menu

Wednesday 31 October 2012

၂၀၁၃ ဆီးဂိမ်း ဖွင့်ပိတ်ပွဲဖျော်ဖြေမှု လူ ၁၆၀၀၀ကျော် ပါဝင်မည်

နေပြည်တော်တွင် ပြုလုပ်မည့် ၂၀၁၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း) ဖွင့်ပွဲပိတ်ပွဲအခမ်းအနားများတွင် ကပြတင်ဆက် ဖျော်ဖြေမှုအပိုင်း၌ စုစုပေါင်းလူအင်အား တစ်သောင်းခြောက်ထောင်ကျော် ပါဝင်ဆင်နွှဲမည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအေးမြင့်ကြူက ပြောကြားသည်။

“လူအင်အားက တစ်သောင်းခြောက်ထောင်အထက်မှာပဲရှိမယ်။ ဘာကြောင့်လဲဆိုတော့ ဆီးဂိမ်း ၁၁ နိုင်ငံရဲ့ ကကွက်အားလုံးပေါင်းအတွက်က ၆၀၀၀ ကနေ ၈၀၀၀ ကြားရှိမယ်။ နောက် တိုင်းရင်းသားအကအတွက်က အင်အား ၈၀၀၀ ကနေ ၁၀၀၀၀ သုံးမယ်။ ဒီနှစ်ခုက ဆက်တိုက်ဖြစ်မယ်ဆိုတော့ လူတစ်ယောက်က အ၀တ်အစားပြန်လဲစရာ အချိန်မရှိတော့ဘူး။ ဒါကြောင့် လူအင်အားက ဒီထက်လျှော့လို့ မရပါဘူး”ဟု ပြည်ထောင်စုဝန်ကြီးက အောက်တိုဘာလ ၂၆ ရက်တွင်ပြောသည်။

လှေနှစ်မြှုပ်၍ KNU ဗိုလ်မှူးတဦး ပျောက်ဆုံးနေ


Photo: လှေနှစ်မြှုပ်၍ KNU ဗိုလ်မှူးတဦး ပျောက်ဆုံးနေ။
အောက်တိုဘာလ ၃၁ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၇) ထိန်းချုပ်နယ်မြေ သူးမွဲမြစ် (သောင်ရင်းမြစ်)အတွင်း ယမန်နေ့ ညနေ ၅နာရီခွဲအချိန်၌ လှေနစ်မြှုပ်မှုတခုဖြစ်ပွားခဲ့ရာ လှေပေါ်ပါလာသူထဲမှ ဗိုလ်မှူးအဆင့်ရှိသူ KNLA တပ်မှူးတစ်ဦး ပျောက်ဆုံးလျှက် ရှိသည်ဟု သိရသည်။

ပျောက်ဆုံးသွားသူမှာ ၅၅နှစ်အရွယ် ဗိုလ်မှူးစောရိုး(စောကီးဒို့)ဖြစ်ပြီး ထိုင်းဘက်ကမ်းရှိ အသိတယောက်ထံသို့ အလည်သွားပြီး G-3 ဗိုလ်မှူးစောဆဲဂေ၀ါးသော၊ ဗိုလ်မှူးစောတာမလာတို့နှင့်အတူ လှော်လှေဖြင့် ပြန်လည်လှော်ခတ်လာရာ သေဘေထာ့ကမ်းနံ ဘေး ရောက်ခါနီး ရေစီးသန်သည့် နေရာတခုအရောက်တွင် လှေတိမ်းမှောက်သွားခဲ့ခြင်း ဖြစ်သည်။

တပ်မဟာ(၇) ဆေးတပ် တာဝန်ခံ ဗိုလ်ကြီး စောအယ်မွီးက “(သေ့ဘေ့ထာ့)ကမ်းမရောက်ခင် သောင်လေးတခု ရှိတယ်။ အဲဒီ သောင်နဲ့ ကမ်းနားကြားမှာ ရေစီးကြမ်းတဲ့ ရေခပ်နက်နက်နေရာတခုရှိတယ်။ အဲဒီမှာ လှေမှောက်တာ။ ဗိုလ်ရိုးက ရေမကူးတတ် ဘူး။ ဂျီသရီး(ဗိုလ်မှူးစောဆဲဂေ၀ါးသော)က ဗိုလ်ရိုးကို လှမ်းဆွဲလို့ အချင်းချင်း လက်ကိုင်မိကြသေးတယ်။ နောက် ဗိုလ်ရိုးက သူ့ လက်ကို လွှတ်လိုက်တယ်တဲ့”ဟု ကေအိုင်စီသို့ ပြောသည်။

ဗိုလ်မှူးစောရိုးသည် ဗိုလ်မှူးစောဆဲဂေ၀ါးသောအား ၎င်းနှင့်အတူ ရေထဲသို့ မျှောပါမသွားအောင် လက်လွှတ်လိုက်ခြင်း ဖြစ်နိုင် သည်ဟုလည်း ဗိုလ်ကြီးအယ်မွီးက ဆက်လက်၍ ခန့်မှန်းပြောဆိုလိုက်သည်။ သို့သော် ပျောက်ဆုံးသွားသော ဗိုလ်မှူးစောရိုး အား ယမန်နေ့ ညနေမှစ၍ ရှာဖွေခဲ့ရာ ယနေ့ ညနေအထိ မတွေ့ရှိရသေးကြောင်း သိရသည်။

“လူတယောက်ဟာ ရေနှစ်ရင် ၂၄နာရီကြာမှ အလောင်းပြန်ပေါ်တယ်လေ။ ဒါပေမဲ့ အခုထိတော့ ပျောက်ဆုံးနေဆဲပဲ”ဟု ဗိုလ်ကြီးစောအယ်မွီးက ယနေ့ညနေတွင် ပြောဆိုသည်။

တောင်ငူဇာတိဖြစ်သည့် ဗိုလ်မှူးစောရိုးသည် ကေအဲန်ယူ တပ်မဟာ(၅)တွင် ဒုထောက်ပို့မှူးအဖြစ် တာဝန်ယူလျှက်ရှိပြီး အသက် ၅၀အရွယ် ဇနီး နော်မာချူးလာနှင့် သမီး ၃ဦး ရှိသည်။

အေးချမ်းမွန်မှ KIC (Karen Information Center) တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :KIC (Karen Information Center)
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၇) ထိန်းချုပ်နယ်မြေ သူးမွဲမြစ် (သောင်ရင်းမြစ်)အတွင်း ယမန်နေ့ ညနေ ၅နာရီခွဲအချိန်၌ လှေနစ်မြှုပ်မှုတခု
ဖြစ်ပွားခဲ့ရာ လှေပေါ်ပါလာသူထဲမှ ဗိုလ်မှူးအဆင့်ရှိသူ KNLA တပ်မှူးတစ်ဦး ပျောက်ဆုံးလျှက် ရှိသည်ဟု သိရသည်။

ပျောက်ဆုံးသွားသူမှာ ၅၅နှစ်အရွယ် ဗိုလ်မှူးစောရိုး(စောကီးဒို့)ဖြစ်ပြီး ထိုင်းဘက်ကမ်းရှိ အသိတယောက်ထံသို့ အလည်သွားပြီး G-3 ဗိုလ်မှူးစောဆဲဂေ၀ါးသော၊ ဗိုလ်မှူးစောတာမလာတို့နှင့်အတူ လှော်လှေဖြင့် ပြန်လည်လှော်ခတ်လာရာ သေဘေထာ့ကမ်းနံ ဘေး ရောက်ခါနီး ရေစီးသန်သည့် နေရာတခုအရောက်တွင် လှေတိမ်းမှောက်သွားခဲ့ခြင်း ဖြစ်သည်။

အစိုးရ သဘောတူညီချက်များ ပျက်ကွက်

Photo: အစိုးရ သဘောတူညီချက်များ ပျက်ကွက်

သန်းထိုက်ဦး| October 31, 2012 | 

မြန်မာ အစိုးရသည် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အတိုင်း လိုက် နာရန် ပျက်ကွက်ကြောင်း ကရင်နီ အခြေပြု လူမှုအသင်းအဖွဲ့များ ကွန်ရက်(KCSN) အဖွဲ့က ပြောကြားလိုက်သည်။

ယနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် “မြန်မာ အစိုးရနှင့် KNPPတပ်ဖွဲ့တို့ အကြား ၆ လတာ အပစ်အခတ် ရပ်စဲရေး လုပ်ငန်း အပေါ် သုံးသပ်ချက်” အစီရင်ခံစာ ထုတ်ဝေသည့် သတင်းစာ ရှင်းလင်းပွဲ၌ KCSN အဖွဲ့က ပြောကြားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က အစိုးရနှင့် KNPP အဖွဲ့တို့ ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးရာတွင် သဘောတူညီမှု ရရှိထား သည့် ၁၄ ချက် အထဲမှ တချို့အချက်ကို ပျက်ကွက်ခြင်း ဖြစ်ကြောင်း သိရသည်။

အစိုးရ အနေနှင့် နှစ်ဖက်တပ်များ သွားလာရာတွင် ကြိုတင် အသိပေးခြင်း၊ စစ်လေ့ကျင့်ရေး သင်တန်းကျောင်း တည်ဆောက်ရေး စီမံကိန်းနှင့်ပတ်သက်၍ KNPP တပ်ဖွဲ့များနှင့် ပူးပေါင်း လုပ်ဆောင်ခြင်း၊ ရွာသစ် ရေကာတာ စီမံကိန်းကို လူမှုအဖွဲ့အစည်းများအား လေ့လာ စောင့်ကြည့်ခွင့်ပြုခြင်း စသည်တို့ကို သဘောတူခဲ့ကြသော်လည်း လက်တွေ့တွင် ကွာခြားချက်များ၊ တားဆီးမှုများ ရှိကြောင်း KCSN အဖွဲ့မှ ခူးတော်ရယ် က ပြောသည်။

“သဘောတူညီချက်ထဲမှာက ဒီစီမံကိန်းတွေကို ပွင့်ပွင့် လင်းလင်း လူသိ သူသိအောင်၊ လေ့လာလို့ရအောင် အဲဒီလိုခွင့်ပြုတယ်၊ ဆိုတော့ သဘောတူညီချက်က စာရွက်ပေါ်မှာပဲ ရှိတယ်၊ လက်တွေ့ သွားတဲ့အခါ မရဘူး”ဟု ၎င်းက ဆိုသည်။

တရုတ်ကုမ္ပဏီနှင့် တည်ဆောက်မည့် ယင်း ရွာသစ် ရေကာတာ စီမံကိန်းတည်ရှိရာ ဒေသသို့ KNPP နှင့် သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများထံ ခွင့်တောင်း၍သွားသော်လည်း လုံခြုံရေး တာဝန်ယူထားသည့် နယ်မြေခံ အစိုးရတပ်ဖွဲ့ဝင်များက ခွင့်မပြုခဲ့ကြောင်း ခူးတော်ရယ်က ဆက်ပြောသည်။

“သွားခွင့်မရတာကတော့ သူတို့ နယ်မြေခံ စစ်တပ်နဲ့ မဆိုင်ဘူး၊ ကျနော်တို့ကို လာတွေ့တဲ့ ဗိုလ်မှူးကတော့ စကား ချိုချိုသာသာပဲ ပြောတယ်၊ ဒါပေမယ့် သွားခွင့်ရမယ် မရဘူး အထက်ကို တင်ပြမယ် လို့ပြောတယ်၊ ဒါပေမယ့် သွားလို့ မရတာ အထက်နဲ့ ဆိုင်တယ်လို့ နားလည်တယ်”ဟု ၎င်းက ရှင်းပြသည်။

ရှမ်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုစိုင်းစိုင်းကလည်း“အကယ်၍ လူထု အဖွဲ့အစည်းအနေနဲ့ သွား ကြည့်မယ် ဆိုရင် ကျနော့်အနေနဲ့ သေချာတာကတော့ တရုတ်က လုပ်နေတဲ့ စီမံကိန်းတွေ အားလုံး လုပ်ထုံလုပ်နည်း အရ မလိုက်နာဘူး၊ အဲဒါကြောင့် မပေးဝင်ချင်တာ ပါတယ်”ဟု ဧရာဝတီ သို့ ပြောသည်။

ရွာသစ် ရေကာတာ စီမံကိန်းသည် ဘော်လခဲမြို့နယ် အနီး သံလွင်မြစ်ပေါ်တွင် တည်ရှိပြီး တရုတ်နိုင်ငံ ဒါးတန်း ကော်ပိုရေးရှင်း (Datang Corporation)နှင့် မြန်မာအစိုးရတို့ ပူးပေါင်း၍ လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် ၆၀၀ ထုတ်လုပ်နိုင်မည့် အစီအစဉ် ဖြစ်ကြောင်း သိရသည်။

ဒါးတန်း ကော်ပိုရေးရှင်းသည် ကုလသမဂ္ဂ၏ Global Compact ခေါ် ကမ္ဘာတ၀န်းလုံးက သဘောတူလက်ခံထား သည့် လူ့အခွင့် အရေး၊ သဘာဝ ပတ်ဝန်းကျင်နှင့် လုပ်အားစံနှုန်းများ စသည့် မူဝါဒများကို လက်ခံလိုက်နာမည်ဟု လက်မှတ်ရေး ထိုး၍ အဖွဲ့ ၀င်ထားသော စီးပွားရေးလုပ်ငန်း ကုမ္ပဏီတခု ဖြစ်သည်ဟု သတင်းများက ဆိုသည်။

သဘောတူချက်တွင် ပါဝင်သည့် အစိုးရ တပ်ဖွဲ့ဝင်များ သွားလာရေး ကိစ္စနှင့် ပတ်သက်၍လည်း KNPP တပ်ဖွဲ့ဝင်များအား ကြိုတင် သတင်းပေးခြင်း မရှိသည့်အတွက် KNPP ထိန်းချုပ်နယ်မြေတွင် ဇွန်လ ၂၇ ရက်နေ့က တိုက်ပွဲများ ဖြစ်ပွားခဲ့သေးကြောင်း KCSN အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစိုးရနှင့် KNPP အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ရရှိထားသော်လည်း လူထူအကြား ဖြစ်ပေါ်နေသည့် အခြေ အနေမှန်များကို သိရှိရန်နှင့် မြန်မာနိုင်ငံအတွင်း စစ်မှန်သော ငြိမ်းချမ်းရေး ဖြစ်ပေါ်လာစေရန် အတွက် ရည်ရွယ်ပြီး KCSN က ယင်း အစီရင်ခံစာကို ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။

KCSN အဖွဲ့ အနေနှင့် သဘောတူညီချက်များ အတိုင်း ထိန်းသိမ်းလိုက်နာရန် အစိုးရကို တောင်းဆိုထားသည်။

KNPPမှ အတွင်းရေးမှူး (၁) ခူးဦးရယ်ကလည်း အစိုးရအနေနှင့် သဘောတူညီချက် တချို့ကို ပျက်ကွက်ကြောင်း တွေ့ရှိရပြီး အစိုးရနှင့် ထပ်မံတွေ့ဆုံသည့်အခါ ၎င်းကိစ္စများကို အခြေခံ၍ ဆက်လက် ဆွေးနွေးသွားရန် စီစဉ်ထားကြောင်း ပြောသည်။

“သူတို့ဘက်က တာဝန်ခံမှုတွေ မရှိဘူး၊ ဥပမာ ရွာသစ် စီမံကိန်းလိုမျိုး၊ နောက် စစ်လေ့ကျင့်ရေး စီမံကိန်းလိုမျိုး၊ နောက်ပြီးတော့  မူးယစ်ဆေးဝါး ကိစ္စတွေမှာလည်း ပူးပေါင်းဆောင်ရွက်မယ်၊ တနစ်တကျ ပြင်ဆင်မယ်၊ နောက် ပြန်လည် ထူထောင်ရေး လုပ်ငန်း ကိစ္စတွေမှာလည်း သူတို့ဘက်က လျော့ရဲရဲပဲလို့ ကျနော်တို့ဘက်က အဲဒီလိုပဲ မြင်တယ်”ဟု ခူးဦးရယ်က ဆက်ပြောသည်။

အစိုးရနှင့် KNPP တပ်ဖွဲ့တို့ အပစ်အခတ်ရပ်စဲရေး နှစ်ဘက် သဘောတူ စာချုပ်ကို ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့ကပြည်နယ်အဆင့် လက်မှတ်ရေးထိုးခဲ့ပြီး ဇွန်လ ၉ ရက်နေ့တွင် ပြည်ထောင်စု အဆင့် ထပ်မံ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

KNPP တပ်ဖွဲ့အနေနှင့် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင်  တောင်းဆိုထားသည့် အချက် ၂၀ မှ ၁၄ ချက်သာ သဘောတူညီ၍ လက်မှတ် ရေးထိုးခဲ့သည်။

ကျန်နေသော အချက် ၆ ချက်မှာ စစ်ဘက်ဆိုင်ရာ ကိစ္စများ ဖြစ်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော် မတီနှင့် ထပ်မံ ဆွေးနွေးရန် စီစဉ်ထားကြောင်း သိရသည်။

KNPP သည် ၁၉၉၅ ခုနှစ်က ယခင် စစ်အစိုးရ လက်ထက်တွင် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့ပြီး ၃ လခန့် အကြာ အစိုးရ တပ်နှင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့သည်။

KNPP နှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ ကယားပြည်နယ် လွိုင်ကော်မြို့တွင် မတ်လ ၇ ရက်နေ့က သဘောတူလက်မှတ် ရေးထိုးစဉ် (ဓာတ်ပုံ – ကန္တာရဝတီတိုင်းမ်)

အေးချမ်းမွန်မှ ဧရာဝတီသတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ဧရာဝတီသတင်း
မြန်မာ အစိုးရသည် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အတိုင်း လိုက် နာရန် ပျက်ကွက်ကြောင်း ကရင်နီ အခြေပြု လူမှုအသင်းအဖွဲ့များ ကွန်ရက်(KCSN) အဖွဲ့က ပြောကြားလိုက်သည်။

ယနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် “မြန်မာ အစိုးရနှင့် KNPPတပ်ဖွဲ့တို့ အကြား ၆ လတာ အပစ်အခတ် ရပ်စဲရေး လုပ်ငန်း အပေါ် သုံးသပ်ချက်” အစီရင်ခံစာ ထုတ်ဝေသည့် သတင်းစာ ရှင်းလင်းပွဲ၌ KCSN အဖွဲ့က ပြောကြားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က အစိုးရနှင့် KNPP အဖွဲ့တို့ ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးရာတွင် သဘောတူညီမှု ရရှိထား သည့် ၁၄ ချက် အထဲမှ တချို့အချက်ကို ပျက်ကွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့စွမ်းဆောင်ရည် အမြင့်ဆုံး စူပါ ကွန်ပျူတာ

Photo: ကမ္ဘာ့စွမ်းဆောင်ရည် အမြင့်ဆုံး စူပါ ကွန်ပျူတာ

အမေရီကန် Cray စူပါကွန်ပျူတာ ထုတ်လုပ်ရေး ကုမ္မဏီမှ အသစ် မိတ်ဆက်ပေးလိုက်တဲ့ Titan အမည်ရ စူပါကွန်ပျူတာ ဖြစ်ပါတယ်။

အမေရိကန် စွမ်းအင်ဝန်ကြီးဌာန က ငွေကြေးအကုန်ကျခံပြီး တည်ဆောက်ခဲ့ တာ ဖြစ်ပါ တယ်။ အမေရိကန် အမျိုးသား လေထုနှင့် မိုးလေဝသ ဌာနက လည်း ရန်ပုံငွေ အနည်းငယ်ထည့်ထားပါတယ်။ အားလုံးပေါင်း ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၉၇ သန်းရှိပါတယ်။

၂၀၀၉ခုနှစ်ကတတည်းက စတင်ကြေညာထားပြီး အချိန်ယူ ဖန်တီးလာရာ ယခုအောက်တိုဘာလ ၂၉ ရက်နေ့ကစလို့ အသုံးပြုနေပြီ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ Oak Ridge National Laboratory မှာ တည်ရှိပါတယ်။ လုပ်ဆောင်ချက်အနေနဲ့ကတော့ တစ်စက္ကန့်ကို တွက်ချက်မှုပေါင်း ၂၀၀၀၀ trillion ကို လုပ်ဆောင်နိုင်ပါတယ်။ ကွန်ပျူတာ term နဲ့ဆိုရင် 20 petaFLOPS - မြန်နှုန်းရှိပြီး ကမ္ဘာ့ မြန်နှုန်းအမြင့်ဆုံး ကွန်ပျူတာ ဖြစ်ပါတယ်။

Operating System : Linux

ပါဝါ : 12700000 Watt

အရွယ်အစား : ၄၃၅၂ စတုရန်းပေ (ဟာ့ဒ်ဝဲ ဗီရိုအလုံးရေ ၂၀၀)

မြန်နှနုး : 20 petaFLOPS

Memory : 710 TB ( 1 TB ကို 1024GB ရှိပါတယ်။) ( CPU က 598 TB, GPU က 112 TB ရှိပါတယ်။

Storage : 13.6 PB ( 1PB ကို GB ၁သန်း ရှိပါတယ်။)

ကုန်ကျစရိတ် : အမေရိကန်ဒေါ်လာ ၉၇ သန်း

ယခင် ၂၀၀၅ ကစပြီး အသုံးပြုတဲ့ စူပါကွန်ပျူတာက Jaguar ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၀၄ သန်း ကုန်ကျပါတယ်။ ယခု အသစ်ဖန်တီးတဲ့ Titan ကျတော့ Jaguar ရဲ့ နေရာက အတွင်းပစ္စည်းတွေကိုသာ အစားထိုး ပြောင်း လဲ တပ်ဆင်လိုက်ခြင်း ဖြစ်တဲ့အတွက် ကုန်ကျစရိတ် ပိုသက်သာ သွားခြင်း ဖြစ်ပါတယ်။ သူ့တုန်းက လုပ်ဆောင်ချက် 1.75 petaflops ပဲရှိခဲ့ရာ ယခု Titan က အများကြီး သာသွားပါတယ်။ ယင်းကဲ့သို့ အလားတူ လိုက်မှီမယ့် စူပါကွန်ပျူတာကို တရုတ်အစိုးမှလည်း ကြိုးပမ်း တည်ဆောက် လျက်ရှိတယ်လို့ သိရပါတယ်။ Titan ကတော့ အမေရိကန် စွမ်းအင်ဝန်ကြီးဌာနပိုင်ဖြစ်ပြီး ပင်တဂွန်စစ်ဌာနချုပ်နဲ့ မသက်ဆိုင်ပါဘူး။ ပင်တဂွန်စစ်ဌာနချုပ်မှာ စစ်ဘက်သုံး အခြား စူပါကွန်ပျူတာ ပေါင်းများ စွာလည်း ရှိနေသေးတယ်လို့ သိရပါတယ်။

