menu

Saturday 15 September 2012

တမန်တော်ကို လှောင်ပြောင်သောရုပ်ရှင်ကား အကြောင်း FBIနှင့် အမေရိကန် ပြည်ထဲရေးစစ်ဆေး


120912120327-us-embassy-attack-05-story-topအီဂျစ်မွတ်ဆလင်သွေးစည်းညီညွတ်ရေး ညီအကိုများအဖွဲ့က ယနေ့သောကြာနေ့ ဘုရားဝတ်ပြုအပြီး
သန်းနဲ့ချီသောမွတ်ဆလင်ပြည်သူများ လမ်းမပေါ်ထွက်လာပြီးဆန္ဒပြကြရန်လှုံဆော်ထားခဲ့ကြသည်။
အရှေ့အလယ်ပိုင်း၁၀နိုင်ငံတွင် ဖွင့်လှစ်ထားသောအမေရိကန်သံရုံးများရှေ့၌ ဆန္ဒပြခဲ့ကြသည်။
အမေရိကန်သံရုံးဖွင့်လှစ် ထားခြင်း မရှိ သေသာ  ဂါဇာကမ်းမြောင်ဒေသတွင် ကုလသမဂ္ဂရုံးရှေ့ဉ်
ဆန္ဒပြခဲ့ကြသည်။
လစ်ဗျားအမေရိကန်သံရုံးတိုက်ခိုက်မှုနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင်ဆန္ဒပြမှုများ ဖြစ်ပေါ်ပြီး
ရုပ်ရှင်ကားနှင့်ပါတ်သက်၍ဖြစ်ပေါ်လာမှုများအားစိုးရိမ်မှုဖြင့် FBIနှင့် အမေရိကန်ပြည်ထဲရေးမှ
သတင်းထုတ်ပြန်ခဲ့သည်။
တမန်တော်ကိုလှောင်ပြောင်ထားသော ရုပ်ရှင်ဇာတ်လမ်းတိုမှာ ၁၄မိနစ်ကြာမြင့်ပြီး ယူကျူ့အင်တာ
နက်စာမျက်နှာတွင် ဂျူလိုင်လပိုင်းကစတင် တင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါရုပ်ရှင်အကြောင်းကို
အီဂျစ်ရုပ်သံမှလွှင့်ထုတ်ခဲ့ပြီး အစ္စလာမ်ဘာသာဝင်တို့ရဲ့သဘောထားတောင်းခံရမှ လူမှုဆက်
ဆံရေးဝက်ဆိုဒ်များသို့ပျံနှံသွားပြီး တမန်တော်လှောင်ပြောင်သောရုပ်ရှင်ကားရိုက်ကူးခြင်းအတွက်
ဆန္ဒပြမှုများဖြစ်ပေါ်လာရခြင်းဖြစ်သည်။

တရားမဝင် မြန်မာလုပ်သားများကို မလေး အစိုးရမှ မှတ်ပုံတင် ထုတ်ပေးမည်ဟုဆို

ရန်ကုန် စက်တင်လာ ၁၄

မလေးရှား အစိုးရ အနေဖြင့် ၄င်းတို့ နိင်ငံတွင်း ရောက်ရှိနေသော တရားမဝင် မြန်မာနိင်ငံမှ ရွှေ့ပြောင်း လုပ်သားများကို အောက်တိုဘာလ ၁ရက်နေ့မှ စ၍ တရားဝင် မှတ်ပုံတင် ပေးသွားမည်ဖြစ်ကြောင်း မလေးရှား ကွာလမ်ပူလမ်မှ မြန်မာ အလုပ်သမား တစ်ဦးက ပြောကြားသည်။

မလေးနိင်ငံ လူဝင်မှု ကြီးကြပ်ဌာန အနေဖြင့် တရားမဝင် လုပ်သား ပပျောက်ရေး

အတွက် တစ်နှစ်သက်တမ်းရှိ တရားဝင် အလုပ်လုပ်ခွင့် ပါမစ်များ ထုတ်ပေးမည် ဖြစ်ကြောင် ၄င်းက ဆက်လက် ရှင်းပြသည်။

