ကချင်ပြည်နယ်မေခ၊ မလိခမြစ်
နှင့်ချောင်းလက်တက်များအတွင်းတွင် ရေခဲငါးဟုခေါ်သော
မျိုးသုဉ်းပျောက်ကွယ်မည့်အန္တရာယ် နှင့်ရင်ဆိုင်နေရသည့် ငါးမျိုးစိတ်များကို
အလျင်အမြန် ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ရန်လိုအပ်နေကြောင်း
ထိုဒေသတွင်ဇီဝ မျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းများလုပ်ဆောင်ခဲ့သော
BANCA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
Wednesday 1 February 2012
ကျောင်းသားအား ဖမ်းဆီးနှိပ်စက်တဲ့  ကျောင်းအုပ်ဆရာ အရေးယူရေး ပညာရေးဝန်ကြီးဌာနက ဆုံးဖြတ်မည်
သင်္ဃန်းကျွှန်းမြို့နယ်ရှိ
မူလတန်းကျောင်းတစ်ခုတွင် သတ္တမတန်းကျောင်းသားအား ကြိုးတုတ်ဖမ်းဆီးမှုနှင့်ပတ်သက်၍
ပညာရေးဝန်ကြီးဌာနသို့ အစီရင်ခံတင်ပြပြီး ဆုံးဖြတ်ချက်ရယူမည်ဖြစ်ကြောင်း အမှတ်(၃) အခြေခံပညာဦးစီးဌာနမှ သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်အား အခြေခံပညာဦးစီးဌာနမှ စစ်ဆေးလေ့လာထားပြီးဖြစ်ကာ ပညာရေးဝန်ကြီိးဌာနပြည်ထောင်စုဝန်ကြီးထံသို့ တင်ပြသွား မည်ဖြစ်ကြောင်း ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ပညာရေးဝန်ကြီးဌာနသို့ အစီရင်ခံတင်ပြပြီး ဆုံးဖြတ်ချက်ရယူမည်ဖြစ်ကြောင်း အမှတ်(၃) အခြေခံပညာဦးစီးဌာနမှ သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်အား အခြေခံပညာဦးစီးဌာနမှ စစ်ဆေးလေ့လာထားပြီးဖြစ်ကာ ပညာရေးဝန်ကြီိးဌာနပြည်ထောင်စုဝန်ကြီးထံသို့ တင်ပြသွား မည်ဖြစ်ကြောင်း ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ပြုပြင် ပြောင်းလဲမှုတွေ ဆက်လုပ်ဖို့ EU အဖွဲ့ မြန်မာကို တိုက်တွန်း
မြန်မာနိုင်ငံမှာ အရေးပါတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ထွန်းလာတဲ့အပေါ် EU ခေါ် ဥရောပသမဂ္ဂ ခေါင်းဆောင်တွေက ကြိုဆိုလိုက်ပြီး ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့လည်း မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
AFP PHOTO / GEORGES GOBET
၂၀၁၂-၂၀၁၃ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သော ဘတ်ဂျက်စာရင်းတွင် ကာကွယ်ရေး အသုံးစရိတ် လျော့ကျသွားသော်လည်း ပညာရေးနှင့် ကျန်းမာရေးအသုံးစရိတ်များမှာ ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက လျော့ကျနေကြောင်း ယာယီကိန်းဂဏန်းများအရ သိရှိရ
|
ဝါရင့်အဆိုရှင် လားရှိုးသိန်းအောင်နှင့် မာမာအေးတို့၏ ဖျော်ဖြေပွဲများ တင်ဆက်နိုင်ရန် ကြိုးပမ်းလျက်ရှိ
