ယင်းသူပုန်အဖွဲ့သည် ဖိလစ်ပိုင်တောင်ပိုင်းရှိ မင်ဒါနာအိုဒေသတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တစ်စိတ်တစ်ပိုင်းရ အစ္စလာမ်မစ်ဒေသသစ်ထူထောင်နိုင်ရေးအတွက် ဆယ်စုနှစ်များစွာ တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ယင်းဒေသ၌ဖြစ်ပွားခဲ့သောတိုက်ခိုက်မှုများအတွက် တာဝန်ရှိသည်ဟု ညွှန်းဆိုခံရသည်။ သယံဇာတရင်းမြစ်များကြွယ်ဝသော ယင်းဒေသမှာ မိမိတို့၏ဘိုးဘွားပိုင်နက်ဖြစ်ကြောင်း MILF အဖွဲ့ကမှတ်ယူထားပြီး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ |
Monday 8 October 2012
ဖိလစ်ပိုင်အစိုးရနှင့် မွတ်စလင်သူပုန်များအကြား ၁၅ နှစ်ကြာ ဆွေးနွေးမှုအပြီးတွင် သဘောတူညီချက်မူဘောင်တစ်ခုရရှိ
အင်တာနက်နှင့် အစွဲအလမ်း
အစွဲအလမ်းမှန်ရင် ဘယ်အစွဲအလမ်းမှ မကောင်းပါဘူး။ တရားစကား ထည့်ပြောရရင်
တစ်စုံတစ်ခုကို စွဲစွဲလမ်းလမ်း ဖြစ်တယ်ဆိုတာ တဏှာ သဘောတရား ဖြစ်ပါတယ်။
ဒီလိုပြောလို့ မောင်အောင်ခမ်း တရားဟော မယ်လို့ မယူဆစေလိုပါ။ Facebook ,
G-talk ထဲမ
ှာ အစွဲအလမ်းကြီးသူများ
အကြောင်းကို အတင်းချဖို့ ဖြစ်ပါတယ်။ ဒီမှာ စွဲလမ်းမှုက မှားယွင်းစာ
ယုံကြည်မှုလို့ပြောရင် ပိုမှန်မယ်ထင်ပါတယ်။ တစ်နေ့ အင်တာနက် သုံးနေ ရင်း
Facebook သုံးနေရင်း ချက်တင်ဘောက်စ်ထဲမှာ ဒီလိုစာလေး ရောက်လာပါတယ်။
FB က . . .Communication Rule အသစ်တစ်ခုချမှတ်လိုက်ပြီ .....ဖွင့်ပြီး မသုံးတဲ့ Account တွေဆို . .ဖျက်ပစ်မယ် . . .အဲ့အတွက်ကို လက်ရှိ သုံးကြောင်း . . .Activate User 25 ယောက်ကို . . . ပို့ပေးရမယ် . . .ဒါကို ကူးပြီးတော့ . . .မဟုတ်ရင် မသုံးဘူးလို့ ယူဆပြီးတော့ . . .ဖျက်တဲ့ထဲမှာ ပါသွားနိုင်တယ် . .အကောင့်ပေါင်း 1 သန်းကျော်ကို ဖျက်ပစ်မှာတဲ့ ဒီစာကိုFB Chatbox ကနေ . . လိုက်ပို့ရမှာ . . .. မြန်မြန်လုပ်ထားနော် . . ဒီနေ့ ည ဘက်က Last Date . . .Chat Conversation End -Chat Conversation End-Chat Conversation End-Chat Conversation End.

