menu

Monday 30 July 2012

ဆယ်စုနှစ်နှစ်ခုကျော်အတွင်း ပထမဆုံးမြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးနှင့်တွေ့ဆုံခြင်း

နှစ်ပေါင်း ၂၂ နှစ်ကျော်ကာလအတွင်း  ပထမဆုံးမြန်မာနိုင်ငံဆိုင်ရာ  အမေရိကန်သံအမတ်ကို  ဇူလိုင် ၁၁ရက်က တ ရားဝင် ခန့်အပ်
လိုက်ပြီဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူးအဖြစ် တစ်နှစ်ကျော်ကြာ     တာဝန်ထမ်းဆောင်ခဲ့သည့်
မစ္စတာဒဲရစ်မစ်ချယ်ကို ခန့်အပ်လိုက်ခြင်းဖြစ်သည်။ ၎င်းမှာ အရှေ့တောင်အာရှရေးရာ  ကျွမ်းကျင်သူလည်းဖြစ်သည်။ မစ္စတာမစ်ချယ်က မြန်မာသံအမတ်ဘ၀ သက်တမ်း ၁၀ရက်ပြည့်သော ဇူလိုင် ၂၀ ရက်တွင်  မီဒီယာနှင့်သံအမတ်ကြီးတို့၏ ပထမဆုံး တွေ့ဆုံမှုအဖြစ် 7Day News နှင့်တွေ့ဆုံခဲ့သည်။ယင်းတွေ့ဆုံမှုမှ  အချို့ကို စာဖတ်ပရိသတ်အတွက် ထုတ်နုတ်ဖော်ပြလိုက်ပါသည်။

ရွှေတိဂုံစေတီတော်ရှိ နှစ်ပေါင်း ၂၃၄ နှစ် သက်တမ်းရှိသော စဉ့်ကူးမင်းခေါင်းလောင်း၏ အစိတ်အပိုင်းအချို့  ယိုယွင်းလာသဖြင့် ခေါင်းလောင်း ထိုးခွင့်မပြုတော့




2012-07-26-16.52.30
ရွှေတိဂုံစေတီတော်ရှိ စဥ့်ကူးမင်းခေါင်းလောင်းတွင် ခေါင်းလောင်းထိုးနေသူအချို့ အား ဇူလိုင်လ ၂၆ ရက်နေ့က တွေ့ရစဉ်
ရွှေတိဂုံစေတီတော်၊ ရာဟုထောင့်ရှိ နှစ်ပေါင်း ၂၃၄ နှစ်တမ်းရှိသော စဥ့်ကူးမင်း ခေါင်းလောင်း၏ အစိတ်အပိုင်း အချို့မှာ ယိုယွင်းမှုများရှိလာသဖြင့် ခေါင်းလောင်းထိုးခွင့်ပြုတော့မည် မဟုတ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူးဦးဝင်းကြိုင်၏ ပြောကြားချက်အရ သိရှိရသည်။
စဥ့်ကူးမင်းခေါင်းလောင်တွင်  သြဂုတ်လကုန်ပိုင်းမှ စတင်၍ ခေါင်းလောင်းထိုးတံ ထားရှိတော့မည်မဟုတ်ဘဲ ခေါင်းလောင်းအား သံပန်းများနှင့် ကာရံခြင်း၊ ခေါင်းလောင်း မထိုးရဟူ၍ ဆိုင်းဘုတ်များဖြင့် ရေးထားထားခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
"စဥ့်ကူးမင်း ခေါင်းလောင်းရဲ့ အစိတ်အပိုင်းအချို့က ပျက်စီးနေပြီ။  ခေါင်းလောင်းထိုးခွင့် မပြုတော့ဘူး။ အဲဒီအစဉ်ကို သြဂုတ်လဆန်းပိုင်းမှာ စအကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ ခေါင်းလောင်းကြီးက နှစ်လည်း ကြာနေပြီ။ ဆက်ပြီး ခေါင်းလောင်းထိုးခွင့် ပေးလို့ ဒီထက်ပိုပျက်စီးလာမယ်ဆိုရင် နောက်ပိုင်းလူတွေ မတွေ့ရတော့မှာစိုးလို့ အခုလို လုပ်ရတာဖြစ်ပါတယ်။ ခေါင်းလောင်းကြီးက စဥ့်ကူးမင်း လှူဒါန်းခဲ့တဲ့အတွက် စဥ့်ကူးမင်းခေါင်းလောင်းလို့ ခေါ်တာဖြစ်တယ်"ဟု ရွှေတိဂုံစေတီတ်ာဂေါပက အဖွဲ့မှ ရုံးအဖွဲ့မှူးဦးဝင်းကြိုင်က ပြောပြခဲ့သည်။
ရွှေတိဂုံစေတီတ်ာတွင် ခေါင်းလောင်း စုစုပေါင်း ၃၅ လုံးရှိသည့် အနက် ကြီးမားသည့် ခေါင်းလောင်းမှာ နှစ်လုံးသာရှိပြီး စဥ့်ကူးမင်း ခေါင်းလောင်းနှင့် သာယာဝတီမင်း ခေါင်းလောင်းတို့ဖြစ်ကြောင်း သိရသည်။ စဥ့်ကူးမင်းခေါင်းလောင်းမှာ ရွှေတိဂုံစေတီတော်ရှိ သက်တမ်းအကြာဆုံး ခေါင်းလောင်းကြီးဖြစ်ပြီး  အရွယ်အစားအားဖြင့်မူ ဒုတိယအကြီးဆုံးဖြစ်ကာ အလေးချိန်မှာ ကြေး ၂၄ တန်ရှိကြောင်း သိရှိရသည်။ သာယာဝတီမင်းခေါင်း လောင်းမှာမူ ပထမအကြီးဆုံး ခေါင်းလောင်းဖြစ်ပြီး အလေးချိန် အားဖြင့် ကြေး ၄၂ တန်ရှိကာ သက်တမ်းအားဖြင့် ၁၇၂ နှစ်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
ရွှေတိဂုံစေတီတော်၊ ရာဟုထောင့်ရှိ နှစ်ပေါင်း ၂၃၄ နှစ်တမ်းရှိသော စဥ့်ကူးမင်း ခေါင်းလောင်း၏ အစိတ်အပိုင်း အချို့မှာ ယိုယွင်းမှုများရှိလာသဖြင့် ခေါင်းလောင်းထိုးခွင့်ပြုတော့မည် မဟုတ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူးဦးဝင်းကြိုင်၏ ပြောကြားချက်အရ သိရှိရသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်အတွက် ရွေးချယ်ခံထားရသည့် ကမ္ဘောဇအသင်းမှ နောက်တန်းကစားသမား ကျော်ကျော်မျိုး နှင့်စကားပြောခြင်း



ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်အတွက် ရွေးချယ်ခံထားရသည့် ကမ္ဘောဇအသင်းမှ နောက်တန်းကစားသမား ကျော်ကျော်မျိုးအား အသင်း၏ပြန်ကြားရေးအရာရှိက တွေ့ဆုံမေးမြန်းခဲ့သည်ကို kbzfc.com မှတဆင့် ပြန်တည်ဖော်ပြအပ်ပါသည်။

 မေး- ညီလေးအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ဖို့ ဘယ်လိုလျှောက်လွှာတင်ဖြစ်သွားလဲဆိုတာ ပြောပြပေးပါလား။
ဖြေ- ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ဖို့ သူတို့ လျှောက်လွှာတွေခေါ်တဲ့အချိန်မှာ ကျွန်တော်ကလည်း ဘောလုံးကစားနေတော့ အမှုမဲ့အမှတ်မဲ့ပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇာတ်ရုပ်အတွက် လူတွေအများကြီး လျှောက်ခဲ့တယ်လို့ ဂျာနယ်ထဲမှာ ဖတ်လိုက်မိတယ်။ သာမန်လောက်ပဲ။ ကိုယ်နဲ့ အဝေးကြီးမှာ ဖြစ်နေတဲ့ ကိစ္စတစ်ခုလိုပါပဲ။ သူတို့ ပထအကြိမ်လျှောက်လွှာခေါ်တဲ့အထဲမှာ စိတ်ကြိုက်မတွေ့လို့ ဒုတိယအကြိမ်လျှောက်လွှာခေါ်တဲ့အခါမှာတော့ ကျွန်တော် လျှောက်လွှာတင်ဖြစ်သွားခဲ့တယ်။

UN ဝန်ထမ်းအချို့ကို ထိန်းသိမ်းထားဟု အစိုးရ တရားဝင် ပြောကြား

ရန်ကုန်၊ ဇူလိုင် ၃၀

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ အပါအဝင် INGO အဖွဲ့အစည်းများမှ ဝန်ထမ်း ခုနစ်ဦးကို ထိန်းသိမ်းထားကြောင်း နယ်စပ်ရေးရာနှင့် မြန်မာ့ စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောကြားသည်။


“နိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေတွေကို မလိုက်နာလို့ ထိန်းသိမ်းထားတာပါ“ ဟု ဇူလိုင်လ ၃၀ ရက်နေ့က နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ပြုလုပ်သော ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

အဆိုပါ ထိန်းသိမ်းခံထားရသူများ စာရင်းတွင် UNHCR မှ ဝန်ထမ်း ငါးဦး၊ WFP မှ ဝန်ထမ်း တစ်ဦးနှင့် AZG မှ ဝန်ထမ်း တစ်ဦး ပါဝင်ကြောင်း၊ ယင်းတို့အနက် AZG ဝန်ထမ်း တစ်ဦးကို ပြန်လည် လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ဦးသိန်းဌေးက ဆိုသည်။

ပြည်ပ စွက်ဖက်မှုများကြောင့် အခက်ကြုံဟု မြန်မာမွတ်စလင်များအဖွဲ့ ထုတ်ပြန်

ရန်ကုန် ဇူလိုင် ၃၀

ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ပြဿနာများ အတွင်း ဝင်ရောက် စွက်ဖက်မှုများ ရှိလာသည့်အခါ မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော အစ္စလာမ် ဘာသာဝင်များ အတွက် ပိုမို ခက်ခဲသော အခြေအနေများကိုသာ ဖြစ်ပေါ်စေကြောင်း မြန်မာ မွတ်စလင်များအဖွဲ့က ဇူလိုင်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် သတင်း ထုတ်ပြန်သည်။

