menu

Wednesday 19 September 2012

တိုင်းမှူးအား လုပ်ကြံခဲ့သူ KIA မြို့ပြကွန်မန်ဒို လဖိုင်ဇော်ဆိုင်း နှင့် အင်တာဗျူး

“တကျွန်းစံ၏ အပြန်လမ်း” တနင်္လာနေ့က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသည့် KIA အထူးကွန်မန်ဒို တပ်ဖွဲ့မှူး လဖိုင်ဇော်ဆိုင်း အား ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့က သုခ စေတနာ အခမဲ့ဆေးခန်းတွင် ကျန်းမာရေး စစ်ဆေးပြီးနောက် တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)

 'စကားပြောခွင့် ရှိတယ်ဆိုရင် ကျနော်တို့ လက်နက်ကိုင်စရာ အကြောင်း မရှိပါဘူး'

ချင်းမိုင်(မဇ္စျိမ) ။       ။ လွန်ခဲ့သည့် ၁၉၈၅ ခုနှစ်က မြစ်ကြီးနားမြိ့ အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်မှူးချုပ် လဇွမ် ခါန်ဖန် ဂေါက်ကွင်းမှ အပြန်တွင် ယာဉ်တန်းအား ကချင်လွတ်လပ်ရေးတပ် KIA ကွန်မန်ဒို အထူးတပ်ဖွဲ့ဝင် လေးဦးက စီးနင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။

ထိုတိုက်ခိုက်မှုတွင် မပခ တိုင်းမှူး လဇွမ် ခွန်ဖန် နှင့် ကိုယ်ရေးအရာရှိတို့ ကျဆုံးခဲ့ရသည်။ ဗိုလ်မှူးချုပ် လဇွမ်ခွန်ဖန်မှာ အဆိုတော် L ခွန်းရီ၏ ဖခင်ဖြစ်သည်။
 ထိုလုပ်ကြံတိုက်ခိုက်မှုတွင် ဖမ်းဆီးခံခဲ့ရသည့် KIA ကွန်မန်ဒို အထူးတပ်ဖွဲ့မှူး လဖိုင် ဇော်ဆိုင်း မှာ သေဒဏ်ချ မှတ်ခံခဲ့ရသည်။
 အကျဉ်းထောင်တွင်းတွင် ၂၇ နှစ်နီးပါး ကျခံခဲ့ရပြီးနောက် သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် တနင်္လာနေ့က
မြင်းခြံထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သော အသက် ၄၉ နှစ် အရွယ်ရှိ ဦးလဖိုင်ဇော်ဆိုင်း ကို ထိုစဉ်က အဖြစ်အပျက်များနှင့် လက်ရှိအခြေအနေအပေါ် သဘောထားများကို သိရှိနိုင်ရန်အတွက် မဇ္ဈိမ သတင်းထောက် ဖနိဒါ က ဆက်သွယ်မေးမြန်းထားသည်။

"ငါးထောင်တန် ငွေဖြည့်ကတ်ရောင်းချခွင့် မည်သူမဆို လျှောက်ထားနိုင်"

ကျပ်ငါးထောင်တန် ငွေဖြည့်ကတ်များအားရောင်းချခွင့်ကို မည်သူမဆို ကိုယ်စားလှယ်လျှောက်ထားပါက ပေးအပ်သွားမည်ဖြစ်ကြောင်း ဝန်ဆောင်မှုပေးသည့် Elite Tech ကုမ္ပဏီမှ သိရသည်။
အဆိုပါ ငွေဖြည့်ကတ်များအား ယခုလ တတိယအပတ်မှ စတင်ရောင်းချပေး သွားမည်ဖြစ်ကြောင်း ရောင်းချပေးရာတွင်လည်း Elite Tech ဆိုင် သီးသန့် ရောင်းချပေးခြင်း ပြုလုပ်မည်မဟုတ်ကြောင်း ယင်းကုမ္ပဏီမှ သိရသည်။
''ကတ်တွေ အမြန်ဆုံး ရောင်းချနိုင်ဖို့ ကြိုးစားနေပါတယ်။ ရောင်းပေး တဲ့အခါမှာလည်း လက်ရှိငွေဖြည့်ကတ်ရောင်းတဲ့ ပုံစံအတိုင်း ကိုယ်စား လှယ်တွေ ပေးသွားမှာပါ။ စာချုပ်ချုပ်တဲ့အပေါ် မူတည်ပြီး ကိုယ်စား လှယ်တွေ အကျိုးခံစားခွင့် ပိုရရှိမှာပါ''ဟု Elite Tech ကုမ္ပဏီမှ
ဒုတိယအထွေ ထွေမန်နေဂျာ ဦးမင်းသက်ပိုင်က ပြောသည်။
ထုတ်လုပ်ရောင်းချပေးမည့် ငွေဖြည့်ကတ် အမျိုးအစားများမှာ CDMA 800 MHz၊ GSM နှင့် CDMA 450 MHz တို့ဖြစ်ကြောင်း CDMA 800 MHz ငွေဖြည့်ကတ် အရောင်မှာ ခဲရောင်အနု၊ CDMA 450 MHz အရောင်မှာ ရွှေဝါ ရောင်အနုနှင့် GSM ကတ်အရောင်မှာ အစိမ်းနုရောင် ဖြစ်ကြောင်း သိရသည်။

လူသတ်မှုဖြင့်သံသယဖြစ်ခံရသူကို မဲဆောက်မှ မြ၀တီသို့ပို့

လူသတ်မှုဖြင့်သံသယဖြစ်ခံရသူ ဦးကျော်စိန်ကို ထိုင်းအာဏာပိုင်တို့က ဖမ်းပြီး မြန်မာဘက်သို့ ယနေ့ လွဲပြောင်းပေးလိုက်သည် (ဓာတ်ပုံများ - ဧရာဝတီ)

လူသတ်တရားခံဟု သံသယဖြစ်ခံရသူတဦးကို ထိုင်းအာဏာပိုင်တို့က မြန်မာအာဏာပိုင်များလက်သို့ မဲဆောက်-မြ၀တီတံတားမှတဆင့်
ယနေ့ မွန်းလွဲ ၂ နာရီတွင် လွှဲအပ်လိုက်သည်။

ထိုပုဂ္ဂိုလ်သည် ဦးကျော်စိန် ဆိုသူ ဖြစ်ကြောင်း၊ ယခုလဆန်းပိုင်းက ကရင်ပြည်နယ်မြ၀တီမြို့နယ်တွင် လူသတ်မှုကျူးလွန်ပြီး ထိုင်းနိုင်ငံအတွင်းပိုင်းသို့ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း မြန်မာရဲဝန်ထမ်းတဦးကပြောသည်။
ဦးကျော်စိန်သည် ယခုလ ၅ ရက်နေ့က မြ၀တီမြို့နယ်၊ သင်္ကန်းညီနောင်၊ မဲကနယ်ကျေးရွာ ဆယ်အိမ်စုရပ်ကွက်ရှိ မုန့် ဟင်းခါးဆိုင်တွင် ရှိနေစဉ် တရပ်ကွက်တည်း နေထိုင်သူ မဂျူလီခိုင်နှင့် ခွန်းကြီးခွန်းငယ် အချင်းများကြကြောင်း၊ ဦးကျော်စိန်က အသင့်ပါလာသည့် ဓားမဖြင့် မဂျူလီခိုင်၏ လည်ပင်းကို ခုတ်လိုက်ကြောင်း မြန်မာရဲဝန်ထမ်းက ဆက်ပြောသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမေရိကန်ခရီးစဉ် မတိုင်မီ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်




ts-china
နိုင်ငံတော်သမ္မတဦးသိန်းစိန်အား ဒုတိယသမ္မတများဖြစ်ကြသည့် ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်းတို့က နေပြည်တော်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်စဉ် ဓါတ်ပုံ- သမ္မတရုံး ဝက်ဘ်ဆိုက်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန်ပြည်ထောင်စု ခရီးစဉ်မတိုင်မီ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ စက်တင်ဘာလ ၁၈ ရက် နေ့က ချစ်ကြည်ရေးခရီး စတင်သွားရောက်ခဲ့သည်။
သမ္မတဦးသိန်းစိန်သည် (၉) ကြိမ်မြောက် တရုတ်-အာဆီယံကုန် စည်ပြပွဲ (နန်နင်း)နှင့် တရုတ်-အာ ဆီယံရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်း အဝေးသို့ တက်ရောက်ရန် စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့ အထိသွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် တရုတ်-အာဆီယံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် ၂၀၀၄ ခုနှစ်ကစတင်ပြီး နှစ်စဉ်ကျင်းပသော နန်နင်းကုန်စည် ပြပွဲနှင့် ထိပ်သီးအစည်းအဝေးများတွင် ယခုနှစ်၌ မြန်မာနိုင်ငံသည် Honor Country ဖြစ်သဖြင့် လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ ကဖိတ်ကြား၍ လည်းကောင်း သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ လျှောက်ထားမှု ၆ လကျော်အကြာတွင် ပတ်စ်ပို့ရရှိ




၂၀၁၂ ခုနှစ် မတ်လကတည်းက ပတ်စ်ပို့လျှောက်ထားခဲ့သော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအား ၆ လကျော်အကြာ စက်တင်ဘာလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့မှ ပတ်စ်ပို့ထုတ်ပေးခဲ့ကြောင်း ၈၈ မျိုးဆက်ကျောင်းသား များအဖွဲ့မှ သတင်းရရှိပါသည်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုစိုးထွန်းက ဦးဆောင်လျှောက်ထား ပေးခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ၁၉ ဦး လျှောက်ထားခဲ့ကာ အဆိုပါ ၁၉ ဦးတွင် မြန်မာစာနယ်ဇင်းသမဂ္ဂ ပေါ်ပေါက်ရေး ဦးဆောင်လှုပ်ရှားသူ ကိုဇော်သက်ထွေးလည်း ပါဝင်ကြောင်း သိရသည်။

“မိအေး နှင့် ဂဏန်းတစ်ထောင်”(စိုးမင်း)

