရောက်တဲ့အတွက် အိမ်ကလူတွေ က ကျောက်တော် ကို ဖုန်း ဆက်ပြီးမေးတယ် ။ ကျောက်တော်က လည်း ပြန်သွားပြီးလို့ ပြောတဲ့ အတွက် ရွာကလူ ၆ ဦးလိုက်ရှာ တဲ့အခါ လမ်းမှာ သူ့ဖိနပ်နဲ့ သွေးတွေကိုတွေ့တဲ့အတွက် ရွာကလူတွေကို ထပ်ခေါ်ပြီး ရှာတဲ့အခါ ဖိနပ် တွေ့တဲ့နေရာနဲ့ ကိုက် ၂၀၀ ခန့်မှာ အလောင်းကို တွေ့ပါတယ်” ဟု ပြောသည်။

သမ္မတရုံး၏ ဝက်ဘ်ဆိုက်တွင် သမ္မတထံ တိုက်ရိုက်တိုင်ကြားနိုင်သည့် ကဏ္ဍတစ်ခုအား ထပ်မံဖြည့်စွက်ထား

မကြာသေးမီက အသစ်ပြန်လည် မွမ်းမံခဲ့သည့် သမ္မတရုံး၏ ဝက်ဘ်ဆိုက် http://www.president-office.gov.mm/တွင်
သမ္မတထံ တိုက်ရိုက်တိုင်ကြားနိုင်သည့် ကဏ္ဍတစ်ခုအား ထပ်မံဖြည့်စွက်ထားပြီးယင်းကဏ္ဍအား အသုံးပြု၍ ပြည်သူများအနေဖြင့်
မကျေနပ်ချက်များ တိုင်ကြားမှုများကို သမ္မတထံသို့
တိုက်ရိုက်တင်ပြနိင်တော့မည်ဖြစ်သည်။

နိုင်ငံတော်သမ္မတရုံးသို့ အင်တာနက် စာမျက်နှာပေါ်မှနေပြီး မကျေနပ်ချက်များကို တိုင်ကြားနိုင်ရာတွင်ပေးပို့တိုင်ကြားသူ၏ အမည်၊ နေထိုင်ရာဒေသ၊ အီးမေးလ်လိပ်စာ၊
တိုင်ကြားလိုသည့် အကြောင်းအရာများကို သတ်မှတ်နေရာများတွင် ဖြည့်စွက်ရေးသားကာ
ဆောင်ရွက်နိုင်မည်ဖြစ်ပြီး တိုင်ကြားလိုသူများသည် အထက်ပါ အချက်အလက်များအပြင်ဓာတ်ပုံများကိုလည်း ပူးတွဲပေးပို့နိုင်မည်ဖြစ်သည်။
Related Posts Plugin for WordPress, Blogger...

ShareThis