menu

Tuesday 18 February 2014

အစိုးရအား အယုံကြည် မရှိကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူ ရဲစခန်းသို့ သွားရောက် အဖမ်းခံ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ပြည်ထောင်စု အစိုးရအဖွဲ့အား အယုံကြည် မရှိကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သူ သည် သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ ဆန္ဒပြပွဲပြီးနောက် ကိုယ်တိုင်သွားရောက် အဖမ်းခံ ခဲ့သည်။

သွားရောက် အဖမ်းခံခဲ့သူမှာ M.D.C.Fအဖွဲ့မှ ခေါင်းဆောင်ကိုထင်ကျော် ဖြစ်သည်။ ၎င်းသည် ယခုလ ၁၄ရက်နေ့တွင် ပြည်ထောင်စု အစိုးရအဖွဲ့အား အယုံကြည်မရှိကြောင့် တရားဝင်ဆန္ဒထုတ်ဖော်ရန် သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ စာတင်ခဲ့ပြီး ရဲစခန်းမှ ခွင့်ပြုသော်လည်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ခွင့်မပြုခဲ့ကြောင်း ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသော်လည်း ဆန္ဒထုတ်ဖော်ရန် တစ်နာရီအလိုတွင် ခွင့်မပြုကြောင်း အကြောင်းကြား လာသောကြောင့် ဆန္ဒထုတ်ဖော်ပြီး ကျောက်တံတား ရဲစခန်းတွင် ကိုယ်တိုင်သွားရောက် အဖမ်းခံခဲ့ခြင်း ဖြစ်သည်။

" ဗိုလ်ချုပ်ရုပ်ရှင်နှင့်ပတ်သက်၍ ဇာဂနာ နှင့်အင်တာဗျူး "

Photo: " ဗိုလ်ချုပ်ရုပ်ရှင်နှင့်ပတ်သက်၍ ဇာဂနာ နှင့်အင်တာဗျူး "

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပတိ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးနိုင်ရန်ဘုတ်အဖွဲ့ ဖွဲ့စည်းခဲ့သည်မှာ ယခု ၂ဝ၁၄  ဖေဖော်ဝါရီ ၁၃ ရက်ဆို နှစ်နှစ် ရှိခဲ့ပြီ။ ရိုက်ကူးရေးနှင့်ပတ်သက်ပြီး ဘာမှမထူးခြား၊ မလုပ်ရှားသေးပေ။ ဇာတ်ညွှန်း ကိစ္စကလည်း အချိန်များစွာကို ကုန်ဆုံးစေခဲ့ပြီးပြီ။ ၂ဝ၁၅ ဗိုလ်ချုပ် နှစ်တစ်ရာ ပြည့်မှာ ရုံတင်ပြသနိုင်မလား။ ပြည်သူတွေ ရဲ့အသံများက များသထက်များလာတာ တွေ့ရ၏။

သို့သော် အစအနပင် မတွေ့ရသေး။ ပါဝင် သရုပ်ဆောင်မည့်သူများက မြန်မာလူမျိုး မှန်သော်လည်း ပြည်သူတွေ စိတ်ဝင်စားတဲ့ ဒါရိုက်တာ ထုတ်လုပ်ရေး ဘယ်သူဖြစ်လဲ၊ ဘယ်နိုင်ငံကလဲ၊ ခုချိန်ထိ တိကျပြတ်သားတဲ့အဖြေကမရှိ။

သို့အတွက်ကြောင့် ‘အောင်ဆန်း’ ရုပ်ရှင်ဘယ်တော့ ရုံတင်မလဲဟု ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး အတွင်းရေးမှူး ဖြစ်သူ ဦးဇာဂနာကို တွေ့ဆုံမေးမြန်းခဲ့သည်။

မေး။ လာမယ့် ၂ဝ၁၅ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ နှစ်တစ်ရာပြည့် မွေးနှစ် မှာ ‘အောင်ဆန်း’ ဆိုတဲ့ ဗိုလ်ချုပ်အောင် ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ကားကြီး ရုံတင် ပြသနိုင်မလား။

ကျွန်တော်တို့ တစ်နိုင်ငံလုံးကို လိမ်စရာ မလိုဘူး။ သေချာတာ တစ်ခု ကတော့ အဲဒီနေ့မှာ စရိုက်နိုင်ရင်တောင် ကံကောင်းတယ် လို့ပြောရမယ်။

မေး။ နှစ်တစ်ရာပြည့်မှာ ရုံတင်မယ် လို့ပြောပြီးတော့ စနိုင်ရင်ကံကောင်း တယ်လို့ ပြောရမယ်ဆိုတော့ ဘာ ကြောင့်လဲ။

ဘုတ်အဖွဲ့ဝင်တွေက ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ကား ဖြစ်မြောက်ရေး ကိစ္စ တွေလုပ်ဆောင်ကြတာပဲ။ တတ်နိုင်သ လောက် လုပ်နေကြတာပဲ။ သို့သော် ကျွန်တော် တို့က နိုင်ငံတကာအဆင့်ကို သွားချင်တယ် ဆိုတဲ့ စိတ်နဲ့ လုပ်ကြတယ်။ သေချာတာတစ်ခုက ကျွန်တော် တို့ ကိုယ်တိုင်က နိုင်ငံတကာ စိတ်မရှိ ကြဘူး။ နိုင်ငံတကာ အမြင် မရှိကြ ဘူး။ နိုင်ငံတကာ ကို သွားချင်တဲ့စိတ်ပဲ ရှိတယ်။

ကျွန်တော်ကိုယ်တိုင် ထောင်ထဲကလွတ်လွတ်ခြင်း သုံးလ အတွင်းမှာ နိုင်ငံ ခြားကို သွားခဲ့တယ်။ ဒီဇာတ်ကားအတွက် ပဲသွားခဲ့တယ်။ တစ်ယောက်တည်း လုပ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဘက်ခြမ်းက ရှိတဲ့လူတွေက အတတ်နိုင်ဆုံးလုပ်ကြတယ်။ ဒါပေမဲ့ အားလုံးက နိုင်ငံတကာ အမြင် မဟုတ်ကြဘဲ ပြည်တွင်း အမြင်ပဲဖြစ်ကြတယ်။ နိုင်ငံတကာက လူတွေ နဲ့လည်းတွေ့ရော အားလုံးတစ်ခြားစီဖြစ်သွားတယ်။

မေး။ ရိုးရိုးသာမန်ရုပ်ရှင် ဇာတ်ကားကြီးတစ်ကားကို ၁၅ ရက်၊ ရက် ၂ဝ နဲ့ အပြီး ရိုက်ကြတယ်။ ဒီဇာတ်ကားက နိုင်ငံတကာထိ ရည်ရွယ်ပြီး ရိုက်မှာဆို တော့ ရိုက်ကူးရေး ရက်အချိန် ဘယ်လောက် ခန့်မှန်းထားပါသလဲ။

အခု ဒီဇာတ်ကားကို နိုင်ငံတကာအထိ ရည်ရွယ်ပြီး ပြမယ်ဆိုရင် အနည်း ဆုံး နှစ်နှင့် ချီပြီးအချိန်ယူသင့်တယ်။ မြန်မာနိုင်ငံမှာလိုမျိုး စပြောပြီး စလုပ် မယ် ၁ဝ ရက်၊ ၁၅ ရက်နှင့် ပြီးမယ်။ အဲလိုမျိုး ရိုက်ကူးရေးမျိုးတော့ မဖြစ်နိုင် ဘူး။ နိုင်ငံခြားကလူတွေက ဗိုလ်ချုပ် အောင်ဆန်းကို အလုံးစုံ မသိဘူး။ ဗိုလ် ချုပ်အောင်ဆန်းရုပ်ရှင်ကိုပဲ ထိုင်ကြည့်မှာ မဟုတ်ဘူး။ ဗိုလ်ချုပ် အကြောင်းကို အခုမှ ပြန်လေ့လာရင် နောင် ၅ နှစ် လောက်ကျန်ဦးမှာပဲ။

မေး။ မြန်မာတွေ ကိုယ်တိုင်လုပ်ဖို့စဉ်း စားကြတာကနေ ဘယ်လိုဖြစ်ပြီး နိုင်ငံ တကာပြန်ဖြစ်သွားပါသလဲ။

အခု ကျွန်တော်တို့ ဇာတ်ညွှန်းက ပြည်တွင်း အတွက်ဆို အဆင်ပြေတယ်။ နိုင်ငံတကာ ဈေးကွက် ကိုတော့ အဆင် မပြေနိုင်တော့ဘူး။ မပြေနိုင်တော့ဘူးဆိုတာက လည်း အစောကြီး ကတည်းက သိလို့ လုပ်ခဲ့တယ်။ ဒါပေမဲ့ ကိုယ့်ဟာ ကိုယ်လုပ်ရင် ဖြစ်မယ် ဆိုတဲ့ စိတ်နဲ့ ကျွန်တော်တို့ ဗိုလ်ချုပ် မို့လို့ လုပ်ရင်ဖြစ် တယ်ဆိုတဲ့ အသိစိတ် နဲ့ လုပ်ကြတယ်။ အဲဒီကနေ တစ်ခါအခု ကိုယ့်ဟာကိုယ် လုပ်ရင် မဖြစ်တော့ဘူးလို့ ဖြစ်လာတဲ့ အခါကျမှ နိုင်ငံတကာ ကို ပြန်ခေါ် တယ်။ ဒါပေမဲ့ အဲဒီ အတွက် နိုင်ငံတ ကာက လူတွေကို ဘယ်သူ့ကိုမှ ကျွန် တော်တို့ ဒုံးဒုံးချ တစ်နိုင်ငံလုံးကို ဘယ်ဒါရိုက်တာ၊ ဘယ်ထုတ်လုပ်ရေး၊ ဘယ် ကုမ္ပဏီ၊ ဘယ်သူနဲ့ လုပ်ပါ့မယ်လို့ တစ် ယောက်မှ မကြေညာရဲ၊ မပြောရဲတော့ ဘူး။

မေး။ ဒီဇာတ်ကားကို ပဲ့ကိုင်မယ့် ဒါရိုက်တာကို ဦးဇာဂနာအနေနဲ့ ရွေးချယ် ရမယ်ဆိုရင် ဘယ်လိုဆုံးဖြတ်မလဲ။

ဒီဇာတ်ကား ဖြစ်ပေါ်လာဖို့က ကျွန်တော် အဖြစ်ချင်ဆုံးအိမ်မက်ပါ။ ကျန်တဲ့ ဘုတ် အဖွဲ့ဝင်တွေမှာ အိမ်မက် ရှိလား မရှိဘူး လားတော့ မသိဘူး။ ၂ဝ၁၄ ခုနှစ် ကတည်း က အင်တာနက် မှာ ဇာဂနာ ဘလော့ဆိုပြီး ဗိုလ်ချုပ် ဇာတ်ညွှန်းကို စရေးခဲ့တယ်။ ဒီအိမ်မက် ဖြစ်ပေါ်လာဖို့ ကြိမ်ဖန် များစွာ ကြိုးစား ခဲ့တယ်။ ဖြစ်လာတဲ့ အခါမှာ နိုင်ငံခြား ကို နိုင်ငံ များစွာ သွားပြီး ဗိုလ်ချုပ်နဲ့ပတ် သက်တာ စုဆောင်းခဲ့တယ်။ ဒါပေမဲ့ အားလုံးက ပြည်တွင်း ကလူတွေနဲ့ပဲ လုပ် ချင်ကြတယ်။ လုပ်ကြည့်ပါ ဆိုပြီးတော့ ကျွန်တော် ကြည့်တယ်။ နှစ်နှစ်ဆိုတဲ့ အချိန်သာ ကျော်လာတယ်။ 

