လူစည်ကားရာ ပုဂ္ဂလိကဆေး ခန်းတစ်ခုရှေ့တွင် ဖြစ်ပွားခဲ့သည့်
မင်းမဲ့စရိုက်ဆန်ဆန် ၀ိုင်းဝန်း ရိုက်နှက်မှုကြောင့် တက္ကစီကားမောင်း
သူသေဆုံးခဲ့သော ဖြစ်ရပ်နှင့် ပတ်သက်၍ တရားခံများအား တရားရုံးက အပြင်းအထန်
နာကျင်စေမှုဖြင့်သာ အမိန့်ချမှတ်ခဲ့ခြင်း အပေါ် တရားလိုဘက်မှ မကျေနပ်၍
လူသတ်မှုပုဒ်မဖြင့် ပြစ်ဒဏ်တိုးမြှင့်ပေးရန် လျှောက်ထားခဲ့ကြောင်း သိရသည်။စမ်းချောင်းမြို့နယ် အာရှတော်ဝင် အထူးကုဆေးရုံရှေ့ရှိ ထမင်းဆိုင်တွင်ထမင်းစားနေသည့် တက္ကစီ ယာဉ်မောင်းဖြစ်သူ ကိုတင်မောင်ဆွေ (အသက် ၃၆ နှစ်) ကို ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၃ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်တွင် တုတ်များဖြင့် ၀ိုင်းဝန်းရိုက်နှက်ခဲ့သဖြင့် သေဆုံးသွားသည့်ဖြစ်စဉ်ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံး၊ ဒုတိယခရိုင် တရားသူကြီး (၃) မှ ပြစ်ဒဏ်ချမှတ် လိုက်သည့်အပေါ် မမျှတမှုဟု ယူဆရသဖြင့် တရားလို မိသားစုဝင်များမှ တိုင်းတရားရုံးသို့ ပြစ်ဒဏ်တိုးမြှင့်စေရေးအတွက် ပြင် ဆင်မှုကို ၂၀၁၂ ခုနှစ် မတ်လ ၉ ရက်နေ့က လျှောက်ထားခဲ့ကြောင်း သိရှိရသည်။ |
Wednesday, 14 March 2012
မင်းမဲ့စရိုက်ဆန်ဆန် ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် တက္ကစီ ကားမောင်းသူ သေဆုံးခဲ့သော ဖြစ်ရပ်နှင့် ပတ်သက်၍ တရားရုံးက အပြင်းအထန် နာကျင်စေမှုဖြင့်သာ အမိန့်ချမှတ်ခဲ့ခြင်းအပေါ် တရားလိုဘက်မှ မကျေနပ်၍ လူသတ်မှုပုဒ်မဖြင့် ပြစ်ဒဏ်တိုးမြှင့်ပေးရန် လျှောက်ထား
မင်္ဂလာရှိသော နေ့ထူးနေ့မြတ်ရက်စွဲများမှသည် နောင်အနာဂတ်ဆီသို(ကိုသိန်း (ကျောက်ကြီး))့
အရင်ဦးဆုံး စာဖတ်သူများကို ၀န်ခံလို
တာကတော့ ကျွန်တော်ဟာ စာရေးဆရာ တစ်ယောက် မဟုတ်သလို နိုင်ငံရေးသမား တစ်ယောက်လည်း မဟုတ်ပါဘူး။
သာမန်ပြည်သူတစ်ဦးသာလျှင် ဖြစ်ပါ တယ်။
ကျွန်တော့ရဲ့ အရေးအသား အတွေးအခေါ် အယူအဆတွေဟာ အမြီးအမောက် တည့်ချင်မှ တည့်ပါလိမ့် မယ်။
