menu

Wednesday 11 December 2013

ဟယ်ရီပေါ်တာကြောင့် ကြီးပွားသော်လည်း ရေခဲမုန့် သည် လုပ်သူ

ဟယ်ရီပေါ်တာကြောင့် ကြီးပွားသော်လည်း ရေခဲမုန့် သည် လုပ်သူ 

ဟယ်ရီပေါ်တာ ရုပ်ရှင်မှာ ဇာတ်ပို့ သရုပ်ဆောင် မင်းသား အနေနဲ့ ပါဝင်တဲ့ Rupert Grint  ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့ အချမ်းသာဆုံး လူငယ် မင်းသား စာရင်းထဲမှာ ပါဝင်ပါတယ်။ သူ့ရဲ့  ဝါသနာ ကတော့ ကလေးတွေကို ရေခဲမုန့် ကျွေးမွေးခြင်း ဖြစ်ပါတယ်။

 Rupert Grint  က ရေခဲမုန့်ကို မရောင်းပါဘူး။ အလှူလုပ်သူ ဖြစ်ပါတယ်။ ကလေးတွေကို အလကား ကျွေးခြင်း ဖြစ်ပါတယ်။ သူ့မှာ အမေရိကန်ဒေါ်လာ ၃၇ သန်း မက တဲ့ ငွေကြေးကို ဟယ်ရီပေါ်တာ ရုပ်ရှင် ထဲမှ ရရှိထားပြီး တစ်သက်လုံး အေးဆေးနေနိုင်သူ ဖြစ်ပါတယ်။ ကား အကောင်းစား၊ အသုံးအဆောင်အကောင်းစားများကိုလည်း သုံးနိုင်ပေမယ့် Rupert Grint  ကတော့ ထင်သလိုမဟုတ်ပါဘူး။ 

သူရတဲ့ ငွေနဲ့ ရေခဲမုန့်ကား တစ်စီး ဝယ်ပြီး အမေရိကန် ပြည်ထောင်စု က ပြည်နယ်တွေရဲ့  မြို့ ငယ်၊ရွာတွေကို အနှံ့သွားလို့ အလကား ဝေ ပါတယ်။ ရောင်းတာ မဟုတ်ပါဘူး။ ကလေးငယ်လေးတွေကို အလကားကျွေးတာပါ။ သူ့အနေနဲ့ အနုပညာအလုပ် အချိန်ရဲ့ ပြင်ပ အချိန်တွေမှာ ကလေးတွေကို ရေခဲမုန့် အလကား လိုက်ကျွေးတဲ့ ကားနဲ့ နေရာအနှံ့လျှောက်သွားလို့ လှူဒါန်း လေ့ရှိကြောင်း သိရ ပါတယ်။
.
Ref: dyknow

အောင်ခမ်း ( ရိုးရာလေး )

http://www.yoyarlay.com/international-news/usa/39186-hrupert-grint-offer-ice-cream-for-free

မန်စီမြို့နယ်ရှိ ကျေးရွာများတွင် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့များက အရပ်သားများကို ဖမ်းဆီးခေါ်ဆောင်မှုများ ဆက်တိုက်ဖြစ်ပွား

ကချင်ပြည်နယ် မန်စီမြို့နယ် မန်စီမြို့နှင့် နှစ်မိုင်ဝန်းကျင်ခန့်ဝေးသော ကျေးရွာများတွင် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့အစည်းများက အရပ်သားများကို

ကချင်ပြည်နယ် မန်စီမြို့နယ် မန်စီမြို့နှင့် နှစ်မိုင်ဝန်းကျင်ခန့်ဝေးသော ကျေးရွာများတွင် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့အစည်းများက အရပ်သားများကို ဖမ်းဆီးခေါ်ဆောင်မှုများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောကြားသည်။ ယင်းသို့ လူခေါ်ဆောင်မှုများကို မန်စီမြို့အနီးရှိ မန်ဖွ၊ ပါတော်၊ ကျော်ခေါင် စသည့်ကျေးရွာများတွင် ဒီဇင်ဘာ ၄ ရက်၊ ၇ ရက်၊ ၈ ရက်နေ့များက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မန်စီမြို့မှ ဒေသခံ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦး....က "၄ ရက် မန်ဖွမှာ ဆွဲတာက လယ်ကွင်းထဲမှာဆွဲတာ ၂၁ ဦးရှိတယ်။ ၇ ရက်က ပါတော်မှာ ညပိုင်းဆွဲတာ။ စိန်လိန်ရွာက ကလေးတွေ ၃၀ ကျော်တယ်လို့ စာရင်းရတယ်။ မိဘတွေကတော့ ညှိနေတုန်းပါပဲ။ ၈ ရက်က ကျော်ခေါင်ရွာမှာ ဆွဲတယ်။ ဒီအနီးက လူတွေကတော့ သတင်းရလို့ ပါမသွားဘူး။ သစ်လုပ်ငန်းနဲ့ ပတ်သက်ပြီး ရောက်လာတဲ့ အောက်ချောင်းက အများစုပဲပါသွား တာ။ ကျေးရွာအများစုက ကလေးတွေတော့ မြို့တက်ပြီး ရှောင်နေကြတာများတယ်။ အဲဒီရွာတွေမှာက ကုန်းပေါ်တွေမှာ စစ်တပ်တွေ ရှိပါတယ်။ မြင်ပေမယ့် ဘာအသံမှ မပေးတာကတော့ ဘာကြောင့်လဲ မပြောတတ်ဘူး။ ဒီနေ့အထိတော့ ပြန်လွတ်လာတာမျိုး မရှိသေးဘူး" ဟု The Daily Eleven သို့ ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းက ပြောကြားသည်။

