menu

Tuesday 20 May 2014

မိုဘိုင်းဖုန်ုး သုံးသူများ သတိထားရန် ကျန်းမာရေးဆိုင်ရာ အချက်များ

Photo: မိုဘိုင်းဖုန်ုး သုံးသူများ သတိထားရန် ကျန်းမာရေးဆိုင်ရာ အချက်များ

ယနေ့ခေတ်မှာ လူတော်တော်များများ ဟန်းဖုန်းကိုင်နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းနှင့် ပက်သက်ပြီး သိသင့်တဲ့ ကျန်းမာရေးဗဟုသုတ အချို့ မျှဝေလိုက်ပါတယ်။

မိုဘိုင်းဖုန်းကို အိပ်ယာဘေးထားမအိပ်ပါနှင့်

ဆဲလ်ဖုန်းကို အိပ်ယာဘေးထားမအိပ်သင့်ပါဘူး။ ဖုန်းကထွက်လာတဲ့ ရေဒီယိုလိုင်းများက ဦးနှောက်ကို ထိခိုက်စေပါတယ်။ အကျိုးဆက်များကတော့-

skin rashes-အရေအပြား အနီကွက်ထခြင်း၊ headaches (ခေါင်းကိုက်ခြင်း)၊ migraines (ခေါင်းတစ်ခြမ်းကိုက်ခြင်း) , skin irritation (အရေအပြား  ဓာတ်မတည့်ခြင်း) , insomnia (အိပ်မပျော်ခြင်း), dizziness (ခေါင်းမူးခြင်း), nausea (မအီမသာဖြစ်ခြင်း), heart palpitations (နှလုံးခုနှုန်း မမှန်ခြင်း), heart pain (နှလုံးအောင့်ခြင်း), concentration problems (အာရုံစူးစိုက်မှုနည်းခြင်း), fatigue (ပင်ပန်းနွမ်နယ်ခြင်း), tingling sensations (တစစ်စစ် တွေ့ထိသလို ခံစားရခြင်း), anxiety attacks (စိုးရိမ်ကြောင့်ကျခြင်း), memory problems (မှတ်သားမှု အားနည်းခြင်း), vision problems )အမြင်ဝေဝါးခြင်း, swollen lymph nodes (အရည်ကြည်ဖုထခြင်း), indigestion reddening of skin  (အရေပြားမှရေဒီယိုလိုင်းအား ဆုပ်ယူခြင်း) စတာတွေ ဖြစ်နိုင်ပါတယ်။

ကားပေါ်တွင် မိုဘိုင်းဖုန်း (ဆဲလ်ဖုန်း) အသုးံမပြုပါနှင့်

မိုဘိုင်းဖုန်းများဟာ (ဘတ်စ်ကား၊ ကား၊ ရထား) အစရှိသဖြင့် စက်တင် ယာဉ်ပေါ်မှာဆိုရင် ရေဒီယိုလိုင်း ထုတ်လွင့်မှု (radiation) မြင့်မားပါတယ်။ ဒါကြောင့် ဖုန်းမပြောသင့်ပါဘူး။ မဖြစ်မနေပြောရမယ်ဆိုရင်တော့ ခေါင်းနဲ့ သိပ်မကပ်ပဲ လိုရင်းတိုရှင်းပြောပြီး ဖုန်းချသင့်ပါတယ်။
အသက် ၁၆ နှစ်အောက် နှင့် မိုဘိုင်းဖုန်း
အသက် ၁၆ နှစ်အောက် ကလေးငယ်များအနေနဲ့ မိုဘိုင်းဖုန်း အသုံးမပြုသင့်သေးပါဘူး။ သူတို့ရဲ့ ဦးနှောက်ဟာ ဖွံ့ဖြိုးဆဲသာဖြစ်ပြီး ဦးခေါင်းခွံ ပါးနေပါသေးတယ်။ ဒါကြောင့် သူတို့ဟာ သာမန်လူတွေထက် Radiation ကို ပိုမို ခံရပါတယ်။

မိုဘိုင်းဖုန်းကို ဘောင်းဘီအိပ်ထဲမထည့်ပါနှင့်

မိုဘိုင်းဖုန်းကို ဘောင်းဘီအိတ်ကပ်ထည့်တဲ့ အလေ့အကျင့်ရှိရင် ရှောင်ရှားစေလိုပါတယ်။ ရေဒီယုလှိုင်းရဲ့ ဓာတ်ပြု ရိုက်ခက်မှုကြောင့် ယင်းအလေ့အထက ကြာလာရင် မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေကို သေစေပြီး ကလေးမရနိုင်တဲ့ အမြုံဖြစ်စေနိုင်ပါတယ်။

မိုဘိုင်းဖုန်းကို ဓာတ်ဆီ၊ ဒီဇယ်ဆီဆိုင်များအတွက် အသုံးမပြုပါနှင့်

ဒါကအင်မတန် အရေးကြီးပါတယ်။ နိုင်ငံတကာကလည်း တားမြစ်ထားပြီး ဖြစ်ပါတယ်။ ဆီဖြည့်နေစဉ် ဖုန်းပြောရင်တော့ ပိုပြီးတော့ အန္တရာယ်ဖြစ်မယ့် အလားအလာ ရှိပါတယ်။ မိုဘိုင်းဖုန်းမှာ လွတ်လိုက်တဲ့ Electro magnetic wave/ radio wave တွေဟာ  static electricity ဖြစ်ပေါ်စေပါတယ်။ ပြီးတော့ မီးပွင့်လာတဲ့အတွက်  လေကနေ ဓာတ်ကူးပြီး အငွေ့ပြန်နေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီတို့အထိ မီးကူးသွားပါတယ်။ အကျိုးဆက်ကတော့ ပေါက်ကွဲမှုကြီးကို ဖြစ်ပေါ်လာနိုင်စေပါတယ်။ လောင်စာဆီတွေမှမဟုတ်ပဲ၊ ဓာတုဗေဓ ပစ္စည်းထားသိုရာ နေရာအချို့ မှာတောင် အန္တရာယ်ရှိတဲ့အတွက် တားမြစ်ထားပါတယ်။ လောင်စာဆီ ဖြည့်စဉ် ဖုန်းပိတ်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။

မိုဘိုင်းဖုန်းနှင့် အခြားရောဂါ ဝေဒနာ

မိုဘိုင်းဖုန်းကြာကြာအသုံးပြုသူတွေဟာ ရေဒီယိုလှိုင်းများကြားမှာ အသက်ရှင်နေကြပါတယ်။ ယင်းလိုင်းရဲ့ ရိုက်ခတ်မှု များကြောင့် ဦးနှောက်သွေးဆဲလ်တွေမှာ ပါဝင်တဲ့ melatonin, serotonin, dopamine , norepinephrine အစရှိသဖြင့် ဟိုမုန်းများကို ပြောင်းလဲစေပြီး ဦးနှောက်နဲ့ပက်သက်တဲ့အခြားရောဂါများ အလွယ်တကူ ဖြစ်စေ ပါတယ်။ ပြီးတော့ မိုဘိုင်းဖုန်းအမြဲအသုံးပြုသူဟာ စိတ်ကျရောဂါမျိုးလည်း ခံစားတတ်ရပြီး ကိုယ်ခံအားပါ ကျဆင်းစေပါတယ်။

ဒါကြောင့် မိုဘိုင်းဖုန်းကို လိုအပ်မှသာ အသုံးပြုစေဖို့ ဆေးပညာရှင်များက တိုက်တွန်းထားပါတယ်။ နေ့စဉ် မိုဘိုင်းဖုန်းကို တစ်နာရီ၊ နှစ်နာရီ ဆက်တိုက်ပြောဆိုတဲ့အလေ့ကျင့်ကိုလည်း မလုပ်ဖို့ တားမြစ်ထားပါတယ်။ မိုဘိုင်းဖုန်းကို မိနစ်ပိုင်းအတွင်း ပြောဆိုခြင်းသာ သင့်တော်တယ်လို့ဆိုပါတယ်။

အထက်ပါအချက်အလက်များကို WHO မှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်  မိုဘိုင်းဖုန်း အသုံးပြုသူများ အနေနဲ့ ဖုန်းဘေးအိပ်ခြင်း၊ ကားပေါ်တွင်ဖုန်းပြောခြင်း၊ ဘောင်းဘီအိပ်ထဲ ထည့်ခြင်း၊ လောင်စာဆီ အနီးတွင် ပြောဆိုခြင်း၊ ဖုန်းကြာကြာပြော ဆိုခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါတယ်။
---
အောင်ခမ်း (ရိုးရာလေး)

.

