menu

Friday 10 February 2012

ပြောင်းတော့ပြောင်းနေတာဘဲ


Android OS ဖုန်းတွေထဲမှာ ထည့်သွင်းအသုံးပြုနိုင်တဲ့ All Backup ဆော့ဖ်ဝဲအသုံးပြုပုံ




 Android OS ဖုန်းတွေထဲမှာ ထည့်သွင်းအသုံးပြုနိုင်တဲ့ All Backup ဆိုတဲ့ ဆော့ဖ်ဝဲအသုံးပြုပုံကို ဖော်ပြပေးမှာဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲကတော့ ဖုန်းထဲမှာရှိနေတဲ့ အရာတွေကိုပျက်သွားခြင်း၊ ပျောက်သွားခြင်းတွေကနေ ကာကွယ်နိုင်ဖို့အတွက် အသုံးပြုတဲ့ဆော့ဖ်ဝဲပဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် KNU/KNLA မှဗိုလ်ချုပ်ကြီးစောဌေးမောင်တို့အဖွဲ့တွေ့ဆုံဆွေးနွေး


ဒေါ်အောင်ဆန်းစုကြည်သည် ကရင်အမျိုးသားငြိမ်းချမ်းရေးကောင်စီ( ကေအန်ယူ/ကေအန်အယ်လ်အေ) ဥက္ကဌဗိုလ်ချုပ်ကြီးစောဌေးမောင်(ခ) ဗိုလ်ချုပ်ထိန်မောင် အပါအ၀င် ၁၄ ဦးတို့နှင့် ယနေ့ ညနေ၃နာရီခွဲခန့်မှ ၄နာရီ ၁၅မိနစ်အထိ တွေ့ဆုံဆွေးနွေးခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲတွင်ဒေသဖွံ့ဖြိုးရေး၊ တိုင်းရင်းသားအရေးကိစ္စများကိုဆွေးနွေးခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှပြောရေးဆိုခွင့်ရှိသူဦးထင်ကျော်ကပြောသည်။
ကေအန်ယူ၊ကေအန်အယ်လ်အေအဖွဲ့သည် ယခုလ ၇ရက်နေ့ကဦးအောင်သောင်းဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးကာ ငြိမ်းချမ်းရေးအတွက် ပဏာမအဆင့်တွေ့ဆုံလက်မှတ်ရေးထိုးခဲ့သည့်အဖွဲ့ဖြစ်သည်။

ဂျယ်ဂေါင်မြို့ ဆိုင်ကယ်ဂိုဒေါင်မီးလောင် အစီးရေ တစ်ထောင်ထက်မနည်း ဆုံးရှုံး


ယနေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်က တရုတ် မြန်မာနယ်စပ် ဂျယ်ဂေါင်မြို့ရှိ ဆိုင်ကယ်ဂိုဒေါင် တန်းတွင်  ၀ါယာရှော့ဖြစ်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ရာ ဆိုင်ကယ်ဂိုဒေါင် ၄ ၄ လုံး ဆိုင်ခန်းအားဖြင့် ၈ ခန်း လောင်ကျွမ်းသွားခဲ့သည်။ ယင်းဆိုင်ခန်း ၄ ခန်းတွင် ဆိုင်ကယ်အစီးရေ ၁ ထောင်ကျော် လောင်ကျွမ်းသွားခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။

ယနေ့ နေ့ခင်းက ဂျယ်ဂေါင်မြို့ ဆိုင်ကယ်ဂိုဒေါင်တန်း မီးလောင်ကျွမ်းနေစဉ်

မီးလောင်မှု ဖြစ်ပွားရာသို့ ဂျယ်ဂေါင်မြို့ရှိ တရုတ်နိုင်ငံမီးသတ်တပ်ဖွဲ့သာမက မြန်မာနိုင်ငံဘက်အခြမ်း မူဆယ်မြို့မှ မီးသတ်ကား ၈ စီးပါလာရောက်ကူညီငြိမ်းသတ်ခဲ့သည်ကို တွေ့ရသည်။ မီးကို ညနေ ၅ နာရီ ခွဲဝန်းကျင်တွင် အပြီးသတ်ငြိမ်းသတ်နိုင်ခဲ့သည်။

