menu

Saturday 11 February 2012

သံတွဲမြို့ ဒွါရာဝတီဈေးကြီး မီးလောင်


ရခိုင်ပြည်နယ် သံတွဲမြို့ 
ယနေ့နံနက် ၅ နာရီခွဲဝန်းကျင်မှ့  ရခိုင်ပြည်နယ် သံတွဲမြို့ ဒွါရာဝတီဈေးကြီးတွင် မီးစတင်လောင်ကျွမ်းခဲ့ရာ ၄ နာရီနီးပါးအကြာ တွင်မှ မီးငြိမ်းသတ်နိုင်သော်လည်း ဆိုင်ခန်းအားလုံးနီးပါး လောင်ကျွမ်းသွားကြောင်း သိရှိရသည်။

ဒွါရာဝတီဈေးကြီးတွင် ဆိုင်ခန်း အရေအတွက် ၈၀၀ ၀န်းကျင်ရှိကာ ကုန်ခြောက်တန်းဘက်မှ မီးစတင်လောင်ကျွမ်းသည်ဟု အနီးပတ်ဝန်းကျင်တွင် နေထိုင်သူများပြောဆိုချက်အရ သိရသော်လည်း မည်သည့်အကြောင်းကြောင့် လောင်ကျွမ်းသည်ကိုမူ စုံစမ်းစစ်ဆေးဆဲ ဖြစ်သည်။

ရွာသား ၁၄ ဦးကို KIA က ပေါ်တာအဖြစ်ခေါ်ဆောင်

KIA
ဖေဖေါ်ဝါရီ ၃ ရက်နေ့က ကချင်ပြည်နယ် ဆင်ဘိုမြို့နယ် တာလောကြီးကျေးရွာသား ၁၄ ဦးအား ကေအိုင်အေ လက်နက်ကိုင်တပ်ဖွဲ့များက ပေါ်တာအဖြစ် စေခိုင်းဖို့ ခေါ်ဆောင်သွားကြောင်း ယင်းရွာမှ ရွာသားများက ပြောသည်။
မြစ်ကြီးနားမြို့တာလောကြီးရွာမှ ရွာသားများ မြစ်ကြီးနားမြို့ရှိ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံလျှက်ရှိရာ ယခင်လကုန်ခါနီးတွင် ဒုက္ခသည်များထဲတွင်ပါဝင်သည့် ကျောင်းဆရာမများကို မိမိတို့နေထိုင်ရာကျေးရွာသို့ ပြန်ပြီး ကျောင်းဖွင့်ရန် ၎င်းတို့အား ကချင်ပြည်နယ် ၀န်ကြီးချုပ်က ညွှန်ကြားခဲ့သည်။

မလေးရှားကနေ ဧရာဝတီဘဏ်ကို တိုက်ရိုက်ငွေလွှဲနိုင်ပြီ


မလေး ( May )ဘဏ်
မလေးရှားနိုင်ငံကနေ မြန်မာအလုပ်သမားတွေ မြန်မာနိုင်ငံကို ၉ ရက်နေ့ကစပြီး ဧရာဝတီဘဏ်ခွဲတိုင်းက တစ်ဆင့်ငွေလွှဲလို့ရပြီလို့ သိရတယ်။
မလေးရှားကနေ သည်ကိုငွေလွှဲတဲ့အခါ ငွေလွှဲခနှုန်းက မလေးငွေရင်းဂစ် ၁၅၀၀ ထိလွှဲရင် ငွေလွှဲပို့ခ ၁၂ ရင်းဂစ်ယူမှာပါ။ ရင်းဂစ် ၁၅၀၀ ကနေ ၃၀၀၀ ထိဆိုရင် ၁၅ ရင်းဂစ်ပါ။ ၃၀၀၀ ကနေ  ၆၀၀၀ ထိလွှဲမယ်ဆိုရင်တော့ ၂၀ ရင်းဂစ်ကျတယ်လို့ ဧရာဝတီဘဏ်မှ မန်နေးဂျင်း ဒါရိုက်တာ ဦးသန်းဇော်က ပြောပါတယ်။ ငွေလွှဲတဲ့အခါ မလေးက လွှဲမယ်ဆိုရင် မလေး ( May )ဘဏ်က ငွေဈေးနှုန်း ရင်းဂစ်နဲ့ ဒေါ်လာ အတိုင်းလဲပေးမှာ ဖြစ်ပြီး မြန်မာနိုင်ငံက ပြန်ထုတ်ယူသူတွေအတွက်ကတော့ သိမ်ဖြူငွေလွှဲကောင်တာရဲ့ ငွေလဲပေါက်ဈေးအတိုင်း ဒေါ်လာကို မြန်မာငွေနဲ့ ပြန်လဲပေးသွားမယ်လို့ သိရတယ်။ မြန်မာနိုင်ငံကနေတော့ မလေးရှားကို ငွေပြန်လွှဲလို့မရပါဘူး။

Mobile Roaming Systerm



Roaming System ဆိုတာကတော့ မိုဘိုင်းဖုန်းတွေအတွက် ကွန်ရက်ပေါင်းစပ်ခြင်း၊ ကွန်ရက်တစ်ခုနဲ့တစ်ခုကို ပြောင်းလဲအသုံးပြုနိုင်ခြင်း အစရှိတဲ့စနစ်တွေကို အသုံးပြုနိုင်ဖို့အတွက် ပြုလုပ်ထားတဲ့စနစ် တစ်ခုပဲဖြစ်ပါတယ်။ မိုဘိုင်းကွန်ရက်တွေကို တစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီး အသုံးပြုနိုင်ဖို့အတွက် Roaming စနစ်ကို အသုံးပြုကြရပါတယ်။