ယနေ့ခေတ်မှာ လူတော်တော်များများ ဟန်းဖုန်းကိုင်နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းနှင့် ပက်သက်ပြီး သိသင့်တဲ့ ကျန်းမာရေးဗဟုသုတ အချို့ မျှဝေလိုက်ပါတယ်။

မိုဘိုင်းဖုန်းကို အိပ်ယာဘေးထားမအိပ်ပါနှင့်

ဆဲလ်ဖုန်းကို အိပ်ယာဘေးထားမအိပ်သင့်ပါဘူး။ ဖုန်းကထွက်လာတဲ့ ရေဒီယိုလိုင်းများက ဦးနှောက်ကို ထိခိုက်စေပါတယ်။ အကျိုးဆက်များကတော့-

skin rashes-အရေအပြား အနီကွက်ထခြင်း၊ headaches (ခေါင်းကိုက်ခြင်း)၊ migraines (ခေါင်းတစ်ခြမ်းကိုက်ခြင်း) , skin irritation (အရေအပြား ဓာတ်မတည့်ခြင်း) , insomnia (အိပ်မပျော်ခြင်း), dizziness (ခေါင်းမူးခြင်း), nausea (မအီမသာဖြစ်ခြင်း), heart palpitations (နှလုံးခုနှုန်း မမှန်ခြင်း), heart pain (နှလုံးအောင့်ခြင်း), concentration problems (အာရုံစူးစိုက်မှုနည်းခြင်း), fatigue (ပင်ပန်းနွမ်နယ်ခြင်း), tingling sensations (တစစ်စစ် တွေ့ထိသလို ခံစားရခြင်း), anxiety attacks (စိုးရိမ်ကြောင့်ကျခြင်း), memory problems (မှတ်သားမှု အားနည်းခြင်း), vision problems )အမြင်ဝေဝါးခြင်း, swollen lymph nodes (အရည်ကြည်ဖုထခြင်း), indigestion reddening of skin (အရေပြားမှရေဒီယိုလိုင်းအား ဆုပ်ယူခြင်း) စတာတွေ ဖြစ်နိုင်ပါတယ်။

နေရောင်ခြည်သည် ပန်းနာရင်ကျပ်ရောဂါကို သက်သာစေနိုင်

ပန်းနာရင်ကျပ်ရောဂါရှိသူများ၏ ကိုယ်ခံအားမှာ အားနည်းသောကြောင့် ပြင်းထန်သော ပန်းနာရင်ကျပ်ရောဂါလက္ခဏာများကို ထိန်းချုပ်ရာတွင် ကူညီနိုင်သည့် ဗီတာမင်ဒီပါဝင်သော နေရောင်ခြည်နှင့်ထိတွေ့ပေးခြင်းဖြင့် ရောဂါလက္ခဏာများကို ထိန်းချုပ်နိုင်သည်ဟု ကျွမ်းကျင်ပညာရှင်များကပြောသည်။

ပန်းနာရင်ကျပ်ရောဂါသည်များမှာ ကိုယ်ခံအားနည်းပြီး ဗီတာမင်ဒီ ချို့တဲ့သောကြောင့် နေရောင်ခြည်နှင့် ထိတွေ့ပေးခြင်းဖြင့် ၎င်းတို့၏ ကိုယ်ခံအားကိုမြှင့်တင်ရန် ကူညီနိုင်သည်ဟုဖော့တစ်ဆေးရုံ၊ အဆုတ်ရောဂါကုဌာနညွှန်ကြားရေးမှူး ဗီဗက်နန်ဂျီးယားက ပြောသည်။ အဆုတ်တွင်းရှိ လေပြွန်လမ်းကြောင်းရောင်ရမ်းမှုကြောင့်ပန်းနာရင်ကျပ်ရောဂါဖြစ်ပွားခြင်းဖြစ်သည်။ ယင်းလေလမ်းကြောင်းရောင်ရမ်းမှုကို ဗီတာမင်ဒီကလျှော့ချပေးနိုင်သည်။

ဝူခုန်းမင်းသား ဒုသမ္မတနှင့်သာ တွေ့ခွင့်ရမည်

သရုပ်ဆောင် တရုတ်မင်းသားအား တွေ့ရစဉ်

တရုတ်လူမျိုး ၀ူခုန်းသရုပ်ဆောင်မင်းသားသည် နိုင်ငံ တော်ဒုတိယသမ္မတနှင့်သာ တွေ့ ဆုံခွင့်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အနောက်အရပ်သို့ ခရီးသွား ခြင်းအမည်ဖြင့် မြန်မာပရိသတ် အကြားနာမည်ကျော်ကြားသည့် ၀ူခုန်းသရုပ်ဆောင်မင်းသား မစ္စတာ လျူချီယိုလင်တန်သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရန် မြန်မာ- တရုတ် ချစ်ကြည်ရေးအသင်းနှင့် တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများက စီစဉ်ခဲ့ကြသော်လည်း ဒုတိယသမ္မတကသာ လက်ခံတွေ့ဆုံမည်ဟု အစိုးရဘက်မှ အကြောင်းပြန်ကြားလာကြောင်း ရန်ကုန်မြို့ရှိ မြန်မာ-တရုတ်ချစ်ကြည်ရေး အသင်း (ဗဟို)မှ သတင်းရရှိသည်။
‘‘ပထမကတော့ သမ္မတနဲ့ တွေ့ဖို့ စီစဉ်ခဲ့ပေမယ့် အခုဒုသမ္မ တနဲ့ပဲ တွေ့တော့မယ်။ သမ္မတ အနေနဲ့က တခြားတိုင်းပြည်ရေး ရာတွေလုပ်စရာရှိသေးလို့ ဖြစ်မှာ ပေါ့။ ယဉ်ကျေးမှုကိစ္စတွေကိုင်တဲ့ သမ္မတနဲ့ပဲ တွေ့တော့မှာ။ ဘယ် ဒုသမ္မတဖြစ်မလဲတော့ အခုအချိန်မှာ မသိသေးဘူး’’ ဟု ယင်းဗဟိုအသင်းမှ ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်ကပြောသည်။

အိမ်အောက်တွင် သက်ငယ်ပျစ်နေသော မိသားစုဝင်သုံးဦးမိုးကြိုးပစ်၍ သေဆုံး

အိမ်အောက်တွင် သက်ငယ်ပျစ်နေသော မိသားစုဝင်သုံးဦး မိုးကြိုးပစ်ခံရ၍ သုံးဦးလုံးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
မကွေးတိုင်းဒေသကြီး၊ မင်း လှမြို့နယ်၊ ရွာသာယာကျေးရွာ တွင် မေလ ၁၈ရက် ညနေ ၆နာရီခွဲက ယင်းကျေးရွာနေ အသက်(၄၅)နှစ်ရှိ အိမ်ထောင်ဦးစီး၊အ သက်(၄၀)နှစ်ရှိ ဇနီးသည်နှင့်အ သက်(၁၄)နှစ်ရှိ သားဖြစ်သူတို့ သည် ၎င်းတို့၏ အိမ်အောက်၌ အိမ်အမိုးမိုးရန် သက်ငယ်ပျစ်နေ ကြစဉ် မိုးကြိုးပစ်ခံရသောကြောင့် ရခဲ့သည့် ဒဏ်ရာများဖြင့်သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်း များတွင်ဖော်ပြထားသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မင်းလှမြို့မရဲစခန်းမှ သေမှုသေ ခင်းအမှတ်စဉ် ၉/၂၀၁၄ဖြင့်အမှု ဖွင့်စစ်ဆေးနေကြောင်းသတင်း ရရှိသည်။
မိုးတိမ်တောင်ရာသီဥတု သည်အချိန်အခါမဟုတ်မိုးရွာ ခြင်းနှင့် မိုးကြိုးပစ်ခြင်းများဖြစ်စေ တတ်သည်။ အထူးသဖြင့် နေ့ လယ်ပိုင်းအချိန်များတွင် အများ ဆုံးဖြစ်လေ့ရှိသည်။ မိုးကြိုးပစ်ခံရ ခြင်းနှင့် မိုးကြိုးစက်ကွင်းကြောင့် နှစ်စဉ်လူ ၇၀ခန့်သေဆုံးနေရာ

ကင်မ်ဂျုံအန်ရဲ့ ပရိသတ် Big Bag

 
 
 မြောက်ကိုရီးယားသမ္မတကင်မ်ဂျုံအန်း၏ ပရိသတ်တစ် ဦးဖြစ်သောကြောင့် ‘We Are Big Bag’ အမည်ရှိ Mini Albumတွင် ကင်မ်ဂျုံအန်အလေးပြုနေပုံကို  အယ်လ်ဘမ်ကာဗာပြုလုပ်ထား ခြင်းဖြစ်ကြောင်း ကျားပေါက်က ပြောသည်။
‘‘ကျွန်တော်နဲ့ Green Box ရဲ့ အိုင်ဒီယာပါ။ ကျွန်တော်က ကင်မ်ဂျုံအန်ရဲ့ပရိသတ်ပါ။ အဲဒါ ကို သိပ်မရှင်းပြချင်လို့သိပ်ပြောစ ရာမရှိပါဘူး။ လုပ်ချင်တာကိုလုပ် လိုက်တဲ့ကိစ္စတစ်ခုပါပဲ’’ဟု ကျား ပေါက်ကပြောသည်။
ယနေ့(မေလ၂၀)တွင် အွန် လိုင်း၌ ရောင်းချမည့်ကျားပေါက် သီဆိုထားသောသီချင်းနှစ်ပုဒ်ပါ ၀င်သည့် ‘‘We are Big Bag ’’အ မည်ရှိ မြောက်ကိုရီးယားခေါင်း ဆောင်ကင်မ်ဂျုံအန်အလေးပြုနေ သောပုံဖြင့် အယ်လ်ဘမ်ကာဗာ ပြုလုပ်ထားသော မီနီအယ်လ် ဘမ်ကို မေလ ၁၉ ရက်က ပရိသတ်များကို Big Bag ဖေ့စ်ဘွတ်ခ် စာမျက်နှာမှတစ်ဆင့် မိတ်ဆက် ခဲ့သည်။