လစ်ဗျားနိုင်ငံတွင် အသတ်ခံခဲ့ရသော အမေရိကန်သံအမတ်အား ဆုတောင်းအမျှဝေပေးမှုကို အမေရိကန်သံရုံးရှေ့၌သံဃာတော်အပါး ၅၀၀ ကျော်မှ လုပ်ဆောင်
စက်တင်ဘာ
၂၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားနှင့် စစ်တကောင်းဒေသများရှိ
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ စေတီနှင့် လူနေအိမ်များ
ဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ ယနေ့(အောက်တိုဘာလ ၈ ရက်နေ့) တွင် ရန်ကုန်မြို့ရှိ
ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် ဒုတိယအကြိမ်မြောက်အဖြစ် သံဃာတော်အပါး ၅၀၀
ကျော်မှ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍
လစ်ဗျားနိုင်ငံတွင် အသတ်ခံခဲ့ရသော အမေရိကန်သံအမတ်အား
ဆုတောင်းအမျှဝေပေးမှုကို အမေရိကန်သံရုံးရှေ့၌ အဆိုပါသံဃာများမှ
လုပ်ဆောင်ခဲ့ကြောင်း သိရသည်
Eleven Media Group
Eleven Media Group
ဧရာဝတီ မြစ်ဆုံစီမံကိန်း ဆက်လက်လုပ်ဆောင်ပါက အလယ်ပိုင်းဒေသ ကန္တာရ ဖြစ်သွားနိုင်ဟုဆို
မြန်မာနိုင်ငံ ဧရိယာ တစ်ခုလုံး၏ ၅၅ ရာခိုင်နှုန်းခန့် ရယူဖြတ်သန်း စီးဆင်း
နေသော ဧရာဝတီမြစ်ကြီးတွင် မြစ်ဆုံ စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်
တည်ဆောက်ပါက မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ တစ်ခုလုံး ကန္တာရ အဖြစ် ပြောင်းလဲ
သွားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဦးထွန်းလွင်က အောက်တိုဘာလ ၃
ရက်နေ့တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီသီရိ ခန်းမ၌ ကျင်းပပြုလုပ်သည့်
ဧရာဝတီမြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းခြင်း တစ်နှစ်ပြည့် အခမ်းအနားတွင်
ပြောကြားသည်။
မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများ ဖြစ်သော စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်း၊ မန္တလေးနှင့် မကွေးတိုင်း ဒေသကြီး စသည့် ဒေသများသည် ပုံမှန် မိုးနည်း ရေရှားသော အရပ်ဒေသများ ဖြစ်ကြောင်း၊ ယင်းအရပ် ဒေသများ၏ အဓိက ပြဿနာများမှာ မုတ်သုံမိုး မရရှိ ခြင်း ဖြစ်သည့်အတွက် ခြောက်သွေ့သော ဒေသများဖြစ်နေကြောင်း၊ ယင်းကြောင့် အလယ်ပိုင်းဒေသသို့ ဝင်ရောက်လာသော လေများမှာလည်း ရေငွေ့မပါဝင် ဘဲ ပူပြင်းခြောက်သွေ့မှုများ ဖြစ်ပေါ် ကြောင်း

သမ္မတလုပ်ရဲသည့် စိတ်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား
အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ၁၇ ရက်ကြာသွားရောက်ခဲ့သည့်
ခရီးစဉ်နှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ နံနက် ၁၁
နာရီ ခွဲအချိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ပြုလုပ်ခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ၄င်းအနေဖြင့် အမေရိကန်သို့ သွားရောက်ခဲ့ခြင်းမှာ အကြောင်းချက်နှစ်ရပ်ရှိကြောင်း ပထမအချက်မှာ မြန်မာနိုင်ငံဒီမိုကရေစီဖြစ်ထွန်းပေါ်ပေါက်ရန်အတွက် ကာလရှည်ကြာကူညီမှုပေးခဲ့သည့် အမေရိကန်နိုင်ငံ အား ကျေးဇူးတင်ကြောင်းပြောကြားရန်၊

