menu

Sunday 10 November 2013

ဘင်္ဂလာဒေခ်ျ့ အတိုက်အခံ ပါတီ၏ ၈၄ နာရီကြာ အထွေထွေ သပိတ် စတင်


ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အတိုက်အခံ ပါတီ ဘီအန်ပီ (Bangladesh National Party) ၏ ၈၄ နာရီကြာ အထွေထွေ သပိတ်ကို ယနေ့ နံနက် ၆  နာရီက စတင်လိုက်ပြီ ဖြစ်သည်။

၁၄ ပါတီဖြင့် စုပေါင်းထားသော မဟာမိတ် အတိုက်အခံတို့၏ ၈၄ နာရီကြာ သပိတ်ကြောင့် ဘင်္ဂလာဒေခ်ျ့ တစ်နိုင်ငံလုံး ကား၊ သင်္ဘော၊ ရထား အသွားအလာများ ရပ်ဆိုင်းသွားပြီး ကျောင်းများ၊ စီးပွားရေး လုပ်ငန်းများ၊ ဈေးဆိုင်များ အားလုံးကိုလည်း ပိတ်ထားလိုက်ရပြီ ဖြစ်သည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် လာမည့် အထွေထွေ ရွှေးကောက်ပွဲ ကျင်းပရေးနှင့် ပတ်သက်ပြီး လက်ရှိ အစိုးရနှင့် အတိုက်အခံ ဘီအန်ပီ ပါတီတို့ အကြား အကြီးအကျယ် သဘောထားကွဲလွဲနေရာ အတိုက်အခံ ပါတီ ဘီအန်ပီမှ အစိုးရ အစီအစဉ်ကို ကန့်ကွက် ဆန့်ကျင်သည့် အနေဖြင့် ၈၄ နာရီကြာ အထွေထွေ သပိတ်ကို ခေါ်ယူလိုက်ခြင်း ဖြစ်သည်။

ထိုအတောအတွင်း လက်ရှိ အစိုးရမှ အတိုက်အခံ ဘီအန်ပီပါတီမှ ထိပ်တန်း ခေါင်းဆောင် (၅) ကို ဖမ်းဆီး ထိန်းသိမ်းလိုက်သဖြင့် အခြေအနေမှာ အထူးတင်းမာသွားခဲ့သည်ဟု ဆိုသည်။

ကိုယ်က ငြင်းစရာ ရှိရင်လည်း ပွင့်ပွင့်လင်းလင်း ငြင်းရဲမှ အဆင်ပြေမယ် ဆိုတဲ့ မေသက်ခိုင်

ကိုယ်က ငြင်းစရာ ရှိရင်လည်း ပွင့်ပွင့်လင်းလင်း ငြင်းရဲမှ အဆင်ပြေမယ် ဆိုတဲ့ မေသက်ခိုင်ကိုယ်က တစ်ဖက်သတ် တစ်ခါ မှမချစ်ဖူးဘူး။ ချစ်တဲ့ လူတော့ ရှိတာပေါ့။ ချစ်တဲ့ လူရှိတယ် ဆိုတာ ဒါက အနုပညာ သမားမှ မဟုတ်ဘူး။ အပြင် မိန်းကလေး တစ်ယောက်ဆိုလို့ ရှိရင်လည်း မိန်းကလေးဖြစ်ပြီ ဆိုကြိုက် တဲ့လူရှိတယ်။ ကြိုက်တဲ့ လူထဲမှာ လည်း ကိုယ်ကပြန်ကြိုက်နိုင်တဲ့ လူရှိ သလိုပြန် မကြိုက်နိုင်တဲ့ လူဆိုတာလည်း ရှိတယ်။ ဒါကမိန်းကလေး တိုင်းရှိ ကြပါတယ်။ လူတွေကလေ အမုန်း ခံရမှ ဒုက္ခမဟုတ်ဘူး။

အချစ်ခံရရင် လည်း အချစ်ခံရတဲ့ ဒုက္ခရှိတယ်။ ကိုယ် ပြန်မကြိုက်နိုင်တဲ့ လူကြီးက ကိုယ့်ကို တစ်ချိန်လုံး လာကြိုက်နေ တယ်ဆိုရင်တော့ သူလည်း စိတ် ကျဉ်းကျပ်မှာပေါ့။ သူလည်းလွတ် လွတ်လပ်လပ် မနေရဘူး။ ဒါပေမဲ့ တစ်ခုရှိတာက အချစ်ခံရတဲ့ ဒုက္ခ ဆိုတာလေ သမီးရည်းစားကိုမှပြောတာ မဟုတ်ဘူး။ မိဘတွေ၊ နောက် ကိုယ့်အိမ်မှာ အတူတူနေတဲ့ အဘွား တို့၊ အဒေါ်တို့ ချစ်တဲ့အချစ်လည်း တစ်ခါတလေကျရင် သူတို့ကတော့ ချစ်တယ်။ ဒါပေမဲ့ကိုယ့်ဘက်ကစိတ် ကျဉ်းကျပ်တာမျိုးရှိ တယ်လေ။

ဆီးဂိမ်းဖွင့်ပွဲသီချင်း ဖြူဖြူကျော်သိန်း ဆိုမယ်

“...နိုင်ငံတော် သီချင်းရဲ့ တီးလုံးနဲ့ Arrangement လုပ်ထားတာ လေးတွေပါသလို ဗိုလ်ချုပ် အောင်ဆန်းရဲ့ မိန့်ခွန်းလည်း ပါတယ်။...သန်းပေါင်း များစွာသော မြန်မာ ပြည်သူလူထု ပရိသတ်တွေ ကြိုက်နှစ်သက် ကြတဲ့ သီချင်းလေးဖြစ်လို့ Sea Games ဖွင့်ပွဲမှာ သီဆိုခွင့်ရတာ...”  
 

 


၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ ဖွင့်ပွဲ သီချင်းကို ဖြူဖြူကျော်သိန်း သီဆိုမယ်

မြန်မာနိုင်ငံက အိမ်ရှင်အနေနဲ့ လက်ခံကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲနေ့မှာ အဆိုတော် ဖြူဖြူကျော်သိန်းက မိုးယံလွင့်ပျံ လက်ခုပ်သံ ဆိုတဲ့ ပရိသတ်ကြိုက် လှုံ့ဆော်ရေး သီချင်း သီဆိုပြီး မြန်မာ ပရိသတ်တွေ ကိုယ်စား မြန်မာ အားကစားတွေကို အားပေး ဂုဏ်ပြုမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက အိမ်ရှင်အနေနဲ့ လက်ခံ ကျင်းပခွင့် ရပြီး မြန်မာနိုင်ငံ အနှံ့အပြားမှာ ရှိတဲ့ သန်းပေါင်း များစွာသော ပရိသတ်တွေ သောင်းသောင်း ဖြဖြ အားပေးကြမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲနေ့မှာ သီဆိုခွင့် ရတဲ့အတွက် ဘယ်လိုခံစား ရလဲဆိုတာကိုတော့

ဖိလစ်ပိုင်တွင် အင်အားအပြင်းဆုံး တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူ တစ်သောင်းဝန်းကျင်ရှိလာ

ဖိလစ်ပိုင်တွင် အင်အားအပြင်းဆုံး တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူ တစ်သောင်းဝန်းကျင်ရှိလာ

နိုဝင်ဘာ ၁၀။

နိုဝင်ဘာလ ၉ရက်က ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းကို တစ်နာရီ မိုင်၂၅၀ကျော်နှုန်းဖြင့် ၀င်ရောက်တိုက်ခတ်ခဲ့သော ဟိုင်ယန် တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူပေါင်း တစ်သောင်းဝန်းကျင် အထိရှိပြီး ပျောက်ဆုံးသူပေါင်း ထောင်နှင့်ချီနေသည်ဟု အာဏာပိုင်များက ဆိုသည်။ 

မုန်တိုင်းဒဏ်ခံခဲ့ရသောမြို့များ၊ ကျေးရွာအများစုတွင် ပျက်စီးသွားပုံမှာ ဒေသခံများကိုယ်တိုင် မိမိတို့၏ နေရာကို ပြန်လည်ပုံဖော်၍ မရနိုင်လောက်အောင် ဖြစ်ခဲ့ကြသည်။ 

သေဆုံး၊ ပျောက်ဆုံးသူအများစုသည်  မုန်တိုင်းနှင့်အတူ ရေကြီးမှုများ ဖြစ်လာခဲ့ချိန်တွင် အိမ်များ ပြိုကျခြင်း၊ မြေပြိုခြင်း၊ ရေလှိုင်းရိုက်ခြင်းတို့ကြောင့် အဖိတ်အဆင် များခြင်းဖြစ်သည်။

 ပြည်ထဲရေး ၀န်ကြီးက ဟိုင်ယန်မုန်တိုင်း ဖြတ်သန်း သွားသည့် ဒေသများတွင်း နေထိုင်သည့်  လူပေါင်း တစ်သန်းမျှသည် မုန်တိုင်းဒဏ်ခံရပြီး သေဆုံးမှု ကိန်းဂဏန်းများသည် ရက်အနည်းငယ် ကြာသည့်တိုင်အောင် ဆက်လက် တိုးပွားနေဦးမည်ဟု ခန့်မှန်းထားသည်။

မနီလာမှ ကုလသမဂ္ဂ၏ OCHA အဖွဲ့မှ ဒေ့ဗ်ကာဒန်က ယခုမုန်တိုင်းသည် ၂၀၀၄ခုနှစ်ဖြစ်ခဲ့သော အိန္ဒိယသမုဒ္ဒရာမှ ဆူနာမီလှိုင်း ရိုက်ခတ်မှုလောက်ပင် ဆိုးရွားကြောင်း ဆိုသည်။  လေတီပြည်နယ် တက်လိုဘန်မြို့သည် မုန်တိုင်းဒဏ် အဆိုးရွားဆုံးခံခဲ့ရပြီး ယင်းတစ်နေရာတည်း၌ပင် သေဆုံးသူ ရာချီခဲ့သည်။ 

အသက်ရှင်လွတ်မြောက်သူ အချို့က ခုနှစ်မီ တာမြင့်သော ရေလှိုင်းများသည် သူတို့၏ ကလေးများကို  ရိုက်ပုတ်ဆွဲခေါ်သွားခဲ့သည်ဟု ရင်ဖွင့်ပြောဆိုနေကြသည်။ အသက်ရှင်သူများမှာ မိမိတို့ ချစ်နှစ်သက်သူတစ်ဦးဦး ပျောက်ဆုံးသွားအပေါ် တုန်လှုပ်ခြောက်ခြားကာ လမ်းမများတွင် လူပျောက်ရှာနေကြသည်က များလျက်ရှိသည်။ 