Titan စူပါကွန်ပျူတာ အကြောင်း အသေးစိတ်ကို အောက်ပါ လခ့်မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

http://www.olcf.ornl.gov/titan/

Aung Kham (TSJ team)

http://techspacejournal.blogspot.com/2012/10/blog-post_31.html

အေးချမ်းမွန်မှ TechSpace Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :TechSpace Journal
အမေရီကန် Cray စူပါကွန်ပျူတာ ထုတ်လုပ်ရေး ကုမ္မဏီမှ အသစ် မိတ်ဆက်ပေးလိုက်တဲ့ Titan အမည်ရ စူပါကွန်ပျူတာ ဖြစ်ပါတယ်။

အမေရိကန် စွမ်းအင်ဝန်ကြီးဌာန က ငွေကြေးအကုန်ကျခံပြီး တည်ဆောက်ခဲ့ တာ ဖြစ်ပါ တယ်။ အမေရိ
ကန် အမျိုးသား လေထုနှင့် မိုးလေဝသ ဌာနက လည်း ရန်ပုံငွေ အနည်းငယ်ထည့်ထားပါတယ်။ အားလုံးပေါင်း ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၉၇ သန်းရှိပါတယ်။

အလုပ်ရှင်ကညှိနှိုင်းမှုမရရှိခြင်းကြောင့် တော်ဝင်သစ်အချောထည်စက်ရုံအလုပ်သမား တချို့် အစာငတ်ခံဆန္ဒပြမည်ဟုဆို

Photo: အလုပ်ရှင်ကညှိနှိုင်းမှုမရရှိခြင်းကြောင့် တော်ဝင်သစ်အချောထည်စက်ရုံအလုပ်သမား တချို့် အစာငတ်ခံဆန္ဒပြမည်ဟုဆို

ကေခိုင်ကျော် DVB ၊အောက်တိုဘာ ၃၁

ရွှေပြည်သာမြို့နယ် ၀ါးတစ်ရာစက်မှုဇုံ တော်ဝင်သစ်အချောထည်စက်ရုံက အလုပ်သမားတွေဟာ အလုပ်ရှင်ဘက်က စာချုပ်ချိုးဖောက်မှုကြောင့် ရက်ဆက်ဆန္ဒဖော်ထုတ်မှုများပြုလုပ်နေရာကနေ အခုထိ ပြေလည်မှုမရရှိသေးတာကြောင့် အလုပ်သမားတချို့
အစာငတ်ခံဆန္ဒပြတော့မှာ ဖြစ်ကြောင်း Action Labour Right ခေါင်းဆောင် ကိုကျော်ကျော်က DVB ကို့ပြောပါတယ်။


“ အခုဆန္ဒပြတာ ၆ရက်မြောက်ဖြစ်နေပါပြီ။ဆန္ဒပြနေတဲ့အလုပ်သမားတွေကတော့အား လုံး ၂၀၀ကျော်လောက်ရှိပါတယ်။မနက်ဖြန်မှ အလုပ်သမား၁၀ယောက်ကနေ အစာငတ်ခံဆန္ဒပြပြီး ဆက်လက် တောင်းဆိုသွားမှာပါ။အဓိက တောင်းဆိုတဲ့အချက်တွေကတော့စက်ရုံအလုပ်သမားတွေကိုအပြင်ဆိုဒ် ကိုမပို့ဖို့ကအဓိက တောင်းဆိုတာပါ။အလုပ်ရှင်နဲ့စာချုပ်ချုပ်တာ၎ကြိမ်ရှိပါပြီ။၂ကြိမ်မှာကအလုပ်ရှင် နဲ့အလုပ်သမားမညှိနှိုင်းပဲအပြင်ဆိုဒ်ကိုမပို့ရဘူးဆိုတဲ့အချက်ပါတယ်။အဲ့ဒီအချက်ကိုအလုပ်ရှင်ဘက် ကချိုးဖောက်တာပါ။အခုအလုပ်သမားတွေတောင်းဆိုနေတာတွေကလည်းလုပ်ခတိုးပေးဖို့မဟုတ်ပါ ဘူး။ဒီကိစ္စဟာမတက်နိုင်တဲ့ကိစ္စလည်းမဟုတ်ဘူး။ရေရှည်နစ်နာမှုကိုကြည့်ရမယ်။အခုလိုအလုပ်ရှင် ဘက်ကမညှိနှိုင်းပေးတာလွန်တယ်လို့ထင်ပါတယ်။အလုပ်ရှင်ဘက်ကမညှိနှိုင်းပေးတဲ့အပြင် တခြား နည်းလမ်းတွေနဲ့ဖိအားပေးတာတွေလုပ်လာတယ်။သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့လည်းအလုပ် ရှင်တွေကို ညှိနှိုင်းမှုတွေပြုလုပ်လာအောင်ဖိအားပေးသင့်တယ်လို့ကျွန်တော်မြင်ပါတယ်။” လို့ သူကဆိုပါတယ်။

အလုပ်ရှင်က စာချုပ်ပါအချက်များအား ချိုးဖောက်မှုကြောင့် တော်ဝင်သစ်အချောထည် စက်ရုံ အလုပ်သမား ၂၅၀ကျော် ဆန္ဒဖော်ထုတ်နေကြပြီး အလုပ် သမားတွေဘက်က အချက် ၅ချက် တောင်းဆိုထားတယ်လို့သိရပါတယ်။

ဆန္ဒဖော်ထုတ်မှုတွေနဲ့ ပတ်သက်ပြီးတော်ဝင် ကုမ္ပဏီကိုဆက်သွယ်မေးမြန်းမှုများပြုလုပ်ခဲ့သော်လည်း ပြန်လည်ဖြေကြားပေးခြင်းမရှိသေးပါ။

(ဓါတ်ပုံ - ကိုကျော်ကျော်)

အေးချမ်းမွန်မှ DVB TV News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :DVB TV News
ရွှေပြည်သာမြို့နယ် ၀ါးတစ်ရာစက်မှုဇုံ တော်ဝင်သစ်အချောထည်စက်ရုံက အလုပ်သမားတွေဟာ အလုပ်ရှင်ဘက်က စာချုပ်ချိုးဖောက်မှုကြောင့် ရက်ဆက်ဆန္ဒဖော်ထုတ်မှုများပြုလုပ်နေရာကနေ အခုထိ ပြေလည်မှုမရရှိသေးတာကြောင့် အလုပ်သမားတချို့
အစာငတ်ခံဆန္ဒပြတော့မှာ ဖြစ်ကြောင်း Action Labour Right ခေါင်းဆောင် ကိုကျော်ကျော်က DVB ကို့ပြောပါတယ်။

“ အခုဆန္ဒပြတာ ၆ရက်မြောက်ဖြစ်နေပါပြီ။ဆန္ဒပြနေတဲ့အလုပ်သမားတွေကတော့အား လုံး ၂၀၀ကျော်လောက်ရှိပါတယ်။မနက်ဖြန်မှ အလုပ်သမား၁၀ယောက်ကနေ အစာငတ်ခံဆန္ဒပြပြီး ဆက်လက် တောင်းဆိုသွားမှာပါ။အဓိက တောင်းဆိုတဲ့အချက်တွေကတော့စက်ရုံအလုပ်သမားတွေကိုအပြင်ဆိုဒ် ကိုမပို့ဖို့ကအဓိက တောင်းဆိုတာပါ။

မလေးသွားမှောင်ခိုဘုတ် နစ်မြှုပ်၍ (၁၂၈)ဦးအနက် (၁၂၂)ဦးပျောက်ဆုံးနေ

Photo: မလေးသွားမှောင်ခိုဘုတ် နစ်မြှုပ်၍ (၁၂၈)ဦးအနက် (၁၂၂)ဦးပျောက်ဆုံးနေ

Written by သဇင်ဥ	    Wednesday, 31 October 2012 15:50   		
	
ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှ မလေးရှားသို့ တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်ရန် သွားသောစက်လှေတစ်စီး ဘင်္ဂလားပင်လယ်ပြင်တွင် တနင်္ဂနွေနေ့က နစ်မြှုပ်သွားခဲ့သဖြင့် (၁၂၈)ဦးအနက် (၁၂၂)ဦး ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

ယင်းမလေးသွား မှောင်ခိုစက်ဘုတ်မှာ ဘင်္ဂလာ ကော့စ်ဘဇားခရိုင် တာခ်နာမြို့နယ် ဆာဟ်ပေါ်ရီရ်ကျွန်းမှ တနင်္ဂနွေနေ့က စတင် ထွက်ခွာသွားခြင်းဖြစ်ကြောင်းနှင့် ပင်လယ်ပြင်တွင် ကျောက်ဆောင်ကို တိုက်မိ၍ နစ်မြှုပ်သွားခြင်းဖြစ်သည်ဟု အသက်ရှင်လာသူ(၆) ဦးတို့မှ အတည်ပြုပြောဆိုလိုက်ခြင်း ဖြစ်သည်။

အဆိုပါ စက်လှေနစ်မြှုပ်ရာတွင် ငါးဖမ်းစက်လှေများမှ ကယ်ဆယ်၍ အသက်ရှင်လာသူ(၆)ဦးမှာ တာခ်နာမြို့နယ်မှ အာဘူဘော်ကော်ရ်၊ နရုဟိုဆန်၊ မာဟ်ဘူဘ်၊ ဘုတ်မောင်းသူ စူနိုင်က္ကာနှင့် ကျန်နှစ်တို့ဖြစ်ကြောင်းဆိုသည်။

ဆာဟ်ပေါ်ရီရ်ကျွန်းမှ မလေးသို့ မှောင်ခိုသွားမည့်သူများနှင့် စက်လှေများကို မကြာခဏ ဖမ်းဆီးလေ့ရှိခဲ့ပြီး ယခုအခါ ဖမ်းဆီးရမိနေခြင်းမှာ အမျိုးသမီး၊ ကလေးသူငယ်နှင့် မိသားစုများပါ ပါဝင်နေကြောင်း သိရှိရသည်။

တာခ်နာမြို့နယ်အခြေစိုက် အမှတ်(၄၂)BGB မှ အရာရှိတစ်ဦးဖြစ်သူ ဇာဟိဒ်ဇာဟာန် က ယင်းဖြစ်ရပ်မှာ မှန်ကန်ကြောင်းနှင့် အသေးစိပ် အလောင်းများဆယ်ယူရရှိရန် ကြိုးပမ်းလုပ်ဆောင်နေကြောင်း Arakantimes သို့ ပြောသည်။

ယခုကဲ့သို့ မလေးရှားသို့ တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်ရန် ဘင်္ဂလာမှာ ခိုးထွက်၍ သွားလာနေခြင်းမှာ နှစ်အတော်ကြာနေပြီဖြစ် ကြောင်း တာခ်နာမြို့နယ်မှ ငါးပွဲရုံပိုင်ရှင်များ၏ ပြောဆိုချက်များအရ သိရသည်။

အေးချမ်းမွန်မှ Arakan Time တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Arakan Time
ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှ မလေးရှားသို့ တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်ရန် သွားသောစက်လှေတစ်စီး ဘင်္ဂလားပင်လယ်ပြင်တွင် တနင်္ဂနွေနေ့က နစ်မြှုပ်သွားခဲ့သဖြင့် (၁၂၈)ဦးအနက် (၁၂၂)ဦး ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

ယင်းမလေးသွား မှောင်ခိုစက်ဘုတ်မှာ ဘင်္ဂလာ ကော့စ်ဘဇားခရိုင် တာခ်နာမြို့နယ် ဆာဟ်ပေါ်ရီရ်ကျွန်းမှ တနင်္ဂနွေနေ့က စတင် ထွက်ခွာသွားခြင်းဖြစ်ကြောင်းနှင့် ပင်လယ်ပြင်တွင် ကျောက်ဆောင်ကို တိုက်မိ၍ နစ်မြှုပ်သွားခြင်းဖြစ်သည်ဟု အသက်ရှင်လာသူ(၆) ဦးတို့မှ အတည်ပြုပြောဆိုလိုက်ခြင်း ဖြစ်သည်။

နေကို စပိန်အမျိုးသမီးတစ်ဦးက ပိုင်ဆိုင်သည်ဟုဆို၊ အသုံးပြုခတောင်း

Photo: နေကို စပိန်အမျိုးသမီးတစ်ဦးက ပိုင်ဆိုင်သည်ဟုဆို၊ အသုံးပြုခတောင်း

၂၀၁၀ ခုနှစ် နိုဝင်ဘာလက ဖြစ်ပါတယ်။ စပိန်နိုင်ငံတွင် နေထိုင်သူ အမျိုးသမီး တစ်ဦးက နေကို သူမ ပိုင်ဆိုင်တယ်လို့ ပြောဆိုပြီး နေရောင်ခြည် အသုံးပြုခ တောင်းခံတဲ့ ကိစ္စ ဖြစ်ပါတယ်။ 

သူမ ရဲ့ စိတ်ကူး ဒီလို ဖြစ်ပါတယ်။ အမေရိကန် ဘီလျံနာ တစ်ဦးဟာ လကမ္ဘာမှာ မြေကွက်တစ်ခု ဝယ်ယူပြီး သူပိုင်တဲ့ မြေကွက်လို့ ကြေညာ ခဲ့ပါတယ်။ ဒါကြောင့်မို့ အသက် ၄၉ နှစ် အရွယ် စပိန်နိုင်ငံမှ အမျိုးသမီး Angeles Duran ကလည်း နေလုံးကြီးကို သူပိုင်ကြောင်း စာရွက်စာတန်း ပြု လုပ်လာပါတယ်။ ဒေသခံ ရှေ့ နေအချို့ နဲ့ တရားဝင်စာရွက် စာတန်းများ ပြု လုပ်ပြီး ဆိုလာစနစ်ရဲ့  အလယ် ဗဟိုတည့်တည့်က (ကမ္ဘာနှင့် ကီလိုမီတာ ၁၄၉ သန်း ပျှမ်းမျှဝေးသော) နေကို သူမပိုင်ဆိုင်တယ်လို့ ကြေညာ လိုက်ခြင်း ဖြစ်ပါတယ်။ စပိန်နိုင်ငံရဲ့  ဥပဒေအရဆိုရင်လည်း သူမကပဲ တကယ်ပိုင်ဆိုင် သလို ဖြစ်နေပါပြီ။
...
ရည်ရွယ်ချက်ကတော့ နယ်မြေပိုင်ဆိုင်မှုအတွက် ငြင်းခုံနေတဲ့ နိုင်ငံနဲ့ ပုဂ္ဂိုလ်များကို Trolling (သရော်ခြင်း) ဖြစ်ပါတယ်။

ဒါကြောင့် သူမရဲ့ စာရွက် စာတန်းအရ နေရောင်ခြည်စွမ်းအား အသုံးပြုသူ ကမ္ဘာပေါ်က လူသားအားလုံးကို အခွန်တောင်းဆိုဖို့ ကြိုးစားခဲ့ပါတယ်။ စပိန်အစိုးရ ကိုတော့ ဒီလို အခွန်တောင်းခံလွှာ ပို့ခဲ့ပါတယ်။ ပြည်သူတို့ ဆောင်နေကျ အခွန်ထက် ၅၀ ရာခိုင်နှုန်း တိုးကောက်ရပါမယ်။ ၂၀ ရာခိုင်နှုန်းကို အစိုးရ ကြွေးမြီ၊ ၁၀ ရာခိုင်နှန်းကို သုတေသန၊ ၁၀ ရာခိုင်နှုန်းကို ကမ္ဘာ တစ်အလွှားက ဒုက္ခသည်များ အတွက် ဖြစ်ပါတယ်။ 

ဒီတော့ ၁၀ ရာခိုင်နှုန်းက ကျန်ရှိနေပါသေးတယ်။ ကျန်ရှိတဲ့ ၁၀ ရာခိုင်နှုန်းကို တော့ သူမရဲ့ ဘဏ်အကောင့်ထဲ ထည့်ပေးပါ လို့ တောင်းဆိုခဲ့ ပါတယ်။ 
---
Ref:Metro

http://innewsmyanmar.blogspot.com/2012/10/blog-post_31.html

အေးချမ်းမွန်မှ International news for myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :International news for myanmar


၂၀၁၀ ခုနှစ် နိုဝင်ဘာလက ဖြစ်ပါတယ်။ စပိန်နိုင်ငံတွင် နေထိုင်သူ အမျိုးသမီး တစ်ဦးက နေကို သူမ ပိုင်ဆိုင်တယ်လို့ ပြောဆိုပြီး နေရောင်ခြည် အသုံးပြုခ တောင်းခံတဲ့ ကိစ္စ ဖြစ်ပါတယ်။

သူမရဲ့ စိတ်ကူး ဒီလို ဖြစ်ပါတယ်။ အမေရိကန် ဘီလျံနာ တစ်ဦးဟာ လကမ္ဘာမှာ မြေကွက်တစ်ခု ဝယ်ယူပြီး သူပိုင်တဲ့ မြေကွက်လို့ ကြေညာ ခဲ့ပါတယ်။ ဒါကြောင့်မို့ အသက် ၄၉ နှစ် အရွယ် စပိန်နိုင်ငံမှ အမျိုးသမီး Angeles Duran ကလည်း နေလုံးကြီးကို သူပိုင်ကြောင်း စာရွက်စာတန်း ပြု လုပ်လာပါတယ်။ ဒေသခံ ရှေ့ နေအချို့ နဲ့ တရားဝင်စာရွက် စာတန်းများ ပြု လုပ်ပြီး ဆိုလာစနစ်ရဲ့  အလယ် ဗဟိုတည့်တည့်က (ကမ္ဘာနှင့် ကီလိုမီတာ ၁၄၉ သန်း ပျှမ်းမျှဝေးသော) နေကို သူမပိုင်ဆိုင်တယ်လို့ ကြေညာ လိုက်ခြင်း ဖြစ်ပါတယ်။ စပိန်နိုင်ငံရဲ့  ဥပဒေအရဆိုရင်လည်း သူမကပဲ တကယ်ပိုင်ဆိုင် သလို ဖြစ်နေပါပြီ။
...

တစ်ချိန်တုန်းက ညီအစ်ကိုဖြစ်သော Puma နှင့် Adidas

Photo: တစ်ချိန်တုန်းက ညီအစ်ကိုဖြစ်သော Puma နှင့် Adidas

ကမ္ဘာ့ထိပ်တန်း အားကစား ပစ္စည်းထုတ်လုပ်တဲ့ Puma နဲ့ Adidas ကို တော်တော်များများ သိကြပါတယ်။ ယင်း ကုမ္မဏီနှစ်ခုကို တည်ထောင်သူများက ညီအစ်ကို နှစ်ဦး ဖြစ်ပါတယ်။

ဂျာမနီ နိုင်ငံသားများ ဖြစ်ပြီး Adidas တည်ထောင်သူက ညီငယ် Rudolf Dassler, Puma တည်ထောင်သူက Adolf Dassler ဖြစ်ပါတယ်။ ညီငယ် Rudolf က ၁၉၂၄ ခုနှစ်ကလို့ အားကစားပစ္စည်း ထုတ်လုပ်တဲ့ ကုမ္မဏီကို စတင်တာ ဖြစ်ပါတယ်။ ၁၉၂၈ နယ်သာလန် အိုလံပစ်အထိတောင် သွားရောက် ရောင်းချခဲ့ပါတယ်။ ၁၉၃၆ခု ဘာလင် အိုလံပစ်ကျတော့ အမေရိကန် အသင်းတစ်ခုအတွက် ဖိနပ်များ စပွန်ဆာပေးနိုင်ခဲ့ပါတယ်။

ဒီလိုနဲ့ အတူတူလုပ်ကိုင်ရင်း ဂျာမနီမှာ နာဇီစစ်အင်အားကြီးမားလာပါတယ်။ စစ်ဖြစ်ကြချိန်မှာတော့ ညီအစ်ကိုနှစ်ယောက်လုံး နာဇီပါတီဝင်ပြီး ရှေ့ တန်း ထွက်ရပါတယ်။ စစ်ပြီးချိန်မှာတော့ ကုမ္မဏီကို ဆက်လက်လုပ်ကိုင်ပြီး Adi အမည်နဲ့ လုပ်ကိုင်လာရာမှ Adidas သို့ပြောင်းလဲလိုက်ပါတယ်။ Adolf (Adi) Dassler ဆိုတဲ့ သူ့ရဲ့ အမည်ကနေ ထုတ်ယူထားတဲ့ နာမည် ဖြစ်ပါတယ်။ အစ်ကိုဖြစ်သူနဲ့ စိတ်သဘောထားခြင်း မတိုက်ဆိုင်တော့ပါဘူး။

ဒါကြောင့် အစ်ကိုဖြစ်သူ Rudolf Dassler လည်း ၁၉၄၈ ခုနှစ်ကစလို့ ကိုယ်ပိုင် အားကစား ပစ္စည်း ကုမ္မဏီစထောင်ပါတယ်။ အမည်ကို Puma လို့ပေးပြီး ဂျာမနီဝေါဟာရ အရ တောင်ကြောင် (တောင်ခြေင်္သေ့) ဖြစ်ပါတယ်။ တစ်ချိန်တုန်းက အရမ်းချစ်ကြတဲ့ ညီအစ်ကိုတွေ ဖြစ်ပေမယ့် သဘောထား ကွဲပြားမှုများကြောင့် လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် Puma နဲ့ Adidas ဟာ ခေတ်အဆက်ဆက် ပြိုင်ဘက်တွေ ဖြစ်ခဲ့ပါတယ်။

