menu

Sunday 29 April 2012

ကိုလံဘီယာမှ လိပ်ကလေးဟု ထင်ရှားသော ကလေးငယ်၏ ကျောပြင်မှ လိပ်ခွံသဖွယ် အသားပိုကြီးကို အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့




 

ကိုလံဘီယာမှ လိပ်ကလေးဟု ထင်ရှားသော ကလေးငယ်၏ ကျောပြင်မှ လိပ်ခွံသဖွယ်ဖြစ်နေသော အသားပိုကြီးကို ဗြိတိန်ဆရာဝန်တစ်ဦးက ဦးဆောင်ပြီး ကိုလံဘီယာနိုင်ငံတွင် အောင်မြင်စွာ ခွဲစိတ်ဖယ်ရှားနိုင်ခဲ့သည်ဟု သိရသည်။

အသက် ၆ နှစ်အရွယ်ရှိ ဒီဒီယာမွန်တာလ်ဗိုသည် ရှားပါးသည့် လက္ခဏာတစ်ရပ်ဖြစ်သော Congenital Melanocytic Nevus ဆိုသော ရောဂါကို ခံစားနေရခြင်းဖြစ်သည်။ အန္တရာယ်ရှိသော အခြေအနေဖြစ်သော်လည်း ဒီဒီယာ၏မိခင်မှာ ငွေကြေးမတတ်နိုင်ခဲ့သောကြောင့် ခွဲစိတ်ကုသမှု ပြုမပေးနိုင်ခဲ့ရာ တဖြည်းဖြည်း ကြီးလာခဲ့ပြီး လိပ်ခွံသဖွယ် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

နေအနီးတွင် ဂြိုဟ်သားတို့၏ယာဉ်ဟု ယူဆရသော အရာဝတ္ထုတစ်ခု တွေ့ရှိ



နေအနီးတွင်မြင်တွေ့ရသည့် ထူးဆန်းသော အရာဝတ္ထု
ဟောလိဝုဒ်သိပ္ပံကားများတွင် ပါဝင်နေကျ ဂြိုဟ်သားတို့၏ မိခင်ယာဉ်ကြီးများပုံစံနှင့် ဆင်တူသော အရာဝတ္ထုတစ်ခု နေအနီးတွင် ရောက်ရှိနေသည်ကို အမေရိကန် အမျိုးသား အာကာသအေဂျင်စီ(နာဆာ)က မှတ်တမ်းတင်နိုင်ခဲ့သည်ဟု သိရသည်။

နာဆာ၏ Solar Heliospheric Observatory(SOHO) ဟု အမည်ပေးထားသော နေစူးစမ်းလေ့လာရေးဂြိုဟ်တုက ရိုက်ကူးနိုင်ခဲ့ခြင်းဖြစ်ပြီး နာဆာက ပုံမှန်အတိုင်းသာ ထုတ်ပြန်ပေးသည့် ပုံဖြစ်သော်လည်း ပန်းကန်ပြားပျံအကြောင်း စိတ်ဝင်စားသူများ၏ ၀က်ဘ်ဆိုက် Gather News  က အင်တာနက်ပေါ်တွင် ပြန်တင်ခဲ့ခြင်းကြောင့် ထင်ရှားလာခဲ့ခြင်းဖြစ်သည်။

ဆုံးရှုံးနိုင်ခြေအနည်းဆုံးသို့(မောင်ချိုဝေ)



မောင်ချိုဝေတို့နိုင်ငံတွင် နာဂစ်မုန် တိုင်းကြီး တိုက်ခိုက်ခံရသဖြင့် လူပေါင်း ၁၃၇၀၀၀ ကျော်သေဆုံးသွားရပါသည်။ ထိုသေဆုံးသူများထဲတွင် မြို့ပြလူဦးရေ မှာမပါသလောက်နည်းပါးသည်။အားလုံး နီးပါး ကျေးလက်တောရွာများမှဖြစ်  ကြပါသည်။ ကျွဲ၊ နွား၊ တိရစ္ဆာန်များ၊ အိုး အိမ်များ၊ လယ်ယာမြေများ ဆုံးရှုံးခံရ သည်မှာလည်း ကျေးလက်မိသားစုများ ပင်ဖြစ်ပါသည်။ ထို့ကြောင့် သဘာဝ အန္တရာယ်ကာကွယ်ရေးကို ကျေးလက် အခြေပြုဆောင်ရွက်ခြင်းသည် အဖြေ မှန်ဟု ဆိုချင်ပါသည်။ မုန်တိုင်းခိုအ ဆောက်အအုံများ၊ ပင်လယ်ဒီရေကာ တာပတ်လမ်းမြင့်ကြီးများကို နိုင်ငံတော် အစီအစဉ်ဖြင့် လည်းကောင်း၊ စေတနာ ရှင်များကလည်း ဆောက်လုပ်ပေးသည် ကို အနုမောဒနာပြုပါသည်။

အမေရိကန်နှင့် ဖိလစ်ပိုင်က တရုတ်နှင့် အငြင်းပွားကျွန်းကို ပြန်သိမ်းသည့်အသွင် စစ်ရေးလေ့ကျင့်







ဧပြီလ ၂၅ ရက်နေ့က ပါလာဝမ်ကျွန်း အူလူဂန်ပင်လယ်အော်ကမ်းခြေသို့ ပြန်လည်စီးနင်းသည့်အသွင် စစ်ရေးလေ့ကျင့်နေသည့် အမေရိကန်နှင့် ဖိလစ်ပိုင်စစ်သားများ
တရုတ်နိုင်ငံက လက်နက်ကိုင် ပဋိပက္ခဆီသို့ ဦးတည်သွားနိုင်သည်ဟု ခြိမ်းခြောက် သတိပေးထားသော်လည်း အမေရိကန်နှင့် ဖိလစ်ပိုင်ကွန်မန်ဒိုများသည် တရုတ်နှင့် အငြင်းပွား သယံဇာတကြွယ်ဝသည့် ရေပိုင်နက်မှ ကျွန်းငယ်ကို ပြန်လည်သိမ်းပိုက်သည့် အသွင်ပုံစံတူ စစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို ဧပြီလ ၂၅ ရက်နေ့တွင် စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းလေ့ကျင့်မှုသည် အနောက်တောင်ပိုင်း ပါလာဝမ်ကျွန်းတွင် နှစ်စဉ်ပြုလုပ်နေကျ အမေရိကန်-ဖိလစ်ပိုင် စစ်ရေးလေ့ကျင့်မှု၏ တစိတ်တပိုင်း ဖြစ်သည်။ ပြန်သိမ်းသည့်အသွင် လေ့ကျင့်မှုမှာ ဖိလစ်ပိုင် ပိုင်နက်အတွင်းတွင်သာ လေ့ကျင့်ခြင်းဖြစ်သော်လည်း အငြင်းပွားရေပိုင်နက် နှင့် ဝေးကွာခြင်းမရှိပေ။

မြန်မာနိုင်ငံရောက် ဘန်ကီမွန်း ဦးသန့်ဗိမာန်သို့သွားရောက်ဂါရ၀ပြု

မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ယနေ့(ဧပြီ ၂၉)ရက် ညနေ ၃ နာရီ ၅၀မိနစ်ဝန်းကျင်တွင် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ဂုဗိမာန်သို့လာရောက် ဂါရ၀ပြုခဲ့သည်။ ဘန်ကီမွန်းကို ဦးသန့်၏သမီး ဒေါ်အေးအေးသန့်၊ သမက် ၊ မြေးဖြစ်သူ ဦးသန့်မြင့်ဦးတို့အပါအ၀င် မိသားစုဝင်များက ကြိုဆိုခဲ့သည်။ ထို့နောက် ဘန်ကီမွန်းက အာရှတိုက်၏ ပထမဆုံး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဖြစ်သော ဦးသန့်၏အုတ်ဂူကို ဂုဏ်ပြုပန်းခြင်းချကာ ဂါရ၀ပြုခဲ့သည်။ ကိုရီးယားနိုင်ငံသားကုလအတွင်းရေးမှူးချုပ်သည် မိသားစုဝင်များနှင့် နှုတ်ဆက်ခြင်း၊ ဂါရ၀ပြုခြင်း၊ အုတ်ဂူကိုလှည့်လှည်ကြည့်ရှုခြင်းတို့ကို ၁၅ မိနစ်ခန့်ပြုလုပ်ပြီး လာရောက်ကြည့်ရှုသော ပရိသတ်များကိုနှုတ်ဆက်ကာ ပြန်လည်ထွက်ခွာသွားသည်။

ဥပဒေအထက်တွင် မည်သူမျှမရှိ(မြင့်ငွေ(မော်ကျွန်း))

ရောက်ရာအရပ်၊ ကျရာတာဝန်ကို ထမ်းဆောင်ကြရာ၌ တိုင်းပြည်နှင့် လူမျိုးကိုချစ်သောစိတ်၊ ဥပဒေအပေါ်လေးစားလိုက်နာသော စိတ်တို့ဖြင့် စီမံဆောင်ရွက်ကြပါက 'ငွေများတရားနိုင်' 'သားရေကြိုးဥပဒေ' 'လူခင်ရင်မူပြင်မယ်' စသော တရားဥပဒေ၏ ဂုဏ်သိက္ခာကို ထိခိုက် ညစ်နွမ်းစေမည့် စကားရပ်များ လွင့်ပါးပျောက်ကွယ်သွားမည်သာ ဖြစ်သည်။



သိပ်မကြာလှသေးသော အချိန်ကာလများအတွင်း ခေတ်စားနေသော လူပြောများနေသော စကားရပ်တစ်ခု ရှိသည်။ 'ဥပဒေအထက်တွင် မည်သူမျှမရှိ' တဲ့။ ပြည်သူတို့၏ရင်ကို လာထိသောစကားလုံးဟုပင် ဆိုရချေမည်။
ဝမ်းမြောက်စွာ ကြိုဆိုသင့်သော စကားရပ်ပင်။ စကားရပ်များ၊ အဆိုအမိန့်များသည် ဖတ်၍ကောင်း၊ နံရံတွင် ကပ်ထား၍ကောင်းသော်လည်း လက်တွေ့ အကောင်အထည်မဖော်နိုင်၊ မလိုက်နာနိုင်သောအခါ ထိုဆောင်ပုဒ်၊ ထိုအဆိုအမိန့်၊ ထိုစကားရပ်တို့၏ တန်ဖိုး လျော့ကျရလေသည်။

ဂျပန်နိုင်ငံ Lawson Inc. မှ ရန်ကုန်မြို့တွင် စတိုးဆိုင်များ လာရောက်ဖွင့်လှစ်ရန် စီစဉ်နေ




