menu

Monday 20 February 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲဆွယ်စည်းရုံးလှုပ်ရှားမှုများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်





nldpress
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက်လက်ရှိတွင် မဲဆွယ်စည်းရုံးရေး ကိစ္စများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဖေဖော်ဝါရီလ ၂၀ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးခန်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။ သတင်းစာရှင်းလင်းပွဲကို နံနက်၁၁ နာရီ ၅၀ မိနစ်အချိန်တွင် စတင်ခဲ့ပြီး သဘာပတိအဖွဲ့ဝင် ဦးတင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသော စာနယ်ဇင်းများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားမှုများ ပြုလုပ်ခဲ့ပြီး မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် သတင်းစာရှင်းလင်းပွဲ ပြီးဆုံးခဲ့ကြောင်း သိရသည်။

အခြေခံပညာဆရာများ ကျူရှင်ပြခြင်း မကြာမီ ကန့်သတ်ဖွယ်ရှိ


အခြေခံပညာအဆင့်ရှိ ဆရာ၊ဆရာမများ ကျူရှင်ပြခြင်းကို မကြာမီကန့်သတ် တားမြစ်သွား ဖွယ်ရှိသည်ဟု ပညာရေးဝန်ကြီးဌာနမှ ရရှိသောသတင်းများအရ အခြေခံကာ သိရသည်။ ဆရာ၊ဆရာမများ၏ လက်ရှိလစာ အနေအထားကို မူလထက် မြှင့်တင်ပေးသွားမည့် အစီအစဉ်၏ နောက်ဆက်တွဲ ဖြစ်သည်ဟု ဒုတိယဝန်ကြီးကလည်း ဆိုသည်။လာမည့် ဘဏ္ဍာနှစ်အတွင်း စတင်ဆောင်ရွက်နိုင်ဖွယ် ရှိနေသည့် နိုင်ငံတော်မှ လုပ်ခလစာ တိုးမြှင့်ပေးခြင်းများ အပါအဝင် အခြေခံပညာအဆင့်၌ ပြန်တမ်းဝင် အရာရှိ အဆင့်များကို ဦးရေတိုးခန့်ခြင်းများ၊ ထူးချွန်သည့် ကျောင်းအုပ်များအား အဆင့်တိုးပေးခြင်း စသည်တို့ကြောင့် ယင်းကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်နိုင် သည်ဟု ပညာရေးလေ့ လာနေသူ တစ်ဦးက သုံးသပ်သည်။

ရေရေရာရာမရှိ ဦးတည်ချက်မဲ့ အွန်လိုင်းပေါ် အချိန်ကုန်နေကြသူများ(မမေ)




အမေရိကန်တွေ တော်တော်များများဟာ အရင်နှစ်တွေကထက် အခုနှစ်မှာ သူတို့ရဲ့ အားလပ်တဲ့အချိန်တွေကို အွန်လိုင်းပေါ်မှာပဲ အချိန်ကုန်နေကြတယ်လို့ သုတေသနလုပ်သူတစ်ဦးက CNN မှာ ဖော်ပြပါတယ်။
အမေရိကန် လူဦးရေရဲ့ ၅၃ ရာခိုင်းနှုန်းလောက်သော လူငယ်နဲ့ လူလတ်ပိုင်းတွေ ( အသက် ၁၈ နှစ်ကနေ ၂၉ နှစ်ကြားအရွယ်တွေ ) ဟာ ဘာမှ ရေရေရာရာ ရည်ရွယ်ချက်မရှိဘဲ အပျော်သဘောအနေနဲ့ အွန်လိုင်းပေါ်မှာ နေ့စဉ် အချိန်ကုန်ကြတယ်လို့ ဆိုပါတယ်။
အသက် ၁၈ နှစ် ၀န်းကျင် လူငယ်ပေါင်း ၂၆ သန်းလောက်ဟာ တစ်နေ့တစ်နေ့ မိုဘိုင်းဖုန်း ကိုင်ပြီး ဂဏာမငြိမ် အလုပ်ရှုပ်နေကြတယ်လို့လည်း ပြောပါတယ်။