Puma နဲ့ Adidas နှစ်ခုလုံးဟာ ကမ္ဘာ့အားကစားပစ္စည်း ဈေးကွက်မှာ ကိုယ်စီ ဈေးကွက်ပိုင်ဆိုင်ထားပါတယ်။ Profit ကတော့ Adidas က ပိုများတဲ့ အနေအထားမှာ ရှိပါတယ်။ Puma ကျတော့ ၂၀၀၇ ခုနှစ်မှာ ပြင်သစ် PPR ကုမ္မဏီရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်သွားပြီး ထုတ်လုပ်မှုများ ပုံမှန်ပြုလုပ်နေဆဲ ဖြစ်ပါတယ်။ အမေရိကန်မှာ Nike က ထိပ်တန်း ကုမ္မဏီ ဖြစ်သလို ဥရောပမှာ Puma နဲ့ Adidas က ထိပ်တန်း ကုမ္မဏီ ဖြစ်ပါတယ်။ သို့ပေမယ့် Nike ကိုမကျော်နိုင်ပါဘူး။ Nike က ကမ္ဘာ့ နံပါတ် ၁ အားကစားပစ္စည်း ကုမ္မဏီဖြစ်ပါတယ်။ ဝင်ငွေအရရော၊ ထုတ်လုပ်မှု အရရော နံပါတ် ၁ ဖြစ်ပါတယ်။

အကယ်၍ ညီငယ် Rudolf နဲ့ အစ်ကို Rudolf နှစ်ဦးသာ သဘောထား တိုက်ဆိုင်မယ်၊ ချစ်ချစ်ခင်ခင် လုပ်ကိုင်ခဲ့မယ်ဆိုရင် ယနေ့မှာ ကမ္ဘာ့ နံပါတ် ၁ က Adi ဖြစ်မယ်လို့ လူတိုင်း ယုံကြည်ကြပါတယ်။ ယခုတော့ စိတ်ဝန်းကွဲမှုကြောင့် ကမ္ဘာ့နံပါတ် တစ် ဖြစ်မလာပဲ Nike ကိုကျော်ဖို့ထက် အခြား အာရှ၊ ဥရောပ အားကစား ကုမ္မဏီငယ်များ ကျော်တက်တာ မခံရအောင် ကြိုးစားနေကြရပါတယ်။ ဥရောပ စီးပွားရေး ကျဆင်းမှု ဒဏ်က ကြိုးစား ရုန်းထွက်နေကြပါတယ်။ ကုမ္မဏီနှစ်ခုလုံးကတော့ အခြေအနေ ပြန်လည် ကောင်းမွန်နေပြီ ဖြစ်ပါတယ်။ မိသားစု နှစ်ခု ဆွေမျိုး ဖြစ်ပေမယ့် စီးပွားရေး အရ ရန်သူတွေ ဖြစ်နေကြ ပါပြီ။

ဒါကြောင့် Puma နဲ့ Adidas ကို တစ်နေ့နေ့ တစ်ချိန်ချိန် ပြန်လည်ပေါင်းစည်း ဖို့ ဂျာမနီ ပြည်သူတွေ မျော်လင့်လျက် ရှိတယ်လို့ သိရပါတယ်။
--
Ref: wiki,mazefact

အေးချမ်းမွန်မှ International news for myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :International news for myanmar
ကမ္ဘာ့ထိပ်တန်း အားကစား ပစ္စည်းထုတ်လုပ်တဲ့ Puma နဲ့ Adidas ကို တော်တော်များများ သိကြပါတယ်။ ယင်း ကုမ္မဏီနှစ်ခုကို တည်ထောင်သူများက ညီအစ်ကို နှစ်ဦး ဖြစ်ပါတယ်။

ဂျာမနီ နိုင်ငံသားများ ဖြစ်ပြီး Adidasတည်ထောင်သူက ညီငယ် Rudolf Dassler, Puma တည်ထောင်သူက Adolf Dassler ဖြစ်ပါတယ်။ ညီငယ် Rudolf က ၁၉၂၄ ခုနှစ်ကလို့ အားကစားပစ္စည်း ထုတ်လုပ်တဲ့ ကုမ္မဏီကို စတင်တာ ဖြစ်ပါတယ်။ ၁၉၂၈ နယ်သာလန် အိုလံပစ်အထိတောင် သွားရောက် ရောင်းချခဲ့ပါတယ်။ ၁၉၃၆ခု ဘာလင် အိုလံပစ်ကျတော့ အမေရိကန် အသင်းတစ်ခုအတွက် ဖိနပ်များ စပွန်ဆာပေးနိုင်ခဲ့ပါတယ်။

အစိုးရက ပပျောက်ရေးကြိုးပမ်းနေသော်လည်း မြန်မာ၌ ခြောက်နှစ်ဆက်တိုက် ဘိန်းစိုက်ပျိုးမှုမြင့်တက်

အစိုးရက ပပျောက်ရေးဆောင်ရွက်နေသော်လည်း မြန်မာနိုင်ငံ၌ ဘိန်းစိုက်ပျိုးမှုသည် ခြောက်နှစ်ဆက်တိုက် မြင့်တက်လာခဲ့ကြောင်း ကုလသမဂ္ဂအစီရင်ခံစာက ဖော်ပြလိုက်သည်။

ထို့ကြောင့် ၂၀၁၄ တွင် ဘိန်းစိုက်ပျိုးမှုပြဿနာ ပြီးဆုံးရမည်ဟု အစိုးရဘက်မှ ယူဆထားချက်များကို သံသယ၀င်ရဖွယ်ရှိနေသည်။ မြန်မာအစိုးရသည် ယမန်န

ှစ်က ဖျက်စီးခဲ့သည်ထက် သုံးဆကျော်ပမာဏရှိသော ဘိန်းခင်းဧက ဟက်တာပေါင်း ၂၄၀၀၀ (၅၉၂၈၀ ဧက)နီးပါးခန့်ကို ၂၀၁၂ ရာသီတွင် ဖျက်ဆီးရန် စီမံခန့်ခွဲနိုင်ခဲ့သည်။

တရုတ်သို့ပိုရန် ဆမ္မဆယ်၌ နွားကောင်ရေ (၅၀၀)ကျော် ရောက်ရှိ

Photo: တရုတ်သို့ပိုရန် ဆမ္မဆယ်၌ နွားကောင်ရေ (၅၀၀)ကျော် ရောက်ရှိ

ငြိမ်းချမ်း(မြစ်မခ)

 တရုတ်ပြည်သို့ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်ဆမ္မဆယ်ကျေးရွာမှတဆင့် ယခုလ အောက်တိုဘာ(၂၉)ရက်နေ့မှ စ၍ ပြန်လည်တင်ပို့ရန်အတွက် နွားအကောင်ရေ(၅၀၀)ကျော် ဆမ္မဆယ်ကျေးရွာ၌ ရောက်ရှိနေကြောင်း ဒေသခံများထံက သိရှိရသည်။ 

 အဆိုပါ နွားများမှာ ဆမ္မဆယ်ကျေးရွာအနောက်ရှိ တောင်နှစ်လုံးကြားတွင်ထားရှိကြောင်းကိုလည်း သိရသည်။ 

 ယခုနှစ် ဇန်န၀ါရီလပိုင်းမှ စတင်ကာ ဆမ္မဆယ်မှတဆင့်တရုတ်ပြည်သို့ နေ့စဉ်နွားအကောင်ရေ(၁)ထောင် နီးပါးတင်ပို့နေပြီှး ယခုနှစ် စက်တင်ဘာလအတွင်းတွင် နောင်ချိုရဲစခန်းမှ ဖမ်းဆီးမှုများကြောင့် ရပ်နားထားရာမှ ယခုလ (၂၉)ရက်နေ့တွင် ဆမ္မဆယ်ကျေးရွာအနောက် ဘက်တောင်ကြားထဲတွင် နွားအကောင်ရေ(၅၀၀)ကျော် ရောက်ရှိနေကြောင်း ဒေသခံများထံက သိရှိရသည်။ 

 “ဒီနှစ်စတုန်းက နေ့တိုင်းအကောင်ရေ တစ်ထောင်တင်ပို့နေတာ ရဲတွေက ဖမ်းလိုက်တော့တစ်လလောက် နားသွားသေးတယ် အခုဒီလ တင်ပို့ဖို့လုပ်နေပြီ”ဟု ဆမ္မဆယ်ကျေးရွာသား တစ်ဦးက ပြောသည်။ 

ယခုနှစ်အတွင်းတွင် နောင်ချိုရဲစန်းအနေဖြင့် အရေးကြီးပုဒ်မ(၈၁)ဖြင့် ပိုင်ရှင်မဲ့ နွားဖမ်းဆီး မှု(၄)မှု ဖမ်းဆီးထားပြီး၊ နောင်ချိုမြို့မှ (၁၇)ကောင်နှင့် ဒိုးပင်ကျေးရွာမှ အကောင် (၃၀)ဖမ်း ဆီးထားကြောင်းကိုလည်း သိရှိရသည်။ 

 “ကျွန်တော်တို့ ကိုးလပိုင်းအတွင်းက သတင်းရတော့ သွားရောက်ဖမ်းဆီးမှုတွေ လုပ်ထားပါတယ် ပိုင်ရှင်မဲ့တွေ များပါတယ်၊ ဒီနှစ်အတွင်းမှာနွားဖမ်းဆီးမှုတွေ တော်တော်များပါတယ်”ဟုနောင်ချိုရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုလိုနွားများအလွန်အကျွံတင်ပို့နေမှုများကြောင့် တောင်သူလယ်သမားများ၏ကျေးဇူးရှင်များဖြစ်သောနွားများ မျိုးတုန်းသွားမည်ကို ဒေသခံများက စိုးရိမ်လျက် ရှိနေသည်။ 

နောင်ချိုမြို့နယ်ဆမ္မ ဆယ်မှတဆင့် တရုတ်ပြည်သို့ နွားများကို(၁၂)ဘီးကားများဖြင့် တင်ပို့ပြီး ကားတစ်စီးလျှင် နွားအကောင်ရေ(၂၅)ကောင်မှ(၃၀)ကြား တင်ဆောင်ကြောင်းသိရှိရသည်။ 

 တရုတ်ပြည်သို့နွားတင်ပို့ရာတွင် ကားတစ်စီးလျှင်ကျပ်(၈)သိန်းဝန်းကျင်အထိကျန်ရှိပြီးထိုကားခေါင်မိုးပေါ်သို့ နွားများကြည့်ရန် အတွက်လိုက်ပါသော လူတစ်ယောက်အတွက် တစ်ခေါက်လျှင် ကျပ်(၂)သောင်းရရှိသည်။ 

အဆိုပါနွားတင်ဆောင်သော ကားများမှာ ည(၉)နာရီဝန်းကျင်အချိန်တွင်ဖြတ်သန်းလေ့ရှိကြောင်း မန္တလေး-လားရှိုးလမ်းဘေးနေထိုင်သူများထံက သိရှိရသည်။

အေးချမ်းမွန်မှ Myit Makha Mediagroup  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myit Makha Mediagroup
တရုတ်ပြည်သို့ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်ဆမ္မဆယ်ကျေးရွာမှတဆင့် ယခုလ အောက်တိုဘာ(၂၉)ရက်နေ့မှ စ၍ ပြန်လည်တင်ပို့ရန်အတွက် နွားအကောင်ရေ(၅၀၀)ကျော် ဆမ္မဆယ်ကျေးရွာ၌ ရောက်ရှိနေကြောင်း ဒေသခံများထံက သိရှိရသည်။

အဆိုပါ နွားများမှာ ဆမ္မဆယ်ကျေးရွာအနောက်ရှိ တောင်နှစ်လုံးကြားတွင်ထားရှိကြောင်းကိုလည်း သိရသည်။
ယခုနှစ် ဇန်န၀ါရီလပိုင်းမှ စတင်ကာ ဆမ္မဆယ်မှတဆင့်တရုတ်ပြည်သို့ နေ့စဉ်နွားအကောင်ရေ(၁)ထောင် နီးပါးတင်ပို့နေပြီှး ယခုနှစ် စက်တင်ဘာလအတွင်းတွင် နောင်ချိုရဲစခန်းမှ ဖမ်းဆီးမှုများကြောင့် ရပ်နားထားရာမှ ယခုလ (၂၉)ရက်နေ့တွင် ဆမ္မဆယ်ကျေးရွာအနောက် ဘက်တောင်ကြားထဲတွင် နွားအကောင်ရေ(၅၀၀)ကျော် ရောက်ရှိနေကြောင်း ဒေသခံများထံက သိရှိရသည်။

"Miss Myanmar နန်းခင်ဇေယျာ ပထမဆုံးကြော်ငြာရိုက်ကူး"

Photo: "Miss Myanma နန်းခင်ဇေယျာ ပထမဆုံးကြော်ငြာရိုက်ကူး"

ဂျပန်နိုင်ငံ၊ အိုကီနာဝါကျွန်း၊ နာဟာ မြို့မှာကျင်းပတဲ့ Miss International 2012 ပြိုင်ပွဲကြီးမှာ Miss People Choice Awards ၊ Miss Internet ဆုနဲ့ Ambassador of Beauty ဆု ၃ ဆု ရရှိခဲ့တဲ့ နန်းခင်ဇေယျာကို လွယ်ဟိန်း ကုမ္ပဏီမှ Brand Ambassador အဖြစ်စာချုပ် ချုပ်ဆို ပြီးနောက် အောက် တို ဘာ ၃၁ရက်နေ့ က Ray စတူဒီယိုမှာ လွယ်ဟိန်းကုမ္ပဏီရဲ့ Blue Mountain ရေသန့် ကြော်ငြာကို ဒါရိုက်တာစင်ရော်မောင်မောင် နဲ့ ပထမ ဆုံးကြော်ငြာ ကို စတင် ရိုက်ကူးခဲ့ပါတယ်။

မေမွန်မောင် — 

အေးချမ်းမွန်မှ Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Popular Myanmar News Journal
ဂျပန်နိုင်ငံ၊ အိုကီနာဝါကျွန်း၊ နာဟာ မြို့မှာကျင်းပတဲ့ Miss International 2012 ပြိုင်ပွဲကြီးမှာ Miss People Choice Awards ၊ Miss Internet ဆုနဲ့ Ambassador of Beauty ဆု ၃ ဆု ရရှိခဲ့တဲ့ နန်းခ
င်ဇေယျာကို လွယ်ဟိန်း ကုမ္ပဏီမှ Brand Ambassador အဖြစ်စာချုပ် ချုပ်ဆို ပြီးနောက် အောက် တို ဘာ ၃၁ရက်နေ့ က Ray စတူဒီယိုမှာ လွယ်ဟိန်းကုမ္ပဏီရဲ့ Blue Mountain ရေသန့် ကြော်ငြာကို ဒါရိုက်တာစင်ရော်မောင်မောင် နဲ့ ပထမ ဆုံးကြော်ငြာ ကို စတင် ရိုက်ကူးခဲ့ပါတယ်။

Popular Myanmar News Journal

မြန်မာအစိုးရ ပြည်ပဘဏ်များတွင် ဒေါ်လာ ခြောက်ဘီလီယံအပ်နှံထားဟုဆို

Photo: မြန်မာအစိုးရ ပြည်ပဘဏ်များတွင် ဒေါ်လာ ခြောက်ဘီလီယံအပ်နှံထားဟုဆို

ရန်ကုန်၊ အောက်တိုဘာ-၂၇

ပြည်ပဘဏ်များတွင် မြန်မာနိုင်ငံ အစိုးရအနေဖြင့် အနည်းဆုံးဘဏ် စာရင်းငါးခုဖြင့် အမေရိကန်ဒေါ်လာခြောက်ဘီလီယံအပ်နှံထားကြောင်း ၀ါရှင်တန်အခြေစိုက် နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများ စောင့်ကြည့်နေသည့်အဖွဲ့ (BIC)မှ မန်နေဂျာ Jelson Garcia ကပြောကြားသည်။
''စာရင်းဖွင့်ထားတာတော့ အမှန်ပဲ။ ဘယ်လောက်ဆိုတာ တိတိကျကျပြောဖို့ မလွယ်ဘူး။ ဒီထက်တော့မကနိုင်ဘူး''ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ဝင်းကပြောသည်။
ပြည်ပ၌ ငွေစာရင်းဖွင့်လှစ်ရခြင်းမှာ ပြည်တွင်းမှပို့ကုန်သွင်းကုန်လုပ်ငန်းများ၊အစိုးရ၏ပို့ကုန်သွင်းကုန်လုပ်ငန်းများလုပ်ကိုင်ရန်အတွက်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ဦးမောင်မောင်ဝင်းကဆိုသည်။
မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုများပြုလုပ်နေသည့် ထိုင်း၊ မလေးရှား၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူ စသည့်နိုင်ငံများရှိဘဏ်များတွင် ဖွင့်လှစ်ထား ခြင်းဖြစ်ကြောင်း ဦးမောင်မောင်ဝင်းက ပြောကြားသည်။

အေးချမ်းမွန်မှ 7Day News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Google
ပြည်ပဘဏ်များတွင် မြန်မာနိုင်ငံ အစိုးရအနေဖြင့် အနည်းဆုံးဘဏ် စာရင်းငါးခုဖြင့် အမေရိကန်ဒေါ်လာခြောက်ဘီလီယံအပ်နှံထားကြောင်း ၀ါရှင်တန်အခြေစိုက် နိုင်ငံတကာငြွေေ
ကးအဖွဲ့အစည်းများ စောင့်ကြည့်နေသည့်အဖွဲ့ (BIC)မှ မန်နေဂျာ Jelson Garcia ကပြောကြားသည်။
''စာရင်းဖွင့်ထားတာတော့ အမှန်ပဲ။ ဘယ်လောက်ဆိုတာ တိတိကျကျပြောဖို့ မလွယ်ဘူး။ ဒီထက်တော့မကနိုင်ဘူး''ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ဝင်းကပြောသည်။
ပြည်ပ၌ ငွေစာရင်းဖွင့်လှစ်ရခြင်းမှာ ပြည်တွင်းမှပို့ကုန်သွင်းကုန်လုပ်ငန်းများ၊အစိုးရ၏ပို့ကုန်သွင်းကုန်လုပ်ငန်းများလုပ်ကိုင်ရန်အတွက်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ဦးမောင်မောင်ဝင်းကဆိုသည်။

စွပ်စွဲမှုများအတွက် ဥပဒေနှင့်အညီပြန်လည်ရုပ်သိမ်းခဲ့သည့် ဧရာဝတီတိုင်း လွှတ်တော်

Photo: စွပ်စွဲမှုများအတွက် ဥပဒေနှင့်အညီပြန်လည်ရုပ်သိမ်းခဲ့သည့် ဧရာဝတီတိုင်း
လွှတ်တော်


ဧရာဝတီတိုင်းတိုင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းလမ်းပန်းဆက်သွယ်
ရေး ၀န်ကြီးအား လွှတ်တော်ကိုယ်စားလှယ်များက စွတ်စွဲပြစ်တင်ခဲ့သော ကိစ္စရပ်များအား ပြန်လည်ရုပ်သိမ်းလိုက်ပြီ ဖြစ်သည်။

တိုင်းလွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်နှင့် ၀တ္တရားများကို ဟန့်တား
နှောင့်ယှက်ခြင်း၊ လွှတ်တော် ကိုယ်စားလှယ် များအား ပြည်သူနှင့် ကင်းကွာအောင်ပြုလုပ်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များမှ လွှတ်တော်
ကိုယ်စားလှယ်တစ်ဦး၏ တာဝန်ထမ်းဆောင်၍ ဆက်လက်လုပ်ဆောင်၍ မရတော့အောင် ဖြစ်ခဲ့ရသည့် ကိစ္စရပ်များအတွက် တိုင်းလွှတ်တော် ကိုယ်စားလှယ်(၁၉)ဦးမှ လက်မှတ်ရေးထိုးကာဧရာဝတီတိုင်း ၀န်ကြီးချုပ်
ဦးသိန်းအောင်နှင့် ဧရာဝတီတိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦသန်းထွန်း
တို့အား စွပ်စွဲပြစ်တင်ခြဲ့ခင်း ဖြစ်သည်။

ဧရာဝတီတိုင်းလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းထွန်းကလည်း ဖြစ်ပေါ်
ခဲ့သော ကိစ္စရပ်များ အတွက် တောင်းပန်ခဲ့ပြီး ၀န်ကြီးချုပ်ဦးသိန်းအောင်
ကလည်း နောက်နောင် ထိုကဲ့သို့ကိစ္စရပ်များ မဖြစ်စေရေး ကြပ်မတ်ဆောင်
ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

တိုင်းလွှတ်တော်မှ စွပ်စွဲပြစ်တင်မှုကို ဥပဒေနှင့် အညီရုပ်သိမ်းခဲ့ခြင်းလည်း
ဖြစ်သည်။

အေးချမ်းမွန်မှ Myit Makha Mediagroup တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myit Makha Mediagroup
ဧရာဝတီတိုင်းတိုင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းလမ်းပန်းဆက်သွယ်
ရေး ၀န်ကြီးအား လွှတ်တော်ကိုယ်စားလှယ်များက စွတ်စွဲပြစ်တင်ခဲ့သော ကိစ္စရပ်များအား ပြန်လည်ရုပ်
သိမ်းလိုက်ပြီ ဖြစ်သည်။

တိုင်းလွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်နှင့် ၀တ္တရားများကို ဟန့်တား
နှောင့်ယှက်ခြင်း၊ လွှတ်တော် ကိုယ်စားလှယ် များအား ပြည်သူနှင့် ကင်းကွာအောင်ပြုလုပ်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များမှ လွှတ်တော်
ကိုယ်စားလှယ်တစ်ဦး၏ တာဝန်ထမ်းဆောင်၍ ဆက်လက်လုပ်ဆောင်၍ မရတော့အောင် ဖြစ်ခဲ့ရသည့် ကိစ္စရပ်များအတွက် တိုင်းလွှတ်တော် ကိုယ်စားလှယ်(၁၉)ဦးမှ လက်မှတ်ရေးထိုးကာဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးသိန်းအောင်နှင့် ဧရာဝတီတိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦသန်းထွန်း
တို့အား စွပ်စွဲပြစ်တင်ခြဲ့ခင်း ဖြစ်သည်။

“Samsung မှ Galaxy Premier ဖုန်းအား ကြေငြာ”

Photo: “Samsung မှ Galaxy Premier ဖုန်းအား ကြေငြာ”

Samsung မှနေ၍ Galaxy Premier ဟုခေါ်တဲ့ ဖုန်းအသစ်တစ်မျိုးကို ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။