ဒါပေမယ့် ကျွန်တော့ရင်ထဲ၊ စိတ် ထဲမှာ ကျွန်တော်တို့တိုင်းပြည်ကြီး ကမ္ဘာ့ အလယ်မှာ ထည်ထည်ဝါ၀ါနဲ့ တည်ငြိမ် အေးချမ်းစေ ချင်တဲ့ဆန္ဒ၊ နိုင်ငံသူ နိုင်ငံ သားတွေလည်း ကမ္ဘာ့အလယ်မှာ ဘယ်နိုင်ငံ ဘယ်တိုင်းပြည်ပဲသွားသွား မျက်နှာမငယ်စေချင်တဲ့ဆန္ဒ၊ ပြည်သူ ပြည်သားအားလုံး ဆင်းရဲခပ်သိမ်း ကင်း စေချင်တဲ့ဆန္ဒ၊ ဒေါသခပ်သိမ်း ကင်းစေ ချင်တဲ့ဆန္ဒ၊ စိုးရိမ်ခပ်သိမ်း ကင်းဝေးပြီး နှလုံးစိတ်ဝမ်း အေးချမ်းစေချင်တဲ့ ဆန္ဒ တွေ ပြည့်လျှံလျက်ရှိနေပါတယ်။
ဤကမ္ဘာကြီး တည်ရှိနေသရွေ့ ကျွန်တော်တို့ရဲ့ သားစဉ်မြေးဆက်တွေ ကမ္ဘာ့အလယ်မှာ မျက်စိသူငယ်၊ နား သူငယ်နဲ့ မကျန်ရစ် ခဲ့ရလေအောင် ပြည်သူတစ်ဦးချင်းစီမှအစ နယ်ပယ် အသီးသီး၊ အဖွဲ့အစည်းအသီးသီးမှာ တာဝန်ရှိသူများအဆုံး လူ့အဖွဲ့အစည်း မှာ အခြေခံကျလှတဲ့ ကိုယ်ကျင့်တရား များကို လက်ကိုင်ထားပြီး မိမိတို့မှာရှိကြ တဲ့ လိုအပ်ချက်တွေကို အကောင်းဆုံး ပြုပြင်ဖာထေး ကြရပါမယ်။ (ဖာထေး၍ မရသည်များကို အသစ်နဲ့ လဲလှယ်ပစ် ရပါမယ်)။

ရှားပါးတွင်းထွက်သတ္ထုကိစ္စ တရုတ်နဲ့ကမ္ဘာ့နိုင်ငံများကြား အငြင်းပွား
နည်းပညာအဆင့်မြင့် လူသုံးပစ္စည်းတွေဖြစ်တဲ့ ရုပ်မြင်သံကြားစက်၊
အဆင့်မြင့် လက်ကိုင်ဖုန်း၊ မော်တော်ကား စတာတွေကို ထုတ်လုပ်ရာမှာသုံးတဲ့
Rare Earth Minerals လို့ခေါ်တဲ့ ရှားပါးသတ္ထု ကုန်ကြမ်းတွေရဲ့ ၉၀%ကို
တရုတ်နိုင်ငံက ရောင်းချဖြန့်ဖြူးပါတယ်။
ဒါပေမယ့် နောက်ပိုင်းမှာ အဲဒီ ရှားပါးသတ္ထုတွေကို ပြည်ပကို အရေအတွက် လျှော့ချ ဖြန့်ဖြူးရောင်းချဖို့ တရုတ်အစိုးရက လုပ်ဆောင်ခဲ့တာဟာ WTO ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့ ဥပဒေကို တရုတ်အစိုးရက ချိုးဖောက်တာဖြစ်တယ်ဆိုပြီး အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ ဂျပန်နိုင်ငံတို့က Geneva အခြေစိုက် WTO ကို တိုင်တန်း ကန့်ကွက်လိုက်ပါတယ်။
တရုတ်အစိုးရက အဲဒီ စွပ်စွဲ တိုင်တန်းချက်ကို ငြင်းပယ်လိုက်ပါတယ်။ တရုတ်ကုမ္ပဏီတွေရဲ့ လိုအပ်ချက်ပြည့်မီအောင် ထုတ်ကုန်အတိုင်းအတာကို ကန့်သတ်ရတာ ဖြစ်တယ်လို့ တရုတ်တို့က ရှင်းချက်ထုတ်ပါတယ်။

အင်တာနက် မြန်နှုန်းအတွက် ကန်ဒေါ်လာ သန်း ၄ဝ သုံးမည်
အသစ်ချိတ်ဆက်မည့် ရေအောက်ဖိုင်ဘာ ဆက်ကြောင်း SE-ME-WE-5 အတွက် ကန်ဒေါ်လာ သန်း ၄ဝအထိ သုံးစွဲရန် စီစဉ်ထားကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အကြီးတန်းအရာရှိ တစ်ဦးကပြောသည်။
