menu

Thursday 23 May 2013

ပုံရိပ်ကိုအသုံးချဖို့ ချဉ်းကပ်လာမှုတွေကို လိမ္မာပါးနပ်စွာ ရှောင်တိမ်းရပါတယ် ဆိုတဲ့ နန်းခင်ဇေယျာနှင့်အင်တာဗျူး

Photo: ပုံရိပ်ကိုအသုံးချဖို့ ချဉ်းကပ်လာမှုတွေကို လိမ္မာပါးနပ်စွာ ရှောင်တိမ်းရပါတယ်
ဆိုတဲ့ နန်းခင်ဇေယျာနှင့်အင်တာဗျူး
Thursday, May 23, 2013

ပြည်တွင်းဧည့်လမ်းညွှန်မလေးကနေ နိုင်ငံတကာအဆင့်အလှမယ်ပြိုင်ပွဲကို ၀င်ပြိုင်ခဲ့သူက နန်းခင်ဇေယျာပါ။ အင်တာနက်သုံးစွဲသူ တစ်ခဲနက်အားပေး
မှုကြောင့် ဂျပန်မှာကျင်းပခဲ့တဲ့ နိုင်ငံတကာအလှမယ်ပြိုင်ပွဲမှာ ၎င်းဟာ ဆုနှစ်ခုကို ရယူနိုင်ခဲ့ပါတယ်။

ရယူထားတဲ့ဆုတွေနဲ့ထိုက်တန်တဲ့လှုပ်ရှားမှုတွေကို ပြည်တွင်းမှာ စဉ်ဆက်မပြတ်လုပ်ကိုင်နေပြီး အထူးသဖြင့် လူမှုရေးလုပ်ငန်းတွေမှာ သူမရဲ့ပါဝင်လှုပ်ရှားမှုတွေကြောင့် လူထုရဲ့ချစ်ခင်မှုကို တစ်စတစ်စရရှိနေ
ပါပြီ။ ဒါ့အပြင် နိုင်ငံတကာအသိုင်းအ၀ိုင်းကပါ လူမှုရေးလှုပ်ရှားသူတစ်ဦး
အဖြစ် သူတို့နိုင်ငံတွေက လူမှုရေးလုပ်ငန်းတွေမှာ လာရောက်လေ့လာ
ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်မှုတွေကိုလည်း ဆက်တိုက်ရရှိနေပါတယ်။

နှစ်ပေါင်းလေးဆယ်ကျော်ကြာမှ ကမ္ဘာ့အလယ်မှာ မြန်မာအလှမယ်တစ်ဦး
အဖြစ် ထင်ပေါ်ခဲ့သူ နန်းခင်ဇေယျာရဲ့လှုပ်ရှားမှုအထွေထွေကို မေးမြန်း
တင်ဆက်လိုက်ပါတယ်။

နိုင်ငံတကာအလှမယ်တစ်ယောက်ရဲ့ရပ်တည်မှုနဲ့ ယခုလက်ရှိ နန်းခင်ဇေယျာရဲ့ ရပ်တည်မှုတို့ ထပ်တူကျပါသလား။

ထပ်တူကျပါတယ်။ မစ္စ မြန်မာဝင်ပြိုင်တုန်းက ပထမဆုံး လုပ်တဲ့ပွဲဖြစ်လို့ လူလည်းသိပ်မသိခဲ့ဘူး။ မစ္စမြန်မာသာရခဲ့ပေမယ့် ရိုးရိုးဧည့်လမ်းညွှန် တစ်ယောက်အနေနဲ့ပဲ ရပ်တည်ခဲ့တယ်။ မစ္စအင်တာနေရှင်နယ် သွားပြိုင်တော့မှ မစ္စမြန်မာတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်တွေ ရလာတယ်။ ခုဆိုလူမှုရေးလုပ်ငန်းတွေ လုပ်လာနိုင်တယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု
ရှိလာတယ်။ ခုချိန်မှာ မစ္စမြန်မာတစ်ယောက်အနေနဲ့ ရပ်တည်ပိုင်ခွင့်နေ
ရာတစ်နေရာတော့ ရလာပါပြီ။

လူမှုအကျိုးပြုလုပ်ငန်းတွေမှာ ညီမက တဖြည်းဖြည်း Icon (ပြယုဂ်) တစ်ခုဖြစ်ဖြစ်လာတဲ့အခါ ထမ်းထားရတဲ့တာဝန်တွေ ပိုများလာပါသလား။
ကိုယ့်ကိုယ်ကိုယ် Icon လို့တော့မသတ်မှတ်ပါဘူး။ ညီမလုပ်နေတဲ့ ပရဟိတအလုပ်တွေက တခြားလုပ်နေတဲ့သူတွေနဲ့ ယှဉ်လိုက်ရင် မပြောပလောက်တဲ့လုပ်ငန်းတွေပါ။ ညီမအနေနဲ့ ထမ်းထားရတဲ့တာဝန်တွေ များပါတယ်။ ညီမကုန်ပစ္စည်း ငါးခုရဲ့ သံတမန်လည်းလုပ်နေရတယ်။
မစ္စမြန်မာတစ်ယောက်အနေနဲ့ ခုချိန်ထိ အသက်ဝင်နေဆဲဖြစ်တဲ့အတွက် ဂျပန်မှာရခဲ့တဲ့ ဆုနှစ်ဆုအတွက်လည်း လုပ်ဆောင်ရမယ့် တာဝန်တွေ
ထမ်းထားရပါတယ်။ လူမှုရေးလုပ်နေတဲ့အခါ ညီမရဲ့ အနောက်မှာ ညီမကိုမှီခိုနေတဲ့သူတွေအများကြီးရှိတဲ့အတွက် တာဝန်ပိုကြီးတယ်လို့ ခံစားရပါတယ်။

လူမှုအကျိုးပြုလုပ်ငန်းတွေမှာ ညီမကို ပြယုဂ်တစ်ခုအဖြစ် မြင်လာကြတာဟာ ညီမကိုယ်တိုင် ပါဝင်လှုပ်ရှားမှုတွေအပြင် တခြားဘယ်လို တိုက်တွန်းမှု
တွေကြောင့်ပါလဲ။

ဘယ်သူမှ လမ်းကြောင်းမဆွဲပေးခဲ့ပါဘူး။ ခုချိန်ထိ ညီမ လုပ်နေတဲ့အလုပ်
တွေက ညီမဂျပန်နိုင်ငံကနေ လူမှုရေးအကြောင်း သင်လာတယ်။ ညီမရဲ့မိဘတွေနဲ့ သူငယ်ချင်း တစ်ယောက်နှစ်ယောက်လောက်နဲ့ပဲ တိုင်ပင်ပြီး လုပ်ကိုင်ဖြစ်တာပါ။

လူမှုကွန်ရက်မှာ ညီမရဲ့ လှုပ်ရှားမှုတွေကို အမြဲတမ်း တွေ့နေရပါတယ်။
ဖေ့စ်ဘွတ်ခ်သုံးစွဲမှုက ညီမရဲ့ နေ့စဉ်ဘ၀မှာ မရှိမဖြစ်လို့ ပြောနိုင်သလား။
အရမ်းကိုအရေးပါပါတယ်။ ဖေ့စ်ဘွတ်ခ်ဟာ မြန်မာပြည်တင်မဟုတ်ဘဲ
ပြည်ပနိုင်ငံတော်တော်များများကပါ ကြည့်နေတာကြောင့် တချို့မယ်တွေ တင်ကြသလို တစ်နေ့တာအတွင်း ဘာလုပ်တယ်၊ ဘာဖြစ်တယ်၊
တောက်လျှောက်တင်နေလို့ မရဘူး။ နေ့တိုင်းလှုပ်ရှားမှုတွေကို တင်ချင်ပေ
မယ့် ညီမရဲ့ ပရဟိတလုပ်ငန်းတွေကို စောင့်ကြည့်နေတဲ့သူတွေ အများကြီးမို့ တစ်ခုခုတင်ခါနီးရင် အရမ်းစဉ်းစားရတယ်။ ခေါင်းစားတယ်။ ဒါ့ အပြင်
ဖေ့စ်ဘွတ်ခ်က ညီမအတွက် အရမ်းအရေးပါတဲ့အတွက် အဟက်ခ်မခံ
ရအောင် လုံခြုံရေးကို အပြည့်ထားထားတယ်။ ညီမမှာ ဖန်ပေ့ခ်ျနဲ့ အော်ဖစ်
ရှယ်ပေ့ခ်ျနှစ်ခုပေါင်း လူတစ်သိန်းကျော် ကြည့်နေတာမို့ တော်တော်လေး ဂရုစိုက်ထားပါတယ်။

ကလေးသူငယ်တွေနဲ့ ပတ်သက်တဲ့ လူမှုရေးအလုပ်တွေကို ပိုပြီး ခပ်စိပ်စိပ်
တွေ့နေရတယ်နော်။

ညီမက လူမှုရေးကို ခေါင်းစဉ်တစ်ခုချင်းစီ သွားတာပါ။ နာရေး၊ အနာကြီး
ရောဂါသည်၊ အခု ကလေးတွေပေါ့။ ကလေးတွေက အရမ်းအပြစ်ကင်းတယ်။ သူတို့ရဲ့ အတိတ်ကံကြောင့် ခုလိုဖြစ်နေကြတာကို အရမ်းသနားတယ်။ ညီမ ငယ်ငယ်တုန်းကဆို အပူအပင်မရှိဘဲ ကြီးပြင်းခဲ့ရတာလေ။

အခုလို လူမှုရေးလုပ်ငန်းတွေ လုပ်ရာကနေ ရရှိလာတဲ့ အကျိုးဆက်က ဘာတွေဖြစ်မလဲ။

မစ္စအင်တာနေရှင်နယ် အင်တာနက်စာမျက်နှာမှာဆို ညီမရဲ့ လှုပ်ရှားမှု
လေးတွေကိုဖော်ပြထားတယ်။ Asia For Wiing ဆိုတဲ့ ၀က်ဘ်ဆိုက်မှာ
ဆိုရင် ပြီးခဲ့တဲ့လက ညီမက Asia Admire Beauty Queen မှာဆို ထိပ်တန်းငါးဦးကနေ သုံးဦးစာရင်းဝင် ဖြစ်ခဲ့တယ်။ အခုဆို မစ္စဝေါလ်ပြိုင်
ပွဲမှာ ညီမ ဘာမှ စာရင်းလည်း မပေးရသေးဘူး။ ပြိုင်မယ်မပြိုင်ဘူးလည်း မဆုံးဖြတ်ရသေးပေမယ့် ညီမရဲ့ ဓာတ်ပုံတွေ၊ လှုပ်ရှားမှုတွေကို ပြိုင်ပွဲစီစဉ်
သူတွေက အင်တာနက်မှာ တင်ထားပြီးပြီ။ စက်တင်ဘာမှာဆို လော့အိန်
ဂျလိစ်ကသူတွေက နန်းခင်ဇေယျာကို အဓိကဖိတ်ချင်တယ်လို့ ကမ်းလှမ်း
လာပြီ။ ပြီးခဲ့တဲ့ တစ်ပတ်ကဆို ဂျပန်က တရားသူကြီး ဦးဆောင်တဲ့အဖွဲ့က သူတို့နိုင်ငံမှာ လူမှုရေးအားပေးမှုတွေ လုပ်ပေးဖို့ ကမ်းလှမ်းပါတယ်။ မေလ ၁၆ ကနေ ၁၉ ထိ ထိုင်းက ရွာလေးတစ်ရွာမှာ အားပေးစကား ပြောဖို့ ကမ်းလှမ်းခံရပေမယ့် ညီမ အလုပ်တွေနဲ့ မအားလို့ မသွားဖြစ်လိုက်ပါဘူး။
မြန်မာတင်မက တစ်ကမ္ဘာလုံးက လူတွေက ညီမရဲ့ လှုပ်ရှားမှုတွေကို အသိအမှတ် ပြုပြီး ကမ်းလှမ်းလာတဲ့အတွက် ညီမအရမ်းဝမ်းသာပါတယ်။

မစ္စမြန်မာ ပြိုင်ပွဲနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေလည်းရှိခဲ့တော့ နောက်ထပ်ပြိုင်
မယ့်ပြိုင်ပွဲဝင်တွေကို မစ္စမြန်မာတစ်ယောက်ဖြစ်တဲ့ညီမ ဘယ်လိုအကြံပြု
ချင်ပါသလဲ။

နောက်ဆို နိုင်ငံတကာအဆင့်ပြိုင်ပွဲတွေက အရမ်းများလာနေပါပြီ။ အလှမယ်
တစ်ယောက်ဟာ အရပ်မြင့်ရုံ၊ လှပနေရုံနဲ့ မလုံလောက်တော့ပါဘူး။ ဗဟုသုတ၊ လူမှုရေးလည်း လုပ်ရမယ်။ မြန်မာကမ္ဘာနဲ့ပတ်သက်တဲ့ ဗဟုသုတရှိရမယ်။ အင်္ဂလိပ်စကားကို အားနည်းတာကို စိတ်မပူပါနဲ့။ တခြားသူတွေလည်း သိပ်မကောင်းပါဘူး။ ဒါပေမဲ့ တစ်ဖက်လူနားလည်
အောင် ပြောတတ် ဆိုတတ်သင့်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရပါမယ်။

လူမှုရေးပြယုဂ်နဲ့ ကုန်ပစ္စည်း သံတမန်အဖြစ် ရပ်တည်မှုကြားမှာ နန်းခင်ဇေယျာရဲ့ပုံရိပ်ကို ဘယ်လို ခွဲခြားထိန်းသိမ်းထားပါသလဲ။

ကုန်ပစ္စည်းအမှတ်တံဆိပ် သံတမန်အဖြစ် ညီမထိုက်သင့်တဲ့ အခကြေးငွေရတယ်။ ဒီပိုက်ဆံသည် ညီမကိုယ်ကျိုးအတွက်၊ နေ့စဉ်အသုံး
စရိတ်အတွက်လည်း ပါတယ်။ ကျန်တဲ့ရာခိုင်နှုန်း တစ်ဝက်ကို လူမှုရေးလုပ်ငန်းအတွက် သုံးပါတယ်။ ညီမ အလှူလုပ်ဖို့ရှိ ပြီဆိုတာနဲ့ ညီမကို ခန့်အပ်ထားတဲ့ ကုန်ပစ္စည်းရှင်တွေနဲ့ ဆက်သွယ်ပြီးသူတို့ရဲ့ ပူးပေါင်းပါဝင်မှုကို ယူတဲ့အခါကျတော့ အလှူခံရတဲ့ ကလေးတွေ၊
ပုဂ္ဂိုလ်တွေလည်း ၀မ်းသာတယ်။ ကြော်ငြာရှင်တွေလည်း ကုသိုလ်
ရပါတယ်။

လူမှုရေးအလုပ်တွေ လုပ်ရင်းကနေ ဘယ်လိုအားနည်းချက်လေးတွေကို
ပြုပြင်သွားချင်ပါသလဲ။

ညီမက လူမှုရေးလုပ်ငန်းတွေကို ခေါင်းစဉ်ရှစ်ခုနဲ့ အဓိက သွားပါတယ်။ ကလေးတွေ၊ ဆီးဂိမ်းလှုံ့ဆော်ရေးလုပ်ငန်း၊ အခြားသော ပရဟိတအသင်း
အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း၊ အထီးကျန်နေတဲ့ သက်ကြီးရွယ်အိုတွေ
ကို ကူညီပံ့ပိုးအားပေးခြင်း၊ ကလေးသူငယ်ပညာရေး၊ လူငယ်တွေရဲ့ ပညာရေး တိုးတက်မြင့်မားမှု အဲဒီခေါင်းစဉ်တွေထဲကပဲ လုပ်ပါတယ်။ နာရေးဆိုလည်း လူအများစုရဲ့ အယူသည်းမှုတွေကို တိုက်ဖျက်ချင်ပါတယ်။ ညီမဆို ကိုယ်တိုင်အလောင်း ၀င်သယ်တာပဲလေ။ အလောင်းဝင်သယ်လို့ ညီမ ကံဆိုးတာတို့၊ ညီမကို ခြောက်တာပြုတာတို့ လုံးဝမရှိပါဘူး။

နန်းခင်ဇေယျာရဲ့ ဖြစ်တည်မှုကို အသုံးချချင်လို့ ချဉ်းကပ်လာမှုတွေကို ဘယ်လိုရှောင်လွှဲခဲ့ပါသလဲ။

အသုံးချဖို့ ချဉ်းကပ်မှုတွေကတော့ အများကြီးမှ အများကြီးပါပဲ။ အရင်တုန်းက နိုင်ငံရေး၊ အခု ၉၆၉ ပေါ့။ ညီမကို အသုံးချမယ့်သူတွေ အများကြီးပဲ။ ပါးပါးနပ်နပ်နဲ့ ငြင်းရတာပေါ့။ ဥပမာ သဘာဝ ပတ်ဝန်းကျင်ကိစ္စတွေ လာပြောပါတယ်။ လုပ်ပေးချင်ပါတယ်။ ဒါပေမဲ့ ညီမ မကျွမ်းကျင်တဲ့ အပိုင်းတွေမို့ မလုပ်ချင်တာပါ။ ညီမသွားနေတဲ့ ပရဟိတရှစ်ခုကလွဲလို့ တစ်ခါတလေ မျက်နှာပျက်စရာတွေ ဖြစ်ခဲ့ပေမယ့် နန်းခင်ဇေယျာရဲ့ ပုံရိပ်ကို အသုံးချဖို့ ချဉ်းကပ်လာမှုတွေကို လိမ္မာပါးနပ်စွာ ရှောင်တိမ်းရပါတယ်။

ဦးကျော်သူက သူရုပ်ရှင်ပြန်ရိုက်တဲ့အခါ နန်းခင်ဇေယျာနဲ့ ရိုက်မယ်တဲ့။ ညီမရဲ့သဘောကရော။

ပထမတော့ ညီမရုပ်ရှင် မရိုက်သေးဘူးလို့ ဆုံးဖြတ်ထားပေမယ့် ဦးကျော်သူရိုက်မယ့်ကားက တကယ့်လူမှုအကျိုးပြုမို့လို့ ရိုက်ဖို့ ဆုံးဖြတ်
လိုက်ပါတယ်။ ဒါပေမဲ့ ဦးကျော်သူနဲ့ ရိုက်မယ့်ကားက နည်းနည်းတော့ ကြာဦးမယ်ဆိုတော့ ဒီကြားထဲမှာ ကမ်းလှမ်းမှုတွေရှိလာရင်တော့ ရိုက်ဖြစ်ချင် ရိုက်ဖြစ်မှာပါ။

ညီမရဲ့ ရှေ့ဆက်မယ့် ဘ၀အစီအစဉ်က ဘယ်လိုပါလဲ။

ညီမကတော့ ဧည့်လမ်းညွှန်ဆက်လုပ်မယ်။ အခုချိန်ဆို ခရီးတွေနားထား
တဲ့အချိန်မို့ လူမှုရေးတွေဖိလုပ်တယ်။ စီးပွားရေးကြော်ငြာတွေ ရိုက်မယ်။ အနုပညာ အလုပ်ဆိုတာလည်း အချိန်နဲ့ ကံနဲ့ စန်းနဲ့ လုပ်ရတာမို့ ဒါတွေလည်း ဆက်လုပ်ဦးမှာပဲ။

အားလုံးက စိတ်ဝင်စားတဲ့ နန်းခင်ဇေယျာရဲ့အချစ်ရေးက..

အချစ်ရေးက မရှိပါဘူး။အေးအေးဆေးဆေးပါပဲအစ်မ။ ညီမ အပူမရှာ
ချင်ဘူး။ ညီမက တစ်ခုခုကို ခံစားမိရင် အရမ်းခံစားလွယ်တယ်။ ဘာအလုပ်မှမလုပ်နိုင်တော့ဘူး။ ကိုယ့်အကြောင်း ကိုယ်သိလို့ ကိုယ့်စိတ်ကိုယ်နိုင်တဲ့အခါမှပဲ အချစ်ရေးကိုစဉ်းစားပါတော့မယ်။

7Day News Journal

အေးချမ်းမွန် Credit & Copy From >Myanmar International News < Thank For Your Post
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်
ပြည်တွင်းဧည့်လမ်းညွှန်မလေးကနေ နိုင်ငံတကာအဆင့်အလှမယ်ပြိုင်ပွဲကို ၀င်ပြိုင်ခဲ့သူက နန်းခင်ဇေယျာပါ။ အင်တာနက်သုံးစွဲသူ တစ်ခဲနက်အားပေး
မှုကြောင့် ဂျပန်မှာကျင်းပခဲ့တဲ့ နိုင်ငံတကာအလှမယ်ပြိုင်ပွဲမှာ ၎င်းဟာ ဆုနှစ်ခုကို ရယူနိုင်ခဲ့ပါတယ်။

ရယူထားတဲ့ဆုတွေနဲ့ထိုက်တန်တဲ့လှုပ်ရှားမှုတွေကို ပြည်တွင်းမှာ စဉ်ဆက်မပြတ်လုပ်ကိုင်နေပြီး အထူးသဖြင့် လူမှုရေးလုပ်ငန်းတွေမှာ သူမရဲ့ပါဝင်လှုပ်ရှားမှုတွေကြောင့် လူထုရဲ့ချစ်ခင်မှုကို တစ်စတစ်စရရှိနေ
ပါပြီ။ ဒါ့အပြင် နိုင်ငံတကာအသိုင်းအ၀ိုင်းကပါ လူမှုရေးလှုပ်ရှားသူတစ်ဦး
အဖြစ် သူတို့နိုင်ငံတွေက လူမှုရေးလုပ်ငန်းတွေမှာ လာရောက်လေ့လာ
ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်မှုတွေကိုလည်း ဆက်တိုက်ရရှိနေပါတယ်။

နှစ်ပေါင်းလေးဆယ်ကျော်ကြာမှ ကမ္ဘာ့အလယ်မှာ မြန်မာအလှမယ်တစ်ဦး
အဖြစ် ထင်ပေါ်ခဲ့သူ နန်းခင်ဇေယျာရဲ့လှုပ်ရှားမှုအထွေထွေကို မေးမြန်း
တင်ဆက်လိုက်ပါတယ်။

အားကိုယူထူလျှင်ထချင်သော်လည်း ကမ်းလက်ကမရှိ၊လက်များသည် ဖိထားဆဲ သာဖြစ်၏

Photo: အားကိုယူထူလျှင်ထချင်သော်လည်း ကမ်းလက်ကမရှိ၊လက်များသည် ဖိထားဆဲ သာဖြစ်၏

Posted by AF in ဆောင်းပါးများ

”ဟေးဟေး…ပြေးပြေး… ဟိုမှာ လာနေပြီ”
”ဟာ မဟုတ်ပါဘူးကွာ” ဆိုသည့် အော်သံများနှင့်အတူ ထိုနေရာ၌ ရယ် သံများက ကျယ်လောင်စွာ။

ရန်ကုန်၏ ဆင်ခြေဖုံးဖြစ်သော ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်ရှိ ကား မှတ်တိုင်တစ်ခုအနီး အစီးရေ ၂ဝ ခန့်ရှိ သော ဆိုက်ကားတန်းကြီး စီးနင်းသူမပါ ဘဲ အပြိုင်နင်းထွက်သွားခြင်းဖြစ်သည်။”စည်ပင် လာဖမ်းတယ်ထင်လို့ ပြေးတာ”ဟု ထိုအုပ်စုထဲမှ အသက် ၅ဝ နီးပါးခန့်ရှိသည့် ဆိုက်ကားသမားတစ်ဦး က ဘရိတ်ကိုညှစ်၍ သက်ပြင်းတစ်ချက် မှုတ်ထုတ်ရင်း၎င်းတို့၏ အဖြစ်အပျက် ကို ပြောပြသည်။

ထိုကဲ့သို့ ပြေးလွှားရသည့် အဖြစ် မျိုးကို တစ်လလျှင် ရက် ၂ဝ ကျော် လ တိုင်းကြုံတွေ့နေကြရာ ¤င်းတို့အတွက် အထူးအဆန်းတော့ မဟုတ်။ သို့သော် လွတ်အောင်ပြေးရန်မှာ ၎င်းတို့၏ တာ ဝန်ဖြစ်သည်။ မပြေးနိုင်လျှင် ၎င်းတို့ အပြင် အိမ်ရှိမိသားစုများ၏ ဝမ်း၌ ဆာ လောင်မှုများ ရွာသွန်းဖြိုးမည့်အနေ အထားရှိသည်။အနှေးယာဉ် ဆိုက်ကားများကို ရန်ကုန်စည်ပင်မှ ၂ဝဝ၂ ခုနှစ်မှ စတင် ကာ လိုင်စင်အသစ်ထပ်မံ ချထားပေး ခြင်းမရှိတော့သည့် အတွက်  လိုင်စင်မဲ့ အဖြစ်ခိုး၍ နင်းကြရာ သက်ဆိုင်ရာ အစိုးရဌာနမှ လာရောက်ဖမ်းဆီးပါ က လွတ်မြောက်ရန် ရှောင်တိမ်းပြေး နေရခြင်းဖြစ်သည်။မပြေးနိုင်လျှင် စည်ပင်မှလာသော ကားပေါ်သို့ ၎င်းတို့၏ ဆိုက်ကားများ က တက်၍ ၎င်းတို့အား တာ့တာပြပေ လိမ့်သည်။

”ကျွန်တော်ဆို စည်ပင်ကို လှူ လိုက်တာ နှစ်စီးရှိပြီ။ အခုဆို ကိုယ်ပိုင် မဝယ်နိုင်ဘူး။ အငှား နင်းနေရတာ” ဟု ရုတ်ရုတ်သဲသဲ ဖြစ်သွားသော ဆိုက် ကားအုပ်ထဲမှ အသားမည်းမည်း ပိန် သေးသေး ဆိုက်ကားသမားတစ်ဦးက ၎င်း၏အဖြစ်အပျက်ကို ပြောပြသည်။လိုင်စင်အသစ် ချထားမပေးတော့ သည်မှာ ၁ဝ စုနှစ်တစ်စု ကျော်လာပြီ ဖြစ်သော်လည်း အနှေးယာဉ်လုပ်သား ပပျောက်မသွားသည့်အရေးအတွက် သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်၊ အမှတ် ၁ မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော် က ယခုနောက်ဆုံးအကြိမ် ကျင်းပပြီး သောရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် အနှေးယာဉ်လိုင် စင်ဆက်လက်ချထားပေးရေး အဆိုတင် သွင်းခဲ့သည်။ သို့သော် ၎င်းအဆိုအား ထောက်ခံသူနည်းပါး၍ အရေးနိမ့်ခဲ့ရ သည်။

ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က  မူ၂ဝဝ၂ ခုနှစ် ဧပြီလမှ စတင်ကာ အစိုးရဌာန အဖွဲ့အစည်းနှင့် ပုဂ္ဂလိက များထံသို့ အနှေးယာဉ် လိုင်စင်ချထား ပေးမှုမရှိတော့ဟု ပြောသည်။ သို့သော် ယခု ၂ဝ၁၃ ခုနှစ်အတွင်း အထူးကိစ္စ ရပ်အနေဖြင့် လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်း နှင့် သင်္ဃန်းကျွန်းမြို့နယ်များသို့ ဆိုက် ကားအစီးရေ ၁၂ဝ လိုင်စင်အသစ်ချ ထားပေးခဲ့ကြောင်းနှင့် လက်ရှိအချိန်ထိ ရန်ကုန်စည်ပင် နယ်နိမိတ်အတွင်း၌ ဆိုက်ကား ၂၆ဝ၇၇ စီးသာ တရားဝင် ခွင့်ပြုထားကြောင်း ပြောသည်။ရန်ကုန်မြို့နယ် ဆင်ခြေဖုံးမြို့ နယ်များဖြစ်သော လှိုင်သာယာ၊ ဒဂုံအ ရှေ့၊ ဒဂုံတောင်၊ ဒဂုံဆိပ်ကမ်းနှင့် စည် ပင် ပြင်ပမြို့နယ်များ၌ ဆိုက်ကယ်များ အသုံးပြုနေကြခြင်းကြောင့် ဆိုက်ကား များ လိုအပ်မှုမရှိဟု မြို့တော်ဝန်က သုံး သပ်သော်လည်း လိုင်စင်မဲ့ ဆိုက်ကား များက မြို့တော်၌ တစ်ပုံတစ်ပင် ရှိနေ သေးသည်ကို တွေ့နိုင်သည်။

လွှတ်တော်ကိုယ်စားလှယ် ဦး ကျော်က သင်္ဃန်းကျွန်းမြို့နယ်၌ ဆိုက် ကားအစီးရေ ၅ဝဝဝ ကျော်ရှိပြီး လိုင် စင်ရှိ ဆိုက်ကားမှာ အစီးရေ ၉ဝဝ ကျော် သာရှိရာ ကျန် ၄ဝဝဝ ကျော်မှာ လိုင်စင်မဲ့များဖြစ်နေသဖြင့် ဆိုက်ကား လိုအပ်မှုများ ရန်ကုန်တွင်ရှိနေသေး သည်ဟု ထောက်ပြပြောဆိုခဲ့သည်။စည်းကမ်း ဖောက်ဖျက်မှုများ ကြောင့် ယာဉ်အန္တရာယ်ရှိနိုင်သည်။ လမ်းများ ပိတ်ဆို့နိုင်သည်။ လိုင်စင်သစ် ဆက်လက်ချထားပေးပါက နံပါတ်တူ အတုများပွားများခြင်းကြောင့် စည်း ကမ်းထိန်းသိမ်းရ ပိုမို ခက်ခဲလာနိုင် သည်စသော ခေါင်းစဉ်များအောက်တွင် အောက်ခြေလူတန်းစားများ ရှိစုမဲ့စုငွေ ဖြင့်ခြိုးခြံဝယ်ယူထားသော တစ်သိန်း ကျော်တန်လိုင်စင်မဲ့ဆိုက်ကားများ အစိုး ရပိုင်သိမ်းခံရသည်မှာ ၂ဝဝ၂ ခုနှစ် ဧပြီ လမှ ၂ဝ၁၃ ခုနှစ် မတ်လအထိ ၁၁ နှစ် တာကာလအတွင်း အစီးရေ ၁ဝ၃၈၅ စီး။ ဆိုက်ကားသမားဘဝတွင် ငွေ တစ်သောင်းကျပ် ဝန်းကျင်ခန့်သာ ရှိသူ များ အငှားဖြင့် အုံနာကြေးပေး၍ နင်း ကြသည်။ ငွေတစ်သိန်းမှ တစ်သိန်းခွဲ  အထိ စုမိထားသူများမှာ ထောက်ကြန့်၊ မှော်ဘီမြို့များ၌ ပုံစံချိုးသော ဆိုက်ကား များကို ဝယ်ယူ၍ ကိုယ်ပိုင်နင်းကြသည်။ သို့သော်လိုင်စင်မဲ့များဖြစ်၍ စည်ပင်မှ ဖမ်းဆီးပါက အပိုင်ရှိသူက အငှားဘဝ ရောက်သည်။ အငှားသမားမှာ စပေါ် ငွေဆုံးရှုံးကာ လက်မဲ့ဖြစ်ကြရသည်။

”အုံနာဆီမှာတော့ အမှန်ရော၊ အပွားရောရှိတယ်။ သူတို့ကတော့ စည် ပင်နဲ့နားလည်မှု ယူထားတာပေါ့”ဟု လုပ်သက် ၅ နှစ်ရှိ မြောက်ဒဂုံမှ အငှား ဆိုက်ကားသမား ဦးကောင်းဇော်ဟိန်းက ပြောသည်။ဆိုက်ကားဆွဲခြင်းမှာ နေ့၊ ည မရွေးလုပ်ကိုင်နိုင်သည့် အပြင် တစ်နေ့ လျှင် ဝင်ငွေ ကျပ် ၄ဝဝဝ မှ ၅ဝဝဝ ကြား ပုံမှန်ရပြီး ကံကောင်းသောနေ့များ၌ ကျပ် ၇ဝဝဝ ကျော်အထိ ဝင်ငွေရတတ် ရာ ဂျာနယ်ခေါက်သည့် အလုပ်မှ ဆိုက် ကားသမားဘဝသို့ ကူးပြောင်းခဲ့ခြင်းဖြစ် သည်ဟု ၎င်းက ပြောပြသည်။သို့သော် ဤအလုပ်မှာ လမ်းဘေး ဈေးသည်များနှင့်မခြား ကျီးလန့်စာစား လုပ်ကိုင်ရသည့် အတွက် ကားမောင်း သင်၍ ကားသမားဘဝသို့ ပြောင်းရန် ရည်ရွယ်ထားသည်ဟု ၎င်းကဆိုသည်။

”တစ်နေ့ တစ်ထောင်နဲ့ မဲစုထား တယ်။ ပိုက်ဆံလေး စုမိရင်တော့ သင်တန်းသွားတက်မယ်။ အဲလိုမှမစုရင် လည်း ရရစားစားပဲ ကျွန်တော်တို့ ဆိုက် ကားသမားတွေ ဘယ်သူ့ကို မေးမေး စု မိတယ်မရှိဘူး”ဟု ၎င်းတို့၏ ဘဝအ ကြောင်းကို ပြောသည်။လိုင်စင်မဲ့ ဆိုက်ကားတစ်စီးလျှင် ကျပ် တစ်သိန်းခွဲအထိ ဈေးရှိပြီး ယခင် လိုင်စင်ကြေးသွားရောက် သွင်းပါက  ကျပ် သုံးသိန်းခန့်ရှိရာ လိုင်စင်ရှိ ဆိုက် ကားတစ်စီး၏ တန်ဖိုးငွေမှာ ကျပ် ငါး သိန်းခန့်ရှိကြောင်း၊ သို့သော် လိုင်စင် ကန့်သတ်ထားသည့်အတွက် လိုင်စင် ဆိုက်ကားတစ်စီးဈေးမှာ ကျပ်ခုနစ်သိန်း မှ ၁၅ သိန်းကျော်အထိ ဈေးပေါက် လျက်ရှိနေကြောင်း ဆိုက်ကားသမား များထံမှ သိရသည်။

ဦးကောင်းဇော်ဟိန်းနှင့် ဘဝတူ လိုင်စင်မဲ့ ဆိုက်ကားသမား အသက် ၂၅ နှစ်အရွယ် ကိုမျိုးမျိုးထွေးက ”ဖမ်းတယ် ဆိုပေမယ့်လည်း မိသားစု ဝမ်းရေးရှိ တော့ လုပ်ရတာပဲ။ ဆိုက်ကား ၁ဝ စီး ဆို ၇ စီးလောက်က လိုင်စင်မရှိဘူး။ဖမ်း တော့လည်းပြေးပေါ့”ဟု လူငယ်ပီပီ ရယ်ရယ်မောမောဖြင့် ၎င်းတို့၏ ဘဝကို ပုံဖော်ပြောသည်။ တစ်နေ့ လျှင် ငွေလေးထောင်ကျော် ရပြီး အုံနာသို့ ငှားရမ်းခ ကျပ် ၈ဝဝ ပေး သွင်းရသည်ဟု ၎င်းက ပြောသည်။

”မိသားစု လေးယောက်ရှိတယ်။ စားဖို့သောက်ဖို့ကတော့ လောက်ပါ တယ်”ဟု သူ၏ ဝင်ငွေဖြင့် မိသားစု ရပ်တည်နေမှုကို ပြောသည်။ဦးကောင်းဇော်ဟိန်းနှင့် ကိုမျိုးမျိုး ထွေး တို့ကဲ့သို့သော လိုင်စင်မဲ့ဆိုက်ကား နင်းသူများ၏ ဆိုက်ကားများကိုစည်း ကမ်းထိန်းသိမ်းမှု အနေဖြင့် ရန်ကုန်စည် ပင်မှ ဖမ်းသည်။ သို့သော် ယင်းတို့ကို လိုင်စင်မပေးသော်လည်း လေလံတင် ရောင်းချရာတွင် ထည့်သွင်း၍ ပြန်လည် ရောင်းချပြန်သည်။ ယင်းကဲ့သို့ ပြုလုပ် နေခြင်းမှာ ပပျောက်နိုင်ဖွယ်ရာ မရှိ။

”ဖမ်းပြီးရင်ဗျာ အမှန်တော့ လိုင် စင်မချပေးတော့ရင် သံရည်ကျိုပစ်ရမှာ။ အခုဟာက လေလံပြန်ရောင်းတော့ လိုင်စင်မပေးလည်း ဘာထူးလဲ။ ပြန်ပြီး ပြည်သူ လက်ထဲ ရောက်တာပဲ” ဟု အမည် မဖော်လိုသည့် စည်ပင်အရာရှိ တစ်ဦးက သုံးသပ်ပြောသည်။ယခုလ ၁၄ ရက်နေ့တွင် ရန်ကုန် စည်ပင်မှ ပြုလုပ်ခဲ့သော လေလံပွဲ၌ ဆိုက်ကားဘေးတွဲ သံကိုယ်ထည်နှင့် ဆိုက်ကားခွေများပါဝင်ခဲ့ပြီး ကျပ်သိန်း ၁ဝဝ နီးပါး ဝင်ငွေရရှိခဲ့ကြောင်း သိရ သည်။ရုတ်တရက် ရွာချလာသော မိုး ကြောင့် အနီးအနားရှိ ကားဂိတ်တွင်းသို့ ပြေးဝင်သွားသော ဆိုက်ကားသမား ဦးကောင်းဇော်ဟိန်းကမူ ”အခုဆိုရင် မိုး က ကျလာပြီ မိုးရာသီကတော့ မဆွဲရ ဘူး။ မိုးရွာတော့ လမ်းလျှောက်လည်း မိုးစိုမယ်၊ ဆိုက်ကားစီးလည်း မိုးစိုမယ် ဆိုပြီး လမ်းလျှောက်ကြတာ များတယ်”ဟု အတွေးတစ်ပိုင်းဖြင့် ပြောသည်။မိုးရာသီ ရောက်ရှိလာပြီဖြစ်၍ စည်ပင်မှ လာရောက်ဖမ်းဆီးသော ကားကြီးအပြင် မိုးကိုပါ ကြောက်ရသော ၎င်းတို့၏ ဘဝများမှာ ဦးသိန်းစိန် အစိုးရမှ အကောင်အ ထည်ဖော်မည်ဟု ကြွေးကြော်ထားသည့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတွင် ဝမ်းမြောက်ဝမ်းသာ ပါဝင်လိုသူများ ဖြစ်နေမည်ကတော့ မလွဲဧကန် အမှန်ပင်တည်း။

ဝေမာထွန်း

အေးချမ်းမွန် Credit & Copy From >Popular Myanmar News Journal < Thank For Your Post
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်
”ဟေးဟေး…ပြေးပြေး… ဟိုမှာ လာနေပြီ”
”ဟာ မဟုတ်ပါဘူးကွာ” ဆိုသည့် အော်သံများနှင့်အတူ ထိုနေရာ၌ ရယ် သံများက ကျယ်လောင်စွာ။

ရန်ကုန်၏ ဆင်ခြေဖုံးဖြစ်သော ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်ရှိ ကား မှတ်တိုင်တစ်ခုအနီး အစီးရေ ၂ဝ ခန့်ရှိ သော ဆိုက်ကားတန်းကြီး စီးနင်းသူမပါ ဘဲ အပြိုင်နင်းထွက်သွားခြင်းဖြစ်သည်။”စည်ပင် လာဖမ်းတယ်ထင်လို့ ပြေးတာ”ဟု ထိုအုပ်စုထဲမှ အသက် ၅ဝ နီးပါးခန့်ရှိသည့် ဆိုက်ကားသမားတစ်ဦး က ဘရိတ်ကိုညှစ်၍ သက်ပြင်းတစ်ချက် မှုတ်ထုတ်ရင်း၎င်းတို့၏ အဖြစ်အပျက် ကို ပြောပြသည်။

ထိုကဲ့သို့ ပြေးလွှားရသည့် အဖြစ် မျိုးကို တစ်လလျှင် ရက် ၂ဝ ကျော် လ တိုင်းကြုံတွေ့နေကြရာ ¤င်းတို့အတွက် အထူးအဆန်းတော့ မဟုတ်။ သို့သော် လွတ်အောင်ပြေးရန်မှာ ၎င်းတို့၏ တာ ဝန်ဖြစ်သည်။ မပြေးနိုင်လျှင် ၎င်းတို့ အပြင် အိမ်ရှိမိသားစုများ၏ ဝမ်း၌ ဆာ လောင်မှုများ ရွာသွန်းဖြိုးမည့်အနေ အထားရှိသည်။အနှေးယာဉ် ဆိုက်ကားများကို ရန်ကုန်စည်ပင်မှ ၂ဝဝ၂ ခုနှစ်မှ စတင် ကာ လိုင်စင်အသစ်ထပ်မံ ချထားပေး ခြင်းမရှိတော့သည့် အတွက် လိုင်စင်မဲ့ အဖြစ်ခိုး၍ နင်းကြရာ သက်ဆိုင်ရာ အစိုးရဌာနမှ လာရောက်ဖမ်းဆီးပါ က လွတ်မြောက်ရန် ရှောင်တိမ်းပြေး နေရခြင်းဖြစ်သည်။မပြေးနိုင်လျှင် စည်ပင်မှလာသော ကားပေါ်သို့ ၎င်းတို့၏ ဆိုက်ကားများ က တက်၍ ၎င်းတို့အား တာ့တာပြပေ လိမ့်သည်။

“ ကဆုန်လပြည့် ညောင်ရေသွန်းလောင်းပူဇော်ခြင်းဓလေ့ ”

Photo: “ ကဆုန်လပြည့် ညောင်ရေသွန်းလောင်းပူဇော်ခြင်းဓလေ့ ”
••••••••••••••••••••••••••••••••••••••••••••••••

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ညောင်ရေသွန်းပွဲတော်ကို
နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့၌ ကျင်းပပူဇော်လေ့ရှိကြသည်။
ထိုသို့ကျင်းပပူဇော်ရခြင်းမှာ-

မြတ်ဗုဒ္ဓသည် ကဆုန်လပြည့်၊ သောကြာနေ့၌ ဖွားမြင်တော်
မူ၍ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့၌ ဘုရားအဖြစ်ကိုရောက်တော်
မူပြီး ကဆုန်လပြည့်၊ အင်္ဂါနေ့၌ ပရိနိဗ္ဗာန်စံတော်မူခဲ့သည်။
ထို့ကြောင့် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက်
အလေးအမြတ်ထားအပ်သော နေ့ထူးနေမြတ်ဖြစ်ခဲ့သည်။

ထို့ပြင် မြတ်ဗုဒ္ဓသည် မဟာဗောဓိညောင်ပင်အောက်၌ မဟာ
သက္ကရာဇ် ၁၀၃ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ နေမ၀င်မီ
မာရ်နတ်မင်းနှင့် စစ်သည်အပေါင်းကို သစ္စာပါရမီအဓိဌာန်ဖြင့်
အောင်တော်မူ၍ မိုးသောက်ယံ၌ ဘုရားအဖြစ်သို့ရောက်တော်
မူခဲ့သည်။ ထို့ကြောင့် ဗောဓိညောင်ပင်သည်လည်း ဗုဒ္ဓဘာသာ
ဝင်တို့အတွက် အလေးအမြတ် ပူဇော်ရာ ဌာနတစ်ခုဖြစ်ခဲ့ပေသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် နှစ်စဉ်ကဆုန်
လပြည့်နေ့သို့ရောက်တိုင်း မြတ်ဗုဒ္ဓ၏ ရန်သူအပေါင်းကို
အောင်နိုင်ရာ သစ္စာ၎ပါး ကိုသိမြင်ရာ၊ ဘုရားအဖြစ်သို့ရောက်တော်
မူရာ ဌာနဖြစ်သော မဟာဗောဓိညောင်ပင်ကို ရည်မှန်းပြီး မိမိတို့
ကိုးကွယ်ဆည်းကပ်ရာ ကျောင်းကန်ဘုရားများ၌ စိုက်ပျိုးပူဇော်
ထားအပ်သော ညောင်ပင်များကို ရေသွန်းဖျန်း ပူဇော်လေ့ရှိကြသည်။

အဓိက ရည်၇ွယ်ချက်မှာ ဗောဓိပင်များ မညှိုးနွမ်း မခြောက်သွေ့စေလို
ရေးနှင့် မြတ်ဗုဒ္ဓကို အမှတ်ရစေလိုရေးပင်ဖြစ်သည်။

ဤကဲ့သို့ ဗောဓိညောင်ပင်များကို ရေသွန်းဖျန်းပူဇော်ခြင်းကို ညောင်ရေ
သွန်းပွဲတော်ဟု ခေါ်တွင်ကာ မြန်မာတို့ ၏ ၁၂လရာသီပွဲတော်အဖြစ်
ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ်များမှ ယနေ့ခေတ်အထိ စဉ်လာ
မပျက် ကျင်းပပူဇော်ခဲ့ကြပေသည်။ဤသည်မှာ ညောင်ရေသွန်းပွဲတော်
ဖြစ်ပေါ်လာရခြင်း ၏ အခြေခံအကြောင်းပင်ဖြစ်သည်။

ညောင်ရေသွန်းပူဇော်ရကျိုး

ညောင်ရေသွန်းပူဇော်ရသည့် အကျိုးကို ပိဋိကတ်သုံးပုံတို့တွင် ခုဒ္ဒက
နိကာယ်၊ သုတ္တန္တပိဋကထေရာအပဒါန် ပါဠိတော်၌ ဘုရားရှင်လက်ထက်
တော်က ရဟန္တာမထေရ်ကြီးများကိုယ်တိုင် မိမိတို့၏ ဘ၀ဖြစ်စဉ်များကို
ပြန်လည်ဟောကြားထားသည်တို့ကို တွေ့ရှိကြည်ညိုရပေသည်။

ဂန္ဓောဒကိယ ရဟန္တာမထရ်

ပဒုမုတ္တရာ မြတ်စွာဘုရားလက်ထက်တော်၍ သူကြွယ်တစ်ဦးသည်
မြတ်ဗုဒ္ဓ ပွင့်တော်မူရာ ထင်းရှုး ဗောဓိပင် ပူဇော်ပွဲ ပြုလုပ်သောအခါ
လှပဆန်းကြယ်သော အိုးဖြင့် နံ့သာရည်တို့ကို ထည့်ယူကာ
သွန်းလောင်းပူဇော်ခဲ့လေသည်။ ထိုသို့ပူဇော်နေစဉ် မိုးသည်းထန်စွာ
ရွာသွန်းပြီး မိုးကြိုးထိမှန်ကာ သေဆုံးခဲ့လေသည်။

ထိုဘ၀မှာသေလွန်ပြီးနောက် ညောင်ရေသွန်းရသော ကောင်းမှု
ကြောင့် နတ်ပြည်သို့ရောက်ကာ ဘုံအဆင့်တစ်ရာရှိသော နတ်ဗိမာန်၌
နတ်သမီးတစ်သိန်း ခြံရံခစားပြီး အနာရောဂါမရှိ စိုးရိမ်ပူပန်မှုမရှိ ဘဲ
နတ်သက်ကုန်သည့်တိုင်အောင် ခံစားစံစားခဲ့ရလေသည်။

နတ်ပြည်မှ စုတေပြီးနောက် ဤကမ္ဘာပေါင်း နှစ်ထောင်ရှစ်ရာအထက်၌
လူပြည်ဝယ် ရတနာခုနှစ်ပါးနှင့် ပြည့်စုံပြီး များပြားသော စစ်သည်ဗိုလ်
ပါအင်အားရှိသော သံဝသိတ မည်သော စကြ၀တေးမင်း ဖြစ်ခဲ့ရလေသည်။

ဂေါတမမြတ်စွာဘုရားပွင့်တော်မူသော အခါ ဂန္ဓောဒကိယမထေရ်
အမည်ဖြင့် ပဋိသမ္ဘိဒါလေးပါး၊ ၀ိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါး
တို့ကို ရရှိပိုင်ဆိုင်ကာ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်တော်မူခဲ့လေသည်။
ဤသည်မှာ ရဟန္တာမထေရ်မြတ်ကြီးကိုယ်တိုင် ဟောတော်မူခဲ့သော
ဘ၀ဖြစ်စဉ်ဖြစ်ပေသည်။

ဗောဓိသိဉ္စက ရဟန္တာမထေရ်

ဝိပဿီမြတ်စွာဘုရားလက်ထက်တော်က ရဟန်းတော်တစ်ပါးသည်
မြတ်စွာဘုရားပွင့်တော်မူရာ ဗောဓိပင်ညောင်ပင်ပူဇော်ပွဲ ကျင်းပ
သောအခါ ဗောဓိပင်သို့သွားရောက်ပြီး-

ကိုယ်တော်တိုင် ၀ဋ်ဆင်းရဲမှ လွတ်မြောက်တော်မူပြီးသော မြတ်စွာ
ဘုရားသည် ငါတို့ကိုလည်း ၀ဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ပါစေသတည်း၊
ကိုယ်တော်တိုင် ဆင်းရဲဒုက္ခမှ ငြိမ်းအေးတော်မူပြီးသော မြတ်စွာဘုရားသည်
ငါတို့ကိုလည်း ဆင်းရဲဒုက္ခမှ ငြိမ်းအေးနိုင်ပါစေသတည်း ဟု နှလုံးသွင်း
ဆုပန်ကာ ပန်းတို့ဖြင့် ထုံမွှမ်းထားသော ရေဖြင့် ဗောဓိပင်ကို သွန်းလောင်း
ပူဇော်ခဲ့လေသည်။

ထိုကောင်းမှုကြောင့် ဤကမ္ဘာမှ အထက် ကိုးဆယ်တစ်ကမ္ဘာကာလ
ပတ်လုံး အပါယ်ငရဲသို့ မကျရောက်ရဘဲ လူ့ပြည်၊ နတ်ပြည်၌သာ
ကျင်လည်ခဲ့ရပေသည်။

ဤ ကမ္ဘာမှ အထက် သုံးဆယ်သုံးကမ္ဘာသို့ရောက်သောအခါ လူ့ပြည်၌
ဥဒကသေစနမည်သော စကြ၀တေးမင်းစည်းစိမ်ကို ရှစ်ကြိမ်တိုင်တိုင်
ခံစားစံစားရခဲ့လေသည်။

ဂေါတမမြတ်စွာဘုရားပွင့်တော်မူသောအခါ ဗောဓိသိဉ္ဓက မထေရ်
အမည်ဖြင့် ပဋိသမ္ဘိဒါလေးပါး၊ ၀ိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါး
တို့ကို ရရှိပိုင်ဆိုင်ကာ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်တော်မူခဲ့
လေသည်။ ဤသည်မှာ ရဟန္တာမထေရ်မြတ်ကြီးကိုယ်တိုင် ဟောတော်
မူခဲ့သော ဘ၀ဖြစ်စဉ်ဖြစ်ပေသည်။

တိုက်တွန်းလွှာ

အထက်ပါ မထေရ်မြတ်ကြီးများနည်းတူ ဗောဓိပင်ကို စိုက်ပျိုးပူဇော်
ခဲ့သော အသနဗောဓိယ ရဟန္တာမထေရ်၊ ဗောဓိပင်ကို ရှိခိုးပူဇော်ခဲ့သော ဗောဓိဝန္ဒက
ရဟန္တာ မထေရ်မြတ်ကြီး တို့သည် လည်း ထိုကဲ့သို့သော အကျိုးထူး
အကျိုးမြတ်များကို ရရှိခဲ့ဘူးကြပေသည်။

ထို့ကြောင့် ဗောဓိညောင်ပင်ကို ရေသွန်းလောင်းသောါအခါ ယတြာကျေရုံ၊
ဂြိုလ်ပြေ၊ နံပြေရုံ၊ အပျော်တမ်းဖြစ်ရုံသက်သက်သာ မသွန်းလောင်ဘဲ
မြတ်ဗုဒ္ဓသည် ဤနေရာဌာန၌ပင် မာရ်စစ်သည်အပါင်းကို အောင်မြင်ပြီး၊
ဤနေရာဌာန၌ပင် သစ္စာလေးပါးကို သိမြင်ကာ၊ ဤနေရာဌာန၌ပင် ဘုရား
အဖြစ်သို့ ရောက်တော်မူခဲ့လေသည် ဟု မြတ်ဗုဒ္ဓ၏ ဂုဏ်တော်တို့ကို
လေးလေးနက်နက် အာရုံယူကာ သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ရန်
ဆုပန်ပြီး ရှေးက ရဟန္တာမထေရ်မြတ်ကြီးများကို အတုယူကာ သွန်းလောင်း
ပူဇော်သင့်ကြပေသည်ဟု တိုက်တွန်းရင်း ဤညောင်ရေသွန်းပွဲ စာစုလေးကို
နိဂုံးသတ်လိုက်ပါသည်။

- အရှင်နာဂ၀ံသ -
မောင်ကံကော်(ကျုံပျော်)
သဒ္ဓမ္မသီတဂူသာသနာရိပ်သာ
တောရကျောင်းတိုက်

Dhamma Danã Source
►
www.facebook.com/youngbuddhistassociation.mm

အေးချမ်းမွန် Credit & Copy From >Young Buddhist's Association < Thank For Your Post
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ညောင်ရေသွန်းပွဲတော်ကို
နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့၌ ကျင်းပပူဇော်လေ့ရှိကြသည်။
ထိုသို့ကျင်းပပူဇော်ရခြင်းမှာ-

မြတ်ဗုဒ္ဓသည် ကဆုန်လပြည့်၊ သောကြာနေ့၌ ဖွားမြင်တော်
မူ၍ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့၌ ဘုရားအဖြစ်ကိုရောက်တော်
မူပြီး ကဆုန်လပြည့်၊ အင်္ဂါနေ့၌ ပရိနိဗ္ဗာန်စံတော်မူခဲ့သည်။
ထို့ကြောင့် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက်
အလေးအမြတ်ထားအပ်သော နေ့ထူးနေမြတ်ဖြစ်ခဲ့သည်။

ထို့ပြင် မြတ်ဗုဒ္ဓသည် မဟာဗောဓိညောင်ပင်အောက်၌ မဟာ
သက္ကရာဇ် ၁၀၃ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ နေမ၀င်မီ
မာရ်နတ်မင်းနှင့် စစ်သည်အပေါင်းကို သစ္စာပါရမီအဓိဌာန်ဖြင့်
အောင်တော်မူ၍ မိုးသောက်ယံ၌ ဘုရားအဖြစ်သို့ရောက်တော်
မူခဲ့သည်။ ထို့ကြောင့် ဗောဓိညောင်ပင်သည်လည်း ဗုဒ္ဓဘာသာ
ဝင်တို့အတွက် အလေးအမြတ် ပူဇော်ရာ ဌာနတစ်ခုဖြစ်ခဲ့ပေသည်။