ဒေါ်လာ ၃၀၀ အောက် iPad mini အလုံးရေ ၁၀ သန်းအား Apple မှာယူ
Apple ကုမ္မဏီမှ iPad mini ဖြန့်ချိရန်အတွက် အလုံးရေ ၁၀ သန်းထက် မနည်းကို
ကုန်ပစ္စည်းထုတ် စက်ရုံများမှ အော်ဒါမှာယူမှု ပြုလုပ် ထားကြောင်း နိုင်ငံတကာ
နည်ပညာဝဘ်ဆိုဒ်များက ဖော်ပြထားကြသည်။
iP
iP
ad
mini ကို ခရစ်စမတ် အမှီဖြန့်ချိနိုင်ရန်အတွက် ယခုကဲ့သို့ မှာယူ ထားခြင်း
ဖြစ်ပြီး နိုဝင်ဘာလ ၂ ရက်နေ့ ထက် နောက်မကျပဲ ဖြန့် ချိမည်ဖြစ်ကြောင်း
ခန့်မှန်းထားကြသည်။ တရားဝင်ကြေညာမှုကိုမူ Apple မှ အောက်တိုဘာလ ၁၀
ရက်နေ့တွင် ပြုလုပ်မည် ဖြစ် သည်။ ကြေညာသည့် အခါတွင် Apple – iPad mini တွင်
ပါဝင်လာမည့် Feature အသစ်များ၊ Software, hardware များအား သိရှိရမည်
ဖြစ်ကြောင်း သိရသည်။
တော်ဝင် သစ်အချောထည်စက်ရုံမှ လုပ်သား ၃၀၀ကျော်အလုပ်ရှင်ကို တွေ့ဆုံရန် ရုံးချုပ်သို့ချီတက်
၎င်းစက်ရုံမှ အလုပ်သမားအဖွဲ့အစည်းခေါင်းဆောင်များအပါအ၀င် လုပ်သားပေါင်း
၃၀၀ကျော်သည် ယနေ့နံနက် ၉နာရီခန့်က ရန်ကုန်မြို့ဦးဝိစာရလမ်းရှိေ
တ်ာဝင်ကုမ္ပဏီရုံးချုပ်သို့ချီတက်လာပြီး အလုပ်ရှင် ဖြစ်သူ ဦးကိုကိုထွေးကို တွေ့ဆုံရန်ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
...“အလုပ်ရှင်၊အလုပ်သမားနှစ်ဦးသဘောတူစာချုပ်ကို ဖောက်ဖျက်တယ်လို့ခံစားမိလို့အခုလို လာရောက်တောင်းဆိုတာပါ”ဟု အလုပ်သမားခေါင်းဆောင် ကပြောသည်။
...“အလုပ်ရှင်၊အလုပ်သမားနှစ်ဦးသဘောတူစာချုပ်ကို ဖောက်ဖျက်တယ်လို့ခံစားမိလို့အခုလို လာရောက်တောင်းဆိုတာပါ”ဟု အလုပ်သမားခေါင်းဆောင် ကပြောသည်။
တစ်မိနစ်ကို နှစ်ရာကျပ်ဖြင့် နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုနိုင်ရန်စီစဉ်
ရတနာပုံ Call Center ၊ VMG ကုမ္ပဏီနှင့်Y-talk Calling စနစ်တို့
ပူးပေါင်းပြီး တစ်မိနစ်ကို နှစ်ရာကျပ်နှုန်းဖြင့် နိုင်ငံတကာသို့
...ခေါ်ဆောင်နိုင်ရန် သတ်မ
ပူးပေါင်းပြီး တစ်မိနစ်ကို နှစ်ရာကျပ်နှုန်းဖြင့် နိုင်ငံတကာသို့
...ခေါ်ဆောင်နိုင်ရန် သတ်မ
ှတ်ထားပြီးဖြစ်ကြောင်း Blue Ocean တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။
နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုလိုသူက အင်တာနက်ဆိုင်သို့ အင်တာနက်ဆိုင် သွားစရာမလိုဘဲ ရတနာပုံ Call Center ၏ ကုဒ်နံပါတ်အသစ်ဖြစ်သည့် ၁၈၇၇ သို့ ဖုန်းခေါ်ဆိုကာ မိမိခေါ်ဆိုလိုသော နိုင်ငံနှင့် ဖုန်းနံပါတ်တို့ကို Operator မှတဆင့် ခေါ်ဆိုနိုင်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်သတင်းစာရှင်းလင်းပွဲ အနှစ်ချုပ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ ပြုလုပ်သော
အမေရိကန်ခရီးစဉ်သတင်းစာရှင်းလင်းပွဲတွင် ခရီးစဉ်အား သွားရောက်ရခြင်း ရ
ည်ရွယ်ချက်၊
မီဒီယာ၏ အရေးပါမှု၊ မြန်မာနိုင်ငံ၏ တရားစီရင်ရေး၊ ပညာရေးနှင့်
ကျန်းမာရေးဆိုင်ရာ ကဏ္ဍများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပါသည်။
အမေရိကန်နိုင်ငံသို့ သွားရောက်ရသည့် ခရီးစဉ် ရည်ရွယ်ချက်မှာ အကြောင်းအချက်
နှစ်ခု ရှိပြီး မြန်မာ့ ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက်
ကူညီလုပ်ဆောင်ပေးခဲ့သည့် အမေရိကန်အစိုးရ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး
ကဏ္ဍများမှ အရေးပါသောပုဂ္ဒိုလ်များကို ကျေးဇူးတင်စကား ပြောကြားရန်နှင့်
မြန်မာ့ဒီမိုကရေစီလမ်းစ စတင်ရောက်ရှိနေပြီဖြစ်ကြောင်းကို
ရှင်းလင်းပြောကြားရန် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခရီးစဉ်ကာလအတွင်း ပညာရေးနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာပုဂ္ဒိုလ်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး နှစ်ဖက်သဘောတူညီမှုနှင့် မူများအရ ဆွေးနွေးသည့်ကိစ္စရပ်များကို အသေးစိတ်ထုတ်ပြန်မည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ကျေးရွာ အုပ်ချုပ်ရေးမှူး သားက ရေတပ်သားလို အယောင်ဆောင်ပြီး အရပ်သားတစ်ဦးကို ဖမ်းဆီး နှိပ်စက်
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကျေးရွာ တစ်ခုမှ အုပ်ချုပ်ရေးမှူး
သားတစ်ဦးသည် သူ၏ အပေါင်းအဖေါ် (၉) ဦးနှင့် အတူ ရေတပ်သားဟန်ဆောင်ပြီး အရပ်သား
တစ်ဦးကို ဖ
မ်းဆီးကာ ပြင်းပြင်းထန်ထန် နှိပ်စက် ညှဉ်းပမ်းခဲ့သည်ဟု သတင်း ရရှိသည်။
ဖမ်းဆီးနှိပ်စက်ခံရသူမှာ အမ်းမြို့ တပ်တောင် ရွာမှ ဦးမောင်ခိုင်စိုး ဖြစ်ပြီး သူ့အား ကျောက်ဖြူမြို့နယ် ငသန့်သာကျွန်းတွင် ပိုက်ချနေစဉ် ဖမ်းဆီးခေါ်ဆောင် နှိပ်စက်ခံရခြင်း ဖြစ်ကြောင်း နိရဉ္စရာမှ ဆက်သွယ် မေးမြန်းစဉ် ဖုံးထဲမှ တဆင့် ဖြေကြားခဲ့သည်။