ယူကရိန်းရဲတပ်ဖွဲ့က သပိတ်စခန်းကို အင်အားသုံးကာ ၀ိုင်းရံပိတ်ဆို့

Photo: ယူကရိန်းရဲတပ်ဖွဲ့က သပိတ်စခန်းကို အင်အားသုံးကာ ၀ိုင်းရံပိတ်ဆို့

ဒီဇင်ဘာ ၁၁။

ယူကရိန်းရဲတပ်ဖွဲ့က မြို့တော် Kiev တွင် ကြီးမာသည့် သပိတ်စခန်း ဖွင့်လှစ်ထားသော ကန့်ကွက်သူများစုဝေးရာ နေရာ တစ်ခုလုံးကို ရာပေါင်းများစွာသော တပ်ဖွဲ့အင်အားဖြင့် ၀န်းရံပိတ်ဆို့ထားသည်။ 

ယနေ့ ဒီဇင်ဘာ ၁၁ရက်နံနက်ပိုင်းက မြို့တော်ရှိ လွတ်လပ်ရေး
ရင်ပြင်တွင် ရဲတပ်ဖွဲ့ဝင်များသည် အတားအဆီးများစွာဖြင့် လာရောက်စောင့်ကြပ်နေကြပြီး အဓိကရုဏ်းနှိမ်နှင်ရေး လက်နက်များစွာကိုလည်း အသင့်ပြင်ဆင်ထားကြသည်။ 

ရဲတပ်ဖွဲ့ သည် အင်အားသစ်၊ တပ်သားသစ် များဖြည့်တင်းကာ 
လိုအပ်လျှင် အကြမ်းဆုံးနည်းဖြင့် ကန့်ကွက်ပွဲများကို နှိမ်နင်းရန် 
ပြင်ဆင်နေသည့်ပုံ ပေါ်လွင်နေသည်။ 

ရာပေါင်းများစွာသော ကန့်ကွက်သူများကလည်း သူတို့နောက်ဆုံး ထိန်းချုပ်ထားသော မြို့တော်၏ အချက်အချာနေရာရှိ ဟောပြောရေး စင်မြင့်များရှေ့တွင် လိမ္မော်ရောင် ဦးထုပ်ကိုယ်စီဆောင်းကာ 
မနုဿတံတိုင်း ကာရံထားသည်။ 

ယမန်နေ့ည တစ်ညလုံး ကန့်ကွက်သူများနှင့် ရဲတပ်ဖွဲ့ဝင်များသည် တစ်ဘက်နှင့်တစ်ဘက် စောင့်ကြည့် အကဲခတ်လျှက် ရှိသည်။ ကန့်ကွက်သူများသည် နိုင်ငံတော်သီချင်းကို စုပေါင်းသီဆိုကြပြီး၊ ရဲတပ်ဖွဲ့များ တစ်လှမ်းတိုးလာတိုင်း ငါတို့နရာ အရွေ့မခံဟု အော်ဟစ်နေကြသည်။

ရဲတပ်ဖွဲ့များသည် သပိတ်စခန်းများကို ပိတ်ဆို့ဝန်းရံထားခြင်းမှာ ကန့်ကွက်သူအင်အား ထပ်မံမတိုးပွားလာစေရန်နှင့် အစားအစာ၊် ရေနှင့် နည်းလမ်းအမျိုးမျိုးဖြင့် အသုံးတည့်နေသော လောင်စာများ ပြတ်လတ်ရန် ရည်ရွယ်ထားခြင်း ဖြစ်နိုင် ကြောင်း လေ့လာသူများက ဆိုသည်။

ယူကရိန်းနိုင်ငံကို ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံအဖြစ် ပြည်သူများက လိုလားချိန်တွင် လက်ရှိသမ္မတ ယာနူကိုဗစ်ခ်ျက ရုရှားနိုင်ငံနှင့်သာ အခင်အမင်မပျက် ဆက်လက် လက်တွဲလိုသည့် လုပ်ရပ်များကြောင့် ဥရောပသမဂ္ဂသို့ ၀င်ရောက်ရန် ငြင်းဆိုထားသည်။ 

ဥရောပနိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ကက်သရင်းအက်ရှိတန်နှင့် အမေရိကန် ဒုတိယနိုင်ငံခြားဝန်ကြီး ဗစ်တိုးရီးယားနျူလန်တို့က လက်ရှိအစိုးရနှင့် ပြည်သူများအကြား ဖြစ်ပွားနေသည့် မကျေမလည်မှုများအတွက် ကန့်ကွက်သူများနှင့် အစိုးရ အာဏာပိုင်တို့ နှစ်ဘက်စလုံးနှင့် ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ကြိုးပမ်းလျက် ရှိသည်။
 
Ref: Al Jazeera
ဒီဇင်ဘာ ၁၁။

ယူကရိန်းရဲတပ်ဖွဲ့က မြို့တော် Kiev တွင် ကြီးမာသည့် သပိတ်စခန်း ဖွင့်လှစ်ထားသော ကန့်ကွက်သူများစုဝေးရာ နေရာ တစ်ခုလုံးကို ရာပေါင်းများစွာသော တပ်ဖွဲ့အင်အားဖြင့် ၀န်းရံပိတ်ဆို့ထားသည်။

ယနေ့ ဒီဇင်ဘာ ၁၁ရက်နံနက်ပိုင်းက မြို့တော်ရှိ လွတ်လပ်ရေး
ရင်ပြင်တွင် ရဲတပ်ဖွဲ့ဝင်များသည် အတားအဆီးများစွာဖြင့် လာရောက်စောင့်ကြပ်နေကြပြီး အဓိကရုဏ်းနှိမ်နှင်ရေး လက်နက်များစွာကိုလည်း အသင့်ပြင်ဆင်ထားကြသည်။

ရဲတပ်ဖွဲ့ သည် အင်အားသစ်၊ တပ်သားသစ် များဖြည့်တင်းကာ
လိုအပ်လျှင် အကြမ်းဆုံးနည်းဖြင့် ကန့်ကွက်ပွဲများကို နှိမ်နင်းရန်
ပြင်ဆင်နေသည့်ပုံ ပေါ်လွင်နေသည်။

