menu

Sunday 8 July 2012

ကိုယ့်တပ်ကို ကိုယ်ပြန်မနင်းပါနဲ့(မောင်စံပေါ)


(၁)

၁၉၈၉၊ ၁၉၉၀ နှစ်တွေလောက်ကပါ။ နိုင်ငံကူးလက်မှတ်တွေ ဒီနေ့ခေတ်လို မလွယ်ကူသေးချိန်ပေါ့ဗျာ။ နိုင်ငံကူးလက်မှတ် တရားဝင်ကိုင်ဆောင်ပြီး ထိုင်းနိုင်ငံကို သွားကြတဲ့ သူတွေထဲမှာ လူတချို့တွေ့ရတယ်။ အဲဒီတချို့လူတွေဟာ ''ငါ နိုင်ငံကူးလက်မှတ် ရှိတယ်ကွ။ တရားဝင်လာ တာကွ'' ဆိုတဲ့စိတ်နဲ့ တရားမ၀င် ရောက်နေတဲ့လူတွေကို တွေ့ရင် အထင်အမြင်သေးသလို ပြောဆိုပြုမူ တတ်ကြတယ်။ သူတို့ရဲ့ မိတ်ဆွေ နိုင်ငံခြားသားတွေနဲ့ သွားလာစားသောက်ရင်း တွေ့ရင် ကြုံရင်မကောင်းတဲ့အမြင်နဲ့ ရှုတ်ချ ပြောတတ်ကြတယ်။ အားလုံးတော့ မဟုတ်ပေမယ့် ဒီလို ပြုမူတဲ့ပုဂ္ဂိုလ်များကို တွေ့မြင်ရတဲ့အခါ စိတ်ထဲမှာ မကောင်းဖြစ်မိတယ်။
နောက်ပြီး မလေးရှားမှာ။ ၀မ်းရေးအရ လာပြီးကြုံရာကျဘမ်း လုပ်နေကြရသူတွေကို တချို့က အလားတူ ဆက်ဆံတတ်တယ်။ နှိမ်ချတဲ့ပုံစံနဲ့ မေးခွန်းတွေ မေးတတ်ကြတယ်။

ပညာလိုပါသလား(ဒေါက်တာခင်မောင်ညို)

တစ်ဖက်နိုင်ငံသွားကာ အလုပ်လုပ်ကြသည်။ ပညာမတတ်၊ စာမတတ်၊ စကားမတတ်။ ဒီတော့ အဖိနှိပ်ခံဖြစ်နေတာပဲပေါ့။ ပညာတတ်အောင် သင်ဖို့လိုသည်။ နောက်တစ်ဖက်နိုင်ငံက စာတွေကို ဒီမှာသင်လို့ မရဘူးလား။ ပညာပြည့်ဝပြီး စကားလောက်တတ်ရင် အနည်းဆုံး အလုပ်သမားခေါင်းလောက်တော့ ဖြစ်နိုင်ပါသည်။

မြ၀တီမြို့ သောင်ရင်းမြစ်တစ်ဖက်ကမ်းရှိ ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေသော ရွှေ့ပြောင်းလုပ်သားများ
ကိုဘသစ်တစ်ယောက် ရွာပြန်သွားတော့ ၀မ်းသာစရာတွေ မြင်တွေ့ရသလို စိတ်မကောင်းစရာတွေလည်း အများကြီးပါပဲ။ ရွာထဲမှာသွပ်မိုး ပျဉ်ထောင်တွေ များလာသည်။ သို့သော် စာကြည့်တိုက်ကတော့ ဖတ်သူ အင်မတန်နည်းသည်။ ရွာထဲ အလုပ်လုပ်နေသော အရွယ်ပေါ့လေ။ လူငယ်လူရွယ်တွေ အင်မတန်နည်းသည်။
''ကျောင်းသွားတဲ့ကလေးတွေတော့ အများကြီးပါပဲလား''
''လူငယ်တွေ ဘယ်ရောက်သွားကြလဲ'' မောင်ဘသစ် မေးခွန်းတွေ ထုတ်နေမိသည်။ ''သူတို့တစ်ဖက်နိုင်ငံ သွားအလုပ်လုပ်ကြတယ်''
''အင်း''
''ဒီလိုဖြစ် နေကြတာတော့ ကြာပြီပဲ''