မြန်မာအမျိုးသမီးပါးရိုက်တဲ့ဂျပန်ကို ပြည်နှင်ဒဏ်ပေး ဗီဇာပိတ်


 
ရန်ကုန် Orchid Hotel ဧည့်ကြိုကောင်တာ


ရန်ကုန် ဟော်တယ်တခုက ၀န်ထမ်းအမျိုးသမီးကို ပါးရိုက်ခဲ့တဲ့ ဂျပန်အမျိုးသားကို အစိုးရက ပြည်နှင်ဒဏ်ပေးပြီး နောင်မြန်မာနိုင်ငံလာခွင့် ဗီဇာပါ ရာသက်ပန် ပိတ်ပင်ခဲ့ပါတယ်။

ဇန္န၀ါရီ ၂၈ ရက်နေ့က ရန်ကုန်ဟော်တယ်ဝန်ထမ်း ဒေါ်အေးအေးကြည်ကို ပါးရိုက်ခဲ့တဲ့ ဂျပန်အမျိုးသား Mr. Okahashi Takashi (မစ္စတာ အိုကာဟရှိ တာကရှိ) ကို ပြည်နှင်ဒဏ်ပေးဖို့ ရဲချုပ်ကနေ အမျိုးသားကာကွယ်ရေးနဲ့  လုံခြုံရေးကောင်စီ (ကာလုံ) ကို တင်ပြခဲ့ရာ ကာလုံက သဘောတူခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန် ဂျပန်သံရုံးကပါ ဟော်တယ်ကို တရားစွဲတဲ့အတွက် ရဲချုပ်က ကာလုံကို တင်ပြခဲ့ခြင်း ဖြစ်ပါတယ်။

ဆင်ကျောက်ဖြစ် ရုပ်ကြွင်းနှင့် ဆင်သင်္ချိုင်းဟု ယူဆရသော နေရာအား ရှာဖွေတွေ့ရှိထား



ဆင်ကျောက်ဖြစ် ရုပ်ကြွင်းနှင့် ဆင်သင်္ချိုင်းဟုယူဆရသော နေရာအား ရှာဖွေတွေ့ရှိထားပြီဖြစ်ကြောင်း သိရသည်။

''ဆင်တွေအစုလိုက် အပြုံလိုက် သေတဲ့နေရာလို့ ယူဆရတယ်။ အခုတွေ့ရှိ တာနဲ့ပတ်သက်ပြီး ပြောရရင် (၁)အချက် က ဆင်သင်္ချိုင်းအမှန်တကယ်ဖြစ်ချင်ဖြစ် မယ်၊ (၂) အချက်က ဆင်သင်္ချိုင်းမဟုတ် ခဲ့ရင် နှစ်ပေါင်းငါးသန်းမှ ဆယ့်ငါးသန်း ကြား ကျောက်ဖြစ်ရုပ်ကြွင်းတွေ ဖြစ်နိုင် တယ်၊ (၃)အချက်ကတော့ ဒါမှ မဟုတ်ရင် သတ္တဝါတွေရဲ့ ကျောက်ဖြစ် ရုပ်ကြွင်းဖြစ်ရ မယ်။ ကျွန်တော်နဲ့အတူပါလာတဲ့ ရှေးဟောင်းသုတေသန ဦးစီးအရာရှိကတော့  အနည်းဆုံး နှစ်ငါးသန်း လောက်ရှိမယ်လို့ ယူဆတယ်လ ပြောပါတယ်''ဟု ယင်းရှေး ဟောင်းကျောက်ဖြစ် ရုပ်ကြွင်းရှာဖွေဖော် ထုတ်သည့်အဖွဲ့မှ ဦးထွန်းသန့်က ပြော သည်။

(၁၄)ကြိမ်မြောက် နိုင်ငံတကာ စုပေါင်းမီးပုံးပျံ ပျံသန်းခြင်းကို ပုဂံ-အင်းလေး-ပခုက္ကူ-မန္တလေးနှင့် စစ်ကိုင်းမြို့ ၀န်းကျင်ဒေသများတွင် ပြုလုပ်