ဝါရင့်အဆိုရှင် လားရှိုးသိန်း အောင်နှင့် မာမာအေးတို့၏ဖျော် ဖြေပွဲများအား ရန်ကုန်မြို့တွင် တင်ဆက်သွားနိုင်ရန် ကြိုးပမ်းလျက်ရှိသည် ဟု တေးသံရှင်ဇော်ဝင်းထွဋ်က ပြောကြားခဲ့သည်။ အဆိုပါ အဆိုတော်များအား အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်မှုများ ပြုလုပ်လျက်ရှိပြီး ၎င်းတို့ အနေဖြင့်လည်း မြန်မာပရိသတ်များနှင့် တွေ့ဆုံဖျော်ဖြေနိုင်ရန် ဆန္ဒရှိသည်ဟု ဇော်ဝင်းထွဋ်က ဆက်လက်ပြောကြားခဲ့သည်။ “ကျွန်တော့်ရဲ့ဆန္ဒကတော့ ပြည်ပမှာ အနေကြာနေတဲ့ အဆိုတော်ကြီးတွေနဲ့ မြန်မာပရိသတ်တွေကို ပြန်လည် ဆုံစည်းစေချင်တဲ့ ဆန္ဒပါ။ |
မင်္ဂလာဒုံမြို့နယ်၌ မြေကြီးထဲမှ ဂတ်စ်အနံ့များ ထွက်ပေါ်နေ၍ သတိပေးစာ ကပ်ထားရ
မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့ သစ်ရပ်ကွက် သစ္စာလမ်းသွယ် အတွင်း၌မြေထဲမှ ဂတ်စ်အနံ့များ ထွက်ပေါ်နေကြောင်း သိရသည်။ အဆိုပါ ဂတ်စ်အနံ့များမှာ ဇန်န၀ါရီလ ၂၇ ရက်နေ့မှစ၍ ထွက်ပေါ်နေခြင်းဖြစ်ပြီး လက်ရှိ အချိန်အထိ၌လည်း ထွက်ပေါ်နေသေးကြောင်းလည်း သိရသည်။ |
ကြားဖြတ်ရွေးကောက်ပွဲ နေ့တွင် မဲပေးကြရန် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများအား တိုက်တွန်း
ဒေါ်အောင်ဆန်းစုကြည်က လောင်းလုံမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ပါတီဝင်များနှင့် ပြည်သူများအား နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် အထက်ပါ အတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ “ကိုယ့်ရဲ့အင်အားကို ကိုယ်ယုံကြည်ရမယ်။ အဲဒါတော့ ကျွန်မ သတိပေးပါရစေ။ ပြည်သူတွေဟာ ကိုယ့်အင်အားကို ကိုယ်ယုံကြည်ပါ။ ငါတို့ဟာ ဆင်းရဲလို့ဆိုတာ၊ ဆင်းရဲသားဆိုတာမျိုးကို စိတ်ထဲလုံးဝမထား ပါနဲ့။ ဆင်းရဲသားမှာလည်း မဲတစ်ပြားရှိတယ်။ သူဌေးမှာလည်း မဲတစ်ပြားပဲရှိတာပဲ။ အားလုံးဟာ ရွေးကောက်ပွဲနေ့မှာ တန်းတူညီတူပဲ။ ရာထူးအကြီးဆုံး ပုဂ္ဂိုလ်ကနေ အစ ဘာရာထူးမှ မရှိတဲ့ နိုင်ငံသူ၊ နိုင်ငံ သားအားလုံးဟာ မဲတစ်ပြားပဲပေးခွင့်ရှိတယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲနေ့မှာ ငါဟာ လူတိုင်းနဲ့ တန်းတူပဲဆိုပြီး ပြောလို့ရတယ်။ ငါဟာ သမ္မတကြီးနဲ့ တန်းတူပဲဆိုတာကိုလည်း |
မြန်မာနိုင်ငံ၏ စုစုပေါင်းချေးငွေပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၁၀၀၀ ကျော်ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အမေရိကန်ဒေါ်လာသန်းပေါင်း ၂၀၀၀ ကျော် ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း သိရ
