
SM3 Mobile Solutions ကုမ္ပဏီမှ Touch screen ဖုန်းများတွင် အသုံးပြုနိုင်ရန်အတွက် SMS ဆောဖ်ဝဲတစ်ခုကိုဖြန့်ချိလိုက်ကြောင်း သိရသည်။
ယင်းဆော့ဖ်ဝဲကို ၈ ကြိမ်မြောက်အိုင်စီတီပြပွဲတွင် မိတ်ဆတ်ပြသခဲ့သော်လည်း ဈေးကွက်အတွင်းသို့ ယခုဖြန့်ချိလိုက်ခြင်းဖြစ်သည်။ ဇန်န၀ါရီလအတွင်း ဖြန့်ချိရန်ရည်ရွယ်ခဲ့သော်လည်း အသေးစားမွမ်းမံပြင်ဆင်မှုများကြောင့် တစ်လခန့်ကြန့်ကြာခဲ့ပြီး ယခုဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ စတင်ဖြန့်ချိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာစာ SMS စာတိုစနစ်မှာ ယခင်က ခလုတ်နှိပ့်အသုံးပြုရသောဖုန်းများတွင် အသုံးပြုနိုင်ခဲ့သော်လည်း ယခုအခါတွင် နောက်ထွက်လာသော
အစိုးရနည်းပညာတက္ကသိုလ်များတွင် ကျောင်းသားမိဘများ၏ အဆင်မပြေမှုတင်ပြချက်များကြောင့် ကျောင်းလခတစ်နှစ်စာ တစ်ခါတည်း အကျေပေးသွင်းရမည့်အစား ယခင်နှစ်များကဲ့သို့ တတ်နိုင်သလောက် သာ ခွဲဝေပေးသွင်းရန် ကျောင်းသားရေးရာဌာနမှခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။ ၂၀၁၀-၂၀၁၁ ပညာသင်နှစ်အတွက် နည်းပညာတက္ကသိုလ်များရှိ AGTI (ပထမနှစ်နှင့် ဒုတိယနှစ်) သင်တန်းသားများအတွက် တစ်လလျှင် ငါးရာကျပ်၊ B-Tech (ပထမနှစ်နှင့် ဒုတိယနှစ်) သင်တန်းသားများအတွက် တစ်ထောင်ကျပ်နှင့် BE သင်တန်းသားများအတွက် တစ်ထောင့်ငါးရာကျပ်ဖြင့် ကျောင်းလခများကို မိမိတို့တတ်နိုင်သလောက်သွင်းရန် 
