menu

Friday 21 September 2012

ဖားကန့်မြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းများတွင် အလှူရှင်များ ရှားပါးလာသဖြင့် ဆက်လက်ရပ်တည်ရန် အခက်အခဲများ ကြုံတွေ့နေရ




မြို့ဦးကျောင်းတိုက်တွင်ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းမြင်ကွင်းကို စက်တင်ဘာလ ၂၁ ရက်နေ့ တွေ့ရစဉ်        ဓါတ်ပုံ - ၀င်းမြင့်ကျော်
ကချင်ပြည်နယ်၊ ဖားကန့်မြို့ပေါ်ရှိ စစ်ဘေးတိမ်းရှောင်လာသူများအတွက် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းများတွင် အလှူရှင်များ ရှားပါးလာသဖြင့် ဆက်လက်ရပ်တည်ရန် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း အဆိုပါကယ်ဆယ်ရေးစခန်းများမှ တာဝန်ရှိသူများထံမှ သိရှိရသည်။ ဖားကန့်မြို့ပေါ်တွင် ကယ်ဆယ်ရေးစခန်းများကို သြဂုတ်လ တတိယပတ်အတွင်းမှ စတင်၍ ဖွင့်လှစ်ကာ စောင့်ရှောက်ကူညီမှုများ ပြုလုပ်နေရာမှ ယခုစက်တင်ဘာလ ၂၁ ရက်နေ့အထိ ကယ်ဆယ်ရေးစခန်းပေါင်း ၃၈ ခု ရှိသွားပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ကယ်ဆယ်ရေးစခန်းများတွင် ဒေသတွင်း လုံခြုံမှုမရှိသေးသည့်အတွက် လာရောက်တိမ်းရှောင်သူဦးရေမှာ လျော့ကျသွားခြင်းမရှိသည့်အပြင် အဆိုပါစခန်းများကို ကူညီထောက်ပံ့ပေးနေသော အလှူရှင်များမှာလည်း ဖားကန့်ဒေသမှ သက်ဆိုင်ရာ နယ်မြို့အသီးသီးသို့ ပြန်သွားကြသဖြင့် လာရောက်တိမ်းရှောင်သူများအတွက် ဆက်လက်ကူညီထောက်ပံ့ပေးရန် အခက်အခဲများနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်ဟု သိရှိရသည်။

ဘုန်းတော်ကြောင့်......၂


“တိုက်ပွဲတစ်လျှောက် ကျွန်တော်တို့က အတိုက်ခံနေရတာပါ”ဆိုတဲ့ လဖိုင်ဇော်ဆိုင်း

Photo: “တိုက်ပွဲတစ်လျှောက် ကျွန်တော်တို့က အတိုက်ခံနေရတာပါ”ဆိုတဲ့ လဖိုင်ဇော်ဆိုင်း

ဂျာတော့(ပ်) - ကချင်ပြည်နယ် (မြစ်မခ)

ကချင်ပြည်နယ် တစ်ခုလုံးရှိ ပြည်သူများမှာ ဒုက္ခသည်များသာ ဖြစ်သည်ဟု စက်တင်ဘာလ (၁၇) ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူ KIO မြို့ပြကွန်မန်ဒိုတပ်ဖွဲ့မှူး လဖိုင် ဇော်ဆိုင်းက ဆိုသည်။
 
လဖိုင်ဇော်ဆိုင်းသည် ၁၉၈၅ ခုနှစ်က မြစ်ကြီးနားမြို့ အခြေစိုက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်လဇွမ်ကွမ်ဖန်အား တိုက်ခိုက်ခဲ့မှုကြောင့် သေဒဏ်ပြစ်မှုချမှတ်ခံခဲ့ရသူဖြစ်သည်။
 
“ တကယ်တော့ ဒုက္ခရောက်နေတာကတော့ ပြည်နယ်တစ်ဝှမ်းလုံးမှာ လူ(၁)သန်းလောက် ဘေးဆိုးနဲ့ အသက်ရှင်နေရတဲ့ ဘဝ၊ ဘယ်ချိန်ဘာဖြစ်လာမလဲ မသိဘူးတဲ့ ဘဝပါ။ တစ်ပြည်နယ်လုံးက ပြည်သူ တွေရဲ့ ဘဝက ချောက်ခြားနေတယ်”ဟု လဖိုင်ဇော်ဆိုင်းက ပြောသည်။
 
၎င်းအပါအဝင် ကေအိုင်အေ၏ ဥက္ကဋ္ဌဘရန်ဆိုင်း၊ ဗိုလ်ချုပ်ဇော်မိုင်တို့၏  မြို့ပြအထူးပြောက်ကျားတပ် (Special Urban Guerilla) ကွန်မန်ဒိုအထူးတပ်ဖွဲ့ဝင် (၄)ဦး၏ စီးနင်းတိုက်ခိုက်မှုကြောင့် တိုင်းမှူး လဇွမ်ကွမ်ဖန်နှင့်  သုံးပွင့်အဆင့်ရှိဗိုလ်မှူးတစ်ဦး ကျဆုံးခဲ့ခြင်းဖြစ်သည်။
 
သေဒဏ်ပြစ်မှုမှ တစ်သက်တကျွန်း ပုဒ်မ ၄/၈၉ အရ ပြောင်းလဲကာ မြင်းခြံအကျဉ်းထောင်တွင် ထောင်ဒဏ်(၂၇)နှစ်နီးပါး ကျခံခဲ့ရပြီးနောက် သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ် မြောက်ခဲ့သူဖြစ်သည်။
 
“ကျွန်တော်တို့အရေးက အမျိုးသားအရေးဖြစ်နေတယ်။ ဆိုလိုတာက သေရေးရှင်ရေး လုပ်ဆောင် ရမယ့် အချိန်ဖြစ်တယ် ။ ပြည်တွင်းစစ်ဖြစ်လာတဲ့အခါမှာ နှုတ်နဲ့တော့ ပြောလို့မရတဲ့ အနေအထား ကျွန်တော်တို့ရဲ့ ဆွေမျိုးရေး မပျက်သုန်းအောင် ကိုယ့်ဘာသာ စောင့်ရှောက်ရတဲ့ အနေအထား ဖြစ်လာရတယ်။”ဟု ၎င်းမှ တိုက်ပွဲဝင်ခဲ့ရသည့်အကြောင်းအား ပြောသည်။
 
ကချင်ပြည်သူများအနေဖြင့် လူ့အခွင့်အရေးဆုံးရှုံးမှုများတွေကြောင့် လွတ်လပ်စွာပြောဆိုခွင့်၊ ဖော်ပြခွင့် မရှိသည့်အခါတွင် တော်လှန်ရေးလက်နက်ကိုင်လာခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
 
“စစ်ပြေးဒုက္ခသည်တွေ တဖြည်းဖြည်းများလာတယ်။ အလှူလုပ်မယ်ဆိုရင် သိန်း (၁ထောင်) ဆိုတာကို လူတစ်ယောက်က မနက်(၅၀၀)၊ ည(၅၀၀)စာ စားမယ်ဆိုရင် ဘယ်သူက နေ့တိုင်း ကျွေးနိုင်မလဲ။ စဉ်းစားစရာပဲ  ကေအိုင်အေဘက်က (၁၇) လုံးလုံး တစ်ချိန်က အပစ်အခတ် ရပ်စဲခဲ့တယ်။ နိုင်ငံရေးအရ ဖြေရှင်းနိုင်၊ နိုင်ငံရေးအရ ဆွေးနွေးနိုင်မှသာလျှင် အဖြေထွက်မှာ။ အဖြေကလည်း လူတိုင်းသိနေပြီ။ လက်တွေ့လုပ်ဆောင်ဖို့က လိုနေပြီ။” ဟု သူကဆက်ပြောသည်။
 
ကချင်ပြည်နယ်တွင် စစ်ပြေးဒုက္ခသည် အားလုံးပေါင်း(၁)သိန်းဝန်းကျင်ခန့် ရှိနေပြီး ကျန်းမာရေး၊ ပညာရေးစသည့် အခက်အခဲများစွာ ကြုံတွေ့နေရသည်။
 
ဒုက္ခသည် စခန်းတွင်မခိုလှုံသောပြည်သူအချို့မှာလည်း လမ်းပန်းဆက်သွယ်ရေးနှင့် အခြားစီးပွားရေး အခက်အခဲ အကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေးကြပ်တည်းမှုပြဿနာများနှင့် ရင်ဆိုင်နေ ရသည်။
 
ပြည်နယ်ငြိမ်းချမ်းနိုင်ရန် ကချင်လွတ်မြောက်ရေးအဖွဲ့နှင့် မြန်မာအစိုးရကြား ပင်လုံစာချုပ်အတိုင်း ဆောင်ရွက်သွားရန်နှင့် ပင်လုံစာချုပ်အားစောင့်ထိန်းရန် လိုအပ်နေကြောင်း ကချင်နိုင်ငံရေးလှုပ်ရှား သူများက ဆိုသည်။
 