ရာပေါင်းများစွာသော ကန့်ကွက်သူများကလည်း သူတို့နောက်ဆုံး ထိန်းချုပ်ထားသော မြို့တော်၏ အချက်အချာနေရာရှိ ဟောပြောရေး စင်မြင့်များရှေ့တွင် လိမ္မော်ရောင် ဦးထုပ်ကိုယ်စီဆောင်းကာ
မနုဿတံတိုင်း ကာရံထားသည်။

ယမ်းငွေ့ဝေဆဲ မန်စီနယ်

Photo: ယမ်းငွေ့ဝေဆဲ မန်စီနယ်
------------
ရေးသားသူ- အောင်ခိုင်၊ မရန်

အစိုးရနှင့် ကေအိုင်အိုတို့ကြား အောက်တိုဘာလအတွင်းက ပြုလုပ်ခဲ့သော မြစ်ကြီးနားငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး နှစ်ပတ်ကျော်ခန့်အကြာ မန်စီမြို့နယ်အတွင်း တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်။ 

မုန်းဒိန်ပါ၊ နမ့်လင်းပါကျေးရွာဝန်းကျင်များတွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံပြည်သူထောင်နှင့်ချီ၍ တရုတ်နယ်စပ်နှင့် ဗန်းမော်မြို့သို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။ ၂ နှစ်ကျော်ကာလအတွင်း စစ်ဘေးဒုက္ခသည် ပြည်သူတစ်သိန်းကျော်အရေး မဖြေရှင်းနိုင်မီ စစ်ရှောင်ပြည်သူများ ထပ်မံတိုးပွားနေဆဲဖြစ်သည်။

လက်ရှိအချိန်တွင်လည်း မန်စီမြို့နယ်အတွင်း အစိုးရတပ်နှင့် ကေအိုင်အေတပ်တို့ကြား တပ်များနေရာယူထားမှုမှာ တစ်ဖက်နှင့်တစ်ဖက် တစ်မိုင်ခန့်သာကွာဝေးနေသည်။ ယင်းကြောင့်ပင် အချိန်မရွေး တိုက်ပွဲများပြန်လည်ဖြစ်ပွားလာမည်ကို ဒေသခံပြည်သူများက စိုးရိမ်နေကြသည်။

အစိုးရနှင့် ကေအိုင်အိုကြား ငြိမ်းချမ်းရေးဆွေးနွဲပွဲများ ပြုလုပ်နေသော်လည်း တိုက်ပွဲများပြန်လည်ဖြစ်ပွားနေရခြင်းအပေါ် မေးခွန်းထုတ်စရာဖြစ်နေသည်။

ဖန်ခါးကုန်းစစ်ရှောင်စခန်း
ဗန်းမော်မြို့အစွန်ရှိ ဖန်ခါးကုန်းစစ်ရှောင်စခန်းတွင် အသက် ၆၇ နှစ်အရွယ်ရှိ စစ်ဘေးဒုက္ခသည် ဦးအင်ခွန်နော်တစ်ယောက် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရန် တန်းစီစောင့်ဆိုင်းနေပါသည်။ သူကဲ့သို့ တိုက်ပွဲများကြောင့် အ၀တ်တစ်ထည်ကိုယ်တစ်ခုဖြင့် ထွက်ပြေးတိမ်းရှောင်လာရသော စစ်ဘေးဒုက္ခသည်ပြည်သူများကို လ၀ကမှ နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်ပြုလုပ်ပေးနေခြင်းဖြစ်သည်။

ဦးအင်ခွန်နော်မှာ အောက်တိုဘာလနှောင်းပိုင်းက မုန်းဒိန်ပါကျေးရွာတွင် အစိုးရနှင့် ကေအိုင်အေတို့ကြားဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသူတစ်ဦးဖြစ်သည်။ 

“လက်နက်ကြီးသံတွေ တ၀ုန်းဝုန်းနဲ့ ရွာထဲမှာ ယာလုပ်နေရင်းက ထွက်ပြေးလာရတော့ အ၀တ်တစ်ထည်ကိုယ်တစ်ခုနဲ့ပေါ့”ဟု ဦးအင်ခွန်နော်က သူ့အတွေ့အကြုံကိုပြောပြသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် လတ်တလောဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့်ပတ်သက်၍ အစိုးရနှင့် ကေအိုင်အေ နှစ်ဖက်ပြောကြားချက်များမှာ ကွဲပြားနေပါသည်။

အစိုးရဘက်က မန်စီမြို့နယ်တွင် စစ်ဆင်ရေးပြုလုပ်ခြင်းမဟုတ်ဘဲ ရဲတပ်ဖွဲ့လက်လှမ်းမမီသည့် မှောင်ခိုလမ်းကြောင်းများကို တပ်မတော်ကရှင်းလင်းခြင်းဖြစ်ပြီး ကေအိုင်အေတပ်ဘက်က အထက်၏အမိန့်ကိုမလိုက်နာဘဲ စတင်ပစ်ခဲ့ခြင်းကြောင့် တိုက်ပွဲများဖြစ်ပွားရခြင်းဖြစ်ကြောင်း ပြောကြားသည်။

အောက်တိုဘာလ မြစ်ကြီးနားဆွေးနွေးပွဲအတွင်း နှစ်ဖက်သဘောတူညီခဲ့သည့် အရေးပါသော အများပြည်သူသုံးလမ်းများ ပြန်ဖွင့်နိုင်ရန် ကေအိုင်အေဘက်မှ တပ်သားများ နောက်ဆုတ်ပေးခဲ့သော်လည်း အစိုးရတပ်က သတ်မှတ်လမ်းကြောင်းအတိုင်း မ၀င်လာသည့်အတွက် မလွှဲမရှောင်သာ တိုက်ပွဲများပြန်လည်ဖြစ်ပွားရသည်ဟု ကေအိုင်အေဘက်မှ တုံ့ ပြန်ထားသည်။ 

