menu

Wednesday 2 October 2013

မြန်မာတွေဟာ အာဏာရဖို့အတွက် အမြဲတမ်းရန်ဖြစ်ကြတယ် (ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် တွေ့ဆုံခြင်း)


အစိုးရသက်တမ်းတစ်ဝက်ကျော် ကာလကို ရောက်လာတဲ့အချိန်မှာ ဝန်ကြီးတို့အနေနဲ့ ဘာတွေ လုပ်ခဲ့နိုင်ခဲ့ပြီလဲခင်ဗျ။
နိုင်ငံရေးအရဆိုရင် ဒေါ်အောင်ဆန်းစုကြည်ပါတီအပါအဝင် ပါတီတွေ အားလုံးနဲ့ ပို၍နားလည်အောင် တွေ့ဆုံ လို့ရအောင် လုပ်ခဲ့တာပေါ့။ နောက်ပြီး လွှတ်တော် ထဲထိေ ရာက်အောင် လုပ်နိုင် ခဲ့တယ်။ ဒါတွေအပြင် နိုင်ငံတကာ နယ်ပယ်မှာ မြန်မာအစိုးရကို ယခင်က ထက်စာရင် တင့်တောင့်တင့် တယ် ဆောင် ရွက်ရတာပေါ့။ ထို့အတူ ပဲမီဒီယာ တွေ ထို့အတူပဲ ဆန္ဒပြခွင့်တွေ၊ ထို့ အတူပဲ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်တွေ စလုပ်ပေးခဲ့တာပေါ့ဗျာ။ တချို့တော့ လည်း ထင်သလောက် ခရီးမပေါက် သေး ဘူး။ စီးပွားရေးပိုင်းကျတော့ ကျွန် တော်တို့က Frame work  ဆွဲရတယ်။ Socio Economic Development Frame Wark ဆွဲရတယ်။ ဒါမှစီးပွားရေး ဖွံ့ဖြိုးတိုးတက် မယ်။ ပြီးခဲ့တဲ့နှစ်ကစပြီး တော့ တချို့လည်း Private Sector  တွေဖွင့်ပေး၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေကို အသစ်တွေရေးဆွဲပြီးတော့ ဒါတွေ လုပ် ခဲ့ရတာပေါ့။ ဆက်သွယ်ရေး ပိုင်း ဆိုင်ရာ ဆိုလည်း အင်တာနေရှင်နယ် တင်ဒါ စနစ်ကို စနိုင်ခဲ့တယ်။ စဖွင့်တဲ့အထိ တစ်နှစ်ခွဲလောက်ကြာတယ်။ ဒါပေမဲ့ ခု မရတော့ဘူး။ နိုင်ငံတကာ တင်ဒါ ခေါ် မယ်။ နိုင် ငံတကာက တင်ဒါကျွမ်း ကျင်သူတွေရွေးမယ်။ ဒီလိုလမ်းကြောင်း တည့်နိုင်ခဲ့တယ်။ ဒီလိုပဲ ရင်းနှီးမြှုပ်နှံမှု အပိုင်း ဒီလိုပဲ တင်ဒါအပိုင်း ဒါတွေလည်း မှန်ကန်တ ည်ငြိမ်တဲ့ လမ်းကြောင်း ပြောင်းပေးနိုင်ခဲ့တယ်။

အစိုးရမင်းများ တိုင်းခန်းလှည့်လည်ကောင်းတုန်းပဲလား

Photo: အစိုးရမင်းများ တိုင်းခန်းလှည့်လည်ကောင်းတုန်းပဲလား
-----------
ရေးသားသူ- အောင်သူရ၊ ပြည်သိမ်း

သတင်းစာဖတ်နေသော ဂျပန်ပါမောက္ခတစ်ဦး၏ ရုတ်တရက်မေးခွန်းတစ်ခုကြောင့် ဦးနှောက်စားသွားသည်။

“မင်းတို့တိုင်းပြည်ကလူကြီးတွေ အခုလို နေရာအနှံ့ လိုက်လျှောက်သွားနေတော့ သူတို့တာဝန်ယူထားတဲ့ အလုပ်တွေကို ဘယ်အချိန်လုပ်သလဲ၊ ဘယ်လိုလုပ်ကြသလဲ” တိုကျိုမြို့တွင် ထိုမေးခွန်းအမေးခံရသူ ဦးရဲမြတ်သူမှာ အဆင်ပြေအောင်ကြည့်ဖြေခဲ့ရပြီး အမှန်အတိုင်းမဖြေဖြစ်ခဲ့ဟု ဦးရဲမြတ်သူကပြောပါသည်။

အမှန်တကယ် သူဖြေချင်သောအဖြေမှာ လျှောက်သွားကြည့်နေရတာကိုက သူတို့အလုပ်ဟု ထင်နေကြတုန်းဟူ၍ ဖြစ်သည်။ မြန်မာနိုင်ငံတွင် အာဏာရှင်ဦးနေ၀င်း လက်ထက်မှစ၍ တပ်မတော်အစိုးရလက်ထက်ထိ ၀န်ကြီးဌာနများမှ ၀န်ကြီးများသည် တိုင်းခန်းလှည့်လည်ကာ၊ အားပေးကာ၊ ချီးမြှင့်ကာ ဟန်ရေးပြခဲ့ကြသည်။ ထိုအပြုအမူမျိုးမှာ သမ္မတဦးသိန်းစိန် ဦးဆောင်သော ဒီမိုကရေစီအစိုးရလက်ထက်တွင် အတန်ငယ်လျော့နည်းလာသော်လည်း ထိုကဲ့သို့ လုပ်ဆောင်မှုများရှိနေသေးသည်ဟု လုပ်ငန်းရှင်အချို့ကဆိုသည်။  အချို့သော လုပ်ငန်းရှင်ကြီးများမှာလည်း နိုင်ငံတော်အကြီးအကဲများနှင့် ၀န်ကြီးများခရီးစဉ်တွင်လိုက်ပါ၍ အလှူငွေများပေးအပ်သည့် အလေ့အထများ ယခုအချိန်အထိ ရှိနေသေးသည်။

မဆလခေတ်တွင် ပါတီဥက္ကဋ္ဌဖြစ်သူ ဦးနေ၀င်း သဘောကျစေရန် ကျန်အရာရှိများကလုပ်ပြရာမှ အဆိုပါစနစ်သည် ခေတ်စားလာခဲ့သည်။ ထို့နောက် တပ်မတော်အစိုးရလက်ထက်တွင် သတင်းစာထဲပါရန် ၀န်ကြီးများမှာ အောက်ခြေထိဆင်းလုပ်လာကြသည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးတင်ထွဋ်ဦးကဆိုသည်။

“ကိုယ့်ဝန်ကြီးကလာလို့ အတွင်းရေးမှူး(၁)ကလာလို့ ၊ အတွင်းရေးမှူး (၂)ကလာလို့ တိုင်းမှူးကလာလို့ သွားနေတာ လိုက်နေရတာနဲ့ ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ အချိန်မရှိတော့ဘူး”ဟု ဦးတင်ထွဋ်ဦးက သူ့အတွေ့အကြုံကို ပြန်ပြောပြသည်။

ထို့အပြင် တိုင်းမှူးခရီးစဉ်လိုက်နေသဖြင့် ၀န်ကြီးခရီးစဉ်တွင် မလိုက်နိုင်သည့်အခါ သက်ဆိုင်ရာဝန်ကြီး၏ ငြိုငြင်မှုများကို ခံခဲ့ရသူများလည်းရှိကြောင်း တပ်မတော်အစိုးရလက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သူ အရာရှိဟောင်းတစ်ဦးကပြောသည်။

နိုင်ငံတော်အကြီးအကဲများနှင့် ၀န်ကြီးခရီးစဉ်များတွင် ဌာနဆိုင်ရာဝန်ထမ်းများ ဒေသအာဏာပိုင်များ၊ ပြည်သူများ အလုပ်ပျက်ရလေ့ရှိသော်လည်း ထိုခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်ပေးသော လုပ်ငန်းရှင်များမှာ အကျိုးအမြတ်များစွာရရှိကြသည်။

“အရင်တုန်းကတော့ တင်ဒါမရှိတော့ ဒီလိုနည်းနဲ့ချည်းကပ်ကျတယ်။ အခုခေတ်မှာ တင်ဒါရှိလာတော့လည်း သတင်းရအောင်၊ နောက်နိုင်ငံခြားကလာတဲ့ လုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်ပေးအောင်ကပ်ကြတာ”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပွင့်ပွင့်လင်းလင်းပြောသည်။

ဝန်ကြီးများအနေဖြင့် စီမံကိန်းလုပ်ငန်းများရှိ၍ သွားရောက်ကြည့်ရှုရာတွင် လိုက်ပါသွားသော လုပ်ငန်းရှင်အချို့မှာ စီမံကိန်းနှင့်ပတ်သက်၍ တင်ဒါစနစ်ဖြင့်ခေါ်ယူသည့် လုပ်ငန်းပင်ဖြစ်စေကာမူ သတင်းအချက်အလက် ကြိုတင်သိရှိနိုင်သဖြင့် အဆိုပါလုပ်ငန်းရှင်များသည် အခြားသောလုပ်ငန်းရှင်များထက် အခွင့်အရေးပိုမိုရရှိကြသည်။ 

ထိုကဲ့သို့ လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးကလည်း “ဖားတဲ့သဘောမျိုး လုပ်တာရှိသလို ဒါလည်းလာဘ်ပေးတဲ့ ပုံစံတစ်မျိုးပါပဲ”ဟု မှတ်ချက်ပေးသည်။

ထိုကဲ့သို့ လုပ်ဆောင်ရခြင်းတွင် ပြည်တွင်းခရီးစဉ်သာမက ၀န်ကြီးများ၊ ဒုဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များ နိုင်ငံခြားသွားပါက လေယာဉ်လက်မှတ်၊ ဟိုတယ်နှင့် အသုံးစရိတ်များ၊ အထွေထွေအသုံးစရိတ်များ စီစဉ်ပေးရသည်များရှိသလို လက်တိုလက်တောင်းခိုင်းရန်အတွက် တပည့်များထည့်ပေးသည်များရှိသည်။ 

ဝန်ကြီးများအနေဖြင့် နိုင်ငံခြားသို့ သွားရောက်သည့်အခါ မိမိတို့နှင့်လိုက်ပါလာသော ပြည်တွင်းလုပ်ငန်းရှင်များအား ပြည်ပလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးသဖြင့် လုပ်ငန်းအကျိုးတူလုပ်ခွင့်များ ရရှိလာကြသည်။

အထူးသဖြင့် သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရလက်ထက်တွင် ပြည်ပမှ ရင်းနှီးမြှုပ်နှံမည့်သူများ အထူးစိတ်ဝင်စားလာသဖြင့် ထိုကဲ့သို့ ချိတ်ဆက်ပေးမှုများရှိလာကြောင်း ပြည်တွင်းလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ထို့အပြင် လူကြီးများခရီးစဉ်တွင် အဆိုပါဒေသအတွက် အကျိုးရှိ၊ မရှိ မသေချာသော်လည်း ဒေသအာဏာပိုင်အဖွဲ့နှင့် လုပ်ငန်းရှင်များအတွက် အလုပ်ရှုပ်ပြီး ကုန်ကျစရိတ်များလေ့ရှိသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်အချို့၏ ခရီးစဉ်များမှာပင် ဒေသခံအာဏာပိုင်နှင့် ပြည်သူများ အလုပ်အလွန်များရလေ့ရှိပြီး၊ ၀န်ကြီးချုပ်တစ်ဦးဆိုလျှင် သွားသည့်ခရီးစဉ်တိုင်း၌ ပြည်သူ့ဆေးရုံမှ ဆရာဝန်တစ်ဦးကို အမြဲခေါ်သွားလေ့ရှိသည့်အတွက် ထိုဆရာဝန်မှာ လူကြီးများကြားတွင် မျက်နှာရသော်လည်း ဆေးရုံတွင် ဆေးကုရလေ့မရှိသော အဖြစ်မျိုးလည်းရှိကြောင်း ထိုဒေသမှ ဆရာဝန်အချို့နှင့် ပြည်သူများကပြောသည်။