7305
Lawson Inc.ကုမ္ပဏီမှ ဖွင့်လှစ်ထားသည့် စတိုးဆိုင်တစ်ခုအား တွေ့ရစဉ်
ရန်ကုန်မြို့တွင် လက်ရှိအချိန်၌ ဈေးဝယ်စင်တာ၊ စူပါမားကတ်နှင့် မီနီမားကတ် စုစုပေါင်း ၇၄ ခုရှိပြီး ဂျပန်နိုင်ငံ Lawson Inc. ကုမ္ပဏီမှ လည်း ၎င်းတို့၏စတိုးဆိုင်ခွဲများကို လာရောက်ဖွင့်လှစ်ရန် စီစဉ်နေသဖြင့် ဈေးကွက်ပြိုင်ဆိုင်ရဖွယ် ရှိနေသည်ဟု စီးပွားရေးပညာရှင်များက သုံးသပ်သည်။
ဂျပန်နိုင်ငံမှ Lawson Inc. သည် ယခုနှစ်အကုန်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ဖြစ်သော ရန်ကုန် မြို့တွင် ပထမဆုံးစတိုးဆိုင်ကို လာရောက်ဖွင့်လှစ်ရန် စီစဉ်နေပြီး လာမည့် ၃ နှစ်အတွင်း စတိုးဆိုင်ပေါင်း ၁၀၀ ခန့် ဖွင့်လှစ်သွားရန် ရည်ရွယ်ထားသည်ဟု Jiji Pressက ဖော်ပြထားသည်။
လက်ရှိရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာများ၏ အနေအထားမှာလည်း ၀ယ်သူနှင့်ရောင်းသူ မမျှတဘဲ ဈေးကွက်ပြိုင်ဆိုင်ရမှုများရှိနေရာ ထပ်တိုးလာမည့် နိုင်ငံတကာမှ စတိုးဆိုင်များနှင့် ဈေးကွက်ပြိုင်ဆိုင်မှုများ ပိုမို အရှိန်မြင့်လာဖွယ် ရှိနေသည်ဟု သိရသည်။

မြန်မာနိုင်ငံ ဒေသအများစု၌ အပူချိန်မြင့်မားလာမှုကြောင့် သောက်သုံးရေကန်များ ခမ်းခြောက်ကာ ရေပြတ်လပ်မှုပြဿနာများနှင့် ရင်ဆိုင်နေရ





ရာသီဥတု ပူပြင်းလာမှုကြောင့် သောက်သုံးရေကန်များ ခမ်းခြောက်လာကာ မြန်မာနိုင်ငံဒေသအများစု၌ ရေပြတ်လပ်မှုများနှင့် ကြုံတွေ့နေရကြောင်း အထူးသဖြင့် ကန်ရေကို အဓိကအားထားသုံးစွဲနေရသည့် ကျေးလက်ဒေသများတွင် ရေချိုရှား ပါးမှုနှင့်ကြုံတွေ့နေရကြောင်း သိရှိရ သည်။

ရေပြတ်လပ်မှုများ ကြုံတွေ့နေရသည့် ဒေသများမှာ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့ဖြစ်ကြပြီး အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ၌ ရေပြတ်လပ်မှုများ ကြုံ တွေ့နေရကြောင်းလည်း သိရှိရသည်။

Friday 27 April 2012

မြန်မာ့ ပြောင်းလဲမှုတွေကြောင့် EU-Asean ဆက်ဆံရေး တိုးတက်လာ

မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး ချဉ်းကပ်ဆက်ဆံမှုတွေ မတူခဲ့ကြလို့ အရင်က နှစ်ပေါင်းများစွာ အဖုအထစ်ဖြစ်ခဲ့ကြတဲ့ အီးယူ ဥရောပသမဂ္ဂနဲ့ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့တို့ ကြားမှာ သမိုင်းစာမျက်နှာသစ် ဖွင့်လှစ်နိုင်ခဲ့တယ်လို့ နှစ်ဘက်ခေါင်းဆောင်တွေက ပြောပါတယ်။

European Commission web site
ဥရောပသမဂ္ဂ နိုင်ငံခြားရေးဌာန အကြီးအကဲ မစ္စက် Catherine Ashton ဖြစ်ပါသည်။
အီးယူနဲ့ အာဆီယံ ခေါင်းဆောင်တွေဟာ ဒီကနေ့ ဘရူနိုင်းနိုင်ငံမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် အခုအခါ မြန်မာနိုင်ငံမှာ ပြောင်းလဲမှုတွေ စတင်နေပြီ ဖြစ်တာကြောင့် ဒီကနေ့ ထိပ်သီး အစည်းအဝေးဟာ နှစ်ဘက်ဆက်ဆံရေး ကောင်းမွန်တဲ့ အထိမ်းအမှတ် ဖြစ်တယ်လို့ ကြေညာလိုက်ကြပါတယ်။

ထိုင်းနိုင်ငံစက်ရုံများတွင် အလုပ်လုပ်ရန် မြန်မာအလုပ်သမား နှစ်သိန်းကျော်ကို အစိုးရချင်း ချိတ်ဆက် စေလွှတ်ဖွယ်ရှိနေ




ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ စက်ရုံများတွင် အလုပ်လုပ်ရန် မြန်မာအလုပ်သမား နှစ်သိန်းကျော်ကို ငှားရမ်းသွားရန်ရှိပြီး နှစ်နိုင်ငံအစိုးရချင်းချိတ် ဆက်စေလွှတ်သွားဖွယ်ရှိနေသည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ အကြံပေးဖြစ်သူမှ ပြောကြားခဲ့ကြောင်း The Nation သတင်းစာက ဖော်ပြခဲ့သည်။

ခေါ်ယူမည့် မြန်မာအလုပ်သမားအရေအတွက် အတိအကျကို လာမည့်လအတွင်း မြန်မာနိုင်ငံတွင်ပြုလုပ်မည့် နှစ်နိုင်ငံအစည်းအဝေးတွင် အတည်ပြုမည်ဖြစ်ကြောင်း သိရသည်။

Thursday 26 April 2012

တစ်ဆယ့်တစ်ဂဏန်း နှင့် မြန်မာပြည်(ဆရာတိုး (စမ်းချောင်း))

လောကတစ်ခုလုံးကိန်းဂဏန်းဖြင့် ဖွဲ့တည်ထားရှိသည်။ တိုင်းပြည်အသီးသီး မှသည်လူတစ်ဦးချင်းစီထိ ကိန်းဂဏန်း များဖြင့် စိုးမိုးလျက်ရှိသည်။ ထိုကိန်းဂဏန်း အကြောင်းနှစ်ပေါင်းများစွာအနီးကပ်လေ့ လာကြည့်သောအခါ၊ ထူးခြားဖြစ်စဉ်ဖြစ် ရပ်တို့သည် ကိန်းဂဏန်းများ၏စိုးမိုးခြင်း ကြောင့်ဖြစ်ပေါ်လာကြောင်းတွေ့ရှိရ သည်။ ထို့ကြောင့် စိုးမိုးဂဏန်းများ၏ စရိုက်လက္ခဏာတူညီကြသောအခါဖြစ် စဉ်ဖြစ်ရပ်တို့သည်လည်း သဏ္ဍာန်တူပုံစံ များဖြစ်ပေါ်လေ့ရှိသည်။
စာရေးသူသည် ကိန်းဂဏန်းများ၏ ဖွဲ့တည်ပုံ၊ ထိုကိန်းဂဏန်းများ၏စိုးမိုးခြင်း အတတ်ပညာ၊ ဂြိုလ်နက္ခတ်အတတ်ပညာ နှင့် လက်ဝါးပြင်ဖတ်အတတ်ပညာတို့ကို နှစ်ပေါင်းလေးဆယ်ကျော်မျှသုတေသန ပြုလုပ်ခဲ့ပါသည်။ စာရေးသူသည် စိုးမိုး ဂဏန်းများအကြောင်း တစေ့တစောင်း လေ့လာမှတ်သားကြည့်မိသည်။

အမေရိကန်ထံမှ စစ်သင်္ဘောများ ၀ယ်ယူရန် ထိုင်ဝမ်စီစဉ်လျက်ရှိ



၂၀၀၇ ခုနှစ်က ထိုင်ဝမ်တောင်ပိုင်းတွင် စစ်ရေးလေ့ကျင့်ခဲ့သော Perry-class ဖရီးဂိတ် စစ်သင်္ဘောတစ်စင်း
စစ်အင်အားကို မြှင့်တင့်ရန်နှင့် တရုတ်စစ်တပ်၏ ခြိမ်းခြောက်မှုကို ထိရောက်စွာ တုံ့ပြန်နိုင်ရန်အတွက် ထိုင်ဝမ်သည် အမေရိကန်ထံမှ စစ်သင်္ဘောလေးစီး ၀ယ်ယူရန် စီစဉ်လျက်ရှိကြောင်း ဧပြီလ ၂၂ ရက်နေ့က ထိုင်ဝမ်မီဒီယာတစ်ခုတွင် ဖော်ပြခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ ထိုင်ဝမ်သမ္မတ မာယင်ကျိုးသည် ပြီးခဲ့သည့်လက အစည်းအဝေးတွင် အမေရိကန်တို့နှင့် လက်နက်အရောင်းအ၀ယ်များ ပြုလုပ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ ကုန်ကျစရိတ်များကို တိတိကျကျ မထုတ်ဖော်သေးသော်လည်း ယင်းစစ်စရိတ်များ သုံးစွဲရန် လာမည့်နှစ်အတွက် ဘတ်ဂျတ်အား ကြိုတင်ပြင်ဆင်နေပြီဖြစ်သည်။

ပဲခူးဆယ်မိုင်ကုန်းရှိ ဧကတစ်ရာ ကျယ်ဝန်းသည့် မြေနေရာ၌ ရုပ်ရှင်စတူဒီယို တစ်ခု တည်ဆောက် အသုံးပြုနိုင်ရန် မကြာမီ အကောင်အထည် ဖော်သွားမည်




e7294 ပဲခူးဆယ်မိုင်ကုန်းရှိ ဧက တစ်ရာ ကျယ်ဝန်းသည့်မြေနေရာ၌ ရုပ်ရှင်လောကသားများ အသုံးပြုနိုင်သည့် ရုပ်ရှင်စတူဒီယိုတစ်ခုကို တည်ဆောက် အသုံးပြုနိုင်ရန် မကြာမီ အကောင်အထည်ဖော် သွားမည်ဟု သတင်းရရှိသည်။ အဆိုပါ ရုပ်ရှင်စတူဒီယို တည်ဆောက်ရေး လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အနေဖြင့်ညှိနှိုင်းမှုများ ပြုလုပ်ကာ ဆောင်ရွက်သွား မည်ဟု သိရသည်။

