menu

Sunday 23 February 2014

အခွန်ရုံးတွင် မည်သည့် စာရွက်စာတမ်းကြေးမှ မတောင်းခံဟုဆို

Photo: အခွန်ရုံးတွင် မည်သည့် စာရွက်စာတမ်းကြေးမှ မတောင်းခံဟုဆို

ကျိုင်းတုံ၊ ဖေဖော်ဝါရီ ၂၂

အခွန်ထမ်း ပြည်သူများထံမှ နှစ်စဉ် အခွန်ငွေများ ကောက်ခံကာ နိုင်ငံတော် အတွက် ဘဏ္ဍာငွေများ ရရှိစေရန် ရှာဖွေပေးနေသည့် ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် အခွန်ဦးစီးဌာန အနေနှင့် အခွန်ထမ်းဆောင်သူများထံမှ စာရွက်စာတမ်းကြေးအဖြစ် ငွေကြေး တောင်းခံခြင်းမျိုး မရှိကြောင်း ယင်းမြို့နယ် အခွန်ဦးစီးဌာနမှူး ဒေါ်ရွှေစင်ရီက ပြောကြားသည်။

ကျိုင်းတုံမြို့ စည်ပင်သာယာခန်းမ၌ ဖေဖော်ဝါရီလ ၂၀ ရက်၊ မွန်းလွဲ ၂ နာရီခန့်တွင် ပြုလုပ်သည့် မြို့နယ်အခွန် ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့နှင့် နှစ်အဆက်ဆက် အခွန်ကြွေးကျန်ရှိသူများ တွေ့ဆုံ ဆွေးနွေးပွဲတွင် ဒေသခံ လုပ်ငန်းရှင် အမျိုးသမီးတစ်ဦးက အခွန်ရုံးသို့ စာရွက်စာတမ်းကြေး အဖြစ် ငွေသုံးသောင်းကျပ် နှစ်စဉ် ပေးဆောင်နေရသည့်အပြင် အခွန်ဆောင်ထားပြီး ဖြစ်သော်လည်း ထပ်မံတောင်းခံခြင်းနှင့် ပတ်သက်၍ မေးမြန်းမှုကို ၎င်းက အထက်ပါအတိုင်း ငြင်းဆိုခြင်း ဖြစ်သည်။

“ရုံးမှာ စာရွက်စာတမ်းကြေး ဘာအတွက်မှ မကောက်ခိုင်းထားပါဘူး။ 
အဲဒါကလည်း အရင်နှစ်က တာဝန်ထမ်းဆောင်ခဲ့တဲ့ သူတွေပါ။ ခေါင်းရှောင်တာတော့ မဟုတ်ပါဘူး။ ကျွန်မအပါအဝင် အရာရှိ အတော်များများက ဒီဘက်နှစ်မှ ပြောင်းလာကြတာပါ။ အခွန်ပေးဆောင်ပြီးကြောင်း မူရင်း ချလန်ဖြတ်ပိုင်း ပြနိုင်ရင်တော့ အခုကြွေး ကျန်စာရင်းကနေ ပယ်ဖျက်ပေးပါမယ်” ဟု ၎င်းကဆိုသည်။

မိမိသည် နိုင်ငံတော်သို့ ပေးဆောင်ရန်ရှိသော ကုန်သွယ် လုပ်ငန်းခွန်အတွက် နှစ်စဉ် အခွန်ငွေများ ပေးသွင်းခဲ့ကြောင်းနှင့် နှစ်စဉ်ရုံးသို့ အခွန်ငွေများ သွားရောက် ပေးဆောင်ရာတွင် စာရွက်စာတမ်းကြေးအဖြစ် သုံးသောင်းကျပ်ကိုပါ တောင်းဆိုသည့်အတွက် ပေးဆောင်နေရကြောင်း ကျိုင်းတုံ မြို့ အမှတ် (၅) ရပ်ကွက်နေ ဒေါ်နန်းထွေးက အဆိုပါ အခမ်းအနားတွင် ပြောကြားသည်။

“မနှစ်ကလည်း စာရွက်စာတမ်းကြေးအတွက် သုံးသောင်းတောင်းတယ်။ ဒီနှစ်လည်း သုံးသောင်း တောင်းတာကို တစ်သောင်းတော့ ပေးခဲ့တယ်။ မနှစ်က စာရွက်စာတမ်းကြေး သုံးသောင်းကို ရုံးမှာမပေးခဲ့တော့ လမ်းမှာတွေ့တိုင်း ရုံးဝန်ထမ်းက အကြွေးကျန်တယ်ဆိုပြီး အမျိုးသားဆီက တောင်းလို့ အမျိုးသားက ရှက်ပြီး သွားပေးတယ်။ ကျွန်မတို့လည်း နားလည်ပါတယ်။ စာရွက်စာတမ်းကြေး အဖြစ် ထောင်ဂဏန်းလောက်ပဲ ကောက်ပေါ့။ အခွန်ဆောင်ထား ပြီးတာတောင် ထပ်တောင်းခံနေရတုန်းပဲ” ဟု ၎င်းကဆိုသည်။

ကျိုင်းတုံမြို့နယ်တွင် ရပ်ကွက်ကြီး ငါးခုနှင့် မြို့မဈေးကြီး အတွင်းရှိ လုပ်ငန်းရှင်ပေါင်း ၈၂၇ ဦးထံမှ ၁၉၉၅ ခုနှစ်မှ လက်ရှိအချိန်ထိ နှစ်အဆက်ဆက် အခွန်ကြွေး ကျန်ငွေပေါင်း ကျပ် ၂၆၂ ဒသမ ၅၇၈ သန်း ရရန်ကျန်ရှိပြီး ရှမ်းပြည်နယ်အတွင်း အခွန်ကြွေး ကျန်ရှိသူများအနက် ဒုတိယ အများဆုံး ဖြစ်ကြောင်းနှင့် အဆိုပါ အခွန်ကြွေး ကျန်ရှိသူများအနေနှင့် ၂၀၁၄ ခုနှစ် မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားကာ လာရောက် ပေးဆောင်ရမည် ဖြစ်ကြောင်း ယင်းမြို့နယ် အခွန်ဦးစီးဌာနထံမှ သိရသည်။

ကျိုင်းတုံ၊ ဖေဖော်ဝါရီ ၂၂

အခွန်ထမ်း ပြည်သူများထံမှ နှစ်စဉ် အခွန်ငွေများ ကောက်ခံကာ နိုင်ငံတော် အတွက် ဘဏ္ဍာငွေများ ရရှိစေရန် ရှာဖွေပေးနေသည့် ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် အခွန်ဦးစီးဌာန အနေနှင့် အခွန်ထမ်းဆောင်သူများထံမှ စာရွက်စာတမ်းကြေးအဖြစ် ငွေကြေး တောင်းခံခြင်းမျိုး မရှိကြောင်း ယင်းမြို့နယ် အခွန်ဦးစီးဌာနမှူး ဒေါ်ရွှေစင်ရီက ပြောကြားသည်။

ကျိုင်းတုံမြို့ စည်ပင်သာယာခန်းမ၌ ဖေဖော်ဝါရီလ ၂၀ ရက်၊ မွန်းလွဲ ၂ နာရီခန့်တွင် ပြုလုပ်သည့် မြို့နယ်အခွန် ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့နှင့် နှစ်အဆက်ဆက် အခွန်ကြွေးကျန်ရှိသူများ တွေ့ဆုံ ဆွေးနွေးပွဲတွင် ဒေသခံ လုပ်ငန်းရှင် အမျိုးသမီးတစ်ဦးက အခွန်ရုံးသို့ စာရွက်စာတမ်းကြေး အဖြစ် ငွေသုံးသောင်းကျပ် နှစ်စဉ် ပေးဆောင်နေရသည့်အပြင် အခွန်ဆောင်ထားပြီး ဖြစ်သော်လည်း ထပ်မံတောင်းခံခြင်းနှင့် ပတ်သက်၍ မေးမြန်းမှုကို ၎င်းက အထက်ပါအတိုင်း ငြင်းဆိုခြင်း ဖြစ်သည်။

“ရုံးမှာ စာရွက်စာတမ်းကြေး ဘာအတွက်မှ မကောက်ခိုင်းထားပါဘူး။
အဲဒါကလည်း အရင်နှစ်က တာဝန်ထမ်းဆောင်ခဲ့တဲ့ သူတွေပါ။ ခေါင်းရှောင်တာတော့ မဟုတ်ပါဘူး။ ကျွန်မအပါအဝင် အရာရှိ အတော်များများက ဒီဘက်နှစ်မှ ပြောင်းလာကြတာပါ။ အခွန်ပေးဆောင်ပြီးကြောင်း မူရင်း ချလန်ဖြတ်ပိုင်း ပြနိုင်ရင်တော့ အခုကြွေး ကျန်စာရင်းကနေ ပယ်ဖျက်ပေးပါမယ်” ဟု ၎င်းကဆိုသည်။

အမေကို သွားကျိုးထွက်သွားအောင်လက်သီးနဲ့ ထိုးခဲ့သူကို ကြိမ်ဒဏ် ၂၄၀၀ နဲ့  သွားတစ်ချောင်းပြန်ချိုးဖို့ အမိန့် ချ


ဆော်ဒီအာရေဗျနိုင်ငံသားတစ်ယောက်ဟာ သူ့ ရဲ့အမေကို သွားကျိုးထွက်သွားအောင်ထိုးမိခဲ့ကြောင်း ၀န်ခံခဲ့ပြီးတဲ့နောက် အပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ရှေးရိုမန်ဥပဒေတစ်ခုဖြစ်တဲ့၊ ကုရ်အာန်ကျမ်းစာလာ မျက်လုံးတစ်လုံးအတွက်မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက်သွားတစ်ချောင်း ပြစ်ဒဏ်အတိုင်း သူ့ ရဲ့ ပါးစပ်ထဲက နေရာတူသွားတစ်ချောင်းကို ပြန်ချိုးခံရမယ်လို့ အမိန့် ချမှတ်လိုက်ပါတယ်။
အမည်မဖော်ပြထားတဲ့ အဲဒီ့ဆော်ဒီလူမျိုးကို ထောင်ဒဏ်ငါးနှစ်နဲ့ ကြိမ်ဒဏ် ၂၄၀၀ လည်းချမှတ်ခဲ့ပါတယ်။ ဒီကြိမ်ဒဏ် ၂၄၀၀ကို ဒေသတွင်းမှာရှိတဲ့ဈေးအလယ်ခေါင်မှာ ဆယ်ရက်တစ်ခါအချက် ၄၀ စီ အရိုက်ခံရမှာ ဖြစ်ပါတယ်။
သူ့ ရဲ့အမေက သူမကို သားက ထိုးနှက်နေကြောင်းရဲတွေကို အကြောင်းကြားပြီးအကူအညီတောင်းခဲ့တဲ့အတွက် ဖမ်းဆီးခဲ့တာဖြစ်ပြီး သူမအမေကို ဆေးရုံကို ပို့ ဆောင်ခဲ့ရပါတယ်။ ဆေးစစ်ချက်အစီရင်ခံစာအရ အသက်၃၀ အရွယ်ရှိတဲ့ ဒီဆော်ဒီလူမျိုးဟာ စိတ်ပုံမှန်အနေအထားမှာရှိပြီး သူ့ အမေကို ထိုးနှက်ချိန်တုန်းက အရက်၊မူးယစ် ဆေးဝါးသုံးစွဲထားခြင်းမရှိဘူးလို့ သိရပါတယ်။