သို့သော် တစ်ခါတရံလူကြီးများရှေ့တွင် မျက်နှာရအောင် လုပ်ချင်သော ဒေသအာဏာပိုင်နှင့် ၀န်ထမ်းအချို့ကြောင့် ခရီးစဉ်ရည်ရွယ်ချက် ပျက်ရသည်များလည်းရှိသည်။

ဝန်ကြီးများအနေဖြင့် နယ်သို့ဆင်းရာတွင် ဌာနလက်ကိုင်ရှိသော ၀န်ကြီးဌာနများအနေဖြင့် သက်ဆိုင်ရာဌာနက အကုန်အကျခံပြီး ဌာနလက်ကိုင်မရှိသော ၀န်ကြီးများအတွက်မူ အုပ်ချုပ်ရေးအဖွဲ့က တာဝန်ယူရသည်ဟု ပခုက္ကူကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“စီးကူးဝန်ကြီးလာတုန်း ကျွေးမွေးစရိတ်အတွက် နှစ်သိန်း၊ လက်ဆောင်ပစ္စည်းဝယ်ဖို့အတွက် တစ်သိန်းခွဲကို ကုန်စည်ဒိုင်ကကျခံရတယ်။ ပခုက္ကူမှာ လိုအပ်တာလုပ်ဖို့အတွက် ကုမ္ပဏီတွေက ၀န်ကြီးကို သိန်း ၃၀ စုပေးရတယ်။ အဲဒီ သိန်း ၃၀ နဲ့ သူ့အိတ်ထဲက သုံးသိန်းစိုက်ပြီး ပခုက္ကူမှာ လိုအပ်တဲ့နေရာတွေမှာ ပြန်လှူသွားတယ်”ဟု အဆိုပါကုန်စည်ဒိုင်မှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

ယခုကုန်ကျစရိတ်မှာ စစ်အစိုးရလက်ထက် အစိုးရတာဝန်ရှိသူများ လာရောက်သည့် ခရီးစဉ်ကုန်ကျစရိတ်နှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးပြီး ယခင်ကဆိုလျှင် ကားကိုပင် ဆီထည့်ပေးရကြောင်း အဆိုပါအဆင့်မြင့်အရာရှိကြီးကဆိုသည်။  

သို့သော် မကြာသေးမီက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် ပခုက္ကူသို့လာရောက်ရာတွင် ယခင်ကကဲ့သို့ ကြိုဆိုမှုများပင် မလုပ်ရတော့ကြောင်း ပခုက္ကူမြို့ခံ ဦးဇင်မင်းထွန်းကပြောသည်။

“ နဂိုတုန်းက Big 5 (ဦးသန်းရွှေ၊ ဦးမောင်အေး၊ သူရဦးရွှေမန်း၊ ဦးသိန်းစိန်၊ ဦးတင်အောင်မြင့်ဦး)တို့လာရင် ဆေးသုတ်တာကအစ အကုန်လုပ်ရတယ်။ အခုတော့ Top 3 (သမ္မတနဲ့ ဒုသမ္မတနှစ်ဦး) လာမှပဲ လုပ်ကြတော့တာ တွေ့ရတယ်”ဟု ဦးဇင်းမင်းထွန်းကဆိုသည်။  

လူကြီးခရီးစဉ်အတွက် လမ်းပြင်ခြင်း၊ လမ်းလယ်ကျွန်းဆေးသုတ်ခြင်း၊ အမြင်ကောင်းစေရန် ခါတော်မီပြုပြင်ရခြင်းများကြောင့် ဒေသဖွံ့ဖြိုးရေးအတွက် သွားရောက်သည်ဆိုပါက ဒေသ၏အခြေအနေမှန်ကိုပင် သိရန်ခက်ခဲပါသည်။

အစိုးရသစ်လက်ထက်တွင် ၀န်ကြီးရုံးအသုံးစရိတ်နှင့် ဌာနဆိုင်ရာသို့ လာရောက်စစ်ဆေးသော ဧည့်သည်များအတွက် အသုံးစရိတ်အဖြစ် လွှတ်တော်ကချပေးထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကပြောသည်။

နိုင်ငံတကာအစိုးရများတွင်မူ ၀န်ကြီးအဆင့် ခရီးသွားလာကုန်ကျစရိတ်ကို လုံလောက်သည့် ဘတ်ဂျက်သီးသန့်ချထားပေးသဖြင့် ဒေသခံလုပ်ငန်းရှင်များထံမှ ငွေကြေးအပါအ၀င် အခြားသောအကူအညီများ ရယူလေ့မရှိကြောင်း နိုင်ငံရေးလေ့လာသူ သုတေသီတစ်ဦးကပြောကြားသည်။ 

အိမ်နီးချင်းထိုင်းနိုင်ငံတွင်မူ အစိုးရအဖွဲ့မှ အကြီးအကဲများအနေဖြင့် အောက်ခြေသို့ မကြာခဏသွားရောက်ခြင်းများမရှိဘဲ အရေးပေါ်အခြေအနေမျိုးတွင်သာ ရောက်လေ့ရှိသည်ဟု နေးရှင်းသတင်းစာအယ်ဒီတာ မစ္စအိန်းကပြောသည်။

မြန်မာနိုင်ငံတွင်မူ ထိုကဲ့သို့သော အခြေအနေမျိုးမဟုတ်ဘဲ မကြာခဏသွားရောက်သည်ဟု ၀န်ကြီးများရှိသလို လုံးဝမသွားသည့် ၀န်ကြီးများရှိသည်ဟု လွှတ်တော်အမတ်တစ်ဦးကပြောသည်။ 

“တို့က အခုအောက်ကျေးလက်ကိုသွားတာက အရင်တုန်းကလို မဟုတ်တော့ဘူး။ အရင်တုန်းကသွားတယ်။ ကိုယ်ပြောချင်တာပြောပြီး ပြန်လာတာ အခုကတော့ အဲဒီလိုမဟုတ်ဘူး။ သူတို့ပြောတာလည်း နားထောင်တယ်။ အပြန်အလှန်လည်း ဆွေးနွေးတယ်”ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်ကပြောသည်။

မွေးရေကျေးလက်ဝန်ကြီးအနေဖြင့် ကျေးလက်ဒေသများတွင် မီးလင်းရေးနှင့် ရေရရှိရေးအတွက် လုပ်ငန်းများ စတင်အကောင်အထည်ဖော်နေသည့်ကာလတွင် အောက်ခြေသို့ သုံးရက်ဆင်း၍ကြည့်ရှုပြီး ကျန်သုံးရက်ကိုမူ ရုံးထိုင်၍ ရုံးလုပ်ငန်းများ လုပ်ဆောင်ကြောင်း ၀န်ကြီးကဆက်လက်ပြောသည်။

“စပါးအထွက်တိုးရေး စီမံကိန်းမှာ ကောက်ပင်ဘယ်နှပင်ရှိလဲ သွားရောက်စစ်ဆေးတာမျိုးတော့ ရှောင်သင့်တာပေါ့။ နိုင်ငံတော်အဆင့်စီမံကိန်းတွေမှာဆိုရင်တော့ သွားကြည့်သင့်တယ်။ ဥပမာ ဆည်ကြီးတွေ ဆောက်တာမျိုးဆိုရင်ပေါ့”ဟု နိုင်ငံတော်သမ္မတ၏ လူမှုစီးပွားအကြံပေးအဖွဲ့ခေါင်းဆောင် ဦးတင်ထွဋ်ဦးကပြောသည်။

ထို့အပြင် ၀န်ကြီးဌာနများတွင်လည်း အဆင့်ဆင့်အလိုက် တာဝန်ပေးမှု၊ တာဝန်ခံမှုများရှိရန် ဆောင်ရွက်ပေးဖို့လိုကြောင်း ဦးတင်ထွဋ်ဦးက အကြံပြုပြောကြားသည်။

“လုံးဝမသွားဘဲနေတာလည်း မကောင်းဘူး။ သူဌေးတွေခေါ်ပြီး အုပ်စုလိုက်သွားတာလည်း မကောင်းဘူး။ အစွန်းနှစ်ဖက်လွတ်ဖို့တော့ လိုတယ်”ဟု ပြည်သူ့လွှတ်တော်အမတ် ဦးဖြိုးမင်းသိန်းကပြောသည်။

သို့သော် သတင်းကောင်းမှာ ယခုအစိုးရလက်ထက်တွင် ဗဟိုချုပ်ကိုင်မှုနှင့် ဟန်ရေးပြတိုင်းခန်းလှည့်လည်ခြင်းများ လျှော့ချရန် အစိုးရက ပိုမိုကြိုးပမ်းလာသည်ကို တွေ့ရသည်။

သမ္မတဦးသိန်းစိန်က သြဂုတ် ၉ ရက်က တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများကို ပြောကြားသည့်မိန့်ခွန်းတွင် ဗဟိုချုပ်ကိုင်မှုကို လျှော့ချပြီး အဆင့်ဆင့်တာဝန်ယူမှုဖြင့် လုပ်ကိုင်ရန် အထူးအလေးပေး ပြောခဲ့သည်ကိုလည်း တွေ့ရသည်။

လက်ကျန်အစိုးရသက်တမ်းတွင် အပြောင်းအလဲများကို ပြည်သူများပိုမိုခံစားနိုင်ရန်နှင့် တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် ဒုဝန်ကြီး ၂၃ ဦးကို အထူးတာဝန်ပေးထားသည်ကိုလည်း တွေ့ရသည်။

သို့သော် စနစ်ဟောင်းမှ အတွေးအခေါ်ဟောင်းများရှိနေသော ၀န်ကြီးအချို့၊ ၀န်ထမ်းများ၊ ဒေသအာဏာပိုင်များကြောင့် မရောင်ရာဆီလူးသော၊ မလိုအပ်ဘဲ တိုင်းခန်းလှည့်လည်၊ ကြည့်ရှုအားပေး၊ ဖဲကြိုးလိုက်ဖြတ်မည့်ခရီးစဉ်များ လုပ်ရပ်များကလည်း ရှိနေသေးသည်။

“စနစ်သစ်ကို ပြောင်းနေတဲ့အချိန်မှာ လူတိုင်းက အသစ်တွေကိုသိဖို့လိုတယ်။ အရင်က အဟောင်းတွေကို လက်ကိုင်မထားသင့်ဘူး”ဟု စီမံရေးကျွမ်းကျင်သူ ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခ (ငြိမ်း)ဒေါ်ရီရီမြင့်ကပြောသည်။ 

အပေါ်ပိုင်းတွင်ပြုလုပ်နေသော ပြောင်းလဲမှုအခြေအနေမှန်များအား အောက်ခြေသို့သိရှိရန် ဆောင်ရွက်ရသကဲ့သို့ အောက်ခြေကအခြေအနေမှန်ကို အပေါ်ပိုင်းက သိရှိအောင် ဆောင်ရွက်ရမှုများတွင် အကုန်အကျများသော တိုင်းခန်းလှည့်လည်မှုမျိုး မဖြစ်စေလိုကြောင်း ဒေါ်ရီရီမြင့်ကအကြံပြုသည်။            ။

ရေးသားသူ- အောင်သူရ၊ ပြည်သိမ်း

သတင်းစာဖတ်နေသော ဂျပန်ပါမောက္ခတစ်ဦး၏ ရုတ်တရက်မေးခွန်းတစ်ခုကြောင့် ဦးနှောက်စားသွားသည်။

“မင်းတို့တိုင်းပြည်ကလူကြီးတွေ အခုလို နေရာအနှံ့ လိုက်လျှောက်သွားနေတော့ သူတို့တာဝန်ယူထားတဲ့ အလုပ်တွေကို ဘယ်အချိန်လုပ်သလဲ၊ ဘယ်လိုလုပ်ကြသလဲ” တိုကျိုမြို့တွင် ထိုမေးခွန်းအမေးခံရသူ ဦးရဲမြတ်သူမှာ အဆင်ပြေအောင်ကြည့်ဖြေခဲ့ရပြီး အမှန်အတိုင်းမဖြေဖြစ်ခဲ့ဟု ဦးရဲမြတ်သူကပြောပါသည်။