Galaxy Premier မှာ 4.65” အရွယ် Super AMOLED Display ပါဝင်မှာဖြစ်ပြီး Resolution ကတော့ 1280 x 720 ရှိမှာဖြစ်ပါတယ်။ ကင်မရာ အနေနဲ့ ကတော့ 1080p ဗီဒီယို ရိုက်ကူးနိုင်သော 8MP ကင်မရာပါဝင်မှာ ဖြစ်ပြီး အရှေ့တွင်တော့ 1.9MP ကင်မရာပါဝင်မှာ ဖြစ်ပါတယ်။ ထို့  အပြင် 1GB RAM နှင့် 8GB (သို့ ) 16GB Storage ပါဝင်မှာ ဖြစ်ပါတယ်။ Micro SD Card Slot ပါဝင်သောကြောင့် Storage ကိုလည်းထပ်မံတိုးနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီကတော့ 2100 mAh ကိုအသုံးပြုထားတာဖြစ်ပြီး Wi-Fi, GPS, NFC နှင့် Bluetooth 4.0 တို့ လည်းပါဝင်မှာ ဖြစ်ပါတယ်။ Processor အနေနဲ့ ကတော့ မည်သည့် Processor ကိုအသုံးပြုထားသည် ဆိုတာကို သေချာမသိရှိသေးသော်လည်း ထွက်ပေါ်နေသော သတင်းများအရ 1.5GHz Dual-Core ARM Cortex A9 CPU နှင့် PowerVR SGX544 GPU တို့  ကိုအသုံးပြုထားကြောင်း သိရပါတယ်။

Galaxy Premier သည် Android 4.1 Jelly Bean ကိုအသုံးပြုထားမည်ဖြစ်ပြီး Samsung ရဲ့ TouchWiz Interface ကိုလည်းအသုံးပြုထားမည် ဖြစ်ပါတယ်။ ထို့  ကြောင့် Samsung ရဲ့ ကိုယ်ပိုင် App များ နှင့် Service များဖြစ်သော S Beam, S Voice, Smart Stay, Pop Up Play စသည်တို့  ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Galaxy Premier ကိုနောက်လတွင် စတင်ရောင်းချသွားမည် ဖြစ်ပြီး ဈေးနှုန်းအနေနဲ့ ကတော့ US$680 ရှိမည် ဖြစ်ကြောင်း သိရပါတယ်။

Source : GSMArena

အေးချမ်းမွန်မှ Info Tech For Myanmar (IT4M) တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Info Tech For Myanmar (IT4M)
Samsung မှနေ၍ Galaxy Premier ဟုခေါ်တဲ့ ဖုန်းအသစ်တစ်မျိုးကို ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။

Galaxy Premier မှာ 4.65” အရွယ် Super AMOLED Display ပါဝင်မှာဖြစ်ပြီး Resolution ကတော့ 1280 x 720 ရှိမှာဖြစ်ပါတယ်။ ကင်မရာ အနေနဲ့ ကတော့ 1080p ဗီဒီယို ရိုက်ကူးနိုင်သော 8MP ကင်မရာပါဝင်မှာ ဖြစ်ပြီး အရှေ့တွင်တော့ 1.9MP ကင်မရာပါဝင်မှာ ဖြစ်ပါတယ်။ ထို့  အပြင် 1GB RAM နှင့် 8GB (သို့ ) 16GB Storage ပါဝင်မှာ ဖြစ်ပါတယ်။ Micro SD Card Slot ပါဝင်သောကြောင့် Storage ကိုလည်းထပ်မံတိုးနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီကတော့ 2100 mAh ကိုအသုံးပြုထားတာဖြစ်ပြီး Wi-Fi, GPS, NFC နှင့် Bluetooth 4.0 တို့ လည်းပါဝင်မှာ ဖြစ်ပါတယ်။ Processor အနေနဲ့ ကတော့ မည်သည့် Processor ကိုအသုံးပြုထားသည် ဆိုတာကို သေချာမသိရှိသေးသော်လည်း ထွက်ပေါ်နေသော သတင်းများအရ 1.5GHz Dual-Core ARM Cortex A9 CPU နှင့် PowerVR SGX544 GPU တို့  ကိုအသုံးပြုထားကြောင်း သိရပါတယ်။

ဥရောပ သမဂ္ဂ ဥက္ကဌ မြန်မာပြည် လာမည်


Photo: ဥရောပ သမဂ္ဂ ဥက္ကဌ မြန်မာပြည် လာမည်

ဧရာဝတီ| October 31, 2012 |

ဥရောပ သမဂ္ဂ ဥက္ကဌ Van Rompyy နှင့် ဥရောပ ကော်မရှင် ဥက္ကဌ Barroso တို့သည် လာမည့် နိုဝင်ဘာလ အတွင်း မြန်မာနိုင်ငံ သို့ လာရောက်ရန် ရှိကြောင်း သတင်းရသည်။ ၎င်းတို့ ၂ ဦးသည် နိုဝင်ဘာ ၉ ရက်နေ့၌ လာအိုနိုင်ငံတွင် ကျင်းပမည့် ဥရောပ သမဂ္ဂနှင့် အာဆီယံ နိုင်ငံများဆိုင်ရာ ASEM ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန်ရှိပြီး ဗီယက်နမ်၊ ကမ္ဘောဒီယား၊ မြန်မာ၊ ထိုင်း စသည် နိုင်ငံများသို့ သွားရောက်ရန် ရှိကြောင်း ဥရောပ သမဂ္ဂ က ထုတ်ပြန် ထားသည်။

အေးချမ်းမွန်မှ ဧရာဝတီသတင်းတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :sfgate.com
ဥရောပ သမဂ္ဂ ဥက္ကဌ Van Rompyy နှင့် ဥရောပ ကော်မရှင် ဥက္ကဌ Barroso တို့သည် လာမည့် နိုဝင်ဘာလ အတွင်း မြန်မာနိုင်ငံ သို့ လာရောက်ရန် ရှိကြောင်း သတင်းရသည်။ ၎င်းတို့ ၂ ဦးသည် နိုဝင်ဘာ ၉ ရက်နေ့၌
လာအိုနိုင်ငံတွင် ကျင်းပမည့် ဥရောပ သမဂ္ဂနှင့် အာဆီယံ နိုင်ငံများဆိုင်ရာ ASEM ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန်ရှိပြီး ဗီယက်နမ်၊ ကမ္ဘောဒီယား၊ မြန်မာ၊ ထိုင်း စသည် နိုင်ငံများသို့ သွားရောက်ရန် ရှိကြောင်း ဥရောပ သမဂ္ဂ က ထုတ်ပြန် ထားသည်။

ဧရာဝတီသတင်း

အကောက်ခွန်ဝန်ထမ်း ၁၅ ဦးထက်မနည်း ထပ်မံအရေးယူခံရမည်

Photo: အကောက်ခွန်ဝန်ထမ်း ၁၅ ဦးထက်မနည်း ထပ်မံအရေးယူခံရမည်

သာလွန်ဇောင်းထက်| October 31, 2012 | 

ရန်ကုန်ဆိပ်ကမ်းရောက် ကားသစ်များကို တရားမ၀င် လာဘ်ငွေယူပြီး ထုတ်ယူခွင့်ပြုခဲ့သော အကောက်ခွန် ဦးစီးဌာနမှ ၀န်ထမ်း ၁၅ ဦးထက်မနည်းကို စုံစမ်းစစ်ဆေး အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းသို့ ဂျပန်နိုင်ငံမှ ကားသစ်များ တင်သွင်းခွင့်ပြုလျှက်ရှိရာတွင် တင်သွင်းလာသော ကားများ၏ ထုတ်လုပ်သည့် ခုနှစ်များကို ပြင်ဆင်ပြီး ဆိပ်ကမ်းမှ တရားမ၀င် ထုတ်ယူမှုများ ရှိနေသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနသို့ တိုင်ကြားစာရောက်ရှိလာကြောင်း၊ ယင်းတိုင်ကြားချက်ကို ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနက တာဝန်ယူ စုံစမ်းမှုများ ပြုလုပ်ခဲ့ရာ အကောက်ခွန်ဝန်ထမ်း ၁၅ ဦးထက်မနည်း ပါဝင် ပတ်သက်လျှက် ရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

“၁၉၉၈ ခုနှစ် မော်ဒယ်ကားတွေကို ၂၀၀၂ ခုနှစ်ထုတ်လို့ ပြောင်းလဲပြီး ဆိပ်ကမ်းကနေ ကားတွေ ထုတ်တာပါ။ စဖြစ်တာက စီးပွား/ ကူးသန်းဝန်ကြီးဌာနဆီ စာတစောင် တက်သွားတယ်။ အဲဒီနောက် ပြည်ထဲရေးကို လွှဲပေးလိုက်တယ်။

ပြည်ထဲရေးကို ရောက်ပြီးတော့ စသုံးလုံးက ကိုင်တွယ် စစ်ဆေးတယ်။ အခု စစ်ဆေးမှုတွေလည်း အားလုံးလုပ်ပြီးလို့ အစိုးရအဖွဲ့(Cabinet) ဆီ တင်တော့မယ်။ အရေးယူတာတွေက အမှုပေါ်မှာ မူတည်ပြီးတော့ ရှိမယ်” ဟုနေပြည်တော် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ အတည်ပြု ပြောဆိုသည်။

၂၀၁၂ ခုနှစ် ဇွန်လအတွင်းကလည်း တရားမ၀င် လိုင်စင်မဲ့ကားများကို ဆိပ်ကမ်းများမှ တရားမ၀င် ထုတ်ယူခွင့် ပြုခြင်းနှင့် ပတ်သက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ၀န်ထမ်း ၅ ဦး၊ အကောက်ခွန် ဦးစီးဌာနမှ ၃၃ ဦး၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့မှ ၀န်ထမ်း ၅ ဦး စုစုပေါင်း ၄၃ ဦးကို အလုပ်မှ ထုတ်ပယ်ခြင်း၊ ရာထူးချ ဌာနပြောင်း အရေးယူခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ အလုပ်ထုတ် အရေးယူ ခံရသူများတွင် အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထင်ပေါ်နှင့် ဦးမျိုးမြင့်သိန်းတို့ ပါဝင်ကြောင်း သိရှိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လာဘ်ပေးလာဘ်ယူမှုများ ပပျောက်ရေးအတွက် ချက်ချင်း လုပ်ဆောင်သွားရန် မဖြစ်နိုင်ဘဲ
အချိန်ယူ လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု အထူးလိုအပ်ပြီး လာဘ်ပေးလာဘ်ယူမှု ပြုလုပ်သူများကို သိရှိလျှင် မှတ်ပုံတင်နှင့်တကွ တိုင်ကြားမှု ပြုလုပ်စေလိုကြောင်း အောက်တိုဘာလ ၂၁ ရက်နေ့ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။

ပြည်တွင်း စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုကမူ အစိုးရအနေဖြင့် လာဘ်ပေးလာဘ်ယူမှုများကို တိုက်ဖျက်မည် ဆိုပါက ထင်သာမြင်သာဖြင့် စီမံကိန်းချ ဆောင်ရွက်သင့်ကြောင်း၊ ပထမအဆင့်အနေဖြင့် အစိုးရ ဗျူရိုကရက် ယန္တရားကို
လျော့ချရမည်ဖြစ်ပြီး ဒုတိယအဆင့်တွင် ပုဂ္ဂလိက ကဏ္ဍကို အားပေးခြင်း၊ ၀င်ငွေအဆင့်အတန်းကို မျှခြေဖြစ်အောင် လုပ်ဆောင်ခြင်းများ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ တတိယအဆင့် အနေဖြင့် စီးပွားရေး အသိုက်အ၀န်းတခုလုံး ဖွံ့ဖြိုးတိုးတက် စေရန် လုပ်ဆောင်မှသာလျှင် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး အောင်မြင်မည်ဟု သုံးသပ်ပြောဆိုသည်။

“အကျင့်ပျက် ခြစားတဲ့သူ ဖမ်းလိုက်၊ အရေးယူလိုက်နဲ့တော့ ဒါကြီးက ပျောက်ပျက်သွားမှာ မဟုတ်ဘူး။ လာဘ်စားလို့ ရတဲ့ နေရာဖြစ်တော့ ရှေ့က သွားလို့ နောက်လူဝင်လာလည်း စားဦးမှာပဲ။ ပေါ်လစီပိုင်းနဲ့ကို သေသေချာချာ ချပြီး ထင်သာမြင်သာ ရှိရှိ လုပ်ဖို့ အရမ်းအရေးကြီးတယ်” ဟု ၎င်းက ဧရာဝတီသို့ပြောဆိုသည်။

၂၀၀၆ ခုနှစ်ကလည်း အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေး အပါအ၀င် အကောက်ခွန်ဝန်ထမ်း ၆၀၀ ကျော်ကို လာဘ်ပေးလာဘ်ယူ မှုများကြောင့် ဖမ်းဆီးထောင်ချ အရေးယူခဲ့သည်။

အေးချမ်းမွန်မှ ဧရာဝတီသတင်းတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ဧရာဝတီသတင်း
ရန်ကုန်ဆိပ်ကမ်းရောက် ကားသစ်များကို တရားမ၀င် လာဘ်ငွေယူပြီး ထုတ်ယူခွင့်ပြုခဲ့သော အကောက်ခွန် ဦးစီးဌာနမှ ၀န်ထမ်း ၁၅ ဦးထက်မနည်းကို စုံစမ်းစစ်ဆေး အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းသို့ ဂျပန်နိုင်ငံမှ ကားသစ်များ တင်သွင်းခွင့်ပြုလျှက်ရှိရာတွင် တင်သွင်းလာသော ကားများ၏ ထုတ်လုပ်သည့် ခုနှစ်များကို ပြင်ဆင်ပြီး ဆိပ်ကမ်းမှ တရားမ၀င် ထုတ်ယူမှုများ ရှိနေသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနသို့ တိုင်ကြားစာရောက်ရှိလာကြောင်း၊ ယင်းတိုင်ကြားချက်ကို ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနက တာဝန်ယူ စုံစမ်းမှုများ ပြုလုပ်ခဲ့ရာ အကောက်ခွန်ဝန်ထမ်း ၁၅ ဦးထက်မနည်း ပါဝင် ပတ်သက်လျှက် ရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

"Huawei မှ ၅လက်မအရွယ် Ascend D2 ကိုမိတ်ဆက်ပြသ"

Photo: "Huawei မှ ၅လက်မအရွယ် Ascend D2 ကိုမိတ်ဆက်ပြသ"

တရုတ်ကုမ္ပဏီ တစ်ခုဖြစ်သော Huawei မှလည်း Android ဖုန်းများကို ဆက်တိုက်ထုတ်လုပ်လျှက်ရှိရာ ယခုအခါတွင်လည်း Phablet (Phone+Tablet) တစ်ခုဖြစ်သော Ascend D2 ကိမိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Ascend D2 သည် Galaxy Note 2, Oppo Find 5, Optimus Vu နှင့် Pantech Vega R3 တို့ နှင့်အပြိုင်ဖြစ်လာတော့မည် ဖြစ်သည်။

Ascend D2 တွင် ၅ လက်မအရွယ် Screen နှင့် 1.5GHz Quad-Core Processor ပါဝင်မည် ဖြစ်ကြောင်း သိရပါတယ်။ ကင်မရာ အနေနဲ့  ကတော့ အနောက်ဘက်တွင် 13MP ကင်မရာ နှင့် အရှေ့ ဘက်တွင် 1.3MP ကင်မရာပါဝင်မည် ဖြစ်ကြောင်း သိရပါတယ်။ Android 4.1 Jelly Bean ကိုသာ အသုံးပြုထားမည် ဖြစ်ပြီး ဘက်ထရီ အနေနဲ့ ကတော့ 3000mAh ဘက်ထရီကို အသုံးပြုထားမည် ဖြစ်ကြောင်း သိရပါတယ်။
...
Ascend D2 ကို ၂၀၁၃ ခုနှစ်အစပိုင်းတွင် စတင်ဖြန့်  ချီသွားမည် ဖြစ်ကြောင်း သိရပါတယ်။

Source-IT4M

အေးချမ်းမွန်မှ Tech News Library တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Tech News Library
တရုတ်ကုမ္ပဏီ တစ်ခုဖြစ်သော Huawei မှလည်း Android ဖုန်းများကို ဆက်တိုက်ထုတ်လုပ်လျှက်ရှိရာ ယခုအခါတွင်လည်း Phablet (Phone+Tablet) တစ်ခုဖြစ်သော Ascend D2 ကိမိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Ascend D2 သည် Galaxy Note 2, Oppo Find 5, Optimus Vu နှင့် Pantech Vega R3 တို့ နှင့်အပြိုင်ဖြစ်လာတော့မည် ဖြစ်သည်။

စစ်တွေရှိ တပ်များမှာ ပြည်ထောင်စုတပ်များ မဟုတ်ဟု ပြည်နယ် ပြန်ကြားရေးက ရှင်း

Photo: စစ်တွေရှိ တပ်များမှာ ပြည်ထောင်စုတပ်များ မဟုတ်ဟု ပြည်နယ် ပြန်ကြားရေးက ရှင်း

မိုးဝေ (ရခိုင်ပြည်နယ်)

 ဘူးသီးတောင်တပ်ရင်းမှ စစ်တွေမြို့၌ လုံခြုံရေး ရယူရန်   ယနေ့နံနက်ပိုင်းတွင် တပ်ရင်းများ ရောက်ရှိနေ သည်။ 

စစ်တွေမြို့တွင် လုံခြုံရေး ထပ်မံတိုးမြင့်ချထားရန် ရောက်ရှိလာခြင်းဖြစ်သည်ဟု ဒေသခံများထံက သိရသည်။ 

အထက်ပါကိစ္စနှင့်ပတ်သက်၍ “တချို့သတင်းတွေက ထွက်နေတယ်၊ ပြည်ထောင်စုက လာတဲ့တပ်တွေ ဆိုပြီးတော့ အဲဒါ မဟုတ်ပါဘူး၊ ရခိုင်ပြည်နယ်ဘူးသီးတောင်မောင်တောက တပ်တွေပါ”ဟု ရခိုင်ပြည်နယ် သတင်း ပြန်ကြားရေးနှင့် မှတ်တမ်းစုဆောင်းရေးဆပ်ကော်မတီအတွင်းရေးမှူးဦးဝင်းမြိုင်က   ပြောသည်။ 

ရခိုင်ပြည်နယ်တွင် တည်ငြိမ်နေပြီဖြစ်သော်လည်း ရခိုင်နှင့် ဘင်္ဂလီဒုက္ခသည်များ စစ်တွေမြို့သို့ ရောက်ရှိလာနေ ဆဲဖြစ်သည်။

“သဲခုံက ရခိုင်ဒုက္ခသည်တွေ စစ်တွေမြို့ရွှေစေတီကျောင်းမှာ ရောက်နေကြတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ပေါက်တောမြို့မှ ဘင်္ဂလီဒုက္ခသည်များမှာလည်း စစ်တွေမြို့ ဘာဆာရာ(အုန်းတော) ပင်လယ်ကမ်းခြေတွင်ရောက် ရှိနေကြောင်း သိရသည်။

 တာဝန်ကျ ရဲတစ်ဦး၏ အဆိုအရ ဘင်္ဂလီများသည် စက်လှေများဖြင့် စစ်တွေသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်းကိုလည်း ၄င်းတို့၏ ပြောဆိုမှုအရသိရသည်။

အေးချမ်းမွန်မှ Myit Makha Mediagroup တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myit Makha Mediagroup
ဘူးသီးတောင်တပ်ရင်းမှ စစ်တွေမြို့၌ လုံခြုံရေး ရယူရန် ယနေ့နံနက်ပိုင်းတွင် တပ်ရင်းများ ရောက်ရှိနေ သည်။

စစ်တွေမြို့တွင် လုံခြုံရေး ထပ်မံတိုးမြင့်ချထားရန် ရောက်ရှိလာခြင်းဖြစ်သည်ဟု ဒေသခံများထံက သိရသည်။

အထက်ပါကိစ္စနှင့်ပတ်သက်၍ “တချို့သတင်းတွေက ထွက်နေတယ်၊ ပြည်ထောင်စုက လာတဲ့တပ်တွေ ဆိုပြီးတော့ အဲဒါ မဟုတ်ပါဘူး၊ ရခိုင်ပြည်နယ်ဘူးသီးတောင်မောင်တောက တပ်တွေပါ”ဟု ရခိုင်ပြည်နယ် သတင်း ပြန်ကြားရေးနှင့် မှတ်တမ်းစုဆောင်းရေးဆပ်ကော်မတီအတွင်းရေးမှူးဦးဝင်းမြိုင်က ပြောသည်။
ရခိုင်ပြည်နယ်တွင် တည်ငြိမ်နေပြီဖြစ်သော်လည်း ရခိုင်နှင့် ဘင်္ဂလီဒုက္ခသည်များ စစ်တွေမြို့သို့ ရောက်ရှိလာနေ ဆဲဖြစ်သည်။

ပုဂံဘုရားများအပေါ် တက်ရောက်ခွင့် တားမြစ် ပိတ်ပင်ခြင်းကို ကျေနပ်မှု မရှိ

Photo: ပုဂံဘုရားများအပေါ် တက်ရောက်ခွင့် တားမြစ် ပိတ်ပင်ခြင်းကို ကျေနပ်မှု မရှိ

ပြည်တွင်းသတင်း — အောက်တိုဘာလ ၃၁၊ ၂၀၁၂

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်းရှိ စေတီဘုရားပုထိုးများ အပေါ် နိုင်ငံခြားသားများနှင့် ဈေးသည် များ တက်ရောက်ခွင့် တားမြစ်ထားခြင်းကို ဒေသခံများက ကျေနပ်မှု မရှိကြကြောင်း အောက်တိုဘာ ၂၃ ရက်က မြန်မာ အင်ဒီပဲန်ဒင့်နှင့် တွေ့ဆုံစဉ် ဒေသခံတစ်ဦးက ပြောသည်။

“ငယ်ငယ်လေးကတည်းက ဒီနေရာတွေမှာ ဈေးရောင်းစား လာခဲ့တာ။ တခြားလည်း ဘာမှလုပ်မစားတတ်ဘူး။ ဒီလိုပဲ ဈေးရောင်းပြီး စားဝတ်နေရေးအတွက် ဖြေရှင်းနေရတာ”ဟု ပုဂံမြို့သစ် နေသူတစ်ဦးက ပြောသည်။ အခက်အခဲများနှင့် ပတ်သက်ပြီး မြင်းကပါ ရွာသားတစ်ဦးကလည်း “ခရီးသွား ဧည့်သည်တွေက ဘုရားပေါ်မှာ အနားယူကြပြီဆို အကြာကြီး နေကြတာဗျ။ အဲဒီအချိန်တွေဆို သူတို့လိုအပ်တာလေးတွေ သွားပြီး ရောင်းချ ကြတာ။ သူတို့လည်း အဆင်ပြေ၊ ကျွန်တော်တို့လည်း အဆင်ပြေ။ တချို့ နိုင်ငံခြားသား တွေဆို သူတို့ မေးတာ တွေကို တတ်သလောက် မှတ်သလောက်နဲ့ ပြန်ဖြေပေးရင် အရမ်းသဘောကျကြတာ၊ မုန့်ဖိုးပေးတော့ လည်း ယူလိုက်တာပဲ။ ရိုးရိုးသားသား ရတဲ့ ငွေပဲဟာ” ဟု ပြောသည်။
ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ မြင်ကွင်း

ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ မြင်ကွင်း
ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ မြင်ကွင်း

ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ မြင်ကွင်း

အဆိုပါကိစ္စနှင့် ပတ်သက်၍ ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့် တိုက်ဦးစီးဌာန၊ ပုဂံရှေးဟောင်း အမွေအနှစ် ဒေသဌာနခွဲ တာဝန်ရှိသူတစ်ဦး ဖြစ်သည့် ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းထံ မေးမြန်းရာတွင် ယင်းတို့ဌာနအနေဖြင့် ယဉ်ကျေးမှု အမွေအနှစ်များ အားလုံးကို ထိန်းသိမ်းရသည့် ဌာနဖြစ်သည့် အားလျော်စွာ နှစ်ပေါင်း ထောင်ချီရှိပြီ ဖြစ်သည့် ရှေးဟောင်းအမွေအနှစ် များထဲမှ တစ်ခုတစ်လေ ကိုမျှ ပျက်စီး ပျောက်ဆုံးသွားမှာကို မလိုလားကြောင်း၊ တားမြစ်ပိတ်ပင် ထားရသည့် စေတီပုထိုးများသည် ပုံ သဏ္ဍန်အားဖြင့် ကြည့်ပါက ခိုင်ခန့်မည်ဟု ထင်ရသော်လည်း သက်တမ်း ကြာမြင့်နေပြီ ဖြစ်သည့်အတွက် နစ်နာ ဆုံးရှုံးမှုများ ရှိနိုင်ကြောင်း၊ အထူးသဖြင့် နံရံဆေးရေးပန်းချီများ ပျက်စီးသွားမည်ကို အထူးဂရုပြု နေကြရ ကြောင်း၊ နိုင်ငံတော် အမွေအနှစ်များ ပျက်ဆီးဆုံးရှုံးရမည့် ဘေးမှကာကွယ်ရန် အတွက်သာ ယခုကဲ့သို့ တားမြစ် ပိတ်ပင်ရခြင်း ဖြစ်ကြောင်း ပြောသည်။

နှစ်ပေါင်း ထောင်နှင့်ချီပြီး ရှိနေပြီ ဖြစ်သည့် အဆိုပါ စေတီပုထိုးများ အနက် ယခုအခါတွင် ရွှေဆံတော် စေတီ နှင့် ပြဿဒ် ကြီးမှလွဲ၍ တက်ရောက်ခွင့် ပိတ်ပင်ထားကြောင်း သိရသည်။ ယခုနှစ်တွင်လည်း ထပ်မံ ပိတ်ထားရ သည့် ဘုရားပုထိုးစေတီ စုစုပေါင်း ၃ဝ ကျော်ခန့် ရှိကြောင်း ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း၏ ပြောပြချက်အရ သိရသည်။
ဝဝ၉

အေးချမ်းမွန်မှ Myanmar Independent News journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myanmar Independent News journal
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်းရှိ စေတီဘုရားပုထိုးများ အပေါ် နိုင်ငံခြားသားများနှင့် ဈေးသည် များ တက်ရောက်ခွင့် တားမြစ်ထားခြင်းကို ဒေသခံများက ကျေနပ်မှု မရှိကြကြောင်း အောက်တိုဘာ ၂၃ ရက်က မြန်မာ အင်ဒီပဲန်ဒင့်နှင့် တွေ့ဆုံစဉ် ဒေသခံတစ်ဦးက ပြောသည်။

“ငယ်ငယ်လေးကတည်းက ဒီနေရာတွေမှာ ဈေးရောင်းစား လာခဲ့တာ။ တခြားလည်း ဘာမှလုပ်မစားတတ်ဘူး။ ဒီလိုပဲ ဈေးရောင်းပြီး စားဝတ်နေရေးအတွက် ဖြေရှင်းနေရတာ”ဟု ပုဂံမြို့သစ် နေသူတစ်ဦးက ပြောသည်။

ရခိုင်ဒေသ စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းရန် လတ်တလော အစီအစဉ်မရှိ

Photo: ရခိုင်ဒေသ စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းရန် လတ်တလော အစီအစဉ်မရှိ

ရခိုင်ပြည်နယ်တွင် စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းရန် လတ်တလောကာလတွင် အစီအစဉ်မရှိသေးကြောင်း နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက အတည်ပြု ပြောကြားလိုက်သည်။

တစ်ကျော့ပြန် ဖြစ်ပွားနေ သည့် ရခိုင်ပဋိပက္ခများကြောင့် တပ်မတော်မှ အလုံးစုံ အာဏာ လွှဲပြောင်းရယူ၍ အုပ်ချုပ်သွား မည်ဆိုသောသတင်းများထွက် ပေါ်နေမှုအား ပေါ်ပြူလာနယူးစ် ၏ မေးမြန်းမှုကို အထက်ပါ ပုဂ္ဂိုလ်က တရားဝင် ပြောကြားခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်၏ အခြေအနေမှာ ပြန်လည်တည် ငြိမ်နေခြင်းကြောင့် ထိုကဲ့သို့ တပ်မတော်မှ အာဏာအလုံးစုံ လွှဲ ပြောင်းရယူကာ အုပ်ချုပ်သွားရန် မရှိပါဟု ညွှန်ကြားရေးမှူး ဦးဇော် ဌေးက ပြောသည်။’ကျွန်တော်တို့သိရသလောက် အခုအနေအ ထားအရ လောလော ဆယ် မရှိသေးပါဘူး” ဟု ၄င်းက ထပ်လောင်းပြောသည်။လက်ရှိတွင် ရခိုင်ပြည်နယ်ကို တပ်မတော်တပ်ရင်း ၅၁ ရင်း၊ ရဲ တပ်ဖွဲ့အင်အား ၅ဝဝဝ ကျော်နှင့် နစက တပ်ဖွဲ့ဝင် ၁ဝဝဝ ကျော်တို့ ဖြင့် အကြမ်းဖက်မှုတို့ကို ကိုင်တွယ် နေကြောင်း သိရသည်။ဆက်လက်၍ ဦးဇော်ဌေးက ”သမ္မတကြီးက လုံခြုံရေးမြှင့်ဖို့ လည်း ညွှန်ကြားထားပြီး ပါပြီ။ ပြဿနာဖြစ်
နိုင်တဲ့ လမ်းတွေ၊ ရပ် ကွက်တွေကို အဓိကထားပါတယ်”ဟု ပြောသည်။

အကြမ်းဖက်မှုများကို ဖြေရှင်း ရန် မျက်ရည်ယိုဗုံးများ အပြင် လက် နက်ကိရိယာများ အပြည့်အဝ တပ် ဆင်ပေးထားသည်ဟု ၄င်းက ပြော သည်။၂ဝ၁၂ မေလနှင့်ဇွန်လတို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ဇွန် လ ၁၄ ရက်နေ့အထိ သေဆုံးသူ ၅ဝ၊ ဒဏ်ရာရသူ ၅၄ ဦး၊ လူနေအိမ် ၂၂၃ဝ နှင့် ဘာသာရေး အဆောက် အအုံ ၁၄ ခု မီးလောင်ဆုံးရှုံးခဲ့ပြီး ဒေသခံပြည်သူ ၆၁၄၆၂ ဦး ဒုက္ခသည်စခန်းသို့ရောက်ခဲ့ရသည်။ရခိုင်ပြည်နယ်အတွင်း တစ် ကျော့ပြန် ပြန်လည်ဖြစ်ပွား ခဲ့သည့် အောက်တိုဘာ ၂၁ ရက်မှ ၂၇ ရက်အတွင်း ဖြစ်ပွား ခဲ့သော အကြမ်းဖက် မှုကြောင့် လူနေ အိမ်စုစုပေါင်း ၂၉၅ဝ၊ ဘာသာ ရေးအဆောက်အအုံ ၁၄ လုံး၊ ဆန်စက် ၈ လုံး မီးလောင် ပျက်စီး၍ လူ၈၄ ဦး သေဆုံး ကာ ၁၂၉ ဦး ဒဏ်ရာရခဲ့ သည်ဟု သမ္မတရုံး၏ ထုတ်ပြန် ချက်အရ သိရသည်။

မင်းသုအောင်၊ ညွန့်ဝင်း

အေးချမ်းမွန်မှ Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Popular Myanmar News Journal
ရခိုင်ပြည်နယ်တွင် စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းရန် လတ်တလောကာလတွင် အစီအစဉ်မရှိသေးကြောင်း နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက အတည်ပြု ပြောကြားလိုက်သည်။

တစ်ကျော့ပြန် ဖြစ်ပွားနေ သည့် ရခိုင်ပဋိပက္ခများကြောင့် တပ်မတော်မှ အလုံးစုံ အာဏာ လွှဲပြောင်းရယူ၍ အုပ်ချုပ်သွား မည်ဆိုသောသတင်းများထွက် ပေါ်နေမှုအား ပေါ်ပြူလာနယူးစ် ၏ မေးမြန်းမှုကို အထက်ပါ ပုဂ္ဂိုလ်က တရားဝင် ပြောကြားခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်၏ အခြေအနေမှာ ပြန်လည်တည် ငြိမ်နေခြင်းကြောင့် ထိုကဲ့သို့ တပ်မတော်မှ အာဏာအလုံးစုံ လွှဲ ပြောင်းရယူကာ အုပ်ချုပ်သွားရန် မရှိပါဟု ညွှန်ကြားရေးမှူး ဦးဇော် ဌေးက ပြောသည်။’ကျွန်တော်တို့သိရသလောက် အခုအနေအ ထားအရ လောလော ဆယ် မရှိသေးပါဘူး” ဟု ၄င်းက ထပ်လောင်းပြောသည်။

ရန်ကုန်တွင် မင်းမဲ့စရိုက်ဆန်ဆန်လူသတ်မှု ပိုများလာ

Photo: ရန်ကုန်တွင် မင်းမဲ့စရိုက်ဆန်ဆန်လူသတ်မှု ပိုများလာ

ရေးသားသူ-အိဖြူလွင်၊အေးမြတ်သူ၊မိုးညို

ရန်ကုန်၊အောက်တိုဘာ-၂၉
...
ရန်ကုန်မြို့တွင် လူအများရှေ့၌ပင် အုပ်စုဖွဲ့၍ လူသတ်မှု၊ ရိုက်နှက်မှုများ မကြာခဏဖြစ်ပွားလာခြင်းကို တွေ့ရကြောင်း မြို့နေပြည်သူများနှင့် ဥပဒေနယ်ပယ်မှ ပုဂ္ဂိုလ်များကပြောကြားသည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလက ပုဇွန်တောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သော မြို့လယ်ခေါင်၌ ရုပ်ရှင်ဆန်ဆန် လူသတ်မှုမှစ၍ နာမည်ကြီးပြီး ဆန်းပြားသော လူသတ်မှုများ၊ ရိုက်နှက်မှုများ ထပ်မံဖြစ်ပွားလာခြင်းဖြစ်သည်။ ပုဇွန်တောင်မြို့နယ်တွင် ကားပေါ်မှလူက ကားအပြင်မှလူကို လည်ပင်းညှစ်လျက်သား အနေအထားဖြင့် ကတ္တရာလမ်းတစ်လျှောက် ကားနှင့်တရွတ်တိုက်ပါသွားကာ သေစေခဲ့သော ရုပ်ရှင်ဒါရိုက်တာတစ်ဦး၏အမှုနှင့် မရှေးမနှောင်းပင် မြောက်ဥက္ကလာပမြို့နယ်အတွင်း၌ လူအများထိုင်နေသော စားသောက်ဆိုင်အတွင်းသို့ ကားသုံးစီးဖြင့် ရောက်ရှိလာသူများက ဆိုင်အတွင်းထိုင်နေသူကို ဓားများဖြင့်ခုတ်ကာ သတ်ဖြတ်မှုဖြစ်ပွားခဲ့သည်။

အင်းလျားကန်ပေါင်ပေါ်ရှိ တာဝန်ကျလုံခြုံရေးဝန်ထမ်းနှင့် ဆိုင်ခန်းများကို ဆိုင်ကယ်များနှင့် ရောက်လာသူ ၁၄ ဦးက ဓားဖြင့်ထိုး၊ တုတ်များဖြင့် ရိုက်နှက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ ယခုနောက်ဆုံး အောက်တိုဘာ၂၃ ရက်ညတွင် လမ်းလျှောက်သီချင်းဆိုလာသူအား ပြိုင်ကားပေါ်မှလူများက ၎င်းတို့ကို စောင်းမြောင်းဆိုသည်ဟုဆိုကာ ရေအိုးဖြင့် ခေါင်းကိုရိုက်ခွဲသတ်မှုသည်လည်း လူများသွားလာနေရာ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့တွင် ဖြစ်ပွားခဲ့သည်။

ယခုကဲ့သို့ လူအများရှေ့တွင် ရက်စက်စွာပြစ်မှုကျူးလွန်မှုများ မကြာခဏ ခပ်စိပ်စိပ်ဖြစ်ပွားလာခြင်းသည် ငြိမ်ဝပ်ပိပြားမှုမရှိခြင်းနှင့် တရားဥပဒေစိုးမိုးမှုမရှိခြင်းတို့၏ အကျိုးဆက်ဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေဦးကိုနီကဆိုသည်။ ပြစ်မှုဖြစ်ပွားခြင်းသည် တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ယူရသော လုံခြုံရေးရဲတပ်ဖွဲ့တွင် တာဝန်ရှိသကဲ့သို့ တရားရုံးများကလည်း ပြစ်မှုကျူးလွန်ခြင်းများကို ထိရောက်စွာဟန့်တားနိုင်သည့် ပြစ်ဒဏ်များ ချမှတ်နိုင်ရန် လိုအပ်သည်ဟု ဦးကိုနီကပြောကြားသည်။

ခေတ်အရ ပြောင်းလဲပေါ်ပေါက်လာသည့် နိုက်ကလပ်များ၊ ရာသီပေါ်ပွဲလမ်းသဘင်များတွင် လူငယ်များစုရုံးလာခြင်း၊ မူးယစ်ရမ်းကားခြင်းတို့မှာ ဖြစ်လေ့ဖြစ်ထရှိသော်လည်း လုံခြုံရေးအရ ညအချိန်တွင် သတ်မှတ်ထားသည့် ဥပဒေများကို သက်ဆိုင်ရာက ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှု အားနည်းနေကြောင်း ရှေ့နေဦးအောင်သန်းစိုးကပြောသည်။ “ထုတ်ထားတဲ့အမိန့်တွေကို သက်ဆိုင်ရာက ထိထိရောက်ရောက် ဆောင်ရွက်ဖို့လိုတယ်”ဟု ၎င်းကပြောသည်။

ပြစ်မှုဆိုင်ရာဥပဒေတွင် လူသတ်မှုကျူးလွန်သူကို အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည့် သေဒဏ်ထိ ချမှတ်နိုင်သော်လည်း အနိမ့်ဆုံးပြစ်ဒဏ်ဟူ၍ သတ်မှတ်ထားခြင်းမရှိဘဲ မှုခင်းဖြစ်ပွားသည့် အခြေအနေကိုလိုက်၍ တရားသူကြီး၏ ဆင်ခြင်ဉာဏ်ဖြင့်သာ ပြစ်ဒဏ်ချမှတ်ရခြင်းဖြစ်ကြောင်း သိရသည်။

ယခုနောက်ပိုင်းတွင် ဖြစ်ပွားသည့် ပြစ်မှုများသည် ကြိုတင်ကြံစည်မှုက နည်းပါးပြီး လူငယ်အချင်းချင်းဖြစ်ပွားသော ပြဿနာများမှ ရိုက်ကြနှက်ကြသည်သာရှိကြောင်း၊ သို့သော် အုပ်စုဖွဲ့ရမ်းကားမှုများတွင် လူသေဆုံးပါက ထောင်ဒဏ် နှစ်၂၀ မှ တစ်သက်တစ်ကျွန်းထိ ချနိုင်ကြောင်း အလုံမြို့နယ်မှ အငြိမ်းစားတရားသူကြီးတစ်ဦးကပြောသည်။

ပြစ်မှုများတွင် အဖွဲ့လိုက်ကျူးလွန်မှုများ များပြားလာခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လက်ရှိ တာဝန်ထမ်းဆောင်နေသူ ရဲအုပ်တစ်ဦးက “အုပ်စုဖွဲ့ ကျူးလွန်တဲ့ မှုခင်းတွေက အမျိုးမျိုးရှိတတ်တယ်။ တချို့ကလည်း ဂိုဏ်းဖွဲ့မျိုးမဟုတ်ပေမယ့် ပိုက်ဆံရှိတယ်။ ခိုင်းသမျှလုပ်ပေးမယ့် တပည့်တပန်းတွေရှိတယ်။ ဒီတော့ တပည့်တွေကို ငါ့အစားသွားလုပ်ပေးဆိုတာမျိုးပေါ့။ ပြီးရင် ပိုက်ဆံပေးတယ်။ အဲဒီလို ပိုက်ဆံယူပြီး တမင်လုပ်စားတာမျိုးကတော့ နည်းပါတယ်။ အဲဒီအခါမှာလည်း သူတို့လုပ်တဲ့ပြစ်မှုအလိုက်ပဲ အရေးယူပါတယ်။ နာကျင်စေမှုဆိုရင် နာကျင်စေမှု၊ လူသတ်မှုဆိုရင် လူသတ်မှုအတိုင်းပါ”ဟု ပြောသည်။ 

သို့သော် အခကြေးငွေယူ၍ ပြစ်မှုကျူးလွန်ခဲ့ဖူးသူတစ်ဦးက အောက်ပါအတိုင်းပြောသည်။

“တချို့အုပ်စုဖွဲ့ရိုက်နှက်မှုတွေမှာဆို ရိုက်ရုံပဲ။ ဒါပေမဲ့ရိုက်ရင်းနဲ့ လက်လွန်သွားတာမျိုးတွေရှိတယ်။ အဲဒီတော့ အစပါ ဖျောက်ပစ်ရတယ်။ အမှုကပိုကြီးသွားတာပေါ့။ အထူးသဖြင့် ကိုယ်နဲ့မဆိုင်တဲ့ပြဿနာတွေကို ပတ်သက်ရာပတ်သက်ကြောင်းကို ၀င်ရောက်ဖြေရှင်းပေးရတာများတယ်”ဟု ၂၀၁၂ ခုနှစ်က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသော ရင်းနှီးသူများက ခိုင်းပါက၊ အဆက်အသွယ်ဖြင့် ငွေပေး၍ တာဝန်ပေးပါက လူသတ်၊ ရိုက်နှက်သောပြစ်မှုများ ကျူးလွန်ခဲ့ဖူးသူတစ်ဦးကပြောသည်။

တရားရုံးများတွင် ပြစ်ဒဏ်ချမှတ်ရာတွင်လည်း ဖြစ်ရပ်တစ်ခုနှင့်တစ်ခုအပေါ် ပြစ်ဒဏ်ချမှတ်မှု မတူညီသည်မှာ တရားသူကြီးက လာဘ်ယူ၍ ဆုံးဖြတ်ရခြင်းမျိုးမဟုတ်ဘဲ ဒေါသအလျောက်ဖြစ်သည့်ပြစ်မှု၊ မတော်တဆကျူးလွန်မိသည့်ပြစ်မှု၊ ပြစ်မှုကျူးလွန်သူ၏ အခြေအနေ စသည်တို့နှင့် သက်ဆိုင်၍ တရားသူကြီးက ဆုံးဖြတ်ရခြင်းမျိုးသာဖြစ်ကြောင်းလည်း သတင်းရရှိသည်။

နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့တွင် ဖြစ်ပွားခဲ့သော လူသတ်မှု၌ အမျိုးသမီးတစ်ဦး အပါအ၀င် လူငယ်ကိုးဦးက အရက်သေစာသောက်စားထား၍ ရန်စမှုကြောင့်သာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည့်အတွက် ညဘက်အပြင်ထွက်လေ့ရှိသော ယောက်ျားလေးများအတွက်လည်း စိုးရိမ်ပူပန်စရာများရှိလာသည်။ “အခုဆိုရင် ကိုယ်ကပြဿနာစမရှာရင်တောင် အုပ်စုလိုက်ရန်စလာရင် ဘာမှမတတ်နိုင်ဘူး။ ဒါကြောင့် ညဘက်ဘောလုံးပွဲသွားကြည့်တာမျိုးတောင် သတိထားရတယ်”ဟု အမျိုးသားတစ်ဦးကပြောသည်။

အုပ်စုဖွဲ့ရမ်းကား လူသတ်မှုဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည့် မြောက်ဥက္ကလာပလူသတ်မှုတွင် ပြစ်မှုကျူးလွန်သူ ၂၀ ကျော်အနက် ၁၅ ယောက်အား ဖမ်းဆီးထားနိုင်ခဲ့ပြီး၊ အောက်တိုဘာ ၂၃ ရက်က ဖြစ်ပွားခဲ့သော နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့၌ဖြစ်သော ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူ ကိုးဦးစလုံးကို ဖမ်းဆီးနိုင်ခဲ့သည်ဟုဆိုသည်။ အောက်တိုဘာ ၁ ရက် ညက အင်းလျားကန်ပေါင်တွင် ဖြစ်ပွားသော
ဆိုင်ကယ်စီးအုပ်စုဖွဲ့ရိုက်နှက်မှု ၁၄ ဦးတွင် သုံးဦးကိုသာ လက်ရဖမ်းဆီးရရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ
သတင်းရရှိသည်။

လူအများရှေ့တွင် ဖြစ်ပွားနေသော အမှုများသည် ကြိုတင်ကြံစည်မှုကြောင့် ဖြစ်ပွားသည်ထက် မတော်တဆ ခိုက်ရန်ဖြစ်ပွားမှုမှ စတင်သည့် ပြစ်မှုမျိုးက ပို၍များပြားသောကြောင့် လူငယ်များအနေဖြင့် အသွားအလာ၊ အပြောအဆိုကို သတိထားနေရသော အခြေအနေဖြစ်နေကြောင်း ဥပဒေအကြံပေးတစ်ဦးကပြောသည်။

