
အိန္ဒိယနိုင်ငံ
Madhya Pradesh ပြည်နယ် ကျေးရွာတစ်ရွာမှ ပူပူနွေးနွေး လက်ထပ်ပြီးစ
အမျိုးသမီးတစ်ဦးဟာ သူ့ယောက်ျားအိမ်မှာ အိမ်သာမရှိတဲ့အတွက်၊ အိမ်သာ
ဆောက်ပေးဖို့ ပြတ်ပြတ်သားသား တောင်းဆိုခဲ့တာကြောင့် ယခုနှစ်မှာ
သူရဲကောင်းဆု ချီးမြှင့်ခံရပါတယ်။
Anita
Narre ဆိုတဲ့ အမျိုးသမီးငယ်ဟာ မနှစ်က မေလမှာ လက်ထပ်ခဲ့ပြီး၊
နှစ်ရက်အကြာမှာ သူ့ယောက်ျား Shivram ရဲ့ နေအိမ်ကနေ ဆင်းလာခဲ့ပါတယ်။
အကြောင်းကတော့ သူ့ယောက်ျားအိမ်မှာ အိမ်သာမရှိလို့ပါ။



ရတနာပုံတယ်လီပို့မှ
ဖွင့်လှစ်ထားတဲ့ Call Center ကိုဆက်သွယ်ပြီး မေးမြန်းမှုအားလုံး အတွက်
တစ်မိနစ်လျှင် ၃၀ကျပ်နှုန်းနဲ့ ယခုဖေဖော်ဝါရီလမှ စတင်ကာ
ဝန်ဆောင်ခကောက်ခံနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အခုလို ၀န်ဆောင်ခ
ကောက်ယူချိန်ကစတင်ပြီး English ဘာသာနဲ့ မြန်မာဘာသာ အတွက် ၀န်ဆောင်မှုကို
၂၄နာရီ ၀န်ဆောင်မှု ပေးလျက်ရှိကာ တရုတ်၊ ဂျပန်၊ မလေးရှား၊ ဂျာမနီ၊
ကိုရီးယား၊ ပြင် သစ်အစရှိတဲ့ ဘာသာစကားတို့အတွက် ဖြေကြားမှုကိုတော့ နံနက်
၉နာရီမှ ညနေ ၅နာရီအတွင်းသာ ဖြေကြားပေးမှာ ဖြစ်ပါ တယ်။