          လူဆိုတာ ပီယ၀ါစာ ချစ်ဖွယ်သောစကားများကိုသာ ပြောချင်တာပေါ့။ နှလုံးသွင်းတဲ့အခါမှာလည်း
ယောနိသောမနသီကာရ သင့်တင့်လျှောက်ပတ်သော အကြောင်းအရာကလေးများကိုသာ တွေးချင်မှာပေါ့။ အလကားနေရင်း ကျက်သရေမရှိတဲ့ အရှုတ်ထုပ် အစုတ်ထုပ်တွေကို ဘယ်သူကမှ ပြန်ကာလှန်ကာ စစ်ဆေးဝေဖန် စားမြုံ့ပြန်ချင်လိမ့်မယ် မထင်ပါဘူး။ ဒါပေမယ့်လည်း မိအေးအော်တာ လူကြားတယ် ဂဏန်းညှပ်တာ လူမမြင်ဘူး ဆိုတဲ့အဆင့်ကို တော်တော်ကြီး ကျော်လွန်သွားပြီမို့ မိအေးခမျာ အသံတောင် မထွက်နိုင်တော့ပဲ ဂဏန်းကောင်တွေပြုသမျှ နုနေရတဲ့အထဲ ငါးဖယ်ကပြောင်းပြန် ဂဏန်းတွေ အော်သံပေးလို့ ဘယ်များနာသွားသေးလဲဆို ပြေးပြေးထူနေကြတာတော့ အသည်းနာလွန်းလွန်းလို့ ပြောရပြန်ပါဦးမယ်။ စိတ်ရင်းအတိုင်းကတော့ စိတ်ကုန်လွန်းလွန်းလို့ ဘာတစ်ခွန်းမှကို မပြောချင်တော့ပါဘူး။ ဒါပေမယ့် စုံစမ်းစစ်ဆေးနေကြတဲ့သူတွေ တာဝန်ရှိတဲ့သူတွေ သိစေခြင်းငှာ ကိုယ်တွေ့သိမြင်နေရတဲ့ အဖြစ်အပျက်တွေကို ရေငုံနှုတ်ပိတ်ပြီးနေခဲ့ရင် သမိုင်းတာဝန်မကျေပွန်မှာစိုးလို့ အဖြစ်အပျက် အတွေးအမြင်ကိုသာ တင်ပြပါ့မယ်။

တစ်နှစ်တာအတွက် အကောင်းဆုံးပရိတ်သတ် (Fan Of The Year)(လင်းနစ်)



ကယောင်ကတမ်းအော်ဟစ်ရင်း သူလန့်နိုးလာခဲ့သည်။ တစ်ကိုယ်လုံး ချွေးတွေစိုရွှဲနေပြီး ရင်တွေလည်း တစ်ဒိန်းဒိန်းခုံနေသည်။ နောက်တော့ အိပ်မက်ဆိုး မက်နေရာမှ သူလန့်နိုးလာခြင်း ဖြစ်ကြောင်းသိလိုက်သည်။ အိပ်မက်ထဲတွင် သူ အဆိုတော်တစ်ယောက်ဖြစ်နေသည်။ “ဘုရား ဘုရား တော်ပါသေးရဲ့ ဒါဟာအိပ်မက်တစ်ခု ဖြစ်နေလို့…” ဟု သူရေရွှတ် မိသည်။ ဒီလိုခေတ်ကြီးထဲမှာ အဆိုတော်ဖြစ်ရခြင်းဟာ အိပ်မက်ဆိုးတစ်ခုပင် မဟုတ်ပါလား။


အခန်း(၁)


သူအိမ်ကထွက်သည်နှင့် ထုံးစံအတိုင်း ကင်မရာတဖျပ်ဖျပ်ဒဏ်ကို စတင်ခံစားရပြီး သူ့ကိုအချိန်ပြည့် စောင့်ကြည့်နေကြသော (ပါပါရာဇီ)သတင်းသမားတစ်သိုက်ကို ရင်ဆိုင်လိုက်ရသည်။
“ အစ်ကို ခုလတ်တစ်လောနားထောင်ဖြစ်နေတဲ့ အခွေလေးတစ်ဆိတ်လောက်”
“ ပြည်ပခရီးစဉ်တွေရော သွားဖို့အစီအစဉ်ရှိလား ”
“ အစ်ကိုရဲ့ အချစ်ရေးကိုလည်း အဆိုတော်တွေက သိချင်နေကြတယ် ”
စသော ထူးမခြားနားမေးခွန်းများကို သူကလမ်းလျှောက်ရင်းဖြေကြားလာခဲ့သည်။ သတင်းသမားတွေ ကသာ ကင်မရာတွေ၊ရီကော်ဒါတွေ တစ်ကားကားနှင့် သူ့နောက်ကသောကမြောပြေးလိုက်ရင်း သတင်းရရှိရေး အတွက် ကြိုးပမ်းနေကြသည်။

“မြန်မာအစိုးရက ပြောပါတယ်။ ဆည်ကိစ္စ ရပ်ဆိုင်းနေတာပါ။ ပယ်ဖျက်တာ မဟုတ်ပါဘူး”

မြစ်ဆုံဆည်စီမံကိန်း ရင်းနှီးမြှုပ်နှံသည့် တရုတ်နိုင်ငံတော်ပိုင် ကုမ္ပဏီတစ်ခုဖြစ်သော CPI ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌမစ္စတာ Xia Zhong နှင့် CPI လက်အောက်ခံ ဧရာဝတီမြစ်ဆုံ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် ကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ မစ္စတာ Li Guanghua တို့နှင့် 7Day News က ဘေဂျင်းမြို့ CPI ရုံးချ
ုပ်တွင် စက်တင်ဘာ ပထမပတ်အတွင်းက တွေ့ဆုံခဲ့သည်။

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခံရပြီး ငွေကြေးအကျပ်အတည်းများနှင့် ကြုံတွေ့နေရကာ စီမံကိန်းပြန်လည်စတင်နိုင်ရေး ကြိုးပမ်းနေသည်ဆိုသော CPI နှင့် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားပြီး တစ်နှစ်နီးပါးအကြာ လတ်တလော အခြေအနေများကို 7 Day News က မေးမြန်းထားသည်။

မြစ်ဆုံအပါအ၀င် ဧရာဝတီမြစ်ညာမြစ်ဝှမ်းဒေသမှာ ကျန်စီမံကိန်းတွေ တဖြည်းဖြည်းချင်း ဆက်လုပ်သွားမယ်လို့ပြောတော့ မြစ်ဆုံစီမံကိန်းကို ဆက်လုပ်သွားဖို့ CPI က စိတ်ဆုံးဖြတ်ထားတယ်ပေါ့။

၈၈ အရေးအခင်းတွင် ကျဆုံးခဲ့သော အခြေခံပညာကျောင်းသားသုံးဦးအတွက် ၂၄ နှစ်ပြည့် ဂုဏ်ပြုအောက်မေ့ဖွယ် ဆွမ်းကျွေးပြုလုပ်

Photo: ၈၈ အရေးအခင်းတွင် ကျဆုံးခဲ့သော အခြေခံပညာကျောင်းသားသုံးဦးအတွက် ၂၄ နှစ်ပြည့် ဂုဏ်ပြုအောက်မေ့ဖွယ် ဆွမ်းကျွေးပြုလုပ် 

Wednesday, 19 September 2012 12:08

၈၈ အရေးအခင်းကာလတွင် ကျဆုံးခဲ့သော အခြေခံပညာ ကျောင်းသားများဖြစ်သည့် မ၀င်းမော်ဦး၊ မောင်သန်းဌေး၊ မောင်တင်ထွန်းတို့ သုံးဦးတို့အတွက် ဂုဏ်ပြု အောက်မေ့ခြင်း အထိမ်းအမှတ် သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းမှုကို စက်တင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်ရှိ ဘုရားငါးဆူ တန်ဆောင်းတော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားသို့ နိုင်ငံရေးပါတီအချို့မှ ပါတီဝင်များ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်များ၊ ကျဆုံးသွားသော ကျောင်းသားများ၏ မိသားစုဝင်များနှင့် ကျောင်းသားများ ချီတက်ပွဲတွင် ပါဝင်ခဲ့သူအချို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျဆုံးခဲ့သော ကျောင်းသားများထဲမှ တစ်ဦးဖြစ်သည့် မ၀င်းမော်ဦး၏ ဖခင် ဦးဝင်းကြူက '' အဲဒီနေ့ မနက်ပိုင်းက သမီးလေးကို သူ့အမေက ကျောင်းကိုမသွားဖို့ တားသေးတယ်။ သူက တအောင့်ပဲသွားမှာပါ။ ပြီးတာနဲ့ ပြန်လာပါ့မယ်ဆိုပြီး ထွက် သွားတာ ပြန်မလာဘူး။ တစ်နာရီ ထိုးလောက်ကျမှ သမီးလေး သေနတ်မှန်ပြီး ရန်ကုန်ဆေးရုံကြီးကို ရောက်နေတယ်ဆိုတာကို  ဖုန်းနဲ့တစ်ယောက်က လှမ်းပြောတာ။ ကျွန်တော်တို့လည်း ဆေးရုံကိုလိုက်သွားပြီး သမီးလေးကို တော်တော် ရှာလိုက်ရတယ်။ သမီးလေးက ခြေသလုံးမှာ တစ်ချက်၊ ပေါင်မှာ တစ်ချက်၊ ဓာတ်ပုံမှာမြင်တဲ့အတိုင်း လက်မောင်းကနေ ဖောက်ဝင်သွားတာ တစ်ချက်နဲ့ ကျည်ဆန်သုံးချက် ထိထားတာ အဆုတ်တစ်ခြမ်း ပျက်စီးသွားတယ်။ ဆရာဝန်ကြီးကတော့ ခင်ဗျားသမီး အသက်ဆက်ရှင်ရင်တောင် အသက်မရှည်နိုင်တော့ဘူးလို့ ပြောတယ်။ သမီးလေးကိုတွေ့တော့ ကျွန်တော့်ကို လက်ယပ်ခေါ်တယ်။ သမီးလေးက နောက်ဆုံး အနေနဲ့ သမီးတို့တောင့်တတဲ့ ဒီမိုကရေစီမရမချင်း သမီးတို့ကို အမျှ မဝေပါနဲ့ဆိုတဲ့ ကတိကို တောင်းသွားတယ်။ ကျွန်တော်တို့လည်း သမီးလေးဆုံးတဲ့နေ့တိုင်း အိမ်မှာ ဆွမ်းကပ်ဖြစ်ပေမယ့် အခုအချိန်ထိ အမျှမဝေဖြစ်သေးပါဘူး။ သမီးလေးဆုံးတုန်းကတော့ ၀မ်းနည်းမိပေမယ့် ဒီမိုကရေစီအတွက် ရဲဝံ့စွာနဲ့ တိုက်ပွဲ ၀င်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်''ဟု ပြောကြားခဲ့သည်။

အခမ်းအနားသို့ ကချင်ပြည်နယ်သို့ ရောက်ရှိနေသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပေးပို့ခဲ့သော 'စက်တင်ဘာမိုးရေစက်များ' အမည်ရှိ ကဗျာကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဇော်မင်းက ကိုယ်စား ရွတ်ဆိုခဲ့သည်။

