menu

Saturday 27 October 2012

ရခိုင်ပြည်နယ် ပဋိပက္ခ INGO နှင့် OIC တို့ နောက်ကွယ်မှ ကြိုးကိုင်ဟု ဆို

ရခိုင်ပြည်နယ် ပဋိပက္ခ INGO နှင့် OIC တို့ နောက်ကွယ်မှ ကြိုးကိုင်ဟု ဆို

ရန်ကုန်၊ အောက်တိုဘာ ၂၇

ရခိုင်ပြည်နယ်တွင် တကျော့ ပြန်လည် ဖြစ်ပွါးလာသော ပဋိပက္ခ များတွင် မြန်မာနိုင်ငံ အခြေစိုက် ပြည်ပ အဖွဲ့ အစည်း များ (INGO) နှင့် OIC (Organization of The Islamic Cooperation) တို့ နောက်ကွယ် မှ ကြိုးကိုင် လုပ်ဆောင် မှု များ ရှိနေကြောင်း ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) မှ အတွင်းရေးမှူး ဦးမျိုးကျော် က ပြောကြား သည်။

ဇွန်လ အတွင်း ဖြစ်ပွား ခဲ့သည့် ပဋိပက္ခ များ ငြိမ်သက် ခဲ့ရာမှ ယခု တဖန် ပြန်လည်၍မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ကျောက်ဖြူ၊ ကျောက်တော်၊ ရသေ့တောင်၊ ပေါက်တော မြို့နယ် များတွင် ယခင် ဖြစ်ပွါးခဲ့စဉ် ကထက် ကျယ်ပြန့်စွာ ဖြစ်ပွား နေကြောင်း၊ ယင်းသို့ ဖြစ်ပွား ရာတွင် ဘင်္ဂါလီ များက မိမိတို့ နေအိမ်ကို မိမိ ကိုယ်တိုင် စတင် မီးရှို့ခြင်း အပြင် ရခိုင်လူမျိုးများ၏ နေအိမ် များကိုပါ စတင် မီးရှို့ ခဲ့ရာမှ ဖြစ်ပွား ခဲ့သည်ကို တွေ့ရှိ ရပြီး ယင်းဖြစ်စဉ် များကို ကြည့်လျှင် ပဋိပက္ခ များ ဖြစ်ပွား လာရခြင်း မှာ ပြည်ပ နိုင်ငံခြား အဖွဲ့အစည်း များ၏ ပယောဂ ကြောင့် ဖြစ်သည်ဟု ယုံကြည်ကြောင်း အဆိုပါ အဖွဲ့ချုပ် ၏ အောက်တိုဘာ လ ၂၅ရက် နေ့ ထုတ်ပြန်ချက် ကဆိုသည်။

"မင်းပြားမှာ ဒီနေ့ က OIC ကန့်ကွက် ဆန္ဒပြရင် နောက်နေ့ မှာ ပဋိပက္ခ စဖြစ်တယ်။ ဒါကို ကြည့်ခြင်း အားဖြင့် ပြည်ပ အဖွဲ့ အ စည်း တွေရဲ့ ပယောဂ မကင်းဘူး ဆိုတာ ပေါ်လွင် နေတယ်" ဟု ဦးမျိုးကျော် က ရှင်းပြသည်။

ရခိုင်ပြည်နယ် ပဋိပက္ခ တွင် နောက်ကွယ် မှ ကြိုးကိုင် လှုပ်ရှား နေသော လူပုဂ္ဂိုလ် နှင့် အဖွဲ့အစည်း များ ရှိနေပြီး ၎င်းတို့ကို ဖော်ထုတ်၍ ဥပဒေနှင့် အညီ ထိရောက်စွာ အရေး ယူသွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက အောက်တိုဘာ လ ၂၅ရက် နေ့တွင် ထုတ်ပြန် ကြေညာ ခဲ့သည်။

ယခုအခါ ယင်းသို့ တစ်ကျော့ပြန် ဆူပူ အကြမ်းဖက်မှု များကြောင့် လူပေါင်း ၆၀ ကျော် သေဆုံး ခဲ့ပြီး၊ ၉၀ကျော် ဒဏ်ရာကာ နေအိမ် ၃၀၀၀ နီးပါး မီးလောင် ပျက်စီး ခဲ့ကြောင်းကို ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာ များ တွင် ဖော်ပြသည်။
photo by - sein down

အေးချမ်းမွန်မှ The Voice Weekly တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :The Voice Weekly
ရန်ကုန်၊ အောက်တိုဘာ ၂၇

ရခိုင်ပြည်နယ်တွင် တကျော့ ပြန်လည် ဖြစ်ပွါးလာသော ပဋိပက္ခ များတွင် မြန်မာနိုင်ငံ အခြေစိုက် ပြည်ပ အဖွဲ့ အစည်း များ (INGO) နှင့် OIC (Organization of The Islamic Cooperation) တို့ နောက်ကွယ် မှ ကြိုးကိုင် လုပ်ဆောင် မှု များ ရှိနေကြောင်း ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) မှ အတွင်းရေးမှူး ဦးမျိုးကျော် က ပြောကြား သည်။


ဇွန်လ အတွင်း ဖြစ်ပွား ခဲ့သည့် ပဋိပက္ခ များ ငြိမ်သက် ခဲ့ရာမှ ယခု တဖန် ပြန်လည်၍မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ကျောက်ဖြူ၊ ကျောက်တော်၊ ရသေ့တောင်၊ ပေါက်တော မြို့နယ် များတွင် ယခင် ဖြစ်ပွါးခဲ့စဉ် ကထက် ကျယ်ပြန့်စွာ ဖြစ်ပွား နေကြောင်း၊ ယင်းသို့ ဖြစ်ပွား ရာတွင် ဘင်္ဂါလီ များက မိမိတို့ နေအိမ်ကို မိမိ ကိုယ်တိုင် စတင် မီးရှို့ခြင်း အပြင် ရခိုင်လူမျိုးများ၏ နေအိမ် များကိုပါ စတင် မီးရှို့ ခဲ့ရာမှ ဖြစ်ပွား ခဲ့သည်ကို တွေ့ရှိ ရပြီး ယင်းဖြစ်စဉ် များကို ကြည့်လျှင် ပဋိပက္ခ များ ဖြစ်ပွား လာရခြင်း မှာ ပြည်ပ နိုင်ငံခြား အဖွဲ့အစည်း များ၏ ပယောဂ ကြောင့် ဖြစ်သည်ဟု ယုံကြည်ကြောင်း အဆိုပါ အဖွဲ့ချုပ် ၏ အောက်တိုဘာ လ ၂၅ရက် နေ့ ထုတ်ပြန်ချက် ကဆိုသည်။

ကမ္ဘာ့အလှဆုံး ဖား- အမေဇုန် နို့နှစ်ရောင်ဖား

ကမ္ဘာ့အလှဆုံး ဖား- အမေဇုန် နို့နှစ်ရောင်ဖား

အမေဇုန် နို့နှစ်ရောင်ဖား (Amazon Milk Frog) ကို တောင်အမေရိက တိုက်မှာပဲ မြင်တွေ့နိုင်ပါတယ်။ သြစတေးလျတိုက်မှာလည်း အနည်းငယ် ကျက်စားတယ်လို့ သိရပါတယ်။ 

အရောင်အားဖြင့် အဖြူရောင်မှာ အညိုရောင် ကွက်ကျားများ ခြယ်ထားတဲ့ ပုံစံဖြစ်ပြီး အရွယ်အစားက ၂.၅ လက်မ ကနေ ၄ လက်မအထိ ရှိနိုင်ပါတယ်။ စိုစွတ်တဲ့ နေရာတွေမှာ နေထိုင်ကျက်စားပြီး မိုးသစ်တောတွေမှာ ပိုအတွေ့များ တယ်လို့ ဆိုပါတယ်။ အရောင်တင် နို့ရောင် ရောနေခြင်း မဟုတ်ပဲ ခန္ဓာကိုယ်မှ ထွက်သမျှ အရည်များလည်း နို့ရည်လိုပဲ ဖြစ်ပါတယ်။ သို့ပေမယ့် ယင်းအရည်ဟာ အဆိပ်ပါပြီး လာရောက် တိုက်ခိုက်မယ့် ဘယ်ရန်သူကို မဆို ပြန်လည်ခုံခံရန် သဘာဝကပေးထားတဲ့ စွမ်းအား တစ်ခု ဖြစ်ပါတယ်။ 

ကမ္ဘာ့အလှဆုံး ဖားမျိုးစိတ် သုံးမျိုးထဲမှာ တစ်မျိုးအပါအဝင် ဖြစ်တဲ့ အမေဇုန်ဖား (Amazon Mil Frog) ကို ယခုလို မြင်တွေ့ ရပါတယ်။ 
---
Ref:wiki
အမေဇုန် နို့နှစ်ရောင်ဖား (Amazon Milk Frog) ကို တောင်အမေရိက တိုက်မှာပဲ မြင်တွေ့နိုင်ပါတယ်။ သြစတေးလျတိုက်မှာလည်း အနည်းငယ် ကျက်စားတယ်လို့ သိရပါတယ်။

အရောင်အားဖြင့် အဖြူရောင်မှာ အညိုရောင် ကွက်ကျားများ ခြယ်ထားတဲ့ ပုံစံဖြစ်ပြီး အရွယ်အစားက ၂.၅ လက်မ ကနေ ၄ လက်မအထိ ရှိနိုင်ပါတယ်။ စိုစွတ်တဲ့ နေရာတွေမှာ နေထိုင်ကျက်စားပြီး မိုးသစ်တောတွေမှာ ပိုအတွေ့များ တယ်လို့ ဆိုပါတယ်။ အရောင်တင် နို့ရောင် ရောနေခြင်း မဟုတ်ပဲ ခန္ဓာကိုယ်မှ ထွက်သမျှ အရည်များလည်း နို့ရည်လိုပဲ ဖြစ်ပါတယ်။ သို့ပေမယ့် ယင်းအရည်ဟာ အဆိပ်ပါပြီး လာရောက် တိုက်ခိုက်မယ့် ဘယ်ရန်သူကို မဆို ပြန်လည်ခုံခံရန် သဘာဝကပေးထားတဲ့ စွမ်းအား တစ်ခု ဖြစ်ပါတယ်။

"ကျုပ်သမ္မတဖြစ်နေသမျှ အီရန် နျူကလီးယားလက်နက် မပိုင်စေရဘူး" အိုဘားမားနှင့် ရွမ်နေတို့၏ စကားစစ်ထိုးပွဲ

တတိယအကြိမ် စကားစစ်ထိုးပွဲတွင်တွေ့ရသည့် အိုဘားမားနှင့် မစ်ရွမ်နေ။ ဓာတ်ပုံ - အေအက်ဖ်ပီတတိယအကြိမ် စကားစစ်ထိုးပွဲတွင်တွေ့ရသည့် အိုဘားမားနှင့် မစ်ရွမ်နေ။ ဓာတ်ပုံ - အေအက်ဖ်ပီ
ဖလော်ရီဒါ- သမ္မတ ဘာရက် အိုဘားမားနှင့် ပြိုင်ဘက် ရီပတ်ဘလီ ကန်ပါတီ သမ္မတလောင်း
မစ်ရွမ်နေ တို့သည် နိုဝင်ဘာလ ၆ ရက်တွင် ကျင်းပ တော့မည့် သမ္မတရွေးကောက်ပွဲ မတိုင်မီ
နောက်ဆုံးနှင့် တတိယအကြိမ်မြောက် စကားစစ်ထိုးပွဲကို အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်
ဘိုကာရတန် မြို့တွင် ပြုလုပ်ခဲ့သည်။
ယခုအကြိမ် စကားစစ်ထိုးပွဲတွင် နိုင်ငံခြားရေးမူဝါဒကို ခေါင်းစဉ်ထား၍ မိမိတို့၏ နိုင်ငံခြားရေးမူ
ဝါဒများကို တင်ပြခဲ့ကြသည်။
စိန်ခေါ်သူ ရီပတ်ဘလီကန် သမ္မတလောင်း ရွမ်နေက လွန်ခဲ့သော လေးနှစ် အတွင်း သမ္မတ
အိုဘားမားကျင့်သုံး ခဲ့သော နိုင်ငံခြားရေးမူဝါဒများကို တိုက်ခိုက်ပြောကြားရာတွင် အမေရိကန်
တို့၏ အစဉ်အလာ မဟာမိတ်များ ဖြစ်ကြသော အစ္စရေးနှင့် ပိုလန်နိုင်ငံ တို့ကို စိတ်ဓာတ်ကျ
ဆင်းစေခဲ့ကြောင်း၊ မိမိသမ္မတ ရွေးချယ်ခံရပါက ၎င်းတို့ ဘက်မှ မားမားမတ်မတ်ရပ်တည်မည်
ဖြစ်ကြောင်းပြောသည်။

မြန်မာပြည်မှာပေါတဲ့ဟာ........


