menu

Saturday 30 June 2012

ကွန်ပျူတာမောင်းနှင်စနစ် Linux တီထွင်သူနှင့် ပင်မကလာပ်စည်း သုတေသနပညာရှင်တို့ ယူရို ၁ ဒသမ ၂ သန်းတန်ဖိုးရှိ ထောင်စုနှစ် နည်းပညာဆု ပူးတွဲဆွတ်ခူး



အမေရိကန်-ဖင်လန် ဆော့ဖ်ဝဲအင်ဂျင်နီယာ လင်းနပ်စ်တော်ဗဲလ်စ်(ယာ)နှင့် ဂျပန်မှ ပင်မကလာပ်စည်း သုတေသနပညာရှင် ရှင်ယာယာမာနာကိုတို့အား ဇွန်လ ၁၃ ရက်က တွေ့ရစဉ်
အခမဲ့အသုံးပြုနိုင်သော ကွန်ပျူတာ မောင်းနှင်စနစ် Linux တီထွင်သူ အမေရိကန်-ဖင်လန် ဆော့ဖ်ဝဲအင်ဂျင်နီယာ လင်းနပ်စ်တော်ဗဲလ်စ်နှင့် ဂျပန်နိုင်ငံမှ ပင်မကလာပ်စည်း သုတေသနပညာရှင် ရှင်ယာယာမာနာကိုတို့သည် ဖင်လန်နိုင်ငံမှ ချီးမြှင့်သော ယူရို ၁ ဒသမ ၂ သန်း တန်ဖိုးရှိ ထောင်စုနှစ်နည်းပညာဆုကို ပူးတွဲ ဆွတ်ခူးသွားခဲ့သည်။

ယနေ့အခါတွင် လူသန်းပေါင်းများစွာက Linux စနစ်သုံး ကွန်ပျူတာများ၊ စမတ်ဖုန်းများ၊ ဒစ်ဂျစ်တယ် ဗီဒီယိုမှတ်တမ်းတင်စက်များကို အသုံးပြုနေကြသည့် လင်းနပ်စ်တော်ဗဲလ်စ်၏ အောင်မြင်မှုသည် မျှဝေသုံးစွဲနိုင်သော ဆော့ဖ်ဝဲဖွံ့ဖြိုးမှု၊ ကွန်ရက်ဆက်သွယ်မှုနှင့် ကွန်ရက်၏ လွတ်လပ်ပွင့်လင်းမှုအပေါ်တွင် ကြီးစွာသော သက်ရောက်မှုရှိကြောင်း ဆုရွေးချယ်ရေးအဖွဲ့က သုံးသပ်သည်။

တူရကီတိုက်လေယာဉ် ပစ်ချမှု ဆီးရီးယားကို NATO ရှုတ်ချ

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ တူရကီနိုင်ငံရဲ့ ဂျက်တိုက်လေယာဉ်ကို ဆီးရီးယားက ပစ်ချခဲ့တာကြောင့် ပျက်ကျပြီး နစ်မြုတ်ခဲ့ရတာကို နေတိုး NATO အဖွဲ့ကြီးက တုံ့ပြန်ဖို့ စဉ်းစားနေပါပြီ။ တူရကီရဲ့ တိုက် လေယာဉ် ဟာ နိုင်ငံတကာ လေကြောင်း ပိုင်နက်ထဲမှာ ပျံသန်းနေတုန်း  ခုလို အတိုက်အခိုက် ခံခဲ့ရတဲ့ နောက်ပိုင်း ဘရပ်ဆဲလ်မှာ အစည်းအဝေး ခေါ်ယူဖို့အတွက် တူရကီဘက်က ပန်ကြားခဲ့တာပါ။ ဆီးရီးယားကတော့ ဒါဟာ ကိုယ့်နိုင်ငံကို ကိုယ် ခုခံကာကွယ်ဖို့ အတွက် လုပ်ဆောင်ရင်း ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုတခုလို့ ဆိုပါတယ်။
တူရကီဝန်ကြီးချုပ် Recep Tayyip Erdogan က ဒီကနေ့ လွှတ်တော်မှာ တူရကီနိုင်ငံဘက်က တုံ့ပြန်မယ့် အစီအစဉ်အသေးစိတ်ကို ပြောလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ တူရကီ ဒုတိယ၀န်ကြီးချုပ် Bulent Arinc ကတော့ ဒီလို ဂျက်တိုက်လေယာဉ် အပစ်ချ ခံခဲ့ရတာနဲ့ ပတ်သက်ပြီး တူရကီ ဘက်က စစ်ပွဲ ဆင်နွှဲဖို့ မလုပ်ချင်ပေမဲ့ နိုင်ငံတကာ ဥပဒေအရ လက်တုံ့ပြန်နိုင်ခွင့် ရှိနေတယ်လို့ ပြောပါတယ်။