အမှန်တကယ် သူဖြေချင်သောအဖြေမှာ လျှောက်သွားကြည့်နေရတာကိုက သူတို့အလုပ်ဟု ထင်နေကြတုန်းဟူ၍ ဖြစ်သည်။ မြန်မာနိုင်ငံတွင် အာဏာရှင်ဦးနေ၀င်း လက်ထက်မှစ၍ တပ်မတော်အစိုးရလက်ထက်ထိ ၀န်ကြီးဌာနများမှ ၀န်ကြီးများသည် တိုင်းခန်းလှည့်လည်ကာ၊ အားပေးကာ၊ ချီးမြှင့်ကာ ဟန်ရေးပြခဲ့ကြသည်။ ထိုအပြုအမူမျိုးမှာ သမ္မတဦးသိန်းစိန် ဦးဆောင်သော ဒီမိုကရေစီအစိုးရလက်ထက်တွင် အတန်ငယ်လျော့နည်းလာသော်လည်း ထိုကဲ့သို့ လုပ်ဆောင်မှုများရှိနေသေးသည်ဟု လုပ်ငန်းရှင်အချို့ကဆိုသည်။ အချို့သော လုပ်ငန်းရှင်ကြီးများမှာလည်း နိုင်ငံတော်အကြီးအကဲများနှင့် ၀န်ကြီးများခရီးစဉ်တွင်လိုက်ပါ၍ အလှူငွေများပေးအပ်သည့် အလေ့အထများ ယခုအချိန်အထိ ရှိနေသေးသည်။

ထရုံလူမျိုးစု၏ နောက်ဆုံးသုံးယောက်

Photo: ထရုံလူမျိုးစု၏ နောက်ဆုံးသုံးယောက်
-----------------
ရေးသားသူ- ရဲနောင်

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဆီဒိုးနားဟိုတယ်၌ဖြစ်သည်။ သူ့လက်ထဲတွင်ကိုင်ထားသော ကော်ဖီခွက်ကို တစ်ဝက်ပင် ကုန်အောင်သောက်ခွင့်မရပါ။ “ဓာတ်ပုံရိုက်ချင်လို့”ဟု ခွင့်ပြုချက်တောင်းခံသူ အမျိုးသား၊ အမျိုးသမီးအချို့က သူနှင့်တွဲလျက် ဓာတ်ပုံရိုက်ခံကြသည်။ လက်ကိုင်ဖုန်း၊ ကင်မရာများအပြင် သတင်းဌာနများ၏ ကင်မရာမီးများက တဖျပ်ဖျပ်လင်းကုန်ကြ၏။

နှစ်ဆယ့်လေးနာရီ အချိန်အပိုင်းအခြားအတွင်း သူ၏အကြောင်းနှင့်ဓာတ်ပုံများ သတင်းစာမျက်နှာအချို့တွင် ပါလာသည်။ ဖေ့စ်ဘွတ်ခ်ကဲ့သို့သော အင်တာနက်စာမျက်နှာများတွင်ပါ ပျံ့နှံ့သွားသည်။ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခရောင်းကျေးရွာမှ ထရုံတိုင်းရင်းသားကိုဒါဝိကို မြန်မာ-အမေရိကန်ချစ်ကြည်ရေး ဂမ်လန်ရာဇီတောင်တက်ခရီးစဉ်အပြန်တွင် ထူးကုမ္ပဏီက ရန်ကုန်မြို့သို့ အလည်အပတ်ခေါ်ဆောင်လာစဉ် ယခုကဲ့သို့ ကြုံတွေ့နေရခြင်းဖြစ်သည်။

ကိုဒါဝိသည် မြန်မာနိုင်ငံရှိ လူပုမျိုးရိုးဖြစ်သည့် ထရုံလူမျိုးစု၏ နောက်ဆုံးလက်ကျန်သုံးဦးထဲမှ တစ်ဦးဖြစ်သည်။

မဖြူမညိုအသားအရေနှင့် နှုတ်ခမ်းမွေးပါးပါးရှည်ရှည်ရှိသော ကိုဒါဝိက “ပျော်ဖို့ကောင်းပါတယ်”ဟု ဓာတ်ပုံရိုက်ခံနေရင်း တိုင်းရင်းသားဘာသာစကားတစ်ခုဖြင့် ပြောသည်။ စကားနည်း၍ ခပ်တည်တည်နေတတ်သော မျက်နှာသွင်ပြင်ရှိသော်လည်း ကျဉ်းသွယ်သောမျက်ဝန်းများတွင် သူ၏အတွင်းစိတ်ရိုးသားမှုကို အလွယ်တကူတွေ့မြင်နိုင်သည်။ ထရုံလူမျိုးစု၏ ၀ိသေသတစ်ခုဖြစ်သည့် အရပ်သုံးပေခွဲသာသာရှိသော သူ့အရပ်အမြင့်က အသက်(၆၀)နီးပါးရှိသည်ဟုဆိုလျှင် မယုံနိုင်စရာဖြစ်ပါလိမ့်မည်။

အရှေ့တောင်အာရှ၏ အမြင့်ဆုံးဟုသတ်မှတ်ထားသော ပေတစ်သောင်းကိုးထောင်ကျော်မြင့်သည့် ခါကာဘိုရာဇီနှင့် ဂမ်လန်ရာဇီရေခဲတောင်ခြေရင်းရှိ ခရောင်းကျေးရွာတွင် ကိုဒါဝိတို့ မိသားစုအစဉ်အဆက် နေထိုင်ခဲ့ကြသည်ဟုဆိုသည်။ မြန်မာပြည်၏မြောက်ဘက်အစွန်ဆုံး တိဗက်လူမျိုးများနေထိုင်သည့် တဟွမ်ဒမ်းရွာနှင့် ခရောင်းရွာမှာ လေးမိုင်ခန့်သာကွာဝေး၏။ 	

အိမ်ခြေသုံးဆယ်ခန့်ရှိသော ခရောင်းရွာတွင် အများစုမှာ ရ၀မ်တိုင်းရင်းသားများဖြစ်ပြီး ထရုံလူပုတိုင်းရင်းသားမှာ ကိုဒါဝိတို့ မောင်နှမသုံးယောက်သာ ကျန်ရှိတော့သည်။

“ဘာမှတော့မဖြစ်ပါဘူး။ တစ်ခါတစ်ခါစိတ်မကောင်းဘူး။ အရင်တုန်းက အမေ၊ အဖေတို့ရှိတယ်”ဟု ခရောင်းရွာတွင် ထရုံတိုင်းရင်းသား တဖြည်းဖြည်းလျော့နည်းလာခြင်းအပေါ် ကိုဒါဝိက ရ၀မ်တိုင်းရင်းသားစကားဖြင့် ပြောလိုက်သည်။

လွန်ခဲ့သောဆယ်နှစ်ခန့်က ဆုံးပါးခဲ့သော သူနှင့်လူမျိုးတူ အမျိုးသမီးနှင့်လည်း အမွေဆက်ခံဖို့ရာ သားသမီးသွေးသားရင်း မထွန်းကားခဲ့ပေ။ ယခုလက်ရှိတွင် အသက်(၆၅)နှစ်ခန့်ရှိသော စိတ်ဝေဒနာသည် အစ်မဖြစ်သူအား အလုပ်အကျွေးပြု အတူနေထိုင်သည်ဟုဆိုသည်။

“အသက်(၄၀)လောက်ရှိတဲ့ သူ့ညီမကလည်း ရွာထဲမှာ ရ၀မ်တစ်ယောက်နဲ့ အိမ်ထောင်ကျတယ်။ သားတွေသမီးတွေ အရွယ်ရောက်ကုန်ပြီ။ အားလုံးသာမာန်အရပ်ပဲ။ အရပ်မပုကြတော့ဘူး”ဟု ကိုဒါဝိ၏မိတ်ဆွေဖြစ်သူ ခါကာဘိုရာဇီရေခဲတောင် ပထမဆုံးတက်နိုင်ခဲ့သော မြန်မာနိုင်ငံသားအဖြစ် မှတ်တမ်းတင်ခံရသူ ကိုနမားဂျွန်ဆင်ကပြောသည်။

“သူတို့ အရပ်ရှည်တာကောင်းတယ်”ဟု သူ့ညီမ၏သားသမီးများဖြစ်သော တူ၊ တူမများနှင့်စပ်လျဉ်း၍ ကိုဒါဝိကပြန်လည်ချေပသည်။

အလွန်နည်းပါးသော အရေအတွက်ရှိသည့် ထရုံတိုင်းရင်းသားများနှင့်ပတ်သက်၍ တစ်နှစ်ပတ်လုံး နှင်းများဖုံးလွှမ်းနေသော တောင်တန်းများရှိ မြန်မာနိုင်ငံ၏ အမေ့ပျောက်ခံတိုင်းရင်းသားဟု ဂျာမန်လူမျိုး Wolfgang H.Trost က ၂၀၀၂ ခုနှစ်က ခရောင်းကျေးရွာတွင် ကိုဒါဝိတို့မိသားစုနှင့်တွေ့ဆုံခဲ့မှုကို မှတ်ချက်ပြုထားသည်။

ရန်ကုန်တက္ကသိုလ် မနုဿဗေဒဌာန၏ ၁၉၉၇ ခုနှစ်တွင် ကွင်းဆင်းသုတေသနပြုမှုအရ မြန်မာနိုင်ငံတွင် ထရုံလူပုတိုင်းရင်းသား ခြောက်ဦးသာ ကျန်ရှိတော့သည်ဟု ဖော်ပြထား၏။

“သူတို့သုံးယောက်မရှိရင်တော့ မြန်မာနိုင်ငံမှာ ထရုံလူပုဆိုတာ မရှိတော့ဘူး”ဟု ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်တွင် နှစ်ကာလရှည်ကြာစွာ တာဝန်ထမ်းဆောင်ခဲ့သူ ဦးသိန်းအောင်ကပြောပါသည်။

ခရောင်းကျေးရွာတွင် မိဘများရှိစဉ်ကပင် ရ၀မ်တိုင်းရင်းသားများနှင့်အတူ နေထိုင်လာခဲ့ခြင်းသည် ကိုဒါဝိအဖို့ “ပျောက်ကွယ်တော့မည်”ဟု မှတ်ချက်ပြုချက်က စိုးရိမ်စရာကိစ္စတစ်ရပ် မဟုတ်ခဲ့ပါ။ နံနက်လင်းလျှင် အများနည်းတူ တောင်ယာလုပ်ငန်းခွင်ဝင်မည်။ ဆတ်၊ ဂျုံ၊ ပြောင်းကို အဓိကထား စိုက်ပျိုးစားသောက်၏။ ဆန်ရှားပါးပြီး ဆန်နီကြမ်းသာရှိသည်ဟု ကိုဒါဝိကပြောသည်။ တောင်ယာလုပ်ငန်းခွင်တွင် သူ့ဘ၀ကို ပျော်ပျော်ပါးပါးမြှုပ်နှံထားပြီး တစ်ခါတစ်ရံ အမဲလိုက်သည်ဟုဆိုသည်။

“သူ့ဘ၀ကတော့ ထူးထူးခြားခြားမရှိပါဘူး။ အလုပ်ကလည်း အများတွေလိုပဲ တောင်ယာစိုက်တယ်။ ပေါင် ၁၀၀ လောက်ကို အလွယ်တကူထမ်းနိုင်တယ်”ဟု ဦးသိန်းအောင်က ကိုဒါဝိနှင့်ရင်းနှီးခဲ့စဉ်က အကြောင်းအရာအချို့ကို ပြောပြသည်။

ရက်သတ္တပတ်တိုင်း၏ တနင်္ဂနွေနေ့ကို အားလပ်ရက်အဖြစ် ခရောင်းရွာတွင် သတ်မှတ်ထားသည်။ ကိုဒါဝိ အပါအ၀င် ရွာသားအားလုံးနီးပါးက ရွာထဲရှိ ဘုရားကျောင်းတက်ကြသည်။ စာသင်ကျောင်းမရှိသော သူတို့ရွာအတွက် ဘုရားကျောင်းသည် သူတို့အတွက် ဗဟုသုတပေါင်းစုံ ပေးစွမ်းနိုင်သော နေရာတစ်ခုဖြစ်သည်။ ကျန်းမာရေးအတွက် ကျေးလက်ဆေးပေးခန်းမရှိ။ ကျန်းမာရေးဝန်ထမ်းမရှိ။ မိရိုးဖလာတိုင်းရင်းဆေးကိုသာ အားကိုးအားထားပြုကြသည်။