အီရန်နိုင်ငံ အနေနှင့် မြန်မာနိုင်ငံ ကိစ္စအပေါ် ကုလသမဂ္ဂတပ်များ စေလွှတ်ရန် တိုက်တွန်းမည့်အစား အခြေအနေ ပိုမိုဆိုးရွားနေသော ဆီးရီးယားကိစ္စကို အာရုံစိုက်သင့်ပါကြောင်း၊ ထိုနည်းတူ ဟစ်ဘိုလာ အဖွဲ့သည်လည်း အီရန်နိုင်ငံ၏ နောက်မှ သံယောင် မလိုက်သင့်ကြောင်း၊ ပါကစ္စတန် နိုင်ငံ အနေနှင့်လည်း မြန်မာနိုင်ငံအပေါ် ရန်လိုသော သဘောထားများ မထားသင့်ကြောင်း၊ တာလီဘန် အဖွဲ့ အနေနှင့်လည်း မြန်မာနိုင်ငံသူ နိုင်ငံသားများ၊ မြန်မာနိုင်ငံ၏ အကျိုးစီးပွားများ၊ သံတမန်များ၊ အစိုးရအဖွဲ့ဝင်များကို ခြိမ်းခြောက်မှု လုပ်ခွင့်မရှိကြောင်း ယင်းအဖွဲ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်နှင့် ကျေးရွာများတွင် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိ




ထားဝယ်-မြိတ် လမ်းပေါ်ရှိ ပေါက်တိုင်းတံတားအနီးတွင် ရေကျော်နေစဉ်
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်နှင့် ကျေးရွာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိပြီး သွားရေးလာရေး ခက်ခဲမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ထားဝယ်ခရိုင်အတွင်း၌ ပြီးခဲ့သည့် ဇူလိုင်လ၂၅ရက်နေ့မှစ၍ မိုးများ ဆက်တိုက် သည်းထန်စွာ ရွာသွန်းပြီးနောက် မြစ်ဖျားပိုင်းမှ စီးဆင်းလာသော ရေများကြောင့် ထားဝယ်မြစ်ရေလျံတက်လာခဲ့ပြီး မြေနိမ့်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန ရခိုင်ပြည်နယ်အရေးနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်လျက်ရှိရာ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအ၀န်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိသည့်အချိန်တွင် အေးချမ်းမှုနှင့် လုံခြုံရေးကို ထိပါးစေမည့် အဖြစ်အပျက်နှစ်ရပ် ရခိုင် ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည်။ ယင်းအဖြစ်အပျက်များမှာ မေလ ၂၈ ရက်တွင် ရမ်းဗြဲမြို့နယ်၌ အမျိုးသမီးငယ်တစ်ဦးအား လူငယ်သုံးဦးက လုယက်၊ အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့ခြင်းနှင့်ဆက်စပ်၍ ဇွန်လ ၃ ရက်တွင် တောင်ကုတ်မြို့နယ်အတွင်း ခရီးသည်တင်ဘတ်စ်ကားပေါ်မှ ခရီးသည် ၁၀ ဦးအား သတ်ဖြတ်ခဲ့မှုတို့ပင် ဖြစ်ပါသည်။

ရခိုင်ပြည်နယ်၏လက်ရှိအခြေအနေသည် ပုံမှန်နီးပါးပြန်ဖြစ်လာပြီဟု နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ပြောကြား

ယနေ့ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင်တွေ့ရသောနိုင်ငံခြားရေးဝန်ကြီးဌာန၀န်ကြီး ဦးဝဏ္ဏမောင်လွင်
ရခိုင်ပြည်နယ်၏လက်ရှိအခြေအနေသည် ပုံမှန်နီးပါးပြန်ဖြစ်လာပြီဟု နိုင်ငံခြားရေးဝန်ကြီး
ဦးဝဏ္ဏမောင်လွင်ကယနေ့ နေ့လည် စကားဝါလမ်းရှိနိုင်ငံခြားရေးဝန်ကြီးဌာနတွင်ပြုလုပ်သော
သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသွားသည်။
“ ဒီမိုကရေစီစနစ်နဲ့ပြုပြင်ပြောင်းလဲရေးတွေလုပ်နေတဲ့ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရှိဖို့က မရှိမဖြစ်လိုအပ်တယ် “ဟု၎င်းကပြောသည်။
မြန်မာနိုင်ငံသည်လူမျိုးပေါင်းစုံ၊ဘာသာပေါင်းစုံ ရောနှောနေထိုင်လျှက်ရှိရာ ရာစုနှစ်ပေါင်းများစွာ လူမျိုးတစ်စုနှင့်တစ်စုအကြား၊ဘာသာတစ်ခုနှင့်တစ်ခုအကြား သဟဇာတရှိစွာဖြင့် ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်
ခဲ့ကြကြောင်း၊မကြာသေးမီက ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သောပဋိပက္ခမှာ ဘာသာရေးနှင့်သက်ဆိုင်သော
အဖိနှိပ်ခံရမှု ၊ ခွဲခြားခံရမှုလည်းမဟုတ်ပါကြောင်း ၄င်းကဆိုသည်။

မြန်မာနိုင်ငံလူမျိုးစုများတွင် ရိုဟင်ဂျာဆိုတာ မရှိ ဟုပြည်ထောင်စုဝန်ကြီးဦးခင်ရီ ပြောကြား

အင်ဒိုနီးရှာသံအမတ်ကြီး၏မေးခွန်းကိုပြန်လည်ဖြေကြားနေသည့်ပြည်ထောင်စုဝန်ကြီးဦးခင်ရီ
အင်ဒိုနီးရှားသံအမတ်(မေး)။ ။ အခင်းဖြစ်ပွားရာမှာရရှိတဲ့သတင်းက တချို့နေရာတွေမှာလွှဲနေတယ် ဖြေရှင်းချက်ပေးနိုင်ရင်ကောင်းမယ် ။ မြန်မာဘက်ကသမ္မတဖြေတဲ့အထဲကတစ်ချက်က ရိုဟင်ဂျာကိုလူမျိုးမဟုတ်ဘူးဆိုပြီးပြောတယ် ။ရိုဟင်ဂျာတွေက လွတ်လပ်ရေးစရပြီးကတည်းက မြန်မာပြည်မှာနေထိုင်ခဲ့တယ်လိုသိရတယ် ။ ဒီကိစ္စနဲ့ပတ်သက်ပြီးသိချင်တယ် ။
လူမှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးခင်ရီ(ဖြေ) ။ ။ မြန်မာနိုင်ငံကို ၁၈၂၄ ခုနှစ်မှာ ပထမဆုံးဗြိတိသျှ မြန်မာ first world ဖြစ်တယ် ။ ရခိုင်ပြည်နယ်ဟာဗြိတိသျှကိုလိုနီလက်အောက်ကျရောက်သွားတယ် အဲ့ဒီတော့ လယ်ယာလုပ်ငန်းတွေအတွက် ကာယလုပ်သားတွေစသည်ဖြင့် လိုအပ်ချက်တွေကို အဲ့တုန်းကတစ်ဖက်နိုင်ငံမှာရှိတဲ့ ဘဂါင်္လီလူမျိုး ကျွန်တော်တို့နိုင်ငံကိုအတားအဆီးမဲ့ဝင်လာခဲ့ချိန်ဖြစ်တယ်။

ဝန်းကျင်အလှ . . .. ထိန်းသိမ်းကြ(လှမြင့်(ရန်ကုန်တက္ကသိုလ်))

သဘာဝက ဆုလာဘ်ရတနာအဖြစ် ပေးအပ်ထားသော မြန်မာနိုင်ငံ၏ ရေမြေတောတောင် ၀န်းကျင်အလှများ၊ စိမ်းလန်းသာယာနေမှုများကို ပိုမို၍ သာယာလှပနေစေရန်၊ စိုပြည်နေစေရန် ထိန်းသိမ်းဆောင်ရွက်ရမည့် တာဝန်မှာ မျက်မှောက်ကာလ နိုင်ငံသားတိုင်း၏ တာဝန်ပင်ဖြစ်သည် . . .


ပတ်ဝန်းကျင်ဟူသည် သက်ရှိတို့ မှီတင်းနေထိုင်ရာ လောကဖြစ်သည်။ လူသားတိုင်းသည် ပတ်ဝန်းကျင်နှင့် နှီးနွယ်ဆက်သွယ်နေသည်။ လူနှင့်ပတ်ဝန်းကျင်သည် ဒွန်တွဲယှဉ်တွဲနေသည်။ လူသည် စိတ်ရွှင်လန်းချမ်းမြေ့မှုကို နှစ်သက်တောင့်တကြသည်။ ပတ်ဝန်းကျင်ကောင်းများသည် လူတို့၏ စိတ်ရွှင်လန်းချမ်းမြေ့မှုကို ဖြည့်ဆည်းပေးနိုင်သည်။ ပတ်ဝန်းကျင်တွင် သဘာဝပတ်ဝန်းကျင်နှင့် လူ့ပတ်ဝန်းကျင်ဟူ၍ နှစ်မျိုးရှိသည်။

“ယောက်ဖရေ နေတောင်အတော်စောင်းပြီ”(စိုးမင်း)

          မြန်မာတွေဟာ ငယ်ပေါင်းရောင်းရင်း သူငယ်ချင်းတွေထဲက အရမ်းရင်းနှီးချစ်ခင် ကျွမ်းဝင်တဲ့သူတွေကို ယောက်ဖရေ၊ ယောင်းမရေ လို့ ခေါ်လေ့ရှိကြသဗျ။ အိမ်မှာရှိတဲ့ အမတွေ အကိုတွေကို မျက်စောင်းထိုးတဲ့ တင်တင်စီးစီး သဘောမျိုးမပါပဲ တမိတည်းဖွားသလို ဆိုရော့မယ်ကွယ်ဆိုတဲ့ အနက်သဘောကို ဆောင်ပါတယ်။ များသောအားဖြင့်တော့ ဆယ်ကျော်သက်ရွယ် လည်ပင်းဖက်ပေါင်းရင်း အတူလူလားမြောက်ကြတဲ့ အရွယ်တွေမှာတွေ့ရတဲ့ ရင်းနှီးမှုမျိုးဖြစ်ပါတယ်။ တော်တော်များများ ကြုံဖူးကြပါလိမ့်မယ်။ အသက်အရွယ်ရလာလို့ မိတ်ဆွေအပေါင်းအသင်းတွေ များလာပေမယ့်လည်း ငယ်ဘ၀က သူငယ်ချင်းကို မေ့သွားတဲ့သူရှိမယ် မထင်ပါဘူး။ အသီးတစ်ရာ အညှာတစ်ခုပဲ ကြားရ ကြားရ၊ သျှောင်ပေစူး ကိုပဲ ကြားရကြားရ၊ ကိုယ့်ရပ်ဌာနေကိုပဲ ကြားရကြားရ ငယ်ပေါင်းရောင်းရင်း သူငယ်ချင်းတွေကို ဆွတ်ကျင်နေအောင် လွမ်းမိမှာပါပဲ။