MMA လက်ဝှေ့သမား ကချင်တိုင်းရင်းသား အောင်လအန်ဆောင်က ဆုကြေးငွေများအား ကချင်ဒုက္ခသည်များကို လှူဒါန်းမည်
MMA လက်ဝှေ့သမား အောင်လအန်ဆောင်နှင့် အောက်တိုဘာလ ၁၃ ရက်တွင်ထိုးသတ်မည့် ပွဲကြော်ငြာအား တွေ့ရစဉ် |
အမေရိကန်နိုင်ငံတွင်
ကျင်းပသည့် အားကစားနည်းတစ်မျိုးဖြစ်သော Mixed Martial Artist MMA
ဘက်စုံသုံး ကိုယ်ခံပညာပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ ကချင်တိုင်းရင်းသား
အောင်လအန်ဆောင် ကလာမည့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ထိုးသတ်ရမည့်ပွဲစဉ်မှ
ရရှိသောငွေများအား ကချင်ဒုက္ခသည်များအား ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း
သိရသည်။
ကချင်ပြည်နယ်မြစ်ကြီးနား ဇာတိဖြစ်သူ အောင်လအန်ဆောင်သည် အမေရိကန်နိုင်ငံ မစ်ချီကန်ပြည်နယ် အင်ဒရူးတက္ကသိုလ်မှ စီးပွားရေးနှင့် မွေးမြူရေး သိပ္ပံဘွဲ့ရရှိခဲ့သူတစ်ဦး ဖြစ်ပြီး Mixed Martial Artist ပညာကို ၂၀၀၄ ခုနှစ်မှစတင် သင်ကြားခဲ့သူတစ်ဦး ဖြစ်သည်။

ဆီးဂိမ်းရွက်လှေပြိုင်ပွဲကျင်းပမည့် မြေနေရာကိစ္စကြောင့် ဘူးကွဲကြီးရွာသား(၃)ဦး ထောင်ကျ
မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်(၂၇)ကြိမ်မြောက်
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးအစားတွင် တစ်ခုအပါအ၀င်ဖြစ်သည့် လေ
ှလှော်ရွက်တိုက်အားကစား
ပြိုင်ပွဲကျင်းပမည့် မြေနေရာနှင့် ပတ်သက်၍ ဘူးကွဲကြီးကျေးရွာ
အမှတ်(၄)လမ်းနေ မူလအုန်းဥယျာဉ်ပိုင်ရှင်မိသားစုဝင် ကိုယ်စားလှယ်များအား
ပုသိမ်မြိုနယ်တရားရုံးကမှ အလုပ်ကြမ်းနင့် ထောင်ဒဏ်(၂)လ
စီချမှတ်လိုက်ကြောင်းသိရသည်။
ကမ်းခြေဒေသဖွံ့ဖြိုးရေးစီမံကိန်းခေါင်းစဉ်ဖြင့် တိကျခိုင်လုံမှုမရှိသည့် စာချူပ်များ အသုံးပြုကာ ဒေါ်သူသူ အိဟန်၊ ဦးတင်အေး၊ ဒေါ်တင်တင်ဝင်းတို့အတွက် ဗိုလ်မှူးရင်စိန်က သိမ်းယူခဲ့သည့်အဆိုပါမြေကို အစိုးရသစ် လက်ထက်တွင် ၄င်းတို့သုံးဦးအမည်ပေါက် လ/န ၃၉ ကို ဖျက်သိမ်းကာ အားကစားဝန်ကြီးဌာနကို ပေးလိုက်ခြင်းဖြစ်သည်ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်က ဆိုသည်။

နိုဗယ်ငြိမ်းချမ်းရေးဆုခန့်မှန်းချက်များတွင် သမ္မတဦးသိန်းစိန်အမည်ပါဝင်
စတော့ဟုမ်း၊ အောက်တိုဘာ-၈
ယခုနှစ်အတွက် နိုဗယ်ဆုရာသီစတင်နေပြီဖြစ်ရာ နိုဗယ်ငြိမ်းချမ်းရေးဆုအတွက် ခန့်မှန်းချက်များတွင် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်၏အမည်လည်းပါဝင်ကြောင်းသိရ
ယခုနှစ်အတွက် နိုဗယ်ဆုရာသီစတင်နေပြီဖြစ်ရာ နိုဗယ်ငြိမ်းချမ်းရေးဆုအတွက် ခန့်မှန်းချက်များတွင် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်၏အမည်လည်းပါဝင်ကြောင်းသိရ
သည်။
နိုဗယ်ငြိမ်းချမ်းရေးဆုကော်မတီက အမည်စာရင်းတင်သွင်းခံရသူများ၏ အမည်များကို ထုတ်ဖော်ပြောကြားလေ့မရှိပေ။ သို့သော် နော်ဝေးနိုင်ငံ
အော်စလိုမြို့မှ ငြိမ်းချမ်းရေး သုတေသန အင်စတီကျူဒ်၏ အကြီးအကဲ မစ္စတာ ခရစ်ရှန်ဘာ့ဂ်ဟာဗီကင်က ငြိမ်းချမ်းရေး ကော်မတီ၏
လုပ်ပုံကိုင်ပုံကိုလေ့လာပြီး နှစ်စဉ်ပင် ဆုရနိုင်ခြေရှိသူအတိုချုပ်စာရင်းကို ထုတ်ပြန်လေ့ရှိသည်။