ငါးလအတွင်း ၃၇ ပေါင်ကျခဲ့တဲ့ တင်ဇာမော်ရဲ့ ၀ိတ်ချနည်း

အစားအသောက်ဖြင့် ခန္ဓာကိုယ် ၀ိတ်ကို ထိန်းသိမ်းကာ ငါးလအတွင်း ၃၇ ပေါင်ကျအောင် ပြုလုပ်နိုင်ခဲ့ပြီး နောက်ထပ်ဘော် ဒီဝိတ်ကျအောင် ထပ်မံကြိုးစား ဦးမည်ဟု  အဆိုတော်မတင်ဇာ မော်ကပြောသည်။
‘‘အစားထိန်းတာ တစ်ခုတည်းနဲ့ ငါးလနီးပါးအတွင်း လေ့ကျင့်ခန်းမလို၊ ပိန်ဆေးမလိုဘဲ ၀ိတ်ကျနိုင် တယ်ဆိုတာ  ယုံပြီလား။  ဒီဇင် ဘာလလယ် ၂၀၁၃ မှာ ပေါင်ချိန် ၁၆၀ နီးပါးကနေ မေလလယ် ၂၀၁၄ မှာ ၁၂၃ ပေါင်ကျန်တယ်။ ဆက်ကြိုးစားမယ်။ နောက်ထပ် ၁၀ ပေါင်လောက်ကျရင်တော်ပြီ’’ ဟု တင်ဇာမော်က ၎င်းဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားထားသည်။ထိုကဲ့သို့ ရေးသားထားသော စာနှင့် အတူလွန်ခဲ့သော ငါးလကပုံနှင့် ယခုပုံ၊ ဓာတ်ပုံနှစ်ပုံ  ယှဉ်တွဲကာ ပြသထားသည်ကို ပရိသတ်များ အံ့အားသင့်ခဲ့ပြီး တင်ဇာမော်၏ ၀ိတ်ချနည်းကို အများစုစိတ်ဝင် စားခဲ့ကြသည်။
‘‘ထမင်း၊ ဂျုံ၊ အာလူး မစား ဘူး။ သိပ်စားချင်လွန်းမှ ထမင်း စားဇွန်း လေးဇွန်းစာ၊ တစ်ပတ် လုံး သုံးကြိမ်အများဆုံးစားတယ်။ အသီးအရွက်ပြုတ်ဆီနည်းနည်း သုံး၊ အသုပ်ဆီနည်းနည်းပဲသုံး၊ ကြက်သားမှာ အရေခွံမစားဘူး။ ၀က်သားရှောင်တယ်။

သမ္မတဦးသိန်းစိန် အမြန်လမ်းကို ပထမဆုံးအကြိမ် ကွင်းဆင်းစစ်ဆေး

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မေလ ၁၉ ရက်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကို ကွင်းဆင်းကြည့်ရှုနေစဉ် (ဓာတ်ပုံ - MOI)
ယာဉ်မတော်တဆမှု များကြောင့် ခြောက်နှစ်အတွင်း လူပေါင်း ၃၈၀ ဦး သေဆုံးပြီး နောက် ရန်ကုန်-နေပြည်တော် အမြန်လမ်း၏ ကြံ့ခိုင်မှုအခြေ အနေကို ပြန်လည်ပြုပြင်ရန် နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်ကိုယ် တိုင် မေလ ၁၉ရက်က ပထမဆုံး အကြိမ်ကွင်းဆင်းစစ်ဆေးသည်။
အဆိုပါ လမ်းပိုင်းတစ် လျှောက်ရှိ တံတားများကို မူလ စီမံကိန်း ရည်မှန်းချက်ပါအတိုင်း ရှစ်လမ်းသွားတံတားအဖြစ်ထပ်မံ တိုးချဲ့တည်ဆောက်သွားမည်ဖြစ် ပြီး လမ်းမကြီးတစ်လျှောက်ကို လည်း လေးလမ်းသွားမှ ခြောက် လမ်းသွားအဖြစ် တိုးချဲ့သွားမည် ဟုသိရသည်။
လမ်းမကြီးပေါ်တွင် ယာဉ်မ တော်တဆမှုများဖြစ်ပွားရခြင်းမှာ ယာဉ်မောင်းသူ၏ မဆင်မခြင် မောင်းနှင်မှု၊ ယာဉ်၏ချို့ယွင်းမှု နှင့် ရာသီဥတုကြောင့်ဖြစ်ရာ ယာဉ်မတော်တဆမှုဖြစ်ပွားမှု လျော့နည်းရေးအတွက် အသိပညာပေးလုပ်ငန်းများပိုမိုဆောင်ရွက်သွားရန်၊ လမ်းတံတား ကြံ့ခိုင် ရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးတို့အတွက် စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရန် နိုင်ငံ တော်သမ္မတဦးသိန်းစိန်ကလမ်း ညွှန်ခဲ့သည်။
ဂျပန်အပြည်ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ တိုင်းတာချက်များအရ  ဦးစားပေးပြုပြင်ရမည့် လမ်းမကြီး ၏ ခြောက်ရာခိုင်နှုန်းကို အမြန်ပြု ပြင်သွားရန် ဦးစားပေးဆောင် ရွက်ရေးကိုလည်း သမ္မတကပြော ကြားခဲ့သည်။

တောင်ငူ ဇေယျာသီရိ မိဘမဲ့ဂေဟာတွင် ကလေး ၆၀ ကျော် အစာအဆိပ်သင့်

Photo: တောင်ငူ ဇေယျာသီရိ မိဘမဲ့ဂေဟာတွင် ကလေး ၆၀ ကျော် အစာအဆိပ်သင့်

တောင်ငူ၊ မေ ၁၉

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ၂၂ ရပ်ကွက် ဝက်ကုန်းလမ်းရှိ ဇေယျာသီရိ အမျိုးသမီး မိဘမဲ့ကလေးများ ဂေဟာတွင် မေလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ကလေး ၆၈ ဦးနှင့် လူကြီးခြောက်ဦး အစာအဆိပ်သင့်မှု ဖြစ်ပွားကြောင်း တောင်ငူခရိုင် ဆေးရုံကြီးနှင့် တောင်ငူမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

အစာဆိပ်သင့်သည့် လက္ခဏာများနှင့် မူးဝေ အော့အန်ကာ ရောက်ရှိလာသူများတွင် အသက် ၃ နှစ်မှ ၁၅ နှစ်အရွယ် ကလေးပေါင်း ၆၈ ဦးရှိပြီး အတွင်းလူနာအဖြစ် ကုသနေသူ ကလေးငါးဦး၊ လူကြီး ခြောက်ဦးရှိပြီး ကလေးငယ် နှစ်ဦးသည် စိုးရိမ်ဖွယ် ရှိသော်လည်း ကျန်ကလေးငယ်များမှာ စိုးရိမ်ဖွယ် မရှိတော့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဇေယျာသီရိ အမျိုးသမီး မိဘမဲ့ကလေးများ ဂေဟာမှ ကလေးများ မေလ ၁၉ ရက် နံနက် ၇ နာရီက ဆန်ပြားသုပ်နှင့် ဒီးဒိုအချိုရေကို စားသောက်ပြီး မကြာမီ အစာအဆိပ်သင့်သည့် လက္ခဏာများ ပေါ်ခဲ့ရကြောင်း တောင်ငူမြို့မ ရဲတပ်ဖွဲ့စခန်း စခန်းမှူး ဒုရဲမှူး ဦးတင်ဝင်းက ပြောကြားသည်။

ဂေဟာတွင် မိဘမဲ့ကလေး ၇၀ ခန့်ရှိပြီး ကလေးငယ် နှစ်ဦးမှာ စိုးရိမ်ရ၍ အရေးပေါ် ကုသပေးနေရကြောင်း၊ ကျန်ကလေးများကို ပြင်ပလူနာဌာနတွင် ကုသပေးနေရပြီး စိုးရိမ်ဖွယ် မရှိကြောင်း ၎င်းကဆိုသည်။

အစာအဆိပ်သင့်သည့် ပြဿနာနှင့် ပတ်သက်၍ မည်သည့် အကြောင်းကြောင့် ဖြစ်ပွားသည်ကို မသိရှိရသေးကြောင်း၊ ဒီးဒိုအချိုရည် လာရောက် လှူဒါန်းသွားသူ၏ အမည်သာ သိရပြီး နေရပ်လိပ်စာ ပေးမသွားကြောင်း မိဘမဲ့ အမျိုးသမီးကလေးများ ဂေဟာမှ ဆရာကြီးတစ်ဦးက ပြောကြားသည်။

“မနက်ပိုင်းမှာ ကျောင်းတိုက်က လုပ်ကျွေးတဲ့ ဆန်ပြားသုပ်ကို ကလေးတွေ အကုန်စားတယ်။ ပြီးတော့ မနေ့က ရန်ကုန်က အလှူရှင်တစ်ဦး လာလှူထားတဲ့ အချိုရည်ကို တစ်ယောက် တစ်ဘူး တိုက်တယ်။ ပြီးတော့ မကြာဘူး၊ ကလေးနှစ်ယောက် အော့အန်ပြီး သတိလစ်သွားတဲ့အတွက် သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာပါ” ဟု အဆိုပါ မိဘမဲ့ဂေဟာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာဒိနီက ဆိုသည်။

ကလေးငယ်များ အစာအဆိပ်သင့်ပြီး ဆေးရုံသို့ လိုက်ပါပို့ဆောင်ရန် အကြောင်းကြားချိန်သည် မွန်းလွဲ ၁ နာရီခန့် ဖြစ်ရာ ကလေးငယ်များကို ဆေးရုံကြီးသို့ သုံးကြိမ်ခန့်ခွဲ ပို့ဆောင်ပေးခဲ့ရကြောင်း တောင်ငူမြို့ ၂၄ နာရီ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးကျော်မင်းဦးက ပြောကြားသည်။