သတင်းစာထုတ်ဝေခွင့်နှင့် သတင်းဆိုင်ရာ ရုပ်သံလိုင်း လုပ်ကိုင်ခွင့်ရရှိရန် Eleven Media Group တရားဝင် လျှောက်ထားမည်



သတင်းစာထုတ်ဝေခွင့်နှင့် သတင်းဆိုင်ရာ ရုပ်သံလိုင်း လုပ်ကိုင်ခွင့် ရရှိရန်အတွက် Eleven Media Group (EMG)မှ ပြန်ကြားရေးဝန်ကြီးဌာနသို့ တရားဝင်လျှောက်ထားမည်ဖြစ်ကြောင်း သိရှိရပါသည်။

''ရှိပြီးသား ဥပဒေတွေနဲ့ ထုတ်နိုင်အောင်တင်ပြမှာပါ။ ၁၉၆၂ ဥပဒေနဲ့လည်း သတင်းစာထုတ်လို့ ရတာပဲလေ။ ဒီမိုကရေစီအစိုးရဖြစ်တာ တစ်နှစ်ကျော်ပြီ။ အခုအခြေအနေက ပုဂ္ဂလိကသတင်းစာ မရှိ၊ ပုဂ္ဂလိက သတင်းရုပ်သံလိုင်းမရှိနဲ့ ဒီမိုကရေစီနဲ့ လျော်ညီတဲ့ သတင်းမီဒီယာဖွံ့ဖြိုးမှု မရှိသေးဘူး။ ဒါကြောင့် တရားဝင် လုပ်ခွင့်ရအောင် လျှောက်ထားမှာပါ''ဟု Eleven Media Group (EMG) မှ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကွင်တားနား ယနေ့နံနက်ပိုင်းက အင်းစိန်ထောင်သို့ သွားရောက်ခဲ့




ယမန်နေ့ ညပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာသော မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကွင်တားနားသည် ယနေ့နံနက်ပိုင်းက အင်းစိန်ထောင်သို့ သွားရောက်ခဲ့ကြောင်း သိရှိရပါသည်။

ကွင်တားနားသည် ရန်ကုန်မြို့ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာန ရုံးဟောင်းတွင် ယနေ့ မွန်းလွဲပိုင်းက ပြုလုပ်နေသည့် ရခိုင် ပြည်နယ်အရေးနှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်နေပြီး ထိုသတင်း စာရှင်းလင်းပွဲ၌ သတင်းထောက်များ တွေ့ဆုံစဉ် အင်းစိန်ထောင်သို့ သွားရောက်ခဲ့ခြင်း အကြောင်းကို ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

"မြစ်ဆုံစီမံကိန်းသို့ လာရောက်လေ့လာရန် CPI ၏ ဖိတ်ခေါ်ချက်အား ဒေါ်အောင်ဆန်းစုကြည် ငြင်းပယ်"

မြစ်ဆုံရေအား လျှပ်စစ် စီမံကိန်းသို့ လာရောက်လေ့လာ ရန် CPI ကုမ္ပဏီ၏ ဖိတ်ခေါ် ချက်အား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ငြင်းပယ်လိုက် ကြောင်း CPI ကုမ္ပဏီမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
CPI ကုမ္ပဏီအနေဖြင့် မြစ်ဆုံစီမံကိန်း အပါအဝင် ဧရာဝတီမြစ် ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ၏ အကျိုးရလဒ်များအား မြန်မာနိုင်ငံရှိ ပြည်သူများ သဘောကျ နှစ်သက်သည့် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြား၍ ရှင်းလင်း တင်ပြသွားရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ ဆက်သွယ် အကြောင်းကြားခဲ့သော်လည်း ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ယခု နှစ်အတွင်း ပြည်ပခရီးစဉ်များနှင့် လွှတ်တော်တက်ရန် အစီအစဉ်များ ရှိနေသည့်အတွက် လာရောက်လေ့ လာခြင်း မပြုနိုင်ဟု အကြောင်းပြန် ခဲ့ကြောင်း CPI ကုမ္ပဏီမှ စီမံခန့်ခွဲမှု ဒါရိုက်တာ Mr. Wang Quiye ကပြောသည်။

နစ်နာကြေး


ပေကျင်းရေကြီးမှုကြောင့် ပျက်စီးမှုများအတွက် မြို့တော်ဝန်က ဒေသခံများအား တောင်းပန်




တရုတ်နိုင်ငံ ပေကျင်းတွင် သီတင်းတစ်ပတ်အတွင်း ရေကြီးခဲ့မှုများကြောင့် အဆိုးရွားဆုံး ပျက်စီးခဲ့မှုများအတွက် ပေကျင်းမြို့တော်ဝန်က ပေကျင်းမြို့တော်နယ်နိမိတ်အတွင်းရှိ ဖန်ရှန်းခရိုင်မှ ဒေသခံများကို ဇူလိုင် ၂၆ ရက်နေ့တွင် တောင်းပန်ခဲ့သည်။
ဇူလိုင် ၂၆ ရက်နေ့တွင် ပေကျင်း၌ နောက်ထပ်မိုးသည်းထန်စွာ ရွာသွန်းမည်ဟု ခန့်မှန်းခဲ့သော်လည်း ပေကျင်းအနီးဝန်းကျင်ရှိ Tianjin မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့သည်။
ပေကျင်းတွင် သီတင်းတစ်ပတ်ကျော် ရေကြီးမှုများကြောင့် လူ ၇၇ ဦးသေဆုံးခဲ့သည်ဟု ပေကျင်းမြူနီစပယ် အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ရေကြီးမှု အဆိုးရွားဆုံး ဖြစ်ပွားခဲ့သည့် ပေကျင်းရှိ ဖန်ရှန်းခရိုင်တွင် လူ ၈၈၀၀၀၀၀ ကျော်ရေဘေးဒဏ်ခံခဲ့ရမှုကြောင့် မြို့တော်ဝန်က လူထုကို တောင်းပန်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဦးအောင်သိန်းလင်း ဂယက် ကြံ့ခိုင်ရေး ပါတီ အတွင်း အကြီး အကျယ် သဘောကွဲလွဲမှု ဖြစ်ပေါ်


AungTheinLin-campaign
တရုတ် နိုင်ငံ တွင်း ထုတ် ဝေသည့် သတင်း တစ်စောင် ဖြစ်သော Southern Weekend China
နှင့် မေးမြန်းမှု တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုးပါတီ) ဗဟို  အလုပ်
အမှုဆောင် ဦးအောင်သိန်းလင်း၏ ပြော ဆို မှု ကြောင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ  အတွင်း သဘောထား ကွဲ လွဲ မှု များ ဖြစ် ကာ စနေ နေ့ 
က တက္ကသိုလ် ရိပ်သာ လမ်းသစ် ရှိ ကြံ့ခိုင်ရေး ပါတီ ရုံး တွင် ခေါင်းဆောင် အချို့  အကြီး
အကျယ် အငြင်း ပွား မှု ဖြစ်ကာ ကိုယ် ထိ လက် ရောက်မှု ဖြစ် ခဲ့ သည် ဟု အမည် မဖော်
လို သည့် ကြံ့ခိုင်ရေး ပါတီ ရန်ကုန် တိုင်း စည်းရုံး ရေး အဖွဲ့  ၀င် တစ်ဦး က FNG ကို ပြော
သည်။
“ပြဿနာ ဖြစ်ပြီး မှာ လေ USDA ၀ဘ်ဆိုတ် မှာ ဦးအောင်သိန်းလင်း နဲ့  ပတ်သက် ပြီး အရေးယူ
စုံစမ်း မယ် ဆို တဲ့ သတင်း ကို ဦးဌေးဦး ကိုယ် တိုင် ထည့် ခိုင်း တာ ၊ သူကတော့ ဦးအောင်သိန်းလင်း
ဘက် က် ခပ် ပါပါ ပဲ” ဟု အဆိုပါ ရန်ကုန် တိုင်း စည်းရုံး ရေး အဖွဲ့  ၀င် တစ်ဦး က ပြောသည်။

လျှပ်တစ်ပြက် ဂျာနယ်ကို အသရေဖျက်မှုနဲ့ စွဲဆိုမှု မြို့နယ်တရားရုံး လက်ခံ

ကသာမြို့ ရွှေမေတ္တာလမ်းရှိ ဗယ်လဲင်တိုင်း (Valentine) ကာရာအိုကေ လုပ်ငန်းရှင် ဦးမြင့်မောင်က လျှပ်တစ်ပြက် ဂျာနယ်ကို အတွဲ သုံး အမှတ် ၈၄ နဲ့ ၈၈ ပါ ရေးသားချက်များနဲ့ပတ်သက်လို့  အသရေဖျက်မှု နဲ့တရားစွဲဆိုခဲ့ရာမှာ အမှုကို တရားသူကြီးက ပြစ်မှုဆိုင်ရာအမှုကြီး ၄၈၇/၁၂ နဲ့ လက်ခံလိုက်လို့  ဇူလိုင်လ ၃၀ ရက်နေ့ မှာ စတင်ကြားနာမဲ့ အကြောင်း တရားလို ဦးမြင့်မောင်ရဲ့ ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ဆွေ ကပြောပြပါတယ်။
RFA
လျှပ်တစ်ပြက် ဂျာနယ်၏ မျက်နှာဖုံး တစိတ်တပိုင်းပုံ ဖြစ်ပါသည်။
"ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀ အရ အသရေဖျက်မှုနဲ့ အရေးယူပေးပါရန်ဆိုပြီး ဦးတိုက်လျှောက်လိုက်တာ ဇူလိုင်လ ၁၆ ရက်နေ့က မြို့နယ် တရားသူကြီးက အမှုကို လက်ခံလိုက်ပြီပေါ့နော်။ လက်ခံလိုက်ပြီးတော့ ၃၀ ရက်နေ့မှာ ချိန်းပါတယ်။"

အိပ်နေသည့် အမျိုးသမီးအား ဓားဖြင့်ထောက်၍ ပစ္စည်းများ ယူဆောင်သွားသူကို ဖုန်းငွေဖြည့်ကတ်မှ တစ်ဆင့် ခြေရာခံဖမ်းဆီး