စိုက်ပျိုး စရိတ်ချေးငွေ ဖြတ်ယူမှု တိုင်ကြားသူများကို ပထမဆုံး အကြိမ် ခေါ်ယူ စစ်ဆေး မေးမြန်း
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် လယ်သမားများကို စိုက်ပျိုးစရိတ်
ထုတ်ချေးရာတွင် ငွေဖြတ်ယူမှုများကို မကျေနပ်သဖြင့် တိုင်ကြားသူ လယ်သမား ၈ ဦး
ကို မြို့နယ်အုပ်ချုပ်ရေးမှူးက ခေါ်ယူမေးမြန်းခဲ့သည် ဟု သတင်း ရရှိသည်။
ကျောက်မောင်နှမကျေးရွာအုပ်စုမှ ခေါ်ယူမေးမြန်းခံရသူ လယ်သမားများ
ခေါ်ယူ စစ်ဆေးခံရသူ လယ်သမားများမှာ တောင်ကုတ်မြို့နယ် ကျောက်မောင်နှမ ကျေးရွာမှ လယ်သမား ၈ ဦး ဖြစ်သည်။
သူတို့ကို တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်က ယမန်နေ့ အောက်တိုဘာလ ၇ ရက်နေ့ မနက် ၁၁ နာရီခွဲ အချိန်တွင် မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးခန်းသို့ ခေါ်ယူမေးမြန်းခြင်း ဖြစ်သည်။

မြေပြင်မှာ လေယာဉ် ၂ စီး တိုက်
ယာဉ်တိုက်မှုဆိုတာ များသော အားဖြင့် ကားတိုက်မှုလို့ပဲ မျက်စေ့ထဲ မြင်နေကြမှာပါ။
အခုတော့ အဲဒီလိုမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့က စပိန်နိုင်ငံ မက်ဒရစ် ဘာရာဂျာ့စ် လေဆိပ်မှာ လေယာဉ်ချင်း တိုက်မိတဲ့ ယာဉ်တိုက်မှု ဖြစ်သွားခဲ့ပါတယ်။
ဖြစ်ပုံကလည်း ခရီးသည်တင် လေယာဉ် ၂ စင်း မြေပြင်မှာ တိုက်မိကြတာလည်းဖြစ်ပါတယ်။
ဗင်နီးဇွဲလား နိုင်ငံကို သွားမယ့် ခရီးသည် ၂၉၇ ဦးတင်ဆောင်ထားတဲ့ Air Europe လေကြောင်း က လေယာဉ် နဲ့ မက္ကဆီကို နိုင်ငံကို သွားမယ့် ခရီး သည် ၃၈၄ ဦးတင်ဆောင်ထားတဲ့ Iberworld လေကြောင်း က လေယာဉ်တို့ဟာ မထင်မှတ်ပဲ တိုက်မိကြတာပါ။

Atom ပရိုဆက်ဆာအသုံးပြု tablet များကို Intel နှင့် hardware ကုမ္ပဏီများ ပွဲထုတ်မိတ်ဆက်
Intel နှင့် ၎င်း၏ လက်တွဲဖက် hardware ကုမ္ပဏီများဖြစ်သည့် Acer, Asus, Dell,
HP, Lenovo, Samsung နှင့် ZTE တို့က Atom ပရိုဆက်ဆာ အသုံးပြုထားသည့်
tablet ထုတ်ကုန်မ
ျား ကို ဆန်ဖရန်စစ္စကိုမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ပြပွဲတစ်ခုတွင် ပွဲထုတ်မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ထုတ်ကုန် အားလုံးတွင် Intel ၏ Z2760 “Clover Trail” Atom ပရိုဆက်ဆာကို အသုံးပြုထားသော ကြောင့် အထူမှာ ၈.၅ မီလီမီတာသာရှိပြီး အလေးချိန်မှာလည်း ၆၈၀ ဂရမ်သာရှိကြောင်း၊ ဘက်ထရီသက်တမ်း မှာလည်း HD ဗီဒီယိုကြည့်ရှုရာတွင် ၁၀ နာရီကျော်ခန့် အသုံးပြုနိုင်ပြီး standby အနေဖြင့် ၃ ပတ်ကျော်ကြာ အသုံးပြုနိုင်မည် ဖြစ်ကြောင်း Intel ကုမ္ပဏီမှ ပြောကြားခဲ့သည်။