ရောင့်ရဲတတ်သော စိတ်အခံရှိသည့်အားလျော်စွာ သူတို့ဘ၀မှာ လိုအပ်ချက်များစွာမရှိပါ။ စားဝတ်နေရေး အခြေခံလိုအပ်ချက် အနည်းငယ်အတွက် တစ်ခါတစ်ရံတွင် ရွာနှင့်အနီးဆုံးရှိရာဒေသသို့ သွားကြသည်။ ဦးခေါင်းတွင်ကြိုးသိုင်း၍ နောက်ကျောဘက်တွင်ချထားသော ခြင်းအရှည်ထဲသို့ ဒေသထွက်ကုန်ပစ္စည်းများ၊ ဆေးဖက်ဝင်အပင်အမြစ်များ အပြည့်အလျှံထည့်သွားလေ့ရှိသည်။ တောတောင်ထူထပ်သောကြောင့် မော်တော်ကားလမ်း၊ ဆိုင်ကယ်လမ်းမရှိ။ မြန်မာပြည်၏ ရွာတိုင်းနီးပါးတွင်ရှိသော လှည်းလမ်းလည်းမရှိပါ။ ဘယ်နေရာ၊ ဘယ်ဒေသသွားသွား သူတို့အတွက် ခြေလျင်ခရီးသာဖြစ်သည်။

ကိုဒါဝိတို့ ခရောင်းရွာအတွက် အနီးဆုံးဈေးရှိရာမြို့မှာ မြန်မာနိုင်ငံ မြောက်ဘက်အစွန်ဆုံးမြို့ဖြစ်သည့် နောင်မွန်းဖြစ်သည်။ အသွားအပြန် ၁၅ ရက်ခရီးဖြစ်သည်။ (သို့မဟုတ်) အမြင့်ပေ တစ်သောင်းခွဲရှိသော တောင်များကိုကျော်၍ တရုတ်နိုင်ငံ နယ်စပ်မြို့သို့သွားပါက အသွားအပြန် ၇ ရက်သာ ကြာမည်ဖြစ်သည်။

ထို့ကြောင့် သူတို့လက်ထဲတွင် တရုတ်ငွေအရေအတွက်က မြန်မာငွေထက် ပိုများကြသည်။ မြန်မာနိုင်ငံနှင့်ပတ်သက်လာလျှင် ကိုဒါဝိအတွက် နေပြည်တော်နှင့် မန္တလေးတို့ကိုမသိပါ။ တစ်ခါတစ်ရံ လာရောက်လေ့ရှိသည့် တောင်တက်အဖွဲ့များထံမှ “ရန်ကုန်”ဟူသောအသံကို ကြားဖူးရုံမျှသာရှိသည်။ ယခုတော့ ရန်ကုန်ကို ခြေချလည်ပတ်နေပါပြီ။ နေပြည်တော်၊ မန္တလေးနှင့် အခြားနေရာများကိုလည်း လည်ပတ်ဦးမည်ဖြစ်သည်။

ရန်ကုန်ရောက်တာ ဘယ်လိုခံစားရလဲဟု မေးသောအခါ ကိုဒါဝိက “ခြေထောက်တွေနာတယ်။ လမ်းမလျှောက်ရလို့”ဟု သူ၏ခြေသလုံးများကို နှိပ်နယ်ပြရင်း ညည်းညူပြောဆိုသည်။

ထရုံလူမျိုးကိုဒါဝိက သူ့ထံ လာရောက်လည်ပတ်သူများကို ရေနွေးကြမ်းတွင်ဆားခတ်၍ နွားနို့ထည့်သောက်ရသော တိဗက်လက်ဖက်ရည်တိုက်မည်ဟု ကတိပြုထားပါသည်။ ခရောင်းရွာသို့ သွားရောက်လိုပါက ရန်ကုန်မှမန္တလေး၊ မန္တလေးမြို့မှတစ်ဆင့် မြစ်ကြီးနား၊ မြစ်ကြီးနားမှပူတာအို၊ ထိုမှတစ်ဆင့် လေ့ကျင့်သားရှိသော ခြေထောက်ဖြင့် အနည်းဆုံး ရက်ပေါင်း ၂၀ ခန့် ခရီးနှင်ရမည်ဖြစ်ပါသည်။

ဓာတ်ပုံ- ဒေါက်တာစောလွင်

ရေးသားသူ- ရဲနောင်

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဆီဒိုးနားဟိုတယ်၌ဖြစ်သည်။ သူ့လက်ထဲတွင်ကိုင်ထားသော ကော်ဖီခွက်ကို တစ်ဝက်ပင် ကုန်အောင်သောက်ခွင့်မရပါ။ “ဓာတ်ပုံရိုက်ချင်လို့”ဟု ခွင့်ပြုချက်တောင်းခံသူ အမျိုးသား၊ အမျိုးသမီးအချို့က သူနှင့်တွဲလျက် ဓာတ်ပုံရိုက်ခံကြသည်။ လက်ကိုင်ဖုန်း၊ ကင်မရာများအပြင် သတင်းဌာနများ၏ ကင်မရာမီးများက တဖျပ်ဖျပ်လင်းကုန်ကြ၏။

နှစ်ဆယ့်လေးနာရီ အချိန်အပိုင်းအခြားအတွင်း သူ၏အကြောင်းနှင့်ဓာတ်ပုံများ သတင်းစာမျက်နှာအချို့တွင် ပါလာသည်။ ဖေ့စ်ဘွတ်ခ်ကဲ့သို့သော အင်တာနက်စာမျက်နှာများတွင်ပါ ပျံ့နှံ့သွားသည်။ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခရောင်းကျေးရွာမှ ထရုံတိုင်းရင်းသားကိုဒါဝိကို မြန်မာ-အမေရိကန်ချစ်ကြည်ရေး ဂမ်လန်ရာဇီတောင်တက်ခရီးစဉ်အပြန်တွင် ထူးကုမ္ပဏီက ရန်ကုန်မြို့သို့ အလည်အပတ်ခေါ်ဆောင်လာစဉ် ယခုကဲ့သို့ ကြုံတွေ့နေရခြင်းဖြစ်သည်။

ကိုဒါဝိသည် မြန်မာနိုင်ငံရှိ လူပုမျိုးရိုးဖြစ်သည့် ထရုံလူမျိုးစု၏ နောက်ဆုံးလက်ကျန်သုံးဦးထဲမှ တစ်ဦးဖြစ်သည်။

လောင်းကစားဒိုင်ချုပ်ဖမ်းဆီးရန် ပျက်ကွက်၍ တောင်ငူခရိုင် ရဲအရာရှိငါးဦးကို စုံခုံဖွဲ့စစ်ဆေး


ပြည်ထဲရေးဝန်ကြီးသို့ တိုက်ရိုက်တိုင်ကြားမှုဖြင့် တောင်ငူမြို့ရှိ လောင်းကစားဒိုင်ချုပ်ကို အထူးရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီးနောက် တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးအပါအ၀င် သက်ဆိုင်ရာရဲအရာရှိငါးဦးကို အထူးစုံစမ်းစစ်ဆေးရေးခုံရုံး၌ စစ်ဆေးနေကြောင်း သတင်းရရှိသည်။

““သက်ဆိုင်ရာ ဒေသတွင်းမှာ ဥပဒေချိုးဖောက်နေသူတွေကို ရဲတပ်ဖွဲ့ဌာနချုပ်ကနေ တိုက်ရိုက်အရေးယူခဲ့ရတဲ့အတွက် တာဝန်အရှိဆုံးရဲတပ်ဖွဲ့ဝင်ငါးဦးကို စုံ/ခုံဖွဲ့စစ်ဆေးနေတာပါ။ စစ်ဆေးဆဲအဆင့်ပဲရှိပါသေးတယ်””ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ရဲချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တောင်ငူမြို့၊ အမှတ် (၂)ရပ် ကွက်၊ မိုးသောက်ကြွယ်ဘုရားလမ်းရှိ သုံးလုံးထီလောင်းကစားဒိုင်ကို စက်တင်ဘာ ၁၆ ရက် (သုံးလုံးထီထွက်သောနေ့)တွင်  မှုခင်းအထူးရဲတပ်ဖွဲ့ဝင်များက ၀င်ရောက်ဖမ်းဆီးပြီးနောက် သက်ဆိုင်ရာဒေသတွင်း တာဝန်အရှိဆုံး ရဲတပ်ဖွဲ့ဝင်များကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ စစ်ဆေးနေခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ်(၂)ရပ်ကွက် နယ်ထိန်းအပါအ၀င် နယ်ထိန်းခေါင်းဆောင်၊ မြို့နယ်ရဲစခန်းမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူး အဆင့်အထိ စစ်ဆေးနေခြင်းဖြစ်ကြောင်း တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တက္ကစီတစ်စီး ယာဉ်မောင်းမရှိဘဲ ရုတ်တရက် ထွက်ခွာမောင်းနှင်

မောင်းသူမရှိဘဲမောင်းထွက်သွားသော ကားကို တွေ့ရစဉ်။ ဓာတ်ပုံ - သော်ဇင်ထက်
ရန်ကုန် ၊ အောက်တိုဘာ ၁ ။ ။ သာကေတမြို့နယ်တွင် တက္ကစီ အငှား ယာဉ်တစ်စီး ယာဉ်မောင်း နှင်သူမရှိဘဲ ရုတ်တရက် ထွက်ခွာ မောင်းနှင်သွားသည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ သာကေတမြို့ နယ်၇/၈ ရပ်ကွက် အောင် သပြေ အရှေ့ (၁၃) လမ်းရှိ အဖြူရောင်ကိုရို လာဗင်အမျိုးအစား တက္ကစီအငှားယာဉ်တစ်စီးသည် စက်တင် ဘာ ၃ဝရက်မွန်းလွဲ ၂နာရီခွဲခန့်က အငှား ကားမောင်းနှင်သူ၏နေ အိမ်ရှေ့တွင်ရပ်နားထားစဉ် ယာဉ် မောင်းမပါဘဲ ထွက်ခွာ သွားခြင်း ဖြစ်ကြောင်း အဆိုပါရပ်ကွက်နေသူ မျက်မြင်သက်သေများက ပြောသည်။

မျက်မြင်သက်သေတစ်ဦး ဖြစ်သူ အငှားယာဉ်မောင်း၏ အစ်မဖြစ်သူက ''အစ်မကကလေး ကျောင်းကြိုပြီး ပြန်လာတာပေါ့။ ၂နာရီခွဲလောက်ဖြစ်မယ်။ ကား က အိမ်ရှေ့မှာရပ်ထားရာကနေ မောင်းတဲ့သူမရှိဘဲ ထွက်သွား တာ။ မောင်လေး ကလဲ ကားသော့ ကိုလဲ ဖြုတ်ယူထားပြီး အိမ်ထဲ မှာရောက်နေတဲ့အချိန်မှာ ဖြစ် တာပါ''ဟု ပြောသည်။ အဆိုပါကားသည် ပေ ၆၀ ခန့်အကွာသို့ ရောက်ရှိသွားခြင်း ဖြစ်ပြီး အောင်သပြေအရှေ့(၁၃) လမ်သွယ်မှတစ်ဆင့် အောင်သပြေ လမ်းမကြီး ပေါ်သို့ မောင်းနှင်သွား ကြောင်း၊ ယင်းသို့ လူမဲ့မောင်းနှင် လာစဉ် လမ်းချိုးတစ်ခု၌ ရပ်နား ထားသော စက်ဘီးတစ်စီးကိုဝင် တိုက်သွားကြောင်း မျက်မြင်သက် သေတစ်ဦးက ရန်ကုန်တိုင်းမ် သတင်းစာသို့ ပြောသည်။

သံတွဲ ပဋိပက္ခ ၅ ဦးသေ၊ ၄ ဦးဒဏ်ရာရ၊ တဦးပျောက်ဆုံးနေ

ရခိုင်ပြည်နယ် သံတွဲမြို့တွင် စက်တင်္ဘာလ ၂၈ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော  ပဋိပက္ခမှာ နယ်ကျေးရွာများသို့ ကူးစက်ပျံ့နှံ့သွားပြီး ယခုအခါ သေဆုံးသူ  (၅) ဦး၊ ဒဏ်ရာရသူ (၄) ဦး ရှိပြီး  (၁) ဦး ပျောက်ဆုံးနေသည်ဟု သတင်းရရှိသည်။

