menu

Sunday 4 March 2012

ဖေဖော်ဝါရီလအတွင်း ဆွဲကြိုးချ သေဆုံးခဲ့သည့် ဖြစ်စဉ် သုံးခုဖြစ်ပွား




ငွေကြေး အဆင်မပြေသဖြင့် သေတမ်းစာရေး၍ အသက် ၅၅ နှစ် အရွယ် အမျိုးသားတစ်ဦး ဆွဲကြိုးချ သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု အပါအ၀င် ဖေဖော်ဝါရီလအတွင်း ဆွဲကြိုးချဖြစ်စဉ် ငါးခုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
ငွေကြေး အဆင်မပြေသဖြင့် သေဆုံးခဲ့သူ၏ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၆ နာရီ ၄၀ အချိန်တွင် စမ်းချောင်းမြို့နယ် မုန့်တောင်ရပ်ကွက်၊ ရွှေနှင်းဆီလမ်းရှိ ဆောက်လက်စ ကန်ထရိုက်တိုက်တွင် အမျိုးသားတစ်ဦး ဆွဲကြိုးချ သေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဦး....(၅၅)နှစ်၊ ကန်ထရိုက်တိုက် အလုပ်သမား၊ စမ်းချောင်းမြို့နယ်နေသူဖြစ်ပြီး ၎င်းသည် ငွေကြေး အဆင်မပြေသဖြင့် သေတမ်းစာရေးသားကာ ရှစ်ပေခန့် မြင့်သော ကွန်ကရစ်တုတ်တန်းတွင် ၁၀ ပေခန့်ရှိ အစိမ်းရောင်နိုင် လွန်ကြိုးအား လည်ပင်းတွင်စွပ်လျက် ဦးခေါင်းတွင် ကြွပ်ကြွပ်အိတ်စွပ်၍ ဆွဲကြိုးချ သေဆုံးနေသည်ကို တွေ့ရှိရသည်။

အီရန်အရေးကို သံတမန်နည်းလမ်းအရ မဖြေရှင်းနိုင်ပါက အီရန်နျူစက်ရုံများကို ဗုံးကြဲရန် အသင့်ပြင်ထားကြောင်း အမေရိကန် လေတပ်စစ်ဦးစီးချုပ် ပြောကြား




အီရန်နိုင်ငံ၏ နျူလက်နက် ထုတ်လုပ်ရန် ရည်ရွယ်သည်ဟု သံသယရှိခံထားရသော နျူလုပ်ငန်းစဉ်ကို သံတမန်နည်းလမ်းအရ ဖြေရှင်းညှိနှိုင်းနိုင်ခြင်း မရှိပါက အီရန်နျူစက်ရုံများကို ဗုံးကြဲရန်အသင့်ပြင်ထားကြောင်း အမေရိကန်လေတပ် စစ်ဦးစီးချုပ်က ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

လေတပ်စစ်ဦးစီးချုပ် နော်တန်ရှာဝတ်ဇ်က အီရန်၏ မြေအောက် သို့မဟုတ် လျို့ဝှက်သောနေရာတွင် ထားရှိသော နျူစက်ရုံများကို အမေရိကန်၏ ပေါင် ၃၀၀၀၀ လေးသော ဘန်ကာခွင်းဗုံး အပါအ၀င် လက်နက်များဖြင့် ဖျက်ဆီးနိုင်စွမ်း ရှိ မရှိကို အတိအကျ မပြောခဲ့သော်လည်း စစ်လက်နက်များ၏ စွမ်းအားကို ဆက်လက်အဆင့်မြင့်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

နဂါးမင်းရာဇ၀င်၊ နဂါးလှေသဘင်နှင့် ကျွန်တော်တို့ဌာနီ တနင်္သာရီ(ဘိတ်သား)