အာဖရိက မြေအောက်ရေ အရင်းအမြစ်သိုက်ကြီး တွေ့ရှိ

အာဖရိကတိုက်မှာ သောက်သုံးဖို့အတွက်ရော စိုက်ပျိုးရေးအတွက်ပါပေးဝေနိုင်တဲ့ အလွန် ကြီးမား တဲ့ မြေအောက် ရေအရင်းအမြစ်သိုက်ကြီးတခု ရှိနေတယ်လို့ သိပ္ပံပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ပါတယ်။
ဒီရေဟာ အာဖရိကတိုက်သားတွေ နှစ်စဉ် သုံးစွဲနေတဲ့ ရေအရင်းအမြစ်ထက်လည်း အဆတစ်ရာများသလို အာဖရိကတိုက်မှာရှိတဲ့ ရေကန်ကြီးတွေကရေတွေထက် အဆနှစ်ဆယ် များနေတာတွေ့ရတယ်လို့ ဆိုပါတယ်။ ဒီမြေအောက်ရေကို cထုတ်ယူသုံးစွဲနိုင်မယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းကြပါတယ်။
ဗြိတိသျှ၊ ဘူမိဗေဒလေ့လာစုံစမ်းရေးဌာန BGS နဲ့ University College London တို့ ပူးတွဲတိုင်းတာပြီးတော့ ထုတ်ပြန်ခဲ့တဲ့ မြေပုံအရ အာဖရိကတိုက်မှာရှိတဲ့ လစ်ဗျား၊ အယ်လ်ဂျီးရီးယား၊ အီဂျစ်နဲ့ ဆူဒန်နိုင်ငံတွေ အပါအဝင် ဒေသအတော်များများရဲ့အောက်မှာ မြေအောက် ရေကြောကြီးရှိနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

မြန်မာ့နိုင်ငံရေးပြေလည်ရင် အာရှထိပ်တန်းဖြစ်နိုင်

NLD ပါတီ လွှတ်တော်မတက်နိုင်တဲ့ အခြေအနေကို ညှိနှိုင်းဖြေရှင်းနိုင်ဖို့ မျှော်လင့်ကြောင်း ကုလ၊ မြန်မာ ဆိုင်ရာ အထူးအကြံပေး ဘီဂျေ၊ နမ်ဘီးယားက ပြောပါတယ်။
ကျမ်းသစ္စာကျိန်ဆိုရမယ့် စကားအသုံးအနှုန်းအပေါ် အချေအတင် ဖြစ်နေရတဲ့အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကိုယ်စားလှယ်တွေ လွှတ်တော်မတက်နိုင်ဘဲ ဖြစ်နေရတဲ့အခြေအနေတွေကို ညှိနှိုင်းဖြေရှင်းသွားနိုင်ဖို့ မျှော်လင့်တဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်က ပြောလိုက်ပါတယ်။ နိုင်ငံရေးအရ တိုးတက်အောင်လုပ်နိုင်မယ်ဆိုရင် အာရှမှာ ထိပ်တန်းနိုင်ငံတခု အထိတောင် ဖြစ်လာနိုင်တယ်လို့လည်း အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar က ပြောလိုက်တာပါ။

သူရသတ္တိပြည့်စုံသော သတင်းမီဒီယာသမားများ(အောင်မင်းသိုက်)

ဘာပဲဖြစ်ဖြစ် ဂျာနယ်လစ်တွေ သတင်းမီဒီယာတွေဟာ မှန်ကန်တဲ့ဘက်မှာ ရပ်တည်ပြီး လုပ်ဆောင်နေတဲ့အချက်က လူ့အဖွဲ့အစည်း တိုးတက်ရေးအတွက် လုပ်ဆောင်နေတာမို့ ဂျာနယ်လစ်တွေရဲ့ အန္တရာယ်ကို ဖြစ်ပေါ်စေတဲ့ လူ့အဖွဲ့အစည်းဟာလည်း တန်ဖိုးကြီးကြီး ပေးဆပ်ရမယ့် အခြေအနေမှာ ရှိနေပါတယ် ...



၁၉၉၃ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်အရ မေလ ၃ ရက်နေ့ကို နိုင်ငံတကာ သတင်းစာလွတ်လပ်ခွင့်နေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။ အဲဒါကြောင့်မို့ မေလ ၃ ရက်နေ့မှာ နိုင်ငံတကာသတင်းစာ လွတ်လပ်ခွင့်နေ့ကို ကျင်းပပြုလုပ်ခဲ့တာဖြစ်သလို ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ သက်ဆိုင်ရာ နိုင်ငံအသီးသီးမှာ ရှိနေတဲ့ အစိုးရတွေအနေနဲ့ သတင်းစာလွတ်လပ်ခွင့်ရဲ့ အရေးကြီးပုံ၊ တန်ဖိုးရှိပုံတွေကို အလေးအနက် ထားရှိစေဖို့နဲ့ လွတ်လပ်စွာ ရေးသားဖော်ပြခွင့်ပြုရေးကိုလည်း လေးစားလိုက်နာ ဖို့ ဆိုတာတွေကို ဖော်ထုတ်ပြသခြင်းပဲ ဖြစ်ပါတယ်။ လူ့အခွင့်အရေး ကြေညာစာတမ်း မှာပါရှိတဲ့ ပုဒ်မ ၁၉ နဲ့ ၀ိုင်းဟော့ခ် Windhoek ကြေညာစာတမ်းမှာ ပါရှိတဲ့ သတင်းစာလွတ်လပ်ခွင့် အခြေခံစည်းမျဉ်းတွေကို သက်ဆိုင်ရာအစိုးရတွေက လိုက်နာဖို့ လိုအပ်ကြောင်းကို မီးမောင်းထိုးပြရာလည်း ရောက်ပါတယ်။

ပါကစ္စတန်က နျူထိပ်ဖူးတပ် တာလတ်ပစ်ပဲ့ထိန်းဒုံးကျည် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်




ဧပြီလ ၂၅ ရက်နေ့တွင် ပါကစ္စတန် ပြည်သူ့ဆက်ဆံရေးရုံးက ထုတ်ပြန်ခဲ့သော နျူထိပ်ဖူးတပ်ဆင်နိုင်သည့် ဒုံးကျည် Hatf 1V Shaheen-1A စမ်းသပ်ပစ်လွှတ်မှုပုံ
ပါကစ္စတန်သည် နျူထိပ်ဖူးတပ် တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်တစ်ခုကို ဧပြီလ ၂၅ ရက်တွင် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း စစ်တပ်က ကြေညာခဲ့သည်။ အိန္ဒိယက တာဝေးပစ် ပဲ့ထိန်းဒုံးကျည်တစ်ခုကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ပြီးတစ် ပတ်ပင်မပြည့်သေးချိန်တွင် ပါကစ္စတန်က စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။
ယင်းဒုံးကျည်၏ အကွာအဝေး အတိအကျကို မထုတ်ပြန်ခဲ့သော်လည်း အငြိမ်းစားဗိုလ်ချုပ်ကြီး တာလတ်မာဆုဒ်က ပါကစ္စတန်ပစ်လွှတ်ခဲ့သော ဒုံးကျည်မှာ ကီလိုမီတာ ၂၅၀၀မှ ၃၀၀၀ အထိ (၁၅၅၀ မိုင်မှ ၁၈၅၀ မိုင်) ရောက်ရှိနိုင်ကြောင်း ခန့်မှန်းခဲ့ပြီး ယင်းမှာ ပြိုင်ဘက်အိန္ဒိယအထိ ရောက်အောင် ပစ်ခတ်နိုင်သော အကွာအဝေးဖြစ်သည်။

အိုင်းစတိုင်းကို စိန်ခေါ်ခြင်း၊ အလင်းထက်မြန်တာ ရှိသလော(စိုးစိုး (အင်္ဂပူ))



ရီလေတီဗီတီနှင့် အလင်းအလျင်
အဲလ်ဘတ် အိုင်းစတိုင်း ရဲ့ အထူးရီလေတီဗီတီ သီအိုရီ (special relativity) အရ စကြာဝဋ္ဌာတစ်ခွင် အမြန်ဆုံးပြေးလွှားနိုင်တဲ့ အရာဟာ အလင်းရောင် ဖြစ်ပါတယ်။
အလင်းအလျင် (velocity of light) ဟာ လေဟာနယ်နဲ့ လေထဲမှာဆိုရင် တစ်စက္ကန့်ကို မိုင်ပေါင်း ၁၈၆၂၈၂.၃၉၆ ပြေးလွှားနိုင်တယ်။ သိပ်သည်းတဲ့နယ်တစ်ခု၊ ဥပမာ ရေထဲကို ဖြတ်သန်းသွားရင်တော့ အလင်းရဲ့ အလျင်ဟာ အနည်းငယ် နှေးသွားပါမယ်။ လေဟာနယ်နဲ့ လေထဲမှာတော့ အလင်းအလျင်ကို ပိုမြန်အောင် ပြုလုပ်လို့ မရပါ။ အလင်းအလျင်ဟာ သတ်မှတ်ထားတဲ့ ကြားခံနယ်တစ်ခုအတွက် ထာဝရကိန်းသေပါပဲ။
အခြေခံပညာအထက်တန်း  ကျေုင်းသူ ကျောင်းသားတွေဟာ အလင်းအလျင်ကို c=3×108 m/sec ဆိုပြီး ကျက်မှတ်ထားရပါတယ်။ ကျွန်ုပ်တို့ဆီကနေ မိုင်ပေါင်း ၂၃၉၀၀၀ ဝေးတဲ့ လဆီကို အလင်းအလျင်နဲ့ သွားမယ်ဆိုရင် ၁.၂၃၈ စက္ကန့်ပဲ ကြာပါမယ်။ နေဆီကို သွားမယ်ဆိုရင် ၈ မိနစ်ပဲ ကြပါမယ်။ ကျွန်ုတို့နဲ့ အနီးဆုံးကြယ်ဖြစ်တဲ့ တောင်ဘက် မိုးကုပ်စက်ဝိုင်း အထက်နားက အယ်လ်ဖာ စင်တောရီကြယ် (alpha centauri) ဆီကို သွားမယ်ဆိုရင်တော့ ၄.၃ နှစ် ကြာပါတယ်။

လွှတ်တော်တက်ရန် အတားအဆီး ဖြစ်နေရသည့် အကြောင်းရင်းကို နည်းစနစ်ပိုင်း မှားယွင်းမှုအဖြစ် ရှုမြင်ရန် NLD ဥက္ကဋ္ဌပြောကြား





545
ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ်များအားလုံး လွှတ်တော်မတက်ရသည့် အကြောင်းရင်းကို နိုင်ငံရေးကိစ္စတစ်ရပ်ထက် နည်းစနစ်ပိုင်းဆိုင်ရာ မှားယွင်းမှုသက်သက် အဖြစ်သာ ရှုမြင်ရန် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
“ NLD လွှတ်တော်ထဲ ၀င်ရောက်ဖို့ အတားအဆီးဖြစ်နေရတဲ့ အကြောင်းရင်းဟာ နည်းစနစ်ပိုင်း မှားယွင်းမှု သက်သက်အဖြစ်သတ် မှတ်ချင်ပါတယ်။ နိုင်ငံရေးကိစ္စအနေ နဲ့ မချဲ့ကားစေချင်ပါဘူး” ဟု ၄င်းက အီတလီနိုင်ငံခြားရေး ၀န်ကြီး နှင့် နေအိမ်တွင် တွေ့ဆုံစဉ် ပြည်တွင်း၊ ပြည်ပ သတင်းထောက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။