အိပ်နေသည့် အမျိုးသမီးအား မျက်နှာကို ပ၀ါစည်းပြီး ဓားဖြင့် ထောက်၍ငွေ၊ ရွှေထည်ပစ္စည်းနှင့် ဖုန်းငွေဖြည့်ကတ်များယူဆောင်သွား သူကို အဆိုပါဖုန်းငွေဖြည့်ကဒ်မှ တစ်ဆင့် ခြေရာခံကာ ဖမ်းဆီးရမိ ခဲ့ကြောင်း သတင်းရရှိသည်။ ယင်းကဲ့သို့ ဓားထောက်၍ ပစ္စည်းများ ယူဆောင်မှုကျူးလွန်သူမှာ ယခင်က ခိုးမှုဖြင့်ပြစ်ဒဏ်ကျခံနေရာ မှ လွတ်ငြိမ်းချမ်းသာခွင့် နှစ်ကြိမ်ခံစားရပြီး လွတ်မြောက်လာသူဖြစ်ကြောင်း သိရှိရသည်။
၂၀၁၂ ခုနှစ်ဇူလိုင်လ ၁၈ ရက် နေ့က မ......(၄၂ နှစ်)ခရေပင်လမ်း၊ ဒညင်းကုန်းရပ်ကွက် အင်းစိန်မြို့ နယ်နေသူသည် နေအိမ်ဒုတိယထပ်ရှိ အိပ်ခန်း၌ တံခါးစေ့ပြီး အိပ်နေစဉ် နံနက် ၃ နာရီအချိန်ခန့်တွင် အမည် မသိ အသက် (၃၀)နှစ်ခန့်၊ အရပ် ၅ ပေ ၄ လက်မခန့်၊ မျက်နှာကို ပန်းရောင် ပ၀ါစည်းထားသူမှ လက် ထဲတွင် အရိုးအသွား ၁၂ လက်မခန့် ရှိ ဓါးဦးချွန်အားကိုင်ပြီး မ.......အား ထဟုပြော၍

ဒေါ်အောင်ဆန်းစုကြည် ရဟန်းအမအဖြစ် ကုသိုလ်ဒါနပြု

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှူးမြို့နယ် မဲဆန္ဒနယ်မြေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ရဟန်းအမအဖြစ် ကုသိုလ်ဒါနပြုတဲ့ ရဟန်းခံပွဲကို မနေ့က ပုဂံမြို့မှာ ကျင်းပခဲ့ပါတယ်။
ရဟန်းခံပွဲကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား NLD မဟာအောင်မြေ မဲဆန္ဒနယ်မြေ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင် တက်ရောက်ခဲ့ပါတယ်။
တန့်ကြည့်တောင် ဆရာတော်က ဧည့်သံဃာ (၄၅) ပါးနဲ့ အတူ ဥပဇ္ဈာယ် ဆရာတော်အဖြစ် ရဟန်းခံပွဲကို တာဝန်ယူ ဆောင်ရွက်ပေးခဲ့တယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

ဦအောင်သိန်းလင်းအား လွှတ်တော်ကိုယ်စားလှယ်အဖြစ် မှ ပြန်လည် ရုပ်သိမ်းရေး လက်မှတ် စုဆောင်း

ကြံ့ခိုင်ရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦအောင်သိန်းလင်းအား လွှတ်တော်ကိုယ်စားလှယ်အဖြစ် မှ ပြန်လည် ရုပ်သိမ်းရေး လက်မှတ် စုဆောင်းရာတွင် ယနေ့ နေ့လည် တစ်နာရီခွဲ အချိန်ထိ လက် မှတ် ၂၀၀ ခန့်ရရှိပြီး ဖြစ်ပြီး တောင်ဥက္ကလာပ မြို့နယ်အနှံ့ လက်မှတ် စုဆောင်းရေး လုပ်ဆောင်လျှက်ရှိရာ အနည်းဆုံး လက်မှတ် ၂၀၀၀ ခန့်ရရှိမည်ဟု ယုံကြည်ကြောင်း ဦးအောင်သိန်းလင်းအား လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းရေးအတွက် ဦးဆောင် ဆောင်ရွက်နေသူ ဦးမင်းအောင်က ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၉)၊ အပိုဒ် ၃၉၆ (လွှတ်တော် ကိုယ်စားလှယ် ပြန်လည်ရုတ်သိမ်းရေး အခန်း ) တွင် သက်ဆိုင်ရာမဲဆန္ဒနယ်မှ မဲ ဆန္ဒရှင်များက အဆိုပါ လွှတ်တော်ကိုယ်စားလှယ် အား တာဝန်မှ ပြန်လည် ရုတ်သိမ်းလိုပါက မဲ ဆန္ဒရှင် ၁ ရာခိုင်နှုန်း၏ ကန့်ကွက်မှုကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြရမည်ဟု

ခရီးသည်တင်ယာဉ်တစ်စီး အရှိန်လွန်ကာ လူနေရပ်ကွက်အတွင်း ၀င်ရောက်ခဲ့၍ ကလေးတစ်ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရရှိပြီး ယာဉ်ခြောက်စီးပျက်စီး




74310
အရှိန်လွန်ကာ လူနေရပ်ကွက်အတွင်း ၀င်ရောက်ခဲ့သော ယာဉ်ကို တွေ့ရစဉ်
ခရီးသည်တင်ယာဉ်တစ်စီး  အရှိန်လွန်ကာ လူနေရပ်ကွက် အတွင်း ၀င်ရောက်သွားခဲ့သဖြင့် ကလေးတစ်ဦး သေဆုံးပြီးနှစ်ဦးဒဏ် ရာရရှိကာ ယာဉ်ခြောက်စီး ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ သိရှိရပါသည်။
၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် မင်္ဂလာဒုံမြို့နယ် ပြည်လမ်းအတိုင်း တောင်မှမြောက်သို့ ယာဉ်မောင်း ကို---- မောင်းနှင်လာသော ၆ခ/-----(၅၁)လိုင်းမ.ထ.သ ခရီးသည် တင်ယာဉ်သည် လှည်းဂိတ်မှတ်တိုင် အနီး (၁၄)လမ်းထိပ်အရောက်တွင် အရှိန်လွန်ကာ (၁၄) လမ်းအတွင်း သို့ရောက်ရှိသွားပြီးယင်းရှေ့မှ လမ်း လျှောက်သွားနေသော ဗိုလ်လောင်း တစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့အား

Sunday 29 July 2012

တရုတ် ဓါတ်ငွေ့ပိုက်လိုင်းမှ ရခိုင်ပြည် လယ်သမားများကို ကန် ဒေါ်လာ ငါးသောင်း ထောက်ပံ့

မြန်မာနိုင်ငံအနောက်ဘက် ကျောက်ဖြူမှ တရုတ်နိုင်ငံ ကူမင်သို့ ဆက်သွယ်မည့်တရုတ်-မြန်မာ စွမ်းအင်ပိုက်လိုင်းတည်ဆောက်ရေး
ကုပ္မဏီမှ ရခိုင်ပြည်နယ်တောင်သူလယ်သမားများအတွက် အမေရိကန် ဒေါ်လာ ငါးသောင်းထောက်ပံ့ပေးခဲ့ကြောင်းယင်းပိုက်လိုက်စီမံကိန်းမှ ပြန်ကြားရေးဌာနက The Voice Weekly သို့
ပြောကြားသည်။

အရှေ့တောင်အာရှ ရေနံစိမ်း ပိုက်လိုင်း ကုမ္ပဏီ လီမီတက်နှင့်
အရှေ့တောင်အာရှ သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီ လီမီတက်တို့
ပူပေါင်းကာ ထောက်ပံ့ခြင်း ဖြစ်သည်။

မလေးရှား ကုန်တင်သင်္ဘောတစ်စင်း ပေါက်ကွဲ၊ မိုးကြိုးပစ်ချမှုကြောင့်ဟု ယူဆရ




ဓာတုပစ္စည်းများ သယ်ဆောင်လာသောသင်္ဘော လာဘူအန်ကျွန်းတွင် မီးလောင်ပေါက်ကွဲခဲ့သည်ကို ၂၀၁၂ ခုနှစ်၊ ဇူလိုင် ၂၆ ရက်နေ့က တွေ့ရစဉ်
မက်သနောဓာတုပစ္စည်းများ တင်ဆောင်လာသော မလေးရှား ကုန်တင်သင်္ဘောတစ်စီးသည် ဇူလိုင်လ ၂၆ ရက်နေ့က ပေါက်ကွဲမှုကြောင့် သင်္ဘောဝန်ထမ်းတစ်ဦး သေဆုံးခဲ့ပြီး လူလေးဦး ပျောက်ဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့များ၏ ပြောကြားချက်အရ သိရသည်။
ယင်းပေါက်ကွဲမှုသည် မိုးကြိုးပစ်ခြင်းကြောင့်ဖြစ်ကြောင်းနှင့် တောင်တရုတ်ပင်လယ်အတွင်းတွင်ရှိ Labuan ကျွန်းရှိ Petronasကုမ္မဏီသို့ မောင်းနှင်လာစဉ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သင်္ဘောကုမ္မဏီ MIRS မှ ပြောကြား ခဲ့ခြင်းဖြစ်သည်။ Bunga Aplinia အမည်ရှိ သင်္ဘောသည် တန်ချိန် ၃၈၀၀၀ ခန့်လေးကာ ပေါက်ကွဲမှုကြောင့် ၈၀ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ကြောင်း သိရသည်။

သစ်တောပြုန်းတီးခြင်း အပြင် တိရစ္ဆာန်ထွက် ပစ္စည်းများ တရားမ၀င် ရောင်းချမှုများကြောင့် မြန်မာနိုင်ငံ၌ ဆင်ကောင်ရေ လျော့ကျလာ




7437
ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်း လုပ်ငန်းခွင်တွင် အသုံးပြုသော ဆင်တစ်ကောင်ကို တွေ့မြင်ရစဉ်
သစ်တောပြုန်းတီးမှု မြင့်တက်လာခြင်းအပြင် တိရစ္ဆာန်ထွက်ပစ္စည်း များ တရားမ၀င် ရောင်းချမှုများကြောင့် မြန်မာနိုင်ငံတွင် ဆင်ကောင် ရေလျော့ကျလာကြောင်း သတင်းရရှိ ပါသည်။ မြန်မာနိုင်ငံသည် အာရှဒေသတွင် အာရှဆင်များ အဓိက ကျက်စားရာနိုင်ငံများ၌ အပါအ၀င်ဖြစ်နေပြီး သစ်လုပ်ငန်းသုံးဆင်များ၊ ပုဂ္ဂလိကပိုင်ဆင်များနှင့် တောဆင်များ ဟူ၍ရှိနေသည်။
“လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ထုတ်တဲ့ စာအုပ်တွေအရတော့ အကောင်ရေ ၃၀၀၀ လောက်ဆိုတာ သိရတယ်။ တောဆင်လည်း ခန့်မှန်း ခြေ ၃၀၀၀ လောက်ဆိုတာ ဖတ်ဖူးတယ်။ ဒါပေမယ့် ဒီကနေ့ အခြေအနေမှာတော့ အဲဒီထက် လျော့နည်း သွားပြီဆိုတာတော့ ကျိန်းသေတယ် လို့ ယူဆတယ်”ဟု မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းမှ အမှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ကြီးကပြောကြားသည်။

"ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ရန် ကုလတောင်းဆိုနေ"

Navi Pillay
ရခိုင်ပြည်နယ် ပဋိပက္ခတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အာဏာအလွဲသုံးစားပြု၍ ဖိနှိမှုများ ပြုလုပ်ခဲ့သည်ဟူသော စွပ်စွဲချက်များနှင့် ပတ်သက်၍ လွတ်လပ်ပြီး အမှီအခိုကင်းသော စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ရန် ကုလသမဂ္ဂ လူအခွင့်အရေးဆိုင်ရာ အကြီးအကဲ(UN human rights chief) နာဗီ ပီလေး(Navi Pillay)က တောင်းဆိုသည်ဟု BBC သတင်းတစ်ရပ်အရ သိရသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကို ထိန်းသိမ်းနှိမ်နင်းရန် စေလွှတ်ခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ အစ္စလာမ်ဘာသာဝင်များကို အဓိက ဦးတည်တိုက်ခိုက်ခဲ့ကြသည်ဟု ရေးသားအစီရင်ခံမှုများ ရှိနေသည်ဟု မစ္စပီလေးက ဆိုသည်။

“ပြည်ပက လာရောက်နေထိုင်သူတွေကသာ အသားကျအောင် လုပ်ရမှာ။ နေချင်နေ မနေချင်ရင် ထွက်သွား” ဟုသြစတေးလျဝန်ကြီးချုပ်ပြောကြား

သြစတေးလျဝန်ကြီးချုပ် Julia Gillard
“ပြည်ပက လာရောက်နေထိုင်သူတွေကသာ အသားကျအောင် လုပ်ရမှာလေ။ သြစတြေးလျသားတွေက လုပ်ရမှာ မဟုတ်ဘူး။ နေချင်နေ မနေချင်ရင် ထွက်သွား”

“ကျွန်မတို့ဟာ တချို့ ပုဂ္ဂလိကတွေနဲ့ သူတို့ရဲ့ ယဉ်ကျေးမှုတွေကို စော်ကားမိသလားဆိုတာကို တွေးတွေးပူနေရတဲ့ ဒီနိုင်ငံအတွက် ကျမ ငြီးငွေ့လာရပြီ။ ဘာလီကျွန်း တိုက်ခိုက်မှု ပြီးကတည်းက ကျွန်မတို့ သြစတြေးလျှသား အများစုမှာ မျိုးချစ်စိတ်ဓာတ်တွေ တချိန်ထိုး တိုးမြင့်လာတာတွေ သိခဲ့ရပါပြီ”

“ကျွန်မတို့ ယဉ်ကျေးမှုဟာ အနှစ် ၂၀၀ မျှမက အမျိုးသား/သမီး သန်းပေါင်းများစွာက ရုန်းကန်ကြိုးစား တိုက်ပွဲဝင် အောင်ပွဲဆင်ပြီးမှ ဖွံ့ဖြိုးတိုးတက်လာခဲ့တာပါ”

“ကျွန်မတို့ အင်္ဂလိပ်စကားကိုပဲ အဓိကပြောပါတယ်။ စပိန်၊ လက်ဘနွန်၊ အာရပ်၊ တရုတ်၊ ဂျပန်၊ ရုရှားနဲ့ အခြားဘာသာစကားတွေ မပြောပါဘူး။ ဒါကြောင့် ရှင်တို့ ကျွန်မတို့ လူ့အသိုင်းအ၀ိုင်းမှာ အပါးအ၀င်းဖြစ်ချင်တယ်ဆိုရင် ဒီဘာသာစကားကို သင်ကြားပါ”

အာဏာရှင်ရဲ့ ချစ်သူ

ဒီတစ်ခါ မြောက်ကိုရီးယားသတင်းကတော့ အာဏာရှင်ရဲ့ ဖိနှိပ်မှုမဟုတ်ပါဘူး။ နျူးကလီးယား စီမံကိန်းကို ကမ္ဘာ့ပုလိပ်ကြီး ရွှေစိတ်တော် ငြိုငြင်အောင် လျှို့လျှို့ဝှက်ဝှက် စမ်းသပ်နေတဲ့ သတင်းလည်း မဟုတ်ပြန်ဘူး။ မြောက်ကိုးရီးယား စစ်လက်နက်ခဲယမ်း အပြည့်နဲ့  ကုန်တင်သင်္ဘောကို လှိုင်မြစ်ဝမှာ တွေ့တယ်ဆိုတဲ့ သတင်းလည်း မဟုတ်ပါဘူး။ ဒီဇာတ်လမ်းမှာ ၀တ်မှုံရွှေရည်လည်း မပါပါဘူး။
အာဏာရှင်ပေါက်စ ကင်ဂျုံးအန်းရဲ့ လက်ထပ်မင်္ဂလာ သတင်းပါ။ သတင်းအမှန်ပါပဲ။
နှစ်သက်ဖွယ်ရာ ရဲမေ ချစ်သူ ရီဆိုးဂျူရဲ့ ရင်ခွင်မှာ အာဏာရှင်စိတ်ရိုင်းတွေ ပျော့ပြောင်းလာဖွယ်ရာ ရှိနေတယ်လို့ မောက္ခက သုံးသပ်ရပါတယ်။

မြန်မာ အစိုးရ ၀ါကာ အူဒင် ကို တရားစွဲဆို မည်


Rohingya men are seen among houses set on fire during fighting
HKT၊   ၊အမေရိကန် တွင် နေထိုင်သည့် ရိုဟင်ဂျာ ခေါင်းဆောင် ဒေါက်တာ ၀ါကာ
အူဒင် နှင့် အခြား နှစ်ဦး ကို မြန်မာ အစိုးရ က လိမ်ညာ ၀ါဒဖြန့် မှု ၊ သတင်း
မှား ဖြန့်  ချိမှု၊ လူမျိုးရေး အဓိရုဏ်းဖြစ်စေသည့် ပြော ဆိုမှု  များ ဖြင့် ၀ါရှင်တန်
ဒီစီ ရှိ ရှေ့ နေ အချို့  နှင့် တိုင်ပင် ကာ တရားရုံး တစ်ခု တွင် တရား စွဲ ဆို သွား
မည် ဟု FNG မှ သံတမန် သတင်း ရပ်ကွက်ကို ကိုးကား ပြီး စုံ စမ်း သိရှိရသည်။
နေပြည်တော် မြို့  နိုင်ငံခြားရေး ၀န်ကြီးဌာန မှ အမည် မဖော် လို သည့် မြောက်အမေရိက
ရေးရာ ဌာန အကြီးတန်း အရာ ရှိ တစ်ဦး က ” ပြီးခဲ့ တဲ့ လတွေ က ရခိုင် ပြည်နယ် အရေး
မှာ ဖြစ်ခဲ့ တာ တွေ ကို သူက မီဒီယာ တွေ ကို လိမ်ညာ ပြီး ပြောတယ် လေ ၊ သတင်း
မှာ တွေ သာမက ဓာတ်ပုံ တွေ ကို လည်း မရိုးမသား ထုတ် ပြန်တယ် ” ဟု FNG
ကို ပြောသည်။

မိုးခါးရေ(မောင်နှင်းပန်း)




နေ့စဉ်နှင့် အမျှ ဘတ်စ်ကား စီးရသည့် ဒုက္ခကို ကျွန်တော် စိတ်ညစ်လှပြီ ဖြစ်သည်။ ဖြစ်နိုင်လျှင် မစီးချင်တော့။
ကိုယ်က ကျူရှင်ဆရာ ဆိုတော့ စာသင်ချိန်တွေကို အချိန်ကိုက် ရောက်ရန်အတွက် ဘတ်စ်ကားတွေကို အားကိုးရသည်။ ကိုယ်ပိုင် ကားစီးရန် အတွက် အိပ်မက်ထဲတွင်ပင် မရင်းနှီးသေးသော ကျွန်တော့် အတွက် ဘတ်စ်ကားတွေနှင့် ပတ်သက်နေရတုန်း ရှိသေးသည်။

တစ်နေရာရာကို  စာသင် သွားရတော့မည် ဆိုလျှင်  ကိုယ်က အချိန်အတိအကျ  ရောက်နေမှ ဖြစ်မည်။ နောက်ကျနေ၍ မဖြစ်။ ထို့ကြောင့် နေ့စဉ်နှင့် အမျှ ခရီးတိုတွေကို မိုင်ပေါင်းများစွာ  ဖြတ်သန်းနေရသည်။ ကျွန်တော်နေသည့် မြောက်ဥက္ကလာပမှ လှိုင်သာယာ။ လှိုင်သာယာမှ တောင်ဥက္ကလာ။ ထိုမှတစ်ဆင့် မင်္ဂလာဒုံ၊ ကမ္ဘာအေး အစရှိသဖြင့် အရပ် လေးမျက်နှာကို ဥဒဟို ပြေးလွှား နေရသည်။

လုပ်ငန်းရှင်ကြီးအချို့အပေါ် ခြွင်းချက်ပြု၍ အခွန်ကင်းလွတ်ခွင့် ရှည်ကြာစွာပေးထားခြင်းသည် နိုင်ငံအတွက် အခွန်ငွေရရှိမှု နည်းပါးသကဲ့သို့ အခွန်တိမ်းရှောင်မှု၊ မသမာမှု၊ လာဘ်ပေးလာဘ်ယူမှု ပိုမိုကြီးထွား လာစေနိုင်



7431
မြေဈေးနှုန်း ကြီးမြင့်သည့် ရန်ကုန်မြို့ ဆူးလေစေတီတော် အနီးဝန်းကျင်ကို တွေ့ရစဉ်
လုပ်ငန်းရှင်ကြီးအချို့အပေါ် ခြွင်းချက်ပြု၍ အခွန်ကင်းလွတ်ခွင့် ရှည်ကြာစွာ ပေးထားခြင်းသည် နိုင်ငံအတွက် အခွန်ငွေရရှိမှု နည်းပါးသကဲ့သို့ အခွန်တိမ်းရှောင်မှု၊ မသမာမှု၊ လာဘ်ပေးလာဘ်ယူမှု ပိုမိုကြီးထွားလာစေနိုင်ကြောင်း အမျိုးသားလွှတ်တော် ငွေရေးကြေးရေးနှင့် အခွန်အကောက်ဆိုင်ရာ ကော်မတီ အကြံပြု
လုပ်ငန်းရှင်ကြီးအချို့(ဥပမာ -အိမ်ရာ၊ မြေယာ ရောင်းဝယ်ခြင်း) အပေါ် ခြွင်းချက်ပြု၍ အခွန်ကင်းလွတ်ခွင့် ရှည်ကြာစွာပေးထားခြင်းသည် နိုင်ငံတော်အတွက် အခွန်ငွေရရှိမှု နည်းပါးသကဲ့သို့ အခွန်တိမ်းရှောင်မှု၊ မသမာမှု၊ လာဘ်ပေးလာဘ်ယူမှုများ ပိုမိုကြီးထွားလာစေနိုင်ကြောင်း အမျိုးသားလွှတ်တော် ငွေရေးကြေးရေးနှင့် အခွန်အကောက်ဆိုင်ရာ ကော်မတီ၏ အကြံပြုချက်စာတမ်းတွင် အကြံပြုထားကြောင်း သိရသည်။
ငွေကြေးအရင်းအနှီး မြောက်မြားစွာ ရင်းနှီးမြှုပ်နှံထားသည့် ကုန်ထုတ်လုပ်ငန်း မဟုတ်သည့် ၀ယ်လှောင်ရောင်းပုံသဏ္ဌာန်ဖြင့် ဆောင်ရွက်နေသည့် မြေ၊ အိမ်၊ ယာဉ်ရောင်းဝယ်မှုများ အပေါ်တွင်လည်း သင့်တော်သည့်နည်းလမ်းများဖြင့် စနစ်တကျစည်းကြပ်သွားရန် လိုအပ်သည် ဟု တင်ပြထားကြောင်း သိရသည်။

တရုတ်ပြည်က ရွှေနဲ့လုပ်တဲ့ကား

တရုတ်နိုင်ငံ၊ Jiangsu ပြည်နယ်- နန်ကျင်းမြို့မှာ ရွှေနဲ့လုပ် ထားတဲ့ ဇိမ်ခံပြိုင်ကားကို ယခုလို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

၂၀၁၂ခုနှစ် မတ်လ ၂၉ ရက်နေ့က တွေ့မြင်ရ တဲ့ ဓာတ် ပုံဖြစ်ပါတယ်။ ကားပိုင်ရှင်ဟာ ပါကင်မထိုးရနယ်မြေမှာ ကားရပ်ထားလို့ ရဲများက တင်ဆောင်သွားမှုဖြစ်ပါတယ်။ ယင်းအတွက် ကားပိုင်ရှင်ဟာ ဒဏ်ငွေဆောင်ပြီး ပြန် လည် ရွေးချယ်ခဲ့ ပါတယ်။ ဒါဟာ တမင် နာမည်ကြီးချင်လို့ လုပ်တဲ့အဖြစ်လို့ လူတိုင်းပြောဆိုကြပါတယ်။

Apple မှ ထုတ်လုပ်မည့် Bluetooth လက်စွပ်

ပုံမှာမြင်တွေ့နေရတာကတော့ Apple ကုမ္ပဏီမှ မကြာမီထုတ်လုပ်တော့မဲ့ Bluetooth လက်စွပ် iRing ဖြစ်တယ်လို့ သိရပါတယ်။

iRing ဟာ Wireless Bluetooth connectivity နဲ့ iPod, iPhone စတာတွေကို ချိတ်ဆက်အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။ အသုံးပြုလို့ရမဲ့ function ကတော့ Playback နဲ့ အသံကို ထိန်းချုပ်ခြင်း (Control) တို့သာရှိသေးပြီး ယင်းထက် ပိုမိုအသုံးဝင်မည့် function နဲ့ နည်းပညာတွေ ထပ်မံ ပေါင်းစပ်နိုင်ဖို့ ကြိုး စားနေပါတယ်။

OLED display ပါဝင်ပြီး touch sensitive funtion နဲ့ ဖြစ်ပါတယ်။ ပြီးတော့ ဘက်ထရီအား တစ်ခါသွင်းထားရင် နှစ်ရက်ကြာအသုံးပြုနိုင်စေမှာ ဖြစ်ပါ တယ်။

ဆန္ဒပြခွင့်


ဆီရောင်းချ၍ မြန်မာ့မီးရထားမှ အရာရှိအပါအ၀င်ဝန်ထမ်း( ၄၇ ) ရာထူးမှရပ်ဆိုင်းခံရ



မြန်မာ့မီးရထားမှ အရာရှိ(၄)ဦးအပါအ၀င် ၀န်ထမ်း(၄၇)ဦးအာမြန်မာ့မီးရထားပိုင် တရားမ၀င်စက်ဆီရောင်း ချခြင်းနှင့်ပတ်သက်၍ရာထူးမှထုတ်ပယ်လိုက်ကြောင်း သတင်းရရှိရသည်။
မြန်မာ့မီးရထားတိုင်း အမှတ်(၃)ဖြစ်သည့် မိုးညှင်းမြို့တွင်ပြီးခဲ့သည့်ရက်ပိုင်းက စက်ခေါင်းစက်ရုံမှအရာရှိ   လေးဦးအပါအ၀င်ရထားဝန်ထမ်း လေးဆယ့်ခုနှစ်ဦးကို အလုပ်မှဖြုတ်ပစ်လိုက်သည်ဟုစုံစမ်းသိရှိရသည်။
ထိုကဲ့သို့ အလုပ်တာဝန်များမှ ရပ်စဲခဲ့ရခြင်းမှာ မြန်မာ့မီးရထားပိုင်စက်သုံးဆီများအား တရားမ၀င် ထုတ်ယူ ရောင်းချခဲ့ခြင်းကြောင့်ဖြစ်သည်ဟုမီးရထားဝန်ထမ်းအသိုင်းအ၀န်းမှ သိရသည်။

စာနယ်ဇင်းလောက အဟန့်အတားလုပ်ရပ်များကို ယာယီ စာနယ်ဇင်းသမဂ္ဂ ကော်မတီ ကန့်ကွက်

မြန်မာစာနယ်ဇင်းလောကမှာ သတင်းတွေ ရေးသားဖေါ်ပြတာနဲ့ ပတ်သက်လို့ ဂျာနယ်တချို့ တရားရင်ဆိုင်နေရတဲ့ ကိစ္စနဲ့ ထုတ်ဝေခွင့် ပိတ်ပင်ခံထားရတာတွေ အပေါ် မြန်မာစာနယ်ဇင်းသမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီ (ယာယီ) က ကန့်ကွက်တဲ့ ကြေညာချက် တစောင် ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
AFP
စာနယ်ဇင်းများကို ရောင်းချရန် ပြင်ဆင် ခင်းကျင်းနေသော ဈေးသည်တဦး ဖြစ်ပါသည်။
သတ္တုတွင်းဝန်ကြီးဌာနက The Voice ဂျာနယ်ကို တရားစွဲထားတဲ့ ကိစ္စ၊ ဒလမြို့နယ်က ယာဉ်ရပ်နားစခန်း နဲ့ First Weekly ဂျာနယ်တို့ အပြန်အလှန် တရားစွဲထားတဲ့ကိစ္စ၊ ရန်ကုန်တိုင်းအစိုးရ ကိုယ်စား ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးက လျှပ်တပျက်ဂျာနယ်ကို တရားစွဲထားပြီး ဂျာနယ်ထုတ်ဝေခွင့် ရပ်ဆိုင်းထားတဲ့ ဖြစ်ရပ်မျိုးတွေဟာ

ရိုဟင်ဂျာတွေကို ထပ်မံ လက်ခံဖို့ ဘင်္ဂလားဒေ့ရှ် ငြင်းဆို

မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို သူတို့ နိုင်ငံမှာ ထပ်မံလက်ခံဖို့  မဖြစ်နိုင်တော့ဘူးလို့  ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောပါတယ်။
AFP
၂၀၁၂ ခုနှစ် ဇွန်လက ဘင်္ဂလားဒေ့ခ်ျ လုံခြုံရေးတပ်ဖွဲ့ဝင်များ ကင်းလှည့်နေစဉ်။
မိမိတို့ နိုင်ငံအနေနဲ့ လက်ရှိမှာတင် မြန်မာနိုင်ငံကလာတဲ့ ရိုဟင်ဂျာ ၃ သိန်းကို ဒုက္ခသည်တွေ အဖြစ် လက်ခံထားရပါတယ်။ ထွက်ပြေးလာတဲ့ ဒုက္ခသည် မှန်သမျှကို လက်ခံဖို့ လည်း မိမိတို့  ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တာဝန်မရှိပါဘူးလို့  ၀န်ကြီးချုပ် ရှိတ်ဟာဆီနာ က ပြောကြောင်း အယ်ဂျာဇီရား သတင်းမှာ ဖေါ်ပြထားပါတယ်။
ဒီအတောအတွင်းမှာပဲ ရခိုင်ပြည်နယ်မှာ မကြာသေးခင်က  ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေကို  မြန်မာအစိုးရ လုံခြုံရေးတပ်ဖွဲ့ တွေက နှိမ်နင်းရာမှာ မမျှမတ  ခွဲခြားဆက်ဆံမှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေကို မိမိတို့ ရရှိနေကြောင်း ကုလသမဂ္ဂ လူ့ အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး နာဗီ ပီလေ (Navi Pillay) က မနေ့ က ပြောဆိုလိုက်ပါတယ်။

တရုတ် သင်္ဘောသား ၁၃ ဦး၏ အသတ်ခံရမှု နှင့် ပက်သက်၍ စုံစမ်းရေး အဖွဲ့ များ မြန်မာနိုင်ငံသို့ လာရောက်


ရွှေတြိဂံ နယ်မြေ မဲခေါင်မြစ် အတွင်း ယမန်နှစ် အောက်တိုဘာလ တွင်းက တရုတ် သင်္ဘောသား ၁၃ ဦး၏ သတ်ဖြတ်ခံရမှု နှင့် ပက်သက်၍ တရုတ်နိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဗဟိုဌာနမှ ညွန်ကြားရေးမှူး လျူ ရီဂျင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် မြန်မာနိုင်ငံ မြို့တော် နေပြည်တော်သို့ ရောက်ရှိ ၍ ဆွေးနွေးကာ အကြံဥာဏ် ဖလှယ်၍ တိုင်ပင် မှုများ ပြုလုပ်နေကြောင်း တရုတ် အစိုးရမှ သတင်းထုတ်ပြန် သည်။

