menu

Sunday 21 October 2012

မြန်မာကျပ် သိန်း ၂၀၀ တန် ကမ္ဘာ့အကြီးဆုံး HD TV

Photo: မြန်မာကျပ် သိန်း ၂၀၀ တန် ကမ္ဘာ့အကြီးဆုံး HD TV

HD တီဗီတောင် မဟုတ်ပါဘူး။ သာမန် HD တီဗီထက် ၄ ဆ ပိုမို ကြည်လင် ပြတ်သားတဲ့ Ultra HD TV ဖြစ်ပါတယ်။ 

Ultra HD နည်းပညာကို ၂၀၀၇ ခုနှစ်က စတင်မိတ်ဆက်ခဲ့ပေမယ့် ပရိုဂျက်တာ၊ ကွန်ပျူတာ မော်နီတာတွေပဲ ထုတ်လုပ်ခဲ့ကြပါတယ်။ တီဗီမှာတော့ တောင်ကိုရီးယား LG ကုမ္မဏီက ၈၄ လက်မနဲ့ ကမ္ဘာ့အကြီးဆုံး စံချိန်တင်လိုက်ခြင်း ဖြစ်ပါတယ်။ ဈေးကလည်း အမေရိကန်ဒေါ်လာ ၂ သောင်း ဖြစ်ပါတယ်။ ဒီတော့ မြန်မာငွေနဲ့ တွက်လိုက်ရင် သိန်း ၁၈၀ ဝန်းကျင် ဖြစ်ပါတယ်။ သိန်း ၂၀၀ ထိတော့ မကုန်ကျနိုင်ပါဘူး။

 မြန်မာပြည် မှာ LG ကုန်ပစ္စည်း တိုက်ရိုက်မှာယူပေးတဲ့ Distributer များစွာ ရှိပါတယ်။ တကယ် မှာယူလို့ရပါပြီ။ ပြီးခဲ့တဲ့ သြဂုတ်လကတည်းက ထွက်ရှိခဲ့ ခြင်း ဖြစ်ပါတယ်။ တီဗီ တစ်လုံး အတွက် သိန်း ၂၀၀ ရင်းနိုင်မယ်ဆိုရင် ၈၄ လက်မက မက်လောက်စရာပဲ ဖြစ်ပါတယ်။ ကင်မရာ resolution နဲ့ပြောရရင် ၈.၃ megapixel လို့ဆိုပါတယ်။ active ဖြစ်တဲ့ Pixel ပေါင်း သန်းနဲ့ချီ အလုပ်လုပ်ပြီး 3D ရုပ်ရှင်လည်း ကြည့်ရှု နိုင်မှာ ဖြစ်ပါတယ်။ 

LG TV-84LM9600 မှာ သာမန် HD တီဗီတွေမှာ ပါတဲ့ နည်းပညာအားလုံး ပါဝင်ပါတယ်။ အမေရိကန် ဒေါ်လာ ၂သောင်း ပေါက်ဈေးရှိတဲ့အတွက် လက်ရှိ ကမ္ဘာ့ ဈေးကွက်မှာတော့ သူဌေးကြိုက် TV  တစ်မျိုး ဖြစ်နေတယ်လို့ သိရပါတယ်။ 
---
Ref:LG
Aung Kham (TSJ team)
့https://techspacejournal.blogspot.com/2012/10/hd-tv.html
HD တီဗီတောင် မဟုတ်ပါဘူး။ သာမန် HD တီဗီထက် ၄ ဆ ပိုမို ကြည်လင် ပြတ်သားတဲ့ Ultra HD TV ဖြစ်ပါတယ်။

Ultra HD နည်းပညာကို ၂၀၀၇ ခုနှစ်က စတင်မိတ်ဆက်ခဲ့ပေမယ့် ပရိုဂျက်တာ၊ ကွန်ပျူတာ မော်နီတာတွေပဲ ထုတ်လု
ပ်ခဲ့ကြပါတယ်။ တီဗီမှာတော့ တောင်ကိုရီးယား LG ကုမ္မဏီက ၈၄ လက်မနဲ့ ကမ္ဘာ့အကြီးဆုံး စံချိန်တင်လိုက်ခြင်း ဖြစ်ပါတယ်။ ဈေးကလည်း အမေရိကန်ဒေါ်လာ ၂ သောင်း ဖြစ်ပါတယ်။ ဒီတော့ မြန်မာငွေနဲ့ တွက်လိုက်ရင် သိန်း ၁၈၀ ဝန်းကျင် ဖြစ်ပါတယ်။ သိန်း ၂၀၀ ထိတော့ မကုန်ကျနိုင်ပါဘူး။

သမိုင်းထဲကဆရာဝန်များ ၊ (တော်လှန်ရေးသမား၊ပြောက်ကျားစစ်သား၊ဆရာဝန်(သို့မဟုတ်) ချီဂွေဗားရား)

တောတွင်းပြောက်ကျားသူပုန်ကြီး ချီဂွေဗားရား(၁၉၂၈-၁၉၆၇)
တော်လှန်ရေးသမား၊ပြောက်ကျားစစ်သား၊ဆရာဝန်(သို့မဟုတ်) ချီဂွေဗားရား
            မာခ့်ဝါဒကိုင်စွဲသူတော်လှန်ရေးသမား၊ဆရာဝန်၊စာရေးဆရာ၊ပညာရေးပါရဂူ၊ပြောက်ကျားစစ်ခေါင်းဆောင်၊သံ
တမန်ရေးရာ ကျွမ်းကျင်သူ၊စစ်ပညာရှင်၊ စီးပွားရေးပညာရှင်စသည့် ဘွဲ့ထူးဂုဏ်ထူးများစွာရှိသော မုတ်ဆိတ်ကျင်စွယ်
ဆံပင်ရှည်နှင့် ခေတ်အဆက်ဆက်လူငယ်များ၏ သူငယ်ကောင်းပြယုဂ်၊တောတွင်းသူပုန်ကြီး “ချီ”ကို ၁၉၂၈ခုနှစ်၊ဇွန်လ
၁၄ရက်နေ့တွင် အာဂျင်တီးနားနိုင်ငံ၊ စန်တာဖီမြို့၌ မွေးဖွားသည်။
            စပိန်နှင့် အိုင်းရှစ်သွေးများရောနှောနေသည့် အာဂျင်တိုင်းမိသားစုမှ မွေးဖွားလာသည့် “ချီ”သည် မွေးချင်း ၅
ယောက်အနက် အကြီးဆုံးဖြစ်သည်။ ချီ၏ဖခင်က သူ၏သားသည် အိုင်းရှစ်တော်လှန်ရေးသူပုန်ဘိုးဘေးများ၏ သွေးများ
ရောနှောလျက်ရှိသည်ဟု ခဏခဏပြောခဲ့သည်။

အမေရိကန်ရဲ့ စစ်ရေးနည်းပညာ အကူအညီ လိုချင်ဟု ဦးသိန်းစိန် ပြော

ပြည်တွင်းပြည်ပ သတင်းသမား တရာကျော် တက်ရောက်သော ၂ နာရီကျော်ကြာ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ- ဂျေပိုင်/ ဧရာဝတီ)
မြန်မာနိုင်ငံအနေဖြင့်  အမေရိကန်ပြည်ထောင်စုမှ ကာကွယ်ရေးဆိုင်ရာ နည်းပညာအကူအညီများ ရယူသွားရန် စဉ်းစားနေကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောဆိုလိုက်သည်။
အောက်တိုဘာ ၂၁ ရက် မွန်းလွဲပိုင်း နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သော ပြည်တွင်းပြည်ပ သတင်းမီဒီယာများနှင့်တွေ့ဆုံပွဲတွင် ဧရာဝတီသတင်းဌာန၏ မေးခွန်းများကို ပြန်လည်ဖြေကြားစဉ် သမ္မတဦးသိန်းစိန်က ပြောဆိုလိုက်ခြင်းဖြစ်သည်။
ဧရာဝတီသတင်းဌာနက မြန်မာနိုင်ငံအနေနှင့် အမေရိကန်ပြည်ထောင်စုထံမှ စစ်ရေး အကူအညီများ ရယူရန် အစီအစဉ်ရှိ၊ မရှိမေးမြန်းရာ သမ္မတဦးသိန်းစိန်က စစ်ရေး အကူအညီ ဆိုသည်ထက်  နည်းပညာ အကူအညီပိုင်းနှင့်ပတ်သက်ပြီး ရယူရန် စဉ်းစားလျက်ရှိကြောင်း ပြန်လည်ဖြေဆိုသည်။

ဘဏ္ဍာရေးနှစ်ဝက် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၉ ဘီလျံနီးပါးရှိ ယခင်နှစ်ကထက် ၁ ဘီလျံနီးပါး နည်းပါးပြီး ပို့ကုန်၊ သွင်းကုန် ပမာဏနှစ်ရပ်စလုံး လျော့ကျခြင်းဖြစ်




833
မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေး ဇုန်ကို တွေ့ရစဉ်
ယခုဘဏ္ဍာနှစ်၏ မြန်မာနိုင်ငံ ကုန်သွယ်မှုပမာဏမှာ နှစ်တစ်ဝက်ထိစာရင်းအရ အမေရိကန်ဒေါ်လာ ၉ ဘီလျံနီးပါး ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ ပို့ကုန်သွင်းကုန်စာရင်းများအရ သိရသည်။
ယခင်ဘဏ္ဍာရေးနှစ်၏ နှစ်တစ်ဝက်ကုန်သွယ်မှုနှင့် နှိုင်းယှဉ်ပါက ယခု နှစ်ဝက်ကုန်သွယ်မှုမှာ အမေရိကန် ဒေါ်လာ ၁ ဘီလျံနီးပါး လျော့နည်းနေပြီး ပို့ကုန်၊ သွင်းကုန်နှစ်ရပ်စလုံး တွင် လျော့ကျခြင်းဖြစ်သည်ဟု သိရ သည်။ ယခု ဘဏ္ဍာနှစ်၏ ဧပြီလမှ ယခုအထိ ၆ လအတွင်း ပြည်ပသို့ တင်ပို့သည့် ပမာဏမှာ အမေရိကန် ဒေါ်လာ ၄ ဒသမ ၆၄ ဘီလျံကျော် ရှိပြီး သွင်းကုန်ပမာဏမှာ အမေရိ ကန်ဒေါ်လာ ၄ ဒသမ ၃၂ ဘီလျံရှိကြောင်း၊ စုစုပေါင်းကုန်သွယ်မှု ပမာဏမှာ ၈ ဒသမ ၉၆ ဘီလျံကျော် ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံ၌ ယနေ့ထိဖြစ်ပေါ်ခဲ့သော တိုးတက်မှုများအတွက် များစွာအားတက် အထင်ကြီးမိဟု အမေရိကန် ပြောကြား




835
ဒေါ်အောင်ဆန်းစုကြည်နှင့် ၀ီလျံဘန်းစ်တို့အား နေပြည်တော်၌ အောက်တိုဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်
မြန်မာနိုင်ငံ၌ ယနေ့ထိဖြစ်ပေါ်ခဲ့သော တိုးတက်မှုများအတွက် များစွာအားတက် အထင်ကြီးမိဟု အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ၀ီလျံဘန်းစ်က အောက်တိုဘာလ ၁၈ ရက်နေ့က ပြောကြားခဲ့သည်။
ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဘန်းစ်က နေပြည်တော်ခရီးစဉ် နှင့် ပတ်သက်သော သတင်းထုတ်ပြန်ချက်တွင် ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် တိုင်းပြည်အတွက် ကြွယ်ဝချမ်းသာပြီး ပြည့်ဝသော ဒီမိုကရေစီ အနာဂတ်ဖြစ်ပေါ်ရေးအတွက် ဆက်လက်လုပ်ဆောင်စရာများစွာ ကျန်ရှိနေသေးကြောင်း သတိပြုမိပါသည်ဟုလည်း ၎င်းက သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ကျောက်ဖြူ OIC ကန့် ကွက် ဆန္ဒဖေါ်ထုတ်ပွဲ လူပေါင်း ၈၀၀၀ ကျော် ပူးပေါင်း ပါဝင်

Photo: ကျောက်ဖြူ OIC ကန့် ကွက် ဆန္ဒဖေါ်ထုတ်ပွဲ လူပေါင်း ၈၀၀၀ ကျော် ပူးပေါင်း ပါဝင်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် အောက်တိုဘာလ ၂၀ ရက်နေ့က ပြုလုပ်ခဲ့သော အိုအိုင်စီ ရုံး ဖွင့်လှစ်ရေးကို ကန့်ကွက်သည့်  ဆန္ဒထုတ်ဖေါ်ပွဲတွင် လူပေါင်း ၈၀၀၀ ကျော် ပူးပေါင်း ပါဝင်ခဲ့သည်။

ဆန္ဒပြပွဲကို  ကျောက်ဖြူလူငယ်ကွန်ယက်မှ ဦးဆောင် ပြုလုပ်ခြင်း ဖြစ်ပြီး ကျောက်ဖြူမြို့ စေတီတောင် ရပ်ကွက် ဘုရားကြီးကျောင်းကွင်းတွင် စုရပ် အဖြစ်သတ်မှတ်ပြီး နေ့ လည် ၁ နာရီ အချိန်တွင် စတင်ခဲ့သည်ဟု ဆိုသည်။

ရဟန်းတော်များ၊ ကျေးလက်ဒေသမှ ပြည်သူများလည်း ပူးပေါင်း ပါဝင်ခဲ့ကြပြီး ဘုရားကြီး ကျောင်းကွင်းမှ မြို့လယ်ရှိ နာရီစင်ကွင်းထိ ချီတက်ကာ ဆန္ဒပြခဲ့ကြသည်ဟု ကိုယ်တိုင်ပါဝင်ခဲ့သူ ဦးသန္တာမောင်မောင်က ပြောသည်။

“ လူတွေက အားရစရာ ကောင်းပါတယ်။ ဘုရားကြီးကွင်းကနေ ဈေးလမ်းအတိုင်း ချီတက်ပြီး အဲဒီက တဆင့် ဗိုလ်ချုပ်လမ်းအတိုင်း ချီတက်ပြီး နာရီစင်ကွင်းမှာ အဆုံးသတ်ပါတယ်။ တောင်းဆိုတာက အိုအိုင်စီ ရုံးဖွင့်လှစ်ရေးကို အလိုမရှိ၊ ၁၉၈၂ မြန်မာနိုင်ငံသား အကောင်အထည်ဖေါ်ပေးပါ။ နိုင်ငံတော် သမ္မတက ကျေညာထားတဲ့ အချက် (၃) ချက်ကို အမြန်ဆုံး အကောင်အထည် ဖေါ်ပေးပါ ဆိုပြီး တောင်းဆိုခဲ့ကြပါတယ်” ဟု ဆိုသည်။

ယနေ့ ဆန္ဒပြပွဲမှာ အားရစရာကောင်းကြောင်း၊ မိမိတို့၏ သဘောထားကို ငြိမ်းချမ်းစွာ ဖေါ်ထုတ်ခွင့် ရရှိသည့် အတွက် ၀မ်းသာကြောင်း ဦးသန္တာမောင်မောင်က ပြောဆိုသည်

ကျောက်ဖြူ ဆန္ဒပြပွဲသို့ ဇင်ချောင်း၊ ဂုံးရှိန်စသည့် နယ်ကျေးရွာများမှ ပြည်သူများလည်း ပူးပေါင်း ပါဝင် ခဲ့ကြသည်ဟု သိရသည်။

ဆန္ဒပြပွဲများကို မြန်မာ အစိုးရမှ အိုအိုင်စီရုံးကို လက်မခံတော့ကြောင်း ပြောကြားပြီး နောက်ပိုင်းမှ ပြုလုပ်ရခြင်းမှာ ယခင်ကတည်းက တင်ထားခဲ့သော ဆန္ဒပြခွင့် ပါမိတ်ကို  သက်ဆိုင်ရာ တာဝန်ရှိသူများမှ အောက်တိုဘာလ ၂၀ နေ့မှ ချပေး၍ ဖြစ်ကြောင်း သူက ပြောဆိုသည်။

ကျောက်ဖြူတွင် OIC ရုံးဖွင့်လှစ်မည်ကို ကန့်ကွက် ဆန္ဒပြနေကြစဉ် (ဓါတ်ပုံ – နိရဉ္စရာ)

မူရင်းသတင်း---- နိရဉ္စရာ
Post By :  အေးချမ်းမွန်
ကျောက်ဖြူတွင် OIC ရုံးဖွင့်လှစ်မည်ကို ကန့်ကွက် ဆန္ဒပြနေကြစဉ် (ဓါတ်ပုံ – နိရဉ္စရာ)
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် အောက်တိုဘာလ ၂၀ ရက်နေ့က ပြုလုပ်ခဲ့သော အိုအိုင်စီ ရုံး ဖွင့်လှစ်ရေးကို ကန့်ကွက်သည့် ဆန္ဒထုတ်ဖေါ်ပွဲတွင် လူပေါင်း ၈၀၀၀ ကျော် ပူးပေါင်း
ပါဝင်ခဲ့သည်။

ဆန္ဒပြပွဲကို ကျောက်ဖြူလူငယ်ကွန်ယက်မှ ဦးဆောင် ပြုလုပ်ခြင်း ဖြစ်ပြီး ကျောက်ဖြူမြို့ စေတီတောင် ရပ်ကွက် ဘုရားကြီးကျောင်းကွင်းတွင် စုရပ် အဖြစ်သတ်မှတ်ပြီး နေ့ လည် ၁ နာရီ အချိန်တွင် စတင်ခဲ့သည်ဟု ဆိုသည်။

ဆန်(ခင်ခင်ထူး)

 ဆန်
ခင်ခင်ထူး
(၁)
"ခိုးကြပြန်ပြီလားဟေ့။ဝရမ်းပြေးနဲ့ သူခိုးမ စပ်ကျတဲ့ ဟာတွေရဲ့။ ဘယ့်နှယ်တော် အိုကြီးအိုမ မုဆိုးမ ဆန် တောင် မနေရတော့ လူ့ပြည်မကောင်းတော့ပါဘူး။ မြစ်နားကမ်းနား မျောလာသမျှ ထင်းမှတ်လို့ ဆယ်ပါ သယ် ... မပွေးချည်းပါလား ကရို့ရဲ့"
အမေပေါက်စ က လူကသာ ပဲချောင်းလောက်ရှိသာပါ အသံက မြစ်မကို ကျော်ပြီး တစ်ဖက်ကမ်း စစ်ကိုင်းတောင် ကို ရိုက်ပြီး ပြန်လာတာမျိုး။ အနီးအနားက တဲတွေထဲ အရက်သောက်နေသူတွေရော၊ နေ၀င် မိုးချုပ် ဖတ်သီဖတ်သီ ရင်တလျားလျား ပြေးလွှားနေကြတဲ့ မိန်းမတွေရော၊ မယ်ဒလင်တီးနေသူနဲ့ တစ်ယောက် တစ်ပေါက် ဆိုနေသူတွေရော၊ လင်မယားချင်း လုံးသတ်နေကြသူတွေရော  အားလုံးလိုလိုက ကြီးတော်ပေါက်စ ခုနစ်စင် ခုနစ်မောင်း အော်လိုက်သံကြောင့် တစ်ချက်တုံ့သွားကြလေရဲ့။ ခဏ ကလေး ပါ။ ချက်ချင်းလိုလို လုပ်လက်စတွေ ပြန်လုပ်နေကြတာပါပဲ။ တဲရှေ့ စီးနေတဲ့ ဧရာဝတီမြစ်ကြီးတောင် လန့်သွား ထင်ပါ့။

