menu

Sunday 26 January 2014

အမေ့ထူသူများအတွက် နည်း ၅ နည်း

Photo: အမေ့ထူသူများအတွက် နည်း ၅ နည်း

လုပ်ဖော် ကိုင်ဖက် တစ်ယောက်ရဲ့ နာမည်ကို မေ့နေသလား။ အမေ့ထူ လွန်းလို့ စိတ်ညစ် နေပါ သလား။ သော့ဘယ်မှာ ထားမိမှန်း မသိ ဖြစ်နေသလား။

စိတ်မညစ် ပါနဲ့တော့။ မေ့တတ်တဲ့ အကျင့် ပျောက်ပြီး မှတ်ဉာဏ် ကောင်းစေနိုင်တဲ့ အလွယ်နည်းတွေကို သိပ္ပံပညာရှင်တွေ ရှာဖွေ တွေ့ရှိ ထားပါတယ်။

(၁) အချက်အလက်သစ်တွေ မှတ်မိဖို့ မေးစေ့ကိုင်ပါ

ရုပ်ရှင်တွေ ထဲမှာ မြင်ဖူးကြမှာပါ။ ဇာတ်ဝင်ခန်း ထဲမှာ တစ်ခုခုကို အလေး အနက် စဉ်းစားပြီဆိုရင် မေးစေ့ကိုပွတ်ပြီး စဉ်းစားတတ်ကြ တာကိုပေါ့။ အဲဒီလိုပဲ အချက်အလက် အသစ် တစ်ခုခုကို နားထောင်တဲ့အခါ လက်က တစ်ခုခု လုပ်နေလိုက်ပါ။ အဲဒီ အချက်အလက်ကို ပိုပြီး မှတ်မိလွယ်ပါတယ်။ နားထောင်နေစဉ် လက်ဟန်ခြေဟန် တစ်ခုခုလုပ်နေတာက ဦးနှောက်ရှိ မှတ်ဉာဏ်ဌာနရဲ့ လုပ်ဆောင်ချက်တွေကို မြင့်မားစေပြီး မှတ်ဉာဏ် ပိုကောင်း စေနိုင်ပါတယ်။ ဥပမာ- ဖုန်းနံပါတ်တစ်ခုကို မှတ်ရာမှာ မေးစေ့ကို ကိုင်တာပဲဖြစ်ဖြစ်၊ နားရွက်ကို ကိုင်တာပဲဖြစ်ဖြစ် ပြုလုပ်နေပြီး အဲဒီ ဖုန်းနံပါတ်ကို ခေါင်းထဲ ပြန်စဉ်းစားကြည့်တဲ့အခါ မေးစေ့ ဒါမှမဟုတ် နားရွက်ကို ပြန်ကိုင်ပြီး စဉ်းစားပါက ပိုပြီး မှတ်မိလွယ်ပါတယ်။

(၂) အချက်အလက်သစ်တွေကို မမေ့ဖို့ စိတ်ကူးထဲ ပုံဖော်ကြည့်ပါ

ဖုန်းနံပါတ်တစ်ခု ဒါမှမဟုတ် နာမည်တစ်ခုကို မှတ်ရာမှာ “ငါနောက်တစ်ခါ ဒီဖုန်းကိုဆက်ချင်ရင် ဘယ်ကိုဆက်ရမလဲ” ဒါမှမဟုတ် “ငါသူ့ကို နောက်တစ် ကြိမ်တွေ့ရင် ဘယ်လိုခေါ်ရမလဲ” စသဖြင့် အနာဂတ်မှာ ကြုံရင် ဘယ်လို ဖြေရှင်းမလဲဆိုတာ ကြိုတွေးပြီး စိတ်ကူးထဲ ပုံဖော်ကြည့်တာက တစ်ခုခုကို မှတ်ရာမှာ ပိုလွယ်ကူစေပါတယ်။ လေ့လာချက် တစ်ခုအရ ဒီနေ့ သင်လိုက်တဲ့ အရာကို အနာဂတ်မှာ ဘယ်လိုသုံးမယ်ဆိုတာကို ပုံဖော်ကြည့်သူတွေဟာ စိတ်ကူးမကြည့်မိသူတွေထက်စာရင် ထိုအရာကို ပိုပြီးမှတ်မိနေတာကို တွေ့ရပါတယ်။ သုတေသနပညာရှင်တွေရဲ့ အဆိုအရ အချက်အလက်တွေကို မှတ်ရာမှာ ထိုအချက်တွေကို ဦးစားပေးအဖြစ် ကိုယ်ကအသုံးပြုပုံကို စိတ်ကူးယဉ်ကြည့်ပါက ဦးနှောက်ကနေ သေချာမှတ်ထားပြီး အလိုရှိတဲ့ အချိန်မှာ ပြန်ထုတ်ပေးဖို့ အသင့် ဖြစ်နေတယ်လို့ သိရပါတယ်။

(၃) မှတ်ဉာဏ် ပိုကောင်းစေဖို့ လမ်းလျှောက်ပါ

သိပ္ပံပညာရှင် တွေဟာ ဦးနှောက်ရှိ မှတ်ဉာဏ်ထိန်းပေးတဲ့ အစိတ်အပိုင်း (Hippocampus) ဟာ အသက်ကြီးလာတာနဲ့အမျှ ကျုံ့သွားတတ်ပြီး ထိုသို့ ကျုံ့သွားခြင်းကို ပြန်ပြင်လို့မရနိုင်လို့ ယူဆခဲ့ကြဖူးပါတယ်။ ခုတော့ အဲလို ယူဆဖို့ မလိုတော့ပါဘူး။ လေ့လာချက် အသစ်တစ်ခုအရ ကိုယ်လက် လှုပ်ရှားမှုကို ပုံမှန်ပြုလုပ်သူဟာ ဦးနှောက်ကျုံ့တာကို ကာကွယ်ပေးရုံမျှမက တစ်နှစ်အတွင်းမှာ ပြန်လိုတောင်ချဲ့နိုင်ကြောင်း တွေ့ရပါတယ်။ တစ်နေ့ကို မိနစ် ၄၀ ကြာ တစ်ပတ်ကို သုံးရက်လမ်းလျှောက်သူ သက်ကြီးရွယ်အို တွေဟာ ခုမှစပြီး လေ့ကျင့်ခန်းလုပ်သူထက် Hippocampus အရွယ်အစား ၂ ရာခိုင်နှုန်း ဒါ့အပြင် မှတ်ဉာဏ် စာမေးပွဲ ဖြေရာမှာလည်း အမှတ်ပိုကောင်းပြီး ဦးနှောက်ကျန်းမာရေး ကောင်းစေနိုင်တဲ့ ဓာတ်တွေလည်း ပိုများနေပါတယ်။ တစ်ပတ်ကို သုံးရက်၊ တစ်ရက်ကို မိနစ် ၃၀ ကြာ လေ့ကျင့်ခန်းလုပ်ရုံနဲ့ ဦးနှောက်မှတ်ဉာဏ် ကောင်းစေနိုင်ပါတယ်။

(၄) ဦးနှောက်ဆဲလ်တွေ ကာကွယ်ဖို့ အမြန်စာ မစားပါနဲ့

အဆီများတဲ့ အဝစာ၊ အမြန်စာတွေကို အစားများပါက ကြာလာရင် မှတ်ဉာဏ် လျော့နည်းစေကြောင်း သိထားတာ ကြာပါပြီ။ ဒီအစာတွေက အချိန်တိုအတွင်းမှာလည်း ဦးနှောက်ကို ထိခိုက်စေနိုင်ကြောင်း သတိမပြုမိ ကြသေးပါဘူး။ လေ့လာချက် တစ်ခုအရ အဆီများတဲ့ အဝစာ တွေကို ကျွေးတဲ့ အစမ်းသပ်ခံ သတ္တဝါတွေဟာ ကိုးရက်အတွင်း မှတ်ဉာဏ်နဲ့ ပြဿနာ ဖြေရှင်း နိုင်စွမ်း ၁၅ ရာခိုင်နှုန်း ကျသွားတာကို တွေ့ရပါတယ်။