အိမ်တွင်းသတင်းစာရှင်းလင်းပွဲ


၂၁ ရာစုပညာရေး(တင်ညွန့်)



ကိုယ်သင်ချင်တာ ကိုယ်ရွေးချယ်ခွင့်ရှိလာမယ်
၂၁ ရာစု ပညာရေးအရွေ့ သို့မဟုတ် ပါရာဒိုင်းဟာ “မဖြစ်နိုင်ဘူး” ဆိုတာတွေကို စိန်ခေါ်နေတဲ့ အနေအထားကို ရောက်လာပြီ။ လက်ရှိ လက်ခံကျင့်သုံးနေကြတဲ့ ပညာရေးဟာ ၁၉ ရာစုလောက်ကတည်းက ကျင့်သုံးလာတဲ့ ပညာရေးစနစ်ရဲ့ ဝဲဂယက်ထဲကနေ ရုန်းထွက်နိုင်စွမ်း မရှိသေးဘူး။ အဲဒီမဖြစ်နိုင်ပါဘူးဆိုတာတွေကို ပြောနေတဲ့ ပညာရှင်ကြီးတွေရဲ့ အစွဲကိုဖြုတ်နိုင်မယ်ဆိုရင် ပညာရေးပါရာဒိုင်းဟာ အပြောင်းအရွေ့မြန်မယ် ထင်ပါတယ်။
Scott McLeod ဆိုသူက သူ့ ဘလော့ဂ် မှာ “Dangerously Irrelevant” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို ရေးထားပါတယ်။ “ကြောက်မက်ဖွယ်ကောင်းသော ဆက်စပ်မှု ကင်းမဲ့ခြင်း” လို့ပြောရမယ်ထင်ပါတယ်။ သူ ညွှန်းထားတာက လက်ရှိခေတ်စားနေတဲ့ “Mission Imopssible” ရုပ်ရှင်ဇာတ်ကား အမည်ကိုပါ။

CDMA 800MHz ဖုန်းတွင် Video Call စနစ်နှင့် Gtalk စနစ်များအသုံးပြုနိုင်လာ




CDMA 800MHz စနစ်ပေါ်တွင် Video Call စနစ်နှင့် Gtalk စနစ်နှင့် Gmail စနစ်များအား အသုံးပြုနိုင်လာပြီဖြစ်ကြောင်း သိရသည်။ ယခင်က CDMA 800MHz စနစ်အသုံးပြု Android OS ဖုန်းများ အများအပြားထွက်ရှိခဲ့သော်လည်း Video Call စနစ်အသုံးပြုနိုင်သောဖုန်းနှင့် Gmail, Gtalk စနစ်များအား စုံစုံလင်လင်အသုံးပြုနိုင်သော
 ဟန်းဆက်များမှာရှားပါးခဲ့ကြောင်းသိရသည်။ ဈေးကွက်တွင်းသို့ အသစ်ဝင်ရောက်လာခဲ့သော HTC EVO 4G CDMA800 ဖုန်းမှာ အဆိုပါစနစ်များအားလုံးအား ပြည့်ပြည့်စုံစုံအသုံးပြုနိုင်လာကြောင်း သိရသည်။

ဒီမိုကရေစီက နုနု မုန်တိုင်းကထန်ထန် (ကျော်ဝင်း)