ဘာမှ ဖြစ်မလာသေးဘူး။ အခုနိုင်ငံခြားသားတွေ ကို ပြန်ခေါ်တဲ့ အခါ မှာ နိုင်ငံခြားသားတွေ ပြောလာတဲ့ စကား လုံးတွေက ကျွန်တော့် ရင်ဘတ်ကို ဆောင့်ကန်ခံလိုက် ရသလိုပါပဲ။ ကျွန်တော်က အစက တည်းက နိုင်ငံခြားသား နဲ့ပဲ ရိုက်စေချင် ခဲ့တာပါ။ ကျွန်တော်ကြိမ်ဖန် များ စွာ ပြော ခဲ့ပါတယ်။ ဒါရိုက်တာတွေ နာမည် လည်း ခဏခဏပြောတယ်။ ဒါပေမဲ့ ကျွန်တော့် စကား မအောင်မြင်ပါဘူး။ မတတ်နိုင်ဘူးလေ။  အခုမှ နိုင်ငံ ခြားက ဒါရိုက်တာ ပြန်ဖြစ်သွားတော့ ကျွန်တော်လည်း နားမလည်တော့ပါ ဘူး။

မေး။ ဇာတ်ကား ရိုက်ကူးနိုင်ဖို့ အတွက် လိုအပ်တဲ့ ရန်ပုံငွေရော အလုံ အလောက်ရှိလား။ ခန့်မှန်းခြေ ဘယ်လောက်ကုန်ကျနိုင်ပါသလဲ။

တစ်ပြားမှမရှိသေးဘူး။ လှူဒါန်းထားတဲ့ ပိုက်ဆံတွေတော့ ရှိတယ်။ စာရင်း အတိအကျတော့ ကျွန်တော် မသိဘူး။ ခန့်မှန်းခြေဒေါ်လာ သန်း ၃ဝ လောက် ကုန်ကျမယ်။ အဲဒီ ငွေကြေးကိစ္စအတွက် ဒါရိုက်တာ ဒေါ်အိအိခိုင်က ပြည်ပ ဘက်တွေနဲ့ ထိတွေ့ရမှာပေါ့။

မေး။ ၂ဝ၁၅ မှာ ဒီဗိုလ်ချုပ် ရုပ်ရှင် ဇာတ်ကားက ဒုတိယ ဗိုလ်ချုပ်မွေးဖွားပြီး ပြည်သူတွေကို အကောင်းဆုံး ခွန်အား တွေပေးနိုင်မယ်လို့ ယုံကြည်ပါသလား။

ကျွန်တော် ဇာဂနာ သာမန်အရပ်သား အနေနဲ့ ပြောမယ်ဆိုရင် ဒီဇာတ်ကား ကို နိုင်ငံတကာက စောင့်ကြည့်မှာ မဟုတ်ပေမယ့် မြန်မာနိုင်ငံ က ပြည်သူ တွေစောင့်ကြည့် မယ် ဆိုတာတော့ ယုံတယ်။ ကျွန်တော်သာ ဆိုရင် မြန်မာ ပြည်သူတွေ ကျေနပ်အောင် ရိုက်ပြဖို့ ကောင်းတယ်လို့ မြင်တယ်။

 နိုင်ငံတကာနဲ့သွားချင် ရင် နိုင်ငံတကာ အကြိုက်တစ်ကား၊ မြန်မာပြည် အကြိုက် မြန်မာ ပြည်သူတွေ အတွက်တစ်ကားရိုက်မယ်။ ဒါက မြန်မာပြည်သူတွေ ရဲ့ မျှော်လင့်ချက်၊ လွတ်လပ်ရေးဖခင်လေ။ သေ ချာ တာ တစ်ခုကတော့ ဗိုလ်ချုပ် အောင်ဆန်းဇာတ်ကား အရာမရောက် ဘူး။ ပုံမပေါ်ဘူး။ ရုံပေါ်မကြည့်ရတော့ဘူးဆိုတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင် ရ ရင်တော့ တော်တော် ဝမ်းနည်းစရာ ကောင်းမယ်။ 

အဲလိုဖြစ်လာ ရင်တော့ ကျွန်တော်လည်း ဖြေသိမ့်လို့ ရမှာမဟုတ်ဘူး။ ၂ဝ၁၅ မှာတော့ မဖြစ်နိုင်ဘူး။ တကယ်လို့ ဗိုလ် ချုပ်မွေးနေ့ မှာ ပြည် သူတွေ မျှော်လင့်တဲ့ အတိုင်း ပြချင်ရင် တော့ ကိုယ့်ဘာသာ ကိုယ် ရှိတာလေးနဲ့ ထရိုက်မှဖြစ်တော့မယ်။ နိုင်ငံတကာအထိ မရည်ရွယ်ဘဲ မြန် မာပြည်သူတွေ အကြိုက်ကို ထိထိမိမိနဲ့ ဘုတ်အဖွဲ့တွေ ရိုက်နိုင်လောက်ပါတယ်။

မေး။ ဒီဇာတ်ကားအတွက် နှစ်နှစ်ဆိုတဲ့ အချိန်က ကုန်သွားစေတယ်။ ကြန့်ကြာ တဲ့အဓိက အကြောင်းအရာက ဘာလဲ။

‘နိုင်ငံတကာ’ ဆိုတဲ့ နောက်ကို ရောက်သွားတဲ့အတွက်ပါ။

ထူးထူး တွေ့ဆုံမေးမြန်းသည်

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပတိ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးနိုင်ရန်ဘုတ်အဖွဲ့ ဖွဲ့စည်းခဲ့သည်မှာ ယခု ၂ဝ၁၄ ဖေဖော်ဝါရီ ၁၃ ရက်ဆို နှစ်နှစ် ရှိခဲ့ပြီ။ ရိုက်ကူးရေးနှင့်ပတ်သက်ပြီး ဘာမှမထူးခြား၊ မလုပ်ရှားသေးပေ။ ဇာတ်ညွှန်း ကိစ္စကလည်း အချိန်များစွာကို ကုန်ဆုံးစေခဲ့ပြီးပြီ။ ၂ဝ၁၅ ဗိုလ်ချုပ် နှစ်တစ်ရာ ပြည့်မှာ ရုံတင်ပြသနိုင်မလား။ ပြည်သူတွေ ရဲ့အသံများက များသထက်များလာတာ တွေ့ရ၏။

သို့သော် အစအနပင် မတွေ့ရသေး။ ပါဝင် သရုပ်ဆောင်မည့်သူများက မြန်မာလူမျိုး မှန်သော်လည်း ပြည်သူတွေ စိတ်ဝင်စားတဲ့ ဒါရိုက်တာ ထုတ်လုပ်ရေး ဘယ်သူဖြစ်လဲ၊ ဘယ်နိုင်ငံကလဲ၊ ခုချိန်ထိ တိကျပြတ်သားတဲ့အဖြေကမရှိ။

သို့အတွက်ကြောင့် ‘အောင်ဆန်း’ ရုပ်ရှင်ဘယ်တော့ ရုံတင်မလဲဟု ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး အတွင်းရေးမှူး ဖြစ်သူ ဦးဇာဂနာကို တွေ့ဆုံမေးမြန်းခဲ့သည်။

မေး။ လာမယ့် ၂ဝ၁၅ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ နှစ်တစ်ရာပြည့် မွေးနှစ် မှာ ‘အောင်ဆန်း’ ဆိုတဲ့ ဗိုလ်ချုပ်အောင် ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ကားကြီး ရုံတင် ပြသနိုင်မလား။

၁၇ နှစ်အရွယ် မိန်းကလေး အခန်းတွင်းပိတ်လှောင်၍ ပြည့်တန်ဆာအဖြစ် စေခိုင်းခံရ

ဇေဝေယံ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈
အသက် ၁၇ နှစ်အရွယ် မိန်းက လေးတစ်ဦးအား အခန်းအတွင်းပိတ် လှောင်၍ ပြည့်တန်ဆာအဖြစ် အဓမ္မ စေခိုင်းမှုတစ်ခု ဒဂုံဆိပ်ကမ်းတွင်ဖြစ်ပွား ခဲ့သည်။

ယခုလ ၁၃ ရက်နေ့ ဒဂုံဆိပ်ကမ်း မြို့နယ်နေသူ၏ ၁၇ နှစ်အရွယ်ရှိသူ သမီးသည်နေအိမ်မှ ပျောက်သွားပြီး ယခုလ ၁၆ ရက်နေ့တွင် ၎င်း၏နေအိမ် သို့ပြန်လည်ရောက်ရှိလာခဲ့သည်။

သူမအား ၁၃ရက်နေ့တွင် တစ်ရပ် ကွက်တည်းနေ မသဲသဲဆိုသူက စက်ရုံ တွင် အလုပ်ရမည်၊ လစာကောင်းမည်ဟု ဆိုကာ အတူတူလုပ်ရန် စည်းရုံးသဖြင့် မသဲသဲနှင့်အတူ ဗိုလ်တထောင်ဘုရားသို့ သွားခဲ့ရာ မသဲသဲမှ လမ်းဘေးဖုန်းဖြင့် ဆက်သွယ်ပြီး ယာဉ်မောင်းဦးဝင်းနိုင် ဆိုသူ မောင်းနှင်သော ခဲရောင် (နံပါတ် မမှတ်မိ) ကားတစ်စီး ရောက်ရှိ လာကာ အဆိုပါယာဉ်ဖြင့် အထပ် ၈ ထပ်ရှိသော တိုက် ၅ လွှာတစ်ခုသို့ ရောက်ရှိခဲ့သည်။

ခိုင်မာသည့် အပစ်ရပ်ရေး စာချုပ်ဖြစ်ရေး အစိုးရကို ဖိအားပေးရန် ကုလ ကိုယ်စားလှယ်ထံ ကေအိုင်အို တောင်းဆို

Photo: ခိုင်မာသည့် အပစ်ရပ်ရေး စာချုပ်ဖြစ်ရေး အစိုးရကို ဖိအားပေးရန် ကုလ ကိုယ်စားလှယ်ထံ ကေအိုင်အို တောင်းဆို

မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၇

ခိုင်မာသည့် အပစ်အခတ် ရပ်စဲရေး စာချုပ် ဖြစ်ပေါ်လာစေရေး အတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက မြန်မာနိုင်ငံ အစိုးရကို ဖိအားပေးရန် ကေအိုင်အို ခေါင်းဆောင်များက လိုင်ဇာသို့ ရောက်ရှိခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနားထံ တောင်းဆိုခဲ့ကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ (PCG) မှ ဦးအင်ရှန်း ဆန်အောင်က ပြောကြားသည်။ 

ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် လိုင်ဇာမြို့သို့ သွားစဉ် ကေအိုင်အို ဥက္ကဋ္ဌနှင့် ကေအိုင်အေ စစ်ဦးစီးချုပ် အပါအဝင် ကေအိုင်အို ဗဟို ကော်မတီ လူကြီးအချို့နှင့် တစ်နာရီကြာ တွေ့ဆုံချိန်တွင် ယင်းသို့ တောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ကေအိုင်အိုအနေနှင့် မြန်မာနိုင်ငံ အစိုးရ အဆက်ဆက်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့သော်လည်း နိုင်ငံရေး လမ်းစဉ်သို့ မရောက်ရှိနိုင်ခဲ့သည့် အပြင် ၁၉၉၄ ခုနှစ်တွင် ချုပ်ဆိုထားသည့် အစိုးရနှင့် ကေအိုင်အို အပစ်အခတ် ရပ်စဲရေး စာချုပ် ပျက်ပြယ် သွားခဲ့ရသည့် သာဓကများ ရှိထားသည့် အတွက်ကြောင့်လည်း ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောဆိုသည်။

“ကေအိုင်အို ဗဟို ကော်မတီ လူကြီးတွေ တော်လှန်ရေး စတင်ခဲ့ရတဲ့ အကြောင်းအရင်းနဲ့ လက်ရှိ တိုက်ပွဲ ဖြစ်ပွားမှု အခြေအနေတွေကို ရှင်းပြခဲ့တယ်။ မစ္စတာ ကင်တားနားက ကေအိုင်အိုက တင်ပြတာတွေကို လာနားထောင်တဲ့ သဘောပါ” ဟု ၎င်းက ဆိုသည်။

လိုင်ဇာသို့ ရောက်ရှိခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်က ကေအိုင်အို ထိန်းချုပ် နယ်မြေရှိ ဂျေယန်းနှင့် ဖွန်လွန်ယန် ဒုက္ခသည် စခန်းသို့ သွာရောက် လေ့လာခဲ့ပြီး စစ်ရှောင် မိသားစုဝင်များကို နေရပ်သို့ ပြန်လိုစိတ် ရှိ မရှိ မေးမြန်းခဲ့ကြောင်း မစ္စတာ ကင်တားနား၏ လိုင်ဇာ ခရီးစဉ်တွင် လိုက်ပါခဲ့သူ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ (PCG) ဝင် တစ်ဦးက ဆိုသည်။

မစ္စတာ ကင်တားနား၏ ကချင်ပြည်နယ် ခရီးစဉ်တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့်လည်း တွေ့ဆုံခဲ့ကာ ကချင်ပြည်နယ် အတွင်းရှိ ဒုက္ခသည် စခန်းများ အရေးကိစ္စကို ဆွေးနွေးခဲ့ကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနား၏ ၂၀၁၄ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ တင်သွင်းမည့် အစီရင်ခံစာတွင် ကေအိုင်အို အဖွဲ့အစည်းနှင့် ကချင်ပြည်နယ်ရှိ စစ်ရှောင်စခန်း အခြေအနေများကို ထည့်သွင်း တင်ပြမည်ဟု ဆိုကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ထံမှ စုံစမ်း သိရှိရသည်။

မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၇

ခိုင်မာသည့် အပစ်အခတ် ရပ်စဲရေး စာချုပ် ဖြစ်ပေါ်လာစေရေး အတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက မြန်မာနိုင်ငံ အစိုးရကို ဖိအားပေးရန် ကေအိုင်အို ခေါင်းဆောင်များက လိုင်ဇာသို့ ရောက်ရှိခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနားထံ တောင်းဆိုခဲ့ကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ (PCG) မှ ဦးအင်ရှန်း ဆန်အောင်က ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် လိုင်ဇာမြို့သို့ သွားစဉ် ကေအိုင်အို ဥက္ကဋ္ဌနှင့် ကေအိုင်အေ စစ်ဦးစီးချုပ် အပါအဝင် ကေအိုင်အို ဗဟို ကော်မတီ လူကြီးအချို့နှင့် တစ်နာရီကြာ တွေ့ဆုံချိန်တွင် ယင်းသို့ တောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ကေအိုင်အိုအနေနှင့် မြန်မာနိုင်ငံ အစိုးရ အဆက်ဆက်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့သော်လည်း နိုင်ငံရေး လမ်းစဉ်သို့ မရောက်ရှိနိုင်ခဲ့သည့် အပြင် ၁၉၉၄ ခုနှစ်တွင် ချုပ်ဆိုထားသည့် အစိုးရနှင့် ကေအိုင်အို အပစ်အခတ် ရပ်စဲရေး စာချုပ် ပျက်ပြယ် သွားခဲ့ရသည့် သာဓကများ ရှိထားသည့် အတွက်ကြောင့်လည်း ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောဆိုသည်။

ဟင်္သာတ နည်းပညာတက္ကသိုလ် ကျောင်းသားနှစ်ဦး ချစ်သူများနေ့ ပန်းစည်းချရာမှ အဆောင်ရှင်ကို ရိုက်နှက်

ဟင်္သာတ၊ ဖေဖော်ဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ကွမ်းခြံကုန်း ကျေးရွာအုပ်စု ကွမ်းခြံကုန်း (မူလွန်) ကျောင်းမှ ဆရာမတစ်ဦး ဖွင့်လှစ်ထားသည့် အမျိုးသမီး ကျောင်းသူ ဘော်ဒါဆောင်ပိုင်ရှင် အလယ်တန်းပြဆရာမမှာ ဟင်္သာတ နည်းပညာတက္ကသိုလ် ကျောင်းသားနှစ်ဦး ရိုက်နှက်မှုကြောင့် ဦးခေါင်းကွဲဒဏ်ရာ ရရှိခဲ့၍ ဟင်္သာတ ပြည်သူ့ဆေးရုံကြီး၌ တက်ရောက် ကုသခံနေရကြောင်း အရိုက်ခံရသူ ကျောင်းဆရာမ၏ ခင်ပွန်း ဦးနိုင်ရဲဝင်းက ပြောကြားသည်။

အမျိုးသမီးကျောင်းသူ ဘော်ဒါဆောင်တံခါး အနီး၌ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ည ၁ နာရီကျော်က ချစ်သူများနေ့ ရောက်ချိန်တွင် အဆောင်ရှေ့၌ ပန်းစည်းများ လာရောက်ချထားစဉ် အဆောင်ပိုင်ရှင်နှင့် စကားများကာ ကျောင်းသားများက အဆောင်အိမ် အုတ်တံတိုင်းကို ကျော်တက်ပြီး အဆောင်ပိုင်ရှင် အမျိုးသားကို လက်သီးဖြင့် ထိုးကြောင်း၊ အပြန်အလှန် လုံးထွေးနေသဖြင့် အဆောင်ပိုင်ရှင် ကျောင်းဆရာမက ဝင်ရောက်ဖျန်ဖြေစဉ်၊ ကျောင်းသားနှစ်ဦးက အသင့်ပါလာသည့် တုတ်နှင့် အရက်ပုလင်း တို့ဖြင့် ဝင်ရောက် ရိုက်နှက်ခဲ့ရာ အလယ်တန်းပြ ဆရာမ ဒေါ်ကလျာပပစိန်၏ ဦးခေါင်း နောက်ဘက်တွင် ဒဏ်ရာများ ရှိခဲ့သဖြင့် ခြောက်ချက် ချုပ်ခဲ့ရပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့ အထိ ဆေးရုံ၌ ကုသခံနေရကာ ဆေးရုံဆင်းခွင့် မရသေးကြောင်း ၄င်းကဆိုသည်။

(၇)တန်းကျောင်းသူနှစ်ယောက် အပင်းချပေးမည်ဟုဆိုကာ သားမယားအဖြစ်ပြုကျင့်ခံရ

ကိုတိုးကြီး| အင်္ဂါနေ့၊ ဖေဖော်ဝါရီ ၁၈ရက်၊ ၂၀၁၄ခုနှစ်။

ဂန့်ဂေါ၊ မဇ္ဈိမ။ ။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ခေါက်ခူကျေးရွာတွင် အသက်(၇၀)ကျော် အမျိုးသားကြီးတစ်ဦးက (၇)တန်းကျောင်းသူ နှစ်ယောက်ကို အပင်းချပေးမည်ဟုဆိုကာ သားမယားအဖြစ် ပြုကျင့်ခဲ့သည့်အတွက် ဂန့်ဂေါမြို့မရဲစခန်းက အမှုဖွင့်အရေးယူခဲ့သည်ဟု ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ထိုသို့ အမှုဖွင့်အရေးယူခဲ့ခြင်းမှာ ဖေဖော်ဝါရီ ၆ ရက် ည ၈ နာရီအချိန်က သားမယားအဖြစ် ပြုကျင့်ခံခဲ့ရခြင်းဖြစ်ပြီး ကျောင်းသူမလေး၏ မိခင်ဖြစ်သူမှ ရဲစခန်းသို့ လာရောက် တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

ခေါက်ခူကျေးရွာ အောင်မင်္ဂလာဘုန်းကြီးကျောင်း၏ ကျောင်းမုခ်ဦးအား ဆေးသုတ်ရန် ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသူ ထီးလင်မြို့ အမှတ်(၂) စည်ပင်သာယာရပ်ကွက်က အသက်(၇၀)ကျော်ရှိ
ဦးကျော်ခင်ဆိုသူမှ သက်(၁၃)နှစ်အရွယ်သာရှိသေးသည့် သတ္တမတန်းကျောင်းသူနှစ်ဦးကို အပင်းချပေးရန်ဟုဆိုကာ ဘုန်းကြီးကျောင်းသို့လာရန် ချိန်းဆိုခေါ်ခဲ့ခြင်းဖြစ်သည်ဟု ရဲစခန်းတွင်
မိခင်ဖြစ်သူက ထွက်ဆိုထားသည်။

နိုင်ငံအနှံ့အပြားရှိ ပြည်သူများ၏ ဝေဖန်မှုနှင့် ကရုဏာသက်နေမှုတို့ကို လျစ်လျူရှုကာ အာဏာပိုင်များက သမီးကလေး ကျေးရွာသားများအား ခိုလှုံရာဘုန်းကြီးကျောင်းမှ နှင်ထုတ်ရန် အမိန့်များ ဆက်တိုက်ထုတ်ပြန်

Photo: နိုင်ငံအနှံ့အပြားရှိ ပြည်သူများ၏ ဝေဖန်မှုနှင့် ကရုဏာသက်နေမှုတို့ကို လျစ်လျူရှုကာ အာဏာပိုင်များက သမီးကလေး ကျေးရွာသားများအား ခိုလှုံရာဘုန်းကြီးကျောင်းမှ နှင်ထုတ်ရန် အမိန့်များ ဆက်တိုက်ထုတ်ပြန်