၎င်းသည် မဲခေါင်မြစ်အတွင်း ယမန်နှစ် အောက်တိုဘာလတွင်းက တရုတ် သင်္ဘောသား ၁၃ ဦး၏ သတ်ဖြတ်ခံရမှု နှင့် ပက်သက် ၍ စုံစမ်းနေသော စစ်ဆေးရေး အဖွဲ့ ခေါင်းဆောင်ဖြစ်ပြီး မြန်မာနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်လည်း ဇူလိုင် ၂၇ ရက်နေ့က တွေ့ဆုံခဲ့သည်။

ထိုင်းတောင်ပိုင်း မြန်မာအလုပ်သမားများ လုံခြုံရေးစိုးရိမ်နေရ

ထိုင်းနိုင်ငံ နဲ့ မလေးရှားနိုင်ငံ နယ်စပ်က ဆုံခလာခရိုင် ရနုတ်မြို့က Charoen Pokphand Food Public ပုဇွန်စက်ရုံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမား ၃ ယောက်ကို ဇူလိုင်လ ၂၅ ရက်နေ့က မနက်အစောပိုင်းက အမည်မသိသူတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။ စက်ရုံနဲ့ ၅ ကီလိုမီတာလောက် ဝေးတဲ့ ရနုတ်ကျေးရွာမှာ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် အဲဒီဒေသမှာရှိနေတဲ့ မြန်မာအလုပ်သမားတွေဟာ အဲဒီမှာနေဖို့အတွက် စိုးရိမ်ထိတ်လန့် နေကြပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မလေးနယ်စပ် ဆုံခလာ ခရိုင်ဟာ မြန်မာအလုပ်သမား အနည်းငယ်သာ အလုပ်လုပ်ကိုင်ကြပြီး သေနတ်နဲ့ ပစ်ခတ်မှုတွေနဲ့ လူ သေဆုံးတာတွေ ရှိခဲ့ပြီးတဲ့နောက် အဲဒီဒေသက မြန်မာအလုပ်သမားတွေဟာ စိုးရိမ်ထိတ်လန့် နေကြပါတယ်။ အလုပ်သမားတဦး ပြောပြတာကတော့ -

မိခင်မှ မွေးဖွားပြီးချိန် ရက်(၂၀)ကျော်မှ ဦးခေါင်းကြီးလာသော ကလေးငယ်အား ကူညီဆောင်ရွက်ပေးရန်လိုအပ်နေ

 
စာရေးသူသည် စစ်ကိုင်း တိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်း မောက်မြို့နယ်သို့ မြေထောက်ပဲ နှင့် မြေပဲဝယ်ရန် ရောက်ရှိခဲ့ပါသည်။ ထိုသို့ သွားရောက်စဉ် ဗန်းမောက် မြို့နယ်တွင်းရှိ ကျွဲကောကြီးရွာ တွင် ကလေးတစ်ယောက် ဦးခေါင်းကြီးနေသည်ကို မြင်တွေ့ ခဲ့ရပါသည်။ ထိုသို့ ထူးခြားစွာ ခေါင်းကြီးနေသော ကလေးမိခင် အား စာရေးသူ မေးမြန်းခဲ့ပါ သည်။
စာရေးသူမေးမြန်းရာတွင် ကလေး၏ မိဘမှာ ကိုမောင်တိုး+ မမိသေးဖြစ်ပြီး ကလေး၏ နာမည်မှာ မောင်ရှိန်းနိုင်နိုင်ဖြစ်ပါ သည်။ မိခင်မှ ကလေးကို ကိုယ် လက်အင်္ဂါအကောင်းပကတိ မွေးဖွားပြီး ရက်ပေါင်း (၂၀)အရ တွင် မိခင်ရော ကလေးပါ ဖျား သဖြင့် အင်းတော်မြို့နယ် ပြည်သူ့ ဆေးရုံ၌ ဆေးရုံတက်ရပါသည်။ ဆေးရုံဆင်းပြီးချိန်တွင် မိခင်ရော ကလေးပါ ကျန်းမာရေးကောင်း လာသော်လည်း ကလေးမှာ တဖြည်းဖြည်းနှင့် ခေါင်းကြီးလာ ပါသည်။

''ဒီမို ၁၀ ပါတီ သဘောထားကြေညာချက် ရခိုင်ပါတီလက်မခံ ၊ ပြည်သူအချို့ကဝေဖန်''

လာမည့်ရွေးကောက်ပွဲများတွင် တစ်ပါတီတည်းအနိုင်ရမှုကိုကာကွယ်ရန် ရွေးကောက်ပွဲစံနစ်ပြုပြင်ရေးနှင့်ပတ်သတ်၍ ဒီမိုကရေစီမိတ်ဆွေပါတီများက
သဘောထားကြေည်ာချက်တစ်ရပ်ကို ဇူလိုင်လ ၂၈ ရက်နေ့စွဲဖြင့်ထုတ်ပြန်ခဲ့သည်။
ဇူလိုင် ၂၇ ရက်နေ့က ဒီမို ၁၀ ပါတီနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ယင်းသို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
"ေ၇ွးကောက်ပွဲကော်မရှင်က ဒါကိုလွှတ်တော်တင်ပြမယ်ပေါ့။ ပါတီတွေနဲ့ ပြည်သူတွေအားလုံးပါဝင်လာအောင်လုပ်ပါဆိုပြီးပြောတယ်။ ရခိုင်တိုင်းရင်းသားများ
တိုးတက်ရေးပါတီကတော့ ဒီသဘောထားကြေညာချက်ကို လက်မခံပါဘူး " ဟု ဒီမိုမိတ်ဆွေပါတီတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ MARUHAN မာရူဟန် ဂျပန်ဘဏ် ကိုယ်စားလှယ်ရုံး မြန်မာနိုင်ငံတွင် ဖွင့်လှစ် ”

မာရူဟန် ဂျပန်ဘဏ်ကိုယ်စားလှယ်ရုံးအား ရန်ကုန်မြို့ ၊ အမှတ် (၉၇-ဘီ)ကမ္ဘာအေးဘုရားလမ်းတွင် ဇူလိုင် ၂၈ ရက်နေ့မှ စတင် ဖွင့််လှစ်လိုက်ပြီ
ဖြစ်သည်။
အဆိုပါဘဏ်သည် ကမ္ဘောဒီးယားနိုင်ငံအခြေစိုက် ဂျပန်နိုင်ငံသားပိုင် စီးပွားရေးဘဏ်တစ်ခုဖြစ်ပြီး ကမ္ဘောဒီးယားတွင် စက်မှုလုပ်ငန်းဦးဆောင်းသူ၊စီပွားရေးလမ်းထွင်သူအဖြစ် လျင်မြန်စွာနေရာယူထားသော ဘဏ်ဖြစ်ကြောင်း ယင်းနေ့နံနက်တွင်ကျင်းပသည့် ဖွင့်ပွဲအခမ်းအနားတွင် သိရသည် ။ ထိုကဲ့သို့နိုင်ငံခြားဘဏ်များ
မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးနှင့်ရုံးခွဲများအဖြစ် ဖွင့်လှစ်ပြီးနောက်ပိုင်း စီးပွားရေးဆိုင်ရာ အခွင့်အလမ်းသစ်များအပြင် တိုင်းရင်းသား
ဘဏ်များနှင့် ဒေါ်လာ ၊ ယူရို ၊ စင်ကာပူဒေါ်လာစသည့် နိုင်ငံခြားငွေဖြင့် တရားဝင်ကုန်သွယ်ခွင့်ပေးအပ်ခြင်း အစရှိသော
အရေးပါသည့် ပြုပြင်ပြောင်းလဲရေးများဖြစ်ပေါ်လာမည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်များကခန့်မှန်းထားသည်။

ပြည်ပမှ ရိုပာင်ဂျာအရေးခြိမ်းခြောက်မှုများအား လက်ခံနိုင်ဖွယ်မရှိဟု ပြန်လည်တုံ့ပြန်

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ရိုဟင်ဂျာ အရေးနှင့် ပတ်သက်၍ ပြည်ပ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်ပပါလီမန်တို့   ၏ဝေဖန်ပြော ဆိုနေမှုအား  မြန်မာ ဒီမိုကရေစီ အရေး ပျက်ယွင်း အောင်ဆောင် ရွက်ခြင်းဟု သတ်မှတ်ထားကြောင်း RNDPပါတီ အထွေထွေ
 အတွင်းရေးမှူး ကပြောသည်။

ထိုသို့ သတ်မှတ်ရခြင်း အကြောင်းမှာ ပြည်ပမှ တိုက်ခံနေသော အဖွဲ့ အစည်း၊ ပါလီမန်များ၏ ပြောဆိုမှုများသည် ခိုင်မာမှုမရှိခြင်း၊ ထုတ်ပြန်နေသော သတင်းများ မှားယွင်းနေခြင်းကြောင့် ဖြစ်သည်ဟုရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ   (RNDP) က ဆိုလိုက်ခြင်းဖြစ်သည်။

ရင်သွေးတွေကို ဖခင်ခြေရာ နင်းစေချင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း၏မဟေသီ မဟာသီရိသုဓမ္မဒေါ်ခင်ကြည်(ဟာဂျူလီ.ကသာ)

ကျွန်တော်တို့နိုင်ငံကအမျိုးသမီ
းအတော်များများဟာရာထူးတစ်ခုခုရှိတဲ့ ခင်ပွန်းသည်ကိုပိုင်ဆိုင်ခွင့်ရပြီ
ဆိုတာနဲ့“ရှင်ဘုရင်နဲ့ညားတော့မိဖုရား”ဆိုတဲ့စိတ်တွေဝင်သွားတတ်ကြပါတယ်။အချိုးတွေအတော်အတန်
ပြောင်းကုန်တတ်ပါတယ်။အခြားမပြောနဲ့၊အရပ်လူကြီးကတော်လေးဖြစ်တာနဲ့တောင် ၀တ်ပုံစားပုံက အချိုးပြောင်းသွားသေးတတ်ကြသေးတာပဲ။ရာထူးကြီးကြီးရှိတဲ့ အိမ်ရှင်မတွေဆို ပိုလို့သာဆိုးတော့တာပေါ့။
ဒါကလည်း လူညီကြလို့ “ဤ”ဟာ “ကျွဲ”ဖြစ်နိုင်သလို နောက်နွားတွေဖြောင့်ဖြောင့်လိုက်သွားတာလည်း
ဖြစ်နိုင်ပါတယ်။ဒီနေရာမှာ ကြုံလို့ပြောရဦးမယ်။အချို့ ရာထူးကြီးကြီးပုဂ္ဂိုလ်တွေများ နာမည်ကောင်းတွေ
ထွက်လိုက်ကြတာ။စာရိတ္တမဏ္ဍိုင် သိပ်ခိုင်တာပဲဆိုပြီးတော့ပေါ့၊ဒါပေမယ့်နောက်ဆက်တွဲထပ်ပြောကြ
တာကတော့ ကိစ္စကြီးငယ်ရှိရင် “နောက်ဖေးပေါက်ကနေ သူ့မိန်းမဆီ ၀င်မှ ရတာ”တဲ့။ဟုတ်တော့လည်း
ဟုတ်ရှာမှာပေါ့။မိန်းမဆိုတာမျိုးက၀တ်ချင်စားချင်တယ်လေ။စိတ်ချသေခြာရတဲ့ဘ၀မျိုးကိုပိုင်ဆိုင်ချင
ကြတယ်။နောင်ရေးကိုလည်း တွေးပြီးပူပန်တတ်တယ်။ဒီတော့ သူတို့တတွေရဲ့ တပ်မက်မှုစာရိတ္တဟာ
ယောက်ျားတွေထက်ပိုပြီးထိရှလွယ်ကြတာပေါ့။