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းအတွင်းရှိ ဒီရေတောများ အပေါ်တွင် မှီခိုနေရသော ဒေသခံ ရေလုပ်သားများ လျော်ကြေးငွေ ရရှိရန်မျှော်လင့်




72110 တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊နဘုလယ်ဒေသတွင် တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း စီမံကိန်း တည်ဆောက်မှုအတွက် မြေဧရိယာ (၂၀၄.၅၀၈၈၂) စတုရန်းကီလိုမီတာ၊ (၅၀၅၃၅.၀၂၃၃) ဧက လျာထား သတ်မှတ်ထားပြီး လျော်ကြေးငွေ ပေးအပ်ခြင်းနှင့် ရွှေ့ပြောင်းနေရာချထားမှုအတွက် စီစဉ်မှုများကို ထားဝယ်ရေနက် ဆိပ်ကမ်း အထောက်အကူပြု အဖွဲ့မှ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါအဖွဲ့မှ လျော်ကြေးငွေ ပေးအပ်ရန် ပြုစုထားသော စာရင်းများအရ လယ်မြေ(၈၂၇၂)ဧက၊ ဥယျာဉ်ခြံ(၂၇၃၆၉)ဧက၊ စနိ (၂၀၆)ဧကနှင့် အခြားမြေများ ပါရှိကြောင်း သိရသည်။ သို့သော် အဆိုပါစီမံကိန်း အတွင်းရှိ ဒေသခံများအတွက် မှီခိုအားထားရာ လုပ်ငန်းတစ်ခုဖြစ်သည့်ဒေသ အခေါ်ရပ်တော(ဒီရေတော)များ ကိုမူ လျော်ကြေးငွေသတ်မှတ်ရာ တွင်ပါဝင်ခြင်းမရှိ၍ ၎င်းရပ်တောများအပေါ် မှီခိုလုပ်ကိုင်နေရသော ဒေသခံရေလုပ်သားများက လျော်ကြေးငွေ သတ်မှတ်ပေးစေလိုကြောင်း သိရသည်။

အာကာသဖုန်စုပ်စက် ဆွစ်ဇာလန်ပညာရှင်များ ဖန်တီးနေ





ဖုန်စုပ်စက်၏ သဘောတရားကိုအခြေခံပြီး အာကာသတွင်းရှိ ဂြိုဟ်တုပျက်အစိတ်အပိုင်းများ၊ ဒုံးပျံအစိတ်အပိုင်းများကို ရှင်းလင်းပစ်မည့် အာကာသဖုန်စုပ်စက်ဂြိုဟ်တုများကို တီထွင်နေကြောင်း ဆွစ်ဇာလန်နိုင်ငံမှ သိပ္ပံပညာရှင်များက ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဆွစ်ဇာလန် ထိပ်တန်းတက္ကသိုလ် Ecole Polytechnique Federale de Lausanne(EPFL)ရှိ ဆွစ်အာကာသစင်တာမှ ပညာရှင်များက အာကာသဖုန်စုပ်စက်အတွက် ဖြစ်နိုင်ခြေပုံစံနှစ်မျိုးကို စဉ်းစားနေခြင်းဖြစ်သည်။