ယောကြီးဝမှ လယ်သစ်ချောင်းပေါက်
ဖေဖော်ဝါရီလထဲမှာ ဖြစ်သည်။ မြိတ်ခရိုင် သမိုင်းမှတ်တမ်း ပြုစုရေးအဖွဲ့တွေကို တင်ဆောင်လာတဲ့ မြိတ် တနင်္သာရီ အမြန်ရေယာဉ်က ယောကြီးဝချောင်းကို အရှိန်ဖြင့် ဖြတ်သန်းသွားလာနေပြီး ချောင်းအတွင်းမှာရှိနေတဲ့ ငါးဖမ်းလှေတွေ၊ ကုန်လှေတွေ၊ ဒေသခံတံငါသည်တွေ ရဲ့လှေလေးတွေ သူတို့တွေရဲ့ အနီးနားမှာ ချောင်းအတွင်းက သဲတွေ၊ ရွှံ့တွေကို အရှိန်အဟုန်နှင့်စုပ်နေတဲ့ သဲင်္ဘောတွေကို တရိပ်ရိပ်ဖြတ်သန်းလာခဲ့ကာ ခရီးနှင်လျက်ရှိသည်။ တနင်္သာရီမြစ်ကြောင်းတစ်လျောက်မှာ အစုန်အဆန်သွားလာနေတဲ့ အမြန်ရေယာဉ်တွေကြောင့် ဒေသခံခရီးသွားတွေ အတော်လေးကို အဆင်ပြေသွားတာ တွေ့ရတယ်။ မြိတ်မြို့မှ တနင်္သာရီကို လူတစ်ဦးလျှင် ကျပ် ၃၀၀၀ နှင့် သက်သောင့်သက်သာ စီးသွားလို့ ရတယ်။ လမ်းခရီးတစ်လျှောက်မှာရှိတဲ့ ရွာတွေကိုလည်း ၀င်ရောက်ရပ်နားပေးတော့ ကျွန်းတွေပေါ်မှာ နေ ထိုင်တဲ့ ဒေသခံတွေအဖို့ ခရီးသွားရတာ အတော်လေး အဆင်ပြေသွားတာ တွေ့ရတယ်။ ကုန်းလမ်းခရီးကို ဆိုင်ကယ်နှင့်သွားပါက လူတစ်ဦးအဖို့ ဆိုင်ကယ်ခ၊ စားသောက်စရိတ်တွေနှင့် အနည်းဆုံး ကျပ်သောင်းဂဏန်းလောက်တော့ ပါသွားမှာပဲ၊ ကားနှင့်သွားရင်လည်း ချောင်ဖို့ မရှိဘူး၊ ငွေကုန်မယ့်အပြင် ခါးရိုးကလည်း အတော်လေးသန်မာဖို့ လိုမယ်။

အွန်လိုင်းပေါ်မှ ဓာတ်ပုံများနှင့် ပတ်သက်၍ ဦးဇော်ဇော် ရှင်းလင်း စကားဆို




ပြီးခဲ့သည့် ရက်သတ္တပတ် များက အွန်လိုင်းပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် လာခဲ့သည့် ဓာတ်ပုံများနှင့် ပတ်သက်၍ ကာယကံရှင် ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က တုံ့ပြန် ပြောကြားမှု တစ်ရပ် ပြုလုပ်ခဲ့သည်။

မတ်လ (၃)ရက်နေ့ ရန်ကုန် - ရတနာပုံ ပွဲစဉ်သို့ လာရောက် ကြည့်ရှုခဲ့သူ ဦးဇော်ဇော်က "အဲဒီတုန်းက ကျွန်တော်တို့ မိသားစုတွေ အပါအ၀င် ရန်ကုန်က မီဒီယာတွေရော၊ မန္တလေး မြို့မိမြို့ဖတွေရော အားလုံး အတူရှိနေ ခဲ့ပါတယ်။ ဗထူးကွင်းမှာ ပထမဆုံး ကစားမယ့် ရတနာပုံရဲ့ ပွဲစဉ် မတိုင်မီ ဖွင့်ပွဲ အစီအစဉ်မှာ အဲဒီ သရုပ်ဆောင်တွေ၊ မော်ဒယ်တွေက အခကြေးငွေ မယူဘဲ သီဆိုဖျော်ဖြေ ပေးခဲ့ကြတာပါ။ ဒါကြောင့် သူတို့ကို ညဘက် ဒင်နာမှာမှ ဆုချပေးတဲ့ သဘောပါ" ဟု ရှင်းလင်း ပြောကြား သွားခဲ့သည်။