မြန်မာလူမျိုးတွေကိုချစ်တဲ့ ထိုင်းအနုပညာရှင်ရဲ့ ၀ိုင်ယာပန်းပုပြပွဲ


မြန်မာပန်းချီဆရာတွေ အပါအ၀င် အထင်ကရပုဂ္ဂိုလ်ကျော်တွေရဲ့
ပုံတူ တွေကို ၀ိုင်ယာကြိုးတွေ အသုံးပြုပြီး ပြုလုပ်ထားတဲ့ ထိုင်းပန်းချီ၊ ပန်းပုပညာ ရှင် နာရုဏ်ယွတ်တောင်းယူရဲ့လက်ရာ ပန်းပုရုပ်တွေကို ဇူလိုင် ၃ ရက်နေ့ကစပြီး ၇ ရက် နေ့အထိ ပန်းဆိုးတန်းလမ်းမှာရှိတဲ့ လောကနတ်ပန်းချီပြခန်းမှာ ပြသလျက် ရှိပါတယ်။
အဲလ်ဘတ်အိုင်းစတိုင်း၊ မဟတ္တမဂန္ဒီ၊ ပီကာဆို၊ စတိဗ်ဂျော့ အစ ရှိတဲ့ကမ္ဘာ ကျော်တွေအပြင် မြန်မာနိုင်ငံမှ အထင် ကရဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသန့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူထု ဒေါ်အမာ၊ ဦးပေါ်ဦးသက် စသူတို့ရဲ့ ၀ိုင်ယာပန်းပုတွေကို ပြပွဲမှာ ကြည့်ရှုခံစား ရမှာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အဖွဲ့ ဘူးသီးတောင်၊ မောင်တောဘက် သွားရောက်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ လွှတ်တော်ကိုယ်စားလှယ် (၃၀) ခန့်ဟာ မကြာခင်က အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဘက်ကို ဒီကနေ့ နေ့လည်ပိုင်းက သွားရောက်ခဲ့ပါတယ်။
AFP
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပသော လွှတ်တော်ကော်မရှင် အခန်းအနားတရပ်တွင် ဦးရွှေမန်း စကားပြောနေစဉ်။
ဘူးသီးတောင်၊ မောင်တော ဒေသခံတွေကို အားပေးစကား ပြောကြားဖို့နဲ့ လှူဒါန်းဖို့ သွားရောက်တာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး တာဝန်ခံ ဦးဝင်းမြိုင်က ပြောပါ တယ်။

ပြည်ခိုင်ဖြိုးပါတီအတွင်း သွေးကွဲမှု ဆိုသည်မှာ နှစ်ရှည်လများ အခင်းအကျင်း ကြောင့်ဖြစ်နိုင်ချေရှိကြောင်း (ပြည်ခိုင်ဖြိုး) တွဲဖက် အတွင်းရေးမှူး ဦးသာဝင်းပြောကြား


ယခုနှစ်  ဇွန်လအတွင်း အင်တာနက် စာမျက်နှာပေါ်တွင် ထွက်ပေါ်လာခဲ့သည့် ရမည်းသင်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီအတွင်း သွေးကွဲမှု ရေးသားဖော်ပြချက်များနှင့် စပ်လျဉ်း၍ အဆိုပါကိစ္စရပ်သည်““ဖြစ်နိုင်ချေရှိကြောင်း”” ရန်ကုန်တိုင်း ဒေသကြီး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး) တွဲဖက် အတွင်းရေးမှူး ဦးသာဝင်းက သူ၏အမြင်ကို ဇွန် ၂၈ ရက်က မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တွဲဖက်အတွင်းရေးမှူး ဦးသာဝင်း
ရန်ကုန်တိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တွဲဖက်အတွင်းရေးမှူး ဦးသာဝင်း
မည်သည့်အတွက်ကြောင့် ဖြစ်နိုင်ချေရှိသည် ဆိုခြင်းမှာ ပြည်ခိုင်ဖြိုးပါတီတွင်း မျက်နှာစုံညီ အစည်းအဝေးများနှင့် ပါတီတွင်း ဒီမိုကရေစီစနစ် ကျင့်သုံး၍ လျှို့ဝှက်မဲစနစ်ဖြင့် အတွင်းရေးမှူး၊ အလုပ်အမှုဆောင် စသည့် ပါတီခေါင်းဆောင်များ    ပြန်လည်ရွေးချယ်မှုများ ပြုလုပ်လျက်ရှိခြင်း ကြောင့်သော် လည်းကောင်း၊ ထိုကဲ့သို့ပါတီတွင်း ဒီမိုကရေစီစနစ်ကို ယခုမှ စတင် ကျင့်သုံးခြင်း ဖြစ်သောကြောင့် ဒီမိုကရေစီကျကျ  အဆုံးအဖြတ်ကို ခံစားနိုင်ခြင်း မရှိသည့်အတွက်ကြောင့် ယခုကဲ့သို့ အသံမျိုး ထွက်ပေါ်လာခြင်း ဖြစ်နိုင်ကြောင်း ပွင့်လင်းစွာ ပြောသည်။