ရခိုင်ပြည်နည်၊စစ်တွေမြို့မီးလောင်မှုမြင်ကွင်း
  အခါလည်လွန် ရင်တမမ

မြန်မာ့နွေဦး အခါလည်ကျော်လာသည်နှင့် ဘေးမှရပ်ကြည့်နေမြဲ စာရေးသူမှာ၊ ရင်မ နေရတော့သည်။ ဤအခိုက်မှာပင်၊ ဘယ်(လ)ဂျီယံနိုင်ငံ၊ ဘရပ်ဆဲ(လ) အခြေစိုက် ‘International Crisis Group’ ၏ ၂၀၁၂ ခုနှစ်၊ ဧပြီ ၁၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သော ‘Reform in Myanmar: One Year On’ အမည်ရှိ စာတမ်းကို ဖတ်လိုက်ရရာ၊ ပို၍ပင် ဂရုဓမ္မထား စောင့်ကြည့်နေမိသည်။ အဆိုပါစာတမ်းက၊ မြန်မာ့ဒီမိုကရက်တိုင်ဇေးရှင်း၏ အံ့ဖွယ်အောင်မြင်မှုများကို မီးမောင်းထိုးပြထားသလို၊ ဖြစ်တန်ရာစိန်ခေါ်ချက်များကိုလည်း ဖော်ထုတ်သတိပေးထားသည်။ ဆိုခဲ့ပါစိန်ခေါ်ချက်များထဲမှ တစ်ခုမှာ - ယခုလို … ၊ “ အပြောင်းအလဲများကြောင့်၊ လူထု၏မျှော်လင့်ချက်များမြင့်မားလာချိန်၊ ကာလတာရှည် ရှိနေခဲ့သော ထိန်းချုပ်မှုများလည်း လျော့ပါးလာချိန် …၊ ဤကဲ့သို့သော အခြေအနေ အချိန်အခါမျိုးတွင် မတည်ငြိမ်မှုများထွက်ပေါ်လာနိုင်စရာ အလားအလာရှိပေသည် …။” - စသဖြင့်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဥရောပငါးနိုင်ငံခရီးမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ




ဒေါ်အောင်ဆန်းစုကြည်စီးနင်းလိုက်ပါလာသော ယာဉ်တန်းအား ကြိုဆိုထောက်ခံသူများနှင့်အတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်
ဥရောပခရီးစဉ်အဖြစ် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ ဇွန်လ ၁၃ ရက်နေ့မှ စတင်သွားရောက်ခဲ့သည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ထိုင်းလေကြောင်းလိုင်း TG 303 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသော လေယာဉ် TG 303  သည် နံနက် ၈ နာရီ ၅၀ မိနစ်အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်မည်ဟု ကြေညာခဲ့သော်လည်း လေယာဉ် delay  အချိန်ရွှေ့ဆိုင်းလိုက်၍ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်၌သာ ဆိုက်ရောက်လာခဲ့သည်။

ရာဇ၀င် ရှိပါတယ်


တခါက လူနှစ်ယောက်ရှိတယ်။ တယောက်က မျက်စိမမြင်တဲ့သူ။ ဒါပေမယ့် ဉာဏ်တော့ရှိတယ်။ သူ့ နာမည်က ဖိုးဉာဏ် တဲ့၊ နောက်တယောက်တော့ ဗလကောင်းကောင်းနဲ့ လူပဲ။ ဆိုးတာက သူကဉာဏ်တော့မရှိဘူး။ အဲ့ သူသိတာတခုတော့ ရှိတယ်အဲ့ဒါ ဖိုးဉာဏ်ကို ဆရာတင်ရမယ် ဆိုတာပဲ။
သူ့ နာမည် ဗလတဲ့။ သူတို့က အတွဲတော့ညီသား။ ဗလ က ဖိုးဉာဏ် ကို ကုန်းပိုးပြီးသွားတတ်သလို ဖိုးဉာဏ်တော့ ဗလ ပြောတာနားထောင်ပြီး ဆုံးဖြတ်ပေးတတ်တယ်။ ဘယ်လောက်တောင် လဲဆိုတော့ တခါက သူတို ညပိုင်းကြီးပြန်လာတာ ဗလ က …
“ဟေ့ကောင် ဖိုးဉာဏ်ငါတို့ဆီကို ခပ်လင်းလင်းဟာကြီးနှစ်ခု ပြေးဝင်လာတယ်”
ဖိုးဉာဏ် ကစဉ်းစားပြီး
“ဘယ်လိုဟာလဲ ဟ”
“ခပ်လင်းလင်းနဲ့ အသံတွေလဲ ထွက်နေတယ် နှာမူတ်သံကြီးနဲ့ ငါတို့နဲ့တောင် အတော်နီးလာပြီ”

ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူရေးစင်ကာပူ ကုမ္ပဏီ ကန်ဒေါ်လာ ၁၀ သန်းအကုန်အကျခံ ဆောင်ရွက်မည်