နိုင်ငံအနှံ့အပြားရှိ ပြည်သူများ ဝေဖန်မှုနှင့် ကရုဏာသက်နေမှုတို့ကို လျစ်လျူရှုကာ အာဏာပိုင်များက သမီးကလေးကျေး ရွာသားများအား ခိုလှုံရာဘုန်းကြီးကျောင်းမှ နှင်ထုတ်ရန်အမိန့်များ ဆက်တိုက်ထုတ်ပြန် နေကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး အတွင်းရှိ အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသည့် သမီးကလေး ကျေးရွာသားများအနက် ကျောင်းသားမရှိသည့် အိမ်ထောင်စု ၅၇ စု နေထိုင်သည့် တဲများအား ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူးက ဖေဖော်ဝါရီ ၁၇ ရက် ညနေ နောက်ဆုံးထား၍ ဖျက်သိမ်းခိုင်းသဖြင့် ဖျက်သိမ်းပေးခဲ့ရကြောင်း သိရသည်။

အဆိုပါ ကျောင်းသားမရှိသည့် အိမ်ထောင် စု ၅၇ စုအား ဖေဖော်ဝါရီ ၁၅ ရက်နောက်ဆုံး ထား ပြောင်းရွှေ့ပေးရန် ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်း နောက်ဆုံးထား ဖျက်သိမ်းပေးရန်နှင့် အကယ်၍ ဖျက်သိမ်းခြင်း မရှိသေးပါက သက်ဆိုင်ရာမှ လာရောက်ဖျက်သိမ်းမည် ဖြစ်ကာ တဲဆောက်သူများအားလည်း တရားစွဲအရေး ယူမည်ဟု ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူးဦးခင် သိန်းမောင်က အောင်သိဒ္ဓိကျောင်း ဆရာတော်ထံ ဖုန်းဆက်အကြောင်းကြားခဲ့ပြီးနောက် ယခုလို ဖျက်သိမ်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းဆရာတော် ဦးအဂ္ဂဓမ္မက “ဒီနေ့နေ့လယ် ၁၂ နာရီ လောက်က ဦးဇင်းဆီကို ဦးခင်သိန်းမောင်က ဖုန်းဆက်ပါတယ်။ ဒီကျောင်းသားမရှိတဲ့ အိမ်ထောင်စု ၅၇ စုကို ဒီနေ့ညနေ နောက်ဆုံးထား ဖျက်သိမ်းပေးဖို့နဲ့ တကယ်လို့ ဖျက်သိမ်းမပေးရင် သူတို့ကိုယ်တိုင်ဖျက်ပြီး တရားစွဲ အရေးယူမယ်လို့ပြောလို့ ဖျက်သိမ်းပေးလိုက်ပါတယ်။ လောလောဆယ်တော့ သူတို့ကို ဓမ္မာရုံထဲမှာပဲ ခေါ်ထားပါမယ်”ဟု ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲပိုင်းက The Daily Eleven သတင်းစာသို့ မိန့်ကြားသည်။

ယင်းကဲ့သို့ ထပ်မံသတိပေးခဲ့ခြင်းနှင့် စပ်လျဉ်း၍ ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်သိန်းမောင်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက “ကျွန်တော်တို့ သတိပေးစာ ထုတ်ပြန်ထားတဲ့ရက်ထက် ကျော်လွန်နေလို့ ဒီနေ့နောက်ဆုံးထားပြီး စောင့်ကြည့်တာပါ။ ဘာလို့လဲဆိုတော့ ဒီနေရာက ဆည်မြောင်းပိုင်တဲ့ မြေနေရာပါ။ ဥပဒေအရ ကျူးကျော်တွေကို ဖျက်သိမ်းတရားစွဲလို့ရပေမယ့် သူတို့နစ်နာသွားမှာစိုးလို့ ကျွန်တော်တို့က နှစ်ရက်ထိ စောင့်ပေးတာပါ။ ဒီညနေမှ မဖျက်ပေးရင် ဥပဒေအရပဲ လုပ်မှာပါ”ဟု ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

သမီးကလေးကျေးရွာမှ နေအိမ်ဖျက်သိမ်းခံ ရွာသူရွာသားများမှာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အလိုင်နီဆည်ဘေးရှိ အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းဝင်း အတွင်း၌ ယာယီတဲများထိုးကာ နေထိုင်လျက်ရှိပြီး ကိုယ်ဝန်ဆောင်များ၊ သက်ကြီးရွယ်အိုများနှင့် ကလေးများမှာ မြေကြီးပေါ်တွင် အိပ်ရသဖြင့် ကျန်းမာရေး ချွတ်ယွင်းမှုများလည်း ဖြစ်ပွားနေကြောင်း သိရသည်။

ထို့ပြင် လက်ရှိနေထိုင်နေသည့် ကျူးကျော်တဲများအား အပြီးဖျက်သိမ်းရန် သတိပေးထားသည့် ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းက ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က ဖယ်ရှားခံ သမီးကလေး ရွာသားများအား နေထိုင်စရာနှင့် အလုပ်အကိုင်များပေးရန် ကရင်ပြည်နယ်သို့ ခေါ်ဆောင်သွားမည်ဟု လာရောက်ပြောဆိုခဲ့ပြီး ရွာသားများက သက်ဆိုင်ရာအစိုးရ၏ မိမိတို့အပေါ် တုံ့ပြန်မှုအား စောင့်ဆိုင်းမည်ဖြစ်ပြီး အကယ်၍ လက်ရှိနေရာမှ အတင်းဖယ်ခိုင်းပါက ၎င်းတို့အနေဖြင့် လိုက်သွားမည်ဖြစ်ကြောင်း ရွာသားအချို့က ပြောကြားကြသည်။

သမီးကလေး ကျေးရွာသားတစ်ဦးက “ဒီမွေးရပ်မြေကို စွန့်ခွာပြီး တစ်နယ်တစ်ကျေးကို ပြောင်းရွှေ့သွားဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကို သက်ဆိုင်ရာက ဒီနေရာကနေ အတင်းဖယ်ရှား မောင်းထုတ် လာခဲ့ရင်တော့ ရွေးချယ်စရာ မရှိပါဘူး။ လိုက်သွားရုံပဲ ရှိမှာပါ။ ကျွန်တော်တို့မှာလည်း ဘဝဆိုတာ ရှိပါသေးတယ်”ဟု ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်းက ဆိုသည်။

လက်ရှိတွင် အဆိုပါ ဘုန်းကြီးကျောင်းတွင် ဖယ်ရှားခံသမီးကလေးရွာမှ အိမ်ထောင် စု ၁၃၈ စု နေထိုင်လျက်ရှိကာ လူဦးရေ ၅၃ဝ ကျော်ရှိကြောင်း သိရသည်။

ဖျက်သိမ်းခဲ့ရသည့် အိမ်ထောင်စုတစ်စုတွင် ပါဝင်သည့် ဦးရွှေမောင်က “ဒီနေ့နေ့လယ်က သက်ဆိုင်ရာက ဖျက်ခိုင်းလို့ ကျွန်တော် ဖျက်ပေးလိုက်ပါတယ်။ တကယ်လို့ ကိုယ်တိုင် မဖျက်ဘူးဆိုရင် သူတို့ကိုယ်တိုင်ဖျက်ပြီး တရားစွဲ အရေးယူမယ်ဆိုလို့ ဖျက်ပေးလိုက်ရတာပါ။ လောလောဆယ် အခုဓမ္မာရုံထဲမှာပဲ နေရတယ်”ဟု ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်းက ဆိုသည်။

တာဝန်ရှိသူ အာဏာပိုင်များနှင့် သမီးကလေးကျေးရွာမှ ပြည်သူများကြားတွင် ၎င်းရွာ အမှန်တကယ် တည်ရှိခဲ့ခြင်းနှင့် ပတ်သက်၍ ကွဲလွဲမှုများ ရှိနေသော်လည်း သမီးကလေး ကျေးရွာအနီး ရှိနေသော လဂွမ်းပြင် ရေလှောင်တမံ စီမံကိန်း၏ ကျောက်စာကမ္ပည်း မော်ကွန်းတွင်မူ သမီးကလေးကျေးရွာမှာ တည်ရှိခဲ့ကြောင်း ရေးသားဖော်ပြ ထားသည်ဟု သိရသည်။ ၎င်းကမ္ပည်းမော်ကွန်းတွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂ဝဝဝ ပြည့်နှစ်က တည်ဆောက်ပြီးစီးခဲ့သည့် လဂွမ်းပြင်ရေ လှောင်တမံ စီမံကိန်းမှာ လှည်းကူးမြို့နယ် သမီးကလေးကျေးရွာအနီး တည်ရှိနေကြောင်း ၂ဝဝဝ ပြည့်နှစ် နိုဝင်ဘာ ၂၈ ရက် နေ့စွဲဖြင့် အတိအလင်း ရေးထိုးဖော်ပြထားသည်။

ထိုကဲ့သို့သော အချက်အလက်များအရ သမီးကလေးကျေးရွာမှာ ၂ဝ၁၃ ခုနှစ်မှ ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ ဒေသခံရွာသူရွာသားများ ပြောကြားခဲ့သည့်အတိုင်း လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ ကျော် ၃ဝ ခန့်အတွင်းက ရှိနေခဲ့ခြင်း ဖြစ်သည်ဟု ဆိုရပေလိမ့်မည်။ အမှန်တကယ် ဆယ်စုနှစ် နှစ်ခုသုံးခုကျော် ကြာမြင့်စွာ တည်ရှိခဲ့သော ရွာတစ်ရွာအား ယခုလို အင်အားသုံးဖယ်ရှားမှု ပြုလုပ်ခဲ့ခြင်းမှာ အစိုးရအပေါ် ဝေဖန်စရာ ဖြစ်နေခဲ့ပြီး တပ်မတော်၏ ဂုဏ်သိက္ခာပိုင်းကို ထိခိုက်နိုင်စရာ ဖြစ်စေသည့်အပြင် ပြည်သူနှင့် တပ်မတော်အကြား အထင်အမြင်လွဲမှားမှုများ ဖြစ်စေနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

နိုင်ငံသားတိုင်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မည်သည့် အရပ်ဒေသ၌မဆို ဥပဒေနှင့်အညီ အခြေစိုက် နေထိုင်ခွင့်ရှိကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၅ တွင် ပြဋ္ဌာန်းထားသည်။

ထို့ပြင် နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင်ရရှိ ပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများနှင့် စပ်လျဉ်း၍ ဥပဒေအရ ကာကွယ်ပေးရမည် ဟူ၍လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၅၆ တွင် ပြဋ္ဌာန်းထားသည်။

အလားတူ ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင် နိုင်ငံတော်သည် နိုင်ငံသားများ၏ နေအိမ် ဥပစာ လုံခြုံမှု၊ ပစ္စည်းလုံခြုံမှု၊ စာပေးစာယူနှင့် အခြားဆက်သွယ်ရေးဆိုင်ရာ လုံခြုံမှုများ အတွက် ဥပဒေအရ ကာကွယ်ပေးရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၇ တွင် ပြဋ္ဌာန်းထားချက်အရ သိရသည်။