မူးယစ်ရာဇာ နော်ခမ်းကို ပစ်ခတ်ဖမ်းဆီး

ထိုင်းနိုင်ငံမှ အလိုရှိနေသည့် မြန်မာနိုင်ငံသား မူးယစ်ရာဇာ နော်ခမ်းကို လာအိုစစ်တပ်က ပစ်ခတ်ဖမ်းဆီးလိုက်ကြောင်း ထိုင်း ရုပ် သံ သတင်းဌာန Chanel 3 နှင့် ထိုင်း သတင်းများတွင် ဖော်ပြထားသည်။
ထိုင်း Chanel 3 သတင်းဌာနတွင် ဖော်ပြထားသော နော်ခမ်း (ဓာတ်ပုံ - krobkruakao.com)
လာအို အာဏာပိုင်များက မူးယစ်ရာဇာ နော်ခမ်းကို ဖမ်းဆီးရမိထားကြောင်း ထိုင်း အာဏာပိုင်များထံ အကြောင်းကြားခဲ့ သည့် အတွက် သွားရောက်စစ်ဆေးနေကြောင်း အဆိုပါ သတင်းဌာနများတွင် ရေးသားထားသည်။ နော်ခမ်းကို လက်ရ ဖမ်းဆီးမိခြင်းလော၊ အသေဖမ်းဆီး မိခြင်းလော ဆိုသည်မှာ မရှင်းလင်းသေးပေ။
မြန်မာနိုင်ငံ တာချီလိတ်မြို့မှ အစိုးရ အရာရှိတဦးကလည်း မူးယစ်ရာဇာနော်ခမ်း၏ အဖွဲ့ဝင် လေးဦးကို ယနေ့နံနက်ပိုင်းက လာအိုနိုင်ငံဘက်ခြမ်းတွင် ဖမ်းမိသည်ဟု သိရကြောင်း ပြောသည်။

NLD လွှတ်တော်တက်ရန် တိုင်းရင်းသားနဲ့ ဒီမိုကရေစီပါတီ လွှတ်တော်အမတ်များ တိုက်တွန်း

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ NLD ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ၀င်လာဖို့ တိုင်းရင်းသားနဲ့ ဒီမိုကရေစီပါတီ လွှတ်တော်အမတ်တွေက ဒီကနေ့ စာရေးသား တိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။
RFA
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်က နေပြည်တော် ပြည်သူ့လွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်နေကြစဉ်။
လွှတ်တော်တွင်း ဒီမိုကရေစီ အင်အားစုပါတီတွေနဲ့ တိုင်းရင်းသားပါတီတွေ ၁၀ ခုလောက်က လွှတ်တော်အမတ်တွေ စုပေါင်း လက်မှတ်ရေးထိုးတဲ့စာကို NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့လိုက်တာ ဖြစ်တယ်လို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးက အခုလိုပြောပြပါတယ်။

နှစ်သိန်း ဖုန်းများ သတ်မှတ်ဈေးထက် တင်ရောင်းပါက မြန်မာ့ဆက်သွယ်ရေးက အရေးယူမည်


မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် ပုဂ္ဂလိက ကုမ္ဂဏီများ ပူးပေါင်း၍ ယခုလမှ စတင်ကာ ကျပ်နှစ်သိန်းဖြင့် ရောင်းချပေးသည့် GSM ဖုန်းများကို ဈေးတင် ရောင်းပါက အရေးယူမှုများ ပြုလုပ်သွားမည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အကြောင်းကြား ထားကြောင်း ယင်းဖုန်းကတ်များ ဖြန့်ဖြူးနေသည့် E-lite ကုမ္ဂဏီမှ အမှုဆောင် ဒါရိုက်တာ ဦးစိုင်းခင်မောင်အေးက ပြောကြားသည်။

ယင်းကဲသို့ အကြောင်းကြားထားသည် ဆိုသည်မှာ မှန်ကန်ပါကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းလ်ဖုန်း အတွက် တာဝန်ရှိသူ အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက The Voice Weekly သို့ အတည်ပြု ပြောကြားသည်။

Wednesday 25 April 2012

ကိုယ်တို့ဆီမှာ သာပါစ မေး(နီမင်းဆွေ)

သင်္ကြန် လက်ဆောင်
သင်္ကြန်တော် ခါတန်ခူးမို့
တိမ်ဦးက သံဝါ၀ါ
မိုးဖြောက်ဖြောက်ရွာ။
ကိုယ်တို့ဆီမှာ၊ ရွာပါစ မေး။
မရွာလျင် ရွှေလွန်ပွဲကို နွှဲလိုက်ပါလေး။
ငွေမိုးရေ ချိုချိုသောက်လို့
ပိတောက်က ပင်ပေါ်မှာ
ဝင်းထိန်လို့ဝါ။
ကိုယ်တို့ဆီမှာ၊ ၀ါပါစ မေး။
မ၀ါလျင် ရွှေတွေပိန်းအောင်
လိမ်းလိုက်ပါလေး။
ပိတောက်တွေ ရွှေဝါလူးတော့
ရွာဦးက ညံစာစာ
မောင်းဗုံကသာ။
ကိုယ်တို့ဆီမှာ၊ သာပါစ မေး။
မသာလျင် ဗုံသမားကို အားကူပါ့လေး။
ငွေမိုးရေ ချိုချိုသောက်လို့
ပိတောက်က ရွှေမျက်နှာ
မောင်းဗုံကသာ။
ကိုယ်တို့ဆီမှာ၊ မာပါစ မေး။
မောင်မာအောင် စေတီဦးက
မယ်မာအောင် စေတီဦးက
နှစ်ကူးချိန် တာရေသွန်း
လွမ်းပါ့မယ်လေး။ ။

ဇော်ဂျီ



အယုဒ္ဓပြည်နယ် ရေသဘင်ပွဲတော်တွင် ကမ္ဘာ့လှည့်ခရီးသွားများကို ဆင်များက ရေပက်ဖျန်းနေစဉ်
ဆရာဇော်ဂျီရေးဖွဲ့ပြီး ၁၉၃၆ ခုနှစ် မေလထုတ် ဂန္ထလောကမဂ္ဂဇင်းမှာ ဖော်ပြခြင်းခံခဲ့ရတဲ့ 'သင်္ကြန်လက်ဆောင်' အမည်ရတဲ့ ကဗျာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား ဂုဏ်ယူဝမ်းမြောက်ကြောင်း ကိုယ်တိုင်ကိုယ်ကျ ပြောနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန် ပြောကြား



ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန် မြန်မာနိုင်ငံသို့ သွားရောက်မည့်အကြောင်း ပြောကြားနေစဉ်
မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား ဂုဏ်ယူဝမ်းမြောက်ကြောင်း ကိုယ်တိုင်ကိုယ်ကျ ပြောနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က ကုလသမဂ္ဂဌာနချုပ်တွင် ဧပြီလ ၂၃ ရက်နေ့က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို တွန်းအားပေးရန်အတွက် မြန်မာနိုင်ငံသို့ မကြာမီ သွားရောက်မည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က ပြောကြားခဲ့သည်။

''မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ရန်အတွက် သမ္မတဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်ကို လက်ခံလိုက်ပါပြီ။ အခုသီတင်းပတ်ကုန်မှာ မြန်မာနိုင်ငံကို သွားပါမယ်''ဟု ဘန်ကီမွန်က သတင်းထောက်များအား ကုလသမဂ္ဂ ဌာနချုပ်တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အလုပ်သမား အဖွဲ့အစည်းများကို လွတ်လပ်စွာဖွဲ့စည်းခွင့်ပြုလုပ်ပြီ

 မြန်မာနိုင်ငံတွင်အလုပ် သမားများအဖွဲ့အစည်းများကိုလွတ်လပ် စွာဖွဲ့စည်းခွင့်ပြု လုပ်ပြီးကြောင်း သိရသည်။ ထိုသို့အလုပ်သမားများအဖွဲ့ များအပြင်အလုပ်ရှင်များအဖွဲ့အစည်းများ ကိုလည်ဖွဲ့စည်း ခွင့်ပြုသွား မည်ဖြစ်ကြောင်း သိရသည်။

”ကျွန်တော်တို့ အနေနဲ့အလုပ် သမားများ အဖွဲ့အစည်း  ကိုရန်ကုန်မှာ ပထမဆုံး ဖွဲ့စည်း ခွင့်ပြုတာ ဖြစ်ပါတယ်။ လက်ရှိ ရန်ကုန်မှာ ဧပြီလဆန်းက လျှောက်ထားကြ တဲ့အလုပ်သမား အဖွဲ့အစည်း ရှစ်ဖွဲ့နဲ့ အသင်း ချုပ် တစ်ခုထဲက  အလုပ်သမား အဖွဲ့အစည်း ခုနှစ်ခုနဲ့ အသင်းချုပ် တစ်ခုဖွဲ့ကိုတရား ဝင်ဖွဲ့စည်းခွင့်ပြုပေး တာဖြစ်ပါတယ်။ ကျန်တဲ့တစ်ဖွဲ့ကိုတော့ သက်မှတ်ထားတဲ့ စည်းကမ်းတွေ မကိုက်ညီတဲ့ အတွက် ဆက်လက် စိစစ် နေပါတယ်” ဟုအလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ မှတ်ပုံတင် အရာရှိချုပ် ဦးမျိုးအောင်ကပြောသည်

မြန်မာအမျိုးသမီးများ ပြည်ပအလုပ်အကိုင်အပြောင်းအလဲ စည်းကမ်းချက် အချို့ကြောင့် အခက်တွေ့

 
ဖေဖော်ဝါရီလ အစောပိုင်း က နိုင်ငံတော်အစိုးရသည် ထုတ် ပြန်ထားသော သတ်မှတ်စည်း ကမ်းများဖြင့် ညီညွတ်ပါက မြန် မာအမျိုးသမီးအလုပ်သမားများကို ပြည်ပတွင် လုပ်ကိုင်ခွင့်ပြုခဲ့ ကြောင်းသိရသည်။
မြန်မာ အမျိုးသမီးများပြည် ပထွက်ခွာအလုပ်လုပ်ကိုင်ခွင့်များ ရရှိမှုကြောင့် ယောက်ျားများနှင့် ရင်ဘောင်တန်းပြီး နိုင်ငံခြားငွေ ရှာခွင့်ရရှိခဲ့သောကြောင့် ပြည်ပ အလုပ်အကိုင်ရှာဖွေပေးနေသော တရားဝင် အေဂျင်စီများ၌ လာ ရောက်ဆက်သွယ်အလုပ်အကိုင် ရှာဖွေကြမှုများပြားခဲ့သည်။
ယခုဧပြီလအချိန်တွင်းက သက်ဆိုင်ရာမှ ပြည်ပတွင်အလုပ် လုပ်ကိုင်မှု အခြေအနေအမျိုးမျိုး ကြောင့် နိုင်ငံနှင့်နိုင်ငံသားအလုပ် သမားများ နစ်နာမှု၊ နစ်နာခဲ့ရ သော အတွေ့အကြုံများကြောင့် နောက်ဆက်တွဲ ညွှန်ကြားချက် များ ထုတ်ပြန်သတ်မှတ်ပေးခဲ့ရ သည်။

