menu

Friday 14 February 2014

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကား တိုင်ပတ်နေသလား

 ဗိုလ်ချုပ်အောင်ဆန်း, ရုပ်ရှင်, ဒေါ်အောင်ဆန်းစုကြည်, မင်းထင်ကိုကိုကြီး, ဇော်သက်ထွေး, အိအိခိုင်
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်အတွက် သရုပ်ဆောင်ရွေးချယ်စဉ်

လွန်ခဲ့တဲ့ နှစ်နှစ်နီးပါး ကာလလောက် ကတည်းက စတင်လို့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကြောင်းနဲ့ ပုံရိပ်တွေကို ပြန်လည်ဖော်ထုတ်ပြီး ဇာတ်ကားကြီး ရိုက်နိုင်ဖို့ ကြိုးစားခဲ့ကြတာ အားလုံးအသိပါ။ အဓိကကတော့ အဲဒီဇာတ်ကားကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် ၁၀ဝ ပြည့် မွေးနေ့အမီ လူတွေရှေ့မှောက် ရောက်ရှိဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆိုရင် မမှားပါဘူး။ ၂၀၁၄ ဖေဖော် ဝါရီ ၁၃ မှာ ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှား ရှိမယ်ဆိုရင် ၉၉ နှစ် တင်းတင်း ပြည့်ခဲ့ပါပြီ။ ဒီတော့ ဒီရုပ်ရှင်အတွက် ရည်ရွယ်ထားတဲ့အချိန်က ၁ နှစ်တိတိသာ လိုပါတော့တယ်။
သို့ပေမယ့် ဒီဇာတ်ကားကြီး ရိုက်ကူးဖို့အတွက် နိုင်ငံတကာနဲ့ ဆက်သွယ်လို့ ထုတ်လုပ်သူတွေ၊ ဒါရိုက်တာတွေ ရှာဖွေပြီး ညှိနှိုင်းတိုင်ပင် ဆွေးနွေးလိုက်ကြတာ လက်ရှိအချိန်အထိ ညှိနှိုင်းတိုင်ပင်တုန်း ပဲဖြစ်လို့ လာမယ့် ၂၀၁၅ ဖေဖော်ဝါရီလ ၁၃ ရက် နေ့မှာ ကျရောက်မယ့် ဗိုလ်ချုပ်ရဲ့ နှစ် ၁၀ဝ ပြည့် မွေးနေ့အမီ ရိုက်ကူးထုတ်လုပ်နိုင်ဖို့ အခွင့်အလမ်း နည်းပါးနေပြီလို့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ် မြောက်ရေးကော်မတီက ပြန်ကြားရေးတာဝန်ခံ ဦးဇော်သက်ထွေးက ဧရာဝတီကို ပြောပါတယ်။
“အခုရိုက်ကူးရေးကိုတောင် မစရသေးဘူးဆို တော့ ၂၀၁၅ ဗိုလ်ချုပ်မွေးနေ့မှာတော့ ရုံတင်နိုင်ဖို့ အခွင့်အလမ်း နည်းပါးနေပါတယ်။ အထူးသဖြင့် တော့ ၂၀၁၅ နှစ်ကုန်လောက်ကို တင်နိုင်ရင်မဆိုးဘူး ပေါ့။ ဒေါ်အောင်ဆန်းစုကြည် ပြောတာကတော့ အဲဒီလို ရုံမတင်နိုင်သေးရင်လည်း ဗိုလ်ချုပ်ရဲ့နေ့ထူး နေ့မြတ်တွေ၊ မွေးနေ့အထိမ်းအမှတ်တွေကို အကြောင်း ပြုပြီးမှ၊ ပွဲလမ်းတွေ လှုပ်ရှားမှုတွေလုပ်ပြီးမှ ဒီဇာတ် ကားရိုက်ဖို့ကို ဆောင်ရွက်ဖို့ အကြမ်းဖျင်း ညှိနှိုင်း တိုင်ပင်ထားပါတယ်။

စာရေးဆရာ သုံးဦးကို ပျော်ဘွယ်တွင် စာပေဟောပြောခွင့် ရာသက်ပန် ပိတ်ပင်

စာပေဟောပြောပွဲ, ပျော်ဘွယ်, ညီပုလေး, မောင်စိန်းဝင်း (ပုတီးကုန်း), ဦးဘုန်း (ဓာတု)
မန္တလေးတွင် ကျင်းပခဲ့သည် စာပေဟောပြောပွဲတွင် ဟောပြောနေသော စာရေးဆရာ ညီပုလေးအား တွေ့ရစဉ် (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)
မလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်တွင် ဖေဖော်ဝါရီလ ၄ ရက်နေ့က စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)၊ ညီပုလေးနှင့် ဦးဘုန်း (ဓာတု) တို့က စာပေ အကြောင်းအရာများ ဟောပြောခဲ့သော်လည်း အမျိုသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို မဲဆွယ်ပေးသည်ဆိုသော အကြောင်းပြချက်ဖြင့် မြို့နယ် အာဏာပိုင်များက ဟောပြောပွဲအခွေ ထုတ်ခွင့်နှင့် ထိုစာရေးဆရာ ၃ ဦးကို ပျော်ဘွယ်မြို့တွင် ရာသက်ပန် ဟောပြောခွင့် ပိတ်ပင်လိုက်ကြောင်း သတင်းရရှိသည်။
ထို့အပြင် ပျော်ဘွယ်မြို့နယ် အာဏာပိုင်များက ယင်းမြို့နယ်အတွင်း စာပေဟောပြောပွဲ ထပ်မလုပ်ရန်ပြောဆိုခဲ့ပြီး ၄ ရက်နေ့က ကျင်းပသည့် စာပေဟောပြောပွဲ အခွေကို မထုတ်ရန် အတွက်လည်း ပျော်ဘွယ် မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးတွင် ဖေဖော်ဝါရီလ ၆ ရက်နေ့က ၀န်ခံကတိ ထိုးခဲ့ရကြောင်း၊ မိမိတို့မြို့တွင် အချိန်အတော်ကြာ စာပေဟောပြောပွဲ မကျင်းပနိုင် ခဲ့ရာမှ ယခုတကြိမ် ပြုလုပ်ခွင့်ရသည့် အတွက် ဝမ်းသာခဲ့သော်လည်း ပြဿနာ ပေါ်ပေါက် လာသဖြင့် စိတ်မကောင်း ဖြစ်မိကြောင်း စာပေဟောပြောပွဲ စီစဉ်ခဲ့သူ ပျော်ဘွယ်မြို့ခံ ကိုအောင်သာမိုးက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့မှာ မှတ်တမ်း အခွေရိုက်ထားတာတွေ ရှိတယ်။ အဲဒါတွေကို အခွေမထုတ်ပါဘူးလို့ ကတိပေးခဲ့ရတယ်။ အခုက ပြုပြင်ပြောင်းလဲရေး လုပ်နေတာသာ ပြောတာ။ ဘာမှ အောက်ခြေမှာ မပြောင်းဘူး။ အပြောင်းအလဲက ဒီမှာ အဖွဲ့အစည်း တချို့ပဲ ခံစားရတာ။

ဂဠုန်ဦးစော၏ မြေးမဟုတ်ကြောင်း ဒုတိယ၀န်ကြီး ဦးရဲထွဋ်တုံ့ပြန်

ဂဠုန်ဦးစော၏ မြေးမဟုတ်ကြောင်း ဒုတိယ၀န်ကြီး ဦးရဲထွဋ်တုံ့ပြန်

ယုန်လေး(မြစ်မခ)၊ ရန်ကုန်၊ ဖေဖော်ဝါရီ-၁၃

ပုဂ္ဂိုလ်ရေးရာထိုးနှက်ချက်များရှိလာသည့်အတွက် မိမိမှာဂဠုန်ဦးစော
၏မြေးမဟုတ်ဟု နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က တုံ့ပြန်ရှင်းလင်းခဲ့သည်။
အင်တာနက်ပေါ်၌ ချက်အောက်ထိုးတဲ့ လုပ်ရပ်တစ်ခုကြောင့် ယခုကဲ့သို့
ပြန်လည် ဖြေရှင်းရခြင်းဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

' ကျွန်တော် ဦးစောရဲ့မြေး မဟုတ်ပါ။ ဦးစောမြေးအရင်းတွေက ××ရင် ပါတဲ့ နာမည်နဲ့ ဆုံးပါတယ်။7 Day ဂျာနယ်က လီလီပန်းလေးများ ဆောင်းပါးကို ဖတ်ကြည့်ပါ။ အခုသတင်းကတော့ ကျွန်တော့်ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ ချက်အောက်ကိုထိုးတဲ့ အကွက်တွေပါ။ နောက်လည်းဒါမျိုးတွေလာဦးမှာပဲ '
ဟု နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးပြောကြားခဲ့သည်။

ထိုကဲ့သို့ သတင်းများထွက်ပေါ်လာခြင်းမှာ ယခုအပတ်ထုတ် Messenger ၎င်း၏ အင်တာဗျူးကြောင့်ဟု ထင်ကြောင်း၊ ယခင်အင်တာဗျူးပါဝင်ပြီး
နောက်ပိုင်းအချိန်များကလည်းမဟုတ်မမှန်သတင်းများထွက်ပေါ်ခဲ့ဖူးကြောင်းသိရသည်။ ' ဦးစောမြေးအရင်းဆိုရင်လည်း ကျွန်တော်ဘာမှ ကွယ်ဝှက်စရာ အကြောင်းမရှိပါဘူး။ ကျွန်တော့်ကို ဆုံးဖြတ်မှာက ကျွန်တော့် လုပ်ရည်ကိုင် ရည်နဲ့ 
http://www.myanmarcnn.com/2014/02/blog-post_1939.html

ပုဂ္ဂိုလ်ရေးရာထိုးနှက်ချက်များရှိလာသည့်အတွက် မိမိမှာဂဠုန်ဦးစော
၏မြေးမဟုတ်ဟု နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က တုံ့ပြန်ရှင်းလင်းခဲ့သည်။
အင်တာနက်ပေါ်၌ ချက်အောက်ထိုးတဲ့ လုပ်ရပ်တစ်ခုကြောင့် ယခုကဲ့သို့
ပြန်လည် ဖြေရှင်းရခြင်းဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