ဂျပန်နိုင်ငံကနေ ဧည့်လမ်းညွှန်ဘဝအကြောင်း ရိုက်ကူးဖို့ ကမ်းလှမ်းခြင်းခံရတဲ့ နန်းခင်ဇေယျာ


မြန်မာအလှမယ်တစ်ယောက်ဖြစ်တဲ့ နန်းခင်ဇေယျာက အနုပညာ၊ ပရဟိတ နှင့် ဧည့်လမ်းညွှန်အစရှိတဲ့ ကဏ္ဍမျိုးစုံအလုပ်တွေကို ကျွမ်းကျင်စွာ ပါဝင်ဆောင်ရွက်နေသူ တစ်ဦးပဲဖြစ်ပါတယ်။ ဒါကြောင့် သူမကို လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ ဘယ်လိုတွေလုပ်ဆောင်သွားမယ်ဆိုတာနဲ့ ပတ်သက်ပြီးမေးမြန်းဖြစ်ခဲ့တဲ့အခါ ‘နန်းခင် လက်ရှိရုပ်သံဇာတ်လမ်းတွဲနဲ့ ဗီဒီယိုဇာတ်ကားတွေကို လက်ခံရိုက်ကူးသွားဖို့တော့ရှိပါတယ်။ ပြီးတော့ နန်းခင်ရဲ့ဧည့်လမ်းညွှန်ဘဝအကြောင်းကို ရိုက်ကူးဖို့အတွက် ဂျပန်ရုပ်သံလိုင်းတစ်ခုက ရိုက်ကူးချင်တယ်ဆိုပြီးတော့ ကမ်းလှမ်းထားတာရှိတယ်။ အဲဒီ့အတွက် နန်းခင်တို့ ဒုတိယအကြိမ်မြောက် ညှိုနှိုင်းဆောင်ရွက်မှုတွေ စီစဉ်နေပါပြီ။ ညီမ အားတဲ့အချိန်နဲ့ သူတို့ရိုက်ကူးရေးအချိန်တွေ ညှိုနှိုင်းပြီးပြီဆိုရင်တော့ ဒီနှစ်မတ်လကုန်လောက်မှာ ရိုက်ကူးဖြစ်မှာပါ။ သူတို့က ဒီမြန်မာနိုင်ငံရဲ့ နာမည်ကြီးအထင်ကရနေရာတွေဖြစ်ကြတဲ့ ရန်ကုန်၊ မန္တလေး၊ ပုဂံ ၊ အင်းလေးဒေသတွေမှာ အုပ်စုတွေခွဲပြီးတော့ ရိုက်ကူးသွားမှာဖြစ်သလို

ရည်းစားကိုဓါးဖြင့်ထိုးသတ်ပြီးနောက် လမ်းဘေးေ ကြာ်ငြာ ဆိုင်းဘုတ်ကြီးမှ ခုန်ချသေဆုံး



ဖေဖော်ဝါရီ ၂၁ ရက် ၂၀၁၄

ထိုင်းနိုင်ငံချင်းမိုင်မြို့နယ် ချန့်မွဲ့လမ်းရှိ စနူကာဆိုင်တွင်အလုပ်လုပ်နေသော ချစ်သူအား သဝန်တိုမှုဖြင့် စကားများရာမှ ဓါးဖြင့်ထိုးသတ်ခဲ့သည့်အမှု ယမန်နေ့ကဖြစ်ပွါးခဲ့ပါသည်။

ထိုင်းနိုင်ငံချင်းမိုင်ခရိုင် ဝိန်းဟိုင်မြို့နယ် သျှမ်းလူမျိုးအများစု နေထိုင်သော ပိန်းလုံအုပ်စုမှ ချင်းမိုင်မြို့တက်အလုပ်လုပ်သည့် အသက် ၁၆ နှစ်အရွယ် နန်းဂျန်တစ်အား ရည်းစားဖြစ်သူ စိုင်းခမ်းလိုင် က ဖေဖော်ဝါရီလ ၂၀ ရက် မွန်းလွဲ ၁ နာရီက ဓါးဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်သည်။

စိုင်းခမ်းလိုင်က ၎င်း၏ ချစ်သူကို တခြားအမျိုးသားများနှင့်သဝန်တိုသဖြင့် ခွန်းကြီးခွန်းငယ် စကားများရာမှ ထိုးသတ်ခြင်းဖြစ်သည်ဟု သေဆုံးသူ (မိန်းခလေး) မိသားစုနှင့် နီးစပ်သည့် စိုင်းကမ်က ပြောသည်။

သေဆုံးသူတွင် ရင်ဘတ်၌ ဓါးထိုးထားသည့်ဒဏ်ရာ ၅ ချက်ရှိပြီး ၎င်းအလုပ်လုပ်ရာဆိုင်အနောက်ဘက် ရေမြောင်းထဲသို့ တရားခံမှ ဆွဲ၍သွားပစ်ချထားကြောင်း ချင်းမိုင်မြို့ cm 108 ဝက်ပ်ဆိုက်တွင် ရေးသားဖော်ပြထားပါသည်။

ရဲတပ်ဖွဲ့ဝင်များအတွက် ရိက္ခာစရိတ် လာမည့် ဘဏ္ဍာနှစ်တွင် တိုးပေးရန် အစီအစဉ်ရှိဟုဆို

Photo: ရဲတပ်ဖွဲ့ဝင်များအတွက် ရိက္ခာစရိတ် လာမည့် ဘဏ္ဍာနှစ်တွင် တိုးပေးရန် အစီအစဉ်ရှိဟုဆို

မန္တလေး၊ ဖေဖော်ဝါရီ ၂၂

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များအတွက် ရိက္ခာစရိတ်ကို လာမည့် ဘဏ္ဍာနှစ်တွင် တိုးပေးရန် အစီအစဉ် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဇော်မင်းဦး က The Voice သို့ ပြောကြားသည်။

လက်ရှိတွင် ရဲတပ်ဖွဲ့ဝင်များအတွက် ရိက္ခာစရိတ်အဖြစ် တစ်ဦးကို တစ်ရက်လျှင် ၈၀၀ ကျပ်နှုန်း ပေးဆောင် ထားသော်လည်း အဆိုပါ ငွေထက်တိုး၍ ပေးနိုင်ရန် လွှတ်တော်သို့ တင်ပြထားကြောင်း ၎င်းက ပြောဆိုသည်။  
“ပြည်ထဲရေး ဝန်ကြီးဌာနကတော့ လွှတ်တော်ကို တင်ပြတယ်ဆိုတာ သိရတယ်။ လာမည့် ဘဏ္ဍာနှစ်မှာ တိုးပေးမယ်လို့လည်း သိရတယ်။ တစ်နိုင်ငံလုံးအတွက် တောင်းထားတာပါ” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ အားလုံးအတွက် ရိက္ခာစရိတ်ကို လာမည့် ဘဏ္ဍာနှစ်တွင် ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိ တိုးမြှင့် ပေးသွားမည်ဟု သိရကြောင်း အုန်းချော မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ရဲအုပ်အဆင့်ရှိသူ တစ်ဦးက ပြောကြားသည်။
“အခုလိုမျိုး ရိက္ခာစရိတ်ကို တိုးပေးမယ်ဆိုတော့ မိသားစုဝင်တွေလည်း အဆင်ပြေသွားတာပေါ့” ဟု ၎င်းကဆိုသည်။

ရဲတပ်ဖွဲ့ဝင်များသည် အမှုလိုက်ရာတွင် လာဘ်ပေးလာဘ်ယူ မရှိစေရန်အတွက် အမှု အမျိုးအစားအလိုက် ထောက်ပံ့စရိတ်ကို ယခုနှစ်ဘဏ္ဍာနှစ် နိုဝင်ဘာလတွင် စတင်ပေးခဲ့ပြီး နယ်မြေအတွင်း ကြိုတင် ကာကွယ်မှု ဖမ်းဆီရမိမှု တစ်မှုလျှင် တစ်သောင်းကျပ်၊ အခြားအမှု ခုနစ်မျိုး (တစ်မှု) သုံးသောင်းကျပ်၊ အမှုကြီး ၁၀ မျိုးအတွက် တစ်မှုလျှင် ငါးသောင်းကျပ်တို့ ချမှတ်ပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

မန္တလေး၊ ဖေဖော်ဝါရီ ၂၂

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များအတွက် ရိက္ခာစရိတ်ကို လာမည့် ဘဏ္ဍာနှစ်တွင် တိုးပေးရန် အစီအစဉ် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဇော်မင်းဦး က The Voice သို့ ပြောကြားသည်။

လက်ရှိတွင် ရဲတပ်ဖွဲ့ဝင်များအတွက် ရိက္ခာစရိတ်အဖြစ် တစ်ဦးကို တစ်ရက်လျှင် ၈၀၀ ကျပ်နှုန်း ပေးဆောင် ထားသော်လည်း အဆိုပါ ငွေထက်တိုး၍ ပေးနိုင်ရန် လွှတ်တော်သို့ တင်ပြထားကြောင်း ၎င်းက ပြောဆိုသည်။
“ပြည်ထဲရေး ဝန်ကြီးဌာနကတော့ လွှတ်တော်ကို တင်ပြတယ်ဆိုတာ သိရတယ်။ လာမည့် ဘဏ္ဍာနှစ်မှာ တိုးပေးမယ်လို့လည်း သိရတယ်။ တစ်နိုင်ငံလုံးအတွက် တောင်းထားတာပါ” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ အားလုံးအတွက် ရိက္ခာစရိတ်ကို လာမည့် ဘဏ္ဍာနှစ်တွင် ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိ တိုးမြှင့် ပေးသွားမည်ဟု သိရကြောင်း အုန်းချော မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ရဲအုပ်အဆင့်ရှိသူ တစ်ဦးက ပြောကြားသည်။