အခက်ကြုံသော်လည်း အမေရိကန် နောက်ဆုတ်မည်မဟုတ်

လစ်ဗျားနိုင်ငံမှာ အသတ်ခံခဲ့ရတဲ့ အမေရိကန်သံတမန် ၄ ယောက်ရဲ့ ရုပ်ကလပ်များအား အမေရိကန်ကို လွှဲပြောင်းပေးတဲ့ အခမ်းအနားမှာ သမ္မတ Barack Obama မိန့်ခွန်းပြောနေစဉ်
လစ်ဗျားနိုင်ငံမှာ အသတ်ခံခဲ့ရတဲ့ အမေရိကန်သံတမန် ၄ ယောက်ရဲ့ အလောင်းတွေ အမေရိကန်ကို လွှဲပြောင်းပေးတဲ့ အခမ်းအနားမှာ သမ္မတ Barack Obama က အမေရိကန်ပြည်ထောင်စုအနေနဲ့ အမေရိကန်သံရုံးတွေကို ခိုင်ခိုင်မာမာ ကာကွယ်သွားမှာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုအတွက် ခက်ခဲတဲ့ ရက်တွေကို ရင်ဆိုင်နေရပေမဲ့ ကမ္ဘာကြီးအတွက်နဲ့ တခြားသူတွေရဲ့ လွတ်မြောက်ရေးအတွက် အမေရိကန်ရဲ့ ဆောင်ရွက်မှုတွေ ဘယ်တော့မှ ရပ်သွားမှာ မဟုတ်ဘူးလို့ သမ္မတက ပြောခဲ့ပါတယ်။

အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများပျံ့နှံ့

အမေရိကန်ဆန့်ကျင်ရေးဆန္ဒပြသူများ
အမေရိကန်နိုင်ငံမှာ ရိုက်ကူးတဲ့ အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး ရုပ်ရှင်ကားကို အကြောင်းပြုပြီး အရှေ့အလယ်ပိုင်း ဒေသမှာ လေးရက်မြောက်အဖြစ် အကြမ်းဖက်ဆန္ဒပြမှုတွေ ဆက်ဖြစ်နေပါတယ်။ အဲဒီလို ဆန္ဒပြမှုတွေကြောင့် ကမ္ဘာအနှံ့မှာရှိတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ သံတမန် အဖွဲ့အစည်းတွေ လုံခြုံရေးကို ပိုမိုတင်းကြပ်ထားလိုက်ပါတယ်။

အီဂျစ်နိုင်ငံမှာတော့ အမေရိကန်သံရုံးအနီးမှာ ၄ ရက်ကြာ ဆက်လက်ဆန္ဒပြနေတဲ့ လူအုပ်ကြီးကို မျက်ရည်ယိုဗုံး အသုံးပြုပြီးတော့ လူစုခွဲခဲ့ ရပါတယ်။

အခုသတင်းပတ်စောစောပိုင်း အီဂျစ် နဲ့ လစ်ဗျား နိုင်ငံတွေမှာ စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ ယီမင် အီရန် အီရတ် ဘင်္ဂလားဒေ့ရှ် စတဲ့ နိုင်ငံတွေကို ပြန့်နှံ့ခဲ့ပါတယ်။

ကြေးနီးစီမံကိန်း ရပ်မည်မဟုတ်


မုံရွာမြို့အနီး လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး ဆန္ဒပြနေသူများ
မုံရွာမြို့လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ဖို့ ဒေသခံ တောင်သူတွေရော လယ်သမားတွေရော ပြည်သူ့အကျိုးဆောင် ကွန်ယက်ကပါ ထိန်းသိမ်းခံရာက လွတ်လွတ်ချင်း ဆက်တိုက် ဆန္ဒပြကန့်ကွက်နေပေမယ့် မြန်မာနိုင်ငံ ဦးပိုင်လီမီတက်ကတော့ ဒီ စီမံကိန်းကို ရပ်တန့်ဖို့မရှိဘူးလို့ တုန့်ပြန်လိုက်ပါတယ်။ ဒါပေမယ့်လို့ ဒေသခံတွေနဲ့ ဥပဒေလမ်းကြောင်းအရ ညိနှိုင်းဆောင်ရွက်သွားဖို့ ရှိတယ်လို့ပြောပါတယ်။ ရိုက်တာသတင်းဌာနက ပေးပို့တဲ့သတင်းကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

ဒေသခံ လယ်သမားတွေက စီမံကိန်းရပ်ဖို့ အတွက် ဆန္ဒပြကန့်ကွက်နေကြပေမယ့်လို့ သူတို့အနေနဲ့ကတော့ ဥပဒေ စည်းမျဉ်းအတိုင်းပဲ သူတို့ စီမံကိန်းကို ဆက်ပြီး လုပ်ကိုင် ဆောင်ရွက်ရမှာဖြစ်တယ်လို့ ကြေးနီတောင်သတ္တုတွင်း စီမံကိန်း တာဝန်ရှိသူတွေက ပြောလိုက်တာပါ။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ဖြစ်သော စက်တင်ဘာ ၂၁ ရက်တွင် စစ်ပွဲများရပ်တန့်ရေးအတွက် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ဆန္ဒထုတ်ဖော်ပွဲများ ကျင်ပသွားမည်