နှစ်ဘက်အကြားယုံကြည်မှုတည်ဆောက်နိုင်ရန်အတွက်လည်း ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ထားသည့် လမ်းစဉ်ဖြင့် ယုံကြည်မှုရယူနိုင်မှာဖြစ်သည်ဟု ၄င်းကဆက်ပြောသည်။
 
“ဗိုလ်ချုပ်ပြောသလိုပဲ ကိုယ်ဒေသမှာ ကိုယ့်ရဲဘော်၊ ကိုယ့်အစိုးရသာရှိရင် တိုက်ပွဲတွေလည်း မဖြစ်နိုင် ပါဘူး။ ဆိုလိုတာက ကချင်တွေက ဗမာတွေထဲ လာတိုက်ပွဲဝင်နေတာ မဟုတ်ဘူး။ တိုက်ပွဲတစ် လျှောက်လုံး ကျွန်တော်တို့ ဒေသမှာ အတိုက်ခံနေရတဲ့ သဘောမျိုးပါ။”ဟု သူကဆိုသည်။
 
ဆက်လက်ပြီး လဖိုင်ဇော်ဆိုင်းက အစိုးရအနေဖြင့် လက်ရှိကေအိုင်အိုနှင့် အပစ်ရပ်လျင်တောင် နိုင်ငံရေးအရ မဖြေရှင်းလျှင်  မှန်ကန်သည့်အဖြေရရှိနိုင်မည်မဟုတ်ကြောင်း ထာဝရ ငြိမ်းချမ်းရေး ရရန်အတွက်လည်း မှန်မှန်ကန်ကန်ဖြေရှင်းရန်လိုအပ်နေသေးကြောင်း သိရသည်။
 
“နှစ်ဖက်မှာ ပြီးခဲ့တာတွေ ခဝါချစေချင်တယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း အစဖော်စေချင်တယ်။”ဟု လဖိုင်ဇော်ဆိုင်းက ဆိုသည်။
 
လဖိုင်ဇော်ဆိုင်းမှာ အသက်(၂၂)နှစ်အရွယ်တွင် ထောင်ကျခဲ့ခြင်းဖြစ်သည်။ လက်ရှိမြင်းခြံထောင်တွင် ကေအိုင်အေ တပ်ဖွဲ့ဝင်(၄)ဦးကျန်ရှိကြောင်းကိုလည်း သိရသည်။
 

မူရင်းသတင်း--by Myit Makha Mediagroup on 21 Sep, 2012

ကချင်ပြည်နယ် တစ်ခုလုံးရှိ ပြည်သူများမှာ ဒုက္ခသည်များသာ ဖြစ်သည်ဟု စက်တင်ဘာလ (၁၇) ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာ
သူ KIO မြို့ပြကွန်မန်ဒိုတပ်ဖွဲ့မှူး လဖိုင် ဇော်ဆိုင်းက ဆိုသည်။

လဖိုင်ဇော်ဆိုင်းသည် ၁၉၈၅ ခုနှစ်က မြစ်ကြီးနားမြို့ အခြေစိုက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်လဇွမ်ကွမ်ဖန်အား တိုက်ခိုက်ခဲ့မှုကြောင့် သေဒဏ်ပြစ်မှုချမှတ်ခံခဲ့ရသူဖြစ်သည်။

“ တကယ်တော့ ဒုက္ခရောက်နေတာကတော့ ပြည်နယ်တစ်ဝှမ်းလုံးမှာ လူ(၁)သန်းလောက် ဘေးဆိုးနဲ့ အသက်ရှင်နေရတဲ့ ဘဝ၊ ဘယ်ချိန်ဘာဖြစ်လာမလဲ မသိဘူးတဲ့ ဘဝပါ။ တစ်ပြည်နယ်လုံးက ပြည်သူ တွေရဲ့ ဘဝက ချောက်ခြားနေတယ်”ဟု လဖိုင်ဇော်ဆိုင်းက ပြောသည်။

စိုင်းနော်ခမ်းအမှု တရုတ်တရားရုံးမှာကြားနာစစ်ဆေးပြီ

တရားခွင် မြင်ကွင်း (ဓာတ်ပုံ - Sina) (ကျန် ဓာတ်ပုံများ - ဆင်ဟွာ)


ရွှေတြိဂံမူးယစ်ရာဇာ စိုင်းနော်ခမ်းနှင့် ၎င်း၏နောက်လိုက် ၅ ဦးတို့အား တရုတ်နိုင်ငံတွင် ယမန်နေ့က ရုံးတင်စစ်ဆေးမှု စတင်သည်ဟု တရုတ်အစိုးရသတင်းဌာနက သတင်းထုတ်လိုက်သည်။

ယူနန်ပြည်နယ် ကူမင်းမြို့တော် အနောက်တောင်ဘက် တရားရုံးတခုတွင် ၃ ရက်ကြာ ကြားနာစစ်ဆေးမည်၊ စွဲဆိုထားသော အမှုများမှာ လူသတ်မှု၊ မူးယစ်ဆေးကုန်ကူးမှု၊ လူနှင့်သင်္ဘောပြန်ပေးဆွဲမှုများ ဖြစ်သည်ဟု သတင်းတွင် ရေးထားသည်။

တရုတ်ပြည်တွင် အဓိက လူသိများသည်မှာ ရွှေတြိဂံဒေသ မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘော ၂ စီးပေါ်မှ သင်္ဘောသား ၁၃ ဦး  သတ်ဖြတ်ခံထားရမှု ဖြစ်ပြီး နော်ခမ်းက ထိုအမှုကြီးတို့ကို ကျူးလွန်ခြင်းမရှိဟု ထွက်ဆိုသည်။
အခင်းဖြစ်ပွားပြီးမှသာ ထိုဖြစ်ရပ်များအကြောင်း သတင်းရခဲ့သည်ဟု ဆိုသည်။

မြန်မာ့ပြုပြင်ပြောင်းလဲမှု အမေရိကန်အစိုးရ ကူညီမည်

မနေ့က အမေရိကန် လွှတ်တော်မှာ ပြောကြားတဲ့ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် ပြည်သူတွေနဲ့ လွှတ်တော်အမတ်တွေကို ကျေးဇူး တင်ရှိကြောင်း ပြောခဲ့ပါတယ်။
AFP
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၉ ရက်က အမေရိကန် သမ္မတအိမ်ဖြူတော်တွင် သမ္မတ အိုဘားမားနှင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ ဆွေးနွေးနေစဉ်။
မြန်မာပြည်သူတွေ တောင့်တနေကြတဲ့ ဒီမိုကရေစီ အရေးအတွက် တည်ကြည်ခိုင်မာတဲ့ လုံ့လနဲ့ ကူညီခဲ့တဲ့ အမေရိကန်လွှတ်တော် အမတ်တွေကို ကျေးဇူးအထူးတင်ရှိကြောင်း ပြောလိုပါတယ်လို့ ပြောခဲ့တာပါ။
အမှောင်ချထားခံရတဲ့ နှစ်ပေါင်းများစွာ အတွင်း လွတ်လပ်မှုနဲ့ တရားမျှတမှုဟာ မြန်မာပြည်သူတွေအတွက် အလှမ်းကွာဝေး နေချိန်မှာ မိမိတို့ရဲ့ ကြိုးပမ်းမှုတွေကို အမြဲတမ်း စိတ်ထဲ နှလုံးသားထဲ ထည့်ပေးထားခဲ့တဲ့ အမေရိကန်ပြည်သူတွေကို လှိုက်လှိုက်လှဲလှဲ ကျေးဇူး ဥပကာရ တင်ရှိပါကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။
အဲဒီ အခမ်းအနားမှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton ကလည်း မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ကြိုးပမ်းနေကြတဲ့ ပြုပြင်ပြောင်းလဲရေး လိုလားသူ အားလုံးကို ချီးကျူးဂုဏ်ပြု ပြောဆိုခဲ့ပါတယ်။