မဒေးကျွန်း ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် ဒေသခံလုပ်သားများနေထိုင်သည့် ယာယီလူနေအိမ်ဆိုင်ခန်းများ ပြောင်းရွှေ့ပေးနေရ





ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် ဆောက်လုပ်နေသည့် ရေနက်ဆိပ်ကမ်းစီမံကိန်းအတွင်း အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်ရန်အတွက် ဒေသခံလုပ်သားများ၏ ယာယီနေအိမ်များကို ပြောင်းရွှေ့လိုက်ကြောင်း သတင်းရရှိပါသည်။
မဒေးကျွန်းရေနက်ဆိပ်ကမ်း တွင် အဆောက်အအုံသစ်များတိုးချဲ့ ဆောက်လုပ်ရန်အတွက် ပြီးခဲ့သည့်အပတ်က အဆိုပါနေအိမ်များကို ရွှေ့ပြောင်းလိုက်ခြင်းဖြစ်ကြောင်း ဒေသခံလုပ်သားတစ်ဦးထံမှ သိရှိရ သည်။  ''ဆိပ်ကမ်းမှာရှိတဲ့ ဆိုင်ခန်းလေးတွေကို တရုတ်တွေက လာပြီးရွှေ့ခိုင်းပါတယ်။ အရွှေ့ခံရတဲ့ ဆိုင်ခန်းက ၁၀ ခန်းကျော်ရှိတယ်။ ဆိုင်ခန်းတွေက ဈေးဆိုင်ရောင်းချရင်း ဒေသတွင်းကလုပ်သားတွေနေတဲ့ လူနေဆိုင်ခန်းတွေပါ။ တရုတ်ကုမ္ပဏီက ဆိပ် ကမ်းဧရိယာမှာပါတယ်ဆိုပြီး ရွှေ့ခိုင်းလိုက်တာပါ''ဟု ၎င်းကပြောသည်။

စစ်တွေဆိပ်ကမ်းသို့ ပုဂ္ဂလိက ကုန်တင်သင်္ဘောများ ပုံမှန်ဆိုက်ကပ်ခွင့်မရသဖြင့် ရေလယ်တွင် ရပ်နားထားရ



စစ်တွေမြို့အနီး ရေလယ်တွင် ရပ်နားနေသော ကုန်တင်သင်္ဘောတစ်စင်းကို တွေ့ရစဉ်
စစ်တွေဆိပ်ကမ်းသို့ ပုဂ္ဂလိက ကုန်တင်သင်္ဘောများ ပုံမှန်ဆိုက်ကပ်ခွင့်မရသဖြင့် ရေလယ်တွင်ရပ်နားကာ မော်တော်ငယ်များဖြင့် အတင်အချ ပြုလုပ်နေရကြောင်း၊ ယင်းသို့ အဆင့်ဆင့်ပြုလုပ်နေရသဖြင့် မလိုလားအပ်သော ကုန်ကျစရိတ်များရှိနေသဖြင့် ပုဂ္ဂလိက ကုန်တင်သင်္ဘောများ ဆိုက်ကပ်နိုင်မည့် ဆိပ်ခံတံတားသစ်တစ်ခုကို ဆောက်လုပ်ရန် လိုအပ်နေကြောင်း သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည်အား ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ မှ ပြိုင်ဘက် ကိုယ်စားလှယ်လောင်း ဦးတင်ရီက ကန့်ကွက်


မကြာမီကနိုင်ငံရေး လမ်းကြောင်းပေါ်သို့နိုင်ငံရေးပါတီ မှတ်ပုံတင်ကာရောက်ရှိလာခဲ့သည် NLD ဥက္ကဌ  ဒေါ်အောင်ဆန်းစုကြည် ကို ညီညွှတ်ရေး နှင့်ငြိမ်းချမ်း ရေးပါတီကိုယ်စားလှယ်လောင်းက ကိုယ်စားလှယ်လောင်းအရည်အချင်း နှင့် ကိုက်ညီမှု မရှိဟုဆိုကာကန့်ကွက် လွှာ တင်သွင်းထားကြောင်းသိသည်။
”ကျွန်တော်တို့ ပါတီအနေနဲ့တော့ကော်မရှင်ကဆုံးဖြတ်ချက် မချသေးတဲ့အတွက်ဘယ်အချက်တွေ နဲ့ကန့်ကွက်တယ်ဆိုတာပြောလို့မရပါဘူး” ဟုညီညွှတ်ရေး နှင့်ငြိမ်းချမ်း ရေးပါတီအတွင်းရေးမှူးဦးထွန်းရွှေ ကဆိုသည်။

ကြိုတင်မဲနဲ့ အသာစီးရအောင်လုပ်ဖို့ မရှိဘူးဆိုတဲ့ ကြံ့ဖွံ့ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး တွေ့ ဆုံခြင်း


ကြံ့ဖွံ့ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး
လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက လစ်လပ်မဲဆန္ဒနယ်အားလုံးမှာ ၀င်ပြိုင်ဖို့   ကိုယ်စားလှယ်တွေ ရွေးချယ်ထားပြီးဖြစ်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ ကြိုတင်မဲတွေနဲ့ အသာစီးရအောင် လုပ်ဖို့မရှိဘူး။ လုပ်ဖို့ကိုလည်း မတိုက်တွန်းထားဘူးလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ဖေဖော်ဝါရီလ ၇ရက်နေ့မှာ ပြောပါတယ်။ ဖုန်းနဲ့မေးမြန်းရာ နေပြည်တော်ကနေ ပြန်လည်ဖြေကြားချက်တချို့ကို ကောက်နုတ်ဖော်ပြပါတယ်။
Related Posts Plugin for WordPress, Blogger...

ShareThis