ထို့အပြင် ယခုတိုက်ပွဲများဖြစ်ပွားရာ ဒေသများသည် ကေအိုင်အေတပ်များတည်ရှိရာ နယ်မြေများဖြစ်ပြီး အစိုးရတပ်များမ၀င်လာရန် ဆွေးနွေးပွဲတိုင်း၌ ပြောကြားထားခဲ့ကြောင်း ကေအိုင်အေဘက်ကလည်းဆိုပါသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပိုမိုပြုလုပ်လာပြီး တိုက်ပွဲအရှိန်လျှော့ရန် သဘောတူထားကြပါလျက် မန်စီနယ်တစ်ဝိုက်တွင် တိုက်ပွဲများထပ်မံဖြစ်ပွားခြင်းအပေါ် ပြည်သူများလည်း မျက်စိလည်လျက်ရှိသည်။ ကေအိုင်အေဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်ကိုယ်တိုင် ပထမဆုံးအကြိမ် ရန်ကုန်မြို့သို့လာရောက်ပြီး အစိုးရတာဝန်ရှိသူအချို့နှင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့သောကြောင့် ယုံကြည်မှုပိုခိုင်မာလာအောင် ကြိုးပမ်းနေပါလျက် မရပ်တန့်သောတိုက်ပွဲများက ပဟေဠိဖြစ်စေသည်။

ကချင်အရေးလေ့လာစောင့်ကြည့်သူများနှင့် ဒေသတွင်း အဖွဲ့အစည်းများကမူ ယခုဖြစ်ပွားသောတိုက်ပွဲများကြောင့် အစိုးရဘက်မှ နယ်မြေစိုးမိုးမှုပိုမိုရရှိပြီး၊ ကေအိုင်အေတပ်များကို နယ်စပ်ဘက်သို့ ဖိတိုက်သည့်ပုံစံဖြစ်နေကြောင်း သုံးသပ်ကြသည်။

ထို့အပြင် အစိုးရနှင့်ကေအိုင်အို မေလဆွေးနွေးပွဲက သဘောတူညီခဲ့သည့် စစ်ရှိန်လျှော့ချရေး၊ တိုက်ပွဲများထပ်မံမဖြစ်ပွားရေးတို့ကို နှစ်ဖက်စလုံးမှ ချိုးဖောက်သည့် သဘောဖြစ်အောင် ပြုလုပ်နေသည့်ပုံစံဖြစ်နေကြောင်း ၎င်းတို့ကသုံးသပ်ကြသည်။

“ဆွေးနွေးပွဲတွေ ရှည်နိုင်သမျှရှည်အောင် ဆွဲဆန့်ပြီးလုပ်။ နယ်မြေစိုးမိုးရေးဝင်လုပ် နယ်စပ်ကိုတွန်းပို့၊ နောက်ဆုံးမလှုပ်သာတော့မှ လည်ပင်းညှစ်ပြီးအဖြေတောင်းမယ့် သဘောလို့မြင်တယ်”ဟု ကချင်အရေးစောင့်ကြည့်သူတစ်ဦးကဆိုသည်။

ဆွေးနွေးပွဲရလဒ်များအပေါ် ထိခိုက်မည်စိုးရိမ်သဖြင့် မြန်မာ့တပ်မတော်မှ ကေအိုင်အိုထိပ်ပိုင်းသို့ တရားဝင်အကြာင်းကြားပြီးမှ တရားဥပဒေစိုးမိုးရေးအတွက် လှုပ်ရှားခဲ့သော်လည်း အောက်ခြေကမလိုက်နာလိုသဖြင့် တိုက်ပွဲများဖြစ်ပွားနေရခြင်းဖြစ်ကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ထိပ်တန်းအရာရှိတစ်ဦးကပြောသည်။

“ရဲတပ်ဖွဲ့လက်လှမ်းမမီတဲ့ ဒေသတွေမှာ မှောင်ခိုလမ်းကြောင်းတွေတားမြစ်ဖို့ တပ်မတော်ကတာဝန်ရှိတယ်။ ဒီလိုလုပ်တာ အဲဒီဒေသမှာရှိတဲ့ ကေအိုင်အေတွေအကျိုးကို အတော်နစ်နာစေတယ်လို့ သိရတယ်။ သူတို့ရဲ့အပေါ်က ညွှန်ကြားချက်ကိုကြားရပါတယ်။ အောင်ခြေကမလိုက်နာလို့ဖြစ်ရတာ”ဟု ဆိုပါသည်။

ယခုလတ်တလော တိုက်ပွဲများဖြစ်ပွားခဲ့သော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအစပ်ဒေသများသည် သဘာဝသယံဇာတများစွာရှိပြီး မဟာဗျူဟာကျသည့်နေရာများ ဖြစ်နေသည်ဟုလည်း ကချင်အရေးလေ့လာသူများကဆိုပါသည်။

ကေအိုင်အေ တပ်ရင်း ၂၇ မှ အရာရှိတစ်ဦးကမူ“နယ်မြေစိုးမိုးရေးလုပ်ချင်လို့လို့မြင်တယ်။ စီးပွားရေးအရပိတ်ချင်ရင် နယ်စပ်ဂိတ်ဘက်ကို ပိတ်နိုင်တာပဲ”ဟု တိုက်ပွဲများဖြစ်ပွားနေရခြင်းအပေါ် သူ့အမြင်ကိုပြောပြသည်။

ပြီးခဲ့သည့် တစ်လကျော်ကာလအတွင်း မန်စီမြို့နယ်တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် အနည်းဆုံး ကျေးရွာ ၁၅ ရွာမှ ဒေသခံပြည်သူထောင်နှင့်ချီ၍ တရုတ်နယ်စပ် မန်ဝိန်းကြီးဒေသ လဂတ်ယန်စခန်း၊ ဗန်းမော်မြို့ဝန်းကျင်ရှိ စစ်ရှောင်စခန်းများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ယခုလက်ရှိအချိန်တွင် မန်စီမြို့နယ်တွင် အစိုးရတပ်မှ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၂ ခုနှင့် တပ်ရင်း ၁၅ ရင်းခန့် လှုပ်ရှားနေသည်။ ကေအိုင်အေဘက်မှလည်း တပ်ရင်း ၁၊ ၁၂ နှင့်၂၇ တို့လှုပ်ရှားလျက်ရှိသည်။