၁.၃.၂၀၁၂ ခုနှစ်တွင် ပြောကြားခဲ့သော နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ မိန့်ခွန်းအား ခွဲခြမ်းစိတ်ဖြာသုံးသပ်ခြင်း(သန်းထွဋ်အောင်)




၃၁.၃.၂၀၁၁ မှာ မိန့်ခွန်းပြောကြားခဲ့တဲ့ သမ္မတကြီး ဦးသိန်းစိန်ဟာ သူ့ရဲ့သမ္မတသက်တမ်း တစ်နှစ်ပြည့်ခါနီး မတ်လကုန်ပိုင်းလောက်မှာ တိုင်းပြည်ကို တစ်နှစ်ပြည့်မိန့်ခွန်း  ပြောကြားလိမ့်မယ်လို့ ထင်ထားခဲ့ပေမယ့် ၁၁ လပြည့် ချိန်မှာပဲ ပြောကြားခဲ့လို့ အချိန်ရွေးချယ်မှုအတွက် အံ့သြစရာဖြစ်ခဲ့ရပါတယ်။ ဒီမိန့်ခွန်းပြောကြားမှာကို ကြိုသိတဲ့ လေ့လာဆန်းစစ်သူတွေနဲ့ ပြည်သူအများက သမ္မတမိန့်ခွန်းမှာ လွှတ်တော်နဲ့သဘောကွဲလွဲတဲ့ ၀န်ထမ်းလစာကိစ္စနဲ့ နိုင်ငံရေးအရ အဖြေကျန်နေသေးတဲ့ တိုင်းရင်းသားအရေး ကိစ္စတို့ ပါဝင်မယ်လို့ ကြိုတင်တွက်ဆ ထားခဲ့ကြပါတယ်။

ပထမဆုံးမိန့်ခွန်းမှာ အစိုးရရဲ့ အရေးကြီးဆုံး လုပ်ငန်းစဉ်အဖြစ် ကြေညာထားခဲ့တဲ့ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နဲ့ သန့်ရှင်းသော အစိုးရပေါ်ပေါက်ရေးဆိုတဲ့ အစီအစဉ်ကိုတော့ ဒီတစ်နှစ်ပြည့်မှာ အကျယ်တ၀င့် ရှင်းလင်းသွားခဲ့တာ မရှိပေမယ့် ဒုတိယ လုပ်ငန်းစဉ်ဖြစ်တဲ့ ဒီမိုကရေစီကျင့်စဉ်များ ထွန်းကားရေး လုပ်ငန်းစဉ်ကိုတော့ အကျယ်တ၀င့် ဂုဏ်ယူစွာ ရှင်းလင်းခဲ့တာကို တွေ့ရပါတယ်။ တတိယလုပ်ငန်းစဉ်ဖြစ်တဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီး ယခင်တစ်ခါ ရှင်းလင်းတာထက် ပိုမိုဒီမိုကရေစီကျပြီး ဆန့်ကျင်ဘက် အင်အားစုတွေ၊ အမြင်ကွဲ လွဲသူတွေရဲ့ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ အဓိပ္ပါယ် ဖွင့်ဆိုချက်ခြင်း ထပ်တူဖြစ်အောင် ပူပေါင်းဆောင်ရွက်သွားမယ်လို့ ကတိပြုခဲ့တာတွေ့ရပါတယ်။

သံလွင်မြစ်အဆုံးပိုင်း ရေချိုရေငန်စပ် ရေပြင်ဧရိယာတွင် စင်ရော်ငှက် ရောက်ရှိမှု ပိုမိုများပြားလာ










သံလွင်တံတား(မော်လမြိုင်) ဖွင့်လှစ်ပြီးနောက်ပိုင်း ပျောက်ဆုံးသွားခဲ့သည့် ပင်လယ်ပျော်စင်ယော်ငှက်များသည် ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်၍ ပြန်လည်ရောက်ရှိလာခဲ့ရာ ယခုအခါ သံလွင်မြစ်အဆုံးပိုင်း ရေချိုရေငန်စပ် ရေပြင်ဧရိယာ (မော်လမြိုင်ကမ်းနားလမ်းတစ်လျှောက်ရေပြင်) တွင် ယခင်နှစ်များထက် ပိုမိုများပြားလာကြောင်း ဒေသခံ များ၏ ပြောကြားချက်အရ သိရှိရသည်။