4455 နိုင်ငံတကာ စုပေါင်းမီးပုံးပျံများကို တောင်သမန်အင်း ဦးပိန်တံတားဝန်းကျင်၌ တွေ့ရစဉ်
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်စေရန် ရည်ရွယ်ပြုလုပ်သော နိုင်ငံတကာ စုပေါင်းမီးပုံးပျံ ပျံသန်းခြင်းကို ပုဂံ၊အင်းလေး၊ ပခုက္ကူ၊ စစ်ကိုင်း၊ မန္တလေးမြို့ဝန်းကျင်ဒေသများတွင် မီးပုံးပျံခြောက်လုံးဖြင့် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဆီးရီးယားအစိုးရသည် ကလေး၊ လူကြီး၊ အမျိုးသမီးများပါမချန် သတ်ဖြတ်နေသည်ဟု ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီထုတ်ပြန် အမေရိကန်အစိုးရက ဆီးရီးယားကို စစ်ရေးအရ အရေးယူလိုပါက အသင့်ဖြစ်ရန် ပင်တဂွန်စစ်ဌာနချုပ် ပြင်ဆင်နေ



ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ် ဆူဆန်ရိုက်စ်
ဆီးရီးယားအစိုးရသည် ကလေး၊ လူကြီး၊ အမျိုးသမီးများပါမချန် အစုလိုက် အပြုံလိုက် သတ်ဖြတ်နေကြောင်း ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ၏ ကြေညာချက်တစ်ခုတွင် ထုတ်ပြန်ပါရှိခဲ့သည်။
လူမှုရေးဝက်ဘ်ဆိုက်များမှ  တစ်ဆင့်ပျံ့နှံ့လာသော ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များတွင် လမ်းမများပေါ်၌ ကလေးများအပါအ၀င် လူအများ အတုံအရုန်းသေဆုံးနေကြပုံများပါရှိခဲ့ပြီး နိုင်ငံတစ်ဝန်း မငြိမ်သက်မှုများ မြင့်တက်လာ ချိန်တွင် အာရပ်နိုင်ငံများဖြင့် ဖွဲ့စည်းထားသော ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေး ကောင်စီဝင်နိုင်ငံများက ၎င်းတို့၏ သံအမတ်များကို ဆီးရီးယားမှ ပြန်လည်ခေါ်ယူခဲ့သည်။

တရားခံစစ်စစ် အမြစ်ကရှာဖွေ(၀င်းနိုင်ထွန်း)



လူတစ်ဦးတစ်ယောက်(သို့) လူ့အသိုင်းအ၀န်းတစ်ခုကို လူကုန်ကူးခံရရန်ဖြစ်စေသည့် အချက်များက
မည်သည့်အချက်လဲဟု မေးလျှင် အများစုလက်ခံထားကြသည့် အချက်များသည် ဆင်းရဲမွဲတေမှုနှင့်
ပညာမတတ် မှုကြောင့် ဖြစ်ရသည်ဟု ဆိုကြသည်။ သို့သော် လူကုန်ကူးမှု ဖြစ်ရသည့် သက်သေ
အထောက်အထားများအရ ယေဘုယျအားဖြင့် အခြားအကြောင်းအရာများကြောင့်လည်း ဖြစ်ရသည်ကို
တွေ့ရှိလာရသည်။

လာမည့် ဧပြီလ ၁ ရက်နေ့မှစတင်၍ ရန်ကုန်မြို့တော်တွင် ရေသုံးစွဲခနှုန်းထားများ တိုးမြှင့်သွားမည်




၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် စတင်သော လာမည့်ဧပြီလ ၁ ရက် နေ့မှစတင်၍ ရန်ကုန်မြို့တော်တွင် မြို့တော်စည်ပင်မှ ပေးဝေသော ရေသုံးစွဲသူများအတွက် ရေသုံးခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာန၏ ထုတ်ပြန်ချက်အရ သတင်းရရှိသည်။