ပုသိမ်မြို့နယ်မှ NlD ပါတီဝင် ၁၃၂ဦးနုတ်ထွက်ပြီး အမျိုးသားဒီမိုကရေစီကွန်ရက်အဖြစ် ဆက်လက်ရပ်တည်သွားမည်


ပုသိမ်မြို့နယ် NLD ပါတီမှ ပါတီဝင် ၁၃၂ ဦးမှာ အောက်တိုဘာ ၂၇ ရက်နေ့တွင် ပါတီဝင်အဖြစ်မှ နုတ်ထွက်ခဲ့ကြပြီး အမျိုးသားဒီမိုကရေစီကွန်ရက်အဖြစ် ဆက်လ
က်ရပ်တည်သွားမည်ဖြစ်ကြောင်း နုတ်ထွက်ခဲ့ကြသည့် ခေါင်းဆောင်များက ပြောကြားသည်။
“အခြားပါတီကို ခိုလှုံချင်လို့ မဟုတ်ပါဘူး ၊အမေမရှိခိုက် ဦးကြီး ဘထွေးတွေက နှိပ်စက်တော့ မနေနိုင်လို့
အပြင်ထွက်နေရတဲ့ သဘောပါ၊”
ဟု NLD ပါတီမှ နုတ်ထွက်ခဲ့သူ ဦးသန်းဝင်းက ဆိုသည်။

အဆိုပါ ပါတီဝင် ၁၃၂ ဦးနုတ်ထွက်ခြင်းနှင့် အတူ ပုသိမ်မြို့နယ် ပါတီရုံး၏ ဆိုင်းဘုတ်ပိတ်သိမ်းခြင်းနှင့် ပါတီအလံ ဖြုတ်ချမူ အခမ်းအနားကို တပေါင်း တည်း ပြုလုပ်ခဲ့သည်။

KNU ထိပ်ပိုင်းခေါင်းဆောင်များ ပြေလည်မှု ရရှိ

ရန်ကုန်။အောက်တိုဘာ ၂၇

KNU ခေါင်းဆောင် များ ကြားအကွဲ ပြဲ ပြသနာကို ဗဟိုကော်မတီ အစည်းဝေး တွင် ပြေလည်မှု ရရှိ ပြီဖြစ်ကြောင်း KNU ဗဟိုကော်မတီက အောက်တိုဘာ ၂၇ ရက်နေ့ ရွက်စွဲဖြင့် အရေးပေါ် ကြေညာချက်တစ်ရပ် ထုတ်ပြန်ကြေညာသည်။


အောက် တိုဘာ ၂၅ ရက် နေ့ နှင့် ၂၆ ရက် နေ့တွင် ကျင်းပသောအဆိုပါ ဗဟိုကော်မတီ အစည်းဝေးတွင် စက်တင်ဘာလ ၂၇ ရက်နေ့ ကထုတ်ပယ် ခဲ့သောခေါင်းဆောင် ၃ ဦးကို၁၄ ကြိမ်မြောက် ညီလာခံက တာဝန်ပေး အပ်ထားသည့် ရာထူးများအတိုင်း ၁၅ကြိမ် မြောက် ညီလာခံထိ တာဝန် ဆက်လက်ပေးရန် သဘောတူညီ မှု ရရှိခဲ့ကြောင်း KNU ဗဟိုကော်မတီ ၀င်တစ်ဦးက ဆိုသည်။

ဗြိတိန်နာမည်ကြီး ပေါ့အဆိုတော် Sir Cliff Richard ရန်ကုန်၊မန္တလေး၊ပုဂံနှင့် အင်းလေး ဒေသများသို့လာရောက်လည်ပတ်

Photo: ဗြိတိန်နာမည်ကြီး ပေါ့အဆိုတော် Sir Cliff Richard ရန်ကုန်၊မန္တလေး၊ပုဂံနှင့် အင်းလေး ဒေသများသို့လာရောက်လည်ပတ်  

SATURDAY, 27 OCTOBER 2012 16:08

ဗြိတိန်နာမည်ကြီး ပေါ့အဆိုတော် တစ်ဦးဖြစ်သူ Sir Cliff Richard သည် အောက်တိုဘာ နောက်ဆုံးပတ်တွင် မြန်မာနိုင်ငံသို့ရောက်ရှိကာ ရန်ကုန်၊မန္တလေး၊ပုဂံ နှင့် အင်းလေးဒေသများသို့ လည်ပတ်လျက်ရှိကြောင်း သိရှိရသည်။

Sir Cliff Richard  သည် မန္တလေးမှပုဂံသို့ Road to Mandalay အပျော်စီးသင်္ဘောဖြင့် အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်း၌ရောက်ရှိခဲ့ပြီးနောက် ပုဂံတွင်လည်ပတ်ကာ နောက်တစ်နေ့တွင် အင်းလေးသို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

ရှေးဟောင်းယဉ်ကျေးမှု ပုဂံနယ်မြေကို နှစ်သက်သဘောကျကြောင်း Sir Cliff Richard က ပုဂံ-ညောင်ဦးလေဆိပ်တွင် ပြောပါသည်.။၎င်းသည်   ယခုအခါ အသက် ( ၇၂ )နှစ်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။ Wired for Sound,Me and My Shadows, Bold as Brass,Cliff Sings စသည့်သီချင်း အယ်လ်ဘမ်များဖြင့် ကျော်ကြားခဲ့သူဖြစ်ပြီး၊ ၁၉၈၀ ခုနှစ်တွင် ဘုရင်မကြီးမှချီးမြှင့်သော O.B.E ဆုကို ရရှိခဲ့ကြောင်းသိရသည်။ Sir Cliff Richard သည် အဆိုတော် ဂီတပညာရှင်တစ်ဦးဖြစ်  သည့်အပြင် ပရဟိတလုပ်ငန်းများ လုပ်ဆောင်နေသူတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။



အေးချမ်းမွန်မှ Eleven Media Groupတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : Eleven Media Group
ဗြိတိန်နာမည်ကြီး ပေါ့အဆိုတော် တစ်ဦးဖြစ်သူ Sir Cliff Richard သည် အောက်တိုဘာ နောက်ဆုံးပတ်တွင် မြန်မာ
နိုင်ငံသို့ရောက်ရှိကာ ရန်ကုန်၊မန္တလေး၊ပုဂံ နှင့် အင်းလေးဒေသများသို့ လည်ပတ်လျက်ရှိကြောင်း သိရှိရသည်။

Sir Cliff Richard သည် မန္တလေးမှပုဂံသို့ Road to Mandalay အပျော်စီးသင်္ဘောဖြင့် အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်း၌ရောက်ရှိခဲ့ပြီးနောက် ပုဂံတွင်လည်ပတ်ကာ နောက်တစ်နေ့တွင် အင်းလေးသို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

ဟင်္သာတ-ဇလွန် အဝေးပြေးလမ်းမကြီးတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ၁၀ ဦးသေဆုံး ၉ ဦး ဒါဏ်ရာရရှိခဲ့ကြောင်း သိရ




27mt ဟင်္သာတ-ဇလွန် အဝေးပြေးလမ်းမကြီးတွင် အောက်တိုဘာလ ၂၇ ရက်နေ. နေ.လည်ပိုင်းအချိန်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သဖြင့် ၁၀ ဦး သေဆုံးပြီး ၉ ဦး ဒါဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။
27mt2

ကျောက်တော်တွင် စစ်တပ်က ပစ်ခတ်၍ ၄ ဦးသေ၊ ၁၂ ဦး ဒဏ်ရာ၊ အများအပြား ပျောက်ဆုံး

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကုလားတန် မြစ်တွင် သွားလာနေသော စက်လှေ တစ်စီးအား စစ်တပ်မှ အဆက်မပြတ် ပစ်ခတ်မူကြောင့် လူငယ် ၄ ဦးသေဆုံးပြီး၊ ၁၂ ဦးဒဏ်ရာ ရရှိကာ အများအပြား ပျောက်ဆုံးနေကြောင်း သတင်း ရရှိသည်။

သေဆုံးသူများမှာ ယခုအချိန်ထိ ကျောက်တော် ဆေးရုံသို့ ရောက်ရှိနေပြီး ယနေ့ နံနက် ၁၁ နာရီတွင် အလယ်ကျွန်းကျေးရွာမှ လူငယ် အလောင်း တစ်လောင်း ရောက်ရှိလာသည်ဟု ဒေသခံ လူကြီးတစ်ဦးက ဆေးရုံမှ နေပြီး နိရဉ္စရာသို့ ပြောကြားသည်။
“ အခုဘဲ အလောင်းရောက်လာပါတယ်။ မောင်ဝင်းလိုင်လို့ခေါ်တယ်။ အလယ်ကျွန်းကျေးရွာကတဲ့။ အခုဘဲ ဆေးရုံကို ယူလာပါတယ်” ဟု ဆိုသည်။
ယနေ့နံနက်ကလည်း စစ်တပ်က ပစ်ခတ်၍ သေဆုံးသွားသူ ကိုထွန်းအေးသာ အလောင်းကိုလည်း ကျောက်တော် ဆေးရုံသို့ ယူဆောင်လာခဲ့သဖြင့် ယနေ့ ရောက်လာသော အလောင်းမှာ (၂) လောင်း ဖြစ်သည်ဟု သူက ပြောသည်။

လိပ်ပြာ ၉၀၀၀ သေဆုံးရသည့် ပန်းချီပြပွဲ

လိပ်ပြာ ၉၀၀၀ သေဆုံးရသည့် ပန်းချီပြပွဲ


ပန်းချီပညာရှင်ဒါမီယမ်ဟစ် (စ်)အား အငြင်းပွားမှုများကို ဖန် တီးသည့် အနုပညာရှင်အဖြစ် လူသိများခဲ့သည်။  ၎င်းသည်  အရောင်မဲ့ ဖော်မယ်ဟီဒိုက်ဓာတ် ငွေ့များပျော်ဝင်နေသည့် ရေတိုင် ကီအတွင်း ငါးမန်းတစ်ကောင် အားနှစ်မြှုပ်ထားခဲ့သည်။ နွားမ တစ်ကောင်နှင့်နွား သားပေါက် လေး တစ်ကောင်အားလည်း ခွဲ ခြားထားခဲ့သည်။ ၎င်းပြင် တိတ် မော်ဒန်၌ ကျင်းပသည့် “အချစ်၏ အတွင်းနှင့်အပြင်” ဟုနာမည်ပေး ထားသောပြခန်း၌ ပြတင်းပေါက် မရှိသော အခန်း(၂) ခန်းအတွင်း လိပ်ပြာအရှင်များအားထည့်ထား ခဲ့သည်။ ထိုပြပွဲပြီးဆုံးသွားချိန်၌ ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ သည်။
ပန်းချီပညာရှင်များက ထို ပြပွဲအား သဘောနှစ်သက်ကြ သော်လည်း တိရစ္ဆာန်အခွင့် အရေးလှုပ်ရှား သူများက မနှစ်မြို့ ကြပေ။ ရက်သတ္တပတ် ၂၃ ပတ် ကြာမြင့်သည့် ပြပွဲပြီးဆုံးချိန်တွင် လိပ်ပြာပေါင်း ၉၀၀၀ သေဆုံး ခဲ့သဖြင့်ပြပွဲသည် လိပ်ပြာများ အား အစုလိုက်အပြုံလိုက် သတ် ဖြတ်သည့်ပွဲ  ဖြစ်သွားကြောင်း “တယ်လီဂရပ်” သတင်းဌာနက ရေးသားဖော်ပြလိုက်သည်။
ဟစ်(စ်) သည် ပြပွဲအတွက် အပူပိုင်းဒေသ လိပ်ပြာများကို အသုံးပြုခဲ့ကြောင်း၊ ထိုလိပ်ပြာ များသည် သဘာဝအတိုင်း နေထိုင်ရမည်ဆိုပါက ၉ လခန့် အသက်ရှင်နေထိုင်နိုင်ကြောင်း၊ လိပ်ပြာများသည် သဘာဝ၏ လှပသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်နှင့်အညီ ၎င်းတို့အား ကြိုတင်ခန့်မှန်းနိုင်သော သို့မ ဟုတ် မမျှော်မှန်းနိုင်သော ကိစ္စ ရပ်များအတွက်အသုံးပြု၍ ဖြုန်း တီးမပစ်သင့်ကြောင်း သတင်း စာက ဆက်လက်ရေးသားဖော်ပြ လိုက်သည်။
ပြပွဲအားကာကွယ်ပြောကြား ရာတွင်  ၊အနုပညာပြတိုက်က လိပ်ပြာများအား ပြပွဲပြသနေ သည့်အခြေအနေတွင် ရှင်သန် နိုင်သည်ဟု  သိရှိထားပြီးသည့် မျိုးစိတ်များအား ရွေးချယ်ထား ခြင်းဖြစ်ကြောင်း၊  ဟစ်(စ်)၏ ပထမဦးဆုံးသောနောက်ကြောင်း ပြန်အမှတ်တရပြပွဲဖြစ်ကာ အထူး အောင်မြင်သောပြပွဲဖြစ်ပြီးနေ့စဉ်  လူသုံးထောင်ခန့် လာရောက် ကြည့်ရှုကြကြောင်း ပြောကြား လိုက်သည်။
ဟစ်(စ်) ကျောင်းသား ဘ၀က ထိုပြပွဲအားပြသခဲ့ဖူးပြီး ယခုတဖန် ပြတိုက်အတွက် ပြန် လည်ပြသပေးခဲ့ခြင်းဖြစ်သည်။ 