(၅) အမေ့ထူတာ လျော့စေဖို့ Chamomile Tea သောက်ပါ

Chamomile Tea ကို စူပါမားကက်တွေမှာ ရှာဝယ်နိုင်ပါတယ်။ ဦးနှောက်ကို အားဖြည့် ပေးသလို စိတ်ကိုလည်း ဖြေလျှော့ပေးပါတယ်။ အမေ့ထူတာကို လျော့စေတဲ့ Luteolin ဓာတ်တွေလည်း များစွာပါရှိနေပါတယ်။ အသက် အရွယ် အိုမင်းမှုကြောင့် ဖြစ်တတ်တဲ့ မှတ်ဉာဏ်လျော့နည်းမှုကို ဖြစ်စေတဲ့ ဦးနှောက်ရောင်ရမ်းမှုကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် Luteolin ဓာတ် တွေဟာ ဦးနှောက်ဆဲလ် ဆက်နွှယ်မှုကို အနှောင့်အယှက်ပေးနိုင်တဲ့ အန္တရာယ်ရှိ ဓာတုပစ္စည်းများဖြစ်တဲ့ Cytokines တွေ ထွက်ရှိမှုကို ၉၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပါတယ်။ အကယ်၍ Chamomile Tea ကို ရှာမတွေ့ပါက Luteolin ဓာတ်ကြွယ်ဝတဲ့ မုန်လာဥနီနဲ့ ငရုတ်သီးစိမ်းတို့ကို စားပေးနိုင်ပါတယ်။

ဒေါက်တာနုမြတ် (ရတနာပုံ ကျန်းမာရေး)

လုပ်ဖော် ကိုင်ဖက် တစ်ယောက်ရဲ့ နာမည်ကို မေ့နေသလား။ အမေ့ထူ လွန်းလို့ စိတ်ညစ် နေပါ သလား။ သော့ဘယ်မှာ ထားမိမှန်း မသိ ဖြစ်နေသလား။

စိတ်မညစ် ပါနဲ့တော့။ မေ့တတ်တဲ့ အကျင့် ပျောက်ပြီး မှတ်ဉာဏ် ကောင်းစေနိုင်တဲ့ အလွယ်နည်းတွေကို သိပ္ပံပညာရှင်တွေ ရှာဖွေ တွေ့ရှိ ထားပါတယ်။

(၁) အချက်အလက်သစ်တွေ မှတ်မိဖို့ မေးစေ့ကိုင်ပါ

ရုပ်ရှင်တွေ ထဲမှာ မြင်ဖူးကြမှာပါ။ ဇာတ်ဝင်ခန်း ထဲမှာ တစ်ခုခုကို အလေး အနက် စဉ်းစားပြီဆိုရင် မေးစေ့ကိုပွတ်ပြီး စဉ်းစားတတ်ကြ တာကိုပေါ့။ အဲဒီလိုပဲ အချက်အလက် အသစ် တစ်ခုခုကို နားထောင်တဲ့အခါ လက်က တစ်ခုခု လုပ်နေလိုက်ပါ။ အဲဒီ အချက်အလက်ကို ပိုပြီး မှတ်မိလွယ်ပါတယ်။ နားထောင်နေစဉ် လက်ဟန်ခြေဟန် တစ်ခုခုလုပ်နေတာက ဦးနှောက်ရှိ မှတ်ဉာဏ်ဌာနရဲ့ လုပ်ဆောင်ချက်တွေကို မြင့်မားစေပြီး မှတ်ဉာဏ် ပိုကောင်း စေနိုင်ပါတယ်။ ဥပမာ- ဖုန်းနံပါတ်တစ်ခုကို မှတ်ရာမှာ မေးစေ့ကို ကိုင်တာပဲဖြစ်ဖြစ်၊ နားရွက်ကို ကိုင်တာပဲဖြစ်ဖြစ် ပြုလုပ်နေပြီး အဲဒီ ဖုန်းနံပါတ်ကို ခေါင်းထဲ ပြန်စဉ်းစားကြည့်တဲ့အခါ မေးစေ့ ဒါမှမဟုတ် နားရွက်ကို ပြန်ကိုင်ပြီး စဉ်းစားပါက ပိုပြီး မှတ်မိလွယ်ပါတယ်။

ထိုင်းအတိုက်အခံ ခေါင်းဆောင် ပစ်သတ်ခံရ

ဘန်ကောက် ၃ ပုံ ၂ မှာ ကြိုတင် မဲပေးမှု ရပ်ဆိုင်း

ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီ ၂ ရက်နေ့ လုပ်မယ့် အထွေထွေ ရွေးကောက်ပွဲ အတွက် ကြိုတင် မဲပေးပွဲမှာ မဲမပေးနိုင်အောင် ကန့်ကွက် တားမြစ်မှုတွေ ဖြစ်ခဲ့ပြီး ပစ်ခတ်မှုအထိ ဖြစ်ပွား ခဲ့ပါတယ်။

ဘန်ကောက်မြို့ ဘန်နားအရပ်မှာ မဲရုံကို ကန့်ကွက်သူ တွေကို သေနတ်နဲ့ ပစ်ခတ် ခဲ့ပါတယ်။

တလက် မကတဲ့ သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ဆန္ဒပြ ခေါင်းဆောင် တဦးဖြစ် တဲ့ စူထင်း ထားရားထင်း သေဆုံး သွားပါတယ်။

နောက်ထပ် ၁ဝ ဦးလည်း ဒဏ်ရာရ သွားတယ်လို့ ထိုင်း ကျန်းမာရေး ဌာနက သတင်း ထုတ်ပြန်ပါတယ်။

မလေးတွင် (၁၄) ထပ်မှ အသက် (၂) နှစ်နှင့် (၃၅) နှစ်အရွယ် ချင်းလူမျိုး (၂) ဦး ပြုတ်ကျ ကွယ်လွန်

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ Taman Sungai Besi Apartment ၏ (၁၄) ထပ်မှ ချင်းလူမျိုးများဖြစ်ကြသော အသက် (၃၅) နှစ်အရွယ်ရှိ Khen Hrang နှင့် အသက် (၂) နှစ်အရွယ် Pu Van Thang ၏ သား David တို့ ပြုတ်ကျကာ ကွယ်လွန်မှု ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ (၂၅) ရက်၊ နံနက် (၉း၄၀) ခန့်တွင် ဖြစ်ပွားခဲ့သည်။

Malaysia အခြေစိုက် The Chin Times ၏ ဖော်ပြချက်အရ- ခလေးငယ် David သည် အိမ်၏ ၀ရမ်တာတွင် ကလေးသဘာဝ ဆော့ကစားနေရာမှ ကစားသည့်အရုပ် အပြင်သို့ထွက်ကျ သွားရမှာ- သွားရောက် ဆယ်ယူရန် ကြိုးစားရင်း အောက်သို့ ပြုတ်ကျခဲ့ခြင်း ဖြစ်သည်။

David အောက်သို့ကျခြင်းကို သူ၏ ဦးလေးဖြစ်သူ (David ဖခင်၏ ညီ)မှ တွေ့ပြီး၊ အောက်သို့ ဓါတ်လှေကားမှ တဆင့် သွားရောက် ကြည့်ရှု့ရန် စောင့်ဆိုင်းသော်လည်း ဓါတ်လှေကား ကြာလှသဖြင့်၊ သူ၏ ချစ်လှစွာသော တူကလေးဆီသို့ ထပ်မံခုန်ချခဲ့ခြင်းဖြစ်သည်။

ဆေးကျောင်းသူ ၁ ဦး အား ဆေးကျောင်းသားတစ်စုမှ မုဒိမ်းကျင့်သတ်ဖြတ်ဟု သတင်းများထွက်ပေါ်

ဆေးကျောင်းသူ ၁ ဦး (မေသူသူဇော် အသက် ၁၉ နှစ် ဘ-ဦးဇော်ထွန်း) အား ဆေးကျောင်းသားတစ်စုမှ  မုဒိမ်းကျင့်သတ်ဖြတ်သည့် အမှုမှန် မပေါ်ပေါက်ပါက ဆေးတက္ကသိုလ်ကျောင်းသူများ အားလုံး ယခုကဲ့သို့ ကျောင်းသားကဒ်များကို ဆုတ်ဖြဲ၍ ကျောင်းမတက်ပဲ လမ်းပေါ်ထွက် ဆန္ဒပြမည် - - -