မြန်မာနိုင်ငံတစ်ဝန်း၌ မိုးကြိုမိုး ရွာသွန်းမှုနည်းပါး၍ နေပူသည့် ရက်ကြာရှည်လာသောကြောင့် အပူရှိန်မြင့်တက်မှုများ ကြုံတွေ့လာရ




ဆည်တော်လေး ရေလွှတ်မြောင်းအတွင်း အပူသက်သာရန် ရေချိုးနေသူများကို တွေ့ရစဉ်
မြန်မာနိုင်ငံ ဒေသအသီးသီးတွင် မိုးကြိုမိုးရွာသွန်းမှုများ နည်းပါးသည့်အတွက် နေ့အပူရှိန်ပိုမိုမှုများ ကြုံတွေ့လာရကြောင်း သတင်းရရှိပါသည်။ ထို့အတူပင် မြန်မာနိုင်ငံတစ်ဝန်း နေရောင်ခြည် ဖြာထွက်ကျရောက်မှုများနှင့် ခရမ်းလွန်ရောင်ခြည် ကိန်း (UVIndex)များ ဆက်လက်မြင့်တက်နေကြောင်း သိရှိရပါသည်။

''UVIndex က လက်ရှိမှာ ၁၀ လောက် ရှိနေပါတယ်။ နောက်ပိုင်းမှာတော့ ကျသွားဖို့ အလားအလာ ရှိပါတယ်''ဟု Myanmar Climate ChangeWatch မှ ဒေါက်တာထွန်းလွင်က ပြောကြားသည်။

မေလတွင် ရန်ကုန်နှင့်မန္တလေး၌ နှစ်သိန်းနှင့်နှစ်သိန်းခွဲတန်ဖုန်းများ ဆက်သွယ်ပြောဆိုနိုင်မည်


မေလ(၃)ရက်နေ့မှစ၍ ပြည်တွင်း GSM/UMTS Station ရှိသောမြို့များတွင် ကျပ်နှစ်သိန်းတန်GSM ဖုန်းများနှင့် ကျပ်နှစ်သိန်းခွဲတန် WCDMA ဖုန်းများ ဆက်သွယ်ပြောဆိုနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

ယခုအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးမြို့များတွင် လိုအပ်သည့် စက်မှုပိုင်းဆိုင်ရာများ  ဆောင်ရွက်ပြီးစီးပြီဖြစ်သဖြင့် မတ်လ(၁၄) ရက်နေ့မှစ၍ GSM/WCDMA မိုဘိုင်းဖုန်းများကို တိုင်း၊ ပြည်နယ် အသီးသီးသို့ ယူဆောင်သွားနိုင်ပြီဖြစ်သည်။

“ ၅လပိုင်းကျရင် နယ်ကဖုန်းတွေလည်း ရန်ကုန်ယူလာလို့ရသလို ရန်ကုန်ကဖုန်းတွေလည်း နယ်ကိုယူသွားလို့ ရပါပြီ။” ဟု ရတနာပုံ Call Center မြန်မာ့ဆက်သွယ်ရေးဝန်ဆောင်မှုရှိတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ထိုင်းစက်မှု ဥက္ကဌ ဦးဆောင်သော စီးပွားရေး လုပ်ငန်းရှင် ရှစ်ဆယ်ကျော် ရင်းနှီးမြုပ်နှံရန် လာရောက် ဆွေးနွေးမည်

ထိုင်းနိုင်ငံ စက်မှု အသင်းချုပ် ဥက္ကဋ္ဌ Mr. Payungsak Chartsutipol
ထိုင်းနိုင်ငံ စက်မှု အသင်းချုပ် ဥက္ကဋ္ဌ Mr. Payungsak Chartsutipol ဦးဆောင်သော စီးပွားရေး လုပ်ငန်းရှင် ရှစ်ဆယ်ကျော်သည် မြန်မာနိုင်ငံ၏ စီးပွားရေး ကဏ္ဍများတွင် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရန်နှင့် ရင်းနှီးမြုပ်နှံရန် အတွက် လာရောက်မည် ဖြစ်ကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ထံမှ စုံစမ်းသိရှိ ရသည်။

အဆိုပါ စီးပွားရေး လုပ်ငန်းရှင် အဖွဲ့သည် ဧပြီလ ၂၅ ရက်နေ့ တစ်နာရီခွဲတွင် UMFCCI အသင်းချုပ်၌ မြန်မာ-ထိုင်း စီးပွားရေး လုပ်ငန်းများအလိုက် တွေ့ဆုံ ဆွေးနွေးရန် ရှိကြောင်း UMFCCI အသင်းချုပ်၏ သတင်း ထုတ်ပြန် ကြေငြာချက်အရ သိရသည်။

တောင်ကိုးရီးယား အပေါ် မြောက်ကိုးရီးယား ပြင်းပြင်းထန်ထန် ခြိမ်းခြောက်

North Korean leader Kim Jong Un watches a military parade held to celebrate the centenary of the birth of the North's founder Kim Il Sung, in Pyongyang on April 15, 2012.
ဓာတ်ပုံ Reuters/KCNA
မြောက်ကိုးရီးယား ခေါင်းဆောင်သစ် ကင်ချုံအွန်း
မြောက်ကိုးရီးယား ကနေ တောင်ကိုးရီးယားကို အထူး အရေးယူမှု တွေ လုပ်မယ် လို့ တနင်္လာနေ့မှာ ခြိမ်းခြောက်လိုက်ပါတယ်။ တောင်ကိုးရီးယားက လီမြောင်ဘတ် အစိုးရ အဖွဲ့ကို သုံး လေး မိနစ် အတွင်း မှာဘဲ အပြတ်ရှင်းနိုင်တယ် လို့ မြောက်ကိုးရီးယား ရဲ့ နောက်ဆုံး ခြိမ်းခြောက်မှုဟာ  ခေါင်းဆောင်သစ် ကင်ချုံအွန်း တက်လာ ခဲ့ချိန်က စပြီး အပြင်းထန်ဆုံး ခြိမ်းခြောက်မှု ဖြစ်သလို အရင် ခြိမ်းခြောက်မှု တွေ ထက် ပိုပြီး တိတိကျကျ သတိပေးလိုက် တာမျိုး လည်း ဖြစ်နေပါတယ်။
မြောက်ကိုးရီးယား အစိုးရ ရဲ့ ကေအာတီ (KRT) သတင်းမှာတော့ သစ္စာဖောက် အုပ်စုရဲ့ ပရမ်းပတာ စိန်ခေါ်မှု တွေ အတွက် မြောက်ကိုးရီးယား ရဲ့ တော်လှန်ရေး တပ်ဖွဲ့တွေက အထူးအရေးယူမှု တွေကို မကြာခင်မှာဘဲ စတင်တော့ မှာဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။

ဟောင်းနွမ်း တက္ကစီများအား အပ်နှံကာ ပြည်ပမှ အသစ် တင်သွင်းခွင့်ပြုမည်





ဟောင်းနွမ်း တက္ကစီများအား လဲလှယ်ကာ အသစ်တင်သွင်းခွင့်ပြု သွားမည်ဖြစ်ကြောင်း ရထားပို့ ဆောင်ရေးဝန်ကြီးဌာန တာဝန်ရှိသူ များထံမှ သတင်းရရှိပါသည်။

အိုမင်းဟောင်းနွမ်းနေသည့် တက္ကစီများအား အပ်နှံကာ ပြည်ပမှ အသစ်တင်သွင်းခွင့်ပြုရာတွင် လက်ရှိ ကားဟောင်းများကို အပ်နှံကာ အစားထိုး တင်သွင်းခွင့်ပြုသည့် မော်ဒယ်များအတိုင်း တင်သွင်းရန် ခွင့်ပြုပေးသွားမည်ဟု သိရှိရသည်။

‘ရုပ်ရှင်လောကသားအားလုံး တက်ညီလက်ညီနဲ့ ၀ိုင်းဝန်းကြိုးစားကြမှသာ ရုပ်ရှင်လောကရဲ့ တိုးတက်ပြောင်းလဲမှု ဆိုတဲ့အခြေအနေ တစ်ခုကို တွေ့မြင်နိုင်မှာပါ’ အကယ်ဒမီပြေတီဦးနှင့်တွေ့ဆုံခြင်း




e541 ယခုတစ်ပတ် အင်တာဗျူးကဏ္ဍတွင် တွေ့ဆုံမေးမြန်းဖြစ်သူက အကယ်ဒမီပြေတီဦးပင် ဖြစ်သည်။ ယခင် စာချုပ်ထားသည့် ထုတ်လုပ်ရေးများအတွက် သာမက အသစ်စာချုပ်ထားသည့် ထုတ်လုပ်ရေးများ အတွက်ပါ ဇာတ်ကားများ ဆက်တိုက်ရိုက်ကူးနေသူ ပြေတီဦးက ရုပ်ရှင်လောကသားများ အားလုံးရင်ဆိုင်နေရသည့် ဈေးကွက်ကျဆင်းမှု ပြဿနာအပေါ် အဖြေရှာနိုင်ရန် ကြိုးပမ်းနေသည့် မင်းသားများအနက် တစ်ဦးဖြစ်သည်။ ကြုံတွေ့ရလျက်ရှိသည့် ရုပ်ရှင်နှင့် ဗီဒီယိုဈေးကွက်အပေါ် အမြင်၊ ရုပ်ရှင်အစည်းအရုံး အဖွဲ့သစ်အပေါ် သဘောထားနှင့် ရှေ့ဆက်မည့် အနုပညာခရီးစဉ်အချို့အား မေးမြန်းဖြစ်ခဲ့ရာ . . .