အဆိုပါ ဆက်ကြောင်းအား တပ်ဆင်ရန် အချိန်သုံးနှစ်ခန့် ကြာမည်ဟု ထုတ်ပြန်ခဲ့သော်လည်း လက်ရှိတွင် သတ်မှတ်ထားသည့် အဖွဲ့ဝင်နိုင်ငံများပြည့်၍ သတ်မှတ် အချိန်ထက် စောပြီး ချိတ်ဆက်သွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးမှ သိရသည်။
”ဒီဆက်ကြောင်း လုပ်ဖို့ အရင်းအနှီး အများကြီး ကုန်ကျမှာပါ။ ဒီအတွက် ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံကြီးတွေနဲ့ ဆွေးနွေးတာ အဆင်ပြေတဲ့အတွက် အမြန်ဆုံး ချိတ်ဆက်တော့မှာပါ။ မြန်မာနိုင်ငံအနေနဲ့ SE-ME-WE-5ဆက်ကြောင်း သွယ်တန်းဖို့ အဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြု ခံရပါတယ်။ ဒါကြောင့် ကန်ဒေါ်လာ ၄ဝ လောက်အထိ သုံးစွဲသွားဖို့ စီစဉ်ထားပါတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
ရန်ကုန်တက္ကသိုလ် ကမ္ဘာ့အဆင့်မီ ပြုပြင်ရန် အမေရိကန်သူဌေး ဒေါ်လာသန်းချီ ပေးမည်

ကမ္ဘာ့အဆင့်မီ ရန်ကုန်တက္ကသိုလ် ဖြစ်ထွန်းလာရေးအတွက် အမေရိကန် သူဌေးတစ်ဦးက ဒေါ်လာသန်းချီ လှူဒါန်း သွားရန်ရှိသည်ဟု ပညာရေးဝန်ကြီးဌာနမှ သိရ သည်။ အမေရိကန်ရှိ ဂျွန်ဟော့ကင်း တက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်တို့ သုတေသန လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးမှုများ ပြုလုပ်နေကြကြောင်း ပူးပေါင်းခြင်း ကိစ္စများအတွက် ဒေါ်လာသန်း နှင့်ချီ၍ ကုန်ကျမည်ဖြစ်ရာ အမေ ရိကန်သူဌေးတစ်ဦးက ပူးပေါင်း ဆောင်ရွက်ပေးမည့် အမေရိကန် တက္ကသိုလ်အား လှူဒါန်းငွေ ပေးအပ်မည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးအေးကြူက ပြောသည်။ ”ရန်ကုန်တက္ကသိုလ်ကို ကမ္ဘာ က အသိအမှတ်ပြုတဲ့ အထိကို ဖြစ် အောင် လုပ်ဆောင်သွားမယ်”ဟု ဒုတိယဝန်ကြီးက ပြောသည်။ အမေရိကန် ထိပ်တန်း တက္က သိုလ်ကြီးမှ ရန်ကုန်တက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်မှု ပြုရန် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန မှ ထိပ်တန်းတာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ ကြပြီး ကန်တက္ကသိုလ်မှ တာဝန်ရှိ သူများ အဆင့်ဆင့် ထပ်မံ လာရောက်ရန်လည်း ရှိနေသည်ဟု ဒုတိယ ဝန်ကြီးက ဆိုသည်။
နောက်ဆုံးမှာ အားလုံးကို တာဝန်ယူသွားမယ့်အရာ(နီမင်းဆွေ)
နိုင်ငံရေးမှာ စေတနာနဲ့ မှားတာကို ပြည်သူကခွင့်လွှတ်ကြမှာ ဖြစ်ပေမယ့်