နှစ်ဖက်တပ်များမှာ နီးကပ်လွန်းသည့်အပြင် စစ်ရေးလှုပ်ရှားမှုများရှိသဖြင့် အချိန်မရွေးတိုက်ပွဲပြန်လည်ဖြစ်ပွားနိုင်သည်ဟု ဒေသတွင်းအဖွဲ့အစည်းများကဆိုသည်။

“ကျွန်တော်တို့ကတော့ စစ်ပြေးဒုက္ခသည်တွေ အချိန်မရွေးထပ်လက်ခံနိုင်အောင် ပြင်ဆင်နေပါတယ်”ဟု ဖန်ခါးကုန်းစစ်ရှောင်စခန်း တာဝန်ခံဒူဝါဇော်ဘောက်ကပြောသည်။

အစိုးရနှင့်ကေအိုင်အေတို့ကြား ပြီးခဲ့သည့် ဆွေးနွေးပွဲနှစ်ခုအတွင်း စစ်ရှိန်လျှော့ချရန်၊ ရှေ့တန်းပူးတွဲစောင့်ကြည့်ရေးကော်မတီ (Joint Mointaring Committe)များ ဖွဲ့စည်းသွားကြရန် သဘောတူညီခဲ့ကြသည်။ သို့သော် လက်တွေ့အကောင်အထည်ဖော်နိုင်မှုမရှိသေးပေ။

သိန်းနှင့်ချီသည့် စစ်ရှောင်ဒုက္ခသည်များအပါအ၀င် ပြည်သူအားလုံးအတွက် စာရွက်အပေါ်မှ နှစ်ဖက်သဘောတူညီချက်များကို အမှန်တကယ်လိုက်နာပြီး လက်တွေ့အကောင်အထည်ဖော်သင့်ကြောင်း ကချင်စစ်ပွဲငြိမ်းချမ်းရေးအတွက် ပါဝင်ဆောင်ရွက်နေသူများက အကြံပြုပြောဆိုပါသည်။

“နှစ်ဖက်သဘောတူတဲ့အချက်တွေကို အပြင်မှာ လက်တွေ့အကောင်အထည်ဖော်ဖို့က အရေးကြီးပါတယ်”ဟု ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်မြောက်ရေးအဖွဲ့ (PCU)မှ ဦးအင်ရှန်ဆန်အောင်ကပြောသည်။

ဓာတ်ပုံ- မရန်

ရေးသားသူ- အောင်ခိုင်၊ မရန်

အစိုးရနှင့် ကေအိုင်အိုတို့ကြား အောက်တိုဘာလအတွင်းက ပြုလုပ်ခဲ့သော မြစ်ကြီးနားငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး နှစ်ပတ်ကျော်ခန့်အကြာ မန်စီမြို့နယ်အတွင်း တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်။

မုန်းဒိန်ပါ၊ နမ့်လင်းပါကျေးရွာဝန်းကျင်များတွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံပြည်သူထောင်နှင့်ချီ၍ တရုတ်နယ်စပ်နှင့် ဗန်းမော်မြို့သို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။ ၂ နှစ်ကျော်ကာလအတွင်း စစ်ဘေးဒုက္ခသည် ပြည်သူတစ်သိန်းကျော်အရေး မဖြေရှင်းနိုင်မီ စစ်ရှောင်ပြည်သူများ ထပ်မံတိုးပွားနေဆဲဖြစ်သည်။

လက်ရှိအချိန်တွင်လည်း မန်စီမြို့နယ်အတွင်း အစိုးရတပ်နှင့် ကေအိုင်အေတပ်တို့ကြား တပ်များနေရာယူထားမှုမှာ တစ်ဖက်နှင့်တစ်ဖက် တစ်မိုင်ခန့်သာကွာဝေးနေသည်။ ယင်းကြောင့်ပင် အချိန်မရွေး တိုက်ပွဲများပြန်လည်ဖြစ်ပွားလာမည်ကို ဒေသခံပြည်သူများက စိုးရိမ်နေကြသည်။

အစိုးရနှင့် ကေအိုင်အိုကြား ငြိမ်းချမ်းရေးဆွေးနွဲပွဲများ ပြုလုပ်နေသော်လည်း တိုက်ပွဲများပြန်လည်ဖြစ်ပွားနေရခြင်းအပေါ် မေးခွန်းထုတ်စရာဖြစ်နေသည်။

ဖန်ခါးကုန်းစစ်ရှောင်စခန်း
ဗန်းမော်မြို့အစွန်ရှိ ဖန်ခါးကုန်းစစ်ရှောင်စခန်းတွင် အသက် ၆၇ နှစ်အရွယ်ရှိ စစ်ဘေးဒုက္ခသည် ဦးအင်ခွန်နော်တစ်ယောက် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရန် တန်းစီစောင့်ဆိုင်းနေပါသည်။ သူကဲ့သို့ တိုက်ပွဲများကြောင့် အ၀တ်တစ်ထည်ကိုယ်တစ်ခုဖြင့် ထွက်ပြေးတိမ်းရှောင်လာရသော စစ်ဘေးဒုက္ခသည်ပြည်သူများကို လ၀ကမှ နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်ပြုလုပ်ပေးနေခြင်းဖြစ်သည်။

အာ​ဏာ​ရှင်​စ​နစ်​ကြောင့် ​မြန်​မာ့​ကျန်း​မာ​ရေး ​အ​ဆိုး​ရွား​ဆုံး​ဖြစ်​ခဲ့​ကြောင်း ​ဒေါ်​စု​ပြော