ကလေးငယ်များသာမက ဂေဟာတွင် လာရောက်လုပ်ကိုင် ကူညီပေးနေသူ အမျိုးသားသုံးဦးကိုလည်း ဆေးရုံသို့ ပို့ဆောင် ကုသပေးခဲ့ရကြောင်း၊ ကလေးအများစုမှာ မူးဝေ အော့အန်သည့် လက္ခဏာများကို တွေ့ရှိခဲ့ရကြောင်း တောင်ငူပြည်သူ့ဆေးရုံကြီးသို့ ကလေးငယ်များကို လိုက်ပါ ပို့ဆောင်ပေးခဲ့သည့် လူမှုရေးကူညီရေးအသင်း မော်တော်ယာဉ် မောင်းနှင်သူတစ်ဦးက ပြောကြားသည်။

“သမီးတို့ မနက်က မုန့်ဟင်းခါးသုပ် ကျွေးတယ်။ ပြီးတော့ ဒီးဒိုအချိုရည် တစ်ယောက် တစ်ဘူး ပေးလို့ အားလုံး သောက်ကြတယ်။ သမီးကတော့ ဘာမှ မဖြစ်ဘူး။ ကလေးနှစ်ယောက်က အန်ပြီး သတိတွေ လစ်သွားတော့မှ ဆရာကြီးတွေက ဆေးရုံပို့တာပါ” ဟု အဆိုပါ ဂေဟာတွင် နေထိုင်ပြီး တက္ကသိုလ်ဝင်တန်း တက်ရောက်နေသူ မခင်ဝေကျော်က ဆိုသည်။

ဇေယျာသီရိ မိဘမဲ့အမျိုးသမီးများ ဂေဟာကို ၁၉၅၈ ခုနှစ်ခန့်တွင် စတင် တည်ထောင်ခဲ့ကြောင်း၊ လက်ရှိတွင် ကလေးငယ်အရွယ်စုံ အမျိုးသမီး အယောက် ၇၀ ခန့်ကို ကယ်တင် စောင့်ရှောက်လျက် ရှိပြီး စတင် တည်ထောင်သည့် အချိန်မှစ၍ နှစ်ပေါင်း ၅၅ နှစ် အတွင်း ယင်းသို့ တစ်ကြိမ်တစ်ခါမျှ ဖြစ်ခဲ့ခြင်း မရှိကြောင်း ဂေဟာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တောင်ငူ၊ မေ ၁၉

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ၂၂ ရပ်ကွက် ဝက်ကုန်းလမ်းရှိ ဇေယျာသီရိ အမျိုးသမီး မိဘမဲ့ကလေးများ ဂေဟာတွင် မေလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ကလေး ၆၈ ဦးနှင့် လူကြီးခြောက်ဦး အစာအဆိပ်သင့်မှု ဖြစ်ပွားကြောင်း တောင်ငူခရိုင် ဆေးရုံကြီးနှင့် တောင်ငူမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

အစာဆိပ်သင့်သည့် လက္ခဏာများနှင့် မူးဝေ အော့အန်ကာ ရောက်ရှိလာသူများတွင် အသက် ၃ နှစ်မှ ၁၅ နှစ်အရွယ် ကလေးပေါင်း ၆၈ ဦးရှိပြီး အတွင်းလူနာအဖြစ် ကုသနေသူ ကလေးငါးဦး၊ လူကြီး ခြောက်ဦးရှိပြီး ကလေးငယ် နှစ်ဦးသည် စိုးရိမ်ဖွယ် ရှိသော်လည်း ကျန်ကလေးငယ်များမှာ စိုးရိမ်ဖွယ် မရှိတော့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဇေယျာသီရိ အမျိုးသမီး မိဘမဲ့ကလေးများ ဂေဟာမှ ကလေးများ မေလ ၁၉ ရက် နံနက် ၇ နာရီက ဆန်ပြားသုပ်နှင့် ဒီးဒိုအချိုရေကို စားသောက်ပြီး မကြာမီ အစာအဆိပ်သင့်သည့် လက္ခဏာများ ပေါ်ခဲ့ရကြောင်း တောင်ငူမြို့မ ရဲတပ်ဖွဲ့စခန်း စခန်းမှူး ဒုရဲမှူး ဦးတင်ဝင်းက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကို တရားရုံးစွဲတင်ရန် ဥပဒေအကြံပြုချက် တောင်းခံမည်

Photo: မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကို တရားရုံးစွဲတင်ရန် ဥပဒေအကြံပြုချက် တောင်းခံမည်

မန္တလေး၊ မေ  ၁၉

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့် နေအိမ်တွင် ဧပြီလ ၁၉ ရက်နေ့ ညပိုင်းက လျှပ်စစ်မီး ဝါယာရှော့မှ တစ်ဆင့် မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ အောင်မြေသာစံမြို့နယ် အမှတ် (၁) နယ်မြေ ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်ထားပြီး တရားရုံး စွဲတင်ရန်အတွက် ဥပဒေအကြံပြုချက် တောင်းခံမည် ဖြစ်ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး စိန်ထွန်းက ပြောကြားသည်။

လက်ရှိအချိန်တွင် ရဲလုပ်ထုံး လုပ်နည်းအရ သက်သေများကို စစ်ဆေးဆဲ အဆင့်တွင် ရှိနေပြီး မြို့နယ်၊ ခရိုင်မှတစ်ဆင့် ဥပဒေချုပ်ရုံးသို့ ဥပဒေအကြံပြုချက် တောင်းခံသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းသို့ ဥပဒေအကြံပြုချက် ရရှိရန် ခရိုင်ဥပဒေရုံးသို့ ပေးပို့သွားမည် ဖြစ်ပြီး မည်သည့်အချိန်တွင်  ပို့မည်ကို မသိရသေးကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“အမှုက ကြန့်ကြာနေတယ်လို့တော့ ပြောလို့ မရဘူး။ သာမန်အရပ်သား မဟုတ်ဘူး။ ဝန်ကြီးချုပ် ဖြစ်နေတဲ့အတွက် သက်ဆိုင်ရာ ဌာနတွေမှာ ခွင့်ပြုချက် တောင်းရတာတွေ ရှိတယ်။ ရဲလုပ်ထုံး လုပ်နည်းတွေအရ လုပ်ဆောင်နေရလို့ ကြန့်ကြာနေရတာပါ” ဟု တရားလွှတ်တော်ရှေ့နေ ဦးလှကိုက ပြောကြားသည်။

မန္တလေးမြို့တော်ရှိ တိုင်းဒေသကြီး ဝန်ကြီးချုပ် နေအိမ်တွင် ဧပြီလ ၁၉ ရက်နေ့ ညပိုင်း ၈ နာရီ ၃၀ မိနစ်ခန့်က လေအေးပေးစက်၏ မီးဖြတ်စက်မှ အပူချိန်လွန်ကဲပြီး မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကာ ယင်းမီးလောင်မှုကြောင့် တန်ဖိုး ကျပ် ၁၁ သိန်းဖိုး ဆုံးရှုံးသွားပြီး ယင်းမီးလောင်မှုနှင့် ပတ်သက်၍ ဧပြီလ ၂၂ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးရဲမြင့်ကို (ပ) ၈၅/ ၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ တို့အရ အရေးယူထားကြောင်း အောင်မြေသာစံမြို့နယ် အမှတ် (၁) ရဲစခန်း မှတ်တမ်းများအရ သိရှိရသည်။

အရပ်သားအစိုးရ လက်ထက်တွင် ပထမဆုံးအကြိမ်အဖြစ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကို မီးပေါ့ဆမှုဖြင့် အောင်မြေသာစံမြို့နယ် အမှတ် (၁) ရဲစခန်းတွင် အောင်မြေသာစံမြို့နယ် ရဲမှူးကိုကိုက တရားလိုပြုလုပ်၍ အမှုဖွင့်ထားခြင်း ဖြစ်သည်။

မန္တလေး၊ မေ ၁၉

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့် နေအိမ်တွင် ဧပြီလ ၁၉ ရက်နေ့ ညပိုင်းက လျှပ်စစ်မီး ဝါယာရှော့မှ တစ်ဆင့် မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ အောင်မြေသာစံမြို့နယ် အမှတ် (၁) နယ်မြေ ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်ထားပြီး တရားရုံး စွဲတင်ရန်အတွက် ဥပဒေအကြံပြုချက် တောင်းခံမည် ဖြစ်ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး စိန်ထွန်းက ပြောကြားသည်။

လက်ရှိအချိန်တွင် ရဲလုပ်ထုံး လုပ်နည်းအရ သက်သေများကို စစ်ဆေးဆဲ အဆင့်တွင် ရှိနေပြီး မြို့နယ်၊ ခရိုင်မှတစ်ဆင့် ဥပဒေချုပ်ရုံးသို့ ဥပဒေအကြံပြုချက် တောင်းခံသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းသို့ ဥပဒေအကြံပြုချက် ရရှိရန် ခရိုင်ဥပဒေရုံးသို့ ပေးပို့သွားမည် ဖြစ်ပြီး မည်သည့်အချိန်တွင် ပို့မည်ကို မသိရသေးကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူများ လက်မှတ်ရေးထိုး ဆန္ဒပြုနိုင်ရန် စာအုပ်များ NLD က တစ်နိုင်ငံလုံးသို့ စတင်ဖြန့်ဝေ


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူများ လက်မှတ်ရေးထိုး ဆန္ဒပြုနိုင်သည့် ပုံစံတူစာအုပ်များကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရုံးချုပ်မှ NLD မြို့နယ်ရုံးများသို့ စတင်ဖြန့်ဝေ နေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဥာဏ်ဝင်းက မေ ၁၉ ရက်က ပြောကြားသည်။