အာရှနဂါးကြီး နင်းမရ ဖြစ်လာသည့် လှေနံနှစ်ဖက် သို့မဟုတ် မြန်မာနှင့် မြောက်ကိုရီးယား

Written by  ချွန်ထူးဟန်

အာရှ၏ ဆူပါပါဝါ တရုတ်နိုင်ငံက နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ငါသိငါတတ် လုပ်မှုများကြောင့် ဒေသတွင်း နိုင်ငံများနှင့် ဆက်ဆံရေး တင်းမာနေချိန်တွင် တစ်ချိန်က အိမ်နီးချင်း မြန်မာနိုင်ငံအပေါ် ချုပ်ကိုင် လွှမ်းမိုးထားနိုင်မှု မှာလည်း လျော့တိလျောရဲ ဖြစ်လာသလို လက်အောက်ခံ နိုင်ငံသဖွယ် ဖြစ်ခဲ့သည့် မြောက်ကိုရီးယားနှင့် ဆက်ဆံရေးလည်း ဆိုးရွားလာရာ ၎င်းအတွက် စစ်မှန်သည့် မဟာမိတ်နိုင်ငံ မရှိတော့သည့် အနေအထားမျိုးသို့ ရောက်ရှိနေပါသည်။ ဤသို့သော အခြေအနေမျိုးတွင် စိတ်ဝင်စားစရာ ကောင်းလှသည့် မေးခွန်းမှာ အမေရိကန် ပြည်ထောင်စုနှင့် အခြားသော ပါဝါ နိုင်ငံကြီးများ အနေနှင့် အဆိုပါ အခြေအနေကို အသုံးချကာ အရှေ့မြောက် အာရှဒေသ၏ ဝရုန်းသုန်းကား နိုင်လှသော ပထဝီ နိုင်ငံရေးကို အသွင်ပြောင်းရာတွင် အထောက်အပံ့ ပြုနိုင်မည့် မြောက်ကိုရီးယားနှင့် သံတမန် ဆက်ဆံရေးတံခါး ဖွင့်လှစ်နိုင်ခြင်း ရှိ၊ မရှိဟူသော မေးခွန်းပင် ဖြစ်ပါသည်။
တရုတ်နှင့် မြန်မာ ဆက်ဆံရေးသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၊ နေပြည်တော် အစိုးရက တရုတ်ဘက်က ရင်းနှီးမြှုပ်နှံသည့် ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံတန် မြစ်ဆုံ စီမံကိန်းကို ရပ်ဆိုင်းရန် ဆုံးဖြတ် လိုက်ချိန်မှစ၍ ဆိုးရွားသွားခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်က မြန်မာအပေါ် ကာလကြာရှည်စွာ ဖောက်သည်နိုင်ငံ တစ်နိုင်ငံသဖွယ် ဆက်ဆံလာခဲ့သည့် တရုတ်အစိုးရကို တုန်လှုပ်သွားစေခဲ့သည်။ လက်ရှိ ကာလများကို ကြည့်မည်ဆိုပါက မြန်မာနှင့် တရုတ်အစိုးရအကြား သဘောထား ကွာဟမှုများ ဖြစ်ပေါ်နေသည်ကို တွေ့မြင် နေရသော်လည်း တရုတ်အတွက် မြန်မာပြည်ဟူသည် အကျိုးစီးပွား များစွာ ရှိနေပါသည်။

လမ်းဖောက်ရာမှ ရှေးဟောင်းဆင်းတုတော်များ တွေ့ရှိ

Photo: လမ်းဖောက်ရာမှ ရှေးဟောင်းဆင်းတုတော်များ တွေ့ရှိ

ကလေး၊ ဖေဖော်ဝါရီ ၂၀

မကွေးတိုင်းဒေသကြီး ဆောမြို့နယ် လောင်းရှည်ကျေးရွာတွင် လမ်းဖောက်လုပ်ရာမှ ရှေးဟောင်းဆင်းတု ရုပ်ပွားတော်များ တွေ့ရှိခဲ့ကြောင်း အဆိုပါကျေးရွာ ဒေသခံ များထံမှ သိရှိရသည်။

"လမ်းဖောက်လုပ်တဲ့ နေရာက ရှေးဟောင်းဘုရားတွေ ရှိခဲ့တဲ့နေရာမှာ ဖြစ်နေတော့ ဘုရားဌာပနာ သွင်းခဲ့တဲ့ ဆင်းတုတွေ ပြန်တွေ့တာပါ၊ အားလုံးပေါင်း ၃၀ လောက်တွေ့ရပါတယ်" ဟု ဒေသခံ တစ်ဦးက ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ပြောပြသည်။

လောင်းရှည်ကျေးရွာ၊ မြို့မရပ်ကွက်၊ ယွန်းကျောင်းတိုက်အနီးရှိ ဗူးလမ်းဆုံနှင့် လောင်းရှည်လမ်းပိုင်းရှိ လောင်းရှည်-စေတုတ္တရာနှင့် လောင်းရှည်-ကျင်ဒွေးလမ်း တို့၏ လမ်းဆုံ ဖောက်လုပ်ဆဲ မြေတူးဖော်ရာတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း လမ်းဖောက်လုပ်ရေး တာဝန်ခံက ပြောကြားသည်။

အဆိုပါ ဆင်းတု ရုပ်ပွားတော်များမှာ ဉာဏ်တော်အမြင့် နှစ်လက်မဝန်းကျင်ခန့် ရှိကာ ယွန်းကျောင်းတိုက်တွင် အပူဇော်ခံ ထားရှိမည်ဖြစ်ကြောင်း ယင်းကျောင်းတိုက်မှ ဆရာတော်က မိန့်ကြားသည်။

လောင်းရှည်ကျေးရွာသည် ရှေးဟောင်း ယောဒေသတွင် ပါဝင်သော ကျေးရွာတစ်ခု ဖြစ်ပြီး နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ ယွန်းကျောင်းတိုက် အပါအဝင် နှီးဘုရား၊ ယွန်းဘုရား၊ ရှေးဟောင်းပေစာ၊ သီရိဓမ္မာသောက မင်းကြီး တည်ထားသော သိန်းကျင်း ရွှေတန်ဆာဘုရား စသော လေ့လာဖွယ်ရာ နေရာများတည်ရှိပြီး အိမ်ခြေ ၆၅၅ လုံး၊ အိမ်ထောင်စု ၅၆၀ စု၊ လူဦးရေ ၂၈၈၆ ဦး နေထိုင်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ကလေး၊ ဖေဖော်ဝါရီ ၂၀

မကွေးတိုင်းဒေသကြီး ဆောမြို့နယ် လောင်းရှည်ကျေးရွာတွင် လမ်းဖောက်လုပ်ရာမှ ရှေးဟောင်းဆင်းတု ရုပ်ပွားတော်များ တွေ့ရှိခဲ့ကြောင်း အဆိုပါကျေးရွာ ဒေသခံ များထံမှ သိရှိရသည်။

"လမ်းဖောက်လုပ်တဲ့ နေရာက ရှေးဟောင်းဘုရားတွေ ရှိခဲ့တဲ့နေရာမှာ ဖြစ်နေတော့ ဘုရားဌာပနာ သွင်းခဲ့တဲ့ ဆင်းတုတွေ ပြန်တွေ့တာပါ၊ အားလုံးပေါင်း ၃၀ လောက်တွေ့ရပါတယ်" ဟု ဒေသခံ တစ်ဦးက ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ပြောပြသည်။

လောင်းရှည်ကျေးရွာ၊ မြို့မရပ်ကွက်၊ ယွန်းကျောင်းတိုက်အနီးရှိ ဗူးလမ်းဆုံနှင့် လောင်းရှည်လမ်းပိုင်းရှိ လောင်းရှည်-စေတုတ္တရာနှင့် လောင်းရှည်-ကျင်ဒွေးလမ်း တို့၏ လမ်းဆုံ ဖောက်လုပ်ဆဲ မြေတူးဖော်ရာတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း လမ်းဖောက်လုပ်ရေး တာဝန်ခံက ပြောကြားသည်။

ကျောင်းထိုင်ဆရာတော် ခန့်အပ်မှုနှင့် ပတ်သက်ပြီး သံဃာတော်များ အချေအတင်ဖြစ်


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂

နေပြည်တော်ကောင်စီ နယ်မြေ ဒက္ခိဏသီရိမြို့နယ် ရွှေအင်ကြင်း ရပ်ကွက်ရှိ ရတနာပင် စည်ဘုန်းတော်ကြီး ကျောင်းတွင် ကျောင်းထိုင် ဆရာတော် ခန့်အပ်ထားမှုကို မကျေနပ်၍ အစားထိုး ခန့်အပ်ရန် သံဃာအပါး ၄၀ ကျော်က ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ကျောင်းတိုက် နယ်မြေအတွင်း ဝင်ရောက်လာခဲ့ပြီး အချေအတင် ဖြစ်ပွား ခဲ့ကြောင်း ကျောင်းထိုင် ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။

ရတနာပင် စည်ဘုန်းတော်ကြီးကျောင်းအတွက် ကျောင်းထိုင် ဆရာတော်အဖြစ် ဦးဥတ္တရကို တိုင်းသာသနာရေး ဦးစီးဌာန၊ မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌနှင့် ရပ်ကျေး သံဃနာယက အဖွဲ့တို့က ဇန်နဝါရီလ ၂၅ ရက်နေ့မှစ၍ လုပ်ထုံး လုပ်နည်းနှင့်အညီ အပ်နှံခဲ့သည်ကို မကျေနပ်၍ ပေါက်မြိုင်ကျောင်းတိုက်နှင့် အင်ပုကျောင်းတိုက်မှ သံဃာများ လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း ဒက္ခိဏမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဦးပဏ္ဍိတက မိန့်ကြားသည်။