' ကျွန်တော် ဦးစောရဲ့မြေး မဟုတ်ပါ။ ဦးစောမြေးအရင်းတွေက ××ရင် ပါတဲ့ နာမည်နဲ့ ဆုံးပါတယ်။7 Day ဂျာနယ်က လီလီပန်းလေးများ ဆောင်းပါးကို ဖတ်ကြည့်ပါ။ အခုသတင်းကတော့ ကျွန်တော့်ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ ချက်အောက်ကိုထိုးတဲ့ အကွက်တွေပါ။ နောက်လည်းဒါမျိုးတွေလာဦးမှာပဲ '
ဟု နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးပြောကြားခဲ့သည်။

ထိုကဲ့သို့ သတင်းများထွက်ပေါ်လာခြင်းမှာ ယခုအပတ်ထုတ် Messenger ၎င်း၏ အင်တာဗျူးကြောင့်ဟု ထင်ကြောင်း၊ ယခင်အင်တာဗျူးပါဝင်ပြီး
နောက်ပိုင်းအချိန်များကလည်းမဟုတ်မမှန်သတင်းများထွက်ပေါ်ခဲ့ဖူးကြောင်းသိရသည်။ '

အိမ်တွင်းဖြစ် သဘာဝ အကိုက်အခဲ ပျောက်ဆေးများ

Photo: အိမ်တွင်းဖြစ် သဘာဝ အကိုက်အခဲ ပျောက်ဆေးများ

ဂျင်း

ဂျင်းက ကြွက်သား ကိုက်ခဲခြင်းကို ပျောက်ကင်း စေပါတယ်။

နေ့စဉ် ချက်ပြုတ် စားသောက်တဲ့ ဟင်းလျာထဲမှာ ဂျင်းအခြောက်မှုန့် လက်ဘက်ရည်ဇွန်း တစ်ဇွန်းသို့မဟုတ် ယင်းနှင့် ညီမျှသော ပမာဏကို ထည့်သွင်း စားသုံး သင့်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူ ကတော့ နားကိုက်တာကို ပျောက်ကင်း စေပါတယ်။ နားကိုက် ဝေဒနာ ခံစားရသူများ အနေနဲ့ ကြက်သွန်ဆီ ကို တစ်နေ့ ၂ ကြိမ် နားထဲ ၅ ရက်တိတိ သင့်လျော်သော ပမာဏ ထည့်ပေးခြင်းဖြင့် ပျောက်ကင်း စေပါတယ်။ ကြက်သွန်ဆီ ဆိုလို့ အခြား မဟုတ်ပါဘူး။ သံလွှင်ဆီသန့်နဲ့ ကြက်သွန်ထောင်း ကို စိမ်ထည့်ပြီး အအေးခန်းထဲထည့်ရင် ကြက်သွန်ဆီ ရပါတယ်။

လေးညှင်းပွင့်

သွားကိုက် ဝေဒနာ ခံစားရသူများ အနေနဲ့ လေးညှင်းပွင့် ခြောက်မှုန့်နဲ့ သွားတိုက်ခြင်းက ကိုက်ခဲမှု ပျောက်ကင်း စေပါတယ်။

ပင်စိမ်းရွက်/ ပက်ပါမင့်ရွက်

Peppermint လို့ခေါ်တဲ့ အရွက်တစ်မျိုးက မြန်မာခေါ် ပင်စိမ်းရွက်နဲ့ နီးစပ်ပါတယ်။  Peppermint မှရတဲ့အဆီကလည်း ကြွက်သား နာကျင်ကိုက်ခဲမှုကို ပျောက်ကွင်း စေပါတယ်။

စပျစ်သီး

စပျစ်သီး တစ်ခိုင်စာ နေ့စဉ် စားသုံးသူများ အနေနဲ့ ကျောရိုးတစ်လျှောက် ဆက်စပ်တဲ့ ရောဂါများကို ပျောက်ကင်း စေတယ်လို့ လေ့လာ တွေ့ရှိထားကြ ပါတယ်။

နာနတ်သီး

နာနတ်သီးက အစာအိပ် နာတာတို့၊ ဗိုက်ကြွက်သား နာကျင်မှုတို့ကို ပျောက်ကင်းစေ တယ်လို့ ဆိုပါတယ်။

ချယ်ရီသီး

ချယ်ရီသီးကတော့ ဦးခေါင်းကိုက် ဝေဒနာကို ပျောက်ကင်း စေပါတယ်။

ခရမ်းချဉ်သီး

ခါးအောက်ပိုင်း အကြော၊ ကြွက်သား နာကျင်မှုကို ပျောက်ကင်း စေပါတယ်။ ခရမ်းချဉ်သီး ဖျော်ရည် နေ့စဉ် စားသုံးခြင်းဖြင့် ခြေထောက် ကိုက်ခဲတာတို့၊ ထုံကျင်တဲ့ ဖြစ်လေ့ဖြစ်ထကို ပျောက်ကင်း စေပါတယ်။

Ref: medic facts

ဂျင်း

ဂျင်းက ကြွက်သား ကိုက်ခဲခြင်းကို ပျောက်ကင်း စေပါတယ်။

နေ့စဉ် ချက်ပြုတ် စားသောက်တဲ့ ဟင်းလျာထဲမှာ ဂျင်းအခြောက်မှုန့် လက်ဘက်ရည်ဇွန်း တစ်ဇွန်းသို့မဟုတ် ယင်းနှင့် ညီမျှသော ပမာဏကို ထည့်သွင်း စားသုံး သင့်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူ ကတော့ နားကိုက်တာကို ပျောက်ကင်း စေပါတယ်။ နားကိုက် ဝေဒနာ ခံစားရသူများ အနေနဲ့ ကြက်သွန်ဆီ ကို တစ်နေ့ ၂ ကြိမ် နားထဲ ၅ ရက်တိတိ သင့်လျော်သော ပမာဏ ထည့်ပေးခြင်းဖြင့် ပျောက်ကင်း စေပါတယ်။ ကြက်သွန်ဆီ ဆိုလို့ အခြား မဟုတ်ပါဘူး။ သံလွှင်ဆီသန့်နဲ့ ကြက်သွန်ထောင်း ကို စိမ်ထည့်ပြီး အအေးခန်းထဲထည့်ရင် ကြက်သွန်ဆီ ရပါတယ်။

လေးညှင်းပွင့်

သွားကိုက် ဝေဒနာ ခံစားရသူများ အနေနဲ့ လေးညှင်းပွင့် ခြောက်မှုန့်နဲ့ သွားတိုက်ခြင်းက ကိုက်ခဲမှု ပျောက်ကင်း စေပါတယ်။

ခေါက်ဆွဲခြောက် ထုတ်များအား ဟင်းသီးဟင်းရွက်၊ အသား၊ ငါး တစ်ခုခုနဲ့ ရောနှော စားသုံးသင့်

Photo: ခေါက်ဆွဲခြောက် ထုတ်များအား ဟင်းသီးဟင်းရွက်၊ အသား၊ ငါး တစ်ခုခုနဲ့ ရောနှော စားသုံးသင့်

အသင့်စား ခေါက်ဆွဲခြောက် ထုတ်များတွင် လူ့ကျန်းမာရေး အတွက် အကျိုးရှိသည့် အမျှင်ဓါတ်၊

ဗီတာမင်ဓါတ်နှင့် သတ္တုဓါတ်များ မပါဝင် သလောက် နည်းပါးပြီး အန္တရာယ် ပေးနိုင်သော သကြားဓါတ်၊ အချိုမှုန့်ဓါတ်နှင့် ဆိုဒီယမ် ဓါတ်များ ပါဝင်မှုနှုန်း မြင့်မားသည့်အတွက် ရေရှည် စားသုံးပါက အ၀လွန်ရောဂါ ရရှိနိုင်သည့် အပြင် ကျန်းမာရေးအား အလွန် ထိခိုက်နိုင်သည်ဟု အထွေထွေ ရောဂါကု ဆရာဝန် ဒေါက်တာ မြင့်ဦးက ဆိုသည်။

"လူတစ်ယောက် အတွက် နေ့စဉ်ပုံမှန်စားသုံးတဲ့ အစားစာထဲမှာ ပရိုတိန်း(၂၃)၊အဆီ(၂၈) ၊ ကာဗိုဟိုက်ဒြိတ်(၅၅) ရာခိုင်နှုန်း ပါဝင်နေဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ခေါက်ဆွဲ ခြောက်မှာ ၉။ ၃၆။ ၅၅ ဖြစ်နေတဲ့အတွက် ပရိုတိန်းဓါတ်က နည်းပြီး ကာဗိုဟိုက်ဒြိတ်နဲ့ အဆီတွေ များလွန်း နေပါတယ်။ ခေါက်ဆွဲခြောက်ဟာ Junk Food လို့ ခေါ်တဲ့ အစားအစာ အမျိုးအစားထဲမှာ ပါဝင်နေတဲ့ အတွက် ကျန်းမာရေးနဲ့မညီညွတ်ပါဘူး အချိန်မရလို့ ခေါက်ဆွဲခြောက်ကို ရေနွေးထဲမှာ ၃ မိနစ်စိမ်ပြိး စားသုံး ရတော့မယ့် ဆိုရင် ဟင်းသီးဟင်းရွက်၊ အသား၊ ငါး တစ်ခုခုနဲ့ ရောနှော စားသုံးဖို့ အကြံပြုလိုပါတယ် "ဟု အထွေထွေ ရောဂါကု ဆရာဝန် ဒေါက်တာ မြင့်ဦးက ပြောသည်။

လူတစ်ယောက် အတွက် ဆိုဒီယမ်ဓါတ် တစ်နေ့တာ လိုအပ်ချက်မှာ ၁၅၀၀ မီလီဂရမ်သာ ရှိကြောင်းနှင့် ခေါက်ဆွဲခြောက် တစ်ထုတ်တွင် ဆိုဒီယမ်ဓါတ် ၂၇၀၀ အထိ ပါဝင် နေသောကြောင့် ရေရှည် စားသုံးပါက အ၀လွန် ရောဂါ စွဲကပ်နိုင်သည့် အပြင် သွေးတိုးရောဂါ၊ နှလုံးရောဂါနှင့် ကျောက်ကပ် ဝေဒနာရှင်များ စားသုံးရန် မသင့်လျော်ဟု ၎င်းက ဆက်ပြောသည်။