မြန်မာ့ရေပိုင်နက်အတွင်း မူဆလင်လက်နက်ကိုင်အဖွဲ့ ၀င်ရောက်လာ

မြန်မာနိုင်ငံ ပင်လယ်ပြင် ရေပိုင်နက်အတွင်း မူဆလင် လက်နက်ကိုင်အဖွဲ့ စက်လှေတစီးနဲ့ ၀င်ရောက်လာတဲ့အတွက် ဧရာဝတီတိုင်း ဖျာပုံခရိုင်အတွင်းက ပင်လယ်နဲ့နီးတဲ့ ကျေးရွာတွေမှာ ဒီကနေ့ကစလို့ လုံခြုံရေးအဖွဲ့တွေ အရေးပေါ် ဖွဲ့စည်း တာဝန်ပေးအပ်နေတယ်လို့ RFA က စုံစမ်းသိရပါတယ်။
အခုလို အရေးပေါ် လုံခြုံရေးအဖွဲ့တွေ ကျေးရွာအလိုက် ဖွဲ့စည်းနေတာနဲ့ ပတ်သက်လို့ ဖျာပုံခရိုင် အမာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးက စာအမှတ် ၃/၂၀၁၂ နဲ့ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ ညွှန်ကြားချက်ကို ဒေသခံတစ်ဦးက အခုလို ဖတ်ပြပါတယ်။
"ပပ်နန်းအုပ်စု စက်စမ်းပြင်မှ မြန်မာ့ရေပိုင်နက်အတွင်းသို့ ဝင်ရောက်လာကြောင်း၊ မိမိနယ်မြေအတွင်း သတင်းလက်ဦးမှု ရရှိရေးနှင့် လုံခြုံရေးကို အထူးတလည် ဆောင်ရွက်ရန် ဖျာပုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ဖုန်းကြေးနန်းဖြင့် အကြောင်းကြား လာပါတယ်။ သို့ဖြစ်၍ မူဆလင် လက်နက်ကိုင်အဖွဲ့ ဝင်ရောက်မှုနှင့် သတင်းလက်ဦးမှု ရရှိစေရန်နှင့် မြို့နယ် လုံခြုံရေးအဖွဲ့၊ ရပ်ကွက်၊ ကျေးရွာ လုံခြုံရေးအဖွဲ့များအား ပူးတွဲပါအတိုင်း ဖွဲ့စည်း တာဝန်ပေးအပ်ပါကြောင်းနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး လုံခြုံရေး အဖွဲ့အနေနှင့် မိမိနယ်မြေအတွင်း ထူးခြားမှုရှိပါက အချိန်နှင့်တပြေးညီ တင်ပြသွားရန် အကြောင်းကြားပါသည်"

နိုင်ငံခြား စီမံကိန်းမှ စွန့်ပစ် အညစ်အကြေးများကြောင့် လယ်မြေများ ပျက်စီး

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် နိုင်ငံခြားစက်ရုံများနှင့် အလုပ်ရုံများမှ စွန့်ပစ်သော အညစ် အကြေးများကြောင့် အနီးအနား ဘေးပတ်ဝန်းကျင်ရှိ လယ်မြေများမှာ ထွန်ယက် စိုက်ပျိုး၍ မရအောင်ထိ ပျက်စီးနေကြောင်း သတင်း ရရှိသည်။
ပျားတဲ အိန္ဒိယ Punj Lloyd အလုပ်သမား စခန်းမှ စွန့်ပစ်သော အညစ်အကြေးများကြောင့် လယ်မြေများ ပျက်စီးနေသည်။ (ဓါတ်ပုံ- နိရဉ္စရာ)
ထိုသို့ လယ်မြေများ ပျက်စီးနေသည့် အထဲတွင် ကျောက်ဖြူမြို့နယ်မှ ပျားတဲ၊ ကပ်သပြေနှင့် စည်မော် စည့် ကျေးရွာများ ပါဝင်ကြောင်း  သိရသည်။
ပျားတဲ အနီးတွင် အိန္ဒိယ PunjLloyd မှ အလုပ်သမားများ အတွက် Camp  (စခန်း) တစ်ခု တည်ဆောက် ထားရာ အဆိုပါ Camp မှ အလုပ်သမားမျာ စွန့်ထုတ်ပစ်သော အညစ်အကြေးများနှင့် တခြား စွန့်ပစ် ပစ္စည်းများကြောင့် လယ်ဧက ၂၀၀ ခန့် ပျက်စီးနေကြောင်း လယ်သမားကြီး ဦးစံသာကျော်က ပြောသည်။
“ ဒီ အိန္ဒိယက PunjLloyd ကန့်အနားမှာ လယ်ဧက ၆၀၀ ရှိပါတယ်။ အခုတော့ ၂၀၀ ခန့်က လုံးဝ စပါးစိုက်လို့ မရတော့ပါ။ အဲဒီက ထုတ်လိုက်တဲ့ အညစ်အကြေးနဲ့ အဲဒီ အလုပ်ရုံ ပတ်ဝန်းကျင်ကနေ စီးကျလာတဲ့ ရွံ့နွံတွေ ဖုံးပြီး လယ်တွေ ပျက်စီးသွားပါတယ်” ဟု သူက ပြောသည်။

ဝရမ်းပြေး တစ်ဦးကြောင့် ရသေ့တောင် မြို့နယ် မြောက်ပိုင်း တည်ငြိမ်မူ ပျက်ပြား


ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မြောက်ပိုင်းတွင် ၀ရမ်းပြေး တစ်ဦးအား အာဏာပိုင်များက ဖမ်းဆီး အရေးယူ နိုင်ခြင်း မရှိသဖြင့် တည်ငြိမ်မူ ပျက်ပြားနေကြောင်း သိရသည်။
လွတ်လပ်ရေး ရရှိသည်မှာ ၆၄ နှစ် ရှိလာပြီ ဖြစ်သော်လည်း ဘာမှ မပြောင်းလဲတဲ့မြို့ (ဓါတ်ပုံ- မောင်လူအေး)
အဆိုပါ ၀ရမ်းပြေးမှာ ရသေ့တောင်မြို့နယ် မြောက်ပိုင်း  ဘူးသီးတောင် မြို့နယ်နှင့် နယ်ချင်း ကပ်ရပ်တည်ရှိသော ဆင်ခုန်းတိုင် ဘင်္ဂလီ ကျေးရွာမှ ဖြစ်ပြီး ဒေသ အနီးတ၀ိုက်မှ ကျွဲနွားများကို ခိုးယူနေသဖြင့် တည်ငြိမ်မူ ပျက်ပြားနေခြင်း ဖြစ်ကြောင်း သိရသည်။
“ ကျွဲနွားတွေကို နေ့စဉ် ရက်ဆက် ရွာတိုင်း အခိုးခံနေတော့ လူထု မကျေမနပ် ဖြစ်လာရတယ်။ အဲဒီတော့ ရွာသားတွေက မကျေနပ်မူကနေ တိုက်ခိုက်မူတွေ လူမျိုးရေး ဘာသာရေး အဓိဂရုဏ်းတွေ ဖြစ်လာနိုင်တယ်။ အခု အဲဒီ ၀ရမ်းပြေးကြောင့် မတည်ငြိမ်မူတွေ ဖြစ်နေပါတယ်” ဟု ဆင်ခုန်းတိုင်း ရွာသား တစ်ဦးက ပြောသည်။
ဆင်ခုန်းတိုင်ရွာမှ ၀ရမ်းပြေးနေသူမှာ  ဘင်္ဂလီ လူမျိုး  ရခိုင်နာမည် မောင်လှကျော် ဖြစ်ပြီး သူ့၏ အဖေနာမည် မှာ ဦးမောင်စိန် ဖြစ်ကြောင်း သိရသည်။

နေပြည်တော်သို့ ငြိမ်းချမ်းရေးပန်းစည်းသွားပေးမည့်အဖွဲ့ ခွင့်ပြုမိန့်မရ၍ အစီအစဉ်ပျက်

Photo: နေပြည်တော်သို့ ငြိမ်းချမ်းရေးပန်းစည်းသွားပေးမည့်အဖွဲ့ ခွင့်ပြုမိန့်မရ၍ အစီအစဉ်ပျက်

ကျော်ဇင်မန်း- ဂျာတော့(ပ်) (မြစ်မခ)

ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၊ ကာကွယ်ရေးစစ်ဦးစီးချုပ်ရုံးနှင့် လွှတ်တော်အမတ်များထံသို့ ငြိမ်းချမ်းရေးပန်းစည်းသွားရောက် ပေးမည့်အဖွဲ့အား ခွင့်ပြုမိန့်ချထားပေးခြင်းမရှိဟုဆိုကာ တားဆီး ပိတ်ပင်သောကြောင့် ပန်းစည်း သွားရောက်ပေးမည့် ခရီးစဉ်ပျက်ခဲ့ကြောင်းသိရသည်။
 
“ဒီနေ့ရည်ရွယ်ချက်က ရိုးရိုးလေးရယ်ဗျာ။ ငြိမ်းချမ်းရေးအတွက် သမ္မတအေးချမ်းပါစေဆိုပြီး ပန်းစည်းပေးမှာ ပြီးတော့ လွှတ်တော်တွေကိုလဲပေးမှာ ငြိမ်းချမ်းရေး။ အဲတော့ ကျွန်တော် ပြောချင်တာက ခရီးစဉ်မှာ တောင်းဆိုတာ လည်း မပါဘူး ကြွေးကြော်တာလည်းမပါဘူး။”ဟု ခရီးစဉ်ကိုဦးဆောင်သူ ဦးဂျော်ဂွန်းက ပြောသည်။
 