ဆေးကျောင်းတွင် ကျောင်းသူတစ်ဦးအား ဆေးကျောင်းသားတစ်စုမှ အဖွဲ့လိုက် မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သော်လည်း တရားစီရင်ရေးပိုင်းဆိုင်ရာ အားနည်းမှုကြောင့် တရားခံများမှာ အမှုမှလွတ်မြောက်လျက်ရှိရာ သေဆုံးသူ ဆေးကျောင်းသူလေး၏ အမနှင့် သူမ၏ သူငယ်ချင်းများမှ အမှုမှန်ပေါ်ပေါက်ရေး ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

သင့်ကျန်းမာရေးအတွက် ရေချိုးသင့်သော အကြောင်းများ

Photo: သင့်ကျန်းမာရေးအတွက် ရေချိုးသင့်သော အကြောင်းများ

ပင်ပန်းနွမ်းနယ် နေချိန်မှာ ရေစိမ်ကန်ထဲ စိမ်ချိုးတာက ပင်ပန်းမှု ပြေလျော့ပြီး စိတ်ကို လန်းဆန်း သွားစေပါတယ်။

ချိုးရေထဲ ရေချိုးပေါင်ဒါမှုန့် ဒါမှမဟုတ် ရေချိုးဆီ ထည့်ပေးတာက စိတ်နဲ့ခန္ဓာကို အနားရစေပါတယ်။ ဆေးပညာ ကုထုံးဂျာနယ်ရဲ့ လေ့လာမှုအရ စိတ်ပူ ပင်သောက များနေသူ တွေအတွက် နေ့စဉ် ကြက်သီးနွေးရေထဲ စိမ်ပြီးချိုးတာ ရှစ်ပတ် ကြာတဲ့အခါ ရရှိတဲ့ အာနိသင်ဟာ ဆရာဝန် ညွှန်ကြားတဲ့ ဆေးသောက်တာထက် ပိုမိုအာနိသင် ရရှိနိုင်တယ်လို့ သိရပါတယ်။ ရေချိုးသင့်တဲ့ တခြား အကြောင်းရင်းတွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

(၁) အရေပြား ခြောက်သွေ့ ညစ်နွမ်းမှုကို ကင်းဝေးပါတယ်

ရေထဲကို ဂျုံမှုန့်အနည်းငယ်ထည့်ပြီး ရေချိုးပေးတဲ့အခါ ယားယံ ရောင်ရမ်းနေတဲ့ အရေပြားကို အနာကျက်စေပြီး အရေပြား ခြောက်သွေ့ ညစ်နွမ်းမှုကို ကင်းဝေး စေပါတယ်။ ဂျုံမှုန့်ထဲမှာ ပါဝင်တဲ့ ဓာတ်ပေါင်းဟာ အနာကျက်စေတဲ့ အာနိသင်ရှိလို့ပါ။ ဂျုံမှုန့်ကို သန့်ရှင်း ခြောက်သွေ့တဲ့ ခြေအိတ်ထဲကို ထည့်ပြီး သားရေကွင်းနဲ့ ချည်ပြီး ပိတ်လိုက်ပါ။ အဲဒီအိတ်ကို ရေနွေး ဒါမှမဟုတ် ရေအေးထည့်ထားတဲ့ ရေချိုးကန်ထဲ ထည့်လိုက်ပြီး အချိန် ၁၅-၂၀ မိနစ် ခန့် စိမ်ပြီး ချိုးပေးရမှာ ဖြစ်ပါတယ်။

(၂) ဦးနှောက်ကို အားဖြည့် ပေးနိုင်ပါတယ်

ရေချိုးကန်ထဲကို မရှိမဖြစ်ဆီ (Essential Oil) ထည့်ပြီး ရေထဲစိမ်ချိုးပေးပါ။ မွှေးရနံ့ဆီတွေက မှတ်ဉာဏ်ကို တိုးတက် ကောင်းမွန်စေသလို စိတ်ဖိစီးမှုကိုလည်း ပြေလျော့ သွားစေပါတယ်။

(၃) အအေးမိဝေဒနာကို တွန်းလှန်နိုင်ပါတယ်

ကြက်သီးနွေးရေ ချိုးပေးတာက နှာခေါင်းပိတ်တာကို သက်သာစေပြီး ခန္ဓာကိုယ် ကိုက်ခဲနာကျင်မှုကို လျော့ပါးစေပါတယ်။ ရေချိုးရင်း အပန်းဖြေတာက ဦးနှောက်ထဲက နာကျင်ကိုက်ခဲမှု လျော့ကျစေတဲ့ အန်ဒေါ်ဖင် ဟော်မုန်းကို အထွက်တိုးစေလို့ပါ။

(၄) ညဘက် ကောင်းကောင်း အိပ်မောကျစေပါတယ်

ညဘက်မှာ ရေချိုးလိုက်တဲ့အခါ ခန္ဓာကိုယ် အပူချိန် လျော့ကျသွားပြီး ခန္ဓာကိုယ်ကနေ မယ်လတိုနင်လို့ခေါ်တဲ့ ဟော်မုန်း အထွက်တိုးစေပါတယ်။ အိပ်ရာမဝင်ခင် ကြက်သီးနွေးရေ ချိုးပေးတာက စိတ်နဲ့ခန္ဓာကို လန်းဆန်း သွားစေတာကြောင့် ကောင်းကောင်း အိပ်မောကျစေပါတယ်။

(၅) ပင်ပန်းမှုကင်းပြီး လန်းဆန်း သွားစေပါတယ်

တစ်နေကုန် ပင်ပန်းနွမ်းနယ် နေချိန်မှာ ရေချိုးလိုက်ရင် ဦးနှောက်ထဲမှာ စိတ်ခံစားမှု ကောင်းပြီး အပန်းပြေ လန်းဆန်းစေတဲ့ ဟော်မုန်းတွေ ထွက်လာစေပါတယ်။

ဇွန်

Ref:Good Health

ပင်ပန်းနွမ်းနယ် နေချိန်မှာ ရေစိမ်ကန်ထဲ စိမ်ချိုးတာက ပင်ပန်းမှု ပြေလျော့ပြီး စိတ်ကို လန်းဆန်း သွားစေပါတယ်။

ချိုးရေထဲ ရေချိုးပေါင်ဒါမှုန့် ဒါမှမဟုတ် ရေချိုးဆီ ထည့်ပေးတာက စိတ်နဲ့ခန္ဓာကို အနားရစေပါတယ်။ ဆေးပညာ ကုထုံးဂျာနယ်ရဲ့ လေ့လာမှုအရ စိတ်ပူ ပင်သောက များနေသူ တွေအတွက် နေ့စဉ် ကြက်သီးနွေးရေထဲ စိမ်ပြီးချိုးတာ ရှစ်ပတ် ကြာတဲ့အခါ ရရှိတဲ့ အာနိသင်ဟာ ဆရာဝန် ညွှန်ကြားတဲ့ ဆေးသောက်တာထက် ပိုမိုအာနိသင် ရရှိနိုင်တယ်လို့ သိရပါတယ်။ ရေချိုးသင့်တဲ့ တခြား အကြောင်းရင်းတွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

(၁) အရေပြား ခြောက်သွေ့ ညစ်နွမ်းမှုကို ကင်းဝေးပါတယ်

ရေထဲကို ဂျုံမှုန့်အနည်းငယ်ထည့်ပြီး ရေချိုးပေးတဲ့အခါ ယားယံ ရောင်ရမ်းနေတဲ့ အရေပြားကို အနာကျက်စေပြီး အရေပြား ခြောက်သွေ့ ညစ်နွမ်းမှုကို ကင်းဝေး စေပါတယ်။ ဂျုံမှုန့်ထဲမှာ ပါဝင်တဲ့ ဓာတ်ပေါင်းဟာ အနာကျက်စေတဲ့ အာနိသင်ရှိလို့ပါ။ ဂျုံမှုန့်ကို သန့်ရှင်း ခြောက်သွေ့တဲ့ ခြေအိတ်ထဲကို ထည့်ပြီး သားရေကွင်းနဲ့ ချည်ပြီး ပိတ်လိုက်ပါ။ အဲဒီအိတ်ကို ရေနွေး ဒါမှမဟုတ် ရေအေးထည့်ထားတဲ့ ရေချိုးကန်ထဲ ထည့်လိုက်ပြီး အချိန် ၁၅-၂၀ မိနစ် ခန့် စိမ်ပြီး ချိုးပေးရမှာ ဖြစ်ပါတယ်။