ဖိလစ်ပိုင်ကြက်ခြေနီအဖွဲ့မှ အထွေထွေအတွင်းရေးမှူး Gwendolyn Pang ၏အဆိုအရ သူတို့ထံ ရောက်လာသည့် စာရင်းများအရ တက်လိုဘန်၊ ဆမာမြို့များသည် မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံစားရသည့် နေရာများဖြစ်ကြောင်း သိရသည်။ 

Ref: Reuters

နိုဝင်ဘာ ၁၀။
နိုဝင်ဘာလ ၉ရက်က ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းကို တစ်နာရီ မိုင်၂၅၀ကျော်နှုန်းဖြင့် ၀င်ရောက်တိုက်ခတ်ခဲ့သော ဟိုင်ယန် တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူပေါင်း တစ်သောင်းဝန်းကျင် အထိရှိပြီး ပျောက်ဆုံးသူပေါင်း ထောင်နှင့်ချီနေသည်ဟု အာဏာပိုင်များက ဆိုသည်။

မုန်တိုင်းဒဏ်ခံခဲ့ရသောမြို့များ၊ ကျေးရွာအများစုတွင် ပျက်စီးသွားပုံမှာ ဒေသခံများကိုယ်တိုင် မိမိတို့၏ နေရာကို ပြန်လည်ပုံဖော်၍ မရနိုင်လောက်အောင် ဖြစ်ခဲ့ကြသည်။

သေဆုံး၊ ပျောက်ဆုံးသူအများစုသည် မုန်တိုင်းနှင့်အတူ ရေကြီးမှုများ ဖြစ်လာခဲ့ချိန်တွင် အိမ်များ ပြိုကျခြင်း၊ မြေပြိုခြင်း၊ ရေလှိုင်းရိုက်ခြင်းတို့ကြောင့် အဖိတ်အဆင် များခြင်းဖြစ်သည်။

ပြည်ထဲရေး ၀န်ကြီးက ဟိုင်ယန်မုန်တိုင်း ဖြတ်သန်း သွားသည့် ဒေသများတွင်း နေထိုင်သည့် လူပေါင်း တစ်သန်းမျှသည် မုန်တိုင်းဒဏ်ခံရပြီး သေဆုံးမှု ကိန်းဂဏန်းများသည် ရက်အနည်းငယ် ကြာသည့်တိုင်အောင် ဆက်လက် တိုးပွားနေဦးမည်ဟု ခန့်မှန်းထားသည်။

သင် စိတ်ဖိစီးမှု များနေကြောင်း ပြသသည့် လက္ခဏာ ငါးမျိုး

(၁) ရုံးပိတ်ရက်တွင် ခေါင်းကိုက်ခြင်း

အလုပ်လုပ်ရတဲ့ တစ်ပတ်လုံး စိတ်ဖိစီးမှု များခဲ့ တာကြောင့် လူအများစုဟာ ရုံးပိတ်ရက်မှာ ခေါင်း ကိုက်ကာ ပင်ပန်းနွမ်းနယ်တတ်ကြပါတယ်။ စိတ်ဖိစီး မှုကြောင့် ခေါင်းကိုက်တာနဲ့ ခေါင်းတစ်ခြမ်းကိုက် တာတွေလည်း ဖြစ်တတ်တဲ့အတွက် တစ်ပတ်လုံး စိတ်အေးချမ်းတည်ငြိမ်မှုရှိအောင် ကြိုးစားနေထိုင် ရင်း ရုံးပိတ်ရက်ကို ကျန်းမာလန်းဆန်းစွာ ဖြတ်သန်းပါ။

(၂) ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်း

စိတ်ဖိစီးမှုကြောင့် ဟော်မုန်းတွေကို ဟန်ချက် မညီမျှမှု ဖြစ်စေတဲ့အတွက် ရာသီလာစဉ်မှာ ကိုက်ခဲ နာကျင်မှု အဖြစ်များကြောင်း လေ့လာသူတွေက ဆို ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်တာက စိတ် ဖိစီးမှုနဲ့ ရာသီလာစဉ် ကိုက်ခဲနာကျင်တဲ့ ဝေဒနာတွေ ကို လျော့ပါးသက်သာစေပါတယ်။

(၃) ပါးစပ် နာနေခြင်း

စိတ်ဖိစီးမှုများရင် ညဘက်မှာ သွားကြိတ်တတ် ပါတယ်။ အဲဒီအခါ မေးရိုးနာကျင်မှု ဖြစ်တတ်ပါ တယ်။ မနက်အိပ်ရာထချိန် ပါးစပ်နာနေရင် သွား ကြိတ်တာကြောင့် ဖြစ်တတ်တဲ့အတွက် သွားစွပ် (Mouth Guard) တပ်ဆင်ပြီး အိပ်ရာဝင်ပါ။

3D ပရင်တာဖြင့် သေနတ်အစစ် ထုတ်နိုင်ပြီ

3D ပရင်တာဖြင့် သေနတ်အစစ် ထုတ်နိုင်ပြီ

နိုဝင်ဘာ ၁၀။

ကယ်လီဖိုးနီးယား အင်ဂျင်နီယာ ကုမ္ပဏီတစ်ခုက 3D ပရင်တာဖြင့် သေနတ်အစစ်ကို ထုတ်နိုင်ခဲ့ပြီး စမ်းသပ် ပစ်ခတ်ခဲ့သည့် အခါတွင်လည်း ပစ်မှတ်ကို ကွက်တိ ထိမှန်ကြောင်း ဖော်ပြသည့် ဗီဒီယိုဖိုင်တစ်ခု ထွက်လာသည်။ 

ဗီဒီယိုဖိုင် တွင် ယခုစမ်းသပ် ထုတ်လုပ်သူများက သူတို့၏ သေနတ်ကို ကိုက်၃၀အကွာမှ အချက်၅၀ ပစ်ခတ် စမ်းသပ်ခဲ့ရာ အောင်မြင်မှု အပြည့်အ၀ ရှိသည်ကိုတွေ့ရကြောင်း ပြောကြားထားသည်။

ယခု သေနတ်သည်  3D ပရင်တာဖြင့် ထုတ်သော သီးခြားအစိတ်အပိုင်း ၃၀ကျော် ပေါင်းစပ်ထားသည်။ 

အထူးသဖြင့် အဓိက အစိတ်အပိုင်းများကို သံမဏိနှင့် အခြားသတ္တုများဖြင့် ထုတ်လုပ်ထားသည်။ 


Solid Concepts ဟု အမည်ရသည့် ကုမ္ပဏီသည် 3D ပရင်တာနှင့်ထုတ်သော ပစ္စည်းများတွင် ကမ္ဘာ့ပထမဆုံး ၀န်ဆောင် မှုပေးနေသော အဖွဲ့ဖြစ်သည်။ သူတို့က ၁၉၁၁ လက်ကိုင်သေနတ်သည် ဈေးချိုမည် မဟုတ်ဟု ဆို၏။ 

ကုမ္ပဏီမှ ဒုတိယဥက္ကဌ ကန့်ဖိုင်းယားစတုန်းက 3D ပရင်တာထုတ် ပစ္စည်းများ လက်တွေ့ဆန်ပြီး အသုံးချနိုင်စွမ်းမြင့်ရန် ကြိုးပမ်းနေကြောင်း၊ သူတို့၏ ထုတ်လုပ်မှုအတွက် လူထု၏ အမြင်များ ပြောင်းလဲလာအောင် ကြိုးပမ်းရဦးမည် ဖြစ်ကြောင်း ဆိုသည်။

ဖိုင်းယားစတုန်းက  သူတို့၏ အင်ဂျင်နီယာများသည် 3D ပရင်တာ နည်းပညာတွင် ကျွမ်းကျင်သူများဖြစ်ပြီး၊ ယခုကဲ့သို့ သော လုပ်ငန်းများနှင့် အသင့်တော်ဆုံး သူများဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် 3D ပရင်တာဖြင့် ထုတ်သော သေနတ်များ ထွက်နေသော်လည်း သတ္တုဖြစ်ပစ္စည်းများ မဟုတ်သလို အသုံးပြုခွင့်၊ ရောင်းချခွင့်များ ပိတ်ထားကြောင်း သူက ဆိုသည်။ 

ယခုနှစ် နှစ်ဆန်းပိုင်းက လူတိုင်း ကိုယ်တိုင် ထုတ်လုပ်နိုင်သည့် တစ်ချက်ပစ် သေနတ်လုပ်နည်း ကွန်ပျူတာဖိုင်များကို Defence Distributed ၀က်ဘ်ဆိုက် Open-source အဖြစ် တင်ခဲ့ရာ download ချသည့် အကြိမ်အရေအတွက် တစ်သိန်း ကျော်ခဲ့ရှိခဲ့သည်။

 ပြီးခဲ့သည့် မေလတွင် ပြည်ထဲရေးဝန်ကြီးက သေနတ်ထုတ်သည့် အသေးစိတ်ပုံစံကို အင်တာနက်မှ ဖယ်ရှားခဲ့သော်လည်း သုံးစွဲသူများက အခြားသော ဖိုင်ဝေမျှသည့် ဆိုက်များမှ တင်နိုင်သေးသည်ဟု တုန့်ပြန်ထား ကြသည်။

ယခု Solid Concepts ကုမ္ပဏီကမူ သူတို့၏ စနစ်သည် တရားဝင်ဖြစ်ကြောင်း၊ သူတို့သည် 3D ပရင်တာ ၀န်ဆောင်မှု ပေးနိုင်သော ဗဟိုစစ်လက်နက်လိုင်စင် ကိုင်ထားသည့် တစ်ခုတည်းသော ကုမ္ပဏီဖြစ်ကြောင်း ဆိုသည်။

Ref: AFP

နိုဝင်ဘာ ၁၀။

ကယ်လီဖိုးနီးယား အင်ဂျင်နီယာ ကုမ္ပဏီတစ်ခုက 3D ပရင်တာဖြင့် သေနတ်အစစ်ကို ထုတ်နိုင်ခဲ့ပြီး စမ်းသပ် ပစ်ခတ်ခဲ့သည့် အခါတွင်လည်း ပစ်မှတ်ကို ကွက်တိ ထိမှန်ကြောင်း ဖော်ပြသည့် ဗီဒီယိုဖိုင်တစ်ခု ထွက်လာသည်။

ဗီဒီယိုဖိုင် တွင် ယခုစမ်းသပ် ထုတ်လုပ်သူများက သူတို့၏ သေနတ်ကို ကိုက်၃၀အကွာမှ အချက်၅၀ ပစ်ခတ် စမ်းသပ်ခဲ့ရာ အောင်မြင်မှု အပြည့်အ၀ ရှိသည်ကိုတွေ့ရကြောင်း ပြောကြားထားသည်။