"အသင့်စား အစားအစာတွေက ကြာရှည်ခံအောင် ဓာတု ပစ္စည်းတွေနဲ့ လုပ်ထားတဲ့အတွက် ကျန်းမာရေး အတွက် မကောင်းဘူး ဆိုတာတော့ သိတယ် ဒါပေမယ့် ခေါက်ဆွဲပြုတ် စားရတာက အချိန်ကုန်လည်း သက်သာတယ် ငွေကုန်လည်း သက်သာတယ် ညဘက် အိမ်ပြန်ရောက်ရင် လွယ်လွယ်ကူကူ ခေါက်ဆွဲပဲ ပြုတ်စားလိုက်တာ များတယ် ခေါက်ဆွဲပြုတ် စားတာများရင် ဆံပင် ကျွတ်တယ်လို့တော့ ကြားဘူးတယ်" ဟု စမ်းချောင်း မြို့နယ်နေ လူငယ် တစ်ဦးက ပြောသည်။

အသင့်စား ခေါက်ဆွဲခြောက် များကို ဂျပန်နိုင်ငံတွင် အဓိက ခေါက်ဆွဲခြောက် ထုတ်လုပ်သည့် Nissin Foods ကုမ္ပဏီ တည်ထောင်သူ မိုမိုဖူကူအန်တိုက ၁၉၅၈ ခုနှစ်တွင် တီထွင်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း ခေါက်ဆွဲခြောက်ထုတ် ရောင်းအားမှာ ၁၀၁ ဒသမ ၄ ဘီလျံရှိကြောင်း ဂျပန် အခြေစိုက် ကမ္ဘာ့ခေါက်ဆွဲခြောက် အသင်း World Instant Noodles က ထုတ်ပြန် ထားသည်။

credit to နှင်းဆီဖူးလေးများ-Love BUDS


အသင့်စား ခေါက်ဆွဲခြောက် ထုတ်များတွင် လူ့ကျန်းမာရေး အတွက် အကျိုးရှိသည့် အမျှင်ဓါတ်၊
ဗီတာမင်ဓါတ်နှင့် သတ္တုဓါတ်များ မပါဝင် သလောက် နည်းပါးပြီး အန္တရာယ် ပေးနိုင်သော သကြားဓါတ်၊ အချိုမှုန့်ဓါတ်နှင့် ဆိုဒီယမ် ဓါတ်များ ပါဝင်မှုနှုန်း မြင့်မားသည့်အတွက် ရေရှည် စားသုံးပါက အ၀လွန်ရောဂါ ရရှိနိုင်သည့် အပြင် ကျန်းမာရေးအား အလွန် ထိခိုက်နိုင်သည်ဟု အထွေထွေ ရောဂါကု ဆရာဝန် ဒေါက်တာ မြင့်ဦးက ဆိုသည်။

"လူတစ်ယောက် အတွက် နေ့စဉ်ပုံမှန်စားသုံးတဲ့ အစားစာထဲမှာ ပရိုတိန်း(၂၃)၊အဆီ(၂၈) ၊ ကာဗိုဟိုက်ဒြိတ်(၅၅) ရာခိုင်နှုန်း ပါဝင်နေဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ခေါက်ဆွဲ ခြောက်မှာ ၉။ ၃၆။ ၅၅ ဖြစ်နေတဲ့အတွက် ပရိုတိန်းဓါတ်က နည်းပြီး ကာဗိုဟိုက်ဒြိတ်နဲ့ အဆီတွေ များလွန်း နေပါတယ်။ ခေါက်ဆွဲခြောက်ဟာ Junk Food လို့ ခေါ်တဲ့ အစားအစာ အမျိုးအစားထဲမှာ ပါဝင်နေတဲ့ အတွက် ကျန်းမာရေးနဲ့မညီညွတ်ပါဘူး အချိန်မရလို့ ခေါက်ဆွဲခြောက်ကို ရေနွေးထဲမှာ ၃ မိနစ်စိမ်ပြိး စားသုံး ရတော့မယ့် ဆိုရင် ဟင်းသီးဟင်းရွက်၊ အသား၊ ငါး တစ်ခုခုနဲ့ ရောနှော စားသုံးဖို့ အကြံပြုလိုပါတယ် "ဟု အထွေထွေ ရောဂါကု ဆရာဝန် ဒေါက်တာ မြင့်ဦးက ပြောသည်။

လူတစ်ယောက် အတွက် ဆိုဒီယမ်ဓါတ် တစ်နေ့တာ လိုအပ်ချက်မှာ ၁၅၀၀ မီလီဂရမ်သာ ရှိကြောင်းနှင့် ခေါက်ဆွဲခြောက် တစ်ထုတ်တွင် ဆိုဒီယမ်ဓါတ် ၂၇၀၀ အထိ ပါဝင် နေသောကြောင့် ရေရှည် စားသုံးပါက အ၀လွန် ရောဂါ စွဲကပ်နိုင်သည့် အပြင် သွေးတိုးရောဂါ၊ နှလုံးရောဂါနှင့် ကျောက်ကပ် ဝေဒနာရှင်များ စားသုံးရန် မသင့်လျော်ဟု ၎င်းက ဆက်ပြောသည်။

သဲကုန်းသပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းခံရ


ရေခဲ(ပြည်) | သောကြာနေ့၊ ဖေဖော်ဝါရီ ၁၄ရက်၊ ၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။ ။ လယ်ယာမြေ ပြန်လည်ရရှိရေးအတွက် ဆန္ဒပြတောင်းဆိုနေသည့် ပဲခူးတိုင်း ပြည်ခရိုင် သဲကုန်းမြို့နယ် ရွှေဘုန်းရှိန်လမ်း အခြေခံပညာမူလတန်းကျောင်းရှေ့တွင် ဖွင့်လှစ်ထားသော တောင်သူများ၏ သပိတ်စခန်းကို ဖေဖော်ဝါရီလ(၁၄)ရက် နံနက်က အကြမ်းဖက်ဖြိုခွဲခံရပြီး ဆန္ဒပြခေါင်းဆောင် အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆန္ဒပြသူများကပြောသည်။

သဲကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူးဦးဆောင်သော ရဲနှင့်အရပ်သားမျာပါ အင်အား (၅၀)ခန့်သည် ကားနှစ်စီးဖြင့် သပိတ်စခန်းကို လာရောက်ဖျက်ဆီးခဲ့သည်ဟု ဆန္ဒဖော်ထုတ်သူ ကိုသန့်ဇင်ထက်က ပြောသည်။

“အင်အား ခြောက်ဆယ်လောက်ရှိတယ်။ ကြံ့ခိုင်ရေး စွမ်းအားရှင်နဲ့ ရဲတွေပေါင်းပြီး ဖြိုခွဲတယ်။ ကြံ့ခိုင်ရေး
ဝတ်စုံနဲ့လူတွေက ဗီနိုင်းပိုစတာတွေ ဖြဲပစ်တယ်။ ရဲတွေက အဆောက်အဦးကို ဖျက်တယ်”ဟု သူကဆို
သည်။

ထိုသို့ဖျက်ဆီးချိန်တွင် ဆန္ဒပြခေါင်းဆောင်များဖြစ်သည့် ဒေါ်ဝင်း၏ ဦးခေါင်းကို ခဲဖြင့်ထုခံရပြီး ဒေါ်ညိုမှာ ဆွဲရမ်းခံရသဖြင့် မူးမေ့လဲကျခဲ့သည်ဟု ကိုသန့်ဇင်ထက်ကပြောသည်။

ကန်ကြီးထောင့် ပေပင်ကျေးရွာမှ ကျောင်းသား ၃၂ဦး အစာအဆိပ်သင့်

Photo

စည်သူမောင်မောင်| သောကြာနေ့၊ ဖေဖော်ဝါရီ ၁၄ရက်၊ ၂၀၁၄ခုနှစ်။

ပုသိမ်၊ မဇ္ဈိမ။ ။ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ် ပေပင်ကြီးကျေရွာ ပေပင်ကြီး အထက်တန်းကျောင်ခွဲတွင် ဆယ်တန်းကျောင်းသား ၃၂ဦး ဖေဖော်ဝါရီလ ၁၄ရက် နံနက် ၈နာရီက ထမင်းနှင့် ဘဲဥငံပြာရည်ချက်စားပြီး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သည်။

"“တစ်ယောက် အန်တာကိုမြင်တော့ နောက်ကျောင်းသားတွေမြင်ပြီး လိုက်ပြီးတော့၊ အော့ရယ်အန်ရယ်ဖြစ်ကုန်တာ၊ ညက စာကျက်ထားတော့ အားနည်းနေတာကြောင့်လည်း ဖြစ်တာ၊ ကျောင်းသားတိုင်းတော့မဖြစ်ဘူး၊ ဖြစ်တဲ့ ကျောင်းသားတွေကို ပုသိမ်ကို ဆက်ပို့ပြီး ကုပေးထားတယ်"ဟု ပေပင်ကြီး အထက်တန်းကျောင်းခွဲမှ ဆရာဦးစိုးနိုင်က မဇ္ဈိမကို ပြောသည်။

ကျောင်းသား ၁၆ဦး၊ ကျောင်းသူ ၁၆ဦး အစာအဆိပ်သင့်ခဲ့ပြီး ကျောင်းသား ၁၀ဦးနှင့် ကျောင်းသူ ၅ဦးကို ပုသိမ်ဆေးရုံတွင် သွားရောက် ဆေးကုသထားရသည်ဟု ဆရာဦးစိုးနိုင်က ပြောသည်။

*ဖေဖော်ဝါရီ ၁၃ ရက်နေ့ည ဒဂုံဆိပ်ကမ်း၊ ရတနာလမ်းမအထက် ကားနှင့်ဆိုင်ကယ်တိုက်မှု လူ ၂ ဦးသေဆုံး*