(၁၁)လသား ကလေးကို ရိုက်နှက်ပြီး သေမတတ်ဒဏ်ရာရနေတာကို ဓာတ်ပုံရိုက်ခဲ့တဲ့ မိခင်အား ထောင်ဒဏ်တစ်သက် ချမှတ်


(၁၁)လသားကလေးကို  သေမတတ်ရိုက်နှက်ပြီး သူကိုယ်တိုင်နဲ့တွဲ ဓာတ်ပုံရိုက်ခဲ့တဲ့ အကြမ်းဖက်မိခင် ကို ထောင်ဒဏ် တစ်သက် ချမှတ်လိုက်ပါတယ်။
မိခင်ဖြစ်သူဟာ အသက်၂၅နှစ်အရွယ်ရှိ Emma Wilsonဖြစ်ပြီး ကလေးကတော့ Callum Wilson ဖြစ်ပါတယ်။ Emma Wilsonဟာ Callumလေးကို အသေရိုက်နှက်တာကြောင့် Callumလေးဟာ အမြင်အာရုံကွယ်၊ အရိုး (၁၁)ချောင်းကျိုးသွားပြီး ကုမရတဲ့ ဦးနှောက်ထိခိုက်မှုလည်း ရရှိခဲ့ပါတယ်။ ရိုက်နှက်တာ ကြမ်းလွန်းလို့ အောက်ထပ်က မျက်နှာကျက်တောင် တုန်ခါနေခဲ့တယ်လို့ သိရပါတယ်။
Callum လေးရဲ့ ထိခိုက်ဒဏ်ရာတွေဟာ Callumရဲ့ အစ်ကို (နှစ်နှစ်သား)က မနာလိုလို့လုပ်တာလို့ဆိုပြီး ကလေးကို အပြစ်တင်ဖို့ ကြိုးစားပါသေးတယ်။
Emma Wilsonကို ပထမတော့ ထောင်ဒဏ် ၁၄နှစ် အနည်းဆုံးဆိုပြီး ချမှတ်ခဲ့ပါတယ်။ Old Baileyမှာလုပ်ခဲ့တဲ့ တရားခွင် ၅ပတ်လုံး Emma Wilsonဟာ ဘာခံစားမှ မပြခဲ့ဘူးလို့ တရားသူကြီး Stephen Kramer QC ကပြောပါတယ်။
နောက်တော့ Callumလေး အသည်းအသန် ဝေဒနာခံစားနေရတယ်ဆိုတာကို တရားရုံးက ကြားခဲ့ပါတယ်။ နောက်တစ်ပတ်နှစ်ပတ်မှာပဲ Callumလေးဟာ သေဆုံးသွားခဲ့ရပါတယ်။ အဲ့ဒီ့ရက်သတ္တပတ်တွေ အတွင်းမှာ ကလေးနဲ့သူ့ရဲ့ “မတိုင်ခင်” နဲ့ “နောက်ပိုင်း” ဆိုပြီး ပုံတွေတွဲရိုက်နေတော့တာပါပဲ။

ဒီနှစ်အတွင်း ရုံတင်ကား ခြောက်ကားနဲ့ အနုပညာခြေလှမ်းပိုစိပ်လာတဲ့ ၀တ်မှုန်ရွှေရည်

၂၀၁၄ ထဲမှာ ရုံတင်ကားတွေ တော်တော်များများတင်ဖို့ရှိတယ်လို့ ပြောလာတဲ့ မင်းသမီးချောလေး ၀တ်မှုန်ရွှေရည်ကို ရှုတင်မှာတွေ့ဆုံခိုက် အနုပညာလှုပ်ရှားမှုလေးတွေ မေးကြည့်တဲ့အခါ ‘အခု ရိုက်နေတဲ့ ကားလေးက မာစတာဘရိန်းတဲ့။ ကားလေးက လူငယ်အချစ်ဖန်စီကားလေး။ ဒါပေမဲ့ တင်ပြပုံကွဲတယ်ပေါ့။ ထူးထူးခြားခြားလေးတွေ မကြည်ဖြူသျှင် စီစဉ်ထားတယ်ပေါ့။  မင်းသားက ကောင်းပြည့်ပါ။’လို့ သူမက ဆိုပါတယ်။
လက်ရှိမှာ ရုံတင်တော့မယ့် သနပ်ခါး ဇာတ်ကားနဲ့ ပတ်သတ်ပြီးတော့လဲ ကစ်ကစ်က ‘အဲဒီကားလေးကလဲ ဇာတ်လမ်းရော၊ ကစ်သရုပ်ဆောင်မဲ့ဇာတ်ရုပ်ရော ထူးခြားပါတယ်။ အဲဒီကားလေး ရိုက်တုန်းကလဲ ကစ်အရမ်းအားရတယ်။ အဲလိုကားမျိုး နောက်တစ်ကားဖြစ်ဖို့ ဆိုတာလ မလွယ်ဘူးလေး။ ဘာလို့လဲဆိုတော့ ဦးမင်းထင်ကိုကိုကြီးက အကြာကြီးနေမှ တစ်ကား ရိုက်တာဆိုတော့ သူနဲ့ဆုံရဖို့ကလဲ ရှားတယ်လေ။ အဲဒီကားလေးကို သူကိုယ်တိုင်ရော ကစ်တို့ အနုပညာရှင်တွေ အကုန်လုံးရော အားစိုက်ပြီး ကြိုးစားထားပါတယ်။ ကစ်က အသက်၆၀ကျော် လူကြီးအဖေအရွယ်ကို

ကိုယ့်ရဲ့ဖူးစာဖက်ကို အနုပညာလောကထဲက မဖြစ်စေချင်ဘူးလို့ ဆိုလိုက်တဲ့ မိုးယုစံ

ချစ်စဖွယ်အပြုံးလေးနဲ့ ပရိသတ်ကို ဖမ်းစားထားခဲ့သူလေး မိုးယုစံကတော့ ဖေဖော်ဝါရီလ ၁၄မှာ ကျရောက်မယ့် ချစ်သူများနေ့ကို ဘယ်လိုဖြတ်သန်းမယ်ဆိုတာနဲ့ ပတ်သက်ပြီး ခုလို ဖွင့်ဟပါတယ်။ ‘နှစ်တိုင်းတော့ ကားရိုက်ပါပဲ။ ပရိသတ်တွေကတော့ လက်ဆောင်တွေပို့ပေးကြတယ။် ဒီနှစ်က သူများကိုလဲပေးဖို့မရှိဘူး။ ဒီနှစ်ရဲ့ ဖြတ်သန်းမှုကလဲ ရှုတင်နဲ့ပဲဆိုတော့ ထူးခြားမှုတော့မရှိပါဘူး’လို့ သူမက ပြောပါတယ်။ ဒါ့အပြင် အချစ်ရေးနဲ့ မင်္ဂလာသတင်းကိုလည်း သူမက ‘မိုးယုရဲ့ မင်္ဂလာသတင်းက အဝေးကြီးလိုပါသေးတယ။် ကိုယ့်အစ်မတွေရဲ့ မင်္ဂလာသတင်းကြားရတော့ ၀မ်းသာမိတယ်။ ချစ်တဲ့သူ အချင်းချင်းယူကြတယ်ဆိုတော့ ကိုယ်လဲအားကျပါတယ။် အချစ်ဆိုတာက အမြဲတမ်းကြီး အကောင်းပဲတော့ မသွားဘူး။ အချစ်ရေး ကံကောင်းမကောင်းဆိုတာ ကိုယ့်ရဲ့ ဖူးစာဖက်အပေါ်မှာလဲ မူတည်သေးတယ်။

ကမ္ဘာ့သရဲအခြောက်ဆုံးနေရာ စာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ အိမ်ဖြူတော်