မရိုးသားတာကိုတော့ ဘယ်သူမှ လက်သင့်ခံကြမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့်
လူဟာရိုးသားဖို့ အရင်လိုပါတယ်။ ဘယ်တော့မဆို စိတ်ထဲမှာလည်း အမြဲသန့်နေဖို့
လိုပါတယ်။
တကယ်လို့ ရုပ်ရှင်ကင်မရာတစ်လုံးဟာ ကဗျာဆရာရဲ့မျက်လုံးဖြစ် မနေဘူးဆိုရင်
အဲဒီရုပ်ရှင်ဇာတ်ကားဟာ ဘယ်လိုမှ ကောင်းလာနိုင်စရာရှိမှာ မဟုတ်ဘူးလို့
ကမ္ဘာ့ရုပ်ရှင် လောကမှာ ပြောလေ့ရှိကြပါတယ်။ ဒါပေမယ့် ရုပ်ရှင်ကင်မရာတွေဟာ
ကဗျာဆရာရဲ့ မျက်လုံး ဒါမှမဟုတ် စာရေးဆရာရဲ့ မျက်လုံး ဖြစ်တာ မဖြစ်တာ
အပထားပြီး တစ်ချို့ဒါရိုက်တာတွေကတော့ ရုပ်ရှင်ကို ၀တ္ထုဇာတ်လမ်းထဲကအတိုင်း
မဟုတ်ဘဲ ကိုယ့်သဘောနဲ့ ကိုယ်ကောင်းမယ်ထင်သလို
လှည့်ပြောင်းရိုက်လေ့ရှိကြတာကို တွေ့ရပါတယ်။ ရုပ်ရှင်ကောင်း
မကောင်းဆိုတာကတော့ ပရိသတ် ကြိုက်တယ် မကြိုက်ဘူးဆိုတဲ့အပေါ်
မူတည်သွားမှာပါပဲ။ တစ်နည်းအားဖြင့် အော်စကာ ရ မရ အမြတ်ငွေ များများကျန်
မကျန် ဆိုတဲ့အပေါ်ကြည့်ပြီး အဲဒီဝတ္ထုကိုရိုက်တဲ့ ရုပ်ရှင်ဇာတ်ကား
အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာကို ဆုံးဖြတ်မယ်ဆိုရင်လည်း မှားနိုင်မယ်
မထင်ပါဘူး။ မူရင်းဝတ္ထုမကောင်းရင်တော့ ရုပ်ရှင်လည်း ဘယ်လိုမှ
ကောင်းလာနိုင်မှာ မဟုတ်ပါဘူး။ |
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်၌ မဲပေးပိုင်ခွင့် စာရင်းတွင် မှတ်ပုံတင်တစ်ခုတည်းနှင့် လူဦးရေ တစ်ထောင်ကျော် ပါဝင်နေဟု သိရ
|
''ကျွန်မတို့ မရမ်းကုန်းမြို့နယ်မှာ ၁၀ ရပ်ကွက်ရှိတယ်။ မဲစာရင်းကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ ကပ်တယ်။ ကျွန်မတို့က တစ်စုံတောင်းပြီး ပြန်စစ်တော့ တော်တော်များများ ကျန်တာကို တွေ့ရတယ်။ ထူးခြားချက်အနေနဲ့ ပြောရင်တော့ ရပ်ကွက်တစ်ခုမှာဆိုရင် နိုင်ငံသားကတ် တစ် ခုတည်းနဲ့ကို လူတစ်ထောင်ကျော် တွေ့ရတယ်။ နာမည်လည်း မတူဘူး။ အဖေနာမည်လည်း မတူဘူး။ နောက်ရပ်ကွက်တစ်ခုမှာဆိုရင် ထပ်တာတို့၊ ကျန်တာတို့ဟာ အများဆုံး ၄၀၀ ကျော်အထိ တွေ့ရတယ်။ တချို့ရပ်ကွက်တွေမှာ ၁၀၀ ကျော် ရှိတယ်။ ၂၀၀ ကျော် ရှိတယ်''ဟု မရမ်း ကုန်းမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမေ၀င်းမြင့်က ပြောပါသည်။ |