မှိတ်တုတ် မှိတ်တုတ်ဖြစ်လာသော ရိုးရာလက်မှု စက္ကူမီးပုံးရုပ်များ




thn-10-17-5
သီတင်းကျွတ်ရက်တွေလာတော့မည်။ ပွဲတော်ကာလတွင် ပျော်သူတွေ ပျော်ကြမည်။ ပွဲတော်ရက်နှင့်အတူ အချိန်အခါသင့် စီးပွားရှာရမည့် လုပ်ငန်းငယ်များကလည်း မိမိတို့ သက်ဆိုင်ရာလုပ်ငန်းအလိုက်ပြင်ကြပြီ။ ထိုအထဲတွင် ရိုးရာလက်မှုစက္ကူ မီးပုံးရုပ်လုပ်ငန်းလည်း တစ်ခုအပါအ၀င်ဖြစ်သည်။ သို့သော် ယခင်ကကဲ့သို့မဟုတ်တော့။ ဈေးကွက်ရှင်သန်မှုအတွက် ပိုမိုရုန်းကန်ရတော့မည်။ ဟိုးယခင်ကာလနှင့်မတူသည်က အိမ်နီးချင်းနိုင်ငံက ဈေးကွက်အတွင်း ထိုးဖောက်ဝင်ရောက်လာသည့် ခေတ်မီပစ္စည်းများက ရိုးရာစက္ကူမီးပုံးရုပ်လုပ်ငန်းအတွက်တော့ ရင်မောစရာ။

မြန်မာ့အရေးကျွမ်းကျင်သူ သတင်းစာဆရာ ဘာတေးလစ်တနာနှင့် တွေ့ဆုံခြင်း




thn-10-21-3
 'မီဒီယာတွေ ပိုပြီးတော့ ခိုင်မာအားကောင်းလာတာနဲ့အမျှ ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေကို ပိုပြီးတော့ ကာကွယ်စောင့်ရှောက်လာနိုင်မှာပါ'
၁၉၈၉ ခုနှစ်အချိန်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နှစ်ပေါင်း ၂၈ နှစ်ကြာ မြန်မာနိုင်ငံသို့ပြည်ဝင်ခွင့် (Visa) ပိတ်ပင်ခံထားခဲ့သူ နာမည်ကျော်သတင်းစာဆရာ ဘာတေးလစ်တနာသည် အောက်တိုဘာ ၁၅ ရက်နေ့က အထူးဗီဇာဖြင့် မြန်မာနိုင်ငံသို့ (၇)ရက်ကြာ လာရောက်ခွင့်ရရှိခဲ့ပါသည်။ ဘာတေးလစ်တနာကို ၁၉၈၅ ခုနှစ်အချိန်မှစတင်ပြီး မြန်မာအစိုးရမှ ပြည်ဝင်ခွင့်ပိတ်ပင်ခဲ့ပြီး အမည်ပျက်စာရင်းသွင်းခဲ့ပါသည်။ ဘာတေးလစ်တနာသည် ၁၉၈၈ ခုနှစ် အရေးအခင်းကာလတွင် ခရစ္စတိုဖာဂန်းနက်နှင့်အတူ နာမည်ကျော်ကြားခဲ့သော နိုင်ငံခြားသတင်းထောက်တစ်ဦးဖြစ်ခဲ့ပြီး မြန်မာနိုင်ငံနှင့်ပတ်သက်သော အကြောင်းအရာများကို နှစ်ပေါင်း(၃၀)ကျော် ရေးသားခဲ့သူဖြစ်သည်။ မြန်မာအစိုးရကို ပြင်းထန်စွာဝေဖန်ခဲ့သော သတင်းထောက်များအနက် တစ်ဦးအပါအ၀င်ဖြစ်ပြီး ကချင်အရေးကျွမ်းကျင်သူတစ်ဦးလည်း ဖြစ်ပါသည်။ ပြီးခဲ့သည့် သြဂုတ်လအတွင်းက မြန်မာအစိုးရမှ ပယ်ဖျက်ပေးခဲ့သော အမည်ပျက်စာရင်းဝင် ပုဂ္ဂိုလ်များအနက် တစ်ဦးအပါအ၀င်ဖြစ်သည့် ဘာတေးလစ်တနာကို ရန်ကုန်မြို့၌ မြန်မာနိုင်ငံ၏ အပြောင်းအလဲများနှင့် ပတ်သက်ပြီး မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

တောင်ကုတ်မြို့၌ သံဃာတော်အပါး၃၀၀ ခန့် နှင့်လူအင်အား ၅၀၀၀ကျော်တို့ OIC အားဒုတိယအကြိမ်ဆန္ဒထုတ်ဖေါ်

Photo: တောင်ကုတ်မြို့၌ သံဃာတော်အပါး၃၀၀ ခန့် နှင့်လူအင်အား ၅၀၀၀ကျော်တို့ OIC အားဒုတိယအကြိမ်ဆန္ဒထုတ်ဖေါ်

အောက်တိုဘာ (၂၁)နေ့လည်(၁)နာရီ တွင် ရခိုင်ပြည်နယ်တောင်ကုတ်မြို့နယ်၌ သံဃာတော် စုစုပေါင်း အပါး(၃၀၀)ခန့်နှင့်လူအင်အား (၅၀၀၀)ကျော်တို့ ပူးပေါင်းပါဝင်၍ ဒုတိယအကြိမ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖေါ်ခဲ့ကြောင်း သတင်းရရှိသည်။

“အစ်မတို့အနေနဲ့ ဒီလိုဆန္ဒပြရတာဟာ အမျိုးဘာသာသာသနာအတွက်ပါ အစ်မတို့အနေနဲ့ အခုလိုဆန္ဒပြတာဟာနှစ်ခါရှိပါပြီ ဒီဆန္ဒပြပွဲမှာ သံဃာတော်အပါး (၁၅၀၀) လောက်ပါဝင်ပါတယ် ဆန္ဒပြတာကတော့ တောင်ကုတ်မြို့ကို တစ်ပါတ်ပါတ်ပြီးတော့ ပြတာပါ ဒီပွဲမှာအချက်သုံးချက်နဲ့တောင်းဆိုဆန္ဒပြတာပါ အဲ့တာတွေကတော့ (၁)OIC ကိုလက်မခံတဲ့ သမ္မတကို ထောက်ခံပါတယ် (၂)ဘင်္ဂါလီအလိုမရှိပါ (၃)၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ အညီ ဆောင်ရွက်ပေးရန်ဆိုတဲ့ အချက်သုံးချက်ပါပဲ  ဒီဆန္ဒထုတ်ဖေါ်ပွဲမလုပ်ခင် ၁၁ နာရီလောက်မှာ (၅)ပါးသီလခံယူပြီး (၁)နာရီလောက်မှာစထွက်ပါတယ်”ဟု ဒေါ်မို့မို့စန်း မှအသိပေး ပြောကြားခဲ့သည်။

 ညီညီအောင်

မူရင်းသတင်း----The Hot News
Post By :  အေးချမ်းမွန်
အောက်တိုဘာ (၂၁)နေ့လည်(၁)နာရီ တွင် ရခိုင်ပြည်နယ်တောင်ကုတ်မြို့နယ်၌ သံဃာတော် စုစုပေါင်း အပါး(၃၀၀)ခန့်နှင့်လူအင်အား (၅၀၀၀)ကျော်တို့ ပူးပေါင်းပါဝင်၍
ဒုတိယအကြိမ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖေါ်ခဲ့ကြောင်း သတင်းရရှိသည်။

“အစ်မတို့အနေနဲ့ ဒီလိုဆန္ဒပြရတာဟာ အမျိုးဘာသာသာသနာအတွက်ပါ အစ်မတို့အနေနဲ့ အခုလိုဆန္ဒပြတာဟာနှစ်ခါရှိပါပြီ ဒီဆန္ဒပြပွဲမှာ သံဃာတော်အပါး (၁၅၀၀) လောက်ပါဝင်ပါတယ် ဆန္ဒပြတာကတော့ တောင်ကုတ်မြို့ကို တစ်ပါတ်ပါတ်ပြီးတော့ ပြတာပါ

ကားတိုက်မှုမှာသေဆုံးတဲ့ မြန်မာကျောင်းသူအတွက် လျော်ကြေး

 
 ယနေ့မွန်းလွဲပိုင်းက ပြုလုပ်သည့် နန်းဖလောဟိလာ၏ဈာပန (ဓာတ်ပုံများ- ပြည်တော်မြင့်/ဧရာဝတီ)

ယာဉ်တိုက်မှုကြောင့်
မြန်မာကျောင်းသူတဦး ပွဲခြင်းပြီး သေဆုံးသွားရာ ထိုင်းယာဉ်မောင်းသူက သင့်တင့်သည့် တာဝန်ယူမှု မရှိသည့်အတွက် ထိုင်းနိုင်ငံဥပဒေအရ အမှုရင်ဆိုင်သွားမည်ဟု သေဆုံးသူ တက်ရောက်ခဲ့သည့် ကျောင်း၏ ဒါရိုက်တာ ဦးမန်းဗလစိန်က ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယခုလ ၁၆ ရက်နေ့ နံနက်က ခွဲကဘောင် မြန်မာရွှေ့ပြောင်းအထက်တန်းကျောင်းမှ ၁၀ တန်းကျောင်းသူ နန်းဖလောဟိလာကို ထိုင်းယစ်မျိုးဝန်ထမ်းတဦး၏ ကားဖြင့် တိုက်မိခဲ့ခြင်းဖြစ်သည်။

မောင်တောမြို့နယ် လူစုလူဝေး လုံခြုံရေး တပ်ဖွဲ့ဝင်များက သေနတ် ပစ်ပြီး လူစုခွဲ

Photo: မောင်တောမြို့နယ် လူစုလူဝေး လုံခြုံရေး တပ်ဖွဲ့ဝင်များက သေနတ် ပစ်ပြီး လူစုခွဲ

ရခိုင်ပြည်နယ် အနောက်ဘက် မောင်တောမြို့နယ်တွင် ယမန်နေ့က လူစုလူဝေးဖြစ်လာသည့် အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက သေနတ် မိုးပေါ် ပစ်ဖောက်ပြီးလူစု ခွဲလိုက်ရကြောင်း သိရှိရသည်။

မောင်းတောမြို့နယ် ဗောဓိကုန်းကျေးရွာ အနီးတွင် မွတ်ဆလင်များမှ လူစုရာမှ လူစုကွဲရန် စစ်တပ်မှ သေနတ် ၄ ချက် ပစ်ဖောက်ခဲ့ကြောင်း ကျေးရွာသား တဦးက ပြောသည်။
...
“ ရွာနားမှာ နွားစားကျက်ရှိပါတယ်။ အဲဒီ နွားစားကျက်ကို မနေ့က ဘင်္ဂလီတွေပိုင်တဲ့ ကျွဲ၊ နွားတွေ အုပ်စု လိုက်ရောက် လာ ပါတယ်။ အဲဒါကို နစက က ကျွဲ နွားတွေကိုဖမ်းပြီး သူ့တို့ ကျွဲ နွားတွေကို လာယူဖို့ပြောတဲ့အချိန်မှာ သူတို့က အုပ်စုလိုက် လူစုပြီး အဲဒီနေရာကို လာတဲ့ အတွက် သေနတ် ၄ ချက် ခြောက်လှန့်ပစ်ခတ်ပြီး လူစုခွဲလိုက်ပါတယ်”ဟု ဆိုသည်။

ယခင်က အဆိုပါ နွားစားကွင်းတွင် ဘင်္ဂလီကျွဲနွားနှင့် ရခိုင်ကျွဲနွားများအား အတူတူ လွှတ်ထား ခဲ့သော်လည်း အဓိဂရုဏ်း ပြဿနာ ဖြစ်ပြီး နောက်ပိုင်းတွင် လုံခြုံရေး အရ မွတ်ဆလင်များ ပိုင်ဆိုင်သော ကျွဲနွားများကို အဆိုပါဗောဓိကုန်း ကျေးရွာအနီး စားကျက်သို့ မလာရန် ဟန့်တား ထားသည်ဟု သူက ဆက်ပြောသည်။

“ မနေ့က သူတို့ပိုင်တဲ့ ကျွဲ၊ နွားတွေ ရောက်တယ်။ တမင် လွှတ်တာလား၊ အလိုလိုရောက် လာတာ လားဆိုတာကို မသိရဘူး။ အဲဒီ ကျွဲနွားတွေကို ပိုင်ရှင်တွေ လာယူကြဖို့ နစက အရာရှိတွေက ပြောတော့ ဘင်္ဂလီ ၅၀ ခန့် စုဝေး လာကြတယ်။ ခွင့်ပြုချက်မရှိဘဲ အဲသလို လူစု လူဝေး လုပ်တော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ခြောက်လှန့်ပြီး သေနတ်မိုးပေါ်ကို ထောင်ပစ်တယ်။ လူစုကွဲသွားတယ်။ သူတို့ပိုင်တဲ့ ကျွဲနွားတွေကိုလည်း ရွာဘက်ကို မောင်းထုတ် လိုက် ပါတယ်” ဟု ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးကလည်း အတည်ပြု ပြောကြားသည်။

အဆိုပါ ကိစ္စကို အမျိုးမျိုး ကောလဟလ ဖြစ်ပြီး လူများ ကြောက်ရွံ့ မည်ကို စိုးရိမ်သဖြင့် မောင်တောခရိုင် အုပ်ချုပ်ရေးမှူးမှ မောင်တောမြို့မှ မြို့မိ မြို့ဘများကို မနေ့က အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ယူပြီး ရှင်းလင်း ပြောကြားခဲ့သည်ဟု သိရသည်။

မောင်တောမြို့နယ်တွင် ယခုအချိန်ထိ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး ခွင့်ပြုချက် မရှိဘဲ လူ (၅) ဦးထက် ပိုမစုရကြောင်း အမိန့်ထုတ်ထားကြောင်း သိရသည်။
နိရဉ္စရာ.

ခေတ်သတင်း မှကူးယူဖော်ပြပါသည်
Post By အေးချမ်းမွန်
ရခိုင်ပြည်နယ် အနောက်ဘက် မောင်တောမြို့နယ်တွင် ယမန်နေ့က လူစုလူဝေးဖြစ်လာသည့် အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက သေနတ် မိုးပေါ် ပစ်ဖောက်ပြီးလူစု ခွဲလိုက်ရကြောင်း သိရှိရသည
်။

မောင်းတောမြို့နယ် ဗောဓိကုန်းကျေးရွာ အနီးတွင် မွတ်ဆလင်များမှ လူစုရာမှ လူစုကွဲရန် စစ်တပ်မှ သေနတ် ၄ ချက် ပစ်ဖောက်ခဲ့ကြောင်း ကျေးရွာသား တဦးက ပြောသည်။
“ ရွာနားမှာ နွားစားကျက်ရှိပါတယ်။ အဲဒီ နွားစားကျက်ကို မနေ့က ဘင်္ဂလီတွေပိုင်တဲ့ ကျွဲ၊ နွားတွေ အုပ်စု လိုက်ရောက် လာ ပါတယ်။ အဲဒါကို နစက က ကျွဲ နွားတွေကိုဖမ်းပြီး သူ့တို့ ကျွဲ နွားတွေကို လာယူဖို့ပြောတဲ့အချိန်မှာ သူတို့က အုပ်စုလိုက် လူစုပြီး အဲဒီနေရာကို လာတဲ့ အတွက် သေနတ် ၄ ချက် ခြောက်လှန့်ပစ်ခတ်ပြီး လူစုခွဲလိုက်ပါတယ်”ဟု ဆိုသည်။

နိုင်ငံတော်သမ္မတကြီး သတင်းစာရှင်းလင်းပွဲအနှစ်ချုပ်

Photo: နိုင်ငံတော်သမ္မတကြီး သတင်းစာရှင်းလင်းပွဲအနှစ်ချုပ်
Sunday, 21 October 2012

