
ကယန်းအလှရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီရွှေစင်ရုပ်တုကို ပိုင်ဆိုင်ထားနိုင်ပြီဖြစ်တဲ့ အကယ်ဒမီ ဒါရိုက်တာဦးအောင်ကိုလတ်ကို ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးခြင်း မရှိတာနဲ့ ပတ်သက်ပြီးတော့ရော၊ ဂီတနဲ့ပတ်သက်ပြီးတော့ပါ ပရိသတ်တွေအတွက် ဘာတွေချပြပေးဖို့ရှိမလဲ ဆိုတာကို မေးမြန်းကြည့်လိုက်တဲ့အခါ ‘ကျွန်တော် ဗီဒီယိုဇာတ်ကားတွေ မရိုက်ဖြစ်ရတဲ့အကြောင်းက ကျွန်တော့် တစ်ယောက်တည်းရဲ့ အတွေးအခေါ်ပေါ့နော်။ ဗီဒီယိုမှာ သုံးရတဲ့ energyနဲ့ ရုပ်ရှင်မှာသုံးရတဲ့ energy ချင်းအတူတူပဲလေ။ ဒါပေမဲ့ထွက်လာတဲ့ result က ဗီဒီယိုဇာတ်ကားက အိမ်တွေကိုရောက်ပြီး အိမ်တွေမှာကြည့်ကြတာပဲ ရှိတယ်လေ။ ပြီးရင်လည်း နောက်ထပ် တစ်ကားပြီး တစ်ကားက ချက်ချင်းပေါ်တော့ ဒီတစ်ကားပေါ်လာပြီးရင် မေ့သွားရော။ ပရိသတ်ကလည်း သစ္စာရှိတယ်လေ။ ဒီတစ်ကားကြည့်ပြီးရင်ဒိုး။ နောက်တစ်ကားပဲဆိုတော့ ဒီဘက်ကလည်း နောက်တစ်ကားပြီး တစ်ကားနဲ့ တစ်နှစ်မှာ တစ်ထောင်ဆိုတော့ နည်းတာမှမဟုတ်ပဲ။