အဆိုပါ ကျောင်းသားသုံးဦးလုံးသည် ကြည့်မြင်တိုင် အ.လ.က (၄) ကျောင်းသားများဖြစ်ပြီး ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သော အခြေခံပညာကျောင်းသားများ ချီတက်ဆန္ဒပြပွဲတွင် ဆူးလေဘုရားလမ်းနှင့် ကုန်သည်လမ်းထောင့်၌ သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းမှုတွင် ကျဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်းဓါတ်ပုံ--eleven media group
၈၈ အရေးအခင်းကာလတွင် ကျဆုံးခဲ့သော အခြေခံပညာ ကျောင်းသားများဖြစ်သည့် မ၀င်းမော်ဦး၊ မောင်သန်းဌေ
း၊ မောင်တင်ထွန်းတို့ သုံးဦးတို့အတွက် ဂုဏ်ပြု အောက်မေ့ခြင်း အထိမ်းအမှတ် သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းမှုကို စက်တင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်ရှိ ဘုရားငါးဆူ တန်ဆောင်းတော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားသို့ နိုင်ငံရေးပါတီအချို့မှ ပါတီဝင်များ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်များ၊ ကျဆုံးသွားသော ကျောင်းသားများ၏ မိသားစုဝင်များနှင့် ကျောင်းသားများ ချီတက်ပွဲတွင် ပါဝင်ခဲ့သူအချို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျဆုံးခဲ့သော ကျောင်းသားများထဲမှ တစ်ဦးဖြစ်သည့် မ၀င်းမော်ဦး၏ ဖခင် ဦးဝင်းကြူက '' အဲဒီနေ့ မနက်ပိုင်းက သမီးလေးကို သူ့အမေက ကျောင်းကိုမသွားဖို့ တားသေးတယ်။ သူက တအောင့်ပဲသွားမှာပါ။ ပြီးတာနဲ့ ပြန်လာပါ့မယ်ဆိုပြီး ထွက် သွားတာ ပြန်မလာဘူး။ တစ်နာရီ ထိုးလောက်ကျမှ သမီးလေး သေနတ်မှန်ပြီး ရန်ကုန်ဆေးရုံကြီးကို ရောက်နေတယ်ဆိုတာကို ဖုန်းနဲ့တစ်ယောက်က လှမ်းပြောတာ။ ကျွန်တော်တို့လည်း ဆေးရုံကိုလိုက်သွားပြီး သမီးလေးကို တော်တော် ရှာလိုက်ရတယ်။

ဒေါ်အောင်ဆန်းစုကြည်အား ဗွီအိုအေ (မြန်မာပိုင်း) အကြီးတန်း အယ်ဒီတာ ဦးကျော်ဇံသာက သီးသန့် တွေ့ဆုံမေးမြန်းခြင်း


ဲမြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်အသံ ရုံးချုပ်ကို အင်္ဂါနေ့က လာရောက်ပြီးတော့ ဗွီအိုအေ (မြန်မာပိုင်း) မိသားစုတွေနဲ့ တရင်းတနှီးတွေ့ဆုံပြီးတော့ သြဝါဒ စကားတွေလည်း ပြောဆိုခဲ့ပါတယ်။ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဗွီ

အိုအေ (မြန်မာပိုင်း) အကြီးတန်း အယ်ဒီတာ ဦးကျော်ဇံသာက သီးသန့် တွေ့ဆုံမေးမြန်းခွင့်လည်း ရခဲ့ပါတယ်။ ဒီတွေ့ဆုံမေးမြန်းခန်းကို အပြည့်အစုံတင်ပြပေးထားပါတယ်။

ဦးကျော်ဇံသာ။ ။ ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား။ အခုလို ကျန်းကျန်းမာမာတွေ့ရလို့ အထူး ဝမ်းသာပါတယ်။ ကျနော်တို့ ဗွီအိုအေကို တွေ့ဆုံမေးမြန်းခွင့် ပေးတဲ့အတွက်လည်း အထူး ကျေးဇူး တင်ပါတယ်။ ပထမဦးဆုံးမေးချင်တဲ့မေးခွန်းကတော့ လူတိုင်းစိတ်ဝင်စားတဲ့ မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေးနဲ့ ပတ်သက်တဲ့မေးခွန်းပါ။ ပြုပြင်ပြောင်းလဲရေးဆိုတာ အသံသာ ကြားနေရတယ်။ တကယ်တန်း ပြောင်းလဲသွားတာ ဘာမှ မတွေ့ရသေးဘူးလို့ လူတွေက ပြောကြပါတယ်။
တချို့ကလည်း စာနယ်ဇင်း လွတ်လပ်မှုတွေ နည်းနည်းပါးပါး ရှိလာတယ်၊ လူတွေ ပြောရဲဆိုရဲ ရှိလာတယ် ဆိုပြီးတော့လည်း ပြောကြပါတယ်။ ..ဆိုတော့ ဒီ ပြုပြင်ပြောင်းလဲမှု အခြေအနေနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ကြားပါရစေခင်ဗျ။

ကလေးငယ် ဖမ်းခေါ်သူကို ရဲစခန်းတွင် အမှုဖွင့်ထား ရန်ကုန်တိုင်းဒေသကြီးတွင် တစ်နှစ်လျှင် လူပျောက်မှု (၃၀၀) မှ (၄၀၀) ကြားရှိနေပြီး တစ်နိုင်ငံလုံးတွင် အများဆုံးဖြစ်နေ

မြောက်ဥက္ကလာပမြို့နယ်(င) ရပ်ကွက်တွင် နေထိုင်သော အသက်ခုနစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား စက်တင်ဘာလ ၂ ရက်က လိမ်လည်၍ ဖမ်းဆီးခေါ်ဆောင်သွားသူတစ်ဦးကို မိဘများက ရဲစခန်းတွင် အမှုဖွင့်ထားသည်။

အသက်ခုနစ်နှစ်အရွယ် မဇူလိုင်မိုးကျော်သ

ည် ထိုနေ့မွန်းလွဲ ၂ နာရီခွဲဝန်းကျင်က တစ်ဦးတည်းဆော့ကစားနေစဉ် အသက် ၂၅ နှစ်အရွယ် ရန်နိုင်(ခ)လှဝင်းက မုန့်ဝယ်ကျွေးမည်ဟုပြောကာ ၎င်း၏ချိုင်းကြားအောက်ညှပ်၍ ဖမ်းခေါ်သွားသည်။ ကလေးက ကျောက်ရေတွင်း ဘူတာအနီးအရောက် သတိဝင်လာပြီး ၎င်းနှင့်အတူလိုက်ရန် ငြင်းဆန်နေရာ အနီးနားရှိလူများက မသင်္ကာ၍ မေးမြန်းစဉ် ထိုသူထွက်ပြေးခဲ့ရာမှ ဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။

“ကလေးက သွားရင်းနဲ့ ချော်လဲတော့ ပြန်မယ်ပြန်မယ် ပြောတာနဲ့ သူက ကလေးကို မျက် နှာနဲ့ နားအုံကို ရိုက်တယ်။ ကလေးကိုရိုက်တာ ကန်စွန်းခင်းက လူတွေကမြင်ပြီး မသင်္ကာတာနဲ့ မေးတော့မှ သူက ကလေးထားပြီး ထွက်ပြေးသွားတာ”ဟု ကလေးမိခင်မ၀င်းမာက ပြောသည်။ မြောက်ဥက္ကလာပ မြို့နယ်အ တွင်း အသက် ၁၃ နှစ်အောက် ကလေးပျောက်မှုတွင် မဇူလိုင်မိုးကျော် အပါအ၀င် ပြီးခဲ့သည့်တစ်လကျော်အတွင်း လေးဦး ပျောက်ဆုံးခဲ့ကာ မဇူလိုင်မိုး
ကျော်နှင့် တစ်ဦးကို ပြန်လည်တွေ့ရှိခဲ့သော်လည်း ကျန်နှစ်ဦးမှာ ယခုအချိန်ထိ ရှာတွေ့ခြင်းမရှိသေးချေ။

လှိုင်သာယာ ကျူးကျော်များ၏ ဘဝတည်ငြိမ်ရေး ဆင်းရဲသားရွှေမြို့တော် နှစ်ကုန်တွင် တည်ပေးမည်

Photo: လှိုင်သာယာ ကျူးကျော်များ၏ ဘဝတည်ငြိမ်ရေး ဆင်းရဲသားရွှေမြို့တော် နှစ်ကုန်တွင် တည်ပေးမည်

လှိုင်သာယာမြို့နယ်အတွင်းရှိ ကျူးကျော်များအတွက် ဆင်းရဲသားရွှေမြို့တော်စီမံကိန်းတည်ဆောက်မည်ဟု အမျိုးသားဒီမိုကရေစီအင်အားစုမှ ဦးမြင့်သိန်းက ပြော သည်။

”လှိုင်သာယာမှာ ရှိနေတဲ့ ကျူးကျော်နေထိုင်သူတွေအတွက် သားစဉ်မြေးဆက် အခြေချနေထိုင် ဖို့နဲ့ ဆင်းရဲမွဲတေမှုကို လျှော့ချရေး အတွက် အောက်ခြေကနေ စတင် ပြောင်းလဲရင် ပိုမိုထိရောက်မယ် လို့ ယုံကြည်ပါတယ်။ အဲဒါကြောင့် ”ဆင်းရဲသား ရွှေမြို့တော်ကို တည် ဆောက်ရတာပါ” ဟု ဦးမြင့်သိန်း က ပြောသည်။ ဆင်းရဲသားေ ရွှမြို့တော်စီမံကိန်း အား ယာယီမတည်ငွေကျပ်သိန်း ၁ဝဝ ကို ဦးမြင့်သိန်းကထည့်ဝင်ပေး မည်ဖြစ်ပြီး မြို့တော်တွင်နေထိုင်သူ များက တစ်လလျှင် ကျပ် ၃ဝဝဝဝ နှုန်ြး ဖင့် သုံးနှစ်တိတိ ပေးဆောင်ရ မည်ဖြစ်ကြောင်း သိရသည်။အဆိုပါမြို့တော်၌ ပေ ၂ဝ × ပေ ၅ဝ မြေကွက်ပေါ်တွင် ၁၅ ပေ × ပေ ၂ဝ ဝန်းကျင်အိမ် တည် ဆောက်မည်ြ ဖစ်ပြီး အိမ်နောက် ဘက်၌ မွေးမြူရေးလုပ်ကိုင်နိုင် ရန်နေရာ ထားရှိမည်ဖြစ်ကြောင်း၊ ပထမနှစ်၏ ခြောက်လအတွင်း ဝါးအိမ်များအပြီး ဆောက်လုပ်မည် ဖြစ်ပြီး အိမ် ဆယ်လုံးပြီးတိုင်း နေ ထိုင်သူများအား မဲစနစ်ဖြင့် စတင် နေရာချပေးမည်ဖြစ်ကြောင်း ၄င်း က ပြောသည်။ ”မြို့တော်အတွင်းမှာ သယ်ယူ ပို့ဆောင်ရေး လွယ်ကူစေဖို့ မော် တော်ကား ဂိတ်၊ မော်တော်ဆိုင် ကယ်ဂိတ်တွေထားရှိပါမယ်၊ ပြီး တော့ လျှပ်စစ်မီးရရှိရေး၊ အားက စားနဲ့အသက်မွေးဝမ်းကျောင်း သင် တန်းတွေကိုလည်း သင်ကြားေ ပးသွားမှာပါ”ဟု ၄င်းက ဆက်လက် ပြောသည်။ ရွှေမြို့တော် စီမံကိန်းအား လှိုင်သာယာရှိ ကျူးကျော်များနှင့် အနီးဆုံးနေရာတွင် ရည်ရွယ်ထား ပြီး နှစ်ကုန်ပိုင်းလောက် တွင် စတင် အကောင်အထည်ဖော်မည်ဖြစ် ကြောင်း၊ သက်ဆိုင်ရာသို့လည်း တင်ပြထားပြီးဖြစ်ကြောင်း၊ ယခုစီ မံကိန်းသည် ပထမဆုံးခြေလှမ်း ဖြစ်ပြီး နောက်ထပ် လုပ်ဆောင် သွားမည့် အစီအစဉ်များလည်း ရှိ ကြောင်း ၄င်းက ဆက်လက် ပြော သည်။လှိုင်သာယာမြို့နယ်တွင် ကျူးကျော် ၂ဝဝ ဦးခန့်ရှိကြောင်း ၄င်းထံမှ သိရသည်။