မိမိတို့ အစိုးရလက်ထက်တွင် တည်ဆောက်ရေး စီမံကိန်းများကို ပွင့်လင်း မြင်သာအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ တိုင်းရင်းသားများနှင့် ပတ်သက်သော လက်နက်ကိုင် ပဋိပက္ခများကို ချုပ်ငြိမ်းအောင် အဆင့် သုံးဆင့်ဖြင့် ဆောင်ရွက်နေကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်ရာတွင် Peace Center တစ်ခုကို မကြာမီ ဖွင့်သွားမည် ဖြစ်ကြောင်း၊ တို
င်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားရာ ဒေသ၌ အေးချမ်းဖွံ့ဖြိုးတိုးတက်အေ
ာင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ကချင်ပြည်နယ်အတွင်း ပဋိပက္ခများက ဆုံးရှုံးမှု များကြောင်း၊ ဒေသတွင်း တိုင်းရင်းသားများ အိမ်ရာများကို စွန့်ခွာပြေးသွားခြင်းက စိတ်မကောင်းဖွယ် ဖြစ်ကြောင်း၊ ကချင်ဒေသကိငြိမ်းချမ်း စေလိုကြောင်း၊ ငြိမ်းချညမ်းရေးနှင့် ပတ်သက်ပြီး မျက်နှာချင်းဆိုင် ဆွေးနွေးပွဲများ၊ ယုံကြည်မှုတည်ဆောက်ခြင်းများ လုပ်ဆောင်နိုင်ပြီဆိုပါက မကြာမီတွင် ငြိမ်းချမ်းရေးကို မျှော်လင့်နိုင်မည်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောပါသည်။
ကေအိုင်အိုစစ်သားတစ်ယောက်ဆုံးရှုံးတာလဲ တိုင်းပြည်အတွက်ဆုံးရှုံးတာ။ မြန်မာစစ်သားဆုံးရှုံးတာလဲ တိုင်းပြည်ဆုံရှုံးတာပါ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးသည် ပြည်သူများက ရွေးကောက် တင်မြှောက်ထားသော လွှတ်တော် ကိုယ်စားလှယ်များ ပေါ်တွင် မူတည်ကြောင်း၊ မိမိတစ်ဦးတည်း အနေဖြင့် မပြောနိုင်ကြောင်း၊ ဖွဲ့စည်းပုံ ပြင်ရေး မပြင်ရေးကို လွှတ်တော် ကိုယ်စားလှယ်များ၏ သဘောထားဖြင့်သာ သွားရမည် ဖြစ်ကြောင်း၊ နောက်ပြန် မလှည့်ရန်အတွက် ပြည်သူများအပေါ်တွင် မူတည်ကြောင်း၊ ရှေ့ကို ဆက်၍ ချီတက်သွာံးရန် လိုကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က Eleven Media Group မှ မေးမြန်းခဲ့သော ယခု သမ္မတ သက်တမ်းအတွင်း ဖွဲ့စည်းပုံ ဥပဒေပြင်ရန် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်းပြီး ဖြေကြားခဲ့ပါသည်။
အကျဉ်းခံနေရသော မြန်မာ နိုင်ငံသားများ အား မိမိတစ်ဦးတည်း၏ စိတ်ဆန္ဒဖြင့် လွှတ်ပေးခြင်းမဟုတ်ပဲ
UN ,နှင့် နိုင်ငံရေး ပါတီ အသီးသီးမှ စာရင်းများတောင်းယူပြီး အခြေနေအရပ်ရပ်ကို စိစစ်ကာ လွှတ်ပေးခြင်းဖြစ်ပြီး
ကျန်ရှိနေသေးသောအကျဉ်းသားများရှေ့ဆက် လွှတ်ပေးသွား၏မည် ဖြစ်ကြောင်း ပြောကြားသမ္မတကြီးက ထပ်လောင်း
ပြောကြားသည်။ထို့ပြင် လွှတ်ရက်နီးသော အကျဉ်းသားများကို လည်း
ဖြေလျော့ လွှတ်ပေးထားခဲ့ ဖူးကြောင်းသိရသည်။
၂၀၁၅ ခုနှစ်တွင် နိုင်ငံတော် သမ္မတအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်မည်လား ဆိုသော မေးခွန်းနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သူ့အနေဖြင့် ကျန်းမာရေး အခြေအနေအရ သက်တမ်းတစ်ခုသာ တာဝန်ထမ်းဆောင်ရန် စဉ်းစားထားသော်လည်း တိုင်းပြည်၏ လိုအင်၊ ပြည်သူ၏ ဆန္ဒ ရှိပါက သမ္မတအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်မည်ဟု ပြောကြားခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီသည် လွှတ်တော်အတွင်း နေရာ အများစု ရထားသော ပါတီ တစ်ခုဖြစ်ပြီး သမ္မတ ဦးသိန်းစိန် ကိုယ်တိုင်က ပါတီ ဥက္ကဋ္ဌ ဖြစ်သောကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအတွက် မိမိပါတီဝင်များအား တိုက်တွန်းရန် ရှိ၊ မရှိ မေးခွန်းနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သမ္မတ တစ်ဦး၏ လုပ်ပိုင်ခွင့်များကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြဌာန်းထားပြီး ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးသည် လွှတ်တော်တွင်း ရှိနေသော ပြည်ခိုင်ဖြိုး လွှတ်တော် အမတ်များ အပါအ၀င် အခြားသော ပြည်သူ့လွှတ်တော် အမတ်များ၏ သဘောထား အပေါ်တွင်သာ မူတည်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
သမ္မတ ဦးသိန်းစိင်န်အစိုးရလက်ထက်တွင် ဆောင်ရွက်နေသော စီမံကိန်းများကို လွှတ်တော်သို့တင်ပြပြီး ခွင့်ပြုချက်ရယူပြီးမှ ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ဆောင်ရွက်နေပြီး၊
နောင်တွင်ဆောင်ရွက်မည့်အစိုးရစီမံကိန်းများကိုလည်း ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်သွားမည်ဟု သမ္မတက ““ယခင်ဆောင်ရွက်ခဲ့သော အစိုးရစီမံကိန်းများ ပွင့်လင်းမြင်သာမှုမရှိသည့်အတွက်
နောက်ဆက်တွဲပြဿနာများ မကြာခဏဖြစ်ပွားနေ၍ နောင်တွင်ဆောင်ရွက်မည့် စီမံကိန်းများ ပွင့်လင်းမြင်သာမှုရှိအောင် မည်သို့လုပ်ရန် ရှိပါသလဲ””ဟူသော မေးခွန်းကို
ပြန်လည်ဖြေကြားခဲ့သည်။
ဆင်းရဲနွမ်းပါးမှု လျော့ချရေးကို စီမံချက် ၈ ခုဖြင့် ဆောင်ရွက်နေကြောင်း နေ့ချင်းညချင်း အကျိုးဖြစ်ထွန်းမည် မဟုတ်သော်လည်း တောင်သူလယ်သမားများ ဘ၀ တိုးတက်မှုရှိစေရန် ကြိုးစားနေကြောင်းနှင့် ချေးငွေများကို တဖြည်းဖြည်းချင်း ပိုမို ထုတ်ချေးနိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က နိုင်ငံတော် သမ္မတရုံး၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့ပါသည်။ လယ်ယာမြေ သိမ်းခံရသော ကိစ္စရပ်နှင့် ပတ်သက်သော မေးခွန်းကိုမူ အဖြေပြောဆိုသွားခဲ့ခြင်း မရှိပေ။
သမ္မတ ဦးသိန်းစိန်က ၎င်းခံစားခွင့်ရှိသော လစာငွေကျပ်သိန်းငါးဆယ်ကို မယူဘဲ ယခင်အစိုးရလက်ထက် နိုင်ငံအကြီးအကဲ၏ လစာနှုန်းဖြစ်သော ကျပ်ဆယ့်ငါးသိန်းကိုသာ ရယူခံစားနေကြောင်း
ပြောကြားသည်။ တိုင်းပြည်စီးပွားရေး မဖွံ့ဖြိုးသေး၍ ၀န်ထုပ်ဝန်ပိုးမဖြစ်အောင် ဥပဒေအရ ကျပ်သိန်းငါးဆယ်ခံစားခွင့်ရှိသော်လည်း ယခင်အစိုးရလက်ထက်ကနှုန်းအတိုင်းသာ ရယူခံစားခြင်းဖြစ်
ပြီး ထိုနှုန်းမှာ ကုမ္ပဏီကြီးများတွင် တာဝန်ထမ်းဆောင်နေသော အဆင့်မြင့်ဝန်ထမ်းတစ်ဦးလစာခန့်သာရှိကြောင်း သမ္မတက ပြောကြားသွားသည်။
ဖုန်းဈေးနှုန်းများကို လျော့ချပေးရုံသာမက အလကားပင် ပေးလိုသည့် ဆန္ဒ မိမိတွင် ရှိကြောင်း၊ လက်ရှိအခြေအနေများ အရ ထိုသို့ မဖြစ်နိုင်သေးဘဲ တဖြည်းဖြည်း လျော့ချပေးသွားမည် ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်မှ လယ်သမားတစ်ဦးပင် ဖုန်းကို ခါးချိတ်ထားနိုင်သည့် အခြေအနေ ဖြစ်နေကြောင်း၊ ထို ကိစ္စရပ်သည်လည်း နိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသဖြင့် မြှင့်တင်သွားမည် ဖြစ်ကြောင်း၊ လိုအပ်သော အခြေခံ အဆောက်အဦများ ပြီးသွားပြီး ထပ်ဆောက်ရန် မလိုတော့ပါက ဈေးနှုန်းများ လျော့ကျသွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သမ္မတ အိမ်တော်၌ ပြုလုပ်နေသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
လက်ရှိ အစိုးရ၏ အချိန်တို ကာလအတွင်း လူတိုင်းလူတိုင်းတိုးတက်ပြောင်းလည်းရန် မဖြစ်နိုင်သေးကြောင်းတိုင်းပြည်၏ အကျိုးခံစားခွင့်ကို အစိုးရသာမက ပြည်သူကပါ ကူညီလုပ်ကိုင်ရန်လိုအပ်ကြောင်း၊ဆင်းရဲနွမ်းပါးမှု လျော့ချရေးကို စီမံချက် ၈ ခုဖြင့် ဆောင်ရွက်နေကြောင်း နေ့ချင်းညချင်း အကျိုးဖြစ်ထွန်းမည် မဟုတ်သော်လည်း တောင်သူလယ်သမားများ ဘ၀ တိုးတက်မှုရှိစေရန် ကြိုးစားနေကြောင်းနှင့် ချေးငွေများကို တဖြည်းဖြည်းချင်း ပိုမို ထုတ်ချေးနိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်၊လက်ရှိတွင် ပြည်ထောင်စု သို့ပို့ထားသော နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေသည် နိုင်ငံခြားသား ရင်းနှီးမြုပ်နှံမှု အတွက် ဆွဲဆောင်မှု ရှိရန် ပြင်ဆင်ပေးပို့ထားကြောင်းနိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တွေ့ဆုံပွဲတွင် ထပ်လောင်းပြောကြားသည်။

နိုင်ငံတော်သမ္မတကြီး၏ ပြည်တွင်းမီဒီယာများနှင့်တွေ့ဆုံမှုတွင် ပေါ်ပြူလာနယူးစ်ဂျာနယ်မှ သမ္မတကြီးအနေဖြင့် အခြေခံ ဥပဒေ ပြင်ဆင်ရေးသည် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆန္ဒပေါ်တွင် မူတည်သည်ဟု ပြောကြားခဲ့ခြင်းကြောင့် လွှတ်တော် ထဲ၌ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ကိုယ်စား လှယ်များ အများဆုံး ဖြစ်ခြင်းကြောင့် ဥက္ကဌ တစ်ယောက် အနေဖြင့် ပါတီဝင် အမတ်တို့ကို အခြေခံ ဥပဒေ ပြင်ဆင်ရေး တိုက် တွန်းသွားရန် ရှိပါ
သလား ၊ သမ္မတ ကြီးရဲ့ တစ်ဦးတည်း ဆန္ဒ အနေဖြင့် အခြေ ခံ ဥပဒေ ပြင်ဆင်ရေး အပေါ် လိုလားမှု ရှိ မရှိ မေးမြန်းခဲ့ရာ သမ္မတ ကြီးက မိမိသည် ပါတီ ဥက္ကဌ ဖြစ်သော်လည်း ပါတီတာဝန်ထမ်းဆောင်ခွင့် မရှိသောကြောင့် တိုက်တွန်းရန် မဖြစ်နိုင်ကြောင်း၊ဖြေကြားခဲ့သော်လည်း ၄င်း၏ တစ်ဦးတည်းဆ`န္ဒနှင့် ပတ်သတ်
၍ ဖြေကြားခဲ့ ခြင်း မရှိပေ။ သမ္မတကြီး၏ အပြောင်း အလဲများကို အောက်ခြေလူထု မခံစား ရသေးကြောင်း ပြောဆိုမှုအပေါ် မည်သို့ ထင်မြင်သနည်း မေးခွန်းကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြန်လည်ဖြေကြားရာ၌ အပြောင်းအလဲကို လူတိုင်း ကျေနပ်နိုင်အောင် လုပ်ဆောင်နိုင်ဖို့ ခက်ခဲကြောင်း၊ အချိန်ယူရမည် ဖြစ်ကြောင်းနှင့် လူတစ်ဦးချင်း၏ ၀င်ငွေ၊ အလုပ်အကိုင် အခွင့်အလန်း၊ စီးပွားရေး အခွင့်အလန်း ဖွံ့ဖြိုးလာသည်နှင့် အမျှ ပြည်သူများ အကျိုးခံစားခွင့် ရလာနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
OIC နှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနတို့အကြား ချုပ်ဆိုခဲ့သော စာချုပ်တွင် OIC ရုံးခန်းကို မြန်မာနိုင်ငံ၌ လာရောက်ဖွင့် လှစ်မည့် အချက် လုံးဝ မပါဝင်ကြောင်း၊ လာရောက်ဖွင့်လှစ်မည် ဆိုပါကလည်း ကန့်ကွက်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သမ္မတ အိမ်တော်၌ ပြုလုပ်နေသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော်၌ ပြုလုပ်ခဲ့သော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ပထမဆုံး အကြိမ် သတင်းစာ ရှင်းလင်းပွဲ ညနေ ၄နာရီခွဲခန့်တွင် ပြီးဆုံးခဲ့ပြီး အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ သတင်းထောက် (၁၃၀) ကျော် တက်ရောက် သတင်းရယူခဲ့ပါသည်။

Myanmar Online News မှကူးယူဖော်ပြပါသည်
Post By :  အေးချမ်းမွန်
Sunday, 21 October 2012

မိမိတို့ အစိုးရလက်ထက်တွင် တည်ဆောက်ရေး စီမံကိန်းများကို ပွင့်လင်း မြင်သာအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ တိုင်းရင်းသားများနှင့် ပတ်သက်သော လက်နက်ကိုင် ပဋိပက္ခများကို ချု
ပ်ငြိမ်းအောင် အဆင့် သုံးဆင့်ဖြင့် ဆောင်ရွက်နေကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်ရာတွင် Peace Center တစ်ခုကို မကြာမီ ဖွင့်သွားမည် ဖြစ်ကြောင်း၊ တို
င်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားရာ ဒေသ၌ အေးချမ်းဖွံ့ဖြိုးတိုးတက်အေ
ာင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ကချင်ပြည်နယ်အတွင်း ပဋိပက္ခများက ဆုံးရှုံးမှု များကြောင်း၊ ဒေသတွင်း တိုင်းရင်းသားများ အိမ်ရာများကို စွန့်ခွာပြေးသွားခြင်းက စိတ်မကောင်းဖွယ် ဖြစ်ကြောင်း၊ ကချင်ဒေသကိငြိမ်းချမ်း စေလိုကြောင်း၊ ငြိမ်းချညမ်းရေးနှင့် ပတ်သက်ပြီး မျက်နှာချင်းဆိုင် ဆွေးနွေးပွဲများ၊ ယုံကြည်မှုတည်ဆောက်ခြင်းများ လုပ်ဆောင်နိုင်ပြီဆိုပါက မကြာမီတွင် ငြိမ်းချမ်းရေးကို မျှော်လင့်နိုင်မည်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောပါသည်။

နန်းခင်ဇေယျာ Miss Internet ဆု ရပြီ


  မြန်မာပြည်မှာ အင်တာနက် မြန်နှုန်းနိမ့်ပေမယ့် အိုကီနာဝါကျွန်း ၂၀၁၂ နိုင်ငံတကာမယ်ပြိုင်ပွဲမှာ မြန်မာပြည်ကိုယ်စားပြု ၀င်ပြိုင်တဲ့ နန်းခင်ဇေယျာကတော့ Miss Internet ဆု ရရှိသွားပါပြီ။ သူ့ကို မဲပေးကြတဲ့ အနယ်နယ်က မြန်မာပြည်သားတို့ရဲ့ အားပေးမှုကြောင့် ဒီဆု ရရှိသွားတာဖြစ်ပါလိမ့်မယ်။

ဆုကြေညာပေးအပ်ပွဲ အစီအစဉ်ကို တိုက်ရိုက်ထုတ်လွှင့်နေရာမှာ သူ ဒီဆု ရရှိကြောင်း အခုလေးတင် တရားဝင် ကြေညာလိုက်တာ ဖြစ်ပါတယ်။  Miss International 2012 ကို ဘယ်သူ ရမယ် ဆိုတာ မိနစ်ပိုင်းအတွင်း သိရတော့မှာပါ။ 

နိုင်ငံတော် သမ္မတ ၏တွေ့ဆုံပွဲ ၂ နာရီတွင် စတင်ပြုလုပ်နေပြီ


Photo: နိုင်ငံတော် သမ္မတ ၏တွေ့ဆုံပွဲ ၂ နာရီတွင် ကို စတင်ပြုလုပ်နေပြီ ဖြစ်ပြီး နိုင်ငံတော် သမ္မတ မှ အဖွင့်မိန့်ခွန်းပြောကြားရာတွင်
ပြည်ပသတင်းမီဒီယာနှင့်တွေ့ဆုံထားပြီး ပြည်တွင်းမီဒီယာနှင့် တွေ့ဆုံ မှု မပြုပါက ၀ိုင်းဝန်း ပြောဆိုသည့် အသံများထွက်လာ
နိုင်ခြင်း၊အစိုးရ၏ လုပ်ဆောင်ချက်များကို မီဒီယာ မှတဆင့်ပြည်သူအများကို သိစေလိုခြင်း၊အစိုးရအပိုင်းအနေနဲ့ မီဒီယာနဲ့ ပူးပေါင်းပြီး
ဆောင်ရွက်သွားရန်လိုအပ်ခြင်း စသည့် အချက်သုံးချက်ကို ခြုံငုံ ပြောကြားသွားသည်။
တွေ့ဆုံ ရှင်းလင်းပွဲကို ညနေ လေးနာရီတွင် ပြီးဆုံးမည်ဟု သတ်မှတ်ထားသည်။

မူရင်းသတင်း----Popular Myanmar News Journal
Post By :  အေးချမ်းမွန်

နိုင်ငံတော် သမ္မတ ၏တွေ့ဆုံပွဲ ၂ နာရီတွင် ကို စတင်ပြုလုပ်နေပြီ ဖြစ်ပြီး နိုင်ငံတော် သမ္မတ မှ အဖွင့်မိန့်ခွန်းပြောကြားရာတွင်
ပြည်ပသတင်းမီဒီယာနှင့်တွေ့ဆုံထားပြီး ပြည်တွင်းမီဒီယာနှင့် တွေ့ဆုံ မှု မပြုပါက ၀ိုင်းဝန်း ပြောဆိုသည့် အသံများထွက်လာ
နိုင်
ခြင်း၊အစိုးရ၏ လုပ်ဆောင်ချက်များကို မီဒီယာ မှတဆင့်ပြည်သူအများကို သိစေလိုခြင်း၊အစိုးရအပိုင်းအနေနဲ့ မီဒီယာနဲ့ ပူးပေါင်းပြီး
ဆောင်ရွက်သွားရန်လိုအပ်ခြင်း စသည့် အချက်သုံးချက်ကို ခြုံငုံ ပြောကြားသွားသည်။
တွေ့ဆုံ ရှင်းလင်းပွဲကို ညနေ လေးနာရီတွင် ပြီးဆုံးမည်ဟု သတ်မှတ်ထားသည်။

မိခင် ဆူပူ ကြိမ်းမောင်း သဖြင့် စတုတ္ထတန်း ကျောင်းသူလေး ပိုးသတ်ဆေး သောက်သေဆုံး

ဇေယျဝတီ အောက်တိုဘာ ၁၈
ဖြူးမြို့နယ် ဇေယျဝတီမြို့ အမဲခေါင် ကျေးရွာအုပ်စု၊ စွန်သိုက် ကျေးရွာနေ စတုတ္ထတန်း ကျောင်းသူ မစူးရေးခါး ၁၃နှစ် (ဘ)ဦးဟာရီ ဆံတား၊ စွန်သိုက် ကျေးရွာ အခြေခံ ပညာ မူလတန်း ကျောင်း(ခွဲ)သည် မတ်ပဲပိုးသတ် ဆေးပြားသောက်၍ ဇေယျဝတီ ဆေးရုံ တွင် ရောက်ရှိ နေကြောင်း အောက်တိုဘာ ၁၄ ရက် မွန်းလွဲ ၂ နာရီခွဲက သတင်း ရရှိသဖြင့် ဇေယျဝတီမြို့ ရဲတပ်ဖွဲ့ စခန်းမှူး ရဲအုပ် ထွန်းသန်းနှင့် အဖွဲ့သည် သက်သေများ နှင့်အတူ သွားရောက် စစ်ဆေးရာ မစူးရေးခါး တွင်ပြင်ပ ဒဏ်ရာ မတွေ့ရှိဘဲ ပါးစပ်မှ ပိုး သတ်ဆေး အနံ့ ရကာ သတိ မေ့နေလျက် တွေ့ရှိရပြီး တောင်ငူ ဆေးရုံသို့ သယ်ဆောင်စဉ် သေဆုံးသွား ခဲ့ကြောင်း သိရသည်။

တရုတ်ပြည်တွင် အာရှ၏ အကြီးမားဆုံး Apple စတိုးဖွင့်လှစ်

Photo: တရုတ်ပြည်တွင် အာရှ၏ အကြီးမားဆုံး Apple စတိုးဖွင့်လှစ်

အောက်တိုဘာ ၂၀။ ။ တရုတ်နိုင်ငံ၊ ပေကျင်းမြို့ လယ်ရှိ Wangfujing လမ်းတွင် Apple စတိုင်းဆိုင် အသစ် ဖွင့်လှစ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

၂၄၇၅၀ စတုရန်းပေ ကျယ်သည့် သုံးထပ် အဆောက်အအုံ ဖြစ်ပြီး အာရှ၏ အကြီးဆုံး Apple စတိုးဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံသည် Apple ၏ အမေရိကန်ပြီးနောက် ဒုတိယအကြီးဆုံး ဈေးကွက် ဖြစ်ကြောင်း သိရသည်။ တရုတ်ပြည်တွင် Apple ကုန်ပစ္စည်းသည် ရေပန်းစားပြီး ဆိုင်ဖွင့်ပွဲနေ့တွင် လူပေါင်း ၁၀၀ ကျော် လာရောက် စောင့်ဆိုင်းခဲ့သည်။