ရန်ကုန်မြို့တော်တွင် ရေသုံးစွဲခနှုန်းထားများကို ၂၀၀၅ ခုနှစ် ဇူလိုင်လအထိ ရေတစ်ဂါလန် ၃ ပြား နှုန်းဖြင့်ကောက်ခံခဲ့ပြီး ၂၀၀၅ ခုနှစ် သြဂုတ်လမှစတင်၍ ရေတစ်ဂါလန်လျှင် အိမ်သုံးဆိုပါက ၂၅ ပြားနှုန်း၊ စီးပွားရေးလုပ်ငန်းသုံးဆိုပါက တစ်ဂါလန်လျှင် ၃၅ ပြားနှုန်းနှင့် ဌာနဆိုင်ရာများအတွက် တစ်ဂါလန်လျှင် ၂၅ ပြားနှုန်းဖြင့် လက်ရှိအချိန်ထိ ကောက်ခံနေကြောင်း သိရှိရသည်။ လာမည့် ဧပြီလ ၁ ရက်နေ့ မှစတင်၍ အိမ်သုံးဆိုပါက တစ်ဂါလန်လျှင် ၄၀ ပြားနှုန်း၊ စီးပွားရေး လုပ်ငန်းသုံးဆိုပါက တစ်ဂါလန်လျှင် ၅၀ ပြားနှုန်းသို့ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ပြီး ဌာနဆိုင်ရာများအား လက်ရှိကောက်ခံနေသောနှုန်းထားအတိုင်း တစ်ဂါလန်လျှင် ၂၅ ပြားနှုန်းဖြင့်သာ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ငါးရဖို့က အဓိက(ကုမ္ပဏီ ၂၃ ခု၏အကျိုးစီးပွားနှင့် ပြည်သူ ၅၄ သန်း)(မာဂျေ)


ယခုတလော မြန်မာ့ဆက်သွယ်ရေးနှင့် ရွှေပြည်တံခွန် ကုမ္ပဏီကြား ကျပ် ၅,၀၀၀ တန် ကတ်ဖုန်းကိစ္စ အငြင်းပွားနေကြသည်။
နှစ်ဖက်စလုံးက မီဒီယာများကို အသုံးပြုပြီး ကိုယ့်ဘက်ကမှန်ကြောင်း သက်သေတွေပြနေကြသည်။
မီဒီယာထက်တွင် စစ်တလင်းခင်းနေကြသည်။
ကြားထဲက ပြည်သူတွေမှာတော့ 'ထင်သာထင် မ၀င်ဘူး ကျောင်းအမရေ' ဆိုသည့်စကားလို သက်သာသောနှုန်းထားဖြင့် ဖုန်းကိုင် ဆောင်ခွင့်အိပ်မက်များ ပျက်ပြယ်နေရသည်။
ရွှေပြည်တံခွန် ကုမ္ပဏီမှ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ၅,၀၀၀ တန် ဖုန်းကတ်များ ရောင်းချမည်ဟု ကြေညာလိုက်ချိန်တွင် ၀မ်းသာခဲ့ သော ပြည်သူများအတွက်လည်း မြန်မာ့ ဆက်သွယ်ရေးမှ ထိုကိစ္စဖြစ်ရန် အချိန်လိုပါသေးသည်ဟု ကြေညာချက်ထုတ် လိုက်သော အခါ ဖျတ်ခနဲ ၀မ်းသာရာကနေ ၀မ်းနည်းကြရတော့သည်။

လစာ တိုးပေးသလို လာဘ်ပေး လာဘ်ယူသူများ အရေးယူဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော


မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဝန်ထမ်းတွေကို လစာနဲ့ အခြားအခွင့်အရေးတွေ အလျင်အမြန် တိုးပေးဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့တာကို ကြိုဆိုလိုက်ပြီး တစ်ပြိုင်တည်းမှာပဲ အကျင့်ပျက် လာဘ်စားပြီး ချမ်းသာ ကြွယ်ဝနေသူတွေကို ထိထိရောက်ရောက် အရေးယူဖို့လည်း လိုအပ်ကြောင်း ဝေဖန် ပြောဆိုလိုက်ပါတယ်။