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့ပြီး ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေပုံများကို ပထမဆုံးလေ့လာခဲ့
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့အား တွေ့ရစဉ်
လွှတ်တော်ဥက္ကဋ္ဌများနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့သော်လည်း အဆိုပါကာလတွင် လွှတ်တော် အစည်းအဝေးများ ရပ်နားထား၍ လွှတ်တော်အစည်းအ ဝေးများ ကျင်းပနေပုံများကို လေ့လာခွင့် မရရှိခဲ့ကြောင်း သိရသည်။ |
The Voice ဂျာနယ်၌ ဖော်ပြခဲ့သော ၀န်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ သတင်းပါရေးသားချက်များနှင့် ပတ်သက်ပြီး တရားစွဲရန် မသင့်တော်ဟု ရှုမြင်ကြ
The Voice ဂျာနယ်၌ ဖော်ပြခဲ့သော ၀န်ကြီးဌာနအချို့၏
ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ
သတင်းပါရေးသားချက်များနှင့် ပတ်သက်ပြီး တရားစွဲရန် မသင့်တော်ဟု ရှုမြင်ကြ၊
အစိုးရသတင်းစာပါ ရေးသားဖော်ပြချက်သည် ကျင့်ဝတ်နှင့် ညီညွတ်မှုမရှိဟု ၀ါရင့်
သတင်းစာဆရာများနှင့် ဥပဒေပညာရှင်များ သုံးသပ်The Voice ဂျာနယ်၌ ဖော်ပြခဲ့သော “၀န်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ” သတင်းပါ ရေးသားချက်များနှင့်ပတ်သက်ပြီး တရားစွဲရန် မသင့်တော်ကြောင်းနှင့် အစိုးရသတင်းစာပါ သတင်းရေးသား ဖော်ပြချက်များသည် ကျင့်ဝတ်နှင့် ညီညွတ်မှုမရှိကြောင်း ၀ါရင့်သတင်းစာ ဆရာကြီးများနှင့် ဥပဒေပညာရှင် များက သုံးသပ်ခဲ့ကြပါသည်။ |
အကျဉ်းသားများထွက်ပြေးခဲ့၍ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးသေဆုံး
|
ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် မတ်လ ၁၀ ရက်နေ့ နံနက် ၁၁ နာရီအချိန် ရဲအုပ်---- စခန်းမှူးတာဝန်ထမ်း ဆောင်စဉ် တွံတေးမြို့နယ် ရွှေသူ ဌေးတာ စိုက်/မွေးစခန်း အကျဉ်းဦး စီးဌာနမှ ရဲဘက်အကျဉ်းသားတစ်ဦး ထွက်ပြေးသွားသဖြင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ အကျဉ်းသားတစ်ဦး သေဆုံးသွား၍ သက်ဆိုင်ရာက သက်သေများနှင့် သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ စစ်ဆေးခဲ့ရာတွင် တွံတေးမြို့ နယ် စိုက်/မွေးစခန်း၏ ချောင်းတစ် ဘက်ကမ်း ဇီးဖြူကုန်းတောအတွင်း ၌ အကျဉ်းသားကိုကိုနိုင်(၂၆ နှစ်) ထောင်ဝင်အမှတ်အစ/၁၁/၀၇၈၀၇/က၊ တိုက်ကြီးမြို့နယ်နေသူအား ၀ဲဘက်နံ၌ သေနတ်ထိမှန် ဒဏ်ရာတစ်ချက်ရရှိလျက် မှောက်လျက်သေဆုံးနေသည်ကို တွေ့ရှိရသည်ဟု သိရသည်။ |