ပြီးခဲ့သည့် လက်တလောကလည်း Apple စီအီးအို Tim Cook သည် တရုတ်ပြည်သို့ အလည်အပတ်ရောက်ရှိပြီး Foxconn ကိုသွားရောက် စစ်ဆေးခဲ့သည်။ Apple ကုန်ပစ္စည်းများ ထုတ်လုပ်ပေးနေသော ထိုင်ဝမ် စက်ရုံဖြစ်ပြီး မကြာခဏ ပြဿနာဖြစ်ပွားနေသော နေရာ ဖြစ်သည်။

အသက် ၁၄ နှစ်အရွယ် အလုပ်သမားများ တွေ့ရှိမှု၊ အလုပ်သမားများ အခွင့်အရေး ဆုံးရှုံးမှု၊ ပဋိပက္ခဖြစ်ပွားမှုကို အခြေခံကာ တရုတ်အစိုးရနှင့် Apple တို့ ထိပ်တိုက် ရင်ဆိုင်ဖြေရှင်းနေရသည်။ တရုတ်ပြည်ဈေးကွက် တွင် Apple ကုန်ပစ္စည်း ဆိုင်ပေါင်း ၆ ခုရှိလာပြီ ဖြစ်သော်လည်း မှောင်ခို ဈေး ကွက် တည်ရှိနေဆဲ ဖြစ်သည်။ မူရင်းဆိုင်မှ ၀ယ်ယူကာ ပြင်ပ တွင် ဈေးနှုန်း မြင့်တင်ရောင်းချခြင်းတို့ ပြုလုပ်မှုကြောင့် Apple တို့ စိုးရိမ် စရာ ဖြစ်ခဲ့သည်။ ကုန်ပစ္စည်း မူပိုင်ခွင့်နှင့် အတုပလုပ်ခြင်းဆိုင်ရာ ပြဿနာ များလည်း ဖြစ်ပွားလျက်ရှိရာ တရုတ်ပြည်ဈေးကွက်ကို Apple တို့ ဆက်လက် ခြေကုပ်မယူနိုင်မှာ ပူပင်လျက်ရှိသည်။

Samsung ကလည်း တရုတ်အစိုးရ၏ ခွင့်ပြုချက်ယူကာ စက်ရုံများတည် ဆောက်ခြင်း၊ ပို့ကုန် တိုးမြင့်ခြင်းတို့ ပြုလုပ်လာခြင်းကြောင့် ပြိုင်ဘက် Samsung မှ ကျော်တက်သွားနိုင်ချေရှိကြောင်း စီးပွားရေး ပညာရှင်များက ခန့်မှန်းထားသည်။
--
Ref:zurmart
Photo courtesy of zurmart . All Rights Reserved.
Aung Kham (TSJ team)

မူရင်းသတင်း----TechSpace Journal
Post By :  အေးချမ်းမွန်
အောက်တိုဘာ ၂၀။ ။ တရုတ်နိုင်ငံ၊ ပေကျင်းမြို့ လယ်ရှိ Wangfujing လမ်းတွင် Apple စတိုင်းဆိုင် အသစ် ဖွင့်လှစ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

၂၄၇၅၀ စတုရန်းပေ ကျယ်သည့် သုံးထပ် အဆောက်အအုံ ဖြစ်ပြီး
အာရှ၏ အကြီးဆုံး Apple စတိုးဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံသည် Apple ၏ အမေရိကန်ပြီးနောက် ဒုတိယအကြီးဆုံး ဈေးကွက် ဖြစ်ကြောင်း သိရသည်။ တရုတ်ပြည်တွင် Apple ကုန်ပစ္စည်းသည် ရေပန်းစားပြီး ဆိုင်ဖွင့်ပွဲနေ့တွင် လူပေါင်း ၁၀၀ ကျော် လာရောက် စောင့်ဆိုင်းခဲ့သည်။

ပြီးခဲ့သည့် လက်တလောကလည်း Apple စီအီးအို Tim Cook သည် တရုတ်ပြည်သို့ အလည်အပတ်ရောက်ရှိပြီး Foxconn ကိုသွားရောက် စစ်ဆေးခဲ့သည်။ Apple ကုန်ပစ္စည်းများ ထုတ်လုပ်ပေးနေသော ထိုင်ဝမ် စက်ရုံဖြစ်ပြီး မကြာခဏ ပြဿနာဖြစ်ပွားနေသော နေရာ ဖြစ်သည်။

ရသေ့တောင်တွင် လူသတ်မူ ဖြစ်ပွား

Photo: ရသေ့တောင်တွင် လူသတ်မူ ဖြစ်ပွား

ခိုင်သိန်း

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဈေးကုန်တန်းကျေးရွာတွင် အောက်တိုဘာလ ၈ ရက်နေ့က လူသတ်မူ ဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။

အသတ်ခံရသူမှာ ဈေးကုန်းတန်းကျေးရွာနေ မောင်တင်ထွန်း (၄၁)နှစ် (ဖ) ဦးအောင်သာလှ၏ သားဖြစ်သည်။

ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး မယူကမ်းတွင် တည်ရှိသော ဈေးကုန်တန်းကျေးရွာ သားတဦးက နိရဉ္စရာသို့ ယခုလိုပြောသည်။

“ ကျေးရွာ ကြံ့ခိုင်ရေး အတွင်းရေးမှူး ဦးအောင်တင်သန်းက မောင်တင်ထွန်းကို မင်းကျောင်းမှာ ရေလည်းမခပ်ဘူး၊ အမိုက်တွေလည်း မသိမ်းဘူး၊ ကျောင်းဥယာဉ်မှူး တဦးရဲ့ တာဝန်ကို ကျေပွန်အောင် ဘာကြောင့်မလုပ်လဲ အဲလို ဆူပူ ကြိမ်းမောင်းရာကနေ အပြန်အလှန် စကားများပြီး ပြဿနာ စဖြစ်ကြတယ်။ နောက်တော့ ဦးအောင်တင်သန်းက ယမ်းထောင်း သေနတ်နဲ့ ပစ်သတ်လိုက်တယ် ” ဟု ပြောသည်။

သေနတ်နဲ့ ပစ်ခတ်ချိန်မှာ ညဥ့် အချိန်တွင် ဖြစ်ပြီး  ကြံ့ခိုင်ရေး အတွင်းရေးမှူး ဦးအောင်သန်းတင်က ယမ်းထောင်း သေနတ်ဖြင့် သွားရောက် ပစ်ခတ်ခဲ့ပုံကို သူက ယခုလို ဆက် ပြောပြသည်။

“ အဲဒီနေ့ ညဥ့် ၁၀နာရီခန့်မှာ ရွာထဲက ဦးကောက်စံ အိမ်ရှေ့မှာ ယမ်းထောင်သေနတ်နဲ့ ပစ်သတ်ခဲ့တာ ဖြစ်ပါတယ် ။ ပစ်လိုက်တဲ့ ကျည်က  ရင်ဝကို ထိတယ်။ ချက်ချင်းမသေဘူး။ မောင်တင်ထွန်းက သေနတ်နဲ့ ပစ်ခတ်တဲ့ ဦးအောင်တင်သန်းကို ဖက်ပြီးတော့ သေနတ်ကို လုခဲ့ပါသေးတယ်။ ဦး အောင်တင်သန်းက သေနတ်ကို ပစ်ပြီး အဲဒီနေရာကနေ ချက်ချင်း ထွက်ပြေးလွတ်မြောက် သွားပါတယ်” ဟု ပြောသည်။

ယခုအခါ ကြံ့ခိုင်ရေး အတွင်းရေးမှူး ဦးအောင်တင်သန်းအား သေမှုသေခင်း ဖြစ်မှုဥပဒေပုဒ်မ (၃၀၄)က/ဖြင့် ရသေ့ တောင် ရဲစခန်းတွင် မိသားစုဘက်မှ အမှုဖွင့်ထားသည်ဟု သိရသည်။

အဆိုပါ လူသတ်မူနှင့် ပတ်သက်ပြီး နိရဉ္စရာမှ ရသေ့တောင် ရဲစခန်းသို့ မေးမြန်းရာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားပြီး အသေးစိတ် ပြောကြားရန်မှာ အမူတွဲကို ကိုင်တွယ်နေသူ  ရဲတာဝန်ရှိ အပြင်ကို ရောာက်ရှိနေသဖြင့် သူ့အား မေးမြန်းရမည်ဟု တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။

သေဆုံးသွားသော မောင်တင်ထွန်းမှာ ဇနီးမယားနှင့်အတူ သားသမီး ၃ဦး ကျန်ရစ်ခဲ့သည်ဟု သိရသည်။

မူရင်းသတင်း---- နိရဉ္စရာ
Post By :  အေးချမ်းမွန်
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဈေးကုန်တန်းကျေးရွာတွင် အောက်တိုဘာလ ၈ ရက်နေ့က လူသတ်မူ ဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။

အသတ်ခံရသူမှာ ဈေးကုန်းတန်းကျေးရွာနေ မောင်တင်ထွန်း (၄၁)နှစ် (ဖ) ဦးအောင်သာလှ၏ သားဖြစ်သည်။
ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး မယူကမ်းတွင် တည်ရှိသော ဈေးကုန်တန်းကျေးရွာ သားတဦးက နိရဉ္စရာသို့ ယခုလိုပြောသည်။
“ ကျေးရွာ ကြံ့ခိုင်ရေး အတွင်းရေးမှူး ဦးအောင်တင်သန်းက မောင်တင်ထွန်းကို မင်းကျောင်းမှာ ရေလည်းမခပ်ဘူး၊ အမိုက်တွေလည်း မသိမ်းဘူး၊ ကျောင်းဥယာဉ်မှူး တဦးရဲ့ တာဝန်ကို ကျေပွန်အောင် ဘာကြောင့်မလုပ်လဲ အဲလို ဆူပူ ကြိမ်းမောင်းရာကနေ အပြန်အလှန် စကားများပြီး ပြဿနာ စဖြစ်ကြတယ်။ နောက်တော့ ဦးအောင်တင်သန်းက ယမ်းထောင်း သေနတ်နဲ့ ပစ်သတ်လိုက်တယ် ” ဟု ပြောသည်။

အိန္ဒိယနှင့် ပါကစ္စတန် ကြည်းတပ် တို့သည် အိန္ဒိယ ထိန်းချုပ် မှုအောက် ကက်ရှ်မီးယား ဒေသ တွင် အပြန် အလှန် ပစ်ခတ်မှု ဖြစ်ပွားခြင်း

အိန္ဒိယနှင့် ပါကစ္စတန် ကြည်းတပ် တို့သည် အိန္ဒိယ ထိန်းချုပ် မှုအောက် ကက်ရှ်မီးယား ဒေသရှိ ထိန်းချုပ် ရေးမျဉ်း (Line of Control-LoC) တစ်လျှောက်တွင် အပစ် အခတ် ရပ်စဲရေး သဘော တူညီ ထားမှုအား ချိုးဖောက် ၍ အောက်တိုဘာလ ၁၇ ရက်နေ့ ညနေ ပိုင်းတွင် အပြန် အလှန် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ကြောင်း အိန္ဒိယ တာဝန် ရှိသူများက အောက်တို ဘာလ ၁၈ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။ အဆိုပါ ပစ်ခတ် မှုသည် အိန္ဒိယ ထိန်းချုပ် မှုအောက် ကက်ရှ်မီးယား ဒေသရှိ ဆရီနာ ဂါမြို့၏ အနောက် တောင်ဘက် ၁၈၅ ကီလို မီတာခန့် အကွာတွင် ရှိသော နယ်စပ်ဒေသ Poonch ခရိုင်၏ LoC တစ်လျှောက်တွင် အောက်တို ဘာလ ၁၇ ရက်နေ့က ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး အဆို ပါ နေ့နှောင်း ပိုင်း အထိ ဆက်လက် ပစ်ခတ်ခဲ့ ကြောင်း သိရှိရ ပါသည်။ ပါကစ္စတန် တပ်ဖွဲ့ဝင် များသည် အိန္ဒိယ စစ်စခန်းများကို လက်နက် ငယ်များဖြင့် အကြောင်းမဲ့ စတင် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဂျမူးဒေသအခြေစိုက် အိန္ဒိယ ကြည်းတပ် ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူးကြီးR K Palta က ပြောကြားခဲ့ ပါသည်။

ရပ်စောက်-ပင်းတယကားလမ်းပေါ်မှ လူသတ်မှု

Photo: ရပ်စောက်-ပင်းတယကားလမ်းပေါ်မှ လူသတ်မှု

အောက်တိုဘာ(၂၀)

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ပန်းသစ္စာလမ်းနေ ဦးငွေတိုး(ကုန်သည်)သည် ရပ်စောက်-ပင်းတယ ကားလမ်းပေါ်တွင် အောက်တိုဘာ(၁၁)ရက်နေ့ မနက်ပိုင်းက  အသတ်ခံခဲ့ရကြောင်း သိရပါတယ်။

တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်တွင်နေထိုင်သူ ဦးငွေစိုးမှ အောက်တိုဘာလ(၁၂)ရက်နေ့တွင် ၄င်း၏ညီဖြစ်သူ ငွေတိုးသည် ပင်းတယသို့ ကုန်အရောင်းအ၀ယ်လုပ်ရန် Toyota Vitz အမျိုးအစား ချောက လက် ရောင် တစ်စီး၊ zip star အနက်ရောင်ဆိုင်ကယ်တစ်စီး၊ GSM ဖုန်းတစ်လုံးနှင့် ငွေ (၁၅၀၀၀၀) ကျပ် တို့ နှင့်အတူထွက်သွားခဲ့ရာ ယနေ့အထိပြန်လည်မရောက်လာဘဲ ဖုန်းအဆက်အသွယ်ပါ ပြတ်တောက်နေ တဲ့အတွက် တောင်ကြီးမြို့ အမှတ်(၂)ရဲစခန်းသို့ အောက်တိုဘာလ (၁၉)ရက်နေ့တွင် လာရောက် တိုင်ကြား ခဲ့ကြောင်း သိရပါ တယ်။


`` ကျွန်တော့ညီ ငွေတိုးဟာ ပင်းတယဘက်မှာရှိတဲ့ ရွာတွေမှာ အသီးအနှံ အရောင်းအ၀ယ်အလုပ် လုပ်ပါ တယ်။ အခု သီးနှံတွေ ပေါ်ချိန်ဆိုတော့ အခြေအနေသွားကြည့်တယ်။ အသွားတုန်းက ကျွန်တော့အိမ်ကိုဝင် သွားပါသေးတယ်။ (၂/၃)ရက်ကြာရင် ပြန်လာမယ်လို့ ပြောသွားပါတယ်။ အခု တစ်ပတ်ကျော်တောင် ကြာ သွားပြီး ဖုန်းဆက်တော့လည်း ဖုန်းက ပိတ်ထားတယ်။ ဒါကြောင့် စိုးရိမ်ပြီး ရဲစခန်းမှာ လာအမှုဖွင့် အကြောင်းကြားတာပါလို့ ´´ ဦးငွေစိုးမှ ပြောကြားသွားပါတယ်။

တောင်ကြီးမြို့၊ အမှတ်(၂)ရဲစခန်းမှ အခြားမြို့များရှိ ရဲတပ်ဖွဲ့ဝင်များနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့တာကြောင့် သက်သေပစ္စည်းများနှင့်အတူ ကလောမြို့မှ တရားခံ(၂)ဦးကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ၄င်းတို့ ၂ ဦးမှ ဦးငွေတိုး အားသတ်ဖြတ်ပြီး ရပ်စောက်-ပင်းတယကားလမ်းပေါ်ရှိ တံတားအမှတ်(၄၉)မြောင်းထဲသို့ ပစ်ချထား ခဲ့ ကြောင်းနှင့် ပစ္စည်းများအား ယူဆောင်ထားကြောင်း ထွက်ဆိုခဲ့ပါတယ်။

တောင်ကြီးမြို့၊ အမှတ်(၂)ရဲစခန်းမှ အဖွဲ့ဝင်များဟာ ဦးငွေတိုးအလောင်းအား သွားရောက် ရှာဖွေကာ တောင်ကြီးမြို့၊ စ၀်စံထွန်းဆေးရုံသို့ သယ်လာခဲ့ပြီး တရားခံ ဇော်မျိုးစိုးနဲ့ ညီညီဝင်းတို့ နှစ်ဦးအား ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။

 တရားခံဇော်မျိုးစိုး

မူရင်းသတင်း----ရုမ်းသတင်း
Post By :  အေးချမ်းမွန်
တရားခံဇော်မျိုးစိုး
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ပန်းသစ္စာလမ်းနေ ဦးငွေတိုး(ကုန်သည်)သည် ရပ်စောက်-ပင်းတယ ကားလမ်းပေါ်တွင် အောက်တိုဘာ(၁၁)ရက်နေ့ မနက်ပိုင်းက အသတ်ခံခဲ့ရကြောင်း သိရပါတယ်။

တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်တွင်နေထိုင်သူ ဦးငွေစိုးမှ အောက်တိုဘာလ(၁၂)ရက်နေ့တွင် ၄င်း၏ညီဖြစ်သူ ငွေတိုးသည် ပင်းတယသို့ ကုန်အရောင်းအ၀ယ်လုပ်ရန် Toyota Vitz အမျိုးအစား ချောက လက် ရောင် တစ်စီး၊ zip star အနက်ရောင်ဆိုင်ကယ်တစ်စီး၊ GSM ဖုန်းတစ်လုံးနှင့် ငွေ (၁၅၀၀၀၀) ကျပ် တို့ နှင့်အတူထွက်သွားခဲ့ရာ ယနေ့အထိပြန်လည်မရောက်လာဘဲ ဖုန်းအဆက်အသွယ်ပါ ပြတ်တောက်နေ တဲ့အတွက် တောင်ကြီးမြို့ အမှတ်(၂)ရဲစခန်းသို့ အောက်တိုဘာလ (၁၉)ရက်နေ့တွင် လာရောက် တိုင်ကြား ခဲ့ကြောင်း သိရပါ တယ်။