ATM စက်များကို လူစည်ကားသည့် နေရာများတွင်လည်း ထားရှိသွားမည်





72113
ဖေဖော်ဝါရီလ ၁၇ ရက်နေ့က တော်ဝင်စင်တာရှေ့ အ၀င်ဝတွင် ATM စက်များ တပ်ဆင်ထားသည်ကို တွေ့ရစဉ်
ATM ငွေထုတ်စက်များကို ရှော့ပင်းစင်တာများတွင် အသုံးပြုနိုင်ရန် စတင်တပ်ဆင်နေပြီး ဘူတာရုံ၊ ဆေးရုံ၊ ရုပ်ရှင်ရုံနှင့် လေဆိပ်များစသည့် လူစည်ကားသည့် နေရာများတွင်လည်း တပ်ဆင်သွားမည်ဖြစ်ကြောင်း အဆိုပါလုပ်ငန်း ဆောင်ရွက်နေသည့် ဘဏ်များ၏ တာဝန်ရှိသူများထံမှ သိရှိရသည်။
အဆိုပါ ATM ငွေထုတ်ယူ သည့်စနစ်ကို ဘဏ်များအနီးရှိနေရာ များတွင်သာ ယခင်ကထားရှိခဲ့သော် လည်း ယခုဖေဖော်ဝါရီလအတွင်းမှ စတင်၍ လူစည်ကားသည့် ရှော့ပင်းစင်တာများတွင် အသုံးပြုနိုင်ရန် တပ်ဆင်နေပြီဖြစ်ကြောင်း သိရှိရသည်။

၉၄ ရာခိုင်နှုန်းသည် မြည်းမဟုတ်


ဤဆောင်းပါးကို ရေးနေချိန်သည် မြန်မာ့ဆက်သွယ်ရေး၏ ``တန်ဖိုးနည်းနည်း´´ ဟုဆိုသည့် GSM ဖုန်းကို နှစ်သိန်းခွဲ၊ သုံးသိန်းဟု ကြားခဲ့ရပြီး နောက်ဆုံးတော့ မတ်လဆန်းတွင် ကျပ်နှစ်သိန်းဟု သတ်မှတ်ကာ ချပေးမည့်အကြောင်း ဂျာနယ်အချို့တွင် ဖတ်ရချိန်ဖြစ်သည်။
ငါးထောင်တန်ဖုနုးနှင့် ပတ်သက်လို့ကတော့ ဘယ်လိုအဖြေထွက်မည်ဟု စောစောကပင် ခန့်မှန်းမိကာ မမျှော်လင့်ခဲ့ကြောင်းနှင့် တည်ဆောက်ဆဲစီမံကိန်းကိုသာ ဆင်းမ်ကတ်ဈေးနှုန်းပြန်လည်စဉ်းစားရန် စာရေးသူ တင်ပြခဲ့ပါသည်။ ငါးထောင်တန်ကို မျှော်သူတွေကတော့ မျှော်ကြဆဲသာဖြစ်သည်။ ထိုအထဲတွင် ကြေးမုံသတင်း စာ၏ စာတည်းရှုထောင့်ကပါ ပါဝင်ရေးသားခဲ့သည်ဆိုသဖြင့် အံ့သြစွာ ပြန်လည်ရှာဖွေဖတ်ရှုခဲ့ရသေးသည်။
ဟုတ်ပါသည်။ ကြေးမုံစာတည်းကလည်း ၀န်ထမ်းပီပီ ၁၅ သိန်းမှာ မကပ်နိုင်၊ ငါးသိန်းနှင့်လည်း မ၀ယ်နိုင်၊ နှစ်သိန်းခွဲ၊ သုံးသိန်းဆိုတော့လည်း မသက်သာလှသေး၍ ငါးထောင်ဖုန်းသတင်းထွက်လာတော့ ပျော် မိသည့်အကြောင်း၊ ထို့နောက် မဖြစ်နိုင်ဟုသိရတော့ အိပ်မက်မှ လန့်နိုးသလိုဖြစ်ရသည့်အကြောင်း နတ်သံနှော ရင်း ပုံပြင်လေးတစ်ပုဒ်ကို ထည့်ပြောသွားသေးသည်။
သူ့ပုံပြင်လေးက အခြေအနေနှင့် ထင်ဟပ်မိလွန်း၍ ပြန်လည်တင်ပြပါရစေ ၊ တစ်ခါက ဆပ်ကပ် ပိုင်ရှင် တစ်ယောက်က သူ့သမီးအပျိုလေးကို ကြိုးတန်းလျှောက်နည်းသင်ပေးရာတွင် ကြိုးတန်းပေါ်မှ ချော်မကျစေ ရန် သတိပေးကြောင်း၊ `နင်ပြုတ်ကျလို့ကတော့ ဟောဟိုက မြည်းနဲ့ပေးစားပစ်မယ်´ ဟုလည်း ကြိမ်းမောင်းကြောင်း၊ ထိုစကားကို အမှတ်မဲ့ကြားသွားသော မြည်းမှာ ထိုအချိန်မှစ၍ မြက်လည်းမစား၊ ဘယ်မှ လည်းမသွားတော့ဘဲ ဆက်ကပ်ပိုင်ရှင်သမီးလေး (ငယ်ငယ်ချောချောလေး ဖြစ်ပုံရသည်) ကြိုးတန်းလျှောက် လေ့ကျင့်နေသည့်အနားမှ မခွာတော့ဘဲ တစ်ချိန်ချိန်တော့ပြုတ်ကျလာနိုး မျှော်လင့်နေတော့သည့်အကြောင်း ဖြစ် ပါသည်။
သူပြောမှပဲ ငါးထောင်ဖုန်း မျှော်မိသူတွေကလည်း မြည်းတွေဖြစ်ကုန်ပြီလောဟုတွေးရင်း ရယ်မော မိပါသည်။ ဟုတ်ကဲ့၊ ရယ်မောဆိုသည့်အတိုင်း ရ