ရန်နိုင်

မူရင်းသတင်း--Popular Myanmar News Journal
လှိုင်သာယာမြို့နယ်အတွင်းရှိ ကျူးကျော်များအတွက် ဆင်းရဲသားရွှေမြို့တော်စီမံကိန်းတည်ဆောက်မည်ဟု အမျိုးသားဒီမိုကရေစီအင်အားစုမှ ဦးမြင့်သိန်းက ပြော သည်။

”လှိုင်သာယာ
မှာ ရှိနေတဲ့ ကျူးကျော်နေထိုင်သူတွေအတွက် သားစဉ်မြေးဆက် အခြေချနေထိုင် ဖို့နဲ့ ဆင်းရဲမွဲတေမှုကို လျှော့ချရေး အတွက် အောက်ခြေကနေ စတင် ပြောင်းလဲရင် ပိုမိုထိရောက်မယ် လို့ ယုံကြည်ပါတယ်။ အဲဒါကြောင့် ”ဆင်းရဲသား ရွှေမြို့တော်ကို တည် ဆောက်ရတာပါ” ဟု ဦးမြင့်သိန်း က ပြောသည်။ ဆင်းရဲသားေ ရွှမြို့တော်စီမံကိန်း အား ယာယီမတည်ငွေကျပ်သိန်း ၁ဝဝ ကို ဦးမြင့်သိန်းကထည့်ဝင်ပေး မည်ဖြစ်ပြီး မြို့တော်တွင်နေထိုင်သူ များက တစ်လလျှင် ကျပ် ၃ဝဝဝဝ နှုန်ြး ဖင့် သုံးနှစ်တိတိ ပေးဆောင်ရ မည်ဖြစ်ကြောင်း သိရသည်။အဆိုပါမြို့တော်၌ ပေ ၂ဝ × ပေ ၅ဝ မြေကွက်ပေါ်တွင် ၁၅ ပေ × ပေ ၂ဝ ဝန်းကျင်အိမ် တည် ဆောက်မည်ြ ဖစ်ပြီး အိမ်နောက် ဘက်၌ မွေးမြူရေးလုပ်ကိုင်နိုင် ရန်နေရာ ထားရှိမည်ဖြစ်ကြောင်း

ဒုံးလက်နက်ကာကွယ်ရေး ရေဒါစနစ်သစ်ထားရှိဖို့ အမေရိကန်နဲ့ ဂျပန်သဘောတူ

အမေရိကန်ကာကွယ်ရေးဝန်ကြီး နဲ့ ဂျပန်ကာကွယ်ရေး ဝန်ကြီး တို့ တိုကျိုမြို့ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။ စက်တင်ဘာ ၁၇၊ ၂၀၁၂။
မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းတပ် ဒုံးကျည်ခြိမ်းခြောက်မူကို ကာကွယ်နိုင်ဖို့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ ဂျပန်အစိုးရတို့ ပူးပေါင်းပြီး ဂျပန်နိုင်ငံ ပိုင်နက်ထဲမှာ ဒုံးကျည်ကာကွယ်ရေး ရေဒါစနစ်သစ် ထားရှိဖို့ သဘောတူလိုက်ကြပါပြီ။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်က အစည်းအဝေးပြီးတဲ့နောက် တနင်္လာနေ့မှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး လီယွန် ပန်နက်တား (Leon Panetta) နဲ့ ဂျပန်ကာကွယ်ရေးဝန်ကြီး ဆတို့ရှိ မိုရိမို့တို့ (Satoshi Morimoto) တို့ရဲ့ သဘောတူညီချက်ကို ထုတ်ပြန်ကြေညာလိုက်တာပါ။
အဲဒီ ဒုံးကျည်ကာကွယ်ရေး ရေဒါစနစ်သစ် X band radar ဟာ ဂျပန်နိုင်ငံကို ကာကွယ်ဖို့ ဖြစ်သလို အမေရိကန်နိုင်ငံကို ကာကွယ်ဖို့လည်းဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ပန်နက်တားက ပြောပါတယ်။ ဒီစနစ်ဟာ တရုတ်နိုင်ငံကို မရည်ရွယ်ထားဘူးဆိုတာကိုလည်း ပန်နက်တားက အလေးအနက်ပြောခဲ့ပါတယ်။

ဆီးရီးယား အစိုးရအတွက် အီရန်စစ်တပ် အကူအညီပေး

အီရန် တော်လှန်ရေး ပြည်စောင့်တပ်ရဲ့ တပ်မှူး Mohammad Ali Jafari အီရန်နိုင်ငံ တီဟီရန်မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (စက်တင်ဘာလ ၁၆ ရက်၊ ၂၀၁၂)
အီရန်နိုင်ငံရဲ့ တော်လှန်ရေး ပြည်စောင့် အထူးတပ်က ဆီးရီးယား နိုင်ငံမှာ စစ်ဘက်နဲ့ မဆိုင်တဲ့ အကူအညီတွေကို ပေးအပ်နေတဲ့ အကြောင်း အီရန်က ပြောလိုက်ပါတယ်။ အနီးစပ်ဆုံး မဟာမိတ်ဖြစ်တဲ့ ဆီးရီးယားအပေါ် ပြင်ပက တိုက်ခိုက်မှုတွေ လုပ်လာမယ် ဆိုရင်တော့ စစ်ရေးအရ ပါဝင်ကူညီကောင်း ကူညီသွားမယ်လို့လည်း ပြောဆိုခဲ့တာပါ။

အီရန် တော်လှန်ရေး ပြည်စောင့်တပ်ရဲ့ တပ်မှူးဖြစ်သူ Mohammad Ali Jafari ရဲ့ တနင်္ဂနွေနေ့က ပြောဆိုချက်ဟာ လူပေါင်း ထောင်ချီ သေဆုံးနေတဲ့၊ ၁၈ လကြာ အစိုးရက အတိုက်အခံတွေကို နှိမ်နင်းနေတဲ့ ဆီးရီးယားမှာ အီရန်က စစ်ရေးအရ ပတ်သက်နေတယ် ဆိုတာကို လူသိရှင်ကြား ကြေညာလိုက်တဲ့ လုပ်ရပ်တခုလည်း ဖြစ်ခဲ့တာပါ။

မင်းတို့ဥာဏ်အမြင် တစ်မိုက်တစ်ထွာမျှရယ်နဲ့ ငြင်းဖို့သန်လျှင် မိုက်ရာကျပါလိမ့် . . .( မောင်သွေးချွန် )

ကယားပြည်နယ် လောပိတက လျှပ်စစ်မီးထုတ်ယူပြီး ကယားပြည်နယ်ကိုတော့ မှောင်ကြီးချခဲ့တာတွေ၊ ရခိုင်ကျောက်ဖြူဒေသက စွမ်းအင်တွေ တရုတ်ကို ရောင်းစားလိုက်ပြီး ရခိုင်ဒေသ မှောင်ကြီးကျနေတာတွေ စသည်ဖြင့် ဒါတွေကို ဗမာပြည်သူ အများစုကြီးကလည်း တိုင်းရင်းသားတွေနဲ့ ထပ်တူ မလိုလားကြပါဘူး။

သူတို့ ပြန်လာကြလေပြီ။ သူတို့ဆိုတာ 'ကျောင်းသားတပ်ဖွဲ့'လို့ ပြောနိုင်တဲ့ ABSDF အဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌဟောင်းများဖြစ်ကြတဲ့ ဒေါက်တာနိုင်အောင်၊ ကိုမိုးသီးဇွန်နဲ့ ကိုထွန်းအောင်ကျော်တို့ အပါအ၀င်ဖြစ်တဲ့ လူတစ်စုပါပဲ။ သူတို့ဟာ ၂၀၁၂  ခုနှစ် စက်တင်ဘာလဆန်းမှာ ပြည်တော်ပြန်လာကြတယ်။ သူတို့ကို ခရီးဦးကြိုပြုလိုက်တာကတော့ '၉၂ ပါဂျောင် ရှင်းတမ်း' ဖြစ်ပါတယ်။ ၂၀၁၂ခုနှစ် သြဂုတ်လ ၃၁ ရက်မှာ အေဘီမြောက်ပိုင်းပြန် ရဲဘော်များက ၁၉၉၂ ပြည်ထောင်စုနေ့ လူသတ်ပွဲ ကြီးအကြောင်းကို '၉၂ ပါဂျောင်ရှင်းတမ်း'အဖြစ် သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ မြောက်ပိုင်းဒေသက ABSDF အတွင်း ကျောင်းသားစစ်စစ်တွေကို 'ထောက်လှမ်းရေး'လို့ စွပ်စွဲပြီး ငရဲသားတွေက အဘခေါ်ရလောက်အောင် နှိပ်စက်ညှဉ်းပမ်း သတ်ဖြတ်ခဲ့ပုံတွေကို ကျွန်တော်တို့ ကြားသိခဲ့ပြီးဖြစ်ပါတယ်။