မန္တလေးတွင် တက္ကသိုလ်ဝင်တန်း ကျောင်းသားနှစ်ဦးရန်ဖြစ်ရာမှ တစ်ဦးသေဆုံး

Photo: မန္တလေးတွင် တက္ကသိုလ်ဝင်တန်း ကျောင်းသားနှစ်ဦးရန်ဖြစ်ရာမှ တစ်ဦးသေဆုံး

20 OCTOBER 2012 

မန္တလေးတိုင်းဒေသကြီး မန္တလေး မြို့တော် ၈၄ လမ်းနှင့် ၄၂ လမ်းထောင့် ရှိ ပန်းတိုင်နေ့ အထူးနှင့် ဘော်ဒါဆောင်တွင် အဆောင်နေသော တက္ကသိုလ်ဝင်တန်း ကျောင်းသားနှစ်ဦးဖြစ်သူ မောင် သန်းထိုက်အောင် ၁၅ နှစ်နှင့် မောင်ဝင်းကို ကို တို့သည် အောက်တိုဘာလ ၁၂ ရက်နေ့ ည ၁၁ နာရီတွင် စကားများ ခိုက်ရန် ဖြစ်ပွားရာ မောင်သန်းထိုက်အောင် မှာ ဦးခေါင်းသွေးထွက် ဒဏ်ရာရှိခဲ့ပြီး အောက်တိုဘာလ ၁၃ ရက်နေ့ နံနက်ပိုင်း တွင် မန္တလေးပြည်သူ့ ဆေးရုံကြီး၌ ကွယ်လွန်ခဲ့ကြောင်း သေဆုံးသူ မောင်သန်းထိုက်အောင်၏ ဖခင်ဖြစ်သူ ဦးမြင့်မောင်က The Voice Weekly သို့ပြောကြားသည်။
၎င်းတို့သည် ယင်းနေ့စာကျက် ချိန်အပြီး အိပ်ဆောင်သို့အသွား စကား များ ရန်ဖြစ်ခဲ့ကြောင်း၊ မောင်သန်းထိုက် အောင်၏ ဦးခေါင်းတွင်သွေးထွက် ဒဏ်ရာ ရရှိခဲ့သဖြင့် အဆောင်မှ တာဝန်ရှိ ဆရာ၊ ဆရာမများက ဆေးလိမ်းပေးခဲ့ ကြောင်း၊ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက်တွင် မောင်သန်းထိုက် အောင် စာကျက်တန်း မတတ်နိုင်သဖြင့် ဆရာ၊ ဆရာမများ သွားရောက်ကြည့်ရှုရာ တစ်ကိုယ်လုံးအေးစက် ကာခေါ်မရသဖြင့် မန္တလေးပြည်သူ ဆေးရုံကြီး အရေးပေါ် ဌာနသို့ ပို့ဆောင်ခဲ့ကြောင်း၊ ယင်းနေ့ နံနက် ၁၀ နာရီမိနစ် ၃၀ ခန့်မှ နေ့လယ် ၁၂ နာရီခန့်အထိ မောင်သန်း ထိုက်အောင်ကို ခွဲစိတ်ခန်းသို့ပို့ဆောင်ပြီး နောက်သေဆုံး သွားခဲ့ကြောင်း သေဆုံးသူ မောင်သန်းထိုက်အောင်ကို အနီးကပ် ကြည့်ရှုစောင့်ရှောက်သည့် အဒေါ် ဖြစ်သူ ဒေါ်မြင့်မြင့်နွယ်က ရှင်းပြ သည်။
"ကျွန်မတို့ မန္တလေးမှာ နေနေတဲ့ ဆွေမျိုးတွေကို အရင်အကြောင်းမကြား ဘဲ အဝေးကလူကို အကြောင်းကြား တယ်။ ကျွန်မတို့စောစောသိရင် လုပ် ပေးနိုင်တာလုပ်ပေးလို့ရတာပေါ့။ အဓိက မကျေနပ်တာက အအေးပတ်ပြီး နေမ ကောင်းလို့ ဆေးရုံတင်လိုက်ရတယ်။ နောက်တော့ဆုံးသွားတယ် လို့ပဲသိရ တယ်။ ဆေးရုံလိုက်သွားပြီးသေချာ စုံစမ်းပြီးမှ ကလေးက အရိုက်ခံရမှန်းသိ တယ်" ဟုသေဆုံးသူ၏ အစ်မတစ်ဝမ်းကွဲဖြစ်သူ မန္တလေး နည်းပညာတက္ကသိုလ် မှ ဆရာမတစ်ဦး ကဆိုသည်။
ယင်းအမှုကို မဟာအောင်မြေမြို့ နယ်ရှိ အမှတ် (၉) ရဲစခန်းတွင် ပန်းတိုင် နေ့အထူးနှင့် ဘော်ဒါဆောင်မှ တာဝန် ရှိ ဆရာမတစ်ဦးက တရားလိုပြု၍ အမှု ဖွင့်ထားကြောင်း၊ ပြစ်မှုကျူးလွန်သူ မောင်ဝင်းကိုကိုကို ပုဒ်မ ၃၀၂ ဖြင့် ယင်းရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း၊ ကျောင်းသားနှစ်ဦးရန်ဖြစ်ရာမှ ဦးခေါင်း ရိုးကျွံပြီးသေဆုံးခြင်းကို စစ်ဆေးဆဲဖြစ် ကြောင်း၊ အမှတ် (၉) ရဲစခန်း စခန်းမှူး ၏ပြောကြားချက်ကိုသေဆုံးသူ ကျောင်းသား မိဘများက ပြန်လည်ပြောကြားသည်။ "ဆေးစစ်ချက်မထွက်မချင်း ကျွန်မတို့ ဘယ်သူကိုမှဘာမှမပြောသေး ပါဘူး" ဟု အခင်းဖြစ်ပွားရာ ပန်းတိုင် နေ့အထူးနှင့် ဘော်ဒါဆောင်မှ အမည်မ ဖော်လိုသူ တာဝန်ရှိဆရာမကဆိုသည်။
ယင်းအမှုကို စုံစမ်းမေးမြန်းသည့် အမှတ် (၉) ရဲစခန်းမှ တာဝန်ရှိသူ စခန်းမှူး ဦးစိုင်းကိုကိုလတ်ကို အောက် တိုဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီ က တစ်ကြိမ်၊ ညနေ ၄ နာရီခန့်က တစ်ကြိမ်သွားရောက်မေးမြန်းရာ ရက် ချိန်းပေး၍ ပြန်လည်ဖြေဆိုခြင်း မရှိ ခဲ့ပေ။ သို့သော် အောက်တိုဘာလ ၁၆ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် The Voice Weekly က ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ အောက်တိုဘာလ ၁၂ ရက်နေ့ ည ၁၁ နာရီခွဲခန့်က စာကျက် ချိန် အတန်းဖြုတ်၍ အပေါ်ထပ်အိပ် ဆောင်သို့ တက်ချိန်ကလေးချင်းစကား များရန်ဖြစ်ရာ တစ်ဦးဦးခေါင်းဒဏ်ရာ ရရှိခဲ့ကြောင်း၊ ယင်းနေ့တွင် သွေး အနည်းငယ်ထွက်၍ အဆောင်မှ တာဝန် ရှိဆရာမက ဆေးလိမ်းပေးခဲ့ပြီး နောက် နေ့နံနက်တွင် ဆေးရုံသို့ပို့ဆောင်ခဲ့ ကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
သေဆုံးသူ မောင်သန်းထိုက် အောင် မှာ အသက် ၁၅ နှစ်ရှိပြီး ယင်း အဆောင်တွင် အဋ္ဌမတန်းမှ ယခုနှစ် တက္ကသိုလ်ဝင်တန်းအထိ တက်ရောက် နေထိုင်ခဲ့ သူဖြစ်ကြောင်း၊ မောင်သန်း ထိုက်အောင်၏ ဇာတိမှာ ဖားကန့်မြို့ နယ်တာမခံမြို့ နမ်းစပိန်းရွာဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သူ မောင်ဝင်းကိုကို မှာ ဟုမ္မလင်းမြို့နယ် နမ့်တောရွာဇာတိ ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သူနှင့် သေဆုံးသူမိသားစုဝင်များမှာ မျက်မှန်း တန်းခင်မင်ရင်းနှီးမှု ရှိကြောင်း သေဆုံးသူ၏ အစ်မဖြစ်သူက ဆိုသည်။

ရွှေရည်

မူရင်းသတင်း----THE VOICE JOURNAL
Post By :  အေးချမ်းမွန်
မန္တလေးတိုင်းဒေသကြီး မန္တလေး မြို့တော် ၈၄ လမ်းနှင့် ၄၂ လမ်းထောင့် ရှိ ပန်းတိုင်နေ့ အထူးနှင့် ဘော်ဒါဆောင်တွင် အဆောင်နေသော တက္ကသိုလ်ဝင်တန်း ကျောင်းသားနှစ်ဦးဖြစ
်သူ မောင် သန်းထိုက်အောင် ၁၅ နှစ်နှင့် မောင်ဝင်းကို ကို တို့သည် အောက်တိုဘာလ ၁၂ ရက်နေ့ ည ၁၁ နာရီတွင် စကားများ ခိုက်ရန် ဖြစ်ပွားရာ မောင်သန်းထိုက်အောင် မှာ ဦးခေါင်းသွေးထွက် ဒဏ်ရာရှိခဲ့ပြီး အောက်တိုဘာလ ၁၃ ရက်နေ့ နံနက်ပိုင်း တွင် မန္တလေးပြည်သူ့ ဆေးရုံကြီး၌ ကွယ်လွန်ခဲ့ကြောင်း သေဆုံးသူ မောင်သန်းထိုက်အောင်၏ ဖခင်ဖြစ်သူ ဦးမြင့်မောင်က The Voice Weekly သို့ပြောကြားသည်။
၎င်းတို့သည် ယင်းနေ့စာကျက် ချိန်အပြီး အိပ်ဆောင်သို့အသွား စကား များ ရန်ဖြစ်ခဲ့ကြောင်း၊ မောင်သန်းထိုက် အောင်၏ ဦးခေါင်းတွင်သွေးထွက် ဒဏ်ရာ ရရှိခဲ့သဖြင့် အဆောင်မှ တာဝန်ရှိ ဆရာ၊ ဆရာမများက ဆေးလိမ်းပေးခဲ့ ကြောင်း၊ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက်တွင် မောင်သန်းထိုက် အောင် စာကျက်တန်း မတတ်နိုင်သဖြင့် ဆရာ၊ ဆရာမများ သွားရောက်ကြည့်ရှုရာ တစ်ကိုယ်လုံးအေးစက် ကာခေါ်မရသဖြင့် မန္တလေးပြည်သူ ဆေးရုံကြီး အရေးပေါ် ဌာနသို့ ပို့ဆောင်ခဲ့ကြောင်း၊

မြေပုံမြို့တွင် မွတ်ဆလင် ရပ်ကွက် မြို့ပြင်ထုတ်ရန် ဆန္ဒပြ တောင်းဆို

Photo: မြေပုံမြို့တွင် မွတ်ဆလင် ရပ်ကွက် မြို့ပြင်ထုတ်ရန် ဆန္ဒပြ တောင်းဆို

မောင်ရမ္မာ

ရခိုင်ပြည်နယ် မြေပုံမြို့တွင် ဒေသခံ ရခိုင်တိုင်းရင်းသားများက ယနေ့ ဆန္ဒပြပွဲ တစ်ခု ပြုလုပ်ရာ မြို့ထဲရှိ မွတ်ဆလင် ရပ်ကွက်ကို မြို့ပြင်သို့ ထုတ်ပေးရန် တောင်းဆို ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

၎င်းဆန္ဒဖေါ်ထုတ်ပွဲကို ရဟန်းတော်များနှင့်  ဒေသခံ မြို့မိ မြို့ဖများမှ ယနေ့ နံနက် ၈ နာရီခွဲတွင် ပြုလုပ် ခဲ့ကြသည်ဟု သတင်း ရရှိသည်။

ဆန္ဒဖေါ်ထုတ်ပွဲ ပြုလုပ်ရသည့် ရည်ရွက်ချက်နှင့် ပတ်သက်ပြီး နေပြည်တော်တွင် ရောက်ရှိနေသည့် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က နိရဉ္စရာ သို့ ပြောသည်။

“ အခုအခါမှာ မူဆလင်တွေနဲ့ ရခိုင်တွေကို သီးခြားခွဲခြားထားဖို့ ဆိုတာက မြေပုံမြို့ အတိုင်းအတာနဲ့ ပြောတာ ဖြစ်ပါတယ်။ အခု စစ်တွေ၊ မြောက်ဦး၊ မင်းပြား စသဖြင့် ဒီဒေသတွေမှာ မူဆလင်တွေနဲ့ ရခိုင်တွေဟာ အခုအ ချိန်မှာ တတ်နိုင်သလောက် သီးသီး ခြားခြားနေကြပါတယ်။ ရခိုင်တွေနေတဲ့ နေရာကို မူဆလင်တွေ ၀င်မရသ လို မူဆလင်တွေနေတဲ့ နေရာတွေကိုလည်း ရခိုင်တွေကလည်း မသွားပါ။ ဒီလို သီးသီးခြားခြားနေကြတဲ့ အချိန် မှာ မြေပုံမြို့နယ်မှာ မူဆလင်နဲ့ ရခိုင် အတူတကွ နေကြတဲ့ ရပ်ကွက်တွေ၊ လမ်းတွေ ရှိပါတယ်။ တနေ့နေ့မှာ ပြ ဿနာတွေ ဖြစ်လာမှာကို စိုးရိမ်ကြပါတယ်။ အဲဒါကြောင့် မူဆလင်နဲ့ ရခိုင်ကို သီးခြား ခွဲခြားထားဖို့အတွက် တောင်းဆို ဆန္ဒဖေါ်ထုတ်တာ ဖြစ်ပါတယ်။”

ဆန္ဒပြပွဲတွင် ဘင်္ဂလီနှင့် ရခိုင်များကို သီးခြား ခွဲထားပေးရန်၊ မြေပုံမြို့အ တွင်း တခြားနေရာအသီးသီးက ရောက်ရှိနေကြသော မူဆလင်များကို မိမိနေ ထိုင်ရာနေရာများသို့ ပြန်ပို့ပေးရန်၊ ၁၉၈၂ ခု နိုင်ငံသားဖြစ်မှု အက်ဥပဒေ အတိုင်း ထောက်ခံပါကြောင်း၊  ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ရခိုင်များနှင့် ဗုဒ္ဓ ဘာသာဝင်များကို မူဆလင်များက ၀င်ရောက်ဖျက်ဆီးမှုများကို ဘင်္ဂလာဒေ့ခ်ျအစိုးရအနေ့ဖြင့် တားမြစ် ပေးရန် အတွက် နိုင်ငံတော်အစိုးက ကူညီပေးရန်နှင့် တရားမ၀င် ၀င်ရောက်လာသည့် ဘင်္ဂလီများကို စခန်းသွင်းပြီး တတိယနိုင်ငံသို့ ပို့ဆောင်မည်ဟု သမ္မတကြီး ကြေငြာချက်ကို ထောက်ခံကြောင်းတို့ ဖြစ်သည်။

“ ကျွန်တော်တို့ မြို့ဦးဘုရားကနေပြီးစထွက်ပါတယ်။ အဲဒီကနေ တောင်းဆိုမူတွေ လုပ်သွားပါတယ်။ ငါးလုပ်ငန်းရုံးရှေ့ကပြန်ပတ်ပြီးတော့ မြို့ဦးဘုရား ကို ပြန် ပတ်လာကြပါတယ်။ မြို့တပတ် ပတ်ကြပါတယ်။ လူကတော့ခါ ၂၀၀၀ ကျော် ၃၀၀၀ ခန့်ရှိပါတယ်။ အစ တုန်းက နယ်ကလူတွေပါ ပါဝင်ဖို့လို့ ခန်းမှန်း ထားပေမယ့် နယ်ကလူတွေက မရောက်ကြပါဘူး။ မြို့တပတ် လှည့် လည်ပြီး တောင်းဆိုချက် ၅ ချက်ကို တောင်းဆိုခဲ့ကြပါတယ်” ဟု ဆန္ဒဖေါ်ထုတ်ပွဲကို အခြေအနေနှင့် ပတ်သက်ပြီး ဆန္ဒဖေါ်ထုတ်ပွဲတွင် ပါဝင်ခဲ့သည့်  ကိုမောင်မောင်က နိရဉ္စရာ သို့ ပြောသည်။

ယခုကဲ့သို့  အခြေအနေများသည် မြေပုံတမြို့တည်းသာမဟုတ်ဘဲ တခြားမြို့နယ်များတွင်လည်း ဖြစ်နေသည့်အ တွက် ယခုအချိန်မှာ သီးခြားစီ ခွဲခြားထားသင့်သည်ဟု ဦးဖေသန်းက ပြောသည်။

“ အခု ဖြစ်နေတာက တမြို့တည်းမဟုတ်။ မြို့တိုင်းမြို့တိုင်းမှာ ဖြစ်နေပါတယ်။ စစ်တွေမှာဆိုရင် အင်ဘာလာ ရပ် ကွက်မှာ ဖြစ်နေပါတယ်။ ဒီအချိန်ကာလမှာ အတူယှဉ်တွဲနေထိုင်ရေးဆိုတာက တဖြည်းဖြည်း လုပ်ယူ သွားရမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ခါ အုပ်စုနှစ်စုဟာ မျက်နှာချင်းဆိုင် မဆိုင်ဘဲနဲ့ ခွဲခြား ထားနိုင်ရင် လောလော ဆယ်ဖြစ်ပေါ်နေတဲ့ အခြေအနေကို ထိန်းနိုင်မှာဖြစ်ပါတယ်။ နောက်မှ တဖြည်းဖြည်း ကိုယ့်ဒေသရဲ့ ဥပဒေ လွှမ်းမိုးလာတဲ့အချိန်၊ တဦးနဲ့တဦး အချင်းချင်း နာလည်လာတဲ့အချိန်မှာ အတူယှဉ်တွဲ နေထိုင်နိုင်မယ်လို့ ယုံ ကြည် ပါတယ်။ ဒီနေ့ ဒီအချိန်မှာ ခွဲခြားထားတာဟာ အသင့် တော်ဆုံး ဖြစ်တယ်လို့ ယုံကြည်ပါတယ်” ဟု ဆိုသည်။

အလားတူ ယနေ့တွင် ကျောက်ဖြူ၊ တောင်ကုတ်၊ ရမ်းဗြဲနှင့် မင်းပြားမြို့တို့တွင်လည်း OIC ကို ကန့်ကွက်ကြောင်းနှင့် သမ္မတဦးသိန်းစိန်အား ထောက်ခံကြောင်း လက်ကိုင်ပိုစတာများကိုင်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်ဟု သိရသည်။
 
မြေပုံတွင် ပြည်သူများ ဆန္ဒ ထုတ်ဖေါ်နေကြပုံ။

မူရင်းသတင်း----Narinjara
Post By :  အေးချမ်းမွန်
မြေပုံတွင် ပြည်သူများ ဆန္ဒ ထုတ်ဖေါ်နေကြပုံ။
ရခိုင်ပြည်နယ် မြေပုံမြို့တွင် ဒေသခံ ရခိုင်တိုင်းရင်းသားများက ယနေ့ ဆန္ဒပြပွဲ တစ်ခု ပြုလုပ်ရာ မြို့ထဲရှိ မွတ်ဆလင် ရပ်ကွက်ကို မြို့ပြင်သို့ ထုတ်ပေးရန် တောင်းဆို ဆန္ဒပြ
ခဲ့ကြသည်ဟု သိရသည်။

၎င်းဆန္ဒဖေါ်ထုတ်ပွဲကို ရဟန်းတော်များနှင့် ဒေသခံ မြို့မိ မြို့ဖများမှ ယနေ့ နံနက် ၈ နာရီခွဲတွင် ပြုလုပ် ခဲ့ကြသည်ဟု သတင်း ရရှိသည်။

ဆန္ဒဖေါ်ထုတ်ပွဲ ပြုလုပ်ရသည့် ရည်ရွက်ချက်နှင့် ပတ်သက်ပြီး နေပြည်တော်တွင် ရောက်ရှိနေသည့် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က နိရဉ္စရာ သို့ ပြောသည်။

ခေတ်အဆက်ဆက် ထင်ရှားတဲ့ မြန်မာ့အလှမယ်များ(ခင်မောင်ထွေး (ပျဉ်းမနား)