ဥက္ကာအောင်

အေးချမ်းမွန်မှ The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :The Hot News
ပန်းချီပညာရှင်ဒါမီယမ်ဟစ် (စ်)အား အငြင်းပွားမှုများကို ဖန် တီးသည့် အနုပညာရှင်အဖြစ် လူသိများခဲ့သည်။ ၎င်းသည် အရောင်မဲ့ ဖော်မယ်ဟီဒိုက်ဓာတ် ငွေ့များပျော်ဝင်နေသည့် ရေတိုင် ကီအတွင်း ငါးမန်းတစ်ကောင် အားနှစ်မြှုပ်ထားခဲ့သည်။ နွားမ တစ်ကောင်နှင့်နွား သားပေါက် လေး တစ်ကောင်အားလည်း ခွဲ ခြားထားခဲ့သည်။ ၎င်းပြင် တိတ် မော်ဒန်၌ ကျင်းပသည့် “အချစ်၏ အတွင်းနှင့်အပြင်” ဟုနာမည်ပေး ထားသောပြခန်း၌ ပြတင်းပေါက် မရှိသော အခန်း(၂) ခန်းအတွင်း လိပ်ပြာအရှင်များအားထည့်ထား ခဲ့သည်။ ထိုပြပွဲပြီးဆုံးသွားချိန်၌ ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ သည်။
ပန်းချီပညာရှင်များက ထို ပြပွဲအား သဘောနှစ်သက်ကြ သော်လည်း တိရစ္ဆာန်အခွင့် အရေးလှုပ်ရှား သူများက မနှစ်မြို့ ကြပေ။

ထိုင်းဘုရင့်သမီးတော် မြန်မာပြည်ခရီးနှင့် ကျောင်းအိမ်သာလိမ်လည်မှုကြီး

မကြာသေးမီက ကမ္ဘာကျော်ဘီလျံနာသူဌေးကြီး ဘေလ်ဂိတ်စ်သည် အနာဂတ်အိမ်သာပြိုင်ပွဲတစ်ခုကို ငွေကုန် ကြေးကျများခံကာ ကျင်းပပြုလုပ်ပေးလိုက်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးမှ တက္ကသိုလ် ကျောင်းများကို ဆင်းရဲသောနိုင်ငံများအတွက် အသင့်လျော်ဆုံးနှင့် အကျိုးအရှိဆုံးအိမ်သာများဖြစ်ရေး ဒီ
ဇိုင်းထုတ်ခိုင်းခြင်း ဖြစ်ပါသည်။ ကျောင်းသားများသည် အုပ်စုလိုက်ဝင်ပြိုင်ကြပြီး အနာဂတ်အိမ်သာကို ပုံဖော်ပြကြသည်။

အနာဂတ်အိမ်သာသည် နေရောင်ခြည် ဆိုလာပြားအမိုးတွေနှင့် ဖြစ်သည်။ စွန့်ပစ်ပစ္စည်းများကို လောင်စာ၊ မြေဩဇာအဖြစ်ပြန် ထုတ်သုံးနိုင်ရန် ရည်ရွယ်ကြသည်။ အိမ်သာဆိုသည်မှာ စိတ်ပျော်မွေ့စရာ ခေတ္တအနားယူ အပန်းဖြေနိုင်သည့် နေရာတစ်နေရာဖြစ်အောင် ဖန်တီး ပြသူတွေလည်းရှိသည်။ ဆင်းရဲသောနိုင်ငံများတွင် အိမ်သာစနစ် ကောင်းမွန်စွာ အသုံးမပြုနိုင်ခြင်းကြောင့် ရောဂါဘယထူပြောကာ မသေသင့်ဘဲ သေဆုံးနေကြရ သည်ဟုမြင်ပြီး စရိတ်ကျဉ်း၊ အကျိုးရှိ၊ အသုံးတည့်အိမ်သာများကို တည်ဆောက်နိုင်ရန် ကြိုးစားနေခြင်းဖြစ်ပါသည်။

ရခိုင်ပဋိပက္ခဖြေရှင်းရေး ဦးစားပေးရန် ကင်တားနား ကုလသမဂ္ဂတွင် ပြောကြား

နယူးယောက်၊အောက်တိုဘာ-၂၇

အသစ်ဖြစ်ပေါ်လာခဲ့သည့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းမှ ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီတို့ကြားမှ ပဋိပက္ခဖြေရှင်းရေးကို ဦးစားပေးဆောင်ရွက်သွားရန်လိြုေ
ကာင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာတောမတ်စ်အိုယေးကင်တားနားက ပြောကြားလိုက်သည်။
အောက်တိုဘာ ၂၅ ရက် ကြာသပတေးနေ့က ကုလအထွေထွေညီလာခံတွင် တင်သွင်းခဲ့သော ၄င်း၏အစီရင်ခံစာ၌ ကင်တားနားက "ဒါဟာ အစိုးရနဲ့ သက်ဆိုင်သူအားလုံးအတွက် နောက်ထပ်အကြမ်းဖက်မှုတွေ တားဆီးဖို့၊ လူ့အသိုင်းအ၀ိုင်းနှစ်ခုအကြား တင်းမာမှုတွေ မဖြစ်အောင် ထိန်းသိမ်းဖို့ အလွန်အရေးကြီးလှပါတယ်"ဟု ဆိုသည်။

မှင်စာကလေးရောင်နီ(ကြည်အေး)

ရောင်နီသည် မှင်စာကလေးအဖြစ်သို့ လွန်ခဲ့သော ခုနစ်ရက်ကမှ ရောက်ခဲ့သည်။ လူကလေးကနေပြီး မှင်စာကလေးဖြစ်လိုက်သည်မှာ အင်မတန် မြန်လွန်းလှ၍ ဘာမှန်းပင် မသိလိုက်ပေ။ သူသည် မှင်စာဖြစ်နေမှန်း ကိုယ့်ကိုယ်ကို သိသော်လည်း ပျော်ရမှာလား၊ ဝမ်းနည်းရမှာလား မစဉ်းစားတတ်။ နဂိုစိတ်အတိုင်းဆိုလျှင်တော့ လူတုန်းကရှိသည့်အတိုင်း ပျော်ရွှင်အပြစ်ကင်းသော ကလေးစိတ်ပင် ရှိသည်ဟု ဆိုရမည်။


မှင်စာမဖြစ်ခင်ကတော့ မှင်စာဆိုသည်မှာ တစ္ဆေအငယ်စားပေတည်းဟု သာမည သိသည်။ မှင်စာသည် တစ်စုံတစ်ယောက်ကို ခုနစ်ပတ်ပတ်လိုက်လျှင် ထိုလူ ကိစ္စချောပါရော ဟူ၍လည်း ကြားဖူးသည်။ မှင်စာသည် ကြောင်နက်ကလေးများပမာဆောင်၍ လူကို ပတ်တတ်သလိုလိုလည်း ကြားဖူးနားဝ ရှိလေရကား ရောင်နီအင်မတန်ချစ်သည့် ကြောင်ကလေး မိစိန်ကိုပင် ည၌ မှောင်မှောင်များတွင် ခြေကို ခေါင်းနှင့် လာလာဝှေ့သည့်အခါ ကြောက်ကြောက်နှင့် ကန်ပစ်တတ်သည်။


မှင်စာဆိုသည်မှာကား အခုထိမသိ။ ရောင်နီသည် မသေခင်က ရောင်နီကလေးအတိုင်းပင် ရှိ၏။ မိမိခေါင်းပေါ်ကို ပြန်စမ်းကြည့်လျှင် နီကြင်ကြင်ရှိ၍ အထွေးလိုက်ခဲသော သျှောင်ထုံးကလေးကို စမ်းမိသည်။ ဆံရစ်ဝိုင်းကလေး ထိုးထိုးထောင်ထောင်ကိုလည်း စမ်းမိသည်။ သျှောင်ထုံးတင်းတင်းထုံးထားသဖြင့် အဖူးအသီးကလေးများ ထနေသော ချာရစ်ဝိုင်းကိုလည်း စမ်းမိသည်။

အစ်အယ်အဟာ ပွဲတော်ကာလ အတွင်း အပစ်အခတ် ရပ်စဲမည် သူပုန်များ တိုက်ခိုက် ပါက လက်တုံပြန်မည် ဟု ဆီးရီးယား အစိုးရပြော

အစ္စလာမ် ဘာသာဝင် များ၏ အစ်အယ်အဟာ ပွဲတော် အထိမ်းအမှတ် အဖြစ် လေးရက် ကြာ အပစ်အခတ် ရပ်စဲ ထားမည် ဖြစ် သော်လည်း သူပုန် အဖွဲ့ များက တိုက်ခိုက် လာပါက လက်တုံပြန် သွားမည် ဟု ဆီးရီးယား အစိုးရ အဖွဲ့  က ပြောကြား သွားကြောင်း BBC သတင်းတွင် ဖော်ပြ ထားသည်။ "အစ်" ပွဲတော် ကာလ အတွင်း
အပစ်အခတ် ရပ်ဆိုင်း ထားရန် ကုလသမဂ္ဂ နှင့် အာရပ် အဖွဲ့ ကိုယ်စားလှယ် လတ်ကာ ဘရာမီနီ က စတင် အဆို ပြုခဲ့ခြင်း ဖြစ်သည်။

ဆီးရီးယား နိုင်ငံတွင်း ရှိ စစ်ဆင်ရေး များ ကို အောက်တိုဘာ ၂၆ ရက် နေ့  မှ ၂၉ ရက် နေ့ အတွင်း ရပ်ဆိုင်း သွား မည် ဖြစ်ကြောင်း ဆီးရီးယား တပ်မတော် က သတင်း ထုတ်ပြန် သွား သည်။ သို့ သော် လည်း အကြမ်းဖက် လက်နက်ကိုင် အဖွဲ့ များက အင်အား ပြန်လည် ဖြည့်တင်းမူ၊ လက်နက် ရိက္ခာ စုဆောင်း မှုနှင့် အိမ်နီးချင်း နိုင်ငံများ သို့ စိမ့်ဝင် ထိုးဖောက် မှုများ ပြုလုပ် သွားပါက လက်တုံ ပြန် တိုက်ခိုက် သွား မည် ဖြစ်ကြောင်း အဆိုပါ သတင်း ထုတ်ပြန် ချက် က သတိပေး ထားသည်။

ဗန်းမော်တင်အောင် (သော်တာဆွေ)