သတို့သမီးတစ်ဦးတည်း မင်္ဂလာပွဲကျင်းပ

ရန်ကုန်၊ မေ- ၂၂

မင်္ဂလာဆောင်အကြိုညတွင် ခိုက်ရန်ဖြစ်ပွားကာ သတို့သားအဖမ်းခံရခြင်းကြောင့် မင်္ဂလာပွဲကို သတို့သမီးတစ်ဦးတည်း
ကျင်းပခဲ့ရသည့်ဖြစ်ရပ် မေ ၂၂ ရက်က ဖြစ်ပေါ်ခဲ့သည်။

ဖြစ်စဉ်မှာ ဟင်္သာတမြို့၊ ကျုံတွမ်ကျေးရွာတွင် မေ ၂၂ ရက်၌ မင်္ဂလာဆောင်မည့် သတို့သားလောင်း နိုင်လင်းအောင်နှင့်
သတို့သမီးလောင်းတို့သည် မင်္ဂလာပွဲအကြိုည ဧည့်ခံပွဲကျင်းပနေစဉ် ရပ်ရွာဓလေ့အရ လာရောက်ကူညီ လုပ်ကိုင်
သော လူငယ်များက အရက်သောက်ရန် အိမ်ရှင်ထံ အရက်တောင်းရာမှ စကားများပြီး အုပ်စုလိုက်ခိုက်ရန်
ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိလုမိုးဆီ တိမ်သို့မီသား (မာမာအေးနှင့်တွေ့ဆုံခြင်း)


အနုပညာရှင်ကြီး တချို့ကို အရင်းအဖျား မခွဲခြားဘဲ အစ်မ အမြဲ စောင့်ရှောက်တယ် ဆိုတာလည်း ကြားရပါတယ်။
အထူးသဖြင့် ဂီတ အနုပညာ နယ်ပယ်က လူကြီးသူမတွေရော၊ သည်ပုဂ္ဂိုလ်တွေနဲ့ နှီးနွယ်ရာ မိသားစု တွေကိုပါ စာစာနာနာ မေတ္တာထားတယ် ဆိုတာလည်း သိရတော့ သည်မေတ္တာ စေတနာ မျိုးထားနိုင်ဖို့ အစ်မမှာ ဘယ်လိုလှုံ့ဆော် မှုရှိလို့လဲ။

အစ်မ ကူညီတယ်ဆိုတာ စိတ်ရင်း စေတနာနဲ့ ကူညီတာ ပါ။ ထောက်ပံ့ ပေးကမ်းတယ် လို့တောင် အစ်မ မသုံးချင်ဘူး။ တတ်စွမ်းသမျှ ကူညီ တယ်လို့ပဲ သုံးချင်တယ်။ အစ်မ မေတ္တာ စေတနာကို အမြဲတမ်း မခန်း ခြောက်အောင် စိတ်ကို မွေးမြူထားတယ်။ ဒါကြောင့် သူတစ်ပါးကို ကိုယ့်စေတနာ ရောက်အောင် စိတ်၏ ချမ်းသာခြင်းနဲ့ ကူညီနိုင် ပါရစေလို့ အမြဲ စိတ်ညွှတ်ထားတယ် ဆိုပါတော့။ အမေစိန် ပါတီတို့ဆိုရင် နိုင်ငံကျော် တေးသံရှင် အမျိုး သမီးကြီး။ ဂီတသမိုင်းမှာ အမေစိန်ပါတီ မပါလို့မဖြစ်ဘူး။ စိန်ပါတီဆိုတဲ့ နာမည်ဟာ ဂီတလောက နယ်ပယ်မှာ အင်မတန် လင်းလင်း ကျင်းကျင်း ရှိတဲ့နာမည်ပါ။ အမေ့ သီချင်းတွေ ဆိုရင်လည်း အင်မတန်လူ ကြိုက်များတယ်။ အနန္တ သူရိယတို့၊ ထွေထွေ ဆန်းဆန်းတို့၊ တင့်တင့် တယ်တယ်တို့၊ ရှိပါသေး တယ်။ စောမွန်လှတို့၊ လယ်စပါးတို့၊ ချစ်နိဗ္ဗာန် တို့၊ သုမေဓာရှင် ရသေ့တို့၊ ဒို့ဆွေမျိုးတို့ ပြောမယ်ဆိုရင် အများကြီးပါပဲ။ စပယ်တင်မှဲ့၊ ကောက်စိုက်မ၊ ရောင်တော်ဖွင့်၊ လယ်တောသူ၊ မြနန္ဒာ၊ လင်ဝယ်ရန် ဆိုတဲ့ သီချင်း တွေလည်း ရှိသေး တယ်။

"နာမည်တစ်လုံးနှင့်လူ" (မင်းလူ)

Photo: "နာမည်တစ်လုံးနှင့်လူ" (မင်းလူ)
==================


လူတို့သည် ကိုယ့်ရုပ်ခန္ဓာကို ကိုယ်မပိုင်ကြောင်းလောက်တော့ နည်းနည်းပါးပါး ရိပ်မိကြဟန် တူသည်။ မနာအောင် ကြိုးစားရုံ၊ အိုမင်းခြင်းကို တတ်နိုင်သမျှ ထိန်းချုပ်ဖို့ သက်တမ်းကို အနည်းငယ် ဆွဲဆန့်ရုံမျှသာ ဖြစ်နိုင်သေးသည်။ မသေအောင် လုပ်လို့ မရနိုင်။

တချို့ကျတော့ လူကို မသေအောင် လုပ်လို့ မရနိုင်သည့်တိုင် နာမည်ကို မသေအောင် ကြိုးစားခြင်းဖြင့် ကိုယ့်စိတ်ကို ဖြေဖို့ ကြံကြ၏။ မိမိ၏ ဂုဏ်သိက္ခာကို လေးစားတတ်သူတိုင်း ဘဝတစ်လျှောက်မှာ နာမည်ပျက်မရှိအောင် နေထိုင်ကြသည်။ တချို့ လူများကတော့ နည်းနည်းပို၍ လောဘကြီးသည်ဟု ဆိုရမလား၊ အမြော်အမြင်ကြီးသည်ဟု ဆိုရမလား မသိ။ လူသေသွားသည့်တိုင် မိမိ၏ နာမည်ကို ဆက်လက် ရှင်သန်စေချင်သည်။ ဒီအထဲမှာ ကျွန်တော်တို့လို အနုပညာသမားတွေလည်း ပါသည်။ ကိုယ်မရှိတော့ပေမယ့် ကိုယ့်နာမည်ကောင်းလေးတစ်ခု တင်ကျန်ရစ်ဖို့ ကြိုးစားကြသည်။

ဘာပဲဖြစ်ဖြစ် လူတစ်ယောက်၏ ရုပ်ခန္ဓာထက်စာလျှင် သူ၏ နာမည်က ပို၍ သက်တမ်းကြာရှည် တည်တံ့နိုင်တာတော့ အမှန်ပင် ဖြစ်၏။ လူသာမန် တစ်ယောက်ပင်လျှင် ကွယ်လွန်ပြီးသော်လည်း သတင်းစာထဲက နာရေးကြော်ငြာမှာ သူ့နာမည် ပါလာနိုင်သေးသည်။ အသုဘရှုလာသူများကို ကမ်းသော ယပ်တောင်ပေါ်မှ နာမည်မှာ ရက်အတန်ကြာ တည်ရှိနိုင်သေးသည်။ မြေမြှုပ်သင်္ဂြီုဟ်လျှင် မှတ်တိုင်ပေါ်မှ နာမည်သည် လပေါင်း အတော်အသင့် ခံနိုင်သည်။ ဂူသွင်းလျှင်ကား မပျက်စီးမချင်း ရှိနေနိုင်သည်။

အကယ်၍ သေဆုံးသူ၏ မိသားစုများက တတ်နိုင်သူများဖြစ်လျှင် တစ်လပြည့်၊ ခြောက်လပြည့်၊ တစ်နှစ်ပြည့်၊ ဆယ်နှစ်တိုင်အောင်.... စသည်ဖြင့် သတင်းစာထဲမှာ လွမ်းဆွတ်သတိရကြောင်း ထည့်ပေးလိမ့်မည်။ ကိုယ်က ကျောင်းတို့၊ ဇရပ်တို့ လှူဒါန်းခဲ့သူဆိုလျှင် ရေးထိုးထားသော ကမ္ဗည်းစာတန်းက ကောင်းမှုပစ္စည်း၏ သက်တမ်းနှင့်အမျှ ရှိနေနိုင်သည်။

စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ အနုပညာနယ်ပယ်တို့မှာ ထင်ရှား ကျော်ကြားသူများအဖို့ ကာလကြာမြင့်စွာ နာမည်တိမ်ကောစရာ အကြောင်းမရှိ။ သက်ဆိုင်ရာ အကြောင်းနှင့် တိုက်ဆိုင်သည့်အခါတိုင်း နှောင်းလူတို့က သူ့နာမည်ကို ထုတ်ဖော်ပြောဆို ရေးသားကြလိမ့်မည်။

ကိုယ့်နာမည် တွင်ရစ်စေတော့ဟု မရည်ရွယ်သော်လည်း အများကောင်းကျိုးကို စွန့်စားဆောင်ရွက်ခဲ့သဖြင့် သမိုင်းတစ်လျှောက် နာမည်မသေသေးဘဲ တည်တံ့နေသူများလည်း ရှိသည်။ ထိုသူများကား သူရဲကောင်းများပင် ဖြစ်၏။

     * * * * *

မိမိ ကိုယ်ခန္ဓာကို မပိုင်သော်လည်း ကိုယ့်နာမည်ကိုတော့ ကိုယ်ပိုင်သည်ဟု ယူဆနေကြသည်။ တကယ်တမ်း စဉ်းစားကြည့်တော့ ဒီလိုလည်း မဟုတ်သေးကြောင်း တွေ့ရပြန်၏။ အကြောင်းမှာ လူတစ်ယောက်၏ နာမည်သည် သူ့ဘာသာ မှည့်ခေါ်ထားခြင်း မဟုတ်ဘဲ မိဘများက ပေးထားသောကြောင့်သာ တွင်နေရခြင်း ဖြစ်သောကြောင့်ပင်။ လူတစ်ရာမှာ တစ်ယောက်လောက်သာ မိဘပေးထားသော နာမည်ကို မကြိုက်၍ ပြောင်းသူရှိသည်။ ကျန်လူများမှာ မွေးစာရင်းထဲက နာမည်အတိုင်း သက်ဆုံးတိုင် နေသွားကြသည်သာ ဖြစ်၏။

အနုပညာသမားများ (ဥပမာ-စာရေးဆရာများ) ကိုယ့်ကလောင်နာမည်ကို ကိုယ့်စိတ်ကြိုက် ရွေးကြတာမျိုး ရှိသည်။ ဒါတောင်မှ တချို့ဆိုလျှင် ကိုယ့်ဘာသာ မရွေးဘဲ ဗေဒင်ဆရာတို့၊ မိမိကိုးကွယ်သည့် ဘုန်းကြီးတို့ကို ရွေးခိုင်းတတ်ကြသေးသည်။ ဒါ့အပြင် ရင်းနှီးသူတွေက နာမည်ရင်းကိုသာ ခေါ်တတ်ကြသည်။ နိုင်ငံသားလက်မှတ်ထဲမှာလည်း မိဘပေးသော နာမည်ရင်းသာ တရားဝင် ရှိနေရသည်။

ဒီနေရာမှာ အနောက်နိုင်ငံက လူများသည် နာမည်နှင့် ပတ်သက်သည့် ကိုယ်ပိုင် အခွင့်အရေးမှာ ကျွန်တော်တို့ထက်တောင် ပို၍ ဆုံးရှုံးရသေးသည်။ သူတို့အနေနှင့် မိမိနာမည်၏ နောက်ဆုံးမှာ ဖခင်၏ မျိုးရိုးအမည်ကို မထည့်မနေရ ထည့်ရသည်။ မိန်းမများဆိုလျှင် အိမ်ထောင်ကျသည်နှင့် တစ်ပြိုင်နက် ခင်ပွန်းဖြစ်သူ၏ မျိုးရိုးအမည်ကို ပြောင်းလဲခံယူရသည်။

လူတစ်ယောက်သည် အသက် ဆယ့်ရှစ်နှစ် ပြည့်သောအခါ မိဘက ပေးထားသည့် နာမည်ကို မကြိုက်လျှင် မိမိစိတ်ကြိုက် ပြောင်းလဲခွင့် ရှိသင့်သည်ဟု ဝတ္ထုတစ်ပုဒ်ထဲတွင် ကျွန်တော် ရေးခဲ့ဖူးသည်။ ဒါကလည်း စိတ်ကူးအဖြစ်သာ ရှိသည်။ တစ်ကမ္ဘာလုံးမှာ ကျင့်သုံးနေသည့် ဓလေ့ထုံးစံတစ်ခုကို ပယ်ဖျက်ဖို့ မဖြစ်နိုင်သေးချေ။

အထက်ပါ အချက်များကို ကြည့်လျှင် လူတို့အနေဖြင့် ကိုယ့်နာမည်ကို ကိုယ်ပိုင်သည်ဟု အထင်ရောက်နေကြခြင်းမှာ သိပ်သဘာဝမကျလှကြောင်း သိသာနိုင်၏။

     * * * * *

ကမ္ဘာပေါ်တွင် နာမည်ကို အတိုဆုံး အရှင်းဆုံး မှည့်ခေါ်တတ်ကြသူများမှာ ကျွန်တော်တို့ မြန်မာလူမျိုးတွေသာ ဖြစ်သည်ဟု ထင်၏။ အနောက်နိုင်ငံတွေမှာ ပထမနာမည်၊ ခရစ်ယာန်နာမည်၊ မျိုးရိုးနာမည် ဟူ၍ သုံးမျိုးလောက်ပေါင်းမှ နာမည်တစ်ခု ဖြစ်သည်။ အာရှနိုင်ငံတွေမှာလည်း နာမည်တစ်ခုမှာ စကားလုံး လေးငါးလုံးတော့ ပါကြသည်။ ကျွန်တော်တို့ အိမ်နီးချင်းတွေမှာပင် နာမည်တွေက ကျွန်တော်တို့ထက် ရှည်လျားကြသေးသည်။ နာရာဆင်ဟာရောင်း၊ ချာဗလစ်လောင်ချိုင်ယု၊ မဟာသီယာ မိုဟာမက် စသည်ဖြင့်။

ကျွန်တော်တို့လို နာမည်တိုရှင်းတာဆိုလို့ တရုတ်နိုင်ငံလောက်သာ သတိပြုမိသည်။ ဒါတောင် တရုတ်တွေက နာမည်သုံးလုံးမှည့်တာ များသေးသည်။ ကျွန်တော်တို့ လူမျိုးလို မောင်ဘ၊ မောင်စိန် စသည်ဖြင့် နာမည်တစ်လုံးတည်း မှည့်တာမျိုးကတော့ ဘယ်နိုင်ငံ၊ ဘယ်လူမျိုးမှာမှ ရှိလိမ့်မည် မထင်။

ဒါကလည်း ကျွန်တော်တို့လူမျိုး၏ စရိုက်သဘာဝနှင့် ဆိုင်ပေလိမ့်မည်။ မြန်မာလောက် အလွယ်ကြိုက်တာ မြန်မာပဲ ရှိသည်။ ကလေးကို နာမည်ပေးရာမှာလည်း လွယ်လွယ်ပဲ ပေးတတ်ကြသည်။ မိုးတွေရွာနေတုန်း မွေးသည့် ကလေးကို မောင်မိုး၊ မွေးမွေးချင်း နီတာရဲလေးမို့ နီတွတ် စသည်ဖြင့် ကြုံသလို မှည့်တတ်သည်။ နောက်မှ ရွာဦးဘုန်းတော်ကြီးက ဗေဒင်ကိန်းခန်းနှင့် တွက်ပြီး မှည့်ပေးသောနာမည်နှင့် ဇာတာဖွဲ့ကြသည်။ ထိုနာမည်မှာလည်း ဇာတာထဲမှာသာရှိ၍ မွေးမွေးချင်းမှည့်သော မောင်ခွေး၊ ဘုတ်ဆုံ ဆိုသော နာမည်မျိုးကသာ တွင်သွားလေ့ရှိ၏။

တကယ်တော့ မြန်မာတွေမှာ နာမည်မှည့်ပုံစနစ် အခိုင်အမာ ရှိ၏။ နေ့သင့်နံသင့်လည်း ဖြစ်ရမည်။ အတွဲအစပ် ပြုရမည့် နေ့နံလည်း ပါရမည်။ အညွန့်တင်တာတို့၊ မဟာဘုတ်တိုင်နှင့် ညှိတာတို့လည်း လုပ်ရသေးသည်။ ပြီးလျှင် နာမည်ပေး ကင်ပွန်းတပ် မင်္ဂလာလုပ်ပြီး အတည်ပြုရသည်။

ထို့အပြင် နာမည်နှင့် ပတ်သက်၍ အယူသည်းတတ်တာလည်း ရှိသည်။ နာမည်က စီးလို့ ဒုက္ခရောက်ရတာ၊ ဇာတာခွင်ထဲက အညံ့ပိုင်း နေ့နံကို ထည့်မှည့်မိလို့ မတိုးတက် မကြီးပွားတာ စသည်ဖြင့် အယူအဆ ရှိကြသည်။

ထို့ကြောင့် တချို့လူတွေက သားသမီး နာမည်ပေးတာကို ဂရုတစိုက် လုပ်ကြသည်။ တတ်ကျွမ်းနားလည်သူတွေနှင့် တိုင်ပင်ပြီး ရွေးကြသည်။

နာမည်ပေးပုံတွေကလည်း ခေတ်ကိုလိုက်၍ ပြောင်းလဲလာသည်။ မြို့နေ လူတန်းစားများသည် နာမည် နှစ်လုံးသုံးလုံးလောက် မှည့်ရာမှ လေးငါးလုံး တွဲစပ်သည့် နာမည်မျိုး၊ ထူးထူးဆန်းဆန်း နာမည်မျိုးတွေ မှည့်ခေါ်လာကြသည်။ ကျေးလက်တောရွာမှ လူများနှင့် လက်လုပ်လက်စား လူများစုကတော့ ထုံးစံအတိုင်း လွယ်လွယ်ရှင်းရှင်း မှည့်ခေါ်နေကြဆဲပင် ဖြစ်၏။

တကယ်တမ်းကျတော့ မိဘတွေက အကောင်းဆုံးဖြစ်အောင် ဂရုတစိုက် တွက်ချက်ရွေးချယ်ပေးသော နာမည်တစ်လုံးကို အလွယ်တကူ ဖျက်ဆီးပစ်လိုက်သူတွေ ရှိသည်။ ထို့အတူ မိဘတွေက ကြုံသလို အလွယ်တကူ ပေးခဲ့သော နာမည်ကို တစ်သက်လုံး အစွန်းအထင်း မရှိအောင် ခဲခဲခက်ခက် ထိန်းသိမ်းသွားသူတွေလည်း ရှိလေသည်။

     * * * * *

ကျွန်တော်သည် နာမည်ကြီးပုဂ္ဂိုလ်တွေ ကြားထဲမှာ နေထိုင်ကြီးပြင်း ခဲ့ရခြင်း ဖြစ်၏။ မိသားစု အသိုင်းအဝိုင်းသာမက သူတို့နှင့် ဆက်နွယ်ပတ်သက်နေသော နာမည်ကြီး ပုဂ္ဂိုလ်တွေနှင့်ပါ တွေ့ကြုံခဲ့ရသည်။ သူတို့သည် နာမည်ကလေး တစ်လုံးရဖို့ ကြိုးစားရုန်းကန်ခဲ့ရတာ မြင်ခဲ့ရသည်။ ရလာသော နာမည်ကလေးကို ကြီးလာဖို့၊ ကြီးလာသော နာမည်ကလေးကို ကျော်လာဖို့ ကြိုးပမ်းကြရတာ၊ ကျော်လာသောနာမည်ကို ပြန်မကျအောင် ထိန်းသိမ်းကြရတာတွေ သိနေသည်။

လူဆိုသည်မှာ နာမည်ကြီးသူတွေကို နှစ်သက်ကြသူတွေချည်း ဖြစ်၏။ တစ်နည်းအားဖြင့် ကိုယ့်ကို လူအများက ဂရုစိုက်တာ ခံလိုကြသူတွေချည်း ဖြစ်၏။ အရပ်ထဲက လူများပင်လျှင် အဝတ်အစား အသစ်ကလေးများ ဝတ်တဲ့အခါ သူများကြည့်တာ ခံချင်ကြသည်။ ဘာအသားလဲ၊ ဘယ်လောက်ပေးရလဲ၊ အဆင်ကလေးက မဆိုးဘူး လို့များ ဝိုင်းပြောလျှင် ဘယ်လောက်ပီတိဖြစ်ရကြောင်း သိကြပါလိမ့်မည်။

နာမည်ကြီးပုဂ္ဂိုလ်တွေက ဒီထက်ပိုသည်။ သူတို့ကို လူအများက အားပေးချီးမြှောက်ကြတာ၊ မြှောက်စားကြတာ၊ ဂရုစိုက်ကြတာကို အလွန် အရသာတွေ့သည်။ တစ်ပြိုင်နက်တည်းတွင် အားပေးမြှောက်စားမှုကို ဆတက်ထမ်းပိုး တိုး၍ လိုချင်သည်။ လျော့သွားမှာကို စိုးရိမ်သော စိတ်ကလည်း ကပ်လျက်ပါလာသည်။ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှု များလာလေ၊ ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန်က ပိုလာလေဆိုသည့် သဘောပင် ဖြစ်၏။ ပစ္စည်းဥစ္စာ ဆိုတာကမှ ဒရဝမ်ဌားပြီး စောင့်ခိုင်းလို့ ရသေးသည်။ ဘဏ်မှာ အပ်ထားလို့ ရသေးသည်။ အာမခံထားလို့ ရသေးသည်။

ကြီးလာသော နာမည်တစ်လုံးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ကတော့ ကိုယ်ကိုယ်တိုင်၏ တာဝန်သာ ဖြစ်၏။ ထိုနာမည်ကို သူများဆီ ခဏ လွှဲအပ်ထားလို့ ရတာမျိုးလည်း မဟုတ်။ ခန္ဓာကိုယ်၏ အစိတ်အပိုင်း တစ်ခုလို တွဲလျက်ပါနေခြင်း ဖြစ်၏။ တစ်ခါတစ်ရံကျတော့ အသားပိုတစ်ခုလို ဖြစ်လာတတ်သည်။ တဖြည်းဖြည်း ကြီးထွားလာပြီး ဝန်ထုပ်ဝန်ပိုး တစ်ခုလို ပိလာတတ်သည်။ အင်္ကျီတစ်ထည်လို ချွတ်ချပစ်လို့ရသော အရာမျိုးလည်း မဟုတ်။ အထုပ်တစ်ထုပ်လို ပစ်ချထားခဲ့လို့ ရတာမျိုးလည်း မဟုတ်။

နာမည်ကြီးပုဂ္ဂိုလ်တို့မှာ သူတို့ကို လူသိများအောင် အပြင်းအထန် ကြိုးစားခဲ့ကြရပြီးမှ လူတောမတိုးဝံ့သည့် အခြေအနေမျိုးကို ကြုံရလေတော့သည်။ လူကြားသူကြားထဲ လျှောက်သွားလို့ကလည်း မဖြစ်။ သူတို့ကို လူတွေမမှတ်မိအောင် နေကာမျက်မှန်ကြီးတွေ တပ်ထားရတာကို ကြည့်ပြီး လောကသဘာဝကို ဘယ်လို နားလည်ရမှန်းမသိ ဖြစ်ရပြန်၏။

သူတို့သည် လူကြားသူကြားထဲ ရောနှော ဝင်ထွက်သွားလာလို့ မရသဖြင့် အသုံးအဆောင် ပစ္စည်း ဝယ်တာမျိုး၊ တော်ရုံတန်ရုံ ကိစ္စမျိုးတွေမှာ တပည့်တွေကို ခိုင်းရသည်။ ဒီလိုနှင့် ကြာလာတော့ သူတို့မှာ ကိုယ်တိုင် ဘာမှ မလုပ်တတ်တော့ဘဲ သူများကို အားကိုးနေရသူများ ဖြစ်လာပြန်လေသည်။

ကျွန်တော် တက္ကသိုလ်ရောက်ခါစ အရွယ်တုန်းက ရုပ်ရှင်မင်းသားကြီး တစ်ယောက်နှင့် အတူ ရုပ်ရှင် အထူးပွဲပြတာ လိုက်ကြည့်ဖူးသည်။ ထိုရက်မျိုးတွင် မင်းသား၊ မင်းသမီးတွေကို ကြည့်ချင်၊ မြင်ချင်သော ပရိသတ်တွေက ရုံရှေ့မှာ စုဝေး စောင့်ဆိုင်းနေတတ်ကြ၏။

ရုပ်ရှင်ပြီးလို့ ပြန်ထွက်လာကြတော့ ဝိုင်းအုံကြည့်ရှုကြသည်။ အော်ဟစ် နှုတ်ဆက်ကြသည်။ မင်းသား၊ မင်းသမီးတွေကလည်း တုံ့ပြန် နှုတ်ဆက်ကြ၊ လက်ပြကြ၊ အော်တိုစာအုပ်မှာ လက်မှတ်ထိုးပေးကြ၊ ပြီးတော့ ကျွန်တော်တို့လည်း မင်းသားကြီး၏ ကားပေါ်တက်ကြသည်။ ကားဒရိုင်ဘာက စက်နှိုးသောအခါ နှိုးလို့မရတော့။ စတတ်တာကို အကြိမ်ကြိမ်မွှေ့သော်လည်း စက်ကမနိုး။ ဘက်ထရီအား ကျသွားခြင်းပင် ဖြစ်၏။ ဘာလုပ်ရမှန်း မသိ။ ပရိသတ်တွေကလည်း ကားဘေးက အုံခဲကြည့်နေသည်။ မတတ်နိုင်။ တွန်းနှိုးဖို့ပဲ ရှိတော့သည်။ မင်းသားကြီးကို ဒရိုင်ဘာခုံမှာ ထိုင်ခိုင်းပြီး ကျွန်တော်နှင့် ဒရိုင်ဘာတို့က ကားကို ဆင်းတွန်းကြသည်။ ပရိသတ် အချို့ကလည်း ဝိုင်းကူတွန်းပေးသည်။ ပေတစ်ရာကျော်ကျော် တွန်းပြီးမှ စက်နိုးသွားသည်။ ပရိသတ်က “ဟေးခနဲ” အော်ဟစ်အားပေးသည်။ ကျွန်တော်တို့ ကားပေါ်တက်ပြီးနောက် ချက်ချင်း မောင်းထွက်သွားလို့ မဖြစ်။ ကိုယ့်ကို ချစ်သော ပရိသတ်၊ ကိုယ့်ကို ကူညီသော ပရိသတ်ကို လက်ပြရလေသည်။ ပရိသတ်များက ပြန်လက်ပြကြသည်။ ခပ်နောက်နောက် လူငယ်တစ်ယောက်က “မင်းသားကြီး၊ ကားကောင်းကောင်းလေး စီးပါဗျ”  ဟု လှမ်းအော်သည်။