သံတွဲဆေးရုံသို့ အလောင်း (၅) လောင်း ရောက်ရှိလာသည်ဟု  ဆေးရုံမှ ၀န်ထမ်း တစ်ဦး ဖြစ်သူ ကိုအောင်ကျော်လေးက နိရဉ္စရာသို့ ပြောသည်။

“ကျွန်တော်တို့ သံတွဲဆေးရုံကို ဒဏ်ရာရတဲ့သူ ၄ ဦး နဲ့ အလောင်း ၅ လောင်းရောက်ပါတယ်။ ဒဏ်ရာရတဲ့သူတွေကတော့ ဗုဒ္ဓဘာသာတွေဖြစ်ပြီးတော့ အလောင်း ၅ လောင်းကတော့ မူဆလင်တွေ ဖြစ်ပါတယ်။ ပျောက်နေတဲ့သူကတော့ ဗုဒ္ဓဘာသာဝင် ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

သေဆုံးသူ ၅ဦးမှာ သံတွဲမြို့နယ် သဗြုချိုင်ကျေးရွာမှ ဖြစ်သည်ဟု ကမန်အမျိုးသားတဦးဖြစ်သူ ကိုဇော်ကြည်က နိရဉ္စရာသို့ ပြောသည်။

မြိတ်မြို့ပေါ်တွင် လက်စွမ်းပြ ဓားသရမ်းသူများအား ရဲနှင့် ပြည်သူ ပူးပေါင်း ဖမ်းဆီး

မြိတ်မြို့ပေါ် ရပ်ကွက်များအတွင်း မော်တော်ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ သွားလာကာ ညပိုင်း အချိန်များတွင် လမ်းသွား လမ်းလာများ၊ မော်တော်ဆိုင်ကာ စီးနင်းသူများအား အကြောင်းမဲ့ ဓားဖြင့် လမ်းသရဲ ဆန်ဆန် လိုက်လံ ခုတ်ထစ်နေသည့် လူငယ်(၇) ဦးအား မြိတ်မြို့ ရဲတပ်ဖွဲ့ဝင်များ ၊ အုပ်ချုပ်ရေးမှူးများ ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပြည်သူများမှ ၀ိုင်းဝန်း ပူးပေါင်း ပိတ်ဆို့ ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့ ည (၁၁)နာရီခွဲ အချိန်ခန့်တွင် လူငယ် တစ်အုပ်သည် မော်တော်ဆိုင်ကယ်များဖြင့် မြိတ်မြို့အတွင်း နောက်လယ်ရပ်ကွက်မှ စတင်ကာ လမ်းသွားလမ်းလာများ၊ မော်တော်ဆိုင်ကယ်စီးနင်း သူများအား ၄င်းတို့တွင် အဆင်သင့် ပါလာသည့် ဓားများဖြင့် မော်တော် ဆိုင်ကယ် စီးနင်းပြီး လိုက်လံ ခုတ်နေကြောင်း သတင်းအရ ပူးပေါင်း အဖွဲ့မှ ဖမ်းဆီးရာ သက်ပိုင်ဦး အသက် (၁၇)နှစ်၊ ကျော်စိုးထွန်း အသက် (၁၉)နှစ်၊ အာကာစိုး အသက် (၁၇)နှစ်၊ အောင်ဇင်မိုး အသက် (၁၈)နှစ်၊ အောင်သူရပိုင် အသက် (၁၈)နှစ် ၊ အားမာန်ပြည့် အသက် (၁၇)နှစ်၊ ကျော်ရန် အသက် (၁၆)နှစ်၊ တို့အား ၄င်းတို့ ကိုင်ဆိုင်ထားသည့် ဓားများနှင့်အတူ ပိတ်ဆို့ ဖမ်းဆီး နိုင်ခဲ့သည်။

အမှောင်တွင် ကွယ်ပျောက်ခဲ့ရသူများ

၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့က ဖြစ်ပါသည်။ လာအိုနိုင်ငံသား ဆုမ်ဘတ်ဆုမ်ဖောင် တစ်ယောက် လုပ်ငန်းခွင်မှ အိမ်သို့ ညစာစားရန် ပြန်လာသည်။ မိမိကားကို ဇနီးသည်ကားနောက်မှ ဖြည်းဖြည်းမောင်း လိုက်လာရင်း ရဲများက စစ်ဆေးရန် အချက်ပြလိုက်သဖြင့် ကားကို လမ်းဘေးသို့ ဆွဲချလိုက်ခြင်းအား ဇနီးဖြစ်သူက သူမ၏ ကားနောက်ကြည့်မှန်က တစ်ဆင့် မြင်လိုက်ရသည်။ ဤမြင်ကွင်းသည် ရှုမန်းအဖို့ သူမ၏ ခင်ပွန်းသည်ကို နောက်ဆုံး မြင်လိုက်ရခြင်းပင် ဖြစ်သည်။
သူမအိမ်ပြန်ရောက်သည်အထိ နောက်က ခင်ပွန်းသည် ဖြစ်သူကပါမလာ။ ဆုမ်ဘတ်ကို သူမနှင့် ဆွေမျိုးတွေ ရဲစခန်းနှင့် ဆေးရုံသို့ သွားရှာကြသည်။ သို့သော် ဘယ်မှာမှ ရှာမတွေ့ရတော့ပေ။ ပတ်ဝန်းကျင်ရှိ CCTV ရိုက်ကူးထားသော မြင်ကွင်းတစ်ခုကို နောက်နှစ်ရက်လောက် အကြာတွင် ပြန်ပြီး ခြေရာခံမိကြသည်။ ဆုမ်ဘတ်ကို ရဲကင်းတဲလေး တစ်ခုအတွင်းက ခေါ်ထုတ်လာပြီး ဗင်ကားတစ်စီးထဲ သွင်းကာ ညအမှောင်ထဲသို့ ကားက မောင်းဝင် ပျောက်ကွယ်သွားသည်။
အစိုးရကလည်း ဆုမ်ဘတ်တစ်ယောက် ဘယ်ရောက်၍ ဘယ်ပေါက်နေမှန်း မပြောနိုင်။ သူ့အတွက် စိုးရိမ်လာကြသည်။ ဆုမ်ဘတ် ရှာဖွေရေးတွင် ဦးဆောင်သူတစ်ဦးက ထိုကိစ္စသည် ကွန်မြူနစ် အာဏာပိုင်များနှင့် ပတ်သက်ဖွယ် ရှိကြောင်း စွပ်စွဲပြောဆိုလိုက်သည်။ သူပျောက်ဆုံးသွားခြင်းသည် အခြားသော NGO လုပ်သားများ အတွက်ပါ လုံခြုံမှု မရှိတော့ကြောင်း ပြသလိုက်ခြင်း ဖြစ်သည်။

ချမ်းမြသာစည်တွင် လူငယ်များ အုပ်စုဖွဲ့ရမ်းကားမှု ဆက်တိုက်ဖြစ်

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် လူငယ်များ အုပ်စုဖွဲ့ပြီး ရမ်းကားမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း  သတင်းရရှိသည်။

စက်တင်ဘာလ ၂၇ ရက်က  လူငယ်တစ်စုက ဆိုင်ကယ်စီးလာသူများကို အကြောင်းမဲ့ရန်ရှာပြီး ဆိုင်ကယ်ကို  ရိုက်နှက်ဖျက်ဆီးသည့်ဖြစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက် စက်တင်ဘာ ၃၀ ရက်ကလည်း အဆိုပါမြို့နယ်အတွင်းရှိ ဘီယာဆိုင်တစ်ဆိုင်တွင်  လူငယ်တစ်စုက ရမ်းကားကာ ဆိုင်ရှိပစ္စည်းများကို ဖျက်ဆီးသွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး  ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
စက်တင်ဘာလ ၂၇ ရက် ည ၁၁ နာရီက အမျိုးသမီးတစ်ဦးသည် အိမ်ပြန်မလာသည့်ခင်ပွန်းသည်ကို အစ်ကိုဝမ်းကွဲဖြစ်သူနှင့်အတူ ဆိုင်ကယ်ဖြင့် လိုက်လံရှာဖွေစဉ် လူငယ်တစ်ဦးက လမ်းပေါ်တက်ကာ ဆိုင်ကယ်ကို တားဆီးခဲ့သည်။ ဆိုင်ကယ် လမ်းပေါ်သို့လဲကျသွားစဉ် နောက်ထပ်လူငယ်သုံးဦးရောက်ရှိလာပြီး ရန်ပြုရန် ဟန်ပြင်နေသဖြင့် အဆိုပါအမျိုးသမီးနှင့် အမျိုးသားနှစ်ဦးစလုံးမှာ လွတ်ရာသို့ ပြေးထွက်ခဲ့ရသည်။

အမေရိကန်အစိုးရ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်း

Photo: အမေရိကန်အစိုးရ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်း

ဝါရှင်တန်၊ နိုဝင်ဘာ ၁

အမေရိကန်အစိုးရ လုပ်ငန်းလည်ပတ်မှုများ အင်္ဂါနေ့မှစ၍ ယာယီရပ်ဆိုင်း သွားပြီဖြစ်ပြီး ယင်းကဲ့သို့ ရပ်ဆိုင်းမှုသည် ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်ကာ ဝန်ထမ်းပေါင်း တစ်သန်းခန့် လစာမရဘဲ ခွင့်ဖြင့် နေထိုင်ရမည်ဖြစ်ပြီး အမျိုးသား ပန်းခြံများနှင့် ဆေးဝါးသုတေသန လုပ်ငန်း များ ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

နိုင်ငံရေးရာ ရှေ့တိုးမရ၊ နောက်ဆုတ်မရ အခြေအနေကို လွှတ်တော်အမတ်များ က ရှင်းလင်းနိုင်မှု မရှိခြင်းကြောင့် ဗဟိုအစိုးရ ဝန်ဆောင်မှုလုပ်ငန်းများ ရပ်ဆိုင်းသွားပြီး အခြေခံလုပ်ငန်း များကိုပင် ထမ်းဆောင်နိုင်ခြင်း မရှိသည့် အမေရိကန်လွှတ်တော် အပေါ် ပြည်သူများ၏ မေးခွန်းထုတ်မှုများ ပေါ်ပေါက်နေသည်။

သမ္မတအိုဘားမား အကောင်အထည် ဖော်လိုသော ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကို ရွှေ့ဆိုင်းပေးခြင်း၊ ပမာဏ လျှော့ချပေးခြင်းများ ပြုလုပ်ပေးပါက အစိုးရအဖွဲ့ကို ယာယီရန်ပုံငွေ ထောက်ပံ့မှုများ ပြုလုပ်ပေးမည်ဟု ရီပတ်ဘလစ်ကန် ပါတီဝင်များ ကြီးစိုးထားသည့် အောက်လွှတ်တော်က အဆိုပြုခဲ့သော်လည်း ဒီမိုကရက်တစ် ပါတီဝင် အများစုရှိနေသော အထက်လွှတ်တော် က ဆက်တိုက် ပယ်ချခဲ့သည်။

မည်သည့်ကန့်သတ်ချက်မျှ မထားဘဲ အစိုးရအဖွဲ့ အသုံးစရိတ်ကို နိုဝင်ဘာ ၁၅ ရက် နေ့ထိ ခွင့်ပြုပေးရမည်ဟု အထက်လွှတ်တော် က အခိုင်အမာ တောင်းဆိုခဲ့သော်လည်း အောက်လွှတ်တော်က အတည်မပြုခဲ့ချေ။

အစိုးရအဖွဲ့ လုပ်ငန်းလည်ပတ်မှုများ ရပ်ဆိုင်းသွားပြီးနောက် လွှတ်တော်အတွင်း ရှိ ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်များက အပြန်အလှန် ဝေဖန် ပြစ်တင်နေကြပြီး ပြည်သူများ၏ ဒဏ်ခတ် ခံရမှုကို ရှောင်ဖယ်နိုင်ရန် ကြိုးပမ်းလျက် ရှိသည်။
ငွေကြေးရန်ပုံငွေ ဥပဒေတစ်ရပ်ကို လွှတ်တော်တွင်း အတည်ပြုနိုင်ပါက အစိုးရ အဖွဲ့ လုပ်ငန်းရပ်ဆိုင်းမှု များမှာ ရက်သတ္တ တစ်ပတ်နှင့်ချီ ကြာမြင့်မည်မဟုတ်ဘဲ ရက်
အနည်းငယ်သာ ကြာမြင့်မည် ဖြစ်သော် လည်း ပါတီနှစ်ရပ်ကြား သဘောတူညီချက် ရရှိနိုင်မည့် မဟာဗျူဟာများ ပေါ်ထွက်လာခြင်း မရှိသေးပေ။