ကာ​တာ​နိုင်​ငံ ​ဒို​ဟာ​မြို့​မှာ ​ကျင်း​ပ​နေ​တဲ့ ​က​မ္ဘာ ​ကျန်း​မာ​ရေး ​ဆန်း​သစ်​တီ​ထွင်​မှု​ဆိုင်​ရာ ​ထိပ်​သီး​ညီ​လာ​ခံ (WISH ​မှာ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​မြန်​မာ​နိုင်​ငံ​ရဲ့ ​ကျန်း​မာ​ရေး ​အ​ခြေ​အ​နေ​နဲ့ ​ပတ်​သက်​ပြီး ​ပြော​ဆို​ခဲ့​ပါ​တယ်။

မြန်​မာ​ နိုင်​ငံ​က ​အ​ကောင်း​ဆုံး ​ကျန်း​မာ​ရေး ​ပြု​စု​စောင့်ေ​ရှာက်​မှု​စ​နစ်​ကို ​နိုင်​ငံ​ကို ​နှစ်​ပေါင်း ၆၀ ​ခန့် ​အုပ်​ချုပ်​ခဲ့​တဲ့ ​ကို​လို​နီ​အ​စိုး​ရ​ဆီ​က​နေ ​လက်​ခံ​ရ​ရှိ​ခဲ့​သ​လို ​လွတ်​လပ်​ရေး​ရ​ပြီး​တဲ့​နောက် ​အ​စိုး​ရ​က ​အဲ​ဒီ​အ​မွေ​ပေါ်​မှာ ​ဆက်​လက်​တည်​ဆောက်​ခဲ့​ကာ ​ကျန်​မာ​ရေး​စောင့်ေ​ရှာက်​မှု​မှာ ​မြန်​မာ​ဟာ ​ဒေ​သ​တွင်း​မှာ ​အ​ကောင်း​ဆုံး​ဖြစ်​တယ်​လို့ ​ပြော​ပါ​တယ်။

ဒါ​ပေ ​မယ့် ၁၉၆၀ ​နောက်​ပိုင်း ​စစ်​အ​စိုး​ရ ​အာ​ဏာ​ရ​ပြီး​တဲ့​နောက်​မှာ​တော့ ​ဒီ​အ​မွေ​ဟာ ​ပျောက်​ပျက်​သွား​ပြီး ​က​မ္ဘာ​မှာ ​ကျန်း​မာ​ရေး​စောင့်ေ​ရှာက်​မှု ​အ​ဆိုး​၀ါး​ဆုံး​နိုင်​ငံ​တွေ​ထဲ​က ​တ​နိုင်​ငံ ​ဖြစ်​ခဲ့​တယ်​လို့ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​ပြော​ပါ​တယ်။
 တိုင်း​ပြည်​ဟာ ​ဆင်း​ရဲ​ပေ​မယ့် ​သ​ဘာဝ​သံ​ယံ​ဇာ​တ ​အ​ရင်း​အ​မြစ်​တွေ ​အ​များ​ကြီး ​ရှိ​သ​လို ​ကောင်း​မွန် ​သင့်​တော်​စွာ ​အ​သုံး​ပြု​နိုင်​ရင် ​အ​နာ​ဂတ်​မှာ ​ချမ်း​သာ​နိုင်​တဲ့​အ​ကြောင်း​နဲ့ ​ဒီ​အ​ထဲ​မှာ ​လူ​သား​အ​ရင်း​အ​မြစ်​က ​အ​ဖိုး​တန်​ဆုံး ​ဖြစ်​တယ်​လို့ ​သူ​က ​ပြော​ပါ​တယ်။

ဆီးဂိမ်းဖွင့်ပွဲ အနီးကပ်မှ သတင်းထောက်များ ဝင်ခွင့်ကန့်သတ်ခံရ

ဆီးဂိမ်း, မီဒီယာ, ပြန်ကြားရေး ဝန်ကြီးဌာန
ဆီးဂိမ်းဖွင့်ပွဲ အခမ်းအနားအတွက် သတင်းဌာနတခုလျှင် ၀င်ခွင့်ကတ် ၂ ကဒ်သာ ရရှိသည့်အတွက် အဖွဲ့လိုက် လုပ်ဆောင်ရမည့် ရုပ်သံမီဒီယာသမားများနှင့် ကျင်းပရေး အဖွဲ့က စီစဉ်ပေးသော ယာဉ်တန်း တာဝန်ခံများ ပဋိပက္ခ ဖြစ်နေစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
နေပြည်တော်တွင် ယနေ့ ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲ ပွဲစဉ်တွင် လုံခြုံရေး အခြေအနေကြောင့် ဟုဆိုကာ ဆီးဂိမ်းဝင်ခွင့် (E) ကတ် ပြုလုပ်ထားကြသည့် သတင်းထောက်များကို ဖွင့်ပွဲအနီးကပ်မှ ကွင်းဝင်ခွင့်အရေအတွက် ကန့်သတ်လိုက်ကြောင်း သိရသည်။
“ပွဲကိုတက်ရောက်ကြမယ့် နိုင်ငံ့အကြီးအကဲ အပါအဝင် နိုင်ငံတကာက အကြီးအကဲတွေ အတွက်လည်း လုံခြုံရေးလည်း စီမံရတယ်၊ ကွင်းထဲကို လာကြမယ့် အားကစားသမားတွေ အတွက်လည်း နေရာစီစဉ်ပေးရတာကြောင့် အိုလံပစ်ကော်မတီနဲ့ ညှိနှိုင်းတော့ ထိုင်ခုံ ၃၀၀ က မီဒီယာတွေအတွက် ရတာကြောင့် နိုင်ငံတကာနဲ့ ပြည်တွင်း မီဒီယာတွေအတွက် အချိုးချ စီစဉ်ပေးလိုက်တာပါ” ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က နေပြည်တော်ရှိ IBC ခန်းမတွင် ဧရာဝတီ သတင်းဌာနနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ဆီးဂိမ်း ပြိုင်ပွဲများအတွက် ပြုလုပ်ထားသည့် မီဒီယာဝင်ထွက်ခွင့် (E) ကတ်များ ကိုင်ဆောင်ထားသည့် သတင်းမီဒီယာများ အနေဖြင့် ဂျာနယ်တိုက် (သို့မဟုတ်) သတင်းဌာန တခုလျှင် ၅ ဦးနှင့်အထက် စာရင်းတင်ပြထားပါက ကွင်းဝင်ခွင့်လက်မှတ် ၂ စောင်၊ ၅ ဦးအောက် စာရင်းပေးထားသည့် မီဒီယာများက ကွင်းဝင်ခွင့်လက်မှတ် ၁ စောင်ဖြင့်သာ ဝင်ခွင့်ရရှိတော့မည်ဖြစ်ကြောင်း နေပြည်တော် ဆီးဂိမ်းသို့ သွားရောက် သတင်းယူနေကြသည့် သတင်းသမားများက ပြောကြသည်။