နေပြည်တော်ခရီးစဉ်အား သွားရောက်မည့် အဝေးပြေးကား(၃)စီးကိုလည်း ပိတ်ပင်ခဲ့ခြင်းကြောင့် မြေနီကုန်းရှိ ဒဂုံစင်တာရှေ့မှ လွှတ်တော်အရှေ့သို့ သွားရောက်၍ ငြိမ်းချမ်းရေးသီချင်း သီဆို ခဲ့ကြသည်။
 
 “ကျွန်တော်တို့က ဥပဒေအရ ပြောတာပါ။ ဥပဒေနဲ့ မညီပဲ ဆက်လူစုနေမယ်ဆိုရင် မသင့်တော်ဘူး ထင်တယ်။ ဒါက စမ်းချောင်း ရဲစခန်းက ခွင့်ပြုချက်မရတာကြောင့် ဒီမှာ လာမစုပါနဲ့။ ဒါ ဥပဒေနဲ့ မညီညွှတ်ပါဘူး။”ဟု အရာရှိတစ်ဦးက ငြိမ်းချမ်းရေးခရီးစဉ် ဦးဆောင်သူများကို ပြောကြားခဲ့သည်။
 
ယနေ့ စက်တင်ဘာ(၂၁)ရက်နေ့ နံနက်(၃) ခွဲမှ စုဝေးသည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး နေ့အတွက် ခရီးစဉ်မှာ နံနက်(၇)ခွဲတွင်  ပြည်သူ့ရင်ပြင်၌ လူစုကွဲခဲ့သည်။
 
အဆိုပါ ငြိမ်းချမ်းရေးခရီးစဉ်အတွက် ကချင်- တရုတ်နယ်စပ် လွဲဂျေမှ ဒုက္ခသည် (၅) ဦးနှင့် ဦးဆောင်သူ တစ်ဦးသို့လည်း လာရောက်ပါဝင်ခဲ့သည်။
 
“ကျွန်မတို့က တကယ့် ငြိမ်းချမ်းရေး လိုချင်လို့ လာရတာပါ။ ခရီးတစ်လျှောက်လုံး ခုထိ ကောင်းကောင်း မအိပ်ရသေးပါဘူး။ ခုလို တားမြစ်ခံရတော့ အရင်က စစ်တပ်အုပ်ချုပ်တဲ့ ခေတ်နဲ့ တူနေတာကို တွေ့နေရတယ်။ မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းဖို့ တကယ်လိုလားတာပါ။ စစ်ပွဲတွင် ရပ်စေချင်ပါပြီ။”ဟု ဒုက္ခသည်(၅)အား ဦးဆောင်သူက ပြောသည်။
 
နေပြည်တော် ခရီးစဉ် လိုက်ပါမည့် ပြည်သူစုစုပေါင်းတစ်ရာကျော်ခန့်ရှိပြီး တိုင်းရင်းသား များနှင့် အဖွဲ့အစည်းအသီးသီးက တာဝန်ရှိသူများပါဝင်သည်။
 
ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေအရ ထုတ်ပေးသော ခွင့်ပြုမိန့် အပြင်မြို့နယ်၏ လိုအပ်ချက်အရ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ငြိစွန်းနေခြင်းကြောင့် နေပြည်တော် ဥတ္တရသီရိမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ငြင်းပယ်ခဲ့သည်ဟု သိရသည်။
 
အဆိုပါ ငြိမ်းချမ်းရေးနေပြည်တော်ခရီးစဉ်တွင် နိုင်ငံတော်သမ္မတရုံးနှင့် ကာကွယ်ရေးစစ်ဦးစီးချုပ်ရုံးသို့ သွားရောက်ရန်ရည်ရွယ်ခဲ့သော်လည်း တားမြစ်မှုများကြောင့် ပျက်ပျယ်ခဲ့ရသည်။
 
ငြိမ်းချမ်းစွာစုဝေးခြင်းအစီအစဉ်ကို နေပြည်တော်၌ပြုလုပ်လိုခြင်းရည်ရွယ်ချက်မှာအပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေအထိမ်းအမှတ်အဖြစ် အများပြည်သူတို့၏ ပြင်းပြသော လိုလားတောင်းတချက် ဖြစ်သည့် ထာဝရငြိမ်းချမ်းရေးနှင့် ပြည်တွင်းစစ် အကြွင်းမဲ့ရပ် စဲရေးအား နိုင်ငံတော်ကို အုပ်ချုပ် နေသူများကို တိုင်းရင်းသားပေါင်းစုံတို့မှ စုဝေး၍ ဆန္ဒဖော်ထုတ်တောင်းဆိုအသိပေး လိုခြင်းဖြစ်ကြောင်း အဆိုပါပွဲအား စီစဉ်သည့် ကချင်ငြိမ်းချမ်းရေးကွန်ယက်က သိရှိရသည်။
 
ယနေ့ စက်တင်ဘာ(၂၁)ရက်နေ့နံနက်ပိုင်းတွင် (၈၈)မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများက ဆူးလေဘုရား၌ ငြိမ်းချမ်းရေးဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း ကိုလည်း သိရှိရသည်။

မူရင်းသတင်း--by Myit Makha Mediagroup on 21 Sep, 2012
ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၊ ကာကွယ်ရေးစစ်ဦးစီးချုပ်ရုံးနှင့်
လွှတ်တော်အမတ်များထံသို့ ငြိမ်းချမ်းရေးပန်းစည်းသွားရောက် ပေးမည့်အဖွဲ့အား ခွင့်ပြုမိန့်ချထားပေးခြင်းမရှိဟုဆိုကာ တားဆီး ပိတ်ပင်သောကြောင့် ပန်းစည်း သွားရောက်ပေးမည့် ခရီးစဉ်ပျက်ခဲ့ကြောင်းသိရသည်။

“ဒီနေ့ရည်ရွယ်ချက်က ရိုးရိုးလေးရယ်ဗျာ။ ငြိမ်းချမ်းရေးအတွက် သမ္မတအေးချမ်းပါစေဆိုပြီး ပန်းစည်းပေးမှာ ပြီးတော့ လွှတ်တော်တွေကိုလဲပေးမှာ ငြိမ်းချမ်းရေး။ အဲတော့ ကျွန်တော် ပြောချင်တာက ခရီးစဉ်မှာ တောင်းဆိုတာ လည်း မပါဘူး ကြွေးကြော်တာလည်းမပါဘူး။”ဟု ခရီးစဉ်ကိုဦးဆောင်သူ ဦးဂျော်ဂွန်းက ပြောသည်။

သစ်လုံးတင်သင်္ဘောနှင့် သမ္ဗန်တိုက်

ရန်ကုန်၊ စက်တင်ဘာ ၂၁

ကြည့်မြင်တိုင်ကမ်းနားဈေးအနီးရှိ အောက်ရုံ သမ္ဗန်ဆိပ်တွင် စက်တင်ဘာလ ၂၀ရက်နေ့ ညနေ ၃နာရီ ၁၅မိနစ်ခန့်က အောက်ရုံ သို့ သွားရောက်မည့် ခရီးသည် ခြောက်ဦးတင်ဆောင်ထားသည့် သမ္ဗန်တစ်စီးနစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း အဆိုပါ ကြည့်မြင်တိုင်- အောက်ရုံ သမ္ဗန်ဆိပ် မှ စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ နိုင်ဂရု(ဖ်) သစ်လုံးတင်ဆိပ်ကမ်းမှ ထွက်ကွာလာသည့် သစ်လုံးတင်သင်္ဘောနောက်ပိ

ုင်းယမ်းခါမှုကြောင့် အဆိုပါ ကြည့်မြင်တိုင် တစ်ဖက်ကမ်း အောက်ရုံရွာသို့ ထွက်ကွာမည့် သမ္ဗန်မှာ နစ်မြုပ်သွားခြင်းဖြစ်ကြောင်း ၊ သမ္ဗန်နစ်မြုပ်နေစဉ်တွင် အနီးရှိ သမ္ဗန်သမားများ နှင့် ဒေသခံလူထုက နစ်မြုပ်နေသည့် ခရီးသည်များကို ၀ိုင်းဝန်းဆယ်ယူနိုင်ခဲ့သည့်အတွက် ဒဏ်ရာရရှိသူတစ်ဦးမှ မရှိကြောင်း သမ္ဗန်နစ်မြုပ်မှုတွင် ပါဝင်ခဲ့သည့် အောက်ရုံဒေသခံများ နှင့် နီးစပ်သည့် အောက်ရုံ ရွာသား ဦးဇော်မင်းထိုက် က ပြောကြားသည်။