ပျက်စီးနေပြီဖြစ်သောမြန်မာ့ပညာရေးအသိုင်းအ၀ိုင်း
ပညာရေးဝန်ကြီးဌာနမှ လာဘ်စားသူကျောင်းဆရာ၊ ဆရာမများအား
ထိရောက်စွာအပြစ်ပေးအရေးယူမည်ဟုပြောဆိုနေသော်လည်း တစ်ကယ့်လက်တွေ့တွင်မူ
ထိရောက်မှုမရှိကြောင်း ကျောင်းသားမိဘများကပြောဆိုနေကြသည်။ ကော့သောင်းမြို့ေ
န...မိဘတစ်ဦးက"ကျွန်တော့်သားတစ်ယောက်
ကော့သောင်း အထက(၁)မှာ ကျောင်းထားတယ်။ ကျွန်တော်တို့ကလည်းတတ်နိုင်ပါတယ်။
သားအတွက် လိုအပ်တာမှန်သမျှဖြည့်စည်းပေးနိုင်တယ်။ ဒါပေမယ့်ဗျာ တစ်ခုဘ၀င်
မကျတာက ကလေးက အချိန်ရှိသ၍ ကျူရှင်ပဲတတ်နေရတယ်။ အဲဒီတော့ ကလေးမှာ
သူ့ရဲ့ကိုယ်ပိုင်ချိန်သိပ်မရှိတော့ဘူး။ ကစားချိန်မရှိဘူး၊ တခြားလေ့လာရမယ့်၊
အင်္ဂလိပ်စာသင်တန်းတို့၊ ကွန်ပျူတာသင်တန်းတို့ကို မတတ်နိုင်တော့ဘူး။
အဲဒီတော့ ကျွန်တော်က ကလေးကိုပြောတယ် သားရယ် ကျူရှင်တွေလျှော့ယူပါလားဆိုတော့
ကလေးက ကျူရှင်မယူရရင် ကျောင်းဆက်မတက်တော့ဘူးဆိုပြီးပြောလာတယ်။
ဘုန်းကြီးကျောင်း တိုက်ခိုက်ခံရမှု ကော့စ်ဘဇားတွင် လူပေါင်းထောင်ချီ ဆန္ဒပြ
ဘုန်းကြီးကျောင်းများ တိုက်ခိုက်ခံရမှု အပေါ် ဆန့်ကျင် ကန့်ကွက်သည့်
အနေဖြင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားမြို့တွင် ယနေ့ (အောက် တိုဘာ ၇ရက်)
နံနက်တွင် ဗုဒ္ဓဘာသာ၊
ဟိန္ဒူနှင့် ခရစ်ယာန် ဘာသာဝင် တို့ စုပေါင်းပြီး ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြပွဲအား ယနေ့ မနက် ၁၂ နာရီ အချိန်တွင် ကော့စ်ဘဇားမြို့ ခရိုင်ရုံးချုပ်ရှေ့တွင် ပြုလုပ်ခဲ့ကြပြီး ထောင်ချီ ရှိသော ဟိန္ဒူ၊ ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာဝင် များသည် ပိုစတာများကို ကိုယ်စီ ကိုင်ဆောင်ကာ ဘုန်းကြီးကျောင်းများနှင့် လူနည်းစု ဗုဒ္ဓဘာသာဝင်များ၏ အိုးအိမ်များကို ဆက်လက် တိုက်ခိုက်မူ မပြုလုပ်ရန် ငြိမ်းချမ်းစွာ တောင်းဆိုခဲ့ကြသည်။