အိမ်ဖြူတော်ဟာ အမေရိကန်သမ္မတနဲ့ သမ္မတကတော်တို့ နေထိုင်တဲ့ စံအိမ်အဖြစ် ၁၈၀၀ ပြည့်ခုနှစ်လောက် ကတည်းက စတင်အသုံးပြုခဲ့ပါတယ်။ ဘယ်သူမှန်းမသိတဲ့ ခြေသံတွေ၊ တံခါးခေါက်သံတွေ၊ တံခါးကို ထုရိုက်သံတွေ၊ ခွေးဟောင်သံတွေ နဲ့ ရုတ်တရက်ချမ်းစိမ့်စိမ့်ဖြစ်လာတဲ့ ခံစားမှု တွေကို အိမ်ဖြူတော်မှာ နေထိုင်တာဝန်ကျဖူးတဲ့ လူတိုင်း ခံစားခဲ့ဖူးတယ်လို့ ဆိုပါတယ်။ တခါတလေမှာ အိမ်ဖြူတော်ထဲမှာ လှည့်လည်သွားလာနေတဲ့ အဖြူရောင်အရိပ်သဏ္ဍာန်တွေ တွေ့ ရတယ်လို့ နာမည်ကြီးပါတယ်။ သူသေမှာကို ကြိုသိမြင်ခဲ့တယ်ဆိုတဲ့ အမေရိကန် သမ္မတ အေဗရာဟင်လင်ကွန်း ရဲ့ ၀ိဥာဉ်ကို ခဏခဏ တွေ့ ရှိရတယ်လို့  ဆိုပါတယ်။ တစ်ချို့ လူတွေအပြောအရ လင်ကွန်းရဲ့ ၀ိဥာဉ်ဟာ အမေရိကန်နိုင်ငံအတွက်အရေးကြီးတဲ့အချိန် ဆိုရင် ပင်မခန်းမကြီးနဲ့ လင်ကွန်းအိပ်ခန်းတစ်လျှောက်မှာ တွေ့ ရှိရတယ်လို့ ဆိုပါတယ်။ အဲဒီ့အိပ်ခန်းဟာ လင်ကွန်းသမ္မတသက်တမ်းတစ်လျှောက်လုံး သူ့ ရုံးခန်းအဖြစ်ပါ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ် ကာလအတွင်းမှာ လင်ကွန်းအိပ်ခန်းမှာ ခေတ္တတည်းခိုခဲ့တဲ့ ဗြိတိသျှဝန်ကြီးချုပ် ၀င်စတန်ချာချီ ကိုယ်တိုင် လင်ကွန်း ၀ိဥာဉ်ကို မြင်တွေ့ ခဲ့ရတယ်လို့  ၀န်ခံခဲ့ပါတယ်။ ချာချီဟာ ညတစ်ညမှာ လင်ကွန်းဝိဥာဉ်ကို မြင်ခဲ့ရပြီး နောက် အဲဒီ့အိပ်ခန်းမှာ ဆက်နေဖို့ ငြင်းဆန်ခဲ့ပါတယ်။

ရှက်လွန်လွန်းလို့....(ကျော်သူ)


၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာလပိုင်းတွင် ကျွန်တော်နှင့်အတူ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်း သားများသည် ကရင်ပြည်နယ်ရှိ ဘားအံ၊ မြဝတီ၊ ထိုင်းနိုင်ငံ မဲဆောက်မြို့များသို့ ဗြဟ္မစိုရ်ခြေလှမ်းများဖြင့် ပရဟိတဟောပြောပွဲများအတွက် ခရီးထွက်ခဲ့ကြသည်။ မြဝတီမြို့ရှိ “စေတနာ” နာရေးလူမှုကူညီရေး အသင်းသို့ ရောက်ရှိသောအခါ ထိုအသင်း၏ နာရေးကူညီမှုလုပ်ငန်းများ၊ ကျန်းမာရေး၊ ပညာရေးနှင့် လေလွင့်လူငယ်များအား ထိန်းသိမ်းစောင့်ရှောက်ကာ ပရဟိတသမားများဖြစ်လာအောင် ဆောင်ရွက်ပေး နေမှုများအား တွေ့ရှိခဲ့ရသည်။

ထိုကဲ့သို့ “စေတနာ” နာရေးလူမှုကူညီရေးအသင်းနှင့် တွေ့ဆုံခဲ့စဉ် သမီးစု (ခ) စုမြတ်နိုင် (၁၁) နှစ် အရွယ် ပရဟိတသမီးလေးအားလည်း တွေ့ဆုံခဲ့ရသည်။ ထိုကလေးငယ်၏ ပရဟိတစိတ်ဓါတ် ထက်သန် မှုမှာ အလွန်ပင်မွန်မြတ် ထက်မြတ်မှုအကြောင်းကို ကျွန်တော်သည် “စုမျက်ရည်” ဟူသော ခေါင်းစဉ်ဖြင့် ရေးသားခဲ့ဘူးပါသည်။ ထိုကလေးမလေး၏ လူသားချင်းစာနာစိတ်၊ ဖေးမကူညီလိုစိတ်၊ အပူမီးများအား ငြိမ်းပေး လိုသောစိတ်၊ နာရေးရုပ်ကလပ်အား ကိုယ်တိုင်ကိုယ်ကျ ရေချိုးသန့်စင် ပြင်ဆင်ပေးလိုသော မြင့်မြတ် သောစိတ်ဓါတ်တို့သည် အံ့သြ၍မကုန်နိုင်ဖွယ် ဖြစ်ခဲ့တော့သည်။

တစ်နာရီ ၂၈ မိုင်နှုန်းပြေးတဲ့ လျှပ်စစ်စက်ဘီး

Photo: တစ်နာရီ ၂၈ မိုင်နှုန်းပြေးတဲ့ လျှပ်စစ်စက်ဘီး 

Specialized Turbo Electric Bike လို့ အမည်ပေးထားတဲ့ စက်ဘီး ဖြစ် ပါတယ်။ အမြန်ဆုံး မောင်းနှင်နိုင်မှု အားအဖြစ် တစ်နာရီ ၂၈ မိုင်အထိ တောင် မြင့်တင်ထားပါတယ်။ 

လျှပ်စစ်ဂီယာ စက်ဘီး ဖြစ်ပြီး တစ်ခါ အားသွင်းပြီးရင် မိုင် ၃၀ လောက်ခရီး ကို နှင်းစရာမလိုပဲ မောင်းနှင် နိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီက ၂၅၀ ဝပ်အား ပါ။ Full Charging အတွက် တစ်နာရီဝန်းကျင်လောက်သာ ကြာမြင့်မှာ ဖြစ် ပါတယ်။ စက်ဘီးရဲ့ အလေးချိန်က ပေါင် ၅၀ ရှိပါတယ်။ အနောက် က မော်တာက ၁၂ ပေါင်လေးလို့ပါ။ မော်တာ ကလည်း နောက်ဘီး ကို မောင်းနှင်ခြင်း ဖြစ်ပါတယ်။ 

ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၅၉၀၀ ဝန်းကျင်မှာ ရှိပါတယ်။ အမေရိကန်မှာ ထုတ်လုပ်တဲ့ စက်ဘီး ဖြစ်ပါတယ်။ အစီးရေလည်း သိပ်များများ စားစားမရှိပါဘူး။ သွားရေးလာရေး ကားကြပ်တည်းတဲ့ မြို့ လမ်းမ တွေမှာ အသုံးပြုလို့ အဆင်ပြေအောင် ဖန်တီးထားခြင်း ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: mashable
အောင်ခမ်း ( ရိုးရာလေး )

http://www.yoyarlay.com/science-tech/134-inventions/39795-the-fastest-bike-in-world

.