ဦးအောင်သိန်းလင်းက Southern Weekend သတင်းစာသို့ ဖြေကြားမှုကို စိစစ်လျက်ရှိပြီး တွေ့ရှိချက်ပေါ်မူတည်၍ ပါတီ၏ စည်းကမ်းအရ ဆက်လက်အရေးယူမည်ဟုဆို

  တရုတ်နိုင်ငံတွင် အပတ်စဉ်ထုတ်ဝေလျက်ရှိသော Southern Weekend (China) သတင်းစာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းတို့ တွေ့ဆုံမေးမြန်းချက်ကို အင်တာနက်တွင် ပျံ့နှံ့လျက်ရှိပြီး ပြည်တွင်းဂျာနယ်အချို့၌လည်း ဖော်ပြလျက်ရှိရာ ဦးအောင်သိန်းလင်းက ထိုဖော်ပြချက်များအတိုင်း အမှန်တကယ် ပြောကြားခြင်းရှိ၊ မရှိကို စိစစ်ဆောင်ရွက်လျက်ရှိပြီး၊ တွေ့ရှိချက်အပေါ်မူတည်၍ ပါတီစည်းကမ်းအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီက ယနေ့(ဇူလိုင် ၂၈ရက်) ရက်စွဲဖြင့် တရားဝင်ကြေညာသည်။

Saturday 28 July 2012

Android OS နှင့်အတူ Java, Symbian, iOS များတွင်ပါအသုံးနိုင်မည့် ရန်ကုန်နှင့် မန္တလေးလမ်းညွှန်သစ်ထွက်ရှိ


Java, symbian, iOS များတွင် ထည့်သွင်းအသုံးပြုနိုင်သည့် ရန်ကုန်လမ်းညွှန်နှင့် မန္တလေးလမ်းညွှန်သစ် ထွက်ရှိကြောင်း Yangon Directory Group မှသိရသည်။ ယခင်က Android OS များတွင်သာ အသုံးပြုနိုင်ခဲ့ပြီး ယခုမိုဘိုင်းဖုန်းအသုံးပြုသူတိုင်း အသုံးပြုနိုင်ရန်အတွက် Java, Symbian, iOS များတွင် ထည့်သွင်းနိုင်သည့်
 ရန်ကုန်လမ်းညွှန်နှင့် မန္တလေးလမ်းညွှန်များကို ရေးသားထုတ်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။ Android OS သုံးဖုန်းအမျိုးအစား၊ Java OS သုံးဖုန်းများနှင့် Symbian OS သုံး Nokia ဖုန်းများ၊ iPhone များတွင် ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်သည်။

"ဒေါ်အောင်ဆန်းစုကြည် ဥတ္တရသီရိ မြို့နယ် ဒေသခံများ အား ပထမဆုံး အကြိမ်လာရောက်တွေ့ဆုံ"

(နေပြည်တော်၊ ဇူလိုင်၊၂၈ )

ယနေ့ နံနက် ၁၀း၀၀ အချိန် နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရသီရိ မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥတ္တရသီရိ မြို့နယ်ရုံးခွဲ သို့ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လာရောက်၍ ဒေသခံပြည်သူများ နှင့်တွေ့ဆုံခဲ့သည်။

အဆိုပါတွေဆုံ ပွဲသို့ ရောက်ရှိ လာသူ ဒေသခံများ အား ဒေါ်အောင်ဆန်းစုကြည် က ဒေသတွင်း အခက်အခဲများ မေးမြန်းရာ ဒေသခံတို့က ဒေသတွင်း လူငယ်ထု အလုပ်အကိုင် ရရှိရေး၊ ကလေးငယ် တို့၏ ပညာရေး၊ ကျန်မာရေး၊ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး ရရှိရေး၊ လယ်ယာမြေ လုပ်ပိုင်ခွင့် ပြန်လည်ရှိ ရေး၊ သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည် ရရှိရေးတို့ တင်ပြခဲ့ကြသည်။

အဆင့်မြင့်ပညာကဏ္ဍ တက္ကသိုလ်အဆင့်တွင် စာသင်နှစ်များ မူလကထက် တစ်နှစ်စီထပ်တိုး



 အဆင့်မြင့် ကဏ္ဍ တက္ကသိုလ် အဆင့်တွင် ယခုပညာသင်နှစ်မှ စတင်ကာ စာသင်နှစ်များ မူလကထက် တစ်နှစ်စီ ထပ်တိုးထားပြီး အသက်မွေးဝမ်းကျောင်း တက္ကသိုလ်အချို့၌ လက်ခံနိုင်မည့် ကျောင်းသားအရေအတွက်ကိုလည်း ယခင်နှစ်ကထက် လျှော့ချထားကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရှိရပါသည်။

အလားတူ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များဖြစ်သည့် နည်းပညာတက္ကသိုလ်များ၊ အစိုးရ နည်းပညာ ကောလိပ်များနှင့် အစိုးရ စက်မှုလက်မှုသိပ္ပံများ၊ နည်းပညာ တက္ကသိုလ်များ၊ မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်များ စသည့် တက္ကသိုလ်များတွင် ယခင်နှစ်ကထက် ကျောင်းသား ဦးရေ လျှော့ချခေါ်ယူထားခြင်းနှင့် ၀င်ခွင့် လျှောက်ထားနိုင်သည့် အခြေခံကြမ်းခြင်း ရမှတ်များကို ယခင်နှစ်ကထက် တိုးမြှင့်ထားသည့်အပြင် ရန်ကုန်၊ မန္တလေးနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ ဆေးတက္ကသိုလ်များတွင်လည်း ၀င်ခွင့်လက်ခံမည့် ဦးရေကို ထက်ဝက်ခန့် လျှော့ချထားသည်ကိုလည်း တွေ့ရှိရပါသည်။

မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှု၏ နိုင်ငံရေး International Crisis Group (ICG) အဖွဲ့၏ အစီရင်ခံစာ

မြန်မာနိုင်ငံသည် ၎င်း၏ အထီး ကျန်မှုကို အဆုံးသတ်ရန်အတွက် ၎င်း၏ စီးပွားရေးကို ကမ္ဘာ့စီးပွား ရေးနှင့်ပေါင်းစပ်ရန်အတွက်
ရည် မှန်းချက်ကြီးမားသော ပြုပြင် ပြောင်းလဲမှုအစီအစဉ်များကို ဆောင်ရွက်ခဲ့ပါသည်။ ၎င်း၏ စိတ် လှုပ်ရှားဖွယ်ရာ နိုင် ငံရေးအ ပြောင်းအလဲနှင့် နီးစပ်စွာ ရစ်ပတ် ထားလျက် ကာလရှည်တည်ရှိခဲ့ သော အနောက်တိုင်း၏ ပိတ်ဆို့ အရေးယူမှုများသည်လည်း ဤအ ပြောင်းအလဲကို ထောက်ခံအား ပေးလျက်ရှိပါသည်။
အပြောင်းအလဲများကို ကောင်းစွာလုပ်ဆောင်ခဲ့ပါလျှင် နိုင်ငံတွင်းရှိ လူများ အကျိုးအ မြတ်များရရှိပါမည်။ သို့သော် ယခင် အစိုးရဟောင်း၏ ကန့် သတ်မှုများနှင့် အခွင့်ထူးပေးမှုများ မှ အမြတ်ထွက်ခဲ့သောသူများမှာ မူ လက်ဝါးကြီးအုပ်စီးပွားရှာပိုင် ခွင့်များ အာမခံပေးထားမှုနှင့် ကံကောင်းထောက်မစွာ ရရှိသော အမြတ်အစွန်းများကို ရယူပိုင်ခွင့် ဆုံးရှုံးသွားပါမည်။

ရိုဟင်ဂျာပြဿနာကို မြန်မာဘက်မှ အသေးစိတ်ရှင်းပြရန် မျှော်လင့်ဟု အာဆီယံအတွင်းရေးမှူးချုပ်ဆို

   အာဆီယံအထွေထွေအတွင်းရေးမှူးချုပ
် ဆူရင်ပစ်ဆူဝမ်က ၎င်းသည် မြန်မာမွတ်စလင် ရိုဟင်ဂျာတို့နှင့် ဗုဒ္ဓဘာသာ ရခိုင်တို့အကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခကို မြန်မာအစိုးရဘက်မှ အသေးစိတ်ရှင်းပြချက် ထွက်လာရန် မျှော်လင့်နေကြောင်း ပြောကြားလိုက်သည်။ ဂျာကာတာ၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခု၌ ၎င်းက “အဓိက စိုးရိမ်စရာကိစ္စတစ်ခု ဖြစ်လာနိုင်တဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာအစိုးရဘက်က ရှင်းပြချက်ရှိလာမယ်လို့ မျှော်လင့်ရပါတယ်။ ပြဿနာကို သေချာစွာနားလည်ဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ထောက်ခံအားပေးမှုကိုလည်း ကျွန်တော်တို့ ရှာဖွေသွားမှာပါ။ ဒီကိစ္စနောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာ ရှာတွေ့ဖို့ လိုအပ်ပါတယ်”ဟု ပြောကြားခဲ့သည်။ ထို့အပြင် ယခုပြဿနာသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ညီညွတ်မှုကို နှောင့်ယှက်နိုင်ကြောင်း ၂၀၁၅ အာဆီယံအသိုင်းအ၀ိုင်း ဖန်တီးရေးတွင် အဆင်ပြေရန်အတွက် ပြဿနာကို လျင်လျင်မြန်မြန် ဖြေရှင်းရမည်ဖြစ်ကြောင်းလည်း ပြောကြားသည်။
Related Posts Plugin for WordPress, Blogger...

ShareThis