သို့ရာတွင် ထိုသို့ရာဇ၀တ်မှုများ ထူပြောလာခြင်း၊ သောင်းကျန်းမှုများ ဖြစ်ပေါ်လာသည်တို့မှာ တရားဥပဒေစိုးမိုးရေးယန္တရား ကောင်းမွန်စွာ မလည်ပတ်နိုင်ခြင်းကြောင့်သာဖြစ်ပြီး အဓိကတာဝန်ရှိသူများမှာ ရဲတပ်ဖွဲ့ပင်ဖြစ်သည်ဟု ဦးကိုနီကပြောသည်။

အေးချမ်းမွန်မှ 7Day News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :7Day News Journal
ရန်ကုန်မြို့တွင် လူအများရှေ့၌ပင် အုပ်စုဖွဲ့၍ လူသတ်မှု၊ ရိုက်နှက်မှုများ မကြာခဏဖြစ်ပွားလာခြင်းကို တွေ့ရကြောင်း မြို့နေပြည်သူများနှင့် ဥပဒေနယ်ပယ်မှ ပုဂ္ဂိုလ်များကပြောကြားသည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလက ပုဇွန်တောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သော မြို့လယ်ခေါင်၌ ရုပ်ရှင်ဆန်ဆန် လူသတ်မှုမှစ၍ နာမည်ကြီးပြီး ဆန်းပြားသော လူသတ်မှုများ၊ ရိုက်နှက်မှုများ ထပ်မံဖြစ်ပွားလာခြင်းဖြစ်သည်။ ပုဇွန်တောင်မြို့နယ်တွင် ကားပေါ်မှလူက ကားအပြင်မှလူကို လည်ပင်းညှစ်လျက်သား အနေအထားဖြင့် ကတ္တရာလမ်းတစ်လျှောက် ကားနှင့်တရွတ်တိုက်ပါသွားကာ သေစေခဲ့သော ရုပ်ရှင်ဒါရိုက်တာတစ်ဦး၏အမှုနှင့် မရှေးမနှောင်းပင် မြောက်ဥက္ကလာပမြို့နယ်အတွင်း၌ လူအများထိုင်နေသော စားသောက်ဆိုင်အတွင်းသို့ ကားသုံးစီးဖြင့် ရောက်ရှိလာသူများက ဆိုင်အတွင်းထိုင်နေသူကို ဓားများဖြင့်ခုတ်ကာ သတ်ဖြတ်မှုဖြစ်ပွားခဲ့သည်။

မျက်လုံးထဲ တက်တူးထိုးခြင်း

Photo: မျက်လုံးထဲ တက်တူးထိုးခြင်း

မျက်လုံးထဲ တက်တူးထိုးတဲ့ ယဉ်ကျေးမှုက ဟိုးလွန်ခဲ့တဲ့ နှစ် ၂၀၀၀ ကတည်းက ရှိခဲ့တာလို့ လေ့လာရပါတယ်။

ရည်ရွယ်ချက်က နှစ်မျိုးပဲ ရှိပါတယ်။ အလှအပ နဲ့ ကျန်းမာရေး အတွက် ဖြစ်ပါတယ်။ အလှအပအနေနဲ့ ရည်ရွယ်ချက်နဲ့ မျက်လုံးထဲ တက်တ
ူးထိုးတာတော့ ၂၁ ရာစုမှာ အတော်လေးနည်းသွားပါပြီ။ မျက်ကပ်မှန် ယဉ်ကျေးမှု ထွန်းကားလာလို့ ဖြစ်ပါတယ်။

မျက်လုံးထဲမှာ တက်တူးထိုးစရာ နှစ်နေရာ ရှိပါတယ်။ Cornea လို့ခေါ်တဲ့ မျက်ကြည်လွှာနဲ့ Sclera လို့ခေါ်တဲ့ မျက်ဖြူသား ဖြစ်ပါတယ်။ ဒါကြော့င် မြန်လာလို လိုရင်းခေါ်မယ်ဆိုရင် မျက်စံတက်တူးနဲ့ မျက်ဖြူသား တက်တူး ဖြစ်ပါတယ်။

မျက်ကြည်လွှာ တက်တူးထိုးခြင်း

မျက်စံ အနက်တည့်တည့်မှာ ထိုးတဲ့ တက်တူးက Corneal tattooing ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ ထောင်ကျော်ကတည်းက ရှိတာ ဖြစ်ပါတယ်။ အများစု ကတော့ ကျန်းမာရေး ကုထုံးအတွက် အသုံးပြုပြီး လေဆာမင်တံ နဲ့ ဖောက်ပြီး ထိုးပါတယ်။ မျက်ကြည်လွာမှာ တိမ်ဖုံးနေမှုများ၊ အဆင်းထင်နေမှုများ၊ ပုံပျက်နေမှုများကို ပြင်ဆင်ပေးတယ်လို့ ဆိုပါတယ်။ အခြားသော ကျန်းမာရေးရည်ရွယ်ချက်များနဲ့လည်း ထိုးပါတယ်။ မျက်လုံးနဲ့ ပက်သက်လို့ ဖြစ်ပွားတဲ့ ရောဂါတွေကို ကုဖို့အတွက် ဖြစ်ပြီး အမြင်ပြန်ကောင်း လာတဲ့ အကျိုးကျေးဇူးတွေ ရတယ်လို့ ဆိုပါတယ်။

နောက်ထပ်ရည်ရွယ်ချက်က အလှအပအတွက် ဖြစ်ပါတယ်။ အပြာရောင် လဲ့လဲ့သန်းတဲ့ မျက်ကြည်လွှာ ပိုင်ဆိုင်ရရှိဖို့အတွက် အပြာရောင် ဆေး တက်တူးထိုးကြပါတယ်။ အမြင်အာရုံကို မထိခိုက်ဘူးလို့ ဆိုပါတယ်။ အလှအပ အတွက် မျက်ကြည်လွှာ-မျက်စံအနက်မှာ တက်တူးထိုးတဲ့ အလေ့အထလည်း ရှိနေပါသေးတယ်။

Corneal tattooing မှာ အက်ဆီးဒန့် ဖြစ်တတ်ပါတယ်။ ဖြစ် လည်း ဖြစ် တတ်ကြပါတယ်။ အဆိုးဆုံး အက်ဆီးဒန့်ကတော့ အမြင်အာရုံ ဆုံးရှုံးရတဲ့ အဆင့်အထိ ဖြစ်ပါတယ်။ ဒါကြောင့် မျက်လုံးထဲ တက်တူးထိုးခြင်းကို ကျန်းမာရေးအတွက် ဆိုရင် မျက်စိအထူးကု ဆရာဝန်တွေသာ နိုင်ငံတကာမှ ခွင့်ပြုချက်ရပြီး အလှအပအတွက်ကတော့ သာမန် တက်တူးဆရာများကို လိုင်စင်နဲ့ ခွင့်ပြုပေးထားတာ ရှိတယ်လို့ ဆိုပါတယ်။

မျက်ဖြူသားပေါ် တက်တူးထိုးခြင်း

နောက်ထပ် မျက်လုံးထဲ တက်တူးထိုးနည်းကတော့ မျက်ဖြူသားကို တက်တူးထိုးတဲ့ Scleral tattooing ဖြစ်ပါတယ်။ ဒါကတော့ Extreme Practice လို့ သတ်မှတ်ထားပါတယ်။ တရားဝင်ခွင့်ပြုထားမှု နည်းပါတယ်။ မျက်ဖြူသားတစ်ခုလုံးကို အပြာရောင်ခြယ်တာမျိုး၊ အနီရောင် ခြယ် တာမျိုးတို့ ဖြစ်ပါတယ်။ သူက မျက်လုံးနဲ့ တိုက်ရိုက်ဆက်ထားတဲ့ အာရုံကြောများကို ထိခိုက်လွယ်စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မျက်ဖြူသားပေါ် တက်တူးထိုးတဲ့ အလေ့အထကတော့ နည်းပါတယ်။ သို့ပေမယ့် တက်တူးရူးသွတ်သူများအတွက်ကတော့ မျက်ဖြူသားပေါ် တက်တူးထိုးခြင်းဟာလည်း အလှအပတစ်ခုလို့ပဲ မှတ်ယူပါတယ်။ အသဲပုံ ပုံစံ၊ နှင်းဆီပုံစံ၊ စာရေးထိုးခြင်း အစရှိသဖြင့်တို့ကို ပြုလုပ်ပါတယ်။
----
----
မျက်လုံးထဲ တက်တူးထိုးခြင်းက ကျန်းမာရေး လိုအပ်ချက်အတွက် ပြုလုပ်တာ ပဲ ကောင်းတယ်လို့ ဆေးပညာရှင်များက တိုက်တွန်းထားပါတယ်။ ဒါတောင် အပြည့် အဝ ကောင်းမွန်လာနိုင်တယ်လို့ ဆရာဝန်များ အာမ မခံထားပါဘူး။ ကံမကောင်းရင် အမြင် အာရုံ ဆုံးရှုံး ရနိုင်ပါတယ်။ မျက်ကပ်မှန် ရေပန်းစားလာတဲ့ ခေတ်ကြီးမှာ မျက်လုံးထဲ တက်တူးထိုးတဲ့ ယဉ်ကျေးမှုကတော့ အတွေ့နည်းလာပါတယ်။ လုံးဝပျောက်ကွယ်သွား တာမျိုးတော့ မဖြစ်နိုင်သေးပါဘူး။ တက်တူး ထိုးတဲ့ ယဉ်ကျေးမှု ရှိနေသရွေ့ မျက်လုံးထဲ တက်တူးထိုးခြင်းကလည်း ဆက်လက် တည်ရှိနေအုံးမှာ ဖြစ်တယ်လို့ cosmetic ပညာရှင်တို့ ခန့်မှန်းထားပါတယ်။
------
Ref:wiki
အောင်ခမ်း (TSJ team)

http://techspacejournal.blogspot.com/2012/10/blog-post_2528.html
အေးချမ်းမွန်မှ TechSpace Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :TechSpace Journal
မျက်လုံးထဲ တက်တူးထိုးတဲ့ ယဉ်ကျေးမှုက ဟိုးလွန်ခဲ့တဲ့ နှစ် ၂၀၀၀ ကတည်းက ရှိခဲ့တာလို့ လေ့လာရပါတယ်။

ရည်ရွယ်ချက်က နှစ်မျိုးပဲ ရှိပါတယ်။ အလှအပ နဲ့ ကျန်းမာရေး အတွက် ဖြစ်ပါတယ်။ အလှအပအနေနဲ့ ရည်ရွယ်ချက်နဲ့ မျက်လုံးထဲ တက်တူးထိုးတာတော့ ၂၁ ရာစုမှာ အတော်လေးနည်းသွားပါပြီ။ မျက်ကပ်မှန် ယဉ်ကျေးမှု ထွန်းကားလာလို့ ဖြစ်ပါတယ်။

မျက်လုံးထဲမှာ တက်တူးထိုးစရာ နှစ်နေရာ ရှိပါတယ်။ Cornea လို့ခေါ်တဲ့ မျက်ကြည်လွှာနဲ့ Sclera လို့ခေါ်တဲ့ မျက်ဖြူသား ဖြစ်ပါတယ်။ ဒါကြော့င် မြန်လာလို လိုရင်းခေါ်မယ်ဆိုရင် မျက်စံတက်တူးနဲ့ မျက်ဖြူသား တက်တူး ဖြစ်ပါတယ်။

ဘွဲ့လက်မှတ်တုနဲ့ အလုပ်လျှောက်ထားသူ မြန်မာတဦး စင်ကာပူတွင် ထောင်ဒဏ်ချမှတ်ခံရ

Photo: ဘွဲ့လက်မှတ်တုနဲ့ အလုပ်လျှောက်ထားသူ မြန်မာတဦး စင်ကာပူတွင်
ထောင်ဒဏ်ချမှတ်ခံရ
Wednesday, October 31, 2012

စင်ကာပူနိုင်ငံ လူသားစွမ်းအား ၀န်ကြီးဌာန (The Ministry of Manpower -MOM) က အသက် ၂၈ နှစ်ရှိ မြန်မာ နိုင်ငံသား ကိုကျော်စွာဝင်းဆိုသူဟာ သတင်းအချက်အလက်မှားယွင်းစွာ ဖော်ပြမှု၊ ဘွဲ့လက်မှတ် အတုနဲ့ အလုပ်
အကိုင်ရရှိရေး ကြိုးပမ်းမှုကြောင့် ထောင်ဒဏ် အမိန့်ချမှတ်လိုက်ကြောင်း သိရပါတယ်။

အပြစ်ရှိတယ်လို့ တရားရုံးတခုက ဆုံးဖြတ်ပြီးတဲ့နောက် ယမန်နေ့
အောက်တိုဘာလ ၃၀ ရက်နေ့ က ထောင်ဒဏ် အဖြစ် ရက်သတ္တ ၄ ပတ် အပြစ်ဒဏ်ပေးလိုက်တာဖြစ်တယ်လို့ စင်ကာပူ သတင်းဌာနတခုဖြစ်တဲ့
CNA သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

Leong Guan အစားအသောက်ထုတ်လုပ်ဖြန့်ချီရေး အလုပ်ကြပ်တဦး
အဖြစ် အွန်လိုင်းက အလုပ်လျှောက်ထားခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံက အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီကလည်း ကိုကျော်စွာဝင်းဟာ ဘွဲ့လက်မှတ် အတုတင်ပြခဲ့တာ ကို သတိထားမိခဲ့တယ်လို့ အဆိုပါ
MOM ၀န်ကြီးဌာန စုံစမ်းမှုများက ဆိုပါတယ်။

တကယ်တော့ သူဟာ မြန်မာနိုင်ငံပညာရေးအရ အခြေခံပညာ အထက်တန်းအောင်လက်မှတ်သာ ရှိခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံခြားသား အလုပ်သမား ခန့်အပ်ရေး ဥပဒေပုဒ်မအရ ငြိစွန်းလျှင် လက်ရှိပြစ်ဒဏ်အရ ဒဏ်ကြေးငွေ စင်ကာပူ ဒေါ်လာ ၁၅၀၀၀ ထိ သို့မဟုတ် ထောင်ဒဏ် ၁၃ အထိ ခံစားရနိုင်သလို အဆိုပါ ဒဏ်ငွေရော ထောင်ဒဏ်ပါ ကျခံနိုင်ရရှိတယ်လို့ CNA က ဆိုပါတယ်။

irrawaddy

အေးချမ်းမွန်မှ Myanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myanmar Online News
စင်ကာပူနိုင်ငံ လူသားစွမ်းအား ၀န်ကြီးဌာန (The Ministry of Manpower -MOM) က အသက် ၂၈ နှစ်ရှိ မြန်မာ နိုင်ငံသား ကိုကျော်စွာဝင်းဆိုသူဟာ သတင်း
အချက်အလက်မှားယွင်းစွာ ဖော်ပြမှု၊ ဘွဲ့လက်မှတ် အတုနဲ့ အလုပ်
အကိုင်ရရှိရေး ကြိုးပမ်းမှုကြောင့် ထောင်ဒဏ် အမိန့်ချမှတ်လိုက်ကြောင်း သိရပါတယ်။

အပြစ်ရှိတယ်လို့ တရားရုံးတခုက ဆုံးဖြတ်ပြီးတဲ့နောက် ယမန်နေ့
အောက်တိုဘာလ ၃၀ ရက်နေ့ က ထောင်ဒဏ် အဖြစ် ရက်သတ္တ ၄ ပတ် အပြစ်ဒဏ်ပေးလိုက်တာဖြစ်တယ်လို့ စင်ကာပူ သတင်းဌာနတခုဖြစ်တဲ့
CNA သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

အရွယ်မရောက်သေးသော မြေးကို အဘွားဖြစ်သူက ပြည့်တန်ဆာ အဖြစ် စေခိုင်းမှု တာမွေတွင်ဖြစ်ပွား

အသက် ၁၂ နှစ်အရွယ် မိန်းမငယ်တစ်ဦးအား ၄င်း၏ အဘွား ဖြစ်သူက မိဘများမသိစေဘဲ ပြည့်တန်ဆာအဖြစ်စေခိုင်းခဲ့မှုဖြင့် တာမွေရဲစခန်းမှ အောက်တိုဘာလ ၂၈ ရက်နေ့တွင် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၁၁နာရီ အချိန် က ဒဂုံမြို့သ စ်မြောက်ပိုင်း ၃၅ ရပ် ကွက်တွင်ေ
နထိုင်သူ ဒေါ်…က တာမွေရဲစခန်းသို့ ဖုန်းဆက်၍ ၄င်း၏သမီးဖြစ်သူအသက် ၁၂ နှစ် အရွယ်ရှိ မ….သည် တာမွေ မြို့နယ်၊ ဖိုးစိန်လမ်း ရှိ Green Hill ဟိုတယ်တွင် ရောက်ရှိနေကြောင်း၊ ၄င်းအား ပို့ဆောင်ခဲ့သူများက လာရောက်ခေါ်ဆောင်မည်ဖြစ် ကြောင်း ပြောကြားခဲ့သည့်အတွက် တာဝန်ရှိသူများက အဆိုပါ ဟိုတယ်သို့ သွားရောက်စစ်ဆေး ခဲ့ကြောင်း

ကိုယ့်အိမ်ကို မီးရှို့သူနှင့် အကြမ်းဖက်သမားများကို လက်ခံမည်မဟုတ်ဟု ဘင်္ဂလာ လက်ရှိအာဏာရပါတီမှဆို

Photo: ကိုယ့်အိမ်ကို မီးရှို့သူနှင့် အကြမ်းဖက်သမားများကို လက်ခံမည်မဟုတ်ဟု ဘင်္ဂလာ လက်ရှိအာဏာရပါတီမှဆို

Written by သဇင်ဥ     Wednesday, 31 October 2012
      
ဘင်္ဂလာဒေ့ခ်ျနိုင်ငံရှိ မိမိနေအိမ်သို့ ရခိုင်ပြည်မှ ပြန်လည်လာရောက်နေထိုင်မည့် ဘင်္ဂလီများအား လက်ရှိအာဏာရပါတီမှ အထွေထွေအတွင်းရေးမှူးက ကိုယ့်အိမ်ကို မီးရှို့သူနှင့် အကြမ်းဖက်သမားများကို လက်ခံလိမ့်မည်မဟုတ်ကြောင်း ထုတ်ဖေါ်ပြောဆို လိုက်ပြီး နယ်စပ်တစ်လျှောက် လုံခြုံရေးတပ်ဖွဲ့များကို တင်းကျပ်စွာ ချထားလျှက်ရှိကြောင်း သိရှိရသည်။

ရခိုင်ပြည်မှ စက်လှေများဖြင့် ထွက်ခွာသွားပြီး ဘင်္ဂလာသို့ ၀င်ရောက်ရန် ကြိုးပမ်းနေကြသော ဘင်္ဂလီမူဆလင်များနှင့်ပတ်သက်၍ ဘင်္ဂလာဒေ့ခ်ျနိုင်ငံသားများအား Arakantimes မှမေးမြန်းရာ " ဘင်္ဂလာက အထွေထွေအတွင်းရေးမှူးချုပ် မိုဟာဘုအာလောင်ဟာနို့ က " ကိုယ့်အိမ်ကို မီရှို့သူတွေနဲ့ အကြမ်းဖက်သူတွေကို ဘင်္ဂလာက လက်ခံဖို့ လုံးဝနေရာမရှိဘူးလို့ ဆိုပါတယ်၊" ပြီးတော့ နိုင်ငံခြားရေးဝန်ကြီး ဒီပူမိုနီက " ရခိုင်ပြည်-ဘင်္ဂလာတို့မှာ ဗုဒ္ဓဘာသာဝင် အဆောက်အအုံတွေကို မီးရှို့မှုဟာ အကြမ်းဖက် သမားတွေဘဲဖြစ်တယ်၊" ကျွန်တော်မြင်တာက " သူတို့က ကိုယ့်အိမ်ကို လာကြတဲ့သူတွေပါ၊ ဒီကလက်မခံတဲ့ အဓိကအကြောင်းရင်းက ရိုဟင်ဂျာလူမျိုးနဲ့ မြန်မာတိုင်းရင်းသားခံယူနေမှုအတွက် ဖြစ်ပါတယ်။"ဟု ဘင်္ဂလီ Mr. Mona ကွန်မြူနစ် ကျောင်းသား လူငယ်တစ်ဦးကလည်း သူ၏အမြင်ကို ယခုကဲ့သို့ ရှင်းပြသွားခြင်းဖြစ်သည်။

ထို့အပြင် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၊ ကော့စ်ဘဇားခရိုင်အတွင်းတွင် ယခုအပတ်အတွင်း ကျူးကျော်ဝင်ရောက်လာသူများဟုဆိုကာ ဘင်္ဂလီ (၂၀၀)ခန့်အား ဖမ်းဆီးပြီး ရခိုင်ပြည်နယ်စပ်ဖက်သို့ ပြန်လည်ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်းနှင့် အဆိုပါ စက်လှေများဖြင့် ထွက်ခွာသွား သူများအနက် တစ်ချို့မှာ မောင်တောမြို့နယ်သို့ ဆိုက်ရောက်သွားပြီး ဒေသအာဏာပိုင်များက ယာယီဒုက္ခသည်စခန်းများ တည်ဆောက်ပြီး ကူညီပေးနေကြောင်း ဒေသသတင်းများအရ သိရသည်။

ရခိုင်ပြည်တွင် ကျူးကျော်နေထိုင်ခဲ့သော ဘင်္ဂလီအများအပြားမှာ ကော့စ်ဘဇားခရိုင်အတွင်းသို့ ရောက်ရှိလာပြီး ခိုလုံလျှက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

"သူတို့ကို ကြည့်တာနဲ့ ဘယ်ကဆိုတာ သိပါတယ်၊ ပုဆိုးဝတ်တာနဲ့ အသွားအလာကို ကြည့်ကတည်းက သိပါတယ်၊ ဒါပေမယ့် သူတို့ ကိုင်ထားတာက ဘင်္ဂလာက နိုင်ငံသားကဒ်တွေပါ၊ တစ်ချို့ဆိုရင် မြန်မာနိုင်ငံသားကဒ်နှစ်ခု ပူးတွဲကိုင်ထားကြတယ်လို့ သိရပါတယ်။"

ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် နေထိုင်နေကြသော အလယ်လတ်တန်းမှ အမြင်ဆုံးဘင်္ဂလီများမှာ မြန်မာ-ဘင်္ဂလာ နိုင်ငံသား ကဒ်နှစ်ခုကို အများအပြား ကိုင်ဆောင်လျှက်ရှိကြောင်း သိရှိရသည်။

ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားမြို့ရဲဌာနက Rohigar Solidraty Organization (RSO)မှ ခေါင်းဆောင် အာဟာမတ်ဒ်အား ဖမ်းဆီးပြီး ရခိုင်ပြည်-ဘင်္ဂလာတို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း ရဲမင်းကြီး ဇော်ဆီမ် အူဒ္ဒိန် က ထုတ်ဖေါ်ပြောဆိုထားသည်။

ရခိုင်ပြည်တွင် အောက်တိုဘာလ(၂၁)ရက်နေ့က ပြန်လည်စတင်ဖြစ်ပွားခဲ့သော ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းအတွင်း မိမိနေအိမ်များကို မီးရှို့ပြီး စက်လှေ အစီး(၄၀)ကျော်ဖြင့် ထွက်ခွာလာသူများမှာ ယခုအခါ ဘင်္ဂလာသို့ဝင်ရောက်ရန် ကြိုးပမ်းနေ၍ နယ်စပ် တလျှောက် တပ်လှန့်မှုများရှိနေသည့်အတွက် မောင်တောမြို့နယ် နစကဘက်မှလည်း နယ်စပ်အတွင်း တပ်လှန့်မှုများ ပြုလုပ်ထားကြောင်း စုံစမ်း သိရှိရသည်။

အေးချမ်းမွန်မှ Arakan Time တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Arakan Time
ဘင်္ဂလာဒေ့ခ်ျနိုင်ငံရှိ မိမိနေအိမ်သို့ ရခိုင်ပြည်မှ ပြန်လည်လာရောက်နေထိုင်မည့် ဘင်္ဂလီများအား လက်ရှိအာဏာရပါတီမှ အထွေထွေအတွင်းရေးမှူးက ကိုယ့်အိမ်ကို မီးရှို့သူနှင့် အကြမ်းဖက်သမားများကို လက်ခံလိမ့်မည်မဟုတ်ကြောင်း ထုတ်ဖေါ်ပြောဆို လိုက်ပြီး နယ်စပ်တစ်လျှောက် လုံခြုံရေးတပ်ဖွဲ့များကို တင်းကျပ်စွာ ချထားလျှက်ရှိကြောင်း သိရှိရသည်။

ရခိုင်ပြည်မှ စက်လှေများဖြင့် ထွက်ခွာသွားပြီး ဘင်္ဂလာသို့ ၀င်ရောက်ရန် ကြိုးပမ်းနေကြသော ဘင်္ဂလီမူဆလင်များနှင့်ပတ်သက်၍ ဘင်္ဂလာဒေ့ခ်ျနိုင်ငံသားများအား Arakantimes မှမေးမြန်းရာ " ဘင်္ဂလာက အထွေထွေအတွင်းရေးမှူးချုပ် မိုဟာဘုအာလောင်ဟာနို့ က " ကိုယ့်အိမ်ကို မီရှို့သူတွေနဲ့ အကြမ်းဖက်သူတွေကို ဘင်္ဂလာက လက်ခံဖို့ လုံးဝနေရာမရှိဘူးလို့ ဆိုပါတယ်၊"

အမေရိကန်ရွေးကောက်ပွဲနှင့် စန္ဒီမုန်တိုင်း

Photo: အမေရိကန်ရွေးကောက်ပွဲနှင့် စန္ဒီမုန်တိုင်း
(သတင်းသုံးသပ်ချက်)

ရွေးကောက်ပွဲစဖို့ ရက်ပိုင်းအလိုမှာ တိုက်ခတ်ခဲ့တဲ့ ရာစုနှစ်အတွင်း အကြီးမားဆုံး မုန်တိုင်းကြောင့် သမ္မတရွေးကောက်ပွဲအပေါ် ဘယ်လို ရိုက်ခတ်မှုတွေ ရှိနိုင်မလဲ။

လက်ရှိမှာ သမ္မတ အိုဘားမားနဲ့ မစ်ဒ်ရွမ်နီ တို့ရဲ့မဲအခြေအနေက တူသလောက်ဖြစ်နေပြီး ရွမ်နီကတောင် နှာတဖျားလောက်သာနေတယ်လို့ ပြောလို့ ရပါတယ်။ တိုင်းပြည်ရဲ့ အခြေအနေကိုလိုက်ပြီး လူထုရဲ့ စိတ်ဝင်စားမှုက ကွာခြားပါတယ်။ ဒီနှစ်မှာတော့ စီးပွားရေးကျဆင်းနေတာမို့ ဘယ်သမ္မတက တိုင်းပြည်ရဲ့ စီးပွားရေးပြန်ပြီး ဦးမော့လာအောင် လုပ်နိုင်မလဲ ဆိုတာကိုပဲ အများစုက စိတ်ဝင်စားကြတာပါ

သမ္မတ အိုဘားမားလက်ထက် ပြီးခဲ့တဲ့ ၄ နှစ်အတွင်း စီးပွားရေး တိုးတက်နှုန်း နှေးကွေးနေတဲ့ ကိစ္စကို သမ္မတ အိုဘားမားရဲ့ ချို့ယွင်းချက် အဖြစ် ရီပါပလီကင်ပါတီက အဓိက ပစ်မှတ်ထား ပြောဆိုနေခဲ့ပါတယ်။ အလုပ်လက်မဲ့ဦးရေ များနေစဲ အနေအထား၊ ရေရှည်စွမ်းအင်ထုတ်နိုင်မဲ့ နေရောင်ခြည်သုံးစွမ်းအင်၊ လေအားသုံးစွမ်းအင်ထုတ်တာတွေမှာ ငွေအများအပြား ရင်းနှီးမြုပ်နှံပြီး အမြတ်မရတာတွေ၊ ဒေ၀ါလီခံတော့မယ့် ကားထုတ်လုပ်ရေးလုပ်ငန်းကို အစိုးရက ငွေစိုက်ထုတ်ကူညီခဲ့တဲ့အတွက် စက်ရုံဆက်ပြီး လည်ပတ်နေပေမဲ့ စီးပွားရေးရှုထောင့်ကကြည့်ရင် မှားယွင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ် - စသဖြင့် အိုဘားမားရဲ့ ဆုံးဖြတ်မှု မှားယွင်းတယ်လို့ ပြစ်တင် ပြောဆိုတာတွေ ရှိပါတယ်။

တဘက်ကလည်း ရီပါပလီကင်သမ္မတ ဘွရှ်လက်ထက် ၈ နှစ်တာကာလ အတွင်းမှာ စတင်ခဲ့တဲ့ အီရတ်စစ်ကြောင့် တင်ခဲ့အကြွေးတွေကြောင့် နလံထနှေးခဲ့သလို ကမ္ဘာ့ငွေကြေးပြဿနာ တကမ္ဘာလုံးကိုရိုက်ခတ်ချိန်မှာ အမေရိကန်နိုင်ငံကိုလည်း ရိုက်ခတ်ခဲ့တာကြောင့် အခုလက်ရှိ ရှိနေတဲ့ အခြေအနေဟာ ဘယ်သမ္မတ တက်တက် ဒီထက်ပိုကောင်းအောင် မလုပ်နိုင်ဘူးဆိုတဲ့ တုန့်ပြန်မှုတွေလည်း ရှိနေပါတယ်။

အခုမုန်တိုင်းစတင်ချိန်မှာ သမ္မတ အိုဘားမားက အရင်သမ္မတ ဘွရှ်တုန်းကလို အချိန်စောင့်တာမျိုး မရှိဘဲ ချက်ခြင်းတုန့်ပြန်လိုက်တဲ့ အပေါ် လူတွေ အတော်ချီးကျူးပြောဆိုတာ တွေ့ရပါတယ်။ အရင် သမ္မတဘွရှ်လက်ထက်က မုန်တိုင်း (ကက်သရီးနာ) တိုက်တော့ ချက်ခြင်းတုန့်ပြန်တာမရှိခဲ့တဲ့အတွက် လူတွေ ဒုက္ခပိုရောက်ခဲ့သလို အပျက်အစီးလည်း ပိုများခဲ့ပါတယ်။ အခုတကြိမ် အိုဘားမားက ချက်ခြင်းတုန့်ပြန်ချိန်မှာ အခြေအနေကို အသေအချာ မသိသေးချိန်မှာ တုန့်ပြန်တာ စောလွန်းတယ်လို့ ဘွရှ်လက်ထက်က မုန်တိုင်းအရေးပေါ် အခြေအနေ ကိုင်တွယ်ခဲ့သူက ပြစ်တင်ဝေဖန်လိုက်ပါတယ်။

ဒါပေမယ့် မုန်တိုင်းက ထင်ထားတာထက်ကိုတောင် ပိုမို ပြင်းထန်နေပါတယ်။ အခုလို အလျင်အမြန်တုန့်ပြန်မှုကြောင့်လည်း လူတွေရဲ့အသက်အိုးအိမ်ကို များစွာကာကွယ်ပေးနိုင်ခဲ့တဲ့အတွက် မုန်တိုင်းဒဏ် အဆိုးဆုံးခံရတဲ့ ပြည်နယ်တခုဖြစ်တဲ့ နယူးဂျာစီပြည်နယ် အုပ်ချုပ်ရေးမှူး ခရစ်တီက အိုဘားမားကို ဒီကနေ့မှာ ချီးကျူးပြောဆိုလိုက် ပါတယ်။ သတင်းမီဒီယာတွေနဲ့ မေးမြန်းချက်တွေမှာ သူက သမ္မတဟာ တချိန်လုံးသူတို့နဲ့အတူရှိနေပြီး ကူညီလုပ်ဆောင်ခဲ့တာကို လှိုက်လှိုက်လှဲလှဲ ချီးကျူးခဲ့ပါတယ်။ သူဟာ ရီပါပလီကင်ပါတီက သြဇာရှိသူဖြစ်တဲ့အတွက် သူ့ရဲ့ ပြောဆိုချက်ဟာ အတော့်ကိုတာသွားတယ်လို့ သတင်းသုံးသပ်သူတွေ က ဆိုပါတယ်။

မုန်တိုင်းစတိုက်တဲ့အချိန်မှာ အိုဘားမားက မုန်တိုင်းအရေးဟာ ပထမဦးစားပေးဖြစ်ကြောင်း အိမ်ဖြူတော်ကနေ ထုတ်ပြန်ကြေငြာခဲ့ပြီး လျှပ်စစ်မီးပြန်ရရေးလုပ်ဆောင်ရာမှာလည်း ဆေးရုံ၊ ကျောင်းနဲ့ မဲရုံကို အစဉ်လိုက် ဦးစားပေးဆောင်၇ွက်ဖို့ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

လတ်တလော ကယ်ဆယ်ရေးလုပ်ငန်းတွေ အချိန်နဲ့အမျှလုပ်နေရချိန် မုန်တိုင်းခရီးဆက်ရာ ပြည်နယ်တွေမှာ နှင်းထု ၃ ပေအထိကျနေစဲမို့ မပြီးဆုံးသေးပါဘူး။ ရွေးကောက်ပွဲစချိန်မှာတောင် နေရာအတော်များများမှာ မီးတွေက ပျက်နေအုန်းမှာ ဖြစ်ပြီး လူတွေကလည်း အရေးပေါ်စခန်းတွေမှာ နေရဆဲ ဖြစ်နိုင်ပါတယ်။

သမ္မတနဲ့ အစိုးရအဖွဲ့ရဲ့ မုန်တိုင်းကိစ္စအပေါ် ကိုင်တွယ်ပုံတွေကြောင့် ရွေးကောက်ပွဲအပေါ်မှာ သက်ရောက်မှု ဘယ်လောက်ရှိနိုင်မလဲ။ လေ့လာသူတွေကတော့ ဒီလုပ်ရပ်ကြောင့် ရွေးကောက်ပွဲအပေါ် သိသိသာသာ သက်ရောက်မှုရှိမယ်လို့ ပြောဖို့ စောသေးတယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း စန္ဒီမုန်တိုင်းဟာ ရာစုနှစ်အတွင်း မကြုံစဖူး ရိုက်ခတ်မှု ကြီးမားလှတဲ့ နိုင်ငံတော် ပြဿနာကြီးတရပ်ဖြစ်လာတာမို့ လက်ရှိသမ္မတနဲ့ အစိုးရအဖွဲ့ရဲ့ ဒီရက်ပိုင်းအတွင်း ဘယ်လို ကိုင်တွယ်နိုင်မလဲဆိုတာက အဆုံးအဖြတ် ပေးနိုင်ပါတယ်။

လာမယ့် ၄ နှစ် နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူမယ့်သူကို စန္ဒီမုန်တိုင်းက ရွေးသွားနိုင်တယ်လို့ ပြောဆိုသံတွေ အတော်ညံလာတဲ့အကြောင်း တင်ပြလိုက်ပါတယ်။

(Burma-Newselite ရဲ့ သတင်းသုံးသပ်ချက်)

အေးချမ်းမွန်မှ Burma-Newselite တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Burma-Newselite
ရွေးကောက်ပွဲစဖို့ ရက်ပိုင်းအလိုမှာ တိုက်ခတ်ခဲ့တဲ့ ရာစုနှစ်အတွင်း အကြီးမားဆုံး မုန်တိုင်းကြောင့် သမ္မတရွေးကောက်ပွဲအပေါ် ဘယ်လို ရိုက်ခတ်မှုတွေ ရှိနိုင်မလဲ။

လက်ရှိမှာ သမ္မတ အိုဘားမားနဲ့
မစ်ဒ်ရွမ်နီ တို့ရဲ့မဲအခြေအနေက တူသလောက်ဖြစ်နေပြီး ရွမ်နီကတောင် နှာတဖျားလောက်သာနေတယ်လို့ ပြောလို့ ရပါတယ်။ တိုင်းပြည်ရဲ့ အခြေအနေကိုလိုက်ပြီး လူထုရဲ့ စိတ်ဝင်စားမှုက ကွာခြားပါတယ်။ ဒီနှစ်မှာတော့ စီးပွားရေးကျဆင်းနေတာမို့ ဘယ်သမ္မတက တိုင်းပြည်ရဲ့ စီးပွားရေးပြန်ပြီး ဦးမော့လာအောင် လုပ်နိုင်မလဲ ဆိုတာကိုပဲ အများစုက စိတ်ဝင်စားကြတာပါ

သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်နေတဲ့ Mitt Romney မုန်တိုင်းဒုက္ခသည်တွေအတွက် အလှူခံနေ

Photo: မြန်မာတွေအနေနဲ့တော့ အမြင်ဆန်းနေမလားမသိဘူး။ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်နေတဲ့ Mitt Romney ဟာ ပုံမှာ တွေ့ရတဲ့အတိုင်း မုန်တိုင်းဒုက္ခသည်တွေအတွက် အလှူခံနေပါတယ်။ အလှူတွေကို ကိုယ်တိုင်သယ်ပိုးနေပါတယ်။

တပတ်ပဲ ကျန်တော့တဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်နေရာ
တာကို သမ္မတလောင်း ၂ ယောက်စလုံးက ရပ်တန့်လိုက်ပြီး မုန်တိုင်းပြဿနာကူညီ ဖြေရှင်းရေး ဦးစားပေးလာပါတယ်။ Mitt Romney က အိုဟိုင်းရိုးပြည်နယ်
မှာ ပစ္စည်းတွေ အလှူခံနေချိန်မှာ သမ္မတ အိုဘားမားက အိမ်ဖြူတော်ကို ချက်ခြင်းပြန်လာပြီး ရေဘေးအခြေအနေတွေကို သူ့အကြံပေးတွေ၊ ပညာရှင်တွေ ၊ တာဝန်၇ှိသူတွေနဲ့အတူ အိမ်ဖြူတော် အရေးပေါ်အခန်းကနေ အဆက်မပြတ် ဆက်သွယ်စီမံနေတာကို တွေ့ရပါတယ်။

ဒါလည်း မဲဆွယ်ပွဲတမျိုးပဲလို့ ပြောသူတွေ ရှိပါတယ်။ ဘယ်လိုပဲ ဖြစ်စေ ပြည်သူတွေရဲ့ သူတို့ အပေါ် မြင်တဲ့ အမြင်ဟာ ဘယ်လောက် အရေးကြီးတယ် ဆိုတာ ထင်ရှားနေတဲ့ အချက်ပါ။

Mitt Romney ဆိုရင် အင်မတန် ချမ်းသာတဲ့ မိသားစုက ဖြစ်ပြီး လက်ရှိလည်း အချမ်းသာဆုံးစာရင်းဝင် ဖြစ်ပါတယ်။ ဒါပေမဲ့ မဲနဲ့ အရွေးခံရမှာမို့ ပြည်သူတွေလက်ခံလာအောင် မဲပေးချင်လာအောင် လုပ်ကြရပါတယ်။

ဲ ပြည်သူလက်ထဲမှာ အာဏာရှိတဲ့ နိုင်ငံမို့ ပြည်သူတွေရဲ့ ဆန္ဒ အမြင်တွေကို အုပ်ချုပ်သူတွေက အလေးထားလာရတယ်ဆိုတာကို အထင်အရှား တွေ့ရတဲ့အကြောင်း မြန်မာပြည်သူတွေနဲ့ ဝေငှလိုက်ပါတယ်။

အေးချမ်းမွန်မှ Burma-Newselite တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Burma-Newselite
သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်နေတဲ့ Mitt Romney ဟာ ပုံမှာ တွေ့ရတဲ့အတိုင်း မုန်တိုင်းဒုက္ခသည်တွေအတွက် အလှူခံနေပါတယ်။ အလှူတွေကို ကိုယ်တိုင်သယ်ပိုးနေပါတယ်။

တပတ်ပဲ ကျန်တော့တဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်နေရာ
တာကို သမ္မတလောင်း ၂ ယောက်စလုံးက ရပ်တန့်လိုက်ပြီး မုန်တိုင်းပြဿနာကူညီ ဖြေရှင်းရေး ဦးစားပေးလာပါတယ်။ Mitt Romney က အိုဟိုင်းရိုးပြည်နယ်
မှာ ပစ္စည်းတွေ အလှူခံနေချိန်မှာ သမ္မတ အိုဘားမားက အိမ်ဖြူတော်ကို ချက်ခြင်းပြန်လာပြီး ရေဘေးအခြေအနေတွေကို သူ့အကြံပေးတွေ၊ ပညာရှင်တွေ ၊ တာဝန်၇ှိသူတွေနဲ့အတူ အိမ်ဖြူတော် အရေးပေါ်အခန်းကနေ အဆက်မပြတ် ဆက်သွယ်စီမံနေတာကို တွေ့ရပါတယ်။

ဘုန်းကြီးကျောင်းအမှု ရွာပတ်နေ


Photo: ဘုန်းကြီးကျောင်းအမှု ရွာပတ်နေ


သံဃာတော်များနှင့်ပဋိပက္ခဖြစ်ပွားခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ သက္ကယ်ပြင် ကျေးရွာအုပ်ချုပ်ရေးမှူးအား ဒေသခံများမှ ပုဒ်မ (၃) ခုဖြင့် အမှုဖွင့်ထားသော်လည်း တရားစွဲဆိုရန် ညွှန်ကြားချက် မရရှိသေးသဖြင့် တရားစွဲဆို နိုင်ခြင်း မရှိသေးကြောင်း အမှတ်(၂)ရဲစခန်းက
သိရသည်။

“အခုဥပဒေအကြံပြုချက်လဲ ကျပြီးသွားပြီ။ ကျွန်တော်တို့က အဆင်သင့်ပါပဲ ညွှန်ကြားချက်ကျပြီ၊ မီးစိမ်းပြပြီဆိုတာနဲ့ ကျွန်တော်တို့က တရားစစွဲမှာပါ”ဟု
ဟင်္သာတမြို့နယ် အမှတ်(၂)ရဲစခန်း စခန်းမှူးဦးဝင်းနိုင်ထွန်းက ပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းခိုင်အား စက်တင်ဘာလ (၁၁) ရက်နေ့တွင် ဟင်္သာတမြို့နယ် ဒေသခံများမှ အမှတ် (၂) ရဲစခန်းသို့ ပုဒ်မ-၂၉၄၊ ၂၉၅ (က)၊ ၅၀၆ ဖြင့် အမှုဖွင့်အရေးယူထားခြင်း ဖြစ်သည်။

ဖြစ်ပွားပုံမှာ ကျေးရွာအုပ်ချုပ်ရေးမှူးသည် မနောမယ ကျောင်းတိုက်ကြီး
အပြင် အခြားဘုန်းတော်ကြီး ကျောင်းအသစ်ပြန်လည် တည်ထားကိုးကွယ်
ရန် ဓမ္မာရုံအသစ်အား အာစီတိုင်များဖြင့် အခိုင်အမာ ဆောက်လုပ်နေပြီး သီလပေးတရားနာနေခြင်း များပြုလုပ်နေသည့်အတွက် ဒေသခံများနှင့် သံဃာ တော်များက ကန့်ကွက်ရာမှ ပြဿနာ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်က မနက်ပိုင်း မျက်နှာသစ်ပြီးထိုင်နေတယ်။ ကျွန်တော့်ကို အုပ်ချုပ်ရေးမှူးကခေါ်ပြီးတော့ ဆဲတယ်။ အဲ့ဒီဆဲတဲ့ စကားတွေ ကိုလည်း ဦးလေးကိုသွားပြောလိုက်၊ မင်းဘုန်းကြီးကို သွားပြောလိုက် ဆိုပြီးတော့ ဆဲတယ်။ ဂေါပကအဖွဲ့ တွေကိုလည်း ဆဲနေတယ်။” ဟု ရွာခံကိုကျော်မျိုးက
ပြောသည်။

ဆဲရေးတိုင်းထွာသည်ကို မျက်မြင်ကြားသိသူများရှိသော်လည်း ကျေးရွာ
အုပ်ချုပ်ရေးမှူးသည် သူကိုယ် တိုင်ဆဲဆိုခြင်း မပြုခဲ့ကြောင်းကိုလည်း ၄င်းက ပြောသည်။

“ကျွန်တော် ဗုဒ္ဒဘာသာဝင် တစ်ယောက်ပါ။ ကျွန်တော်ဆဲရင် ဘယ်လို
အပြစ်မျိုးခံရမယ်ဆိုတာ သိတာ ပေါ့။ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ လုံးဝ
ဆဲဆိုခဲ့ခြင်း မရှိပါဘူး။” ဟုကျေးရွာအုပ်ချုပ်ရေးမှူးဦးဇော်ဝင်းခိုင် က
ပြောသည်။