ကာယကံရှင်တော့ ဘယ်လိုနေသလဲ မသိ။ ကျွန်တော်တောင် မျက်နှာတွေ ထူပူပြီး အနေရခက်သွားလေသည်။

     * * * * *

တစ်လောက အဆိုတော် “ထား” ၏ “မေတ္တာဟူသည်” သီချင်းကို ရုပ်မြင်သံကြားမှ ထုတ်လွှင့်သည်။ ကျွန်တော်က စာရေးနေရင်းက ထား၏အသံကို ကြားတော့ ဖောင်တိန်ကို ချထားခဲ့ပြီး ရုပ်မြင်သံကြားစက်ရှေ့မှာ သွားထိုင်သည်။ ကျွန်တော့်ဇနီးလည်း မီးဖိုထဲမှ တည်လက်စဟင်းအိုးကို ထားခဲ့ပြီး ရောက်လာ၏။ အမေကလည်း စိပ်ပုတီးကို လက်မှာ ပတ်လိုက်ပြီး ပက်လက်ကုလားထိုင်မှာ ဝင်ထိုင်သည်။ ကျွန်တော့် သမီးနှစ်ယောက်ကတော့ စိတ်ဝင်စားဟန် မရှိ။ သူတို့ဘာသာ မင်းသား၊ မင်းသမီးတွေ နာမည်ဝှက်တမ်း ကစားနေကြသည်။

ထားသည် ကျွန်တော်တို့ ငယ်ငယ်ကတည်းက စွဲလန်းနှစ်သက်ခဲ့ရသော နာမည်ကျော် အဆိုတော် ဖြစ်သည်။ သူ၏ “နက်ဖြန် သို့မဟုတ် ဘယ်သောအခါ” သီချင်းမှာ ဆိုဟန်ကအစ ခုထိ နားထဲမှာ စွဲနေတုန်း။ စတီရီယိုခေတ်မှာ လူဖြစ်လာကြသော ကလေးတွေကတော့ ထားကို စိမ်းနေကြပေလိမ့်မည်။ သို့တိုင်အောင် ထား၏ ရိုးသား ကြည်လင်သော အပြုံးနှင့် ကရုဏာသံတို့၏ ဆွဲဆောင်မှုကြောင့် ငါးတန်းကျောင်းသူ သမီးကြီးသည် ရုပ်သံဖန်သားပြင်ကို မော့ကြည့်ဖော်ရလာပြီ။

သမီးအငယ်မှ လွဲ၍ ကျွန်တော်တို့ မိသားတစ်စုလုံး “မေတ္တာဟူသည်” သီချင်းထဲတွင် နစ်မျောသွားခဲ့ကြ၏။ သီချင်းဆုံးသွားသော အခါ သမီးကြီးက....
“ကောင်းသားပဲ၊ အဲဒါ ဘယ်သူလဲဟင်၊ စာတန်းထိုးတုန်းက မကြည့်လိုက်ရလို့”
ဟု မေးသည်။ ကျွန်တော့် ဇနီးက....
“အဲဒါ အဆိုတော် ထား တဲ့၊ မေမေတို့ ငယ်ငယ်က သူ့သီချင်းတွေ အလွတ်ကျက်ခဲ့ကြရတာပေါ့”
ကျွန်တော်က....
“သူက ဇော်ဝင်းထွဋ်ရဲ့ အမေပေါ့”
ထိုအခါ သမီးငယ်သည် ဆတ်ခနဲ မော့ကြည့်ပြီး....
“ဟင်၊ ဟုတ်လား၊ ခုန သီချင်းဆိုသွားတာကို မကြည့်လိုက်ရတာ နာတာပဲ”
ဟု ပြောသည်။ သူက ဇော်ဝင်းထွဋ်၏ ပရိသတ် ဖြစ်၏။ ကျွန်တော့်အမေက ဆက်ပြောသည်။

“ထားရဲ့ အဖေက ဆရာရွှေတိုင်ညွန့်တဲ့၊ သိပ်နာမည်ကြီးတဲ့ သီချင်းရေးဆရာကြီးပေါ့၊ သမီးတို့ အဘိုး ငယ်ငယ်က ဆရာရွှေတိုင်ညွန့်အိမ်ကို မကြာမကြာသွားပြီး ဆရာ့ဆီက သီချင်းရေးနည်း သင်ခဲ့ဖူးတယ်ကွယ့်”
ဟု ပြောပြီး ဆရာရွှေတိုင်ညွန့် ရေးစပ်ခဲ့သည့် ယောဆရာကြီး သီချင်းကို တစ်ပိုင်းတစ်စ ညည်းပြသည်။ ကျွန်တော့်သမီး အငယ်မကလည်း အားကျမခံ ဇော်ဝင်းထွဋ်သီချင်းကို ကောက်ကာငင်ကာ အော်ဆိုလိုက်သည်။
“ငှက်ကလေးများတို့ရယ်၊ မနက်ခင်း မိုးလင်းတိုင်းကွယ်”

ကျွန်တော် တစ်ခု သွားစဉ်းစားမိသည်။ ကျွန်တော့် အဖေနှင့် အမေသည် ဆရာရွှေတိုင်ညွန့်၏ ပရိသတ်များ ဖြစ်ကြ၏။ ကျွန်တော်တို့ လင်မယားက ထား၏ ပရိသတ်။ ကျွန်တော့် သမီးများက ဇော်ဝင်းထွဋ် ပရိသတ်။

ဆရာရွှေတိုင်ညွန့်၏ နာမည်ကို သမီးဖြစ်သူ ထားက ဆက်လက် ထိန်းသိမ်းပေးခဲ့သည်။ ထား၏ နာမည်ကို သားဖြစ်သူ ဇော်ဝင်းထွဋ်က ဆက်လက် ထိန်းသိမ်းနိုင်ခဲ့သည်။

လူတစ်ယောက်၏ နာမည်တစ်လုံးကို ကာယကံရှင် ကိုယ်တိုင်သာမက သူ၏ သား သမီး မြေး မြစ် တို့ကပါ ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်ပါကလားဟု တွေးမိလေ၏။

     * * * * *

ကျောင်းက ကဗျာရွတ်ဆိုပြိုင်ပွဲမှာ ကျွန်တော့် သမီးနှစ်ယောက်စလုံး ပထမရသည်။ ဆုပေးပွဲ အခမ်းအနားသို့ မိသားတစ်စုလုံး သွားခဲ့ကြသည်။ ကျွန်တော်တို့ လင်မယားမှာ သမီးများအတွက် ဂုဏ်ယူဝင့်ကြွားသော မျက်နှာများနှင့် ကျောင်းအတွင်း ဝင်ခဲ့ကြ၏။ သမီးတို့ ဆရာမများကို နှုတ်ဆက်ပြီးနောက် ဆရာမများက ကျွန်တော်တို့ကို ကျောင်းအုပ်ဆရာမကြီးနှင့် မိတ်ဆက်ပေးသည်။
“ဆရာမကြီး ဒါ မသူမနဲ့ မယုယတို့ရဲ့ အဖေနဲ့ အမေလေ”

ကျွန်တော်သည် တစ်နေ့သောအခါ စာရေးဆရာမတစ်ဦး၏ အဖေအဖြစ် နာမည်ကြီးကောင်း ကြီးလာပေလိမ့်မည်။


မင်းလူ
---------------
(ကလျာ မဂ္ဂဇင်း၊ 
နိုဝင်ဘာ၊ ၁၉၉၄)

လူတို့သည် ကိုယ့်ရုပ်ခန္ဓာကို ကိုယ်မပိုင်ကြောင်းလောက်တော့ နည်းနည်းပါးပါး ရိပ်မိကြဟန် တူသည်။ မနာအောင် ကြိုးစားရုံ၊ အိုမင်းခြင်းကို တတ်နိုင်သမျှ ထိန်းချုပ်ဖို့ သက်တမ်းကို အနည်းငယ် ဆွဲဆန့်ရုံမျှသာ ဖြစ်နိုင်သေးသည်။ မသေအောင် လုပ်လို့ မရနိုင်။

တချို့ကျတော့ လူကို မသေအောင် လုပ်လို့ မရနိုင်သည့်တိုင် နာမည်ကို မသေအောင် ကြိုးစားခြင်းဖြင့် ကိုယ့်စိတ်ကို ဖြေဖို့ ကြံကြ၏။ မိမိ၏ ဂုဏ်သိက္ခာကို လေးစားတတ်သူတိုင်း ဘဝတစ်လျှောက်မှာ နာမည်ပျက်မရှိအောင် နေထိုင်ကြသည်။ တချို့ လူများကတော့ နည်းနည်းပို၍ လောဘကြီးသည်ဟု ဆိုရမလား၊ အမြော်အမြင်ကြီးသည်ဟု ဆိုရမလား မသိ။ လူသေသွားသည့်တိုင် မိမိ၏ နာမည်ကို ဆက်လက် ရှင်သန်စေချင်သည်။ ဒီအထဲမှာ ကျွန်တော်တို့လို အနုပညာသမားတွေလည်း ပါသည်။ ကိုယ်မရှိတော့ပေမယ့် ကိုယ့်နာမည်ကောင်းလေးတစ်ခု တင်ကျန်ရစ်ဖို့ ကြိုးစားကြသည်။

မြို့တော်ရန်ကုန်ပြန်လည်အသက်ဝင်တော့မလား

Photo: မြို့တော်ရန်ကုန်ပြန်လည်အသက်ဝင်တော့မလား

ရေးသားသူ- မိုးညို၊ ဆွေမွန်

အင်္ဂလိပ်အစိုးရက အကွက်ချပျိုး ထောင်ခဲ့သော ယနေ့ရန်ကုန်မြို့တော်မှာ နှစ်ပေါင်းနှစ်ရာကျော် ကြာမြင့်နေပြီဖြစ်ပြီး ပြီးခဲ့သည့် တပ်မတော်အစိုးရကာလတစ်လျှောက်လုံး မြို့တော်၏အင်္ဂါရပ်မှာ တဖြည်းဖြည်း ယိုယွင်းပျက်စီးမှုများနှင့် ပုံရိပ်မှာ မှေးမှိန်လာခဲ့ရသည်။

ထို့ကြောင့် ယခုအရပ်သား အစိုးရလက်ထက်တွင် မြို့တော်ကြီးကို ပြန်လည်အဆင့်မြှင့်မွမ်းမံရန် ၀ါရင့်ဗိသုကာပညာရှင်များ၏ လက်သို့ ပြန်လည်အပ်နှံလိုက်ပြီး နိုင်ငံတကာအကူအညီများဖြင့် စီးပွားရေးမြို့တော် ရန်ကုန်၏အနာဂတ်မှာ ပြန်လည်အသက်ဝင်လာဖွယ်ရှိသည်။

မြို့တော်တွင်း စံမမီတော့သည့် အဆောက်အအုံများ ပြည့်စုံလုံလောက်မှု အားနည်းနေသည့် လမ်း၊ ရေ၊ မီးစနစ်အစရှိသော ခေတ်မမီတော့သည့် လူမှုစီးပွားရေးရပ်ဝန်းကြီး တစ်ခုလုံးကို ပြန်လည်အဆင့်မြှင့်ရန် အစိုးရနှင့်ပညာရှင်များ ပူးပေါင်းပြီး ပြန်လည်
အသက်သွင်းရန် ကြိုးပမ်းနေပြီဖြစ်သည်။

၂၀၀၆ခုနှစ် မတ်လ ၂၇ရက် တွင် မြန်မာနိုင်ငံ၏ မြို့တော်အဖြစ် နေပြည်တော်ကိုပြောင်းလဲသတ်မှတ်ပြီးနောက် ယင်းမြို့တွင် အခြေခံ အဆောက်အအုံကောင်းကြီးများ၊ လမ်း၊ ရေ၊ မီးစနစ်အစရှိသော ကဏ္ဍပေါင်းမြောက်မြားစွာအတွက် အစိုးရက ဒေါ်လာသန်း
ပေါင်းမြောက်မြားစွာ အကုန်ကျခံ တည်ဆောက်ခဲ့သည်။ ထို့ကြောင့် စီးပွားရေးမြို့တော်အဖြစ် ကျန်ရှိခဲ့သော ရန်ကုန်ပြုပြင်ပြင်ဆင်
ရေးမှာ အစိုးရ၏ လျစ်လျူရှုခြင်းကို များစွာခံခဲ့ရခြင်းဖြစ်သည်။ နေပြည်တော်၏ ခမ်းနားမှုများက ကျော်ကြားသော်လည်း နိုင်ငံတစ်ဝန်းရှိ ပြည်သူအများစု၏ ရင်ထဲတွင် ရန်ကုန်မှာ အဓိကမြို့တော်ကြီးအဖြစ်သာ မှတ်ယူလက်ခံနေကြဆဲဖြစ်သည်။

ရန်ကုန်တွင်သက်တမ်းလွန် ဟောင်းနွမ်းဘတ်စ်ကားအိုများ၊ သစ်သားဇလီဖားတုံးများပေါ်က မီးခိုးတလူလူဖြင့် အချိန်မမှန်
တတ်သည့် သက်တမ်းကြာ မြို့ပတ်ရထားများကို နေ့စဉ်သွားလာအသုံးပြုနေရဆဲဖြစ်သည်။

မြို့တော်ရန်ကုန်မှာ အရှေ့တောင်အာရှနိုင်ငံများ၊ မြို့တော်များအလယ်တွင် များစွာနောက်ကျကျန်နေခဲ့ခြင်းလည်းဖြစ်သည်။ စီမံခန့်ခွဲမှုအလွဲများကြား မြို့တော်ရန်ကုန်က ပစ်စလက်ခတ်အနေဖြင့် ကျန်နေရစ်ခဲ့ခြင်းဖြစ်သည်။

ရွှေ့ပြောင်းအခြေချနေထိုင်သူ များပြားလာမှု၊ စီးပွားရေးလုပ်ငန်းအများစု တည်ရှိလာမှု၊ နှစ်စဉ်အိမ်ရာလိုအပ်ချက်များနှင့် ပြည့်
နှက်နေသည့် စီးပွားရေးမြို့တော်မှာ ပညာရှင်များအတွက် ချက်ချင်းဖြေရှင်းရန် ခက်ခဲနေသည့် ပုစ္ဆာတစ်ပုဒ်ဖြစ်နေသည်။

“ရန်ကုန်မှာ အခြေခံအဆောက်အအုံ တော်တော်များများဟာ ပြန်ပြီးအဆင့်မြှင့်တင်သင့် ၊ မွမ်းမံသင့်နေပြီ။ မြို့တော်အတွက်
အများစုကို စည်ပင်ကလုပ်နေတာပဲ တွေ့နေရတယ်။ တခြားသက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းရင်ပိုကောင်းလာလိမ့်မယ်” ဟု မြို့ရွာ
နှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ အငြိမ်းစားညွှန်ကြားရေးမှူးတစ်ဦး ကသုံးသပ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ထောက်ပြထားသည့် ရေအရည်အသွေး အားနည်းလာခြင်း၊ အဆောက်အအုံများ စနစ်တကျတည်ဆောက်မှုမရှိခြင်း၊ လျှပ်စစ်မီးအခက်အခဲများနှင့် ကြုံတွေ့နေရသည့် စီးပွားရေးမြို့တော်ရန်ကုန်မှာ  နိုင်ငံခြားရင်းနှီးမြှုပ်နှံလိုသူများကို အဓိကလက်တွန့်စေသည့် အချက်တစ်ချက်ဖြစ်နိုင်သည်ဟု ကုန်သည်/စက်မှုအသင်းချုပ်မှ အသင်းဝင်တစ်ဦးကပြောသည်။

လက်တလော ဖြေရှင်းရန်အလွယ်ကူဆုံးပြဿနာဖြစ်သည့် ရန်ကုန်မြို့၏ ယာဉ်ကြောစနစ်မှာ ပြန်လည်ပြုပြင်ရန် များစွာလိုအပ်နေသေးသည်ဟု မြို့ပြနှင့် ဗိသုကာဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဦးဝင်းမြင့်က ပြောသည်။

“ကားတွေအရမ်းတင်သွင်းလာတယ်ဆိုပြီး လမ်းပိတ်တယ်လို့ ပြောကြတယ်။ အမှန်တော့ ဆွဲထားတဲ့ ယာဉ်လမ်းကြောစနစ်ကိုက မှားနေတာ။ မြို့ထဲက လမ်းတွေမှာဆိုရင် နှစ်လမ်းမောင်းလုပ်လို့ရတဲ့ လမ်းတွေကို တစ်လမ်းမောင်း လုပ်ထားတာတွေက ခရီးသွားပြည်သူတွေအတွက် အချိန်ကို အများကြီးကုန်စေတယ်” ဟု ၎င်းကဆိုသည်။

သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် လူအများစုမှာ ဘတ်စ်ကားကိုသာ အဓိက အသုံးပြုနေရသောကြောင့် ယင်းနေရာများတွင် အဆင့်အတန်းမြင့်မြင့်အချိန်မှန်မှန်ပြေးဆွဲနိုင်သည့် မြို့ပတ်ရထားများကို အသုံးပြုနိုင်မှသာ အဆင်ပြေသွားနိုင်မည်ဖြစ်ကြောင်း မြို့ပြနှင့်ဗိသုကာဆိုင်ရာကျွမ်းကျင်ပညာရှင် ဒေါက်တာကျော်လတ်က သုံးသပ်သည်။

ပညာရှင်အများစု၏ သုံးသပ်ချက်များအရ စီးပွားရေးမြို့တော်ရန်ကုန်မှာ ယခင်က တောင်ဘက်မှ မြောက်ဘက်သို့ သွယ်တန်းသွားလာနေသည့် စနစ်ထက် အရပ်မျက်နှာအားလုံးသို့ ချဲ့ထွင်သွားလာနိုင်မည့် စနစ်ကပို၍ အသုံးဝင်နိုင်မည် ဖြစ်သည်ဟုလည်း မှတ်ချက်ပေးကြသည်။

ရန်ကုန်၏ သမိုင်းစာမျက်နှာကို ပြန်လှန်လျှင် ကုန်းဘောင်ခေတ်တွင် အလောင်းမင်းတရားကြီးက လူဦးရေတစ်ရာကျော်ဖြင့် ဆိပ်ကမ်းမြို့ငယ်လေးအဖြစ် ရည်ရွယ်ကာ စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ၁၈၅၃ ကိုလိုနီခေတ်တွင် လူဦးရေ သုံးသောင်းခြောက်
ထောင်အတွက် ရည်ရွယ်ကာ မြို့ဧရိယာကို ဗိုလ်တထောင်ဆိပ်ကမ်းမှ ရွှေတိဂုံစေတီတော်အထိ ထောင့်မှန်ပုံစံမြေကွက်အဖြစ် စတင်တိုးချဲ့ခဲ့သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ မြေပုံအထောက်အထားများအရ သိရသည်။

ခေတ်အဆက်ဆက်မြို့၏ ဧရိယာကို ပုံစံအမျိုးမျိုးဖြင့် တိုးချဲ့ခဲ့ရာမှ ယခုအစိုးရသစ်လက်ထက်တွင် ရန်ကုန်မြို့တော်စည်ပင်
သာယာရေးကော်မတီနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ပူးပေါင်း၍ မြို့ဧရိယာကို ထပ်မံ ချဲ့ထွင်တော့မည်ဖြစ်သည်။

JICA ၏လတ်တလော အဆိုပြုချက်များအရ ရန်ကုန်မြို့တစ်ဖက်ကမ်း ဒလ၊ တွံတွေး၊ သန်လျင်အပါအ၀င် မြောက်ပိုင်းခရိုင်မြို့ နယ်များဖြစ်သည့် မှော်ဘီ၊ တိုက်ကြီး၊ ထောက်ကြန့်မြို့နယ်များကို တိုးချဲ့ရန် စီစဉ်ထားကြောင်း မြို့ပြနှင့် မြေယာဌာနမှူး ဦးတိုးအောင်က ပြောသည်။ တိုးချဲ့မည့် မြေဧရိယာများတွင် ရန်ကုန်မြို့၏ အဓိကလိုအပ်နေသော အိမ်ရာစီမံကိန်းများကို အကောင်အထည်ဖော်သွားရန် စီစဉ်နေမှုများ ရှိနေသော်လည်း တစ်နှစ်လျှင် ရန်ကုန်မြို့တွင် အိမ်ရာအခန်းပေါင်း သုံးသောင်းကျော် လိုအပ်နေပြီး လက်ရှိတွင် အိမ်ရာအခန်းပေါင်း တစ်သောင်းကျော်သာ ဖြည့်ဆည်းပေးနိုင်သေးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားသည်။

မြို့တွင်းပိုင်း၌ မြေနေရာလွတ်များ ရှားပါးလာသည်နှင့်အတူ အိမ်ရာစီမံကိန်းအများစုကို မြို့ပြင်နေရာများတွင် တည်ဆောက်ရန် လျာထားသကဲ့သို့ ဆူးလေဗဟိုပြု စီးပွားရေးအချက်အချာနယ်မြေမှာလည်း တစ်နေ့ထက်တစ်နေ့ စီးပွားရေးလုပ်ငန်းများ ထပ်မံအခြေချလုပ်ကိုင်နိုင်ရန် ကျပ်တည်းမှုများလာသည်။

ထို့ကြောင့် မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်း၏ ရေးဆွဲအကြံပြုချက်အရ မရမ်းကုန်းမြို့နယ်အတွင်းရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပိုင် မြေနေရာများတွင် ရန်ကုန်မြို့တွင်းပိုင်းကဲ့သို့ ဒုတိ ယစီးပွားရေးအချက် အချာနယ်မြေအဖြစ် ပြုလုပ်ရန်စီစဉ်ထားကြသည်။

ရန်ကုန်မြို့၏ အခြေခံလိုအပ်ချက်များအနက်မှ ရေနှင့် လျှပ်စစ်မီး ပြဿနာမှာလည်း မြို့ပြနေလူထုအတွက် နှစ်စဉ်ရင်ဆိုင်ကြုံတွေ့
နေရသည့် အခက်အခဲတစ်ခုလည်း ဖြစ်သည်။

လှော်ကား၊ ဂျိုးဖြူ၊ ဖူးကြီးရေလှောင်ကန်ကြီးများမှ ရေသွယ်ပိုက်လိုင်းကြီးများသည် သက်တမ်းအားဖြင့် ရှည်ကြာလာပြီဖြစ်သောကြောင့် ယိုယွင်းနေမှုများရှိရာ ရေပေးဝေလိုသော နေရာသို့ မရောက်မီပင် လေလွင့်ဆုံးရှုံးမှုများနှင့် နှစ်စဉ်ကြုံတွေ့နေရသည်ဟု ပညာရှင်များက ဝေဖန်ပြောကြားသည်။

နှစ်စဉ်နွေကာလတွင် လျှပ်စစ်မီး အခက်အခဲနှင့် ကြုံတွေ့နေရမြဲဖြစ်သည့် စီးပွားရေးမြို့တော် ရန်ကုန်၌ ယခုနှစ်တွင် လျှပ်စစ်တာဘိုင်ကြီးများကို ပြည်ပမှ မှာယူတင်သွင်းလာသော်လည်း စီးပွားရေးလုပ်ငန်းအများစုတွင် လက်ရှိတိုင် လျှပ်စစ်မီးလုံလောက်စွာ မရရှိမှု၊ ဆင်ခြေဖုံးရပ်ကွက်များတွင် မကြာခဏ လျှပ်စစ်မီးပြတ်တောက်နေမှုများကလည်း ဖြေရှင်း
ရန်ခက်ခဲနေသေးသည်။

ပညာရှင်များ၏ အဆိုအရ ၂၀၄၀ တွင် ရန်ကုန်မြို့၌ ယခုလက်ရှိ လူဦးရေခြောက်သန်းကျော်မှ ဆယ်သန်းကျော်အထိ တိုးပွားလာနိုင်ဖွယ် ရှိသောကြောင့် အခြေခံအဆောက်အအုံများဖြစ်သည့် လမ်း၊ တံတား၊ လျှပ်စစ်၊ ရေ၊ မိလ္လာ၊အိမ်ရာစီမံကိန်းနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် နည်းစနစ်မှန်မှန် အကောင်းဆုံး စီမံခန့်ခွဲမှုများဖြင့် ဆောင်ရွက်နိုင်မှသာအနာဂတ်တွင် အရှေ့တောင်အာရှ
နိုင်ငံများထဲက အဆင့်မီမြို့တော်တစ်ခုအဖြစ် ပေါ်ထွက်လာမည်ဖြစ်ကြောင်း မြို့ပြပညာရှင်များက သုံးသပ်ပြောကြားလိုက်သည်။

သို့သော် အစိုးရအပြောင်းအလဲ နှစ်နှစ်ကျော်ကာလအတွင်း အနာတရပေါင်းမြောက်မြားစွာဖြင့် ဆေးရုံမှ ဆင်းစလူနာတစ်ဦးကဲ့သို့ နာလန်ထူရန် ခက်ခဲနေဦးမည်လည်း ဖြစ်သည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
ရေးသားသူ- မိုးညို၊ ဆွေမွန်

အင်္ဂလိပ်အစိုးရက အကွက်ချပျိုး ထောင်ခဲ့သော ယနေ့ရန်ကုန်မြို့တော်မှာ နှစ်ပေါင်းနှစ်ရာကျော် ကြာမြင့်နေပြီဖြစ်ပြီး ပြီးခဲ့သည့် တပ်မတော်အစိုးရကာလတစ်လျှောက်လုံး မြို့တော်၏အင်္ဂါရပ်မှာ တဖြည်းဖြည်း ယိုယွင်းပျက်စီးမှုများနှင့် ပုံရိပ်မှာ မှေးမှိန်လာခဲ့ရသည်။

ထို့ကြောင့် ယခုအရပ်သား အစိုးရလက်ထက်တွင် မြို့တော်ကြီးကို ပြန်လည်အဆင့်မြှင့်မွမ်းမံရန် ၀ါရင့်ဗိသုကာပညာရှင်များ၏ လက်သို့ ပြန်လည်အပ်နှံလိုက်ပြီး နိုင်ငံတကာအကူအညီများဖြင့် စီးပွားရေးမြို့တော် ရန်ကုန်၏အနာဂတ်မှာ ပြန်လည်အသက်ဝင်လာဖွယ်ရှိသည်။

မြို့တော်တွင်း စံမမီတော့သည့် အဆောက်အအုံများ ပြည့်စုံလုံလောက်မှု အားနည်းနေသည့် လမ်း၊ ရေ၊ မီးစနစ်အစရှိသော ခေတ်မမီတော့သည့် လူမှုစီးပွားရေးရပ်ဝန်းကြီး တစ်ခုလုံးကို ပြန်လည်အဆင့်မြှင့်ရန် အစိုးရနှင့်ပညာရှင်များ ပူးပေါင်းပြီး ပြန်လည်
အသက်သွင်းရန် ကြိုးပမ်းနေပြီဖြစ်သည်။

ကြောင်ဇရာနဲ့ မော်ဒယ်လ်ကြွက် (Written by ကျိုက်စကောခင်စိုး )