ပြည်တွင်းဘဏ် ၁၁ဘဏ်နှင့် ချိတ်ဆက်ထားပြီး အွန်လိုင်းမှတစ်ဆင့် ငွေပေးချေခြင်း၊ ငွေလွှဲပို့ခြင်း၊ ငွေလက်ခံခြင်း ပြုလုပ်နိုင်သော MyanPay စနစ်စတင်
| မြန်မာဘဏ် ၁၁ ဘဏ်နှင့် ချိတ်ဆက်ထားပြီး အွန်လိုင်းမှတစ်
ဆင့်ငွေပေးချေခြင်း၊ ငွေလွှဲပို့ခြင်း၊ ငွေလက်ခံခြင်းပြုလုပ်နိုင်သော Myan
Pay စနစ် (MyanPay Secure Online Payment System -Beta Version)ကို မတ်လ ၁၂
ရက်နေ့မှ စတင်၍ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သတင်းရရှိပါသည်။ “MyanPay ၀န်ဆောင်မှုက ပြည်တွင်းဘဏ်တွေရဲ့ ငွေလွှဲပို့ဝန်ဆောင်မှုအပေါ် အခြေခံပြီး တည်ဆောက်ထားတဲ့ Third-party Online Payment System (online pay ment gateway) စနစ်ဖြစ်ပါတယ်။ ပြည်တွင်းဘဏ် ၁၁ ဘဏ်နဲ့ ချိတ်ဆက်ထားပြီး စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ရော၊ တစ်ဦးတစ်ယောက် ချင်းအနေနဲ့ရော အသုံးပြုနိုင်ပါတယ်” ဟု MyanPay ၀န်ဆောင်မှုကို စီမံခန့် ခွဲနေသည့် Myanmar Soft-Gate Technology Co., Ltd မှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။ |
အစိုးရဝန်ထမ်းများ လစာတိုးမြှင့်
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာ၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ၁၃၇၃ ခုနှစ်၊
တပေါင်းလပြည့်ကျော် ၇ ရက်၊ (၂၀၁၂ ခုနှစ်) မတ်လ ၁၄ ရက်စွဲပါ
အမိန့်ကြေငြာစာအမှတမ် ၁၀၀/ ၂၀၁၂ ဖြင့် နိုင်ငံတော်အတွင်း နိုင်ငံတော်၏
တာဝန်ကို ထမ်းဆောင်လျက်ရှိကြသည့် ၀န်ထမ်းများ (ကြည်း၊ ရေ၊ လေ) ၀န်ထမ်းများအား
စားဝတ်နေရေး သက်သာချောင်လည်မှု ရှိစေရန်အတွက် လက်ရှလစာအပြင်
အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် (ကျပ်သုံးသောင်းတိတိ)
ခံစားခွင့်ပြုရန်ကိုလည်းကောင်း၊
အစိုးရဌာန်များနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သများများ၏ လုပ်ခကို
အလုပ်ချိန် တစ်နေ့ (၈) နာရီအတွက် လက်ရှိသက်မှတ်ထားသော လုပ်ခ