အတင်းအဓမ္မ ခြိမ်းခြောက်၍ လက်မှတ်ရေးထိုးခိုင်းခြင်းအား တိုင်ကြားမည်

ပြည်သူများထံက ငွေကြေးများ ကောက်ခံထားပြီး လမ်းကို ဆက်လက်ပြုပြင် ဆောင်ရွက်ပေးခြင်း မရှိသည့်ကိစ္စနှင့် လမ်းပြုပြင်ရေး ဆက်လက် အကောင်အထည် ဖော်ဆောင်နိုင်ရန်ကိစ္စအတွက် ဆွေးနွေး ညှိနှိုင်းတိုင်ပင်ကြသည်ကို ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ဘာသာရေး အရေးအခင်းအား ဆွေးနွေး သည်ဟု အကြောင်းပြ၍ နောက်နောင် အစည်းအဝေး မပြုလုပ်ပါဟု ဝန်ခံကတိ လက်မှတ်ရေးထိုးရန် အတင်းအဓမ္မ ခြိမ်းခြောက်ခဲ့ခြင်း အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်နှင့် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေထံ တိုင်ကြားမည်ဟုသိရသည်။
ခင်းထားသည့် တဝက်တပျက်လမ်း မြင်ကွင်း
ခင်းထားသည့် တဝက်တပျက်လမ်း မြင်ကွင်း
အဆိုပါကိစ္စနှင့် ပတ်သက်၍ လမ်းဖြစ်မြောက်ရေး ကြိုးပမ်းနေသူ ကိုမင်းမောင်မောင်က ““ကျွန်တော်တို့ လမ်းကို ဆက်လက် ခင်းကျင်းနိုင်ဖို့အတွက် ယခင်ရာအိမ်မှူး၊ လမ်းကော်မတီဥက္ကဋ္ဌဖြစ်တဲ့ ကိုလှိုင်ဝင်းအိမ်မှာ ၁၄-၆-၂ဝ၁၂ ည ၈ နာရီ လောက်က ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။ အဲဒါကို ၅၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဖြစ်တဲ့ ဦးကြီးမြင့်က ၁၆-၆-၂ဝ၁၂ ည ၈ နာရီက သူ့ရုံးခန်းကို အခုချက်ချင်း လာခဲ့ပါ။ တွေ့ဆုံညှိနှိုင်းဖို့ရှိတယ် ဆိုပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူး တံဆိပ်နဲ့စာပို့ပြီး ကျွန်တော့်ကိုခေါ်တယ်။