|
နိုင်ငံတော်သမ္မတ၏ ချစ်ကြည်ရေးခရီးစဉ်အတွင်း မြန်မာ-စင်ကာပူနှစ်နိုင်ငံကြား စီးပွားရေး၊ လူ့စွမ်းအားအရင်းအမြစ်နှင့် ပြည်သူ့အုပ်ချုပ်ရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေးကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုရရှိခဲ့
|
စင်္ကာပူ အောင်မြင်မှုနောက်ကွယ်မှ ပညာရေး စွမ်းဆောင်မှု (၇) ချက်(၀င့်ထန်း)
မြန်မာအပါဝင် အာရှမှ ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ ဆယ်စုနှစ်ငါးခုအတွင်း ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်အောင် လျှောက်လှမ်းခဲ့သည့် စင်္ကာပူမြို့ပြနိုင်ငံလေးရဲ့ အောင်မြင်မှုကနေ သင်ခန်းစာယူစရာတွေ တပုံတပင် ရှိနေသည်။
စင်္ကာပူရဲ့ အတွေ့အကြုံကို ‘ပိစိဖိတ် ပဉ္စလက်’ (Miracle of the Pacific) ဟု တင်စားကြသည်။ စင်္ကာပူက ထူးခြားထင်ရှားတဲ့ ပိစိဖိတ်ဆိပ်ကမ်းမြို့ဖြစ်သလို၊ Apec ခေါ် အာရှပိစိဖိတ် နိုင်ငံအားလုံးမှ စီးပွားရေးအဖွဲ့တွေ ရုံးစိုက်ထားတဲ့ မြို့လည်း ဖြစ်သည်။
တီလားဗီးယား မွေးမြူစားသုံးခြင်း ဂရုပြုသင့်
တီလားဗီးယားငါးများကို ငါးဒိုင်အတွင်း ရောင်းချနေသည်ကို တွေ့ရစဉ်။
ဓာတ်ပုံ - ဖြိုးဝေကျော်
"တကယ်တော့ ဒီတီလားဗီးယားငါးတွေက ပေါက်ပွားနှုန်းလည်းများပြီး ပေါလည်းပေါတော့ လူဦးရေများပြားပြီး စားသုံးမှုများတဲ့ တရုတ်၊ အီဂျစ်၊ အိန္ဒိယလိုနိုင်ငံမျိုးတွေမှာ မွေးတာများပါတယ်။ ဒါပေမယ့် တချို့ နိုင်ငံ တွေမှာ ဒီငါးကို မွေးမြူရာမှာ မွေးတဲ့နေရာတွေကို အကန့်အသတ်နဲ့ လုပ်ကိုင်ကြတာမျိုးပါ။ ဆိုလိုတာက ဒီငါးကို မွေးမြူရေး ဇုန်ထဲမှာပဲ ရှိစေပြီး သဘာဝပတ်ဝန်းကျင်ထဲကို ရောနှောရောက်ရှိမသွားအောင် ထိန်းချုပ်ကြတာ၊ အထီးတစ်မျိုးတည်း မွေးကြတာမျိုးပေါ့။ ဒီမှာတော့ အဲဒီလိုအတွေးမျိုးရှိတာ သိပ်မတွေ့ရဘူး။ ဒီတော့ အခုဆို ကျွန်တော်တို့ မျိုးရင်း ငါး တွေဖြစ်တဲ့ ငါးပြေမတို့၊ ငါးကြင်းဖြူ၊ ငါးကြင်းရွှေဝါတို့ဆိုတာ တွေ့ဖို့ခက်လာပြီ"ဟု သုတေသနပညာရှင် ဒေါက်တာ သန်းထိုက်စိုးက ပြောသည်။
ပြည်ခိုင်ဖြိုးလည်း ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အားလုံး နိုင်ရမည်ဟု ဦးဌေးဦးပြောကြား
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးဌေး ဦး |
ဦးဌေးဦးက ယနေ့ပြန်လည်ကျင်းပသည့် ပထမအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အ စည်းအဝေး ပထမနေ့မစတင်မီ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ယင်းသို့ပြောကြားသွားခြင်းဖြစ်သည်။