ပြဿနာမရှိပါဘူး . . .( ဒေါက်တာခင်မောင်ညို )


''ဆရာ လွှတ်တော်မှာ ပြဿ နာတွေအများကြီးပဲ''ကျွန်တော်ခေါင်းညိတ်တယ်။
''ဆရာ ရခိုင်မှာ ပြဿနာတွေ အများကြီးပဲ'' ကျွန်တော်ခေါင်းညိတ်တယ်။
''ဆရာ ကချင်မှာ ပြဿနာတွေ အများကြီးပဲ'' ကျွန်တော်ခေါင်းညိတ်တယ်။
ပညာရေး၊ လာဘ်ပေးလာဘ်ယူ၊ ဆင်းရဲခြင်း၊ ရာသီဥတု၊ နောက် ခုံရုံးပြဿနာ။ ပြဿနာတွေ အများကြီးပဲ။ ကျွန်တော်ခေါင်းစားသလား၊ ဦးနှောက်ပဲကြီးထွားလာလား မသိပါ။ အများကြီး တွေးနေမိတယ်။ ဘာမှ မလုပ်သူတွေအတွက်တော့ ဘာပြဿ နာမှမရှိဘူးပေါ့။ အလုပ်လုပ်ရင် ပြဿနာတွေ ရှိမှာပေါ့။ ဒီလို ပြဿနာတွေဖြစ်လာရင် ဘယ်လိုစဉ်းစားမလဲ။ တစ်ခါတစ်ခါ ဖြစ်တတ်တာတွေကို ဆင်ခြင်တဲ့နည်းကောင်းတစ်ခုမို့ မျှဝေခံစားဖို့ တင်ပြလိုပါတယ်။ Arnold Benson က Newsweek မဂ္ဂဇင်းမှာ ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ပါ။
''ဘာ ပြဿသနာလဲ''
''ကားထဲမှာ ပျားတစ်ကောင် ရောက်နေတယ်လေ။ ကားရပ်လိုက် လေ''
''မှန်တံခါးဖွင့်လိုက်ရင်ရတာပဲ''
''မရဘူး''
လွန်ခဲ့တဲ့ခုနစ်နှစ်နွေက ကျွန်တော်ဟာ ကားတစ်စီးနဲ့ ခရီးဝေးသွားခဲ့တယ်။ အဝေးပြေးလမ်းမှာ ကားတွေ ရှုပ်ယှက်ခပ်နေတယ်။
ကျွန်တော်တို့ကားထဲမှာ ကျွန်တော့်ဇနီးနဲ့ ကလေးနှစ်ယောက် (ရှစ်နှစ်သားနဲ့ ခြောက်နှစ်သား)တို့လည်း ပါလာတယ်။ ဇနီးသည်ပဂ္ဂီက ပျားကို စတွေ့တာဖြစ်တယ်။

စင်ကာပူနိုင်ငံတွင် Rဇာနည်၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပမည်





Rဇာနည်၏ ဒုတိယအကြိမ်မြောက် တစ်ကိုယ်တော်ဖျော်ဖြေပွဲကို အောက်တိုဘာလအတွင်း၌ စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ပွဲစီစဉ်သည့် Lucky Boss ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေး မှ သိရှိရပါသည်။ အဆိုပါ ဖျော်ဖြေပွဲနှင့်အတူ စင်ကာပူ အလည်အပတ် ခရီးစဉ်လိုက်ပါ လိုသူများအတွက်လည်း လေးညအိပ် ငါးရက်ခရီး စီစဉ်ထားကြောင်း သိရသည်။ ယင်းခရီးစဉ်တွင် Mustafa Shopping Mall ၊ SANTOSA နှင့် Underwater World အပြင် Garden's by the Bay ဥယျာဉ် အလည်အပတ် အစီအစဉ်များကို ဖျော်ဖြေပွဲကြည့်ရှုမှု အစီအစဉ်နှင့်အတူ ထည့်သွင်းထားကြောင်း သိရသည်။

အနုပညာရှင်များနှင့် ငြိမ်းချမ်းရေးဆန္ဒ





e5252 မြန်မာနိုင်ငံ၏ လက်ရှိအနေအထားတွင် ဒီမိုကရေစီစနစ် ကူးပြောင်းမှုနှင့်အတူ အနာဂတ်အတွက် ကောင်းခြင်းများကို ပြည်သူပြည်သားအားလုံး မျှော်လင့်ခဲ့ကြသည်မှာ တစ်နှစ်တာကာလကို ကျော်လွန်လာပြီ ဖြစ်သည်။ ထိုအချိန်တွင် မြန်မာနိုင်ငံ၏ သာယာလှပမှုနှင့် အဖိုးတန် သယံဇာတများ ထွက်ရှိရာ၊ သဘာဝ၏ လက်ဆောင်ကောင်းများ ပေါများရာ ဖြူစင်ရိုးသားသော မြန်မာတိုင်းရင်းသားများ အနက် ကချင်တိုင်းရင်းသားများ နေထိုင်ရာ မြန်မာနိုင်ငံမြောက်ပိုင်းတွင်မူ ယမ်းငွေ့များဖြင့် သေနက်သံများက မငြိမ်းနိုင်သေး။ ၁၉၉၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုအရ ၁၇ နှစ်တာကာလပတ်လုံး ငြိမ်းချမ်းသည့်အသွင် ဆောင်လာခဲ့သည့် ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှစတင်ကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။ တစ်ကျော့ပြန်စစ်ပွဲကာလ ကြာရှည်လာသည်နှင့် အမျှ ကချင်ဒေသတွင်းရှိ ပြည်သူများသည် စစ်ဒဏ်ကို ပိုမိုဆိုးရွားစွာခံစားနေကြရသည်။ ကချင်ပြည်နယ် မငြိမ်းချမ်းမှုသည် ကချင်တိုင်းရင်းသားများနှင့် ထိုဒေသတွင် နေထိုင်ကြသူများနှင့်သာ သက်ဆိုင်သည်ဟု ယူဆမထားကြသည့် မြန်မာနိုင်ငံသားအားလုံးက ထာဝရငြိမ်းချမ်းရေးကို မျှော်လင့်ဆုတောင်းကြသည်။ မြန်မာနိုင်ငံ၏ ထာဝရငြိမ်းချမ်းရေး အတွက် မျှော်လင့်ကြသည့် ပြည်သူများအားလုံးတွင်  အပါအ၀င်ဖြစ်သည့် အနုပညာရှင်အချို့၏ ငြိမ်းချမ်းရေးဆန္ဒများကို မေးမြန်းကြည့်မိသည့်အခါ  .  .  .  .

အဆင့်မြင့် ကွန်ပျူတာတက္ကသိုလ် ကိစ္စနှင့် ပတ်သက်၍ ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက သမ္မတကြီးထံ အိတ်ဖွင့်ပေးစာပို့

Photo: အဆင့်မြင့် ကွန်ပျူတာတက္ကသိုလ် ကိစ္စနှင့် ပတ်သက်၍ ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက သမ္မတကြီးထံ အိတ်ဖွင့်ပေးစာပို့

အဆင့်မြင့် ကွန်ပျူတာ တက္ကသိုလ် (Centre of Excellence) ကိစ္စနှင့် ပတ်သက်၍ ရန်ကုန် ကွန်ပျူတာ ကျောင်းသားများ သမဂ္ဂက သမ္မတကြီးထံ ၈-၉-၂၀၁၂ ရက်စွဲဖြင့် အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြောင်း သိရသည်။ အဆိုပါ အိတ်ဖွင့်ပေးစာတွင် ရန်ကုန် ကွန်ပျူတာတက္ကသိုလ် နှင့် မန္တလေး ကွန်ပျူတာ တက္ကသိုလ်တို့ကို အဆင့်မြင့်ပညာရေး (Centre of Excellence) အဖြစ် မြှင့်တင်မည့်အပေါ် ကျောင်းသူ၊ ကျောင်းသားများက ဂုဏ်ယူ ဝမ်းမြောက် ပါကြောင်း၊ သို့ရာတွင် ၁၂-၈-၂၀၁၂ ရက်စွဲပါ မြန်မာ့အလင်း သတင်းစာပါ ဖော်ပြချက်များအရ သင်ကြားနေသော ပညာရေးမှာ အဆင့်မမီ ပညာရေး ဖြစ်ပြီး လက်ရှိ ကျောင်းသားများသည် အဆင့်မြင့် ပညာရေးနှင့် လုံးဝမသက် ဆိုင်ဘဲ သင်ကြားနေဆဲ အဆင့်မမီ ပညာရေးဖြင့်သာ ဆက်လက် သင်ကြား သွားရမည် ဖြစ်သဖြင့် များစွာ ဝမ်းနည်းမိကြောင်း သိရသည်။ ထို့ပြင် ခွဲခြားမြှင့်တင်လိုက်သော ပညာရေးစနစ်ကြောင့် လက်ရှိ ကျောင်းသူ၊ ကျောင်းသားများ၏ နစ်နာမှုများနှင့်အတူ ရရှိမည့်ဘွဲ့များတွင် ခြားနားမှုများကိုပါ ဖော်ပြထားသည်။