ဓမ္မစေတီ ခေါင်းလောင်းကြီးရှာဖွေရေးအတွက် စင်ကာပူနိုင်ငံ
SD Mark International LLP ကုမ္ပဏီမှ ကန်ဒေါ်လာ ၁၀ သန်းအကုန်အကျခံ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ခေါင်းလောင်းကို ရှာဖွေဆယ်ယူပြီး ရွှေတိဂုံစေတီပေါ်အထိ တင်ဆောင်ပေးကာ နိုင်ငံတော်သို့ အပ်နှံမည်ဖြစ်ကြောင်း၊
ယင်းအတွက် တစ်စုံတစ်ရာ အကျိုးအမြတ်ရယူမည်မဟုတ်ဘဲ
နိုင်ငံတော်က ချီးမြှင့်သမျှကိုသာ လက်ခံမည်ဟု အဆိုပြုကြောင်း
ယနေ့ ဇွန်လ ၃၀ ရက် ကပြုလုပ်သော ဓမ္မစေတီခေါင်းလောင်း
ဆယ်ယူမှု သုတေသနဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှ သိရသည်။

နှစ်ပေါင်း ၂၂ နှစ်အတွင်း ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီးအဖြစ် ဒဲရစ်မစ်ချယ်အား အမေရိကန် အထက်လွှတ်တော် အတည်ပြု




 w55_08
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီးအဖြစ် အထက်လွှတ်တော်၏ အတည်ပြုခြင်းခံရသော ဒဲရစ်မစ်ချယ်အား ၂၀၁၂၊ မတ်လ ၁၅ ရက်က ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်
နှစ်ပေါင်း ၂၂ နှစ်အတွင်း ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီးအဖြစ် ဒဲရစ်မစ်ချယ်အား အမေရိကန် အထက်လွှတ်တော်က ဇွန်လ ၂၉ ရက်နေ့က အတည်ပြုခဲ့သည်။

လက်ရှိ အမေရိကန် ပြည်ထောင်စု၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချယ်ကို အမေရိကန် ပြည်ထောင်စု သမ္မတ ဘာရက်အိုဘားမားက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီး အဖြစ် မေလ ၁၇ ရက်နေ့တွင်  အမည်စာရင်း သွင်းခဲ့ပြီးနောက် ယခုကဲ့သို့ အမေရိကန် အထက်လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

ဒဲရစ်မစ်ချယ်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ပြည်ထောင်စု သံအမတ်ကြီးအဖြစ် အမည်စာရင်း တင်သွင်းခဲ့ရခြင်းမှာ မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသည့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို အားပေးထောက်ခံရန်အတွက်ဖြစ်ကြောင်း သိရသည်။

သီတာဆီးပါလို့ တောင်ကြီးတွေကာ(နီမင်းဆွေ)





  အခုတလော ကိုယ်တို့နိုင်ငံမှာ ဆက်တိုက်ဖြစ်ပေါ်လာနေတဲ့ အဖြစ်အပျက်တွေကြောင့် ရင်ထဲမှာ ခံစားချက်မျိုးစုံကို ရောပြွမ်းပြီး ခံစားနေရပါတယ်။ အဲဒီလို ခံစားရမှုတွေဟာ စိတ်သက်သာစရာမရှိလို့ ကိုယ့်ဘ၀ရဲ့ အတိတ်ကာလတုန်းကရော အဲသလို ဖြစ်ခဲ့ဖူးတာမျိုး ရှိသလားလို့ ပြန် တွေးကြည့်မိပါတယ်။ အဲဒီအခါ ကိုယ့်ဘ၀တစ်လျောက်လုံးမှာ ပျော်ခဲ့ရတဲ့ အချိန်တွေက နည်းပြီး သိမ်သိမ်ငယ်ငယ်ခံစားနေရတဲ့ အချိန်တွေကသာ များခဲ့ပါလားဆိုတာကို သတိထားလာမိပါတယ်။ အဲသလို ကိုယ့်ဘ၀ဇာတ်ကြောင်းကို ပြန်လည်စဉ်းစားမိရင်းနဲ့ ငယ်စဉ်တုန်းက သင်ယူ လေ့လာခဲ့ဖူးတဲ့ ကမ္ဘာ့အရှေ့ဖျား ရာဇ၀င်ထဲက ဂျပန်နိုင်ငံအကြောင်းကိုလည်း သတိရမိပါတယ်။
ဂျပန်နိုင်ငံဟာ ၁၆၄၀ ပြည့်နှစ်မှာ ကမ္ဘာနဲ့ လုံးဝ အဆက်အသွယ်ဖြတ်ပြီး တံခါးပိတ်ထားလိုက်ပါတယ်။