ထိုင်းနိုင်ငံ လွှတ်တော်တွင်း ညစ်ညမ်း ဓါတ်ပုံ ပြသမှု ပညာရှင် အဖွဲ့မှ စစ်ဆေးမှု ပြုလုပ်ပြီ

381631လွှတ်တော် အတွင်း၌ ညစ်ညမ်း ဓါတ်ပုံကို Plasma ဖန်သားပြင်ပေါ်တွင် ပြသ ခဲ့ခြင်းနှင့် ပတ်သက်၍ CAT Telecom နှင့် ပါလီမန် အိမ်တော် IT ကျွှမ်းကျင် ပညာရှင်များ အဖွဲ့မှ ယမာန်နေ့က စစ်ဆေးမှုများ ပြုလုပ် ခဲ့ကြကြောင်း သိရှိရပါသည်။ အဆိုပါ ညစ်ညမ်း ဓါတ်ပုံသည် ပြီးခဲ့သည့် အပတ် ဗုဒ္ဓဟူးနေ့၌ လွှတ်တော် ကိုယ်စားလှယ်များ အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်နေစဉ် ငါးစက္ကန့်ခန့် ပေါ်ထွက် လာခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးချုပ်ရုံး အိမ်တော် အရာရှိချုပ် Khamphi Ditthakorn က “မနေ့က ကျွန်တော်တို့ ကျွှမ်းကျင် ပညာရှင်အဖွဲ့ကို ဖိတ်ပြီးတော့ ဧပြီလ (၁၆) ရက်နေ့က လွှတ်တော်တွင်းမှာ ဖြစ်ပွားခဲ့တဲ့ ညစ်ညမ်းဓါတ်ပုံ ပြသမှုဖြစ်ရပ်ကို စစ်ဆေးမှုတွေ ပြုလုပ် စေခဲ့ပါတယ်။ စစ်ဆေး တွေ့ရှိချက် အရတော့ ဒီညစ်ညမ်း ဓါတ်ပုံဟာ လွှတ်တော် စတီရီယိုခန်း တာဝန်ကျ အမှုထမ်းက ထုတ်လွှင့်ခဲ့တာ မဟုတ်ဘူး ဆိုတာကို တွေ့ရတယ်” ဟု ပြောဆို သွားပါသည်။
ပညာရှင် အဖွဲ့များသည် လွှတ်တော် စတီရီယိုခန်း တာဝန်ကျ အမှုထမ်း၏ Smartphone နှင့် မိုဘိုင်းဖုန်း အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ၏ iPhone, Samsung Galaxy Notes, Samsung Galaxy Tabs နှင့် iPad များ အပါအဝင် Smartphone များနှင့် Tablets အများအပြားကို စစ်ဆေးမှုများ ပြုလုပ် ခဲ့ကြသည်။ တစ်နာရီကြာ နည်းပညာရပ်များ စစ်ဆေးမှုအပြီး၌ လွှတ်တော် စတီရီယိုခန်းများမှ အမှုထမ်းများမှ ပေးပို့ ထုတ်လွှင့်ခဲ့ခြင်း မဟုတ်ကြောင်း ပညာရှင်များအဖွဲ့မှ ကောက်ချက်ချခဲ့သည်။

မြစ်ကြီးနားမြို့တွင် ဗုံးပေါက်၊ ၃ဦးဒဏ်ရာရ

ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ မြစ်ကြီးနားမြို့ ဆေးရုံလမ်းထောင့်
ယနေ့နံနက် ၇နာရီခွဲက မြစ်ကြီးနားမြို့ ဆေးရုံထောင့် ယာဉ်ထိန်းရဲကင်း အနီး ဗုံးတလုံးပေါက်ကွဲရာ အနည်းဆုံး ၃ ဦးဒဏ်ရာရပြီး ယင်းတို့အနက် ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားသူ တဦးပါဝင်ကြောင်း မျက်မြင်သက်သေများကပြောသည်။
မြစ်ကြီးနားမြို့ ဆေးရုံကြီးမှ ပြောဆိုချက်အရ ဗုံးပေါက်ကွဲမှုကြောင့် ဆေးရုံ...သို့ ဒဏ်ရာရရှိသူ ၃ ဦးရောက်ရှိလာသည်ဟု အတည်ပြုပြောဆိုသည်။

ဗုံးအမျိုးအစားနှင့် မည်သည့် အဖွဲ့အစည်းလက်ချက် ဖြစ်သည် ဆိုသည်တို့ကို မသိရှိရသေးပဲ လတ်တလော အဆိုပါ လမ်းထောင့်တွင် ယာဉ်ထိန်းရဲများ၊ လုံခြုံရေး တပ်ဖွဲ့ဝင် အများအပြား ကြည့်ရှုစစ်ဆေးနေသည်ကို တွေ့ရသည်။

Monday 23 April 2012

ကမ္ဘာ့ပထမဆုံး အမျိုးသား ကိုယ်ဝန်ဆောင်အဖြစ် ထင်ရှားခဲ့သူသော မတ်စ်ဘီတီ ဇနီးဖြစ်သူနှင့် ကွာရှင်း





ကမ္ဘာ့ပထမဆုံး အမျိုးသား ကိုယ်ဝန်ဆောင်အဖြစ် ထင်ရှားခဲ့သူသော မတ်စ်ဘီတီဆိုသူသည် ၉ နှစ်ကြာ ပေါင်းသင်းလာခဲ့သော ဇနီးဖြစ်သူနှင့် ကွာရှင်းပြတ်စဲလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အသက် ၃၈ ရှိပြီဖြစ်သော ဘီတီသည် အမျိုးသမီးဘ၀မှ အမျိုးသားဘ၀သို့ ကူးပြောင်းသည့် နောက်ဆုံး ခွဲစိတ်ကုသမှုများကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ကွာရှင်းသည့် အကြောင်းနှင့်ပတ်သက်သည့် အင်တာဗျူးတွင် တစ်ပါတည်းပြော ကြားခဲ့သည်။
ဘီတီသည် ဟာဝိုင်အီကျွန်းတွင် ၁၉၇၄ ခုနှစ်က မိန်းကလေးအဖြစ် မွေးဖွားလာခဲ့ခြင်းဖြစ်ပြီး ငယ်စဉ်ကတည်းက ယောက်ျားလေး ဖြစ်ချင်ခဲ့သည်ဟု ဆိုသည်။

အနားပေးခဲ့သည့် ဒစ္စကာဗာရီ အာကာသ လွန်းပြန်ယာဉ်အား ဘိုးအင်း ၇၄၇ လေယာဉ်ပေါ်တင်ကာ နောက်ဆုံးအကြိမ် ပျံသန်းခဲ့ပြီး စမစ်ဆိုနီယမ် ပြတိုက်တွင် ပြသထားရှိရန် ပို့ဆောင်




နိုင်ငံတကာ အာကာသစခန်းနှင့် ကမ္ဘာမြေအကြား ပို့ဆောင်ရေးကို တာဝန်ယူရသော လွန်းပြန်ယာဉ်များထဲမှ တစ်ခုဖြစ်သည့် ဒစ္စကာဗာရီ အာကာသ လွန်းပြန်ယာဉ်ကို အနားပေးခဲ့ပြီးနောက် ဧပြီလ ၁၇ ရက်နေ့တွင် ဖလော်ရီဒါပြည်နယ်ရှိ ကနေဒီ အာကာသစင်တာမှ ၀ါရှင်တန်သို့ ဘိုး အင်း ၇၄၇ လေယာဉ်ပေါ်တင်ကာ ပို့ဆောင်ပေးခဲ့သည်။ ဧပြီလ ၁၉ ရက်နေ့တွင် ၀ါရှင်တန်မြို့တော်အနီးရှိ ဗာဂျီးနီးယားပြည်နယ်၊ ချန်တီလီရှိ စမစ်ဆိုနီယမ် အမျိုးသားလေကြောင်းနှင့် အာကာသပြတိုက်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

လွန်းပြန်ယာဉ်များထဲတွင် သက်တမ်းအကြာဆုံး ပျံသန်းနိုင်ခဲ့ သည့်ယာဉ်အဖြစ် ၂၈ နှစ်တာအတွင်း ခရီးစဉ် ၃၉ ကြိမ်မျှ ပျံသန်းနိုင်ခဲ့သော ဒစ္စကာဗာရီကိုနာဆာမှ အာကာသယာဉ်မှူးများ အပါအ၀င် ပညာရှင်များ၊ ပရိသတ်များက သယ် ဆောင်ရာခရီးလမ်းကြောင်း တစ် လျောက် ကြိုဆိုခဲ့ကြသည်။

တရုတ်နဲ့ ရုရှား ပူးတွဲစစ်ရေးလေ့ကျင့်


တရုတ်ပြည်မကြီးနဲ့ ကိုရီးယားနိုင်ငံ ကျွန်းဆွယ်အကြားက ပင်လယ်ဝါအတွင်း တရုတ်နဲ့ ရုရှားရေတပ်တို့ ပူးတွဲ စစ်ရေးလေ့ကျင့်မှု ဒီကနေ့ စတင် ကျင်းပပါတယ်။
၆ ရက်ကြာ ကျင်းပမယ့် ဒီရေတပ် စစ်ရေးလေ့ကျင့်မှုမှာ တရုတ်ရေတပ်က စစ်သင်္ဘော ၁၆ စင်း၊ ရေငုပ်သင်္ဘော ၂ စင်းနဲ့ ရုရှားဘက်က စစ်သင်္ဘော ၄ တို့ ပါဝင်ကြမှာ ဖြစ်ပါတယ်။
ဒီ စစ်ရေးလေ့ကျင့်မှုအတွင်း လေကြောင်းရန် ကာကွယ်ရေး၊ ရေငုပ်သင်္ဘောရန် ကာကွယ်ရေး၊ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး၊ ပြန်ပေးဆွဲခံရတဲ့သင်္ဘောတွေ ကယ်ဆယ်ရေးနဲ့ အကြမ်းဖက်သမား ဆန့်ကျင်ရေးဆိုင်ရာ ရေကြောင်း လေ့ကျင့်မှုတွေ ပါဝင်မှာ ဖြစ်ပါတယ်။

မြန်မာသင်္ကြန် ပုံရိပ်များနှင့် သင်္ကြန်သံချပ်များအား တင်ဆက်မည့် ‘မြန်မာ့သင်္ကြန် အငြိမ့်ပွဲတော်’ စင်ကာပူနိုင်ငံတွင် ပြုလုပ်မည်




e7295 မြန်မာသင်္ကြန် ခံစားမှုပုံရိပ်များကို ပြန်လည်ပုံဖော်ကာ သင်္ကြန်ကာလအတွင်း ပြန်လည် အသက်ဝင် လာခဲ့သည့် သံချပ်များအား တင်ဆက်မည့် ‘မြန်မာသင်္ကြန်အငြိမ့်ပွဲတော်’ ကို စင်ကာပူနိုင်ငံတွင် ပြုလုပ်ရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ အဆိုပါ အငြိမ့်ပွဲတော်အား ဧပြီလ ၂၉ ရက်နေ့တွင် စင်ကာပူနိုင်ငံ Kallang Theater ၌တင်ဆက်မည် ဖြစ်ကာ လူရွှင်တော်ဇာဂနာ ဦးစီးသည့် အနုပညာအဖွဲ့မှ ပါဝင် တင်ဆက်သွားမည်ဟု သိရှိရသည်။
“ဒီပွဲကို ကိုဇာဂနာ စီစဉ်တာပါ။ စီစဉ်ရတဲ့ အဓိကအကြောင်းရင်းကတော့ စင်ကာပူမှာ ရောက်နေတဲ့ မြန်မာတွေနဲ့အ တူတူ သင်္ကြန်ပုံရိပ်တွေ ပြန်လည်ခံစားနိုင်ဖို့ရယ်၊ သင်္ကြန်ရဲ့ဝိညာဉ်လို့ ဆိုရမယ့် သံချပ် တွေကို ပြန်လည်ပုံဖော်တင်ဆက်နိုင် ဖို့ရယ် ဒီပွဲလေးကိုစီစဉ်ဖြစ်တာပါ။ ဒီပွဲမှာ တခြားအငြိမ့်ပွဲမျိုးထက် သင်္ကြန်ရဲ့ မြူးမြူးကြွကြွ ရသမျိုးတွေ ပေါ်လွင်အောင် တင်ဆက်မှာပါ” ဟု အဆိုပါဖျော်ဖြေပွဲတွင် ပါဝင်တင်ဆက်မည့် သရုပ်ဆောင် လူရွှင်တော် အရိုင်းက ပြောပြခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ နေရာတွင် သရုပ်ဆောင်ရန် ပထမအဆင့် (၃) ဦးယာယီရွေးချယ်