အဆိုပါ သမီးကလေးကျေးရွာ ဖယ်ရှားခဲ့ခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက “သမီးကလေးကျေးရွာ အပါအဝင် ကျန်တဲ့တိုင်းဒေသ ကြီး၊ ပြည်နယ်တွေမှာရှိတဲ့ ကျူးကျော် ပြဿနာတွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွေကပဲ ကိုင်တွယ်ဖြေရှင်း နေတာပါ။ သမ္မတရုံးက တိုက်ရိုက်ကိုင်တွယ်ခြင်းတော့ မရှိပါဘူး”ဟု ဖေဖော်ဝါရီ ၁၇ ရက်က ပြောကြားသည်။      

(ဖယ်ရှားခံသမီးကလေး ကျေးရွာမှ မိသားစုများ ခိုလှုံရာ အောင်သိဒ္ဓိဘုန်းကြီးကျောင်းဝင်း အတွင်းရှိ ယာယီတဲများဖျက်၍ ဖေဖော်ဝါရီ ၁၇ ရက်က ထပ်မံရွှေ့ပြောင်းနေကြစဉ် (ဓာတ်ပုံ- ဥာဏ်ဝင်းရှိန်))

နိုင်ငံအနှံ့အပြားရှိ ပြည်သူများ ဝေဖန်မှုနှင့် ကရုဏာသက်နေမှုတို့ကို လျစ်လျူရှုကာ အာဏာပိုင်များက သမီးကလေးကျေး ရွာသားများအား ခိုလှုံရာဘုန်းကြီးကျောင်းမှ နှင်ထုတ်ရန်အမိန့်များ ဆက်တိုက်ထုတ်ပြန် နေကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး အတွင်းရှိ အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသည့် သမီးကလေး ကျေးရွာသားများအနက် ကျောင်းသားမရှိသည့် အိမ်ထောင်စု ၅၇ စု နေထိုင်သည့် တဲများအား ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူးက ဖေဖော်ဝါရီ ၁၇ ရက် ညနေ နောက်ဆုံးထား၍ ဖျက်သိမ်းခိုင်းသဖြင့် ဖျက်သိမ်းပေးခဲ့ရကြောင်း သိရသည်။

အဆိုပါ ကျောင်းသားမရှိသည့် အိမ်ထောင် စု ၅၇ စုအား ဖေဖော်ဝါရီ ၁၅ ရက်နောက်ဆုံး ထား ပြောင်းရွှေ့ပေးရန် ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်း နောက်ဆုံးထား ဖျက်သိမ်းပေးရန်နှင့် အကယ်၍ ဖျက်သိမ်းခြင်း မရှိသေးပါက သက်ဆိုင်ရာမှ လာရောက်ဖျက်သိမ်းမည် ဖြစ်ကာ တဲဆောက်သူများအားလည်း တရားစွဲအရေး ယူမည်ဟု ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူးဦးခင် သိန်းမောင်က အောင်သိဒ္ဓိကျောင်း ဆရာတော်ထံ ဖုန်းဆက်အကြောင်းကြားခဲ့ပြီးနောက် ယခုလို ဖျက်သိမ်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်အမျိုးသားတဦး သူ့ကိုယ်သူ ကျားစာကျွေးဖို့ ကြိုးစား

တရုတ်အမျိုးသားတဦး သူ့ကိုယ်သူ ကျားစာကျွေးဖို့ ကြိုးစား

စိတ်ဓာတ်ကျနေတဲ့ အသက် ၂၇ နှစ်ရှိတဲ့ တရုတ် အမျိုးသား တဦးဟာ သူ့ကိုယ်သူ ကျားစာ အဖြစ် ကျွေးဖို့ တိရိစ္ဆာန်ရုံထဲက ကျား ရုံ ထဲ ရောက်ပြီး ဘင်္ဂလား ကျားဖြူတကောင်က ဆွဲသွားတဲ့ ဖြစ်ရပ်ဟာ တိရိစ္ဆာန်ရုံ ကို အလည်အပတ်လာကြသူတွေ မျက်လုံးပြူးကုန်ရပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ဘက်က စီချွမ်ပြည်နယ်က ချန်ဂျူ (Chengdu) တိရိစ္ဆာန်ရုံမှာ မနေ့က အဲဒီ အဖြစ်အပျက် ဖြစ်ပွားခဲ့တာပါ။

စိတ်ကစဥ့်ကလျားဖြစ်နေတဲ့ ယန်ဇင်ဟိုင်ဟာ သူ့အနေနဲ့ လက်ရှိဘဝကို အဆုံးသတ်ပြီး အစစ အရာရာ ဘဝသစ်ကို ပြန်စ မယ် ဆိုတဲ့ သတင်းစကားတွေကို အွန်လိုင်းမှာ အကြိမ်ကြိမ် တင်ခဲ့ပါတယ်။

တဖက်ကလည်း အလုပ်လက်မဲ့ဖြစ်နေချိန် သူ ဟာ စိတ်ဓာတ်ကျဝေဒနာကို ခံစားနေရပုံလည်း ရပါတယ်။ အလုပ်လျှောက်ထားခဲ့ပေမယ့် စိတ်ပျက်ငြီးငွေ့ဖွယ် 
http://www.myanmarcnn.com/2014/02/blog-post_7493.html

အလုပ်ကိုသာရခဲ့တာကြောင့် အလုပ်ပြန်ထွက်ပြီး
နောက် အခုလို ကိုယ့်ကိုယ်ကို ကျားစာကျွေးပစ်ဖို့ထိ ဖြစ်လာခဲ့တာပါ။

သမီးလေးရွာခံများကို တပ်သားစုဆောင်းလို၍ ခေါ်ယူခြင်းမဟုတ်ဟု DKBA တုံ့ပြန်

Monday, February 17, 2014

ပဲခူးတိုင်းဒေသကြီး လှည်းကူးမြို့နယ် သမီးလေးကျေးရွာမှ ဒေသခံများကို DKBA ထိန်းချုပ်နယ်မြေသို့ ခေါ်ဆောင်သွားမည်ဟု ပြောဆိုခဲ့ခြင်းမှာ လူသားချင်းစာနာစိတ်သက်သက်ဖြင့် ကူညီခြင်းသာဖြစ်ပြီး တပ်သားစုဆောင်းခြင်းမဟုတ်ဟု လွတ်လပ်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော်(DKBA)မှ ဗိုလ်ကြီး စောစိုးမြင့်က ထွက်ပေါ်နေသည့်သတင်းများနှင့်ပတ်သက်၍ တုံ့ပြန်ပြောကြား လိုက်သည်။

အဆိုပါ သမီးကလေးကျေးရွာ ဒုက္ခသည်ဒေသခံများအား ဖေဖော်ဝါရီလ (၁၅)ရက်နေ့ နောက်ဆုံးထား၍ ပဲခူးတိုင်းအတွင်းမှ ထွက်ခွာပေးရန် သက်ဆိုင်ရာက ထုတ်ပြန်ထားပြီး ထို့သို့ ထွက်ခွာပေးရ၍ နေရာထိုင်းခင်း အဆင်မပြေပါက ကရင်ပြည်နယ် အတွင်းရှိ ၎င်းတို့၏ ထိမ်းချုပ်နယ်မြေများ၌ လာရောက်နေထိုင်နိုင်ရန် စီစဉ်ပေးမည်ဟု DKBA တပ်ဖွဲ့ဗျူဟာမှူး ဗိုလ်မှူး စောဆန်းအောင်က ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြေကြားခဲ့ပြီးနောက် DKBAက တပ်သားသစ်စုဆောင်းလို၍ ခေါ်ဆောင်ခြင်း ဖြစ်သည်ဟု ဝေဖန်သံများလည်းကြားလာရသည်။

“ဒုက္ခရောက်နေတဲ့လူကို ကူညီချင်တဲ့သဘောပါ။ ဟိုလိုမျိုး တပ်သားစုဆောင်းတာ မဟုတ်ဘူး။ နေစရာမရှိတဲ့ လူတွေကို နေချင်ရင် ကျွန်တော်တို့ နဲ့သက်ဆိုင်တဲ့ နယ်မြေမှာ လာနေလို့ရတယ်ဆိုတဲ့သဘောမျိုး ပြောတာပါ။” ဟု (DKBA)တပ်ဖွဲ့မှ ဗိုလ်ကြီး စောစိုးမြင့်က ပြောသည်။

NDF က အရေးယူမယ်လို့ စောင့်ကြည့်ဖော်ပြတာကို ဒေါ်ခင်ဝိုင်းကြည်က မှားတယ်လို့ဆိုပြန်

သမ္မတရာထူးအတွက် ဦးရွှေမန်းကိုပဲ မဲပေးမယ်လို့ ပြောခဲ့တဲ့ NDF ပါတီက လွှတ်တော်အမတ် ဒေါ်ခင်ဝိုင်းကြည်ကို ပါတီက အရေးယူမယ်လို့ ပြည်တွင်းဂျာနယ်တစ်ခုက ဖော်ပြတာ မှားတယ်လို့ ကာယကံရှင်က ဖေဖော်ဝါရီ ၁၇ရက်နေ့မှာ ရှင်းလိုက်ပါပြီ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးရွှေမန်းနှစ်ယောက်မှာ ဦးရွှေမန်းကိုပဲ မဲပေးထောက်ခံမယ်လို့ ပြောဆိုခဲ့တဲ့ လွှတ်တော်အမတ် ဒေါ်ခင်ဝိုင်းကြည်က သူ့ကို NDF ပါတီက အရေးယူမယ်လို့ ပါတီဒုတိယ ဥက္ကဌ ဦးစိန်လှဦးကို ကိုးကားဖော်ပြတဲ့ စောင့်ကြည့်ဂျာနယ်ဟာ လွဲမှားစွာ ဖော်ပြတယ်လို့ ဆိုပါတယ်။
စောင့်ကြည့်ဂျာနယ် အတွဲ (၈) အမှတ် ၃၇ရဲ့ မျက်နှာဖုံးမှာ ဖော်ပြချက်အရ ဒေါ်ခင်ဝိုင်းကြည်ဟာ ပါတီရဲ့မူဝါဒကို ဆန့်ကျင်ဟောပြောတယ်လို့ ဖော်ပြထားပြီး NDF အနေနဲ့ သမ္မရာထူးအတွက် ဦးရွှေမန်းကိုမဲပေးဖို့ပဲဖြစ်ဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးဖို့ပဲဖြစ်ဖြစ် မူဝါဒ ချမှတ်ထားတာမရှိဘူးလို့ ဦးစိန်လှဦးကဆိုပါတယ်။
စောင့်ကြည့်ဂျာနယ်ရဲ့ မှားယွင်းဖော်ပြမှုအပေါ် တရားစွဲမှာမဟုတ်ဘဲ စာနယ်ဇင်းကောင်စီကသာ ဖြေရှင်းရမှာလို့ ရန်ကုန်မြို့ ဂျာနယ်လစ်ကွန်ရက်ရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆိုပါတယ်။