ဖားကန့်မြို့တွင် စက်တင်ဘာလ ၁၈ ရက်နေ့ နေ့လယ်ပိုင်းက အသက် ၅၁ အရွယ် အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၍ သေဆုံး




_DSC0106
ဖားကန့်မြို့နယ်တွင် မိုင်းနင်းမိ၍ သေဆုံးခဲ့ရသော ဒေါ်လပ်ဆိုင်း(အသက်၅၁)၏ အသုဘ အခမ်းအနားကို တွေ့မြင်ရစဉ်
ကချင်ပြည်နယ် ဖားကန့်မြို့တွင် စက်တင်ဘာလ ၁၈ ရက်နေ့ နေ့လယ်ပိုင်းက အသက် ၅၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၍ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ယင်းဖြစ်စဉ် အပါအ၀င် စက်တင်ဘာလ ၁၈ ရက်နေ့က ဖားကန့်မြို့အတွင်း ပေါက်ကွဲမှုနှစ်ကြိမ်နှင့် ဖားကန့်၊ တာမခံဒေသ၌ ပစ်ခတ်မှုအချို့ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၁၈ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက်တွင် နေထိုင်သူ အသက် ၅၁ နှစ်အရွယ် ဒေါ်လပ်ဆိုင်းမှာ ဟင်းသီးဟင်းရွက်ခူးရန် နမ္မချောင်း ကမ်းနားလမ်းမှ လမ်းလျှောက်စဉ် မိုင်းနင်းမိ၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ၏ ခင်ပွန်းဖြစ်သူ ဦးဒေါင်ဟောင်းက "ကျွန်တော့်မိန်းမက နံနက် ၁၁နာရီလောက်မှာ အိမ်ကနေပြီး ဟင်းစားရှာဖို့ နမ္မချောင်း ကမ်းနားကနေ ခြံထဲကို သွားခဲ့တာပါ။ နေ့တိုင်း သွားနေကြလမ်း အတိုင်းသွားခဲ့တယ်။ မွန့်တည့် ၁၂ လောက်မှာ ပတ်ဝန်းကျင်က ဒေသခံတွေက ကျွန်တော့်အမျိုးသမီး မိုင်းနင်းမိတယ်ဆိုတာ လာပြောလို့ လိုက်သွားခဲ့ပါတယ်။

မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ အဆုံးသတ်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း



DSUSA1
ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့ စက်တင်ဘာလ ၁၈ ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရုံးတွင် တွေ့ဆုံနေစဉ် (Photo AFP)
မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ အဆုံးသတ်ရန် အမေရိကန်နိုင်ငံ ၀ါရှင်တန်သို့ ရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုလိုက်ကြောင်း သိရပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၁၈ ရက်နေ့က ၀ါရှင်တန်ရှိ U.S. Institute of Peace တွင် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်နှင့် တွေ့ဆုံပြီးနောက် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု Chicago Tribune သတင်းစာတွင် ဖော်ပြခဲ့ပါသည်။

မြန်မာနိုင်ငံသားများအနေဖြင့် ကိုယ်ကြမ္မာကိုယ် ဖန်းတီးခွင့်နှင့် တာဝန်ယူမှု ရှိရတော့မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖြစ်ထွန်းရေး အရှိန်အဟုန်ကို ထိမ်းသိန်းနိုင်ရန်အတွက် အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှု အပေါ် မှီခိုရန် မပြုလုပ်သင့်တော့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း Chicago Tribune သတင်းစာ၌ ရေးသားခဲ့သည်။

ရခိုင်နှင့် မူဆလင်ခေါင်းဆောင်များ လူမျိုးစုနှင့် ပဋိပက္ခအရေး အလေးထားဆွေးနွေး

ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်မှာ ပြုလုပ်တဲ့ (၂၁) ရာစု မြန်မာနိုင်ငံရဲ့ အမျိုးသားရေး လက္ခဏာနဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲ နောက်ဆုံးနေ့မှာ (၈၈)မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးအပါအဝင် ရခိုင်နဲ့ မူဆလင် ခေါင်းဆောင်တွေက ရခိုင်ပြည်နယ်က တိုင်းရင်းသား လူမျိုးစုအရေးနဲ့ ပဋိပက္ခအရေးအတွက် အလေးထား ဆွေးနွေးခဲ့ကြပါတယ်။
RFA
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁ရ ရက်က ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်တွင် (၂၁) ရာစု မြန်မာနိုင်ငံ၏ အမျိုးသားရေး လက္ခဏာနှင့် နိုင်ငံသားဖြစ်ခွင့် ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပနေစဉ်။
(၈၈)မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ရခိုင်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ အမျိုးသား လက္ခဏာ ကပ်ဆိုက်မှုဖြစ်ပြီး ဒီကိစ္စတွေကို ဖြေရှင်းဖို့အတွက် အများပါဝင်တဲ့ ဘုံအဖြေတစ်ခု ရှာဖွေတည်ဆောက်ဖို့ လိုအပ်တယ်လို့ ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် ပူးတွဲမိန့်ခွန်းပြောမည်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ရွှေတံဆိပ်ဆု အပါအဝင် တခြားဆုတွေကို လက်ခံယူဖို့အတွက် ဝါရှင်တန်ဒီစီ မြို့တော်ကို မနေ့က မနက် ၁ဝ နာရီခွဲမှာ ဂျပန်နိုင်ငံကတဆင့် ရောက်ရှိလာပါတယ်။
RFA
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၈ ရက်က ဝါရှင်တန် ဒီစီတွင် USIP နှင့် Asia Society အဖွဲ့တို့ ပူးတွဲ ကမကထ ပြုလုပ်သည့် မြန်မာ့အရေး ဆွေးနွေးပွဲတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ အမေရိကန်စံတော်ချိန် မနက် ၉ နာရီမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton နဲ့ ပူးတွဲမိန့်ခွန်း ပြောကြားမှာ ဖြစ်ပါတယ်။
အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ USIP ခေါ် အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆိုင်ရာအဖွဲ့နဲ့ Asia Society အဖွဲ့တို့ ပူးတွဲ ကမကထပြုတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကို ဒီကနေ့ တက်ရောက် မိန့်ခွန်းပြောဖို့ ရှိပါတယ်။

"တန်ဖိုးနည်းအိမ်ရာ အစိုးရမြေပေး၍ နှစ်ရှည် အရစ်ကျရောင်းမှ ရန်ကုန်သားအများစု ပိုင်မည်"

Photo: "တန်ဖိုးနည်းအိမ်ရာ အစိုးရမြေပေး၍ နှစ်ရှည် အရစ်ကျရောင်းမှ ရန်ကုန်သားအများစု ပိုင်မည်"

အစိုးရမြေနေရာပေး၍ ရောင်းချသူများက နှစ်ရှည်ပုံစံဖြင့် ရောင်းချမှသာ ရန်ကုန်မြို့နေ ၈၅ ရာခိုင်နှုန်းရှိ အခြေခံလူတန်းစားများ အိမ်ရာပိုင် ဆိုင်နိုင်မည်ဟု တန်ဖိုးနည်းအိမ်ရာ စီမံကိန်းဖော်ဆောင်နေသော ဆောက်လုပ်ရေး လုပ်ငန်းများမှ သိရသည်။
''တန်ဖိုးနည်း ဆိုပေမဲ့ မြေ ဈေးက ကြီးတာကြောင့် တိုက်ခန်းဈေးတွေက သိန်း ၁ဝဝ အနည်းဆုံးရှိလို့ တကယ်လိုအပ်တဲ့ သူတွေမရကြဘူး။ အရစ်ကျဆိုပေမဲ့လည်း ငါးနှစ်လို့ သတ်မှတ်တော့ ပိုက်ဆံရှိတဲ့ သူတွေ လက်ထဲပဲ ရောက်ကုန်ကြတယ်'' ဟု နှစ်ရှည်ပုံစံဖြင့် တန်ဖိုးနည်းအိမ်ရာ ဖော်ဆောင်မည့် Gold Cycleကုမ္ပဏီမှ ဒါရိုက်တာ ဦးသက်ခိုင်က လက်ရှိ တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်နေမှုများအပေါ် သုံးသပ်ပြောသည်။
ရန်ကုန်မြို့ရှိ လူဦးရေနှင့် တိုက်ခန်း အရေအတွက်မှာ လက်ရှိ အခြေအနေ ၌ပင် လုံလောက်မှု မရှိရာ ၂ဝ၁၅ အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ခွင့် ရရှိလာ သည့် အခါ နိုင်ငံတွင်းသို့ နိုင်ငံခြားမှ နေထိုင်သူများအား ဝယ်ယူခွင့် ပြုလိုက်မည်ဆိုပါက တိုက်ခန်းဈေး နှုန်းများသည် လူလတ်တန်းစားများပင် ဝယ်ယူနိုင်သည့် အ
နေအထား ရှိတော့မည်မဟုတ်ဟု မဏ္ဍိုင်အိမ် ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ သိရသည်။
''လက်ရှိမှာတောင် နိုင်ငံသားတွေက တူတူတန်တန်မရှိတာ။ နိုင်ငံခြား သားတွေ ဝင်လာရင် ဈေးကတက်လာနိုင်တယ်။ ဒါပေမယ့် အခြားနိုင်ငံတွေနဲ့ တန်းတူဖြစ်ဖို့ တော့ ချိန်ဆရမှာပေါ့'' ဟု အထက်ပါ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ တာဝန်ရှိသူကပြောသည်။
တန်ဖိုးနည်းအိမ်ရာ ဖော်ဆောင်ရာတွင်လည်း လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်သော နေရာဖြစ်ရန်လိုအပ်ပြီး နေထိုင်သူများအတွက် ရေ၊ မီး၊ မိလ္လာ ပြည့်စုံရန် လိုအပ်ကြောင်း တော်ဝင်ဆောက်လုပ်ရေးမှ သိရသည်။
လက်ရှိတွင် တန်ဖိုးနည်းအိမ်ရာဖြစ်သော ယုဇနဥယျာဉ်မြို့ တော်သည် မြို့တွင်းနှင့် ဝေးကွာလွန်းသော နေရာတစ်ခုဖြစ်ပြီး အထပ်မြင့်များ၌ ရေ အခက်အခဲ ကြုံတွေ့ရမှုများရှိနေကြောင်း နေထိုင်သူများထံမှ သိရသည်။
ရန်ကုန်မြို့နေလူဦးရေ ၆ သန်းခန့်တွင် ၁၅ ရာခိုင်နှုန်းသာ အိုးအိမ်ပိုင်ဆိုင်မှုရှိ သည့်အတွက် အခြေခံလူတန်းစားများ နေထိုင် နိုင်သည့် နှစ်ရှည်အရစ်ကျ စနစ်ဖြင့် ရောင်းချပေးနိုင်မည့် တန်ဖိုးနည်း အိမ်ရာများစွာ လိုအပ်နေ သေးကြောင်း၊ ထိုအိမ်ရာများ ပေါ်ပေါက်လာ၍ အစိုးရမှ မြေနေရာ ထုတ်ဖော် ပေးမှသာ ထွက်ပေါ်လာ နိုင်မည်ဖြစ်ကြောင်း လုပ်ငန်းရှင်များက သုံးသပ် ပြောသည်။
တရုတ်နိုင်ငံ ပေကျင်းမြို့တွင်လည်း တန်ဖိုးနည်း အိမ်ရာများရှိပြီး အရစ်ကျ စနစ်ဖြင့် အိမ်ပိုင် မရှိသေးသူများအား ဝယ်ယူခွင့်ပြုသည်။ အစိုးရအနေနှင့် အိမ်ပိုင် မရှိသူများကို အိမ်ပိုင်အောင် ဖန်တီးပေးခြင်း ဖြစ်သောကြောင့် အဆိုပါ တန်ဖိုးနည်း အိမ်ရာများကို ပြန်လည်ရောင်းချခွင့် မရအောင် အစီအမံများ ပြုလုပ်ထားသည်။