က, ကညစ်ပေမှာခြစ် မဖြစ်ကြရအောင်(လူထုစိန်ဝင်း)

ဒီမိုကရေစီခေတ်မှာ ဒီမိုကရေစီပညာရေးစနစ်ဖြစ်ဖို့အတွက် အောက်ခြေကစဖို့ လိုအပ်ပါတယ်။ အလားတူပဲ တခြားနေရာတွေမှာလည်း အောက်ခြေက စပြောင်းလဲဖို့ လိုပါတယ်  . . .


w79_07 ဒီခေတ်က နည်းပညာလွှမ်းမိုးတဲ့ ခေတ်ဖြစ်တယ်။နည်းပညာတိုးတက်မှုရှိမှ တိုင်းပြည်တိုးတက်နိုင်တယ်။ ဈေးရောင်းတာတောင်တိုးတက်တဲ့ ဈေးရောင်းနည်းအတတ်ပညာတွေ သုံးတတ်ဖို့ လိုအပ်လာတယ်။ သမားရိုးကျ 'ဆန်ပေးဆေးယူ' ဈေးရောင်း နည်းတွေနဲ့တင် အလုပ်မဖြစ်တော့ဘူး။
အာရှရဲ့ ထိပ်ဆုံးက
မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ဟာ ကိုလိုနီခေတ်ကတောင် အာရှတိုက်တစ်ခုလုံးမှာ ထိပ်ဆုံးကရှိတဲ့ ပညာရေးစနစ်ဖြစ်တယ်။ စာတတ်မြောက်မှုရာနှုန်းမှာဆိုရင် အာရှသာမကဘူး ဥရောပနိုင်ငံတချို့ထက်တောင် မြင့်မား ခဲ့တယ်။ ဥရောပနိုင်ငံတွေမှာ မြို့တော် ကြီးက မှူးမျိုးမတ်နွယ်တွေနဲ့ လူကုံ ထံသားသမီးတွေသာ အိမ်မှာဆရာထားပြီး စာသင်ကြားခွင့်ရကြပေမယ့် မြန်မာပြည်က ကျေးလက်တောရွာတွေမှာတော့ တောင်သူလယ်သမား ဆင်းရဲသား သားသမီးတွေအားလုံး ဘုန်းတော်ကြီးကျောင်းတွေမှာ အခမဲ့ပညာ  သင်ကြားနိုင်ခဲ့ကြတယ်။

ရယ်စရာတွေများပြီး ဟာသရှားတယ်(လူထုစိန်ဝင်း)




လူတွေကို ငိုအောင်လုပ်ဖို့ လွယ်သလောက် ရယ်အောင်လုပ်ဖို့ ခက်ပါတယ်။ စာပေမှာလည်း အလွမ်းဝတ္ထု၊ အချစ်ဝတ္ထုရေးတာက ဟာသ၀တ္ထုရေးရတာ ထက် ပိုလွယ်ပါတယ်။ ဟာသအတတ်ပညာကို အဆင့်မြင့်ပညာရပ် တစ်ခုအဖြစ်တောင် သတ်မှတ်ကြပါတယ်။ နိုင်ငံတကာမှာလည်း လူပြက်တို့၊ လူရွှင်တော်တို့ ပေါပေမယ့် ဟာသပညာရှင်ရှားပါတယ်။ စာပေမှာလည်း ဟာသစာပေရှားပါတယ်။ ရယ်စရာ စာတွေသာများတာပါ။