ထိုနေ့ နေ့လယ်ခင်းဝယ် ကျွန်တော်သည် ရှူမဝတိုက်မှ ပြန်ခဲ့၍ ဗိုလ်ချူပ်ဈေးကို ဖြတ်ခဲ့ပြီး အနော်ရထာလမ်း ရောက်သည်၌ အမှတ် (၁၂) ဘတ်စ်ကားမှတ်တိုင်တွင် အခြား ကားစောင့်ခရီးသည်တွေ တပုံတပင်ကြီးထဲမှာ ဗန်းမော်တင်အောင်အား တွေ့ရသဖြင့် ကျွန်တော်သူ့ဆီ လျှောက်သွားကာ …
ဟေ့လူကြီး … ခင်ဗျား ဘုန်းမောင်တကောင်ထဲလား။ ဘယ်သွားမလို့လဲ
သူသည် ကျွန်တော့်အသံကြားမှ ကျွန်တော့်ကိုမြင်၍ ကျွန်တော့်လက်ကိုဆွဲကိုင်ကာ …
ဟာ… ကိုဆွေ၊ ခင်ဗျားနဲ့တွေ့ရတာ ဝမ်းသာလိုက်တာဗျာ၊ နေကောင်းတယ်နော်
ကျွန်တော်ကတော့ နေကောင်းပါတယ်ဗျ။ ခင်ဗျားသာ ဆေးရုံနဲ့ ကူးသန်းနေတဲ့ လူ၊ အခု ဆေးရုံက ဆင်းလာတာ ဘယ်လောက်ကြာပြီလဲ
အရက် ၂၀ လောက်ရှိသွားပြီဗျ။ ကျွန်တော် ဆေးရုံတက်နေတုန်းက ခင်ဗျား ငွေ ၅၀ လာပေးတာ သိပ် ကျေးဇူးတင်ပါတယ်ဗျာ

"HTC One X အတွက် Android 4.1.2 Jelly Bean Update ရရှိတော့မည်"

Photo: "HTC One X အတွက် Android 4.1.2 Jelly Bean Update ရရှိတော့မည်"

HTC North Asia ရဲ့ General Manager ဖြစ်သူ Jack Tong ရဲ့ပြောကြားချက်အရ HTC One X အတွက် Android 4.1.2 Jelly Bean Update ကိုယနေ့ မှစ၍ စတင်ထုတ်ပေးနေပြီ ဖြစ်ကြောင်း သိရပါတယ်။ ၎င်းမှဆက်လက်ပြောကြားချက်အရ HTC One S သည်လည်း Update ရရှိမည်ဖြစ်သော်လည်း မည်သည့်အချိန်ဖြစ်မည် ကိုတော့ပြောကြား သွားခြင်းမရှိသေးကြောင်း သိရပါတယ်။

ယခု Update တွင် Android ရဲ့နောက်ဆုံးဗားရှင်းဖြစ်သော 4.1.2 Jelly Bean သာမက HTC ရဲ့ Sense UI နောက်ဆုံးဗားရှင်းကိုလည်း အသုံးပြုထားမည် ဖြစ်ကြောင်းသိရပါတယ်။ ထို့ အပြင် မကြာသေးမှကာလကမှ ကြေငြာခဲ့သော HTC One X+ နှင့် HTC One S Special Edition ဖုန်းများကိုလည်း အာရှတွင် အောက်တိုဘာ ၃၀မှစတင်၍ စတင်ရောင်းချသွားမည် ဖြစ်ကြောင်း သိရပါတယ်။

Source : GSMArena

အေးချမ်းမွန်မှ Info Tech For Myanmar (IT4M) တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Info Tech For Myanmar (IT4M)
HTC North Asia ရဲ့ General Manager ဖြစ်သူ Jack Tong ရဲ့ပြောကြားချက်အရ HTC One X အတွက် Android 4.1.2 Jelly Bean Update ကိုယနေ့ မှစ၍ စတင်ထုတ်ပေးနေပြီ ဖြစ်ကြောင်း သိရပါတယ်။ ၎င်းမှဆက်လ
က်ပြောကြားချက်အရ HTC One S သည်လည်း Update ရရှိမည်ဖြစ်သော်လည်း မည်သည့်အချိန်ဖြစ်မည် ကိုတော့ပြောကြား သွားခြင်းမရှိသေးကြောင်း သိရပါတယ်။

တရုတ် ဝန်ကြီးချုပ် ပိုင်ဆိုင်မှု သန်း ၂၇၀၀ ဟုဆို

တရုတ် အစိုးရ မီဒီယာ တွေက မကြာခဏ ဆိုသလို ဖိုးဖိုးဝမ်လို့ ညွှန်းဆို ပြောဆို ရေးသား ကြတဲ့၊ တခါ ငလျင်တို့၊ ရေကြီး တာတို့ သဘာဝ ဘေးအန္တရာယ် ကျရောက်တဲ့ အခါ လူထုဆီ ချက်ချင်း ဆိုသလို
Photo: တရုတ် ဝန်ကြီးချုပ် ပိုင်ဆိုင်မှု သန်း ၂၇၀၀ ဟုဆို
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
တရုတ် အစိုးရ မီဒီယာ တွေက မကြာခဏ ဆိုသလို ဖိုးဖိုးဝမ်လို့ ညွှန်းဆို ပြောဆို ရေးသား ကြတဲ့၊ တခါ ငလျင်တို့၊ ရေကြီး တာတို့ သဘာဝ ဘေးအန္တရာယ် ကျရောက်တဲ့ အခါ လူထုဆီ ချက်ချင်း ဆိုသလို ရောက်သွား တတ်လို့ လူစာနာ ခေါင်းဆောင်ကြီး လို့ ပုံဖော် ထားတဲ့ တရုတ် ဝန်ကြီးချုပ်ကို အမေရိကန် သတင်းစာ တစောင်ဖြစ်တဲ့ နယူးယောက် တိုင်းမ်က အခုလို ထုတ်ဖော် ရေးလိုက် တဲ့အတွက် တရုတ် အစိုးရက တော့ တကယ့်ကို ဆတ်ဆတ်ခါ သွားပါတယ်။
သတင်းစာက ဝန်ကြီးချုပ် ဝမ်ကျားပေါင်ရဲ့ မိသားစုဝင်တွေနဲ့ ဆွေမျိုးတွေရဲ့ ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ သန်း ၂၇၀၀ လောက်ရှိနေပြီး၊ မစ္စတာဝမ် ဝန်ကြီးချုပ် တာဝန် ၁၀ နှစ်ကြာ ထမ်းဆောင် နေချိန် အတွင်းမှာ ဒီလိုတွေ မတရား ချမ်းသာ လာခဲ့တာ လို့ ရေးပါတယ်။
၂၀၀၃ က ဝန်ကြီးချုပ် စဖြစ်ပြီး သူက အစိုးရ အဖွဲ့မှာ စီးပွားရေး ပိုင်းကို တာဝန်ခံလို့ တိုးတက်အောင် ဆောင်ရွက်ရင်း သူ့သား၊ သမီး၊ ညီ၊ ယောက်ဖတွေ ချမ်းသာလာတာလို့ သတင်းစာက ဖော်ပြပါတယ်။ အကျိုးဆက်ကတော့ တရုတ်က နယူးယောက် တိုင်းမ် သတင်းစာ ဝက်ဘ်ဆိုက်ကို တရုတ် ပြည်မှာ ဖတ်မရအောင် ပိတ်ပင်လိုက်သလို သတင်းစာ ဆောင်းပါးကို တရုတ်လို ပြန်ရေးတဲ့ တရုတ် ဝက်ဘ်ဆိုက်တွေ၊ ဘလော့ဂ်တွေ မှာလည်း လိုက်ပိတ် ပါတယ်။
တရုတ် နိုင်ငံခြား ရေးဌာန ပြောခွင့် ရပုဂ္ဂိုလ် ကတော့ တချို့သတင်း တွေဟာ တရုတ်ကို အိုးမည်းသုတ်တဲ့လုပ်ရပ်ဖြစ်ပြီး၊ ဒီသတင်းဟာလည်း နောက်ကွယ်မှာ အကြောင်းရင်းတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။
တရုတ်ပြည်မှာ ခေါင်းဆောင်တွေအကြောင်း ရေးရင်၊ အထူးသဖြင့် သူတို့တွေရဲ့ ပိုင်ဆိုင်မှုတွေကို ထုတ်ဖော်ရေးသားတာမျိုးက အလွန်အကဲဆတ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကလည်း နောက်ဖြစ်မယ့် သမ္မတလို့ နာမည်ထွက်နေတဲ့ လက်ရှိ ဒုတိယသမ္မတ ရှီကျင်ပင်း မိသားစုပိုင်ဆိုင်မှုတွေအကြောင်း ထုတ်ဖော်ရေးသားခဲ့လို့ ဘလွန်းဘတ်ဝက်ဘ်ဆိုက်လည်း တရုတ်ပြည်မှာ အပိတ်ခံလိုက်ရပြီး အခုထက်ထိလည်း ပိတ်ထားတုန်း ဖြစ်ပါတယ်။
ဝန်ကြီးချုပ် မိသားစုဝင်တွေရဲ့ ပိုင်ဆိုင်မှုပမာဏကို အခုလို ထုတ်ပြန်တာကို ဝန်ကြီးချုပ် မစ္စတာဝမ်အနေနဲ့ အံ့သြမှာ မဟုတ်ဘူး။ ဘာလို့လဲ ဆိုတော့ ၂၀၀၇ ခုနှစ်က တခါ ပေါက်ထွက်ခဲ့တဲ့ ဝီကီလိခ်တုန်းကလည်း သတင်း ရင်းမြစ်တခုကို ကိုးကားပြီး ထွက်ခဲ့တဲ့ သတင်းမှာ မိသားစုဝင်တွေရဲ့ လုပ်ဆောင် ချက်တွေကြောင့် ဝန်ကြီးချုပ်ဟာ မနှစ်မြို့စရာ ဖြစ်တယ်လို့ ပြောခံခဲ့ရဖူးပါတယ်လို့ ရှန်ဟိုင်းက ဘီဘီစီသတင်းထောက်က သုံးသပ်ပါတယ်။
နယူးယောက်တိုင်းမ် သတင်းမှာတော့ စီးပွားရေးလုပ်ငန်းတွေကို ဝန်ကြီးချုပ်ဝမ် နာမည်နဲ့ ရှိနေတာမျိုး မဟုတ်ဘူးလို့ ရေးပါတယ်။ ဝန်ကြီးချုပ် ဝမ်ကျားပေါင်ဟာ လာမယ့် နိုဝင်ဘာ ၈ ရက်မှာ တရုတ်နိုင်ငံ ခေါင်းဆောင် အပြောင်းအလဲမှာ လက်ရှိ တာဝန်ကနေ အနားယူတော့မှာဖြစ်လို့ အနားမယူခင်လည်း မီဒီယာရဲ့ ထုတ်ဖော် ထိုးနှက်ချက် ထိသွားတယ်လို့တော့ ဆိုနိုင်ပါတယ်။ Source:BBC

Chinese leader has amassed £2.7 BILLION during his time in power
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Chinese Premier Wen Jiabao's family have accumulated vast wealth during his time in power, but reports of their $2.7 billion fortune have been blocked in his country.
A New York Times article describing how the Prime Minister's mother, siblings and children amassed their affluence prompted the powers-that-be in the Communist state to block the newspaper's website both in English and Chinese.
Searches for the publication's site as well as the names of Mr Wen's family members were also barred on the country's main microblog service with the Chines government describing the feature as a 'smear'.
The article stated that the family of Mr Wen, 70, known for his humble background - his mother was a teacher and his father tended pigs, have accumulated most of their assets since Wen was named vice premier in 1998 before his promotion to Prime Minister nine years ago.
The estimate of his family's wealth was made according to a review of corporate and regulatory records from 1992 to 2012.
According to the review, his widowed mother Yang Zhiyun, 90, has had just one investment to her name - in a financial services company with assets worth $120 million in 2007.

Aside from his mother, Mr Wen's son, daughter, younger brother and brother-in-law appear to have made most of the money with their 'knack for aggressive deal making,' as the Times describes it.
No holdings were found in Mr Wen's own name.
The family has assets in telecommunications companies, jewellers, tourist resorts, and banks among other projects and the records show that family business ventures received support from state owned corporations such as the nation's largest mobile phone operator China Mobile.