“၁၂ ရက်ထုတ် သတင်းစာမှ ဝန်ကြီး ပြောသွားတဲ့အတိုင်းဆို လက်ရှိ ကျောင်းသူ၊ ကျောင်းသားတွေက အဆင့်မမီဘူးတဲ့။ ကျွန်တော်တို့ နှစ်တွေတုန်းက ရွေးချယ်စရာမှ မရှိခဲ့တာ။ တကယ်ဝါသနာပါလို့ တက်တဲ့သူတွေထဲမှာ အမှတ် ၃၆၅ နဲ့ တက်တဲ့သူ ရှိသလို အမှတ် ၄၅၀ နဲ့အထက် ရပြီး တက်တဲ့သူတွေလည်း ပါတာပဲ။ အကုန်လုံး လူတွေ ထောင်နဲ့သောင်းနဲ့ကို အဆင့်မြှင့်ဖို့ မဖြစ်နိုင်သေးဘူးဆိုတာ လက်ခံပါတယ်။ ဒါပေမဲ့ လက်ရှိ တက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အတွက်လည်း အခွင့်အရေး ပေးသင့်ပါတယ်။ အဆင့်မြင့် တက္ကသိုလ် တက်ဖို့ ဝင်ခွင့်တစ်ခု ဖြေခိုင်းတာမျိုး လုပ်ပေးစေချင်တယ်။ ဒါဆို တကယ်အဆင့်မီတဲ့လူတွေ အကုန်လုံး တက်ခွင့်ရမယ်လေ။ မဟုတ်ရင် အချိန်တွေ၊ ငွေတွေ အကုန်ခံသင်ပြီး ရတဲ့ဘွဲ့က အဆင့်မမီဘွဲ့ ဖြစ်နေတော့ ဘာလုပ်လို့ ရတော့မှာလဲ” ဟု အဆိုပါ ကျောင်းသား သမဂ္ဂမှ ကျောင်းသားတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက သမ္မတကြီးထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည့် နည်းတူ ရန်ကုန် နည်းပညာ တက္ကသိုလ်များမှ ကျောင်းသားများကလည်း သက်ဆိုင်ရာ တက္ကသိုလ် အသီးသီးရှိ ကျောင်းသားသမဂ္ဂများမှ ဦးစီး၍ အဆင့်မြင့်ပညာရေးအောက်တွင် ပညာသင်ကြားနိုင်ရန် တောင်းဆိုမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။ ယင်းကွန်ပျူတာ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂနှင့် အမျိုးသား စီမံခန့်ခွဲမှုပညာ ကောလိပ်ကျောင်းသားများ သမဂ္ဂတို့ကို ၉-၂-၂၀၁၂ ရက်တွင် ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံတွင် ဖွဲ့စည်းထားသော တက္ကသိုလ် ကျောင်းသားများ သမဂ္ဂများမှာ ယင်းနှစ်ခု အပါအဝင် ခုနစ်ခု ရှိပြီ ဖြစ်ကြောင်း သိရသည်။

YTTA
မူရင်းသတင်း--Royal Hero Media
အဆင့်မြင့် ကွန်ပျူတာ တက္ကသိုလ် (Centre of Excellence) ကိစ္စနှင့် ပတ်သက်၍ ရန်ကုန် ကွန်ပျူတာ ကျောင်းသားများ သမဂ္ဂက သမ္မတကြီးထံ ၈
-၉-၂၀၁၂ ရက်စွဲဖြင့် အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြောင်း သိရသည်။ အဆိုပါ အိတ်ဖွင့်ပေးစာတွင် ရန်ကုန် ကွန်ပျူတာတက္ကသိုလ် နှင့် မန္တလေး ကွန်ပျူတာ တက္ကသိုလ်တို့ကို အဆင့်မြင့်ပညာရေး (Centre of Excellence) အဖြစ် မြှင့်တင်မည့်အပေါ် ကျောင်းသူ၊ ကျောင်းသားများက ဂုဏ်ယူ ဝမ်းမြောက် ပါကြောင်း၊ သို့ရာတွင် ၁၂-၈-၂၀၁၂ ရက်စွဲပါ မြန်မာ့အလင်း သတင်းစာပါ ဖော်ပြချက်များအရ သင်ကြားနေသော ပညာရေးမှာ အဆင့်မမီ ပညာရေး ဖြစ်ပြီး လက်ရှိ ကျောင်းသားများသည် အဆင့်မြင့် ပညာရေးနှင့် လုံးဝမသက် ဆိုင်ဘဲ သင်ကြားနေဆဲ အဆင့်မမီ ပညာရေးဖြင့်သာ ဆက်လက် သင်ကြား သွားရမည် ဖြစ်သဖြင့် များစွာ ဝမ်းနည်းမိကြောင်း သိရသည်။ ထို့ပြင် ခွဲခြားမြှင့်တင်လိုက်သော ပညာရေးစနစ်ကြောင့် လက်ရှိ ကျောင်းသူ၊ ကျောင်းသားများ၏ နစ်နာမှုများနှင့်အတူ ရရှိမည့်ဘွဲ့များတွင် ခြားနားမှုများကိုပါ ဖော်ပြထားသည်။

ရုရှား Pussy Riot တီးဝိုင်းအဖွဲ့ဝင်များ ပြန်လွှတ်ပေးရန် ဒေါ်အောင်ဆန်းစုကြည် တောင်းဆို



မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ရုရှားနိုင်ငံတွင် အစိုးရက ဖမ်းဆီးထားသော Pussy Riot တီးဝိုင်းအဖွဲ့ဝင်များအား ပြန်လွှတ်ပေးရန် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေစဉ်အတွင်း တောင်းဆိုလိုက်သည်။

အမေရိကန်ပြည်ထောင်စု အခြေစိုက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က စက်တင်ဘာလ ၂၀ ရ
က်နေ့တွင် ပြုလုပ်ခဲ့သည့် ဂုဏ်ပြုပွဲအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်သည် Pussy Riot တီးဝိုင်းအဖွဲ့ဝင်တစ်ဦး၏ မိသားစုထံမှ ပန်းစည်းတစ်ခုကို လက်ခံရရှိခဲ့သည်။

တရုတ်နိုင်ငံမှ အမျိုးသမီး တစ်ဦးသည် ဆင်တစ်ကောင်၏ ခြေထောက် အရွယ်မျှ ကြီးမားလာသည့် ခြေထောက်ကို ဖြတ်တောက်ပစ်ရန် စဉ်းစားနေ

Photo: တရုတ်နိုင်ငံမှ အမျိုးသမီး တစ်ဦးသည် ဆင်တစ်ကောင်၏ ခြေထောက် အရွယ်မျှ ကြီးမားလာသည့် သူမ၏ ခြေထောက်ကို ကုသမှုခံယူရန် ပိုက်ဆံမတတ်နိုင်ခြင်းကြောင့် ဖြတ်တောက်ပစ်ရန် စဉ်းစားနေကြောင်း သိရသည်။

လူဆောသည် ခြေထောက်တွင် ပြန်ရည်ကြော အဖွဲ့အစည်း ပြဿနာကြောင့် ရောင်ကိုင်းကြီးထွားလာမှုနှင့် ကြုံနေရသည်။ လူသည် လွန်ခဲ့သည့် (၅)နှစ်က သူမ၏ ပထမဆုံး ကလေးကို ဖွားမြင်ခဲ့ပြီးနောက် ယခုပြဿနာ စတင်ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ယခုအခါ ခြေထောက်သည် အငယ်ဆုံး သမီးငယ်၏ ခါးအရွယ်မျှထိ တုတ်ခိုင် ကြီးမားနေသည်။ ကလေး(၂)ဦး၏ မိခင်ဖြစ်သော လူသည် တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ ဂျီအန်ဇီးဒေသမှ ရွာလေးတစ်ရွာတွင် နေထိုင်သည်။

သူမသည် ခင်ပွန်းသည် ယန်ယီဖာ၏ လယ်အလုပ်နှင့် အိမ်အလုပ်များကို ကူညီပေးလိုသော်လည်း အဆင်မပြေဘဲ ဖြစ်နေသည်။ ယန်ကိုယ်တိုင်မှာလည်း တီဘီရောဂါကို အပြင်းအထန် ခံစားခဲ့ရသူ ဖြစ်သည်။ လူသည် သူမ၏ ခြေထောက်ကို ကုသလိုသော်လည်း ငွေကြေး ချို့တဲ့မှုကြောင့် ဖြတ်ပစ်ရန်အတွက် ဆရာဝန်များအား တိုင်ပင်ခဲ့သည်။ "တကယ်တော့ ကိုယ့်ခြေထောက်ကို ကိုယ်ဆက်ပြီး ရှိစေချင်တာပေါ့။ ဒါပေမဲ့ လောလောဆယ်ကတော့ ရွေးစရာ မရှိတော့ပါဘူး"ဟု လူက ဝမ်းနည်းပက်လက် ပြောကြားခဲ့သည်။