Photo

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာလမ်းမပေါ်၌ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ည (၈း၄၅) နာရီအချိန်ခန့်က မြန်မာကလိုဂို အထည်ချုပ်စက်ရုံမှ ယာဉ်မောင်း အငယ်လေး (ခ) ရှမ်းလေး မောင်းနှင်လာသည့် ဝန်ထမ်းကြို/ပို့ယာဉ် ည/၃၄၂၅ နှင့် သုံးယောက် စီးနင်းလာသည့်ဆိုင်ကယ်တစ်စီး တိုက်မှုဖြစ်ပွားခဲ့သည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်နှင့်အတူ BM ယာဉ်ကြီးသည် လမ်းဘေး သို့ ထိုးဆင်း၍ တိမ်းမှောက်ခဲ့ရာ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့သည်။

ဒဏ်ရာရရှိသော အမျိုးသား - ၃ ဦး၊ အမျိုးသမီး - ၁၇ ဦးတို့အား ရန်ကုန် ဆေးရုံကြီးသို့ ရွှေသံလျင် နာရေးကူညီမှုအသင်းမှလူနာတင်ယာဉ်ဖြင့် အရေးပေါ်လူနာအဖြစ် ပို့ဆောင်နိုင်ခဲ့ကြောင်း ရွှေသံလျင် နာရေးကူညီမှုအသင်းမှ ဦးအောင်နိုင်ဦး က ပြောသည်။

တစ်ယောက်တည်း selfie ရိုက်တဲ့အခါ ဓာတ်ပုံထဲမှာ ကြည့်ကောင်းနေစေဖို့ သိထားရမယ့် အချက် ၉ချက်


ခုဆိုရင် ကင်မရာတွေမှာ ပါဝင်လာတဲ့ front ကင်မရာတွေကြောင့်ရော၊ Facebook လို လူမှုကွန်ယက်တွေမှာ ကိုယ့်ပုံကိုယ် ဓာတ်ပုံရိုက်၊ upload လုပ်တာမျိုးတွေ ခေတ်စားလာကြတာမျိုးတွေကြောင့်ပါ selfie ဓာတ်ပုံရိုက်တော့မယ်ဆို ဘာတွေလိုအပ်တယ်ဆိုတဲ့အချက်တွေ ပေါ်ထွက်လာခဲ့ပါပြီ။ ဒီအချက်လေးတွေသုံးပြီး ဓာတ်ပုံရိုက်မယ်ဆိုရင် selfie ရိုက်တာတောင် အမိုက်စားဖြစ်နေမှာမို့ ခုလို ဖော်ပြပေးလိုက်တယ်နော်။
၁။နောက်ခံ ဘက်ဂရောင်း ရှင်းလင်းနေပါစေ။
ကိုယ့်အခန်းထဲမှာပဲ ရိုက်ရိုက်၊ outdoor မှာပဲ ရိုက်ရိုက် ကိုယ့်နောက်ခံဘက်ဂရောင်းက ရှင်းလေ ကိုယ့်အတွက် ကောင်းလေပါပဲ။

ကိုယ်ဝန်ဆောင်သူငယ်ချင်းကိုသတ်၊ ကလေးကို သားအိမ်ထဲက ထုတ်ယူပြီး သူမကလေးအဖြစ် မွေးစားခဲ့တဲ့ မိန်းမ


အသက် ၃၉ နှစ်အရွယ် ၊ ဂျူလီကိုရေး ဆိုသူ မိန်းမတစ်ယောက်ဟာ အသက် ၂၃ နှစ်အရွယ် ကိုယ်ဝန်ဆောင် သူငယ်ချင်းဖြစ်သူ ဒါလိန်းဟေးနက်စ် ကို သတ်ပြီး ဗိုက်ထဲက ရှစ်လသားအရွယ် ကလေးလေးကို ထုတ်ယူခဲ့မှုကြောင့် ဖမ်းဆီးခံခဲ့ရပါတယ်။
ကိုရေးဟာ သူမ သူငယ်ချင်းကို ရိုက်ပုတ်ကာ သေတဲ့အထိ လည်မျိုညှစ်သတ်ခဲ့တယ်လို့  စွဲချက်တင်ခံထားရပါတယ်။ ဒီအဖြစ်အပျက်ဟာ ကိုရေးတစ်ယောက် ကိုယ်ဝန်ပျက်ကျပြီး သုံးလအကြာမှာ ဖြစ်ပွားခဲ့တာပါ။
ဟေးနက်စ်ရဲ့အလောင်းကို သူမတိုက်ခန်း အ၀တ်ဗီရိုထဲ ထည့်ဖွက်ထားတာကို ၂၀၀၉ ခုနှစ်၊ ဂျူလိုင်လမှာ ရဲတွေက တွေ့ ရှိခဲ့ရပြီး လည်ပင်းမှာ လျှစ်စစ်ဝါယာကြိုးနဲ့ ရစ်ပတ်ညှစ်သတ်ခံထားရတဲ့ သဲလွန်စတွေ တွေ့  ရှိခဲ့ရတာပါ။
ဟေးနက်စ်ရဲ့အလောင်းဟာ ၀မ်းဗိုက်ပွင့်နေပြီး မမွေးဖွားရသေးတဲ့ ကလေးဟာ ပျောက်ဆုံးနေခဲ့ပါတယ်။
ကိုရေးဟာ အခုထိ ဟေးနက်စ်ကို သတ်ခဲ့တဲ့အမှုမှာ သူမ လုံးဝမပါဝင်ခဲ့ကြောင်း ငြင်းဆိုနေပေမယ့် ၊ ဂျူရီ လူကြီးတွေရဲ့ နှစ်ရက်နဲ့ ၁၀ နာရီကြာမြင့်တဲ့ သုံးသပ်မှုအပြီးမှာ Worcester အထက်တရားရုံးက ပထမအဆင့် လူသတ်မှုအဖြစ် စွဲချက်တင်ခဲ့ပါတယ်။

ရဟန်းသံဃာများကို တပ်မတော်က စစ်သင်တန်းပေးခြင်းမရှိဟု ဦးရဲထွဋ်ငြင်းဆို

Photo: ရဟန်းသံဃာများကို တပ်မတော်က စစ်သင်တန်းပေးခြင်းမရှိဟု ဦးရဲထွဋ်ငြင်းဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ကချင်ပြည်နယ်အတွင်းရှိ ကချင် လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုနှင့် မြန်မာ့ တပ်မတော်တို့ ထိစပ်နေသည့် ဒေသများတွင် ရဟန်းသံဃာများကို စစ်သင်တန်း ပေးနေသည် ဆိုခြင်းမှာ မဟုတ်မှန်ဘဲ မြန်မာ့တပ်မတော်က ရဟန်းသံဃာများကို  စစ်သင်တန်းပေးခြင်း လုံးဝမရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ငြင်းဆိုသည်။

သံဃာတော် သုံးပါးကို မြန်မာ့ တပ်မတော်က စစ်သင်တန်း ပို့ချနေသည်ဆိုသည့် မှတ်တမ်း ဓာတ်ပုံတစ်ခု လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့နေသည့်ကိစ္စနှင့် ပတ်သက်၍ The Voice ၏ ဆက်သွယ် မေးမြန်းမှုကို သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူလည်းဖြစ်သည့် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။ 
“သံဃာတော်တွေကို သင်တန်းပေးတာ မဟုတ်ပါဘူး။ ပြည်သူ့စစ်တွေကို သင်တန်းပေးနေချိန်မှာ ရွာက ဦးပဉ္စင်းတွေ ကိုရင်တွေ လာကြည့်ပြီး သေနတ်ကိုင်ကြည့် ချင်တယ်ဆိုလို့ လုပ်ပြတာ” ဟု ဦးရဲထွဋ်က ရှင်းပြသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နေ့လယ်မှစတင်ကာ လူမှုကွန်ရက် စာမျက်နှာတွင် သံဃာတော် သုံးပါးနှင့်အတူ ပြည်သူ့စစ် အဖွဲ့ဝင်များကို တပ်မတော်က စစ်သင်တန်း ပို့ချနေသည်ဆိုသည့် ဓာတ်ပုံတစ်ပုံ ပျံ့နှံ့ခဲ့ပြီး အဆိုပါ ဓာတ်ပုံမှာ ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုကို ရင်ဆိုင် တိုက်ခိုက်ရန်အတွက် စစ်သင်တန်း ပို့ချနေခြင်း ဖြစ်ကြောင်း၊ သင်္ကန်းဝတ်ဖြင့် တွေ့မြင်ရသည်မှာ မသင့်တော်ကြောင်း၊ လူဝတ်လဲပြီးမှသာ လုပ်ဆောင်သင့်ကြောင်း ယင်းဓာတ်ပုံတွင် ပုံစာအဖြစ် ဖော်ပြထားသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တောင်ဘက် တပ်မတော် ရဟတ်ယာဉ် ပျက်ကျဖူးသည့် တာလောကြီးဒေသရှိ ရှမ်းရွာများတွင် ရွာသူရွာသားများကို ပြည်သူ့စစ်က သင်တန်း ပို့ချနေခြင်း ဖြစ်ကြောင်း၊ ဓာတ်ပုံပါ သံဃာတော်များမှာ အနီးရှိ ကျေးရွာများမှ သံဃာအချို့ အပျော်သဘော ဝင်ရောက် ပစ်ခတ်သည်ကို မှတ်တမ်း တင်ထားခြင်း ဖြစ်နိုင်ကြောင်း၊ တပ်မတော်အနေနှင့် သံဃာများကို စစ်သင်တန်းပေးခြင်း မရှိကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
“ရှမ်းရွာတွေဆိုတော့ ကေအိုင်အေက တပ်သား စုဆောင်းတာတွေ ရှိလို့ ပြည်သူ့စစ် သင်တန်းပေးတာပါ။ နောင်မှာ ဒီလို ဝင်ရောက်ကြည့်ရှု ကိုင်တွယ်တာတွေ ခွင့်မပြုဖို့လည်း စိစစ်ကြပ်မတ်သွားမှာပါ” ဟု ဦးရဲထွဋ်က ပြောဆိုသည်။