One of those holdings includes a stake in a company that helped build stadia ahead of Beijing's 2008 Olympics, including the iconic Birds Nest national stadium.
The article said: 'In many cases, the names of the relatives have been hidden behind layers of partnerships and investment vehicles involving friends, work colleagues and business partners.'
The family also profited from opportunities arising from state decisions according to the report - though it is not known what role Mr Wen plays in those decisions.
Mr Wen's younger brother Wen Jiahong was awarded $30 million in government contracts as part of a crackdown on medical wasted disposal following the outbreak of SARS in 2003 and to handle wastewater management in several of China's biggest cities.
The newspaper cited one holding as being with insurance company Ping An which benefited from reforms brought about under Mr Wen's jurisdiction.
His wife Zhang Beili is a leading authority on jewellery and a state diamond company that she ran were privatised.
His son Wen Yungsong sold a technology company for $10 million and used another investment vehicle to set up one of the country's biggest equity firms.
But state documents leaked by Wikileaks two years ago suggested that Mr Wen, known as a populist premier, was aware of his relatives' business dealings and said to be unhappy with them.
The Chinese government's blocking of the reports are by no means the first time that news has been censored in the country.
Last year coverage of a high speed rail crash which killed 40 people close to Wenzhou in the Zhejiang Province was blocked.
Similarly, nothing was reported of an uprising in Wukon late last year.
In June, the Bloomberg website was blocked after an investigative report into the finances of the family of president in waiting Xi Jinping.
Mr Wen will step down as part of a transition of power on November 8.

အေးချမ်းမွန်မှ Myanmar Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myanmar Journal
ရောက်သွား တတ်လို့ လူစာနာ ခေါင်းဆောင်ကြီး လို့ ပုံဖော် ထားတဲ့ တရုတ် ဝန်ကြီးချုပ်ကို အမေရိကန် သတင်းစာ တစောင်ဖြစ်တဲ့ နယူးယောက် တိုင်းမ်က အခုလို ထုတ်ဖော် ရေးလိုက် တဲ့အတွက် တရုတ် အစိုးရက တော့ တကယ့်ကို ဆတ်ဆတ်ခါ သွားပါတယ်။
သတင်းစာက ဝန်ကြီးချုပ် ဝမ်ကျားပေါင်ရဲ့ မိသားစုဝင်တွေနဲ့ ဆွေမျိုးတွေရဲ့ ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ သန်း ၂၇၀၀ လောက်ရှိနေပြီး၊ မစ္စတာဝမ် ဝန်ကြီးချုပ် တာဝန် ၁၀ နှစ်ကြာ ထမ်းဆောင် နေချိန် အတွင်းမှာ ဒီလိုတွေ မတရား ချမ်းသာ လာခဲ့တာ လို့ ရေးပါတယ်။

ရခိုင်အမျိုးသားများကို မြန်မာစစ်တပ်မှ ပစ်ခတ်မှုအပေါ် ALP မှ ရှုတ်ချ

ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ဆူပူအကြမ်းဖက်မှုတွင် မိမိတို့ရပ်ရွာ၊ အသက်အိုးအိမ်များကို ကာကွယ်နေသည့် ရခိုင်အမျိုးသားများကို မြန်မာစစ်တပ်မှ တမင် ချိန်ရွယ် ပစ်ခတ်  သတ်ဖြတ်နေသည့်အပေါ် ရခိုင်ပြည်လွတ်မြောက် ရေးပါတီက ရှုတ်ချလိုက်သည်။

ရခိုင်တို့အား မြန်မာစစ်တပ်မှ ပစ်ခတ်  နှိမ်နင်းနေခြင်းများသည် မြန်မာအစိုးရမှ ကြွေးကြော်နေသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားအချင်းချင်း ရိုင်းပင်းကူညီရေးဆိုသည့်မူနှင့် လုံးဝလွဲချော်ပြီး “သူခိုးဓါးရိုးကမ်း”သည့် လုပ်ရပ်ဖြစ်၍ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ ပြင်းထန်စွာ ကန့်ကွက်ကြောင်း ယမန်နေ့က ထုတ်ပြန်သည့် ပါတီ ကြေငြာချက်တွင် ဖော်ပြသည်။

အနောက်ဘက် နယ်စပ် မြန်မာဘက်က လုံခြုံရေး အနည်းငယ် တိုးမြှင့်


ဘင်္ဂလားဒေခ်ျ့ နှင့် နယ်စပ်ချင်း ထိစပ်နေသော  မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် မောင်တောဒေသတွင် မြန်မာဘက်မှလည်း ဆူပူများကြောင့်  နယ်စပ် လုံခြုံရေးကို ယခင်ကထက် အနည်းငယ် တိုးမြှင့်ထားသည်ဟု သတင်း ရရှိသည်။
(ဓါတ်ပုံ ဘီဘီစီ)
“ဇွန်လ အတွင်းက ဖြစ်ပေါ်ခဲ့တဲ့ အရေးအခင်းက မောင်တောဘက်မှာ စစ်တပ်အင်အား ၇၀၀ခန့် ချထားတယ်။ ဒီလ အောက်တိုဘာ၂၁ ရက်နေ့က စတဲ့ အရေးအခင်း နောက်ပိုင်းမှာ နောက်ထပ် အင်အား ၃၀၀ ခန့် တိုးချဲ့ ချပါတယ်။ အခုလောလောဆယ်ဆယ်မှာ စုစုပေါင်း စစ်တပ် အင်အား ၁၀၀၀ခန့် ရှိနိုင်ပါတယ်” ဟု စစ်ဘက်နှင့် နီးစပ်သူ မောင်တောမြို့ခံတဦးက နိရဉ္စရာသို့ ပြောသည်။

ရမ်းဗြဲမြို့တွင် မီးဆက်လက် လောင်နေဆဲ

Photo: ရမ်းဗြဲမြို့တွင် မီးဆက်လက် လောင်နေဆဲ

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် မွတ်ဆလင်များ ရှို့ခဲ့သော မီးမှာ အခုညနေ အချိန်ထိ   လောင်ကျွမ်းနေကြောင်း သိရသည်။

“ အိမ်က ၁၅ လုံး၊ ၂၀ ခန့် လောင်သွားပါပြီ။ အခုအချိန်ထိ မငြိမ်းသေးပါဘူး။ ဟိုနား တကွက် ဒီနား တကွက် လောင်နေပါတယ်” ဟု ရမ်းဗြဲဒေသခံ တစ်ဦးက ပြောသည်။

အာဏာပိုင်များမှ မီးမရှို့ရန် မွတ်ဆလင် (ကမန်) မိသားစုများအား မေတ္တာရပ်ခံထားသည့်ကြားက ယနေ့ နေ့လည် ၁၂ နာရီကျော်တွင် အိမ်များကို မီးရှို့ပြီး ထွက်ပြေးသွားကြသည်ဟု သူက ဆက်ပြောသည်။

“ အာဏာပိုင်တွေက မီးမရှို့နဲ့လို့ ပြောတဲ့ကြားက မီးရှို့ပြီး ထွက်ပြေးတော့ အခု အာဏာပိုင်တွေလည်း ဘာမှ မတတ်နိုင်ဘဲ ဖြစ်နေပါတယ်။ ဒေသခံ ရခိုင်တွေက မီးတွေကို  လိုက်ငြိမ်းနေရပါတယ်။ ရခိုင်အိမ်တွေလည်း လောင်နေပါတယ်” ဟု သူက ဆက်ပြောသည်။

ယခုကဲ့သို့ မီးရှို့မူ ဖြစ်ပွားသော်လည်း ရခိုင်နှင့် မွတ်ဆလင်များအကြား တစ်စုံတစ်ရာ တိုက်ခိုက်မူ မရှိကြောင်း သူက ဆိုသည်။

“ ရခိုင်တွေက ဘာမှ မလုပ်ပါ။ မွတ်ဆလင် ယောင်္ကျားတွေက အကုန်လုံး တောင်ပေါ်ကို တက်ပြေးသွားတယ်။ အမျိုးသမီးတွေက မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ ခိုလုံနေကြပါတယ်။ အပြန်အလှန် တိုက်ခိုက်တာ တွေ  မရှိပါဘူး” ဟု ဆိုသည်။

မွတ်ဆလင် အများစုမှာ မြို့စွန်ရပ်ကွက်များတွင် ရခိုင်များနှင့် ရောနှော နေထိုင်ကြပြီး ယခုကဲ့သို့ မီးရှို့ခြင်းမှာ ရမ်းဗြဲမြို့ တစ်ခုလုံးကို ပြာကျသွားစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်နိုင်ကြောင်း သူက ကောက်ချက်ချ ပြောကြားသည်။

( မြန်မာ စံတော်ချိန် ည ၅ နာရီတွင် မေးမြန်းထားသည်)

ရမ်းဗြဲမြို့နယ်မှ ကျေးရွာ တစ်ရွာ (ဓါတ်ပုံ- နိရဉ္စရာ)
 
အေးချမ်းမွန်မှ Narinjara  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Narinjara
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် မွတ်ဆလင်များ ရှို့ခဲ့သော မီးမှာ အခုညနေ အချိန်ထိ လောင်ကျွမ်းနေကြောင်း သိရသည်။

“ အိမ်က ၁၅ လုံး၊ ၂၀ ခန့် လောင်သွားပါပြီ။ အခုအချိန်ထိ မငြိမ်းသေးပါဘူး။ ဟိုနား တကွက် ဒီနား တ
ကွက် လောင်နေပါတယ်” ဟု ရမ်းဗြဲဒေသခံ တစ်ဦးက ပြောသည်။

အာဏာပိုင်များမှ မီးမရှို့ရန် မွတ်ဆလင် (ကမန်) မိသားစုများအား မေတ္တာရပ်ခံထားသည့်ကြားက ယနေ့ နေ့လည် ၁၂ နာရီကျော်တွင် အိမ်များကို မီးရှို့ပြီး ထွက်ပြေးသွားကြသည်ဟု သူက ဆက်ပြောသည်။

မင်းပြား၊ မြောက်ဦးတွင် မီးဘေးဒုက္ခသည်နှင့် နေအိမ်စွန့်ခွာသူ(၃၀၀၀)ခန့်ရှိ

Photo: မင်းပြား၊ မြောက်ဦးတွင် မီးဘေးဒုက္ခသည်နှင့် နေအိမ်စွန့်ခွာသူ(၃၀၀၀)ခန့်ရှိ

Written by မင်းသွီး     Friday, 26 October 2012 
      
အောက်တိုဘလအတွင်း မြောက်ဦး-မင်းပြားတွင် ဖြစ်ပွားခဲ့သည် ဆူပူအကြမ်းဖက်မှုများကြောင့် ယခုအခါတွင် မီးဘေးဒုက္ခသည်နှင့် နေအိမ်စွန့်ခွာထွက်ပြေးသူပေါင်း(၃၀၀၀)ခန့်ရှိကြောင်း သတင်းရရှိသည်။

ပိုးဖြူကျွန်း၊ ကျောက်တန်းကုန်း၊ ပရိန်ကုန်း၊ မြရိပ်ကျွန်း စသည့်ကျေးရွာများမှ ဒေသခံများသည် ပန်းမြောင်း၊ ဂုံးချွန်၊ ဆင်အုပ်ကြီး၊ ဆင်အုပ်ချေ၊ စေတီကုန်း၊ လီညှင်းတောင် စတဲ့ ကျေးရွာစုစုပေါင်း (၁၀)ရွာသို့ ထွက်ပြေးခိုလှုံ နေကြပြီး လူဦးရေ (၂၅၀၀)ခန့်ရှိမည်ဟု မြောက်ဦးမြို့ ဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့မှ ပြောသည်။

"အခုမြောက်ဦးမြို့ပေါ်မှာ ရတနာ့မာရ်အောင်ကျောင်း၊ အလိုတော်ပြည့်ကျောင်း၊ လက်ကောက်ဈေးကျောင်းနဲ့ စန္ဒမုနိကျောင်းတွေမှာ မီးဘေးဒုက္ခသည်နဲ့ နေ့အိမ်စွန့်ခွာထွက်ပြေးလာသူ(၅၀၀)ကျော်ရှိပါတယ်။ မြောက်ဦးမြို့ပေါ်ကိုလာဖို့ ခက်ခဲသွားခဲ့တဲ့ လူပေါင်း (၂၅၀၀)လောက်ဟာ အဲဒီကျေးရွာ(၁၀)ရွာမှာ ရောက်ရှိနေပါတယ်။ ထွက်ပြေးလာခဲ့တဲ့ ကျေးရွာက(၅)ရွာပါ။ တစ်ရွာမှာ အိမ်ခြေ(၁၀၀)နဲ့ (၂၀၀)ကြားမှာရှိပါတယ်။"ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောသည်။