ဦးဝင်းချို နှင့် အပေါင်းအပါ (၆)ဦးထဲမှ (၅)ဦး ကျင့်(၄၀၁)ဖြင့် ထောင်မှပြန်လွှတ်

ယနေ့ ဦးဝင်းချို နှင့် အပေါင်းအပါ (၆)ဦးထဲမှ (၅)ဦး ကျင့်(၄၀၁)ဖြင့် ထောင်မှပြန်လွှတ် ၊ ဓါတ်ပုံ - ကိုသန့် ဇင် 
ပဲခူးမြို့တွင် နိုင်ငံသားအရေး ဆောင်ရွက်ခဲ့သူ ဦးဝင်ချို နှင့် အပေါင်းအပါ(၆)ဦးအား (၂၉.၁၁.၂၀၁၃)နေ့ တွင် ပဲခူးမြို့နယ် တရားရုံး၌ မြို့နယ် တရားသူကြီး ဦးကျော်စိုးမှ  ပုဒ်မ ၅၀၅ (ခ)အမှုအတွက်သာ တစ်ဦးလျှင် ထောင်ဒဏ်(၆)လစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ ပါသည်။

၎င်းတို့(၆)ဦး အမှု ရင်ဆိုင် နေစဉ်ကာလအတွင်း ချုပ်ရက် ပေါင်း(၉၀)ရက် ရရှိထားပြီ ဖြစ်သည်။

 (၁၁.၁၂.၂၀၁၃)နေ့ နံနက်(၁၁း၀၀)အချိန်တွင် သမ္မတ၏ လွတ်ငြိမ်ချမ်းသာခွင့် အမိန့် နှင့် ဦးဝင်းချို၊ လေးနိုင်ဦး၊ ဘုံဘုံ၊ ဟန်လင်းအောင်နှင့် ထိန်လင်းတို့အား ကျင့်(၄၀၁)ဖြင့် ပဲခူးအကျဉ်းထောင်မှ ပြန်လည်လွှတ်မြောက်လာပြီ ဖြစ်သည်။

သို့ သော် ကိုရန်ပိုင်စိုးမှာ ခြံမြေကိစ္စ ပုဒ်မ ၄၄၃ဖြင့် တရားဆွဲဆို ထားသောကြောင့်(၁၃.၁၂.၂၀၁၃)နေ့တွင် အာမခံရ၍ လွှတ်မြောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကိုသန့် ဇင်

by Thit Htoo Lwin

``သီလရှင်တစ်ပါးကို ဓါးထောက်ခြိမ်းချောက်၍ လူနှစ်ဦးတို့က သားမယားပြုကျင့်မှု ဖြစ်ပွား´´

ဒီဇင်ဘာ(၉)ရက်နေ့ ညနေ(၆း၃၀)နာရီ အချိန်ခန့်တွင် မကွေးမြို့ အေးမြသာယာမြောက်ပိုင်း သစ္စာမဏ္ဍိုင် ဘုန်းကြီးကျောင်းရှေ့ လမ်းမအနီး၌ သီလရှင်တစ်ပါးကို ဓါးထောက် ခြိမ်းချောက်ပြီး လူနှစ်ဦးတို့က သားမယား ပြုကျင့်မှုဖြစ်ပွားကြောင်း Myanmar News Now မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ(၉)ရက်နေ့ ညနေ(၆း၃၀)နာရီ အချိန်ခန့်တွင် မကွေးမြို့ အေးမြသာယာမြောက်ပိုင်း သီတာရုံသီလရှင် ကျောင်းတိုက်မှ သီလရှင် မ…….(၃၇)နှစ် ၀ါတော်(၈)၀ါ၊ သာသနာ့မှတ်တမ်း မမှတ်မိ သူသည် သာယာကုန်းရွာ ပန်းရစ်တောင် ဘုန်းကြီးကျောင်းမှ ၎င်းနေထိုင်သော သီလရှင်ကျောင်းသို့ ပြန်လာစဉ် အဓမ္မပြုကျင့် ခံရခြင်း ဖြစ်သည်။

အေးမြသာ ယာမြောက်ပိုင်း သစ္စာမဏ္ဍိုင် ဘုန်းကြီးကျောင်းရှေ့ လမ်းမအရောက်တွင် ရှေ့မျက်နှာချင်းဆိုင်မှ လူနှစ်ယောက်ကို တွေ့မြင်ရကြောင်း၊ တစ်ဦးမှာအရပ်ရှည်ရှည် လက်ပျဉ်ကုန်းကုန်း(မြင်လျှင်မှတ်မိ)၊ နှင့် နောက်တစ်ဦးမှာအရပ်ပုပုက  သွားခေါခေါ(မြင်လျှင်မှတ်မိ)ဟု သီလရှင်မှဆိုသည်။

၎င်းနှစ်ဦးအား သီလရှင်မှ ကြောက်၍ နောက်ပြန်လှည့်စဉ် အရပ်ရှည်ရှည် လက်ပျဉ်ကုန်းကုန်လူမှ `ပါတာပေး´ဟုပြောကြောင်း၊ သီလရှင်မှ `ဒီဆန်ထုတ်ပဲပါတယ်´ဟုပြော ရာ ၎င်းလူမှ`ရှာမရှည်နဲ့ ရှေ့ကသွား´ဟု ဆိုကြောင်း သီလရှင်မှ ပြောပြပါသည်။