တာလောကြီးဒေသ ဌာနေပြည်သူ့ စစ်အဖွဲ့ကို ဖွဲ့စည်းထားသည်မှာ အချိန် ၂ နှစ်ဝန်းကျင် ရှိပြီဖြစ်ပြီး ရှမ်းနီ လူမျိုးများ အများစုနေထိုင်သည့် ကချင်ပြည်နယ် အတွင်းရှိ ဒေသတစ်ခုဖြစ်ပြီး ပြည်သူ့စစ်အင်အား ၉၀၀ ဝန်းကျင် ရှိကြောင်း တပ်မတော်နှင့် နီးစပ်သူများထံမှ သိရသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ကချင်ပြည်နယ်အတွင်းရှိ ကချင် လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုနှင့် မြန်မာ့ တပ်မတော်တို့ ထိစပ်နေသည့် ဒေသများတွင် ရဟန်းသံဃာများကို စစ်သင်တန်း ပေးနေသည် ဆိုခြင်းမှာ မဟုတ်မှန်ဘဲ မြန်မာ့တပ်မတော်က ရဟန်းသံဃာများကို စစ်သင်တန်းပေးခြင်း လုံးဝမရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ငြင်းဆိုသည်။

သံဃာတော် သုံးပါးကို မြန်မာ့ တပ်မတော်က စစ်သင်တန်း ပို့ချနေသည်ဆိုသည့် မှတ်တမ်း ဓာတ်ပုံတစ်ခု လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့နေသည့်ကိစ္စနှင့် ပတ်သက်၍ The Voice ၏ ဆက်သွယ် မေးမြန်းမှုကို သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူလည်းဖြစ်သည့် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
“သံဃာတော်တွေကို သင်တန်းပေးတာ မဟုတ်ပါဘူး။ ပြည်သူ့စစ်တွေကို သင်တန်းပေးနေချိန်မှာ ရွာက ဦးပဉ္စင်းတွေ ကိုရင်တွေ လာကြည့်ပြီး သေနတ်ကိုင်ကြည့် ချင်တယ်ဆိုလို့ လုပ်ပြတာ” ဟု ဦးရဲထွဋ်က ရှင်းပြသည်။

ချမ်းသာပလာဇာရှေ့တွင် လူငယ်တစ်စု ဝိုင်းရိုက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ပုဇွန်တောင်မြို့နယ်၊ အထက်ပုဇွန်တောင် လမ်းမကြီးရှိ ချမ်းသာ ပလာဇာရှေ့တွင် ဖေဖော်ဝါရီလ ၁၁ ရက် နံနက် ၂ နာရီခန့်က နေအိမ်သို့ ဆိုက်ကားဖြင့် ပြန်လာသော အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးကို လမ်းမဘေး အရက်သောက်နေသော လူငယ်တစ်စုက ဝိုင်းရိုက်သောကြောင့် သေဆုံးခဲ့ကြောင်း မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ပုဇွန်တောင်မြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ပုဇွန်တောင် ဥယျာဉ်အိမ်ရာ၊ တိုက် (၁) တွင် နေထိုင်သူ ကိုနိုင်ထွဋ်ခိုင်သည် ယင်းနေ့ နံနက် ၁ နာရီခွဲခန့်က ဝိုင်အမ်ဘီအေရုံး အနီးရှိ ရွှေကောင်းကြွယ် လက်ဖက်ရည်ဆိုင်တွင် ထမင်းကြော်စားပြီး ဆိုက်ကားဖြင့် အထက်ပုဇွန်တောင် လမ်းမကြီးအတိုင်း နေအိမ်သို့ ပြန်လာစဉ် ချမ်းသာပလာဇာရှေ့၌ လူငယ်လေးဦးအဖွဲ့က သံတုတ်၊ အုတ်ခဲကျိုးများဖြင့် ဝိုင်းရိုက်ခဲ့သောကြောင့် အိမ်သို့ ထွက်ပြေးခဲ့ပြီး ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် နံနက် ၅ နာရီခန့်က သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သေဆုံးသူ၏ အဒေါ်ဖြစ်သူ ဒေါ်ဥမ္မာက ရှင်းပြသည်။

လမ်းမဘေး တဲထိုးနေရသော သမီးကလေးကျေးရွာ အိမ်ထောင်စုဝင်များ ဝမ်းပျက်ဝမ်းလျှောဖြစ်

Photo: လမ်းမဘေး တဲထိုးနေရသော သမီးကလေးကျေးရွာ အိမ်ထောင်စုဝင်များ ဝမ်းပျက်ဝမ်းလျှောဖြစ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

တပ်ပိုင်နယ်မြေတွင် ကျူးကျော် ဆောက်လုပ်ထားသော နေအိမ်များကို သက်ဆိုင်ရာက အင်အားသုံး ဖယ်ရှား ခဲ့သောကြောင့် လမ်းဘေး ယာယီတဲထိုးပြီး နေထိုင်နေရသူများတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း ပဲခူးတိုင်းဒေသကြီး၊ အောင်သိဒ္ဓိ ကျောင်းထိုင် ဆရာတော် အရှင်အဂ္ဂဓမ္မက မိန့်ကြားသည်။

လှည်းကူးမြို့နယ်တွင် ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ သက်ဆိုင်ရာက သမီးကလေးကျေးရွာ အပါအဝင် ကျေးရွာပေါင်းလေးခုရှိ အိမ်ထောင်စုပေါင်း ၂၀၀ ကျော်၊ လူဦးရေ  ၇၀၀ ကျော်မှာ ဖယ်ရှားခဲ့ကြောင်း၊ အဆိုပါ လူ ၇၀၀ ကျော်မှာ နေရာမရှိသောကြောင့် လမ်းဘေးတွင် ယာယီတဲများ ဆောက်လုပ် နေထိုင်လျက်ရှိပြီး  ကလေးငယ်အချို့နှင့် သက်ကြီးရွယ်အိုတို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။ 

“ကျောင်းဝင်းထဲမှာ သမီးကလေးကျေးရွာ အပါအဝင် အခြားရွာကသူတွေအပါ လူဦးရေ ၅၀၀ ကျော် ယာယီတဲထိုးပြီး နေနေတယ်။ မြေကြီးပေါ်မှာ အကာမလုံဘဲ နေရတာကြောင့် ကျန်းမာရေး ထိခိုက်တဲ့ သူတွေရှိတယ်။ အခုရက်ပိုင်းတွင်း ရန်ကုန်က ကျန်းမာရေး စောင့်ရှောက်အဖွဲ့ လာပြီး စစ်ဆေးတော့ ဝမ်းရောဂါပိုး တွေ့ရှိသူ အယောက်သုံးဆယ်ကျော်လောက် ရှိတယ်လို့ပြောတယ်။ တခြားဖျက်သိမ်းခံရတဲ့ ရွာတွေမှာလည်း ဝမ်းရောဂါ ဖြစ်နေတယ်လို့ ကြားသိရတယ်” ဟု သမီးကလေးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်တာက ပြောကြားသည်။ 

သမီးကလေးကျေးရွာ၊ အင်းမတီးကျေးရွာ၊ လက်ကျိုက်ကျေးရွာနှင့် ဒေါ်ကာလီ ကျေးရွာတို့ကို တပ်ပိုင်နယ်မြေအတွင်း ကျူးကျော် နေထိုင်သည်ဟုဆိုကာ နေအိမ်များ ဖယ်ရှားခံရသဖြင့် လမ်းဘေးတွင် ယာယီတဲထိုး နေထိုင်ပြီး အလှူရှင်များ လာရောက် လှူဒါန်းမှသာ စားသောက်ရကြောင်း အမြန်လမ်း မိုင်တိုင်အမှတ် ၂၃ အနီးတွင် ယာယီတဲထိုး နေထိုင်လျက်ရှိသော ဒေါ်ကာလီကျေးရွာ မိသားစုဝင်များထံမှ သိရှိရသည်။ 

“တပ်မြေဆိုပြီး အတင်းဝင်ဖျက်လို့ အမြန်လမ်းဘေး တက်နေတာကို စည်ပင်က ထပ်မောင်းထုတ်တယ်။ အခု အမြန်လမ်း မိုင်တိုင်အမှတ် ၂၃ က ခြံတစ်ခြံမှာ ခြံပိုင်ရှင် ခွင့်ပြုချက်နဲ့ ခေတ္တနေခွင့်ရပေမယ့် မြေကြီးပေါ်မှာ တာပေါ်လင်စခင်းပြီး နေရတာကြောင့် ကလေးငယ်တွေနဲ့ သက်ကြီးပိုင်းတွေ မကြာခဏ ဖျားနာပြီး ဝမ်းရောဂါပါ ဖြစ်နေကြတယ်။ လာလှူတဲ့ ဆန်သုံးလေး ပြည်ကို လူ ၉၀ လောက်က ဝေငှပြီး စားနေရတာကြောင့် အာဟာရချို့တဲ့ပြီး လူတော်တော်များများ နေမကောင်း ဖြစ်နေတယ်” ဟု ဖယ်ရှားခံခဲ့သည့် ဒေါ်ကာလီကျေးရွာသား  ဦးသောင်းရွှေက ရှင်းပြသည်။

ပဲခူးတိုင်းဒေသကြီး၊ အလိုင်နီဆည် အနီးရှိ အောင်သိဒ္ဓိဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် ဖေဖော်ဝါရီလ ၄ ရက်နေ့မှ စတင်၍ လာရောက်ကာ ယာယီခိုလှုံနေသော မိသားစုဝင် ၁၅၀ ခန့်ရှိပြီး လူဦးရေ ၅၀၀ ကျော်ကို အလှူရှင်များက နေ့စဉ် လာရောက် လှူဒါန်းလျက်ရှိပြီး ယာယီခိုလှုံ နေထိုင်သူများအတွက် နေ့စဉ် စားသောက်စရိတ် ငွေကျပ် ခြောက်သောင်းကျော် ကုန်ကျကြောင်း  အဆိုပါ ကျောင်းထိုင် ဆရာတော် အရှင်အဂ္ဂဓမ္မက မိန့်ကြားသည်။ 

“ရန်ကုန်က ဒေါက်တာ သိန်းလွင်တို့အဖွဲ့ ကျောင်းကို တစ်ရက်လာသွားတယ်။ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ်ပေးသွားပေမယ့် ဒီမှာက ဆေးပေးခန်း မရှိဘူး၊ အရေးအကြောင်း တစ်စုံတစ်ခုဖြစ်မှာ စိုးရိမ်ရတယ်။ တစ်နေ့ကဆို ဗိုက်ကြီးသည်တစ်ဦး လမစေ့ဘဲ ဗိုက်နာနေတာမျိုး ဖြစ်သေးတယ်” ဟု အောင်သိဒ္ဓိကျောင်းတွင် ယာယီ ခိုလှုံနေသူ ကိုကျော်စိန်ဝင်းက ပြောကြားသည်။ 