ယင်းကျေးရွာ(၁၀)ရွာသို့ ရောက်ရှိသွားသည့် ဒုက္ခသည်များကို မြောက်ဦးမြို့သို့ ခေါ်ဆောင်ရန် ရဟန်းသင်္ဃာများနှင့် လူမှုအဖွဲ့အစည်းများမှ ကြိုးပမ်းလျှက်ရှိပြီး ဒုက္ခသည်များ စားဝတ်နေရေးအတွက် မြောက်ဦးမြို့ခံများမှ တာဝန်ယူဖြေရှင်းပေးလျှက်ရှိကြောင်း သိရှိရသည်။

"အဲဒီရွာတွေကိုရောက်သွားတဲ့လူတွေကို မြောက်ဦးမြို့ကိုခေါ်မှဖြစ်မယ်။ ဘာလို့လဲဆိုတော့ ရွာတွေအကုန်လုံးက ဆင်းရဲတော့ လူပေါင်း (၂၅၀၀)ကို ဘယ်လိုလုပ် ကူညီနိုင်မလဲ။ ကျနော်တို့ဆီကနေပြီး အဲဒီရွာတွေကို ရိက္ခာတွေသွားပို့ဖို့ကလည်း ကြားမှာ ဘင်္ဂလီရွာတွေခံနေပြီး လမ်းခရီးကမကောင်းတော့ မဖြစ်နိုင်ဘူး။ ဒါကြောင့် ကျနော်တို့ သက်ဆိုင်အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး သူတို့ကို ဒီမြောက်ဦးမြို့ထဲကို ခေါ်ယူသွားရမှာပါ။ လိုအပ်တဲ့အကူအညီတွေကိုလည်း ကျနော်တို့ ရခိုင်လူမှုအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေကို အကူညီတောင်းထားပါတယ်။"ဟု ဦးခိုင်ပြည်စိုးက ဆက်ပြောသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်နှင့် မြောက်ဦးမြို့နယ်များတွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုများကြောင့် အောက်တိုဘာလ(၂၄)ရက်နေ့ထိ သေဆုံးသူ(၁၂)ဦး၊ ဒဏ်ရာရရှိသူ(၅၀)ဦး၊ လူနေအိမ်(၁၉၄၈)အိမ်၊ ဘာသာရေး အဆောက်အဦး(၈)ခု မီးလောင်ပျက်စီးခဲ့ပြီး လူအများအပြား အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ချက်(၁/၂၀၁၂)တွင် ဖော်ပြထားသည်။

အေးချမ်းမွန်မှ Arakan Time တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : Arakan Time
အောက်တိုဘလအတွင်း မြောက်ဦး-မင်းပြားတွင် ဖြစ်ပွားခဲ့သည် ဆူပူအကြမ်းဖက်မှုများကြောင့် ယခုအခါတွင် မီးဘေးဒုက္ခသည်နှင့်
နေအိမ်စွန့်ခွာထွက်ပြေးသူပေါင်း(၃၀၀၀)ခန့်ရှိကြောင်း သတင်းရရှိသည်။

ပိုးဖြူကျွန်း၊ ကျောက်တန်းကုန်း၊ ပရိန်ကုန်း၊ မြရိပ်ကျွန်း စသည့်ကျေးရွာများမှ ဒေသခံများသည် ပန်းမြောင်း၊ ဂုံးချွန်၊ ဆင်အုပ်ကြီး၊ ဆင်အုပ်ချေ၊ စေတီကုန်း၊ လီညှင်းတောင် စတဲ့ ကျေးရွာစုစုပေါင်း (၁၀)ရွာသို့ ထွက်ပြေးခိုလှုံ နေကြပြီး လူဦးရေ (၂၅၀၀)ခန့်ရှိမည်ဟု မြောက်ဦးမြို့ ဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့မှ ပြောသည်။

ပြည်သူ့ရင်ပြင်၌တွေ့ရှိသည့်အမြောက်များမှာ ကြည့်မြင်တိုင် ကမ်းတက်တိုက်ပွဲတွင် အသုံးပြုခဲ့ဖွယ်ရှိဟု ခန့်မှန်းထား

Photo: ပြည်သူ့ရင်ပြင်၌တွေ့ရှိသည့်အမြောက်များမှာ ကြည့်မြင်တိုင် ကမ်းတက်တိုက်ပွဲတွင် အသုံးပြုခဲ့ဖွယ်ရှိဟု ခန့်မှန်းထား
FRIDAY, OCTOBER 26, 2012

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် ဈေးဝယ်စင်တာ တည်ဆောက်မည့် စီမံကိန်း
နေရာ၌ မြေတူးဖော်စဉ်တွေ့ရှိခဲ့သည့် အမြောက်များမှာ ၁၈၅၂ ခုနှစ် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအတွင်း ကြည့်မြင်တိုင်ကမ်းတက်တိုက်ပွဲတွင်
အသုံးပြုခဲ့သည်ဟုခန့်မှန်းထားကြောင်း ရှေးဟောင်းသုတေသန ဦးစီး
ဌာန၊အမျိုးသားပြတိုက် ဒုတိယညွှန်ကြားရေးမှူး ဦးသန်းအောင်က ပြောသည်။

"ဒီနေရာက စစ်ပွဲဖြစ်ခဲ့တဲ့နေရာတွေ ဆိုတော့ အခုလို အမြောက်တွေ တွေ့ရ တာပါ။ အခုဒုတိယတစ်ကြိမ် တွေ့ရှိခဲ့တဲ့ အမြောက်ကိုတော့ ၁၈၅၂ ခုနှစ် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ကြည့်မြင်တိုင်ကမ်းတက်တိုက်ပွဲမှာ အသုံးပြုခဲ့တယ်လို့ မှန်းထားပါတယ်"ဟု၎င်းကပြောသည်။

ပြည်သူ့ရင်ပြင် ဧရိယာအတွင်း ဈေးဝယ်စင်တာနှင့် မုခ်ဦးတည်ဆောက် မည့်စီမံကိန်းဧရိယာအတွင်းရက်ပိုင်း သာခြားကာ အမြောက်နှစ်လက်
တွေ့ရှိခဲ့ ကြောင်း သိရသည်။

လွန်ခဲ့သည့် အောက် တိုဘာလ ၁၀ ရက်နေ့တွင် ပထမဆုံးတွေ့ ရှိရသော အမြောက်မှာ တန်ချိန်ခုနစ်တန် နီးပါးရှိပြီး အရှည်မှာ ၁၃ ပေ ၁ လက်မ၊ လုံးပတ် ၁၀ ပေ ၃ လက်မရှိကြောင်း၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ဒုတိယအကြိမ် ထပ်မံတွေ့ရှိသော အမြောက်မှာ သုံးတန်ရှိပြီး အရှည်
၁၀ ပေ၊ လုံးပတ် ခြောက်ပေရှိကြောင်း တာဝန်ကျ အင်ဂျင်နီယာအဖွဲ့ထံမှ သိရသည်။

ဈေးဝယ်စင်တာ တည်ဆောက်မည့် နေရာလေးခုအနက် ရင်ပြင်၏
မြောက် ဘက်ခြမ်းတွင် အဆိုပါအမြောက်များကို အများအပြား တူးဖော်တွေ့ရှိနိုင်ကြောင်း ဦးသန်းအောင်က ပြောသည်။

"အဲဒီနေရာနားမှာ ရှင်စောပုနေထိုင် ခဲ့တယ်လို့ ခန့်မှန်းသိရှိရပါတယ်။
မြောက် ဘက်ခြမ်းပေါ့"ဟု၎င်းကပြောသည်။

အမြောက်အမျိုးအစားကိုမူ မည်သည့်နိုင်ငံမှ ထုတ်လုပ်ခြင်းဖြစ်ကြောင်း ခွဲခွဲခြားခြားမသိရသေးဟုသိရသည်။

"ဘယ်နိုင်ငံက ထုတ်လုပ်ထားတယ်ဆိုတာ ခန့်မှန်းဖို့ခက်နေပါတယ်။ အရင်က မြန်မာနိုင်ငံအနေနဲ့ရတနာပုံ လက်နက်စက်ရုံကနေ အမြောက်ထုတ် လုပ်ခဲ့တယ်။ အင်္ဂလိပ်ဘက်က သယ်လာတာတွေလည်း ရှိတယ်။ ဒုတိယ တစ်ကြိမ်တွေ့တဲ့ အမြောက်ထက် ပထမတစ်ကြိမ်တွေ့တဲ့ အမြောက်
က အမျိုး အစား ပိုကောင်းပုံရပါတယ်။ သမိုင်းအရ တော့ ဒါတွေဟာ သိပ်ကိုတန်ဖိုးရှိတာပါ ပဲ"ဟုဦးသန်းအောင်က ပြောသည်။

အဆိုပါအမြောက်များကို နေပြည် တော်ရှိ စစ်သမိုင်းပြတိုက်တွင် ထားရှိနိုင် ခြေများကြောင်း
သိရသည်။

ရွှေကူသစ္စာ
Myanmar Times

အေးချမ်းမွန်မှ Myanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myanmar Online News
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် ဈေးဝယ်စင်တာ တည်ဆောက်မည့် စီမံကိန်း
နေရာ၌ မြေတူးဖော်စဉ်တွေ့ရှိခဲ့သည့် အမြောက်
များမှာ ၁၈၅၂ ခုနှစ် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအတွင်း ကြည့်မြင်တိုင်ကမ်းတက်တိုက်ပွဲတွင်
အသုံးပြုခဲ့သည်ဟုခန့်မှန်းထားကြောင်း ရှေးဟောင်းသုတေသန ဦးစီး
ဌာန၊အမျိုးသားပြတိုက် ဒုတိယညွှန်ကြားရေးမှူး ဦးသန်းအောင်က ပြောသည်။

"ဒီနေရာက စစ်ပွဲဖြစ်ခဲ့တဲ့နေရာတွေ ဆိုတော့ အခုလို အမြောက်တွေ တွေ့ရ တာပါ။ အခုဒုတိယတစ်ကြိမ် တွေ့ရှိခဲ့တဲ့ အမြောက်ကိုတော့ ၁၈၅၂ ခုနှစ် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ကြည့်မြင်တိုင်ကမ်းတက်တိုက်ပွဲမှာ အသုံးပြုခဲ့တယ်လို့ မှန်းထားပါတယ်"ဟု၎င်းကပြောသည်။

သီတင်းကျွတ်လ မီးထွန်းပွဲ

သီတင်းကျွတ်လသည် မြန်မာ ပြက္ခဒိန်၏ သတ္တမမြောက်လဖြစ်ပြီး ခရစ်နှစ် ပြက္ခဒိန်အရ စက်တင်ဘာ လနှင့် အောက်တိုဘာလများတွင် ကျရောက်လေ့ရှိပါသည်။ ထို့အပြင် သီတင်းကျွတ်လတွင် ၂၉ ရက်ရှိပြီး ရက်မစုံသော လတစ်လ ဖြစ်သည်။



l5282 သီတင်းကျွတ်လဘွဲ့

ကြာငါးမည် ကြိုင်သင်းလို့
လျှံဝင်းတဲ့ ပြောင်ထိန်။
ရွှေနန်းတောင်တော်ဦးမှာလ
ကွန့်မြူးမြင့်မိုရ်မီး၊
ညီးတဲ့ချိန်ခါ။
ရှိခိုးငယ်နှိမ်
သုံးကြိုင်ရိုပြောင်း
သက္ကစ္စဂါရဝနှင့်
စဉ်အလာပူဇော်ပွဲကို
ခဲကြပေတောင်း။