ခင်ပွန်းသည် ယန်က "ကျွန်တော်တို့ ခုလောလောဆယ် မျှော်လင့်နိုင်တာက ဆေးရုံက ကျွန်တော့်ဇနီးရဲ့ ခြေထောက် ဖြတ်တောက်ဖို့ကို အခမဲ့ ကူညီပေးဖို့ တစ်ခုတည်းပါပဲ"ဟု ဖွင့်ဟသွားသည်။

မူရင်းသတင်း----Planet Myanmar Network
တရုတ်နိုင်ငံမှ အမျိုးသမီး တစ်ဦးသည် ဆင်တစ်ကောင်၏ ခြေထောက် အရွယ်မျှ ကြီးမားလာသည့် သူမ၏ ခြေထောက်ကို ကုသမှုခံယူရန် ပိုက်ဆံမတတ်နိုင်ခြင်းကြောင့် ဖြတ်တောက်ပစ်ရန် စဉ်းစားနေကြောင်း သိရသည်။

လူဆောသည် ခြေထောက်တွင် ပြန်ရည်ကြော အဖွဲ့အစည်း ပြဿနာကြောင့်ေ
ရာင်ကိုင်းကြီးထွားလာမှုနှင့် ကြုံနေရသည်။ လူသည် လွန်ခဲ့သည့် (၅)နှစ်က သူမ၏ ပထမဆုံး ကလေးကို ဖွားမြင်ခဲ့ပြီးနောက် ယခုပြဿနာ စတင်ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ယခုအခါ ခြေထောက်သည် အငယ်ဆုံး သမီးငယ်၏ ခါးအရွယ်မျှထိ တုတ်ခိုင် ကြီးမားနေသည်။ ကလေး(၂)ဦး၏ မိခင်ဖြစ်သော လူသည် တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ ဂျီအန်ဇီးဒေသမှ ရွာလေးတစ်ရွာတွင် နေထိုင်သည်။

သူမသည် ခင်ပွန်းသည် ယန်ယီဖာ၏ လယ်အလုပ်နှင့် အိမ်အလုပ်များကို ကူညီပေးလိုသော်လည်း အဆင်မပြေဘဲ ဖြစ်နေသည်။ ယန်ကိုယ်တိုင်မှာလည်း တီဘီရောဂါကို အပြင်းအထန် ခံစားခဲ့ရသူ ဖြစ်သည်။ လူသည် သူမ၏ ခြေထောက်ကို ကုသလိုသော်လည်း ငွေကြေး ချို့တဲ့မှုကြောင့် ဖြတ်ပစ်ရန်အတွက် ဆရာဝန်များအား တိုင်ပင်ခဲ့သည်။ "တကယ်တော့ ကိုယ့်ခြေထောက်ကို ကိုယ်ဆက်ပြီး ရှိစေချင်တာပေါ့။ ဒါပေမဲ့ လောလောဆယ်ကတော့ ရွေးစရာ မရှိတော့ပါဘူး"ဟု လူက ဝမ်းနည်းပက်လက် ပြောကြားခဲ့သည်။

ရှေ့လထွက်ရှိမည့် ကျပ်တစ်သိန်းကျော်တန် 800 MHz ဖုန်းသတင်းအား ဆက်သွယ်ရေးအတည်မပြု

Photo: ရှေ့လထွက်ရှိမည့် ကျပ်တစ်သိန်းကျော်တန် 800 MHz ဖုန်းသတင်းအား ဆက်သွယ်ရေးအတည်မပြု

ဥာဏ်ဥာဏ် (မြစ်မခ)

CDMA  800 MHz ဖုန်းများအား ငွေကျပ်တစ်သိန်းကျော်ဖြင့် ရောင်းချပေးဟုဆိုသည့် သတင်းမှာ မဖြစ်နိုင်ကြောင်း ရောင်းချခွင့် မပေးကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရှိရသည်။
 
လက်ရှိတွင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ကုမ္ပဏီမှ လာမည့်လ၌ ကျပ် တစ်သိန်း သုံးသောင်းတန် CDMA 800 MHz ဖုန်းများ ရောင်းချပေးမည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း ဖုန်းဈေးကွက်မှသိရသည်။
 
ဆက်သွယ်ရေး ၀န်ဆောင်မှူပေးမည့် Operator အဖြစ် ဆောင်းရွက်လိုသောအဖွဲ့အစည်းများသည် ၀န်ဆောင်မှုလိုင်စင်ရရှိရေးအတွက်  ဦးစီးဌာနနှင့်ဝန်ကြီးဌာနများ၌ လိုင်စင် လျှောက်ထားရမည် ဖြစ်သည်။
 
“လက်ရှိ MEC အနေနဲ့ ဆက်သွယ်ရေး အော်ပရေတာအတွက် လိုင်စင်လျှောက်ထားခြင်းမရှိသေးဘူး  အော်ပရေတာအဖြစ် မသက်မှတ်နိုင်သေးပါဘူး။ ဒါကြောင့် MEC ကုမ္ပဏီက တန်ဖိုးနည်းဖုန်း ရောင်းချ ပေးမယ်ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီး ဌာနရှိ အဆင့်မြင့် တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ကုမ္ပဏီမှ တန်ဖိုးနည်းမိုဘိုင်းဖုန်းများအား ရောင်းချပေးမည်ဟု ဖုန်းအရောင်းဆိုင်များ၊ရပ်ကွက်များနှင့်ဈေးများတွင် သတင်းများထွက်ပေါ်နေခြင်းနှင့်ပတ်သက်၍ ဆက်သွယ်ရေး အရာရှိက ပြောကြားခဲ့ခြင်းဖြစ်သည်။
 
မိုဘိုင်းဖုန်းအရောင်းအ၀ယ်ဈေးကွက်တွင် အောက်တိုဘာလ(၂)ရက်နေ့တွင် ငွေကျပ်တစ်သိန်းသုံး သောင်းဖုန်းများ ထွက်ပေါ်မည်ဖြစ်ကြောင်း မင်္ဂလာဈေးဖုန်းအရောင်းဆိုင်များက သိရှိရသည်။
 
“ကျွန်မတို့တော့ ၂ ရက်နေ့လောက် ထွက်မယ်လိုကြားတယ်၊ ဟုတ်လား၊ မဟုတ်လားဆိုတာ တော့ မသိရှိရသေးဘူး၊ ခုလောလော ဆယ်တော့ အရောင်းအ၀ယ်တွေပါးနေတယ်” ဟု မင်္ဂလာဈေးအတွင်း ဖုန်းအရောင်းဆိုင်တစ်ခုမှ တာဝန်ရှိအမျိုးသမီး တစ်ဦးက ပြောသည်။

မူရင်းသတင်း--by Myit Makha Mediagroup on 21 Sep, 2012
CDMA 800 MHz ဖုန်းများအား ငွေကျပ်တစ်သိန်းကျော်ဖြင့် ရောင်းချပေးဟုဆိုသည့် သတင်းမှာ မဖြစ်နိုင်ကြောင်း ရောင်းချခွင့် မပေးကြောင်း မြန်မာ့ဆက်သွယ်
ရေးလုပ်ငန်းက သိရှိရသည်။

လက်ရှိတွင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ကုမ္ပဏီမှ လာမည့်လ၌ ကျပ် တစ်သိန်း သုံးသောင်းတန် CDMA 800 MHz ဖုန်းများ ရောင်းချပေးမည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း ဖုန်းဈေးကွက်မှသိရသည်။

ဆက်သွယ်ရေး ၀န်ဆောင်မှူပေးမည့် Operator အဖြစ် ဆောင်းရွက်လိုသောအဖွဲ့အစည်းများသည် ၀န်ဆောင်မှုလိုင်စင်ရရှိရေးအတွက် ဦးစီးဌာနနှင့်ဝန်ကြီးဌာနများ၌ လိုင်စင် လျှောက်ထားရမည် ဖြစ်သည်။

ဖွံ့ဖြိုးရေးဘဏ်များမှတစ်ဆင့် မြန်မာအပေါ်ငွေကြေးထောက်ပံ့မှုကန့်သတ်သည့်ဥပဒေဖယ်ရှားရေး အမေရိကန်အောက်လွှတ်တော်ထောက်ခံ