သုံးနှစ်တာ ကြာမြင့်နေပြီဖြစ်သော အကွဲကွဲအပြားပြား ဖြစ်နေသည့် အစိုးရအဖွဲ့၊ နိုင်ငံရေးရာ တစ်ယူသန် ညှိနှိုင်းမရမှု များနှင့် သမ္မတအိုဘားမား၏ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကို ဦးတည်တိုက်ခိုက် နေသော တီးပါတီ (Tea Party) ဝင် ကွန်ဆာ ဗေးတစ်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ အသုံးစရိတ်ကို လျှော့ချလိုသည့် ၄င်းတို့၏ ရည်မှန်းချက်များ စုပြုံလာခြင်း ကြောင့်
အမေရိကန်အစိုးရ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းသွားခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ဖြစ်ပွားခြင်းမှာ အောက်လွှတ်တော်တွင်းရှိ တီးပါတီ အမတ်များ၊
ရီပတ်ဘလစ်ကန် အမတ်များကြောင့်ဟု သမ္မတအိုဘားမားက စွပ်စွဲလိုက်ပြီး စီးပွားရေး ပြန်လည် နာလန်ထူနိုင်ရေး အပေါ် ခြိမ်းခြောက်နေကြောင်း သတိပေး လိုက်သည်။

အစိုးရရုံးအဖွဲ့များစွာ ပိတ်သိမ်းထားမည်ဖြစ်ပြီး အမျိုးသားဥယျာဉ် ပန်းခြံများ ရပ်ဆိုင်းထားမည် ဖြစ်သော်လည်း အရေးကြီး လုပ်ငန်းများဖြစ်သည့် အမျိုးသားလုံခြုံရေး၊ ပြည်သူ့ဘေး အန္တရာယ် ကင်းရှင်းရေး လုပ်ငန်းများ ဆက်လက် လည်ပတ်နေမည်ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အမေရိကန် လွှတ်တော်အတွင်း နိုင်ငံရေးရာ ပုံမှန်အလုပ်မလုပ်နိုင်မှု ကြောင့် ပြည်သူများကြား စိုးရိမ်စိတ်များ ကြီးမားလာပြီး လက်ရှိအခြေအနေထက် ပိုမိုအရေး ကြီးသည့် နိုဝင်ဘာလလယ်တွင် ဆုံးဖြတ်ရမည့် အစိုးရအဖွဲ့ ငွေချေးငှားနိုင်သည့် ပမာဏဒေါ်လာ ၁၆ ဒသမ ၇ ထရီလီယံ
(၁ ထရီလီယံ = သန်းပေါင်းတစ်သန်း) တွင် ကန့်သတ်ထားသည်ကို မြှင့်တင်ပေးနိုင်ခြင်း ရှိ မရှိ အများက သံသယဝင်လာကြသည်။

ယင်းကန့်သတ်ချက် ဒေါ်လာ ၁၆ ဒသမ ၇ ထရီလီယံ ပမာဏကို မြှင့်တင်မပေး နိုင်ပါက အမေရိကန်အစိုးရ အဖွဲ့ ပြန်လည် ပေးဆောင်ရန်ရှိသည့် ချေးငွေများ၊ အတိုး များကို ပေးဆပ်နိုင်မည် မဟုတ်တော့ဘဲ ပြည်တွင်းစီးပွားရေး တွင် သာမက ကမ္ဘာလုံးချီ စီးပွားရေးတွင် ထိခိုက်နာကျင်ရမှုများ ပေါ်ပေါက်လာမည် ဖြစ်သည်။

သို့သော်လည်း လက်ရှိအချိန်တွင် အမေရိကန်ဒေါ်လာဈေးနှုန်းမှာ ပုံမုန်ဈေး သာရှိနေပြီး S&P စတော့နှုန်းမှာ ၀ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်သွားကာ အာရှ ဈေးကွက်တွင်း ကုန်သွယ်မှု များမှာလည်း အင်္ဂါနေ့ထိ ဆက်လက်မြင့်တက်နေဆဲ ဖြစ်သည်။

အမေရိကန် ပြည်ထောင်စုအစိုးရ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းခြင်းမှာ ၁၉၉၆ ခုနှစ်၌ နောက်ဆုံး ဖြစ်ပွားခဲ့ပြီး ၂၁ ရက်တာ ကြာမြင့်ခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံထိ ရှိခဲ့ကြောင်း VOA သတင်းတွင် ဖော်ပြထားသည်။

ဝါရှင်တန်၊ နိုဝင်ဘာ ၁

အမေရိကန်အစိုးရ လုပ်ငန်းလည်ပတ်မှုများ အင်္ဂါနေ့မှစ၍ ယာယီရပ်ဆိုင်း သွားပြီဖြစ်ပြီး ယင်းကဲ့သို့ ရပ်ဆိုင်းမှုသည် ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်ကာ ဝန်ထမ်းပေါင်း တစ်သန်းခန့် လစာမရဘဲ ခွင့်ဖြင့် နေထိုင်ရမည်ဖြစ်ပြီး အမျိုးသား ပန်းခြံများနှင့် ဆေးဝါးသုတေသန လုပ်ငန်း များ ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

နိုင်ငံရေးရာ ရှေ့တိုးမရ၊ နောက်ဆုတ်မရ အခြေအနေကို လွှတ်တော်အမတ်များ က ရှင်းလင်းနိုင်မှု မရှိခြင်းကြောင့် ဗဟိုအစိုးရ ဝန်ဆောင်မှုလုပ်ငန်းများ ရပ်ဆိုင်းသွားပြီး အခြေခံလုပ်ငန်း များကိုပင် ထမ်းဆောင်နိုင်ခြင်း မရှိသည့် အမေရိကန်လွှတ်တော် အပေါ် ပြည်သူများ၏ မေးခွန်းထုတ်မှုများ ပေါ်ပေါက်နေသည်။

သမ္မတအိုဘားမား အကောင်အထည် ဖော်လိုသော ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကို ရွှေ့ဆိုင်းပေးခြင်း၊ ပမာဏ လျှော့ချပေးခြင်းများ ပြုလုပ်ပေးပါက အစိုးရအဖွဲ့ကို ယာယီရန်ပုံငွေ ထောက်ပံ့မှုများ ပြုလုပ်ပေးမည်ဟု ရီပတ်ဘလစ်ကန် ပါတီဝင်များ ကြီးစိုးထားသည့် အောက်လွှတ်တော်က အဆိုပြုခဲ့သော်လည်း ဒီမိုကရက်တစ် ပါတီဝင် အများစုရှိနေသော အထက်လွှတ်တော် က ဆက်တိုက် ပယ်ချခဲ့သည်။

သံတွဲမြို့နယ် အတွင်းရှိ ကျေးရွာအချို့တွင် မီးလောင်မှု နှစ်ဖက်တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွား၊ ညမထွက်ရ အမိန့်ကို ညနေ ၆ နာရီမှ နံနက် ၆ နာရီသို့ ပြောင်းလဲ သတ်မှတ်

Photo: သံတွဲမြို့နယ် အတွင်းရှိ ကျေးရွာအချို့တွင် မီးလောင်မှု နှစ်ဖက်တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွား၊ ညမထွက်ရ အမိန့်ကို ညနေ ၆ နာရီမှ နံနက် ၆ နာရီသို့ ပြောင်းလဲ သတ်မှတ်

သံတွဲမြို့နယ် အတွင်းရှိ ကျေးရွာအချို့တွင် မီးလောင်မှု၊ နှစ်ဖက်တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားနေပြီး ညမထွက်ရ အမိန့်ကို ညနေ ၆ နာရီမှ နံနက် ၆ နာရီသို့ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း သိရသည်။

သံတွဲမြို့ ဗောဓိကုန်း ရပ်ကွက်နှင့် သုံးမိုင်ခန့်ဝေးသော ရော်ဘာခြံရှိ ခြံစောင့်တဲတစ်လုံး စက်တင်ဘာ ၃၀ ရက် ည ၇ နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ အောက်တိုဘာ ၁ ရက် နံနက် ၁၂ နာရီ ၁၀ မိနစ်တွင် ရွှေလှေပေါက်တောရွာနေ သိန်းဇော်ဝင်း (ကမန်) နှင့် အလုပ်သမားဖြစ်သူ စိုးရန်နိုင်တို့ နှစ်ဦးမှာ ၎င်းတို့နေသည့် လယ်တဲအား မီးရှို့ထွက်ပြေးခဲ့ရာ သပြုချိုင် ရွာသားခြောက်ဦးနှင့် တွေ့ဆုံပြီး စိုးရန်နိုင်၏ခေါင်းတွင် ဂျင်ကလိဒဏ်ရာ ရရှိ၍ တိုက်နယ်ဆေးရုံသို့ပို့ရာ ဆေးရုံတွင် ကျန်းမာရေး ၀န်ထမ်းမရှိ၍ သံတွဲဆေးရုံသို့ ဆက်လက်ပို့ဆောင် ခဲ့ရကြောင်း သိရသည်။ 

သံတွဲမှ ၁၆ မိုင် ကွာဝေးသော ရွှေလှေသပြုချိုင်ရွာနှင့် ဆင်ခေါင်းရွာတို့မှ ရခိုင်နှင့် မွတ်စလင် လူမျိုးများ အဖွဲ့နှစ်ဖွဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ကြောင်း၊ မွတ်စလင် အကြမ်းဖက် သမားများက မီးရှို့ရန် နံနက် ၃ နာရီ ခွဲခန့်က လာရောက်ဝိုင်းကြစဉ် ဒေသခံကျေးရွာသားများမှ ပြန်လည်ခုခံ သည့်အတွက် နံနက် ၄ နာရီခွဲခန့်မှ စတင်ကာ ဒေသခံများနှင့် မီးရှို့ရန် လာရောက်သူ မွတ်စလင် အကြမ်းဖက် သမားများ အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လုံခြုံရေးများမှ အချိန်မီသွားရောက် ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

နံနက် ၅ နာရီ ၅ မိနစ်တွင် သပြုချိုင် တောင်ပေါ်ရွာသို့ သွားရောက်ရာတွင် ဆင်ခေါင်းရွာဘက်မှ လာသော ရွာသား ၂၀၀ ဦးနှင့် ထိပ်တိုက်တွေ့သဖြင့် သေနတ်ပစ်ဖောက် ဖြိုခွင်းခဲ့ရကြောင်း၊ လုံခြုံရေးမှ လိုက်လံဖမ်းဆီးရာ အင်ဒိုင်းကြီးကျေးရွာမှ နှစ်ဦး၊ ဆိုင်ကယ် နှစ်စီး၊ ဆင်ခေါင်းရွာမှ တစ်ဦး၊ ဆိုင်ကယ် တစ်စီးအား အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

သံတွဲမြို့၏ လမ်းဆုံလမ်းခွများတွင် တပ်မတော်နှင့် ခရိုင်ရဲတပ်ဖွဲ့မှ လုံခြုံရေးများ ချထားပြီး မြို့တွင်းကင်းလှည့်လျက် ရှိနေကြောင်း၊ ဆူပူမှု ထပ်မံဖြစ်ပွားခြင်း မရှိအောင် ထိန်းသိမ်းဆောင်ရွက်နေကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဦးကျော်တင့်က ဆိုသည်။