မြန်မာတစ်ပြည်လုံးအားကစားကွင်းများကို မဲဆွယ်စည်းရုံးရေးများတွင် အသုံးမပြုရ ဟုဆို


အားကစားဝန်ကြီးဦးတင့်ဆန်း
ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးရေးခရီးစဉ်များအတွင်း တွင် နေရာရရှိရေးအတွက် အားကစားကွင်းများအသုံးပြုရာတွင် အားကစားပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်းအနေနှင့်ကန့်ကွက်မှု့များရှိပြီး ဖျာပုံတွင် ဖြစ်ခဲ့သော ကိစ္စတွင် ၀န်ကြီးတစ်ဦးအနေနှင့် ဟန့်တားနေခြင်းသည် လုံးဝမသင့်တော်ကြောင်း ရွေးကောက်ပွဲအောင်နိုင်ရေးမန်နေဂျာအဖြစ်ခန့်အပ်ခြင်းခံထားရသော ဦးဥာဏ်ဝင်းက ရှင်းလင်းပွဲတွင်ပြောကြားသွားသည်။

မြန်မာ့စီးပွားရေး အလားအလာ အပေါ် ပညာရှင်တွေ သုံးသပ်


မြန်မာနိုင်ငံဟာ သယံဇာတ ပေါကြွယ်ဝတဲ့ အပြင် ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတာကြောင့် နိုင်ငံတကာ ကုမ္ပဏီတွေက ရင်းနှီးမြှပ်နှံ လိုကြပေမယ့် ငွေကြေး လဲလှယ်မှုနှုန်းထား မတည်ငြိမ်သေးတာနဲ့ ဘဏ်စနစ် မခိုင်မာသေးတာကြောင့် မြန်မာ့ စီးပွားရေးဟာ အရှိန်အဟုန်နဲ့ တိုးတက်ဖို့ အလားအလာ မရှိသေးဘူးလို့ လေ့လာသူတွေက ပြောပါတယ်။
The World Economic Forum
အမေရိကန်နိုင်ငံ ကိုလံဘီယာတက္ကသိုလ် စီးပွားရေး နိုဘယ်ဆုရှင် Jospeh Stiglitz ။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း နေပြည်တော်မှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာ စီးပွားရေး ပညာရှင်တွေနဲ့ မြန်မာစီးပွားရေး ပညာရှင်တွေ ဆွေးနွေးပွဲမှာ သုံးသပ်ရာမှာ မြန်မာနိုင်ငံ ပိုမို ပွင့်လင်းလာတာနဲ့ အတူ မြန်မာ့စီးပွားရေးဟာ ရှေ့ဆက်ပြီး ပိုလမ်းစ ဖွင့်ပေးသလို ဖြစ်လာလိမ့်မယ်လို့ သဘောတူကြပါတယ်။