''စင်ယော်ငှက်တွေက ပင်လယ်နဲ့ ဆက်စပ်နေတဲ့ မြစ်တွေမှာ နေထိုင်လျက်ရှိကြပါတယ်။ သံလွင်တံတား(မော်လမြိုင်) စတင်ဖွင့်လှစ်ပြီး၊ မုတ္တမ-မော်လမြိုင် ကူးတို့ရေယာဉ်လိုင်း ပိတ်သိမ်းပြီးနောက်ပိုင်း ထူးခြားစွာ ပျောက်ဆုံးသွားခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်းမှ ပြန်လည်တွေ့ရှိလာရပြီး တစ်ကောင်၊ နှစ်ကောင်စကနေ ဒီကနေ့မှာ ကောင်ရေ သောင်းကျော် များပြားလာခဲ့တာ တွေ့ရပါတယ်''ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောကြားသည်။

ခြစားမှုကို အရေးယူဖို့ လုပ်နိုင်အောင်တော့ လုံလောက်တဲ့လစာကို အရင်ပေးဖို့လို(စီးပွားရေးပညာရှင်နှင့် သမ္မတ အကြံပေးတစ်ဦးဖြစ်သူ ဒေါက်တာ နေဇင်လတ်နှင့် တွေ့ဆုံခြင်း)


ဒေါက်တာ နေဇင်လတ်
မြန်မာနိုင်ငံတွင် အစိုးရ၀န်ထမ်းများ အားလုံးကို လစာတိုးပေးခြင်းဖြင့် လာဘ် ပေးလာဘ်ယူခြင်းများ လျော့ပါးသွားစေ နိုင်မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြီးခဲ့သည့် ဖေဖော်ဝါ ရီလ ဒုတိယပတ်အတွင်းက ပြောကြားခဲ့ ပြီးနောက် ထိုသို့လစာ တိုးရေးနှင့် ပတ်သက်ပြီး ၀န်ထမ်းအားလုံးကို လာမည့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှ ဆောင်ရွက်ပေး နိုင်မည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက လွှတ်တော်တွင် တရားဝင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ၀န်ထမ်းများ လစာတိုးပေးခြင်းကြောင့် လာဘ်ပေးလာဘ်ယူမှုများ လျော့နည်းခဲ့ သလား၊ ၀န်ထမ်းလစာတိုး ပေးပြီးနောက် ကုန်ဈေးနှုန်းများ တိုးမြင့်လာခြင်းတို့ကို မည်သို့ ကိုင်တွယ်သင့်သည်စသည်တို့ ကို စီးပွားရေးပညာရှင်နှင့် သမ္မတ အကြံပေးတစ်ဦးဖြစ်သူ ဒေါက်တာ နေဇင်လတ်ကို မေးမြန်းထားပါသည်။

ရ၀မ်ဒါနှင့် မြန်မာခေါင်းဆောင်တွေရဲ့ စင်္ကာပူရောဂါ


http://byahena.com/files/2011/09/IMG_6073.jpg
စင်္ကာပူရောဂါက အာရှတိုက်တွင်သာမက အာဖရိကတိုက်အထိ ရောက်သည်။ မြန်မာသမ္မတ ဦးသိန်းစိန်က ရန်ကုန်ကို စင်္ကာပူလို ဖြစ်အောင်လုပ်ကြပါဟု ညွန်ကြားသည်။ အာဖရိကတိုက်က အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု (ဂျီနိုဆိုက်) နှင့် ကမ္ဘာကျော်သည့် ရ၀မ်ဒါနိုင်ငံ လက်ရှိ သမ္မတကလည်း ရ၀မ်ဒါကို  အာဖရိက အလယ်ပိုင်းဒေသက စင်္ကာပူဖြစ်ရမည်ဟု ကြွေးကြော်ထားသည်။