သံလွင် တာဆန်းဆည် စီမံကိန်း စတင်ရန် ပြင်ဆင်နေ
ရှမ်းပြည်နယ် တောင်ပိုင်း သံလွင်မြစ်ပေါ်ရှိ အာရှတွင်
အမြင့်ဆုံးဖြစ်လာနိုင်သော တာဆန်းဆည် မဟာ ရေအားလျှပ်စစ်စီမံကိန်းကို စတင်
တည်ဆောက်ရန် ပြင်ဆင်နေကြောင်း သိရသည်။
အဆိုပါ စီမံကိန်းသည် ရှမ်းပြည်နယ် လ
အဆိုပါ စီမံကိန်းသည် ရှမ်းပြည်နယ် လ
င်းခေးခရိုင်
မိုင်းပန်မြို့နှင့် မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်
ကြားတွင်တည်ရှိပြီး လတ်တလောတွင် China Three Gorges Project Development
Corporation (CTGPDC) ကုမ္ပဏီမှ ၀န်ထမ်းများက ကွင်းဆင်းလေ့လာမှုများ
ပြုလုပ်နေကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် ရှမ်းသဘာဝ
ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ ကိုစိုင်းစိုင်းက ဧရာဝတီသို့ ပြောသည်။
“တရုတ်အဖွဲ့တွေက ဆန်းစစ်လေ့လာမှုတွေ လုပ်နေတယ်၊ သူတို့ စီမံကိန်းအတွက် ဒီဇိုင်းအသစ် ပြန်လုပ်ဖို့ရယ်၊ နောက်ပြီးတော့ တရုတ်နယ်စပ်ကနေ လမ်းဖောက်ဖို့အတွက် လာလေ့လာတယ်လို့ ကြားတယ်” ဟု ၎င်းက ဆိုသည်။
“တရုတ်အဖွဲ့တွေက ဆန်းစစ်လေ့လာမှုတွေ လုပ်နေတယ်၊ သူတို့ စီမံကိန်းအတွက် ဒီဇိုင်းအသစ် ပြန်လုပ်ဖို့ရယ်၊ နောက်ပြီးတော့ တရုတ်နယ်စပ်ကနေ လမ်းဖောက်ဖို့အတွက် လာလေ့လာတယ်လို့ ကြားတယ်” ဟု ၎င်းက ဆိုသည်။
ကျွန်မမှာ ချစ်သူဝိုင်းဝိုင်းလည်
1999 ခုနှစ်တုန်းက ဆရာကြီး ဦးစောဆိုင်မွန်သာက ပြောပြခဲ့တာ။
ကုလားတွေဟာ တရုတ်ကိုကြောက်တယ်တဲ့။ တရုတ်တွေကတော့ ဂျပန်ကိုကြောက်ပါတယ်တဲ့။
ဘာလို့လဲဆရာလို့ မေးတော့ က
ုလားတွေ
ရပ်ကွက်ထဲ တရုတ်ဝင်လာရင် ရှိသမျှစီးပွားရေး သိမ်းသွားတာပဲတဲ့။ အဲဒီလိုပဲ
ဂျပန်ဝင်လာရင် တရုတ်တွေ ပြေးရတာပဲတဲ့။ ဘာနဲ့ ဆိုင်သလဲဆိုတော့ Neuro surgeon
(ဦးဏှောက်နှင့် အာရုံကြောဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်) ပီပီ ဖြေပါတယ်။
Frontal Lobe ( ဦးဏှောက်ရှေ့ဆုံးပိုင်း ဧရိယာ) အကြီး အသေးနဲ့
ဆိုင်ပါတယ်တဲ့။ အဲဒီတုန်းက ကိုယ့်ခေါင်းကို အသာပြန်စမ်းမိသေးတယ်။ အခုတော့လဲ
European တွေရဲ့ အပြောတခုလည်း ဖတ်ဖူးသေးတယ်။ ငါတို့က မျိုးဆက်တဆက်စာပဲ စဉ်းစားတာ၊ ဂျပန်တွေကတော့ မျိုးဆက် ၃ ဆက်စာစဉ်းစားတာ။ ဒါကြောင့်လဲ ငါတို့ကိုကျော်ပြီး နံပါတ် ၃ နေရာကို မျိုးဆက်တခုအတွင်းမှာ ရသွားတာပေါ့တဲ့။

လူထုပုံရိပ် ဂျာနင်၊ အတွဲ(၁)၊ အမှတ်(၁)ပါ မောင်ဝင်းသူအား အတင်းအကြပ် တပ်မတော်တွင်းသို့ဝင် ရောက် ရန်ခြိမ်းခြောက်သူအား ဖော်ထုတ်ဖမ်းဆီးရမိ
၂၀၁၂ခုနှစ် စက်တင်ဘာလ ၂၈ ရက်တွင် ထုတ်ဝေသည့် လူထုပုံရိပ်ဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၁)၊ စာမျက်နှာ(၁၉)တွင် မေးမြန
်းသူ
တင်မောင်ထွေး၏ ''မီးရထားလာနေသော သံလမ်းပေါ် ကိုယ်တုံးလုံးချွတ်
ဝမ်းလျားမှောက် ခိုင်းပြီး အဓမ္မစစ်ထဲဝင်ရန် စေခိုင်းရသော လူငယ်တစ်ဦးနှင့်
တွေ့ဆုံခြင်း'' တွင်ပါဝင်သည့် ဖြစ်စဉ်၌ ပါဝင်ကျူးလွန်သူ များအား
တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းရှာဖွေခဲ့ရာ
ဖြစ်စဉ်တွင် ပါဝင်သည့် အညာသား(ခေါ်) ချစ်ကိုထွန်း(ခေါ်) သန်းထိုက်ငြိမ်းအား
၂၀၁၂ခုနှစ် စက်တင်ဘာလ ၈ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။
တပ်မတော်အနေဖြင့် ILO, UNICEF,World Vision, UNDP, UNHCR, UNOCHA, Save The Children တို့ပါဝင်ဖွဲ့ စည်းထားသည့် CTFMR အဖွဲ့နှင့် ''အရွယ်မရောက်သေးသည့် ကလေးလူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေကော်မတီ" ပူးပေါင်း၍ တပ်သားသစ် စုဆောင်းရေးနှင့် အဓမ္မလုပ်အားပေး ဆောင်ရွက်မှု မရှိစေရေးကို သတ်မှတ် စည်းမျဉ်းများနှင့် အညီ တိကျစွာ ပူးပေါင်းဆောင်ရ...ွက် လျက်ရှိသည်။