ဆီးရီးယားမြို့တော်မှာ ဆန္ဒပြသူတွေကို ပစ်ခတ်


ဆီးရီးယားမြို့တော် ဒမတ်စကက်စ်က ဈာပနအခမ်းအနားတစ်ခုမှာ ဆန္ဒပြသူတွေကို အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တယ်လို့ ဆီးရီးယားအရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ဒီကနေ့ ဖြစ်ပွားတဲ့ အဲဒီပစ်ခတ်မှုကြောင့် လူ ၃ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်ဆိုပေမဲ့ ဘယ်နှစ်ဦးရှိသလဲ ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။
ဆီးရီးယားနိုင်ငံက အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့နဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို ငြိမ်းငြိမ်းချမ်းချမ်း လုပ်ခွင့်ပေးဖို့ အစိုးရဘက်ရော အတိုက်အခံ ဘက်ရော ဘက်ပေါင်းဆုံက ၀ိုင်းလုပ်ကြဖို့ တရုတ်နိုင်ငံ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ဇိုင်အီ ဂျွန်းက တိုက်တွန်းလိုက်ပါတယ်။ ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆဒ် နဲ့ တရုတ်နိုင်ငံ ဒုနိုင်ငံခြားရေး ၀န်ကြီးတို့ မြို့တော် ဒမတ်စကက်စ်မှာ တွေ့ဆုံခဲ့ကြပြီး အခုလို ပြောခဲ့တာပါ။

ဗြိတိန်၊ ပြင်သစ် ရေနံတင်ပို့မှု အီရန် ရပ်ဆိုင်း



ဥရောပသမဂ္ဂက အီရန်ရဲ့ ပြည်ပကို ရေနံတင်ပို့မှုအပေါ် ပိတ်ပင်တာကို လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်နိုင်ငံက ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံတွေကို ရေနံရောင်းချမှုကို ရပ်တန့်လိုက်ပြီလို့ ကြေညာလိုက်ပါတယ်။
အီရန်နိုင်ငံကနေ ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံက ကုမ္ပဏီတွေဆီ ရေနံတင်ပို့နေမှုကို ရပ်ဆိုင်းလိုက်ကြောင်း အီရန်ရေနံ ၀န်ကြီးဌာနက တနင်္ဂနွေနေ့မှာ ကြေညာလိုက်ပြီး ဖောက်သည် အသစ်တွေဆီကို ရောင်းချတော့မယ်လို့ ပြောဆို လိုက်ပါတယ်။
ဒီလိုလုပ်လိုက်တာဟာ EU ဥရောပသမဂ္ဂက ဇူလိုင်လ ၁ ရက်နေ့ကစပြီး အီရန်နိုင်ငံကနေ ရေနံတင်သွင်းနေမှုကို ပိတ်ပင်တော့မယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို လက်တုံ့ပြန်လိုက်တာဖြစ်ပါတယ်။