မော်လဒိုက်သမ္မတဟောင်းကို ဖမ်းဝရမ်းထုတ်


အိန္ဒိယ သမုဒ္ဒရာထဲက မော်လဒိုက် (Maldives) နိုင်ငံ သမ္မတဟောင်း မိုဟာမက် နာရှိဒ် (Mohamed Nasheed) ကိုဖမ်းဖို့ မာလေ (Male) မြို့တော် ရာဇဝတ်တရားရုံးက ဖမ်းဝရမ်းထုတ်ပြန်ခဲ့တာမို့ သမ္မတဟောင်းဟာ အဖမ်းခံဖို့ စောင့်ဆိုင်းနေပါတယ်။ တရားရုံးက သမ္မတနဲ့အတူ သူ့ရဲ့ ကာကွယ်ရေး ဝန်ကြီးကိုပါ ဖမ်းဝရမ်းထုတ်ပြန်ခဲ့တာပါ။
သူဟာ ထောင်ထဲသွားရဖို့ နီးနေတာမို့  နိုင်ငံတကာ အသိုင်းအဝိုင်းကနေ အမြန် ကူညီဆောင်ရွက် မယ်လို့ မျှော်လင့်ထားကြောင်း  မစ္စတာ နာရှိဒ်က သူ့နေအိမ်မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ သူ့ဇနီးနဲ့သမီးကတော့  သီရိလင်္ကာနိုင်ငံကို ထွက်ပြေး တိမ်းရှောင်သွားပြီဖြစ်ပြီး  သူကတော့ တနိုင်ငံလုံး ပျက်စီးမယ့် အန္တရာယ်ကို  အတတ်နိုင်ဆုံး  ခုခံကာကွယ်ဖို့  မောလဒိုက်မှာပဲ နေခဲ့တယ်လို့ ဆိုပါတယ်။
မစ္စတာ နာရှိဒ်ဟာ မော်လဒိုက်နိုင်ငံရဲ့ ပထမဆုံး အရွေးကောက်ခံ ခေါင်းဆောင်တဦး ဖြစ်ပါတယ်။   သူဟာ အာဏာ အသိမ်းခံခဲ့ရပြီး သူ့ရဲ့လက်အောက်မှာ ဒုတိယအကြီးဆုံး တာဝန်ထမ်းဆောင်ခဲ့တဲ့  အခု သမ္မတသစ် တာဝန်ယူထားတဲ့  မိုဟာမက် ဝါဟိဒ် ဟဆန်း Mohammed Waheed Hassan  အမြန် နုတ်ထွက်ပေးဖို့ပါ တောင်းဆိုခဲ့ပါတယ်။

အမေရိကန် စက်မှုလျှို့ဝှက်ချက် တရုတ်ခိုးယူသည်ဟုတရားစွဲ


အမေရိကန်ပြည်ထောင်စုက စက်မှုဓာတုပစ္စည်းတွေ ထုတ်လုပ်တဲ့ ဒူးပွန့် (Dupont) ကုမ္ပဏီကြီးရဲ့ ကုန်သွယ်မှုဆိုင်ရာ လျှို့ဝှက်ချက်တွေကို တရုတ်အစိုးရပိုင် ပန်ဂန်း (Pangang) ကုမ္ပဏီအုပ်စုကြီးက မတရားသဖြင့် ခိုးယူခဲ့တယ်လို့ အမေရိကန်တရားရေးဝန်ကြီးဌာန အရာရှိတွေက စွပ်စွဲလိုက်ကြပြီး ဗုဒ္ဓဟူးနေ့က ဆန်ဖရန်စ္စကို (San Francisco) မြို့က စီးပွားရေးလျှို့ဝှက်ချက်နဲ့ ရာဇဝတ်ကြောင်းစွဲဆိုမှုများဆိုင်ရာ အထူးတရားသူကြီးရဲ့ တရားရုံးမှာ Pangang ကုမ္မဏီကို တရားစွဲဆိုခဲ့ပါ တယ်။
Related Posts Plugin for WordPress, Blogger...

ShareThis