WMT, PN-029

မူရင်းသတင်း--Popular Myanmar News Journal
အစိုးရမြေနေရာပေး၍ ရောင်းချသူများက နှစ်ရှည်ပုံစံဖြင့် ရောင်းချမှသာ ရန်ကုန်မြို့နေ ၈၅ ရာခိုင်နှုန်းရှိ အခြေခံလူတန်းစားများ အိမ်ရာပိုင် ဆိုင်နိုင်မည်ဟု တန်ဖို
းနည်းအိမ်ရာ စီမံကိန်းဖော်ဆောင်နေသော ဆောက်လုပ်ရေး လုပ်ငန်းများမှ သိရသည်။
''တန်ဖိုးနည်း ဆိုပေမဲ့ မြေ ဈေးက ကြီးတာကြောင့် တိုက်ခန်းဈေးတွေက သိန်း ၁ဝဝ အနည်းဆုံးရှိလို့ တကယ်လိုအပ်တဲ့ သူတွေမရကြဘူး။ အရစ်ကျဆိုပေမဲ့လည်း ငါးနှစ်လို့ သတ်မှတ်တော့ ပိုက်ဆံရှိတဲ့ သူတွေ လက်ထဲပဲ ရောက်ကုန်ကြတယ်'' ဟု နှစ်ရှည်ပုံစံဖြင့် တန်ဖိုးနည်းအိမ်ရာ ဖော်ဆောင်မည့် Gold Cycleကုမ္ပဏီမှ ဒါရိုက်တာ ဦးသက်ခိုင်က လက်ရှိ တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်နေမှုများအပေါ် သုံးသပ်ပြောသည်။
ရန်ကုန်မြို့ရှိ လူဦးရေနှင့် တိုက်ခန်း အရေအတွက်မှာ လက်ရှိ အခြေအနေ ၌ပင် လုံလောက်မှု မရှိရာ ၂ဝ၁၅ အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ခွင့် ရရှိလာ သည့် အခါ နိုင်ငံတွင်းသို့ နိုင်ငံခြားမှ နေထိုင်သူများအား ဝယ်ယူခွင့် ပြုလိုက်မည်ဆိုပါက တိုက်ခန်းဈေး နှုန်းများသည် လူလတ်တန်းစားများပင် ဝယ်ယူနိုင်သည့် အ
နေအထား ရှိတော့မည်မဟုတ်ဟု မဏ္ဍိုင်အိမ် ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ သိရသည်။

"အမေရိကန်အစိုးရနှင့် ပြည်ပမီဒီယာများ၏ ရခိုင်အရေး သုံးသပ်ချက် ရာနှုန်းပြည့်မမှန်ဟု ဆို"

Photo: "အမေရိကန်အစိုးရနှင့် ပြည်ပမီဒီယာများ၏ ရခိုင်အရေး သုံးသပ်ချက် ရာနှုန်းပြည့်မမှန်ဟု ဆို"

ရန်ကုန်၊ စက်တင်ဘာ ၁၈

ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော အခြေအနေများနှင့် ပတ်သက်၍ အမေရိကန် သံရုံး၏ ထုတ်ပြန်ကြေညာ ချက်နှင့် ပြည်ပမီဒီယာများ၏ ဖော်ပြချက်များမှာ တကယ့်ဖြစ် ရပ်နှင့် လုံးဝကွာခြားကာ မှန်ကန်မှုမရှိကြောင်း ရခိုင်ပြည်နယ် စုံစမ်းရေးကော်မရှင်မှ အဖွဲ့ဝင် ဦးဇာဂနာက ပြောသည်။ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေ ၅ နာရီခန့်က ရန်ကုန်မြို့ရှိ ချက်ထရီယမ်ဟိုတယ်၌ ကျင်းပခဲ့ သော ရခိုင်ပြည်နယ် အတွင်း ဖြစ် ပွားခဲ့သောအခြေအနေများ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ ပထမ အကြိမ် သတင်းစာ ရှင်းလင်းပွဲ၌ ၄င်းက အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေအပေါ် အမေရိကန်သံရုံးရဲ့ လေ့လာ သုံးသပ်ချက်တွေ ကိုရော၊ ပြည် ပမီဒီယာတွေနဲ့ အွန်လိုင်း မီဒီယာတွေမှာ ရေး သား ဖော်ပြ ချက် တွေကို ကော်မရှင်အနေနဲ့ သူတို့ရဲ့ ခန့်မှန်းဖော်ပြ ချက်တွေဟာ ၁ဝဝ ရာခိုင်နှုန်းမှန်ကန်မှု မရှိဘူးလို့ ပြော ချင်ပါတယ်။ နောက်ပြီး အမေရိကန်က ရခိုင်ပြည်နယ် အရေး လေ့လာ စုံစမ်းရေးအဖွဲ့တွေ ရခိုင်ကို လာတုန်းက ကျွန်တော
်တို့အဖွဲ့လည်း အဲဒီမှာ ရှိပါ တယ်ဟု” ဦးဇာဂနာက ဆိုသည်။ ၄င်းက အမေရိကန်လေ့လာ စုံစမ်းရေး အဖွဲ့ အနေဖြင့် ပဋိပက္ခ ဖြစ် ပွား ခဲ့သော နေရာများအား သွားရောက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာ တွင် ဒေသခံအချို့ အနေဖြင့် ၄င်းတို့စုံစမ်းမှု အပေါ် လွန်စွာ စိတ်မကောင်း ဖြစ်ရသည်ဟု သိရကြောင်း၊ ပဋိပက္ခဖြစ်ပွားခဲ့သော ရွာသို့ ရဟတ်ယာဉ်ဖြင့် သွားရောက်ရာ ၌လည်း ရဟတ်ယာဉ်ပေါ်မှ မဆင်းဘဲ တစ်ဖက်စကားကိုသာ နားထောင်သူများလည်း ထိုအဖွဲ့တွင် ပါဝင် ကြောင်း၊ ကော်မရှင်အနေဖြင့်မူ တစ်ဖက်စကားကိုသာ နားမယောင် ဘဲ နှစ်ဖက်စလုံးမှ ပြောစကားများကို နားထောင်၍ မှန်၊ မမှန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း၊ အမေရိကန် အစိုးရမှ ထုတ်ပြန်သကဲ့သို့ ကယ်ဆယ်ရေးစခန်း များတွင် စိုးရိမ်စရာ အခြေအနေများနှင့် ရင်ဆိုင်နေ ရသည်မှာ မဟုတ်ဘဲ အခက် အခဲအချို့ ရှိသော်လည်း စိုးရိမ်ရသည့် အနေ အထား မဟုတ် ကြောင်း ထပ်မံပြောသည်။
PN-020၊ရန်နိုင်

မူရင်းသတင်း----  Popular Myanmar News Journal
ရန်ကုန်၊ စက်တင်ဘာ ၁၈

ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော အခြေအနေများနှင့် ပတ်သက်၍ အမေရိကန် သံရုံး၏ ထုတ်ပြန်ကြေညာ ချက်နှင့် ပြည်ပမီဒီယာများ၏ ဖော်ပြချက်များမှာ
တကယ့်ဖြစ် ရပ်နှင့် လုံးဝကွာခြားကာ မှန်ကန်မှုမရှိကြောင်း ရခိုင်ပြည်နယ် စုံစမ်းရေးကော်မရှင်မှ အဖွဲ့ဝင် ဦးဇာဂနာက ပြောသည်။ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေ ၅ နာရီခန့်က ရန်ကုန်မြို့ရှိ ချက်ထရီယမ်ဟိုတယ်၌ ကျင်းပခဲ့ သော ရခိုင်ပြည်နယ် အတွင်း ဖြစ် ပွားခဲ့သောအခြေအနေများ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ ပထမ အကြိမ် သတင်းစာ ရှင်းလင်းပွဲ၌ ၄င်းက အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေအပေါ် အမေရိကန်သံရုံးရဲ့ လေ့လာ သုံးသပ်ချက်တွေ ကိုရော၊ ပြည် ပမီဒီယာတွေနဲ့ အွန်လိုင်း မီဒီယာတွေမှာ ရေး သား ဖော်ပြ ချက် တွေကို ကော်မရှင်အနေနဲ့ သူတို့ရဲ့ ခန့်မှန်းဖော်ပြ ချက်တွေဟာ ၁ဝဝ ရာခိုင်နှုန်းမှန်ကန်မှု မရှိဘူးလို့ ပြော ချင်ပါတယ်။

အင်းစိန် ထောင်ဖောက်မှုထက် မက္ကဆီကို သာသွားပြီ

Piedras- Negras အကျဉ်းထောင်ရှေ့ လုံခြုံရေးယူထားပုံ

မြန်မာနိုင်ငံမှာ ၁၉၉၅ ခုနှစ်လောက်က နံမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန် အကျဉ်းထောင်မှာ ထောင်ဖောက်
မှုဖြစ်ခဲ့ပါတယ်။
ဒါက မြန်မာနိုင်ငံထောင်သမိုင်းမှာ အကြီးကျယ်ဆုံး ထောင်ဖောက်မှု တခုလည်းဖြစ်ပြီး ပြည်ထဲရေး ၀န်ကြီးဌာနက ရုပ်ရှင် သရုပ်ဆောင်တွေနဲ့ သူတို့ ဘယ်လို ထွက်ပြေးကြတယ်ဆိုတာတောင် မှတ်တမ်း ရုပ်ရှင် ရိုက်ခဲ့ကြပါသေးတယ်။