အန်အယ်လ်ဒီ လွှတ်​တော်အမတ် ​ဒေါက်တာမြတ်ဉာဏစိုး​နှင့်အင်တာဗျူး


ရန်ကုန်တိုင်း ​က အမျိုး​သား​လွှတ်​တော်ကိုယ်စား​လှယ် ​ဒေါက်တာမြတ်ဉာဏစိုး​ရဲ့​ ပါတီဝင်အဖြစ် ​လျှောက်ထား​ချက်ကို လက်ခံလိုက်ပြီ ဖြစ်တဲ့​အတွက် ​ဒေါက်တာ မြတ်ဉာဏစိုး​ဟာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ကိုယ်စား​ပြု လွှတ်​တော်ကိုယ်စား​လှယ်တဦး​ ဖြစ်သွား​ပြီလို့​ အဖွဲ့​ချုပ် အတွင်း​ရေး​မှူး​အဖွဲ့​ဝင် ဦး​ဉာဏ်ဝင်း​က ဒီ​နေ့​ သတင်း​စာ ရှင်း​လင်း​ပွဲမှာ ​ပြောဆိုလိုက်ပါတယ်။
ဒေါက်တာမြတ်ဉာဏစိုး
ဒေါက်တာမြတ်ဉာဏစိုး​ကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။

နယ်နိမိတ်မြစ်များတွင် မြန်မာနိုင်ငံ၏ သဘောတူညီမှု မပါဘဲ မြေထိန်းနံရံများ ဆောက်လုပ်ခြင်းနှင့် ရေလမ်းထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်နေခြင်းကို ကွင်းဆင်းစစ်ဆေးမည်




72112 မြန်မာ-ထိုင်းနယ်စပ် မြ၀တီတစ်ဖက်ကမ်းကို တွေ့ရစဉ်
မြန်မာ-ထိုင်း နယ်နိမိတ်မြစ်များတွင် မြန်မာနိုင်ငံ၏ သဘောတူညီမှု မပါဝင်ဘဲ ထိုင်းဘက်က မြေထိန်းနံရံများ ဆောက်လုပ်ခြင်း၊ ရေလမ်းထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်နေခြင်းများကို မြန်မာ-ထိုင်း နယ်နိမိတ်မြစ်များ ဆိုင်ရာ နည်းပညာကျွမ်းကျင် ကော်မတီဖွဲ့စည်းပြီး ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်သွားရန် ရှိကြောင်း သိရှိရသည်။

အရှင်ဂမ္ဘီရအားဓမ္မစက်ဖြင့် ဆောင်ရွက်ရန်မဖြစ်နိုင် တော့သည့်အတွက် အာဏာစက်ဖြင့် ဆောင်ရွက်ရမည်ဟု အစိုးရပိုင်သတင်းစာတွင် ဖော်ပြထား




လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသည့် ဦးဂမ္ဘီရအား ဘာသာအကျိုး၊ သာသနာအကျိုးနှင့် သာသနာတော် သန့်ရှင်းရေးအလို့ငှာ ဓမ္မစက်ဖြင့် ဆောင်ရွက်ရန် မဖြစ်နိုင်တော့သည့် အတွက် အာဏာစက်ဖြင့် ဆောင်ရွက်ရမည်ဟု ဖေဖော်ဝါရီလ ၁၉ ရက်နေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် ဖော်ပြပါရှိသည်ကို တွေ့ရှိရပါသည်။
လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဇန်န၀ါရီလ ၁၃ ရက်နေ့က အကျဉ်းထောင်မှ လွတ်မြောက်လာပြီး ယင်းနေ့တွင်ပင် သင်္ကန်းပြန်လည်ဝတ်ခွင့်ပြုပါရန် လျှောက်ထား တောင်းပန်မှုမရှိဘဲ ရဟန်းပြန်ဝတ်ခဲ့သည့် ဦးဂမ္ဘီရသည် နိုင်ငံတော်က တရားဥပဒေနှင့်အညီ ယခင်က ချိတ်ပိတ်ထားသော သင်္ဃန်းကျွန်းမြို့နယ် မဂ္ဂင်ကျောင်းတိုက်တွင် ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဝင်ရောက်နေထိုင်ခြင်း၊ ဗဟန်းမြို့နယ် ခြောက်ထပ်ကြီး ဘုရားတိုက်ရှိ သာသနာ့သိပ္ပံကျောင်းတိုက်နှင့် သာသနာ့ဂုဏ်ရည် ကျောင်းတိုက်တို့၏ သော့များအား ရိုက်ဖျက် ဖွင့်လှစ်ခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့သဖြင့် သက်ဆိုင်ရာက အမှုဖွင့်၍ အရေးယူရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်။