ခက်ခဲတင်းကျပ်သည့် ဥပဒေပြန်ဋ္ဌာန်းချက်များ ပါဝင်သောဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း ၁၂မှ ပုဒ်မ ၄၃၆ အား ပြင်ဆင်ရေးအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း၍ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲများကို မေ ၁၇ ရက်နှင့် ၁၈ ရက်များတွင် ရန်ကုန်နှင့် မန္တလေးမြို့များ၌ ပြုလုပ်ခဲ့ပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူများ လက်မှတ်ရေးထိုး လှုပ်ရှားမှုကို မေ ၂၇ ရက်မှ ဇူလိုင် ၁၉ ရက် အထိ တစ်နိုင်ငံလုံးတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းပြည်ကောင်းစားမယ်ဆိုရင် ဘယ်သူအာဏာရရ ယူလိုက်ကြပါ... မောင်တင်ဦး (မြောင်းမြ)


Photo: #emg_opinions

တိုင်းပြည်ကောင်းစားမယ်ဆိုရင် ဘယ်သူအာဏာရရ ယူလိုက်ကြပါ

Written by - မောင်တင်ဦး (မြောင်းမြ)

အာဏာ

ဘယ်သူ အာဏာရရ၊ ဘယ်သူ အုပ်ချုပ်အုပ်ချုပ်၊ တိုင်းပြည်နဲ့ ပြည်သူပြည်သားတွေ ကောင်းစားမယ်ဆိုရင် ယူလိုက်စမ်းပါ။ အာဏာဆိုတာ ပြည်သူက ဆင်းသက်တယ်လို့ပြောတာ ကြားဖူးတာပါပဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄ အရ ‘နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်’ တကယ်ဆို လက်တွေ့ဘ၀မှာ ဘယ်ပြည်သူကမှ အာဏာတစိုးတစိ မပိုင်ဆိုင်ပါဘူး။ ပြည်သူတွေအပေါ်ကိုပဲ အာဏာတွေသက်ဆင်း (တက်ဖိ) နေတာပါပဲ။

ပြည်သူတွေက အာဏာကို ငမ်းငမ်းတက် စိတ်မ၀င်စားလို့ ကိုယ့်လယ်လေးကိုထွန်၊ ကိုယ့်မြေလေး ကိုယ်စိုက်ပျိုး၊ ကိုယ့်ဘ၀ စားဝတ်နေရေး ဖူလုံဖို့အတွက် လှုပ်ရှားရုန်းကန်ရင်း အချိန်တွေကုန်၊ ဘ၀တွေ နေညိုကုန်ကြတာပါ။ ဆရာတင်မိုးထံမှ စကားလုံးအချို့ ငှားသုံးရရင် ဆေးလိပ်လည်းတို၊ နေလည်းညိုကုန်ကြပါပြီ။

အဲဒီလို ကိုယ်မမက်မောတဲ့ အာဏာက ကိုယ့်ဆီကို အင်အားနဲ့၊ တုတ်နဲ့ဓားနဲ့၊ ဘူဒိုဇာနဲ့ ၀င်ရောက်လာတော့ အာဏာဆိုတာကြီးကို ကြောက်လန့်တကြား မော့ကြည့်ရပါတော့တယ်။ အာဏာဆိုတာ ဘာကြီးလဲ။ ဘုမသိဘမဘိ မေးခွန်းထုတ်ဖြစ်ပါတယ်။ ဒါ့အပြင် အာဏာရှင်ဆိုတာလည်း ရှိသေးဆိုပဲ။ သာမန်အာဏာနဲ့ တင်ကြောက်နေကြရတဲ့ ဘ၀မှာ အာဏာရှင်ဆိုတာကြီး ပေါ်လာတော့ ပြည်သူတွေခမျာ ကြောက်ရလွန်းလို့ နေစရာတောင် မရှိတော့ပါဘူး။

အဲဒီအာဏာရှင်ကြီးက ကိုယ့်ဘာသာ လယ်ထွန်နေရင်းလည်း အဲဒီလယ်ကို နိုင်ငံပိုင်လယ်ဆိုကာ လယ်ထွန်နေသူတွေကို ကျူးကျော်သူလို့ သတ်မှတ်သမုတ်ပြီး ဖယ်ရှားမောင်းထုတ်ပစ်ပါတယ်။ စက်ရုံဆောက်မှာလိုလို၊ ဟိုတယ်ဆောက်မှာလိုလို၊ လေယာဉ်ကွင်းဆောက်မှာလိုလို၊ ပြည်သူ့အကျိုးပြုလုပ်ငန်း လုပ်မှာဆိုတဲ့ အကြောင်းပြချက်နဲ့ ဒေသခံတွေကို အဓမ္မဖယ်ရှားပြီး မြေကိုသိမ်းပိုက်ကြပါတယ်။

အချိန်ကြာတာနဲ့အမျှ ပြည်သူမေ့လောက်တော့မှ တစ်ယောက်လက် တစ်ယောက်လွှဲရင်း မြေဈေးတွေကစားကာ ဈေးတွေအဆမတန် တက်ကုန်ကြတော့တာပါပဲ။ အဲဒီလို ဈေးတက်လေလေ မြေတွေအဓမ္မသိမ်းမှု များလေလေ ဖြစ်လာပါတယ်။ အာဏာရှင်တွေ အကြိုက်တွေ့လေလေပေါ့။

စင်စစ် ပြည်သူက ဘာများတတ်နိုင်ဦးမှာလဲ။ လက်နက်ရှိသူ၊ အာဏာရှိသူ၊ ငွေကြေးကြွယ်ဝသူ၊ အရှိန်သြဇာကြီးမားသူကို သာမန်ပြည်သူက ဘယ်လိုတောင့်ခံနိုင်မှာလဲ။ မတတ်သာတဲ့အဆုံး အာဏာရှင်နဲ့ဝေးရာ၊ အာဏာရှိသူနဲ့ဝေးရာ လွတ်ရာကျွတ်ရာ ထွက်ပြေးကြရုံမှအခြား မရှိတော့ပါ။

၁၉၆၂ မှ ယနေ့တိုင် အာဏာရသူများ

ဒီလိုနဲ့ ၁၉၆၂ ခုနှစ်ကစပြီး အာဏာကို ခြယ်လှယ်ချုပ်ကိုင်လိုသူတွေက အာဏာသိမ်းလိုက်ပါတယ်။ အဲဒီအချိန်ကစလို့ ပြည်သူတွေရဲ့ အခန်းကဏ္ဍဟာ သေးသိမ်လာပါတယ်။ အုပ်ချုပ်သူလူတန်းစား သို့မဟုတ် အုပ်ချုပ်ခွင့်ရ လူတန်းစားတို့ရဲ့ စိုးမိုးခြယ်လှယ်မှုဟာ တဖြည်းဖြည်း ပြည်သူတွေကို အုပ်ချုပ်ရေးကိစ္စ၊ နိုင်ငံရေးကိစ္စတွေနဲ့ ဝေးရာမှာ ချောင်ထိုးထားခဲ့ပါတယ်။ စစ်တပ်ရေးရာနဲ့ နိုင်ငံတော်လုံခြုံရေး ကိစ္စတွေမှာ တပ်မတော်ဟာ သူ့ဘာသာ စီမံခန့်ခွဲပါတယ်။ အရပ်သားပြည်သူရဲ့ ပူးပေါင်းကူညီမှု၊ ပါဝင်ဆောင်ရွက်မှု မရှိခဲ့၊ မရခဲ့ပါဘူး။  အရွယ်မရောက်သေးတဲ့ ကလေးစစ်သားများကို နိုင်ငံတကာက ဖိအားပေးမှုကြောင့် အရပ်ထဲပြန်အပ်တဲ့ သတင်းတွေ ထွက်ပေါ်လာမှ စစ်တပ်ထဲ အရွယ်မရောက်သေးတဲ့ ကလေးသူငယ် မည်မျှများပြားနေမှန်း သိသာစေပါတယ်။

အဲဒီလို စစ်တပ်က သူ့အစီအမံနဲ့ သူ့ဘာသာ အုပ်ချုပ်လာတဲ့အတွက် ပြည်သူနဲ့ ဘယ်လောက်သဟဇာတ ဖြစ်ခဲ့ပါသလဲ။ အရပ်ဘက် ကျင့်ဝတ်စည်းကမ်းတွေ လျစ်လျူ ရှုခံရပြီး စစ်တပ်ပုံစံသွင်းလာခဲ့တဲ့ အရပ်ဘက်မြို့ပြ အုပ်ချုပ်ရေးမဏ္ဍိုင်တွေ တိုးတက်လာပါသလား။ ယိမ်းယိုင်ပြိုလဲ သွားပါသလား။

ပညာရေးလောက အတွေးမကြွယ်တဲ့ ဆရာမတွေနဲ့ စစ်တပ်အုပ်ချုပ်မှုပုံစံကို ပုံတူကူးချလို့ ကလေးတွေရဲ့ ဖန်တီးနိုင်စွမ်း (creativity)၊ တီထွင်နိုင်စွမ်း၊ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေ ကျဆင်းလာပြီး အလွတ်ကျက် ပညာရေးစနစ်တစ်ရပ် ထွန်းကားလာပါတယ်။ ခိုးချပညာရေး ပေါ်ထွက်လာပါတယ်။ ဒါမေး၊ ဒါဖြေ ပုံသေရိုက်သွင်းထားတဲ့ သင်ကြားသင်ယူပုံစံ ဖြစ်လာပါတယ်။