Specialized Turbo Electric Bike လို့ အမည်ပေးထားတဲ့ စက်ဘီး ဖြစ် ပါတယ်။ အမြန်ဆုံး မောင်းနှင်နိုင်မှု အားအဖြစ် တစ်နာရီ ၂၈ မိုင်အထိ တောင် မြင့်တင်ထားပါတယ်။

လျှပ်စစ်ဂီယာ စက်ဘီး ဖြစ်ပြီး တစ်ခါ အားသွင်းပြီးရင် မိုင် ၃၀ လောက်ခရီး ကို နှင်းစရာမလိုပဲ မောင်းနှင် နိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီက ၂၅၀ ဝပ်အား ပါ။ Full Charging အတွက် တစ်နာရီဝန်းကျင်လောက်သာ ကြာမြင့်မှာ ဖြစ် ပါတယ်။ စက်ဘီးရဲ့ အလေးချိန်က ပေါင် ၅၀ ရှိပါတယ်။ အနောက် က မော်တာက ၁၂ ပေါင်လေးလို့ပါ။ မော်တာ ကလည်း နောက်ဘီး ကို မောင်းနှင်ခြင်း ဖြစ်ပါတယ်။

ခွန်အားတိုး နို့အရက်


Photo: [ Satire ]

ခွန်အားတိုး နို့အရက်

ဒီနေ့က ဂျာနယ်ဖတ်မိခြင်းကို စိုပြေတစ်ယောက် နောင်တရနေသည်။ အခုတော့ မတတ်နိုင်တော့။ လူကြီး မိဘစကား နားထောင်ရမည်ဟု အမေက ဆုံးမထားသည်။ 

စိုပြေ ဝမ်းနည်းနေသည်။ ရင်ကွဲပက်လက်ကလေး ဖြစ်နေသည်။ ငယ်ချစ်ဦးကို စွန့်လွှတ်ရတော့မည်။ 
စိုပြေ ငိုလေသည်။ 

ဒီကိစ္စက သမ္မတကြီးကြောင့် ဖြစ်သည်။ 
ဂျာနယ်ထဲမှာ သတင်းတွေ ပါလာသည်။ ကျေးလက်နေ ပြည်သူလူထုမှာ အရက်သောက်သုံးမှု များပြားနေသောကြောင့် အရက်အစား နွားနို့သောက်ကြ ပါရန် သမ္မတကြီးက တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။ သမ္မတကြီးကို အဖရင်းသဖွယ် ကြည်ညိုလာသည့် စိုပြေတစ်ယောက် ဒီကိစ္စကိုတော့ ကန့်ကွက်လိုသည်။ ဒါက စိုပြေ့အရေး တစ်ခုတည်းမဟုတ်။ အမျိုးသားရေး ဖြစ်သည်။ 

သမ္မတကြီးက နွားနို့ သောက်ခိုင်းသည်။ အရက်ကိုလည်း ဖြတ်ခိုင်းသည်။ အရက်ကြောင့် အမှုအခင်းတွေ အဖြစ်များလို့ အရက်အစား နွားနို့သောက်ကြပါဟု သမ္မတကြီးက တိုက်တွန်းလိုက်သည်။ ထိုအခါ အရက်သမားတွေ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ နွားနို့က မူးလို့လားဟု အရက်သမားတွေ စမ်းကြည့်ကြသည်။ မြန်မာပြည်ကလူ တော်တော်များများ နွားနို့ မသောက်ဖူးကြ။ အရက်ပဲ သောက်ဖူးကြသည်။ ဒါကို ဂရန်းရွိုင်ရယ်မှ တာဝန်ရှိသူများ အသိဆုံး။

အရက်သမားတွေ ပိုဆိုးလာသည်။ အချို့က နွားနို့ကို အရက်နှင့် အတူတူဟု ထင်ကြသည်။ နွားနို့သောက်လျှင်လည်း မူးမည်ဟုထင်၍ မျက်စိစုံမှိတ်  စမ်းသောက် ကြည့်ကြသူများလည်း ရှိသည်။ 
"နွားနို့ကလည်း ရေလိုပါလား။ မူးလည်းမမူးဘူး" ဟု နွားနို့ မသောက်ဖူးသည့် အရက်သမားများက မှတ်ချက်ပြုသည်။ 

အရက်သမား အများစုကတော့ သမ္မတပေါ်လစီ ချိန်းသဖြင့် အရက်တွေ ဈေးတက်ကုန်တော့မှာပဲဟု တွေးကြသည်။ 
အရက်သမား အတွေးသည် အမြဲမှန်သည့် အတွက် မကြာခင် အရက်တွေ တကယ်ဈေး တက်ကုန်သည်။ နိုင်ဂံဂျားဖြစ်၊ ပြည်တွင်းဖြစ် အကုန်ဈေးတက်သွားသည်။ ဝမ်းနည်းပေရ တည့်တကား။

အရက်ဆိုင်ကို မေးကြည့်တော့ ဘာဖြစ် လို့ဈေးတက်မှန်း ရေရေရာရာ မသိရ။ 
"သမ္မတက မသောက်ခိုင်းတော့ အဖမ်းအဆီးတွေ ရှိလာနိုင်တယ်။ ဒါကြောင့် ဈေးတက်ထားရတာ။ အရက်ဆိုင်တောင် ပိတ်ရင်ပိတ်သွားနိုင်တယ်" ဟု ဘူတာရုံ အနီး ဘီအီးဆိုင်ရှိ အသက်ကိုးနှစ်အရွယ် စားပွဲထိုးက တွေးတွေးဆဆ ပြောသည်။ 
သူ့စကားကိုလည်း အရက်သမား အများစုက ထောက်ခံကြသည်။ ထောက်ခံ ပြီးနောက် မဖြစ်သင့်ဘူးဟု တစ်ပြိုင်နက်တည်း ပြောကြကာ အေ့ခနဲ လေချဉ်တက်ကြသည်။ ဒီကိစ္စက ရှော့ခ်ရှိသည်လေ။ 

"နွားနို့အရက်ဆိုပြီး ထုတ်ရင် မကောင်းဘူးလား။ လူတွေ နွားနို့သောက်ပြီးသားလည်း ဖြစ်မယ်။ အရက်လိုလည်း မူးရမယ်" ဟု ဘာညာသရကာ အရက်မျိုးစုံ ထုတ်လုပ်ရောင်းချနေသည့် အရက်ကုမ္ပဏီ ပိုင်ရှင်က စဉ်းစားသည်။ ဖြစ်နိုင်မလားဟု အရက်ချက် လုပ်သားတွေကို မေးသည်။ 

အဖြေက နွားနို့အရက် ဖြစ်နိုင်သည်။
မဖြစ်နိုင်စရာလည်း အကြောင်းမရှိ။ နာနတ်ဝိုင်၊ စပျစ်ဝိုင်တို့ကို ဈေးပေါပေါဖြင့် ထုတ်ရောင်းဖူးပြီ။ နွားနို့ရောတာလောက် ကလေးကတော့ အပျော့။ အေးဆေး။ 

ဆိုဂျူတစ်ပုလင်းကို သုံးရာဖြင့် ရောင်းနိုင်သည်။ မန်ကျည်းအရက် ကိုလည်း စည်ဖြင့်ထည့်ကာ ဘီယာလို ရောင်းခဲ့ပြီးပြီ။ အရက်သမားများ တစ်ခဲနက်အားပေး ခဲ့ကြသည်ကော။  
ယခုတော့  ထိုအရက်သမားများ အားမပေးနိုင်တော့။ အကုန်ဖောရှောကာ သေကုန်ပြီဖြစ်သည်။ 

ဒါက မထူးဆန်း။ တစ်ဗိုလ်တက်လျှင် တစ်ဗိုလ်ဆင်းမည်။ ရဲရဲတောက် အရက်သမားများဖြစ်သည်။ ထို့ကြောင့် ဈေးကွက်သစ်ရှာရမည်။ 
သမ္မတကြီးက လမ်းညွှန်ချက် ချပေးခဲ့ပြီ။
အရက်အစား နွားနို့သောက်ရမည် တဲ့။ ဘယ်အရက်သမားမှ နွားနို့ပြောင်း သောက်မည်ဟုတ်။ သောက်ခြင်းသောက် နွားနို့အရက် ကိုသာ သောက်လိမ့်မည်။ ဒါဆို ဈေးကွက်အောင်ပြီ။
နွားနို့အရက် ချက်ဖို့ကလည်း ဘာမှမခက်။ ယခင် အရက်ချက်နည်း အတိုင်း ချက်ပြီး အဖြူရောင်နှင့် နို့အရသာ ထည့်လိုက်ရုံသာ ဖြစ်သည်။ 
(အရက်ချက်နည်း ကိုတော့ မဖော်ပြတော့ပြီ။ အရက်သမား များ အော်ဂလီဆန်မည် စိုးသောကြောင့် ဖြစ်သည်)