မြန်မာ ထောင်ဖောက်သူ သူတို့ ၂ ဦးစလုံးကိုတော့ လအနည်းငယ် အကြာမှာဘဲ ဖမ်းမီခဲ့ကြလို့ သူတို့ ရဲ့ထွက်ဆို ချက်တွေအတိုင်း သူတို့ ဘယ်လို ထွက်ပြေးခဲ့ကြတယ်ဆိုတာကို သိရပြီး မှတ်တမ်း ရုပ်ရှင် ရိုက်ခဲ့ကြ တာပါ။အခု ထောင်ဖောက်မှုကတော့ မြန်မာပြည်က ထောင်ဖောက်မှုထက်သာလွန်သွားပါပြီ။
မက္ကဆီကိုနိုင်ငံ နိုင်ငံသမိုင်းမှာ အကြီးဆုံး ထောင်ဖောက်ပြေးမှုတခု မနေ့က ဖြစ်ခဲ့တာပါတဲ့။ နိုင်ငံမြောက်ပိုင်း Piedras Negras အကျဉ်းထောင် ၄ ပေလောက် အချင်းရှိတဲ့ မြေအောက် ဥမင်လှိုင်ခေါင်းဖောက်ပြီး ထွက်ပြေး ခဲ့တာ အကျဉ်းသား ပေါင်း ၁၃၂ ဦး လွတ်မြောက်သွားပါတဲ့။

ဒဂုံဆိပ်ကမ်းမြို့နယ် စက်မှုဇုံ(၁)ရှိ နီလာစတားစက္ကူစက်ရုံမှ အလုပ်သမား ၄၅ဦး အချက် ၇ ချက်ပါ သဘောတူညီမှု ရရှိရေး ဆန္ဒထုတ်ဖော်မှု ပြုလုပ်

Photo: ဒဂုံဆိပ်ကမ်းမြို့နယ် စက်မှုဇုံ(၁)ရှိ နီလာစတားစက္ကူစက်ရုံမှ အလုပ်သမား ၄၅ဦး အချက် ၇ ချက်ပါ သဘောတူညီမှု ရရှိရေး ဆန္ဒထုတ်ဖော်မှု ပြုလုပ်  

Wednesday, 19 September 2012 15:16

ဒဂုံဆိပ်ကမ်းမြို့နယ် စက်မှုဇုံ (၁)ရှိ နီလာစတားစက္ကူစက်ရုံမှ အလုပ်သမား ၄၅ဦး အချက် ၇ချက်ပါ သဘောတူညီမှု ရရှိရေး ဆန္ဒဖော်ထုတ်မှု စက်တင်ဘာလ ၁၉ ရက် နံနက်ပိုင်း ၆နာရီအချိန်မှ စတင်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ယင်းစက္ကူစက်ရုံမှ ၀န်ထမ်းများတောင်းဆိုခဲ့သည့် အချက် ၇ ချက်မှာ စက်ရုံအလုပ်သမားများအနေဖြင့် လခ၏ ၁၀ ရာခိုင်နှုန်းအား စုဆောင်းငွေအဖြစ် စုဆောင်းနေရခြင်းအား ပယ်ဖျက်ပေးရန်၊ရက် မှန်ကြေး ၅၀၀၀ ကျပ်အား ရှားပါးစရိတ် ၅၀၀၀ ကျပ်နှင့် ပေါင်းပေးရန် လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်၊ ဆေးခွင်များအား ဥပဒေပါအတိုင်း ခံစားခွင့်ပြုပေးရန်၊ အဆောင်ကြေးနှင့် ထမင်းစရိတ်အတွက် လျော့ချပေးသည့်ငွေအား လစာငွေထဲတွင် ထည့်ပေးရန်၊ ယင်းစက်ရုံမှ စီမံရေးရာဌာနမှ မန်နေဂျာ ဦးတင်လှအား ရာထူးမှဖယ်ရှားပေးရန်၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုပေးရန်နှင့် လုပ်သက်အလိုက် ဆုကြေးများ ပေးရန်စသည့်အချက်များဖြစ်သည်။

အလုပ်သမားများ၏ တောင်းဆိုမှုများနှင့်ပတ်သက်၍ နံနက် ၁၁ နာရီအချိန်ခန့်တွင် ယင်းစက်ရုံမှ တာဝန်ရှိသူများက ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့သည့် အလုပ်သမားအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ၇ဦးနှင့် အချိန်တစ်နာရီကျော် အကြာ ဆွေးနွေးညှိ နှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း တောင်းဆိုချက်များ မရရှိခဲ့ကြောင်း သိရသည်။
နီလာစတားစက္ကူစက်ရုံမှ အလုပ်သမား ၄၅ဦး ယင်းစက်ရုံရှေ့တွင် ဆန္ဒဖော်ထုတ်မှု ပြုလုပ်နေသည်ကို စက်တင်ဘာလ ၁၉ရက်ေ့ နေ့လည် ၁၂နာရီ ၃၀မိနစ်အချိန်က တွေ့ရစဉ်

နီလာစတားစက္ကူစက်ရုံ အလုပ်သမားသမဂ္ဂ ဥက္ကဌ ကိုကျော်မျိုးက''အဆင်မပြေလို့ တောင်းဆိုမှုတွေ ပြုလုပ်ကာမှ ပိုဆိုးသွားတယ်။ အရင်တုန်းက ၈၂၀၀၀ ရတဲ့သူက အခုညှိနှိုင်းမှု ပြုလုပ်မှုအရ ၆၅၀၀၀ ပဲရရှိမယ့် သဘော ဖြစ်သွားတယ်။ ဒီခြောက်သောင်းခွဲနဲ့ ဘယ်လိုမှ အပြင်မှာ နေလို့ မရဘူ။ သူတို့က ကျွန်တော်တို့ကို အချိန်တစ်ပတ်ပဲ ပေးတယ်။ အလုပ်သမားတွေအပေါ် အလုပ်ရှင်အနေနဲ့ လုံးဝငဲ့ညှာမှုမရှိတဲ့ အနေအထားမျိုးဗျ။ ကျွန်တော်တို့အ နေနဲ့ ရှေ့ဆက်ညှိလို့ မရရင် နောက်နေ့တွေအထိ ကျွန်တော်တို့ လိုချင်တဲ့ အချက်တွေကို တောင်းဆိုသွားမှာပါ''ဟု ပြောပြခဲ့ပါသည်။

အလုပ်သမားများ ဆန္ဒဖော်ထုတ်မှုနှင့် ပတ်သက်၍ နီလာစတားစက်ရုံမှ တာဝန်ရှိသူများထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း တာဝန်ရှိသူဆိုသူက ''ကျွန်တော်တို့ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဌာနက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်''ဟု ပြောဆိုပြီး တယ်လီဖုန်းချသွားပါသည်။

ထပ်မံ၍ ဒဂုံဆိပ်ကမ်းမြို့နယ် အလုပ်သမားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောစိုးတင်ကို တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ဦးစောစိုးတင်က''ကျွန်တော်တို့ စက်ရုံက တာဝန်ရှိသူတွေနဲ့ အလုပ်သများတွေ တောင်းဆိုတဲ့အချက်တွေ ၇ ချက်ကို ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေပါတယ်''ဟု ပြောပြခဲ့ပါသည်။

နေ့လည် ၁၂ နာရီ ၃၀မိနစ်အချိန်ခန့်တွင် ယင်းစက်ရုံမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာအာဏာပိုင်များ စက်ရုံအတွင်း ဆွေးနွေးမှုများပြုလုပ် နေကြောင်း နှင့် ဆန္ဒဖော်ထုတ်သည့် အလုပ်သမားများအနေဖြင့် ထမင်း စားသောက်နိုင်ရေးနှင့်အတွက်စီစဉ် လျက်ရှိကြောင်းသိရသည်။

နေ့လည် ၂နာရီ ၅၀မိနစ်အချိန်တွင် ဆန္ဒဖော်ထုတ်သည့် အလုပ်သမားခေါင်းဆောင် ၇ဦး၊ ယင်းစက္ကူ စက်ရုံမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့တို့ ဒုတိယအကြိမ်မြောက် ဆွေးနွေးမှုပြီးဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးမှုအပြီးတွင် အလုပ်သမားများအနေဖြင့် စက်တင်ဘာ ၂၆ရက်နေ့မှစ၍ စက်ရုံအဆောင်တွင် နေထိုင်ခွင့်မပြုတော့ကြောင်း လစာငွေ ၆၅၀၀၀ ကျပ်ရရှိမည်ဖြစ်ကြောင်းနှင့် အချို့အလုပ်သမားများမှာ ယင်းလစာငွေ ၆၅၀၀၀ ထက်လျော့နည်း ရရှိမည်ဖြစ်ကြောင်း ဆွေးနွေးမှုတွင် ပါဝင်သည့် အလုပ်သမားအဖွဲ့ခေါင်းဆောင်များ၏ ပြောကြားချက်အရ သိရသည်။

ယင်းစက်ရုံ အလုပ်သမားအများစုသည် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ်များမှ လာရောက်လုပ်ကိုင်နေသူများဖြစ်ကြောင်းလည်း သိရသည်။

နီလာစတားစက္ကူစက်ရုံမှ အလုပ်သမား ၄၅ဦး ယင်းစက်ရုံရှေ့တွင် ဆန္ဒဖော်ထုတ်မှု ပြုလုပ်နေသည်ကို စက်တင်ဘာလ ၁၉ရက်ေ့ နေ့လည် ၁၂နာရီ ၃၀မိနစ်အချိန်က တွေ့ရစဉ်

မူရင်းသတင်း---eleven media group
ဒဂုံဆိပ်ကမ်းမြို့နယ် စက်မှုဇုံ (၁)ရှိ နီလာစတားစက္ကူစက်ရုံမှ အလုပ်သမား ၄၅ဦး
အချက် ၇ချက်ပါ သဘောတူညီမှု ရရှိရေး ဆန္ဒဖော်ထုတ်မှု စက်တင်ဘာလ ၁၉ ရက် နံနက်ပိုင်း ၆နာရီအချိန်မှ စတင်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ယင်းစက္ကူစက်ရုံမှ ၀န်ထမ်းများတောင်းဆိုခဲ့သည့် အချက် ၇ ချက်မှာ စက်ရုံအလုပ်သမားများအနေဖြင့် လခ၏ ၁၀ ရာခိုင်နှုန်းအား စုဆောင်းငွေအဖြစ် စုဆောင်းနေရခြင်းအား ပယ်ဖျက်ပေးရန်၊ရက် မှန်ကြေး ၅၀၀၀ ကျပ်အား ရှားပါးစရိတ် ၅၀၀၀ ကျပ်နှင့် ပေါင်းပေးရန် လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်၊ ဆေးခွင်များအား ဥပဒေပါအတိုင်း ခံစားခွင့်ပြုပေးရန်၊ အဆောင်ကြေးနှင့် ထမင်းစရိတ်အတွက် လျော့ချပေးသည့်ငွေအား လစာငွေထဲတွင် ထည့်ပေးရန်၊ ယင်းစက်ရုံမှ စီမံရေးရာဌာနမှ မန်နေဂျာ ဦးတင်လှအား ရာထူးမှဖယ်ရှားပေးရန်၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုပေးရန်နှင့် လုပ်သက်အလိုက် ဆုကြေးများ ပေးရန်စသည့်အချက်များဖြစ်သည်။