  
ဦးစိန်ဘတင် တစ်ယောက် သူထုတ်သည့် မေးခွန်းကို သူကိုယ်တိုင် ဘယ်လိုဖြေရမှန်း မသိဖြစ်နေတာ ကြာပြီ။
အလုပ်အားတာနဲ့ စဉ်းစား၊ အဖြေကားမထွက်။ မေးခွန်းက ဒီလိုပါ။ ကြွက်မလေး တစ်ကောင်သည် အိပ်နေသော ကြောင်ထီးကြီး၏ နှုတ်ခမ်း မွေးကို လာဆွဲဆွဲ ပြီးက စား၏။ အနံ့ရ ကတည်းက နိုးနေသော ကြောင်ဖား ကြီးက ကြွက်မလေးကို ခုတ်သတ်စားမလား သို့မဟုတ် ဆက်အိပ် မလား။ ဤမေးခွန်းကို ဖြေရမည့် သူမှာလည်း သူ ကိုယ်တိုင်မှ တစ်ပါး အခြားသူ ဖြေခွင့်မရှိ။ ခက်တာက သူက ကြောင်ဖားကြီးမဟုတ်၊ လူဖားကြီးဖြစ်သလို ကြွက်မလေးကလည်း ခင်ခင်ထားဆိုသော လူမလေး ဖြစ်နေခြင်းပင်။ ထို့ကြောင့် လူဖားကြီး ပီပီ ခုတ်စားမလား၊ လူသားကြီးပီပီ ဆင်ခြင်ရမလား။

ပဲခူး ရိုးမတောင်ခြေ လျှော်ပင် စခန်းကား စည်ကား လှပေစွ။ သစ်ထုတ်လုပ်ရေး လမ်းမကြီး၏ အနောက် ဘက်တွင် သစ်တောရုံး၊ မြစိမ်းကုမ္ပဏီရုံးနှင့် ၀န်ထမ်း အိမ်ရာများရှိသည်။ အရှေ့ ဘက်မှာတော့ တောင်ပေါ်မှ ကဲ့ယူထားသော သစ်တုံး တွေက ထောင်ပုံတောင်ပုံ။ သစ်ပုံတွေ နဲ့လမ်းကြားမှာ တော့ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေ။တံမြက် စည်းရိုးချိုး၊ ဇရစ်ရိုးတိုး၊ နွယ်ခွေ၊ ထင်းခုတ်ဝါးခုတ် အလုပ်သမား များမှသည် ဟဲဗီး သစ်ကားကြီးတွေ၏ ဒရိုင်ဘာ၊ စပယ်ယာ၊ အုံနာအဆုံး အားလုံးသည် ဤလျှော်ပင် စခန်းမှ ဖြတ်သန်းသွားလာ၊ နေ့ညနား ခိုစားသောက်၊ ကာရာအိုကေ ဆိုကြကကြ ပျော်လိုက်တဲ့ဖြစ်အင် သေ မယ်တောင်မထင်။

Monday 20 May 2013

လုံချည်များဖြင့် လွတ်မြောက်ခြင်း

Photo: လုံချည်များဖြင့် လွတ်မြောက်ခြင်း

ပေါလ် ဗရီးဇ်နှင့် လ၀ီဝမ်| May 20, 2013 | 

မြန်မာနိုင်ငံတွင် တံခါးဖွင့်ဝါဒ ကျင့်သုံးလိုက်သဖြင့် နိုင်ငံရပ်ခြားမှ အတွေးအခေါ် အယူအဆများ၊ ဖက်ရှင်ဒီဇိုင်းများ နိုင်ငံတွင်းသို့ ၀င်ရောက်လာသည်။ ထို့အတူ နိုင်ငံခြားသားများလည်း နိုင်ငံတွင်းသို့ ပိုဝင်လာနေခဲ့သည်။

မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ကြသည့် နိုင်ငံခြားသားများက မြန်မာ့ယဉ်ကျေးမှုများကို စိတ်ဝင်စားလာကြသဖြင့် မြန်မာ့ရိုးရာ ပုဆိုး လုံချည်များကို ၀တ်ကြည့်ခြင်းသည် ခရီးသွား နိုင်ငံခြားသားများကြား ခေတ်စားလာသည်ဟု ဆိုနိုင်ပါသည်။

လုံချည်ဝတ်ထားသည့် နိုင်ငံခြားသား ခရီးသွား အများအပြားကို ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီ တော် မြတ်ကြီးတွင် တွေ့မြင်နိုင်ပါသည်။

ဒတ်ခ်ျ် လူမျိုး ခရီးသွား သော်စတင်းရိုးဘက်က လုံချည်သည် အပူပိုင်းဒေသ အတွက် သင့်တော်သည့် အ၀တ်အစားဖြစ်သည်ဟု ချီးမွမ်းသည်။

“ကျနော်တို့ ရွှေတိဂုံစေတီကို လာတုန်းက ဘောင်းဘီနဲ့ဗျ။ ဒါပေမယ့် လုံချည်ဝတ်ရတာ ပိုပြီးသင့်တော်မယ်လို့ ကျနော် ထင်တယ်” ဟု ညီမ ဖြစ်သူနှင့် အတူ ခရီးထွက်လာသည့် ကျောင်းသား လူငယ်တဦးကလည်း ပြောသည်။သူက “ဒီလို ပူတဲ့ ရာသီမှာ လုံချည်ဝတ်ရတာ ပိုပြီး သက်သောင့် သက်သာရှိတယ်။ နောက်ပြီး လေ၀င်လေထွက်လည်း ကောင်းတယ်” ဟူ၍၎င်း၊ “လုံချည် စ ၀တ်တုန်းကတော့ ခပ်ခက်ခက်ပေါ့။ ခဏခဏ ကျွတ်ကျတယ်။ ဒါပေမယ့် လူတွေက ၀တ်ပုံဝတ်နည်း ပြပေးတယ်။ တခုပဲ ပြောစရာ ရှိတယ်၊ လုံချည်မှာ အိပ်ကပ် မပါတာပဲ” ဟု၎င်း ပြောဆိုသေးသည်။

အနောက်နိုင်ငံသား အမျိုးသား တဦးအဖို့ အထည်စနှင့် တူသော အ၀တ်အစားကို ၀တ်ဆင်ရသဖြင့် တမျိုး ဖြစ်မနေဘူးလားဟု မေးကြည့်ရာ “ဒါကလည်း အ၀တ်အစားနဲ့ ပတ်သက်ပြီး ကိုယ်ဘယ်လို ရှုမြင်သလဲ ဆိုတဲ့ အပေါ် မူတည်တယ်။ စကော့တလန်တွေလည်း မြန်မာလုံချည်နဲ့ တူတဲ့ ဒူးဆစ်လောက် အရှည် Kilt ဆိုတာကို ၀တ်ကြတာပဲ လေ” သော်စတင်းရိုးဘက်က ဆိုသည်။

လုံချည်ဝတ်ဆင်ခြင်းက နိုင်ငံခြားခရီးသွားများအကြား ရေပန်းအစားဆုံး ဖြစ်လာသည်ဟု ရွှေတိဂုံစေတီတော်တွင် အမှတ်တရ ပစ္စည်းနှင့် အ၀တ်အစားရောင်းသူ များက ပြောဆိုသည်။

ရွှေတိဂုံစေတီတော် အရှေ့ဘက်စောင်းတန်းရှိ ဆိုင်ပိုင်ရှင် ကိုဇော်မျိုးထက်က “နိုင်ငံခြားသားတွေကို တပတ်မှာ ၇ ထည်လောက် ပုံမှန်ရောင်းရတယ်။ တခါတလေများဆိုရင် ၁၀ ထည် ၁၅ ထည်အထိ ရောာင်းရတဲ့ ရက်တွေလည်း ရှိတယ်။ နိုင်ငံခြားသားတွေက အုပ်စုလိုက်ရောက်လာပြီး တယောက် တထည် ၀ယ်သွားကြတာပါ” ဟု ပြောသည်။

လုံချည်လာဝယ်တဲ့ နိုင်ငံခြားသား အများစုက သြစတြေးလျ၊ အီတလီနှင့် ပြင်သစ် နိုင်ငံတွေမှ လာရောက် လည်ပတ်သူများ ဖြစ်တယ်လို့ ဆိုပါတယ်။

“လုံချည် ဘယ်လို ၀တ်ရတယ် ဆိုတာ သူတို့ကို ကျနော်က ပြပေးရတယ်။ ပထမဆုံး လုံချည်ရဲ့ ဘယ်ဘက်ကို ခေါက်လိုက်၊ နောက် ညာဘက်ကို ခေါက် ပြီးတော့ ချည်လိုက် စသဖြင့် ပြောပြပေးရတယ်။ သူတို့ ဘာဖြစ်လို့ လုံချည်ကို ကြိုက်သလဲ ဆိုတော့ လုံချည်ဝတ်ရင် လမ်းလျှောက်ရတာ လွယ်တယ်၊ လေ၀င်လေထွက်လည်း ကောင်းတယ်။ မြန်မာနိုင်ငံကို လာလည်တုန်း မြန်မာတွေရဲ့ လူနေမှု ပုံစံကို ခံစားချင်ကြတာ” ဟု ကိုဇော်မျိုးထက်က ရှင်းပြသည်။

မန္တလေးတွင် ရက်လုပ်သည့် လုံချည်တထည် တန်ဘိုးမှာ အမေရိကန် ဒေါ်လာ ၃ ဒေါ်လာခန့် ကုန်ကျသည်ဟု ဆိုသည်။

“နိုင်ငံခြားသားတွေ လုံချည်ဝတ်တာ ကြည့်လို့ ကောင်းတယ်။ သူတို့က တောသားတွေလို လုံချည်ကို တိုတို ၀တ်တယ်။ မြို့သားတွေက ခြေမျက်စေ့ အထိ လုံချည်ကို ရှည်ရှည်ဝတ်တယ်လေ” ဟု ကိုဇော်မျိုးထက်နှင့် စပ်တူလုပ်ကိုင်သူ သူငယ်ချင်းက ပြုံးရင်း ပြောသည်။

တိုင်းရင်းသားများ ဒေသများ အပါအ၀င် မြန်မာနိုင်ငံ ဒေသ အသီးသီး၌ အမျိုးသမီးရော အမျိုးသားများပါ လုံချည်ဝတ်ဆင်ကြပြီး အထူး အခမ်းအနားများတွင် ပိုးလုံချည် ၀တ်ဆင်လေ့ ရှိသည်။

ထို့အပြင် စစ်အစိုးရ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီးများသည် ၂၀၁၀ ပြည့်နှစ် ဇွန်လတွင် ၎င်းတို့၏ စစ်ယူနီဖောင်းမှ တိုက်ပုံအင်္ကျီအဖြူ နှင့် ပိုးလုံချည်ကို ပြောင်းလဲ ၀တ်ဆင်ခဲ့ကြပြီး လွှတ်တော်နှင့် အစိုးရ အခမ်းအနားများတွင် ၀တ်ဆင်လာခဲ့ခြင်းကလည်း လူတကာပြောရသည့် ဖက်ရှင်အပြောင်းအလဲဖြစ်သည်။

မြန်မာလူမျိုးများ လက်ရှိ ၀တ်ဆင်နေသည့် လုံချည်မှာ အိန္ဒိယမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ယောက်ျားများ အတွက် ပုဆိုးဟု ခေါ်ပြီး မိန်းကလေးများအတွက် ထဘီဟု ခေါ်ဆိုသည်။

၁၉ ရာစု ကိုလိုနီခေတ်တွင် မြန်မာနိုင်ငံ၌ အုပ်ချုပ်ရေး တာဝန်လာရောက် ထမ်းဆောင်သူ ဂျိမ်းဂျော့စကော့ James George Scott က ၎င်း ၁၈၈၂ ခုနှစ်၌ ရေးသားသည့် ဂန္ထ၀င်စာအုပ် “မြန်မာ- သူတို့ဘ၀ နှင့် သူတို့ လိုအင်များ” တွင် မြန်မာတို့၏ ရိုးရာအ၀တ်အစား အကြောင်းကို ပထမဆုံး ရေးသား ဖော်ပြခဲ့သည်။

မြန်မာ အ၀တ်အစားမှာ ရိုးစင်း လှပ၍ ရှုချင်စဖွယ် ရှိကြောင်း၊ ပုဆိုး ဆိုသည်မှာ ပိုးထည်စ ဖြစ်ပြီး ခန္ဓာကိုယ်ကို ပတ်၍ ၀တ်ဆင်ရသည့် အ၀တ်အစားမျိုး ဖြစ်သည်။ ခန္ဓာကိုယ် အရှေ့ပိုင်းရှိ ပုဆိုးစကို ကျစ်၍ ကျန်နေသည့် အစကို ပခုံးပေါ် ကြော့မော့စွာ တင်ထားရသည်။ သို့မဟုတ် ခေါက်၍ ခါး၌ ချိတ်ထားရမည် ဟု စကော့က ရေးသားထားသည်။

ဝတ်ဆင်မှုစတိုင် ပြောင်းခဲ့ပြီ ဖြစ်သော်လည်း လုံချည်ဝတ်ဆင်ရသည်ကို တန်ဖိုးထား လက်ခံသည့် နိုင်ငံခြားသား နောက်တဦးမှာ ဒီမိုကရက်တစ် မြန်မာ့အသံမှ ၀က်ဘ်ဆိုက် အယ်ဒီတာ ဒေးဗစ်စတောက် ဖြစ်သည်။

“လုံချည် ၀တ်ရတာ သက်သောင့်သက်သာ ရှိတယ်၊ အေးတယ်၊ ရာသီဥတုနဲ့လည်း လိုက်ဖက်တယ်၊ စတိုင်ကျတယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။ ၎င်းက ဆက်၍ “လွန်ခဲ့တဲ့ သုံးနှစ်က အားလပ်ရက်ခရီး အဖြစ် ရန်ကုန်ကို ရောက်တုန်း ရောက်ခိုက် လုံချည် ၀တ်ကြည့်တော့ လွတ်လပ် ပေါ့ပါးတဲ့ လူတယောက်လို ခံစားရတယ်” ဟု ပြောသည်။

“ယောက်ျား တယောက် စကတ်ဝတ်မယ် ဆိုရင် လူတိုင်းက ဒီလူတော့ တခုခု လွဲနေပြီလို့ ယူဆတဲ့ ယဉ်ကျေးမှု ရှိတဲ့ အရပ်က ကျနော် လာတာပါ။ မြန်မာနိုင်ငံမှာတော့ ဒီလို မဟုတ်ဘူး။ ဒီလို ၀တ်တာဟာ မှန်တယ်လို့ ပြောရမယ်” ဟု ဒေးဗစ်စတောက်က ပြောသည်။

၎င်းအပြင် မြန်မာလူမျိုးတို့၏ အကောင်းဘက်က မြင်တတ်တဲ့ သဘာဝကိုလည်း ပြန်ပြောပြပါသည်။

“ကျနော်က အပြာရောင် လုံချည်ကို ၀တ်တယ်၊ ကျနော့် သူငယ်ချင်းက နီညိုရောင် ကို ၀တ်တယ်။ ကျနော်တို့ ၂ ယောက် လမ်းမပေါ် လျှောက်နေတုန်း အမျိုးသား တယောက်ရောက်လာပြီး ချောတယ် လို့ပြောသွားတယ်။ ကျနော် ကတော့ ဒီလို ပြောတာဟာ ကျက်သရေ ရှိလိုက်တာ လို့ ပြောတာလို့ ယူဆပါတယ်” ဟု ဒေးဗစ်စတောက်က ပြောပြသည်။

နိုင်ငံခြားသားများက မြန်မာ့ယဉ်ကျေးမှုများကို စိတ်ဝင်စားလာကြသဖြင့် မြန်မာ့ရိုးရာ ပုဆိုး လုံချည်များကို ၀တ်ကြည့်ကြသည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

အေးချမ်းမွန် Credit & Copy From >ဧရာဝတီ< Thank For Your Post
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်
နိုင်ငံခြားသားများက မြန်မာ့ယဉ်ကျေးမှုများကို စိတ်ဝင်စားလာကြသဖြင့် မြန်မာ့ရိုးရာ ပုဆိုး လုံချည်များကို ၀တ်ကြည့်ကြသည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ပေါလ် ဗရီးဇ်နှင့် လ၀ီဝမ်| May 20, 2013 |

မြန်မာနိုင်ငံတွင် တံခါးဖွင့်ဝါဒ ကျင့်သုံးလိုက်သဖြင့် နိုင်ငံရပ်ခြားမှ အတွေးအခေါ် အယူအဆများ၊ ဖက်ရှင်ဒီဇိုင်းများ နိုင်ငံတွင်းသို့ ၀င်ရောက်လာသည်။ ထို့အတူ နိုင်ငံခြားသားများလည်း နိုင်ငံတွင်းသို့ ပိုဝင်လာနေခဲ့သည်။

မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ကြသည့် နိုင်ငံခြားသားများက မြန်မာ့ယဉ်ကျေးမှုများကို စိတ်ဝင်စားလာကြသဖြင့် မြန်မာ့ရိုးရာ ပုဆိုး လုံချည်များကို ၀တ်ကြည့်ခြင်းသည် ခရီးသွား နိုင်ငံခြားသားများကြား ခေတ်စားလာသည်ဟု ဆိုနိုင်ပါသည်။

လုံချည်ဝတ်ထားသည့် နိုင်ငံခြားသား ခရီးသွား အများအပြားကို ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီ တော် မြတ်ကြီးတွင် တွေ့မြင်နိုင်ပါသည်။

“နောက်ကျော ဓားနဲ့ အထိုးခံခဲ့ရတာ”

Photo: “နောက်ကျော ဓားနဲ့ အထိုးခံခဲ့ရတာ”

ဧရာဝတီ| May 20, 2013 |

၉ နှစ်တာမျှ နိုင်ငံတော် စာရင်းစစ်ချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ် အဖြစ် တာဝန်ထမ်းဆောင် ခဲ့ပြီး ယခုလက်ရှိ မွန်ပြည်နယ် ဘီးလင်းမြို့အဝင်တွင် အောင်ပြည့်စုံ အမည်ရှိ ထမင်းဆိုင်ကို ဦးစီးဖွင့်လှစ် လုပ်ကိုင်နေသည့် အငြိမ်းစား ဗိုလ်ချုပ် လွန်းမောင် (ယခု ဦးလွန်းမောင်) ၏ ပြည်ထောင်စု စာရင်းစစ်ချုပ် တာဝန်မှ အနားပေးခံခဲ့ရသော ဖြစ်ရပ်နှင့် ပတ်သက်၍  ဧရာဝတီ သတင်းထောက် မေခက သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

မေး။     ။ လက်ရှိရွေးချယ်ခဲ့တဲ့ ဘ၀က ဦးလွန်းမောင်အတွက် အံဝင်ခွင်ကျတဲ့ ဘ၀တခုလို့ ပြောလို့ရပါသလား။

ဖြေ။     ။ ကျနော်က ငယ်ငယ်ကတည်းက ဆင်းရဲခဲ့တဲ့ မိသားစုက ဆင်းသက်လာသူပါ။ ဒီအချိန်မှာ ငယ်ငယ်က ဘ၀ ကြမ်းသလောက် မကြမ်းပါဘူး၊ ပျော်ပါတယ်။ အံဝင်ခွင်ကျ ရှိတယ်ဆိုတာထက် လူတိုင်းက သူရတဲ့ ဘ၀မှာ နေပျော်နေဖို့ လိုပါတယ်။ အခုအချိန်မှာ ဒီအလုပ်အတွက် အချိန်တောင် မလောက်ပါဘူး။

မေး။     ။ နိုင်ငံတနိုင်ငံလုံးရဲ့ စာရင်းစစ်ချုပ် တယောက် ဘ၀ကနေ ဒီလိုမျိုး ဈေးရောင်းရတဲ့ ဘ၀တခုနဲ့ ဖြတ်သန်းဖို့ ဘယ်လိုစိတ်ကူး ရခဲ့တာလဲ။ အရင်ကတည်းက စိတ်ကူးထားခဲ့တာလား။

ဖြေ။     ။ ပြောင်းသွားတဲ့ ရည်ရွယ်ချက်ကတော့ ဒီလိုပါ။ နိုင်ငံတော်က အနားပေးလိုက်တယ် ဆိုတော့ နားလိုက်တာပေါ့။ နားချိန်မှာ အေးအေးဆေးဆေး နားချင်ပေမယ်လို့ အမျိုးသမီးရဲ့ လုပ်လက်စ ဒီဆိုင်လုပ်ငန်းကြီးရှိတော့ ကိုယ်က တယောက်တည်းကို လွှတ်ရုန်းလို့ မရဘူး။ မရတဲ့အခါ သူ့အလုပ်ကို ထောင့်ပေါင်းစုံ ဟာတဲ့ နေရာတွေမှာ လိုက်ဖြည့်ပြီး လုပ်ပေးတာပေါ့။ စားပွဲထိုး ၅ ယောက်လိုရင် အဲဒီနေရာကို ငါရအောင် လုပ်မယ်ဆိုတဲ့စိတ်နဲ့ နောက်ဆုံး ဗုန်းဗုန်းလဲသွားတဲ့ အထိပေါ့။ တချိန်တုန်းက နိုင်ငံ့ တာဝန်တွေ ထမ်းဆောင်နေတဲ့ အချိန်တုန်းကလို မိသားစုနဲ့နေလည်း မိသားစု တာဝန် ကျေရမယ်ဆိုတဲ့ စိတ်နဲ့ လုပ်ဖြစ်ခဲ့တာ။ အမျိုးသမီးကလည်း ကိုယ်မပါဘဲ တယောက်တည်း ပင်ပန်းနေခဲ့ရတာ ၁၀ နှစ်ကျော်ရှိပြီ။ ကိုယ်က အခု ဝင်လုပ်တာ လပိုင်းပဲ ရှိသေးတယ်။

မေး။     ။ နိုင်ငံတာဝန် ထမ်းဆောင်တာနဲ့ မိသားစုတာဝန် ထမ်းဆောင်တာ ဘယ်ဟာပိုခက်ခဲလဲ။

ဖြေ။     ။ ဒါကတော့ ရိုးစင်းတာပေါ့။ ဒါက ခက်ခဲပေမယ့် ခေါင်းမသုံးရဘူးပေါ့။ ဘာလို့လဲ ဆိုရင် အဆင့်နိမ့်တာကိုး။ တပ်တာဝန် ကတော့ ဒီထက် အဆင့်မြင့်တာပေါ့။ တပ်မှာလည်း အမြင့်ဆုံးပေါ့ တပ်မတော် စစ်ဆေးရေး အရာရှိချုပ် လုပ်ခဲ့တာကိုး။ တပ်တာဝန်ကတော့ ကြီးတာပေါ့။ ကြီးတော့ ဦးဏှောက်စားရတာပေါ့။ ဒီဟာကတော့ ရိုးစင်းတဲ့ ဘ၀လေးပါ။

မေး။     ။ ဒီဘ၀ကိုကော ကျေနပ်နှစ်သက်ရဲ့လား။

ဖြေ။     ။ ကျေနပ်တာပေါ့။ ကြိုက်လို့ပဲ အခု ဖြတ်သန်းတာပေါ့။ အခုက ၀တ္တရား ကျေပွန်အောင် လုပ်တာမျိုးမဟုတ်ဘူး။ စေတနာနဲ့ လုပ်တာပေါ့။ ဒီမှာ အသေးစိတ်ကအစ ကိုယ်တိုင်လုပ်တယ်။ ထန်းလျက် ထည့်တာကအစ သေချာထည့်တယ်။ စားပွဲကအစ ဝင်သုတ်တယ်။ ဒီလိုမျိုး ဖြတ်သန်းရတာက ဘာပဲပြောပြော စေတနာနဲ့ လုပ်ဆောင်နေတာမို့ စိတ်ချမ်းသာ နေရတာပေါ့။

မေး။     ။ အောက်ခြေသိမ်း အလုပ်ကို လုပ်ဆောင်တော့ အရင်ဘ၀နဲ့ တော်တော် ကွာဟသွားပြီ။ ဒီလိုအချိန်မျိုးမှာ အခက်အခဲ မရှိဘူးလား။

ဖြေ။     ။ ပြောရရင် ဒီမှာ ခဏခဏ တပည့်တွေ လာစားတယ်။ နောက် ကိုယ့်သူငယ်ချင်းတွေ လာစားတယ်။ တခါတလေ တပည့်ဝိုင်းတွေကို သန့်ရှင်းရေး လုပ်ပေးရင် သူတို့က မစားရဲတော့ဘူး။ ကိုယ်က ပြောရတယ်၊ ငါ ဘာမှ မဟုတ်ဘူးလို့။ ဒီမှာက အဝေးပြေး ကားတွေက ၁ နာရီခြား၊ ၂ နာရီခြား လာတာဆိုတော့ အားချိန်မရှိဘူး။ ဒီအချိန်မှာ ငါသိတဲ့လူ ပါမှာပဲ ဆိုတဲ့စိတ်မျိုး မရှိဘူး။ ငါ့အလုပ် ငါလုပ်တယ်၊ နောက် ဒီအပေါ်မှာလည်း ဘာခံစားချက်မှ မရှိပါဘူး။

မေး။     ။ ဗိုလ်ချုပ်လွန်းမောင် အနေနဲ့ ဖြတ်သန်းရချိန်နဲ့ ဦးလွန်းမောင်အနေနဲ့ ဖြတ်သန်းရချိန် ဒီမှာ ကြုံလာတဲ့ လူတွေရဲ့ ဆက်ဆံမှု ဘယ်လိုကွာခြားလဲ။

ဖြေ။     ။ ကွာတယ်၊ တော်တော် ကွာတယ်။ ကိုယ့်ကို သိသူကတော့ အရင်က ဆက်ဆံမှုအတိုင်းပဲ ရှိပါတယ်။ လာတဲ့သူ တချို့ကတော့ ကိုယ့်ကို သာမန်ဈေးသည် အနေနဲ့ ဆက်ဆံတာတွေ ရှိတယ်။ တော်တော်ကို မာနချနိုင်လို့ တော်တာ။ တော်တော်ကို မာနချရတယ်။ တခါကဆို မန္တလာမင်း ဒရိုင်ဘာက ဆိုင်ရှေ့မှာ တိုးရစ်ကား လာရပ်ထားတာကို တဘက်ကို ရွှေ့ဖို့ မပြောလို့ ကားမရှင်းထားရ ကောင်းလားဆိုပြီး ရန်လာတွေ့တယ်။ စော်ကားခံရတာတွေ အရမ်းများတယ်။ တော်တော် သည်းခံရတယ်။ ဟိုးတချိန်တုန်းက လုပ်ခဲ့တဲ့ ဗိုလ်ချုပ်တို့၊ စာရင်းစစ်ချုပ်တို့ ဒါတွေကို အကုန်ကုန်မေ့လိုက်တော့မယ်။ ငါ အခု ဈေးသည်၊ ဒီလိုကို မနည်း ခံယူရတယ်။ ဒီထက်ဆိုးတဲ့ စော်ကားမှုတွေတောင် ရှိပါတယ်။ တခါတလေ ကိုယ့်ကို ကျွန်တယောက်လို ငေါက်ငမ်း သွားတာမျိုးတွေတောင် ရှိတယ်။

မေး။     ။ နှစ် ၄၀ ကျော် တိုင်းပြည် အုပ်ချုပ်ခဲ့တဲ့ စစ်တပ်ရဲ့ သြဇာရှိတဲ့ လူတွေထဲမှာ တယောက် အပါအဝင် ဖြစ်ခဲ့တော့ လက်ရှိ အခြေအနေကို လက်ခံဖို့ လွယ်ကူခဲ့ရဲ့လား။