လက်ရှိတွင် ကျေနပ်မှု မရှိ၍ ဝင်ရောက် လာခဲ့သော သံဃာ ၄၀ ကျော်က သံဃာ ဦးဉာဏဝံသကို ၎င်းတို့၏ သဘောဆန္ဒအရ ကျောင်းထိုင် ဆရာတော် ဦးဥတ္တရနှင့် ယှဉ်တွဲ သီတင်းသုံးရန် ကျောင်းပေါ်တွင် ထားခဲ့ကြောင်း ရွှေအင်ကြင်း ရပ်ကွက်နေ ရပ်မိရပ်ဖ ဦးညွန့်ဝေက ပြောကြားသည်။

အိုဘားမားနှင့် ဒလိုင်းလားမားတို့၏ တွေ့ဆုံမှုနှင့် ပတ်သက်၍ အမေရိကန် သံအမတ်ကို တရုတ်အစိုးရ ဆင့်ခေါ်

Photo: အိုဘားမားနှင့် ဒလိုင်းလားမားတို့၏ တွေ့ဆုံမှုနှင့် ပတ်သက်၍ အမေရိကန် သံအမတ်ကို တရုတ်အစိုးရ ဆင့်ခေါ်

ဘေဂျင်း၊ ဖေဖော်ဝါရီ ၂၂

တိဘက် ခွဲထွက်ရေး လှုပ်ရှားသူ ဘုန်းတော်ကြီး ဒလိုင်းလားမားကို အမေရိကန် သမ္မတ အိုဘားမားက အိမ်ဖြူတော်တွင် တွေ့ဆုံခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကို တရုတ်အစိုးရက ဆင့်ခေါ်၍ ကန့်ကွက်ခဲ့ကြောင်း CAN သတင်းတွင် ဖော်ပြထားသည်။

တရုတ် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကျန်းယီဆွီးက တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ဒန်နီယယ် ခရစ်တန်ဘရစ်ကို သောကြာနေ့က ဆင့်ခေါ် တွေ့ဆုံ၍ ဒလိုင်းလားမားနှင့် အမေရိကန် သမ္မတ အိုဘားမားတို့၏ တွေ့ဆုံမှုကို ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်ဟု တရုတ်အစိုးရ သတင်း မီဒီယာတွင် ဖော်ပြထားသည်။

“တရုတ်နိုင်ငံ အနေနဲ့ အဆိုပါ တွေ့ဆုံမှုကို အလွန်အမင်း စိတ်ဆိုးပြီး ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်းကို ထုတ်ဖော် ပြောကြားခဲ့သည်” ဟု တရုတ် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားကြောင်း ဆင်ဟွာ သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်သမ္မတ အိုဘားမား၏ သောကြာနေ့ အစောပိုင်းက အိမ်ဖြူတော်တွင် တိဘက်ပြည်နယ် ခွဲထွက်ရေး လှုပ်ရှားသူ ဘုန်းတော်ကြီး ဒလိုင်းလားမားနှင့် တွေ့ဆုံခြင်းသည် တရုတ်၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်း ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

တရုတ်အစိုးရသည် တိဘက် ပြည်နယ်ကို တရုတ်နိုင်ငံ၏ ပြည်နယ် တစ်ခုအဖြစ် သတ်မှတ်ပြီး ဘုန်းတော်ကြီး ဒလိုင်းလားမားကိုလည်း တိဘက်ကို တရုတ်နိုင်ငံမှ ခွဲထွက်ရေး လှုပ်ရှားသူအဖြစ် တရုတ်က ယူဆထားသည်။

ယခု လုပ်ရပ်သည် အမေရိကနှင့် တရုတ်တို့၏ ပူးပေါင်း ဆောင်ရွက်မှုများနှင့် ဆက်ဆံရေးကို ဖျက်ဆီးခြင်း ဖြစ်ကြောင်း၊ ယခု လုပ်ရပ်သည် အမေရိက၏ အကျိုးစီးပွားကို ထိခိုက်စေကြောင်း တရုတ် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကျန်းယီဆွီးက ပြောကြားသည်။

တိဘက် ဘုန်းတော်ကြီး ဒလိုင်းလားမားသည် အောင်မြင်မှု မရခဲ့သည့် တရုတ် အစိုးရ၏ အုပ်ချုပ်မှုကို ဆန့်ကျင်သော ဆန္ဒပြမှုအပြီး ၁၉၅၉ ခုနှစ်မှ စတင်၍ အိန္ဒိယတွင် ထွက်ပြေး ခိုလှုံလျက်ရှိသည်။

ဘေဂျင်း၊ ဖေဖော်ဝါရီ ၂၂

တိဘက် ခွဲထွက်ရေး လှုပ်ရှားသူ ဘုန်းတော်ကြီး ဒလိုင်းလားမားကို အမေရိကန် သမ္မတ အိုဘားမားက အိမ်ဖြူတော်တွင် တွေ့ဆုံခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကို တရုတ်အစိုးရက ဆင့်ခေါ်၍ ကန့်ကွက်ခဲ့ကြောင်း CAN သတင်းတွင် ဖော်ပြထားသည်။

တရုတ် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကျန်းယီဆွီးက တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ဒန်နီယယ် ခရစ်တန်ဘရစ်ကို သောကြာနေ့က ဆင့်ခေါ် တွေ့ဆုံ၍ ဒလိုင်းလားမားနှင့် အမေရိကန် သမ္မတ အိုဘားမားတို့၏ တွေ့ဆုံမှုကို ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်ဟု တရုတ်အစိုးရ သတင်း မီဒီယာတွင် ဖော်ပြထားသည်။

“တရုတ်နိုင်ငံ အနေနဲ့ အဆိုပါ တွေ့ဆုံမှုကို အလွန်အမင်း စိတ်ဆိုးပြီး ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်းကို ထုတ်ဖော် ပြောကြားခဲ့သည်” ဟု တရုတ် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားကြောင်း ဆင်ဟွာ သတင်းတွင် ဖော်ပြထားသည်။

ဓားခုတ်မှုဖြင့် တိမ်းရှောင်နေသူကို ဖမ်းဆီးရာမှ ရဲတပ်ကြပ်တစ်ဦး သေဆုံး


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ခရမ်းမြို့နယ် (၂) ရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် ဖေဖော်ဝါရီ ၁၆ရက်နေ့က ဓားခုတ်မှုဖြင့် တိမ်းရှောင်နေသူ အမျိုးသားကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ရာ တုတ်၊ ဓားများဖြင့် ပြန်လည် ခုခံမှုကြောင့် ထိခိုက် ဒဏ်ရာရရှိခဲ့သော ရဲတပ်ကြပ်တစ်ဦးမှာ ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ညပိုင်းက သေဆုံးခဲ့ကြောင်း ခရမ်းမြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

တိမ်းရှောင်သူကို သွားရောက် ဖမ်းဆီးစဉ်က ရဲတပ်ဖွဲ့ဝင် လေးဦးခန့်မှာ ဝိုင်းဝန်း ရိုက်နှက်ခံရကြောင်း၊ ယင်းကဲ့သို အရိုက်ခံရသူ ရဲတပ်ဖွဲ့ဝင်များအနက် ရဲတပ်ကြပ် မောင်မောင်နိုင်မှာ ဦးခေါင်းတွင် ပြတ်ရှ ဒဏ်ရာ၊ ဇက်ပိုးတွင် အရိုက်ခံရသည့် ဒဏ်ရာနှင့် မျက်ခုံးတွင် ပေါက်ပြဲဒဏ်ရာများဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောကုဌာနတွင် ဆေးကုသမှု ခံယူလျက်ရှိရာ ငါးရက်အကြာတွင် သေဆုံးခဲ့ကြောင်း အဆိုပါစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါ ရဲတပ်ကြပ်ကြီးမှာ အသက် ၅၃ နှစ် အရွယ်ရှိပြီး ခရမ်းမြို့မ ရဲစခန်းဝင်းတွင် နေထိုင်ကြောင်း၊ ၎င်းသေဆုံးချိန်တွင် ဇနီးသည်နှင့် သားသမီးနှစ်ဦး ကျန်ရစ်ခဲ့ကြောင်း ခရမ်းမြို့မရဲစခန်း အသိုင်းအဝိုင်းထံမှ သိရှိရသည်။

အမေရိကန်ဒေါ်လာ ၈၅ သန်းရင်းနှီးမြှုပ်နှံမည့် ၃၃ ထပ်အမြင့်ရှိ အဆောက်အအုံ ကိုးလုံးပါ Golden City အဆင့်မြင့်အိမ်ရာစီမံကိန်း စင်ကာပူကုမ္ပဏီက ရန်ကင်းတွင်ဆောက်မည်

Photo: အမေရိကန်ဒေါ်လာ ၈၅ သန်းရင်းနှီးမြှုပ်နှံမည့်  ၃၃ ထပ်အမြင့်ရှိ အဆောက်အအုံ ကိုးလုံးပါ Golden City အဆင့်မြင့်အိမ်ရာစီမံကိန်း စင်ကာပူကုမ္ပဏီက ရန်ကင်းတွင်ဆောက်မည်

ဆောက်လုပ်ရေးကဏ္ဍတစ်ခုထဲတွင် ဒေါ်လာ ၈၅ သန်း ရင်းနှီးမြှုပ်နှံမည့် ၃၃ ထပ်အမြင့်ရှိ အဆောက်အအုံကိုးလုံးပါ Golden City အဆင့်မြင့်အိမ်ရာ စီမံကိန်းအား ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ရန်ကင်းလမ်းမကြီးပေါ်ရှိ CMA ရုံးဟောင်း မြေနေရာတွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး လေးနှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံ Golden Land  အဆင့်မြင့်အိမ်ရာဖွံ့ဖြိုးရေးကုမ္ပဏီမှ သိရသည်။