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ဖြစ်သော စက်တင်ဘာ ၂၁ ရက်တွင် စစ်ပွဲများရပ်တန့်ရေးအတွက် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ဆန္ဒထုတ်ဖော်ပွဲများ ကျင်ပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

"ရန်ကုန်က လူနှစ်ရာ့ငါးဆယ်လောက်နဲ့ နေပြည်တော်ကို နေ့ချင်းပြန်သွားမယ်။ သမ္မတအိမ်တော်ရယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးရှေ့တွေမှာ လူထုဆန္ဒထုတ်ဖော်ပွဲလုပ်မယ်။ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေရပ်ဖို့ တောင်းဆိုမယ်" ဟုကချင်ငြိမ်းချမ်းရေးကွ

န်ရက်မှ ဒေါ်အက်စတာက စက်တင်ဘာ ၁၄ ရက်တွင် မီဒီယာများအား ရှင်းလင်းပြော ကြားသည်။

ရိုဟင်ဂျာဟု မသုံးနှုန်းရန် ရခိုင် သတင်းစာ ဆရာအသင်း မေတ္တာရပ်ခံ

ရန်ကုန်၊ စက်တင်ဘာ ၁၃

ပြည်တွင်း မီဒီယာများနှင့် ပြည်ပ မီဒီများတွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များ နှင့် ပတ်သက်၍ သတင်းရေးသား ဖော်ပြရာတွင် အသုံးပြုနေကြသည့် ရိုဟင်ဂျာ ဟူသော စကားလုံး အစား ဘင်္ဂါလီဟူ၍ ထည့်သုံးပေးရန် ရခိုင်ပြည်နယ် သတင်းစာ ဆရာအသင်းက မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း MJA ဥက္ကဋ္ဌ ဦးမောင်ဝံသထံ မေတ္တာရပ်ခံ တောင်းဆိုခဲ

့ကြောင်း အဆိုပါ အသင်း ထံမှ သိရှိရသည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင် တာဝန်ဖြင့် မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း MJA ဥက္ကဋ္ဌ ဆရာမောင်ဝံသ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိနေစဉ် အတွင်း ရခိုင်ပြည်နယ် သတင်းစာဆရာ အသင်းဝင်များ နှင့် ဦးမောင်ဝံသတို့ စစ်တွေမြို့ ရွှေသဇင် ဟိုတယ်၌ စက်တင်ဘာလ ၉ ရက်နေ့ က တွေ့ဆုံခဲ့စဉ် ယင်းသို့ တောင်းဆိုခဲ့ ခြင်းဖြစ် ကြောင်း ရခိုင်ပြည်နယ် သတင်းစာ ဆရာအသင်း နာယက ဗဂျီးကျော်က ပြောကြားသည်။

နိုင်ငံခြားပညာသင်ဆု လျှောက်ချင်သူများအတွက် လမ်းညွှန်ချက်

ပညာသင်ဆု (Scholarship) မှာ အထူးသဖြင့် နိုင်ငံခြား ပညာသင်ဆုတွေကို မက်မောလိုချင်သူတွေ ရှိပေမယ့် ဘယ်လိုလူမျိုးတွေ ပညာသင်ဆုရတယ်၊ ဘယ်လိုအရည်အချင်းတွေရှိရင် ပညာသင်ဆု ရတယ်ဆိုတာ သိသူ နည်းပါတယ်။ ကိုယ့်ကိုယ်ကို
- နိုင်ငံတကာပညာသင်ဆုကို လျှောက်ဖို့ ငါ့မှာ အမှန်တကယ် အရည်အချင်းတွေရှိရဲ့လား
- ငါ့မှာရှိတဲ့ ပညာလောက်နဲ့ ပညာသင်ဆု လျှောက်ဖို့ လုံလောက်ရဲ့လား
- ပညာသင်ဆုရအောင် ဘာတွေလုပ်ရမယ်ဆိုတာ သိထားပြီးပြီလားလို့ ပြန်ပြီး မေးကြည့်သင့်ပါတယ်။
ပညာသင်ဆုဆိုသည်မှာ
ပညာသင်ဆုဆိုတာ
- တောင်းတိုင်း မပေးဘူး
- ပြောတိုင်းလည်း မရဘူး
- အသနားခံတိုင်းလည်း မရဘူးဆိုတာကိုတော့ ဦးစွာ သိထားစေ ချင်ပါတယ်။ နောက်ပြီး ဆင်းရဲလို့၊ ချို့ငဲ့လို့ ဆိုပြီးတော့လည်း ပေးတာမျိုး မရှိဘူး။ ဖွံ့ဖြိုးဆဲနိုင်ငံကဖြစ်လို့၊ လူနည်းစု မျိုးနွယ်စုက ဖြစ်လို့ဆိုပြီးတော့လည်း မပေးဘူး။ တိတိကျကျ ပြောရရင် ပညာသင်ဆုဆိုတာ ပေးတာမဟုတ်ဘူး။ ရအောင် အားထုတ်ယူ ရတယ် ဆိုတာကို သိထားစေချင်ပါတယ်။
ပညာသင်ဆုဆိုတာ ကိုယ့်အစွမ်းအစကို ဖော်ထုတ်ပြသနိုင်ရတယ်။ ကိုယ့်အရည်အချင်းကို သက်သေပြနိုင်ရတယ်။ ဒီလို လူမျိုးတွေပဲ ပိုင်ဆိုင်ကြတာ များပါတယ်။