ဖြေ။     ။ ခက်တာတော့ တော်တော် ခက်ခဲတယ်။ ငယ်ငယ်ကတည်းက ခန္တီပါရမီ ရှိခဲ့တယ်လို့ ပြောရမှာပါ။ နောက်တခုက ဘ၀လည်း မမေ့ခဲ့တာပါမယ်။ နောက် မာနကတော့ ထားလို့တော့ မရဘူးပေါ့။ မာနကို ဘယ်မှာမှ မထားချင်တာ။ ကိုယ်လည်း ဆင်းရဲတဲ့ ဘ၀ကနေ တက်လာခဲ့တယ်။ အဖေကော အမေကောက ရှမ်းတွေ၊ မြန်မာစကား မတတ်ဘူး၊ ကိုယ်လည်း ရှမ်းစကားပဲ တတ်ခဲ့တာ၊ ဒီလိုဘ၀ကနေ ကိုယ်က ဗိုလ်ချုပ်ဖြစ်လာခဲ့တာ။ အောက်သက် ကျေခဲ့တဲ့ လူတယောက်ပါ။ နောက် ဒီဘ၀ကို ဘယ်တော့မှ မမေ့ခဲ့ဘူး။ ရာထူး ကြီးခဲ့ပေမယ့် သိပ်ပြီး မက်မက်မောမော မရှိခဲ့တော့ ခံသာပါတယ်။ အရင်က ဘ၀ကို သိပ်တွယ်တာ တပ်မက်နေတဲ့သူ ဆိုရင်တော့ ဘယ်ခံသာမလဲ။

မေး။     ။ ဗိုလ်ချုပ်ဘ၀မှာ ကြုံခဲ့ရတဲ့ အချိန်ရှားပါးမှုနဲ့ အခု လက်ရှိဘ၀ အချိန်ရှားပါးမှု ဘယ်ဟာက ပိုပြီး ကျေနပ်ဖို့ ကောင်းတယ်လို့ ထင်လဲ။

ဖြေ။     ။ ပြောရရင် အခုအချိန်က လူပင်ပန်းတယ်။ ဗိုလ်ချုပ် ဘ၀ကျတော့ ပိုတည်ငြိမ်တာပေါ့။ လူကြီးဆိုတော့လေ။ ကိုယ်က အောက်က ကလေးတွေ တင်လာတဲ့ စာရင်းကို နိုင်ငံတော်အဆင့် မှန်မမှန် စစ်ပြီး လက်မှတ်ထိုးရတာ။ ကိုယ့်ထက် ကလေးတွေက ပိုအလုပ်များတယ်။ ဘယ်တော့မှ ဂုဏ်ယူမပြောဘူး။ ကိုယ် တခွန်းခိုင်းရင် သူတို့မှာ အလုပ်တွေရှုပ်ရပြီ။ တာဝန်ကြီးပေမယ့်လို့ အဆုံးအဖြတ် ပေးတဲ့အခါပဲ တာဝန်ယူရတော့ အဆုံးအဖြတ် မမှားဖို့ဘဲ။ ဒီမှာကျတော့ ဒီလို မဟုတ်ဘူးလေ။ တကယ့်ကို အချိန်ရှားတာ။

မေး။     ။ အနားပေးခံရတဲ့ အပေါ်မှာ ဘယ်လိုကြောင့် အပေးခံခဲ့ရတာလဲ။ အပြင်မှ သတင်းတွေ မျိုးစုံထွက်နေတော့ ကာယကံရှင်ကပဲ အမှန်တရားတခု ပြောပေးပါလား။

ဖြေ။     ။ ဒီကိစ္စတွေကို ပြန်မပြောချင်တော့ဘူး။ စေတနာအမှားပေါ့။ တချို့သော သူတွေက ကိုယ့်စေတနာကို ကိုယ်ကျိုး သုံးခဲ့ကြတော့ ကိုယ်က ခံရတာပေါ့။ ဒီအပေါ် အာဃာတ မထားဘူး။ သမ္မတ ဘက်က ကြည့်တော့ မှန်တာပေါ့။ ကိုယ်စစ်ခဲ့တဲ့ စာရင်းတွေကို လွှတ်တော်က တဂျီဂျီ တောင်းခဲ့တယ်။ ဒါတွေက စစ်ပြီးသားတွေပဲလေ။ လွှတ်တော် ကလည်း ပေါ်လာခါစ ဆိုတော့ အလုပ်ကမရှိဘူး။ ဒီစာရင်းတွေ ရမှ ငွေစာရင်း ကော်မတီက အလုပ်လုပ်ရမှာ။ ဒီတော့ စစ်ပြီးသားတွေ ပေးလိုက်တယ်။ ဒါကို အစည်းအဝေးမှာ အသုံးချရမှာကို လွှတ်တော် ကိုယ်စားလှယ်တွေကို ဖြန့်လိုက်တယ်။ ကိုယ်က အဲဒီအချိန် အိန္ဒိယရောက်နေတာ။ ပြန်ရောက်တော့ သူငယ်ချင်း တင်အောင်မြင့်ဦးက ဘတ်ဂျက်ကိစ္စ ၀ိုင်းကူပေးဆိုလို့ ကူညီပေးနေတာ၊ ဘာမှမသိလိုက်ရဘူး။ နောက်ကျော ဓားနဲ့ အထိုးခံခဲ့ရတာပေါ့။

မေး။     ။ ဒီစာရင်းတွေက အစိုးရ ထိပ်ပိုင်းတာဝန်ရှိသူတွေကို တော်တော်လေး တုန်လှုပ်သွားစေတဲ့ စာရင်းတွေ ဖြစ်ခဲ့တယ်၊ ဒါတွေကြောင့် အပြောင်းအလဲတချို့ ဖြစ်ခဲ့တယ်လို့ ပြောနိုင်လား။

ဖြေ။     ။ တပ်မတော် တုန်းကလည်း ငွေစာရင်းကွာတာတွေ အများကြီးပဲ။ တပ်မတော် စစ်ဆေးရေး အရာရှိလည်း လုပ်ခဲ့တာကိုး။ နိုင်ငံတော် စာရင်းစစ်ချုပ်ဆိုတာ တပ်မတော် အောက်မှာ လုပ်ခဲ့ရတာကိုး။ အမုန်းခံပြီး ၀န်ကြီးတွေကို တွယ်ခဲ့ရတာ။ ပြည်သူတွေ မသိခဲ့ဘူး။ ကုန်ကုန်ပြောရရင် ၀န်ကြီး တော်တော်များများ ကတော့ ၀မ်းသာမှာပါ။ ဘာကြောင့်ဆို ကိုယ့်ကို တော်တော် မုန်းကြတာ။ ကိုယ်တွယ်ခဲ့တာ မနည်းဘူး။ စကားမပြောတဲ့ ၀န်ကြီးတွေ အများကြီးပဲ။ လက်ရှိ နေပြည်တော် ၀န်ကြီးချုပ်တို့၊ သတ္ထုတွင်းကတို့ ဆိုရင် စကားတောင် ပြောတာ မဟုတ်ဘူး။

မေး။     ။ ဦးလွန်းမောင်ရဲ့ အဖြစ်အပျက်ကို မှန်လွန်းလို့ ရွာပြင်အထုတ်ခံရတဲ့ အဖြစ်တခုလို့ မြင်မိလား။ အပြင်မှာ တချို့က အဲဒီလိုပဲ ပြောနေကြလို့ပါ။

ဖြေ။     ။ ကိုယ်မှန်တယ်လို့ မပြောပါဘူး။ ယူသော် ရ၏ပေါ့။ မှန်တယ်လည်း မပြောဘူး၊ မှားတယ်လည်း မပြောဘူး။ သုံးသပ်သူ အပေါ်မှာပဲ မူတည်တာပေါ့။ ပထမတော့ စိတ်မကောင်း ဖြစ်ရတာပေါ့။ နောက်တော့ နားချိန်တန်လို့ နားရတာ လို့ပဲ တွေးတယ်။ ဒီအပေါ် ဘာမှ စိတ်ထဲမထားတော့ဘူး။ မှန်တယ်ထင်ပြီး လုပ်ခဲ့လည်း တဘက်က ကိုယ့်ကိုမငဲ့တော့ ဘာမှ မပြောလိုပါဘူး။ အဓိက မငဲ့ခဲ့သူကတော့ သူရ ဦးရွှေမန်းပေါ့။ သူက ကိုယ့်နောက်ကျော ဓားနဲ့ ထိုးခဲ့သူပေါ့။ သူနဲ့က ဟိုးငယ်ငယ် ကတည်းက၊ ဗိုလ်လောင်းထဲက သူက ၁၁၊ ကိုယ်က ၁၂။ မိုးကောင်းမှာလည်း အတူတူ တာဝန်ကျခဲ့တာ။ သို့သော် ကိုယ်မြင်တာက သူတို့မှာ အာဏာအတွက် ဆန္ဒရှိနေသေးတယ်၊ ကိုယ်ကတော့ မရှိတော့ဘူး။ ဒါကြောင့် ဒီလိုနေနိုင်တာပေါ့။

မေး။     ။ အခု အဖြစ်အပျက်နဲ့ ပတ်သက်လို့ သမ္မတ အပေါ်မှာကော ဘယ်လိုမြင်လဲ။

ဖြေ။     ။ သူနားလည် ပါလိမ့်မယ်လေ၊ သူ့အပိုင်းတော့ သိပ်မပြောလိုပါဘူး။ သူလုပ်သင့်တယ် ထင်လို့ လုပ်ခဲ့တယ်လို့ပဲ မြင်ပါတယ်။ ကိုယ်ကတော့ ဘာမှ မပြောလိုတော့ပါဘူး။

မေး။     ။ နောက်လာမယ့် ရွေးကောက်ပွဲကျရင်ကော ပုံစံတခုအနေနဲ့ ၀င်လာဖို့ရှိသေးလား။ ပါတီနိုင်ငံရေး လုပ်ဦးမလား။

ဖြေ။     ။ မရှိဘူး။ စထွက်လာခဲ့ ကတည်းက စစ်စွပ်ကျယ်တောင် မ၀တ်တော့ဘူးလို့ ဆုံးဖြတ်ထားတာ။ တိုက်ပုံလည်း ဘယ်တော့မှ မ၀တ်တော့ဘူးလို့ ဆုံးဖြတ်ထားတယ်။ အလုပ်လုပ်တော့ စွပ်ကျယ်အဖြူက အပေတေ မခံလို့ စစ်စွပ်ကျယ် ၀တ်ဖြစ်တာ၊ နို့မို့ဆို ၀တ်ဖြစ်မှာ မဟုတ်ဘူး။

မေး။     ။ စစ်သား တယောက်ဘ၀ကို စိတ်နာခဲ့လို့လား။

ဖြေ။     ။ မရှိဘူး။ စိတ်လည်းမနာဘူး။ တခါတလေ စိတ်နာစရာတွေ ရှိခဲ့လည်း ချက်ချင်း ဖျောက်ပစ်တယ်။ ကိုယ်ဖြစ်ခဲ့တာ ၀ဋ်ရှိလို့ပေါ့။ ဘာမှ မပြောလိုပါဘူး။ သတင်းမှာ ပါလာမှ ကိုယ်ပါတယ် သိတာ။ ကြိုလည်း မသိခဲ့ဘူး။

မေး။     ။ နောက်ဆုံးမေးခွန်း အနေနဲ့ လက်ရှိပြောင်းလဲလာတဲ့ နိုင်ငံရေးအပေါ် ဘယ်လိုမြင်မိပါသလဲ။

ဖြေ။     ။ အကောင်း မြင်ပါတယ်။ ကောင်းတဲ့ဘက်ကို ဦးတည်တယ်လို့ပဲ မြင်တယ်။

ဦးလွန်းမောင်ကို ၎င်း၏ အောင်ပြည့်စုံ ထမင်းဆိုင်ကောင်တာတွင် ထိုင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

အေးချမ်းမွန် Credit & Copy From >ဧရာဝတီ< Thank For Your Post
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်
ဦးလွန်းမောင်ကို ၎င်း၏ အောင်ပြည့်စုံ ထမင်းဆိုင်ကောင်တာတွင် ထိုင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ဧရာဝတီ| May 20, 2013 |

၉ နှစ်တာမျှ နိုင်ငံတော် စာရင်းစစ်ချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ် အဖြစ် တာဝန်ထမ်းဆောင် ခဲ့ပြီး ယခုလက်ရှိ မွန်ပြည်နယ် ဘီးလင်းမြို့အဝင်တွင် အောင်ပြည့်စုံ အမည်ရှိ ထမင်းဆိုင်ကို ဦးစီးဖွင့်လှစ် လုပ်ကိုင်နေသည့် အငြိမ်းစား ဗိုလ်ချုပ် လွန်းမောင် (ယခု ဦးလွန်းမောင်) ၏ ပြည်ထောင်စု စာရင်းစစ်ချုပ် တာဝန်မှ အနားပေးခံခဲ့ရသော ဖြစ်ရပ်နှင့် ပတ်သက်၍ ဧရာဝတီ သတင်းထောက် မေခက သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

မေး။ ။ လက်ရှိရွေးချယ်ခဲ့တဲ့ ဘ၀က ဦးလွန်းမောင်အတွက် အံဝင်ခွင်ကျတဲ့ ဘ၀တခုလို့ ပြောလို့ရပါသလား။

ဖြေ။ ။ ကျနော်က ငယ်ငယ်ကတည်းက ဆင်းရဲခဲ့တဲ့ မိသားစုက ဆင်းသက်လာသူပါ။ ဒီအချိန်မှာ ငယ်ငယ်က ဘ၀ ကြမ်းသလောက် မကြမ်းပါဘူး၊ ပျော်ပါတယ်။ အံဝင်ခွင်ကျ ရှိတယ်ဆိုတာထက် လူတိုင်းက သူရတဲ့ ဘ၀မှာ နေပျော်နေဖို့ လိုပါတယ်။ အခုအချိန်မှာ ဒီအလုပ်အတွက် အချိန်တောင် မလောက်ပါဘူး။

မြန်မာ့ရုပ်ရှင်လောက၏ ဟောလီးဝုဒ် (သို့မဟုတ်) ပြင်ဦးလွင်မြို့

Photo: မြန်မာ့ရုပ်ရှင်လောက၏ ဟောလီးဝုဒ် (သို့မဟုတ်) ပြင်ဦးလွင်မြို့
  

ရာသီဥတုအေးချမ်းတဲ့ ပြင်ဦးလွင်မြို့ကို တော့ ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့တွေဟာ ပူအိုက်တဲ့နွေအပူဒဏ်ကိုရှောင်ရင်း ရုပ်ရှင်တွေ လာရောက်ရို က်ကူး လေ့ရှိပါတယ်။ ဒါ့အပြင် ဆောင်းတွင်းမှာ လည်း လာရောက်ရိုက်ကူးလေ့ရှိပြီး မိုး တွင်းမှသာရိုက်ကူးရေးအဖွဲ့တွေမရှိ တာပါ။ရုပ်ရှင် ရိုက်ကူးရေးအဖွဲ့ တွေရှိ နေတာကြောင့် ပြင်ဦးလွင်မြို့ကတော့ မြန်မာနိုင်ငံရဲ့ ဟောလီးဝုဒ် မြို့လေးလို့ ပြောရမှာပါ။ အဲဒီမြို့လေးရဲ့ ထူးခြားချက် ကတော့ ရုပ်ရှင်ရိုက်ကွင်းတည်နေတာ တွေ့လည်း သိပ်ပြီး ရပ်ကြည့်နေကြ တာမရှိဘဲ သူ့အလုပ်သူလုပ်ပြီးသွားလာနေကြတာ တွေ့ရပါတယ်။ အဲဒါကြောင့် လူအများဝိုင်းအုံ ရပ်ကြည့်နေရင် ရိုက်ကူးရေး ပိုင်းမှာ အချိန်ကြန့်ကြာပြီး အခက်အခဲ ရှိတတ်ပေမယ့် ပြင်ဦးလွင်မြို့မှာတော့ အဲဒီ အခက်အခဲတွေ မရှိဘဲ ရိုက် ကူးနိုင်တယ်လို့ ဒါရိုက်တာ တွေ က ပြောပါတယ်။ သရုပ် ဆောင်တွေအနေနဲ့လည်း ရာသီဥတု ပူအိုက်တဲ့အခါမှာ အိုက်တင်လုပ်ရတာ၊ မုဒ်သွင်း ရတာသူတို့အတွက် အခက် အခဲရှိတယ်လို့ပြောပြီး ပြင်ဦး လွင်မှာ လာရောက်ရိုက်ကူး တဲ့အခါမှာတော့ ရာသီဥတု က အေးချမ်းတာကြောင့် ရာ သီဥတုက သူတို့ရဲ့ ဇာတ် ကောင်စရိုက်ကိုပိုပြီးအထောက် အကူပြုတယ်လို့ဆိုကြပါတယ်။ ပြင်ဦးလွင်မြို့မှာတော့ ရုပ်ရှင် အဖွဲ့သားတွေဟာ မဟာအံ့ ထူးကံသာဘုရား၊ ပြင်ဦးလွင် ကန်တော်ကြီး၊ ပွဲကောက်ရေ တံခွန်၊သီရိမြိုင်ဟိုတယ်၊ .. စတဲ့မြို့ရဲ့ အထင်က ရနေရာ တွေမှာရိုက်ကွင်းတည်လေ့ ရှိပါတယ်။ဒါ့အပြင် ပြင်ဦး လွင်မြို့မှာ ရုပ်ရှင်အဖွဲ့သား တွေ ဟိုးတုန်းကတည်းကနေ အခုထိ စွဲစွဲ မြဲမြဲတည်း ခိုတဲ့မိုတယ်တစ်ခုရှိ ပါတယ်။အဲဒါကတော့ ဒေလီ ယာမိုတယ်ပါပဲ။ဘယ် ရုပ်ရှင် အဖွဲ့ပဲလာလာ နာမည် ကြီး မင်းသား၊မင်းသမီးကလွဲပြီး ကျန်တဲ့လူေ တွက ဒေလီယာ မှာတည်းကြပါတယ်။ ပြင်ဦး လွင်မှာတော့ သရုပ်ဆောင် တွေကသွားလာရတာ လွတ် လပ်မှုရှိတယ်လို့ ဆိုရမှာပါ။ တချို့သရုပ်ေ ဆာင်တွေဆို ပြင် ဦးလွင်ညဈေးမှာ လွတ်လပ်စွာ လာရောက် စားသောက်ကြ တာကိုလည်း တွေ့ရပါတယ်။ရုပ်ရှင်တွေတော်တော်များ များကို ပြင် ဦးလွင်မြို့မှာ ရုပ် ရှင်စတူဒီယိုတွေ လုပ်ချင်တဲ့ ဆန္ဒရှိလားဆိုတော့ အများစု ကမြန်မာပြည်ရဲ့ ဟောလီးဝုဒ် အဖြစ်လုပ်ချင်တယ်လို့ ဆိုကြ ပါတယ်။ သူတို့ရဲ့ လုပ်ချင်ရ တဲ့အဓိကအကြောင်းအရင်း က လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး ရိုက်ကူးရေး အတွက်လိုအပ်တဲ့ ပစ္စည်းတွေ ကို နာရီ ပိုင်းအတွင်း မန္တလေး မြို့ကြီးမှာရရှိနိုင်တာ ကြောင့် ဖြစ်သလို၊ ရာသီ ဥတု ကောင်းမွန် တာကြောင့် ရုပ်ရှင်စတူဒီယို တွေ လုပ်စေချင်တာလို့ဆိုပါ တယ်။ နာမည်ကြီး မင်းသား တချို့ကတော့ သူတို့ရဲ့ ပြင်ဦး လွင်က ခြံတွေကို ရုပ်ရှင်ရိုက် ကူးရေးတွေမှာ အသုံးပြုဖို့ စီစဉ်နေတာကိုလည်း တွေ့ရ ပါတယ်။ ပြင်ဦးလွင်မြို့ကိုတော့ ရုပ်ရှင်အဖွဲ့သားတွေဟာ ရိုက်ကူးရေးအဖြစ် ရောက် လာရင်တော့ ဗီဒီယိုဆို အနည်း ဆုံးနှစ်ကား၊သုံးကားလောက် ရိုက်ကူးကြပါတယ်။တစ်ကား တည်းနဲ့ပြင်ဦးလွင်ကိုလာတဲ့ သူ ရှားပါတယ်။ ဘာကြောင့် နှစ်ကား၊သုံးကားမှ တက်ဖြစ်လဲဆိုတော့ ရိုက်ကူးရေး စရိ တ်က ရန် ကုန်မှာထက် ပိုကုန်တာ ကြောင့် ပရိုဂျူဆာကကာမိ အောင် ကားများများ ရိုက်မှ ပြင်ဦးလွင်တက်လာလေ့ရှိ ပါတယ်။ရုပ်ရှင်ဗီဒီယို   ဈေးကွက် အခြေအနေအရ ဒီနှစ်မှာ တော့ အရင်နှစ်တွေ ထက်စာ ရင် ရုပ်ရှင်ရိုက်ကူး ရေးအဖွဲ့လာရောက်မှု နည်းပါးတာ ကို တွေ့ရပြီး နေ တိုး၊   ပြေတီ ဦး၊ အောင်ရဲ လင်း၊ လူမင်း၊စိုင်းစိုင်းခမ်းလှိုင်စတဲ့ နာမည်ကြီးမင်းသားတွေသာ လာရောက်ရိုက်ကူးတာ တွေ့ရ ပါတယ်။ရုပ်ရှင်၊ဗီဒီယိုေ ဈးကွက် အခြေအနေပြန်ကောင်းလာရင်၊  ရာသီဥတုကလည်း အရင်ထက် ပိုပူလာရင်တော့ ပြင်ဦးလွင် မြို့မှာရုပ်ရှင်အဖွဲ့သားတွေ အကုန် လုံး လာရောက်ရိုက်ကူးကြ၊ ရုပ် ရှင်စတူဒီယိုတွေလာရောက် ဆောက်ကြရင်တော့ပြင်ဦးလွင် မြို့ဟာမြန်မာ့ရုပ်ရှင် လောက သားတွေရဲ့ဟော လီးဝုဒ်လေး ဖြစ်နေတော့မှာသေချာပါ တယ်။

နေကွန်းထင်

အေးချမ်းမွန် Credit & Copy From >Popular Journal< Thank For Your Post
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်
ရာသီဥတုအေးချမ်းတဲ့ ပြင်ဦးလွင်မြို့ကို တော့ ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့တွေဟာ ပူအိုက်တဲ့နွေအပူဒဏ်ကိုရှောင်ရင်း ရုပ်ရှင်တွေ လာရောက်ရို က်ကူး လေ့ရှိပါတယ်။ ဒါ့အပြင် ဆောင်းတွင်းမှာ လည်း လာရောက်ရိုက်ကူးလေ့ရှိပြီး မိုး တွင်းမှသာရိုက်ကူးရေးအဖွဲ့တွေမရှိ တာပါ။ရုပ်ရှင် ရိုက်ကူးရေးအဖွဲ့ တွေရှိ နေတာကြောင့် ပြင်ဦးလွင်မြို့ကတော့ မြန်မာနိုင်ငံရဲ့ ဟောလီးဝုဒ် မြို့လေးလို့ ပြောရမှာပါ။ အဲဒီမြို့လေးရဲ့ ထူးခြားချက် ကတော့ ရုပ်ရှင်ရိုက်ကွင်းတည်နေတာ တွေ့လည်း သိပ်ပြီး ရပ်ကြည့်နေကြ တာမရှိဘဲ သူ့အလုပ်သူလုပ်ပြီးသွားလာနေကြတာ တွေ့ရပါတယ်။ အဲဒါကြောင့် လူအများဝိုင်းအုံ ရပ်ကြည့်နေရင် ရိုက်ကူးရေး ပိုင်းမှာ အချိန်ကြန့်ကြာပြီး အခက်အခဲ ရှိတတ်ပေမယ့် ပြင်ဦးလွင်မြို့မှာတော့ အဲဒီ အခက်အခဲတွေ မရှိဘဲ ရိုက် ကူးနိုင်တယ်လို့ ဒါရိုက်တာ တွေ က ပြောပါတယ်။

တရုတ်နဂါး၏ အရင်းအမြစ် ရှာပုံတော်

Photo: တရုတ်နဂါး၏ အရင်းအမြစ် ရှာပုံတော်

ရေးသားသူ- ရဲမိုး

၂၀၀၇ ခုနှစ် နွေရာသီတစ်ခုမှာ ပီရူးနိုင်ငံ၏ တောင်တစ်လုံးကို တရုတ် ကုမ္ပဏီတစ်ခုက ၀ယ်ယူခဲ့သည်။ ကမ္ဘာ့အမြင့်ဆုံး
ဧ၀ရတ်တောင်ကြီး၏ တစ်ဝက်ခန့်မြင့်မားသည့် တိုရိုမိုချိုတောင်ကြီးမှာ ကမ္ဘာပေါ်မှာ နောက်ဆုံးကျန်ရှိသည့်
ကြေးနီသိုက်ကြီးတစ်ခုရှိနေခဲ့သည်။ ညှိနှိုင်းဈေးဖြစ်သည့် အမေရိကန်ဒေါ်လာ သုံးဘီလီယံကို တရုတ်ကုမ္ပဏီ
ချင်နာကိုက ပေးချေပြီးသည့်အခါ တိုရိုမိုချိုတောင်ကြီးကို ပီရူးနိုင်ငံသားများ ဆုံးရှုံးလိုက်ရပါသည်။ တရုတ်နဂါး၏
အနာဂတ်အတွက် အရင်းအမြစ်ရှာဖွေစုဆောင်းမှုစီမံကိန်းကြီး၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်မှာရှိသည့် သဘာဝအရင်းအမြစ်များ ရှားပါးလာမှုနှင့် အနာဂတ် ပြဿနာကို
ရင်ဆိုင်ဖို့အတွက် စီးပွားရေးအရရော နိုင်ငံရေးအရပါ အပတ်တကုတ်ကြိုးပမ်းပြင်ဆင်မှုများ အပြုလုပ်နေဆုံး
နိုင်ငံဖြစ်သည်။ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ဓာတ်သတ္တုများအပါအ၀င် အစားအသောက်၊ သောက်သုံးရေနှင့် စိုက်ပျိုး
မြေများအထိ အနာဂတ်နှစ်ပေါင်းများစွာမှာ လုံခြုံစေဖို့အတွက် တရုတ်တို့ ပြင်ဆင်နေကြသည်။

လျှပ်စစ်လုပ်ငန်းများအတွက် ၀ိုင်ယာနှင့် ကေဘယ်လ်ကြိုးများ၊ အပူအအေးပေးစနစ်များအတွက် ပိုက်လိုင်းများ၊
ရေခဲသေတ္တာ၊ အ၀တ်လျှော်စက်များမှစ၍ မိုဘိုင်းဖုန်းများနှင့် စက်မှုလုပ်ငန်းအသီးသီးမှာ မရှိမဖြစ်အရေးပါသည့်
“ကြေးနီ”ကတော့ တရုတ်တို့ ရှာဖွေစုဆောင်းနေသည့် မဟာဗျူဟာမြောက် အရင်းအမြစ်တစ်ခုဖြစ်သည်။