အိမ်ရာစီမံကိန်းဆောက်လုပ်မှု အခြေအနေများနှင့်ပတ်သက်၍ Golden Land အဆင့်မြင့်အိမ်ရာ ဖွံ့ဖြိုးရေးကုမ္ပဏီမှ ဥက္ကဌ Alex Zhu က“ အခုစီမံကိန်းမှာ အဆောက်အအုံ ကိုးလုံး တည်ဆောက်သွားမှာ ဖြစ်တယ်။ ပထမအဆင့်အနေနဲ့ လူနေသီးသန့် အထပ်မြင့် ၃၃ ထပ်ပါ အဆောက်အအုံလေးလုံးကို  နှစ်နှစ်ခွဲအတွင်း အပြီးတည်ဆောက်သွားမယ်။ ဆောက်လုပ်ရေးစီမံကိန်းတစ်ခုလုံး လေးနှစ်ကျော်ကြာမှာ ဖြစ်တယ်။ အဲ့အတွက်  အမေရိကန်ဒေါ်လာ ၈၅ သန်း ရင်းနှီးမြှုပ်နှံထားတယ်” ဟု ပြောကြားသည်။

အဆင့်မြင့်အိမ်ရာစီမံကိန်းတွင် ပထမတန်းစားအဆင့်ရှိ အဆင့်မြင့်လူနေတိုက်ခန်း၊ ကြယ်ငါးပွင့်အဆင့်ရှိဟိုတယ်၊ Grade A အဆင့်ရှိ စီးပွားရေးရုံးခန်းများ ဖွင့်လှစ်နိုင်မည့်တာဝါ၊ ဈေးဝယ်စင်တာနှင့် အခြားသော အပန်းဖြေနားနေနိုင်သည့် နေရာများလည်း ပါဝင်ကြောင်း သိရသည်။

လူနေတိုက်ခန်းအတွက် အခန်းပေါင်း ၁၂ဝဝ နီးပါး ပါဝင်ပြီး အခန်းပေါင်း ၅ဝဝ အား စတင်ရောင်းချပေးနေကြောင်း တစ်ပေ ပတ်လည်လျှင် အမေရိကန်ဒေါ်လာ ၂၅ဝ မှ ၃ဝဝ အထိ ရှိကြောင်းလည်း သိရသည်။

“၃၃ ထပ်အမြင့်ရှိတဲ့ အဆောက်အအုံ ကိုးလုံး ရှိတယ် အဲ့ဒီကိုးလုံးထဲမှာမှ တစ်လုံးက စီးပွားရေးရုံးခန်းပါဝင်တဲ့ တာဝါတစ်ခု ပါတယ်။ နောက်တစ်ခုကတော့ ဝန်ဆောင်မှုပေးတဲ့ဟာ ဖြစ်တယ်။ နောက်တစ်ခုက ဟိုတယ်ဖြစ်တယ်။ နောက်ထပ်တစ်ခုက ဈေးဝယ်စင်တာဖြစ်တယ်။ နောက်တစ်ခုက နိုင်ငံတကာရဲ့ကုန်အမှတ်တံဆိပ်တွေ ဝယ်ယူရရှိနိုင်တဲ့ ဈေးတန်းလေးရှိမယ်။ အဲ့ဒါကြောင့်မို့လို့ နေထိုင်တဲ့သူအားလုံးက ဘယ်မှမသွားဘဲနဲ့ အကုန်ရနိုင်တယ်။ ဒါပေမဲ့ စီးပွားရေးစင်တာနဲ့ လူတွေနေထိုင်တဲ့ နေရာကတော့ ခွဲထားတယ်။ စီးပွားရေးလုပ်တဲ့သူတွေက  လူတွေနေထိုင်တဲ့နေရာကို သွားလို့မရဘူး” ဟု Golden Land အဆင့်မြင့်အိမ်ရာဖွံ့ဖြိုးရေး ကုမ္ပဏီဥက္ကဌ Alex Zhu က ပြောကြားသည်။

Golden City အဆင့်မြင့်အိမ်ရာ စီမံကိန်း၏ အကျယ်အဝန်း စုစုပေါင်းသည် ၃၃၉၇၇ စတုရန်းမီတာ ရှိကြောင်းသိရသည်။ ယခုလက်ရှိအချိန်တွင် အဆင့်မြင့်တိုက်ခန်းအများစုသည် ကားရပ်နားရန် အခက်အခဲများစွာ ကြုံတွေ့နေရပြီး ယင်းစီမံကိန်းတွင် ကားအစီးရေ ၂ဝဝဝ နီးပါး ရပ်နားနိုင်မည့်  ကားပါကင်ပါရှိကြောင်းလည်း သိရသည်။

အဆိုပါ Golden City အဆင့်မြင့်အိမ်ရာစီမံကိန်းအား Joint Venture စနစ်ဖြင့် စင်ကာပူနိုင်ငံမှ UGP  ကုမ္ပဏီနှင့် Jewellery Luck Group ကုမ္ပဏီတို့က ရင်နှီးမြှုပ်နှံထားကြောင်း သိရသည်။

(Golden City အဆင့်မြင့်အိမ်ရာစီမံကိန်း ပုံစံငယ်အားတွေ့ရစဉ်(ဓာတ်ပုံ - ဆန်းထူးအောင်))
(Golden City အဆင့်မြင့်အိမ်ရာစီမံကိန်း ပုံစံငယ်အားတွေ့ရစဉ်(ဓာတ်ပုံ - ဆန်းထူးအောင်))
ဆောက်လုပ်ရေးကဏ္ဍတစ်ခုထဲတွင် ဒေါ်လာ ၈၅ သန်း ရင်းနှီးမြှုပ်နှံမည့် ၃၃ ထပ်အမြင့်ရှိ အဆောက်အအုံကိုးလုံးပါ Golden City အဆင့်မြင့်အိမ်ရာ စီမံကိန်းအား ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ရန်ကင်းလမ်းမကြီးပေါ်ရှိ CMA ရုံးဟောင်း မြေနေရာတွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး လေးနှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံ Golden Land အဆင့်မြင့်အိမ်ရာဖွံ့ဖြိုးရေးကုမ္ပဏီမှ သိရသည်။

အိမ်ရာစီမံကိန်းဆောက်လုပ်မှု အခြေအနေများနှင့်ပတ်သက်၍ Golden Land အဆင့်မြင့်အိမ်ရာ ဖွံ့ဖြိုးရေးကုမ္ပဏီမှ ဥက္ကဌ Alex Zhu က“ အခုစီမံကိန်းမှာ အဆောက်အအုံ ကိုးလုံး တည်ဆောက်သွားမှာ ဖြစ်တယ်။ ပထမအဆင့်အနေနဲ့ လူနေသီးသန့် အထပ်မြင့် ၃၃ ထပ်ပါ အဆောက်အအုံလေးလုံးကို နှစ်နှစ်ခွဲအတွင်း အပြီးတည်ဆောက်သွားမယ်။ ဆောက်လုပ်ရေးစီမံကိန်းတစ်ခုလုံး လေးနှစ်ကျော်ကြာမှာ ဖြစ်တယ်။ အဲ့အတွက် အမေရိကန်ဒေါ်လာ ၈၅ သန်း ရင်းနှီးမြှုပ်နှံထားတယ်” ဟု ပြောကြားသည်။

ကျန်းမာရေးစောင့်ရှောက်မှုထက် ဘင်္ဂါလီအရေးကိစ္စများကိုသာ ဆောင်ရွက်နေသဖြင့် နယ်စည်းမခြားဆရာဝန်များအဖွဲ့အား ထွက်ခွာသွားရန် စစ်တွေတွင် ထိုင်သပိတ်စတင်

Photo: ကျန်းမာရေးစောင့်ရှောက်မှုထက် ဘင်္ဂါလီအရေးကိစ္စများကိုသာ ဆောင်ရွက်နေသဖြင့် နယ်စည်းမခြားဆရာဝန်များအဖွဲ့အား ထွက်ခွာသွားရန် စစ်တွေတွင် ထိုင်သပိတ်စတင်

နှစ်ဖက်လူ့အဖွဲ့အစည်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ကတိပြုထားသော်လည်း ကျန်းမာရေးစောင့်ရှောက်မှုထက် ဘင်္ဂါလီအရေးကိစ္စများကိုသာ ဆောင်ရွက်နေသောကြောင့် နယ်စည်းမခြားဆရာဝန်အဖွဲ့အား ထွက်ခွာသွားရန် ဖေဖော်ဝါရီ ၂၂ ရက်မှ စတင်ပြီး စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက်ရှိ MSF/AZG ရုံးရှေ့တွင် ဒေသခံ ၂၀ ခန့် က ထိုင်သပိတ် စတင်နေပြီဖြစ်ကြောင်း သိရသည်။

 ဆန္ဒထုတ်ဖော်မှုအား ဖေဖော်ဝါရီ  ၂၂ ရက် မွန်းလွဲ ၁ နာရီမှ စတင်ခဲ့ခြင်းဖြစ်ပြီး ထိုင်သပိတ်ဆန္ဒပြရခြင်းနှင့် ပတ်သက်၍ ဦးဆောင်ပါဝင်သူ ဒေါ်ညိုအေးက “ MSF/AZG ဟာ ကျန်းမာရေးဝန်ကြီးဌာနနဲ့ နှစ်ဖက်စလုံးကို ကျန်းမာရေးစောင့်ရှောက်မှုပေးမယ်လို့ လုပ်ထားတာ။ ဒါပေမဲ့ ဘင်္ဂါလီတွေကိုပဲဘက်လိုက် ဆောင်ရွက်ပေးတယ်။ ဒါကို ခွင့်လွှတ်နိုင်တယ်။ ဒါပေမယ့် ဘင်္ဂါလီတွေကို ရိုဟင်ဂျာဆိုတဲ့ တိုင်းရင်းသားဖြစ်ရေး ဆောင်ရွက်တာ၊ ဘင်္ဂါလီတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်ဆိုပြီး မီဒီယာတွေကို ပြောတာ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရောက်လာရင် မမှန်မကန်ပြောအောင် ဘင်္ဂါလီဒုက္ခသည်စခန်းတွေမှာ သင်ကြားပေးတာ၊ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ တပ်စွဲမှု၊ လှုပ်ရှားမှုတွေကို စောင့်ကြည့်သတင်းပို့တာ၊ ဒုချီးရားတန်းဖြစ်ရပ်မှာလည်း ဘင်္ဂါလီ ၄၀ အပစ်ခံရပြီး ၂၂ ယောက်ကို ဆေးကုပေးတယ်လို့ ကမ္ဘာ့မီဒီယာကို လိမ်ညာသတင်းပို့တာတွေ လုပ်တယ်။ ဒီလိုလုပ်ရပ်တွေကြောင့် နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF/AZG) သာ ရခိုင်ပြည်နယ်ထဲမှာ ဆက်လက်တည်ရှိနေရင် ပဋိပက္ခတွေ ဆက်လက် ဖြစ်ပေါ်လာနိုင်ပြီး နိုင်ငံတော်ရဲ့ပုံရိပ်ကို ကျဆင်းစေတယ်။