ယခု သေနတ်သည် 3D ပရင်တာဖြင့် ထုတ်သော သီးခြားအစိတ်အပိုင်း ၃၀ကျော် ပေါင်းစပ်ထားသည်။
အထူးသဖြင့် အဓိက အစိတ်အပိုင်းများကို သံမဏိနှင့် အခြားသတ္တုများဖြင့် ထုတ်လုပ်ထားသည်။

Solid Concepts ဟု အမည်ရသည့် ကုမ္ပဏီသည် 3D ပရင်တာနှင့်ထုတ်သော ပစ္စည်းများတွင် ကမ္ဘာ့ပထမဆုံး ၀န်ဆောင် မှုပေးနေသော အဖွဲ့ဖြစ်သည်။ သူတို့က ၁၉၁၁ လက်ကိုင်သေနတ်သည် ဈေးချိုမည် မဟုတ်ဟု ဆို၏။

ဆင်ဦးစီးကို အစွယ်ဖြင့်ထိုးခဲ့သော ဆင်ဖြူတော်အား အခြားသူများ ထပ်မံမထိခိုက်စေရန် ဥယျာဉ်ဝင်းအတွင်း ပြောင်းရွှေ့ထား

Photo: ဆင်ဦးစီးကို အစွယ်ဖြင့်ထိုးခဲ့သော ဆင်ဖြူတော်အား အခြားသူများ ထပ်မံမထိခိုက်စေရန် ဥယျာဉ်ဝင်းအတွင်း ပြောင်းရွှေ့ထား

ဆင်ဦးစီးကို အစွယ်ဖြင့် ထိုးခဲ့သော ဆင်ဖြူတော်ကို အခြားသူများ ထပ်မံမထိခိုက် စေရန်နှင့် မုန်ယိုနေသော ကာလဖြစ်သောကြောင့် မူလထားရှိသည့် နေရာမှ ရတနာ ဆင်ဖြူတော် ဥယျာဉ်ဝင်း၏ အတွင်းပိုင်းနေရာသို့ ပြောင်းရွှေ့ထားကြောင်း သိရသည်။

နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းတွင် အဆိုပါ ဥယျာဉ်အတွင်းရှိ ဆင်ဖြူတော်များကို ဆင်ဦးစီးများမှ လမ်းလျှောက်လေ့ကျင့်နေစဉ် ရာဇဂ္ဂသီရိပစ္စယဂဇရာဇာ ဆင်ဖြူတော် (အထီး)သည် ဆင်ဦးစီး ဦးသိန်းစိန်၏ ၀ဲဘက်ရင်အုံကို အစွယ်ဖြင့် ထိုးခဲ့ကြောင်း၊ ထိုသို့ အထိုးခံရမှုကြောင့် ဦးသိန်းစိန်သည် နံရိုးကျိုး ဒဏ်ရာများဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားကြောင်း သိရသည်။

ယင်းသို့ ဆင်ဖြူတော် နေရာပြောင်းရွှေ့မှုနှင့် ပတ်သက်ပြီး ရတနာ ဆင်ဖြူတော် ဥယျာဉ်မှ ဦးစီးအရာရှိ ဦးတင်ဌေးဦးက "ဆင်ကို တခြားနေရာကို ပြောင်းတာမဟုတ်ပါဘူး။ ဥယျာဉ်အတွင်းပိုင်း နေရာမှာ ပြောင်းထားတာပါ။ တခြားဆင်မဲ အထီးနှစ်ကောင်နဲ့ ထိန်းကျောင်းမှုတွေ လုပ်နေပါတယ်။ ဆရာဝန်တွေ၊ ဆင်ဦးစီးတွေလည်း သူကို ထိန်းသိမ်းမှုတွေ လုပ်နေတယ်။ မုန်ကျနေတဲ့ ကာလလေးအတွင်း နောင်ထပ်မဖြစ်အောင် ကျွမ်းကျင်ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ပြီး ဆက်လက်ထိန်းသိမ်း မှာပါ" ဟု ရှင်းပြခဲ့သည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အထက်နန်းရာ အုပ်စုမှ တွေ့ရှိခဲ့သော အဆိုပါ စွယ်စုံဆင်ဖြူတော်သည် ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ အဆိုပါ ဆင်ဖြူတော်သည် အမြင့်ပေ ကိုးပေ ကိုယ်လုံးပတ် ၁၄ ထိ ရှည်လျားကြောင်း သိရသည်။

ယခုအခါ မင်းဓမ္မ ဆင်ဖြူတော်ဝန်းအတွင်း အများပြည်သူ လာရောက်ကြည့်ရှုရန် ဆင်ဖြူတော် (အမ) နှစ်ကောင်ကိုမူ ဆက်လက်ပြသ ထားကြောင်းလည်း သိရသည်။

ဆင်ဖြူဥယျာဉ်အတွင်း ဆက်လက်ပြသထားသော ဆင်ဖြူတော် (အမ)နှစ်ကောင်
ဆင်ဖြူဥယျာဉ်အတွင်း ဆက်လက်ပြသထားသော ဆင်ဖြူတော် (အမ)နှစ်ကောင်
ဆင်ဦးစီးကို အစွယ်ဖြင့် ထိုးခဲ့သော ဆင်ဖြူတော်ကို အခြားသူများ ထပ်မံမထိခိုက် စေရန်နှင့် မုန်ယိုနေသော ကာလဖြစ်သောကြောင့် မူလထားရှိသည့် နေရာမှ ရတနာ ဆင်ဖြူတော် ဥယျာဉ်ဝင်း၏ အတွင်းပိုင်းနေရာသို့ ပြောင်းရွှေ့ထားကြောင်း သိရသည်။

နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းတွင် အဆိုပါ ဥယျာဉ်အတွင်းရှိ ဆင်ဖြူတော်များကို ဆင်ဦးစီးများမှ လမ်းလျှောက်လေ့ကျင့်နေစဉ် ရာဇဂ္ဂသီရိပစ္စယဂဇရာဇာ ဆင်ဖြူတော် (အထီး)သည် ဆင်ဦးစီး ဦးသိန်းစိန်၏ ၀ဲဘက်ရင်အုံကို အစွယ်ဖြင့် ထိုးခဲ့ကြောင်း၊ ထိုသို့ အထိုးခံရမှုကြောင့် ဦးသိန်းစိန်သည် နံရိုးကျိုး ဒဏ်ရာများဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားကြောင်း သိရသည်။

ယင်းသို့ ဆင်ဖြူတော် နေရာပြောင်းရွှေ့မှုနှင့် ပတ်သက်ပြီး ရတနာ ဆင်ဖြူတော် ဥယျာဉ်မှ ဦးစီးအရာရှိ ဦးတင်ဌေးဦးက "ဆင်ကို တခြားနေရာကို ပြောင်းတာမဟုတ်ပါဘူး။ ဥယျာဉ်အတွင်းပိုင်း နေရာမှာ ပြောင်းထားတာပါ။ တခြားဆင်မဲ အထီးနှစ်ကောင်နဲ့ ထိန်းကျောင်းမှုတွေ လုပ်နေပါတယ်။ ဆရာဝန်တွေ၊ ဆင်ဦးစီးတွေလည်း သူကို ထိန်းသိမ်းမှုတွေ လုပ်နေတယ်။ မုန်ကျနေတဲ့ ကာလလေးအတွင်း နောင်ထပ်မဖြစ်အောင် ကျွမ်းကျင်ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ပြီး ဆက်လက်ထိန်းသိမ်း မှာပါ" ဟု ရှင်းပြခဲ့သည်။

နိုက်ကလပ် အများစု ဖွင့်လှစ်ထားသည့် မင်္ဂလာဈေးဝင်းအတွင်း ညဥ့်နက်ပိုင်း အချိန်တွင် အုပ်စုဖွဲ့ ရိုက်နှက်မှုကြောင့် ကလပ်များနှင့် စားသောက်ဆိုင်များ ရက်အကန့်အသတ်မရှိ ပိတ်

Photo: နိုက်ကလပ် အများစု ဖွင့်လှစ်ထားသည့် မင်္ဂလာဈေးဝင်းအတွင်း ညဥ့်နက်ပိုင်း အချိန်တွင် အုပ်စုဖွဲ့ ရိုက်နှက်မှုကြောင့် ကလပ်များနှင့် စားသောက်ဆိုင်များ ရက်အကန့်အသတ်မရှိ ပိတ်

ရန်ကုန်မြို့ အတွင်းရှိ နိုက်ကလပ် အများစု ဖွင့်လှစ်ထားသည့် မင်္ဂလာဈေး အတွင်း၌ နိုဝင်ဘာ ၇ ရက် နံနက် ၃ နာရီခွဲခန့်တွင် အုပ်စုဖွဲ့ ရိုက်နှက်မှု ဖြစ်ပွားခဲ့မှုကြောင့် မင်္ဂလာဈေးဝင်း အတွင်းရှိ နိုက်ကလပ်များ၊ စင်တင်တေး ဂီတစားသောက်ဆိုင်များနှင့် ကေတီဗွီများ အားလုံးကို ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူနှင့် မင်္ဂလာတောင်ညွန့်မြို့နယ် အုပ်ချုပ်ရေးမှူးတို့က နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။

နိုဝင်ဘာ ၇ ရက် နံနက် ၃ နာရီခွဲခန့်က မင်္ဂလာဈေးဝင်းအတွင်း လူအုပ်စုလိုက် ခိုက်ရန်ဖြစ်ပွား ခဲ့မှုကြောင့် နိုဝင်ဘာ ၈ ရက်မှ စတင်၍ နိုက်ကလပ်များနှင့် စားသောက်ဆိုင်များ အားလုံးကို ပိတ်ခိုင်းထားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ နိုဝင်ဘာ ၆ ရက် နံနက် ၃ နာရီခွဲခန့်တွင် သာကေတဘက်မှလာသည့် လူငယ်တစ်စုနှင့် ကလပ်တစ်ခုမှ ၀န်ထမ်းများ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် စကားများ ရန်ဖြစ်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် နိုဝင်ဘာ ၇ ရက် ကလပ်ပိတ်သည့်အချိန် နံနက် ၃ နာရီခွဲခန့်တွင် အဆိုပါ သာကေတမြို့နယ် ဘက်မှလာသည့် လူငယ်တစ်စုက တုတ်၊ ဓားများဖြင့် ရောက်ရှိလာခဲ့ပြီး ကလပ်ဝန်ထမ်းများနှင့် အပြန်အလှန် အုပ်စုဖွဲ့ ရိုက်နှက်ခဲ့ကြပြီး ၎င်းလူငယ် တစ်စုမှ တွေ့သမျှလူများအား ၀င်ရောက်ရိုက်နှက် ခဲ့ကြကြောင်း မျက်မြင်ကိုယ်တွေ့များက ပြောကြားသည်။