တရုတ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူလတ်တန်းစားအရေအတွက် အဆမတန်များပြားလာမှုကြောင့်
တရုတ်တို့၏ ဇိမ်ခံဘ၀များမှာ ကြေးနီက အရေးပါလာ သလို နိုင်ငံတကာကို သူတို့တင်ပို့ ရောင်းချသည့်
ကုန်ပစ္စည်းများမှာလည်း ကြေးနီသုံးစွဲမှုမှာ တစ်ကမ္ဘာ လုံးသုံးစွဲမှု၏ ၂၃ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၂၀၁၀ ပြည့်နှစ်မှာ ၄၁
ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ တကယ်တော့ တရုတ်နိုင်ငံသည် ကြေးနီထွက်သည့် နိုင်ငံတစ်ခုဖြစ်ပါသည်။

ကမ္ဘာပေါ်မှာရှိသည့် မတူးဖော်ရသေးသော ကြေးနီသိုက်များ၏ ၆ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံတွင် ရှိနေသည်။ သို့သော်
တစ်နှစ် လျှင် ကြေးနီသုံးစွဲမှုနှုန်း ၆ ရာခိုင်နှုန်း မှန်မှန်တက်လာနေသည့် တရုတ်၏ လိုအပ်ဆနအတွက်တော့ ဆင့်ပါး
စပ်နှမ်းပက်သလိုပါ။

အမေရိကန် ပြည်ထောင်စုလယ်ယာစိုက်ပျိုးရေးဌာန၏ “သက္က ရာဇ် ၂၀၂၀ အနာဂတ်ကမ္ဘာ့ကုန်ပစ္စည်းများ
ဟန်ချက်မညီမျှမှု” စစ်တမ်းအရ လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့ကြေးနီ လိုအပ်ချက်သည် ထုတ်လုပ်
နိုင်သည့်အားထက် တစ်ဆပိုများလာမည် ဖြစ်သည်။ ယခုတွေ့ရှိချက်ကို တရုတ်တို့ ဖတ်ရှုပြီးဖြစ်သည်မှာ သံသယဖြစ်စရာမလိုပါ။

တရုတ်နိုင်ငံမှာ ကြေးနီအပြင် အခြားဖိအားများစွာရှိသည်။ မြို့ကြီးပြကြီးများ ထွန်းကားလာမှုကလည်း
စိန်ခေါ်မှုတစ်ခုဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်တုန်းကပင် တရုတ်နိုင်ငံမှာ လူဦးရေတစ်သန်းကျော်သည့် မြို့ကြီးပေါင်း ၄၀
ရှိနေခဲ့သည်။ လာမည့် ၂၀၂၀ မှာတော့ လူဦး ရေတစ်သန်းကျော်ရှိသည့် မြို့ကြီးပေါင်း ၂၂၅ မြို့အထိ ရှိလာမည်ဟု
ရည်မှန်းကြသည်။ မက်ဂင်ဆေးဂလိုဘယ်လ် အင်စတီကျူဒ် အဖွဲ့ကြီး၏ ခန့်မှန်းချက်က ၂၀၁၅ ခုနှစ်မှာ တရုတ်နိုင်ငံ
လူဦးရေစုစု ပေါင်း၏ ၆၄ ရာခိုင်နှုန်းဖြစ်သည့်သန်း ၄၀၀ သော ပြည်သူများသည် မြို့ကြီးများတွင် နေထိုင်ကြမည်ဟု
ဆိုသည်။ စွမ်းအင်နှင့် အခြားလိုအပ်ချက်များအပြင် အစားအသောက်အတွက်ပါ တရုတ်တို့ အပတ်တကုတ်
ပြင်ဆင်လာကြသည်။

မြို့ပြဖွံ့ဖြိုးလာမှုနှင့် စက်မှုလုပ်ငန်းများက စိုက်ပျိုးမြေဧကများကို လျော့နည်းလာစေမှုကြောင့် အစားအသောက်
ပြဿနာကို ရေရှည်ဖြေရှင်းဖို့အတွက် တရုတ်တို့ကြိုးပမ်းနေကြသည်။

ကမ္ဘာကြီး၏ မျက်နှာပြင်မှာ ၂၉ ရာခိုင်နှုန်းကသာ မြေမျက်နှာပြင်ဖြစ်ပြီး ထိုမြေမျက်နှာပြင်၏ ၁၁ ရာခိုင်နှုန်းကသာ
စိုက်ပျိုးနိုင်သောမြေ ဖြစ်သည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ ကြီးကဆိုသည်။ လူဦးရေအဆမတန်များပြားလာမှုက
စားနပ်ရိက္ခာ လိုအပ်ချက်ကို ကြီးမားသည့်ဖိအား ဖြစ်လာသည့်အနက် တရုတ်နိုင်ငံ က အဆိုးရွားဆုံးဖြစ်ပါသည်။ ၁
ဒသမ ၃ ဘီလီယံလူဦးရေရှိသည့် တရုတ်နိုင်ငံ၏ မြေမျက်နှာပြင်မှာ ၁၂ ရာခိုင်နှုန်းသာ စိုက်ပျိုးနိုင်သည့် မြေဖြစ်ပါသည်။

လူဦးရေမတိမ်းမ ယိမ်းရှိလာနေသည့် အိန္ဒိယနိုင်ငံ သည် စိုက်ပျိုးနိုင်သည့် မြေ ၅၀ ရာခိုင်နှုန်းကျော်ရှိသည့်အတွက်
တရုတ်ထက်အပြတ်အသတ်သာသည်။

ထို့အပြင် တရုတ်နိုင်ငံသည် အကြောင်းအမျိုးမျိုးကြောင့် တစ်နှစ်ကို စိုက်ပျိုးမြေဟက်တာပေါင်းတစ်သန်းခန့်
ဆုံးရှုံးနေသည့် ပြဿနာနှင့်လည်း ရင်ဆိုင်နေရသည်။ မိမိနိုင်ငံမှာ စားနပ်ရိက္ခာကို လုံလောက်အောင်
မထုတ်နိုင်သည့်အတွက် ကမ္ဘာတစ်ဝန်းမှာ မြေယာများကို ၀ယ်ယူငှားရမ်းဖို့အတွက် တရုတ်တို့
ကြိုးပမ်းခဲ့ကြသည်။ ကွန်ဂို၊ မိုဇမ်းဘစ်၊ တန်ဇန်းနီးယား၊ ဇင်ဘာတွေစသည့် အာဖရိကတိုက်နိုင်ငံများ အပါအ၀င်
တောင်အမေရိကတိုက်အထိ နှစ်ရှည်မြေ၀ယ်ယူငှားရမ်းမှုများ ပြုလုပ်ခဲ့ကြသည်။

တရုတ်တို့၏ စိုးရိမ်ပူပန်မှုမှာ စားနပ်ရိက္ခာအပြင် ရေကလည်း အဓိကကျသည်။ တရုတ်နိုင်ငံရှိ မြစ်များနှင့်
ရေအရင်းအမြစ်များတည်ရှိမှုမှာ တကယ်လိုအပ်သည့်နေရာ များနှင့် ကွာဟမှုများရှိနေသည်။ လွန်ခဲ့သည့် ၂၀၀၅ ခုနှစ်က
တရုတ် နိုင်ငံ၏ မြို့ကြီးပေါင်း ၆၆၉ မြို့၏ ၆၀ ရာခိုင်နှုန်းသည် ရေပြတ်တောက်မှုနှင့် ကြုံခဲ့ရဖူးသည်။ နိုင်ငံတကာရေ
အရင်းအမြစ်ပညာရှင်များက ရေသည် ကမ္ဘာ့အနာဂတ်ပဋိပက္ခများအတွက် အဓိကကျသည့် အကြောင်း
တရားတစ်ခုဖြစ်လာမည်ဟု ခန့်မှန်းလာကြသည်။

သဘာဝအရင်းအမြစ်များကို အပြင်းအထန်လိုအပ်နေသည့် တရုတ်နိုင်ငံ၏ အိမ်နီးနားချင်းအနေဖြင့်
ကျွန်တော်တို့အတွက် အ ကောင်းအဆိုးဒွန်တွဲသည့် အနာဂတ်တည်ရှိနေသည်။ စနစ်ကျမှန်ကန်သည့်
နိုင်ငံခြားရေးမူဝါဒနှင့် ပွင့်လင်းမြင်သာသည့် သဘာဝအ ရင်းအမြစ်စီမံခန့်ခွဲမှုတို့ လိုအပ်သည်။ မည်သည့်အခါမျှ ပြည်သူ
လူထုကို အစီရင်မခံခဲ့သည့် အစိုးရဟောင်းများ၏ သဘာဝအရင်းအ မြစ်ရောင်းချမှုများက မြန်မာ့လူ့အဖွဲ့အစည်းတွင်
နှစ်ရှည်ဆိုးမွေများ ချန်ရစ်ခဲ့ပြီ ဖြစ်သည်။ အိမ်နီးချင်းဆက်ဆံရေး မပျက်ပြယ်ဘဲ ကိုယ့်နိုင်ငံ၏ အရင်းအမြစ်များကို နောင်
အနာဂတ်မျိုးဆက်များအတွက် ချန်ထားရစ်နိုင်ဖို့ ကြိုးပမ်းကြရ မည်။ နိုင်ငံတစ်နိုင်ငံ၏ သဘာဝ အ
ရင်းအမြစ်များသည် လက်ရှိမျိုး ဆက်တစ်ခုတည်းနှင့်သာ သက်ဆိုင် သည်မဟုတ်ဘဲ အနာဂတ်မျိုးဆက် များပါ
ပိုင်ဆိုင်ကြောင်း အားလုံးအသိအမှတ်ပြုဖို့ လိုအပ်သည်။

ကျွန်တော်တို့အိမ်၏ ကပ်လျက်အိမ်နီးချင်းသည် ဆာလောင်မွတ်သိပ်နေသော နဂါးကြီးတစ်ကောင်ဖြစ်သည်ကို
သတိရဖို့လိုအပ်ပါသည်။

အေးချမ်းမွန် Credit & Copy From >7Day News Journal< Thank For Your Post
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်
ရေးသားသူ- ရဲမိုး

၂၀၀၇ ခုနှစ် နွေရာသီတစ်ခုမှာ ပီရူးနိုင်ငံ၏ တောင်တစ်လုံးကို တရုတ် ကုမ္ပဏီတစ်ခုက ၀ယ်ယူခဲ့သည်။ ကမ္ဘာ့အမြင့်ဆုံး
ဧ၀ရတ်တောင်ကြီး၏ တစ်ဝက်ခန့်မြင့်မားသည့် တိုရိုမိုချိုတောင်ကြီးမှာ ကမ္ဘာပေါ်မှာ နောက်ဆုံးကျန်ရှိသည့်
ကြေးနီသိုက်ကြီးတစ်ခုရှိနေခဲ့သည်။ ညှိနှိုင်းဈေးဖြစ်သည့် အမေရိကန်ဒေါ်လာ သုံးဘီလီယံကို တရုတ်ကုမ္ပဏီ
ချင်နာကိုက ပေးချေပြီးသည့်အခါ တိုရိုမိုချိုတောင်ကြီးကို ပီရူးနိုင်ငံသားများ ဆုံးရှုံးလိုက်ရပါသည်။ တရုတ်နဂါး၏
အနာဂတ်အတွက် အရင်းအမြစ်ရှာဖွေစုဆောင်းမှုစီမံကိန်းကြီး၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။

ဘာမြူဒါ တြိဂံ




Bermuda_Triangle

 ဘာမြူဒါ တြိဂံ (Bermuda Triangle) သည် အတ္တလန်တစ် (Atlantic) သမုဒ္ဒရာ၏ အနောက်မြောက်အရပ်တွင် တည်ရှိသော နေရာတဝိုက်ဖြစ်ပြီး ထိုနေရာမှာ သင်္ဘော၊ လေယာဉ်များ ပျောက်ဆုံးသွားသည်ဟု နာမည်ကြီးသော နေရာဖြစ်သည်။ ဘာမြူဒါ တြိဂံဟု ခေါ်ရခြင်းမှာ ထိုနေရာတည်နေပုံသည် တြိဂံပုံထွက်နေသောကြောင့်ဖြစ်သည်။ အကြမ်းဖျင်း အားဖြင့် မက္ကဆီကို ပင်လယ်ကွေ့၊ ဖလော်ရီဒါ ပြည်နယ်၏ အစွန်းနှင့် ကာရီဘီယံကျွန်းများ အနီးတစ်ဝိုက်ဖြစ်သည်။

ထိုနေရာကို သတိထားမိပြီး ပထမဆုံး မှတ်တမ်းတင်ခဲ့သည်မှာ ခရစ်စတိုဖာ ကိုလမ်ဘက်စ် (Christopher Columbus) ဖြစ်သည်။ ၁၄၉၂ အောက်တိုဘာ ၁၁ ရက်နေ့တွင် မိုးကုတ်စက်ဝိုင်းမှ ထူးဆန်းသည့် အလင်းရောင်များကို တွေ့ရှိခဲ့သည်။ မိုးကောင်းကင်တွင် မီးများ တောက်နေသကဲ့သို့ တွေ့ရသည်ဟု သူ၏စာအုပ်တွင် ရေးသားခဲ့ခြင်းဖြစ်သည်။ မည်သည့်အတွက်ကြောင့် ထိုသို့ဖြစ်ရသည်ကို မည်သူမျှ အသေအချာမသိသေးပါ။

Sunday 19 May 2013

အိပ်မက်စာမေးပွဲ (မင်းလူ)

Photo: အိပ်မက်စာမေးပွဲ (မင်းလူ)
===============

ဒီနေ့ည ဘယ်လိုအိပ်မက်မျိုးမက်လိမ့်မည်ဟု ဘယ်သူမှ ကြိုတင်သိနိုင်လိမ့်မည် မဟုတ်ချေ။ 
လူ့အခွင့်အရေးကို အချိုးဖောက်ဆုံး၊ အပိတ်ပင်ဆုံးအရာမှာ အိပ်မက်ပင်ဖြစ်၏။ လူတို့အနေဖြင့် 
ကိုယ်မက်ချင်သော အိပ်မက်ကို မက်ခွင့်မရှိ။ မမက်ချင်သော အိပ်မက်မျိုးကိုလည်း မမက်ဘဲ
နေချင်လို့မရ။ အိပ်မက်ဆိုသည်မှာ ရုပ်မြင်သံကြားတို့၊ ရေဒီယိုတို့လို နောက်တစ်နေ့ အစီအစဉ်ဆိုပြီး 
ကြိုတင်ကြော်ငြာထားတာမျိုးလည်း မဟုတ်။ သူ့ဘာသာ မက်ချင်သည့်နေ့မှာ မက်ချင်တာမက်တာမျိုး
ဖြစ်၏။ အိပ်မက်ကို တားဆီးနိုင်သည့် နည်းလမ်းတစ်ခုပဲ ရှိသည်။ မအိပ်ဘဲနေဖို့ပင် ဖြစ်ပါသည်။

သို့ရာတွင် လူတို့သည် မအိပ်ဘဲနေလို့ရသော အမျိုးမဟုတ်သဖြင့် အိပ်မက်နှင့် ကင်းကင်းရှင်းရှင်းနေလို့ 
မဖြစ်နိုင်ချေ။ ဒါဆိုလျှင် လူတွေမက်နေကြသော အိပ်မက်များသည် ဘယ်ကလာသနည်း။ ဘယ်သူတွေက 
စီစဉ်တင်ဆက်နေကြသနည်း။ ပုဂ္ဂိုလ်တစ်ယောက်ယောက်ကသာ တာဝန်ယူ ဆောင်ရွက်နေတာမျိုးဆိုလျှင် 
တော်တော် ဦးနှောက်စားရပေလိမ့်မည်။ ကမ္ဘာပေါ်ရှိ လူသန်းပေါင်းများစွာတို့အတွက် အိပ်မက်ပရိုဂရမ်တွေ 
ရေးဆွဲဖို့ အမျိုးပေါင်း ထောင်နှင့်ချီသော ဘာသာစကားများဖြင့် ထုတ်လွှင့်ပေးဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။ 
တချို့လူများမှာ တစ်ညတည်း အိပ်မက်သုံးလေးခု မက်တာလည်း ရှိသေးသည်။

တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်က အိပ်မက်ပေးပြီး နှိုးဆော်တတ်သည် ဆိုသော အယူအဆရှိခဲ့သည်။ 
ထူးခြားတိုက်ဆိုင်မှုတွေ ကြားဖူးသဖြင့် မဟုတ်နိုင်ဘူးဟုလည်း မငြင်းလို၊ ဟုတ်ပါတယ်ဟူ၍လည်း 
မထောက်ခံနိုင်။ ဒါမျိုးကိုတော့ ချွင်းချက်ထားရပေတော့မည်။ ယေဘုယျအားဖြင့် အိပ်မက်တွေကို 
စီစဉ်တင်ဆက်နေသူမှာ လူတို့၏ မသိစိတ်ပင် ဖြစ်၏။ လူတွေ အိပ်ပျော်သွားသည့်တိုင် 
ဇီဝလှုပ်ရှားမှုကတော့ မရပ်ဘဲ လှုပ်ရှားနေသည်။ သွေးလှည့်ပတ်မှုကလည်း ဆက်လက်ရှိနေသည်။ 
ဦးနှောက်ဆီသို့လည်း သွေးရောက်ရှိသည်။ ထိုအချိန်သည် သိစိတ်နှင့် မသိစိတ်တို့ ဂျူတီချိန်းသည့်
အချိန်ပင် ဖြစ်၏။ သိစိတ်က အနားယူပြီး မသိစိတ်က ထိုအခါကျမှ အလုပ်လုပ်ဟန်တူသည်။

သိစိတ်သည် လူတို့နိုးထနေသည့်အချိန်တွင် အလုပ်လုပ်ရခြင်းဖြစ်သဖြင့် အာရုံငါးပါးစလုံး၏ ရိုက်ခတ်မှု
အပေါ် တုံ့ပြန်ရသည်။ ထို့ကြောင့် သိစိတ်၏ သဘောသဘာဝက ထွေပြားသည်။ မြင်သမျှ၊ ကြားသမျှ၊ 
ဆိုင်တာတွေရော၊ မဆိုင်တာပါ ထွေပြားစွာ ဆက်ဆံရသည်။ အရေးကြီးသော အချက်အလက်တွေကို 
မမှတ်မိလိုက်တာမျိုး၊ ဘာမဟုတ်တာလေးကို စွဲစွဲမြဲမြဲ မှတ်သားမိတာမျိုး ဖြစ်တတ်သည်။ ဒါတွေကို 
ညအိပ်ပျော်ပြီဆိုမှ မသိစိတ်က အေးအေးဆေးဆေး ပြန်လည် စိစစ်ရဟန်တူသည်။ ဦးနှောက်၏ 
မှတ်ဥာဏ်ကဏ္ဍတွင် တစ်နေ့လုံး သောင်းပြောင်း ရောမှတ်ထားတာတွေကို ခွဲခြမ်းစိတ်ဖြာပြီး 
မှတ်သင့်တာမှတ်၊ ပယ်သင့်တာပယ် လုပ်ပုံရသည်။

သို့တိုင်အောင် သိစိတ်နှင့် မသိစိတ်တို့သည် ကွန်ပျူတာက ခလုတ်တွေလို သီးခြားဆားကစ်တွေ 
မဟုတ်ကြသဖြင့် လုပ်ငန်းချင်း လုံးဝစည်းခြားလို့ မရနိုင်ချေ။ တစ်ခါတစ်ရံ တစ်ဦးအလုပ်ကို တစ်ဦးက 
ဝင်ရှုပ်ချင် ရှုပ်တတ်သည်။ ထိုအချိန်သည် အိပ်မက်များ ဖြစ်ပေါ်လာသောအချိန်ပင်ဖြစ်၏။ တစ်ခါတစ်ရံ 
လူတို့အိပ်ပျော်နေစဉ် ရာသီဥတုကြောင့်ဖြစ်စေ သွေးလှည့်ပတ်မှု အပြောင်းအလဲ ဖြစ်တတ်သည်။ ထိုအခါ 
ဦးနှောက်၏ မှတ်ဥာဏ်အပိုင်းကို သွားနှိုးဆွချင် ဆွတတ်သည်။ သိစိတ်က အိပ်ပျော်နေသဖြင့် 
မှတ်သားထားသော အချက်အလက်များသည် အစီအစဉ်တကျ ပေါ်လာခြင်းတော့ မဟုတ်။ ဟိုတစ်စ 
ဒီတစ်စပေါင်းစပ်ပြီး ဆောင်းတွင်းအိပ်မက် ကယောက်ကယက်တွေ ဖြစ်လာသည်။

တစ်ခါတလေကျတော့ အကြောင်းတစ်ခုခုကြောင့် သိစိတ်သည် နိုးတစ်ဝက် အခြေအနေကို 
ရောက်လာသည်။ လုံးဝ နိုးထခြင်းလည်း မရှိသေးသဖြင့် သိစိတ်၏ စိတ်ကူးစိတ်သန်းများသည် 
အိပ်မက်များ ဖြစ်လာကြပြန်သည်။ လူတို့အတွက် အိပ်မက်များ လိုအပ်သည်ဟု ပညာရှင်များက 
ဆိုကြသည်။ လက်တွေ့ဘဝ၏ အလိုမပြည့်မှုများကို အိပ်မက်ထဲတွင် ဖြည့်စွမ်းပေးဖြင်းဖြင့် စိတ်ဖိစီးမှုများမှ 
အခိုက်အတန့် သက်သာရာရစေသည်။ ညစဉ်ညတိုင်း အိပ်မက်ပေါင်းများစွာ ဆက်တိုက် မက်တတ်သူမျိုး
ကျတော့လည်း စိတ်လှုပ်ရှားမှု များလွန်းသူဟု ဆိုနိုင်သည်။

အမျိုးအစားတူသော အိပ်မက်မျိုးကို မကြာခဏ မက်တတ်ခြင်းသည် ရောဂါတစ်ခုခု ရနေခြင်းနှင့် ဆိုင်သည်ဟု 
ဆို၏။ ဥပမာ.... ရေနစ်ပြီး မွန်းနေတာမျိုး၊ အလွန်ကျဉ်းမြောင်းသော လိုဏ်ခေါင်းတို့၊ အခန်းတို့လို နေရာမျိုးကို 
ရောက်ပြီး အသက်ရှူကျပ်နေသည့် အိပ်မက်မျိုး ခဏခဏမက်လျှင် အဆုတ်စသော အသက်ရှူခြင်းနှင့် ဆိုင်သည့် 
ရောဂါတစ်ခုခု ရှိနိုင်သည်။ တိုက်အမြင့်ကြီးပေါ် တက်ရတာ၊ ချောက်ကမ်းပါးမှ ပြုတ်ကျလုလု 
ဖြစ်ရတာ၊ အသည်းတယားယား၊ ရင်တဖိုဖို ဖြစ်ပြီး မောပန်းရတာမျိုး မြင်မက်လျှင် နှလုံးရောဂါဖြစ်နိုင်သည်ဟု 
ဆိုသည်။ တစ်ခါတစ်ခါမှာတော့ သိစိတ်နှင့် မသိစိတ်တို့ ပဋိပက္ခ ဖြစ်တတ်ကြသည်။ မသိစိတ်က သူစွဲလန်းခဲ့သော 
အကြောင်းအရာတစ်ခုကို အိပ်မက်အဖြစ် အကောင်အထည်ဖော်နေစဉ်မှာ သိစိတ်က လက်မခံဘဲ ကန့်ကွက်ဖို့ 
ကြိုးစားရာမှ ဖျတ်ခနဲ လန့်နိုးရတာမျိုး ဖြစ်တတ်သည်။

ဘာပဲဖြစ်ဖြစ် လူတို့သည် အိပ်မက်ကို လိုသလို ဆွဲယူနိုင်စွမ်း မရှိသဖြင့် ကိုယ့်ဦးနှောက်ကို ကိုယ် မပိုင်နိုင်ကြောင်း 
သိသာလှသည်။ တိရစ္ဆာန်တွေကကော အိပ်မက်မက်ကြသလားဟု သိချင်သည်။ အချို့သော တိရစ္ဆာန်တွေမှာလည်း 
အဆင့်အတန်းမနိမ့်လှသည့် ဦးနှောက်များရှိနေသဖြင့် သိစိတ် မသိစိတ် ဆိုတာတွေ ပါချင်ပါနေမည်။ ထိုအခါ 
သူတို့သည်လည်း စိတ်ကူးယဉ်ချင်ယဉ်ကြမည်။ တစ်ဘက်ခြံက ခွေးမလေးကို သဘောကျနေမိတာမျိုး၊ နေ့လည်က 
လူတွေ စားသောက်တာမြင်ပြီး သွားရည်ယိုမိတာမျိုး ရှိချင်ရှိမည်။ ညအိပ်တော့မှ ခွေးမလေးနှင့် အဆင်ပြေတာမျိုး၊ 
ကြက်ပေါင်ကြီး ကိုက်ရတာမျိုး အိပ်မက်မက်ကောင်း မက်နိုင်သည်။ တစ်ခါတလေ ခွေးတွေ ငိုက်မြည်း 
အိပ်ပျော်နေရာမှ ဆတ်ခနဲ ခေါင်းထောင်ပြီး မဆီမဆိုင် ထဟောင်တာ၊ အူတာမျိုး တွေ့ဖူးသည်။

ထားပါတော့။ ကိုယ်လည်း ခွေးမဖြစ်ဖူးသဖြင့် တိတိကျကျတော့ မပြောနိုင်။ ကျွန်တော် မက်ဖူးသော 
အိပ်မက်များ အကြောင်းကိုသာ ပြောတာ ကောင်းလိမ့်မည်။ ကျွန်တော် အရင်က မကြာခဏ မက်လေ့ရှိသည့် 
အိပ်မက်မှာ ဖိနပ်ပျောက်သည့်အကြောင်း ဖြစ်၏။ အလှူအိမ်လို နေရာမျိုးမှ ပြန်အထွက်မှာ ဖိနပ်ရှာလို့ မရတာမျိုး၊ 
ရုပ်ရှင်ကြည့်နေတုန်း ဖိနပ်တစ်ဖက် ပျောက်သွားတာမျိုးတွေ ဖြစ်၏။ တစ်ခါတလေကျတော့ ဖိနပ်မပါဘဲ 
လူတွေကြားထဲ ရောက်နေတာ၊ ဈေးထဲမှာ ဖိနပ်ဆိုင် လိုက်ရှာတော့ တစ်ဈေးလုံး ငါးသည်တွေချည်း ဖြစ်နေတာ၊ 
ဖိနပ်ဝယ်ပြီး ပြန်ထွက်လာတော့မှ စီးနေကျ ညှပ်ဖိနပ် မဟုတ်ဘဲ စစ်ဖိနပ်ကြီး ဖြစ်နေတာ စသည်ဖြင့် မက်လေ့ရှိ၏။ 
ဒါဆိုလျှင် ကျွန်တော့်မှာ စိတ်ဖိစီးမှု တစ်ခုခု ရှိခဲ့ပေလိမ့်မည်။ ခုနောက်ပိုင်း ဒီလို အိပ်မက်မျိုး မမက်တော့သဖြင့် 
တော်သေးသည်။

