menu

Wednesday 28 March 2012

နေပြည်တော်ရွေးကောက်ပွဲကော်မရှင်ရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ် ကြိုတင်မဲနှင့်ပတ်သက်၍ မသမာမှုများမှာ လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် မရှိစေရကြောင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌဦးတင်အေးမှပြောကြား

ဓာတ်ပုံ- ထူးသန့်
ကြားဖြတ်ရွေးကောက်ပွဲရလဒ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှ
င်က တစ်ပတ်အတွင်း ကြေငြာပေးသွားမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဌ ဦးတင်အေးက ပြောသည်။ သို့သော် မြို့နယ်နှင့် ခရိုင်ကော်မရှင်များက မဲလက်မှတ်များ ရေတွက်ပြီးသည်နှင့် ကြေငြာပေးသွားမည်ဟု သတင်းရရှိသည်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် နိုင်ငံတကာမှ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ စုစုပေါင်း ၁၅၉ ဦးကို လာရောက်လေ့လာခွင့်ပြုထားကြောင်း ကော်မရှင်ဥက္ကဌ ဦးတင်အေးက ပြောသည်။

ကြိုတင်မဲနှင့်ပတ်သက်၍ မသမာမှုများမှာ လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် မရှိစေရကြောင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌဦးတင်အေးက ပြောသည်။
““ဒီလိုမျိုး ကျနော့်လက်ထက်မှာ မဖြစ်စေရဘူး”” ဟု ဦးတင်အေးက ပြောသည်။

နယ်မြေလုံခြုံမှုအခြေအနေကြောင့် ရွေးကောက်ပွဲကျင်းပရန် ရွှေ့ဆိုင်းထားသော ကချင်ပြည်နယ်မှ မဲဆန္ဒနယ်သုံးခုကို တရားမျှတလွတ်လပ်သော ရွေးကောက်ပွဲ မဖြစ်နိုင်သော ကြောင့် ရွှေ့ဆိုင်းထားခြင်းဖြစ်ပြီး၊ နယ်မြေလုံခြုံပြီး တရားမျှတလွတ်လပ်သော ရွေးကောက်ပွဲဖြစ်ရန် အခြေအနေရှိလာသည်နှင့် ချက်ချင်းကျင်းပပေးသွားမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဌ ဦးတင်အေးက ပြောသည်။
ဓာတ်ပုံ- ထူးသန့်
ရွေးကောက်ပွဲတွင် သတင်းရယူမည့် သတင်းထောက်များကို မဲရုံပြင်ပမှာပင် သတင်းရယူခွင့်ပြုမည်ဖြစ်ပြီး မဲရုံအတွင်းဝင်ရောက်သတင်းရယူခွင့်ပြုမည်မဟုတ်ကြောင်း ဦးတင်အေးက ပြောသည်။ မဲဆန္ဒရှင်များ၏ လျှို့ဝှက်မဲဆန္ဒပေးမှုကို အနှောက်အယှက် မဖြစ်စေလိုသည့်အချက်မှာ မဲရုံအတွင်း သတင်းရယူခွင့်မပြုခြင်း၏ အကြောင်းရင်းတစ်ခု ဖြစ်ကြောင်းလည်း ၎င်းကရှင်းပြသည်။
နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းသည်ဖြစ်စေ၊ မရုပ်သိမ်းသည်ဖြစ်စေ မိမိ၏ တာဝန်မှာ တရားမျှတ၍ လွတ်လပ်သော ရွေးကောက်ပွဲဖြစ်လာစေရန် ဆောင်ရွက်ရ မည်သာ ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးက ယနေ့(၂၈.၃.၂၀၁၂) ရက်က နေပြည်တော်ကော်မရှင်ရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

by- 7Day News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis