menu

Sunday 28 October 2012

ပြည်ကြီးတံခွန် မြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ် အတွင်းရှိ ကျူးကျော် နေထိုင်သူများအား နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ထပ်မံဖယ်ရှား ရှင်းလင်းသွားမည်ဟု သိရှိရ




848 မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ် အတွင်းရှိ ကျူးကျော်နေထိုင်သူများအား နိုဝင်ဘာလ ၁၅ ရက်နေ့၌ ထပ်မံဖယ်ရှား ရှင်းလင်းသွားမည်ဟု သိရှိရပြီး ကျူးကျော်နေထိုင်သူများ အနေဖြင့် ဖယ်ရှားမှုမပြုခဲ့ပါက မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။
ကျူးကျော်နေထိုင်သူများ အနေဖြင့် နစ်နာဆုံးရှုံးမှုများရှိခဲ့ပါက မြေယာရောင်းချပေးခဲ့သူများအား ဖော်ထုတ်ပြီး တရားဥပဒေအတိုင်း တောင်းဆိုသွားနိုင်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သမ၀ါယမအသင်းသား သုံးဆယ်ကျော်ခန့် ဆန္ဒ္ဒထုတ်ဖော်

အောက်တိုဘာလ၂၈ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ကျွန်းတောလမ်းနှင့်မဟာမြိုင်လမ်းထောင့်တွင် ကျွန်းတောကွက်သစ်ပိုင် သမ၀ါယမအဆောက်အဦး သမ၀ါယမအသင်းသားများ၏သဘောထားမပါဝင်ဘဲ ကန်ထရိုက်တိုက် ဆောက်လုပ်ခြင်းဖြစ်စဉ်နှင့်ပက်သတ်၍ ကျွန်းတောကွက်သစ် သမ၀ါယမအသင်းသားသုံးဆယ်ကျော်ခန့် ဆန္ဒ္ဒပြသည်
EMG

ကင်ဆာပျောက်တယ်လို့ ပေါ်ပြူလာဖြစ်နေတဲ့ ဂျုံမြက်နုအကြောင်း အစုံအလင်

Photo: ကင်ဆာပျောက်တယ်လို့ ပေါ်ပြူလာဖြစ်နေတဲ့ ဂျုံမြက်နုအကြောင်း အစုံအလင်

ကင်ဆာရောဂါတွေ ပျောက်ကင်းစေတဲ့ ဂျုံမြက်နုဆေးပင် ဆိုပြီး သတင်းစာမျက်နှာ တွေပေါ်မှာ အခုတလော တော်တော်လေး တွေ့နေရပါတယ်။ လက်ရှိ ဒီဆေးဘက်ဝင် အပင်ကို ပြည်တွင်းမှာ ပထမဦးဆုံး စတင် ဖြန့်ချိတာ တစ်နှစ်လောက် ရှိသွားပြီ ဖြစ်တဲ့

FAME ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းကနေ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ဟောပြောပွဲတစ်ခုမှာ ကင်ဆာရောဂါတွေကို ခုခံတိုက်ဖျက်ဖို့ အကောင်းဆုံး ဆေးတစ်မျိုး ဖြစ်တယ်လို့ FAME ရဲ့ မန်နေးဂျင်းဖြစ်သူ အင်္ဂလန်မှ Alternative Medicine (ခေတ်သစ်သဘာဝဆေးပညာ) ဘာသာရပ်နဲ့ ပါရဂူဘွဲ့ ယူလာ သူ ဒေါက်တာခင်မောင်လွင်မှ ပြောကြားသွားခဲ့ပါတယ်။

လက်ရှိ ပြည်တွင်းဈေးကွက်မှာ လုံလောက်စွာ ဖြန့်ဖြူးရောင်းချ ပေးနေသလို ပြည်ပနိုင်ငံတွေ ဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ထိုင်း၊ မလေးရှား စတဲ့ နိုင်ငံများကနေ ၀ယ်ယူရန် ကမ်းလှမ်း လာကြတယ်လို့ FAME ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆေးဝါးတာဝန်ခံတစ်ဦးက မီဒီယာများသို့ ပြောပြပါတယ်။ ဒီတော့ ဒီလောက်တောင် အစွမ်းထက်ကြောင်း နာမည်ရလာတဲ့ ဂျုံမြက်နုနဲ့ ပတ်သက်လို့ မက်ဖန် ပရိသတ်များလည်း သေသေချာချာ သိရအောင် ဂျုံမြက်နုနဲ့ ပတ်သက်သမျှ အကြောင်းအရာ တွေကို စုစည်း တင်ပြပေး လိုက်ပါတယ်။

ဂျုံမြက်နု ဆိုတာ………….

ဂျုံမြက်နုဆိုတာ Triticum aestivum လို့ သိပ္ပံ အမည်ရတဲ့ ကျွန်တော်တို့ နေ့စဉ်စားနေကျ ဂျုံပင်လေးတွေရဲ့ အစေ့ရွက်ကနေ ဖြစ်လာတဲ့ အပင်လောင်းလေးတွေ ဖြစ်ပါတယ်။ ဒီဂျုံပင်လောင်းလေးတွေ ၈ ရက်သားကနေ ၁၀ ရက်သားအတွင်း ရိတ်သိမ်းမှသာ အရည်အသွေး အပြည့်ဝဆုံး ဂျုံမြက်နုကို ရရှိနိုင်ပါတယ်။ အရွယ်ရောက်ပြီးသား ဂျုံပင်တွေမှာတော့ ကျန်းမာရေးအထောက်အကူပြု အစွမ်းတွေ နည်းပါးသွားတာကို တွေ့ရှိရပါတယ်။

ဂျုံမြက်နုဟာ ကျွန်တော်တို့ အာရှမှာ မကြာသေးမီ ကမှ စားသုံးခြင်း အတန်ငယ် ရှိလာပေမယ့် အနောက်တိုင်း ဥရောပတိုက်မှာတော့ စိုက်ပျိုးရေးဓာတုပညာရှင် တစ်ဦးဖြစ်သူ ချားလ်စ် အက်ဖ် ရှန်နာဘယ် (Charles F. Schnabel) (အသံထွက် လွဲလျှင် ခွင့်လွှတ်ပါရန်) ရဲ့ စမ်းသပ်စစ်ဆေး တွေ့ရှိချက်တွေကြောင့် ၁၉၃၀ ပြည့်နှစ်များ ကတည်းက အနောက်ကမ္ဘာခြမ်းမှာ စတင် သုံးစွဲနေကြပြီ ဖြစ်ပါတယ်။ ရှန်နာဘယ်ဟာ စိုက်ပျိုးရေး ဓာတုပညာရှင် တစ်ဦးဖြစ်ကာ ဂျုံမြက်နုရဲ့ အစွမ်းကို ကမ္ဘာက သိပြီး ပေါ်ပြူလာ ဖြစ်အောင် အားထုတ်ခဲ့သူ ဖြစ်ပါတယ်။

၁၉၃၀ ပြည့်နှစ်မှာ ရှန်နာဘယ်ဟာ ကြက်နာကျလို့ သေလုဆဲဆဲ ကြက်တွေကို ပြန်ကျန်းမာလာအောင် ဂျုံမြက်နုတစ်မျိုးတည်း သုံးပြီး ကုသပေးခြင်းဖြင့် ဂျုံမြက်နုရဲ့ ဆေးဖက်ဝင် အစွမ်းသတ္တိကို စတင်ဖော်ထုတ် လက်တွေ့ပြနိုင်ခဲ့ပါတယ်။ အဲလို ပြန်နေကောင်းလာတဲ့ ကြက်မတွေဟာ တခြား နေကောင်းတဲ့ ကြက်တွေထက်တောင် ဥဥနှုန်းတွေ သိသိသာသာ မြင့်မားလာတာ တွေ့ရပါတယ်။

အဲဒါနဲ့ သူလည်း အားတက်သွားပြီး ဂျုံမြက်နုတွေကို အခြောက်လှမ်း အမှုန့်ပြုကာ ကြက်တွေရဲ့ မွေးမြူရေး ဖြည့်စွက်အစာအဖြစ် ကိုယ်တိုင်လည်းကျွေး၊ ခြံနီးချင်းတွေကိုလည်း ဝေမျှပေးပြီး စမ်းသပ်ကြည့်တဲ့အခါမှာ အရမ်းကို မယုံနိုင်လောက်တဲ့ နှစ်ဆတိတိ နှုန်းနဲ့ ဥတွေ အထွက်တိုး လာတာကို တွေ့ရှိရပြီး နောက်ပိုင်း ရှန်နာဘယ်ဟာ ဓာတုဗေပညာရှင်များနဲ့ အစားအသောက် ထုတ်လုပ်ရေး လုပ်ငန်းတွေဆီ သူ့ရဲ့ တွေ့ရှိချက်ကို ကြော်ငြာကမ်းလှမ်း နိုင်ခဲ့ပါတယ်။

ဂျုံမြက်နုရဲ့ အစွမ်းကို လက်တွေ့ သိရှိလာကြတဲ့ အခါမှာ Quaker Oats နဲ့ American Dairies Inc. တို့လို ကော်ပိုရေးရှင်းကြီး နှစ်ခုကနေ တိရိစ္ဆာန်တွေနဲ့ လူသားတွေအတွက် ဂျုံမြက်နု ထုတ်လုပ်ရေးနဲ့ နောက်ထပ် သုတေသန ပြုနိုင်ရေးများအတွက် ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီး မြှုပ်နှံ ခဲ့ကြပါတယ်။ ဒါကြောင့် ၁၉၄၀ အရောက်မှာ ရှန်နာဘယ်ရဲ့ ဂျုံမြက်နုအမှုန့် သံဘူးများကို အမေရိကန်ပြည်ထောင်စု နဲ့ ကနေဒါနိုင်ငံတွေ အနှံ့မှာ ရှိတဲ့ ဆေးဆိုင်ကြီးတွေမှာ ရောင်းချနိုင်ခဲ့ပါတယ်။

ယနေ့ ကမ္ဘာပေါ်မှာ ဂျုံမြက်နုကနေ ဖျော်ရည် ထုတ်လုပ်ရောင်းချလျက် ရှိပါတယ်။ တချို့ တိုင်းပြည် တွေမှာဆို ဂျုံမြက်နုကို အိမ်မှာ တနိုင်တပိုင် ဗန်းငယ်လေးနဲ့ စိုက်ပျိုးပြီး လတ်လတ်ဆတ်ဆတ် အရည်ညှစ်သောက်သုံးတဲ့ အလေ့အထတောင် ရှိကြတယ်လို့ သိရပါတယ်။

ဂျုံမြက်နုရဲ့ ထူးခြားကောင်းမွန်သော အရည်အသွေးများ

(၁) အပင်တွေအားလုံးနီးပါး အစိမ်းရောင် ရှိနေရတာဟာ အပင်တို့ရဲ့ ဆဲလ်ထဲမှာ ပါဝင်တဲ့ အစိမ်းရောင်ခြယ်ပစ္စည်း ကလိုရိုဖီး (chlorophyll) ဆိုတာကြောင့် ဖြစ်ပါတယ်။ ဒီ ကလိုရိုဖီးဟာ လူသားရဲ့ အသက်ရှည် ကျန်းမာရေးကို နည်းမျိုးစုံနဲ့ အထောက်အကူပြုပါတယ်။ ဂျုံမြက်နုဖျော်ရည် (Wheatgrass Juice) ဟာ ကလိုရိုဖီးတွေရရှိနိုင်တဲ့ အကောင်းဆုံး အစားအသောက်ပင်ရင်း ဖြစ်တယ်လို့ ဆိုပါတယ်။

(၂) အလင်းကနေရတဲ့ သဘာဝစွမ်းအင် နဲ့ အောက်စီဂျင် ပါဝင်မှုမှာ ဂျုံမြက်နုက အမြင့်မားဆုံး အစားအသောက် တစ်မျိုး ဖြစ်ကြောင်း သိရပါတယ်။ ဂျုံမြက်နုမှာ ကျန်းမာရေး အထောက်အကူပြု အင်ဇိုင်း (Enzymes) ၈၀ ကျော် ပါဝင်ပြီး ကင်ဆာရောဂါတွေကို ကာကွယ် တားဆီးပေးနိုင်သလို သက်သာပျောက်ကင်းစေနိုင်တဲ့ အစွမ်းသတ္တိရှိခြင်းဟာ သူ့ရဲ့ အကြီးမားဆုံး တန်ဖိုးဖြစ်ပါတယ်။

(၃)နေရောင်ခြည်ရဲ့ သဘာဝစွမ်းအားတွေ စုစည်းထားတဲ့ ဂျုံမြက်နုဟာ နှလုံးနဲ့ သွေးလှည့်ပတ်မှု၊ အူ၊ သားအိမ်နဲ့ အဆုတ်များရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို တိုးတက် ကောင်းမွန်စေပါတယ်။

(၄) ကူးစက်ရောဂါပိုးတွေကို ကာကွယ်တိုက်ဖျက်နိုင်တဲ့ အစွမ်းရှိပါတယ်။ အနာကျက်မြန်စေတဲ့ ဆေးအဖြစ် သုံးလို့ရပါတယ်။
(၅) ထူးခြားချက် အနေနဲ့ ဂျုံမြက်နုဖျော်ရည်ဟာ သောက်ချလိုက်တာနဲ့ မိနစ်ပိုင်းအတွင်း ခန္ဓာကိုယ်အတွင်းမှာ ကြေပျက်သွားနိုင်တာ တွေ့ရပါတယ်။

(၆) ဂျုံမြက်နုဟာ ကလိုရိုဖီး ကြွယ်ဝလို့ သွေးအားကို ပြန်ဖြည့်တင်းပေးနိုင် ပါတယ်။ သွေးနီဆဲလ်ပမာဏ အရမ်း ကျဆင်းလို့ သွေးအားနည်းရောဂါ (Anaemia) ရနေတဲ့ သူတွေကို ဂျုံမြက်နု ဖြည့်စွက် ကျွေးမွေးပေးရင် ၄ ရက် ၅ ရက် အတွင်းတောင် ပုံမှန်ပမာဏကို ပြန်ရောက်နိုင်တယ်လို့ သိရပါတယ်။

(၇) မြုံနေတဲ့ နွားထီး နွားမတွေကို ပုံမှန်ကျွေးပေးရင် မြုံနေခြင်း ကနေတောင် ပြန်ကောင်းနိုင်တယ်လို့ သိရပါတယ်။ မဂ္ဂနီစီယမ် ကြွယ်ဝတဲ့ ကလိုရိုဖီးဟာ မျိုးပွားဟော်မုန်းတွေကို ပုံမှန်ကောင်းမွန်စေတဲ့ အင်ဇိုင်း (Enzymes) တွေကို တည်ဆောက်ပေးနိုင်လို့ ဖြစ်ပါတယ်။

လူ့ခန္စာကိုယ်ကို ဖွဲ့စည်းထားတဲ့ ဒြပ်စင်များပြပုံ ဖြစ်ပါတယ်

(၈) ကလိုရိုဖီးဟာ အစိမ်းရောင် အပင်တွေ အားလုံးမှာ ပါဝင်ပေမယ့် ဂျုံမြက်နုရဲ့ ကလိုရိုဖီးက သာလွန် ကောင်းမွန်ပါတယ်။ သြဂဲနစ်နည်းပညာနဲ့ စိုက်ပျိုးထားတဲ့ ဂျုံမြက်နုဟာ မြေဆီလွှာထဲမှာ ရှိတဲ့ သတ္တုဓာတ် ၁၀၂ မျိုးထဲ ၉၂ မျိုးအထိ စုပ်ယူနိုင်တဲ့ အတွက် သူ့အထဲမှာ လူသားတွေ လိုအပ်တဲ့ အာဟာရဒြပ်စင် ၁၀၀ ကျော်အထိ ပါဝင်နေတာကို ထူးခြားအံ့သြဖွယ် တွေ့ရှိရပါတယ်။

(၉) ခန္ဓာကိုယ်ရဲ့ တစ်သျှူးတွေကို အသစ်ပြန်လည် တည်ဆောက်ပေးနိုင်စွမ်း ရှိပါတယ်။

(၁၀) ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ နေရာမှာ မုန်လာဥ၀ါဖျော်ရည် အပါအ၀င် အခြားသော သစ်သီးဝလံဖျော်ရည်တွေ ထက်တောင် ပိုအစွမ်းထက်တယ်လို့ သိရပါတယ်။ ဂျုံမြက်နု တစ်ပေါင်ခွဲ စားရင် မုန်လာဥ၀ါ၊ ဆလတ်ရွက်၊ တရုတ်နံနံပင် စတဲ့ ကျန်းမာရေး အထောက်အကူပြု ဟင်းသီးဟင်းရွက်များ ၃၅ ပေါင်စားတာနဲ့ ညီမျှတယ်လို့ သိရပါတယ်။

(၁၁) ဆေးဝါးတွေ ခန္ဓာကိုယ်မှာ စုပုံခြင်းကို ဖယ်ရှားထုတ်ပစ် နိုင်လို့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကို နည်းစေပါတယ်။ အဆိပ်အတောက်တွေကို ပျက်ပြယ်စေပါတယ်။ အသည်းသန့်စင်စေလို့ အသည်းရောဂါ ရှိသူတွေအတွက် အရမ်းကောင်းမွန်ပါတယ်။ ဆီးချိုရှိသူတွေ ပုံမှန်မှီဝဲသွားရင် သွေးတွင်းသကြားပမာဏ (blood sugar level) ကို ပိုမို ထိန်းသိမ်းနိုင်လာတာ တွေ့ရပါတယ်။



အဆိပ်ဓာတ်ငွေ့ ကာဘွန်မိုနောက်ဆိုဒ် (Carbon Monoxide) ရဲ့ အဆိပ်အာနိသင်ကို အနည်းဆုံးအထိ လျှော့ချ ပေးနိုင်ပါတယ်။
(၁၇) ခဲ (Lead) ၊ စိန်ဖြူခေါ် အာဆင်းနစ် (Arsenic) ၊ ပြဒါး (Mercury) စတဲ့ အဆိပ်သတ္တုများကို ခန္ဓာကိုယ်ထဲကနေ ထိရောက်စွာ ဖယ်ရှားပေးနိုင်ကြောင်း တွေ့ရပါတယ်။

(၁၈) သာလစီးမီးယား (Thallasemia) ၊ ဟေမိုဖေးလေးယား (Haemophillia) စတဲ့ သွေးနဲ့ ပတ်သက်တဲ့ ရောဂါများ အားလုံးအတွက် အထူးကောင်းမွန်တယ်လို့ ဆိုပါတယ်။

(၁၉) ဓာတ်တိုးဆန့်ကျင်စွမ်းရည် (Antioxidant Property) ရှိတဲ့ ဂျုံမြက်နုဟာ ဆဲလ်များ ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပြီး အိုမင်းခြင်းကို အထူးနှေးကွေးစေ ပါတယ်။

ဂျုံမြက်နု၏ ဘေးထွက်ဆိုးကျိုးများ

လူတချို့မှာ ရှားရှားပါးပါး အနေနဲ့ ဂျုံမြက်နုနဲ့ မတည့်တဲ့ အတွက် စားသုံးလိုက်ရင်


(၁) ပျို့တက်ခြင်း (ဒီလိုမဖြစ်အောင် တခြားအစားအစာတွေနဲ့ ဝေးဝေး သုံးဆောင်သင့်ကြောင်း ပညာရှင်များ ညွှန်ကြားထားပါတယ်)
(၂) ခေါင်းကိုက်ခြင်း (ဒီလိုဖြစ်ရင်လည်း အရမ်း ထိတ်လန့်ကြောက်ရွံ့စရာ မလိုပါဘူး။ သင့်ခန္ဓာကိုယ်ထဲက အဆိပ်အတောက်များကို ဂျုံမြက်နုက ဖယ်ရှားနေတဲ့ အတွက် ပျို့တက်ခြင်း၊ ခေါင်းကိုက်ခြင်းတွေ ခဏလောက် ခံစားရတာ ဖြစ်ပါတယ်။ သူ့အလိုလိုပဲ ပြန်ကောင်းသွားပါတယ်)

(၃) ပထမဆုံးအကြိမ် စသောက်သောက်ချင်းမှာ ဒါမှမဟုတ် အလွန်အကျွံ သောက်လိုက်မိရင်တော့ ၀မ်းလျှောတတ်ပါတယ်။
(၄) ဓာတ်မတည့်ခြင်း (အရေပြားမှာ အဖုအပိန့်များထွက်ခြင်း၊ အသက်ရှူကျပ်ခြင်း စတာတွေလည်း ဖြစ်နိုင်ပါတယ်။ များသောအားဖြင့် ဂျုံမြက်နု ထုတ်လုပ်ရာမှာ မသန့်ဘဲ မှိုပါလာလို့ ဖြစ်ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဘေးထွက်ဆိုးကျိုးတွေဟာ စိုးရိမ်ရလောက်တဲ့ အနေအထားတော့ မရှိပါဘူး)

အေးချမ်းမွန်မှ မြ၀တီသတင်းတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီသတင်း
ကင်ဆာရောဂါတွေ ပျောက်ကင်းစေတဲ့ ဂျုံမြက်နုဆေးပင် ဆိုပြီး သတင်းစာမျက်နှာ တွေပေါ်မှာ အခုတလော တော်တော်လေး တွေ့နေရပါတယ်။ လက်ရှိ ဒီဆေးဘက်ဝင် အပင်ကို ပြည်တွင်းမှာ ပထမဦးဆုံး စတင် ဖြန့်
ချိတာ တစ်နှစ်လောက် ရှိသွားပြီ ဖြစ်တဲ့

FAME ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းကနေ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ဟောပြောပွဲတစ်ခုမှာ ကင်ဆာရောဂါတွေကို ခုခံတိုက်ဖျက်ဖို့ အကောင်းဆုံး ဆေးတစ်မျိုး ဖြစ်တယ်လို့ FAME ရဲ့ မန်နေးဂျင်းဖြစ်သူ အင်္ဂလန်မှ Alternative Medicine (ခေတ်သစ်သဘာဝဆေးပညာ) ဘာသာရပ်နဲ့ ပါရဂူဘွဲ့ ယူလာ သူ ဒေါက်တာခင်မောင်လွင်မှ ပြောကြားသွားခဲ့ပါတယ်။

နောက်ကွယ်မှ ကြိုးကိုင်သူ . . . ဘယ်သူလဲ( ဦးကျော်စိန် (ပညာရေး-ငြိမ်း))




844
အောက်တိုဘာလ ၂၄ရက်က ပရိန်ကျေးရွာ မီးလောင်မှုကို တွေ့ရစဉ်
ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက် (၁/၂၀၁၂) အရ “ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ်ပဋိပက္ခ တွင် နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများလည်း ရှိနေကြောင်း သိရသဖြင့်” ဟု ဖော်ပြပါရှိပါသည်။
ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခသည် ရာဇ၀တ်မှုတစ်ခုကို အကြောင်းပြု၍ တစ်စ တစ်စကျယ်ပြန့်လာခြင်း ဖြစ်ကြောင်း၊ အများသိပြီးဖြစ်ကြပါသည်။ ရခိုင် နှင့် မွတ်ဆလင်ပဋိပက္ခဟု ဆိုဆို၊ ဗုဒ္ဓ ဘာသာနှင့် အစ္စလမ်ပဋိပက္ခဟု ပြောပြော အရေးအခင်းကာလအတွင်း သေဆုံး၊ ထိခိုက်ဒဏ်ရာရသူ အရေအတွက်မှာတိုး၍သာ လာနေပါသည်။ အကြမ်းဖက်မှုများ ကြီးလာနေပါသည်။

ဆက်သွယ်ရေးဝန်ဆောင်မှုကို ပုဂ္ဂလိကသို့ ချထားရာတွင် နောက်ထပ် Operator နှစ်ခုကိုသာ ခွင့်ပြုပြီး ယှဉ်ပြိုင်မည်

Photo: ဆက်သွယ်ရေးဝန်ဆောင်မှုကို ပုဂ္ဂလိကသို့ ချထားရာတွင် နောက်ထပ် Operator နှစ်ခုကိုသာ ခွင့်ပြုပြီး ယှဉ်ပြိုင်မည် 

Sunday, 28 October 2012 11:59

နိုင်ငံတော်နှင့် ပုဂ္ဂလိက ပူးပေါင်းပိုင်ဆိုင်သည့် ရတနာပုံတယ်လီပို့ ကုမ္ပဏီအား အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ရတနာပုံတယ်လီပို့ ကုမ္ပဏီကို နိုင်ငံတော်မှ ၅၁ ရာခိုင်နှုန်းနှင့် ပုဂ္ဂလိကမှ ၄၉ ရာခိုင်နှုန်းအချိုးဖြင့် ပိုင်ဆိုင်ခြင်းဖြစ်ပြီး ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများလုပ်ကိုင်သည့် အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းများ ထုတ်ပြန်ချက်များအရ သိရသည်။

ယင်းအပြင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းများကို အပြိုင်ဝန်ဆောင်မှု ပေးရန်အတွက် ပုဂ္ဂလိကအား ဖိတ်ခေါ်ရာတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ရွေးချယ်ချထားပေးသော Operator ကုမ္ပဏီတစ်ခု၊ နှစ်ခုဖြင့် ယှဉ်ပြိုင်လုပ်ကိုင်မည်ဟု ဖော်ပြထားသည်။

လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံး၏ ဆက်သွယ်မှုကဏ္ဍအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံတယ်လီပို့မှ အဓိက စီမံလုပ်ကိုင်လျက် ရှိသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုသည် အာဆီယံနှင့် အိမ်နီးချင်း နိုင်ငံများဖြင့်ယှဉ်လျှင် ၁၀ နှစ်မှ ၁၅ နှစ်အထိ နောက်ကျကျန်နေခဲ့သည်ဟု ဖော်ပြထားသည်။

“ရတနာပုံတယ်လီပို့ကို အများပိုင်အဖြစ် ပြောင်းမယ်။ အခု မြန်မာ့ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေက အိမ်နီးချင်းနိုင်ငံတွေထက် ၁၅ နှစ်လောက် နောက်ကျကျန်နေတယ်။ ဒါကိုပြောင်းလဲဖို့နဲ့ လက်ဝါးကြီးအုပ် မဖြစ်ဖို့ ပုဂ္ဂလိကတွေ များများဝင်ပြီး ယှဉ်ပြိုင်လုပ်ကိုင်ရင် အများပြည်သူလည်း ပိုသက်သာခွင့် ရမှာပေါ့။ အခု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ ရတနာပုံတယ်လီပို့နှစ်ဦးနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ရွေးချယ်ခွင့်ပြုမယ့် Operator တစ်ခု သို့မဟုတ် နှစ်ခုနဲ့ ပြိုင်လုပ်မယ်လို့ စာတမ်းမှာ ဖော်ပြထားတယ်ဆိုတော့ အများဆုံးမှ နောက်ထပ်ယှဉ်ပြိုင်မယ့် ကုမ္ပဏီက နှစ်ခုပဲ အများဆုံးလုပ်ခွင့်ရမယ့် အနေအထား ရှိလာနိုင်တယ်။ ယှဉ်ပြိုင်တယ်ဆိုတာက များလေပိုတိုးတက်လေပဲ။ အကွဲကွဲအပြားပြား မဖြစ်အောင် ကိုယ့်နိုင်ငံစံနှုန်းတစ်ခုတော့ ထားပြီးယှဉ်ပြိုင်ရမှာပေါ့။ ဒါက Operator ကိုပဲနှစ်ခုပေးမယ်၊ ကျန်တဲ့ဟာကိုတော့ ကဏ္ဍအလိုက်ပြန်ပြီး ပုဂ္ဂလိကကို လွှဲဖို့လည်း ရှိနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် လုပ်မယ်ဆိုရင်တော့ တစ်ကယ်လုပ်နိုင်တဲ့ ကုမ္ပဏီအများစုကို ချထားရင် ပိုကောင်းပါတယ်။ ဥပမာ- ဟန်းဆက်ကို တကယ်စက်ရုံတည်ထောင်ပြီး ထုတ်လာတဲ့ကဏ္ဍတွေပါ အပါအ၀င်ပေါ့” ဟု စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပြင်ဦးလွင်မြို့နယ်ရှိ ရတနာပုံတယ်လီပို့ကို ဖွင့်ပွဲအခမ်းအနားတွင် တွေ့ရစဉ်

အေးချမ်းမွန်မှ Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : Eleven Media Group
နိုင်ငံတော်နှင့် ပုဂ္ဂလိက ပူးပေါင်းပိုင်ဆိုင်သည့် ရတနာပုံတယ်လီပို့ ကုမ္ပဏီအား အများပိုင်ကုမ္ပဏီအဖြစ် ပြော
င်းလဲမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ရတနာပုံတယ်လီပို့ ကုမ္ပဏီကို နိုင်ငံတော်မှ ၅၁ ရာခိုင်နှုန်းနှင့် ပုဂ္ဂလိကမှ ၄၉ ရာခိုင်နှုန်းအချိုးဖြင့် ပိုင်ဆိုင်ခြင်းဖြစ်ပြီး ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများလုပ်ကိုင်သည့် အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းများ ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာ-ထိုင်းနယ်စပ်မှ တစ်နှစ်လျင် အနည်းဆုံးအမေရိကန် ဒေါ်လာ ၁.၄ ဘီလျံကျော်ဖိုး မှောင်ခိုကုန်သွယ်နေ



 thn-10-28-7
မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်အား အသုံးပြုကာ ထိုင်းနိုင်ငံဘက်မှ ကုန်စည်များအား တရားမ၀င်ကုန်သွယ်လာစဉ်

မြန်မာ-ထိုင်းနယ်စပ်မှ တစ်နှစ်လျင် အနည်းဆုံးအမေရိကန် ဒေါ်လာသန်း ၁၀၀၀ ကျော်ဖိုးကို မှောင်ခိုကုန်သွယ်နေကြောင်း မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးကိန်းဂဏန်းများနှိုင်းယှဉ်ချက်အရသိရသည်။
မှောင်ခိုလျော့နည်းပြီး တရား ၀င်လမ်းကြောင်းပေါ်ရောက်ရှိရေးအတွက် စီမံလုပ်ဆောင်ရာတွင် နှစ်ဖက်အမှန်ကိန်းဂဏန်းများရရှိရန်နှင့် မည်သည့်ကုန်စည်များကိုအဓိကကုန်သွယ်နေကြောင်း သိရှိရန်အတွက် ထိုင်းနိုင်ငံဘက်မှ ကုန်သွယ်မှုကိန်း ဂဏန်းအမှန်များ တောင်းယူရာတွင် လွယ်ကူစွာ ပေးလေ့ရှိသော်လည်း တရုတ်နိုင်ငံဘက်မှမူ တောင်းယူရ ခက်ခဲကြောင်းလည်း သိရှိရပါ သည်။

မင်းဆရာဟောင်း လွှတ်တော်အမတ်နဲ့ အင်တာဗျူး

Photo: မင်းဆရာဟောင်း လွှတ်တော်အမတ်နဲ့ အင်တာဗျူး

ဦးမင်းမျိုးတင့်လွင်က မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို ကိုယ်စား
ပြုပြီး၂၀၁၀ ရွေးကောက်ပွဲမှာကရင်ပြည်နယ် ကော့ကရိတ်ဒေသကနေ
ရွေးကောက်ခံရသူပါ။အခုတော့ အမျိုးသားလွှတ်တော်တက်တဲ့ အမတ်တဦး
ဖြစ်နေပါပြီ။သူက သူ့ဒေသမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်သူအဖြစ် ထင်ရှားပါတယ်။ စစ်အစိုးရခေတ်ဝန်ကြီးတချို့အတွက် အောင်မြင်ကြောင်း ယတြာတွေ စီရင်ပေးဖူးသူလည်း ဖြစ်ပါတယ်။ ဦးမင်းမျိုးတင့်လွင်နဲ့ မကြာ
သေးခင်က ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ တွေ့ပြီး ပြောဆိုဖြစ်တာတွေထဲက
ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

အမျိုးသားလွှတ်တော်က ဘာတွေ လုပ်ရလဲ။ အရပ်သားတယောက် နား
လည်အောင် ပြောပြပါအုံး။အရပ်သားတယောက် နားလည်အောင် ပြော
ရရင် - ဥပမာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဆိုတာ မွန်တခြမ်းရှိတယ်၊ ကရင်တခြမ်းရှိတယ်၊ မွန်တွေက တောင်ပိုင်းမှာ၊ ကရင်တွေက မြောက်ပိုင်းမှာ
ရှိတယ်။ ဒီဒေသမှာ အစိုးရများတယ်။ DKBA လည်းရှိတယ်၊ မွန်ပြည်သစ်
ပါတီလည်း ရှိတယ်၊ မွန်ပြည်သစ်ပါတီကနေ ငြိမ်းချမ်းရေးနဲ့လက်နက် လဲပြီး ပြည်သူ့စစ်လုပ်နေသူလည်း ရှိတယ်၊ ဆိုတော့ ကျနော်တို့မှာ မမေး
သုံးချက် မေးသုံးချက်လို့ ပြောရင် ရတာပေါ့။ ဘောင်းဘီရှည်ဝတ်လာရင် 
အကုန်ကြောက်နေရတယ်။

မမေးသုံးချက် မေးသုံးချက်ဆိုတာ ဘာကိုပြောတာလဲ။လွန်ခဲ့တဲ့ စစ်အစိုးရ
ခေတ်ကပါ။ ဥပမာ - စစ်ကြောင်းဝင်လာတယ်၊ ကျနော်တို့ငယ်တုန်းက ၆၂ ဆိုရင် မုဒုံတပ်ပေါ့။ သူတို့ အချင်းချင်းလည်း သိနေကြတယ်၊သူပုန်နဲ့အစိုးရနဲ့၊ 
လယ်သမားကို သူပုန်မတွေ့ဘူးလားလို့ သုံးချက် ပေးပြီး မေးတယ်၊ မတွေ့
ပါဘူး ပြောရင် ဟ - ခုနကပဲ ဖြတ်သွားတာ မဟုတ်ဘူးလား၊ ဒါ စစ်ဖိနပ်
ခြေရာ မဟုတ်ဘူးလား ဆိုပြီး သုံးချက် ပြန်ထိပြန်တယ်။ ရှိပါတယ် ပြောရင်
လည်း မင်းက ဘာကြောင့် ငါ့အကြောင်းမကြားတာလဲဆိုပြီးသုံးချက် ပြန်ထိ
ပြန်တယ်။ ရှိတယ်လည်း ပြောလို့ မရဘူး၊ မရှိဘူးလည်း ပြောလို့ မရဘူး၊ ဘာပြောလို့ ပြောရမှန်း မသိဘူး၊ အဲဒါကြောင့် စစ်သားမြင်ရင် ပြေးရော။

၆၂ ဆိုတာ တပ်ရင်း ၆၂ ကို ပြောတာလား။၆၂ တပ်ရင်းဆိုတာ ဟိုတုန်းက လှုပ်ရှားတပ်၊ ခလရ။ အခုတော့ ပြည်သူ့စစ်မဟာစီမံကိန်းနဲ့ကျတော့ ၅၄၆၊ ၅၄၅ လက်အောက် ရောက်သွားတာပေါ့။ ကရင်ပြည်နယ်ထဲ ရောက်
သွားတာ။

အဲဒါတွေ ဖြစ်ခဲ့တော့ အဲဒီလို ကြုံခဲ့တော့ ခံရပါများတော့ ကြောက်လာတယ်၊ 
ကိုယ်လည်း ဖွံ့ဖြိုးချင်တယ်၊ ဘယ်သူ့ကိုမှလည်း မယုံရဲတော့ဘူး၊ အာဏာရှင်
ဆိုတာကို မယုံရဲတော့ဘူး၊ ငါတို့ ဘာလုပ်ရင် ကောင်းမလဲ၊ ကဲ - ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးမှပဲ ဖြစ်တော့မယ်၊ သက္ကရာဇ် ၂၀၀၀ နောက်ပိုင်းတော့ (ငြိမ်းချမ်းရေးယူတဲ့) မွန်ပြည်သစ်ပါတီက အရှိန်ရလာတယ်၊ မော်လမြိုင်
ကနေ ကရင်ပြည်နယ်အထိ ရောက်အောင် ကားလမ်းဖောက်တယ်၊ မွန်ပြည်သစ်ပါတီ နဲ့ ကျနော်တို့ ဒေသခံ အင်အား စုပေါင်းပြီးတော့ - တအိမ် လူဘယ်လောက် ထွက်ရမယ်ဆိုပြီး လုပ်ကြတယ်။ ကိုယ့်အားကိုယ်ကိုးဆိုတဲ့
ပုံစံမျိုးလည်း တပိုင်း ပါတာပေါ့။ လမ်းဖောက်တော့ ကရင်ပြည်နယ် နယ်စပ်
ရောက်သွားတယ်။ ကော့ဘိန်းဒေသကို ရောက်သွားတယ်။ ကျနော်တို့
အောင်မြင်သွားရင် မိုင်တရာကျော်ကို ပတ်စရာ မလိုတော့ဘူး။ မော်လမြိုင်
ကနေ ကျုံဒိုး ကော့ကရိတ် သွားမယ် ဆိုရင် မိုင်း ၇၀၊ ၈၀ ကျော် ပိုသွား
လိမ့်မယ်။ ကျနော်တို့ဆီက ဖြတ်မယ် ဆိုရင် ၂၆ မိုင်နဲ့ ရောက်မယ်။
အခု အခက်အခဲ ဖြစ်နေတာက ကတ္တရာလမ်းခင်းပြီးတာ ၁၃ မိုင် ၆ ဖာလုံ ရှိတယ်၊ ကျောက်ကြမ်းလမ်းက ၅ မိုင်လောက် ရောက်နေပြီ၊ မြေသားညှိပြီး
ပြန်ဖောက်ရမယ့်လမ်းရှိတယ်၊ သို့သော်လည်း တံတား ၂ ခု ပြဿနာ ရှိတယ်၊
ကျုံဒိုးတံတား နဲ့ ကော့ကရိတ် တံတား။ တံတားက ပေ ၂၀၀၊ ၂၄၀ေ လာက် ရှိတော့ ကိုယ်ထူကိုယ်ထလည်း မလုပ်နိုင်ဘူး။

အဲဒီအခက်အခဲ ဘယ်လို ဖြေရှင်းနိုင်မလဲ။ဒီတပတ်လွှတ်တော်မှာ ကျနော် တံတားတခု တောင်းမလားလို့ အစီအစဉ် တခုဆွဲထားတယ်။

အဲဒီလို လွှတ်တော်မှာ အရေးဆိုဖို့က ဒေသခံလူထုနဲ့ ညှိသလား၊ ပါတီနဲ့ ညှိသလား။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဆိုပေမယ့် ကျနော်တို့ ဒေသက ကရင်ပြည်နယ်ထဲ ရောက်နေတယ်။ မွန်ပြည်နယ်အစိုးရကလည်း ကျနော့်ကို ဘယ်လိုမှ မကူနိုင်ဘူး။ ကျနော်တို့က ကြားညှပ်တယ်။ အကူအညီတခု ကရင်ပြည်နယ်ကို ပေးမယ် ဆိုရင် ကျနော်တို့ မွန်ဒေသက မရဘူး။ မွန်ပြည်နယ်ကို ပေးရင် ကရင်ပြည်နယ်မှာရှိသောမွန်တွေ မရဘူး။
အဲဒါကြောင့် ကျနော်ပြောတဲ့ မမေး သုံးချက်၊ မေးသုံးချက်နဲ့။ ဖားလိုပေါ့၊ ရိုက်ပါများတော့ ဖောင်း ဖောင်း ဖောင်း ဖောင်းလာတယ်။ လက်ရှိ
ကျနော့်ဒေသကို ဘယ်လောက် လုပ်ထားလဲ ဆိုရင် ရန်ကုန်မြို့မီးလာရင် ကျနော့်ဒေသ မီးလာတယ်၊ မဟာဓာတ်အားလိုင်းရောက်တယ်၊ တအိမ် ၇ သိန်းလောက် ကောက်ပြီးတော့ ရွာပေါင်း ၃၀ ကျော်နဲ့ ဖောက်ပြီးတော့ ကျွန်းတိုင်ကနေ ကွန်ကရစ်တိုင် ဖြစ်အောင် ပြီးကုန်ပါပြီ။

ပြီးတော့ လူနာတင်ယာဉ် နာရေးယာဉ်တွေ ရှိတယ် မီးသတ်ကား ဆိုလည်း ၄ စီးလောက် ရှိတယ်။

အဲဒါတွေ ဘယ်ကာလမှ စပြီး ရှိတာလဲ။၂၀၀၂/၃ လောက်မှာ ကျနော်တို့
ရွာက ရှို့မီးရော ပေါ့ဆမီးရော ခဏခဏ လောင်တဲ့တယ်။ အဲဒီကာလ
ဗိုလ်ချုပ်စစ်မောင် လေယာဉ်ပျက်ကျလို့ ဆုံးတယ်၊ အဲဒီနေရာမှာ အခု ရန်ကုန်ဝန်ကြီးချုပ်ဖြစ်နေတဲ့ ဦးမြင့်ဆွေက ယာယီ ရောက်လာတယ်။ မင်းတို့ ဘာအခက်အခဲ ရှိသလဲ မေးတယ်၊ အခက်အခဲကတော့ဗျာ - မီးသတ်ကားတစီး လိုချင်တယ်။ တပတ်လောက်နေတော့ ကျနော့်ဆီ ဖုန်းဆက်လာတယ်၊ မီးသတ်ကား ရန်ကုန်တက်ယူပါ၊ TE 11 ဆို ဘယ်လောက်ကျမယ်၊ အလကားရတဲ့ကားဆို ဘယ်လောက်ကျမယ် တဲ့။ ကျနော်တို့ အလကားရတဲ့ကားပဲ ယူပါ့မယ်၊ အဲဒီအချိန်က (သိန်း) ဆယ်ငွေလောက်တော့ ကုန်တာပေါ့။ ဒီတော့ ပြန်လာပြီး ဟေ့ ငါ မီးသတ်ကားတော့ ရလာခဲ့ပြီ၊ ဘယ်လိုလုပ်ရမလဲ ဆိုပြီး ရွာတပတ် ပတ်လိုက်တယ်။ အလှူငွေတွေ အများကြီး ရတယ်။ မီးသတ်ကားရုံတွေ
ဆောက်ဖို့၊ ကားထိန်းသိမ်းဖို့ ၊ သင်တန်း ပြန်ပေးဖို့ ဖြစ်လာတယ်။ 
ကျနော့်ရွာ စဖြစ်ပြီ ဆိုတော့ ကျန်တဲ့ရွာတွေကလည်း နေလို့ မရတော့ဘူး။ သူ့ဟာသူ ဖြစ်လာတာပေါ့။

တိုင်းမှူးကြီး၊ ကားကို အလကား မယူတော့ပါဘူး၊ မဲဆောက် တက်ဝယ်
ပါ့မယ်၊ ခွင့်ပြုပါ။ အဲဒီ လိုင်းလေးတလိုင်း ပေါက်လာတယ်။ သံဃာတော်
အရေးအခင်း ပြီးပြီး နောက်ပိုင်း ၂၀၀၇/၈ မှာ ကျနော် နာရေးကူညီမှုယာဉ် စ ထောင်တယ်။ လိုင်စင်မဲ့ကားတွေ ပေါတော့ ဆယ်သိန်း၊ ဆယ့်ငါးသိန်း
လောက်နဲ့ ၀ယ်တယ်၊ ၀ယ်ပြီးတော့ တိုင်းမှူးဆီ သွားတယ်၊ ကျနော် နာရေး
လုပ်မယ်၊ ဒါကို ခွင့်ပြုပါ။ အေး - မင်းတို့ မှောင်ခိုပစ္စည်း လုံးဝ မတင်ပါနဲ့။ မတင်ဘူး၊ တင်ရင် ကျနော့်ကို အရင်ဆုံး ဖမ်း။ တစီး စလုပ်တယ်။ အခု ၆ စီး၊ ၇ စီး ဖြစ်ကုန်ပြီ။

နာရေးကားလည်း ရပြီ၊ မီးရှို့ သင်္ဂြိုဟ်မယ့် နေရာက မရှိဘူး၊ ရွာဦးကျောင်း
ဆရာတော်က ဘန်ကောက်သွားတော့ ဘုန်းကြီးကျောင်းတွေမှာ သင်္ဂြိုဟ်
စက်တွေ ရှိတယ်ဗျာ၊ (သိန်း) ၁၀၀၊ ၂၀၀ ကုန်ရင် ရတယ်၊ ငါလှူမယ် ဆိုပြီး အလောင်းတင်တဲ့စင်တွေ ၀ယ်ချပြီးတော့ လက်သမားဆရာခေါ်ဆောက်ပြီး သင်္ဂြိုဟ်စက်ဆင်ပြီး ရွာကို လှူလိုက်တယ်။

မွန်တွေ နေတဲ့ ကော့ကရိတ်မြို့နယ် တောင်ဘက်ခြမ်း ဒေသ ကျဉ်းကျဉ်း
လေးကို ပြောတာ။ ဒါက ကျနော်တို့ ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကို
ပြောပြတာပါ။ အဲဒီအချိန်တုန်းက နိုင်ငံရေး လုပ်ရမှန်း မသိသေးဘူး။

အဲဒီဒေသအတွက် ကားက ဒီလောက်အရေအတွက် လိုအပ်သလား။
လိုတာတော့ မဟုတ်ဘူး၊ ကားဈေးက ပေါနေတယ်၊ သွားလို့လည်း ရနေတယ်၊ လိုင်စင်မဲ့ကားတွေ။ အိမ်ခြေ တရာလောက်ရှိတဲ့ရွာကလည်း ပိုက်ဆံတတ်နိုင်ရင် ကျနော်တို့ဆီ လာတယ်၊ ကျနော်တို့က ဒီကားနံပတ်ကို မပြောင်းရဘူး၊ အင်ဂျင်နံပတ် ဘာညာကို ကျနော် မော်လမြိုင်မှာ သွားချိတ်ဆက်ပေးလိုက်တယ်။

ဦးမင်းမျိုးတင့်လွင်ရဲ့ ဇာတိဒေသအကြောင်း ပြောပြပါအုံး။ ကျနော်
ငယ်ဘ၀ ကော့ဘိန်းရွာမှာပဲ နေခဲ့တာ။ မိဘ ဘိုးဘွား အစဉ်အဆက်ကတော့
သမားတော်မျိုးရိုးတွေ။ ကျနော် ဆယ်တန်းဖြေတော့ မှောင်ခိုခေတ် ခေါ်
မှာပေါ့။ အဲဒီအချိန် ကော့ဘိန်းဆိုတာ တံခါးဝပဲ၊ ကော့ဘိန်းကို ဖြတ်မှ မဲဆောက်ကို ရောက်တာ။ ဘုရားသုံးဆူကို ရောက်တာ။ လမ်းက အဲဒီမှာပဲ။ လမ်းဆုံပေါ့။ ဆယ်တန်းဖြေချိန်မှာ ဆယ်တန်း မအောင်ဘူး။ အဲဒီအချိန် ပိုက်ဆံရှာဖို့ သိပ်လွယ်တယ်၊ တရက်ကို ရွှေ နှစ်ကျပ်သားတောင် ရနိုင်တယ်၊ ပညာရေး စိတ်မ၀င်စားတော့ဘူး။ ကုန်သည်ယောင်ယောင်၊ ဘာယောင်ယောင်၊ ကျောင်းသားယောင်ယောင်။ မိဘကလည်း တတ်နိုင်တော့ အဲဒီလို အီးယောင်ဝါး ဖြစ်သွားတာပေါ့။ နောက်တော့ အိမ်ထောင်ကျပြီး ရွာမှာ ဆက်နေတယ်၊ မီးဆက်လောင်တယ်၊ ၈၈ အရေးအခင်းကြုံတယ်၊ လူကယ်ရီပို့တယ်၊ ကျောင်းသားတွေ လာသမျှ အကုန်လုံး အဆက်အသွယ် လုပ်လာရင် သွားချင်တဲ့နေရာ ပို့ပေးလိုက်တယ်၊ ၈၉ ကျတော့ မိသားစုစီးပွားရေး စကျတယ်၊ ကံဆိုးချင်တော့ ရွာက မီးလောင်တယ်၊ ဗီဒီယိုပြတဲ့ လုပ်ငန်း လုပ်တော့ အောက်စက် သူခိုးခိုးခံရတယ်၊ နွား ၂ ကောင်ရောင်းပြီး အောက်စက် သွားဝယ်တာ ဖားကန့်ကို ရောက်သွားတယ်။ ၁၉၉၁ မှာ ကျနော် ဖားကန့်ရောက်နေပြီ။ ၁၉၉၂ မှာ စဘော့ အရေးအခင်းဖြစ်တယ်။ ဘိန်းစားတွေကို ကေအိုင်အေက သတ်တာလေ။ ကျနော့် မျက်စိရှေ့တင်ပဲ။ ကျနော်ကတော့ ကျင်းသားပေါ့၊ ကျောက်တူးတဲ့လူ။

စဘော့ ဆိုတာ ဘာလဲ။
စဘော့ ဆိုတာ ချောင်းနာမည်။ အဲဒီဒေသမှာ ဖြစ်လို့ စဘော့အရေး
အခင်း ခေါ်တာပေါ့။ ဘိန်းစားရော၊ ရောင်းဝယ်တဲ့သူရော အယောက် ၄၀ ကျော်။ မူးယစ်ဆေးဝါးပပျောက်ရေး ပုံစံမျိုးနဲ့ ခပ်ကြမ်းကြမ်း ကိုင်လိုက်တဲ့အချိန်ပေါ့။ တချို့ မသေဘူး၊ ရေထဲ ကူးလို့ရရင် ခေါင်းကို မှန်အောင် ထပ်ပစ်ရတယ်။ အဲဒါပြီးနောက်ပိုင်း သူတို့လည်း ဝေဖန်ခံ
ရတယ်။ ဆက်မလုပ်တော့ဘူး။

သက္ကရာဇ် ၂၀၀၀ မှာ ပြန်မွဲသွားတယ်။ ကျောက်လောကမှာ အလုပ်မဖြစ်တော့ဘူး၊ ဦးပိုင်တို့၊ အထူးဒေသ ၁၊ ၂၊ ၃ တွေ ၀င်လာတာပေါ့။ ဟိုတုန်းက ကျင်းတကျင်းကို ၃ သိန်းနဲ့ ယူပြီး၊ ကေအိုင်အေနဲ့ ပူးပေါင်းပြီး ယူလို့ရတယ်။ နောက်ပိုင်းတော့ ကျင်းတကျင်းကို သိန်း ၇၀၀ လောက်နဲ့ တရုတ်တွေက ဆွဲသွားတယ်။ ဆိုင်းဘုတ် လာကပ်တယ် - ဦးပိုင် - ၁။ ည ၁၂ နာရီကျော်ရင် အကုန်ရွှေ့၊ မရွှေ့ရင် သူ့ဟာပဲပေါ့။ မယှဉ်နိုင်တော့ဘူး။ မယှဉ်နိုင်တော့ ကျနော်လည်း စ မွဲလာတာပေါ့။ စိတ်ပျက်ပြီး မန္တလေး ပြန်လာပြီး ပွဲစား၊ ကျောက်သမား လုပ်တယ်။

အဲဒီအချိန်မှာ ဗေဒင်ပညာနောက် လိုက်တယ်။ လျှောက်ပြီးတော့ ဘုရားတည်
တယ်၊ ကျောင်းဆောက်တယ်။ ရေး(မြို့)ကို ရောက်သွားတယ်။ ရေးကို မွန်ပြည်နယ်ထဲ ရှိပေမယ့် တခါမှ မရောက်ဖူးဘူး၊၁၃ နှစ် ကိုရင်တပါးက
ဆွမ်းမစားဘူး ဆိုတော့ ထူးဆန်းတယ် ဆိုပြီး ကျနော် သွားလေ့လာတယ်။ အလိုတော်ပြည့်ဆရာတော်ဘုရား - ပုဂံ မှာလည်း ကျနော် နေဖူးတယ်၊ သာမညတောင်ဆရာတော်ဆီမှာလည်း နေဖူးတယ်။ စိတ်ထဲ ဖြစ်လာတာက ကျနော့်ဘ၀မှာ လုပ်တာ ကုန်သွားပြီ၊ လေ့လာသင်ယူစရာ ဘာရှိသေးလဲ၊ အဲဒီအချိန်မှာ တောရကျမ်းရယ်၊ ဗေဒင်ကျမ်းရယ် ၂ အုပ်၊ စာတိုက်ကနေ ဦးခင်ညွန့်ဆီ ပို့လိုက်တယ်၊ တပတ်လောက်နေတော့ လာခေါ်တယ်၊ ဦးခင်ညွန့်နဲ့ မတွေ့ရပါဘူး၊ သစ်တောဝန်ကြီး ဦးသိုက်ထွန်းနဲ့ ရန်ကုန် မြေပဒေသာကျွန်းမှာ ကျနော်တို့နဲ့ တွေ့တယ်၊ ဆွေးနွေးတယ်။ မင်းဆရာ ဘယ်သူလဲ ဆိုတော့ - ဆရာဆိုလို့ ကျနော့်သူငယ်ချင်းပဲ ရှိတယ်၊ သူနဲ့ကျနော် ဒီကျမ်းကို ဖတ်ပြီးတော့မှ ငြင်းခုန် ဆွေးနွေးရင်းနဲ့ ဒါတွေကို သိမြင်လာတယ်။ လိုအပ်တယ်ထင်လို့ ပို့တာ၊ ကျနော်တို့ အကုန်လုံးလည်း မသိပါဘူး။
နိုင်ငံတော်မှာသုံးတဲ့ကျမ်းတွေ ရှိတယ်၊ နရပတိဇေယျစာရီကျမ်း မင်း တို့ရဲ့ အောင်မြင်ကြောင်း ယတြာ ဆိုတာ ပြတာပဲ၊ မောင်းထောင်ဆရာတော် ဘာသာပြန်ထားတဲ့ ဗမာမူ၊ ဘာမူ၊ ညာမူ ဒါ ဟုတ်သလား - မဟုတ်ဘူး...။
ဒါ ဟုတ်သလား - မဟုတ်ဘူး၊ မဟုတ်ဘူး...။
ကျမ်းကို ကျမ်းအတိုင်းပဲ ထားရမယ်၊ ဘာသာပြန်လို့ မရပါဘူး...။
အဲဒီယူဆချက် တခုတည်းနဲ့ကို ဟာ မင်းတို့ ဒီမှာပဲ နေတော့၊ မင်းတို့ ဘာလိုချင်လဲ၊ မင်းတို့ လခ လိုချင်သလား၊ ပေးမယ်၊ မင်းတို့ ယုံကြည်ရာ မင်းတို့လုပ်၊ သို့သော် ကျနော် မနေနိုင်ဘူး၊ ရွာပြန်တယ်။

ကျနော် ဒီကျမ်းတွေ တတ်ပြီး ဘယ်နေရာ ဘယ်လိုလုပ်ရမယ် ဆိုတာ သိလာပြီ ဆိုတဲ့ အချိန်မှာ လောကကြီးမှာ ဆင်းရဲဖို့လည်း မလိုဘူး၊ ချမ်းသာဖို့လည်း မလိုတော့ဘူး။ အဓိကက ကိုယ့်အတွက် အသုံးကျအောင် လုပ်တတ်ဖို့ပဲ လိုတော့တယ် ဆိုတာ သိလာတဲ့အခါမှာ ကျနော့် နယ်မြေဒေသမှာ မမေးသုံးချက် မေးသုံးချက်ဒေသမှာ ဖွံ့ဖြိုးတိုးတက်အောင် ကျနော် လုပ်တော့မယ်ဆိုပြီး ပြန်ချသွားတယ်။ မိသားစုတွေ ခေါ်ပြီး ရွာပြန်နေတယ်။ ၂၀၀၁။

မွန်ပြည်သစ်ကလည်း ၉၆ ကတည်းက ငြိမ်းချမ်းရေးယူပြီး ၀င်လာပြီ။ ကျနော်တို့ တွဲဖက်မိတယ်။ အခုလည်း ကျနော် ကျောက်လုပ်နေတာပဲ။ အခုလုပ်တာ ဇော်ဝမ်းကျောက်။ လမ်းခင်းကျောက်။

ရန်ကုန်မှာ ရုံးခန်းတွေ ဘာတွေနဲ့ ထားပေးတယ် ဆိုတော့ ဘာတွေ လုပ်ရတာလဲ။
ဘာမှ မလုပ်ရဘူး။ ကျမ်းတွေ ဆက်လေ့လာရုံပဲ။

သူတို့ကို ဘာတွေ အစီရင်ခံရသေးလဲ။
ဘာမှ အစီရင်ခံစရာ မလိုဘူး။ ဥပမာလေးတခု - သစ်တောဝန်ကြီးဦးသိုက်ထွန်းက နောက်နေ့ ပဲခူးကို သွားစရာရှိတယ်၊ သွားတွေ့ရမယ့် Donner တွေရှိမယ်၊ သူဌေးတွေ ရှိမယ်၊ လုပ်ငန်းရှင်တွေ ရှိမယ်၊ သစ်တောနဲ့ ပတ်သက်တာတွေ ပြောရမယ်။ အောင်မြင်လား မအောင်မြင်ဘူးလားလို့ မေးတယ်။ မေးတော့ ကျနော်တို့က ဖြေလိုက်တယ - မအောင်မြင်ဘူး။ ကျနော်တို့ကျမ်းအရ ဂြိုဟ်အရ နက္ခတ်အရ ကြည့်လိုက်တယ် - မအောင်မြင်ဘူး။ အောင်မြင်အောင် ဘယ်လိုလုပ်မလဲ - ဘာအရောင် ၀တ်သွား။ ၀တ်လို့ မရဘူး၊ ဒါက ဒါပဲ ဆိုရင် - ကဲ ဒီအရောင်နဲ့ သက်ဆိုင်တာ ဆနွင်းသုတ်သွား ညာဘက်လက်။ ပြီးရင် ဘာအက္ခရာလေးကို စပြောပါ။ ဒါဆို အောင်မြင်သလား ဆိုတော့ - မဟုတ်ဘူး၊ တမတ်ပဲ အောင်မယ်၊ ၃၀ ရာခိုင်နှုန်းပဲ အောင်မယ်။ ပြန်လာတယ် - ဟုတ်နေတယ်။ ဟုတ်နေရော ဆိုတော့ ကျနော်တို့ကို မလွှတ်တော့ဘူး။ ကြာတော့ ကျနော်တို့ ခေါင်းကိုက်လာတယ်၊ မနေတတ်တော့ဘူး။

ကျနော်တို့က လိုင်းကိုက မှားနေပြီ။ အဲဒီအချိန်က ကျနော်က အသက် ၄၀ ပဲ ရှိသေးတယ်။ သူတို့အတွက်တော့ ကျနော် အချိန်ကုန်မခံနိုင်ဘူးဗျာ။ ကျနော့်ရဲ့ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပဲ အချိန်ကုန်ခံတော့မယ် ဆိုပြီး ပြန်လာတယ်။

ဒီဝန်ကြီးတယောက်တည်းအတွက် လုပ်ရသလား၊ တခြားဝန်ကြီးတွေအတွက်ရော လုပ်ပေးရသလား။ သူတို့ကိုယ်တိုင် လာသလား။
အများကြီးပဲ။ သူတို့ကိုယ်တိုင် လာတယ်။

ဦးခင်ညွန့်ကိုယ်တိုင်ရော လာသလား။
တခါမှ သူနဲ့ မတွေ့ဖူးပါဘူး။ တခါမှ စကားမပြောဖူးဘူး။ အကြံဥာဏ်တွေလည်း မတောင်းဘူး။ 

ဦးခင်ညွန့်တို့စီစဉ်ပေးတဲ့ရုံးမှာ အတူထိုင်ဖြစ်တာ ဘယ်သူနဲ့လဲ။
သူက ပုဏ္ဏားပါ။ ဒီကျမ်းကို ရွှေတကျပ်သားနဲ့ ရောင်းပေးတယ်၊ အဲဒီအချိန်က။ ၁၉၉၈ လောက်မှာပေါ့။ သူက မန္တလေးက။ ဖားကန့်ကနေ မန္တလေးအရောက်မှာ ဗေဒင်ဆရာတွေကို တယောက်ပြီးတယောက် အိမ်ခေါ်သင်တယ်။ ကျနော့်ဦးနှောက်က ဆာနေတုန်းပဲ။ အာသာမပြေဘူး။ သူ့နဲ့တွေ့တော့ သူက သက်သက်မဲ့ ကျနော့်ကို လာပေးတာ။ တပြားမှ ပေးစရာ မလိုဘူး။ ပေမူကျမ်း ဆိုတာ တတောင်လောက် ရှိတဲ့ ပေမူပေါ့ဗျာ။ သူခိုး ငတက်ပြားရဲ့ ဘုရားကနေ ဌာပနာ ပြိုတော့ ရလာတယ်လို့ ဆိုတာပေါ့။

ဘယ်ဒေသက ငတက်ပြားဘုရားလဲ။
စစ်ကိုင်းဘက်က။ ရပြီးတော့ ကျမ်းကိုပြတော့ မိတ္တူကူး၊ ကျနော်လည်းဖတ် သူလည်းဖတ်။ ညနေတုန်း ငြင်းခုန်ဆွေးနွေးကြတယ်၊ ကျမ်းရဲ့ အယူအဆလေးတွေ။

အဲဒီကာလ ထင်ရှားတဲ့ မင်းသိင်္ခတို့နဲ့ ရော ..
လုံးဝ မအပ်စပ်ဘူး။ ကျနော်တို့နဲ့ လုံးဝ အဆက်အသွယ်လည်း မရှိဘူး။

လိုင်းမတူဘူးပေါ့။
လိုင်းလည်း မတူဘူး။ ကျနော်တို့တတ်တဲ့ကျမ်းက ဟောတဲ့ဟာ မရှိဘူး။ ခေါင်းလောင်းလိုပဲ တီးမှ မြည်တယ်။ မတီးရင် မမြည်ဘူး။
မေးမှ ဖြေလို့ရတယ်။ မမေးရင် ဖြေလို့ မရဘူး။ အမေးရှိသောအခါ၌ အဖြေရှိ၊ အမေး မရှိသောအခါ၌ အဖြေမရှိ။

လူတိုင်းကို ဟောလို့ ရသလား။
သာမန်လူကို ဟောရင် မှားတယ်ဗျ။ ဘုရင်တွေကို ဟောရင် မှန်တယ်။ ကျမ်းရဲ့အမည်ကိုက မင်းတို့ရဲ့ အောင်မြင်ကြောင်း ယတြာ - နရပတိဇေယျဇာခြည်။ သရဒွေးကျမ်း။

ဒီပညာတွေ ထပ်ပြီး လေ့လာဖြစ်သေးလား။
ရွာပြန်ကတည်း ဒါကို မေ့လိုက်တယ်။ ဒါဟာ ငါ့အတွက် အချိန် စောပါသေးတယ်ပေါ့။ ဘာကြောင့်လဲဆို လူကြားထဲ နေလို့မရတော့ဘူးဗျာ။ အရက်သောက် ဘီယာသောက်လို့လည်း မရတော့ဘူး။ လူတယောက်ဝင်လာပြီဆိုရင် သူ့အိတ်ထဲ ပိုက်ဆံဘယ်လောက်ပါလဲ ကျနော် သိနေတယ်။ သူ့မိန်းမနဲ့ စကားများလာသလား ဆိုတာ ကျနော် ကြိုသိနေတယ်။ ဒူးနာနေသလား ခေါင်းကိုက်နေသလား ကျနော် သိနေတယ်၊ ကျနော့်ဧရိယာ တလံ နှစ်လံ ပတ်လည် ၀င်လာပြီ ဆိုတာနဲ့။ မျက်စိပိတ်ထားလိုက်ရင် ကျနော် ပြောလို့ရတယ်။
လူတွေအကြောင်း သိပါများရင်လည်း လူတွေကြားမှာ နေရခက်လာတယ်။ သိပ်မကောင်းဘူးဗျ။

ဒီပညာကို ဘယ်ကာလမှာ ပြန်လေ့လာမလဲ။
ကျနော်က လောလောဆယ် မထင်မှတ်ဘဲ လွှတ်တော်ကိုယ်စားလှယ် ဖြစ်သွားပြီ၊ အနာဂတ်မှာလည်း လေ့လာဖို့ထက် တယောက်ယောက်ကို ပေးသွားဖို့ စဉ်းစားထားပါတယ်။ 

အေးချမ်းမွန်မှ ဧရာဝတီသတင်းတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ဧရာဝတီသတင်း
ဦးမင်းမျိုးတင့်လွင်က မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို ကိုယ်စား
ပြုပြီး၂၀၁၀ ရွေးကောက်ပွဲမှာကရင်ပြည်နယ် ကော့ကရိတ်ဒေသကနေ
ရွေးကောက်ခံရသူပါ။အခုတော့ အမျိုးသားလွှတ်တော်တက်တဲ့ အမတ်တဦး
ဖြစ်နေပါပြီ။သူက သူ့ေ
ဒသမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်သူအဖြစ် ထင်ရှားပါတယ်။ စစ်အစိုးရခေတ်ဝန်ကြီးတချို့အတွက် အောင်မြင်ကြောင်း ယတြာတွေ စီရင်ပေးဖူးသူလည်း ဖြစ်ပါတယ်။ ဦးမင်းမျိုးတင့်လွင်နဲ့ မကြာ
သေးခင်က ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ တွေ့ပြီး ပြောဆိုဖြစ်တာတွေထဲက
ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့ (သို့) အနှစ်သာရရှိရှိ ကုန်ဆုံးသင့်တဲ့နေ့

Photo: သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့ (သို့) အနှစ်သာရရှိရှိ ကုန်ဆုံးသင့်တဲ့နေ့
Sunday, October 28, 2012 

လာမယ့် (၃၀-၁၀-၂၀၁၂)ဟာ မြန်မာ့ပြက္ခဒိန် သတ်မှတ်ချက်တွေအရ
မြန်မာသက္ကရာဇ် ၁၃၇၄ခုနှစ်ရဲ့ သီတင်းကျွတ်လပြည့်နေ့ပဲ ဖြစ်သလို ဘာသာရေးဆိုင်ရာ ပွဲတော်တွေအရလည်း အဘိဓမ္မာအခါတော်နေ့ဖြစ်ကာ ဥပုသ်သီတင်း စောင့်သုံးချင်တဲ့သူတွေအတွက်လည်း ထူးခြားတဲ့ဥပုသ်နေ့ အခါသမယ ဖြစ်ပါတယ်။ ဘုရားသားတော် ရဟန်းသံဃာတော်များ အတွက်တော့ ညီညွတ်ရေးအတွက် တွေ့ဆုံဖိတ်ခေါ်ရင်း တစ်ညီတစ်ညွတ်
တည်း သိမ်အတွင်းမှာ စုပေါင်းပြီး ကံဆောင်ကြမယ့် ပဝါရဏာနေ့ပဲ ဖြစ်ပါ
တယ်။ ဆိုတော့ကား ဒီသီတင်ကျွတ်လပြည့်နေ့လို နေ့ထူးနေ့ရက်တစ်ခုဟာ သတ်မှတ်ချက်တွေနဲ့မှ ကောင်းမှုကုသိုလ် တစ်ခုခုကို လုပ်ဖြစ်တတ်ကြတဲ့ ပုထုဇဉ်ပုဂ္ဂိုလ်တွေအတွက် အကောင်းဆုံး ကုသိုလ်ပြုရာ နေ့တစ်နေ့ပဲ ဖြစ်
ပါတယ်။ အကုသိုလ် အလုပ်တွေမှာဆိုရင် အချိန်မရွေး၊ အခါမရွေး ပေါ့ပေါ့
ပါးပါးလေးတွေ လုပ်တတ်ကြပေမယ့် ကုသိုလ်အရေးဆိုရင် ဘာဖြစ်လို့
ညာဖြစ်လို့၊ ဘာနေ့မဟုတ်လို့၊ ညာနေ့မဟုတ်လို့ စတဲ့ အကြောင်းပြချက်
တွေနဲ့ ရက်ကောင်းရက်မြတ်တွေကို ရွေးလေ့ရှိတတ်သူတွေအတွက် အကောင်းဆုံးနဲ့ အထူးခြားဆုံး နေ့တစ်နေ့ပဲဖြစ်လို့ ဒီလိုနေ့မျိုးမှာ ကောင်းမှု
တစ်ခုခုတော့ ရအောင်ယူနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ထူးခြားမှုတွေ ပေါင်းစုထားတဲ့ ဒီသီတင်းကျွတ်လပြည့်နေ့ဟာ ရဟန်း
သံဃာတော်များရဲ့ ပုရိမဝါဆိုဝါကပ်ရာ သီတင်းကာလကျွတ်လွတ်ပြီးဆုံးခြင်း
ကို ရည်ညွန်းထားသလို မြတ်စွာဘုရားရှင် (၇)ဝါမြောက်မှာ တာဝတိံသာ နတ်ပြည်သို့ ကြွရောက်ကာ မယ်တော်ဖြစ်ခဲ့ဖူးတဲ့ သန္တုသိတနတ်သားကို ဝါတွင်းသုံးလ ကာလပတ်လုံး အဘိဓမ္မာဒေသနာတော် ဟောကြား
ချီးမြင့်ပြီးလို့ လူ့ပြည်ကို ပြန်လည်ကြွရောက် ဆင်းသက်တော်မူတဲ့ အဘိဓမ္မာ ဓမ္မသဘင်ရဲ့ ပုံရိပ်ကိုလည်း ဖော်ဆောင်ထားတာ ဖြစ်တဲ့အတွက် အဓိဋ္ဌာန်
တစ်ခုအနေနဲ့ ကုသိုလ်ပြုကာ ပူဇော်လိုသူတွေအဖို့ အကောင်းဆုံး အချိန်
အခါ သမယပဲ ဖြစ်ပါတယ်။ ဟိုဟိုဒီဒီ ကိစ္စတွေနဲ့ ကုသိုလ်အရေးကို အလေးမပေးနိုင်သူတွေအနေနဲ့ ဒီလိုနေ့မျိုးမှာတော့ဥပုသ်သီလလေးဆောက်
တည်ပြီး ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဆိုပူဇော်ကာ တရားလေးလည်းနာ၊ ဝိပဿနာ အလုပ်လေးလည်း တတ်နိုင်သမျှ အားထုတ်ကြည့်နိုင်မယ်ဆိုရင် အလွန်တန်ဘိုးရှိတဲ့ နေ့တစ်နေ့ ဖြစ်သွားမှာ အသေအချာပဲ ဖြစ်ပါတယ်။ ဘုရားရှင်ကို ပူဇော်တဲ့ ပူဇော်မှုတွေထဲမှာ ကုသိုလ်ကောင်းမှုလုပ်ပြီး ပူဇော်ခြင်းဟာ အကောင်းဆုံးနဲ့ အနှစ်အရှိဆုံးဖြစ်တဲ့အတွက် ဘဝမှာ ထူးထူးခြားခြား ပူဇော်မှုတစ်ခုအဖြစ် ကိုယ့်ကိုယ်ကို အဓိဋ္ဌာန်ပြုကာ ဘုရားရှင်ကို ကုသိုလ်အစုနဲ့ ပူဇော်သမှု ပြုနိုင်မယ်ဆိုရင် ကိုယ်အတွက်တော့ တကယ့်ကိုပဲ အနှစ်သာရပြည့်ဝတဲ့ နေ့ထူးနေ့မြတ်တစ်ခု ဖြစ်သွားမှာ အမှန်ပဲ ဖြစ်ပါတယ်။

မအားလို့ပါဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ကောင်းမှုကုသိုလ် အသေးလေး
တောင် မလုပ်ဖြစ်တဲ့ သူတွေအနေနဲ့ တစ်ခါတလေ စဉ်းစားကြည့်သင့်
ပါတယ်။ မအားတာဟာ ဘာတွေကြောင့် မအားတာလဲ၊ စားရေးအတွက်လား၊
နေရေးအတွက်လား၊ ဒါဆိုရင် သေရေးအတွက်နဲ့ ဘဝသံသရာ အရေး
အတွက်ကော ဘယ်လိုလုပ်မလဲပေါ့၊ သေဖို့တောင် မအားဘူး ဆိုရင်တော့
သေမင်းက အားတဲ့အချိန်ကို စောင့်ခေါ်သွားမှာ အမှန်ပဲ ဖြစ်ပါတယ်။ ကိုယ်မအားလည်း သူကအားအောင် လုပ်ယူသွားမှာပဲ ဖြစ်ပါတယ်။ ကုသိုလ်
ဆိုတာ တစ်နေကုန် အချိန်ပေးပြီး လုပ်မှရတာ မဟုတ်ပါဘူး။ ဘဝအရေး
အတွက် မအားဘူးဆိုရင်လည်း ဒီလို နေ့ထူးနေ့မြတ်လေးတွေမှာတော့ မနက်အိပ်ယာထ၊ ဘုရားသောက်တော်ရေ ကပ်တာတို့၊ ဘုရားဂုဏ်တော် တစ်ခုခု ပွားများတာတို့။ မေတ္တာလေးတွေ ပွားများတာတို့ စသဖြင့် ပေါပေါ့
ပါးပါးလေးနဲ့ မှတ်မှတ်ရရလေး ဖြစ်အောင် လုပ်ယူလို့ ရတာတွေ အများကြီး
ပဲ ဖြစ်ပါတယ်။ အဓိကကတော့ ကိုယ့်စိတ်မှာ သဒ္ဓါတရားလေးတွေ တိုးပွား
အောင် ကြိုးစားပြီး ကောင်းတဲ့စိတ်လေးတွေနဲ့ နေ့ထူးနေ့မြတ် တစ်ခုမှာ မှတ်မှတ်ရရ ကုသိုလ်တစ်ခုခုကို ရအောင်လုပ်ယူနိုင်ဖို့ပဲ ဖြစ်ပါတယ်။ အရှင်းဆုံးပြောရရင် နေ့စဉ်သောက်နေတဲ့ အရက်ကလေးကို ဒီလိုနေ့မျိုးမှာ မသောက်ဘူးဆိုပြီး သန္ဒိဋ္ဌာန်ချကာ နေလိုက်နိုင်ရင်ကိုပဲ ဒါဟာ ကိုယ့်အတွက် ကုသိုလ်တစ်ခု ရယူလိုက်နိုင်ကြတာပဲ ဖြစ်ပါတယ်။ 

ဒီတော့ကား ဟိုအလုပ်၊ ဒီအလုပ်၊ ဟိုကိစ္စ၊ ဒီကိစ္စစတဲ့ အကြောင်းအမျိုးမျိုး
တွေနဲ့ ဟိုဟာမလုပ်နိုင်၊ ဒါမလုပ်နိုင် ဖြစ်နေကြတဲ့ ပုဂ္ဂိုလ်အတော်များများ အနေနဲ့လည်း အထူးစဉ်းစားသင့်တာက အချိန်ဆိုတာ ရအောင်ယူမယ်
ဆိုရင်၊ အလုပ်ဆိုတာ ရအောင်လုပ်မယ်ဆိုရင် သူ့ဟာနဲ့သူတော့ ဖြစ်ကို
ဖြစ်သွားတတ်တယ်ဆိုတဲ့ အချက်ကို ဆင်ခြင်ပြီး ကိုယ့်ဘဝမှာ ထူးထူးခြားခြား
အနေနဲ့ ကုသိုလ်အလုပ်ကို မအားတဲ့ကြားက ခက်ခက်ခဲခဲ ရအောင်ယူနိုင်
ခဲ့တယ်ဆိုတဲ့ သစ္စာပြုချက်နဲ့ ချိန်ထိုးလိုက်ရင် အရေးကြီးပါတယ်ဆိုတဲ့ ကိစ္စတွေဟာ ဘာမှအရေးမကြီးတော့ဘူးဆိုတာ ကောင်းကောင်းသိမြင် ခံစားနိုင်ကြမှာ ဖြစ်ပါတယ်။ အလုပ်ဆိုတာ အထူးသဖြင့် ကောင်းတဲ့အလုပ်
ဆိုတာ ယုံကြည်တဲ့ သဒ္ဓါတရား၊ ပြင်းပြတဲ့ဆန္ဒတရား၊ လက်တွေ့ဆန်တဲ့ ဝီရိယတရား စတာတွေနဲ့ ပေါင်းစုနိုင်မှ အကောင်းအစုတွေဆိုတာလည်း အကောင်အထည်ပေါ်ကာ လိုရာဆန္ဒပြည့်ဝနိုင်ကြမှာ ဖြစ်တဲ့အတွက် မကောင်းမှုမှာ ပျော်မွေ့တတ်တဲ့ ကိုယ့်စိတ်ကို မလုပ်ဖူးတဲ့ ကုသိုလ်ထူးကို လုပ်ဖြစ်အောင် ကြိုးစားရင်း ထူးခြားတဲ့ကုသိုလ်ထူးမှာ ပျော်မွေ့နိုင်အောင် တွန်းအားပေးရမှာ ဖြစ်ပါတယ်။

ဒါကြောင့် မကောင်းတဲ့အလုပ်တွေဆိုရင် ဘာတွန်းအား၊ ဘာဖိအား၊ ဘာအကူ
အညီမှ မလိုဘဲ အချိန်မရွေး၊ နေရာမရွေးလုပ်ဖြစ်တတ်ကြပေမယ့် ကောင်းတဲ့
အလုပ်တွေဆိုရင် တွန်းအားလေးတွေ၊ အကြောက်တရားလေးတွေနဲ့မှ လုပ်ဖြစ်တတ်ကြတဲ့ သတ္တဝါတွေအတွက် ကုသိုလ်လုပ်ဖို့ အကောင်းဆုံး တွန်းအားတစ်ခုအဖြစ် သတိပြုဆင်ခြင်ပြီး ဘဝမှာ ကုသိုလ်ကောင်းမှုကို အခက်အခဲတွေကြားက ရအောင်ယူဖူးတယ်ဆိုတဲ့ မှတ်ကျောက်တစ်ခု တင်နိုင်ဖို့အတွက်(၃၀-၁၀-၂၀၁၂)မှာ ရောက်လာမယ့် သီတင်းကျွတ်လပြည့်
နေ့လို နေ့ထူးနေ့မြတ်မျိုးမှာ ဥပုသ်သီလ ဆောက်တည်ကာ တတ်နိုင်သမျှ ဒါန၊ သီလ၊ သမထ၊ ဝိပဿနာ အကျင့်တရားများကို ကြိုးစားအားထုတ်ကြ
ပါရန် အသိပေးတိုက်တွန်းရင်း သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့) အဖြစ် အမှတ်တရ အသိမျှလိုက်ရပါတယ်။

အရှင်ဝိစိတ္တ(ဒိုက်ဦး)

အေးချမ်းမွန်မှ Myanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myanmar Online News
လာမယ့် (၃၀-၁၀-၂၀၁၂)ဟာ မြန်မာ့ပြက္ခဒိန် သတ်မှတ်ချက်တွေအရ
မြန်မာသက္ကရာဇ် ၁၃၇၄ခုနှစ်ရဲ့ သီတင်းကျွတ်လပြည့်နေ့ပဲ ဖြစ်သလို ဘာသာရေးဆိုင်ရာ ပဲ
ွတော်တွေအရလည်း အဘိဓမ္မာအခါတော်နေ့ဖြစ်ကာ ဥပုသ်သီတင်း စောင့်သုံးချင်တဲ့သူတွေအတွက်လည်း ထူးခြားတဲ့ဥပုသ်နေ့ အခါသမယ ဖြစ်ပါတယ်။ ဘုရားသားတော် ရဟန်းသံဃာတော်များ အတွက်တော့ ညီညွတ်ရေးအတွက် တွေ့ဆုံဖိတ်ခေါ်ရင်း တစ်ညီတစ်ညွတ်
တည်း သိမ်အတွင်းမှာ စုပေါင်းပြီး ကံဆောင်ကြမယ့် ပဝါရဏာနေ့ပဲ ဖြစ်ပါ
တယ်။ ဆိုတော့ကား ဒီသီတင်ကျွတ်လပြည့်နေ့လို နေ့ထူးနေ့ရက်တစ်ခုဟာ သတ်မှတ်ချက်တွေနဲ့မှ ကောင်းမှုကုသိုလ် တစ်ခုခုကို လုပ်ဖြစ်တတ်ကြတဲ့ ပုထုဇဉ်ပုဂ္ဂိုလ်တွေအတွက် အကောင်းဆုံး ကုသိုလ်ပြုရာ နေ့တစ်နေ့ပဲ ဖြစ်
ပါတယ်။

သီတို့ရွာ(ကြည်အေး)

ဆောင်းရာသီဦး တစ်ညနေမှာ သီရဲ့ ဖိတ်ခေါ်ရာကို ကျွန်မရောက်ခဲ့ပါတယ်။ ပင်လယ်ကမ်းခြေတောမြို့လေးအစွန်မှ သူ့ကွန်းခိုအိမ်ဆီသို့ မီးရထားတစ်နာရီခန့် စီးပြီးရောက်ပါသည်။ သီက ဘူတာရုံမှ လာကြိုသည်။ တနင်္ဂနွေနေ့မို့ သူ့ကို အင်္ကျီ ကွက်ကျားဝတ်လို့သာမက ဘောင်းဘီကျပ်ပါ ဆင်မြန်းလို့ တွေ့ရသည်။ သီက ကျွန်မနှင့်အတူတူ မီးရထားစီးလာသူ တစ်ဦးကို သိကျွမ်းသေးသည်မို့ ခပ်မြန်မြန်နှုတ်ဆက်ပြီး ကျွန်မတို့ ထွက်လာသည်။ သီရဲ့ မောရစ်မိုင်နာ ကားစိမ်းပြာကလေးကို ဖုန်လူးလူးနှင့် တွေ့ပါသည်။ ဘူတာရုံမြို့ကလေးမှာ တစ်မြို့လုံးမရမက ရှာဖွေရေတွက်မှ လမ်းလေးသွယ်သာရှိရှာသော မြို့ကလေးပင်။ မညီညာသော ပင်လယ်စပ်ကျောက်မြေပေါ် တည်သည်မို့ ဇောက်ထိုးဆင်းသွားသောလမ်းနှင့် ကွေ့ဝိုက်ထောင်တတ်သော လမ်းကျဉ်းကလေးတို့ကို သီက ဂီယာအမျိုးမျိုးထိုး၍မောင်းကာ ကျွန်မကိုခေါ်လာသည်။

တရားခံဘယ်သူလဲဟေ့......


တာဝေးပစ် ဒုံးကျည်၊ ဗုံးခိုကျင်းနှင့် အင်အားချည့်နဲ့ စေလိုသူများ(ကိုဦးမြင့်)

လူဆိုတာ တစ်ယောက်နဲ့ တစ်ယောက် သဘောထား အမြင်ချင်း မတူညီနိုင်ပါ။ မတူညီခွင့်၊ ကွဲလွဲ ခွင့်လည်း ရှိပြီးသားပါ။ ခရီးပန်းတိုင် တစ်ခုကို လူစုလူဝေး လူအုပ်စုကြီးနဲ့ သွားဖို့ဖြစ် လာရင် သဘောထား ကွဲလွဲမှုတွေကို သိသာ ထင်ရှားစွာ တွေ့နိုင်ပါတယ်။ ကိုယ့်အကြိုက် နဲ့ကိုယ်၊  ကိုယ်နဲ့ အဆင်ပြေတဲ့ သူတွေနဲ့မှ အတူ သွားချင်ကြတဲ့ သူတွေချည်းပဲ။
အဲဒီတော့ မတူတာတွေ ဘေးဖယ်ပြီး  တူတာတွေနဲ့ ခရီးဆက်ရင် အဆင်ပြေပြီ။ ဒါပေမဲ့ ၁၈-၁ဝ-၂ဝ၁၂ နေ့ထုတ် မြန်မာတိုင်းမ် ဂျာနယ် အတွဲ (၃ဝ)အမှတ် (၅၉ဝ)ရဲ့ မြန်မာပြည် အထက်ပိုင်း သတင်း စာမျက်နှာ(၂)မှာ ပါတဲ့ သတင်းလေး တစ်ပုဒ် ကတော့ တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်။ ဘာတဲ့.. ''တပ်မတော် အင်အားရှိမှ  တိုင်းပြည် အင်အားရှိမည် ဆိုသည့် ဆောင်ပုဒ်ကို လက်မခံ'' ဟောပြောပွဲ တစ်ခု သတင်းကို ခေါင်းစည်း တပ်ထားတဲ့ သတင်းပါ။

အာဂျင်တီးနားနိုင်ငံ၏ အနောက်ပိုင်းတွင် စူပါမားကတ်ခေါင်မိုးပြိုကျ သုံးဦးသေဆုံး

Photo: အာဂျင်တီးနားနိုင်ငံ၏ အနောက်ပိုင်းတွင် စူပါမားကတ်ခေါင်မိုးပြိုကျ သုံးဦးသေဆုံး

အာဂျင်တီးနားနိုင်ငံ အနောက်ပိုင်းတွင် စူပါမားကတ်တစ်ခု၏ ခေါင်မိုးပြိုကျ ခဲ့ရာ အနည်းဆုံး သုံးဦးသေဆုံးခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း အာဏာပိုင်များက အောက်တိုဘာ ၂၆ ရက်တွင် ပြော ကြားခဲ့သည်။

ဖြစ်ပွားပုံမှာ ဗျူနိုအဲရစ်မြို့မှ အနောက်တောင်ဘက် ၁၁၅ဝ ကီ လိုမီတာအကွာရှိ နျူကွမ်မြို့ တွင် အောက်တိုဘာ၂၅ ရက်ညပိုင်းက ဆောက်လုပ်ဆဲ အဆောက်အအုံ တစ်ခုပြိုကျခဲ့ရာ ၄င်းအဆောက်အအုံမှ အကျိုးအပဲ့ အပိုင်းအစများသည် ၄င်းနံဘေးတွင် ကပ်လျက်ရှိသော စူပါမားကတ် ခေါင်မိုးအပေါ် သို့ ပြုတ်ကျခဲ့ရာမှ  ခေါင်မိုးပြို ကျခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ခေါင်မိုး ပြိုကျစဉ်အတွင်း စူပါမားကတ်အတွင်း၌ လူအမြောက်အမြား ရှိနေခဲ့ကြောင်း၊ စူပါ မားကတ် အတွင်း၌ ပိတ်မိနေသည့် လူအရေအတွက် တိတိကျကျ မသိရသေးကြောင်း ဒေသ တွင်း အာဏာပိုင်များက ပြောကြားခဲ့ သည်။

ထို့ပြင် ပြိုကျမှုများ ထပ်မံမဖြစ်ပွားစေရန်အတွက် ကယ်ဆယ်လုပ်သားများက ကြိုတင်ကာ ကွယ်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အာဂျင်တီးနားနိုင်ငံ အနောက်ပိုင်းတွင် စူပါမားကတ်တစ်ခု၏ ခေါင်မိုးပြိုကျ ခဲ့ရာ အနည်းဆုံး သုံးဦးသေဆုံးခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း အာဏာပိုင်မ
ျားက အောက်တိုဘာ ၂၆ ရက်တွင် ပြော ကြားခဲ့သည်။

ဖြစ်ပွားပုံမှာ ဗျူနိုအဲရစ်မြို့မှ အနောက်တောင်ဘက် ၁၁၅ဝ ကီ လိုမီတာအကွာရှိ နျူကွမ်မြို့ တွင် အောက်တိုဘာ၂၅ ရက်ညပိုင်းက ဆောက်လုပ်ဆဲ အဆောက်အအုံ တစ်ခုပြိုကျခဲ့ရာ ၄င်းအဆောက်အအုံမှ အကျိုးအပဲ့ အပိုင်းအစများသည် ၄င်းနံဘေးတွင် ကပ်လျက်ရှိသော စူပါမားကတ် ခေါင်မိုးအပေါ် သို့ ပြုတ်ကျခဲ့ရာမှ ခေါင်မိုးပြို ကျခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အဏ္ဏဝါစိုးမိုး ၏ သင်္ဘောသားလောက မှုခင်းများ, အပိုင်း (၄)

အငယ်လေးကြိုက်သူများသတိထား
ကျွန်တော်နှင့်အပေါင်းပါ သင်္ဘောသားအုပ်စုသည် အိမ်နီးချင်း နိုင်ငံကြီး၏ ထင်ရှားသော မြို့ကြီးက သင်္ဘောသားတိုင်းသိသည့် ကမာရီပူးရားဆိုသော ပြည့်တန်ဆာကြီးကို လျှောက်လည်ကြသည်။ ပြည့်တန် ဆာတန်းကြီးက အိမ်တွေ အားလုံးမှာ ပြည့်တန်ဆာ အမျိုးသမီးအရွယ်အမျိုးစုံရှိသည်။
တစ်နေရာအရောက်မှာ အသက် ၁၂ နှစ်အရွယ်မျှသာ ရှိသေးသည့် မိန်းကလေးတစ်ယောက်က လမ်းပေါ် အထိထွက်ပြီး သင်္ဘောသားတွေကို သူနှင့်ပျော်ပါးရန် မြူဆွယ်နေတာ တွေ့ရသည်။ ကျွန်တော်နှင့် အတူ လျှောက်နေသော အင်ဒိုနီးရှားသင်္ဘောသားဆလမ်းအာမက်က ကလေးမကိုမေးသည်။
" မင်းကိုယ်တိုင်လား "
" ဟုတ်တယ် ကျွန်မကိုယ်တိုင်ပဲ "
ကျွန်တော်တို့ အတော် အံ့သြသွားကြသည်။ ဒီကလေးမလေး အသက်ငယ်ငယ်လေးရှိသေးသည်။

ကော့ကရိတ်-မြဝတီ တောင်ပတ်ကားလမ်းအသစ်ဖောက်ရန် ထိုင်းကုမ္ပဏီမှ မကြာမီ စတင်တော့မည်

Photo: ကော့ကရိတ်-မြဝတီ တောင်ပတ်ကားလမ်းအသစ်ဖောက်ရန် ထိုင်းကုမ္ပဏီမှ မကြာမီ စတင်တော့မည်

စနေနေ့၊ အောက်တိုဘာလ 27 ရက် 2012 ခုနှစ် 

ကရင်ပြည်နယ်တောင်ပိုင်းရှိ ကော့ကရိတ်-မြဝတီ  တောင်ပတ်လမ်း အသစ်ဖောက်လုပ်မည့် စီမံကိန်းကို ထိုင်းနိုင်ငံမှ လမ်းဖောက်လုပ် ရေးကုမ္ပဏီ (စီဆန်ကန်ယိုထ)က ယခုနှစ် နှောင်းပိုင်းတွင် လုပ်ငန်းစဉ် ပြန်လည် စတင်တော့မည်ဖြစ်ကြောင်း သိရသည်။

လမ်းဖောက်လုပ်ရေးသည် ဦးစွာအနေဖြင့် နယ်မြေတိုင်းထွာပြီး သင်္ဃန်းညီနောင်မှ ကော့ကရိတ်အထိ ထိုင်းအစိုးရမှ လမ်းကြောအ သစ် ဖောက်လုပ်ပေးမည်ဖြစ်သည်ဟု ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး စောခင်မောင်မြင့်က ကေအိုင်စီသို့ ပြော သည်။

“လမ်းဖောက်လုပ်ရေးအတွက် အသုံးပြုရမယ့် စက်ယန္တရားတွေ မြဝတီဘက်ကို ရောက်နေပြီ။ လောလောဆယ်မှာတော့ မြေတွေကို လိုက်ပြီးတော့ တိုင်းထွာနေတယ်။ ပြီးရင် လမ်းကိုဖောက်မယ်”ဟု စောခင်မောင်မြင့်က ပြောသည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံခေါင်းဆောင်များ သဘောတူညီချက်ဖြင့် ပြုလုပ်သည့် လမ်းဆောက်လုပ်ရေး စီမံကိန်းကို အာရှဖွံ့ဖြိုးရေးဘဏ် ၏ အကူအညီဖြင့် ထိုင်းနိုင်ငံမှ လမ်းဖောက်လုပ်ရေးကုမ္ပဏီ (စီဆန်ကန်ယိုထ)က တာဝန်ယူ ဆောက်လုပ်သွားမည်ဖြစ်သည်။

လက်ရှိ ကော့ကရိတ်-မြဝတီ တောင်ပေါ်လမ်းသည် မိုင်အကွာအဝေး ၄၀မိုင်ခန့်ရှိပြီး လမ်းခရီး ကြာမြင့်ချိန် ၃ နာရီကျော်ရှိကာ ယခု စီမံကိန်း ပြီးမြောက်အောင်မြင်ပါက ခရီးအကွာအဝေးမှာ သုံးပုံတစ်ပုံ လျော့ကျလာမည်ဖြစ်သည်။

ကော့ကရိတ်-မြဝတီ ဆိုင်ကယ်ပြေးဆွဲသူတစ်ဦးက “လမ်းအသစ်ဖောက်မယ်ဆိုရင် ကျနော်တို့ တက္ကစီပြေးဆွဲသူတွေအတွက် တစ်နေ့ကို တစ်ခေါက်နှစ်ခေါက်တောင် အသွားအပြန် သွားလို့ရတယ်။ အခု လမ်းက သိပ်ကျဉ်းတော့ အန္တရာယ်အရမ်းများတယ်။ နောက် လမ်းက အရမ်းပျက်တော့ မိုးရွာရင် တစ်လမ်းလုံး ချိုင့်ခွက်၊ ဗွက်အိုင်တွေပဲ”ဟု ပြောသည်။

၎င်းစီမံကိန်းတွင် မြန်မာအင်ဂျင်နီယာများနှင့် ၀န်ထမ်းများက ကြီးကြပ်တာဝန်ယူပေးမည်ဖြစ်ပြီး စက်ယန္တရားများကို နှစ်ဖက်ကျွမ်း ကျင်သူများက ကိုင်တွယ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး စောခင်မောင်မြင့်က ဆက်လက် ပြောဆိုသည်။

ကော့ကရိတ်-မြဝတီ လမ်းဖောက်လုပ်ရေးစီမံကိန်းကို ပြီးခဲ့သည့် ၂၀၀၄ခုနှစ်က စတင် ဆောင်ရွက်ရန် စီစဉ်ထားခဲ့သော်လည်း ကရင်အမျိုးသားအစည်းအရုံး-KNU လှုပ်ရှားရာနယ်မြေဖြစ်သည့်အတွက် နယ်မြေအေးချမ်းမှု မရှိဟုဆိုကာ ၂၀၀၅ခုနှစ်တွင် လုပ်ငန်း ကို ရပ်နားထားခဲ့ပြီး ယခုမှသာ ပြန်လည် စတင်ရန် လုပ်ဆောင်လာခြင်းဖြစ်သည်။

လက်ရှိ အသုံးပြု သွားလာနေသည့် မြ၀တီ-ကော့ကရိတ်ကားလမ်း

အေးချမ်းမွန်မှ  ကေအိုင်စီ  သတင်း  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : ကေအိုင်စီ  သတင်း
လက်ရှိ အသုံးပြု သွားလာနေသည့် မြ၀တီ-ကော့ကရိတ်ကားလမ်း
ကရင်ပြည်နယ်တောင်ပိုင်းရှိ ကော့ကရိတ်-မြဝတီ တောင်ပတ်လမ်း အသစ်ဖောက်လုပ်မည့် စီမံကိန်းကို ထိုင်းနိုင်ငံမှ လမ်းဖောက်လုပ် ရေး
ကုမ္ပဏီ (စီဆန်ကန်ယိုထ)က ယခုနှစ် နှောင်းပိုင်းတွင် လုပ်ငန်းစဉ် ပြန်လည် စတင်တော့မည်ဖြစ်ကြောင်း သိရသည်။

လမ်းဖောက်လုပ်ရေးသည် ဦးစွာအနေဖြင့် နယ်မြေတိုင်းထွာပြီး သင်္ဃန်းညီနောင်မှ ကော့ကရိတ်အထိ ထိုင်းအစိုးရမှ လမ်းကြောအ သစ် ဖောက်လုပ်ပေးမည်ဖြစ်သည်ဟု ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး စောခင်မောင်မြင့်က ကေအိုင်စီသို့ ပြော သည်။

ရခိုင်အရေး အစိုးရ ကိုင်တွယ်မှု ညံ့ဖျင်းသည်

Photo: ရခိုင်အရေး အစိုးရ ကိုင်တွယ်မှု ညံ့ဖျင်းသည်

ဧရာဝတီ| October 27, 2012 | 

တကျော့ပြန် ဖြစ်ပွားလာသော ရခိုင်ပြည်နယ် ဘာသာရေးနှင့် လူမျိုးရေး အဓိကရုဏ်းသည် တရားဥပဒေစိုးမိုးမှု လုံးဝ ကင်းမဲ့နေကြောင်းနှင့် နေပြည်တော်အစိုးရ၏ ကိုင်တွယ်ဖြေရှင်းမှု ခရီးမတွင် အရာမရောက်ခဲ့ကြောင်း အထင်အရှား ဖြစ်စေခဲ့သည်။

ရခိုင်ပြည်နယ် ပဋိပက္ခတွင် “နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများလည်း ရှိနေကြောင်း သိရှိရသဖြင့် ၎င်းတို့ကိုဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်” ဟု သမ္မတရုံးမှ ထုတ်ပြန်ကြေညာခြင်းသည် မေလမှ စတင်ပေါ်ပေါက် ကြီးထွားလာနေသော လူမျိုးရေးနှင့် ဘာသာရေး အမုန်းမီးတောက်များ ပိုမိုပြန့်နှံ့လာစေရေး သွေးထိုးနေသော စစ်သွေးကြွများနှင့် ရာဇဝတ်သားများက တရားဥပဒေ စိုးမိုးရေးကို မထေမဲ့မြင်ပြုပြီး ထင်ရာဆိုင်းခွင့် ရနေခဲ့ကြောင်း အတိအလင်း ဝန်ခံခြင်းပင်။

ဇွန်လအတွင်း ဖြစ်ပွားခဲ့သော အဓိကရုဏ်းသည် ဗုဒ္ဓဘာသာဝင် အမျိုးသမီးတဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရမှုနှင့် မွတ်ဆလင် ၁၀ ဦးအား ဝိုင်းဝန်းရိုက်နှက် သတ်ဖြတ်မှုတို့မှ စတင်ခဲ့ပြီး နှစ်ဘက်အုပ်စု အပြန်အလှန် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ယခုဆိုလျှင် အစိုးရထုတ်ပြန်သောစာရင်းများအရ လူပေါင်း ၁၆၂ ယောက် သေဆုံးခဲ့ပြီဖြစ်ပြီး လူပေါင်း သောင်းချီ၍ အိုးအိမ်မဲ့ဖြစ်ကာ ဒုက္ခရောက်နေရပြီဖြစ်သည်။

အပြန်အလှန်ဖြစ်ပေါ်နေသော အမုန်းမီးကို အစိုးရအနေဖြင့် မည်သို့မျှ မငြိမ်းသတ်နိုင်တော့မည့် အခြေအနေကို ရင်ဆိုင်နေရပြီး မျိုးဆက်နှင့်ချီ၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လာခဲ့သည့် လူမှုစနစ် ပျောက်ကွယ်သွားရပြီဖြစ်သည်။ ဘာသာကွဲ လူမျိုးစုနှစ်စုကြား ပြန်လည် ရင်ကြားစေ့နိုင်ရေးဆိုသည် ယခုအခါ စိတ်ကူးယဉ်အိပ်မက်မျှသာ။