တိရစ္ဆာန်ချစ်သူများ အဖွဲ့ကလည်း လူတွေ နွားနို့သောက်ခြင်းကြောင့် နွားပေါက်ကလေးတွေ အတွက် နို့ဝေစု နည်းသွားမည်။ နွားနို့ဝအောင် မစို့ရလျှင် နွားကလေးတွေ ပိန်မည်။ ဒါဆို နွားအခွင့်အရေး ချိုးဖောက် ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် လူများ အရက်မသောက်ဘဲ နွားနို့ကိုသာ သောက်ပါက နွားအကောင်ရေ များလာမည်။ ဒါဆို မြက်တွေ ပိုကုန်မည်။
မြက်တွေ မျိုးတုံးသွားနိုင်သည်။ ဒါဆို သဘာဝပတ်ဝန်းကျင် ကိုလည်း ထိခိုက်နိုင်သည် ဟု သဘာဝပတ်ဝန်းကျင် သမားများက တွေးကြပြန်သည်။ သူတို့က အမျိုးသား အကျိုးစီးပွား ထက် သစ်ပင်သစ်ရိပ် မရှိတော့မည်ကိုသာ ဦးစားပေး တွေးပူကြသူများ ဖြစ်သည်။ 

နွားနို့ရောင်းသည့်  ကုလားများတော့ တွက်ခြေကိုက်သည်။ အရင်က နို့တစ်ပုံး ကုန်အောင် မနည်းရောင်းရသော်လည်း ယခုတော့ နို့နှစ်ပုံး ကုန်သည်။ တကယ်တော့ ရေနှစ်ပုံး ကုန်သွားခြင်းသာ ဖြစ်သည်။ ကုလားတို့ ပျော်လေသည်။  
ကုလားက စာဖတ်သည်။ နို့သောက်ရမည်ဟု ညွှန်ကြားကြောင်း ဖတ်လိုက်ရသည့် သမ္မတကြီးကို ကုလား ကျေးဇူးတင်သည်။ ဂျိုးဖြူရေ ကိုလည်း ကုလား ကျေးဇူးတင်သည်။ 
"ဟာရေး... ကုလား... အားဂျီးကျေးဂျုး တင်ဒလယ် ညော်" ဟုဆိုသည်။ 

ဒီမိုတွေကတော့ ထုံးစံအတိုင်း အစိုးရကို အပြစ်တင်သည်။ နွားနို့က နေရာတိုင်းတွင် မရ။ အရက်သာ လမ်းတိုင်းတွင် ရသည်။ ဒါကြောင့် အရက်သမားတွေ များတာဟု ဆိုသည်။

အရက်စက်ရုံတွေ နေရာအနှံ့ ရှိနေပြီး အရက်တွေ ဈေးပေါနေခြင်းသည် အစိုးရကြောင့် ဟု ဒီမိုတွေက ဆိုသည်။ ဒါကလည်း ရိုးနေဘီ။
ဒီမိုတွေက အစိုးရဘာလုပ်လုပ် အပြစ်တင်ဖို့တာဝန် သူတို့မှာရှိသည်ဟု ခံယူထားကြပုံ ရသည်။ 

အစိုးရလော်ဘီတွေ ကတော့ နွားနို့ ကောင်းကြောင်း ဝါဒဖြန့်သည်။
နွားနို့သောက်သဖြင့် သမ္မတဖြစ် သွားသော ပုံပြင်တွေကို ပြောကြသည်။ သူတို့ ကလည်း အစိုးရဘာလုပ်လုပ် ကောင်းသည်ဟု ဇွတ်ငြင်းသူများ ဖြစ်သည်။ 

လယ်သမားများ ကတော့ သနားစဖွယ်။  "ငါတို့မှာ နွားမှ မရှိတော့တာ ဘယ်က နွားနို့ရမလဲ" ဟု စဉ်းစားသည်။ အရင်က နွားနို့သောက်ခဲ့သည့် အချိန်များကို ပြန်တမ်းတကုန်ကြသည်။ မျက်ရည် ပေါက်ပေါက်ယိုသည်။ တစ်ဖက်နိုင်ငံတွေသို့ ရောက်ကုန်သော နွားများကို လွမ်းဆွတ်လာသည်။ ယခုတော့ နွားတွေ မရှိသဖြင့် ထွန်စက်တွေကို အားကိုးရသည်။  ထိုစက် တွေကလည်း နှစ်ပတ်လောက် လှိမ့်လိုက်လျှင် ထယ်သွားတွေ ခွေကုန်သည်။ ဒီဇယ်လည်း ကုန်သည်။
နွားနှင့်ဆို ဒီလိုမဖြစ်။ နောက်ချေးလည်း ရသည်။ နွားနို့လည်း သောက်ရသည်။

ဒီလိုနှင့် တိုင်းပြည်ထဲတွင် နွားနို့နှင့် အရက်ကိစ္စ တော်တော် ရှုပ်ထွေးသွားသည်။ 

အရက်သမားများ ကတော့ ဆုံးဖြတ်ချက် ခိုင်မာသည်။ နွားနို့ကို မသောက်။ အရက်သာ သောက်မည်။ ပြဿနာက အရက်မသောက် တဲ့လူတွေ ဖြစ်သည်။
အရက်မသောက်တဲ့ လူတွေက မဆီမဆိုင် ကန့်ကွက်ကြသည်။ ဝေဖန်ကြသည်။ ရှုတ်ချကြသည်။ အရက်သမားက ဘာဖြစ်၊ သမ္မတကြီးက ဘာဖြစ်၊ နွားနို့က ဘာဖြစ် စသဖြင့် လျှာအရိုးမရှိ လျှောက်ပြောကြသည်။

ဒီထဲမှာ စုန်းပြူးအရက်သမား အချို့တော့ ရှိသည်။ ဒီမို အရက်သမားက အရက်ဝိုင်းတွင် နွားနို့မကောင်းကြောင်း လျှောက်ပြောသည်။ အစိုးရကို ထောက်ခံသူ အရက်သမား ကတော့ နို့မှုန့်နှင့် အရက်ကို ရောသောက်သည်။ ပြီးလျှင် ဘယ်သူမှမမြင်အောင် ဖွက်ကြသည်။ သူ့နည်းနှင့်သူ ဟန်ကျပေစွ တကား။

သို့နှင့် ...
မကြာမီ အရက်ဆိုင်တွင် ကြော်ငြာတစ်ခု လာကပ်သွားသည်။ ထိုကြော်ငြာ ပိုစတာကို ကြည့်ရင်း အရက်သမားများ သွားရည် ပလောက်ခနဲ၊ ပလောက်ခနဲ ယိုစီးကုန်သည်။ 

ကြော်ငြာထဲမှာက ကုန်စည်နှင့် ကိုက်ညီအောင် အလန်းလွန်နေသော မော်ဒယ်လေး။
စာသားကတော့ “ခွန်အားတိုး နို့အရက်” ဟူ၍ဖြစ်သည်။ ဝမ်းမြောက်လွန်း သဖြင့် အရက်သမားများ လမ်းပေါ်ထွက်၍ ဘရိတ်ဒန့် ဆွဲကြလေ တော့သတည်း။ 


အချွန်နှင့် “မ” မည့် စိုပြေ (သံချောင်းပါတီ)

ဒီနေ့က ဂျာနယ်ဖတ်မိခြင်းကို စိုပြေတစ်ယောက် နောင်တရနေသည်။ အခုတော့ မတတ်နိုင်တော့။ လူကြီး မိဘစကား နားထောင်ရမည်ဟု အမေက ဆုံးမထားသည်။

စိုပြေ ဝမ်းနည်းနေသည်။ ရင်ကွဲပက်လက်ကလေး ဖြစ်နေသည်။ ငယ်ချစ်ဦးကို စွန့်လွှတ်ရတော့မည်။
စိုပြေ ငိုလေသည်။

ဒီကိစ္စက သမ္မတကြီးကြောင့် ဖြစ်သည်။
ဂျာနယ်ထဲမှာ သတင်းတွေ ပါလာသည်။ ကျေးလက်နေ ပြည်သူလူထုမှာ အရက်သောက်သုံးမှု များပြားနေသောကြောင့် အရက်အစား နွားနို့သောက်ကြ ပါရန် သမ္မတကြီးက တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။ သမ္မတကြီးကို အဖရင်းသဖွယ် ကြည်ညိုလာသည့် စိုပြေတစ်ယောက် ဒီကိစ္စကိုတော့ ကန့်ကွက်လိုသည်။ ဒါက စိုပြေ့အရေး တစ်ခုတည်းမဟုတ်။ အမျိုးသားရေး ဖြစ်သည်။