ဆရာပြောသမျှ အဟောဝတမှန်လေစွလို့ သင်ကြားသင်ယူပုံစံ၊ ဆရာအားကိုး ဆရာဗဟိုပြုစနစ်၊ ဆရာကြီးဝါဒတွေဟာ ပညာရေးလောကထဲမှာ လွှမ်းမိုးနေပါတော့တယ်။ ရေဘူးပေါက်တာ မလိုချင်ဘူး။ ရေပါတာပဲ လိုချင်တယ်ဆိုတဲ့ တစ်ဖက်ပိတ် (ဆလင်ဒါပုံစံ) တစ်လမ်းသွားစနစ်တွေဟာ ပညာရေးလောကလို လွတ်လပ်စွာပြောကြား၊ တွေးကြံအားထုတ်ရမယ့် အလေ့အကျင့်ကောင်းများကို ဖယ်ထုတ်ရှင်းလင်းလိုက်ပြီး ခေါင်းညိတ်လက်ပိုက်ဘ၀နဲ့ ကြီးပြင်းလာရပါတယ်။

ထို့အတူ အခြားအခြားသော ရုံးဌာနများ၊ ၀န်ထမ်းလောကထဲမှာလည်း စစ်တပ်ကလို အဆင့်လိုက် အမိန့်နာခံတဲ့ အလေ့အထတွေကို ကျင့်သုံးစေပါတယ်။ ဗဟိုဦးစီးစနစ်ကျင့်စဉ်ကို သွတ်သွင်းရုံသာမက လူပုဂ္ဂိုလ်ကိုယ်တိုင် ပါဝင်ပတ်သက်လာပါတယ်။ စစ်တပ်ထဲမှာ အရာခံဗိုလ်မှအစ ဗိုလ်ကြီး၊ ဗိုလ်မှူးများကို အရပ်ဝတ်ပြောင်း၍တစ်သွယ်၊ စစ်တပ်ရာထူးမစွန့်ဘဲ အရပ်ဘက်ရုံးဌာနမှာ ဗြောင်ဝင်ထိုင်ပြီး ရုံးဌာနကို စစ်တပ်လို အုပ်ချုပ်ကျင့်သုံးပါတယ်။

လုပ်ငန်းသဘောသဘာဝအရ နယ်ပယ်ကျွမ်းကျင်သူရဲ့ ပြောစကားအကြံဉာဏ်၊ ပညာရှင်တို့ရဲ့ သီအိုရီအကြံဉာဏ်၊ လက်တွေ့လုပ်ငန်းခွင်မှ ပုဂ္ဂိုလ်တို့ရဲ့ လိုအပ်ချက်ပြောစကား အကြံဉာဏ်ကို နားထောင်ခြင်း၊ တောင်းခံခြင်းမပြုကြဘဲ အထက်အရာရှိရဲ့ အမိန့်သြဇာအတိုင်း အကောင်အထည်ဖော်ပေး ကြရပါတယ်။ ရှေ့ပြေးစမ်းသပ်ချက်လုပ်ဆောင်ခြင်း၊ သုတေသနပြုခြင်း၊ လုပ်ငန်းမစတင်မီ ညှိနှိုင်းဆွေးနွေးခြင်း၊ အကျေအလည်ဆွေးနွေးခြင်းဆိုတဲ့ လုပ်ငန်းသဘာဝတွေပျောက်ပျက်ပြီး အဖွဲ့ခေါင်းဆောင်ဆိုသူရဲ့ အလိုကျ အကောင်အထည် ဖော်ပေးနေခဲ့ရပါတယ်။ အဖွဲ့ခေါင်းဆောင်ဆိုသူကလည်း လတ်တလောပြုလုပ်မယ့် လုပ်ငန်းသဘာဝနဲ့ ကိုက်ညီမယ့်သူကို ရွေးချယ်ခန့်ထားတာ မဟုတ်ပါဘူး။ ရာထူးအလိုက် ခေါင်းဆောင်ခန့်တာ ဖြစ်လေတော့ ကျွမ်းကျင်သူရဲ့ အကြံဉာဏ်ဟာ ထိရောက်မှု မရှိတော့ပါဘူး။ ရေဘူးပေါက်တာ မလိုချင်ဘူး။ ရေပါတာပဲလိုချင်တယ်။ ဆင်ခြေဆင်လက်တွေ မကြားချင်ဘူး။ အကောင်အထည်ဖော်ဆို ပြောတဲ့အတိုင်းလိုက်လုပ် အကောင်အထည်ဖော်တာပဲ မြင်ချင်တယ်။ ကြက်ဆူပင်စိုက်ဆိုစိုက်။ ထိုစဉ်က ဌာနဆိုင်ရာတိုင်း၊ ရပ်ကွက်တိုင်းက လိုက်စိုက်ကြပါတယ်။ မြန်မာ့ရုပ်မြင်သံကြားကလည်း ကြက်ဆူပင်စိုက်တဲ့ အစီအစဉ်ကို ငွေကြေးအကုန်အကျခံကာ ရိုက်ကူးတင်ဆက် ပြသကြပါတယ်။ ခိုင်းတာလုပ်၊ ပြန်မပြောနဲ့ အကျင့်က ၀န်ထမ်းလောက တစ်ခုလုံးကို လွှမ်းမိုးသွားပါတယ်။

တိုင်းပြည်ကောင်းစားခဲ့ပါသလား

ပြည်သူတွေက ခိုင်းတာလုပ်ပေးလိုက်တာပါပဲ။ ဘာမှ အထွန့်မတက်တော့ပါဘူး။ ဒီလိုနဲ့ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ ဖြစ်လာပါတယ်။ ကျန်းမာရေး နိမ့်ကျလာပါတယ်။ ပညာရေး နိမ့်ကျလာပါတယ်။ ၀န်ထမ်းတွေ အကျင့်ပျက်လာပါတယ်။ လာဘ်ပေးလာဘ်ယူကိစ္စတွေ ကြီးထွားလာပါတယ်။ ပြည်သူတွေရဲ့ လူမှုရေးစိတ်ဓာတ်တွေ ခေါင်းပါးလာပါတယ်။ တစ်ဦးကိုတစ်ဦး ကူညီတတ်တဲ့ ကောင်းမြတ်တဲ့စိတ်ဓာတ်၊ မျှဝေပေးလိုတဲ့ (Sharing) စိတ်ဓာတ်၊ သားသမီးဝတ္တရား၊ မိဘ၀တ္တရားတွေ ပျက်ပြားလာပါတယ်။ လူနေမှုဘ၀ အဆင့်အတန်းဟာ ကမ္ဘာ့အဆင့်အတန်း မဆိုထားဘိ အာဆီယံနိုင်ငံမှာပင် အနိမ့်ဆုံး ဖြစ်လာပါတယ်။ ယဉ်ကျေးမှုမြင့်မားဖို့ ဆောင်ရွက်ရာမှာ ဘာသာတရားတစ်ခုတည်းက ဆောင်ရွက်လို့ မရနိုင်ဘူးဆိုတာ သိသာထင်ရှားလာစေတဲ့ လက်တွေ့ဖြစ်ရပ်တွေပါ။

အာရှချန်ပီယံဖြစ်ခဲ့တဲ့ မြန်မာ့ဘောလုံးအသင်းဟာ ခုတော့ လာအိုလို အသင်းမျိုးကိုနိုင်အောင် အတော်ရုန်းကန် နေရပါတယ်။ အာရှပြေးခုန်ပစ် ချန်ပီယံတွေဖြစ်ခဲ့တဲ့ ရှင်ဗွေးဂန်း၊ မီးတုန်နော်၊ မမိုးစံတို့နေရာ ဘယ်သူမှ အစားထိုး မရခဲ့ပါဘူး။ ၀၀လင်လင် စားသောက်မထားရတဲ့ ညောင်နာနာကိုယ်ခန္ဓာနဲ့ လက်သီးလက်မောင်းတန်းဖို့ ကြိုးစားပေမယ့် ချည့်နဲ့နဲ့ထွက်လာတဲ့ အသံက “မြန်မာပြည်သားဟေ့၊ မြန်မာပြည်သား”။

နိုင်ငံရေးမှာလည်း လူငယ်တွေမှာ နိုင်ငံရေးစိတ်ဓာတ် ပျက်ပြားကုန်ပြီး စာဖတ်ရှိန်ကျလာပါတယ်။ ရသစာပေဟာ ပျောက်ကွယ်လုမတတ် ဖြစ်လာပါတယ်။ နှစ်လုံးထီကို ပြောင်ပြောင်တင်းတင်း ရောင်းဝယ်၊ လျော်စားလုပ်နေတာ အာဏာရပုဂ္ဂိုလ်များ မသိကြတာလား။ မသိချင်ယောင်ဆောင်နေတာလား။ လူငယ်တွေ မှန်မှန်ကန်ကန် လုပ်ကိုင်စားသောက်ဖို့ထက် အလွယ်အချောင်လိုက်နေကြတာ အနာဂတ်အတွက် ရင်လေးစရာ ကောင်းလှပါတယ်။

သယံဇာတတွေကုန်၊ သစ်တောတွေ ပြောင်တလင်းခါ၊ မြစ်တွေပိတ်ဆို့ခံရ၊ မြေကြီးတွေ မူလပုံပျောက်၊ လယ်သမားတွေ လယ်ပျောက်၊ ယာသမားတွေ ဘ၀ပျက်၊ တရုတ်မယားဖြစ်၊ စင်ကာပူမှာ အိမ်ဖော်ဖြစ်၊ ထိုင်းမှာ အောက်ကျနောက်ကျလုပ်ရတဲ့ အလုပ်သမားဖြစ်၊ မြန်မာဆို အထင်သေးတဲ့ အကြည့်နဲ့ ကြည့်ခံရတဲ့ အနှိမ်ခံဘ၀တွေ ဖြစ်ကုန်ကြပါပြီ။ ကဏ္ဍစုံကို လေ့လာကြည့်တဲ့အခါ ဘယ်နေရာ ဘယ်ကဏ္ဍက တိုးတက်လာပါသလဲ။