အာဖရိကမှ ရ၀မ်ဒါသည် ၁၉၉၄ ခုနှစ်က လူပေါင်း ၅ သိန်း အစုလိုက်အပြုံလိုက်သေဆုံးသည့် အဖြစ်အပျက်နှင့် ကမ္ဘာကျော်ခဲ့သည်။ ထိုကာလနောက်ပိုင်း ငြိမ်းချမ်းရေးရခဲ့ပေမဲ့ စင်ကာပူလိုဖြစ်နိုင်ခြေကိုမူ မည်သို့မှ စဉ်းစားလို့ မရနိုင်ပေ။
အကြောင်းက စင်္ကာပူမှာရှိသော အားသာချက်များအားလုံး ရ၀မ်ဒါမှာ တခုတောင်မရှိ။ စင်္ကာပူက ကမ္ဘာ့ပေါ်မှာ  အလုပ်အများဆုံး ဆိပ်ကမ်းဖြစ်ပြီး၊ ရ၀မ်ဒါက ကုန်းတွင်းပိတ်နိုင်ငံဖြစ်သည်။ စင်ကာပူက ကမ္ဘာပေါ်မှာ ပညာတတ်တွေ အများရှိဆုံး စုရာ ကမ္ဘာ့နိုင်ငံတနိုင်ငံဖြစ်ပြီး ရ၀မ်ဒါက လူလတ်တန်းစားတွေ ၁၉၉၄ ဂျီနိုဆိုက်မှ အသတ်ခံလိုက်ရသည်။ စင်္ကာပူက တရုတ်ပြည်၏ ဂိတ်ပေါက်ဝဖြစ်ပြီး၊ ရ၀မ်ဒါ အိမ်နီးချင်းများက ပိန်မသာလိန်မသာများ ဖြစ်နေသည်။ ဗြိတိန်က think-tank အဖွဲ့တဖွဲ့ဖြစ်တဲ့ Legatum Institute အလိုအရ ယူဂန်ဒါက အဂတိလိုက်စား၊ ဘရွန်ဒီက ဆိုးဆိုးရွားရွား၊ ကွန်ဂိုက ထိုထက် ပိုဆိုးသည်ဟု ဆိုသည်။

အစိုးရတပ် စစ်ရေးလှုပ်ရှားမှု ရပ်တန့်ရေး KNU အဓိက ဆွေးနွေး

KNU ကရင်အမျိုးသား အစည်းအရုံးနဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေရဲ့ ဒုတိယအကြိမ်မြောက် ညှိနှိုင်းဆွေးနွေးပွဲကို မနေ့က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ကျင်းပခဲ့ပါတယ်။
Karen National Union
မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမည့် KNU ငြိမ်းချမ်းရေးဆွေးနွေးမှု အဖွဲ့ဝင်များအား ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တွေ့ရစဉ်။
အဲဒီ ဆွေးနွေးပွဲမှာ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို အဓိက ဆွေးနွေးခဲ့ပြီး ကရင်ပြည်နယ်အတွင်း အစိုးရစစ်တပ်ရဲ့ တိုးချဲ့မှုတွေကို ရပ်တန့်ဖို့ KNU ဘက်က တင်ပြ တောင်းဆိုခဲ့တယ်လို့ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က ပြောပါတယ်။

စစ်မှန်တဲ့ အပစ်အခတ် ရပ်စဲရေးအတွက် နှစ်ဘက်ဆက်လက်ဆွေးနွေးဖို့သဘောတူညီခဲ့ပြီး လာမယ့် ဧပြီလအစောပိုင်းမှာ ထပ်မံ တွေ့ဆုံဖို့ သတ်မှတ်လျာထားခဲ့ပါတယ်။

ပရိသတ်ဦးရေ သိန်းကျော် တက်ရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေး ခရီးစဉ်


