![]() |
| ကိုကျော်စိုးနိုင် |
ဖေ့ဘွတ်စာမျက်နှာများတွင်
ပျံနှံ့စွာဖော်ပြရေးသား လျက်ရှိသော WeeklyExpress Times ဂျာနယ်
သတင်းထောက်အား ကိုယ်ထိလက်ရောက်စော်ကားခြင်းမှာ မဟုတ်မှန်ကြောင်း
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(ဒီချုပ်)က ကိုကျော်စိုးနိုင်က မြစ်မခသို့
ရှင်းလင်းပြောကြားသည်။
“ကျွန်တော်က သူဓာတ်ပုံ ရိုက်ပြီးတော့ မှတ်တမ်းရရင် တော်ပြီ ညီလေးလို့ပြောပါတယ်၊ သူ ကျွန်တော့်ကို မကြည့်ပဲနဲ့ တံတောင်နှင့် ထိုးမိပါတယ် ကျွန်တော်က နောက်ထပ်ပြောပါတယ်၊ နောက်တစ်ကြိမ် တတောင်နဲ့ ထပ်ထိုးမိပါတယ်”ဟု ကိုကျော်စိုးနိုင်ကပြောသည်။

မဇ္ဇျိမလှိုင်းတေးဂီတအဖွဲ့မှ ကိုရဲလွင် ဦးဆောင်ဖွဲ့စည်းထားသည့်
လွတ်လပ်ငြိမ်းချမ်း ‘ပန်းရဲ့လမ်း’ လူမှုကွန်ရက်အဖွဲ့သည် လူစည်ကားရာ
လက်ဖက်ရည်ဆိုင်များတွင် ငြိမ်းချမ်းရေးတေးသီချင်းများ လှည့်လည်
ဖျော်ဖြေမှုများကို ၂၀၁၂ ခုနှစ် မေလ ၆ ရက်နေ့မှ စတင်ကာ အပတ်စဉ်
တနင်္ဂနွေနေ့တိုင်း ပြုလုပ်သွားရန် စီစဉ်ထားသည်ဟု သိရသည်။
အက်ပဲလ်၏ iPhone နှင့် အဓိက ယှဉ်ပြိုင်ဘက်ဖြစ်သော ဆမ်ဆောင်း၏ Galaxy S
ဖုန်း တတိယ မျိုးဆက် S3 ကို မေလ ၃ ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့ကြောင်း
သိရသည်။