Kamayut Media

သဘာဝ နည်းဖြင့် သည်းခြေကျောက်ကို ဖယ်ရှားနိုင်

Photo: သဘာဝ နည်းဖြင့် သည်းခြေကျောက်ကို ဖယ်ရှားနိုင်

ဖြစ်နေသော မိတ်ဆွေ အကိုကြီး အတွက်လည်း အလွယ်တကူ သိရှိ စေချင်ပါသည် လူသားများ အားလုံး အသက်ရာကျော် ရှည်ပါစေ။

သည်းခြေ၌ ကျောက်တည်သော ရောဂါ လက္ခဏာ တစ်ခုမှာ အစာများများ စားပြီးနောက် ဝမ်းဗိုက် ပြည့်အင့် ဖောင်းကား လာကာ အစာမကြေ သလို ခံစားရမည်။ ရောဂါ ပြင်းထန်ပါက အသည်း တစ်ဝိုက်တွင် နာကျင်မှုကို ခံစား ရမည် ဖြစ်ကြောင်း သိရသည်။

သဘာဝနည်းဖြင့် သည်းခြေကျောက် ဖယ်ရှားနည်းမှာ ပထမ ငါးရက်တွင် နေ့စဉ် ပန်းသီး ဖျော်ရည် (Apple Juice) လေးခွက် သောက်ပါ။ သို့မဟုတ် ပန်းသီး လေး-ငါးလုံး စားပါ။ (ပန်းသီး ဖျော်ရည် သို့မဟုတ် ပန်းသီး မိမိနှစ်သက်ရာ စားသောက် နိုင်သည်။) ပန်းသီး ဖျော်ရည်သည် သည်းခြေ ကျောက်ကို ပျော့စေနိုင်သည်။ ထိုငါးရက် အတွင်း အစား အစာ ကိုလည်း ပုံမှန် စားသုံးရန် ဖြစ်သည်။

ခြောက်ရက်မြောက် နေ့တွင် ညစာမစားဘဲ ထိုနေ့ညနေ ၆ နာရီတွင်မှ ဆားခါး တစ်ဇွန်းကို ရေနွေး တစ်ဖန်ခွက်နှင့် သောက်ပါ။ ည ၈ နာရီတွင် ဆားခါး တစ်ဇွန်း ထပ်သောက်ပါ။ ဆားခါးသည် သည်းခြေ အိတ်ပြွန်များကို ပွင့်စေပါသည်။

ည ၁၀ နာရီတွင် သံလွင်ဆီ (သို့မဟုတ်) နှမ်းဆီ ပန်ကန်လုံး တစ်ဝက်ကို လတ်ဆတ်သော သံပရာ ရည်ဖြင့် ရော၍ သောက်ပါ။ သေချာစွာ ရောမွှေပြီးမှ သောက်ပါ။ ဆီသည် သည်းခြေကျောက် များကို ချောမွေ့စွာ ထွက်နိုင် စေသည်။ နောက်တစ်နေ့ ဝမ်းသွားသော အခါတွင် ဝမ်းထဲ၌ အစိမ်းရောင် ကျောက်တုံး ကလေးများကို တွေ့ရမည်။ ပန်းသီးသည် ဆေးဖက်ဝင် သဘာဝ ဓာတ်စာ ဖြစ်ပြီး ဘေးထွက် ဆိုးကျိုးများ ကိုလည်း မဖြစ်ပေါ်စေ နိုင်ကြောင်း သိရသည်။

Mg Mandalay

ဖြစ်နေသော မိတ်ဆွေ အကိုကြီး အတွက်လည်း အလွယ်တကူ သိရှိ စေချင်ပါသည် လူသားများ အားလုံး အသက်ရာကျော် ရှည်ပါစေ။

သည်းခြေ၌ ကျောက်တည်သော ရောဂါ လက္ခဏာ တစ်ခုမှာ အစာများများ စားပြီးနောက် ဝမ်းဗိုက် ပြည့်အင့် ဖောင်းကား လာကာ အစာမကြေ သလို ခံစားရမည်။ ရောဂါ ပြင်းထန်ပါက အသည်း တစ်ဝိုက်တွင် နာကျင်မှုကို ခံစား ရမည် ဖြစ်ကြောင်း သိရသည်။

သဘာဝနည်းဖြင့် သည်းခြေကျောက် ဖယ်ရှားနည်းမှာ ပထမ ငါးရက်တွင် နေ့စဉ် ပန်းသီး ဖျော်ရည် (Apple Juice) လေးခွက် သောက်ပါ။ သို့မဟုတ် ပန်းသီး လေး-ငါးလုံး စားပါ။ (ပန်းသီး ဖျော်ရည် သို့မဟုတ် ပန်းသီး မိမိနှစ်သက်ရာ စားသောက် နိုင်သည်။) ပန်းသီး ဖျော်ရည်သည် သည်းခြေ ကျောက်ကို ပျော့စေနိုင်သည်။ ထိုငါးရက် အတွင်း အစား အစာ ကိုလည်း ပုံမှန် စားသုံးရန် ဖြစ်သည်။

ခြောက်ရက်မြောက် နေ့တွင် ညစာမစားဘဲ ထိုနေ့ညနေ ၆ နာရီတွင်မှ ဆားခါး တစ်ဇွန်းကို ရေနွေး တစ်ဖန်ခွက်နှင့် သောက်ပါ။ ည ၈ နာရီတွင် ဆားခါး တစ်ဇွန်း ထပ်သောက်ပါ။ ဆားခါးသည် သည်းခြေ အိတ်ပြွန်များကို ပွင့်စေပါသည်။

အစာ မရှိသော အစာအိမ် အတွက် ရေသောက်ပေးပါ

Photo: အစာ မရှိသော အစာအိမ် အတွက် ရေသောက်ပေးပါ

မနက်အိပ်ရာ နိုးထပြီး ချိန်တွင် ချက်ချင်း ရေသောက်ခြင်းသည် ဂျပန်နိုင်ငံရှိ ပြည်သူ များစွာ အတွက် နေ့စဉ် ပြုမူ လုပ်ဆောင် နေတဲ့ အရေးပါသော ကျန်းမာရေး လုပ်ဆောင်မှုလေး ဖြစ်တယ်လို့ သိရ ပါတယ်။

ထို့အပြင် သိပ္ပံပညာရှင်များ သုတေသန ပြုချက်အရ ၎င်းဟာ အလွန် အရေးပါပြီး ကောင်းကျိုး များစွာ ဖြစ်စေတယ် ဆိုတာကိုလည်း တွေ့ရှိ ခဲ့ပါတယ်။ နံနက်ခင်း ရေသောက် ပေးခြင်း အားဖြင့် သင့်ရဲ့ တစ်ညတာ ပင်ပန်း တစ်ကြီး လှုပ်ရှား ခဲ့ရတဲ့ အစာအိမ် အတွက် များစွာ အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်နေ့တာ အတွက် အဆင် မပြေမှုများ၊ စိတ်သောကများ အတွက်ပါ ရေရဲ့ အစွမ်းကြောင့် လန်းဆန်း သွားစေ နိုင်ပါတယ်။

ဒါကို ဂျပန် ဆေးပညာရှင် တွေက ၉၆ ပါး ရောဂါနှင့် များစွာသော အောက်ဖော်ပြပါ ရောဂါများ အတွက် အလွန်ပင် အစွမ်းထက်တဲ့ နည်းလမ်း တစ်ခု ဖြစ်ကြောင်း တွေ့ရှိ ခဲ့တာပါ။

ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ် ပင်ပန်း နွမ်းနယ်ခြင်း၊ အဆစ်မြစ် ရောင်ရောဂါ ဖြစ်ခြင်း၊ နှလုံးတုန်ခြင်း၊ ဝက်ရူးပြန် ရောဂါ ဖြစ်ခြင်း၊ အသဲ အဆီဖုံးခြင်း၊ လည်ချောင်းနာ ဖြစ်ခြင်း၊ ပန်းနာရင်ကျပ် ဖြစ်ခြင်း၊ တီဘီ၊ ဦးနှောက် အမြှေးရောင်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဝမ်းလျှော ဝမ်းပျက်ခြင်း၊ လိပ်ခေါင်းရောဂါ၊ ဝမ်းချုပ်ခြင်း၊ မျက်စိနာခြင်း၊ ကင်ဆာနှင့် ရောဂါ များစွာ အတွက် ရေကို နည်းလမ်း တကျ နံနက်တိုင်း သောက်သုံးခြင်း အားဖြင့် ရောဂါ များစွာကို ကြိုတင် ကာကွယ်ပြီး ဖြစ်မှာပါ။

လုပ်ဆောင်ရမယ့် နည်းလမ်းကတော့ -

၁။ မနက် အိပ်ရာထပြီး သွားမတိုက်ခင် ၁၆၀ မီလီမီတာရှိ ဖန်ခွက်ဖြင့် ရေ ၄ ခွက် သောက်ပါ။

၂။ ထို့နောက် သွားတိုက်၊ မျက်နှာ သစ်ပြီးပါက ၄၅ မိနစ်အတွင်း မည်သည့် အရာမှ စားခြင်း၊ သောက်ခြင်း မပြုပါနှင့်။ ၄၅ မိနစ် ပြည့်ပြီးမှ ပုံမှန်အတိုင်း စားသုံးပါ။

၃။ နံနက်စာ စားပြီး ၁၅ မိနစ်အတွင်း၊ နေ့လည်စာနှင့် ညစာစားပြီး ၂ နာရီအတွင်း အခြား အရာများ စားသောက်ခြင်း ရှောင်ပါ။

၃။ ညစာစားပြီး ၁ နာရီခွဲ အတွင်း ဒါမှမဟုတ် ၂ နာရီအတွင်း အိပ်စက်ခြင်း မပြုပါနှင့်။

အထက်ပါ လုပ်ဆောင်မှု တွေကို သင့်ရဲ့တစ်နေ့တာ အတွက် ပုံမှန် လုပ်ဆောင် သွားပါက ဖျားနာခြင်း ကင်းဝေးပြီး ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင် နိုင်မှာ ဖြစ်ပါတယ်။

ဒီအရာတွေကို လူတိုင်းရဲ့ဘဝမှာ ပြုလုပ် နိုင်ပါတယ် ..