"မိုဘိုင်းဖုန်း လျှောက်ထားသုံးစွဲမှု နယ်မြေကန့်သတ်ချက် ပယ်ဖျက်တော့မည်"

Photo: "မိုဘိုင်းဖုန်း လျှောက်ထားသုံးစွဲမှု နယ်မြေကန့်သတ်ချက် ပယ်ဖျက်တော့မည်"


နယ်မြေကန့်သတ်ချက်ဖြင့် လုပ်ကိုင်ဆောင်ရွက်ရသည့် မိုဘိုင်းဖုန်း လျှောက် ထားသုံးစွဲမှုများအား ပယ်ဖျက်တော့မည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
ယခင်က မိုဘိုင်းဖုန်းများ လျှောက်ထားခြင်း၊ သုံးစွဲခြင်း၊ကတ် ပျက်စီးခြင်း၊ ကတ်ပျောက်ဆုံးခြင်း များနှင့် အင်တာနက်လျှောက်ထား သည့်ကိစ္စများကို သက်ဆိုင်ရာပြည် နယ်သို့မဟုတ် တိုင်းဒေသကြီးများ အတွင်းသာ လုပ် ကိုင် ဆောင်ရွက်ရပြီး နယ်ကျော်လျှောက်ထားမှုများအား ခွင့်မပြုခဲ့ကြောင်း သိရသည်။
''အရင်တုန်းက ဒီလို ကန့်သတ်ထားတဲ့ အတွက် ဖုန်းသုံးတဲ့သူတွေ အဆင် မပြေကြပါဘူး။ ဒါ ကြောင့် ကျွန်တော်တို့ ဆက်သွယ်ရေးဝန်ကြီးက ဒီကန့် သတ်ချက်တွေ အားလုံး ပယ်ဖျက်ပေးဖို့ သက်ဆိုင်ရာ အင်ဂျင်နီယာချုပ်တွေ ကို မှာကြားထားပါတယ်။ မကြာခင်ကာလမှာ ဖုန်းသုံးစွဲသူတွေ နီး စပ်ရာ ဆက်သွယ်ရေးစခန်းတွေ မှာ ဖုန်းနဲ့ပတ်သက်တဲ့ ကိစ္စတွေ ဆောင်ရွက်နိုင် မှာပါ'' ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်တစ်ဦး က ပြောသည်။
လက်ရှိတွင် ဖုန်းသုံးစွဲသူအချို့ ဖြစ်ပွားနေသည့် ပြဿနာများဖြစ်သည့် နယ်ကျော်ဖုန်းသုံးစွဲမှု ပိတ်ပင်ထားသည့် ကိစ္စများအား လုပ်ဆောင် ပေးနေပြီဖြစ်၍ မည်သည့်ဖုန်းအမျိုး အစားမဆို နယ်မြေကန့် သတ်ချက် မရှိဘဲ လွယ်လင့်တကူ သယ်ဆောင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။
''အရင်က ဖုန်းတွေ ကန့်သတ်ထားတယ်ဆိုတာက ဘယ်မြို့မှာ ဖုန်းဘယ်နှလုံး ရောင်းရတယ်။ ဘယ်မြို့က ရောင်းအား ကောင်းတယ်ဆိုတာ သိချင်တဲ့အတွက် လုပ်ဆောင်တာပါ။ ဒါကို တချို့က နယ်ဖုန်းတွေ ရန်ကုန် ယူရောင်းတယ်။ ဒီတော့ ရန်ကုန်လို နေရာမှာ ဖုန်းသုံးစွဲမှု ဖောင်းပွပြီး လိုင်းတွေ ကျပ်မှာ စိုးတဲ့အတွက် ဆောင်ရွက်ရတာပါ။ ဒါပေမဲ့ ဆက် သွယ်ရေးကို အကြောင်းကြားထားရင် လိုင်းဖွင့်ပေးပါတယ်'' ဟု ၄င်းက ဆက်ပြောသည်။
လက်ရှိတွင် မြန်မာ့ဆက်သွယ် ရေး လုပ်ငန်းအနေဖြင့် နယ်ကျော် ဖုန်းသုံးစွဲမှု အပြင် ဖုန်းကတ်ပျက်ခြင်းအား ယခင် ကျပ်ငါးသောင်း နှုန်း ကောက်ခံရာမှ အခမဲ့ နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ပြီး ဖုန်းပျောက်ဆုံးမှုကိုမူ ကျပ် ငါးသောင်းမှ ကျပ်နှစ်သောင်းသို့ လျှော့ချပေးသည်။ ယင်းအပြင် အင်တာနက် လျှောက်ထားမှုကိုလည်း ကျပ်သုံးသောင်းမှ ကျပ်တစ်သောင်း လျှော့ချပေးခဲ့ပြီး ယနေ့အချိန် အင်တာနက် လျှောက် ထားမှုကို မည်သည့်နေရာမဆို ခွင့်ပြုပေးထားကြောင်း ဆက်သွယ်ရေးမှ သိရသည်။

အောင်ဇော်

မူရင်းသတင်း--AF Ijournal

ဓါတ်ပုံ--- from facebook
နယ်မြေကန့်သတ်ချက်ဖြင့် လုပ်ကိုင်ဆောင်ရွက်ရသည့် မိုဘိုင်းဖုန်း လျှောက် ထားသုံးစွဲမှုများအား ပယ်ဖျက်တော့မည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
ယခင်က မိုဘိုင်းဖုန်းများ
လျှောက်ထားခြင်း၊ သုံးစွဲခြင်း၊ကတ် ပျက်စီးခြင်း၊ ကတ်ပျောက်ဆုံးခြင်း များနှင့် အင်တာနက်လျှောက်ထား သည့်ကိစ္စများကို သက်ဆိုင်ရာပြည် နယ်သို့မဟုတ် တိုင်းဒေသကြီးများ အတွင်းသာ လုပ် ကိုင် ဆောင်ရွက်ရပြီး နယ်ကျော်လျှောက်ထားမှုများအား ခွင့်မပြုခဲ့ကြောင်း သိရသည်။
''အရင်တုန်းက ဒီလို ကန့်သတ်ထားတဲ့ အတွက် ဖုန်းသုံးတဲ့သူတွေ အဆင် မပြေကြပါဘူး။ ဒါ ကြောင့် ကျွန်တော်တို့ ဆက်သွယ်ရေးဝန်ကြီးက ဒီကန့် သတ်ချက်တွေ အားလုံး ပယ်ဖျက်ပေးဖို့ သက်ဆိုင်ရာ အင်ဂျင်နီယာချုပ်တွေ ကို မှာကြားထားပါတယ်။ မကြာခင်ကာလမှာ ဖုန်းသုံးစွဲသူတွေ နီး စပ်ရာ ဆက်သွယ်ရေးစခန်းတွေ မှာ ဖုန်းနဲ့ပတ်သက်တဲ့ ကိစ္စတွေ ဆောင်ရွက်နိုင် မှာပါ'' ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်တစ်ဦး က ပြောသည်။

တိုင်းမှူးကို လုပ်ကြံခဲ့တဲ့ KIA ကွန်မန်ဒို

-
လဖိုင်ဇော်ဆိုင်း (ဓာတ်ပုံ - အာရှလေဘာတီသတင်းဂျာနယ်)

KIA ကချင်လက်နက်ကိုင်အဖွဲ့ရဲ့ ကွန်မန်ဒို လဖိုင်ဇော်ဆိုင်း ပြန်လွတ်လာပါပြီ။
သူက မြန်မာ့တပ်မတော်တိုင်းမှူးတယောက်ကို လုပ်ကြံမှုနဲ့ ထောင်ထဲမှာ ၂၇ နှစ် နေခဲ့ရသူပါ။

၁၉၈၅ ခုနှစ်မှာ သူနဲ့ တခြားKIA စစ်သား ၃ ယောက်က တိုင်းမှူး ဗိုလ်မှူးချုပ် အယ်လ်ခွန်ဖန်ကို မြစ်ကြီးနားဂေါက်ကွင်းနားမှာ စောင့်ပြီး လုပ်ကြံခဲ့တယ်လို့ ဆိုပါတယ်။
သူတို့တွေ ဈေးသည်ယောင်ဆောင်ပြီး စောင့်တယ်၊ ခြင်းတောင်းထဲ AK-47 သေနတ်ဖွက်ထားတယ်၊ တိုင်းမှူးကားလာတော့ လဖိုင်ဇော်ဆိုင်းက ကားဘီးကိုပစ်၊ ပြီးတော့ တိုင်းမှူးနဲ့ဒရိုင်ဘာကို ပစ်တယ်၊ လဖိုင်ဇော်ဆိုင်းရဲ့လက်ထောက်တွေက တိုင်းမှူးရဲ့လုံခြုံရေးစစ်သားတွေကို ပစ်တယ်လို့ ဆိုပါတယ်။
ဆုံရပ်မှာ လူပြန်စုတော့ သူ့လက်ထောက်တယောက် ရောက်မလာတာနဲ့ လဖိုင်ဇော်ဆိုင်း နောက်ကြောင်းပြန်လှည့်ပြီး ရှာရာမှာ အဖမ်းခံရ ထောင်ကျပါတယ် တဲ့။

သမီးဖြစ်တဲ့ နာမည်ကျော်အဆိုတော် အယ်လခွန်းရီက ဧရာဝတီကို လွန်ခဲ့တဲ့ ၂ နှစ်က ပြန်ပြောပြတာက သူ့ဖခင်ဟာ သေနတ်ဒဏ်ရာ ၂၈ ချက်နဲ့ ဆေးရုံအရောက်မှာပဲ သေဆုံးသွားတယ် တဲ့။
(အသက် ၅၇ နှစ်အရွယ် တိုင်းမှူးကွယ်လွန်ချိန်မှာ သားသမီး ၆ ဦး ကျန်ရစ်ပါတယ်)
Related Posts Plugin for WordPress, Blogger...

ShareThis