သမားစဉ်ကျင့်ဝတ်ရှိတယ်

မြန်မာနိုင်ငံမှာလည်း ရယ်စရာ စာအုပ်တွေများပေမယ့် ဟာသစာပေ ရှားသထက်ရှားလာပါတယ်။ ဒီနှစ် အတွင်းမှာ ရယ်စရာစာအုပ်တွေနဲ့ ရယ်စရာရုပ်ရှင်၊ ဗီဒီယိုတွေအထွက် များတာကိုကြည့်ပြီး ဟာသပညာ ထွန်းကားတယ်လို့ တော့မဆိုနိုင်ပါ ဘူး။ သတိထားမိသလောက် အများစုက ဟာသပညာလို့ ပြောဖို့ခက်တာ မျိုးတွေဖြစ်ပါတယ်။ ရယ်စရာအဆင့်တောင် မရှိတဲ့ဗရုတ်သုက္ခတွေလည်း တွေ့ရပါတယ်။ တချို့ဆို မလှောင်အပ် မပြောင်အပ်တာတွေကိုတောင် စောင့်စည်းရမှန်းမသိဘဲ သရော်လှောင်ပြောင်ပြကြတာ တွေ့ရပါတယ်။ လူတစ်ယောက်ရဲ့ ကိုယ်ခန္ဓာချို့ယွင်း  ချက်တစ်ခုခုကို ဘယ်တော့မှ မလှောင်ရ၊ မပြောင်ရဆိုတဲ့ ရှေးသမားစဉ် ကျင့်ဝတ်ရှိပါတယ်။ မျက်စိတစ်လုံး ပျက်နေသူကို 'ဟဲ့ငကန်း' လို့ခေါ်တာ မျိုး၊ ခြေတစ်ဖက်ဆာနေသူကို 'င ကျိုး' လို့ခေါ်တာမျိုးမလုပ်အပ်ပါ ဘူး။ ဒီခေတ်မှာ သိပ်ပြီးမစောင့်စည်းကြတော့တာ သတိထားမိတယ်။

ဟိုတယ်အခန်းခ နှုန်းထားများ မြင့်တက်လာမှုကြောင့် အသေးစားနှင့် အလတ်စား ခရီးသွားလုပ်ငန်းများ ဆက်လက်ရှင်သန်ရန် ခက်ခဲလာမှုအား နိုင်ငံတော်သမ္မတထံ တင်ပြ



မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်း တိုးတက်လာမှုနှင့်အတူ ဟိုတယ်အခန်းခနှုန်းထားများသည်လည်း လိုက်ပါမြင့်တက်လာခဲ့ကာ ယခုအခါတွင် ယင်းသို့ ဈေးနှုန်းမြင့်တက်လာမှုက ခရီးသွားလုပ်ငန်း အသေးစားနှင့် အလတ်စားများ ဆက်လက်ရှင်သန်ရပ်တည်ရန် ခက်ခဲလာသည်ဟု ခရီးသွားလုပ်ငန်းနယ်ပယ်မှ သတင်းရရှိပါသည်။
ယင်းအနေအထားများကြောင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းနှင့် စပ်လျဉ်း၍ လက်ရှိအခြေအနေများအား နိုင်ငံတော်သမ္မတထံသို့ ၂၀၁၂ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က တင်ပြခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် ကန့်သတ်မှုတွေ များနေဆဲ

ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ရေးသားဖော်ပြနေတဲ့ သတင်းမီဒီယာတွေအပေါ် အစိုးရရဲ့ အရေးယူ ဆောင် ရွက်မှုတွေကို ကြည့်ရင် မြန်မာနိုငံမှာ သတင်းလွတ် လပ်ခွင့်ကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ခံ ထားရဆဲ ဖြစ်တယ် လို့ ပြင်သစ်အခြေစိုက် RSF နယ်စည်း မခြား သတင်းထောက်များ အဖွဲ့က ပြောကြားလိုက် ပါတယ်။
RFA
ရခိုင်ပြည်နယ် ပဋိပက္ခများ ရေးသားဖော်ပြမှုကြောင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ၏ တရားဆွဲဆိုခြင်း ခံရသည့် လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင် တရားရုံးမှ အာမခံဖြင့် ထွက်လာစဉ်။
အလားတူပဲ ရခိုင်ဒေသ ပဋိပက္ခတွေအပြီး စာနယ်ဇင်း ထိန်းချုပ်ကန့် သတ်တာတွေ ပိုများလာတယ်လို့လည်း ပြည်တွင်းစာနယ်ဇင်း အသိုင်းအ၀ိုင်းကလည်း ဆိုပါတယ်။

သတင်းစာဆရာ နှင့် နိုင်ငံရေး(မောင်ဝံသ)