မနက်အိပ်ရာ နိုးထပြီး ချိန်တွင် ချက်ချင်း ရေသောက်ခြင်းသည် ဂျပန်နိုင်ငံရှိ ပြည်သူ များစွာ အတွက် နေ့စဉ် ပြုမူ လုပ်ဆောင် နေတဲ့ အရေးပါသော ကျန်းမာရေး လုပ်ဆောင်မှုလေး ဖြစ်တယ်လို့ သိရ ပါတယ်။

ထို့အပြင် သိပ္ပံပညာရှင်များ သုတေသန ပြုချက်အရ ၎င်းဟာ အလွန် အရေးပါပြီး ကောင်းကျိုး များစွာ ဖြစ်စေတယ် ဆိုတာကိုလည်း တွေ့ရှိ ခဲ့ပါတယ်။ နံနက်ခင်း ရေသောက် ပေးခြင်း အားဖြင့် သင့်ရဲ့ တစ်ညတာ ပင်ပန်း တစ်ကြီး လှုပ်ရှား ခဲ့ရတဲ့ အစာအိမ် အတွက် များစွာ အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်နေ့တာ အတွက် အဆင် မပြေမှုများ၊ စိတ်သောကများ အတွက်ပါ ရေရဲ့ အစွမ်းကြောင့် လန်းဆန်း သွားစေ နိုင်ပါတယ်။

ဒါကို ဂျပန် ဆေးပညာရှင် တွေက ၉၆ ပါး ရောဂါနှင့် များစွာသော အောက်ဖော်ပြပါ ရောဂါများ အတွက် အလွန်ပင် အစွမ်းထက်တဲ့ နည်းလမ်း တစ်ခု ဖြစ်ကြောင်း တွေ့ရှိ ခဲ့တာပါ။

ထန်းဂွမြောက်ရွာမှ ခိုးယူခံခဲ့ရသည့် ဗုဒ္ဓရုပ်ပွားတော် ထူးခြားအံ့သြဖွယ် ဖြစ်စဉ်များဖြင့် ပြန်လည်ပင့် ဆောင်နိုင်

Photo: ထန်းဂွမြောက်ရွာမှ ခိုးယူခံခဲ့ရသည့် ဗုဒ္ဓရုပ်ပွားတော် ထူးခြားအံ့သြဖွယ် ဖြစ်စဉ်များဖြင့် ပြန်လည်ပင့် ဆောင်နိုင်

မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် ထန်းဂွမြောက်ရွာ အလယ်ကျောင်းတွင် ကိုးကွယ်ထားသည့်  ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်ကြီး တစ်ဆူသည် မသမာသူများ ခိုးယူသွားခဲ့သော်လည်း အံ့သြဖွယ် ဖြစ်စဉ်၊ ဖြစ်ရပ်များနှင့် မူလကိုးကွယ်ရာ ထန်းဂွမြောက်ရွာအလယ် ကျောင်းတိုက် သို့ ပြန်လည်ပင့်ဆောင် နိုင်ခဲ့ကြောင်း ထန်းဂွမြောက်ရွာ အလယ်ကျောင်းတိုက် ဆရာတော်၏   မိန့်ဆိုချက်အရ သိရသည်။

အဆိုပါ ဗုဒ္ဓရုပ်ပွားတော်ကို ပူဇော်ကိုးကွယ် ထားသည်မှာ နှစ်ပေါင်း နှစ်ရာကျော်ခန့် ရှိနေပြီဖြစ်ကြောင်း ထန်းဂွရွာသူ၊ ရွာသားများက ပြောကြားခဲ့သည်။ လွန်ခဲ့သော ဆယ်နှစ်ကျော်က အဆိုပါ ဗုဒ္ဓရုပ်ပွားတော်မှ လက်ညှိုးတော်အား ဖြတ်တောက် ခိုးယူခြင်း ခံခဲ့ရပြီး ၂ဝ၁၃ ခုနှစ် စက်တင်ဘာ ၁၉ ရက်ည လေကြီးမိုးကြီး တိုက်ခတ်နေချိန်တွင် မသမာသူများက ဗုဒ္ဓရုပ်ပွားတော် ၏ ခြေထောက်အောက်ခြေမှ ဖြတ်တောက် ခိုးယူခဲ့ကြသည်။  ထိုသို့ခိုးယူ ခံခဲ့ရပြီး လေးလကျော်အကြာ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၂၅ ရက်က  ထန်းဂွမြောက်ရွာ အလယ်ကျောင်း ဆရာတော်နှင့် ရွာသူ၊ ရွာသားများက မွန်ပြည်နယ် ကော့ကရိတ်မြို့မှ ပြန်လည် ပင့်ဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''လက်ညှိုးခိုးသွားတာက ကြာပြီ။ ပျောက်ခါစတုန်းကတော့ ကလေးတွေဆော့လို့ ကျိုးတယ် ထင်တာ။ အခုမိလာမှ ခိုးသွားတာ သိရတယ်။ လက်ညှိုးကို နမူနာအနေနဲ့ အရင်ခိုးသွားတာ။ ဘုရား ကြီး ပျောက်တုန်းကလည်း လေကြီးမိုးကြီးကျနေတော့ ဘယ်သူမှ မသိလိုက်ကြဘူး'' ဟု ဆရာတော်က မိန့်သည်။ အဆိုပါ ဗုဒ္ဓရုပ်ပွားတော်အား ပြန်လည်ပင့်ဆောင် လာနိုင်ခဲ့ သည့် ဖြစ် စဉ်၊  ဖြစ်ရပ်များမှာ အံ့သြဖွယ်ဖြစ်သည်။ ဂျာနယ်တစ်စောင်တွင် ထိုင်းနိုင်ငံသို့ ခိုးထုတ်ရန်  ရုပ်ပွားတော်အား သယ်ဆောင်လာစဉ် ကော့ကရိတ်မြို့၌ သက်ဆိုင်ရာမှ စစ်ဆေး တွေ့ရှိခဲ့ သည့် သတင်းကို နွားထိုးကြီးမြို့နယ် ဖက်ခူးကျေးရွာသား တစ်ဦးက ခရီးသွားရင်းဖတ် ရှုခဲ့ရသည်။ ထန်းဂွကျေးရွာနှင့် ဖက်ခူးကျေးရွာတို့မှာ နွားထိုးကြီး မြို့၏တောင် ဘက်နှင့် မြောက်ဘက် ဆန့်ကျင်ဘက် အရပ်တွင်ရှိနေသော်လည်း ဂျာနယ်မှ သတင်းဖတ်ရှုခဲ့ရသူမှာ  ဗုဒ္ဓရုပ်ပွားတော် ခိုးယူခံခဲ့ရသည့် သတင်းကိုကြားသိ နေခဲ့သဖြင့် ဂျာနယ် တွင် ဖော်ပြ ပါရှိနေသည့် ရုပ်ပွားတော်မှာ ထန်းဂွကျေးရွာမှ ခိုးယူခံခဲ့ရသည့် ရုပ်ပွားတော် ဖြစ်လေမလားဟု တွေးထင်ကာ ထန်းဂွကျေးရွာသို့ ဆက်သွယ် သတင်းပေးခဲ့ခြင်း ဖြစ်သည်။

ဆရာတော်နှင့် ရပ်ရွာလူကြီးများက ကော့ကရိတ်မြို့သို့ လိုက်သွားခဲ့ရာ ကော့ကရိတ်မြို့တွင် ရုပ်ပွားတော်အား လွန်ခဲ့သော ဆယ်နှစ်ကျော်က ခိုးယူခံခဲ့ရသည့် လက်ညှိုးတော်နှင့်အတူ ပြန်လည် ဖူးတွေ့ကြရသောအခါ အံ့သြဝမ်းသာ ဖြစ်ခဲ့ရသည်။ ''ရုပ်ပွားတော်ပြန်လည် ပင့်ဆောင်နိုင်ရေး အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများထံ အကူ အညီတောင်းခံခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများ ကလည်း တရားခံများကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ပြီး ရုပ်ပွားတော် ပြန်လည်ပင့်ဆောင်နိုင်ရေးအတွက် ဥပဒေနှင့်အညီ ကူညီ ဆောင်ရွက် ပေးတော့ ပြန်လည် ပင့်ဆောင်လာနိုင်တာ'' ဟု ဆရာတော်က မိန့်ကြား ခဲ့သည်။

''ဒီဘုရားကနှစ်ပေါင်း ၃ဝဝ ကျော်ပြီလို့ သိထားရတယ်။ ခြေထောက်ကနေ လွှနဲ့ဖြတ်ယူ သွားတာပါ။ ကျွန်းသားနဲ့ ထုထားတဲ့ ဘုရားပါ။  နဂိုအတိုင်း ပုံမှန်ပြန်ဆက်ပြီး  ဓမ္မာရုံ မှာဖြစ်ဖြစ်၊ ကျောင်း ထဲမှာဖြစ်ဖြစ် ပြန်ပြီးကိုးကွယ် ထားမှာပါ။ ဒီနားပတ်ဝန်းကျင်မှာ ဘုရားပျောက်တာ တွေရှိတယ်။  မြောက်ဘက်ကျောင်းက ကျောက်ဆင်းတု ကိုလည်း ခေါင်းဖြတ်သွား တယ်။   ဒီကျောင်းမှာ လည်း မြတ်စွာဘုရား ဆွမ်းခံသွားတဲ့ ဆင်းတုလည်း အခိုးခံရတယ်။  ဒီဘုရား ကျမှ ထူးထူးခြားခြား ပြန်ရတာပါ'' ဟု ဆရာတော်က မိန့်ကြားခဲ့ သည်။ ဗုဒ္ဓရုပ်ပွားတော်၏ လက် ညှိုးတော်ကို ဦးစွာ ဖြတ်တောက်ခိုးယူ သွားခဲ့ခြင်းမှာ ရုပ်ပွားတော် ထုလုပ်သည့် ကျွန်းသား၏ နှစ်ကြာရှည်မှု အချိန်ကာလကို စစ်ဆေးရန် ခိုးယူခဲ့ခြင်း ဖြစ်နိုင်ကြောင်း၊ လက်ညှိုးတော် ကျွန်းသား၏ အနေအထား အရ ရုပ်ပွားတော်မှာ နှစ်ပေါင်း နှစ်ရာကျော် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်ဖြစ်ကြောင်း၊ သေချာမှ ဗုဒ္ဓရုပ်ပွားတော်ကို ထပ်မံလာရောက် ခိုးယူခြင်းဖြစ်နိုင်ကြောင်း သိရသည်။

မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် ထန်းဂွမြောက်ရွာ အလယ်ကျောင်းတွင် ကိုးကွယ်ထားသည့် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်ကြီး တစ်ဆူသည် မသမာသူများ ခိုးယူသွားခဲ့သော်လည်း အံ့သြဖွယ် ဖြစ်စဉ်၊ ဖြစ်ရပ်များနှင့် မူလကိုးကွယ်ရာ ထန်းဂွမြောက်ရွာအလယ် ကျောင်းတိုက် သို့ ပြန်လည်ပင့်ဆောင် နိုင်ခဲ့ကြောင်း ထန်းဂွမြောက်ရွာ အလယ်ကျောင်းတိုက် ဆရာတော်၏ မိန့်ဆိုချက်အရ သိရသည်။