ဖိုးသူတော်ဦးမင်း

အီတလီ ဝန်ကြီးချုပ်ဟောင်း ဘာလူးစကိုနီ ထောင်ကျ

Photo: အီတလီ ဝန်ကြီးချုပ်ဟောင်း ဘာလူးစကိုနီ ထောင်ကျ

အီတလီ ဝန်ကြီးချုပ်ဟောင်း ဆာဗီယို ဘာလူးစကိုနီကို မီလန်တရားရုံးကနေ အခွန်ရှောင်မှုနဲ့ ထောင်ဒဏ် ၄ နှစ် အပြစ်ပေး လိုက်ပါတယ်။
ဒါပေမယ့် အီတလီ ထောင်တွေထဲမှာ အကျဉ်းသား အရေအတွက် နည်းစေဖို့ ရည်ရွယ်ပြီး ၂၀၀၆ က ပြဋ္ဌာန်းခဲ့တဲ့ လွတ်ငြိမ်း ချမ်းသာခွင့် ဥပဒေအရ ထောင် ၃ နှစ် လျှော့ပေါ့ လိုက်လို့ ထောင်တနှစ်ပဲ ကျခံရတော့မှာ ဖြစ်ပါတယ်။
မစ္စတာ ဘာလူးစကိုနီဟာ အဲဒီ ထောင်တနှစ် ကိုတောင် ကျခံချင်မှ ကျခံရလိမ့်မယ်လို့ ရောမက ဘီဘီစီ သတင်းထောက် ဒေးဗစ်ဝီလီက ပြောပါတယ်။
ဘာကြောင့်လဲ ဆိုတော့ အယူခံ တရားရုံး နှစ်ရုံးမှာ အယူခံ ရှုံးမှသာ ထောင်ဒဏ်ကို ကျခံရမှာ ဖြစ်လို့ပါဘဲ။
အယူခံဝင် နေချိန်မှာ အပြင်မှာ လွတ်လွတ်လပ်လပ် နေနိုင်သလို အယူခံ တရားရုံးတွေ တက်တာနဲ့ပဲ နှစ်တွေ ကုန်ဆုံးသွားပြီး ထောင်ဒဏ် ကျခံရမယ့်ပုံ မရှိဘူးလို့ ဘီဘီစီ သတင်းထောက်က သုံးသပ်ပါတယ်။
အခု စီရင်ခဲ့တဲ့ အမှုဟာ ၁၉၉ဝ ပြည့်လွန်နှစ်တွေ တုန်းက မစ္စတာ ဘာလူးစကိုနီရဲ့ ရုပ်မြင်သံကြား လိုင်းတွေ အတွက် အမေရိကန် ရုပ်ရှင်ကားတွေ ပြသခွင့် ဝယ်ရာမှာ ဒေါ်လာ သန်းရာချီ ပေးဝယ်ခဲ့တာနဲ့ ပတ်သက်ပါတယ်။
ဒါဟာ မစ္စတာ ဘာလူးစကိုနီ အခွန်ရှောင်ဖို့ ကြိုးစားတာလို့ ဆိုပြီး တရားစွဲခဲ့တာ ဖြစ်ပါတယ်။
အမှု အတော်များများ ရင်ဆိုင်နေရတဲ့ မစ္စတာ ဘာလူးစကိုနီ အဖို့ ပထမဆုံး အကြိမ် စီးပွားရေး အမှုနဲ့ အပြစ်ပေး ခံခဲ့ရတာပါ။
တရားရုံးက ငွေဒဏ် ယူရို ၁ဝ သန်း ချက်ချင်း ပေးဖို့လည်း အမိန့်ချခဲ့ ပါတယ်။
မစ္စတာ ဘာလူးစကိုနီ ဟာ ၁၉၉၇ တုန်းကလည်း ငွေစာရင်းလိမ်ပြမှုနဲ့ တရားစွဲ ခံခဲ့ရပေမယ့် အယူခံ နိုင်ခဲ့လို့ ပြစ်ဒဏ်ချ မခံခဲ့ရပါဘူး။
လောလောဆယ် ရင်ဆိုင်နေရ တာကတော့ အသက်မပြည့်သေးတဲ့ ပြည့်တန်ဆာ အမျိုးသမီးလေးနဲ့ ပျော်ပါးခဲ့တဲ့ကိစ္စကို အာဏာအလွဲသုံး ဖုံးကွယ်ဖို့ ကြိုးစားခဲ့တဲ့ အမှုပါ။
ဒီနောက် ပြီးခဲ့တဲ့ နိုဝင်ဘာလက သူ ရာထူးကနေ နှုတ်ထွက်ခဲ့ရတာ ဖြစ်ပါတယ်။
မစ္စတာ ဘာလူးစကိုနီ ကတော့ သူပြောနေကျအတိုင်း သူဟာ နိုင်ငံရေး သားကောင် ဖြစ်ခံရတာ အခု တရားရုံး ဆုံးဖြတ်ချက်ဟာ နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်တာ လို့ ပြောနေပါတယ်။
အခုတော့ ဒီအမှုကြောင့် သူ့ရဲ့ နိုင်ငံရေးဘဝ နိဂုံးချုပ်ပြီလို့ ယူဆနိုင်ကြောင်း ဘီဘီစီ သတင်းထောက် ဒေးဗစ်ဝီလီက သုံးသပ်ပါတယ်။


အေးချမ်းမွန်မှ  Myanmar Journal  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :latimesblogs.latimes.com
အီတလီ ဝန်ကြီးချုပ်ဟောင်း ဆာဗီယို ဘာလူးစကိုနီကို မီလန်တရားရုံးကနေ အခွန်ရှောင်မှုနဲ့ ထောင်ဒဏ် ၄ နှစ် အပြစ်ပေး လိုက်ပါတယ်။
ဒါပေမယ့် အီတလီ ထောင်တွေထဲမှာ အကျဉ်းသား အရေအတွက် နည်းစေဖို့ ရည်ရွယ်ပြီး ၂၀၀၆
က ပြဋ္ဌာန်းခဲ့တဲ့ လွတ်ငြိမ်း ချမ်းသာခွင့် ဥပဒေအရ ထောင် ၃ နှစ် လျှော့ပေါ့ လိုက်လို့ ထောင်တနှစ်ပဲ ကျခံရတော့မှာ ဖြစ်ပါတယ်။
မစ္စတာ ဘာလူးစကိုနီဟာ အဲဒီ ထောင်တနှစ် ကိုတောင် ကျခံချင်မှ ကျခံရလိမ့်မယ်လို့ ရောမက ဘီဘီစီ သတင်းထောက် ဒေးဗစ်ဝီလီက ပြောပါတယ်။

ကျိုက်ထီးရိုး ဂေါပက အဂတိ လိုက်စားမှုသတင်း ဖြစ်ပေါ်

Photo: ကျိုက်ထီးရိုး ဂေါပက အဂတိ လိုက်စားမှုသတင်း ဖြစ်ပေါ်

| October 27, 2012 |

ကျိုက်ထီးရိုးစေတီကို အဝေးမှ လှမ်းမြင်ရစဉ် (ဓာတ်ပုံ – where-is-myanmar.com)
မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုး စေတီတော် ပရ၀ဏ်၌ ဂေါပက အဖွဲ့နှင့် သက်ဆိုင်ရာ အာဏာပိုင်များက အဂတိ လိုက် စားမှုများ ပြုလုပ်နေသည်ဆိုပြီး အလုပ်သမားများနှင့် ဈေးဆိုင်ခန်းရှင်များ၏ မကျေနပ်မှုများ ဖြစ်ပေါ်နေကြောင်း သတင်းရသည်။

ကျိုက်ထီးရိုး စေတီတော် ပရ၀ဏ်ရှိ ဆိုင်ခန်း ပိုင်ရှင်များသည် ဂေါပကအဖွဲ့သို့ ဆိုင်ခန်း မြေနေရာ အတွက် အခွန်အခကို ပေး ဆောင်ရသည့် အပြင် သီးသန့် အပိုငွေ ထပ်မံပေးနေရခြင်းမျိုးလည်း ရှိကြောင်း ဆိုင်ခန်းရှင်များက ပြောပြသည်။

“ဆိုင် စစောက်တုန်းကဆိုရင် အခွန်က ကျပ် ၃၀၀၀ သာ ရှိပေမယ့် ဂေါပက တာဝန်ခံတွေကို ၃၀၀၀၀ ထပ်ပေးရပါတယ်။ အခုဆို တရားဝင်အခွန်က ကျပ်၂ သိန်း၊ ဒါပေမယ့် ဆိုင်အရှေ့က ကလဖျဉ်းအမိုးအတွက် တရားမဝင် နေရာဆိုပြီး ၂ သိန်း ထပ်ပေးနေရ တယ်”ဟု ကျိုက်ထီးရိုးတွင် ဈေးရောင်းနေသူ ကိုစိုးမိုးက ပြောသည်။

အဝတ်အထည် ရောင်းချလိုသူများသည် ဂေါပကအား ကျပ် ၁၅ သိန်းပေးရပြီး တရားဝင် သတ်မှတ်ထားသော အခွန်နှုန်းထားသည် ကျပ် ၃ သိန်း ဖြစ်ကြောင်း၊ ဘောက်ချာစာရင်းတွင်လည်း ၃ သိန်းသာ ရေးပေးကြောင်း ဆိုင်ခန်းရှင်များ၏ ပြောကြားချက်အရ သိရ သည်။

ကျိုက်ထီးရိုးရှိ လူထမ်း၊ ကုန်ထမ်း အလုပ်သမားများကိုလည်း အဓမ္မ အလုပ်ခိုင်းစေမှုများနှင့်ငွေတောင်းခံမှုများ ရှိကြောင်း အလုပ် သမားများက ပြောသည်။

“ကားတွေသွားတဲ့ တောင်ပတ်လမ်းက ပျက်စီးနေလို့ အထမ်းသမားတွေကို မြေတွေပေါက်ခိုင်း၊ ကားပေါ်ကိုထမ်းတင်ပြီး ကျင်းတွေ၊ ချိုင့်တွေကို လောင်းခိုင်းတယ်။ အဲဒီလို မလုပ်တဲ့သူတွေကို တယောက် ကျပ် ၅၀၀ ပေးရမယ်လို့ ပြောတယ်။ အဲဒီ ငွေ မှ မပေးရင် အထမ်း မထမ်းရဘူးလို့ ပြောတယ်”ဟု ကျိုက်ထီးရိုး လူထမ်း၊ ကုန်ထမ်း အလုပ်သမား သမဂ္ဂမှ ကိုစိန်ဝင်းက ပြောပြသည်။

ယင်း လူထမ်း၊ ကုန်ထမ်း အလုပ်သမား သမဂ္ဂအား အစိုးရက ဇူလိုင် ၁၇ ရက်နေ့တွင် တရားဝင်ဖွဲ့စည်းပေးပြီး လွပ်လပ်စွာ လုပ် ပိုင်ခွင့် ပေးခဲ့သော်လည်း ဂေါပကလူကြီးများနှင့် ကင်ပွန်းချောင်း လုပ်ငန်း ကြီးကြပ်ရေး ကော်မတီသာ တရားဝင်ဖြစ်၍ ထိုကော်  မတီက ခွင့်ပြုထားသူများသာ လူထမ်း၊ ကုန်ထမ်း လုပ်ငန်း လုပ်ကိုင်ရမည်ဟု ပြောဆိုလုပ်ကိုင်လျက် ရှိကြောင်းလည်း သိရသည်။

ထိုပြဿနာ အရပ်ရပ်အား မကျေနပ်သည့် ဒေသခံများသည် ကျိုက်ထိုမြို့ရှိ တပ်မ ၄၄ သို့ သွားရောက် တိုင်ကြားသော်လည်း မည်သည့် အရေးယူ ဆောင်ရွက်မှုမှ မရှိကြောင်း အလုပ်သမားများက ပြောဆိုသည်။
“စေတီတော် ရင်ပြင်တာဝန်ခံ ဦးတင်ညွန့်နဲ့ ပတ်သက်ပြီး နေရာတော်တော်များများမှာ တိုင်ဖူးတယ်။ အထူးသဖြင့် တပ်မ ၄၄ မှာ တိုင်ဖူးပါတယ်။ သူက တပ်မ ၄၄ နဲ့ တော်တော်ရင်းနှီးသူပါ”ဟု ကိုစိုးမိုးက ဆိုသည်။

ကျိုက်ထီးရိုး ဂေါပက ဥက္ကဋ္ဌ ဦးစံမြင့်က စီးပွားရေးသမားများနှင့် ကျိုက်ထီးရိုး ဂေါပကများ ပူးပေါင်းကာ အာဏာရှင်ဆန်စွာ ပြုမူနေခြင်း မဟုတ်ကြောင်း၊ ယခင်က ဆိုင်ခန်း အငှားချခြင်းကိုလည်း ဂေါပကအဖွဲ့၏ ဆုံးဖြတ်ချက် မဟုတ်ဘဲ အစိုးရ တာဝန်ရှိသူများ၏ အမိန့်အရ လုပ်ရခြင်း ဖြစ်ကြောင်း၊ သက်ဆိုင်ရာ အာဏာပိုင်များကို တင်ပြပြီးမှသာ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ပြန်ရှင်းသည်။