"သံတွဲမြို့မှာ မနက်ကတော့ ဗောဓိကုန်းဘက်ကို ကုလားတွေ လာနေပြီတို့၊ ဈေးထဲမှာ ပြဿနာတွေ စဖြစ်ပြီတို့ ကောလာဟလ အသံတွေ မျိုးစုံကြားရတယ်။ သံတွဲဈေးကြီးကတော့ ဒီမနက် ဈေးဆိုင်ခန်းတွေ အကုန်မဖွင့်ကြဘူး၊ ပိတ်ထားကြတယ်။ မနေ့ကတော့ တချို့တ၀က် ဆိုင်တွေဖွင့်ကြသေးတယ်။ ဒီနေ့ကတော့ လုံးလုံးကို ပိတ်ထားကြတယ်။ လုံခြုံရေးတွေကတော့ တစ်မြို့လုံး နီးပါးကို ရဲတွေ တစ်လမ်းတစ်ယောက်လောက်ကို ချထားတယ်။ အခုတော့ မနက် ၆၊ ည ၆ နာရီအတွင်း ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထားပါတယ်" ဟုလည်း အောက်တိုဘာ ၁ ရက် မွန်းလွဲပိုင်းက သံတွဲမြို့ခံ တစ်ဦးက ပြောကြားသည်။

အဆိုပါ ပဋိပက္ခ ဖြစ်စဉ်ကို စက်တင်ဘာလ အတွင်းက ကမန်လူမျိုး မွတ်စလင် ဘာသာဝင် ဖွင့်လှစ်ထားသည့် ဈေးဆိုင်အရှေ့တွင် ရခိုင်အမျိုးသား နှစ်ဦးမှ ဆိုင်ကယ်ရပ်သည့် ဖြစ်စဉ်မှစ၍ အပြန်အလှန် စကားများ ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကို ရခိုင်အမျိုးသား တစ်ဦးက တရားရုံးတွင် အမှုဖွင့်ခဲ့ရာမှ စတင်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ လုံခြုံရေး ဌာနမှ တာဝန်ရှိသူ ဒုတိယ ရဲမှူးကြီး မင်းအောင်၏ ပြောကြားချက်အရ သိရသည်။

"စဖြစ်တဲ့နေ့က မြို့ပေါ်မှာ ဖြစ်ပွားခဲ့တယ်။ ဒီနေ့မှာတော့ ရွာတွေမှာ ဆက်လက် ဖြစ်ပွားခဲ့တယ်။ အခုချိန်ထိ ပဋိပက္ခ ဖြစ်စဉ်ကြောင့် အိမ် ၄၂ လုံး ပျက်စီးဆုံးရှုံး ခဲ့ပါတယ်။ ပဋိပက္ခဖြစ်တဲ့ အချိန်မှာ ဆိုင်ကယ်နှစ်စီးနဲ့ လူသုံးယောက်ကို ဖမ်းဆီးခဲ့တယ်။ ဒါပေမဲ့ အဲဒီသုံးယောက်ကို ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးလိုက် ပါပြီ။ ဒီနေ့မနက် ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာတော့ အဘွားအိုတစ်ဦး သေဆုံးခဲ့တယ်။ အဲဒီအတွက် ကျူးလွန်သူတွေကို ရှာဖွေနေဆဲပါပဲ။ အခုလက်ရှိ အချိန်မှာတော့ အေးချမ်းမှု ရှိပါတယ်" ဟု ဒုတိယရဲမှူးကြီး မင်းအောင်က အောက်တိုဘာ ၁ ရက် ညနေ ၅ နာရီတွင် ပြောကြားသည်။ 

ယင်းပဋိပက္ခ ဖြစ်စဉ်ကို နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ရင်း အမှတ် (၃၃) မှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းထိန်းသိမ်းလျက် ရှိကြောင်း သိရသည်။

စက်တင်ဘာ ၂၈ ရက်က သံတွဲမြို့ရှိ ဈေးဆိုင်တစ်ဆိုင်ရှေ့၌ သုံးဘီးဆိုင်ကယ်တစ်စီး ရပ်ထားသည်ကို ရင့်သီးစွာ ဆဲဆိုရာမှစ၍ ပြဿနာ ဖြစ်ပွားကာ စက်တင်ဘာ ၂၉ ရက် ညပိုင်းတွင် နေအိမ်များ ဖျက်ဆီးမှု၊ မီးရှို့မှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရကြောင်း၊ စက်တင်ဘာ ၃၀ ရက် ညပိုင်းက သံတွဲမြို့ပေါ်ရှိ ဓာတ်ဆီဆိုင် တစ်ဆိုင်နှင့် နေအိမ်တစ်လုံး မီးရှို့ဖျက်ဆီး ခံခဲ့ရကြောင်း၊ အလားတူ သံတွဲမြို့ရှိ ကျောက်ကြီးကျေးရွာ၊ မန်ကျည်းချောင်း ကျေးရွာတို့တွင် မီးရှို့မှုအချို့ ဖြစ်ပွားခဲ့ပြီး နေရာအချို့တွင် ခိုက်ရန်ဖြစ်ပွားမှုအချို့ ရှိခဲ့ကြောင်း၊ အောက်တိုဘာ ၁ ရက် နံနက်ပိုင်းကလည်း သံတွဲမြို့နယ် နေရာအချို့၌ မငြိမ်မသက် ဖြစ်ပွားမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ဒေသဆိုင်ရာ အာဏာပိုင်များ၊ လုံခြုံရေး အဖွဲ့များနှင့် တာဝန်ရှိသူများက ထိန်းသိမ်းဆောင်ရွက်နေကြောင်း အောက်တိုဘာ ၁ ရက် ည ၉ နာရီ မြန်မာ့ရုပ်မြင်သံကြား သတင်းတွင် ထုတ်လွှင့်သွားသည်။

သံတွဲမြို့၊ ၃ ရပ်ကွက်ရှိ ဦးခင်မောင်အေးအိမ်အား စက်တင်ဘာ ၂၉ ရက်က မီးရှို့ခံရပြီးနောက် တွေ့ရစဉ်
သံတွဲမြို့၊ ၃ ရပ်ကွက်ရှိ ဦးခင်မောင်အေးအိမ်အား စက်တင်ဘာ ၂၉ ရက်က မီးရှို့ခံရပြီးနောက် တွေ့ရစဉ်
သံတွဲမြို့နယ် အတွင်းရှိ ကျေးရွာအချို့တွင် မီးလောင်မှု၊ နှစ်ဖက်တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားနေပြီး ညမထွက်ရ အမိန့်ကို ညနေ ၆ နာရီမှ နံနက် ၆ နာရီသို့ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း သိရသည်။

သံတွဲမြို့ ဗောဓိကုန်း ရပ်ကွက်နှင့် သုံးမိုင်ခန့်ဝေးသော ရော်ဘာခြံရှိ ခြံစောင့်တဲတစ်လုံး စက်တင်ဘာ ၃၀ ရက် ည ၇ နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ အောက်တိုဘာ ၁ ရက် နံနက် ၁၂ နာရီ ၁၀ မိနစ်တွင် ရွှေလှေပေါက်တောရွာနေ သိန်းဇော်ဝင်း (ကမန်) နှင့် အလုပ်သမားဖြစ်သူ စိုးရန်နိုင်တို့ နှစ်ဦးမှာ ၎င်းတို့နေသည့် လယ်တဲအား မီးရှို့ထွက်ပြေးခဲ့ရာ သပြုချိုင် ရွာသားခြောက်ဦးနှင့် တွေ့ဆုံပြီး စိုးရန်နိုင်၏ခေါင်းတွင် ဂျင်ကလိဒဏ်ရာ ရရှိ၍ တိုက်နယ်ဆေးရုံသို့ပို့ရာ ဆေးရုံတွင် ကျန်းမာရေး ၀န်ထမ်းမရှိ၍ သံတွဲဆေးရုံသို့ ဆက်လက်ပို့ဆောင် ခဲ့ရကြောင်း သိရသည်။

သံတွဲမှ ၁၆ မိုင် ကွာဝေးသော ရွှေလှေသပြုချိုင်ရွာနှင့် ဆင်ခေါင်းရွာတို့မှ ရခိုင်နှင့် မွတ်စလင် လူမျိုးများ အဖွဲ့နှစ်ဖွဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ကြောင်း၊ မွတ်စလင် အကြမ်းဖက် သမားများက မီးရှို့ရန် နံနက် ၃ နာရီ ခွဲခန့်က လာရောက်ဝိုင်းကြစဉ် ဒေသခံကျေးရွာသားများမှ ပြန်လည်ခုခံ သည့်အတွက် နံနက် ၄ နာရီခွဲခန့်မှ စတင်ကာ ဒေသခံများနှင့် မီးရှို့ရန် လာရောက်သူ မွတ်စလင် အကြမ်းဖက် သမားများ အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လုံခြုံရေးများမှ အချိန်မီသွားရောက် ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

ရခိုင်ပဋိပက္ခလွန် တစ်နှစ်ခွဲအတွင်း ရခိုင်ပြည်နယ်သို့ သမ္မတ ဦးသိန်းစိန် ပထမဆုံးအကြိမ် သွားရောက်

Photo: ရခိုင်ပဋိပက္ခလွန် တစ်နှစ်ခွဲအတွင်း ရခိုင်ပြည်နယ်သို့ သမ္မတ ဦးသိန်းစိန် ပထမဆုံးအကြိမ် သွားရောက်

ရခိုင်ပဋိပက္ခလွန် တစ်နှစ်ခွဲအတွင်း ရခိုင်ပြည်နယ်သို့ သမ္မတဦးသိန်းစိန် ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာ ၁ ရက်က သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။
သမ္မတဦးသိန်းစိန်သည် အောက်တိုဘာ ၁ ရက် မွန်းလွဲ ၂ နာရီတွင် မောင်တောသို့ ရောက်ရှိလာပြီး မြို့တော်ခန်းမတွင် နှစ်ဖက် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ကာ မြို့ကို ကားဖြင့် လှည့်ပတ်ကြည့်ရှုပြီး ညနေ ၃ နာရီတွင် ပြန်လည် ထွက်ခွာခဲ့ကြောင်း သိရသည်။

 နှစ်ဖက် လူမှုအဖွဲ့အစည်းများ အနေဖြင့် ယခင်ကကဲ့သို့ အတူယှဉ်တွဲ နေထိုင်ကြရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မောင်တောမြို့သို့ ရောက်ရှိပြီး နှစ်ဖက် လူမှုအဖွဲ့အစည်းနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ အောက်တိုဘာ ၁ ရက် နံနက် ၉ နာရီ ၁၅ မိနစ်အချိန်တွင် မြန်မာ့လေကြောင်းဖြင့် ရောက်ရှိခဲ့ပြီး ၉ နာရီ မိနစ် ၄၀ တွင် ရဟတ်ယာဉ်ဖြင့် မြောက်ဦးမြို့သို့ ထွက်ခွာခဲ့သည်။ မြောက်ဦးမြို့သို့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ရောက်ရှိကာ န၀ရတ်ဟိုတယ်တွင် ဒေသခံများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

 ''တွေ့ဆုံရာတွင် ဒေသတည်ငြိမ် အေးချမ်းဖို့နဲ့ ဒေသတည်ငြိမ်အေးချမ်းမှ နိုင်ငံခြားသားများ ၀င်ရောက်မည့် ကိစ္စတွေကို ပြောကြားခဲ့တယ်''ဟု မြောက်ဦးမြို့မှ မြို့မိမြို့ဖတစ်ဦးက ပြောကြားသည်။

 မြောက်ဦးမြို့မှတစ်ဆင့် မဟာမြတ်မုနိဘုရားကို သွားရောက်ဖူးမြော်ခဲ့ပြီး ကျောက်တော်မြို့သို့ ရောက်ရှိခဲ့ကာ ကျောက်တော်ရှိ မြို့မိမြို့ဖများနှင့် တွေ့ဆုံခဲ့ကြောင်း၊ ကျောက်တော်မြို့တွင် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီက မြို့ရေပေးရေး စီမံကိန်းနှင့် လျှပ်စစ်မီး ရရှိရေးကိစ္စများကို တင်ပြခဲ့ကြောင်း၊ ယင်းမှတစ်ဖန် မောင်တောမြို့သို့ ထွက်ခွာခဲ့ကြောင်း သိရသည်။