Photo: ခေတ်အဆက်ဆက် ထင်ရှားတဲ့ မြန်မာ့အလှမယ်များ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ခင်မောင်ထွေး (ပျဉ်းမနား)
မြန်မာအားကစားလောကတွင် တိုးတက်ပြောင်းလဲမှုကြီး တစ်ခု အံ့သြဖွယ်ကောင်းလောက်အောင်ပင် ထွက်ပေါ်လာသည်။
မြန်မာအလှမယ်များ ပြည်ပထွက်၍ ပြိုင်ပွဲများ ဝင်ခွင့်ရခြင်းပင်...ဖြစ်သည်။
လွန်ခဲ့သည့် နှစ်ပေါင်း (၅ဝ)တိတိ (၁၉၆၂)ခုနှစ်မှစကာ မြန်မာအမျိုးသမီးအလှမယ်များ ပြည်ပထွက်၍ ပြိုင်ပွဲဝင်ဖို့မဆိုထားနှင့် ပြည်တွင်းမှာပင် မယ်ရွေးပွဲ မလုပ်ရတော့ပါ။
ခင်သန်းနု ပြည်ထောင်စုမယ်ဘွဲ့ရရှိသည့် (၆၁)ခုနှစ် ပြည်ထောင်စုမယ်ရွေးပွဲသည် မြန်မာနိုင်ငံ၌ မယ်ရွေးပွဲ နောက်ဆုံး အကြိမ် ကျင်းပခဲ့ခြင်းပင်ဖြစ်သည်။

ရှေးရှေးတုန်းက

ခင်သန်းနု မတိုင်မီခေတ်ကမူ မြန်မာနိုင်ငံတွင် မယ်ရွေးပွဲများ ခြိမ့်ခြိမ့်သဲမျှ ကျင်းပခဲ့သည်။

ပထမဆုံးပြိုင်ပွဲမှာ (၁၉၄၇)ခုနှစ်တွင် ရွှေတိဂုံဘုရား အနောက်ဘက် မုခ်၌ကျင်းပသည့် ရုပ်ရှင်နှင့် ပြဇာတ်ပြပွဲတွင် ထည့်သွင်းခဲ့သည့် အလှမယ်ပြိုင်ပွဲပင်ဖြစ်သည်။ ဒေါ်လီချို (Dolly Cho)က ပထမဆု ဆွတ်ခူးသည်ဟု မှတ်တမ်းများအရ သိရှိရသည်။
တရားဝင်မောင်မယ်ရွေးပွဲကို (၁၉၄၈)ခုနှစ်တွင်စတင်ကျင်းပခဲ့သည်။ မြန်မာနိုင်ငံအိုလံပစ်အားကစားပြိုင်ပွဲတွင် ထည့်သွင်းကျင်းပခဲ့သည်။ အိုလံပစ်မယ်(ဝါ)မယ်ဗမာဆုကို ခင်စန်းကြွယ်က ဆွတ်ခူးခဲ့
သည်။ ခင်စန်းကြွယ်သည် မြန်မာနိုင်ငံ၏ ပထမဆုံးမယ်ဖြစ်သလို(၁၉၆၂)ခုနှစ်တွင် ကျင်းပသည့် မယ်ရွေးပွဲတွင် ပထမရသူ (နာမည်မေ့နေပါသည်)က မြန်မာနိုင်ငံ၏နောက်ဆုံးမယ်ဖြစ်ပါသည်။
ပြည်ထောင်စုမယ်ရွေးပွဲအပြီး တစ်ဆက်တည်းကျင်းပခဲ့ခြင်းဖြစ်ပါသည်။ ပြည်ထောင်စုမယ် ခင်သန်းနုက မယ်ဗမာရွေးပွဲတွင် တတိယသာ ရပါသည်။

မယ်ပေါင်းစုံလင်

(၁၉၄၈)ခုနှစ်မှ (၁၉၆၂)ခုနှစ်အထိ (၁၄)နှစ်အတွင်း မြန်မာနိုင်ငံတွင် မောင်မယ်ရွေးပွဲများ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပခဲ့သည်။
အလှမယ်များလည်း ဖူးပွင့်ဝေဆာခဲ့ကြသည်။ မှတ်မိသလောက်၊ ဖတ်မိသလောက်တင်ပြရမည်ဆိုလျှင် မစိန်အေး၊ နော်လွီဇာဘင်ဆင်၊ မီနီပု၊ခင်သန်းနု၊ နုနုရီ၊ ဖြူဖြူရှိန်၊ ဝါဝါရှိန်၊ မြမြသန်း၊ နန်းမြင့်မေ၊ ခင်မြင့်မြင့်၊ သန်းသန်းအေး၊ မြတ်မြတ်ထွေး၊ မေရီစိုးရင်၊ လီလီစိုးရင် နှင့် မေမြင့်ရီတို့မှာ တစ်ခေတ်တစ်ခါက ထင်ရှား ကျော်ကြား ကြသူများဖြစ်ပါသည်။
ယင်းအလှမယ်များထဲမှာ မစိန်အေး၊ မီနီပုတို့ ကမ္ဘာ့အဆင့် အလှမယ်ပြိုင်ပွဲများဖြစ်သည့် မယ်စင်္ကြာဝဠာ(Miss Universe) နှင့် မယ်ကမ္ဘာ(Miss World) ပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ ကြဖူးသည်။
သို့သော် အောင်မြင်မှုလည်း မရရှိခဲ့ကြပါ။ ကျော်ကြားမှုလည်း မရှိခဲ့ပါ။
ထိုစဉ်က မစိန်အေးတို့၊ မီနီပုတို့ ကမ္ဘာ့အဆင့်တွင် ပြိုင်ပွဲဝင်နေသည့်ပုံများ မြန်မာစာနယ်ဇင်းများတွင် ဖော်ပြခြင်းမရှိကြပါ။
မယ်စင်္ကြာဝဠာရွေးပွဲ၊ ကမ္ဘာ့အလှမယ် ရွေးပွဲဝင်ရန်မှာ လှပပြေပြစ်ရုံ၊ ခန္ဓာကိုယ် အချိုးအစား ကျရုံဖြင့် မအောင်မြင်နိုင်ပါ။ အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာ တက်မြောက်ဖို့လိုသည်။
ပြိုင်ပွဲဝင် မယ်လောင်း အားလုံးကို ပြည်တွင်းပြည်ပ ဗဟုသုတများကို အင်္ဂလိပ်ဘာသာဖြင့် မေးမြန်းသည်ကို အင်္ဂလိပ်ဘာသာဖြင့် သွက်သွက် လက်လက် ဖြေကြရသည်။ မြန်မာအလှမယ်များ ကမ္ဘာ့အလယ်တွင် ထင်ရှား ကျော်ကြားရန် တာစူနေချိန်မှာပင် ရပ်တန့်သွားခဲ့ရသည်။

(၁၉၆၂)ခုနှစ် မတ်လ(၂)ရက်နေ့နောက်ပိုင်းတွင် မယ်ရွေးပွဲများရပ်တန့်သွားတော့သည်။ ကာယဗလမောင်နှင့် လှယဉ်ကျေးမယ် ရွေးပွဲအမည်ဖြင့် အလှမယ်ရွေးပွဲများ ပြန်လည် ကျင်းပ လာခဲ့ကြသော်လည်း လှယဉ်ကျေးမယ်ဘွဲ့ရသူများမှာ ယခင် မယ်ဗမာများလောက် ထင်ရှား ကျော်ကြားခြင်း မရှိခဲ့ကြပါ။
ယခင်မယ်ကြီးများမှာ ရုပ်ရှင်လောကတွင်းသို့ ဝင်ရောက်ခဲ့ကြပြီး အောင်မြင်ခဲ့ကြသည်။ မုဒုံမယ်တင်တင်မူ၊ ဖျာပုံမယ်တင်တင်အေး၊ ရှန်ဟိုင်းမယ် မေမြင့်ရီ၊ မယ်ဗမာ နော်လွီဇာဘင်ဆင်၊ ပြည်ထောင်စုမယ် ခင်သန်းနု စသူတို့ ဖြစ်ကြသည်။
ယင်းခေတ်ကို နှစ်ပေါင်း(၅ဝ)တိတိကျော်လွန်ပြီးနောက် (၂ဝ၁၂)ခုနှစ်ထဲတွင် ပြည်ပထွက်၍ အမျိုးသမီးများ ပြိုင်ဆိုင်မှုရှိလာခဲ့သည်။

နန်းခင်ဇေယျာ

Miss International ပြိုင်ပွဲတွင် မြန်မာ ပြည်ထောင်စု နွယ်ဖွား ရှမ်းနှင့် ပအို့ တိုင်းရင်းသားစပ် နန်းခင်ဇေယျာကြောင့် စာနယ်ဇင်း၊ အထူးသဖြင့် ဂျာနယ်များအတွက် ထိပ်တန်းသတင်း တစ်ပုဒ်ဖြစ်ခဲ့ရသည်။
မြန်မာနိုင်ငံတွင် တရားဝင် မယ်ရွေးပွဲများ မရှိသော်လည်း စီးပွားရေးလုပ်ငန်းကြီးများက လှယဉ်ကျေးမယ်များ ရွေးချယ်လေ့ရှိကြသည်။ နန်းခင်ဇေယျာမှာလည်း (၂ဝ၁၁)ခုနှစ် မတ်လထဲတွင် မြန်မာ နိုင်ငံ ခရီးသွားအဖွဲ့မှ ခရီးသွားမယ် ရွေးချယ်ပွဲမှတစ်ဆင့် Miss International အထိ တက်လှမ်း ခဲ့ခြင်း ဖြစ်သည်။
ခရီးသွားမယ်ရွေးချယ်ပွဲတွင် တက္ကသိုလ်မှ ဥပဒေဘွဲ့ရရှိပြီး ခရီးသွားလမ်းညွှန်တစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်းပြုနေသူ နန်းခင်ဇေယျာ ဝင်ပြိုင်သည်။ ပထမရသည်။ ထို့ကြောင့် နိုင်ငံတကာ အလှမယ်ရွေးပွဲ (၂ဝ၁၂)တွင်ဝင်ပြိုင်နေခြင်းဖြစ်သည်။

ကာယဗလမယ်

နန်းခင်ဇေယျာ မတိုင်ခင် နိုင်ငံတကာ ကာယကြံ့ခိုင်ရေးတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် အမျိုးသမီးနှစ်ဦးရှိခဲ့သည်။ အေးအေးစိုးနှင့် ဝတ်ရည်ဖြိုးတို့ ဖြစ်ကြသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ Guang Zhou မြို့တွင် ကျင်းပသည့် (၄၆)ကြိမ်မြောက် အာရှကာယဗလ နှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။
အရပ်အမြင့် (၁၆ဝ)စင်တီမီတာ၊ ကာယဗလဟန်ပြမယ်(Model Physique) ပြိုင်ပွဲတွင် အေးအေးစိုးက တတိယရရှိခဲ့သည်။
ဝတ်ရည်ဖြိုးက ပဉ္စမဂုဏ်ထူးဆောင်အဆင့်ရခဲ့သည်။ ယင်းပြိုင်ပွဲတွင် နိုင်ငံပေါင်း (၂၂)နိုင်ငံမှ ကာယဗလ ကြံ့ခိုင်သန်စွမ်းသူပေါင်း(၂၅ဝ)ကျော်ပါဝင်ယှဉ်ပြိုင်ခဲ့ရာ မြန်မာအမျိုးသမီးနှစ်ဦးဖြစ်သည့် အေးအေးစိုးနှင့် ဝတ်ရည်ဖြိုးတို့က အဆင့်မြင့် နေရာများတွင် ရပ်တည်နိုင်ခဲ့ကြခြင်း ဖြစ်သည်။
သို့သော် ကာယဗလဟန်ပြမယ်နှစ်ဦး အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့စဉ် ယခုလောက် Hot News မဖြစ်ခဲ့ချေ။
ယခုမူ နန်းခင်ဇေယျာ၏ လှပကျော့ရှင်းသော ရုပ်လွှာက ပြည်တွင်း ဂျာနယ်အချို့၏ မျက်နှာဖုံးများထက်၌ပင် ကျယ်ကျယ်ပြန့်ပြန့် နေရာရလာခဲ့သည်။

ဟို့ယခင် နှစ်ပေါင်း(၅ဝ)အတွင်းက Two Pieces Bikini Suit မဆိုထားနှင့်၊ ကျွမ်းဘား၊ ပြေးခုန်ပစ်မယ်များ၏ ဓာတ်ပုံများကို မမြင်မတွေ့ခဲ့ရာမှ မြန်မာ အမျိုးသမီးလေး၏ နိုင်ငံတကာ ပြိုင်ပွဲဝတ်စုံပုံကို မြင်တွေ့ လိုက်ကြရသောအခါ ဝမ်းသာအားရ စိတ်ဝင်စားနေကြခြင်း ဖြစ်ဟန်ရှိသည်ဟု ကောက်ချက် ဆွဲမိပါသည်။
Source BBC

မူရင်းသတင်း----Myanmar Journal
Post By :  အေးချမ်းမွန်
မြန်မာအားကစားလောကတွင် တိုးတက်ပြောင်းလဲမှုကြီး တစ်ခု အံ့သြဖွယ်ကောင်းလောက်အောင်ပင် ထွက်ပေါ်လာသည်။
မြန်မာအလှမယ်များ ပြည်ပထွက်၍ ပြိုင်ပွဲများ ဝင်ခွင့်ရခြင်းပင်
...ဖြစ်သည်။
လွန်ခဲ့သည့် နှစ်ပေါင်း (၅ဝ)တိတိ (၁၉၆၂)ခုနှစ်မှစကာ မြန်မာအမျိုးသမီးအလှမယ်များ ပြည်ပထွက်၍ ပြိုင်ပွဲဝင်ဖို့မဆိုထားနှင့် ပြည်တွင်းမှာပင် မယ်ရွေးပွဲ မလုပ်ရတော့ပါ။
ခင်သန်းနု ပြည်ထောင်စုမယ်ဘွဲ့ရရှိသည့် (၆၁)ခုနှစ် ပြည်ထောင်စုမယ်ရွေးပွဲသည် မြန်မာနိုင်ငံ၌ မယ်ရွေးပွဲ နောက်ဆုံး အကြိမ် ကျင်းပခဲ့ခြင်းပင်ဖြစ်သည်။

စနေဈေး




thn-10-17-4
စနေဈေး . . . ဒီနာမည်လေးကို ကြားနေရတာကြာပါပြီ။ အရင်ကတော့ စနေဈေးဆိုတာကတော့ သာမန်ပါပဲ
ရွာကလေးတစ်ရွာက ဈေးလေးတစ်ဈေးပေါ့။ ဒါပေမယ့် အခုစနေဈေးကို ရောက်ခဲ့ပါပြီ။ အထင်နဲ့အမြင်လွဲသွားတယ်ဆိုတာ ဒီမြင်ကွင်းက သက်သေပြနေပါပြီ။ စနေဈေးဆိုတာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံနယ်စပ်ရွာကလေးဖြစ်တဲ့ မော့တောင်နယ်စပ်ရွာတောင်ခြေမှာတည်ထားတဲ့ ထိုင်းနိုင်ငံအပိုင်ဆင်းခွန်ရွာမှာရှိတဲ့ ဈေးကလေးတစ်ခုပါပဲ။ မြိတ်မြို့ကနေ ၁၂၃ မိုင်ကွာဝေးတဲ့ မော့တောင်ရွာကို ခက်ခဲကြမ်းတမ်းတဲ့ လမ်းခရီးကို ဖြတ်သန်းပြီးမှရောက်လာခဲ့ရတဲ့ ဈေးလေးပါပဲ။ မြိတ်မြို့ကနေ အမြန်ရေယာဉ်နဲ့ မနက် ၉ နာရီလောက်မှာ ထွက်လာတာ တနင်္သာရီကို နေ့လယ်ပိုင်းမှာရောက်ခဲ့တယ်။

ရုရှား နျူကလီးယား ဒုံးကျည် စမ်းသပ်

Photo: ရုရှား နျူကလီးယား ဒုံးကျည် စမ်းသပ်

ရုရှားနိုင်ငံမှာတော့ နျုကလီယား ထိပ်ဖူးတပ် Missile ဒုံးကျည် ၂ခုကို စမ်းသပ် လွှတ်တင်လိုက်ပါတယ်။ ရုရှားနဲ့ အမေရိကန် နိုင်ငံတွေအကြား NATO စစ်မဟာမိတ်အဖွဲ့ရဲ့ နျုကလီယားလက်နက် ဒဏ်ကာကွယ်ရေး ကွန်ယက် တည်ဆောက်ဖို့ အစီအစဉ်နဲ့ ပတ်သက်ပြီး တင်းမာမှုတွေ ဖြစ်နေချိန်မှာ သောကြာနေ့မှာပဲ ရုရှားက ခုလိုစမ်းသပ်မှုလုပ်ခဲ့တာပါ။

ရုရှားစစ်ဖက်အရာရှိတွေကလည်း ဒီနျုကလီယား ထိပ်ဖူးတပ် Missile ဒုံးကျည် စမ်းသပ်လွှတ်တင်မှု ကို တာဝေးမဟာဗျူဟာ  ပစ်ခတ်မှုကရိယာတွေနဲ့ ပစ်ထုတ်ခဲ့တာဖြစ်ပြီး၊ အောင်မြင်မှုရှိခဲ့တယ်လို့ ဆိုလိုက်ပါတယ်။ ရုရှားအနေနဲ့ အမေရိကန်နဲ့ သံတမန်ဆက်ဆံရေးတင်းမာလာတဲ့ အချိန်အခါမျိုးမှာ ခုလိုလုပ်ရပ်မျိုးကို လုပ်လေ့ရှိပါတယ်။ ဒီ NATO အဖွဲ့ရဲ့ နျုကလီယာလက်နက်ဒဏ်ကာကွယ်ရေး ကွန်ယက် တည်ဆောက်ဖို့ အစီအစဉ်ကို ရုရှားအနေနဲ့ လုံခြုံရေးခြိမ်းခြောက်မှုတခုအဖြစ် ခံယူလာခဲ့ပြီး၊ ဒီအစီအစဉ်ကို ဆက်လုပ်မယ်ဆိုရင် NATO နိုင်ငံတွေရဲ့နယ်စပ်ကို ဒုံးကျည်နဲ့ ပစ်ထဲ့မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ 

ဒါပေမဲ့ အမေရိကန်နဲ့ NATO မဟာမိတ်တွေကတော့ ဒီနျုကလီယား လက်နက်ဒဏ်ကာကွယ်ရေး ကွန်ယက်အစီအစဉ်ဟာ ရုရှားကို ပစ်မှတ်ထား ခြိမ်းခြောက်တာမဟုတ်ဖူးလို့ ဆိုနေပါတယ်။အရင် အမေရိကန် သမ္မတ George W. Bush လက်ထက်တုံးက အီရန်နဲ့ အခြားရန်လိုတဲ့ အစိုးရတွေရဲ့ လုပ်လာနိုင်တဲ့ တိုက်ခိုက်မှုတွေကနေ NATO မဟာမိတ်နိုင်ငံတွေကို ကာကွယ်ပေးဖို့အတွက် မြေပြင်အခြေစိုက် Missile ဒုံးကျည်ကာကွယ်ရေးကွန်ယက်တခု လုပ်ဖို့ အဆိုပြုခဲ့ဖူးပါတယ်။ 

ဒါပေမဲ့ သမ္မတ Barack Obama ကတော့ နောက်ပိုင်းကာလမှာ ဒီအစီအစဉ်ကို ပြင်းပြင်းထန်ထန် မဖြစ်အောင် ပြောင်းလဲပေးခဲ့ပြီး၊ ဒီဒုံးပစ်တာ ကိုစစ်ဆေးဖမ်းယူမိနိုင်ဖို့ စစ်သဘောင်္ကြီးတွေပေါ်မှာ ရေဒါတပ်ဆင်မှုလုပ်ဖို့ပဲ စီစဉ်ပေးခဲ့ပါတယ်။