အမေရိကန်မြေပေါ်တွင် အီရန်တိုက်ခိုက်နိုင်ခြေ ပိုတိုးလာ
အမေရိကန် မြေပေါ်မှာ အီရန် က တိုက်ခိုက်လာနိုင်ခြေ တိုးများလာနေတယ်လို့ အမေရိကန် ထောက်လှမ်းရေး အကြီးအကဲက ပြောလိုက်ပါတယ်။
အမေရိကန် အထက်လွှတ်တော် ထောက်လှမ်းရေး ကော်မီတီရဲ့ရှေ့မှောက်မှာ ကမ္ဘာတ၀ှမ်းက အမေရိကန် အမျိုးသား လုံခြုံရေးအပေါ် ခြိမ်းခြောက်လာနိုင်မယ့် အခြေအနေကို အစစ်ခံရာမှာ အမေရိကန်အမျိုးသား ထောက်လှမ်းရေး ညွှန်ကြားရေးမှူး James Clapper နှစ်စဉ် လုပ်နေကျ အကဲဖြတ်ချက်ကို တင်ပြသွားတာပါ။
ဆွေးနွေးချက်မှာ အီရန်က ထိပ်ဆုံးက ပါနေပါတယ်။
အမေရိကန် အထက်လွှတ်တော် ထောက်လှမ်းရေး ကော်မီတီရဲ့ရှေ့မှောက်မှာ ကမ္ဘာတ၀ှမ်းက အမေရိကန် အမျိုးသား လုံခြုံရေးအပေါ် ခြိမ်းခြောက်လာနိုင်မယ့် အခြေအနေကို အစစ်ခံရာမှာ အမေရိကန်အမျိုးသား ထောက်လှမ်းရေး ညွှန်ကြားရေးမှူး James Clapper နှစ်စဉ် လုပ်နေကျ အကဲဖြတ်ချက်ကို တင်ပြသွားတာပါ။
ဆွေးနွေးချက်မှာ အီရန်က ထိပ်ဆုံးက ပါနေပါတယ်။
မြန်မာ့နိုင်ငံရေး ပိုမိုပြောင်းလဲဖို့ လိုသေး ကိုဇာဂနာ ပြော
ကိုမင်းကိုနိုင် အပါအဝင် နိုင်ငံရေး အကျဉ်းသား အတော်များများ လွတ်လာတယ် ဆိုပေမယ့် ပုဒ်မ ၄၀၁ နဲ့ လွှတ်ပေး လိုက်တာဖြစ်လို့ အပြည့်အဝ ဝမ်းသာစရာ မဟုတ်ဘူးလို့ အမေရိကန် ပြည်ထောင်စုကို ခေတ္တ ရောက်နေတဲ့ လူရွှင်တော် ကိုဇာဂနာက မနေ့က ပြောလိုက်ပါတယ်။
RFA
ကန်ဒေါ်လာ တစ်သောင်းနှင့် ညီမျှသော နိုင်ငံခြားငွေ မည်သူမဆို လွတ်လပ်စွာ လဲလှယ်နိုင်ပြီ "
ဒေါ်လာတစ်သောင်းနှင့်ညီမျှသည့်
နိုင်ငံခြားငွေကို စာရွတ်စာတမ်းများ တင်ပြစရာမလိုဘဲ မည်သူမဆို တရားဝင်
လဲလှယ်နိုင်ပြီဟု ငွေလဲလှယ်ခွင့်ရ ပုဂ္ဂလိက ဘဏ်များမှ သိရသည်။
၎င်းမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ညွှန်ကြားချက်အရ ဖြစ်ပြီး ယခု ဖေဖော်ဝါရီ လဆန်း ရက်မှ စ၍ ငွေလဲကောင်တာ အသီး သီးတို့တွင် စတင်ဆောင်ရွက်လိမ့် မည်ဟု မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုး ရေးဘဏ် ဒါရိုက်တာ ဒေါက်တာ သန်းထွန်းက ဆိုသည်။
၎င်းမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ညွှန်ကြားချက်အရ ဖြစ်ပြီး ယခု ဖေဖော်ဝါရီ လဆန်း ရက်မှ စ၍ ငွေလဲကောင်တာ အသီး သီးတို့တွင် စတင်ဆောင်ရွက်လိမ့် မည်ဟု မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုး ရေးဘဏ် ဒါရိုက်တာ ဒေါက်တာ သန်းထွန်းက ဆိုသည်။
Subscribe to:
Posts (Atom)