နိုင်ငံတော်လုံခြုံရေးကိုလည်း ထိခိုက်စေနိုင်တာကြောင့် ရခိုင်လူ့အဖွဲ့အစည်းက ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ပါတယ်။ “ MSF/AZG  ထွက်သွားဖို့ စီတန်းဆန္ဒပြတယ်။ ဖေဖော်ဝါ ရီ ၁၇ ရက်ကလည်း နိုင်ငံတော်သမ္မတထံကို စာတင်တယ်။ အဲဒီစာကိုလည်း ရုံးတွေကိုရော အိမ်ငှားတဲ့ အိမ်ရှင်တွေဆီကိုရော ပို့ပြီးပြီ။ ဘာမှ မတုံ့ပြန်ဘူး။ အခု ထိုင်သပိတ်အတွက် နှစ်ရက် ခွင့်ပြုချက်ရထားတယ်။ ဒါကိုလည်း ဘာမှတုံ့ပြန်မှုမရှိရင် ကော်မတီဆုံးဖြတ်ချက်အရ ဆက်လက်ဆောင်ရွက်ဖို့ ရှိတယ်”ဟု ပြောကြားသည်။

ယူအင်န်အပါအ၀င် အိုင်အင်န်ဂျီအိုများ ထွက်သွားရန် ရခိုင်ပြည်နယ်တစ်ဝန်းလုံးတွင် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းလည်း သိရပြီး ယနေ့ ဆန္ဒထုတ်ဖော်မှုအား ၀ိုင်းဝန်းအားပေးနေသည့် ဒေသခံ ၂၀၀ ခန့်ရှိပြီး MSF/AZG  ထွက်သွားဟု ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြောင်းလည်း သိရသည်။

“တကယ်တော့ MSF/AZG ဟာ ခွဲခြားဆက်ဆံတာ ဖြစ်တယ်။ ဆင်းရဲတဲ့ တိုင်းရင်းသားတွေဆိုရင် ဘာမှဂရုတစိုက် ဆောင်ရွက်တာ မရှိဘူး။ ၂၀၁၂ မှာလည်း ဘင်္ဂါလီတွေကို သွေးထိုးပေးတယ်။ အခု ဒုချီးရားတန်းကိစ္စမှာလည်း မဟုတ်မမှန်ပြောတယ်။ တိုင်းရင်းသားတွေ ဆေးခန်းပြရင် ဂရုမစိုက်ဘူး။ လျစ်လျူရှုခံရတာ သုံးလေးခါလောက် ကြုံဖူးတယ်။ ဟိုတစ်လောကပဲ ဖားဝပ်ချောင်းရွာက လူနာတစ်ယောက်ကို ဆေးရုံတက်ဖို့ကိစ္စမှာ AZG က တာဝန်မယူလို့ လူမှုကွန်ရက်ကပဲ ကူညီပေးခဲ့ရတယ်။ ဒါကြောင့်လည်း မြို့ခံတွေက မြို့ကထွက်ခွာပေးဖို့ တောင်းဆိုခဲ့ပြီးလည်း ဖြစ်တယ်။AZG  မောင်တောမှာ ရှိနေတာဟာ ကျွန်တော်တို့အတွက် ဘာမှအကျိုးမရှိဘူး။ ဘင်္ဂါလီကိုပဲ ဆေးကုပေးပြီး ထောက်ပံ့ပေးနေတဲ့အဖွဲ့ ဖြစ်တယ်”ဟု မောင်တောလူမှုကွန်ရက်မှ ဦးဦးမောင်က ပြောကြားသည်။

(ဖေဖော်ဝါရီ ၂၂ ရက်တွင် စစ်တွေမြို့ ကျောင်းတက်လမ်း ရပ်ကွက်ရှိ MSF/AZG ရုံးရှေ့တွင် ဒေသခံများက ဆန္ဒပြနေကြစဉ်)
(ဖေဖော်ဝါရီ ၂၂ ရက်တွင် စစ်တွေမြို့ ကျောင်းတက်လမ်း ရပ်ကွက်ရှိ MSF/AZG ရုံးရှေ့တွင် ဒေသခံများက ဆန္ဒပြနေကြစဉ်)
နှစ်ဖက်လူ့အဖွဲ့အစည်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ကတိပြုထားသော်လည်း ကျန်းမာရေးစောင့်ရှောက်မှုထက် ဘင်္ဂါလီအရေးကိစ္စများကိုသာ ဆောင်ရွက်နေသောကြောင့် နယ်စည်းမခြားဆရာဝန်အဖွဲ့အား ထွက်ခွာသွားရန် ဖေဖော်ဝါရီ ၂၂ ရက်မှ စတင်ပြီး စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက်ရှိ MSF/AZG ရုံးရှေ့တွင် ဒေသခံ ၂၀ ခန့် က ထိုင်သပိတ် စတင်နေပြီဖြစ်ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်မှုအား ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲ ၁ နာရီမှ စတင်ခဲ့ခြင်းဖြစ်ပြီး ထိုင်သပိတ်ဆန္ဒပြရခြင်းနှင့် ပတ်သက်၍ ဦးဆောင်ပါဝင်သူ ဒေါ်ညိုအေးက “ MSF/AZG ဟာ ကျန်းမာရေးဝန်ကြီးဌာနနဲ့ နှစ်ဖက်စလုံးကို ကျန်းမာရေးစောင့်ရှောက်မှုပေးမယ်လို့ လုပ်ထားတာ။ ဒါပေမဲ့ ဘင်္ဂါလီတွေကိုပဲဘက်လိုက် ဆောင်ရွက်ပေးတယ်။ ဒါကို ခွင့်လွှတ်နိုင်တယ်။ ဒါပေမယ့် ဘင်္ဂါလီတွေကို ရိုဟင်ဂျာဆိုတဲ့ တိုင်းရင်းသားဖြစ်ရေး ဆောင်ရွက်တာ၊ ဘင်္ဂါလီတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်ဆိုပြီး မီဒီယာတွေကို ပြောတာ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရောက်လာရင် မမှန်မကန်ပြောအောင် ဘင်္ဂါလီဒုက္ခသည်စခန်းတွေမှာ သင်ကြားပေးတာ၊ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ တပ်စွဲမှု၊ လှုပ်ရှားမှုတွေကို စောင့်ကြည့်သတင်းပို့တာ၊ ဒုချီးရားတန်းဖြစ်ရပ်မှာလည်း ဘင်္ဂါလီ ၄၀ အပစ်ခံရပြီး ၂၂ ယောက်ကို ဆေးကုပေးတယ်လို့ ကမ္ဘာ့မီဒီယာကို လိမ်ညာသတင်းပို့တာတွေ လုပ်တယ်။ ဒီလိုလုပ်ရပ်တွေကြောင့် နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF/AZG) သာ ရခိုင်ပြည်နယ်ထဲမှာ ဆက်လက်တည်ရှိနေရင် ပဋိပက္ခတွေ ဆက်လက် ဖြစ်ပေါ်လာနိုင်ပြီး နိုင်ငံတော်ရဲ့ပုံရိပ်ကို ကျဆင်းစေတယ်။

မြို့ပတ်ရထားလမ်းစနစ်နှင့် ဟိုင်းဝေးရထားလမ်းစနစ် ရောထွေးမောင်းနှင်မှု ရှိနေသည့် ရန်ကုန်မြို့ ရထားလမ်းစနစ်ကို အမြန်ဆုံးပြင်ဆင်ရန် JICA စီစဉ်နေ

Photo: မြို့ပတ်ရထားလမ်းစနစ်နှင့် ဟိုင်းဝေးရထားလမ်းစနစ် ရောထွေးမောင်းနှင်မှု ရှိနေသည့် ရန်ကုန်မြို့ ရထားလမ်းစနစ်ကို အမြန်ဆုံးပြင်ဆင်ရန်  JICA စီစဉ်နေ

မြို့ပတ်ရထားလမ်းစနစ်နှင့် ဟိုင်းဝေးရထားလမ်းစနစ် ရောထွေမောင်းနှင်နေရသည့် ရန်ကုန်ရထားလမ်းပိုင်းစနစ်ကို အမြန်ဆုံးပြင်ဆင်ရန် JICA (Japan Intern-ational  Cooperation Agency) က စီစဉ်လျက်ရှိကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ သိရသည်။

ယင်းသို့ ပြုပြင်မည့် လမ်းကြောင်းမှာ ရန်ကုန်ဘူတာကြီးနှင့် ပုဇွန်တောင်ဘူတာတွင် ဆုံမှတ်အဖြစ် ရောက်ရှိနေသည့် ရန်ကုန်မြို့ပတ်နှင့် ဟိုင်းဝေးရထားခရီးစဉ် ရထားလမ်းကြောင်းများကြောင့် ယာဉ်ကြောကျပ်တည်းမှုကို ဖြစ်ပေါ်စေကြောင်း JICA အဖွဲ့၏ အဆိုပြုထားချက်များအရ သိရသည်။

“မလွှကုန်းဘူတာပေါ့။ အဲဒီနားမှာ သွားဆုံနေတာ။ မြို့ပတ်က ၇၊ ၈၊ ၉ လမ်းကြောင်းအတိုင်းသွားရင် ဟိုင်းဝေးက ၄၊ ၅၊ ၆ လမ်းကြောင်းအတိုင်း မောင်းနေရတယ်။  အဲဒါကြောင့် ယာဉ်ကြောက ကျပ်တည်းလို့သိရတယ်။ အဲဒီအတွက် အခု JICAအဖွဲ့က လုပ်မယ့်  “မဟာရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး စီမံကိန်း”  YUTRA Report တွင် အမြန်ဆုံးလုပ်ဆောင်မယ့် စီမံကိန်းနှစ်ခုတည်းက တစ်ခုအဖြစ် သတ်မှတ်ထားတယ်”ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန လက်ထောက်အထွေထွေမန်နေဂျာ ဦးကျော်ကျော်မျိုးက ပြောကြားသည်။