သမ္မတကြီးက နွားနို့ သောက်ခိုင်းသည်။ အရက်ကိုလည်း ဖြတ်ခိုင်းသည်။ အရက်ကြောင့် အမှုအခင်းတွေ အဖြစ်များလို့ အရက်အစား နွားနို့သောက်ကြပါဟု သမ္မတကြီးက တိုက်တွန်းလိုက်သည်။ ထိုအခါ အရက်သမားတွေ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ နွားနို့က မူးလို့လားဟု အရက်သမားတွေ စမ်းကြည့်ကြသည်။ မြန်မာပြည်ကလူ တော်တော်များများ နွားနို့ မသောက်ဖူးကြ။ အရက်ပဲ သောက်ဖူးကြသည်။ ဒါကို ဂရန်းရွိုင်ရယ်မှ တာဝန်ရှိသူများ အသိဆုံး။

လေးပွင့်ဆိုင်တွေ့ဆုံရေး ထပ်မံတောင်းဆိုရန် စဉ်းစားနေဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ချင်းပြည်နယ်ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ် ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ) / 7day Daily

သမ္မတ၊ လွှတ်တော်နာယက၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လေးပွင့်ဆိုင်တွေ့ဆုံပွဲအတွက် ထပ်မံတောင်းဆိုရန် စဉ်းစားနေသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

““ဒါ စဉ်းစားနေပါတယ်။ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စကတော့ လုပ်ရမှာပေါ့””ဟု လေးပွင့်ဆိုင်တွေ့ဆုံမှုအတွက် ထပ်မံတောင်းဆိုရန် ရှိ၊မရှိ သတင်းထောက်များ၏ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသည်။

““ဘယ်ကိစ္စမဆို တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုနဲ့ အဖြေရှာပြီး ဆောင်ရွက်တာ အကောင်းဆုံးပါပဲ။ မိမိအနေနဲ့ကတော့ တွေ့ဆုံဆွေးနွေးမှုများကို ကြိုဆိုတယ်။ လက်ခံတယ်။ တကယ်လို့ ထပ်ပြီး ကြိုးစားတောင်းခံလာမယ်ဆိုရင် မိမိဘက်ကတော့ လက်ခံမှာဖြစ်ပါတယ်”” ဟု ဇန်န၀ါရီ ၂၃ ရက် က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွ မဲရုံတွေကို ပိတ်ဆို့ ဆန္ဒပြ

ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွ မဲရုံတွေကို ပိတ်ဆို့ ဆန္ဒပြ


ထိုင်းနိုင်ငံအတွင်း မဲပေးမယ့်နေ့မှာ သက်ဆိုင်ရာ မဲဆန္ဒနယ်တွေမှာ မရှိနိုင်တဲ့လူတွေအတွက် ကနဦး မဲပေးမှုတွေ ဇန်န၀ါရီ ၂၆ ရက်က စတင်နေလို့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက မဲပေးမှုကို နှောက်ယှက်ဖို့ မဲရုံ အနည်းဆုံး တရုံရှေ့မှာ စုရုံး ရောက်ရှိနေပါပြီ။

မဲပေးမယ့် အဆောက်အဦထဲကို နောက်ထပ်လူတွေ ၀င်လို့မရအောင် တားဆီးဖို့ ဆန္ဒပြသူတွေက ၀င်ပေါက်ကို သော့ခတ်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာပဲ မဲရုံတွင်းမှာတော့ လူတွေက ဆက်မဲပေးလျက်သား ရှိခဲ့ကြပါတယ်။ တကယ်လို့ ဆန္ဒပြသူတွေက ထွက်မသွားရင် 

http://www.myanmarcnn.com/2014/01/blog-post_7756.html

ထိုင်းနိုင်ငံအတွင်း မဲပေးမယ့်နေ့မှာ သက်ဆိုင်ရာ မဲဆန္ဒနယ်တွေမှာ မရှိနိုင်တဲ့လူတွေအတွက် ကနဦး မဲပေးမှုတွေ ဇန်န၀ါရီ ၂၆ ရက်က စတင်နေလို့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက မဲပေးမှုကို နှောက်ယှက်ဖို့ မဲရုံ အနည်းဆုံး တရုံရှေ့မှာ စုရုံး ရောက်ရှိနေပါပြီ။

မဲပေးမယ့် အဆောက်အဦထဲကို နောက်ထပ်လူတွေ ၀င်လို့မရအောင် တားဆီးဖို့ ဆန္ဒပြသူတွေက ၀င်ပေါက်ကို သော့ခတ်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာပဲ မဲရုံတွင်းမှာတော့ လူတွေက ဆက်မဲပေးလျက်သား ရှိခဲ့ကြပါတယ်။ တကယ်လို့ ဆန္ဒပြသူတွေက ထွက်မသွားရင်

မဲပေးမှုကို ရပ်ဆိုင်းထားကောင်း ထားရလိမ့်မယ်လို့ ရတ်ချသေ၀ီ ခရိုင်အုပ်ချုပ်ရေးရုံး ညွှန်မှူး လက်ကနာ ရော့ဂျနာဝမ်က ပြောပါတယ်။

မဲရုံတွေကို ပိတ်ဆို့တာ တရားမ၀င်ဘူးဆိုတာကို သူတို့ကို အသိပေးပြီး ညှိနှိုင်းရလိမ့်မယ် ဒါပေမယ့် သူတို့ ဆက်လုပ်နေရင်တော့ မဲပေးမှုကို ဆက်လုပ်နိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

လက်မှတ်အတုဖြင့် အမွေဆိုင်အိမ်ကို ရောင်းချခံရပြီး တရားစွဲခံရသော မိသားစု အမှုမှန်ပေါ်ရန် လိုလားနေ




ရန်ကုန်၊ ဇန်နဝါရီ ၂၅။
ပုဒ်မ(၁၈၆)ဖြင့် တရားစွဲဆိုထားသော အမူကိုရင်ဆိုင်နေရခြင်းနှင့် လက်မှတ်အတုဖြင့် အမွေဆိုင်အိမ်အား ရောင်းချခဲ့သော အမူတို့ကို တရားဥပဒေမှ အဖြစ်မှန် ပေါ်ပေါက်ရန်အတွက် ပြန်လည်စိစစ်ပေးရန် မီထ္တီလာခရိုင် သာစည်မြို့နယ်၊ အမှတ်(၄)ကျောင်းကြီးရပ်ကွက်တွင် နေထိုင်သော ဒေါ်မြင့်မြင့်တင်မှ ဇန်နဝါရီ ၂၅ရက်က MJN ရုံး၌ ပြောကြားခဲ့သည်။
ဒေါ်မြင့်မြင့်တင်က “ကျွန်မတို့အမွေဆိုင်အိမ်ကို လက်မှတ်အတု ထိုးပြီးတော့ ဦးဝင်းတိုးကို ရောင်းလိုက်တယ် လက်မှတ်အတုကို ဘယ်သူကထိုးလိုက်တာလည်းတော့ ကျွန်မတို့သေသေ ချာချာတော့ မသိဘူး ဒါပေမဲ့ လက်မှတ်က  ကျွန်မအဖေ ဦးဝင်းမောင်ကြည်ရဲ့လက်မှတ် မဟုတ်ဘူး အတုဖြစ်နေတယ် အဖေကလည်း အဲဒီလက်မှတ်ကို မထိုးဘူး ဒီအိမ်ရဲ့ဂရန်စာချုပ်ကိုလည်း ဦးဝင်းအောင်ကြည် ကိုင်ထားတာ အဖေသဘော မတူဘဲနဲ့ သူတစ်ဦးတည်းဆုံးဖြတ်ချက်နဲ့ ရောင်းသွားတာပါ ကျွန်မတို့ကတော့ ဒီအိမ်ကို မရောင်းနိုင်ပါဘူး ရောင်းလိုက်မယ်ဆိုရင် ကျွန်မတို့မှာနေစရာအိမ် မရှိတော့ပါဘူး”ဟု ပြောသည်။
Related Posts Plugin for WordPress, Blogger...

ShareThis