(ကျပ်တစ်ထောင့်တစ်ရာတိတိ) အပေါ်တွင် ထောက်ပံကြေး (ကျပ်တစ်ထောင်တိတိ) ကို
ထပ်မံခံစားခွင့် ပြုမည်ဖြစ်သဖြင့် နေ့စားအလုပ်သမားများအား နေ့စဉ်လုပ်ခ
(ကျပ်နှစ်ထောင့်တစ်ရာတိတိ) ခံစားခွင့်ပြုရန်ကိုလည်းကောင်း ၂၀၁၂ ခုနှစ်
ဧပြီလ (၁) ရက်နေ့မှ စ၍ ခံစားခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။
MRTV-4
Subscribe to:
Comments (Atom)
လူစည်ကားရာ ပုဂ္ဂလိကဆေး ခန်းတစ်ခုရှေ့တွင် ဖြစ်ပွားခဲ့သည့်
မင်းမဲ့စရိုက်ဆန်ဆန် ၀ိုင်းဝန်း ရိုက်နှက်မှုကြောင့် တက္ကစီကားမောင်း
သူသေဆုံးခဲ့သော ဖြစ်ရပ်နှင့် ပတ်သက်၍ တရားခံများအား တရားရုံးက အပြင်းအထန်
နာကျင်စေမှုဖြင့်သာ အမိန့်ချမှတ်ခဲ့ခြင်း အပေါ် တရားလိုဘက်မှ မကျေနပ်၍
လူသတ်မှုပုဒ်မဖြင့် ပြစ်ဒဏ်တိုးမြှင့်ပေးရန် လျှောက်ထားခဲ့ကြောင်း သိရသည်။

တကယ်လို့ ရုပ်ရှင်ကင်မရာတစ်လုံးဟာ ကဗျာဆရာရဲ့မျက်လုံးဖြစ် မနေဘူးဆိုရင်
အဲဒီရုပ်ရှင်ဇာတ်ကားဟာ ဘယ်လိုမှ ကောင်းလာနိုင်စရာရှိမှာ မဟုတ်ဘူးလို့
ကမ္ဘာ့ရုပ်ရှင် လောကမှာ ပြောလေ့ရှိကြပါတယ်။ ဒါပေမယ့် ရုပ်ရှင်ကင်မရာတွေဟာ
ကဗျာဆရာရဲ့ မျက်လုံး ဒါမှမဟုတ် စာရေးဆရာရဲ့ မျက်လုံး ဖြစ်တာ မဖြစ်တာ
အပထားပြီး တစ်ချို့ဒါရိုက်တာတွေကတော့ ရုပ်ရှင်ကို ၀တ္ထုဇာတ်လမ်းထဲကအတိုင်း
မဟုတ်ဘဲ ကိုယ့်သဘောနဲ့ ကိုယ်ကောင်းမယ်ထင်သလို
လှည့်ပြောင်းရိုက်လေ့ရှိကြတာကို တွေ့ရပါတယ်။ ရုပ်ရှင်ကောင်း
မကောင်းဆိုတာကတော့ ပရိသတ် ကြိုက်တယ် မကြိုက်ဘူးဆိုတဲ့အပေါ်
မူတည်သွားမှာပါပဲ။ တစ်နည်းအားဖြင့် အော်စကာ ရ မရ အမြတ်ငွေ များများကျန်
မကျန် ဆိုတဲ့အပေါ်ကြည့်ပြီး အဲဒီဝတ္ထုကိုရိုက်တဲ့ ရုပ်ရှင်ဇာတ်ကား
အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာကို ဆုံးဖြတ်မယ်ဆိုရင်လည်း မှားနိုင်မယ်
မထင်ပါဘူး။ မူရင်းဝတ္ထုမကောင်းရင်တော့ ရုပ်ရှင်လည်း ဘယ်လိုမှ
ကောင်းလာနိုင်မှာ မဟုတ်ပါဘူး။
The Voice ဂျာနယ်၌ ဖော်ပြခဲ့သော ၀န်ကြီးဌာနအချို့၏
ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ
သတင်းပါရေးသားချက်များနှင့် ပတ်သက်ပြီး တရားစွဲရန် မသင့်တော်ဟု ရှုမြင်ကြ၊
အစိုးရသတင်းစာပါ ရေးသားဖော်ပြချက်သည် ကျင့်ဝတ်နှင့် ညီညွတ်မှုမရှိဟု ၀ါရင့်
သတင်းစာဆရာများနှင့် ဥပဒေပညာရှင်များ သုံးသပ်