"Becoming a politician is the only step down I could take from being a journalist."
Jim Hightower
နိုင်ငံရေးသမားဖြစ်လာတာဟာကျွန်တော့်အနေနဲ့သတင်းစာဆရာ ဖြစ်ဖို့ကနေ အောက်တစ်ဆင့်ပဲ လျှော့
ထားတာ။
(ဂျင် ဟိုင်းတာဝါ)
သူ ဆိုလိုတာက တကယ်ဖြစ်ချင်တာ သတင်းစာဆရာ။ သတင်းစာဆရာ ဘဝကို မရောက်ခင် တစ်ထစ်ပဲ လျှော့ပြီး ခံယူမယ့် ဘဝကတော့ နိုင်ငံရေးသမား ဘဝကတော့ နိုင်ငံရေးသမား ဘဝပါပဲတဲ့။
ဟိုင်းတာဝါ(၁၉၄၃ဖွား) ဟာ ဆင်ဒီကိတ် ကော်လံ ဆောင်းပါးရှင်၊ လစ်ဘရယ် ဝေဖန်ရေးဆရာ၊ ပေါ်ပြူလစ် တက်ကြွလှုပ်ရှားသူ၊အမေရိကန်နိုင်ငံမှာထင်ပေါ်ကျော်ကြားတဲ့ နိုင်ငံရေး​ သတင်းစာဆရာ တစ်ယောက်ပါ။ သူဟာ အောက်ခြေသိမ်းနိုင်ငံရေးသမားဘဝက စလုပ်ခဲ့ပြီးနောက်ဆုံးတော့ သူရည်မှန်းတဲ့ အ တိုင်း အောင်မြင်တဲ့ သတင်းစာဆရာ ဘဝကို ရောက်သွားပါတယ်။

ဗမာနိုင်ငံ နဲ့ မြန်မာလူမျိုး



မြန်မာ ဆိုတာ လူမျိုးရဲ့နာမည်

ဒေါက်တာသန်းထွန်း- မြန်မာသမိုင်းရှာတော်ပုံ စာအုပ် စာမျက်နှာ (၁၀၃- ၁၀၄) တွင် ယခုလိုဖေါ်ပြထားပါသည်။
“မြန်မာလို့ခေါ်ရင်အစပထမလူမျိုးကိုပဲခေါ်တာဖြစ်တယ်။
နောက်တစ်နေရာ တစ်နေရာတည်းမှာပဲ မြန်မာတွေအနေကြာတော့ သူတို့နေတဲ့ နေရာကိုပါ မြန်မာစု၊ မြန်မာရွာ၊ မြန်မာပြည်လို့ခေါ်တယ်၊
မွန်ကျောက်စာ (ခရစ် ၁၁၀၂ ) ထဲမှာ မြန်မာ ကို မိရ်မာ (မွန်ကျောက်စာ ၉ခ/၄၂၊ဒီ ၂၄၊ အိပ်ခ်ျ ၁၂) လို့ရေးထားတာတွေ့ရတယ်။ ထိလိုင်မင် (၁၀၈၄ – ၁၁၁၃) လက်ထက် နန်းသစ် ဆောက်တဲ့ အခါ မွန်၊ ပျူနဲ့ မိရ်မာ လက်သမားတွေပါတယ်လို့ ဆိုပါတယ်။ အဲဒါ မြန်မာနိုင်ငံရဲ့ကျောက်စာတွေထဲမှာ အစောဆုံးတွေ့ရတဲ့ မြန်မာ အကြောင်းပဲဖြစ်ပါတယ်”
“မြမ္မာ” လို့ရေးတာလည်းတွေ့ရတယ်လို့ဆိုပါတယ်။
ဒီတော့ “မြန်မာ” ဆိုတာ မြန်မာလူမျိုးရဲ့မူလနာမည်ပဲ။ တိုင်းပြည်နာမည် မဟုတ်ပါ။

Burma လို့ ခေါ်ဝေါ်မှု NLD ခုခံချေပ

ဒေါ်အောင်ဆန်းစုကြည်အပြန်ခရီးကိုစောင့်ကြိုနေသောလူထု

ပြည်ပခရီးစဉ်တွေအတွင်းမှာ မြန်မာကို Burma လို့ ဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့ ခေါ်ဝေါ်သုံးစွဲ တာဟာ ဥပဒေနဲ့ဆန့်ကျင်တဲ့ကိစ္စ မဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိပုဂ္ဂိုလ်တွေ က ချေပလိုက်ကြပါတယ်။ မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်ကတော့ အခုလို ခေါ်ဝေါ်သုံးစွဲတာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆန့်ကျင်နေတဲ့အတွက် မြန်မာနိုင်ငံအဖြစ်နဲ့သုံးစွဲဖို့ အသိပေး အကြောင်းကြား တဲ့ အကြောင်းကို ဒီကနေ့ သတင်းစာထဲမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူမရဲ့မိန့်ခွန်းတွေမှာ မြန်မာနိုင်ငံကို  Burma လို့ ပြောဆိုအသုံးပြုနေတဲ့ အပေါ်မှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကနေပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ဇွန်လ ၂၈ ရက်၊ ရက်စွဲနဲ့ မြန်မာနိုင်ငံလို့ သုံးစွဲဖို့ အသိပေး အကြောင်းကြားစာ တစ်စောင် ပေးပို့ထားတယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြလာပါတယ်။