ဂျပန်နှင့်ပိုင်နက်အငြင်းပွားရေပြင်သို့ တရုတ်စစ်သဘောင်္ ၆ စင်းဝင်ရောက်

ဘေဂျင်း၊ စက်တင်ဘာ - ၁၄

ဂျပန်အစိုးရကဝယ်ယူရန်ကြိုးပမ်းလျက်ရှိသည့် တရုတ်နှင့်ပိုင်ဆိုင်မှုအငြင်းပွားလျက်ရှိသော ကျွန်းများအနီးသို့ တရုတ်စစ်သဘောင်္ ၆ စင်းဝင်ရောက်သွားကြောင်း ဘီဘီစီ သတင်းတွင်ဖော်ပြထားသည်။

အဆိုပါ ကင်းလှည့်စစ်သဘောင်္များသည် တရုတ်အခေါ် ဒိုင်အိုယု ဂျပန်အခေါ် ဆန်ကကု ဟုခေါ်သော ကျွန်းများတွင် တရားဥပဒေစိုးမိုးမှုရှိ

စေရန် လှည့်လည်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း တရုတ်အစိုးရ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါ ပိုင်ဆိုင်မှုအငြင်းပွားနေသော ကျွန်းများကို ဂျပန်လူမျိုးပိုင်ရှင်များထံမှ ဂျပန်အစိုးရကဝယ်ယူရန်ကြိုးပမ်းခဲ့ပြီးနောက် တရုတ်က ယခုကဲ့သို့စစ်သဘောင်္များစေလွှတ်လိုက်ခြင်းလည်းဖြစ်သည်။

သာပေါင်းမြို့နယ် ကျေးရွာအချို့ရှိ ကလေးငယ် ၁၀၀ ကျော်ခန့်တွင် တုတ်ကွေးဟု ယူဆရသော ဖျားနာခြင်းများ ဖြစ်ပေါ်နေ

ဧရာဝတီတိုင်း ဒေသကြီး သာပေါင်းမြို့နယ်ရှိ ကျေးရွာအချို့၌ သြဂုတ်လအတွင်းက ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျံမှု နောက်ဆက်တွဲ ပြဿနာအဖြစ် ကလေးငယ် ၁၀၀ ကျော်ခန့်တွင် တုတ်ကွေးဟု ယူဆရသော ဖျားနာခြင်းများ ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။

အဆိုပါ ဖျားနာခြင်းများမှာ စက်တင်ဘာလ ၇ ရက်နေ့က စတင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပြီး ဖ

ျားနာသူအရေအတွက် တိုးပွားလာလျက် ရှိနေကြောင်း သိရပါသည်။ ကလေးငယ်များ ဖျားနာခြင်း အများဆုံး ဖြစ်ပေါ်နေသည့် ရွာများမှာ ထန်းကျိုကုန်းနှင့် ထန်းဇင်လှရွာများတွင် ဖြစ်ကြောင်း ဒေသခံများက
Eleven Media Group သို့ ပြောပါသည်။

"လသားအရွယ် ကလေးတွေကနေ ၁၄ နှစ်အရွယ် ကလေးတွေမှာ အများဆုံး ဖြစ်ပွားနေတာပါ။ သက်ကြီးရွယ်အို တစ်ချို့လည်း ပါပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကျော်ကတော့ အင်းကလေးရွာမှာ
ဖြစ်ပါတယ်။ ကျောင်းတွေတောင် ပိတ်လိုက်ရပါတယ်။ အခုတော့ ကျောင်း ပြန်ဖွင့်ထားပါပြီ။ အခု ထန်းကျိုကုန်း ထန်းဇင်လှမှာတော့ ကလေး ၁၀၀ ကျော် ဖြစ်နေပါတယ်။ တုတ်ကွေးလို လက္ခဏာ မျိုးပါပဲ။ ကိုက်ခဲတယ်။ ဖျားတယ်။ အစာမ၀င်ဘူး။ အဲလိုတွေ ဖြစ်နေတာပါ” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