"မင်္ဂလာဈေးဝင်းထဲမှာ ဖွင့်ထားတဲ့ နိုက်ကလပ် တစ်ခုကို လာရင်းနဲ့ ရန်ဖြစ်တာတွေ ရှိခဲ့လို့ မြို့နယ်အဆင့်ကနေ ဆိုင်တွေကို ပိတ်ထားခိုင်းပါတယ်။ အသေးစိတ် အချက်အလက်တွေကတော့ ကျွန်တော်တို့ဆီ တက်မလာသေးပါဘူး" ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ရဲမှူးမြင့်ထွေးက နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မင်္ဂလာတောင်ညွန့်မြို့နယ် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဇေယျာကိုက "နိုဝင်ဘာ ၇ ရက် နံနက်ပိုင်းက မင်္ဂလာဈေးဝင်း အတွင်းမှာ သာကေတမြို့နယ်ဘက်ကလာတဲ့ လူအုပ်စုတွေနဲ့ အခြားသူတွေ ခိုက်ရန်ဖြစ်ပွားခဲ့လို့ လုံခြုံရေးအရ ဆိုင်တွေအားလုံးကို ရက်အကန့်အသတ်မရှိ ပိတ်ခိုင်းထားပါတယ်။ ဒီဖြစ်စဉ်မှာတော့ လူသေဆုံးမှု မရှိခဲ့ပါဘူး။ ပြန်ပြီးဖွင့်ခွင့် ပြု၊ မပြုကလည်း အေးချမ်းမှု ရှိ၊ မရှိအပေါ် မူတည်ပြီးတော့ စဉ်းစားမှာ ဖြစ်ပါတယ်" ဟု နိုဝင်ဘာ ၉ ရက်က ပြောကြားခဲ့သည်။

မင်္ဂလာဈေးဝင်းအတွင်း ညပိုင်းအငှားယာဉ်ဆွဲသည့် သူတစ်ဦးက "ရန်မဖြစ်ခင် အရင်တစ်ညက ကိုးလွှာကလပ်က ၀န်ထမ်းတွေနဲ့ သာကေတဘက်က လူငယ်တွေ လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ စကားများ ရန်ဖြစ်ခဲ့တယ်လို့ သိရတယ်။ ပြီးတော့ နောက်တစ်ရက် ကလပ်ပိတ်တဲ့ အချိန်မှာ အဲ့ဒီ သာကေတဘက်က လူငယ်တွေ အုပ်လိုက်ရောက်လာပြီး ကလပ်ဝန်ထမ်းတွေနဲ့ အပြန်အလှန် ရိုက်နှက်ခဲ့တယ်။ အဲ့ဒီ လူအုပ်စုက ၀င်းထဲမှာ တွေ့သမျှလူတွေ အကုန်လိုက်ရိုက် ခဲ့တယ်" ဟု ရှင်းပြသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ကျ တာဝန်မှူး တစ်ဦးက "အဲ့ဒီနေ့က ကလပ်ဝင်းထဲမှာ ရန်ဖြစ်တယ်လို့တော့ ကြားမိတယ်။ ဒါပေမဲ့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စခန်းမှာ အမှုဖွင့်ထားတာ မရှိပါဘူး" ဟု ပြန်လည်ဖြေကြား ခဲ့သည်။

ထို့ပြင် နိုဝင်ဘာ ၃ ရက် နံနက် ၂ နာရီခွဲခန့်ကလည်း မင်္ဂလာဈေးဝင်းအတွင်း လူငယ်နှစ်ဖွဲ့ ရန်ဖြစ်ခဲ့ကြပြီး လူငယ်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြပြီး တစ်ဦးကို ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ သိရသည်။

မင်္ဂလာဈေးဝင်းအတွင်း Asia ကလပ်၊ NASA ကလပ်၊ JJ ကလပ်၊ 9Floor ကလပ်၊ Channal V ကလပ်၊ MZ စသည့်ကလပ်များ ဖွင့်လှစ်ထားကြောင်း သိရသည်။

မင်္ဂလာဈေးအတွင်းရှိ နိုက်ကလပ် တစ်ခုအား တွေ့ရစဉ်

ရန်ကုန်မြို့ အတွင်းရှိ နိုက်ကလပ် အများစု ဖွင့်လှစ်ထားသည့် မင်္ဂလာဈေး အတွင်း၌ နိုဝင်ဘာ ၇ ရက် နံနက် ၃ နာရီခွဲခန့်တွင် အုပ်စုဖွဲ့ ရိုက်နှက်မှု ဖြစ်ပွားခဲ့မှုကြောင့် မင်္ဂလာဈေးဝင်း အတွင်းရှိ နိုက်ကလပ်များ၊ စင်တင်တေး ဂီတစားသောက်ဆိုင်များနှင့် ကေတီဗွီများ အားလုံးကို ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူနှင့် မင်္ဂလာတောင်ညွန့်မြို့နယ် အုပ်ချုပ်ရေးမှူးတို့က နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။

နိုဝင်ဘာ ၇ ရက် နံနက် ၃ နာရီခွဲခန့်က မင်္ဂလာဈေးဝင်းအတွင်း လူအုပ်စုလိုက် ခိုက်ရန်ဖြစ်ပွား ခဲ့မှုကြောင့် နိုဝင်ဘာ ၈ ရက်မှ စတင်၍ နိုက်ကလပ်များနှင့် စားသောက်ဆိုင်များ အားလုံးကို ပိတ်ခိုင်းထားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ နိုဝင်ဘာ ၆ ရက် နံနက် ၃ နာရီခွဲခန့်တွင် သာကေတဘက်မှလာသည့် လူငယ်တစ်စုနှင့် ကလပ်တစ်ခုမှ ၀န်ထမ်းများ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် စကားများ ရန်ဖြစ်ခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော် နာယက မန္တလေးမြို့ ဒေသခံများနှင့် တွေ့ဆုံ၊ NLD ပါတီနှင့် ပြည်ခိုင်ဖြိုး ပါတီတို့မှာ ရန်သူမဟုတ်ဘဲ မိတ်ဖက်များသာဖြစ်ကြောင်း သူရဦးရွှေမန်း ပြောကြား

Photo: ပြည်ထောင်စုလွှတ်တော် နာယက မန္တလေးမြို့ ဒေသခံများနှင့် တွေ့ဆုံ၊ NLD ပါတီနှင့် ပြည်ခိုင်ဖြိုး ပါတီတို့မှာ ရန်သူမဟုတ်ဘဲ မိတ်ဖက်များသာဖြစ်ကြောင်း သူရဦးရွှေမန်း ပြောကြား

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် မန္တလေးမြို့ ဒေသခံများ နိုဝင်ဘာ ၉ ရက်တွင် တွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စု အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၊ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးချုပ် ဦးရဲမြင့် အပါအ၀င် တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲတွင် ပြည်သူများအား ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက မိန့်ခွန်းပြောကြားရာတွင် "ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်လို့ ဒီနေ့ကျွန်တော်တို့နိုင်ငံက ပါတီစုံ ဒီမိုကရေစီစနစ်နဲ့ ဈေးကွက်စီးပွားရေး ဖြစ်လာတယ်။ ဒီဟာ မရှိလို့ မဖြစ်ဘူး။ ဒီလိုဖြစ်ဖို့ဆိုတဲ့ နေရာမှာ ခုနက အာဏာကိုတော့ ခင်ဗျားတို့ ယူတော့ဗျာ။ ခင်ဗျားတို့ ကြိုက်သလိုသာ လုပ်တော့ဆိုတဲ့ အခါမှာ လွှဲပေးရမယ့်သူက စိုးရိမ်စိတ် ရှိကြလိမ့်မယ်။ ဒါကြောင့်မို့လို့ သူများနိုင်ငံတွေ မလွှဲပေးတာပေါ့။ စစ်တွေဖြစ်နေ ကြတာပေါ့။ အာဏာလေ။ အာဏာကို တစ်ဖက်ကရတော့ တစ်ဖက်ကနေ အာဏာရတဲ့ အခါမှာ ချပစ်မယ်၊ နှက်ပစ်မယ်၊ တစ်ခုခု လုပ်ပစ်မယ်ဆိုတဲ့ အရင်သူတွေ ဘယ်လိုဖြစ်နေလဲ။ စိတ်ကောင်းစေတနာကောင်းနဲ့ လုပ်ခဲ့ပေမယ့် ခုနက အခြေအနေပေါ် မူတည်ပြီး မအောင်မြင်တာဘဲ ရှိမယ်။ အဲဒီလိုဖြစ်အောင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရှင်းရှင်းလင်းလင်း ပြောရမယ်ဆိုရင် တပ်မတော်သား ကိုယ်စားလှယ်တွေ ဒီလောက်ထည့်တယ်ဆိုတာ အဲဒီအတွက်ပဲ။ ဘာကြောင့်လဲ၊ လုံခြုံအောင်၊ စိတ်ချအောင်။ ကျွန်တော်တို့တစ်တွေ လွှတ်တော်ထဲမှာလည်း ဆွေးနွေးပါတယ်။ အချိန်တန်ရင်တော့ သူ့နေရာသူ ပြန်ကြရမှာပေါ့။ အချိန်တန်ရင် ဆိုတာက ဒီနေ့ အချိန်တန်ပြီလား။ မတန်ဘူးလားဆိုတာ ကျွန်တော်တို့ ပြန်စဉ်းစားရမယ်။ အဲဒီ စဉ်းစားချက်တွေက မှန်မှန်ကန်ကန် စဉ်းစားနိုင်မှ ဖြစ်မယ်။ အရေးကြီးတာက ကျွန်တော်တို့တစ်တွေ ပါတီစုံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ မှန်မှန်နဲ့ ထိထိရောက်ရောက် အောင်မြင်သွားဖို့ လိုပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲ ဆန္ဒတွေစောပြီး လုပ်တဲ့အခါကျရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်သွားမှာပဲ ဆိုတဲ့နေရာမှာ တချို့ပြောနေကြတာက အရပ်စကားပါ။ နောက်ကြောင်းပြန်မှာလည်း ကြောက်တယ်တဲ့။ ဒါဆို ဘာသဘောလဲ။ ပြီးတဲ့အခါ နောက်ကြောင်းလှန်မှာလဲ ကြောက်တယ်တဲ့။ ဒီနှစ်ခုကြားမှာ စဉ်းစားပြီး နောက်ကြောင်းက ဘယ်သူပြန်နိုင်လဲ၊ နောက်ကြောင်းက ဘယ်သူလှန်နိုင်သလဲ။ ဒါစဉ်းစားပြီးတဲ့ အခါမှာ ကျွန်တော်တို့သွားမယ့် စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော် စစ်မှန်သောဆိုတာ ဘာလဲမေးမယ်။ သူ့နိုင်ငံ သူ့အခြေအနေနဲ့ လျော်ညီတာပဲ။ သူ့နိုင်ငံအတွက် ကောင်းတာဖြစ်မယ်။ ကျွန်တော်တို့ နိုင်ငံအတွက်လည်း ကောင်းတဲ့ကျင့်သုံးမှုပဲ လိုတယ်။ ဘာလို့ ကျွန်တော်ဒီလို တင်ပြရလဲဆိုတော့ တခြားမဟုတ်ပါဘူး။ ကျွန်တော့်လိုပဲ ဒီထဲမှာ ထိုင်နေကြတဲ့ ပုဂ္ဂိုလ်အသီးသီးက ကိုယ့်နိုင်ငံ တိုးတက်ချင်ကြတာပဲ။ ကိုယ့်နိုင်ငံ ကိုယ်ချစ်ကြတာပဲ။ အဲဒီလို ချစ်တဲ့နေရာမှာ ချစ်တတ်ဖို့ လိုတယ်။ တိုးတက်ဖို့ဆိုရင် တိုးတက်အောင် လုပ်နိုင်ဖို့ လိုတယ်။ အဲဒီအခါမှာ ကျွန်တော့်ရဲ့ ခံယူချက်က နိုင်ငံတိုးတက် ဖွံ့ဖြိုးအောင် တိုင်းရင်းသား စည်းလုံးညီညွတ်ဖို့ လိုတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ဖို့ လိုတယ်။ ပြောရမယ်ဆိုရင် ဒီနေ့ NLD ပါတီနဲ့  ပြည်ခိုင်ဖြိုးပါတီနဲ့ ရန်သူမဟုတ်ဘူး NDF နဲ့ NLD လည်း ရန်သူမဟုတ်ဘူး။ အရင်တုန်းက ဘယ်လိုရှိခဲ့ရှိခဲ့ ကျွန်တော်တို့က ရန်သူမဟုတ်ဘူး။ မိတ်ဖက်တွေ။ ဘယ်အတွက်လဲ တိုင်းပြည်အတွက်။ အတိတ်က သင်ခန်းစာက ကျွန်တော်တို့က ရန်တွေဖြစ်ခဲ့ကြတယ်။ ရွေးကောက်ပွဲမှာ ပြိုင်၊ နိုင်တဲ့သူလုပ်၊ တရားသဖြင့် ပြိုင်၊ နိုင်တဲ့သူလုပ်၊ For the People, By the People, Of the People ပါပဲ" ဟု ပြောကြားသည်။