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ မှ ဗိုလ်ချုပ်အောင်ဆန်း၏ နေရာတွင် သရုပ်ဆောင်ရန် ပဏာမရွေးချယ်ထားသူ (၁၃) ဦးအား ၂၀၁၂ ခုနှစ် ၊ ဧပြီလ ၊ ၇ရက်နေ့တွင် လူတွေ့စစ်ဆေးခဲ့ရာ သတ်မှတ်အရည်အချင်းနှင့် နီးစပ်သူ (၃) ဦး ကို     ယာယီရွေးချယ်ခဲ့ပြီး    ဖြစ်ပါသည်။  ထို (၃) ဦး၏ အမည်စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည် ။

၁။ မောင်ကျောက်ခဲ                                             ၁၅၂     မှတ်

ပြုခြင်း၊ ပြင်ခြင်း၊ ပြောင်းခြင်း(အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်))

ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ၊ ပြင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ၊ သင်္ခါရကတော့ အစဉ်ထာဝရမရှိ။ သူ့သဘာဝအတိုင်း ပြောင်း၍ ပြောင်း၍သာနေမည်။
ပြုလျှင်၊ ပြင်လျှင် အပြောင်းက ကောင်းသည်။ တည့်၍ သွားသည်။ မပြုလျှင် မပြင်လျှင် အပြောင်းက မကောင်း



 
72911
စက္ကန့်တွေ၊ မိနစ်တွေ၊ နာရီတွေ အခါမလပ် ပြောင်း၍ ပြောင်း၍ နေသည်။ နွေမိုး ဆောင်းဥတုသုံးပါး စဉ်ဆက်မပြတ်ပြောင်း၍ပြောင်း၍နေ သည်။ သစ်ပင်ပန်းမန်တို့လည်း ရွက်ဟောင်းတွေကြွေ၊ ရွက်သစ်တွေ ဝေကာ ပြောင်း၍ ပြောင်း၍နေသည်။ သံသရာမှာ ခန္ဓာတွေ အဖန်ဖန် အခါ ခါ ပြောင်း၍ပြောင်း၍ လာခဲ့သည်။ သက်ရှိသက်မဲ့ အရာခပ်သိမ်း ရပ်နေသည်မရှိ၊ တည်နေသည်မရှိ၊ တန့်နေသည်မရှိ၊ ဖြစ်ပျက်၍နေသည်၊ ပြောင်းလဲ၍နေသည်။ ရွေ့လျား၍နေသည်။ ယင်းသည်ပင် အနိစ္စ၊ ယင်းသည်ပင် ဒုက္ခ၊ ယင်းသည်ပင် အနတ္တ။

ဗန္ဓုလ သယ်ယူပို့ဆောင်ရေး အဓိပတိ (အဖြူ)ယာဉ်လိုင်းမှ ရပ်ကွက်နေ ပြည်သူများအား အုပ်စုလိုက် ရမ်းကားသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတထံ တိုင်ကြား





7299
အတိုက်ခံရသော အဓိပတိ(အဖြူ)ယာဉ်အား တွေ့ရစဉ်
ဧပြီ ၄ ရက်နေ့ကဖြစ်ပွား ခဲ့သော ဗန္ဓုလ သယ်ယူပို့ဆောင်ရေး  အဓိပတိ(အဖြူ )ယာဉ်လိုင်းမှ ရပ်ကွက်နေပြည်သူများအား အုပ်စုလိုက် ရမ်းကားသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ ပါတီသစ် မှ နိုင်ငံတော်သမ္မတထံ တိုင်ကြားထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီလ ၄ ရက်နေ့ ည ၁၁ နာရီ အချိန်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန် လမ်းမကြီးပေါ်တွင် စက်ပျက်၍ရပ်ထားသော ပါရမီအဓိပတိ (အဖြူ) ယာဉ်လိုင်းမှ ကားတစ်စီးကို ဘေး ဂျင်း-ဂျစ်ကားတစ်စီးမှ ၀င်တိုက်မိရာ ဂျစ်ကားမောင်းသူမှာ ဒဏ်ရာရရှိသွားသဖြင့် ရပ်ကွက်နေပြည်သူများ မှ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊  ည ၁၁ နာရီခွဲအချိန်တွင် အဓိပတိ ယာဉ်လိုင်းမှ ဗိုလ်ကြီးအောင်သူ (ငြိမ်း)ဆိုသူ ရောက်ရှိလာပြီး ပြည်သူများနှင့် အနည်းငယ်အချင်းများပြီး ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း၊ ထိုသို့ဖြစ်ပွားပြီးမိနစ် ၂၀ ခန့်အကြာ တွင် အဓိပတိယာဉ်လိုင်းမှ ကားနှစ်စီး ဖြင့်လူ ၃၀ ကျော်ခန့် ပြန်လည်ရောက်ရှိလာပြီး ရပ်ကွက်အတွင်း၌ အုပ်စုလိုက်ရမ်းကားမှုများ ပြုလုပ်ခဲ့သဖြင့် လူတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဈေးဆိုင်ခန်းများ ပျက်စီးသွားခဲ့ခြင်းဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်းညွန့်နှင့် ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။

တပ်မတော်သား ကိုယ်စားလှယ် ၅၉ ဦး ရာထူးမြင့်သူများဖြင့် အစားထိုး

ဓါတ်ပုံ (Google Images)
ပြည်သူ့လွှတ်တော် နှင့် အမျိုးသား လွှတ်တော်ရှိ တပ်မတော်သား ကိုယ်စားလှယ် စုစုပေါင်း ၅၉ ဦးအား လက်ရှိ တပ်မတော်သား ကိုယ်စားလှယ်များထက် ရာထူးမြင့်သည့် ဗိုလ်မှူးချုပ် ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး အဆင့်တို့ဖြင့် အစားထိုး လဲလှယ်လိုက်ကြောင်း ယမန်နေ့နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ယခုအစားထိုးခန့်အပ်လိုက်သူများထ
ဲတွင် ဗိုလ်မှူးချုပ် အဆင့် ၈ ဦး ဗိုလ်မှူးကြီး အဆင့် ၁၄ ဦး နှင့် ဒုဗိုလ်မှူးကြီး အဆင့် ၃၇ ဦးတို့ ပါဝင်သည်ကိုတွေ့ရကာ လက်ရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များထက် ရာထူးမြင့်မားသူ ဆယ်ဂဏန်းနှင့်ချီ ပါဝင်လာခြင်းဖြစ်သည်။
ယခုလက်ရှိအချိန်ထိ တပ်မတော်သား ကိုယ်စားလှယ်များထဲတွင် ဗိုလ်မှူးချုပ် အဆင့်ရှိသူ ၁ ဦးသာရှိနေခဲ့ရာမှ ယခု ၈ဦးထပ်မံ ထည့်သွင်းလိုက်ခြင်းလည်း ဖြစ်သည်။

ကတိသစ္စာပြုချက်တွင်ပါဝင်သော စာသားကို ပြောင်းလဲပြင်ဆင်ရန် အစီအစဉ်မရှိဟု သမ္မတဦးသိန်းစိန် မပြောခဲ့ကြောင်း သမ္မတခရီးစဉ်နှင့်အတူလိုက်ပါသွားသောတာဝန်ရှိသူတစ်ဦးပြောကြား

ကတိသစ္စာပြုချက်တွင်ပါဝင်သော စာသားကို ပြောင်းလဲပြင်ဆင်ရန် အစီအစဉ်မရှိဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သတင်းထောက်များသို့မပြောခဲ့ကြောင်း သမ္မတခရီးစဉ်နှင့်အတူလိုက်ပါသွားသော တာဝန်ရှိသူတစ်ဦးကပြောသည်။

ဂျပန်နိုင်ငံသို့ ငါးရက်တာခရီးသွားရောက်ခဲ့သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုကျိုတွင်သတင်းထောက်များ၏ ဒေါ်အောင်ဆန်းစုကြည် မည်သည့်အချိန်တွင် လွှတ်တော် တက်နိုင်မည်လဲဟု မေးမြန်းမှုများကို ပြန်လည်ဖြေကြားရာတွင် “ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲဝင်မလာတာ သူ့ရဲ့သဘောဆန္ဒပဲဖြစ်ပါတယ်။ လွှတ်တော်ကြီးကတော့ သူ့ကို ကြိုဆိုနေပါတယ်”ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဂျပန်စကားပြန်မှတစ်ဆင့် ဖြေကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကတိသစ္စာပြုချက်တွင် ပါဝင်သော စာသားကို ပြောင်းလဲပြင်ဆင်ရန် အစီအစဉ်မရှိကြောင်း သတင်းထောက်များကို ပြောကြား




နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တိုကျိုမြို့တွင် မီဒီယာများအား ရှင်းလင်းပြောကြားနေစဉ်
Photo: AFP
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကတိသစ္စာပြုချက်တွင် ပါဝင်သော စာသားကို ပြောင်းလဲပြင်ဆင်ရန် အစီအစဉ်မရှိကြောင်း ယနေ့ ဧပြီလ ၂၃ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပြောကြားခဲ့သည်ကို ကိုကားပြီး AFP သတင်းတွင် ဖေါ်ပြထားပါသည်။
လက်ရှိအချိန်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံသို့ (၅)ရက်ကြာ ချစ်ကြည်ရေးခရီး ရောက်ရှိနေခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မိမိအနေဖြင့် နိုဗယ်ငြိမ်းချမ်းရေး ဆုရှင်အား လွှတ်တော်တွင် ကြိုဆိုချင်ပါကြောင်း သို့ရာတွင် လွှတ်တော်သို့ တက်ရောက်ခြင်း မတက်ရောက်ခြင်းမှာ သူမနှင့်သာ သက်ဆိုင်ပါကြောင်း သတင်းထောက်များအား တိုကျိုမြို့တွင် ပြောကြားခဲ့သည်ဟု အဆိုပါသတင်းတွင် ဖေါ်ပြထားပါသည်။