ဝါရှင်တန်၊ စက်တင်ဘာ - ၂၀

ကမ္ဘာ့ဖွံ့ဖြိုးရေးဘဏ်ကြီးများမှတစ်ဆင့် မြန်မာနိုင်ငံအပေါ် အမေရိကန်အကူအညီအထောက်အပံ့များပေးခြင်းအပေါ် ကန့်သတ်ထားသည့် အရေးယူမှုဥပဒေတစ်ရပ်ကို ဖြေလျှော့ပေးရန် အမေရိကန်ကွန်ဂရက်၏ အင်အားအကြီးဆုံးအစိတ်အပိုင်းဖြစ်သည့် အောက်လွှတ်တော်(House of Representatives)က အတည်ပြုထောက်ခံလို

က်ပြီဖြစ်ကြောင်း The Washington Post သတင်းဌာနကရေးသားဖော်ပြသည်။

ယင်း ဥပဒေ ဖြေလျှော့သည့်ကိစ္စကို ဆီးနိတ်(အထက်လွှတ်တော်)တွင် အတည်ပြုရန် ကျန်ရှိနေသေးကြောင်း၊ ဖြေလျှော့ပြီးပါက အမေရိကန်အနေဖြင့် မြန်မာနိုင်ငံသို့ ကမ္ဘာ့ဘဏ်(WB)၊ အာရှဖွံ့ဖြိုးရေး ဘဏ်(ADB)နှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF) တို့မှတစ်ဆင့် ငွေကြေးအကူအညီများပေးနိုင်မည်ဖြစ်ကြောင်း သတင်းကဆိုသည်။ အောက်လွှတ်တော်သည် ယင်းဖြေလျှော့မှုကို စက်တင်ဘာလ ၁၉ ရက်နေ့၊ ကွန်ဂရက်က ဒေါ်အောင်ဆန်းစုကြည်အား အမြင့်ဆုံးဂုဏ်ပြုဆုတံဆိပ်ပေးအပ်ချီးမြှင့်ပြီးနောက် နာရီပိုင်းအကြာတွင် အတည်ပြုပေးလိုက်ခြင်းဖြစ်သည်။

သမ္မတ ဦးသိန်းစိန်ကို တရုတ်နိုင်ငံက ဒေါက်တာဘွဲ့ အပ်နှင်း

 ဓာတ်ပုံ-  MNTV
အမေရိကန် ပြည်ထောင်စုကို မသွားမီ ၃ ရက်တာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်ကို စိုက်ပျိုးရေးနှင့် သစ်တော တက္ကသိုလ်တခုက ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ပေးအပ် ချီးမြင့်ခဲ့ပါတယ်။ 

အခုလို ပေးအပ်လိုက်တဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ဟာ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးအစီ အစဉ် 
ကြောင့် ဖြစ်တယ်လို့ Sky Net ရုပ်သံ သတင်းတခုမှာ ယမန်နေ့ညနေပိုင်းက ထုတ်လွှင့်သွားခဲ့ပါတယ်။ 

သမ္မတ ဦးသိန်းစိန်က အခုလို တရုတ်နိုင်ငံက ပေးအပ်တဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ပေးအပ်တဲ့ အခမ်းအနားမှာ လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားခဲ့တာကိုလည်း Sky Net က ထုတ်လွှင့်ပြသွား ခဲ့ပါတယ်။ 

မေဇွန် ကိစ္စ ကြေးမုံဖော်ပြမှု ဒု ၀န်ကြီး ဖြေရှင်းချက်တောင်း

 သရုပ်ဆောင် မေဇွန်၊  ဓာတ်ပုံ-Beautiful model world.com
မကြာသေးမီက လူအများ စိတ်ဝင်စားမှု အရှိဆုံး သတင်းတခုဖြစ်တဲ့ အိမ်ဖော် မိန်းကလေး တဦး သေဆုံး မှု ဖြစ်ရာမှ မူလ က လူသေမှုအဖြစ်ကနေ လူသတ်မှုနဲ့ MRTV4 ရုပ်သံ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင် ဖို့ ရွေးချယ်ခံထားရတဲ့ မေဇွန် ခေါ် မျိုးဇာနည်ဇွန် ဆိုတဲ့ အသက် ၂၁ နှစ်အရွယ် မိန်းကလေးတယောက်ကို ရဲက တရားစွဲဆိုခဲ့တဲ့ ဖြစ်ရပ်ကို သတိထားမိ ကြလိမ့်မယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ကြေးမုံ သတင်းစာမှာ စက်တင်ဘာလ ၁၉ ရက်နေ့က ဆောင်းပါး ရှင် ဒေါက်တာ 
စေတနာရဲ့ ဆောင်း ပါးမှာ ရေးသား ဖော်ပြချက်များဟာ တရားခံဘက်က ဘက်လိုက်ရေးသားမှုအဖြစ် ထင်ရှားတဲ့အတွက် ပြန်ကြားရေး ၀န်ကြီး ဌာန ဒုတိယ ၀န်ကြီးသစ်ဖြစ်တဲ့ ဦးရဲထွဋ်က တာဝန်သိ စွာဖြင့် ကြေးမုံစာတည်းမှူးချုပ်ကို ရှင်းလင်းချက်ပေးဖို့ ညွှန်ကြားထားမှုကို ဦးရဲထွဋ်က သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာကတဆင့် ပွင့်လင်းမြင်သာမှု ရှိရှိ ထုတ်ပြန်လာတာ သတိထားမိပါတယ်။ 

 ဒု ၀န်ကြီး ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အမေရိကန်လွှတ်တော်မှ ပေးအပ်သည့် ဆုတံဆိပ်ကို လက်ခံရယူပြီးနောက် သမ္မတဘာရက်အိုဘားမားနှင့် တွေ့ဆုံ



 b525ex1
စက်တင်ဘာလ ၁၉ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကွန်ဂရက်လွှတ်တော်၏ ရွှေတံဆိပ်ဆုကို လက်ခံရယူနေစဉ်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၁၉ ရက်နေ့တွင် အမေရိကန်လွှတ်တော်က ပေးအပ်သော ဆုတံဆိပ်ကို လက်ခံရယူပြီးနောက် အမေရိကန် သမ္မတ ဘာရက်အိုဘားမားနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
အမေရိကန် ကွန်ဂရက်လွှတ်တော်က ၂၀၀၈ ခုနှစ် မေလတွင် ဒေါ်အောင်ဆန်းစုကြည်ကို ကွန်ဂရက် လွှတ်တော်၏ ရွှေတံဆိပ်ဆု ချီးမြှင့်ခဲ့သော်လည်း ထိုစဉ်က နေအိမ်အကျယ်ချုပ် ကျခံနေရသောကြောင့် လက်ခံရယူနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ယခုအခါ အမေရိကန် ပြည်ထောင်စုသို့ ၁၇ ရက်ကြာ ခရီးစဉ်ထွက်လာသော အခါတွင်မှ လက်ခံနိုင်ခဲ့ခြင်း ဖြစ်သည်။
ဆုလက်ခံရယူသည့် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့နေရာအများအပြားတွင် ''လွတ်လပ်မှု ဆိုတာ အိပ်မက်တစ်ခုလိုပဲ ရှိနေပါသေးတယ်''ဟု ပြောကြားခဲ့ပြီး ''ဒီမိုကရေစီဟာ ကျွန်မတို့အားလုံးအတွက် မျှော်လင့်ချက် မီးရှူးတန်ဆောင်ပါပဲ''ဟု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် ညီညွတ်မှုရှိစွာ၊ ငြိမ်းချမ်းမှုရှိစွာဖြင့် ရှေ့ဆက်နိုင်မည်ဟု မျှော်လင့်ကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင် ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့တွင်း၌ စုပေါင်းလမ်းလျှောက် ဆန္ဒထုတ်ဖော်မှု ပြုလုပ်




အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းနေ့ လှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့တွင်း၌ စုပေါင်း လမ်းလျှောက် ဆန္ဒထုတ်ဖော်မှုများကို စက်တင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ပြုလုပ်လျက်ရှိနေကြောင်း သိရှိရပါသည်။
အဆိုပါ ဆန္ဒထုတ်ဖော်မှုည် ပြည်တွင်းစစ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ရရှိရန်အတွက် အဖွဲ့ပေါင်း ၄၀ ကျော်မှ စုပေါင်းပြုလုပ်ခြင်းဖြစ်ပါသည်။ သက်ဆိုင်ရာမှ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခွင့်ကို တရားဝင် ခွင့်ပြုချက် မပေးခဲ့သော်လည်း ငြိမ်းချမ်းရေးလိုလားသူများမှ မူလ စီစဉ်ထားရှိခဲ့သည့် အတိုင်း ဆက်လက်ပြုလုပ်ခဲ့ကြခြင်း ဖြစ်ပါသည်။
Related Posts Plugin for WordPress, Blogger...

ShareThis