''သမ္မတကြီးကတော့ မောင်တော ခရိုင်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမမှာ မတ်တတ်ရပ်ပြီး တွေ့ဆုံခဲ့တာ ဖြစ်တယ်။ ပြောတာကတော့ ယခင်ကလည်း ဒီမှာ ညီအစ်ကိုလို၊ သူငယ်ချင်းလို အတူနေလာခဲ့ကြတာမလား။ နောက်လည်း ဆက်လက်ပြီး ပြဿနာမဖြစ်ဘဲ ဆက်လက် နေထိုင်ကြဖို့ ပြောတယ်။ ဖြစ်သွားတဲ့ ကိစ္စတွေဟာ ဒေသတွင်းမှာ ထိခိုက်နစ်နာမှုတွေ အများအပြား ဖြစ်သွားသလို မြန်မာနိုင်ငံဟာလည်း ကမ္ဘာမှာ ပုံရိပ်ဆိုးရွားခဲ့ကြောင်း၊ ဒါကြောင့် ငြိမ်းငြိမ်းချမ်းချမ်းနေဖို့ ပြောတယ်။ ဘင်္ဂါလီတွေကိုလည်း ဒီဒေသမှာ အေးအေးချမ်းချမ်းနေဖို့ ပြောပါတယ်။ ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒေသခံတွေ အုပ်ချုပ်ရေးမှူးတွေ ၀ိုင်းဝန်းဆွေးနွေးပြီး လိုအပ်ချက်တွေကို ပြည်နယ်အစိုးရ၊ လွှတ်တော်ကို တင်ပြဖို့၊ ပြီးမှ ဘတ်ဂျက်ဆွဲတဲ့အခါ ပါဖို့အကြောင်းတွေကို ပြောပါတယ်''ဟု သမ္မတနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ မြို့မိမြို့ဖ ဦးအောင်ကျော်ညွန့်က ပြောကြားသည်။ 

မောင်တောမြို့တွင် တွေ့ဆုံရာ၌ တိုင်းရင်းသားများဘက်မှ ၁၀ ယောက်၊ ဘင်္ဂါလီဘက်မှ ၂၀ကျော် ပါဝင်ခဲ့သည်။
တင်ပြခဲ့သည့် အချက်များမှာ ဘင်္ဂါလီဘက်မှ တက္ကသိုလ်ကျောင်းသားများ ပြန်လည် ကျောင်းတက်နိုင်ရေးအား တင်ပြခဲ့ပြီး ရခိုင်တိုင်းရင်းသားဘက်မှ လမ်းပန်း ဆက်သွယ်ရေးကိစ္စများအား တင်ပြခဲ့ကြောင်းလည်း သိရသည်။

 မောင်တောမှ စစ်တွေသို့ ညနေ ၃ နာရီ မိနစ် ၅၀ ခန့်တွင် ပြန်လည် ရောက်ရှိခဲ့ကြောင်းနှင့် ဒေသခံပြည်သူ ၁၀၀ ခန့်က သမ္မတကြီး ကျန်းမာပါစေဆိုသည့် ပိုစတာများ၊ နိုင်ငံတော်အလံများအား ဝှေ့ယမ်းကာ လေဆိပ် ၀င်ထွက်လမ်းတွင် စီတန်းကာ ကြိုဆိုခဲ့သည်။

နိုင်ငံတော် သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ လိုက်ပါလာပြီး စုစုပေါင်း ၃၀ ကျော် ပါလာခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတသည် အောက်တိုဘာ ၂ ရက် နံနက် ၈ နာရီတွင် စစ်တွေမြို့၊ အစိုးရအဖွဲ့ရုံးတွင် ဒေသခံ မြို့မိမြို့ဖများနှင့် တွေ့ဆုံရန် ရှိကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း ရခိုင်လူမျိုးများနှင့် ဘင်္ဂါလီများအကြား အဓိကရုဏ်းများ ၂၀၁၂ ခုနှစ် ဇွန်လနှင့် အောက်တိုဘာလများအတွင်း ဖြစ်ပွားခဲ့ပြီး ရခိုင်နှင့် ဘင်္ဂါလီစုစုပေါင်း ၁၉၂ ဦး သေဆုံးခဲ့ရာ ၂၆၅ ဦး ဒဏ်ရာရရှိခဲ့သည်။

သမ္မတ ဦးသိန်းစိန်နှင့် မောင်တောမြို့ မှ မြို့မိမြို့ဖများနှင့် အောက်တိုဘာ ၁ ရက်က တွေ့ဆုံစဉ်
သမ္မတ ဦးသိန်းစိန်နှင့် မောင်တောမြို့ မှ မြို့မိမြို့ဖများနှင့် အောက်တိုဘာ ၁ ရက်က တွေ့ဆုံစဉ်
ရခိုင်ပဋိပက္ခလွန် တစ်နှစ်ခွဲအတွင်း ရခိုင်ပြည်နယ်သို့ သမ္မတဦးသိန်းစိန် ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာ ၁ ရက်က သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။
သမ္မတဦးသိန်းစိန်သည် အောက်တိုဘာ ၁ ရက် မွန်းလွဲ ၂ နာရီတွင် မောင်တောသို့ ရောက်ရှိလာပြီး မြို့တော်ခန်းမတွင် နှစ်ဖက် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ကာ မြို့ကို ကားဖြင့် လှည့်ပတ်ကြည့်ရှုပြီး ညနေ ၃ နာရီတွင် ပြန်လည် ထွက်ခွာခဲ့ကြောင်း သိရသည်။

နှစ်ဖက် လူမှုအဖွဲ့အစည်းများ အနေဖြင့် ယခင်ကကဲ့သို့ အတူယှဉ်တွဲ နေထိုင်ကြရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မောင်တောမြို့သို့ ရောက်ရှိပြီး နှစ်ဖက် လူမှုအဖွဲ့အစည်းနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ အောက်တိုဘာ ၁ ရက် နံနက် ၉ နာရီ ၁၅ မိနစ်အချိန်တွင် မြန်မာ့လေကြောင်းဖြင့် ရောက်ရှိခဲ့ပြီး ၉ နာရီ မိနစ် ၄၀ တွင် ရဟတ်ယာဉ်ဖြင့် မြောက်ဦးမြို့သို့ ထွက်ခွာခဲ့သည်။ မြောက်ဦးမြို့သို့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ရောက်ရှိကာ န၀ရတ်ဟိုတယ်တွင် ဒေသခံများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

အိမ်ထောင်ရေးအဆင်မပြေသဖြင့် အမျိုးသားတစ်ဦး ဆွဲကြိုးချသတ်သေ


ဇော်ဇော်ထွေး | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၀၂ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၁၀ မိနစ်

မရမ်းကုန်းမြို့နယ် မြိုင်ဟေ၀န်အိမ်ရာတွင် အသက် ၃၅နှစ်အရွယ် အမျိုးသားတစ်ဦး အိမ်ထောင်ရေး အဆင်မပြေသဖြင့် မိမိကိုယ်ကိုဆွဲကြိုးချပြီး အဆုံးစီရင်ခဲ့မှုတစ်ခု စက်တင်ဘာ ၃၀ ရက်က ဖြစ်ပွားခဲ့သည်။

သေဆုံးသူမှာ မြိုင်ဟေ၀န်အိမ်ရာ၊ တိုက် (၃)၊ အခန်း(၅၀၁)တွင် နေထိုင်သည့် ဦးဖြိုးကြွယ်စိုး (၃၅)နှစ် ဖြစ်သည်ဟု သွားရောက် စစ်ဆေးခဲ့သည့် မရမ်းကုန်းရဲတပ်ဖွဲ့ကအတည်ပြုထားသည်။

၎င်းကို နေအိမ်ရှေ့တိုက်ခန်း၏ ဧည့်ခန်းတွင် လည်ပင်းရှေ့ ၀ဲ/ယာ ကြိုးနစ်မြုပ် ဒဏ်ရာ၊ လျှာထွက် လက္ခဏာများဖြင့်
သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဟု ရဲတပ်ဖွဲ့ကဆိုထားသည်။

ထို့ကြောင့် သေဆုံးသူ၏ ဇနီးဖြစ်သူ မအေးအေးမော်အား မေးမြန်းရာ ၁ နာရီခွဲအချိန်က မီးဖိုခန်းအတွင်းမှ “၀ုန်း” ဟု အသံကြားသဖြင့် အိမ်ခန်းအတွင်းမှ ထွက်ကြည့်ရာမှ ခင်ပွန်းဖြစ်သူ ဆွဲကြိုးချနေခြင်းကို တွေ့ရှိရသည်ဟု ဆိုထားသည်။

ယောက်ျားက မိန်းမဖြစ်သူကို ဓါးမဖြင့် ခုတ် ၀င်ရောက်ဖြန်ဖြေသူ နှစ်ဦးပါ ဓါးခုတ်ခံရ


ဇော်ဇော်ထွေး | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၀၂ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၁၅ မိနစ်

သန်လျင်မြို့နယ်တွင် အမျိုးသားကြီးတစ်ဦးက ယင်း၏ ဇနီးဖြစ်သူကို ဓါးမဖြင့်ခုတ်ခဲ့ပြီး ၀င်ရောက်ဖြန်ဖြေ သူနှစ်ဦးပါ ဓါးခုတ်ခံရမှုဖြစ်စဉ်တစ်ခု စက်တင်ဘာ ၃၀ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သည်။

ထိုနေ့ ညနေ ၅ နာရီကျော်အချိန်က သန်လျင်ဆေးရုံသို့ ဓါးခုတ်ခံရသည့် လူနာသုံးဦးရောက်ရှိနေကြာင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာမှ သိရှိခဲ့ရသည်ဟု တိုင်းရဲဌာနက ဆိုထားသည်။

ဓါးဖြင့်ခုတ်ခဲ့သူမှာ မြို့သစ်အရှေ့ရပ်ကွက်ရှိ “ခေမာရဌ်” စားသောက်ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးကိုကိုကြီး (၅၇) နှစ် - ဈေးရောင်း၊ အမှတ် (၂)၊ ပြည်တော်သာလမ်းနေသူဖြစ်သည်ဟု ရဲတပ်ဖွဲ့က အတည်ပြုထားသည်။

၎င်းသည် အရက်သေစာသောက်စားမူးယစ်၍ ဇနီးဖြစ်သူ ဒေါ်သီတာအေး (၅၁)နှစ်(လိပ်စာတူ)နှင့် အပြန်အလှန် စကားများ ရန်ဖြစ်ရာမှ စားသောက်ဆိုင် အကြော်ခန်းရှိ မီးဖိုချောင်သုံးစတီးဓါးမဖြင့် ခုတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲဌာနက ဆိုထားသည်။

လစာကိစ္စ အဆင်မပြေသဖြင့် ရန်ကုန်အသင်းမှ ထွက်ခွာလိုဟု ကြည်လင်း ဖွင့်ဟ


ရဲရင့်ဌေး | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၀၂ ရက် ၂၀၁၃ ခုနှစ် ၁၃ နာရီ ၁၃ မိနစ်

ရန်ကုန်ယူနိုက်တက်အသင်း၏ မြန်မာ့လက်ရွေးစင်ကစားသမား ကြည်လင်းက လစာကိစ္စအဆင်မပြေသဖြင့် အသင်းမှ ထွက်ခွာလိုကြောင်း မဇ္ဈိမသို့ ပြောသည်။

ကြည်လင်းမှာ ရန်ကုန်အသင်း စတင်ဖွဲ့စည်းသည့် ၂၀၀၉ ခုနှစ်မှစတင်ကာ လက်ရှိအချိန်အထိ ကစားနေသော ငယ်မွေးခြံပေါက်ကစားသမား တစ်ဦးဖြစ်ကာ ရန်ကုန်ပရိသတ်အချစ်တော် ကစားသမားတစ်ဦးလည်း ဖြစ်သည်။

ရန်ကုန်အသင်းတွင် ကြုံတွေ့နေရသော အခက်အခဲ နှင့် ပတ်သတ်ပြီး ကြည်လင်းက“ကျွန်တော် လာမယ့်ရာသီမှ အသင်းက ထွက်ချင်ပါတယ်။ ရန်ကုန်အသင်း တာဝန်ရှိသူတွေက ကစားသမားတွေကို အလေးမထားဘူးလို့ ခံစားရတယ်။ ပြီးခဲ့တဲ့ရာသီက ကျွန်တော် လစာတိုးတောင်းတော့ ၁၀ သိန်းတိုးပေးပါတယ်။ ဒါပေမယ့် သုံးလပဲ တိုးပေးပြီး ၁၀သိန်း ပြန်လျှော့သွားတယ်။

Related Posts Plugin for WordPress, Blogger...

ShareThis