မြန်မာနိုင်ငံ ပညာရေးမျိုးဆက် ပြတ်မှု တန်ဖိုးကြီးစွာ ပေးဆပ်နေရ


တစ်ခေတ်တစ်ခါက အာရှတိုက်၏ အကောင်းဆုံး ပညာရေးစနစ် တည်ရှိခဲ့ရာ ရန်ကုန်တက္ကသိုလ်သည် နှစ်ပေါင်း ၅ဝ နီးပါးကြာမြင့်ခဲ့သည့် မြန်မာနိုင်ငံ စစ်အုပ်ချုပ်ရေး ကာလအတွင်း တက်ကျိုးခဲ့ရပြီးလေပြီ။ ကျောင်းသားတို့ ဦးဆောင်သော အုံကြွမှုများကို စိုးရွံ့သည့် အစိုးရက ရန်ကုန်တက္ကသိုလ်အပါအဝင် အခြား တက္ကသိုလ်ကောလိပ်များကို ပိတ်ကာ၊ တက္ကသိုလ်ကျောင်းသားများကို အစွန်အဖျားဒေသများသို့ ပို့ဆောင်ခဲ့ကြသည်။
ယခုအခါ မြန်မာနိုင်ငံသည် ပြင်ပကမ္ဘာနှင့်ဆက်သွယ်ရန် တံခါးဖွင့်လာခဲ့ပြီ။ ဤတွင် ကြီးမားလှသည့် ပညာရေးတန်ဖိုးကို မြန်မာတို့ ပေးဆပ်ကြရပေတော့မည်။ တက္ကသိုလ်ကျောင်းသားများကို ဖြိုခွင်းခဲ့ခြင်းဖြင့် ပညာရေးမျိုးဆက် ပြတ်ခဲ့ရသော မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် လျင်မြန်မည်မဟုတ်။

လက်ရှိကျင့်သုံးနေသည့် မူဝါဒများနှင့် မကိုက်ညီသည့် ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲရန် အစီအစဉ်ရှိဟုဆို



နိုင်ငံတော်သမ္မတ၏ လက်ရှိကျင့်သုံးနေသည့် မူဝါဒများနှင့်မကိုက်ညီသည့် ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲရန် အစီအစဉ်ရှိကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းက ''ကျွန်တော်တို့လည်း သတင်းတွေကြားတယ်။ ၀န်ကြီးတွေ လျော့ချမယ်ဆို တာထက်ဝန်ကြီးတွေ အလဲအလှယ် လုပ်မယ်ဆိုတဲ့ သတင်းက ပိုသေချာမယ် ထင်ပါတယ်။ တချို့ဝန်ကြီး တွေလဲမှာပေါ့။ သမ္မတကြီးလည်း ခဏခဏ ပြောနေတာပဲ။

သစ်သူခိုးတွေ ဖမ်းမိပြီ


လွှတ်တော်ကိုယ်စားလှယ်များ၏ ဒုတိယသမ္မတ ရွေးချယ်မှုအပေါ် အမြင်နှင့် ခန့်မှန်းချက်များ



ကျင်းပလျက်ရှိသော လွှတ်တော်အစည်းအဝေးမှ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ
နိုင်ငံတော် ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် ကျန်းမာရေး အခြေအနေအရ ဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်သွားပြီးဖြစ်ရာ လစ်လပ်သွားသည့် ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၏ နေရာအတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ နောက်ဆုံးထား၍ ရွေးချယ်တင်မြှောက်ပြီး ပြည်ထောင်စုလွှတ်တော်နာယကထံ အမည်စာရင်း တင်သွင်း ရမည်ဖြစ်သည်။ ထို့ကြောင့် လွှတ်တော်အသီးသီးရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်များ၏ ဒုတိယသမ္မတ ရွေးချယ်မှုအပေါ် အမြင်နှင့် ခန့်မှန်းချက်များကို ဖော်ပြလိုက်ပါသည်။

Android 4.1 Jelly Bean မိတ်ဆက်


ဒီတစ်ပတ်မှာတော့ Android OS ရဲ့နောက်ထပ်ထွက်ရှိလာမယ့် Android version အသစ်ဖြစ်တဲ့ Android 4.1 Jelly Bean အကြောင်းကိုမိတ်ဆက်ပေးချင်ပါတယ်။ ယခု version အသစ်မှာတော့ Google ဟာ Android OS version အသစ် 4.1 အတွက် features အသစ်များထည့်သွင်းထားသလို အရင်ပါရှိပြီးသား features များကိုလည်းစွမ်းဆောင်ရည်တိုးမြှင့်ထားပါတယ်။ ဒါဆိုရင် Android 4.1 JellyBean မှာဘာတွေပြောင်းလဲသွားသလဲ ၊ ဘာတွေပါဝင်လာသလဲဆိုတာလေ့လာကြည့်ရအောင်။
Related Posts Plugin for WordPress, Blogger...

ShareThis