ထို့ပြင် ဒေသခံများက တင်ပြသည့် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများ၊ ဥပဒေဆိုင်ရာ ပြင်ဆင်ပေးစေလိုသည့် အချက်များနှင့် ဒေသဆိုင်ရာ လိုအပ်ချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဖြေရှင်း ပေးခဲ့သည်။

နိုဝင်ဘာ ၉ ရက်က ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း မန္တလေးမြို့ခံများနှင့် တွေ့ဆုံစဉ်
နိုဝင်ဘာ ၉ ရက်က ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း မန္တလေးမြို့ခံများနှင့် တွေ့ဆုံစဉ်
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် မန္တလေးမြို့ ဒေသခံများ နိုဝင်ဘာ ၉ ရက်တွင် တွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စု အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၊ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးချုပ် ဦးရဲမြင့် အပါအ၀င် တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲတွင် ပြည်သူများအား ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက မိန့်ခွန်းပြောကြားရာတွင် "ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်လို့ ဒီနေ့ကျွန်တော်တို့နိုင်ငံက ပါတီစုံ ဒီမိုကရေစီစနစ်နဲ့ ဈေးကွက်စီးပွားရေး ဖြစ်လာတယ်။ ဒီဟာ မရှိလို့ မဖြစ်ဘူး။ ဒီလိုဖြစ်ဖို့ဆိုတဲ့ နေရာမှာ ခုနက အာဏာကိုတော့ ခင်ဗျားတို့ ယူတော့ဗျာ။ ခင်ဗျားတို့ ကြိုက်သလိုသာ လုပ်တော့ဆိုတဲ့ အခါမှာ လွှဲပေးရမယ့်သူက စိုးရိမ်စိတ် ရှိကြလိမ့်မယ်။ ဒါကြောင့်မို့လို့ သူများနိုင်ငံတွေ မလွှဲပေးတာပေါ့။ စစ်တွေဖြစ်နေ ကြတာပေါ့။ အာဏာလေ။ အာဏာကို တစ်ဖက်ကရတော့ တစ်ဖက်ကနေ အာဏာရတဲ့ အခါမှာ ချပစ်မယ်၊ နှက်ပစ်မယ်၊ တစ်ခုခု လုပ်ပစ်မယ်ဆိုတဲ့ အရင်သူတွေ ဘယ်လိုဖြစ်နေလဲ။ စိတ်ကောင်းစေတနာကောင်းနဲ့ လုပ်ခဲ့ပေမယ့် ခုနက အခြေအနေပေါ် မူတည်ပြီး မအောင်မြင်တာဘဲ ရှိမယ်။ အဲဒီလိုဖြစ်အောင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရှင်းရှင်းလင်းလင်း ပြောရမယ်ဆိုရင် တပ်မတော်သား ကိုယ်စားလှယ်တွေ ဒီလောက်ထည့်တယ်ဆိုတာ အဲဒီအတွက်ပဲ။

လေယာဉ် အကူးအပြောင်း လွယ်ကူသည့် Fly-Thru ဝန်ဆောင်မှုစတင်

Photo: လေယာဉ် အကူးအပြောင်း လွယ်ကူသည့် Fly-Thru ဝန်ဆောင်မှုစတင်

ရန်ကုန်၊ နိုဝင်ဘာ ၉

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်မှတစ်ဆင့် အခြားနိုင်ငံများသို့ ခရီးသွားလိုသည့် ရန်ကုန် ခရီးသည်များအတွက် လေယာဉ် အကူးအပြောင်း လွယ်ကူစေမည့် Air Asia လေကြောင်းလိုင်း၏ Fly-Thru အထူးဝန်ဆောင်မှုကို စတင်နေပြီ ဖြစ်ကြောင်း Thai Air Asia ၏ စီးပွားရေး ဒါရိုက်တာ Santisuk Klongchaiya က ပြောကြားသည်။

ယင်းအထူးဝန်ဆောင်မှုအရ ဒွန်မောင်း လေဆိပ်မှတစ်ဆင့် အခြားနိုင်ငံများသို့ ခရီးဆက်သူများသည် Check-in တစ်ကြိမ်တည်းသာ လုပ်ဆောင်ရန် လိုအပ်ပြီး ထိုင်းဗီဇာ လျှောက်ထားရန်လည်း မလိုအပ်ကြောင်း၊ ထိုင်းနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး လိုင်းများကို ဖြတ်သန်းရန် မလိုသည့်အပြင် ဘန်ကောက် ဒွန်မောင်း လေဆိပ်၏ လေဆိပ်ခွန် ကင်းလွတ်ခွင့်ကို ခံစားရမည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။

ယနေ့မှစတင်၍ နိုဝင်ဘာလ ၁၇ ရက်အတွင်း Fly-Thru လေယာဉ် လက်မှတ်များကို ၂၀ ရာခိုင်နှုန်း လျှော့ဈေးဖြင့် ရောင်းချမည် ဖြစ်ပြီး ခရီးသွားကာလမှာ ယခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်နေ့အထိ ဖြစ်ကြောင်း ယင်းကုမ္ပဏီ ပြန်ကြားရေးတာဝန်ခံ ကရစ်တိယဝတီး ဖောင်းဖနစ်က ပြောကြားသည်။

အခြားလေကြောင်း လိုင်းများတွင်လည်း ဘန်ကောက်မှတစ်ဆင့် အခြားနိုင်ငံသို့ ခရီးဆက်ရာတွင် ထိုင်းလူဝင်မှု ကြီးကြပ်ရေးကို ဖြတ်သန်းစရာ မလိုကြောင်း၊ လေဆိပ်ခွန်ကိုမူ လေယာဉ် လက်မှတ်ခတွင် ထည့်သွင်းထားသဖြင့် ပေးသွင်းစရာ မလိုတော့ကြောင်း၊ ခရီးသည်များသည် မိမိပစ္စည်းကို တစ်ခါတည်း Check through လုပ်ထားပါက Boarding pass တစ်ခါတည်း ပေးထားသဖြင့် လေကြောင်းလိုင်း ပြောင်းစီးရာတွင် ခဏတာမျှသာ စောင့်ဆိုင်းရလေ့ ရှိကြောင်း ရှမ်းရိုးမ ခရီးသွားကုမ္ပဏီ စီမံအုပ်ချုပ်မှု ဒါရိုက်တာ ဦးလှအေးက သုံးသပ် ပြောကြားသည်။
“ဘာမှမထူးပါဘူး။ သာမန် Airline တွေမှာလည်း ဒီဝန်ဆောင်မှုတွေ ပေးနေတာပဲ” ဟု ဦးလှအေးက ဆိုသည်။

Air Asia လေကြောင်းလိုင်းသည် အာရှတိုက်တွင် အကြီးဆုံး လေကြောင်းလိုင်း တစ်ခုဖြစ်ပြီး လေယာဉ်ပေါင်း ၁၄၀ စင်းခန့်ရှိကာ နေရာပေါင်း ၈၅ နေရာသို့ ချိတ်ဆက် ပျံသန်းနေသော လေကြောင်းလိုင်း တစ်ခုလည်း ဖြစ်သည်။

ရန်ကုန်၊ နိုဝင်ဘာ ၉

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်မှတစ်ဆင့် အခြားနိုင်ငံများသို့ ခရီးသွားလိုသည့် ရန်ကုန် ခရီးသည်များအတွက် လေယာဉ် အကူးအပြောင်း လွယ်ကူစေမည့် Air Asia လေကြောင်းလိုင်း၏ Fly-Thru အထူးဝန်ဆောင်မှုကို စတင်နေပြီ ဖြစ်ကြောင်း Thai Air Asia ၏ စီးပွားရေး ဒါရိုက်တာ Santisuk Klongchaiya က ပြောကြားသည်။