အာဏာကို တရားသဖြင့်ယူယူ၊ မတရားသဖြင့်ဘဲသိမ်းသိမ်း တိုင်းပြည်ကောင်းစားအောင်လုပ်ချင်တဲ့ လုပ်နိုင်တဲ့လူ (လူစု)ဆိုရင် တိုင်းပြည်တင် မကပါဘူး။ ပြည်သူတစ်ဦးချင်းစီရော၊ ပြည်သူတစ်ဦးချင်းစီရဲ့ စိတ်ကိုပါ သိမ်းပိုက်လိုက်စမ်းပါ။ ကြည်ကြည်ဖြူဖြူပေးလိုက်ဖို့ ၀န်မလေးပါဘူး။ နှစ်ပေါင်း ၅၀ ကျော် ၆၀ အထိ သက်တမ်းမှာ ပြည်သူတွေ အလွန်စိတ်ရှည်စွာ၊ ကြောက်လန့်စွာ၊ သည်းခံရင်း အာဏာရပုဂ္ဂိုလ်တို့ အလိုတော်အတိုင်း နေပေးခဲ့ပါတယ်။ ဘယ်အသင်း၊ ဘယ်ပါတီကို ၀န်ထမ်းတွေ မ၀င်မနေရဆိုလည်း ၀င်လိုက်ကြတာပါပဲ။ ဘယ်နေ့၊ ဘယ်ကစားကွင်းထဲမှာ ဘာထောက်ခံပွဲ တစ်အိမ်တစ်ယောက် မတက်မနေရဆိုလည်း ပြည်သူတွေခမျာ မနက်မိုးလင်းကတည်းက ကွင်းထဲရောက်နေတာပါပဲ။ ဘယ်သူက ဘာမိန့်ခွန်းတွေခြွေနေမှန်း မသိပါဘူး။ ဒါတောင် တိုင်းပြည်က ကောင်းစားခဲ့ပါသလား။ ရိုးသားစွာ ဖြေပါလား။
ဒီလိုမျိုး အာဏာယူထားပြီး တိုင်းပြည်ကောင်းအောင် လုပ်မပေးနိုင်ဘူး၊ လုပ်မပေးချင်ဘူးဆိုရင်လည်း တိုင်းပြည်ကောင်းစားအောင် လုပ်နိုင်တဲ့ လုပ်ချင်တဲ့ပြည်သူကို ကြည်ကြည်ဖြူဖြူ  လက်လွှဲပေးလိုက်ပါ။ ဘာကြောင့်လဲဆိုတာတော့ ကမ္ဘာ့အလယ်မှာ တိုင်းပြည်ဟာ အလွန်နိမ့်ကျနေပါပြီ။ တိုင်းပြည်ကို ကယ်တင်မယ့် တိုင်းပြည်ကောင်းစားအောင်လုပ်ကြဖို့ အလွန်အရေးကြီးနေပါပြီ။ နေ့ရွှေ့၊ ညရွှေ့နဲ့ တိုင်းပြည်ကို ဆင်းရဲတွင်းနက်လွန်းလာအောင် မလုပ်ကြပါနဲ့။ တိုင်းပြည်ကောင်းစားရေးထက် ဘာမှအရေးမကြီးဘူးဆိုတာ သတိဝင်ကြပါလို့။

စဥ့်ကိုင်မြို့နယ် အရှေ့ရွာသစ်ကျေးရွာအနီးရှိ သိမ်းဆည်းခံလယ်မြေများပေါ်တွင် ဒေသခံတောင်သူများ ထွန်တုံးတိုက်ပွဲ ဆင်နွှဲနေစဉ် (ဓာတ်ပုံ-အောင်သူ)

Written by - မောင်တင်ဦး (မြောင်းမြ)

အာဏာ

ဘယ်သူ အာဏာရရ၊ ဘယ်သူ အုပ်ချုပ်အုပ်ချုပ်၊ တိုင်းပြည်နဲ့ ပြည်သူပြည်သားတွေ ကောင်းစားမယ်ဆိုရင် ယူလိုက်စမ်းပါ။ အာဏာဆိုတာ ပြည်သူက ဆင်းသက်တယ်လို့ပြောတာ ကြားဖူးတာပါပဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄ အရ ‘နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်’ တကယ်ဆို လက်တွေ့ဘ၀မှာ ဘယ်ပြည်သူကမှ အာဏာတစိုးတစိ မပိုင်ဆိုင်ပါဘူး။ ပြည်သူတွေအပေါ်ကိုပဲ အာဏာတွေသက်ဆင်း (တက်ဖိ) နေတာပါပဲ။

ပြည်သူတွေက အာဏာကို ငမ်းငမ်းတက် စိတ်မ၀င်စားလို့ ကိုယ့်လယ်လေးကိုထွန်၊ ကိုယ့်မြေလေး ကိုယ်စိုက်ပျိုး၊ ကိုယ့်ဘ၀ စားဝတ်နေရေး ဖူလုံဖို့အတွက် လှုပ်ရှားရုန်းကန်ရင်း အချိန်တွေကုန်၊ ဘ၀တွေ နေညိုကုန်ကြတာပါ။ ဆရာတင်မိုးထံမှ စကားလုံးအချို့ ငှားသုံးရရင် ဆေးလိပ်လည်းတို၊ နေလည်းညိုကုန်ကြပါပြီ။

အဲဒီလို ကိုယ်မမက်မောတဲ့ အာဏာက ကိုယ့်ဆီကို အင်အားနဲ့၊ တုတ်နဲ့ဓားနဲ့၊ ဘူဒိုဇာနဲ့ ၀င်ရောက်လာတော့ အာဏာဆိုတာကြီးကို ကြောက်လန့်တကြား မော့ကြည့်ရပါတော့တယ်။ အာဏာဆိုတာ ဘာကြီးလဲ။ ဘုမသိဘမဘိ မေးခွန်းထုတ်ဖြစ်ပါတယ်။ ဒါ့အပြင် အာဏာရှင်ဆိုတာလည်း ရှိသေးဆိုပဲ။ သာမန်အာဏာနဲ့ တင်ကြောက်နေကြရတဲ့ ဘ၀မှာ အာဏာရှင်ဆိုတာကြီး ပေါ်လာတော့ ပြည်သူတွေခမျာ ကြောက်ရလွန်းလို့ နေစရာတောင် မရှိတော့ပါဘူး။

လူးဝစ်ဗန်ဟားလ်ကို မန်ယူအသင်း (၃)နှစ်စာချုပ်ဖြင့် ခန့်အပ်၊ မန်ယူအသင်း၏ ပထမဆုံးသော ဗြိတိန်ပြင်ပနည်းပြ ဖြစ်လာခဲ့ပြီး ကစားသမားဘ၀မှ အနားယူလိုက်သည့် ရိုင်ယန်ဂစ် လက်ထောက်နည်းပြဖြစ်မည်

Photo: လူးဝစ်ဗန်ဟားလ်ကို မန်ယူအသင်း (၃)နှစ်စာချုပ်ဖြင့် ခန့်အပ်၊ မန်ယူအသင်း၏ ပထမဆုံးသော ဗြိတိန်ပြင်ပနည်းပြ ဖြစ်လာခဲ့ပြီး ကစားသမားဘ၀မှ အနားယူလိုက်သည့် ရိုင်ယန်ဂစ် လက်ထောက်နည်းပြဖြစ်မည်

မန်ယူအသင်းသည် ဟော်လန်လက်ရွေးစင်အသင်း၏ နည်းပြ လူးဝစ်ဗန်ဟားလ်ကို နည်းပြသစ်အဖြစ် (၃)နှစ်စာချုပ်ဖြင့် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

လူးဝစ်ဗန်ဟားလ်သည် လက်ရှိအချိန်တွင် ဟော်လန်လက်ရွေးစင် အသင်းနည်းပြအဖြစ် ဆောင်ရွက်နေပြီး လာမည့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆင်နွှဲရမည်ဖြစ်သော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး စာချုပ်သက်တမ်း ကုန်ဆုံးချိန်တွင် လမ်းခွဲမည်ဖြစ်ကြောင်း ကြိုတင်ပြောကြားထားခဲ့သည်။ ထို့ပြင် လက်ရွေးစင်အသင်းနှင့် လမ်းခွဲပြီးပါက ဥရောပကလပ်အသင်း ပြိုင်ပွဲများသို့ ပြန်လည်ဝင်ရောက်လိုကြောင်း ၀န်ခံထားခဲ့သည့်အတွက် မိုယက်စ်နှင့် လမ်းခွဲခဲ့သည့် မန်ယူအသင်းက ကမ်းလှမ်းမှု ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။ ဥရောပ ဘောလုံးလောကတွင် အေဂျက်စ်၊ ဘာစီလိုနာနှင့် ဘေယန်မြူးနစ် အသင်းများကို ကိုင်တွယ်ပြီး အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သည့် လူးဝစ်ဗန်ဟားလ်ကို နည်းပြသစ်လိုအပ်နေသော မန်ယူအသင်းက လိုလားခဲ့သလို၊ ဗန်ဟားလ်ကလည်း ပရီးမီးယားလိဂ် ထိပ်သီးအသင်းတစ်သင်းကို ကိုင်တွယ်ရန် ဆန္ဒရှိနေခြင်းကြောင့် မန်ယူအသင်း၏ နည်းပြသစ်နေရာကို လူးဝစ်ဗန်ဟားလ် ရောက်ရှိလာရန် သေချာနေပြီဖြစ်ကြောင်း ယခုကဲ့သို့ တရားဝင် အတည်ပြုကြေညာခြင်း မရှိမီကတည်းက မီဒီယာများက သုံးသပ်ဖော်ပြခဲ့ကြခြင်းလည်း ဖြစ်သည်။ မန်ယူအသင်းနှင့် လူးဝစ်ဗန်ဟားလ်တို့သည် ပြီးခဲ့သည့် ရက်သတ္တပတ်ကတည်းက ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး အတည်ပြုရန် နီးစပ်ခဲ့သော်လည်း ဟော်လန်အသင်းနှင့် အီကွေဒေါအသင်းတို့၏ ကမ္ဘာ့ဖလားအကြို ခြေစမ်းပွဲရှိနေခြင်းကြောင့် ဆိုင်းငံ့ထားခဲ့ရခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။