အေးချမ်းမွန်မှ Myit Makha Mediagroup တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myit Makha Mediagroup



သံဃာတော်များနှင့်ပဋိပက္ခဖြစ်ပွားခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ သက္ကယ်ပြင် ကျေးရွာအုပ်ချုပ်ရေးမှူးအား ဒေသခံများမှ ပုဒ်မ (၃) ခုဖြင့် အမှုဖွင့်ထားသော်လည်း တရားစွဲဆိုရန် ညွှန်ကြားချက် မရရှိသေးသဖြင့် တရားစွဲဆို နိုင်ခြင်း မရှိသေးကြောင်း အမှတ်(၂)ရဲစခန်းက
သိရသည်။

“အခုဥပဒေအကြံပြုချက်လဲ ကျပြီးသွားပြီ။ ကျွန်တော်တို့က အဆင်သင့်ပါပဲ ညွှန်ကြားချက်ကျပြီ၊ မီးစိမ်းပြပြီဆိုတာနဲ့ ကျွန်တော်တို့က တရားစစွဲမှာပါ”ဟု
ဟင်္သာတမြို့နယ် အမှတ်(၂)ရဲစခန်း စခန်းမှူးဦးဝင်းနိုင်ထွန်းက ပြောသည်။
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းခိုင်အား စက်တင်ဘာလ (၁၁) ရက်နေ့တွင် ဟင်္သာတမြို့နယ် ဒေသခံများမှ အမှတ် (၂) ရဲစခန်းသို့ ပုဒ်မ-၂၉၄၊ ၂၉၅ (က)၊ ၅၀၆ ဖြင့် အမှုဖွင့်အရေးယူထားခြင်း ဖြစ်သည်။

"၂ဝ၁၂ သည် ၈၈နောက်ပိုင်း ရှို့မီးကြောင့် မီးလောင်မှု အများဆုံးနှစ်ဖြစ်"

Photo: "၂ဝ၁၂ သည် ၈၈နောက်ပိုင်း ရှို့မီးကြောင့် မီးလောင်မှု အများဆုံးနှစ်ဖြစ်"

ရန်ကုန်၊ အောက်တိုဘာ ၃ဝ

ရှစ်လေးလုံး အရေးအခင်းအပြီး နောက်နှစ်ပေါင်း နှစ်ဆယ်ကျော် အတွင်း ရှို့မီးကြောင့် မီးလောင်မှု အများဆုံးနှစ်မှာ ယခုနှစ်ဖြစ်ကြောင်း မီးသတ် ဦးစီး ဌာန ၏ မီးလောင်မှုမှတ်တမ်းများအရ သိရသည်။
...မီးသတ်ဦးစီးဌာန၏ မီးလောင်မှုမှတ်တမ်းများအရ ၁၉၈၈ ခုနှစ်တွင် တစ်နိုင်ငံ လုံး၌ မီးလောင်မှု ၁၁၈၇ ကြိမ် ဖြစ်ပွားခဲ့သည့်အနက် မသမာသူ ရှို့မီး ၁၂၉ ကြိမ်နှင့် သောင်းကျန်းသူရှို့မီး ၉ ကြိမ်ပါဝင်ခဲ့ပြီး အိမ်ခြေ ၁၂၅၄၁ လုံး၊ စက် ရုံအလုပ်ရုံ ၂၅ လုံးနှင့် ဂိုဒေါင် ၁ဝ၃ လုံး မီးလောင်ပျက်စီးကာ လူ ၁၆၈ ဦးသေ ဆုံး ၍ ၁၁၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယခုနှစ်တွင်မူ တစ်နိုင်ငံလုံး၌ ဇန်နဝါရီလမှ အောက်တိုဘာလ ၂၇ ရက်နေ့အထိ မီးလောင်မှုအကြိမ် ၁ဝဝဝ ခန့် ဖြစ်ပွားခဲ့သည့်အနက် ရှို့မီးကြောင့် မီးလောင်မှုမှာ ၁၁၂ ကြိမ် ပါဝင်လျက် ရှိပြီး လူနေအိမ် အလုံး ၁၃ဝ၂ဝ ၊ စက်ရုံအလုပ်ရုံ ၁၆ လုံး၊ ဂိုဒေါင် ၁ဝ ရုံနှင့် လူ ၁၅၉ ဦး သေဆုံးကာ ၂၁၄ ဦး ထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်း မီးသတ်ဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
''ဒီနှစ်က ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခ တွေကြောင့် ရှို့မီးတွေ များလာပြီး မီးလောင်မှု အကြိမ်အရေအတွက် တွေ မြင့်လာတာပဲ။ လက်ရှိ ရှို့မီး ကြောင့် မီးလောင်မှု ဖြစ်ခဲ့တဲ့ အကြိမ် အရေအတွက်က ၈၈ အရေး အခင်းပြီးရင်တော့ အများဆုံး ပဲ။ အခုဖြစ်နေတာ အများစုက ကျ တော့ ကိုယ့်အိမ်ကို ကိုယ်ပြန်မီးရှို့ ပြီး သူများအိမ်ကိုပါ မီးကူးအောင် လုပ်ကြတာ များ တယ်။ ပြည်နယ် နဲ့ တိုင်း ဒေသကြီးအလိုက် ရှို့မီး ကြောင့် ပျက်စီးဆုံးရှုံးမှု အ များ ဆုံး ဆိုရင်တော့ ရခိုင်ပြည်နယ်ပဲ'' ဟု ၄င်းက ရှင်းပြသည်။
ထို့အပြင် ရခိုင်ပြည်နယ်၌ ယခုနှစ်အတွင်း ပဋိပက္ခနှစ်ကြိမ် ဖြစ်ပွားခဲ့ရာတွင် ဇွန်လအတွင်းက စစ် တွေ၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ဘူးသီးတောင် နှင့် မောင်တောမြို့နယ်များ အတွင်း ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မှု များကြောင့် အိမ်ခြေ ၄၆၉၄ လုံး၊ ဘာသာရေးအဆောက်အအုံ ၄၈ လုံး၊ စာသင်ကျောင်းတစ်ကျောင်း၊ ဆေးရုံဆေးခန်းတစ်ခုနှင့် အခြား အဆောက် အအုံ ၃၆ လုံး မီး လောင်ပျက်စီးခဲ့ကြောင်း၊ ထို့အတူ အောက် တို ဘာလ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အတွင်း ဖြစ်ပွားခဲ့သော ဆူပူအကြမ်း ဖက် မှုများကြောင့် လူ နေအိမ် ၂၉၅ဝ၊ ဘာသာရေး အဆောက်အအုံ ၁၄ လုံး၊ စက်ရုံ အလုပ်ရုံ ၈ လုံး မီးလောင်ပျက်စီး ကာ လူ ၈၄ ဦး သေဆုံး၍ ၁၂၉ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း ၄င်းက ထပ်မံပြောသည်။
၁၉၈၈ ခုနှစ် ဇန်နဝါရီလမှ ၂ဝ၁၂ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့အထိ တစ်နိုင်ငံလုံးတွင် ရှို့မီးကြောင့် မီးလောင်မှုစုစုပေါင်း ၁၄၇၅ ကြိမ် ဖြစ်ပွား ခဲ့ကြောင်း မီး သတ်ဦးစီး ဌာနမှ ထပ်မံသိရသည်။

အေးချမ်းမွန်မှ Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Popular Myanmar News Journal
ရှစ်လေးလုံး အရေးအခင်းအပြီး နောက်နှစ်ပေါင်း နှစ်ဆယ်ကျော် အတွင်း ရှို့မီးကြောင့် မီးလောင်မှု အများဆုံးနှစ်မှာ ယခုနှစ်ဖြစ်ကြောင်း မီးသတ် ဦးစီး ဌာန ၏ မီးလောင်မှုမှတ်တမ်းများအရ သိရသည်။
...မီးသတ်ဦးစီးဌာန၏ မီးလောင်မှုမှတ်တမ်းများအရ ၁၉၈၈ ခုနှစ်တွင် တစ်နိုင်ငံ လုံး၌ မီးလောင်မှု ၁၁၈၇ ကြိမ် ဖြစ်ပွားခဲ့သည့်အနက် မသမာသူ ရှို့မီး ၁၂၉ ကြိမ်နှင့် သောင်းကျန်းသူရှို့မီး ၉ ကြိမ်ပါဝင်ခဲ့ပြီး အိမ်ခြေ ၁၂၅၄၁ လုံး၊ စက် ရုံအလုပ်ရုံ ၂၅ လုံးနှင့် ဂိုဒေါင် ၁ဝ၃ လုံး မီးလောင်ပျက်စီးကာ လူ ၁၆၈ ဦးသေ ဆုံး ၍ ၁၁၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယခုနှစ်တွင်မူ တစ်နိုင်ငံလုံး၌ ဇန်နဝါရီလမှ အောက်တိုဘာလ ၂၇ ရက်နေ့အထိ မီးလောင်မှုအကြိမ် ၁ဝဝဝ ခန့် ဖြစ်ပွားခဲ့သည့်အနက် ရှို့မီးကြောင့် မီးလောင်မှုမှာ ၁၁၂ ကြိမ် ပါဝင်လျက် ရှိပြီး လူနေအိမ် အလုံး ၁၃ဝ၂ဝ ၊ စက်ရုံအလုပ်ရုံ ၁၆ လုံး၊ ဂိုဒေါင် ၁ဝ ရုံနှင့် လူ ၁၅၉ ဦး သေဆုံးကာ ၂၁၄ ဦး ထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်း မီးသတ်ဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

KIA တပ်ရင်း (၁၄) မှ ရွှေမှော်များတွင် ဆန်တစ်အိတ် (၅၀၀၀) နှုန်းကောက်ခံ

Photo: KIA တပ်ရင်း (၁၄) မှ ရွှေမှော်များတွင် ဆန်တစ်အိတ် (၅၀၀၀) နှုန်းကောက်ခံ

ကချင်နေစဉ်သတင်း အောက်တိုဘာ (၃၁)

KIA တပ်မဟာ (၂) တပ်ရင်း (၁၄) မှ ဗိုလ်ကြီး ဂွန်နော် ဦးစီးအင်အား (၃၀) ခန့်ဟာ ဖားကန့်မြို့နယ် လ၀ါး ကျေးရွာတွင် ရောက်ရှိနေပြီး ပတ်ဝန်းကျင်ရှိ နန့်ခန်းချောင်းတ၀ိုက်မှ ဂျာဝမ်ရွှေမှော်နှင့် လော့ဂျာရွှေမှော်သို့ ဆန်နှင့် စက်သုံးဆီ အ၀င်အထွက်များအပေါ် အောက်တိုဘာလ(၂၉) ရက်က ဆက်ကြေးငွေ ကောက်ခံခဲ့ကြောင်း သိရပါတယ်။
ဗိုလ်ကြီးဂွန်နော်နှင့် အဖွဲ့သည် လ၀ါးကျေးရွာသို့ အောက်တိုဘာလ (၂၈) ရက်နေ့တွင် ရောက်ရှိလာပြီး ပန်းချစ်သူ စားသောက်ဆိုင်တွင် တစ်ညလုံး မူးယစ်သောက်စားပြီး အောက်တိုဘာလ (၂၉) ရက်နေ့တွင် ရှင်ဖုန်းရွာနှင့် နန့်စန်းချောင်းတ၀ိုက်ရှိ ဂျာဝမ်ရွှေမှော်နှင့် လော့ဂျာရွှေမှော်တို့တွင် ဆန်နှင့် စက်သုံး ဆီ ရောင်းချနေသော ကုန်စုံဆိုင်များတွင် ရောင်းချနေသော ဆန်အိတ်များအား ရေတွက်၍ ဆန်တစ်အိတ်လျင် (၅၀၀၀) ကျပ်နှုန်းနှင့် ဒီဇယ်နှင့် ဓါတ်ဆီ တစ်ပေပါလျင် (၁၀၀၀၀) ကျပ်နှုန်းကောက်ခံပြီး ညပိုင်းတွင် ရွှေမှော်များမှ ပြန်လည်ထွက်ခွာသွားကြောင်း ရွာသားတစ်ဦးက ပြောကြားခဲ့ပါတယ်။

KIA တွင် ရိက္ခာထောက်ပံ့ရေး နှင့် ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများ ရှိနေသဖြင့် ဆက်ကြေးကောက်ခြင်းနှင့် ဆန်တောင်းခံခြင်းများ ပိုမို လုပ်ဆောင်လာရာ ကာမိုင်းမြို့နယ်ခွဲရှိ ဖားကန့်-မိုးကောင်းလမ်းပေါ်တွင် ဆန်နှင့် စက်သုံးဆီများအပေါ် ဆက်ကြေးကောက်ခံလျက်ရှိပြီး ၎င်းလမ်းပေါ်တွင် KIA မှဆက်ကြေးကောက်သည့် ဂိတ် (၃) ခုရှိကြောင်း ယာဉ်မောင်းတစ်ဦး၏ ပြောကြားချက်အရသိရပါတယ်။ဂိတ်များနှင့် ရွှေမှော်များတွင် ၎င်းတို့ကောက်ခံ သည့် ဆန်တစ်အိတ် ( ၅၀၀၀) ကျပ်နှင့် ဆီတစ်ပေပါ (၁၀၀၀၀) ကျပ် နှုန်းမှာ KIA ဗဟိုမှ သတ်မှတ်ပေးထားသော နှုန်းအတိုင်းကောက်ခံနေခြင်းဖြစ်ကြောင်းသိရပါတယ်။ ဒေသခံရွာသားများအနေဖြင့်လည်း KIA များ၏ ဆက်ကြေးကောက်ခြင်း၊ လူသစ်စုဆောင်းခြင်းများကြောင့် KIA များအပေါ် ကြောက်ရွံ့ထိတ်လန့် လျက်ရှိကြောင်း ရွာသားများက ပြောကြားလာပါတယ်။

အေးချမ်းမွန်မှ ကချင်နေစဉ်သတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ကချင်နေစဉ်သတင်း

ကချင်နေစဉ်သတင်း အောက်တိုဘာ (၃၁)

KIA တပ်မဟာ (၂) တပ်ရင်း (၁၄) မှ ဗိုလ်ကြီး ဂွန်နော် ဦးစီးအင်အား (၃၀) ခန့်ဟာ ဖားကန့်မြို့နယ် လ၀ါး ကျေးရွာတွင် ရောက်ရှိနေပြီး ပတ်ဝန်းကျင်ရှိ နန့်ခန်းချောင်းတ၀ိုက်မှ ဂျာဝမ်ရွှေမှော်နှင့် လော့ဂျာရွှေမှော်သို့ ဆန်နှင့် စက်သုံးဆီ အ၀င်အထွက်များအပေါ် အောက်တိုဘာလ(၂၉) ရက်က ဆက်ကြေးငွေ ကောက်ခံခဲ့ကြောင်း သိရပါတယ်။
ဗိုလ်ကြီးဂွန်နော်နှင့် အဖွဲ့သည် လ၀ါးကျေးရွာသို့ အောက်တိုဘာလ (၂၈) ရက်နေ့တွင် ရောက်ရှိလာပြီး ပန်းချစ်သူ စားသောက်ဆိုင်တွင် တစ်ညလုံး မူးယစ်သောက်စားပြီး အောက်တိုဘာလ (၂၉) ရက်နေ့တွင် ရှင်ဖုန်းရွာနှင့် နန့်စန်းချောင်းတ၀ိုက်ရှိ ဂျာဝမ်ရွှေမှော်နှင့် လော့ဂျာရွှေမှော်တို့တွင် ဆန်နှင့် စက်သုံး ဆီ ရောင်းချနေသော ကုန်စုံဆိုင်များတွင် ရောင်းချနေသော ဆန်အိတ်များအား ရေတွက်၍ ဆန်တစ်အိတ်လျင် (၅၀၀၀) ကျပ်နှုန်းနှင့် ဒီဇယ်နှင့် ဓါတ်ဆီ တစ်ပေပါလျင် (၁၀၀၀၀) ကျပ်နှုန်းကောက်ခံပြီး ညပိုင်းတွင် ရွှေမှော်များမှ ပြန်လည်ထွက်ခွာသွားကြောင်း ရွာသားတစ်ဦးက ပြောကြားခဲ့ပါတယ်။

Tuesday 30 October 2012

ဤဆိုရိုးစကား၏ နောက်ဝယ် . . .(မင်းလွင် (အနကလ))




thn-10-28-5
ရန်ကုန်ပြည်သူ့ဆေးရုံတစ်နေရာ

မြန်မာလူမှုဝန်းကျင်တွင် ရှေးလူကြီးသူမများအစဉ်အဆက် အသုံးပြုလက်ဆင့်ကမ်းခဲ့သော ဆိုရိုးစကားများစွာရှိကြ၏။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးစတဲ့ နယ်ပယ်များမှာ ဆုံးမစကားအသွင်ဖြင့်ရော၊ သတိမူစရာအမြင်မျိုးဖြင့်ရော မိန့်ဆိုထား ကြပါတယ်။ တရားသဘောအရ သံဝေဂအသွင်နှင့်တောင်ရှိပါသေးတယ်။ အဆိုပါဆိုရိုးတို့ကို သင့်လျော်သလို အသုံးချကြသူတွေရှိသလို အမှတ်တမဲ့မေ့လျော့နေသူတွေလည်း ရှိကြပါတယ်။ များစွာသော ဆိုရိုးစကားများထဲမှ တစ်ခုသော ဆိုရိုး စကားကတော့ နယ်ပယ်အားလုံးနှင့် သက်ဆိုင်လျက်ရှိနေတာကို တွေ့ရှိရပါတယ်။ ''အနာသိက ဆေးရှိ၏'' ဆိုတဲ့ စကားပဲဖြစ်ပါတယ်။ ဒီဆိုရိုးနှင့် တိုက်ရိုက်ပတ်သက်မှုကတော့ ကျန်းမာရေးကို အခြေခံသော ဆိုရိုးစကားဖြစ်ပေမယ့် နယ်ပယ်စုံမှာ ဆွဲ ယူအသုံးပြုနိုင်သော ဆိုရိုးစကားလည်း ဖြစ်ပါတယ်။

ဝါးကိုအဓိကသုံးသည့် မိုင်းရှင်းဘောလုံး အာဖဂန်နွယ်ဖွားတစ်ဦး တီထွင်





29mt6
ဝါး၊ သံ၊ ပလတ်စတစ်တို့ဖြင့် ပြုလုပ်ထားသော ကုန်ကျစရိတ် သက်သာသည့် မြေမြှုပ် မိုင်းရှင်းကိရိယာတစ်မျိုးကို အာဖဂန်နွယ်ဖွား လူငယ်တစ်ဦးက ဖန်တီးခဲ့သည်။ သိပ္ပံဇာတ်ကားများမှ ထူးခြားသည့်အရာဝတ္ထု တစ်ခုခုဟု အမှတ်မှားနိုင်သည့် ဘောလုံးပုံ မိုင်းရှာကိရိယာတစ်ခုလျှင် နေရာအနေအထားပေါ်လိုက်ပြီး မိုင်းလေးလုံးအထိ ဖျက်စီးပစ်နိုင်သည်ဟု သိရသည်။ စစ်ပွဲဒဏ်ခံနေရသော အာဖဂန်နစ္စတန်မှ အသက် ၁၄ နှစ်အရွယ်တွင် ထွက်ပြေးခဲ့သူ မာဆွတ်ဟက်ဆာနီက မိုင်းရှင်းဘောလုံးကို ဖန်တီးခဲ့ခြင်းဖြစ်သည်။ ဟက်ဆာနီသည် အာဖဂန်မှ ပါကစ္စတန်၊ ယင်းမှတစ်ဖန် ရုရှား သို့ တိမ်းရှောင်ခဲ့ပြီး နောက်ဆုံးတွင် ဟော်လန်နိုင်ငံရှိ Design Academy Eindhoven တွင် ဒီဇိုင်းပညာကို သင်ယူခွင့် ရခဲ့သူဖြစ်သည်။

သစ်အလုံးလိုက် ပြည်ပတင်ပို့နေခြင်းကို ၂၀၁၄ ခုနှစ်မှစ၍ လုံးဝ ရပ်ဆိုင်းမည်၊ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ဧရိယာမှာ နိုင်ငံဧရိယာ၏ ငါးပုံ တစ်ပုံသာကျန်




28mt
ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့ရန် အေရှားဝေါလ်ဆိပ်ကမ်းသို့ သယ်ဆောင်လာသည့် သစ်လုံးတင်ယာဉ်များကို တွေ့ရစဉ်

မြန်မာနိုင်ငံအနေဖြင့် သစ်အလုံးလိုက် ပြည်ပတင်ပို့နေခြင်းအား ၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ လုံးဝ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ မြန်မာ့သစ် လုပ်ငန်း၏ စီမံချက်များအရ သိရှိ ရသည်။ မြန်မာ့သစ်လုပ်ငန်းအနေဖြင့် စီမံချက်များ ရေးဆွဲထားရာတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစ၍ သစ်အလုံးပြည်ပတင်ပို့ခြင်းအား ၁၀၀ ရာခိုင်နှုန်း ရပ်ဆိုင်းသွားမည်ဖြစ်ပြီး သစ်အခြေခံ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်တင်ပို့သွားရန် ရှိသည်ဟု သိရသည်။
ယင်းအပြင် မြန်မာနိုင်ငံမှ နှစ်စဉ် ကျွန်းနှင့် သစ်မာထုတ်ယူမှုကိုလည်း လျှော့ချသွားရန် စီစဉ်ထားပြီး ကျွန်းအား ၁၅ ရာခိုင်နှုန်း သစ်မာအား ၂၀ ရာခိုင်နှုန်း လျှော့ချထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။
အထူးသဖြင့် ပဲခူးရိုးမဒေသ၌ သစ်ထုတ်လုပ်ခြင်းအား အမြန်ဆုံးလျှော့ချ ထုတ်လုပ်ရန်အတွက် ဦးစားပေး သတ်မှတ်ထားကြောင်းနှင့်  ပဲခူးရိုးမတွင် ကျွန်းကို ၇၅ ရာခိုင်နှုန်းနှင့် သစ်မာကို ၂၂ ရာခိုင်နှုန်း အချိုးကျ လျှော့ထုတ်သွားရန်ရှိကြောင်း သိရသည်။
Related Posts Plugin for WordPress, Blogger...

ShareThis