အဆိုပါ နေအိမ် ဖယ်ရှားခံရသောကြောင့် လမ်းဘေး ယာယီတဲထိုးပြီး နေထိုင်သူများတွင် ကျန်းမာရေး ထိခိုက်မှုများ ရင်ဆိုင်ကြုံတွေ့နေရမှုကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကျန်းမာရေးနှင့် နေထိုင်စားသောက်မှု အခက်အခဲများကို  စောင့်ရှောက် ကူညီပေးရန် စီစဉ်ဆောင်ရွက်နေကြောင်း ၈၈ မျိုးဆက် လူထုဆက်ဆံရေးဌာနမှ ဒုတာဝန်မှူး ဦးဉာဏ်လင်းက ပြောကြားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

တပ်ပိုင်နယ်မြေတွင် ကျူးကျော် ဆောက်လုပ်ထားသော နေအိမ်များကို သက်ဆိုင်ရာက အင်အားသုံး ဖယ်ရှား ခဲ့သောကြောင့် လမ်းဘေး ယာယီတဲထိုးပြီး နေထိုင်နေရသူများတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း ပဲခူးတိုင်းဒေသကြီး၊ အောင်သိဒ္ဓိ ကျောင်းထိုင် ဆရာတော် အရှင်အဂ္ဂဓမ္မက မိန့်ကြားသည်။

လှည်းကူးမြို့နယ်တွင် ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ သက်ဆိုင်ရာက သမီးကလေးကျေးရွာ အပါအဝင် ကျေးရွာပေါင်းလေးခုရှိ အိမ်ထောင်စုပေါင်း ၂၀၀ ကျော်၊ လူဦးရေ ၇၀၀ ကျော်မှာ ဖယ်ရှားခဲ့ကြောင်း၊ အဆိုပါ လူ ၇၀၀ ကျော်မှာ နေရာမရှိသောကြောင့် လမ်းဘေးတွင် ယာယီတဲများ ဆောက်လုပ် နေထိုင်လျက်ရှိပြီး ကလေးငယ်အချို့နှင့် သက်ကြီးရွယ်အိုတို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

မြတ်ရတနာ ပုဂ္ဂလိက ကျောင်းသားများ အပန်းဖြေ ခရီးအပြန် ယာဉ်တိမ်းမှောက်ရာမှ တစ်ဦးသေ၊ ၁၄ ဦး ဒဏ်ရာရ


မန္တလေး၊ ဖေဖော်ဝါရီ ၁၃

မန္တလေး မြို့တော်ရှိ မြတ်ရတနာ ကိုယ်ပိုင် ပုဂ္ဂလိက အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများသည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဒီးဒုတ် ရေတံခွန်သို့ အပန်းဖြေခရီး သွားရောက်ပြီး အပြန် အေသုံးလုံး ဘိလပ်မြေ စက်ရုံအနီးတွင် ကျောင်းသားများ လိုက်ပါလာသည့် လိုက်ထရပ်ယာဉ်သည် အခြား ယာဉ်တစ်စီးကို ကျော်တက်ရာမှ အရှိန် မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့ကာ တက္ကသိုလ်ဝင်တန်း ကျောင်းသားတစ်ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အဆိုပါ မြတ်ရတနာ ကိုယ်ပိုင်အထက်တန်းကျောင်း ဆရာတစ်ဦးက ပြောကြားသည်။

အဆိုပါယာဉ် တိမ်းမှောက်မှုကြောင့် ဒဏ်ရာ ရရှိသူများသည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၆ နာရီတွင် မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိ လာကြောင်း အဆိုပါ ဆေးရုံ မှတ်တမ်းများအရ သိရသည်။

အဆိုပါ အထက်တန်း ကျောင်းသား၊ ကျောင်းသူများသည် စာမေးပွဲ ဖြေချိန်အနီး အပန်းဖြေခရီးအဖြစ် ပြင်ဦးလွင်မြို့နယ် အတွင်းရှိ ဒီးဒုတ် ရေတံခွန်သို့ ကျောင်းသူများ ပါဝင်သည့် ကားတစ်စီးနှင့် ကျောင်းသားများ ပါဝင်သည့် ကားနှစ်စီး စုစုပေါင်း ကားသုံးစီးတို့ဖြင့် သွားရောက်ခဲ့ကြရာမှ အဆိုပါ ကျောင်းကားများ အချင်းချင်း ကျော်တက်ရာမှ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ဖြစ်စဉ်များအရ သိရသည်။

သြ၀ါဒပါတိမောက် အခါတော်နေ့

Photo: #emg_opinions

သြ၀ါဒပါတိမောက် အခါတော်နေ့ 

Written By - အရှင်ပညာသီဟာဘိဝံသ (တရားဦးဓမ္မစကြာ)

သြ၀ါဒပါတိမောက်အခါတော်နေ့  ဖြစ်ပေါ်လာပုံ

အစိန္တေယျဂေါတမမြတ်ဗုဒ္ဓသည် မဟာသက္ကရာဇ် (၁၀၃) ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ဘုရားအဖြစ်သို့ ရောက်တော်မူ၏။ ထိုနှစ် တပို့တွဲလပြည့်နေ့တွင် တပည့်သာဝက ရဟန်း ၁၂၅၀ တို့နှင့်အတူ ရာဇဂြိုဟ်မြို့၊ ဝေဠုဝန်ကျောင်းတော်သို့ ရောက်ရှိတော်မူ၏။

ထိုနေ့သည်
    ၁။ တပို့တွဲလပြည့်နေ့ ဖြစ်ခြင်း၊
    ၂။ မည်သူတစ်ဦးတစ်ယောက် ပင့်ဖိတ်ခြင်း အလျှင်းမရှိဘဲ မိမိတို့သဘောအတိုင်း သံဃာ ၁၂၅၀ စုဝေးဖြစ်ခြင်း၊
    ၃။ ရဟန်းတော်၁၂၅၀တို့သည် “ဧဟိဘိက္ခု” ရဟန်းများချည်းဖြစ်ခြင်း၊
    ၄။ ထိုရဟန်းတော်အားလုံးတို့သည်  ဆဠာဘိည ခေါ် အဘိညာဉ် (၆) ပါးနှင့် ပဋိသမ္ဘိဒါပတ္တ ရဟန္တာများ ဖြစ်ကြခြင်းဟူသော အင်္ဂါ လေးပါးနှင့် ပြည့်စုံသည့်ပြင် သာဝကအစည်းအဝေး မဟာသမယ-နေ့ထူးနေ့မြတ်လည်း ဖြစ်ပါသည်။

ထိုသို့ အင်္ဂါလေးပါးနှင့် ပြည့်စုံသောကြောင့် ဘုရားမြတ်စွာသည် တပို့တွဲလပြည့်နေ့တွင် သြ၀ါဒပါတိမောက်ကို ပထမဆုံး ပြတော်မူ၏။ ထို့ကြောင့် တပို့တွဲလပြည့်နေ့ကို “သြ၀ါဒပါတိမောက် အခါတော်နေ့” ဟု ခေါ်ဆိုခြင်းဖြစ်သည်။

ရဟန်း ၁၂၅၀ ဟူသည် ဥရုဝေလ က ဿပညီနောင်ရှင်တစ်ထောင်၊ အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလ္လာန်နှင့် တပည့် ၂၅၀ တို့ ဖြစ်ကြ၏။ တပို့တွဲလပြည့်နေ့သည် အရှင်သာရိပုတ္တရာ ရဟန္တာဖြစ်သည့်အပြင် အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလ္လာန်တို့အား လက်ယာတော်ရံ၊ လက်ဝဲတော်ရံ အဂ္ဂသာဝဘွဲ့၊ ပညာအရာ၊ တန်ခိုးအရာ ဧတဒဂ်ဘွဲ့များကို အသီးသီး ချီးကျူးတော်မူသော နေ့လည်းဖြစ်သည်။

ပရိက္ခရာရှစ်ဖြာ လှူဖူးသောအမျိုးကောင်းသားသည် တရားထူးရသည်နှင့် ဘုရားမြတ်စွာက လက်ယာလက်ဆန့်တန်းပြီး “ဧဟိဘိက္ခု ရဟန်းလာလော့”ဟု ခေါ်ဆိုလိုက်သည်နှင့် လူ့အသွင်ပျောက်ပြီး ပရိပက္ခရာရှစ်စုံ ခန္ဓာကိုယ်မှာ ခြုံလျက် ၀ါတော်(၆၀)ရ မထေရ်အသွင်ဖြစ်သူများကို “ဧဟိ ဘိက္ခု” ဟု ခေါ်ဆိုပါသည်။ 

ပါတိမောက်

ထိန်းသိမ်းစောင့်ရှောက် လိုက်နာသူတို့ကို အပါယ်စသော ဘေးဒုက္ခတို့မှ လွတ်မြောက်စေတတ်သောကြောင့် ပါတိမောက်ဟု ခေါ်ဆို၏။ ထိုပါတိမောက်သည် (၁) သြ၀ါဒ ပါတိမောက်။(၂) အာဏာပါတိမောက် ဟူ၍ နှစ်မျိုးရှိ၏။ဘုရားရှင်တို့၏ အဆုံးအမကို သြ၀ါဒပါတိမောက်ဟု ခေါ်ဆိုပြီး ဘုရားရှင်တို့ ပညတ်တော်မူသော သိက္ခာပုဒ်တို့ကို အာဏာပါတိမောက်ဟု ခေါ်ဆိုပါသည်။ ရဟန်းတော်များ လိုက်နာကြရမည့် သိက္ခာပုဒ် ၂၂၇ ပုဒ်တို့ ဖြစ်၏။ ထိုပါတိမောက်နှစ်မျိုးတွင် သြ၀ါဒပါတိမောက်ကို ဘုရားရှင်တို့သာ ပြဆိုတော်မူပြီး အာဏာပါတိမောက်ကို သာဝကတို့ ပြကြရပါသည်။ (ဟောကြားတော်မူခြင်း၊ ဆုံးမတော်မူခြင်း၊ ရွတ်တော်မူခြင်းကို သာသနဝေါဟာရအားဖြင့် ပါတိမောက်ပြသည်ဟု ဆိုပါသည်) သြ၀ါဒပါတိမောက်ဟူသည် ပွင့်တော်မူပြီးကုန်သော ဘုရားရှင်အဆူဆူတို့၏ အဆုံးအမတော်ဖြစ်ပြီး ထိုအဆုံးအမတော်သည် ဂါထာ (သုံး) ဂါထာမျှသာ ရှိပါသည်။