တရုတ်တွင် မြေပြိုမှုကြောင့် မူလတန်းကျောင်းသား ၁၈ ဦးသေဆုံး
တရုတ်နိုင်ငံအနောက်တောင်ပိုင်းတွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး
မူလတန်းကျောင်းသား ၁၈ ဦးနှင့် ရွာသားတစ်ဦးတို့မှာ
ပြိုကျခဲ့သောမြေများအောက်၌ ပိတ်မိခဲ့ရာ မူလတန်းကျော
င်းသား
၁၈ ဦးစလုံး သေဆုံးခဲ့ပြီး ရွာသားမှာပျောက်ဆုံးလျက်ရှိသည်။
...
ရက်ပေါင်းများစွာမိုးရွာသွန်းပြီးနောက် မြေပြိုမှုဖြစ်ပွားခဲ့ရာ ယူနန်ပြည်နယ်ရှိ ကျောင်းတစ်ကျောင်းနှင့် အိမ်နှစ်လုံးမြေမြုပ်ခဲ့သည်။ ကယ်ဆယ်ရေးလုပ်သားများက အလျင် အမြန်ရှာဖွေခဲ့သော်လည်း
သေဆုံးသူများကိုသာ တွေ့ခဲ့ရသည်။

ရွှေပြည်သာစက်မှုဇုန် (၁) အတွင်း မီးလောင်မှုဖြစ်ပွား
မီးသတ်တပ်ဖွဲ့ဝင်များ မီးငြှိမ်းသတ်နေစဉ် (ဓာတ်ပုံ-အောင်မြတ်ကို) |
ရန်ကုန်မြို့၊ ရွှေပြည်သာစက်မှုဇုန် (၁)၊ ကနောင်မင်းသားကြီး (၅)
လမ်းအတွင်းရှိ အလုပ်ရုံတစ်ခုတွင် အောက်တိုဘာလ ၇ ရက်နေ့ညပိုင်းက
မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ြေ
ကာင်း သိရသည်။
ယင်းအလုပ်ရုံမှာ အထည်ချုပ်စက်ရုံများမှ ပိတ်စများကိုကြိတ်ကာ ယင်းကြိတ်စများကိုပြန်ဖွသည့်နေရာဖြစ်ကြောင်း ပတ်ဝန်းကျင်အနီးတွင် နေထိုင်သူများထံမှ သိရသည်။
'' အဲဒီမှာက အထည်ချုပ်က အစတွေကိုကြိတ်ပြီး ပြန်ဖွတဲ့နေရာလို့ပဲသိတယ်။ အဲဒါတွေကိုခေါင်းအုံးတွေ၊ အရုပ်တွေမှာ သွတ်တယ်လို့ ပြောတယ်။ အတိအကျတော့ မသိသေးဘူး။ ၀ါယာရှော့ဖြစ်တယ်လို့တော့ကြားတယ်'' ဟု ယင်းပတ်ဝန်းကျင်အနီးတွင် နေထိုင်သူတစ်ဦးက ပြောပါသည်။

အစည်းအဝေးအကြောင်းပြတဲ့ ဆရာဝန်ကြောင့် ကိုယ်ဝန်ဆောင်မိခင် နှင့် ကလေး အသက်ဆုံးရှူံး
မြို့နယ်အုပ်ချုပ်ရေးအစည်းအဝေးကို အကြောင်းပြသည့် ဆရာဝန်တဦးကြောင့် အသက်
၁၈ နှစ်အရွယ် ကိုယ်ဝန်ဆောင်မိ ခင် နှင့် လွယ်ထားတဲ့ ကလေးငယ်တို့ စက်တင်ဘာ
၂၇ ရက်နေ့က အသက်ဆု
ံးရှူံးသွားသည်ဟု သိရသည်။
အဆိုပါ ကလေးအမေသည် မတူပီမြို့နယ် CawngThia ကျေးရွာမှ Pu Ten Tung ၏ ဇနီး Pi Khin Mar Htwe ဆိုသူ ဖြစ်ပြီး ရွာတွင် ကလေး မမွေးနိုင်သောကြောင့် မတူပီ ပြည်သူ့ဆေးရုံသို့ အတွင်းလူနာအဖြစ် လာရောက်သူဖြစ်ကြောင်း သိရသည်။
“ ဆရာဝန် ဦး Khin Maung Kyi က အစည်းအဝေးရှိတယ်ဆိုပြီး လူနာကို မခွဲပဲ ထွက်သွား တာလေ၊ လူနာကို မနက် ၁၀ နာရီမှာ ခွဲဖို့ ပြင်ထားတာ၊ အချိန်မှီ မခွဲလို့ ကလေးအမေက ဆုံးသွား တာ နေမှာပါ ” ဟု ဒေသခံတဦးက ပြောသည်။

Subscribe to:
Posts (Atom)