မူရင်းသတင်း---- Myanmar Journal
Post By : အေးချမ်းမွန်
ရုရှားနိုင်ငံမှာတော့ နျုကလီယား ထိပ်ဖူးတပ် Missile ဒုံးကျည် ၂ခုကို စမ်းသပ် လွှတ်တင်လိုက်ပါတယ်။ ရုရှားနဲ့ အမေရိကန် နိုင်ငံတွေအကြား NATO စစ်မဟာမိတ်အဖွဲ့ရဲ့ နျုကလီယားလက်နက် ဒဏ်ကာကွယ်ရေး ကွန်ယက် တည်ဆောက်ဖို့ အစ
ီအစဉ်နဲ့ ပတ်သက်ပြီး တင်းမာမှုတွေ ဖြစ်နေချိန်မှာ သောကြာနေ့မှာပဲ ရုရှားက ခုလိုစမ်းသပ်မှုလုပ်ခဲ့တာပါ။

ရုရှားစစ်ဖက်အရာရှိတွေကလည်း ဒီနျုကလီယား ထိပ်ဖူးတပ် Missile ဒုံးကျည် စမ်းသပ်လွှတ်တင်မှု ကို တာဝေးမဟာဗျူဟာ ပစ်ခတ်မှုကရိယာတွေနဲ့ ပစ်ထုတ်ခဲ့တာဖြစ်ပြီး၊ အောင်မြင်မှုရှိခဲ့တယ်လို့ ဆိုလိုက်ပါတယ်။ ရုရှားအနေနဲ့ အမေရိကန်နဲ့ သံတမန်ဆက်ဆံရေးတင်းမာလာတဲ့ အချိန်အခါမျိုးမှာ ခုလိုလုပ်ရပ်မျိုးကို လုပ်လေ့ရှိပါတယ်။ ဒီ NATO အဖွဲ့ရဲ့ နျုကလီယာလက်နက်ဒဏ်ကာကွယ်ရေး ကွန်ယက် တည်ဆောက်ဖို့ အစီအစဉ်ကို ရုရှားအနေနဲ့ လုံခြုံရေးခြိမ်းခြောက်မှုတခုအဖြစ် ခံယူလာခဲ့ပြီး၊ ဒီအစီအစဉ်ကို ဆက်လုပ်မယ်ဆိုရင် NATO နိုင်ငံတွေရဲ့နယ်စပ်ကို ဒုံးကျည်နဲ့ ပစ်ထဲ့မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

နိုင်ငံခြားသား ၀ယ်ယူပိုင်ဆိုင်ခွင့်များပါဝင်သော ကွန်ဒိုမီနီယံဥပဒေ လာမည့်နှစ်တွင် ပြဋ္ဌာန်းမည်





21mt7
ရန်ကုန်မြို့ရှိ ကွန်ဒိုတစ်ခုအား တွေ့ရစဉ်

နိုင်ငံတကာအရည်အသွေး စံ သတ်မှတ်ချက်များနှင့် နိုင်ငံခြားသားများ ၀ယ်ယူပိုင်ဆိုင်ခွင့်များ ပါဝင်သော ကွန်ဒိုမီနီယံဥပဒေ(စုပေါင်းပိုင် အဆောက်အအုံဥပဒေ)ကို  ၂၀၁၃ခုနှစ်အတွင်း ပြဋ္ဌာန်းနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေကြောင်း ဥပဒေမူကြမ်းကို ပါဝင်ရေးဆွဲခဲ့သည့် ပညာရှင်တစ်ဦးထံမှ သတင်းရရှိပါသည်။ ရေးဆွဲထားပြီးသော ကွန်ဒိုမီနီယံဥပဒေမူကြမ်းတွင် တည်ဆောက်မှု၊ ရောင်းဝယ်မှု၊ ပိုင်ဆိုင်မှု၊ နေထိုင်မှု၊ လွှဲပြောင်းမှုများနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များ၊ အ ရည်အသွေး သတ်မှတ်ချက်များကို ထည့်သွင်းရေးဆွဲထားကြောင်းနှင့် ပိုင်ဆိုင်မှုအာမခံချက်များ၊ မြေနေရာတစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်ခွင့်များနှင့် ဘဏ်ချေးငွေရယူနိုင်ခွင့်များ စသည့် နည်းဥပဒေများလည်း ရေးဆွဲထားကြောင်း သိရပါသည်။

ကမ္ဘာ မြေကြီးအား ခြိမ်းခြောက်နိုင်ဖွယ် ရှိသည့် ဂြိုဟ်မွှားများကို ဖျက်ဆီးနိုင်မည့် ဒုံးပျံတစ်စင်း ရုရှား တည်ဆောက်မည်

Photo: ကမ္ဘာ မြေကြီးအား ခြိမ်းခြောက်နိုင်ဖွယ် ရှိသည့် ဂြိုဟ်မွှားများကို ဖျက်ဆီးနိုင်မည့် ဒုံးပျံတစ်စင်း ရုရှား တည်ဆောက်မည်

ရုရှား နိုင်ငံသည် ကမ္ဘာ မြေကြီးအား ခြိမ်းခြောက်နိုင်ဖွယ် ရှိသော ဂြိုဟ်မွှားများကို တိုက်ဖျက် နိုင်စွမ်း ရှိမည့် ဒုံးပျံ တစ်စင်းကို လာမည့် သုံးနှစ်နှင့် ငါးနှစ်အတွင်း တည်ဆောက်နိုင်ဖွယ် ရှိကြောင်း အာကာသနှင့် ဒုံးကျည်ဆိုင်ရာ အဖွဲ့အစည်း တစ်ခုဖြစ်သော Energia အဖွဲ့၏ အကြီးအကဲ ဖြစ်သူ ဗီတလီ လိုပိုတာက ပြောကြားသည်။

ကမ္ဘာကြီးကို လာမည့် ဆယ်စုနှစ်များ အတွင်း ဝင်တိုက်နိုင်ဖွယ် ရှိသည့် ဂြိုဟ်မွှားကြီး သုံးလုံး ရှိသည်ဟု သိရသည်။ ၄င်းဂြိုဟ်ကြီး သုံးလုံးအနက် ၂ဝဝ၄ ခုနှစ် အတွင်းက ရှာဖွေတွေ့ရှိ ခဲ့သော Apo-phis ဂြိုဟ်မွှားတစ်လုံး ပါဝင်သည်ဟု သိရသည်။ Apophis ဂြိုဟ်မွှား၏ ပတ် လမ်းသည် ကမ္ဘာဂြိုဟ် ပတ်လမ်းကို ဖြတ်နေခြင်းကြောင့် ၄င်းဂြိုလ် ပတ်လမ်းကို ကမ္ဘာဂြိုဟ် ပတ်လမ်းမှ ဖယ်ရှားနိုင်ရေး အတွက် တန် ၇ဝ အလေးချိန် ရှိသည့် ဒုံးပျံတစ်စင်း လိုအပ် သည်ဟု ဗီတလီက ပြောကြားသည်။

ယခု အချိန်တွင် Apophis ဂြိုဟ်မွှားသည် ကမ္ဘာနှင့် တဖြည်းဖြည်း နီးကပ်လာလျက် ရှိပြီး ၂ဝ၂၉ ခုနှစ် ရောက်လျှင် ကမ္ဘာကြီးမှ အကွာအဝေး အားဖြင့် ၃ဝဝဝဝ ကီလိုမီတာ ခန့်သာ ကွာဝေးတော့မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ Apophis ဂြိုဟ်မွှားနှင့် ကမ္ဘာဂြိုဟ်သာ တိုက်ခိုက်မိခဲ့ ပါက ပြင်းအား ၁၇ဝဝ မဂ္ဂါတန်ရှိ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားမည် ဖြစ်ကြောင်း အာကာသ ဆိုင်ရာ ကျွမ်းကျင် ပညာရှင် များ၏ တွက်ချက်မှု အရ သိရသည်။

မူရင်းသတင်း----မြ၀တီ
Post By :  အေးချမ်းမွန်
ရုရှား နိုင်ငံသည် ကမ္ဘာ မြေကြီးအား ခြိမ်းခြောက်နိုင်ဖွယ် ရှိသော ဂြိုဟ်မွှားများကို တိုက်ဖျက် နိုင်စွမ်း ရှိမည့် ဒုံးပျံ တစ်စင်
းကို လာမည့် သုံးနှစ်နှင့် ငါးနှစ်အတွင်း တည်ဆောက်နိုင်ဖွယ် ရှိကြောင်း အာကာသနှင့် ဒုံးကျည်ဆိုင်ရာ အဖွဲ့အစည်း တစ်ခုဖြစ်သော Energia အဖွဲ့၏ အကြီးအကဲ ဖြစ်သူ ဗီတလီ လိုပိုတာက ပြောကြားသည်။

ကမ္ဘာကြီးကို လာမည့် ဆယ်စုနှစ်များ အတွင်း ဝင်တိုက်နိုင်ဖွယ် ရှိသည့် ဂြိုဟ်မွှားကြီး သုံးလုံး ရှိသည်ဟု သိရသည်။ ၄င်းဂြိုဟ်ကြီး သုံးလုံးအနက် ၂ဝဝ၄ ခုနှစ် အတွင်းက ရှာဖွေတွေ့ရှိ ခဲ့သော Apo-phis ဂြိုဟ်မွှားတစ်လုံး ပါဝင်သည်ဟု သိရသည်။ Apophis ဂြိုဟ်မွှား၏ ပတ် လမ်းသည် ကမ္ဘာဂြိုဟ် ပတ်လမ်းကို ဖြတ်နေခြင်းကြောင့် ၄င်းဂြိုလ် ပတ်လမ်းကို ကမ္ဘာဂြိုဟ် ပတ်လမ်းမှ ဖယ်ရှားနိုင်ရေး အတွက် တန် ၇ဝ အလေးချိန် ရှိသည့် ဒုံးပျံတစ်စင်း လိုအပ် သည်ဟု ဗီတလီက ပြောကြားသည်။

ပုသိမ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင် ငါးရာဦးခန့် နှုတ်ထွက်ပွဲကျင်းပ မည်ဟုသိရ

ပါတီတွင်းဗဟိုဦးစီးစနစ် ကျင့်သုံးနေမှုများအား လက်မခံနိုင်တော့၍ ပုသိမ်မြို့ စကားဝါလမ်း တွင်ဖွင့်လှစ်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှ ပါတီဝင် ငါးရာဦးခန့်သည် လာမည့် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ပါတီဆိုင်းဘုတ် ဖြုတ်ချခြင်းနှင့် ပါတီမှနှုတ်ထွက်ပွဲ ကျင်းပသွားမည်ဖြစ်
ကြောင်း သိရှိရသည်။

“ပါတီအောက်ခြေမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေမှန်တွေကို ပါတီဗဟိုက သေသေချာချာမသိ ပါဘူး၊အဆင့်ဆင့်ကို စာနဲ့ အကြိမ်ကြိမ် တင်ပြပေမဲ့လည်း အနားပြာတွေရဲ့စကားက လွဲလို့ ကျနော်တို့ပါတီဝင်တွေရဲ့ အသံကို နားမထောင်ပါဘူး၊ အဆိုးဆုံးက ကျနော်တို့ကို နေရာသမားတွေ၊ ခုံသမားတွေလို့ ပြောကြတာတွေပါဘဲ၊ နောက်ပါတီတွင်းမှာ ရွေးချယ်မှုတွေက အများပြည်သူရဲ့ သဘောဆန္ဒနဲ့ ရွေးချယ်တာမျိုး မဟုတ်ဘဲ ဗဟိုဦးစီးစနစ်မျိုးနဲ့ နီးရာလူကို နေရာပေးတာမျိုးတွေဟာ ဒီမိုကရေစီစနစ်မဟုတ်လို့ လက်မခံနိုင်ပါဘူး၊ အမှန်အတိုင်းပြောတော့ ကော်မရှင်က ထုတ်ပယ်ခံခဲ့ ရတယ်၊ရုံးကိုလည်း တရားမ၀င်ရုံးလို့ ကြေငြာခံရတယ်” ဟု ပါတီဝင်တစ်ဦးဖြစ်သူ ဦးမြင့်စိုးမှ ပြောပြသည်။

အင်းလျားကန်ပေါင်သို့ ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့လာရောက်ပြီး လုံခြုံရေး ဝန်ထမ်းနှင့် ဆိုင်ဝန်ထမ်းများအား မင်းမဲ့စရိုက်ဆန်စွာ ဝိုင်းဝန်းရိုက်နှက် ထိုးကြိတ်ခဲ့သူအချို့ကို ဖမ်းဆီးရမိပြီ

Photo: အင်းလျားကန်ပေါင်သို့ ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့လာရောက်ပြီး လုံခြုံရေး ဝန်ထမ်းနှင့် ဆိုင်ဝန်ထမ်းများအား မင်းမဲ့စရိုက်ဆန်စွာ ဝိုင်းဝန်းရိုက်နှက် ထိုးကြိတ်ခဲ့သူအချို့ကို ဖမ်းဆီးရမိပြီ 	

Sunday, 21 October 2012 11:14

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်ရှိ အင်းလျားကန်ပေါင်သို့ ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ လာရောက်ပြီး လုံခြုံရေးဝန်ထမ်းနှင့် ဆိုင်ဝန်ထမ်းများကို မင်းမဲ့စရိုက်ဆန်စွာ ၀ိုင်းဝန်းရိုက်နှက်ထိုးကြိတ်သူ အချို့ ကို ဖမ်းမိပြီဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်မှာ အောက်တို ဘာလ ၁ ရက်နေ့ ည ၉ နာရီကျော် အချိန်တွင် ကန်ဘောင်လုံခြုံရေး ၀န်ထမ်းတစ်ဦးက ကန်ပေါင်ပေါ်မှ ဆင်းခိုင်းသဖြင့် မကျေမနပ်ဖြစ်နေသော သူများက ည ၁၁ နာရီ ၀န်းကျင်တွင် ဆိုင်ကယ်များဖြင့် လာရောက်လာပြီး အဆိုပါဝန်ထမ်းနှင့် ဆိုင်ဝန်ထမ်းအချို့ကို ၀ိုင်းဝန်းထိုးကြိတ်ခဲ့ကြောင်း သိရသည်။

ဝိုင်းဝန်းထိုးကြိတ်ခဲ့သူများက လုံခြုံရေးဝန်ထမ်းများအပြင် ကန်ပေါင်ပေါ်ရှိနေသည့် ဆိုင်ဝန်ထမ်းများကိုလည်း လိုက်လံပြီး ဓားဖြင့် ခုတ်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်၌ ကျူးလွန်ခဲ့သူ များအနက်မှ ကျူးလွန်ခဲ့သူ သုံးဦး ကို အောက်တိုဘာလ ၁၈ ရက်နေ့ တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ထွက်ဆိုချက်များအရ  အောက်တိုဘာလ ၁၉ ရက်နေ့ ညပိုင်းတွင် ပြစ်မှုကျူးလွန်သူသုံးဦးကိုထပ်မံဖမ်း ဆီးရမိခဲ့ကြောင်း  ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အခုမိထားတဲ့သူတွေအပြင် ကျန်နေသေးတဲ့ ကျူးလွန်သူတွေကိုလည်း ဆက်လက်ဖမ်းဆီးသွားမှာပါ။ ဘယ်သူနဲ့ ပတ်သက်လို့ဆိုပြီးတော့ သက်ညှာမှု လုံးဝမပေးပါဘူး။ ပြစ်မှုကျူးလွန်သွားတဲ့သူကို ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမှာပါ . . .

ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့စခန်း မှ ဒုရဲအုပ်မောင်မောင်စိုးက "ပြစ်မှု ကျူးလွန်ခဲ့တဲ့ ခြောက်ဦးကိုဖမ်းမိထားပါတယ်။ အခင်းဖြစ်ပွားတဲ့နေ့က ပြစ်မှုကျူးလွန်သူတွေက ကန်ပေါင်ကနေ ရှစ်မိုင်ဘက်ကို ထွက်သွားတယ်လို့ သိရတဲ့အတွက် လမ်းကြောင်း တလျှောက်စုံစမ်းမှုတွေ ပြုလုပ်တဲ့အခါမှာ ဆိုင်ကယ်ကယ်ရီသမားတွေ ဖြစ်နိုင်တယ်လို့ ယူဆရတဲ့အတွက် မင်္ဂလာဒုံမြို့နယ် အနီးတစ်ဝိုက်က ဆိုင်ကယ်ကယ်ရီဂိတ်တွေကို ထပ်မံ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါ တယ်။ အဲဒီမှာ ကျွန်တော်တို့ရဲ့ အဓိကသတင်းပေးသူရဲ့သတင်းပေး မှုအရ ခရေပင်လမ်းခွဲက ဆိုင်ကယ် ကယ်ရီအဖွဲ့တွေဖြစ်နိုင်တယ်လို့ယူဆ လို့အသွင်ယူပြီးထပ်မံစုံစမ်းခဲ့ပါတယ်။ အဲ့ဒီအခါမှာ အဓိကပြဿနာစဖြစ်တဲ့ သူတွေကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ကျန်ရှိနေသေးတဲ့ကျူးလွန်တဲ့သူတွေ ကို ဖမ်းဆီးဖို့ ဆက်လက်ဆောင်ရွက် နေပါတယ်။ အခုဖမ်းမိထားတဲ့ ကျူးလွန်ခဲ့တဲ့သူတွေကို ကမာရွတ်မြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်” ဟုပြောပြခဲ့ပါသည်။

အောက်တိုဘာလ ၁၉ ရက်နေ့ ညပိုင်းတွင် ထပ်မံဖမ်းဆီးရမိခဲ့သည့် ကျူးလွန်သူသုံးဦးကို မင်္ဂလာဒုံမြို့ နယ် ချစ်တီးကုန်းရပ်ကွက် အတွင်းမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိထားသည့်ကျူးလွန် သူများမှာ မင်္ဂလာဒုံမြို့နယ်မှ Óဏ် ဟိန်းထက်(ခ)ကိုဦး (၂၁ နှစ်)၊ သက်အောင်ထွေး(ခ)အီမို (၂၀ နှစ်)၊ အောင်ကျော်မိုး (၂၈ နှစ်)၊ မျိုးမင်းဦး (ခ)သံမဏိ (၁၉ နှစ်)၊ ဇော်မင်းလတ် (ခ) ဆိတ်သား (၂၀ နှစ်)၊ ရွှေအိုး (ခ)လှမြင့်  (၁၉ နှစ်) တို့ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ အုပ်စုဖွဲ့ပြီး ၀ိုင်းဝန်းထိုးကြိတ်ခဲ့သူများမှာ ဆိုင်ကယ် ကိုးစီးဖြင့် လူဦးရေနှစ်ဆယ်မှနှစ် ဆယ့်ငါးဦး ၀န်းကျင်ခန့်ရှိကြောင်း ကိုယ်တိုင်ရိုက်ခံခဲ့ရသူ အင်ယားကန်ပေါင်တွင် ဖွင့်လှစ်ထားသည့် ရွှေမိသားစု စားသောက်ဆိုင်မှ တာဝန်ခံဖြစ်သူ ကိုကျော်မင်းဆွေက ပြောကြားခဲ့သည်။