ယခင်စစ်အစိုးရ ကိုင်တွယ်မှုနှင့်မတူ သတင်းထောက်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများကို ပဋိပက္ခ ဖြစ်ပွားရာဒေသများသို့ သွားရောက်ခွင့်ပြုခြင်း၊ လူမှုကယ်ဆယ်ရေးများ ကူညီထောက်ပံ့ခွင့် ပေးခြင်းများ အတွက် နေပြည်တော်အစိုးရကို ပြည်တွင်းပြည်ပက ထောက်ခံချီးကျူးကြသော်လည်း တရားဥပဒေစိုးမိုးရေးနှင့် အမှန်တရား ဖော်ထုတ်ရေးများတွင် အစိုးရ၏ ကိုင်တွယ်ဖြေရှင်းမှုမှာ ပွင့်လင်းမြင်သာမှုမရှိဘဲ လုပ်ငန်း အကောင်အထည် ဖော်မှုတွင်လည်း နှေးကွေးလွန်းနေသည်။

တောင်ကုတ်မြို့ လူ ၁၀ ဦး အသတ်ခံရမှု ကိစ္စကို စုံစမ်းစစ်ဆေး ဖော်ထုတ်ရန် ပြည်ထဲရေး ဒု ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ဦးဆောင်သော စုံစမ်းစစ်ဆေးရေး ကော်မတီတခုကို နိုင်ငံတော် သမ္မတအမိန့်ဖြင့် ဖွဲ့စည်းပေးခဲ့သော်လည်း ယနေ့အထိ တရားခံ ဖော်ထုတ်နိုင်ခြင်း မရှိသေးသကဲ့သို့ နောက်ထပ် ဖွဲ့စည်းသော ရခိုင် ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည်လည်း အဖွဲ့ဝင် အချင်းချင်းကြား ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘဲ အောက်ခြေလူထုနှင့်လည်း ဆက်ဆံရေး မပြေလည်ဖြစ်နေ၍ သမ္မတ ဦးသိန်းစိန်ထံ တင်ပြရမည့် အစီရင်ခံစာကို အချိန်မီ တင်သွင်းနိုင်မည့်အပေါ် သံသယရှိနေရသည်။

ရောဂါ၏ဇာစ်မြစ်ကို သေသေချာချာ သိရှိနားလည်ရန် လိုအပ်သကဲ့သို့ ကုသနည်းမှန်ကန်ရန်လည်း အရေးကြီးသည်။ ရခိုင်အရေး ဖြေရှင်းရာတွင် အစိုးရအနေဖြင့် ဇာစ်မြစ်ကို ရှာဖွေရန် နှောင့်နှေးကြန့်ကြာနေခဲ့ပြီး ဆေးမြီးတိုဖြင့်သာ ကြိတ်ကုသကဲ့သို့ ဖြစ်နေသည်။ ယခုတဖန် ပုံစံတကျ မကုသ မထိန်းချုပ်နိုင်လျှင် နောက်တကြိမ် မြန်မာပြည် တနံတလျား လူမျိုးရေးနှင့် ဘာသာရေး အမုန်းမီးများ ပြန့်ပွားကူးစက်မည့် အန္တရာယ် ကြီးမားစွာ ရှိနေပြီဖြစ်သည်။

ဤနေရာတွင် ဓမ္မဓိဋ္ဌာန်ကျကျဆိုရလျှင် ယင်းတာဝန်ကို သမ္မတ ဦးသိန်းစိန်၏ အစိုးရသာမက ဘာသာရေး အဖွဲ့အစည်းများ၊ တပ်မတော်၊ တိုင်းရင်းသားပေါင်းစုံ၊ နိုင်ငံရေးပါတီများ၊ မီဒီယာနှင့် လူထုအခြေပြု အဖွဲ့အစည်းများ၊ စီးပွားရေးသမားများနှင့် လူထုလူတန်းစားပေါင်းစုံ အလွှာအသီးသီးမှ ဉာဏ်ပညာနှင့်ယှဉ်ပြီး ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မှ စိန်ခေါ်နေသည့် အန္တရာယ်ကို ကာကွယ်နိုင်ပေလိမ့်မည်။

ယင်းသို့ မတားဆီးနိုင်ခဲ့ပါက မြန်မာပြည်ကို ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအား တန်ဖိုးထား လေးစားသည့်နိုင်ငံအဖြစ် တည်ဆောက်ပြီး ကမ္ဘာ့အလယ် ပြန်လည်ဦးမော့လာစေရေး ပြည်ထောင်စုသားတိုင်း၏ ဘုံရည်မှန်းချက်ကိုပါ လူမျိုးရေးနှင့် ဘာသာရေး အမုန်းမီးက ဝါးမြိုဖျက်ဆီးတော့မည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်ပေကြောင်း။     ။

အေးချမ်းမွန်မှ ဧရာဝတီသတင်းတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ဧရာဝတီသတင်း
တကျော့ပြန် ဖြစ်ပွားလာသော ရခိုင်ပြည်နယ် ဘာသာရေးနှင့် လူမျိုးရေး အဓိကရုဏ်းသည် တရားဥပဒေစိုးမိုးမှု လုံးဝ ကင်းမဲ့နေကြောင်းနှင့် နေပြည်တော်အစိုးရ၏ ကိုင်တွယ်ဖြေရှင်းမှု ခရီးမတွ
င် အရာမရောက်ခဲ့ကြောင်း အထင်အရှား ဖြစ်စေခဲ့သည်။

ရခိုင်ပြည်နယ် ပဋိပက္ခတွင် “နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများလည်း ရှိနေကြောင်း သိရှိရသဖြင့် ၎င်းတို့ကိုဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်” ဟု သမ္မတရုံးမှ ထုတ်ပြန်ကြေညာခြင်းသည် မေလမှ စတင်ပေါ်ပေါက် ကြီးထွားလာနေသော လူမျိုးရေးနှင့် ဘာသာရေး အမုန်းမီးတောက်များ ပိုမိုပြန့်နှံ့လာစေရေး သွေးထိုးနေသော စစ်သွေးကြွများနှင့် ရာဇဝတ်သားများက တရားဥပဒေ စိုးမိုးရေးကို မထေမဲ့မြင်ပြုပြီး ထင်ရာဆိုင်းခွင့် ရနေခဲ့ကြောင်း အတိအလင်း ဝန်ခံခြင်းပင်။

ရခိုင်- ရွာလုံးကျွတ် မီးရှို့မှုများရှိကြောင်း မြန်မာအစိုးရ နိုင်ငံတကာ မီဒီယာသို့ ပထမဆုံးအကြိမ်ဝန်ခံပြောကြား

လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ (HRW) ၏ ဂြိုလ်တုပုံများ ထွက်ပေါ်လာအပြီး မြန်မာသမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ်ဦးဇော်ဌေးက ရခိုင်ပြည်နယ် တွင် အကြီးအကျယ်ပျက်ဆီးမှုများရှိခဲ့ကြောင်း ဘီဘီစီသို့ ၀န်ခံပြောကြားလိုက်သည်။

“ရွာလုံးကျွတ် ဒါမှမဟုတ် မြို့ရဲ့ အချို့အစိတ်အပိုင်းတွေ မီးလောင်ပြာကျခဲ့တာမျိုးတွေ ရှ

ိခဲ့ပါတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

ထိုသို့ဝန်ခံပြောကြားမှုမှာ ကျောက်ဖြူတစ်မြို့ထဲတွင်ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ၏ ဓာတ်ပုံများကို HRW ဖော်ပြခဲ့အပြီးနောက်တွင်မှ ဖြစ်ကြောင်းကို ဘီဘီစီက အသားပေးဖော်ပြထားသည်။

ကမ္ဘာ့ပထမဆုံး စမတ်ဖုန်း နှင့် ကမ္ဘာ့ပထမဆုံး touch screen ဖုန်း နည်းပညာ ပိုင်ရှင်

Photo: ကမ္ဘာ့ပထမဆုံး စမတ်ဖုန်း နှင့် ကမ္ဘာ့ပထမဆုံး touch screen ဖုန်း နည်းပညာ ပိုင်ရှင်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ပုံမှာမြင်တွေ့နေရတဲ့ ဖုန်းကတော့ ကမ္ဘာ့ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ IBM Simon လို့အမည်ရပြီး ဆယ်လ်လူလာဖုန်းအမျိုးအစား ဖြစ်ပါတယ်။
ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းလို့ သတ်မှတ်ရတဲ့အကြောင်းကတော့ ကိုယ်ပိုင် မိုဘိုင်း Operating System ပါဝင်လို့ပဲ ဖြစ်ပါတယ်။ ပြီးတော့ တို့ထိ မျက်နှာပြင် (touch screen) နဲ့ ပထမဆုံးဖုန်း ဖြစ်ပါတယ်။ အမေရိကန် IBM မှ တီထွင်ပြီး ဂျပန် Mitsubishi အီလက်ထရစ်ကော်ပိုရေးရှင်းမှ စာချုပ်နဲ့ ထုတ်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ အချိန်ကာလကတော့ ၁၉၉၄ ခုနှစ် သြဂုတ်လ ၁၆ ရက်ကဖြစ်ပြီး စစထွက်ချင်း ခြောက်လမှာ အလုံးရေ ၅သောင်းရောင်းချခဲ့ရပါတယ်။ အဓိကကတော့ ဈေးကြီးလို့ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၁၀၉၉ တန်ဖိုးရှိပါ တယ်။ နောက်တော့ ဈေးထပ် မံလျော့ချခဲ့သေးတယ်လို့ သိရပါတယ်။

အသုံးပြုတဲ့ OS ကတော့ Datalight ROM-DOS ဖြစ်ပါတယ်။ CPU အနေနဲ့ 16MHz , 16bit ရှိပါတယ်။ third party application တွေတောင် upgrade လုပ်ပြီးရင် ထည့်နိုင်ပါတယ်။ Memory 1MB ရှိပြီး Storage ကလည်း 1MB ပဲဖြစ်ပါတယ်။ ဘက်ထရီကတော့ ၇.၅ ဗို့ရှိတဲ့ NiCad ဘက်ထရီဖြစ်ပါတယ်။
Touch Screen နည်းပညာကတော့ Stylus ဖြစ်ပြီး တို့ထိရန် ဒီဂျစ်တယ် ခဲတံ (Pen) ကိုအသုံးပြုရမှာ ဖြစ်ပါတယ်။ Stylus တို့ထိနည်းပညာကို ယနေ့တိုင် Nintendo DS, 3DS, Wii U လက်ကိုင်ဂိမ်းစက်၊ Windows မိုဘိုင်းဖုန်း အချို့ တို့မှာ အသုံးပြုနေဆဲ ဖြစ်ပါတယ်။ ယနေ့ iPhone, Samsung တို့မှာ အသုံးပြုတဲ့ touch screen ကျတော့ လက်ချောင်းများတဲ့ တို့ထိတဲ့ Multi-touch finger input စနစ်ဖြစ်ပြီး Capacitive styli ကိုအသုံးပြုပါတယ်။

ဒါကြောင့် IBM Simon ရဲ့ Data Input စနစ်မှာ မိုက်ခရိုဖုန်းနဲ့ touch screen ဖြစ်သွားပြီး Key pad မပါဝင်တော့ပါဘူး။ အရွယ်အစားကတော့ အမြင့် ၈လက်မ၊ အကျယ် ၂.၅ လက်မ၊ အထူ ၁.၅လက်မ ဖြစ်ပြီး ၅၁၀ ဂရမ်လေးပါတယ်။ အီးမေးလ်၊ Fax , Pager များ ပို့လိုရမယ်၊လက်ခံလို့ရ မယ့် အစရှိသဖြင့် သူ့ခေတ်သူ့ခါမှာတော့ ထူးခြားတဲ့ ဖက်ရှင်တို့ပါဝင်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းနဲ့ touch screen နည်းပညာသုံးဖုန်း ဟာ IBM Simon လို့ အားလုံးလက်ခံထားကြပါတယ်။
Reference and Credit to ^..^
စိတ်ကူးပျော်ရာ

အေးချမ်းမွန်မှ News of Myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :News of Myanmar
ပုံမှာမြင်တွေ့နေရတဲ့ ဖုန်းကတော့ ကမ္ဘာ့ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ IBM Simon
လို့အမည်ရပြီး ဆယ်လ်လူလာဖုန်းအမျိုးအစား ဖြစ်ပါတယ်။
ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းလို့ သတ်မှတ်ရတဲ့အကြောင်းကတော့ ကိုယ်ပိုင် မိုဘိုင်း Operating System ပါဝင်လို့ပဲ ဖြစ်ပါတယ်။ ပြီးတော့ တို့ထိ မျက်နှာပြင် (touch screen) နဲ့ ပထမဆုံးဖုန်း ဖြစ်ပါတယ်။ အမေရိကန် IBM မှ တီထွင်ပြီး ဂျပန် Mitsubishi အီလက်ထရစ်ကော်ပိုရေးရှင်းမှ စာချုပ်နဲ့ ထုတ်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ အချိန်ကာလကတော့ ၁၉၉၄ ခုနှစ် သြဂုတ်လ ၁၆ ရက်ကဖြစ်ပြီး စစထွက်ချင်း ခြောက်လမှာ အလုံးရေ ၅သောင်းရောင်းချခဲ့ရပါတယ်။ အဓိကကတော့ ဈေးကြီးလို့ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၁၀၉၉ တန်ဖိုးရှိပါ တယ်။ နောက်တော့ ဈေးထပ် မံလျော့ချခဲ့သေးတယ်လို့ သိရပါတယ်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား ၂၀၁၃ မေလကုန်တွင် ပုဂ္ဂလိကသို့ အပြီးလွှဲပြောင်းလုပ်ကိုင်ခွင့်ပြုသွားမည်




ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား ၂၀၁၃မေလကုန်တွင်  ပုဂ္ဂလိကသို့ အပြီးလွှဲပြောင်းလုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်း၏ ပြောကြားချက်အရ သိရပါသည်။
ယခုကဲ့သို့ ပုဂ္ဂလိက လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုခြင်းမှာ  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယခုနှစ် နှစ်ကုန်ပိုင်းတွင် ခရီးသည်ဝင်ရောက်မှုပမာဏမှာ  လက်ခံနိုင်သည့် အတိုင်းအတာကို ကျော်လွန်သွားမည်ဖြစ်သည့်အတွက် မဖြစ်မနေတိုးချဲ့တည်ဆောက်ရန် လိုအပ်လာခြင်းကြောင့်ဖြစ်ကြောင်းလည်း သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုရာတွင် အကြိုအရည်ချင်းစစ်ဆေးမှု အောင်မြင်သည့် ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များကိုသာ တင်ဒါခေါ်ယူသွားမည်ဖြစ်သည်။
Related Posts Plugin for WordPress, Blogger...

ShareThis