ပထမဂါထာ

၁။ ခန္တီ ပရမံ တပေါ တိတိက္ခာ - သူတစ်ပါးတို့က စွပ်စွဲခြင်း၊ ပြစ်မှားခြင်းနှင့် အချမ်းအပူ အစရှိသည်တို့ကို မျက်နှာမနွမ်းခံနိုင်စွမ်းရှိခြင်းဟူသော ၀ီရိယသည် မြင့်မြတ်သော အကျင့်ဖြစ်၏။

အရာခပ်သိမ်းကို မျက်နှာမနွမ်းစိတ်မပင်ပန်းဘဲ သည်းခံနိုင်စွမ်းရှိသော ၀ီရိယကို ခန္တီဟုဆို၏။ တစ်ဖန် သည်းခံနိုင်စွမ်းမရှိလျှင် ဒေါသဖြစ်မည်။ ဒေါသသည် သီလပျက်စီးခြင်း၏ ၀ိသေသအကြောင်း ဖြစ်၏။ထို့ကြောင့် သီလမပျက်စီးအောင် ဒေါသ၏ဆန့်ကျင်ဘက် အဒေါသ (မေတ္တာ) ဖြင့် သည်းခံကြရသဖြင့် မေတ္တာကိုလည်း ခန္တီဟုပင် ဆိုရ၏။ ထိုသို့ ခန္တီအကျင့်မြတ်ဖြင့် နေနိုင်ကြမှသာ စိတ်ချမ်းမြေ့နိုင်၏။ သူတစ်ပါးတို့သည် ကိုယ့်အပေါ် မတော်မတရားပြုခြင်းနှင့် သဘာဝဘေးဒဏ်စသည်တို့၌ မဖြုံ၊ မတုန်မလှုပ်စိတ်ကို ခိုင်မာအောင်ထားရမည်ကို ဆုံးမတော်မူလိုရင်း ဖြစ်ပါသည်။

၂။ နိဗ္ဗာနံ ပရမံ ၀ဒန္တိ ဗုဒ္ဓါ-တဏှာမှ ထွက်မြောက်ရာ နိဗ္ဗာန်ကို အမြင့်မြတ်ဆုံးဟူ၍ ဗုဒ္ဓဘုရားရှင်အဆူဆူတို့ ဟောတော်မူကြ၏။

တဏှာသည် ဘ၀ထိုထိုကို မက်မောတပ်မက်တတ်၏။ ထိုတဏှာမှ ထွက်မြောက်ရာ နိဗ္ဗာန်သည် ငြိမ်းအေးခြင်း၊ မွန်မြတ်ခြင်း၊ သိမ်မွေ့ခြင်း၊ အေးမြခြင်း စသောဂုဏ်တို့နှင့် ပြည့်စုံသောကြောင့် အမြတ်ဆုံးဖြစ်၏။ ဟု ဘုရားရှင်တိုင်း မိန့်တော်မူခဲ့ကြခြင်းဖြစ်၏။

၃။ န ဟိ ပဗ္ဗဇိတော ပရူပဃာတီ- သူတစ်ပါးကို သတ်ဖြတ်လေ့ရှိသူသည် ရဟန်းသူမြတ် မဟုတ်။

၎။ န ဟိ သမဏော ဟောတိ ပရံ ၀ိ ဟေဌယန္တော- သူတစ်ပါးကို ညှဉ်းပန်းနှိပ်စက်တတ်သူသည် အပူခပ်သိမ်း ကိလေသာငြိမ်းအေးသူ ရဟန်းအစစ် မဖြစ်နိုင်။

ခန္တီ-ဆိုသော သည်းခံခြင်းတရားမရှိလျှင် တစ်ပါးသူတို့ကို သတ်ဖြတ်တတ်၏။ တုတ်၊ ဓားစသော လက်နက်တို့ဖြင့်လည်း ညှဉ်းဆဲ၊ ပုတ်ခတ်ရိုက်နှက်၊ နှိပ်စက် ပစ်ခတ် သတ်ဖြတ်မည်ဖြစ်၏။ ထို့ကြောင့် သီလပျက်တော့၏။
ထိုသောအခါ သီလပျက်သူမှာ ရှင်းထုတ်ရမည့် အကုသိုလ် အညစ်အကြေးကို ရှင်းမထုတ်နိုင်သဖြင့် ပဗ္ဗဇိတ-ရှင်ရဟန်း၊ ကိလေသာစိတ်အပူတို့ကို အေးငြိမ်းသူ၊ အပူကင်းသူ သမဏ ဟုမဆိုနိုင်တော့။

ဒုတိယဂါထာ

၁။ သဗ္ဗပါပဿ အကာရဏံ - အပြစ်ရှိငြား ခပ်သိမ်းသော အကုသိုလ်တရားတို့ကို မပြုလုပ်ရခြင်း။
၂။ ကုသလဿ ဥပသမ္ပဒံ - အပြစ်မဲ့ငြား ကုသိုလ်တရားတို့ကို ပြည့်စုံစေရခြင်း။
၃။ သစိတ္တပရိယောဒပနံ- ညစ်ညူးကြောင်း နီဝရဏတရားတို့မှ မိမိစိတ်ကို ဖြူစင်စေခြင်း။

သီလစောင့်ထိန်းခြင်းဖြင့် အကုသိုလ်အားလုံးကို ဖြစ်ခွင့်မပေးဘဲ ပယ်မြစ်၍ လောကီလောကုတ္တရာကို သမထ၀ိပဿနာကုသိုလ်များစွာကို ဖြည့်ကျင့်စေလျက် အရဟတ္တ ဖိုလ်ပေါက် အဆုံးရောက်အောင် စိတ်ကိုစင်ကြယ်စေရမည်ကို ဆုံးမတော်မူလိုရင်း ဖြစ်ပါသည်။

တတိယဂါထာ

၁။ အနူပ၀ါဒေါ - ကိုယ်တိုင်လည်း သူတစ်ပါးတို့ကို မစွပ်စွဲခြင်း၊ အခြားသူတို့ကိုလည်း မစွပ်စွဲစေခြင်း။
၂။ အနူပဃာတော - ကိုယ်တိုင်လည်း သူတစ်ပါးတို့ကို မညှဉ်းပန်းမနှိပ်စက် မသတ်ဖြတ်ခြင်း၊ သူတစ်ပါးတို့ကိုလည်း မညှဉ်းပန်းစေ၊ မနှိပ်စက်စေ မသတ်ဖြတ်စေခြင်း။
၃။ ပါတိမောက္ခေစ သံဝရော - အကြီးအကဲသီလ၌ အပြစ်မလိမ်းအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း။
၎။ မတ္တညူတာစ ဘတ္တသိံ္မ- ဆွမ်း ပစ္စည်း၌ အတိုင်းအရှည်ပမာဏကို သိခြင်း။
၅။ ပန္ထဉ္စ သယနာသနံ- လူတို့နှင့်ဝေးကွာ တိတ်ဆိတ်ငြိမ်သက်သော တောရကျောင်း၌ မွေ့ပျော်ရခြင်း။
၆။ အဓိစိတ္တေ စ အာယာဂေ - ၀ိပဿနာဥာဏ်၏ အခြေခံရှစ်တန် သောသမာပတ်၌ မပြတ်ကြိုးကုတ် အားထုတ်ရခြင်း၊ ဧတံ ဗုဒ္ဓါနံ သာသနံ - ဤအဆုံးအမသြ၀ါဒတို့ သည် ဂင်္ဂါဝါဠု သဲဆူမက ပွင့်တော်မူကြသည့် ဆူဆူထွတ်ထား သဗ္ဗညုဘုရားမြတ်စွာတို့၏ လိုရင်းထုံးပြ အဆုံးအမတော် သြ၀ါဒများ ဖြစ်ကြ၏။

ကိုယ်နှုတ်စိတ်တို့ဖြင့် ကိုယ်တိုင်သော်လည်းကောင်း၊ တစ်ပါးသူတို့ကို သော်လည်းကောင်း၊ ညှဉ်းဆဲခြင်း၊ နှိပ်စက်ခြင်း၊ ထိပါး ပုတ်ခတ် သတ်ဖြတ်ခြင်းစသည်တို့ကို ရှောင်ကြဉ်အပ်၏။ ရဟန်းတို့ စောင့်ထိန်းအပ်သည့် ပါတိမောက္ခသီလကို စောင့်ထိန်းနိုင်ပါမှ အပါယ်ဘ၀တို့က လွတ်မြောက်နိုင်မည် ဖြစ်၏။ တိုင်းသားပြည်သူတို့သည် ကြည်ဖြူစွာ လှူဒါန်းအပ်သောဆွမ်းကို အလှူခံရာတွင် အတိုင်းအတာပမာဏကို သိတတ်ကြရ၏။ မြို့ရွာလူသံ မဆူညံဘဲအပူသံတိတ်ဆိတ် ငြိမ်သက်အေးချမ်းသော ကျောင်းသင်္ခမ်းတို့၌ ချမ်းမြေ့စွာ သီတင်းသုံးနေထိုင်ကြရပြီး ၀ိပဿနာဥာဏ်၏ အခြေခံဖြစ်သော သမာပတ် ရှစ်တန်အကျင့်မှန်တို့ကို မဂ်ဖိုလ်သို့ ဆိုက်အောင် အားထုတ်ကြရပါမည်။