ကြားဖြတ် ရွေးကောက်ပွဲ အတွက် ဒေသ အနှံအပြားသို့ မဲဆွယ်စည်းရုံးရေး ခရီးများ မရပ်မနား ထွက်နေသော ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးမြို့သို့ မတ်လ ၃ ရက်နေ့ မနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရောက်ရှိလာခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးခရီးစဉ်များတွင် စံချိန်တင်ရလောက် အောင် များပြားသည့် မန္တလေး မြို့ခံများက ကြိုဆိုခဲ့ကြသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဖွဲ့စည်းလိုက်သော မန္တလေးခရိုင် ကျောင်းသားများ သမဂ္ဂကလည်း ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေး နိုင်ငံရေးစည်းရုံးရေး ခရီးစဉ်တွင် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ လိုက်ပါနေ ကြကြောင်း သတင်းထောက်က သတင်းပေးပို့သည်။ ကျောင်းသားအင်အား ၁၀၀ နီးပါး ပါဝင်ကြောင်း သိရသည်။

မန္တလေး တံတားဦးလေဆိပ်မှ လူထုဟောပြောပွဲ ပြုလုပ်မည့် အောင်ပင်လယ် (မြို့သစ်) သို့ သွားရောက်ရာ လမ်းတစ်လျှောက်တွင် လာရောက်ကြိုဆိုသူ ဦးရေမှာ လမ်းဘေးဝဲယာ နှစ်ဖက်စလုံးတွင် ပြည့်ကျပ်ညပ်နေပြီး ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်းနှင့်အတူ လိုက်ပါလာသော ကားတန်းနှင့် ဆိုင်ကယ်တန်းမှာ ရန်ကုန် မန္တလေး အမြန်လမ်းမကြီး တံခွန်တိုင်အဝိုင်းမှ သိပံ္ပလမ်း အထိပင် တိုးမပေါက်နိုင်အောင် ရှိကြောင်း ၊ ကြိုဆိုကြသူများတွင် ကမ္ဘာလှည့် ခရီးသွားများပင် ပါဝင်နေကြောင်း The Voice Weekly မန္တလေး သတင်းထောက်များထံက သိရသည်။

‘ အောင်မြင်ပြီး အရည်အချင်းပြည့်ဝတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ချင်ပါတယ် ‘ တေးသံရှင် အေသင်ချိုဆွေနှင့် တွေ့ဆုံခြင်း





e4483 ပထမဆုံး တစ်ကိုယ်တော် တေးစီးရီး ‘ပေါက်တဲ့အိုး’က အစပြုလို့ ပရိသတ်အားပေးမှု စတင်ရရှိခဲ့တဲ့ အေသင်ချိုဆွေက ဒုတိယတေးစီးရီးမှာတော့ တစ်ခေတ်တစ်ခါက ပရိသတ်အကြိုက် များခဲ့တဲ့ တေးသီချင်းများကို ပြန်လည်သီဆိုခဲ့ပါတယ်။ ‘အနီးဆုံးလူ . . .နမ်းမှာလား’ လို့ အမည်ပေးထားတဲ့ အဲဒီအခွေလေးက နှစ်လခန့်အတွင်းမှာပဲ ပရိသတ်များကြား စိမ့်ဝင်ပျံ့နှံ့နေခဲ့ပါပြီ။ ဂီတပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ ဆက်တိုက်လုပ်ဖြစ်နေတဲ့ အေသင်ချိုဆွေက ဇာတ်ကားတွေမှာလည်း သရုပ်ဆောင်တစ်ဦးအဖြစ် ပီပြင်စွာ သရုပ်ဆောင်နိုင်တာ တွေ့မြင်နေရပါပြီ။ ဒီလိုဂီတနဲ့ သရုပ်ဆောင်အလုပ်တွေကို ဟန်ချက်ညီညီ လှုပ်ရှားနေတဲ့ အေသင်ချိုဆွေနဲ့ တွေ့ဆုံဖြစ်တဲ့ အခိုက် မေးဖြစ်ခဲ့တာတွေက . . .

တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေးလုပ်ငန်းတွင် လုပ်ကိုင်နေသည့် အိန္ဒိယအလုပ်သမားများအား မြို့ပြင်တွင်နေထိုင်ရန် သီးခြားနေရာသတ်မှတ်




တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေးလုပ်ငန်းခွင်
တရုတ် - မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေးလုပ်ငန်းတွင် လုပ်ကိုင်နေကြသည့် Punj Lloyd PTE ကုမ္ပဏီမှ အိန္ဒိယအလုပ်သမားများ နေထိုင်ရန်နေရာကို မြို့ပြင်တွင် ပြောင်းရွှေ့နေထိုင်ရန် နေရာသတ်မှတ်ထားကြောင်း သိရသည်။
ယခင်က အိန္ဒိယနိုင်ငံမှ အလုပ်သမားများသည် ကျောက်ဖြူမြို့တွင် နေအိမ်ငှားပြီး နေထိုင်ခဲ့ရာ ဒေသခံများနှင့် မကြာခဏ ပြဿနာဖြစ်ပွား သည့်အတွက် သက်ဆိုင်ရာက အဆိုပါအလုပ်သမားများ နေထိုင်ရန် ကျောက်ဖြူမြို့နှင့် ၁၁မိုင်အကွာ သစ်ပုတ်တောင် ရေတပ်စခန်းလမ်းခွဲ ငါးဖာလုံအတွင်း ပြတဲကျေးရွာအနီး တောင်ကုန်းတစ်ခုပေါ်တွင် ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေး အခြေခံစခန်း(၁) နေရာ၌ သတ်မှတ်ပေးထားသည်။

မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် အမေရိကန်နှင့် ဥရောပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံရန် အကြိုညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေ




မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် အမေရိကန်နှင့် EU နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန်အတွက် အကြိုညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
''မြန်မာနိုင်ငံရဲ့စွမ်းအင်ကဏ္ဍမှာ ရှာဖွေတူးဖော်ရေးလုပ်ငန်းတွေ ပြုလုပ်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နိုင်ဖို့ကို အမေရိကန်ကုမ္ပဏီတွေ လာရောက်ဆွေးနွေးနေသလို ဥရောပနိုင်ငံတွေကလည်း လာရောက် ဆွေးနွေးနေကြပါတယ်။ ဒါပေမယ့် ခုချိန်မှာ sanction ရှိနေသေးတော့ လတ်တလော ဆွေးနွေးမှုတွေက အကြိုညှိနှိုင်းထားတဲ့ သဘောပါ။ ဒီလထဲမှာတင် အမေရိကန်နဲ့ အင်္ဂလန်ကုမ္ပဏီလေးခုလောက် လာရောက်ဆွေးနွေးနေကြပါတယ်''ဟုလည်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက Geo Myanmar-2012 အခမ်းအနားတွင် ပြောကြားခဲ့သည်။

မိုဘိုင်းဖုန်းများ၏ ညပိုင်းခေါ်ဆိုခ နှုန်းထားများ မတ်လ ၁၄ ရက်နေ့မှစ၍ ထက်ဝက်လျော့ချမည်




မိုဘိုင်းဖုန်းများ၏ ညပိုင်း ဖုန်းခေါ်ဆိုခနှုန်းထားများကို မတ်လ ၁၄ ရက်နေ့မှစ၍ ထက်ဝက်လျော့ချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း တာဝန်ရှိသူများထံမှ သတင်းရရှိပါသည်။
မတ်လ ၁၄ ရက်နေ့မှစ၍ ည ၁၁ နာရီမှ နံနက် ၇ နာရီအတွင်း မိုဘိုင်းဖုန်းများ ခေါ်ဆိုအသုံးပြုသည် ဆိုပါက လက်ရှိကောက်ခံနေသည့် တစ်မိနစ် ကျပ် ၅၀ နှုန်းအစား တစ်မိနစ် ၂၅ ကျပ် နှုန်းသာ ကောက်ခံသွား မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူများက ပြောကြားခဲ့ပါ သည်။
ကျန်အချိန်များတွင် မိုဘိုင်း ဖုန်းခေါ်ဆိုပါက လက်ရှိ တစ်မိနစ် ကျပ် ၅၀နှုန်းအတိုင်းသာ ပုံမှန် ကောက်ခံမည်ဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။
Related Posts Plugin for WordPress, Blogger...

ShareThis