ယင်းအထူးဝန်ဆောင်မှုအရ ဒွန်မောင်း လေဆိပ်မှတစ်ဆင့် အခြားနိုင်ငံများသို့ ခရီးဆက်သူများသည် Check-in တစ်ကြိမ်တည်းသာ လုပ်ဆောင်ရန် လိုအပ်ပြီး ထိုင်းဗီဇာ လျှောက်ထားရန်လည်း မလိုအပ်ကြောင်း၊ ထိုင်းနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး လိုင်းများကို ဖြတ်သန်းရန် မလိုသည့်အပြင် ဘန်ကောက် ဒွန်မောင်း လေဆိပ်၏ လေဆိပ်ခွန် ကင်းလွတ်ခွင့်ကို ခံစားရမည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။

ယနေ့မှစတင်၍ နိုဝင်ဘာလ ၁၇ ရက်အတွင်း Fly-Thru လေယာဉ် လက်မှတ်များကို ၂၀ ရာခိုင်နှုန်း လျှော့ဈေးဖြင့် ရောင်းချမည် ဖြစ်ပြီး ခရီးသွားကာလမှာ ယခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်နေ့အထိ ဖြစ်ကြောင်း ယင်းကုမ္ပဏီ ပြန်ကြားရေးတာဝန်ခံ ကရစ်တိယဝတီး ဖောင်းဖနစ်က ပြောကြားသည်။

တစ်ဖက်သတ် ချစ်ရတာ မျိုးကို စိတ်မဝင်စားဘူး ဆိုတဲ့ ဆုပန်ထွာ


တစ်ဖက်သတ် ချစ်ရတာ မျိုးကို စိတ်မဝင်စားဘူး ဆိုတဲ့ ဆုပန်ထွာတစ်ဖက်သတ် အချစ်ခံရတာ ကောင်းပါတယ်။ အချစ်ပဲ ခံလိုက် တော့တယ်။ အဲဒါ မကောင်းဘူး လား။ မိန်းကလေး ဆိုတာတော့ အ ချစ်ခံရတာ ကောင်းတယ်။ ကိုယ်က လိုက်ချစ်ရတာ မျိုးကို ရွေးရင်တော့ ပင်ပန်းမယ်လို့ အစ်မထင်တယ်။ ကိုယ်က လိုက်ချစ်ရတာမျိုးကို အစ် မဆိုရင်တော့ရွေးမှာ မဟုတ်ဘူး။ အတ္တကြီးတာတော့ မဟုတ်ဘူး။ မိန်းကလေးဆိုတာတော့ အဲဒီလိုလေး တော့ဖြစ်သင့်တယ် ထင်တာပဲ။

တစ် ဖက်သတ်လိုက်ချစ် ရတာမျိုးတော့ စိတ်မဝင်စားဘူး။ အဲဒီတော့ အစ်မ က ယောက်ျား တစ်ယောက်ကိုလိုက် ကြိုက်ရတာမျိုးတော့မပန်တို့ မြန်မာ မိန်းကလေး တစ်ယောက်အနေနဲ့ ယဉ်ကျေးမှု အနေနဲ့လည်း ဘယ်လိုမှ မသင့်တော်ဘူး။ မိန်းကလေး ဆိုတာ သိက္ခာရှိရမယ်။ တည်တည်တံ့တံ့နေ နိုင်ရမယ်။ အခုဟာက ကိုရီးယား ကားတွေကလေ ကောင်မလေးတွေ ကလိုက်ချစ်ရတာတွေများနေတော့ ဒီကလေးတွေလည်း အဲဒီလိုမျိုးဖြစ် နေတာ။ အမှန်တကယ်တော့ မဖြစ် သင့်ဘူး။ မြန်မာမိန်းကလေးက မြန် မာမိန်းကလေးပဲ။ ကိုယ်ကအချစ်ခံ ရတာပဲတန်ဖိုး ရှိတာပေါ့။

ဝန်ကြီးဌာန အကြွေးများ လွှတ်တော် မဆိုင်သလိုနေ၍ မဖြစ်ကြောင်း သူရဦးရွှေမန်းဆို

နေပြည်တော်၊ နိုဝင်ဘာ ၉

ဝန်ကြီးဌာနများက နိုင်ငံတော်ထံ ပေးသွင်းရန် ကျန်နေသော ကြွေးကျန် များကို လွှတ်တော်က မဆိုင်သလို လက်ညှိုးထိုးနေ၍ မဖြစ်နိုင်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ပြည်ထောင်စု အစိုးရအဖွဲ့မှ ဝန်ကြီးဌာနများသည် ပြည်သူ၏ ဘဏ္ဍာငွေကို သုံးစွဲပြီး နိုင်ငံတော်ထံ ပြန်လည် ပေးဆပ်ရန် ကျန်ရှိနေသည်ကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် လာရောက် ရှင်းလင်းရာ၌ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးဌာနများ၏ နိုင်ငံတော်သို့ ပေးသွင်းရန် ကျန်ရှိနေသော အကြွေးများကို ယင်းဌာနများတွင်သာ တာဝန်ရှိသည်ဟု လွှတ်တော် ကိုယ်စားလှယ်များက သတ်မှတ်ထားပါက ပြည်ထောင်စု၏ တာဝန်ကို ကျေပွန်ရာ ရောက်မည် မဟုတ်ကြောင်း၊ ပြည်ထောင်စု လွှတ်တော်တွင် ကော်မရှင် သို့မဟုတ် ကော်မတီတစ်ရပ် ဖွဲ့စည်း၍ ဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။
“အုပ်ချုပ်ရေးအဖွဲ့ကို သူတို့မှာပဲ တာဝန်ရှိတယ်လို့ လက်ညှိုးထိုးပြီးနေရင် ပြောင်းလဲလာတဲ့ ခေတ်နဲ့ မညီတော့ပါဘူး။ ပြည်ထောင်စုအစိုးရ အုပ်ချုပ်ရေး အဖွဲ့တွေကို ကူညီရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ရေး လွှတ်တော် ဆုံးဖြတ်ချက် လိုက်နာမည်ဟု ပြည်ထောင်စုဝန်ကြီးဆို


ရန်ကုန်၊ နိုဝင်ဘာ ၉

လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ရေး ကိစ္စနှင့် ပတ်သက်၍ အစိုးရနှင့် ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ကို လိုက်နာသွားမည်ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားသည်။

ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့ရုံးတွင် နိုဝင်ဘာ ၉ ရက်နေ့က လျှပ်စစ် ဓာတ်အားခ တိုးမြှင့်ရေး ကိစ္စနှင့် ပတ်သက်၍ စက်မှုဇုန် လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီးက ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“လျှပ်စစ်ဓာတ်အားခ မတက်လို့ မဖြစ်ဘူးဆိုတာ မဟုတ်ပါဘူး။ ပြည်ထောင်စု လွှတ်တော်က လျှော့ ဆိုတော့လည်း လျှော့ မှာပါ။ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာမှာပါ” ဟု လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ရေးကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက ရှင်းပြသည်။

NLD ၏အခြေခံဥပဒေ လူထုဆန္ဒကောက်ခံမှု အချိန်တစ်လ တိုးမြှင့်

Photo: NLD ၏အခြေခံဥပဒေ လူထုဆန္ဒကောက်ခံမှု အချိန်တစ်လ တိုးမြှင့် 

ရန်ကုန်၊ နိုဝင်ဘာ ၉

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ၏ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေး လူထုဆန္ဒ ကောက်ခံမှုကို အချိန်တစ်လ တိုးမြှင့်လိုက်ကြောင်း NLD အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီဝင် တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေးကို မူလက နိုဝင်ဘာ ၁၀ ရက်နေ့တွင် အပြီးသတ်မည် ဖြစ်သော်လည်း ဒီဇင်ဘာ ၁၅ ရက်အထိ တိုးမြှင့်ကာ လူထုဆန္ဒ ကောက်ခံမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီက ထပ်ပြီးတော့ အချိန် တိုးပေးလိုက်တာကြောင့်ပါ” ဟု ၎င်းကဆိုသည်။

ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်း ပေးထားသော အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ အခြေခံဥပဒေနှင့် ပတ်သက်သော အကြံပြုချက်များကို  မူလက နိုဝင်ဘာ ၁၅ ရက်နေ့ နောက်ဆုံးထား ပေးပို့ရမည် ဖြစ်သော်လည်း ဒီဇင်ဘာ ၃၁ ရက်နေ့ မတိုင်မီ ပေးပို့ရန် အဆိုပါ ကော်မတီက သတင်းထုတ်ပြန်ထားသည်။
NLD ပါတီ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီကို စက်တင်ဘာ ပထမပတ်အတွင်း ဖွဲ့စည်းခဲ့ပြီး၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေးကို  ပြည်သူ့ဆန္ဒ ကောက်ခံကာ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ပေးသွားမည် ဖြစ်ကြောင်း NLD ပါတီမှ ထုတ်ပြန် ကြေညာထားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ တွေ့ရှိချက် အစီရင်ခံစာကို လာမည့် ဒီဇင်ဘာလ ၃၁ ရက်နေ့ မတိုင်မီ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန် အမိန့်ကြော်ငြာစာ ထုတ်ပြန် ထားသော်လည်း ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်တွင် တင်ပြရန် နိုဝင်ဘာလ ၇ ရက် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုထားသည်။

အဆိုပါ အခြေခံဥပဒေ ဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေးဆွဲရေး ရန်ကုန် တိုင်းလုံးကျွတ် လူထုဆန္ဒ ကောက်ယူမှုကို နိုဝင်ဘာ ၁၀ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်မှ အချိန်ထပ်မံ တိုးမြှင့်လိုက်သောကြောင့် မြို့နယ်အဆင့်နှင့် ရပ်ကျေးအဆင့် လူထုဆန္ဒ ကောက်ခံမှုများကို ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း NLD ပါတီမှ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၉

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ၏ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေး လူထုဆန္ဒ ကောက်ခံမှုကို အချိန်တစ်လ တိုးမြှင့်လိုက်ကြောင်း NLD အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီဝင် တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေးကို မူလက နိုဝင်ဘာ ၁၀ ရက်နေ့တွင် အပြီးသတ်မည် ဖြစ်သော်လည်း ဒီဇင်ဘာ ၁၅ ရက်အထိ တိုးမြှင့်ကာ လူထုဆန္ဒ ကောက်ခံမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီက ထပ်ပြီးတော့ အချိန် တိုးပေးလိုက်တာကြောင့်ပါ” ဟု ၎င်းကဆိုသည်။

ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်း ပေးထားသော အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ အခြေခံဥပဒေနှင့် ပတ်သက်သော အကြံပြုချက်များကို မူလက နိုဝင်ဘာ ၁၅ ရက်နေ့ နောက်ဆုံးထား ပေးပို့ရမည် ဖြစ်သော်လည်း ဒီဇင်ဘာ ၃၁ ရက်နေ့ မတိုင်မီ ပေးပို့ရန် အဆိုပါ ကော်မတီက သတင်းထုတ်ပြန်ထားသည်။
NLD ပါတီ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီကို စက်တင်ဘာ ပထမပတ်အတွင်း ဖွဲ့စည်းခဲ့ပြီး၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေးကို ပြည်သူ့ဆန္ဒ ကောက်ခံကာ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ပေးသွားမည် ဖြစ်ကြောင်း NLD ပါတီမှ ထုတ်ပြန် ကြေညာထားသည်။

မွေးစဉ်အလိုက်နှင့် ဆီချိုရောဂါ ဆက်စပ်မှုရှိ


မွေးစဉ်အလိုက်နှင့် ဆီချိုရောဂါ ဆက်စပ်မှုရှိမွေးစဉ်အလိုက်ပေါ် မူတည်ပြီး သားဦးကလေးတွေဟာ ဆီးချိုရောဂါ ဒါမှမဟုတ် သွေးတိုးရောဂါ ဖြစ်နိုင်ခြေ များကြောင်း လေ့လာမှုအရ တွေ့ရှိ ထားတာကို ဇီဝရုပ်ဖြစ်ပျက်မှု ဆိုင်ရာ ဂျာ နယ်မှာ ဖော်ပြထား ပါတယ်။ သားဦးကလေးတွေမှာ ခန္ဓာကိုယ်မှ သကြားဓာတ်စုပ်ယူမှု အတွက် အခက်အခဲအများဆုံးဖြစ်ပြီး နေ့ ခင်းပိုင်းမှာ တိုင်းတာတဲ့ သွေးဖိအားဟာလည်း တခြားကလေးတွေ ထက် ပိုမြင့်မားကြောင်း နယူးဇီလန်မှ လေ့လာမှု အရ သိရပါတယ်။

သားဦး ကလေးတွေမှာ အင်ဆူလင်ကို Sensitive ဖြစ်အား ဟာ ၂၁ ရာခိုင်နှုန်း ကျဆင်းတယ်လို့ သိရပါတယ်။ လေ့လာမှုမှာ အသက်လေးနှစ်နဲ့ ၁၁ နှစ် ကြား ကျန်းမာတဲ့ ကလေးငယ်ပေါင်း ၈၅ ယောက်ကို အဆီနဲ့ ဟော်မုန်း စစ်ဆေးတာ၊ ခန္ဓာကိုယ်အရပ်နဲ့ အလေးချိန် တိုင်းတာတာတို့ကို ပြုလုပ်ပြီး စစ်ဆေးခဲ့ရာ အဲဒီ အထဲမှ သားဦးကလေး ၃၂ ယောက်မှာ အင်ဆူလင် Sensitive ဖြစ်တာ ၃၁ ရာခိုင်နှုန်း လျော့ကျပြီး သွေးဖိအား အတိုင်း အတာ ၄ မှတ် တက်လာတာကို တွေ့ရှိခဲ့ရ ပါတယ်။

သားဦးကလေးတွေမှာ ကောင်းတဲ့အချက်က တခြားကလေး တွေ ထက်ပိုပြီး အရပ်ရှည်ကာ ခန္ဓာကိုယ် သေးသွယ်ကြောင်း၊ မိဘရဲ့ အရပ်နဲ့ ခန္ဓာကိုယ် အလေးချိန် အချိုးအစားပေါ်မှာ မူတည် ရင်တောင် ဒီသားဦးကလေးတွေက တခြားကလေးတွေထက် အရပ်ပိုရှည်ကြောင်း သိရပါတယ်။

"တပ်မတော်ကြီးက အင်အားရှိဖို့ အရာရာမှာကူညီ"....(စိုးမင်း)

          လွန်ခဲ့တဲ့ နှစ်လကတည်းက ထွက်သွားမိတဲ့ သင်ကြားလေ့လာရေး ခရီးရှည်ကြီးဟာ ဒီနေ့ညနေမှ လိုက်ပါလာသူ ဂျပန်ဆရာကြီးများကို လေဆိပ်အ၀အထိ တာ့တာ့ဘိုင့်ဘိုင်လုပ်ပြီး ဆုံးခန်းတိုင်ပါတော့တယ်။ ကိုယ့်ဆီက သတင်းထောက်သူငယ်မလေးတွေလိုမျိုးဟိုပေါ့နော်။ နိုင်ငံခြားကို ပညာတော်သင်သွားပြီး ပြန်လာတော့ ဘယ်လိုခံစားရပါသလဲရှင့်။လို့ မေးလာရင်တော့ သည်ကလည်း သူတို့လေသံအတိုင်းဟုတ်ကဲ့။ ဟိုပေါ့နော်။ ဘယ်လိုပြောရမလဲ။ ဟိုးအရင် ဒုတိယကမ္ဘာစစ်အတွင်းတုန်းကလိုပေါ့နော်။ ဂျပန်စစ်သားတွေ ချွေးတပ်ဆွဲသွားတာ ခံရသလိုမျိုး ခံစားမိပါတယ်ဗျ။ ဟုတ်။လို့ အဲသလိုလေး ပဲပြစ်ပြစ်နှစ်နှစ်ပေးလို့ ဖြေလိုက်ချင်ပါတယ်။ အောင်မယ်။ အကောင်းစား ဟော်တယ်ကြီးတွေပေါ်က မဆင်းပဲ အစားကောင်းအသောက်ကောင်းတွေ ၀ါးကာမြိုကာနဲ့ ကျည်ဆန်ရထား လေယာဉ်များနဲ့ လှုပ်ရှားသွားလာနေရတာများ သူမို့လို့ ပြောရက်ပလေတယ်။ ချွေးတပ်ဆွဲသလေး ဘာလေးနဲ့။ တကယ်လည်း အဲသည်အတိုင်းပဲ ခံစားရပါတယ်။ လူကဘယ်လောက်ပဲ သာယာငြိမ့်ငြောင်း အာရုံကောင်းတွေနဲ့ မိန်းမူးနေသော်ငြားလည်း ကိုယ်ရောစိတ်ပါ တစက်ကလေးမှ အနားမရခဲ့တာ အခုချိန်ကျမှ စာရေးဖို့ထိုင်နိုင်တာသာ ကြည့်ပါတော့။ ရောက်ကာစကမှ သူများသင်ကြားပို့ချသမျှကို ငြိမ်ငြိမ်လေး ထိုင်နားထောင်ပြီး ညဘက်ကျ တွေးကာတောကာ ရေးနိုင်ခဲ့သေးတယ်။ နောက်ပိုင်းရက်တွေ ရောက်လာလေလေ၊ သူတို့ အပြောတွေလျှော့ပြီး ကိုယ်တွေကို အလုပ်ခိုင်းတာ များများလာလေလေဆိုတော့ ညတိုင်ကျလည်း မအိပ်ရဘူး။ နောက်တစ်နေ့ ကိုယ့်လုပ်ရမယ့်အလုပ်အတွက် ပြင်ရဆင်ရ ရှာရဖွေရနဲ့ ဘာစာမှ မရေးနိုင်တော့ဘူး။

ညစ်ညမ်းရုပ်ရှင်များ ရိုက်ကူးနေမှုကို ထောက်ခံခဲ့သည့် စကားလက်ဂျိုဟန်ဆန်


ညစ်ညမ်းရုပ်ရှင်များ ရိုက်ကူးနေမှုကို ထောက်ခံခဲ့သည့် စကားလက်ဂျိုဟန်ဆန် ဟောလီးဝုဒ်တွင် ညစ်ညမ်း အပြာဇာတ်ကားများနှင့် ပတ်သက်၍ ကန့်သတ်ချက်များအပေါ် အခြေအတင် အငြင်းပွားမှုများ ရှိနေခဲ့ရာ စကားလက်က ထောက်ခံသည့်ဘက်မှ ပါဝင်ရပ်တည်ခဲ့ခြင်း ဖြစ်သည်

သူမအနေဖြင့် ညစ်ညမ်းရုပ်ရှင် ဇာတ်ကားများသည် ရှိသင့်ရှိထိုက်သည့် အခြေအနေဟု ကြည်ကြည်သာသာပင် လက်ခံယူဆကြောင်း စကားလက် ဂျိုဟန်ဆန်က ပြောကြားလိုက်သည်။ ဟောလီးဝုဒ်တွင် ညစ်ညမ်း အပြာဇာတ်ကားများနှင့် ပတ်သက်၍ ကန့်သတ်ချက်များအပေါ် အခြေအတင် အငြင်းပွားမှုများ ရှိနေခဲ့ရာ စကားလက်က ထောက်ခံသည့်ဘက်မှ ပါဝင်ရပ်တည်ခဲ့ခြင်း ဖြစ်သည်။ သူမက ယင်းဇာတ်ကားများသည် အမျိုးသား တစ်ဦးအတွက်ဖြစ်စေ၊ အမျိုးသမီး တစ်ဦးအတွက်ဖြစ်စေ စိတ်လိုလက်ရ ကြည့်ရှုနိုင်သည့် ဖျော်ဖြေမှု ပုံစံတစ်မျိုးအနေဖြင့်သာ ယူဆကြောင်း စကားလက်က မှတ်ချက်ပြုခဲ့သည်။ "ဒီလိုဇာတ်ကားတွေကို ကြည့်ချင်သူ၊ မကြည့်ချင်သူ စိတ်ကြိုက်ရွေးနိုင်တယ်။ ဒါက ကိုယ့်သဘောပဲလေ"ဟု အသက်(၂၈)နှစ်ရှိ မင်းသမီးက ဆိုသည်။

ဒေါ်လာ ၁၀ သန်းတန် ဘရာစီယာကို ကြွားမဆုံးနိုင် ဖြစ်နေသည့် ကန်ဒိုက်စ်

   
ဒေါ်လာ ၁၀ သန်းတန် ဘရာစီယာကို ကြွားမဆုံးနိုင် ဖြစ်နေသည့် ကန်ဒိုက်စ် အသက်(၂၅)နှစ်ရှိ တောင်အာဖရိက စူပါမော်ဒယ်လ်သည် ရွှေ၊ ကျောက်မျက်ရတနာ၊ စိန်နှင့် ပတ္တမြားတို့ မြှုပ်နှံစီခြယ်ထားသည့် ဒေါ်လာ(၁၀)သန်းတန် ဘရာစီယာကို ဝတ်ဆင်ကိုယ်ဟန်ပြရန် Victoria's Secret၏ ရွေးချယ်ခြင်းကို ခံထားရသည်