JICA အဖွဲ့က အမြန်ဆုံးလုပ်ဆောင်ရန် စီစဉ်ထားသော လုပ်ငန်းနှစ်ခုအတွင်း ပါရှိသောရထားဘူတာဂိတ် နည်းပညာအဆင့်မြှင့်တင်မှုကိုလည်း ယခုနှစ်ပိုင်းအတွင်း လုပ်ဆောင်နိုင်ရန် စီစဉ်ထားရှိကြောင်း သိရသည်။ လက်ရှိတွင် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းစနစ်ကို အရှိန်မြှင့်ပြေးဆွဲနိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်နေသည့်အပြင် ရထားတွဲများကိုလည်း ပြင်ဆင်အစားထိုးမှုများ ပြုလုပ်နေကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ သိရသည်။

ယင်းအပြင် ဂျပန်နိုင်ငံနှင့် ပူးပေါင်းကာ ရန်ကုန်-ပဲခူးလမ်ပိုင်းရှိ ကီလိုမီတာ ၂၀ ခန့်ကိုလည်း ပြင်ဆင်နေပြီး လာမည့်နှစ်နှစ်အတွင်း ပြီးစီးရန်မျှော်မှန်းထားကြောင်း၊ ရန်ကုန် -မန္တလေးရထားလမ်းပိုင်းမှာမှု လေ့လာနေဆဲဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီိးဌာနမှ သိရသည်။

ရထားပို့ဆောင်ရေးလက်အောက်ရှိ ကဏ္ဍအမျိုးမျိုးကို ပြုပြင်ပြောင်းလဲမှုများကို မကြာမီနှစ်များမှ စတင်ကာ အကောင်အထည်ဖော် လုပ်ဆောင်နေပြီး လက်ရှိတွင် ရန်ကုန်-မန္တလေးရထားလမ်း၊ ရန်ကုန်ဘူတာကြီး၊ ရထားမြို့ပတ် ရထားလမ်းစနစ်အစရှိသည်တို့ကို ပြည်တွင်းပုဂ္ဂလိကသို့ လွှဲပြောင်းပေးခြင်းအပြင် ပြည်ပကုမ္ပဏီများသို့ပါ လုပ်ကိုင်ခွင့်ပေးနိုင်ရန် စီစဉ်ထားရှိကြောင်း သိရသည်။

(မြို့ပတ်ရထားလမ်းစနစ်နှင့် ဟိုင်းဝေးရထားလမ်းစနစ် ရောထွေမောင်းနှင်နေရသည့် ရန်ကုန်ဘူတာကြီးအား ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရဲကို))

မြို့ပတ်ရထားလမ်းစနစ်နှင့် ဟိုင်းဝေးရထားလမ်းစနစ် ရောထွေမောင်းနှင်နေရသည့် ရန်ကုန်ရထားလမ်းပိုင်းစနစ်ကို အမြန်ဆုံးပြင်ဆင်ရန် JICA (Japan Intern-ational Cooperation Agency) က စီစဉ်လျက်ရှိကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ သိရသည်။

ယင်းသို့ ပြုပြင်မည့် လမ်းကြောင်းမှာ ရန်ကုန်ဘူတာကြီးနှင့် ပုဇွန်တောင်ဘူတာတွင် ဆုံမှတ်အဖြစ် ရောက်ရှိနေသည့် ရန်ကုန်မြို့ပတ်နှင့် ဟိုင်းဝေးရထားခရီးစဉ် ရထားလမ်းကြောင်းများကြောင့် ယာဉ်ကြောကျပ်တည်းမှုကို ဖြစ်ပေါ်စေကြောင်း JICA အဖွဲ့၏ အဆိုပြုထားချက်များအရ သိရသည်။

“မလွှကုန်းဘူတာပေါ့။ အဲဒီနားမှာ သွားဆုံနေတာ။ မြို့ပတ်က ၇၊ ၈၊ ၉ လမ်းကြောင်းအတိုင်းသွားရင် ဟိုင်းဝေးက ၄၊ ၅၊ ၆ လမ်းကြောင်းအတိုင်း မောင်းနေရတယ်။ အဲဒါကြောင့် ယာဉ်ကြောက ကျပ်တည်းလို့သိရတယ်။ အဲဒီအတွက် အခု JICAအဖွဲ့က လုပ်မယ့် “မဟာရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး စီမံကိန်း” YUTRA Report တွင် အမြန်ဆုံးလုပ်ဆောင်မယ့် စီမံကိန်းနှစ်ခုတည်းက တစ်ခုအဖြစ် သတ်မှတ်ထားတယ်”ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန လက်ထောက်အထွေထွေမန်နေဂျာ ဦးကျော်ကျော်မျိုးက ပြောကြားသည်။

ပြည်သူ့အသံနားထောင်ရန် နိုင်ငံတော်သမ္မတက ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ

Photo: ပြည်သူ့အသံနားထောင်ရန် နိုင်ငံတော်သမ္မတက ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ

လူထု၏အသံကိုနားထောင်ရန်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံ၌ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် ဖေဖော်ဝါရီ ၂၂ ရက်က ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ လွှတ်တော်အဆောက်အအုံတွင် တွေ့ဆုံခဲ့သည်။
    
'နိုင်ငံတော်သမ္မတနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများမှ လုပ်ငန်းဆောင်ရွက်သူများ၊ စီးပွားရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များတွေ့ဆုံပွဲ'ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ထိပ်တန်းလုပ်ငန်းရှင်ကြီးများ အားလုံးနီးပါး တက်ရောက်ခဲ့ကြသည်။
    
တွေ့ဆုံပွဲသို့ ဦးတေဇ၊ ဦးချစ်ခိုင်၊ ဦးအိုက်ထွန်း၊ ဦးနေအောင်၊ ဦးထွန်းမြင့်နိုင်၊ ဦးသိမ်းဝေခေါ် Mr.Serg Pen၊ ဦးကိုကိုထွေး၊ ဦးကျော်ဝင်း၊ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်း၊ ဦးရန်ဝင်း၊ ဦးဇော်ဝင်းရှိန်၊ ဦးမောင်ဝိတ်၊ ဦးသာဌေး၊ ဦးမြတ်သင်းအောင်၊ ဦးဌေးမြင့်၊ ဦးသိန်းထွန်း၊ ဦးခင်မောင်အေးတို့အပါအ၀င် ထိပ်တန်းလုပ်ငန်းရှင်များစွာ တက်ရောက်ခဲ့ကြသည်။
    
အဆိုပါ ထိပ်တန်းလုပ်ငန်းရှင်များထဲတွင် အများစုမှာ နိုင်ငံ၏ စီးပွားရေးကဏ္ဍအရပ်ရပ်၊ စီးပွားရေးနယ်ပယ်အရပ်ရပ်တွင် လုပ်ကိုင်ခွင့်ရရှိထားပြီး စီးပွားရေးကို ချုပ်ကိုင်ထားနိုင်စွမ်းရှိသူများလည်း ဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ နိုင်ငံတော်သမ္မတရုံးဝန်ကြီးများဖြစ်သည့် ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးတင်နိုင်သိန်းတို့အပါအ၀င် စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၊ ဆောက်လုပ်ရေးဝန်ကြီး ဦးကျော်လွင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဦးဝင်းထွန်း၊ ပို့ဆောင်ရေးဝန်ကြီး ဦးဥာဏ်ထွန်းအောင်၊ အခြားသောဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ၀န်ကြီးချုပ်ဦးမြင့်ဆွေနှင့် တာဝန်ရှိသူများ၊ နိုင်ငံတော်သမ္မတ၏ အမျိုးသားလူမှု စီးပွားအကြံပေးကောင်စီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက အဖွင့်မိန့်ခွန်းပြောကြားရာတွင် 'ဒီနေ့အခမ်းအနားကို တက်ရောက်လာတဲ့ ရည်ရွယ်ချက်ကတော့ လက်တွေ့နယ်ပယ်မှာ
စီးပွားရေးလုပ်ကိုင်နေကြတဲ့ စီးပွားရေးလုပ်ငန်းရှင်များနဲ့ စီးပွားရေးလုပ်ငန်းများရဲ့ စိန်ခေါ်မှုများ၊ အခြေအနေများကို လာရောက်နားထောင်လေ့လာဖို့ပဲ ဖြစ်ပါတယ်။ ဒါမှသာ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အဓိကနေရာကနေ ထမ်းဆောင်နေရတဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများရဲ့ အခက်အခဲများနဲ့ လိုလားချက်များကို နိုင်ငံရေးအရ ဦးဆောင်မှုပေးနိုင်မှာလည်း ဖြစ်ပါတယ်"ဟု ထည့်သွင်းပြောကြားခဲ့သည်။
    
ယင်းအပြင် နိုင်ငံတော်သမ္မတက နိုင်ငံ၏ စီးပွားရေးမှာ ယနေ့အထိတည်ငြိမ်မှု မရှိသေးသည့်အပေါ် 'မြန်မာနိုင်ငံသမိုင်းကို ပြန်ပြောင်းကြည့်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံအနေနဲ့ ပုံစံတကျရှိတဲ့ အမျိုးသားအကျိုး စီးပွားရေးတစ်ရပ်ကို ပိုင်ဆိုင်နိုင်ခြင်းမရှိသေးတာကို တွေ့ကြရမှာဖြစ်ပါတယ်။ အထူးသဖြင့် လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာ ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံရေးစနစ်မျိုးစုံက ရွေးချယ်အကောင်အထည်ဖော်ခဲ့တဲ့ အမျိုးသားစီးပွားပုံစံချမှု ဖြစ်စဉ်တွေကိုကြည့်ရင် နိုင်ငံအတွက် စီးပွားရေးအောင်မြင်မှုနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ပေးနိုင်ခဲ့ခြင်း မရှိတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်"ဟု ၀န်ခံပြောကြားခဲ့သည်။
    