တိုင်ရီဖိနပ်စက်ရုံ လစာ၊ စည်းကမ်းချက် ပြင်ဆင်မှုများနှင့်ပတ်သက်၍ အလုပ်သမားများဘက်မှ ၀ါဏိဇ္ဇပဋိပက္ခကော်မတီခုံရုံးသို့ တင်ပြသွားမည်




တရုတ်ထိုင်ဝမ် တိုင်ရီစက်ရုံမှအလုပ်သမားများ
လှိုင်သာယာမြို့နယ် စက်မှုဇုံ (၃)ရှိ တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားများဘက်မှ လစာတိုးမြှင့်တောင်းခံမှုနှင့် စည်းကမ်းချက် ပြင်ဆင်သတ်မှတ်ပေးပါရန်ကိစ္စများနှင့်ပတ်သက်၍ အလုပ်သမားများဘက်မှ အလုပ်သမားရေးရာ ဖြေရှင်းပေးသည့် ၀ါဏိဇ္ဇပဋိပက္ခ ကော်မတီခုံရုံးသို့ တင်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တရုတ်ထိုင်ဝမ် တိုင်ရီဖိနပ်စက်ရုံမှ လုပ်သား ၁၈၆၃ ဦးသည် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် စက်ရုံမှပေးအပ်သည့် အခြေခံလစာ၊ အလုပ်သမားအခွင့်အရေးများနှင့်ပတ်သက်၍ ဆန္ဒဖော်ထုတ်ခဲ့ကြပြီးနောက် အခြားသော ဖိနပ်စက်ရုံအချို့သည်လည်း အလုပ်ရှင်နှင့် အလုပ်သမား ပဋိပက္ခ ဖြစ်ပေါ်လာကြောင်း လက်ရှိအချိန်တွင် ကျန်စက်ရုံများမှ ပြေလည်အောင် ညှိနှိုင်းပြီးဖြစ်သော်လည်း တိုင်ရီစက်ရုံအနေဖြင့်မူ အလုပ်ရှင်နှင့်အလုပ်သမား ညှိနှိုင်းမှုပြေလည်ခြင်းမရှိသေးကြောင်း သိရသည်။

မော်လမြိုင် သံလွင်မြစ်အတွင်း အပျော်စီးရေပေါ် ရှပ်ပြေးယာဉ်တစ်စင်း တိမ်းမှောက်၍ ဆရာဝန်တစ်ဦးသေဆုံး




မော်လမြိုင်မြို့ စစ်ကဲကုန်းရပ် မြို့မတံတားရှိ ဂျက်စကီးအပျော်စီး ရေပေါ်ရှပ်ပြေးယာဉ်တစ်စီးကို ရန်ကုန်မှ ဆေးပစ္စည်းပြပွဲ လာရောက်သော ဆရာဝန်ဇနီးမောင်နှံတို့ ငှားရမ်းစီးနင်းရာ အရှိန်မထိန်းနိုင်ဘဲ ရပ်ထားသော ပိုင်းလော့ဘုတ်ကို ၀င်တိုက်မိခဲ့ပြီး ပိုင်းလော့ဘုတ်နှင့် ရေဘောင်ကြား သံလွင်မြစ်အတွင်း ကျသွားသည်ကို အနီးရှိသူများက ၀ိုင်းဝန်းဆယ်ယူခဲ့ပြီး မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ရာ၊ ဆေးရုံအရောက်တွင် ဒေါက်တာအောင်ဝင်းမောင် သေဆုံးသွားခဲ့သည်ဟု သတင်းရရှိသည်။
Related Posts Plugin for WordPress, Blogger...

ShareThis