ဥပဒေချိုးဖေါက်မှုလုပ်ရပ်ကို ရဟန်းတော်များ အဖွဲ့ချုပ် ကန့်ကွက်

မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းတော်များအဖွဲ့ချုပ်က မြန်မာနိုင်ငံတွင် မကြာမီကဖြစ်ပေါ်ခဲ့သော ဘာသာရေး အငြင်းပွါးမှု အခြေခံ သော ပဋိပက္ခ များနဲ့ပတ်သက်ပြီးကြေညာချက်တစ်စောင် ထုတ်ပြန် လိုက်ပါတယ်။

အဲဒီကြေညာချက်မှာ မြန်မာနိုင်ငံ ဖားကန့် မြို့ နယ် စိန်တူကျေးရွာ ရှိစိုင်းတော်ဗလီ ဧပြီလ ၁၃ ရက်နေ့ တွင် ဖျက်ဆီးခံရတဲ့ကိစ္စ၊ အဲဒီနေ့ မှာပဲ မကွေးတိုင်း ကံမ္မမြို့ နယ်မှာ ဗလီနဲ့  စတိုးဆိုင်များ ဖျက်ဆီးခံရတဲ့ ကိစ္စ
စတဲ့အမှု ကိစ္စများအားလုံးမှာ မြန်မာနိုင်ငံတွင် နေထိုင်သော ဆရာတော်၊ သံဃာတော်များ၊ သောတုဇန များရဲ့ လုံ့လ ပယောဂ ပါရှိခြင်း မရှိကြောင်း ထုတ်ဖေါ် ထားပါတယ်။

Sunday 22 April 2012

ယာဉ်နောက်လိုက်နှင့် အဖော်ဖြစ်သူတို့အား ခါးပိုက်နှိုက်လူတစ်စုက ဓားဖြင့်ထိုးမှုဖြစ်စဉ် ၁၉၉ ယာဉ်လိုင်းပေါ်တွင် ဖြစ်ပွား





7293
ဓားထိုးမှုဖြစ်စဉ် ဖြစ်ပွားခဲ့သည့် ၁၉၉ ယာဉ်လိုင်းမှ မော်တော်ယာဉ်ကို တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင် မြို့နယ်တွင် မထသ ယာဉ်လိုင်းတစ်ခုဖြစ်သည့် ၁၉၉ ယာဉ်လိုင်းမှ ယာဉ်နောက်လိုက်နှင့် အဖော်ဖြစ်သူတို့အား ခါးပိုက်နှိုက်တစ်စုက ဓားဖြင့်ထိုးမှု ဖြစ်စဉ်တစ်ခု ဧပြီလ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရွှေပြည်သာမြို့နယ်မှ ဆူးလေဘက်သို့ ပြေးဆွဲလာသော ၁၉၉ ယာဉ်လိုင်းမှ ယာဉ်တစ်စီးသည် ကြည့်မြင်တိုင်၊ စာတိုက်မှတ်တိုင် အရောက်၌ ယာဉ်ပေါ်တွင် ခရီးသည် အမျိုးသမီးကြီး တစ်ဦးခါးပိုက်နှိုက် ခံရ၍ ယာဉ်အကူ၏ အဖော်ဖြစ်သူ ကိုစိုးမင်းထွေးမှ ကားပေါ်မှ ဆင်းသွားသော  ခါးပိုက်နှိုက်သူအား ညွှန်ပြခဲ့ရာ ယာဉ်ပေါ်တွင် ကျန်ရှိနေသော ခါးပိုက်နှိုက်၏ အဖော်တစ်စုမှ ဓားဖြင့် လိုက်ထိုးသဖြင့် ကိုစိုးမင်းထွေးနှင့် ယာဉ်အကူ ကိုဇင်မင်းဦးတို့မှာ လက်နှင့်ပေါင်တို့တွင် ဓားဖြင့် အထိုးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

တောင်တရုတ်ပင်လယ်အတွင်း တရုတ်၊ ဖိလစ်ပိုင် ဆက်လက်တင်းမာ


တောင်တရုတ်ပင်လယ်ပြင်ထဲမှာ နယ်မြေပိုင်တဲ့အငြင်းပွားမှုတွေ ဆက်ပြီး ဖြစ်နေချိန်မှာပဲ ဒီလို အငြင်းပွားနေတဲ့ ကျွန်းတွေနားကို တရုတ်နိုင်ငံက နောက်ထပ် စစ်သင်္ဘောတစင်း ထပ်ပြီး စေလွှတ်ခဲ့တယ်လို့ ဖိလစ်ပိုင်နိုင်ငံက စွပ်စွဲလိုက်ပါတယ်။
ပြဿနာဖြစ်နေတဲ့အခြေအနေကို ပိုပြီး ရှုပ်ထွေးအောင် မလုပ်ဆောင်ဖို့ သဘောတူညီထားတဲ့ကြားကနေ တရုတ်နိုင်ငံက ဘာ့ကြောင့် ချိုးဖောက်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်အစိုးရက တရုတ် အာဏာပိုင်တွေကို မေးမြန်းဖို့ စီစဉ်နေတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဌာန ပြောခွင့်ရ ရာအောလ်၊ ဟာနန်ဒတ်ဇ် (Raul Hernandez) က ပြောပါတယ်။

မြန်မာအမျိုးသမီး ၇၀ နီးပါး ထိုင်းရဲက ကယ်တင်

ထိုင်းနိုင်ငံ Chanthaburi ခရိုင်မှာ ဖွင့်ထားတဲ့ အနှိပ်ခန်း တစ်ခုက မြန်မာ အမျိုးသမီး ၇၀ နီးပါးကို ထိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့က ကယ်တင်လိုက်ကြောင်း သိရပါတယ်။
RFA
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် စိုက်ထူထားသော လူကုန်ကူးမှု ဆန့်ကျင်တိုက်ဖျက်ရေး ပိုစတာ ဆိုင်းဘုတ်တခု ဖြစ်ပါသည်။ (Photo: RFA)
ကယ်တင်လိုက်တဲ့သူတွေထဲက တစ်ဝက်ခန့်ဟာ အသက် ၁၈ နှစ်အောက် မိန်းကလေးငယ်တွေ ဖြစ်ကြောင်းနဲ့ သူတို့အားလုံးကို လူမှုဝန်ထမ်းဌာနက စောင့်ရှောက်ထားကြောင်း အထူး စုံစမ်းစစ်ဆေးရေး အဖွဲ့ DSI လူကုန်ကူးမှုတိုက်ဖျက်ရေးဌာန အကြီးအကဲ ဒုတိယ ဗိုလ်မှူးကြီး Komvich Pathanarat က ပြောပါတယ်။ စုံစမ်းစစ်ဆေးမှုတွေအပြီး အားလုံးကို မြန်မာနိုင်ငံဘက် ပြန်ပို့ပေးမှာဖြစ်ကြောင်းလည်း သူက ပြောပါတယ်။ စုံစမ်းစစ်ဆေးမှုက နှစ်လ သုံးလလောက် ကြာနိုင်တယ်လို့ သိရပါတယ်။

ထိုင်းတောင်ပိုင်း မြန်မာ အလုပ်သမားအရေး မြန်မာသံရုံး ညှိနှိုင်းပေးနိုင်ခဲ့

ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ဆောင်ခလာခရိုင် ဖတ်တနာ ပင်လယ်အစားအစာ စက်ရုံက မြန်မာ အလုပ်သမားအရေး ကိစ္စကို ဘန်ကောက်အခြေစိုက် မြန်မာသံရုံးက သံမှူးကြီး ဦးမျိုးတင့်၊ အလုပ်သမားရေး တာဝန်ခံနဲ့ ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက သွားရောက် ညှိနှိုင်းပေးခဲ့ရာမှာ အဆင်ပြေ သွားပြီလို့ သိရပါတယ်။
Photo Courtesy of Sein Kyaw Hlaing
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ကြသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမား တချို့ကို မဲဆောက်-မြ၀တီ နယ်စပ်တွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်း တွေ့ရစဉ်။
နှစ်နိုင်ငံ သဘောတူညီမှု စာချွန်လွှာ (MOU) နဲ့ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေကို ကန့်သတ်ထားပြီး သူတို့ပိုင်ဆိုင်တဲ့ ယာယီ ပတ်စပို့စ်တွေကိုလည်း သိမ်းဆည်းထားခဲ့တဲ့အတွက် ဒီလ (၈) ရက်နေ့က စက်ရုံမှာ အတူလုပ်ကိုင်နေတဲ့ ကမ္ဘောဒီးယား အလုပ်သမားတွေနဲ့အတူ မြန်မာ အလုပ်သမားတွေက စုပေါင်းပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ဒါကြောင့် ညှိနှိုင်းမှုတွေ အဆင့်ဆင့် ပြုလုပ်ခဲ့ရပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ သိမ်းဆည်းထားတဲ့ ယာယီ ပတ်စပို့တွေက စက်ရုံက ပြန်လည်ပေးအပ်ခဲ့ပါတယ်။

ဥရောပသမဂ္ဂက လက်နက် တင်သွင်းရောင်းချမှုမှအပ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့ ထားမှုများကို တစ်နှစ်ဆိုင်းငံ့မည်





7291
ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီး Alain Juppe အား မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ်
ဇန်န၀ါရီလက လာရောက်စဉ်အတွင်း တွေ့ရစဉ်
ဥရောပသမဂ္ဂက လက်နက်တင်သွင်း ရောင်းချမှုမှအပ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို တစ်နှစ်ဆိုင်းငံ့မည် ဆိုသည်ကို မူအားဖြင့် သဘောတူညီ လိုက်ပြီဖြစ်ကြောင်း ဧပြီလ ၂၃ ရက် နေ့တွင် ကျင်းပမည့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် နီးစပ်သည့် သံတမန်တစ်ဦး၏ ဧပြီလ ၁၉ ရက်နေ့ ပြောကြားချက်ကို ကိုးကားပြီး အေအက်ဖ်ပီသတင်း တစ်ပုဒ်တွင် ဖော်ပြထားသည်။
လူဇင်ဘတ်နိုင်ငံ၌ ဧပြီလ ၂၃ ရက်နေ့တွင် ကျင်းပမည့် ဥရောပ သမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အဆိုပါဆိုင်းငံ့မှုကို တရားဝင် ထုတ်ပြန်သွားဖွယ်ရှိကြောင်း သိရသည်။
ထို့ပြင် ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီး Alain Juppe က လာမည့် တနင်္လာနေ့ (ဧပြီလ ၂၃ ရက်)တွင် ကျွန်တော်တို့အနေဖြင့် အရေးယူပိတ်ဆို့မှုများကို ရုပ်သိမ်းသွားမည် မဟုတ်ဘဲ ဆိုင်းငံ့သွားမည် ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အစိုးရအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် တိုးတက်မှုများ ရှိနေသည် ဆိုသည်ကို စစ်ဆေးလို၍ ဖြစ်ကြောင်း ပြင်သစ်နိုင်ငံရှိ BFM ရုပ်သံသို့ ဧပြီလ ၂၀ ရက်နေ့က ပြောကြားခဲ့သည်။
Related Posts Plugin for WordPress, Blogger...

ShareThis