ဆက်လက်၍ နိုင်ငံတော်သမ္မတက"နိုင်ငံ့စီးပွားရေးရဲ့ ၉၀ ရာခိုင်နှုန်းရှိတဲ့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှသာ တိုင်းပြည်ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှာဖြစ်တဲ့အတွက် ကျွန်တော်တို့အစိုးရလက်ထက်မှာ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို အခြေခံကစပြီး ပြုပြင်ပြောင်းလဲနိုင်ဖို့ အာရုံစိုက်လုပ်ဆောင်ခဲ့ပါတယ်။ အဓိကကျတဲ့ ပြုပြင်ပြောင်းလဲမှုတချို့ကတော့ နိုင်ငံ့စီးပွားရေးအတွက် အရေးအကြီးဆုံးဖြစ်တဲ့ တည်ငြိမ်တဲ့ နိုင်ငံခြားငွေလဲလှယ်မှုနှုန်း စနစ်တစ်ရပ်ကို ဈေးကွက်စီးပွားရေးစနစ်နဲ့ လိုက်လျောညီထွေဖြစ်မယ့် ဘဏ်လုပ်ငန်းစနစ်များ၊ သီးခြားလွတ်လပ်တဲ့ ဗဟိုဘဏ်စနစ်ကို စတင်ပြောင်းလဲခဲ့ခြင်းဖြင့် တခြားသောငွေကြေး မူဝါဒများ၊ ဘဏ္ဍာရေးဆိုင်ရာမူဝါဒများကို ပြောင်းလဲကျင့်သုံးခဲ့ခြင်းပဲ ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။
    
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ကိုယ်စားလှယ်များ၊ စီးပွားရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ စုစုပေါင်း ၂၀၀ ကျော်တက်ရောက်ပြီး အခက်အခဲများအား နိုင်ငံတော်သမ္မတထံ တင်ပြခဲ့ကြသည်။
    
ဆွေးနွေးတင်ပြရာတွင် စက်မှုလုပ်ငန်းရှင်များ၊ အသေးစားအလတ်စားလုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် လျှပ်စစ်၊ ငွေကြေးအရင်းအနှီးနှင့် အခွန်အခအခက်အခဲများ၊ မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍလုပ်ငန်းရှင်များ ငွေကြေးအရင်းအနှီးလိုအပ်ချက်၊ မြန်မာ့ဆန်စပါးကဏ္ဍတွင် လက်ရှိဖြစ်ပေါ်နေသော လိုအပ်ချက်များ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အထပ်မြင့်မဆောက်ရသည့် ပြဿနာ၊ အထည်ချုပ်လုပ်ငန်းတွင် နည်းပညာပါသည့် လုပ်သားအခြေပြု၍ ကျော်ဖြတ်နေရပုံ၊ ငါးလုပ်ငန်းနှင့် မွေးမြူရေးကဏ္ဍတွင် အစာကုန်ကြမ်း ဈေးမြင့်တက်မှုကြောင့် အခက်အခဲကြုံတွေ့ရမှုနှင့် အစာတင်သွင်းမှုအပေါ် အခွန်ကင်းလွတ်ခွင့်ပေးရန်၊ ကျောက်မျက်လုပ်ငန်းရှင်များကို အခွန်လျှော့ပေါ့ပေးရန်နှင့် ကျောက်မျက်ကဏ္ဍအတွက် နိုင်ငံတော်၏မူဝါဒကို ပြတ်ပြတ်သားသားချပြရန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများကို ဖြည်းဖြည်းမှန်မှန် လုပ်ဆောင်ရန် စသည်ဖြင့်ကဏ္ဍစုံမှ အခက်အခဲများကို တင်ပြခဲ့ကြခြင်းဖြစ်သည်။
    
ကျောက်မျက်ကဏ္ဍနှင့်ပတ်သက်၍ ဦးတေဇက ပြောကြားရာတွင် ကျောက်မျက်လုပ်ငန်းရှင်များအသင်းသည် နယ်ပယ်စုံတွင် လုပ်ကိုင်ခွင့်ရထားသည့် စီးပွားရေးလုပ်ငန်းရှင်များ စုပေါင်းထားသည့် အသင်းဖြစ်ကြောင်း၊ အခွန်လျှော့ပေါ့ပေးရန်လိုကြောင်း၊ ကျောက်မျက်နှင့်ပတ်သက်သည့် နိုင်ငံတော်၏မူဝါဒများကို ပြတ်ပြတ်သားသား သိလိုကြောင်း နိုင်ငံတော်သမ္မတအပါအ၀င် တက်ရောက်လာသည့် တာဝန်ရှိသူများသို့ ပြောကြားခဲ့သည်။
    
ဦးတေဇက "မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းပေါင်းစုံကို ဦးဆောင်နေကြတဲ့ ကုမ္ပဏီပေါင်း ၅၃၃ ခုရှိတဲ့ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းကိုယ်စား ကျွန်တော့်အနေနဲ့ တင်ပြပါမယ်။ ကျွန်တော်တို့အသင်းဟာဆိုရင် မြန်မာနိုင်ငံမှာရှိကြသော စီးပွားရေးကဏ္ဍပေါင်းစုံမှာ တော်တော်များများ နေရာယူထားတဲ့ လုပ်ငန်းရှင်များပါဝင်တဲ့ အသင်းဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။
    
အခွန်ပေးဆောင်ရမှုများသည့်အတွက်လည်း လုပ်ငန်းရှင်များ ခက်ခဲသည့်အပေါ် ဦးတေဇက "ကျွန်တော့်အနေနဲ့ အကြံပြုတင်ပြလိုတာကတော့ နံပါတ်တစ်အချက်အနေနဲ့ နိုင်ငံတော်သမ္မတကြီး ပြောသွားတဲ့အတိုင်းပါပဲ။ အသွင်ကူးပြောင်းမှုနဲ့အတူ နိုင်ငံတော်တည်ငြိမ်ရန်ဆိုတဲ့ကိစ္စ ဦးစားပေးစဉ်းစားပြီးတော့ Mine Frame Area တွေကို တည်ငြိမ်ဖို့အတွက် သေသေချာချာလေးစဉ်းစားပြီး ကိုင်တွယ်ပေးပါလို့ ပြောကြားလိုပါတယ်။ ထို့အတူပဲ ကျွန်တော်တို့အများကြုံတွေ့နေရတာကတော့ Value Added ခေါ်တဲ့ ပေါင်းတဲ့အချိန်ကျရင် Tax ကိစ္စတွေ ရှိပါတယ်။ အခွန်ကိစ္စတွေက ကုန်ကြမ်းနဲ့ထုတ်ရင်တောင်မှ ကိုယ်ပိုင်လုပ်ကွက်ဆိုရင် ၁၀ ရာခိုင်နှုန်း၊ အချောထည်ဆိုရင် ၃၃ ရာခိုင်နှုန်းလောက်ပေးနေရတဲ့ ကိစ္စတွေကျတော့ ကျွန်တော်တို့လုပ်ငန်းရှင်တွေအတွက် စိတ်ကလုပ်ချင်သော်လည်း လက်တွေ့လုပ်ဖို့ အခက်အခဲရှိကြောင်း ပြောကြားလိုပါတယ်။
    
ဆက်လက်၍ ဦးတေဇက "ကျွန်တော်တို့ပေါ်လစီပိုင်းကို ပြတ်ပြတ်သားသား သိချင်ပါတယ်။ နိုင်ငံတော်ရဲ့ Plan ကိုလည်း လုပ်ငန်းရှင်များကို ပြတ်ပြတ်သားသား ဖြန့်ချပေးတာကို ကျွန်တော်တို့ခံယူချင်ပါတယ်။ ပူးပေါင်းပြီးတော့လည်း ကျွန်တော်တို့ ဒီ Plan များကိုဆွဲဖို့ အဆင်သင့်ရှိပါတယ်"ဟု ပြောကြားခဲ့သည်။
    
စီးပွားရေးအသင်းအဖွဲ့များ၏ ကိုယ်စားလှယ်များက သက်ဆိုင်ရာကဏ္ဍအလိုက် အခက်အခဲများကို တင်ပြရာတွင် ကဏ္ဍ၊ နယ်ပယ်တစ်ခုစီအတွက် အချိန်ငါးမိနစ်သာ ကန့်သတ်ထားရာ ကဏ္ဍအများစုမှာ အခက်အခဲအစုံကို တင်ပြခွင့်မရခဲ့ဘဲ အနှစ်ချုပ်အနေဖြင့်သာ အကျဉ်းချုံးတင်ပြခဲ့ရကြောင်းလည်း သိရသည်။

(သမ္မတနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း ဆောင်ရွက်သူများ၊ စီးပွားရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တွေ့ဆုံပွဲအပြီးတွင် သမ္မတက တက်ရောက်လာသူများကို တွေ့ဆုံနှုတ်ဆက်စဉ်၊  ဦးတေဇ (Htoo Group of Companies))

(သမ္မတနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း ဆောင်ရွက်သူများ၊ စီးပွားရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တွေ့ဆုံပွဲအပြီးတွင် သမ္မတက တက်ရောက်လာသူများကို တွေ့ဆုံနှုတ်ဆက်စဉ်၊ ဦးတေဇ (Htoo Group of Companies))

လူထု၏အသံကိုနားထောင်ရန်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံ၌ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် ဖေဖော်ဝါရီ ၂၂ ရက်က ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ လွှတ်တော်အဆောက်အအုံတွင် တွေ့ဆုံခဲ့သည်။

'နိုင်ငံတော်သမ္မတနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများမှ လုပ်ငန်းဆောင်ရွက်သူများ၊ စီးပွားရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များတွေ့ဆုံပွဲ'ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ထိပ်တန်းလုပ်ငန်းရှင်ကြီးများ အားလုံးနီးပါး တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ဦးတေဇ၊ ဦးချစ်ခိုင်၊ ဦးအိုက်ထွန်း၊ ဦးနေအောင်၊ ဦးထွန်းမြင့်နိုင်၊ ဦးသိမ်းဝေခေါ် Mr.Serg Pen၊ ဦးကိုကိုထွေး၊ ဦးကျော်ဝင်း၊ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်း၊ ဦးရန်ဝင်း၊ ဦးဇော်ဝင်းရှိန်၊ ဦးမောင်ဝိတ်၊ ဦးသာဌေး၊ ဦးမြတ်သင်းအောင်၊ ဦးဌေးမြင့်၊ ဦးသိန်းထွန်း၊ ဦးခင်မောင်အေးတို့အပါအ၀င် ထိပ်တန်းလုပ်ငန်းရှင်များစွာ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ထိပ်တန်းလုပ်ငန်းရှင်များထဲတွင် အများစုမှာ နိုင်ငံ၏ စီးပွားရေးကဏ္ဍအရပ်ရပ်၊ စီးပွားရေးနယ်ပယ်အရပ်ရပ်တွင် လုပ်ကိုင်ခွင့်ရရှိထားပြီး စီးပွားရေးကို ချုပ်ကိုင်ထားနိုင်စွမ်းရှိသူများလည်း ဖြစ်သည်။
Related Posts Plugin for WordPress, Blogger...

ShareThis