မြောက်ကိုရီးယားက မြန်မာနဲ့ စစ်လက်နက်အပေးအယူ လုပ်ခဲ့ဖွယ်ရှိ

မြောက်ကိုးရီးယားက ဆီးရီးယားနဲ့ မြန်မာနိုင်ငံတို့နဲ့ စစ်လက်နက်ဆိုင်ပစ္စည်းရာ အပေးအယူတွေ လုပ်ခဲ့ဖွယ်ရှိတယ်ဆိုတဲ့ လွတ်လပ်တဲ့ကျွမ်းကျင်သူတွေရဲ့ အဖွဲ့တစ်ဖွဲ့က စုံစမ်းစစ်ဆေးရေးသားထားတဲ့ အစီရင်ခံစာတစ်စောင်ကို ကုလသမဂ္ဂက ဇွန်လ (၂၉) ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီအစီရင်ခံစာကို Reuters သတင်းဌာနက လွန်ခဲ့တဲ့ မေလကတည်းက ကြည့်ခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။
လွတ်လပ်တဲ့ကျွမ်းကျင်သူအဖွဲ့က စာမျက်နှာ (၇၄) မျက်နှာပါတဲ့ ဒီအစီရင်ခံစာကို ပြီးခဲ့တဲ့ မေလက ကုလ သမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြောက်ကိုးရီးယားကို အရေးယူပိတ်ဆို့ဒဏ်ခတ်ရေး ကော်မတီဆီ တင်သွင်း ခဲ့ပြီးတော့ ဒီအစီရင်ခံစာ ထုတ်ပြန်ရေးကို တရုတ်က ကန့်ကွက်နေတာကြောင့် တစ်လကျော် နောက် ကျပြီးမှ ထွက်လာရတာဖြစ်တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။

မိခင်က Online မှာ Chatting ဝင်ပြီး ကလေးငယ်နာဖျားမှု လျစ်လျူရှုလို့ (၁၉)လသား ကလေးငယ်သေဆုံး

ဂျပန်နိုင်ငံရှိ အသက်(၂၉)နှစ်အရွယ် မိခင်တစ်ဦးဟာ သူမရဲ့ (၁၉)လသားအရွယ် သားလေး ဖျားနေတာကို ဇွန်လ(၂၄)ရက်နေ့ မွန်းလွဲချိန်တွင် သိထားခဲ့ပေမယ့် ကလေးကို အိပ်ယာပေါ်တွင် လှဲအိပ်စေကာ သူမကတော့ Online မှာ Chatting ဝင် စကားပြောနေခဲ့ရာမှ နောက်တစ်နေ့ မနက်အစောပိုင်း (၂)နာရီလောက်တွင် အသက်မရှိတော့သော ကလေး၏ အလောင်းအား တွေ့ရှိခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။
ဖျားနေတဲ့ကလေးကို ပြုစုစောင့်ရှောက်မှုမရှိဘဲ လျစ်လျူရှု ပစ်ထားတဲ့အတွက် ကလေးငယ်သေဆုံးမှု ဖြစ်ပေါ်စေခဲ့တယ်လို့ သံသယရှိသောကြောင့် ကလေး၏မိခင်ကို ကြာသပတေးနေ့တွင် ရဲများက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထိုအမျိုးသမီးဟာ သူမ၏ ပထမကလေးကို မွေးဖွားပြီး ရက်အနည်းငယ်အကြာတွင် ဆုံးရှုံးခဲ့ရသူတစ်ဦးဖြစ်ကာ ဒုတိယသားကိုလည်း နေအိမ် balcony မှ ပြုတ်ကျသေဆုံးသွားခဲ့လို့ ဆုံးရှုံးခဲ့ရသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
Related Posts Plugin for WordPress, Blogger...

ShareThis