မန်ယူအသင်း၏ နည်းပြသစ်ဖြစ်လာရန် သေချာသွားပြီးနောက်တွင် လူးဝစ်ဗန်ဟားလ်က “မန်ယူအသင်းက ကြီးကျယ်ခမ်းနားတဲ့ ရည်မှန်းချက်ရှိသလို၊ ကျွန်တော့်မှာလည်း အဲဒီလို ရည်မှန်းချက် ရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ သမိုင်းမှတ်တမ်းကို အတူတူရေးထိုးသွားနိုင်မှာ သေချာပါတယ်။ အိုးလ်ထရက်ဖို့ဒ်ကွင်းကို ပြိုင်ဘက်အဖြစ် ရောက်ခဲ့ဖူးစဉ်ကတည်းက ဒီအသင်းရဲ့ ပရိသတ်တွေ၊ လွှမ်းခြုံထားတဲ့ ခံစားမှုတွေကို နားလည်ပြီးသားပါ။ ဒီလို ကမ္ဘာ့ထိပ်တန်း အသင်းတစ်သင်းကို ကိုင်တွယ်ခွင့်ရမယ့် အခြေအနေအတွက် အလွန်ဂုဏ်ယူမိပါတယ်” ဟု ပြောကြားခဲ့သည်။ မန်ယူအသင်း တာဝန်ရှိသူများကလည်း ဗန်ဟားလ်မှာ အသင်းအတွက် သမိုင်းစာမျက်နှာသစ် ရေးထိုးပေးမည့် နည်းပြတစ်ဦးဖြစ်ကြောင်းနှင့် ထောက်ခံမှုအပြည့်အ၀ ပေးသွားမည်ဖြစ်ကြောင်း ဆိုခဲ့သည်။ မန်ယူအသင်းသည် မိုယက်စ်နှင့် လမ်းခွဲပြီးနောက်ပိုင်း ယာယီနည်းပြအဖြစ် ဆောင်ရွက်ခဲ့သည့် ၀ါရင့်ကစားသမား ရိုင်ယန်ဂစ်ကို လူးဝစ်ဗန်ဟားလ်၏ လက်ထောက်နည်းပြအဖြစ် ခန့်အပ်လိုက်ကြောင်းလည်း သိရှိရသည်။ ရိုင်ယန်ဂစ်သည် ဗန်ဟားလ်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ကစားသမားဘ၀မှ အနားယူတော့မည်ဖြစ်ကြောင်းလည်း အတည်ပြုခဲ့သည်။ မန်ယူအသင်းအနေဖြင့် ဟော်လန်နည်းပြ လူးဝစ်ဗန်ဟားလ်ကို ခန့်အပ်ခဲ့ခြင်းမှာ အသင်း၏ သမိုင်းတစ်လျှောက် ဗြိတိန်ပြင်ပ နည်းပြတစ်ဦးကို ပထမဆုံး ခန့်အပ်ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

(မန်ယူအသင်းတွင် ဆုံတွေ့ရမည့် ဟော်လန်တိုက်စစ်မှူး ဗန်ပါစီနှင့် နည်းပြသစ် လူးဝစ်ဗန်ဟားလ် (Photo:AFP))

မန်ယူအသင်းသည် ဟော်လန်လက်ရွေးစင်အသင်း၏ နည်းပြ လူးဝစ်ဗန်ဟားလ်ကို နည်းပြသစ်အဖြစ် (၃)နှစ်စာချုပ်ဖြင့် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

လူးဝစ်ဗန်ဟားလ်သည် လက်ရှိအချိန်တွင် ဟော်လန်လက်ရွေးစင် အသင်းနည်းပြအဖြစ် ဆောင်ရွက်နေပြီး လာမည့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆင်နွှဲရမည်ဖြစ်သော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး စာချုပ်သက်တမ်း ကုန်ဆုံးချိန်တွင် လမ်းခွဲမည်ဖြစ်ကြောင်း ကြိုတင်ပြောကြားထားခဲ့သည်။ ထို့ပြင် လက်ရွေးစင်အသင်းနှင့် လမ်းခွဲပြီးပါက ဥရောပကလပ်အသင်း ပြိုင်ပွဲများသို့ ပြန်လည်ဝင်ရောက်လိုကြောင်း ၀န်ခံထားခဲ့သည့်အတွက် မိုယက်စ်နှင့် လမ်းခွဲခဲ့သည့် မန်ယူအသင်းက ကမ်းလှမ်းမှု ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။ ဥရောပ ဘောလုံးလောကတွင် အေဂျက်စ်၊ ဘာစီလိုနာနှင့် ဘေယန်မြူးနစ် အသင်းများကို ကိုင်တွယ်ပြီး အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သည့် လူးဝစ်ဗန်ဟားလ်ကို နည်းပြသစ်လိုအပ်နေသော မန်ယူအသင်းက လိုလားခဲ့သလို၊ ဗန်ဟားလ်ကလည်း ပရီးမီးယားလိဂ် ထိပ်သီးအသင်းတစ်သင်းကို ကိုင်တွယ်ရန် ဆန္ဒရှိနေခြင်းကြောင့် မန်ယူအသင်း၏ နည်းပြသစ်နေရာကို လူးဝစ်ဗန်ဟားလ် ရောက်ရှိလာရန် သေချာနေပြီဖြစ်ကြောင်း ယခုကဲ့သို့ တရားဝင် အတည်ပြုကြေညာခြင်း မရှိမီကတည်းက မီဒီယာများက သုံးသပ်ဖော်ပြခဲ့ကြခြင်းလည်း ဖြစ်သည်။

ထိုင်းနိုင်ငံတွင် မာရှယ်လောထုတ်ပြန်

ထိုင်စစ်တပ်က တိုင်ပြည်ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် မာရှယ်လော ထုတ်ပြန်လိုက်ကြောင်း ထိုင်းစစ်တပ်ပိုင် ရုပ်မြင်သံကြားသတင်းမှာ ယနေ့ နံနက် အစောပိုင်းက ထုတ်ပြန်ကြေညာ ခဲ့ကြောင်း သတင်းရရှိပါသည်။ 

ယခု မာရှယ်လော အမိန့်သည် မေလ ၂၀ ရက်နေ့ နံနက် ၃ နာရီတွင် စတင်အသက်ဝင်ကြောင်း ကနဦးသတင်းများအရ သိရှိရပါသည်။ 

(Photo : AFP)
ထိုင်စစ်တပ်က တိုင်ပြည်ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် မာရှယ်လော ထုတ်ပြန်လိုက်ကြောင်း ထိုင်းစစ်တပ်ပိုင် ရုပ်မြင်သံကြားသတင်းမှာ ယနေ့ နံနက် အစောပိုင်းက ထုတ်ပြန်ကြေညာ ခဲ့ကြောင်း သတင်းရရှိပါသည်။

ယခု မာရှယ်လော အမိန့်သည် မေလ ၂၀ ရက်နေ့ နံနက် ၃ နာရီတွင် စတင်အသက်ဝင်ကြောင်း ကနဦးသတင်းများအရ သိရှိရပါသည်။
ထိုင်စစ်တပ်က တိုင်ပြည်ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် မာရှယ်လော ထုတ်ပြန်လိုက်ကြောင်း ထိုင်းစစ်တပ်ပိုင် ရုပ်မြင်သံကြားသတင်းမှာ ယနေ့ နံနက် အစောပိုင်းက ထုတ်ပြန်ကြေညာ ခဲ့ကြောင်း သတင်းရရှိပါသည်။ 

ယခု မာရှယ်လော အမိန့်သည် မေလ ၂၀ ရက်နေ့ နံနက် ၃ နာရီတွင် စတင်အသက်ဝင်ကြောင်း ကနဦးသတင်းများအရ သိရှိရပါသည်။ 

(Photo : AFP)
ထိုင်စစ်တပ်က တိုင်ပြည်ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် မာရှယ်လော ထုတ်ပြန်လိုက်ကြောင်း ထိုင်းစစ်တပ်ပိုင် ရုပ်မြင်သံကြားသတင်းမှာ ယနေ့ နံနက် အစောပိုင်းက ထုတ်ပြန်ကြေညာ ခဲ့ကြောင်း သတင်းရရှိပါသည်။ 

ယခု မာရှယ်လော အမိန့်သည် မေလ ၂၀ ရက်နေ့ နံနက် ၃ နာရီတွင် စတင်အသက်ဝင်ကြောင်း ကနဦးသတင်းများအရ သိရှိရပါသည်။ 

(Photo : AFP)
EMG
Related Posts Plugin for WordPress, Blogger...

ShareThis