“ကျနော်တို့ ဂေါပကတွေက မှန်မှန်ကန်ကန်ပဲ လုပ်ဆောင်နေပါတယ်”ဟု သူက ဆိုသည်။

ဆိုင်ခန်းများအတွက် အခွန်ငွေအပြင် အပိုငွေ ပေးရသည် ဆိုခြင်းမှာလည်း မဟုတ်ကြောင်း၊ တရားဝင် တောင်းခံခြင်း မရှိကြောင်း ၎င်းက ဆက်ပြောသည်။

“ဆိုင်ခန်းရချင်လို့ လက်သိပ်ထိုး ပေးတာတို့၊ အပိုငွေ ပေးနေရတာတို့တော့ ကျနော်မသိပါဘူး။ အခုအချိန်မှ၊ အားကိုးပေါ်လာမှ ပြော တဲ့ စကားတွေကလည်း ဘယ်လိုမှ အမှန်မဖြစ်နိုင်ပါဘူး”ဟုလည်း ဦးစံမြင့်က ပြောသည်။

ကျိုက်ထီးရိုးစေတီ ဂေါပက အဖွဲ့ဝင်ဟောင်း တဦးဖြစ်သည့် ဦးဉာဏ်ထွန်းကမူ စေတီတော် သာသနာ့မြေအား ဂေါပကများက မြေ လွတ်မြေရိုင်းဟု အမည်တပ်၍ ဝယ်ယူလိုသည့် စီးပွားရေးသမားများကို ကန့်ကွက်ရန်မရှိဆိုသည့် ထောက်ခံစာ ထုတ်ပေးမှု ရှိကြောင်း၊ ယခု ထို သာသနာ့ နယ်မြေတွင် တိုက်တာ အဆောက်အအုံများ တည်ရှိနေပြီ ဖြစ်ကြောင်း ပြောသည်။

“ကျိုက်ထီးရိုးဘုရားရဲ့သစ်တောကြိုးဝိုင်း ဧရိယာကို ၆၆၉၈ ဧက ရှိတယ်လို့ ၂၀၀၁ မှာ သစ်တောဝန်ကြီးက လက်မှတ်ထိုး ထုတ်ပြန် ထားတယ်။ အခု အဲဒီ သစ်တော ဧကတွေကို ဂေါပက က လန ၃၉ ပေးပြီး ဗိုလ်မှူးတွေ၊ ဗိုလ်ချုပ်တွေကို ရောင်းချတာတွေ လုပ် နေတယ် ဆိုတာ ကျနော့်မှာ စာရွက်စာတမ်း အထောက်အထားတွေနဲ့ ရှိပါတယ်”ဟုလည်း သူက ဆိုသည်။

ထိုသို့ ကျိုက်ထီးရိုးစေတီ၌ ဖြစ်ပေါ်နေသော ပြဿနာများနှင့် ပတ်သက်ပြီး ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု(MDCF) အဖွဲ့က ပြီးခဲ့သည့် သြဂုတ်လအတွင်း သွားရောက်လေ့လာ၍ စက်တင်ဘာ လဆန်းမှစတင်ပြီး သမ္မတ ရုံးနှင့် သာသနာရေး ၀န်ကြီး ဌာန အပါအ၀င် အစိုးရ အာဏာပိုင်များသို့ တိုင်ကြားခဲ့သော်လည်း တစုံတရာ ထူးခြားမှုမရှိ၍ အောက်တိုဘာ ၂၂ ရက်၌ ရန်ကုန် မြောက် ဥက္ကလာပ တွင် စာနယ်ဇင်း ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျိုက်ထီးရိုး ဘုရားမှာ ဖြစ်နေတဲ့ အဂတိ လိုက်စားမှုတွေ၊ ဂေါပကတွေရဲ့ အလွဲသုံးစား လုပ်မှုတွေကို စာရင်းနဲ့ အတိအကျ တိုင် တယ်။ ဒါပေမယ့် ဘာမှလုပ်ပေးတာ မရှိဘူး”ဟု MDCF အဖွဲ့မှ ဦးဆောင်သူ တဦးဖြစ်သည့် ဦးထင်ကျော်က ပြောသည်။

ယင်း ကျိုက်ထီးရိုး ဂေါပက အဖွဲ့ကို ဖယ်ရှားပေးရန် MDCF က တောင်းဆို ထားကြောင်းလည်း သိရသည်။

အေးချမ်းမွန်မှ ဧရာဝတီသတင်းတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ဧရာဝတီသတင်း
ကျိုက်ထီးရိုးစေတီကို အဝေးမှ လှမ်းမြင်ရစဉ် (ဓာတ်ပုံ – where-is-myanmar.com)
မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုး စေတီတော် ပရ၀ဏ်၌ ဂေါပက အဖွဲ့နှင့် သက်ဆိုင်ရာ အာဏာပ
ိုင်များက အဂတိ လိုက် စားမှုများ ပြုလုပ်နေသည်ဆိုပြီး အလုပ်သမားများနှင့် ဈေးဆိုင်ခန်းရှင်များ၏ မကျေနပ်မှုများ ဖြစ်ပေါ်နေကြောင်း သတင်းရသည်။

ကျိုက်ထီးရိုး စေတီတော် ပရ၀ဏ်ရှိ ဆိုင်ခန်း ပိုင်ရှင်များသည် ဂေါပကအဖွဲ့သို့ ဆိုင်ခန်း မြေနေရာ အတွက် အခွန်အခကို ပေး ဆောင်ရသည့် အပြင် သီးသန့် အပိုငွေ ထပ်မံပေးနေရခြင်းမျိုးလည်း ရှိကြောင်း ဆိုင်ခန်းရှင်များက ပြောပြသည်။

မြန်မာနိုင်ငံ၏အသက်အကြီးဆုံးဟု သတ်မှတ်ခံထားရသော အဘွားဒေါ်မြကြည် အသက် ၁၂၀ ပြည့်ပြီ





thn-10-25-1မြန်မာနိုင်ငံ၏အသက်အကြီးဆုံးဟု သတ်မှတ်ခံထားရသောအဘွား ဒေါ်မြကြည် (ခေါ်) ဒေါ်မြကြီးသည် အောက်တိုဘာလ ၁၆ ရက်နေ့တွင် အသက် ၁၂၀ ပြည့်သွားပြီဖြစ်ကြောင်း သိရသည်။
ဒေါ်မြကြည်သည်လက်ရှိအချိန်တွင် အမရပူရမြို့နယ် ပေါက်ချိုင်ကုန်းကျေးရွာ၊ သာသနာ့ရက္ခိတ ကျောင်းဝန်းအတွင်းရှိ အိမ်ငယ်လေးတွင် တစ်ဦးတည်းနေထိုင်ကာသူမ၏ ကြက်ဖလေးအားအဖော်ပြုရင်း စိပ်ပုတီးစိပ်တရားထိုင်ခြင်းနှင့် ပြောင်းဖူးဖက်ဆေးလိပ်သောက်ခြင်းကို ယနေ့ထက်တိုင်ပြုလုပ်နေဆဲဖြစ်ပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။
အဘွားဒေါ်မြကြည်၏အသက် ၁၂၀ ပြည့်နှစ်မွေးနေ့ဆွမ်းကပ်မင်္ဂလာပွဲကိုအေက်တိုဘာလ ၁၆ ရက်နေ့က သာသနာ့ရက္ခိတကျောင်းတွင်ပြုလုပ်ခဲ့ပြီး သံဃာတော် ၁၁ ပါးအား ဆွမ်းနှင့်ဒါန၀တ္ထုတို့ လှူဒါန်းခဲ့ကြောင်းသိရသည်။

"Apple Website တွင် Samsung မှ၎င်းတို့  ကိုကူးယူထားခြင်းမရှိပါဟူသော စာကိုလွှင့်တင်ထား"

Photo: "Apple Website တွင် Samsung မှ၎င်းတို့  ကိုကူးယူထားခြင်းမရှိပါဟူသော စာကိုလွှင့်တင်ထား"

ယနေ့  တွင် Apple မှ၎င်းတို့ ရဲ့ Apple UK Website တွင် Samsung အနေနဲ့  Apple ဆီမှကူးယူထားခြင်းမရှိပါဟူသော စာကိုလွှင့်တင်ထားတာကို တွေ့ ရပါတယ်။ UK High Court ရဲ့ဆုံးဖြတ်ချက်အရ Samsung Galaxy Tab အနေနဲ့  Apple iPad ရဲ့ ဒီဇိုင်းကို ကူးယူထားခြင်းမရှိဟု ဆုံးဖြတ်ခဲ့သလို Apple အနေနဲ့ လည်း ယခုတရားရုံး ဆုံးဖြတ်ချက်ကို လူသိရှင်ကြားဖြစ်စေရန် ကြေငြာထားရမည်ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထို့ ကြောင့် ယခုအခါ Apple မှနေ၍၎င်းတို့ ရဲ့ UK Website Front Page တွင် “Samsung/Apple UK judgement” ဆို၍ link ကိုလွှင့်တင်ထားတာကို တွေ့  ရပါတယ်။ အဲဒီ link တွင် UK တရားရုံးဆုံးဖြတ်ချက်များကို ဖော်ပြထားကြောင်း သိရပါတယ်။ ထို့ အပြင် တရားရုံးမှ ဆုံးဖြတ်ချက်အရ Apple အနေနှင့် Arial - Font Size 11 ထက်မသေးသော စာလုံးဖြင့်ဖော်ပြထားရမည်ဟု ဆုံးဖြတ်ခဲ့ပြီး Apple မှလည်း တရားရုံးဆုံးဖြတ်ချက်နှင့် ညီညွတ်အောင် Arial 11 ဖြင့်သာဖော်ပြထားတာကို တွေ့ ရပါတယ်။

Apple ရဲ့ယခုဖော်ပြထားသောစာထဲတွင် UK တွင် Samsung အနေနဲ့  Apple ရဲ့မူပိုင်ခွင့်များကို ချိုးဖျက်ခြင်းမရှိဟု ၀န်ခံထားသော်လည်း အခြားတရားရုံးများဖြစ်သော ဂျာမနီရှိတရားရုံးများကဲ့သို့  တရားရုံးများတွင်တော့ Apple အသာရခဲ့မူများကိုပါ ထည့်သွင်းဖော်ပြထားကြောင်း တွေ့ ရပါတယ်။

Source : GSMArena

အေးချမ်းမွန်မှ Info Tech For Myanmar (IT4M) တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Info Tech For Myanmar (IT4M)
ယနေ့  တွင် Apple မှ၎င်းတို့ ရဲ့ Apple UK Website တွင် Samsung အနေနဲ့  Apple ဆီမှကူးယူထားခြင်းမရှိပါဟူသော စာကိုလွှင့်တင်ထားတာကို တွေ့ ရပါတယ်။ UK High Court ရဲ့ဆံ
ုးဖြတ်ချက်အရ Samsung Galaxy Tab အနေနဲ့  Apple iPad ရဲ့ ဒီဇိုင်းကို ကူးယူထားခြင်းမရှိဟု ဆုံးဖြတ်ခဲ့သလို Apple အနေနဲ့ လည်း ယခုတရားရုံး ဆုံးဖြတ်ချက်ကို လူသိရှင်ကြားဖြစ်စေရန် ကြေငြာထားရမည်ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထို့ ကြောင့် ယခုအခါ Apple မှနေ၍၎င်းတို့ ရဲ့ UK Website Front Page တွင် “Samsung/Apple UK judgement” ဆို၍ link ကိုလွှင့်တင်ထားတာကို တွေ့  ရပါတယ်။ အဲဒီ link တွင် UK တရားရုံးဆုံးဖြတ်ချက်များကို ဖော်ပြထားကြောင်း သိရပါတယ်။ ထို့ အပြင် တရားရုံးမှ ဆုံးဖြတ်ချက်အရ Apple အနေနှင့် Arial - Font Size 11 ထက်မသေးသော စာလုံးဖြင့်ဖော်ပြထားရမည်ဟု ဆုံးဖြတ်ခဲ့ပြီး Apple မှလည်း တရားရုံးဆုံးဖြတ်ချက်နှင့် ညီညွတ်အောင် Arial 11 ဖြင့်သာဖော်ပြထားတာကို တွေ့ ရပါတယ်။
Related Posts Plugin for WordPress, Blogger...

ShareThis