ကျွန်တော်သည် ဦးနှောက်နှင့်တွေးရသည့် စိတ်အလုပ်များသောကြောင့်လား မသိ၊ ညတိုင်းလိုလို 
အိပ်မက်တစ်ခုမဟုတ် တစ်ခု မက်လေ့ရှိသည်။ အနည်းဆုံး ဘာမှန်းမသိသည့် နိုးလာလျှင် ပြန်မမှတ်မိသည့် 
အိပ်မက်အတိုအစလေး တစ်ခုလောက်ဖြစ်ဖြစ်တော့ မက်လေ့ရှိ၏။ ပြီးတော့ ကျွန်တော်၏ အိပ်မက်များသည် 
ရိုးရိုးစင်းစင်း ဖြစ်လေ့မရှိ။ ထူးဆန်းသလိုလို၊ ကြောင်တောင်တောင် နိုင်သလိုတွေသာ များသည်။ အိပ်မက်ကို 
အတိတ်ကောက်တတ်သူများ အနေနှင့် ကျွန်တော့် အိပ်မက်တွေကို ကောက်ကြည့်လျှင် ရွာလည်သွားနိုင်သည်။

အိပ်မက်ထဲမှာ နိုင်ငံခြားကို ကျွန်တော် သွားရသည်။ ဘယ်နိုင်ငံကို သွားရတာလဲ၊ ဘာအတွက်လဲ ဆိုတာတော့ 
မသိ။ ဘောင်းဘီတွေ၊ ကုတ်တွေနှင့်တော့မဟုတ်။ လုံချည်နဲ့ပဲဖြစ်၏။ လေယာဉ်ပျံပေါ် တက်ပြီး ထိုင်မယ်လုပ်တော့ 
ထိုင်ခုံတွေက ဆိုဖာမဟုတ်။ မီးရထားရိုးရိုးတန်းတွဲကလို သစ်သားထိုင်ခုံတွေ ဖြစ်၏။ လေယာဉ်က ပြေးလမ်းပေါ်မှာ 
အရှိန်ယူပြီးနောက် လေထဲသို့ ထိုးဖောက်ပျံတက် မသွားချေ။ ပြေးလမ်းဆုံးတော့ ကတ္တရာလမ်းပေါ် ရောက်လာသည်။ 
နောက်တော့ ရန်ကုန်မြို့ထဲက ကားတွေကြားမှာ သွားနေသည်။ ပြီးတော့ မြို့ပြင်ရောက်လာသည်။ 
သစ်တောအုပ်တွေကိုလည်း ဖြတ်ရသည်။ တောင်ပေါ်လမ်းတွေကိုလည်း ကွေ့ကွေ့ကောက်ကောက် တက်ရသည်။ 
ဒီလိုနှင့် နိုင်ငံခြားဆိုတာကို မရောက်ခင် လန့်နိုးလာလေတော့သည်။

အိပ်မက်တွေဟာ ကာလာရောင်စုံနှင့်လား၊ အဖြူအမည်း (ဘလက်အင်ဝှိုက်)လားဟု သူငယ်ချင်းတစ်ယောက်ကို 
ကျွန်တော် မေးဖူးသည်။ သူသည် အတန်ကြာအောင် မျက်မှောက်ကုပ်၍ စဉ်းစားနေပြီးမှ “ကာလာနဲ့လို့တော့ 
ထင်တာပဲကွ။ တစ်ခါတလေ အိပ်မက်ထဲမှာ အင်္ကျီအပြာနဲ့ ကောင်မလေးတို့၊ အနီရောင်အိမ်ကြီးတို့ ပါတတ်တာကိုး၊ 
ဒါပေမယ့် ကိုယ့်စိတ်က အနီရောင်၊ အပြာရောင် စသည်ဖြင့် သတ်မှတ်မိတာလည်း ဖြစ်ချင်ဖြစ်မယ်။ သိပ်တော့ 
မသေချာဘူးကွ။ ဒီတစ်ခါ အိပ်မက်မက်မှပဲ သတိထားကြည့်ရမှာပဲ”ဟု ပြန်ပြောသည်။  နောက်တစ်ခါ တွေ့ကြတော့ 
“ဟေ့ကောင်၊ မင်း အိပ်မက်မက်သေးလား။ ကာလာလား၊ ဘလက်အင်ဝှိုက်လား” ဟု မေးသောအခါ သူက 
စိတ်ရှုပ်ဟန်ဖြင့် “ပြောရခက်တယ်ကွ” ဟူ၍သာ ဖြေသည်။

ငွေနှင့် ပတ်သက်သောအိပ်မက်မျိုးတွေလည်း မက်ဖူးသည်။ အိပ်မက်ထဲတွင် ဝမ်းထဲက ရစ်ပြီးနာသဖြင့် 
အိမ်သာတက်သည်။ ငုံ့ကြည့်လိုက်သောအခါ မစင်တွေအစား ငွေစက္ကူတွေ ထွက်ကျလာသည်ကို တွေ့ရ၏။ 
ကျွန်တော့်မိန်းမကတော့ “ဒါလာဘ်ကောင်းတယ်၊ ငွေဝင်လိမ့်မယ်” လို့လည်း ပြောသည်။ ဘာမှ ထူးခြားပြီး 
ငွေရပေါက်ကြုံတာမျိုးတော့ မရှိခဲ့။ ဟိုအရင် အကြွေတွေ သုံးနေကြသည့် အချိန်က မက်သော အိပ်မက်ကတော့ 
ဘတ်စ်ကားပေါ်တက်ပြီး ကားခပေးဖို့ ငါးမူးစေ့ကို ထုတ်လိုက်သောအခါ ပိုက်ဆံမှာ အပြားအဝိုင်း မဟုတ်ဘဲ 
ဘောစေ့လို အလုံးကလေးတွေဖြစ်နေကြောင်း တွေ့ရ၏။ အိပ်မက်ထဲမှာ သူငယ်ချင်း သင်္ဘောသား
တစ်ယောက်က ဒေါ်လာတွေ တထပ်ကြီး လာပေးသည်။ သို့ရာတွင် ဒေါ်လာတွေပေါ်မှာ ရိုက်နှိပ်ထားတာက 
ကျွန်တော်၏ဓာတ်ပုံတွေ ဖြစ်နေလေသည်။

သေဆုံးသွားပြီးသူတွေကိုလည်း အိပ်မက်ထဲမှာ ပြန်တွေ့ရတတ်သည်။ အဖေက ငါ့မှာ သားသမီးတွေကော၊ 
မြေးတွေကော များတယ်၊ အားလုံးစီးလို့ရအောင် ဆိုပြီး မီးရထားကြီး တစ်စင်း ဝယ်လာတာမျိုး။ အဘိုးနှင့် 
အဘွား အိမ်ကို လာလည်တာမျိုး။ ကြီးတော်ကြီးက သူမဆုံးခင်က ကျွန်တော့ကို ပေးသွားသော လက်ပတ်နာရီ 
ပျောက်လို့ လာဆူတာမျိုး မက်တတ်သည်။ ဒီလို အိပ်မက်မျိုးကိုတော့ ကျွန်တော် သဘောကျသည်။ ကိုယ့် 
မိဘဘိုးဘွား ဆွေမျိုးသားချင်းတွေကို အိပ်မက်ထဲမှာ ပြန်ဆုံပြီး အလွမ်းပြေရသောကြောင့် ဖြစ်၏။ 
အိပ်မက်ထဲမှာ သမီးရည်းစားဘဝ ပြန်ရောက်သွားတာမျိုးလည်း ရှိသေးသည်။ တစ်ခါတစ်ရံ ကျွန်တော့်
မိန်းမသည် တကယ့် သမီးရည်းစားဘဝက အရွယ်မျိုးလေး ဖြစ်သည်။ တစ်ခါတလေကျတော့ သမီးရည်းစားသာ 
ဆိုတယ်၊ ယခု လက်ရှိအရွယ်၊ လက်ရှိပုံစံမျိုးသာ ဖြစ်နေပြီး အိပ်မက်ထဲမှာ ကလေးတွေရော ပါနေသဖြင့် 
ဘယ့်နှယ့်ပါလိမ့်ဟု နားမလည်ဖြစ်ရတာမျိုးလည်း ကြုံဖူးသည်။

အိပ်မက်တစ်ခုထဲတွင် ကျွန်တော်နှင့် လေဒီဒိုင်ယာနာတို့ ကြိုက်နေကြသည်။ နှစ်ယောက် စကားထိုင်ပြောနေရင်း 
လေဒီဒိုင်ယာနာက သူ့ပါးစပ်ထဲမှ သွားတုအံကပ်ကြီးကို ဖြုတ်ပြီး ဖွဲပြာနှင့် တိုက်နေတာ တွေ့ရသဖြင့် ကျွန်တော် 
အလွန် စိတ်ပျက်သွားရ၏။ နှစ်လတစ်ခါ သုံးလတစ်ခါလောက် မက်တတ်သော အိပ်မက်တစ်ခုအကြောင်းကိုလည်း 
ပြောပြချင်သေးသည်။ ကျောင်းသားဘဝကို ပြန်ရောက်သွားသော အိပ်မက်ပင် ဖြစ်၏။ ကျောင်းကလည်း ငယ်ငယ်က 
တက်ခဲ့ရသည့် အလွန်စည်းကမ်းကြီးသောကျောင်း။ အိပ်မက်တိုင်းလိုလိုမှာလည်း စာမေးပွဲ ဖြေခါနီး၊ တစ်ခါတလေ 
စာမေးပွဲခန်းထဲ ရောက်နေသည့် အချိန်မျိုး။ စာတွေကလည်း တစ်လုံးမှ မကျက်ရသေး။ ဒုက္ခပါပဲ။ စာမေးပွဲတော့ 
ကျတော့မှာပဲဟု စိုးရိမ်သောကရောက်နေတုန်း လန့်နိုးလာတတ်သည်။
	
ထိုအိပ်မက်အကြောင်း မိန်းမကို ပြောပြတော့ သူလည်း ဒါမျိုးမက်တတ်သည်ဟု ပြော၏။ သူငယ်ချင်းတွေကို 
မေးကြည့်တော့လည်း စာမေးပွဲမဖြေနိုင်သည့် အိပ်မက်မျိုးကို ခုချိန်ထိ တစ်ခါတစ်ခါ မက်တုန်းပဲဟု ပြောကြသည်။
တစ်ခါက ကျွန်တော်တို့အဖေ ပြောဖူးသည်။
“ညက အိပ်မက်ထဲမှာ စာမေးပွဲဖြေရတယ်လို့ မက်တယ်ကွ။ အသက်ကကြီးတော့ စာတွေကလည်း မေ့ကုန်ပြီ။ 
ငါ့နှယ် ဒုက္ခရောက်လိုက်တာကွာ။ တစ်ရေးနိုးတော့ အိပ်မက်အကြောင်း စဉ်းစားပြီး တစ်ယောက်တည်း 
ကျိတ်ရယ်မိသေးတယ်။ အင်း.... ဒါကြောင့်လဲ လူ့ဘဝဆိုတာ မေးခွန်းတွေနဲ့ အတူတူ မွေးဖွားလာခဲ့ပြီး အဲဒီ 
မေးခွန်းတွေရဲ့ အဖြေကို ရှာဖွေရင်းနဲ့ အချိန်တွေ ကုန်ကြရတာပဲလို့ ပညာရှိတွေက ပြောခဲ့တာပေါကွာ။”

တကယ်တော့ လူတို့သည် အိပ်မက်ထဲမှာသာ မဟုတ်။ လက်တွေ့ဘဝမှာလည်း စာမေးပွဲနှင့် လွတ်အောင်
ရှောင်လို့ မရနိုင်ချေ။ ကျောင်းမှာတုန်းက ဖြေရသည့် စာမေးပွဲ။ အလုပ်ရဖို့ ဖြေရသော စာမေးပွဲ။ ရာထူးတိုးဖို့ 
ဖြေရသည့် စာမေးပွဲ။ မှတ်ပုံတင်၊ နိုင်ငံသားလက်မှတ် လုပ်သောအခါ ဖြေရသည့် စာမေးပွဲ။ ပတ်စပို့ 
လျှောက်သည့်အခါ ဖြေရသည့် စာမေးပွဲ။ ဧည့်စာရင်းတိုင်သည့်အခါ ဖြေရသည့် စာမေးပွဲ။ ဈေးထဲက 
စာမေးပွဲ။ ဘတ်စ်ကားပေါ်က စာမေးပွဲ....။ အိပ်မက်စာမေးပွဲ။ စသည်ဖြင့် များစွာ.... ....။

နောက်ဆုံး လုံးဝ ခိုးချလို့မရသည့် စာမေးပွဲတစ်ခုကိုလည်း လူတိုင်းလူတိုင်း ကျိန်းသေ ဖြေရပေဦးမည်။ 
သေဆုံးပြီးနောက် ယမမင်းဆီမှာဖြေရမည့် စာမေးပွဲပင်ဖြစ်လေ၏။



မင်းလူ
--------------
ဝါနီပြာ မဂ္ဂဇင်း၊ 
ဒီဇင်ဘာ၊ ၁၉၉၄
ဒီနေ့ည ဘယ်လိုအိပ်မက်မျိုးမက်လိမ့်မည်ဟု ဘယ်သူမှ ကြိုတင်သိနိုင်လိမ့်မည် မဟုတ်ချေ။
လူ့အခွင့်အရေးကို အချိုးဖောက်ဆုံး၊ အပိတ်ပင်ဆုံးအရာမှာ အိပ်မက်ပင်ဖြစ်၏။ လူတို့အနေဖြင့်
ကိုယ်မက်ချင်သော အိပ်မက်ကို မက်ခွင့်မရှိ။ မမက်ချင်သော အိပ်မက်မျိုးကိုလည်း မမက်ဘဲ
နေချင်လို့မရ။ အိပ်မက်ဆိုသည်မှာ ရုပ်မြင်သံကြားတို့၊ ရေဒီယိုတို့လို နောက်တစ်နေ့ အစီအစဉ်ဆိုပြီး
ကြိုတင်ကြော်ငြာထားတာမျိုးလည်း မဟုတ်။ သူ့ဘာသာ မက်ချင်သည့်နေ့မှာ မက်ချင်တာမက်တာမျိုး
ဖြစ်၏။ အိပ်မက်ကို တားဆီးနိုင်သည့် နည်းလမ်းတစ်ခုပဲ ရှိသည်။ မအိပ်ဘဲနေဖို့ပင် ဖြစ်ပါသည်။

သို့ရာတွင် လူတို့သည် မအိပ်ဘဲနေလို့ရသော အမျိုးမဟုတ်သဖြင့် အိပ်မက်နှင့် ကင်းကင်းရှင်းရှင်းနေလို့
မဖြစ်နိုင်ချေ။ ဒါဆိုလျှင် လူတွေမက်နေကြသော အိပ်မက်များသည် ဘယ်ကလာသနည်း။ ဘယ်သူတွေက
စီစဉ်တင်ဆက်နေကြသနည်း။

ဝပြည်နယ်အရေး တိုင်းရင်းသားပြဿနာသစ်လော(မင်းထက်စံ၊ အောင်ဘိုဘိုရှိန်)


Photo: ဝပြည်နယ်အရေး တိုင်းရင်းသားပြဿနာသစ်လော
.........................................................
(မင်းထက်စံ၊ အောင်ဘိုဘိုရှိန်)

လက်နက်ကိုင် တိုင်းရင်းသားတို့အကြား အားလုံးတန်းတူ အခွင့်အရေးရရှိရေး ဝေဖန်ထောက်ပြ ပြောဆိုနေချိန်တွင် ဝပြည် သွေးစည်းညီညွတ်ရေး ပါတီ/ UWSA (United Wa State Army) က ပြည်နယ်သတ်မှတ်ပေးရန် တောင်းဆို လိုက်ခြင်းသည် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် တိုင်းရင်းသား ကိုယ်စားပြုပါတီ တို့အကြား ဂယက်ရိုက်ခဲ့သည်။

တရုတ် ကူမင်တန်တပ်ဟောင်းနှင့် ဗမာပြည် ကွန်မြူနစ်ပါတီတို့ အခြေစိုက်ခဲ့ဖူး သော ဝ နယ်တွင် ၁၉၈၀ မတိုင်မီက အဝတ် အစားမရှိ ကိုယ်လုံးတီးဖြင့် သွားလာခဲ့သူများ ရှိသော်လည်း လက်ရှိတွင် လူဦးရေခုနစ်သိန်း ခန့် နေထိုင်ကာ စစ်တပ်အင်အား သုံးသောင်းခန့် ရှိသည့်အတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရ ပြည်နယ်အဖြစ်ရရှိရန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းက အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့နှင့် ဝပြည် သွေးစည်းညီညွတ်ရေး ပါတီတို့ တွေ့ဆုံစဉ် ဝပြည်နယ်အဖြစ် ပေးရန် တောင်းဆို လိုက်သော်လည်း တိုင်းရင်းသားပါတီများ နှင့် အဖွဲ့အစည်းများက သဘောတူညီခြင်း မရှိကြပေ။

"ဝပြည်သွေးစည်းညွတ်ရေး ပါတီ/ (UWSA) က " ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တောင်းဆိုမှုကို လွှတ်တော် နှစ်ရပ်ကသာ အဆုံးအဖြတ် ပေးရမည့်ကိစ္စ ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူ တစ်ဦးက မှတ်ချက်ပေးသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၏ ဗဟိုအလုပ်မှုဆောင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက လည်း “ဝ ပြည်နယ်တောင်းတာကို ဘယ်လိုမှ လက်မခံဘူး”ဟု ဆိုသည်။

"ဝ လူမျိုးများ ပြည်နယ်တောင်းခံမှု သည် အခြေခံဥပဒေက သတ်မှတ်ထားသော နယ်မြေအကျယ်အဝန်း၊ လူဦးရေအရ တောင်းခံပိုင်ခွင့်ရှိပြီး မြန်မာနိုင်ငံတွင်းရှိ လူမျိုးတစ်မျိုး၏ နိုင်ငံရေး အခွင့်အရေးအရ လွှတ်တော်တွင် တောင်းခံပိုင်ခွင့်ရှိကြောင်း မြန်မာနိုင်ငံရေး လေ့လာသုံးသပ်သည့် ဆောင်းပါးများရေးသားသူ စာရေးဆရာ နေသန်မောင်က ဆိုသည်။
"Political Right အရ တောင်းခွင့် ရှိတာ မှန်ပေမယ့်၊ အခြေခံဥပဒေတိုင်းပဲ သွားသင့်တယ်၊ အစိုးရမှာ ပြည်နယ် သွားတောင်းလို့ မရဘူး" ဟု ၄င်းကထောက်ပြသည်။

အခြေခံ ဥပဒေစာမျက်နှာ (၁၈) ပုဒ်မ ၅၆ (စ) တွင် ရှမ်းပြည်နယ် ဟိုပန် မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန့်မြို့နယ်၊ မက်မန်းမြို့နယ်၊ ပန်ဆန်း (ပန်းခမ်း) မြို့နယ် ခြောက်မြို့နယ်ကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် သတ်မှတ်ပေးထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် လက်ရှိတိုင်းရင်းသားများ အခွင့်အရေးနှင့် မကိုက်ညီသည့်အတွက် အမြန်ဆုံးပြင်ဆင်သင့်ပြီး ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် တစ်ခု ထည့်သွင်း ရေးဆွဲပေးသင့်ကြောင်း UWSA ဒုတိယဥက္ကဋ္ဌ ဦးလျောက်နီလျန်က တောင်းဆိုသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက “ဒီပြဿနာဟာ အတော်ထိလွယ် ရှလွယ် ရှိတဲ့ ပြဿနာ၊ တပ်မတော်အစိုးရ ရေးတဲ့ အခြေခံ ဥပဒေထဲမှာက သူတို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် သတ်မှတ်ထားတာ၊ အခု အခြေခံဥပဒေ ပြင်ရင် ပြည်နယ် ပေး မပေး ဆိုတာကလည်း ဗိုလ်ချုပ်ဟောင်းတွေပေါ် မူတည်နေတယ်” ဟု မှတ်ချက်ပေးသည်။

ဝ ကိုယ်ပိုင်ပြည်နယ် တောင်းဆိုခြင်းသည် ဒေသတွင်းဖွံ့ဖြိုးရေး အတွက်သာဖြစ်ပြီး ပြည်ထောင်စုမှ ခွဲထွက်လိုခြင်း မဟုတ် ကြောင်း UWSA ပြောဆိုထားသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများတွင် အင်အား အတောင့်တင်းဆုံး ဖြစ်သည့် ဝလက်နက်ကိုင် အဖွဲ့သည် တရုတ် အစိုးရနှင့် ရင်းနှီးသောဆက်ဆံရေး ရှိသည့်အပြင် နှစ်ပေါင်း ၂၀ ကျော်ကြာ အခြား လက်နက်ကိုင် တိုင်းရင်းသားများနှင့်လည်း ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘဲ သီးခြား ရပ်တည်သော အဖွဲ့အစည်းလည်းဖြစ်သည်။

ယခင်တပ်မတော်အစိုးရနှင့် ငြိမ်းချမ်းရေး သဘောတူညီခဲ့သည့် ၁၉၈၉-၉၀ ပြည့်နှစ်တွင် ဝ ကိုယ်ပိုင်ပြည်နယ် ရရှိရေး အတွက် စတင်တောင်းဆိုခဲ့သည့်အပြင် ၁၉၉၃ ခုနှစ်တွင် ကျင်းပခဲ့သည့် ညောင်နှစ်ပင်ညီလာခံ တွင်လည်း ဝ ကိုယ်စားလှယ် များကလည်း ထပ်မံတောင်းဆိုခဲ့သည်။
သို့သော် အစိုးရအနေဖြင့် တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိပေ။

ဝ ဒေသတွင် လှုပ်ရှားခဲ့ဖူးသည့် ဗမာပြည် ကွန်မြူနစ်ပါတီဝင်ဟောင်း တစ်ဦးဖြစ်သူ ဦးအောင်ကျော်ဇော ကမူ “ဝ ဒေသဟာ အနှစ်နှစ်ဆယ်လုံးလုံး ကိုယ်ပိုင် အုပ်ချုပ်ပြီး ဒေသတွင်းဖွံ့ ဖြိုးရေးကို ကိုယ့်ဟာကိုယ် လုပ်လာတာ ပြည်နယ်ပေးလို့ ရပါတယ်” ဟု ၄င်း၏ အမြင်ကို ပြောကြားသည်။

ဝ ဒေသသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်ရန် တပ်မတော်နှင့် တိုက်ခိုက် ခဲ့ရသည့်အပြင် ဝ ဒေသ တောင်ပိုင်းတွင် လည်း ခွန်ဆာတပ်များနှင့် တိုက်ခိုက်ခဲ့ရပြီး ဒေသတွင်းဖွံ့ ဖြိုးတိုးတက်ရေး လုပ်ဆောင်ရာတွင်လည်း ဘိန်းစိုက်ပျိုးမှုအပြင် တရုတ် စီးပွားရေးလုပ်ငန်းရှင်များကို မြန်မာနိုင်ငံ တွင် လုပ်ကိုင်ခွင့်ရရှိရန် ကြားဝင် လုပ်ဆောင်ပေးခဲ့ရကြောင်း ဦးအောင်ကျော်ဇောက ဆိုသည်။
"ကျွန်တော့်အမြင် ပြောရရင် အစိုးရက တခြားတိုင်းရင်းသားတွေကို ကိုင်တွယ်သလို ဝကိုကိုင်တွယ်လို့ မရဘူး" ဟု ၄င်းက ဆိုသည်။

လက်ရှိတွင်လည်း ဝကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသအတွင်း နိုင်ငံခြားသား မဆိုထားနှင့် ပြည်တွင်းတွင် နေထိုင်သော တိုင်းရင်းသားများပင် တရားဝင်သွားလာ ခွင့်မရှိဘဲ ဝင်ရောက်ခွင့်မရှိပေ။ ခွင့်ပြု ချက်မရဘဲ ဝင်ရောက်သူတို့ကို သေဒဏ်ချမှတ် သည်ဟု ယင်းဒေသခံတို့က ပြောဆိုသည်။

ဗမာပြည် ကွန်မြူနစ်ပါတီဝင်ဟောင်း တစ်ဦးဖြစ်သူ ကလည်း ဝပြည်နယ် တောင်းဆိုခြင်းနှင့် ပတ်သက်၍ “ပြည်နယ် ခုနစ်ခု နဲ့တောင် Power Sharing လုပ်ဖို့ ခက်နေတာဆိုတော့ တိုင်းရင်းသားအများစု လက်ခံမှာမဟုတ်ဘူး” ဟု မှတ်ချက်ပေးသည်။

လက်ရှိအနေအထားအရ တပ်အင်အား မရှိသော်လည်း လူမျိုးစုကြီးမားသည့် ပလောင်၊ ပအို့ဝ်တို့ ဝဒေသအနီးတွင် ရှိနေသည့်အတွက် ဝပြည်နယ်ပေးရန် မလွယ်ကူသေးကြောင်း နိုင်ငံရေးလေ့လာ သူများကဆိုသည်။

သို့သော် ဝပြည်သွေးစည်းညီညွတ်ရေး ပါတီကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ စစ်ရေးအရ ထောက်ပံ့နေမှုများကို တရားဝင် အသိအမှတ်ပြုပေးရန်လည်း ဦးလျောက်နီလျန် က ပြည်ထောင်စုအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ ကိုပြောကြားခဲ့သည့်အပြင် ဝ ပြည်နယ် အဖြစ် သတ်မှတ်ပေးရန်လည်း တောင်းဆိုထားသည်။

အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေး နေသော လက်နက်ကိုင် ရှမ်းတိုင်းသားများအပြင် ကချင်၊ ကရင်၊ မွန်၊ ကယားအစရှိသော လက်နက်ကိုင် တိုင်းရင်းသားများဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးနေဆဲ ကာလတွင် ငြိမ်းချမ်းရေးယူထားသော ဝ ပြည်သွေး စည်းညီညွတ်ရေးပါတီက တောင်းဆိုလိုက်ခြင်းသည် တိုင်းရင်းသားများ အရေးကိစ္စ၌ စာမျက်နှာသစ် ဖြစ်လာပြီလောဟု မေးခွန်း ထုတ်စရာ ဖြစ်လာသည်။

မင်းထက်စံ၊ အောင်ဘိုဘိုရှိန်

အေးချမ်းမွန် Credit & Copy From > The Voice Weekly < Thank For Your Post
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်
လက်နက်ကိုင် တိုင်းရင်းသားတို့အကြား အားလုံးတန်းတူ အခွင့်အရေးရရှိရေး ဝေဖန်ထောက်ပြ ပြောဆိုနေချိန်တွင် ဝပြည် သွေးစည်းညီညွတ်ရေး ပါတီ/ UWSA (United Wa State Army) က ပြည်နယ်သတ်မှတ်ပေးရန် တောင်းဆို လိုက်ခြင်းသည် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် တိုင်းရင်းသား ကိုယ်စားပြုပါတီ တို့အကြား ဂယက်ရိုက်ခဲ့သည်။

တရုတ် ကူမင်တန်တပ်ဟောင်းနှင့် ဗမာပြည် ကွန်မြူနစ်ပါတီတို့ အခြေစိုက်ခဲ့ဖူး သော ဝ နယ်တွင် ၁၉၈၀ မတိုင်မီက အဝတ် အစားမရှိ ကိုယ်လုံးတီးဖြင့် သွားလာခဲ့သူများ ရှိသော်လည်း လက်ရှိတွင် လူဦးရေခုနစ်သိန်း ခန့် နေထိုင်ကာ စစ်တပ်အင်အား သုံးသောင်းခန့် ရှိသည့်အတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရ ပြည်နယ်အဖြစ်ရရှိရန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

Related Posts Plugin for WordPress, Blogger...

ShareThis