အဆိုပါ ဗုဒ္ဓရုပ်ပွားတော်ကို ပူဇော်ကိုးကွယ် ထားသည်မှာ နှစ်ပေါင်း နှစ်ရာကျော်ခန့် ရှိနေပြီဖြစ်ကြောင်း ထန်းဂွရွာသူ၊ ရွာသားများက ပြောကြားခဲ့သည်။ လွန်ခဲ့သော ဆယ်နှစ်ကျော်က အဆိုပါ ဗုဒ္ဓရုပ်ပွားတော်မှ လက်ညှိုးတော်အား ဖြတ်တောက် ခိုးယူခြင်း ခံခဲ့ရပြီး ၂ဝ၁၃ ခုနှစ် စက်တင်ဘာ ၁၉ ရက်ည လေကြီးမိုးကြီး တိုက်ခတ်နေချိန်တွင် မသမာသူများက ဗုဒ္ဓရုပ်ပွားတော် ၏ ခြေထောက်အောက်ခြေမှ ဖြတ်တောက် ခိုးယူခဲ့ကြသည်။ ထိုသို့ခိုးယူ ခံခဲ့ရပြီး လေးလကျော်အကြာ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၂၅ ရက်က ထန်းဂွမြောက်ရွာ အလယ်ကျောင်း ဆရာတော်နှင့် ရွာသူ၊ ရွာသားများက မွန်ပြည်နယ် ကော့ကရိတ်မြို့မှ ပြန်လည် ပင့်ဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အသီးအရွက်များများစားပြီး ရေများများသောက်ရင် နေပူတဲ့ဒဏ်ကို ခံနိုင်တယ်လို့ဆိုတဲ့ အိချောပို

အနုပညာခြေလှမ်းတွေ စိပ်နေတဲ့ သရုပ်ဆောင် အိချောပိုကတော့ နွေရာသီရောက်တော့မှာမို့ သူမရဲ့ နွေရာသီနဲ့ ပတ်သက်တဲ့ ဖီလင်တစ်ချို့နဲ့ အသားအရေ ထိန်းသိမ်းမှုအကြောင်းကို ခုလို ဖွင့်ဟပါတယ်။ ‘အသားအရေထိန်းသိမ်းမှုအပိုင်းကို ပြောရမယ်ဆိုရင် ချောတို့က နေပူနဲ့အမြဲထိတွေ့နေရတာဆိုတော့ Scrubတို့၊ BodySpaတို့ အမြဲတမ်း သွားလုပ်ဖြစ်တယ်။ အမြဲတမ်းလည်း နေကိုထိနေရတော့ တစ်ခါတစ်လေဆိုလည်း အသားအရေ မည်းသွားတာလည်း မြန်တယ်။ အဲဒီတော့ အတတ်နိုင်ဆုံးတော့ အသားအရေကိုဂရုစိုက်တယ်။ ရေများများသောက်တယ်။ အသီးအနှံများများ စားတယ်။ ရေသောက်ရင် အသားအရေကြည်တာပေါ့။ နောက်ပြီးတော့ အသီးအရွက်များများစား၊ ရေများများသောက်ရင် ဒီနေပူတဲ့ဒဏ်ကိုလည်း ခံနိုင်တာပေါ့။ နွေရာသီနဲ့ ပတ်သက်ပြီး အမှတ်တရ ပြောရမယ်ဆိုရင် ငယ်ငယ်တုန်းကတော့ နွေရာသီကျောင်းပိတ်ရင် ခရီးတွေသွားကြတာပေါ့။ အဲဒီလိုမျိုး ပျော်ဖို့ကောင်းခဲ့ပါတယ်။ အခုချိန်မှာတော့ နွေရာသီရောက်ပေမယ့်လို့ ခရီးသွားဖြစ်တာတွေ မရှိတော့ပါဘူး။ အနုပညာအလုပ်တွေပဲလုပ်ဖြစ်နေပါတယ်’လို့ သူမက ဖွင့်ဟသွားခဲ့ပါတယ်။

Trend Myanmar

ကိုယ်ဝန်ရှိနေကြောင်း တွေ့ ရှိရ၍ စစ်မြေပြင်ကနေ ဗြိတိန်အမျိုးသမီးတပ်သား ၂၀၀ ကျော်ကို နေရပ်ပြန်ပို့ 

စစ်မြေပြင်မှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဗြိတိန် အမျိုးသမီးတပ်သား ၂၀၀ ကျော်ဟာ ကိုယ်ဝန်ရှိနေကြောင်း စစ်ဆေးတွေ့ ရှိရတာကြောင့် ဗြိတိန်သို့ ပြန်ပို့ ခြင်းခံခဲ့ရပါတယ်။
ရှေ့ တန်းစစ်မြေပြင်မှာ တာဝန်ထမ်းဆောင်နေချိန်အတွင်း ကိုယ်ဝန်ရရှိမှုကို တားမြစ်ထားတဲ့ ဥပဒေစည်းကမ်းတွေကြောင့် အာဖဂန်နစ္စတန်မှာ တာဝန်ကျနေတဲ့ အမျိုးသမီးတပ်သား ၉၉ ယောက်နဲ့  အီရတ် က အမျိုးသမီးတပ်သား ၁၀၂ ယောက်ကို ရွှေ့ ပြောင်းပေးခဲ့တာဖြစ်ပါတယ်။
တပ်မှူးတွေဟာ ကိုယ်ဝန်ရှိကြောင်း တွေ့ ရှိရတာနဲ့  ဒီအမျိုးသမီးတပ်သားတွေကို လူနာတင်လေယာဉ်တွေနဲ့  ဗြိတိန်ကို ပြန်လည်ပို့ ဆောင်ဖို့ အမိန့် ပေးခဲ့တယ်လို့ သိရှိရပါတယ်။
အမျိုးသမီးတပ်သားတွေဟာ စစ်တပ်ထဲဝင်ရောက်ရာမှာ ကိုယ်ဝန်ရှိကြောင်း ဆေးစစ်မှုတွေ မခံယူခဲ့ရဘူးလို့  ဆိုပါတယ်။ ဗြိတိန်စစ်တပ်မှာ ၀င်ရောက်ထမ်းဆောင်မယ့် အမျိုးသမီးတပ်သားတွေကို သူတို့ ရဲ့ အရှက်သိက္ခာကြောင့် အတင်းအဓမ္မ စစ်ဆေးခွင့်မရှိပါဘူး။
ဒါပေမယ့်လည်း ကာကွယ်ရေးဝန်ကြီးဌာနဟာ ဒီဥပေဒေကို ပြင်ဆင်သွားဖို့ ရှိပြီး အမျိုးသမီးတပ်သားတွေဟာ နောင်မှာ မဖြစ်မနေခံယူရမယ့် စစ်ဆေးမှုတွေ ရှိလာမယ်လို့ ဆိုပါတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ စစ်မြေပြင် မှာ တာဝန်ကျနေတဲ့ တခြားအရာရှိတပ်သားတွေဟာ အန္တရာယ်အခြေအနေမှာ ရှိနေချိန်မှာ ကိုယ်ဝန်ရှိနေတဲ့

စေတန်ဘာသာ ယုံကြည်သက်ဝင်ပြီး ၁၃နှစ်ကတည်းက လူသတ်လာတဲ့ မိန်းကလေး

အင်တာနက်ကတဆင့် လူသတ်တယ်လို့ စွပ်စွဲခံရသူ၊ ၁၉နှစ်အရွယ် မိန်းကလေးဟာ လူသတ်မှု ၂၂ခု ပြုလုပ်ခဲ့ကြောင်း ၀န်ခံလိုက်ပြီလို့ သတင်းရရှိပါတယ်။

ဒါဟာ ရူးဖွယ်ဖြစ်ပြီး ကြောက်စရာပါ။  ဖြစ်လည်းဖြစ် နိုင်ပါတယ်။  ၁၉နှစ်အရွယ် မိန်းကလေးတစ်ယောက်ဟာ သူ့ကိုအွန်လိုင်းကတဆင့် လိင်ကိစ္စအတွက်ငှားရမ်းခဲ့သူ လူကြီးကို သတ်ခဲ့တဲ့ အပြင် နောက်ထပ် လူတော်တော်များများကို သတ်ခဲ့တယ်။ သူမပြောပုံက “လူသတ်တာ ၂၂ယောက်ပြည့်တော့ နောက်ထပ် မှတ်မထားတော့ဘူး။” တဲ့။ သူမဟာ အသက် ၁၃နှစ်ကစ စေတန်ဘာသာကို ယုံကြည်သက်ဝင်ခဲ့ပြီး လူတွေ စသတ်ခဲ့တာဖြစ်ပါတယ်။

ဘီလ်ကလင်တန် မင်းသမီးလစ်ဇ်ဟာလေနှင့် အိမ်ဖြူတော်ဇာတ်ရှုပ် ဘူးပေါ်သလိုပေါ်

Monday, February 17, 2014

အမေရိကန်သမ္မတ ဟောင်း ဘီလ်ကလင်တန်၏ မော်ဒယ်သရုပ်ဆောင်မင်းသ မီး အယ်လိဇဘက်ဟာလေနှင့် အိမ်ဖြူတော်အတွင်း မြာပွေခဲ့ ကြပုံကို The Black Hawk Down ဇာတ်ကားသရုပ်ဆောင် တွန်ဆိုက်မိုးက ထုတ်ဖော်ပြော ဆိုခဲ့ကြောင်းသိရသည်။

အမေရိကန်ရုပ်ရှင်သရုပ် ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူ တွန် ဆိုက်မိုး ၅၂ နှစ်သည်ွူသဘန ဖြင့်အင်တာဗျူးတွင် သမ္မတက လင်တန်နှင့် အယ်လိဇဘက်တို့ ၏ လျှို့ဝှက်စွာကာလရှည်တည် ရှိခဲ့သော ဇာတ်လမ်းကို ထုတ် ဖော်ခဲ့ခြင်းဖြစ်သည်။ တွန်က ¤င်းအိမ်ဖြူတော်သို့ ရုပ်ရှင်ရိုက် ကူးရေးဖြင့်ရောက်ရှိစဉ် ကလင် တန်က လင်ကွန်း၏အိပ်ခန်းကို လိုက်လံပြသခဲ့ကြောင်း၊ ယင်း နောက် အယ်လိဇဘက်၏ ဖုန်း နံပါတ်ကို မေးမြန်းခဲ့ကြောင်းနှင့် အိမ်ဖြူတော်သို့လာရောက်ရန် လေယာဉ်လွှတ်ပေးမည်ဖြစ် ကာ သုံးနာရီအတွင်း အရောက် လာရန် ပြောကြားခဲ့ကြကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

အီသီယိုးပီးယား လေယာဉ်ကို တွဲဖက် လေယာဉ်မှူးက ပြန်ပေးဆွဲ

ခရီးသည်တွေကို ခေါ်ထုတ်စဉ်

အီသီယိုးပီးယားနိုင်ငံ Addis Ababa ကနေ အီတလီ နိုင်ငံ ရောမမြို့ကို သွားတဲ့ အီသီယိုးပီးယား လေယာဉ်ကို ပြန်ပေးဆွဲပြီး ဂျီနီဗာမှာ ဆင်းသက်စေခဲ့တဲ့ တွဲဘက် လေယာဉ်မှူးကို ဖမ်းဆီးလိုက်ပါတယ်။

လေယာဉ်မှူးက ခဏ အနားယူတဲ့ အချိန်မှာ အဲဒီ တွဲဘက် လေယာဉ်မှူးက လေယာဉ်ကို ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။

သူက နိုင်ငံရေး ခိုလှု့ခွင့် တောင်းခဲ့တယ် လို့လည်း သတင်းတွေ ထွက်နေပါတယ်။

Related Posts Plugin for WordPress, Blogger...

ShareThis