သြ၀ါဒကို သာသနာဟု စကားလုံးဖလှယ်၍ အသုံးပြုပြဆိုထားသည်ကို သတိပြုအပ်၏။ ဗုဒ္ဓဘာသာမှာတော့ သာသနာဆိုတာ အထက်ပါအတိုင်း ပွင့်တော်မူပြီး ဘုရားရှင်အဆူဆူတို့၏ သြ၀ါဒများသာ ဖြစ်၏။
ဗုဒ္ဓဘုရားရှင်တို့၏ နှစ်ရှည်လများ ဟောကြားတော်မူသော ဒေသနာအားလုံးသည် ဤဂါထာ (သုံး) ပုဒ်ဖြင့် အနှစ်ချုပ်ပြီး သီလသာသနာ၊ သမာဓိ၊ သာသနာ၊ ပညာ သာသနာဟူသော သိက္ခာသုံးရပ်အကျင့်မြတ် (ဗြဟ္မစရိယ) ကို ပြဆိုတော်မူ၏။

ဘုရားရှင်များနှင့်  သြ၀ါဒပါတိမောက်

ပွင့်တော်မူပြီးကြကုန်သော ဘုရားရှင်အဆူဆူတို့သည် ပွင့်ရာကာလ၊ သက်တမ်း၊ မိဘမျိုးရိုး စသည်ကွဲပြားကြသော်လည်း ဤသြ၀ါဒ ပါတိမောက်ကား ကွဲပြားခြားနားခြင်းမရှိဘဲ ပြချိန်ကာလမျှသာ ကွဲပြားပါသည်။

၁။ ၀ိပဿီဘုရားရှင်သည် ခုနစ်နှစ်လျှင် တစ်ကြိမ်သာ သြ၀ါဒပါတိမောက်ကို ပြတော်မူ၏။ ထိုတစ်ကြိမ်ပြသော သြ၀ါဒပါတိမောက်သည် ခုနစ်နှစ်ကြာ တည်၏။ ခုနစ်နှစ်ကြာ ဆုံးမပြီးသား ဖြစ်တော့၏။
၂။ သိခီဘုရားရှင်နှင့် ဝေဿဘူဘုရားရှင်တို့သည် ခြောက်နှစ်လျှင် တစ်ကြိမ်သာ သြ၀ါဒပါတိမောက်ကို ပြတော်မူ၏။ ထိုတစ်ကြိမ်ပြသော သြ၀ါဒသည်  ခြောက်နှစ်ကြာ တည်၏။  ခြောက်နှစ်ကြာ ဆုံးမပြီးသား ဖြစ်တော့၏။
၃။ ကကုသန်ဘုရားရှင်နှင့် ကောဏာဂုံဘုရားရှင်တို့သည် တစ်နှစ်လျှင် တစ်ကြိမ်သာ သြ၀ါဒပါတိမောက်ကို ပြတော်မူ၏။ ထိုတစ်ကြိမ်ပြသော သြ၀ါဒပါတိမောက်သည် တစ်နှစ်ကြာ တည်၏။ တစ်နှစ်ကြာ ဆုံးမပြီးသား ဖြစ်တော့၏။
၎။ ကဿပဘုရားရှင်သည် ခြောက်လလျှင် တစ်ကြိမ်သာ သြ၀ါဒပါတိမောက်ကို ပြတော်မူ၏။ ထိုတစ်ကြိမ်ပြသော သြ၀ါဒပါတိမောက်သည် ခြောက်လကြာ တည်၏။ ခြောက်လကြာ ဆုံးမပြီးသား ဖြစ်တော့၏။
၅။ ဂေါတမဘုရားမြတ်စွာသည် မဟာသက္ကရာဇ် (၁၀၃) တပို့တွဲလပြည့်နေ့မှစ၍ လပြည့်လကွယ်နေ့များတွင် သံဃာတော်များနှင့်အတူ သြ၀ါဒပါတိမောက်ကို ပြတော် မူပါသည်။
ဝိပဿီစသော သက်တမ်းရှည် ဘုရားမြတ်စွာတို့သည် သက်တမ်းရှည်သမျှ ကာလပတ်လုံး သြ၀ါဒပါတိမောက်ကို ပြတော်မူ၏။ အစိန္တေယျ ဂေါတမမြတ်ဗုဒ္ဓသည် လူတို့ သက်တမ်း (၁၀၀) နှစ်၊ သက်တမ်းတိုကာလ၌ ပွင့်တော်မူသောကြောင့် ပထမဗောဓိခေါ် ၀ါတော် (၂၀) အတွင်းသာ သြ၀ါဒပါတိမောက်ကို ပြတော်မူပါသည်။ ထိုသို့ ပထမဗောဓိခေါ် ၀ါတော် ၁၀ နှစ် ပြည့်ပြီး နောက် သာဝကတို့အား သိက္ခာပုဒ်တော်များကို ပညတ်တော်မူ၏။
သိက္ခာပုဒ်ဟု ခေါ်ဆိုအပ်သော အာဏာပါတီမောက်ကို လပြည့်လကွယ်နေ့များတွင် တစ်သာသနာလုံးရှိ သံဃာတော်များသည် သိမ်အတွင်း၌ စုဝေးလျက် ယခုတိုင် ပြကြရပါသည်။ ထိုကို သံဃာတော်များ ဥပုသ်ပြုသည်ဟု ဆိုပါသည်။
ဘုရားရှင်သည် ပထမဗောဓိခေါ် ၀ါတော် (၂၀) ကျော်ပြီးနောက် သံဃာတော်များနှင့်အတူ ဥပုသ်ကျောင်းဆောင်သိမ်အတွင်း ဥပုသ်အတူတူ မပြုခြင်းသည် သံဃာတော်အချို့၌ ရဟန်းသိက္ခာ သီလစင်ကြယ်မှု မရှိခြင်းကြောင့် ဖြစ်၏။

ညီညွတ်ကြပါမှ ချမ်းသာမည်

သံဃာများစွာ သီတင်းသုံးသော စာသင်တိုက်ကြီးများ၌ လပြည့်လကွယ်နေ့များတွင် သိမ်ကျောင်းဆောင်အတွင်း သင့်လျော်ရာအချိန်၌ အတူစုဝေးပြီး ဥပုသ်ပြုကြရသကဲ့သို့ လေးပါးအောက် သံဃာနည်းသော ကျောင်းများ၊ တစ်ရွာတစ်ကျောင်း၊ တစ်ကျောင်း တစ်ပါးသာရှိသော ကျေးလက်တောရွာမှ ကျောင်းများတွင် သီတင်းသုံးတော်မူကြသည့် သံဃာများသည် သိက္ခာကြီး မထေရ် သီတင်းသုံးရာကျောင်းရှိ သိမ်၌ စုဝေးပြီး ဥပုသ်ပြုကြရပါသည်။ သံဃာတော်တို့ ညီညွတ်ပါမှ သံဃာတော်များနှင့် ထိုသံဃာတော်တို့ နေထိုင်ရာ တိုင်းနိုင်ငံ လူမျိုးတို့ ကိုယ်ချမ်းသာ စိတ်ချမ်းသာရှိမည် ဖြစ်ပါသည်။ (သုခါ သံဃဿ သာမဂ္ဂီ)

ချမ်းသာခြင်း၊ ပြည်စုံတိုးတက်ခြင်းစသော ကောင်းခြင်းမှန်သမျှသည် ရဟန်းရှင်လူတို့၏ ညီညွတ်ကြခြင်း သဘောဆန္ဒတူ မျှခြင်းလျှင် အခြေတည်ပါသည်။ (သမ ဂ္ဂါနံ တပေါ သုခေါ)

ထို့ကြောင့် ရဟန်းရှင်လူများ ပြည်သူတို့ ဘုရားရှင်အဆူဆူတို့၏ အဆုံးအမသြ၀ါဒအတိုင်း လိုက်နာနေထိုင်ကြလျက် တညီတညွတ်တည်း၊ တစ်စိတ်တစ်ဝမ်းတည်းရှိမည်ဆိုလျှင် အမိမြန်မာနိုင်ငံတော်ကြီး အစဉ်အေးချမ်းသာယာနိုင်မည် ဖြစ်ကြောင်း။ 

(ကျိုက်ခေါက်ဘုရားပွဲအား ယမန်နှစ် တပို့တွဲလပြည့်ညက တွေ့ရစဉ်)
(ကျိုက်ခေါက်ဘုရားပွဲအား ယမန်နှစ် တပို့တွဲလပြည့်ညက တွေ့ရစဉ်)


Written By - အရှင်ပညာသီဟာဘိဝံသ (တရားဦးဓမ္မစကြာ)

သြ၀ါဒပါတိမောက်အခါတော်နေ့ ဖြစ်ပေါ်လာပုံ

အစိန္တေယျဂေါတမမြတ်ဗုဒ္ဓသည် မဟာသက္ကရာဇ် (၁၀၃) ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ဘုရားအဖြစ်သို့ ရောက်တော်မူ၏။ ထိုနှစ် တပို့တွဲလပြည့်နေ့တွင် တပည့်သာဝက ရဟန်း ၁၂၅၀ တို့နှင့်အတူ ရာဇဂြိုဟ်မြို့၊ ဝေဠုဝန်ကျောင်းတော်သို့ ရောက်ရှိတော်မူ၏။

ထိုနေ့သည်
၁။ တပို့တွဲလပြည့်နေ့ ဖြစ်ခြင်း၊
၂။ မည်သူတစ်ဦးတစ်ယောက် ပင့်ဖိတ်ခြင်း အလျှင်းမရှိဘဲ မိမိတို့သဘောအတိုင်း သံဃာ ၁၂၅၀ စုဝေးဖြစ်ခြင်း၊
၃။ ရဟန်းတော်၁၂၅၀တို့သည် “ဧဟိဘိက္ခု” ရဟန်းများချည်းဖြစ်ခြင်း၊
၎။ ထိုရဟန်းတော်အားလုံးတို့သည် ဆဠာဘိည ခေါ် အဘိညာဉ် (၆) ပါးနှင့် ပဋိသမ္ဘိဒါပတ္တ ရဟန္တာများ ဖြစ်ကြခြင်းဟူသော အင်္ဂါ လေးပါးနှင့် ပြည့်စုံသည့်ပြင် သာဝကအစည်းအဝေး မဟာသမယ-နေ့ထူးနေ့မြတ်လည်း ဖြစ်ပါသည်။
Related Posts Plugin for WordPress, Blogger...

ShareThis