ဖမ်းဆီးစစ်ဆေးလျက်ရှိသည့် ကျူးလွန်သူများထဲတွင် မင်္ဂလာဒုံ ဆေးတပ်တွင် ဗိုလ်ကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်နေသူ၏ သားဖြစ်သူလည်း ပါဝင်ပြီး ကျန်ကျူးလွန် သူအများစုမှာ ဆိုင်ကယ်ကယ်ရီ သမားများနှင့်ကျဘမ်းလုပ်ကိုင်နေသူ များဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ယင်းဖြစ်စဉ်တွင် လေးဦးဒဏ် ရာရရှိခဲ့ပြီး ကမာရွတ်ရဲစခန်း၌ (ပ) ၄၀၅/ ၂၀၁၂၊ ပုဒ်မ၂၉၄/၃၂၆/ ၁၁၄ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ပြီး လုံခြုံရေးဝန်ထမ်းနှင့် ဆိုင်ဝန်ထမ်း များကို ၀ိုင်းဝန်းရိုက်နှက်ခဲ့သူများနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦး က “အခုလို ကျူးလွန်သွားတဲ့သူတွေ ကိုဖမ်းဆီးရမိဖို့အတွက် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်က တာဝန်ရှိသူတွေ ပူးပေါင်းပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်းထားပါတယ်။ အခု မိထားတဲ့သူတွေအပြင် ကျန်နေသေး တဲ့ကျူးလွန်သူတွေကိုလည်း ဆက် လက် ဖမ်းဆီးသွားမှာပါ။ ဘယ်သူနဲ့ ပတ်သက်လို့ဆိုပြီးတော့ သက်ညှာမှု လုံးဝမပေးပါဘူး။ ပြစ်မှုကျူးလွန် သွားတဲ့သူကိုဥပဒေအတိုင်းအရေးယူ ဆောင်ရွက်သွားမှာပါ”ဟု ပြောကြား ခဲ့ပါသည်။

အထက်ပါဖြစ်စဉ်ကဲ့သို့ လူအုပ် စုဖွဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့သည့် ဖြစ်စဉ်တစ်ခုမှာ ၂၀၁၁ ခုနှစ် နိုဝင်ဘာ လ ၁၇ ရက်နေ့ညပိုင်းက မြောက်ဥက္ကလာပမြို့နယ် နွယ်သာကီခြောက်လမ်းရှိ စားသောက်ဆိုင်တစ်ခု၌ ကိုကျော်မင်း ဆိုသူကို မျက်နှာဖုံးစွပ်ထားသူများ အပါအ၀င်လူတစ်စုက ၀ိုင်းဝန်းသတ်ဖြတ်ခဲ့ပြီး ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့အထိ ကျူးလွန်သူဦးရေ ၂၀ ကျော်ကို ဖမ်းဆီးရမိထားသော်လည်း အဓိကကျူးလွန်သူအချို့မှာ လွတ်မြောက်နေဆဲ ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ဓားဖြင့်ခုတ်ခံခဲ့ရသည့် ကိုမင်းသူနှင့် တွေ့ဆုံမေးမြန်းခြင်း


မေး-အစ်ကိုက ဘာအလုပ်လုပ်ပါသလဲ။ အခုလိုအုပ်စုဖွဲ့ပြီး ရန်ဖြစ်နေတဲ့အချိန်မှာ အစ်ကိုကဘယ်မှာ ရှိနေတာလဲ။

ဖြေ-ကျွန်တော်က ကန်ပေါင်ပေါ်မှာဖွင့်ထားတဲ့ စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်ပါတယ်။ ဆိုင်ပိတ်တဲ့အချိန်မှာ ကျွန်တော်က နောက်နေ့မှာ ဟင်္သာတကိုပြန်မှာမို့လို့ သူငယ်ချင်းအချို့နဲ့ ဆိုင်ရှေ့မှာ ထိုင်ပြီး စကားပြောနေတာပါ။

မေး-ဖြစ်စဉ်မှာ အစ်ကိုဓားနဲ့ခုတ်ခံခဲ့ရတဲ့ အခြေအနေကို ပြန်ပြောပြပေးပါ။

ဖြေ-ကျွန်တော်က သူငယ်ချင်းတွေနဲ့ ထိုင်စကားပြောနေတဲ့အချိန် မှာ တုတ်တွေ၊ ဓားတွေကိုင်ထားတဲ့ လူအုပ်ကြီးထဲက ခြောက်ယောက် လောက်က တွေ့တဲ့သူတွေ အကုန် ရိုက်ကွာဆိုပြီးတော့ ကျွန်တော်တို့ဆီ ကို ပြေးလာပါတယ်။ အဲဒီအချိန်မှာ သူငယ်ချင်းတွေက အိမ်သာထဲနဲ့ ဆိုင်ထဲဝင်ပြေးခဲ့ပေမယ့် ကျွန်တော် ကတော့ ကန်ပေါင်အပြင်ကို ပြေးခဲ့မိလို့ အဲဒီလူတွေက ကျွန်တော့် နောက် ကလိုက်ပြီး တုတ်နဲ့ရိုက်တယ်။ ပြီး တော့ ကျွန်တော်လဲသွားတဲ့အခါမှာ လူတစ်ယောက်က ဓားနဲ့ခုတ်လိုက်တာကို လက်နဲ့ကာမိလိုက်တယ်။ သွေးပူနေတုန်း အဲ့အချိန်မှာတုန်းက ကျွန်တော့် လက်မပြတ်သွားမှန်း သတိမထားမိဘဲ လွတ်အောင်ပဲ ပြေးခဲ့တာပါ။

မေး-အစ်ကို့ကိုဓားနဲ့ခုတ်သွားတဲ့သူ တွေနဲ့အရင်တုန်းက ပတ်သက်မှု ရှိခဲ့လား။

ဖြေ-ကျွန်တော့်ကို ၀ိုင်းရိုက်ပြီး ဓားနဲ့ခုတ်သွားတဲ့သူတွေကို လုံးဝမသိပါဘူး။

မေး-လက်က ဒဏ်ရာအခြေအနေ ဘယ်လိုရှိလဲ။

ဖြေ-အခုအချိန်ထိတော့ ဆေးခန်း ပြနေရတုန်းပဲ။ လက်အစိတ်အပိုင်း တစ်ခုလုံးမှာ အရေးပါတဲ့ လက်မ ပြတ်သွားတဲ့အတွက် တော်တော်လေး စိတ်မကောင်းဖြစ်ပါတယ်။

မေး-အခုလိုကျူးလွန်သွားတဲ့သူတွေနဲ့ ပတ်သက်ပြီးဘာပြောချင်လဲ။

ဖြေ-အုပ်စုဖွဲ့ပြီး တွေ့တဲ့သူတွေ အကုန်လုံးကို ရန်ပြုခဲ့တဲ့အဖွဲ့ကိုဖမ်းဆီးပြီးတော့ ဥပဒေအတိုင်း တိတိကျကျ အပြစ်ပေးမှ နောင်အခါတွေမှာ အခုလိုမျိုးဖြစ်စဉ်တွေ နည်းသွားနိုင်မယ်လို့ ထင်ပါတယ်။


ဓားဖြင့်ခုတ်ခံခဲ့ရသည့် ကိုမင်းသူကို တွေ့ရစဉ် ဓာတ်ပုံ-၀င်းမြင့်ကျော်

မူရင်းသတင်း----Eleven Media Group
Post By :  အေးချမ်းမွန်
ဓားဖြင့်ခုတ်ခံခဲ့ရသည့် ကိုမင်းသူကို တွေ့ရစဉ် ဓာတ်ပုံ-၀င်းမြင့်ကျော်
ရန်ကုန်တိုင်းဒေသကြီး ကမ
ာရွတ်မြို့နယ်ရှိ အင်းလျားကန်ပေါင်သို့ ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ လာရောက်ပြီး လုံခြုံရေးဝန်ထမ်းနှင့် ဆိုင်ဝန်ထမ်းများကို မင်းမဲ့စရိုက်ဆန်စွာ ၀ိုင်းဝန်းရိုက်နှက်ထိုးကြိတ်သူ အချို့ ကို ဖမ်းမိပြီဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်မှာ အောက်တို ဘာလ ၁ ရက်နေ့ ည ၉ နာရီကျော် အချိန်တွင် ကန်ဘောင်လုံခြုံရေး ၀န်ထမ်းတစ်ဦးက ကန်ပေါင်ပေါ်မှ ဆင်းခိုင်းသဖြင့် မကျေမနပ်ဖြစ်နေသော သူများက ည ၁၁ နာရီ ၀န်းကျင်တွင် ဆိုင်ကယ်များဖြင့် လာရောက်လာပြီး အဆိုပါဝန်ထမ်းနှင့် ဆိုင်ဝန်ထမ်းအချို့ကို ၀ိုင်းဝန်းထိုးကြိတ်ခဲ့ကြောင်း သိရသည်။

နယူးယောက်ရောက် မြန်မာတိုင်းရင်းသားများ OICရုံးရှေ့တွင် ဆန္ဒပြ

Photo: နယူးယောက်ရောက် မြန်မာတိုင်းရင်းသားများ OICရုံးရှေ့တွင် ဆန္ဒပြ

Written by မင်းသွီး     Sunday, 21 October 2012   
  
အောက်တိုဘာလ (၂၀)ရက်နေ့က နယူးယောက်မြို့ရှိ ရခိုင်တိုင်းရင်းသားများနှင့် မြန်မာတိုင်းရင်းသားများ၊ အဖွဲ့ အစည်းများမှ တာဝန်ရှိသူများက နယူးယောက်မြို့ရှိ OIC ရုံးရှ့တွင် ဆန္ဒထုတ်ဖော်ပွဲ တစ်ရပ်ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဆန္ဒပြပွဲတွင် ရခိုင်အမျိုးသားအသင်း၊ NCUB ၊ IFBNC ၊ Burma Today မှ တာဝန်ရှိပုဂ္ဂိုလ်များ ရောက်ရှိလာပြီး နယူးယောက်ရောက် မြန်မာတိုင်းရင်းသား(၅၀)ခန့် ပူးပေါင်းပါဝင်ကာ အမေရိကန်စံတော်ချိန် နေ့လည် (၁)နာရီတွင် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရှိရသည်။

ရခိုင်အမျိုးသားအသင်း သဘာပတိ ဦးခိုင်အောင်ကျော်က ဆန္ဒဖော်ထုတ်ရန် ရောက်ရှိလာကြသော ပုဂ္ဂိုလ်များအား အဖွင့်အမှာစကားပြောရာတွင် သမ္မတဦးသိန်းစိန်မှ တိုင်းရင်းသားလူမျိုး မဟုတ်ဟု ပြောဆိုထားသော သူတို့နှင့်ပတ်သက်၍ OIC မှ စာချုပ်ချုပ်ဆိုကာ ရုံးခန်းဖွင့်လှစ်စေရန် လက်မှတ်ထိုး သဘောတူညီချက် ပြုလုပ်ခဲ့သည်မှာ မှားယွင်းကြောင်း၊ ယခုလည်းနိုင်ငံတော်သမ္မတရုံးမှ OIC ရုံးခန်းကို မဖွင့်တော့ရန် ကြေငြာထားပြီးဖြစ်ကြောင်း၊ သို့သော်လည်း နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဋ္ဌေးက သူ့မှာ တာဝန်ရှိသည့်အလျှောက် OIC ရုံးကို မဖွင့်တော့ဟုဆိုကာ စာချုပ်ကို ဖျက်သိမ်းလိုက်ပြီဖြစ်သည်ဟု အကြောင်းကြားရန်လိုကြောင်း၊ မေတ္တာရပ်ခံစာ ပေးပို့ထားသည်ဆိုခြင်းမှာ မည်သည့်နည်းနှင့်မျှ လက်ခံနိုင်စရာ မရှိကြောင်း၊ ပြတ်သားရမည့်နေရာမှာ ပြတ်သားရမည်ဖြစ်ကြောင်း၊ သမ္မတကြီးမှ သူတို့လူမျိုးအား တိုင်းရင်းသားလူမျိုးအဖြစ် အသိအမှတ် မပြုထားပါလျှက် ဒုတိယဗိုလ်ချုပ်ကြီး သိန်းဋ္ဌေးက လက်မှတ်ထိုး စာချုပ်ချုပ်ဆိုခြင်းမှာ -Capacity -မရှိကြောင်း၊ သက်သေပြခြင်းသာဖြစ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် OIC အဖွဲ့မှ ပေးကမ်းမည့် အစီအစဉ်များတွင် ၄င်းလူမျိုးများအား တရားဝင်နိုင်ငံသားဖြစ်အောင် ပြုလုပ်ဆောင်ရွက်ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများတွင် စာတမ်းများရေးထိုးပြီး ပေးလှူထားခြင်းများကို တွေ့နေရပြီဖြစ်ကြောင်းနှင့် -၁၉၈၂-ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေကို ပြောင်းလဲရန် နိုင်ငံတကာနှင့် ဆောင်ရွက်သွားမည်ဟု ကြေငြာထားကြောင်း ပြောဆိုသွားသည်။ ဆက်လက်ပြီး ပြည်သူ့လွှတ်တော်တွင် မှတ်ပုံတင်လိမ်ပြီး ဘင်္ဂလီသုံးဦး လွှတ်တော်ကိုယ်စားလှယ်ဖြစ်နေခြင်း၊ ကြံ့ခိုင်ရေးပါတီတွင် ဘင်္ဂလီများကို ပါတီဝင်များအဖြစ်  ပါဝင်စေခြင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင်လည်း ဘင်္ဂလီများမှာ မှတ်ပုံတင်မရှိဘဲ ပါတီဝင်များအဖြစ်ရှိနေသည်ဟု ကြားသိရကြောင်း၊ ဗုဒ္ဓဘာသာကိုးကွယ်သော ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံတ၀ှမ်းတွင် မည်သည့်နည်းဖြင့်မဆို ဘာသာရေးနယ်ချဲ့  ကျူးကျော်လာမည်ဆိုခြင်းကိုလည်း မည်သို့မှ ပြုလုပ်၍မရကြောင်းကို ယခုချိန်မှစတင်ကာ ကြေငြာလိုက်ပြီဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

ထို့နောက် အိုအိုင်စီရုံးမှ တာဝန်ရှိသူတစ်ဦးထံသို့ ကြေငြာချက်ကို ပေးအပ်လိုက်ကြောင်း၊ ရုံးစာတိုက်ပုံးထဲသို့လည်း ထည့်ပေးခဲ့ကာ အိုအိုင်စီအလိုမရှိကြောင်း ခေါင်းစည်းနှင့် လက်ကိုင်ပိုစတာများကိုင်ကာ ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဆန္ဒဖော်ထုတ်ပွဲကို ညနေ (၃)နာရီတွင် အဆုံးသတ်လိုက်ကြောင်း သိရှိရသည်။

မူရင်းသတင်း----Arakan Time
Post By :  အေးချမ်းမွန်
အောက်တိုဘာလ (၂၀)ရက်နေ့က နယူးယောက်မြို့ရှိ ရခိုင်တိုင်းရင်းသားများနှင့် မြန်မာတိုင်းရင်းသားများ၊ အဖွဲ့ အစည်းများမှ တာဝန်ရှိသူ
များက နယူးယောက်မြို့ရှိ OIC ရုံးရှ့တွင် ဆန္ဒထုတ်ဖော်ပွဲ တစ်ရပ်ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဆန္ဒပြပွဲတွင် ရခိုင်အမျိုးသားအသင်း၊ NCUB ၊ IFBNC ၊ Burma Today မှ တာဝန်ရှိပုဂ္ဂိုလ်များ ရောက်ရှိလာပြီး နယူးယောက်ရောက် မြန်မာတိုင်းရင်းသား(၅၀)ခန့် ပူးပေါင်းပါဝင်ကာ အမေရိကန်စံတော်ချိန် နေ့လည် (၁)နာရီတွင် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရှိရသည်။

အာဖဂန် နစ္စတန်တွင် မင်္ဂလာပွဲသို့ သွားသော ဘတ်စကား ဗုံးပေါက်ကွဲ ၁၉ ဦး သေဆုံး

Photo: အာဖဂန် နစ္စတန်တွင် မင်္ဂလာပွဲသို့ သွားသော ဘတ်စကား ဗုံးပေါက်ကွဲ ၁၉ ဦး သေဆုံး

အာဖဂန် နစ္စတန် နိုင်ငံ မြောက်ပိုင်း၌ အောက်တိုဘာ ၁၉ ရက်က မင်္ဂလာပွဲ အခမ်း အနား တစ်ခုသို့ သွားရောက်မည့် ခရီးသည် များကိုတင်ဆောင် လာသော မီနီ ဘတ်စကား တစ်စီး မောင်းနှင် လာစဉ် လမ်းဘေး ထောင် ဗုံး ပေါက် ကွဲမှု ဖြစ်ပွား ခဲ့ရာ လူအနည်းဆုံး ၁၉ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ အာဏာ ပိုင်များက ပြောကြားခဲ့ သည်။

အဆိုပါ ဘတ်စကားသည် ကဘူးလ် မြို့တော် အနောက် မြောက်ပိုင်း ၄၅ဝ ကီလို မီတာ ခန့်ရှိဘတ်ပြည်နယ် မြောက်ပိုင်း၏ ဒေါ်လတ် အေဘတ် ဒေသ အတွင်းရှိ မင်္ဂလာပွဲ တစ်ခုသို့ ဧည့်သည်များ တင်ဆောင် လာစဉ် လမ်းဘေးဗုံး ပေါက်ကွဲ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗုံးပေါက် ကွဲမှုသည် ဒေသ စံတော်ချိန် နံနက် ၆ နာရီခန့်က ပေါက်ကွဲ ခဲ့ခြင်း ဖြစ်ပြီး ပေါက်ကွဲ မှုကြောင့် အမျိုးသမီး ၇ ဦးနှင့် ကလေး ၆ ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ကင်းလှည့် လုံခြုံရေး ရဲတပ်ဖွဲ့ ခေါင်း ဆောင် ဘစ်မူ လတ်မူ စလင်ရာက ပြောကြား ခဲ့သည်။

ယခုနှစ် ၆လ အတွင်း သေဆုံးသူ ၇၇ ရာခိုင်နှုန်းသည် သောင်းကျန်း သူများ၏ လက် ချက် ဖြစ်ကြောင်း သိရ သည်။ 

မူရင်းသတင်း----မြ၀တီ
Post By :  အေးချမ်းမွန်
အာဖဂန် နစ္စတန် နိုင်ငံ မြောက်ပိုင်း၌ အောက်တိုဘာ ၁၉ ရက်က မင်္ဂလာပွဲ အခမ်း အနား တစ်ခုသို့ သွားရောက်မည့် ခရီးသည် များကိုတင်ဆောင် လာသော မီနီ ဘတ်စကား တစ်စီး မောင်းနှင် လာစဉ်
လမ်းဘေး ထောင် ဗုံး ပေါက် ကွဲမှု ဖြစ်ပွား ခဲ့ရာ လူအနည်းဆုံး ၁၉ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ အာဏာ ပိုင်များက ပြောကြားခဲ့ သည်။

အဆိုပါ ဘတ်စကားသည် ကဘူးလ် မြို့တော် အနောက် မြောက်ပိုင်း ၄၅ဝ ကီလို မီတာ ခန့်ရှိဘတ်ပြည်နယ် မြောက်ပိုင်း၏ ဒေါ်လတ် အေဘတ် ဒေသ အတွင်းရှိ မင်္ဂလာပွဲ တစ်ခုသို့ ဧည့်သည်များ တင်ဆောင် လာစဉ် လမ်းဘေးဗုံး ပေါက်ကွဲ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Related Posts Plugin for WordPress, Blogger...

ShareThis