ယခုနှစ်ကုန်ပိုင်းတွင် ပြုလုပ်မည့် Victoria's Secret အထူးပွဲတွင် ဝတ်ဆင်မည့် ဒေါ်လာ(၁၀)သန်းတန် ဘရာစီယာနှင့် ပတ်သက်ပြီး ကန်ဒိုက်စ် ဆွန်နီပိုဝယ်လ်တစ်ယောက် ကြွားမဆုံးနိုင် ဖြစ်နေသည်။ အသက်(၂၅)နှစ်ရှိ တောင်အာဖရိက စူပါမော်ဒယ်လ်သည် ရွှေ၊ ကျောက်မျက်ရတနာ၊ စိန်နှင့် ပတ္တမြားတို့ မြှုပ်နှံစီခြယ်ထားသည့် ဒေါ်လာ(၁၀)သန်းတန် ဘရာစီယာကို ဝတ်ဆင်ကိုယ်ဟန်ပြရန် Victoria's Secret၏ ရွေးချယ်ခြင်းကို ခံထားရသည်။ နယူးယော့ခ်တွင် ကျင်းပသည့် Victoria's Secret စတိုးဆိုင်မှ Collectionသစ် မိတ်ဆက်ပွဲတွင် ကန်ဒိုက်စ်က အဆိုပါ အနီရောင် တန်ဖိုးကြီး အတွင်းခံ အဝတ်အထည်ကို ပရိသတ်များရှေ့ ထုတ်ပြခဲ့သည်။ ယင်းဘရာစီယာတွင် ကျောက်မျက်ရတနာ (၄၂၀၀)ကျော် ထည့်သွင်းစီခြယ်ထားပြီး (၁၈)ကာရက် ရွှေသားကို အသုံးပြုကာ (၅၂)ကာရက် ပတ္တမြားကြီး တစ်လုံးကိုပါ ထည့်သွင်းချုပ်လုပ်ထားသည်။

ဖိလစ်ပိုင်မုန်တိုင်း လူထောင်ချီ သေဆုံးဖွယ်ရှိ

ဖိလစ်ပိုင်နိုင်ငံအတွင်း အားပြင်း Haiyan မုန်တိုင်းဝင်ရောက်ခဲ့ပြီး ပျက်စီးသွားတဲ့ လေယာဉ်ကွင်းတခုရဲ့မြင်ကွင်း။ (နိုဝင်ဘာ ၉၊ ၂၀၁၃)
ဖိလစ်ပိုင်နိုင်ငံမှာ သောကြာနေ့တုန်းက အလွန်အင်အားပြင်းထန်တဲ့လေမုန်တိုင်း တိုက်ခတ်ပြီးတဲ့နောက် ကမ်းရိုးတန်းမြို့ဖြစ်တဲ့ Tacloban မြို့တမြို့တည်းမှာတင် လူပေါင်း ၁,၀၀၀ ကျော် သေဆုံးခဲ့ရပြီး Samar ခရိုင်အတွင်းမှာလည်း သေဆုံးသူ ၂၀၀ ထက် မနည်းရှိတယ်လို့ ဖိလစ်ပိုင် ကြက်ခြေနီအဖွဲ့က ပြောဆိုလိုက်ပါတယ်။
Tacloban မြို့နဲ့ Samar ခရိုင်တွေမှာရှိတဲ့ ကြက်ခြေနီအဖွဲ့တွေရဲ့ ကနဦး သတင်းပေးပို့ချက်တွေကို အခြေခံပြီး အခုလို သေဆုံးအရေအတွက်ကို ထုတ်ပြန်ရတာဖြစ်ကြောင်း ဖိလစ်ပိုင်ကြက်ခြေနီအသင်းရဲ့ အထွေထွေ အတွင်းရေးမှူး Gwendolyn Peng က ပြောဆိုကြောင်း Reuters သတင်းဌာနက ဖော်ပြပါတယ်။

ဒေသတွင်းမှာရှိတဲ့ ကြက်ခြေနီအဖွဲ့ရဲ့ ပြောဆိုမှုအရ ရေထဲမှာမြောနေတဲ့ သေဆုံးသူ အလောင်း ၁,၀၀၀ ကျော် ရှိတဲ့ အကြောင်း သူမက Reuters သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။ လူသေဆုံးမှုအခြေအနေဟာ တိုးများလာနိုင်တဲ့ အနေအထားမှာရှိနေပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေတွေဟာလည်း တိတိကျကျ ပြောနိုင်ဖို့အတွက် အချိန်ယူရလိမ့်အုံးမှာ ဖြစ်ပါတဲ့အကြောင်း ကနဦးသတင်းတွေမှာ ဖော်ပြထားပါတယ်။

နျူစွမ်းအင်သုံး အမေရိကန် လေယာဉ်တင်သင်္ဘောကြီး ရေချ

နျူကလီယားစွမ်းအင်သုံး လေယာဉ်တင်သဘောင်္ကြီး Gerald Ford ရေချစဉ်။ (နိုဝင်ဘာ ၉၊ ၂၀၁၃)
အမေရိကန်ရေတပ်က Nuclear စွမ်းအင်သုံး လေယာဉ်တင်သင်္ဘောသစ်ကြီး USS Gerald R. Ford ကို စနေနေ့က ရေချခဲ့ပါတယ်။ နောက်ဆုံးပေါ် နည်းပညာတွေနဲ့ဆောက်ထားတဲ့ လေယာဉ်တင်သင်္ဘောကြီးဟာ ၁၀ စင်းထက်မနည်း ထပ်ပြီးထုတ်လုပ်ဖို့ရှိတဲ့ စစ်သင်္ဘောအသုတ်ထဲမှာ ပထမဆုံး ရေချခဲ့တဲ့ သင်္ဘောဖြစ်ပါတယ်။

Virginia ပြည်နယ်မှာရှိတဲ့ သင်္ဘောကျင်းတခုမှာ ရေချခဲ့တဲ့ သင်္ဘောသစ်ကြီးကို အမေရိကန်သမ္မတဟောင်း Gerald Ford ရဲ့ နာမည်ပေးခဲ့တာပါ၊ တန်ချိန် ၁ သိန်းရှိပြီး ဒေါ်လာ ၁၃ ဘီလျံနီးပါးအကုန်အကျခံဆောက်ထားတဲ့ USS Gerald R. Ford လေယာဉ်တင်သင်္ဘောက ရေကြောင်း စစ်ဆင်ရေးအတွက်
စာမျက်နှာသစ် ဖွင့်လိုက်တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီလေယာဉ်တင်သင်္ဘောကြီးပေါ်ကနေ Jet လေယာဉ်တွေကို အရင် လေယာဉ်တင်သင်္ဘောတွေထက် ပိုမြန်မြန် လွှတ်တင်ပေးနိုင်ပြီး သင်္ဘော အမှုထမ်းတွေလည်း အရင်လို အများကြီး မလိုအပ်ပါဘူး။ လူမပါတဲ့ မောင်းသူမဲ့ Drone ယဉ်တွေကိုလည်း လွှတ်တင်နိုင်ပါတယ်။

စနေနေ့က ရေချခဲ့ပေမယ့် USS Gerald R. Ford လေယာဉ်တင်သင်္ဘောကို ၂၀၁၆ ခုနှစ်ကျမှ စတင်ခုတ်မောင်းမှာဖြစ်ပါတယ်။ 
 
VOA

ဗင်နီဇွဲလားမယ် မယ်စကြ၀ဠာသရဖူဆောင်း

၂၀၁၃ ခုနှစ်ရဲ့ မယ်စကြဝဠာ ဗဲင်နီဇွဲလားအလှမယ် Gabriela Isler (အလယ်)
ဆယ်စုနှစ် ၅ ခုကျော် အတွင်း မြန်မာနိုင်ငံက ပထမဆုံး ၀င်ရောက် ယှဉ်ပြိုင်တဲ့ ၂၀၁၃ ခုနှစ် အတွက် မယ်စကြ၀ဠာ ပြိုင်ပွဲကတော့ မကြာခင် နာရီပိုင်းအတွင်းကပဲ ပြီးစီးသွားခဲ့ပါပြီ။ ဒီပြိုင်ပွဲမှာ မယ်စကြ၀ဠာ ပတ္တမြားသရဖူကို ဘယ်သူ ဆောင်းသွားနိုင်ခဲ့သလဲဆိုတာနဲ့ မြန်မာနိုင်ငံက ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့အခြေအနေတွေကို တင်ပြပေးထားပါတယ်။

၆၂ ကြိမ်မြောက် မယ်စကြ၀ဠာ ရွေးချယ်ပွဲကိုတော့ ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ နိုဝင်ဘာလ ၉ ရက်နေ့ ညချမ်းချိန် ခါမှာ ကျင်းပခဲ့တာမှာ ၂၀၁၃ ခုနှစ်အတွက် မယ်စကြ၀ဠာ သရဖူကို Miss Venezuela Maria Gabriela Isler က ရရှိသွားတာပါ။ ၂၀၁၂ ခုနှစ် မယ်စကြဝဠာသရဖူပိုင်ရှင် အမေရိကန်ပြည်ထောင်စုက Olivia Culpo မယ်စကြဝဠာ သရဖူကို ဆောင်းပေးခဲ့တာပါ။ ဒီမယ်စကြ၀ဠာ သရဖူဟာဆိုရင် ဗင်နီဇွဲလား နိုင်ငံအတွက် ၇ ကြိမ်မြောက် မယ်စကြ၀ဠာ ဆုလည်း ဖြစ်ပါတယ်။ ဒုတိယဆုကိုတော့ စပိန်မယ်၊ တတိယဆုကို အီကွေဒေါ မယ်၊ ဖိလစ်ပိုင်မယ်ကတော့ စတုတ္ထဆု ရခဲ့ပါတယ်။ ပဉ္စမဆုကတော့ ဘရာဇီးမယ်တို့က အသီးသီး ရရှိခဲ့ကြပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၈၆ နိုင်ငံက အလှမယ် ၈၆ ဦးတို့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြတာပါ။ မနေ့က နိုဝင်ဘာ ၉ ရက်နေ့ကတော့ ဒီပြိုင်ပွဲဝင် ၈၆ ဦးထဲက လက်ရွေးစင် ၁၆ ဦး ပထမဆုံး ရွေးချယ်လိုက်ပြီး ဒီကနေမှ အဆင့်ဆင့် ဆန်ခါတင် ၁၀ ဦး၊ နောက် ဆန်ခါတင် ၅ ဦးထိ ရွေးချယ်ခဲ့ပါတယ်။ ဆန်ခါတင် ၅ ဦး ရွေးချယ်ပြီးမှာတော့ တဦးချင်း ဒိုင်လူကြီးတွေရဲ့ မေးခွန်းတွေကို ဖြေကြားကြရပါတယ်။
Related Posts Plugin for WordPress, Blogger...

ShareThis