ဖားကန့်မြို့ပေါ်ရှိ ဒုက္ခသည်စခန်းများသို့ လုံခြုံရေး အခြေအနေအရ ၀င်ရောက်ခိုလှုံသူ တစ်သောင်းဝန်းကျင်ခန့် ထပ်မံရောက်ရှိလာ

ဖားကန့်မြို့ပေါ်ရှိ ဒုက္ခသည် စခန်းများသို့ လုံခြုံရေး အခြေအနေအရ ၀င်ရောက်ခိုလှုံသူ တစ်သောင်းဝန်းကျင်ခန့် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ထပ်မံ ရောက်ရှိလာခဲ့ကြောင်း ဖားကန့်ဒေသသို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က ပြောပါသည်။

"ဖားကန့်မြို့ပေါ်မှာ ဒုက္ခသည် စခန်း ၃၉ ခုရှိပါတယ်။ အဲဒီစ

ခန်းတွေကို ဒီနေ့မှာပဲ လုံခြုံရေး အခြေအနေအရ ၀င်ရောက်ခိုလှုံသူ တစ်သောင်းကျော်လောက် ထပ်မံ ရောက်ရှိလာတယ်လို့ သိရပါတယ်။ ကချင်ပြည်နယ် တစ်ခုလုံး အတိုင်းအတာနဲ့ ဆိုရင်တော့ လုံခြုံရေး အခြေအနေအရ ဒုက္ခသည် စခန်းတွေဆီကို ၀င်ရောက်ခိုလှုံသူ တစ်သိန်းကျော် ရှိလာပါပြီ”ဟု Eleven Media Group သတင်းထောက်က ပြောပါသည်။

လက်ရှိ အခြေအနေအရ ဖားကန့်ဒေသအတွင်း ညပိုင်းအချိန်တွင် အရပ်သားများ သွားလာလှုပ်ရှားမှုမှာ မရှိတော့ကြောင်း သိရပါသည်။
ထို့အပြင် ဖားကန့်ဒေသ၌ စက်တင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းက ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်သည် ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သော်လည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များထံမှ သီးခြား အတည်ပြုချက် မရရှိခဲ့ပေ။

မြန်မာ့သွင်းကုန်ပိတ်ဆို့မှုတချို့ ဖြေလျှော့ပေးဖို့ အမေရိကန်အစိုးရ ကြိုးပမ်းနေ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ရဲ့ အမေရိကန် ခရီးစဉ်ကာလနဲ့ တိုက်ဆိုင်ပြီး မြန်မာနိုင်ငံကနေ အမေရိကန်ကို တင်ပို့တဲ့ သွင်းကုန်ပိတ်ဆို့ အရေးယူမှုတချို့ကို ဖြေလျှော့ပေးဖို့ အမေရိကန် အစိုးရက ကြိုးပမ်းနေတယ်လို့ မနေ့ကထုတ်ဝေတဲ့ Financial Times သတင်းစာကြီးက ရေးသားလိုက်ပါတယ်။
RFA
အမေရိကန် ကွန်ဂရက်လွှတ်တော် အဆောက်အဦး။
ဒီလို ပို့ကုန်အရေးယူမှု လျှော့ချနိုင်ဖို့အတွက် သမ္မတ အိမ်ဖြူတော်၊ အမေရိကန် နိုင်ငံခြားရေးဌာနနဲ့အမေရိကန် လွှတ်တော်တို့ ဆွေးနွေးနေကြပါတယ်။
ဒါပေမယ့် လျှော့ပေးဖို့ ကြိုးစားနေတဲ့အထဲမှာ စစ်ဘက်ဆိုင်ရာ ပိတ်ပင်ထားတာတွေ မပါဝင်ဘူးလို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံသားတွေ မြန်မာနိုင်ငံမှာ စီးပွားရေးရင်းနှီးမြုပ်နှံခွင့် ပိတ်ဆို့ထားတာကိုတော့ အမေရိကန်သမ္မတ အိမ်ဖြူတော်ရဲ့ လုပ်ပိုင်ခွင့်နဲ့ ဖြေလျှော့ပေးခဲ့ပြီး ဖြစ်ပါတယ်။
Related Posts Plugin for WordPress, Blogger...

ShareThis