ဒေါ်လာ တစ်သိန်းတန် ဘရုတ်စလီ အင်္ကျီ

Photo: ဒေါ်လာ တစ်သိန်းတန် ဘရုတ်စလီ အိင်္ကျီ

ဘရုတ်စလီ နောက်ဆုံး ဇာတ်ကားတွင် ဝတ်ဆင်ခဲ့သော အဝါရောင် 
အိင်္ကျီကို ဒေါ်လာ တစ်သိန်းဖြင့် ဟောင်ကောင်တွင် ရောင်းချမည် ဖြစ်ကြောင်း သိရပါတယ်။ ထိုအိင်္ကျီသည် ဘရုတ်စလီ နောက်ဆုံးဝတ်ဆင်ခဲ့သော  အိင်္ကျီဖြစ် တယ်လို့ ဆိုပါတယ်။

၎င်းအိင်္ကျီသည် ဓာတုနည်းဖြင့် ပြုလုပ်၍ အမျှင်များဖြင့် ရက်လုပ်သော အထည် ဖြစ်တယ်လို့ ဆိုပါတယ်။ ထို့ပြင် ဇစ်ပါဝင်ပြီး အသားကပ် အိင်္ကျီတစ်ထည် ဖြစ်ပါတယ်။ အထူးသဖြင့် အားကစားသမားများ အတွက် အသုံးဝင်ပါ လိမ့်မယ်ဟု ဆိုပါတယ်။

ဘရုတ်စလီသည် အသက် ၃၉ နှစ်အရွယ် ၁၉၇၃ ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီး
ကမ္ဘာ့နာမည်ကြီး မင်းသားတစ်လက်လည်း ဖြစ်ပါတယ်။ ထို့ကြောင့်
၎င်း  အိင်္ကျီသည် ဒေါ်လာ တစ်သိန်းတန်ခြင်း ဖြစ်ပါတယ်။ 

ကျော်လင်းနိုင် (smart.com.mm)

ဘရုတ်စလီ နောက်ဆုံး ဇာတ်ကားတွင် ဝတ်ဆင်ခဲ့သော အဝါရောင်
အိင်္ကျီကို ဒေါ်လာ တစ်သိန်းဖြင့် ဟောင်ကောင်တွင် ရောင်းချမည် ဖြစ်ကြောင်း သိရပါတယ်။ ထိုအိင်္ကျီသည် ဘရုတ်စလီ နောက်ဆုံးဝတ်ဆင်ခဲ့သော အိင်္ကျီဖြစ် တယ်လို့ ဆိုပါတယ်

၎င်းအိင်္ကျီသည် ဓာတုနည်းဖြင့် ပြုလုပ်၍ အမျှင်များဖြင့် ရက်လုပ်သော အထည် ဖြစ်တယ်လို့ ဆိုပါတယ်။ ထို့ပြင် ဇစ်ပါဝင်ပြီး အသားကပ် အိင်္ကျီတစ်ထည် ဖြစ်ပါတယ်။ အထူးသဖြင့် အားကစားသမားများ အတွက် အသုံးဝင်ပါ လိမ့်မယ်ဟု ဆိုပါတယ်။

ဘရုတ်စလီသည် အသက် ၃၉ နှစ်အရွယ် ၁၉၇၃ ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီး
ကမ္ဘာ့နာမည်ကြီး မင်းသားတစ်လက်လည်း ဖြစ်ပါတယ်။ ထို့ကြောင့်
၎င်း အိင်္ကျီသည် ဒေါ်လာ တစ်သိန်းတန်ခြင်း ဖြစ်ပါတယ်။

ကျော်လင်းနိုင် (smart.com.mm)

၂၀၁၄ နှစ်ဆန်းတွင် ထွက်ရှိမည့် Samsung Galaxy S5

Photo: ၂၀၁၄ နှစ်ဆန်းတွင် ထွက်ရှိမည့် Samsung Galaxy S5

Samsung Galaxy S5 နဲ့ ပက်သက်တဲ့ သတင်းကို ဝဘ်ဆိုဒ် အတော် များများ မှာ ဖော်ပြနေကြ ပါပြီ။ လ၂၀၁၄ ခုနှစ် မတ်လ သို့မဟုတ် ဧပြီလ အတွင်း ထွက်ရှိမှာ ဖြစ်ကြောင်း သိရ ပါတယ်။

Samsung Galaxy S4 နဲ့ ကွာခြားမှု အများကြီး ရှိသွားပါတယ်။ အဓိက ကတော့ Processor ဖြစ်ပြီး 64 bit processor ကို အသုံးပြုမှာ ဖြစ်ပါတယ်။ iPhone 5S ပြီးတော့ ဒုတိယမြောက် ကွန်ပြူတာ Processing စနစ်သုံး ဖုန်းတစ်လုံး ဖြစ်လာမှာ ဖြစ်ပါတယ်။ RAM ကလည်း 3GB ရှိမှာ ဖြစ်ပါ တယ်။ နောက်တစ်ခု ထူးခြားချက်က မျက်နှာပြင် ဖြစ်ပါတယ်။ FHD လို့ခေါ် တဲ့ HD ထက်တစ်ဆင့်မြင့် Display ကို အသုံးပြုထားပြီး အရည်အသွေးက 2560x1440 pixel resolution ရှိမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက ကင်မရာ ဖြစ်ပါတယ်။ 16 MP အရည်အသွေးရှိပြီး ပါဝင်လာမယ့် Feature အသစ်များစွာလည်း ရှိနေပါသေးတယ်။ 

ဒါ့အပြင် Samsung မှ ထုတ်ဖော် မပြောပြတဲ့ အခြားသော Feature အသစ်ပေါင်းများစွာနဲ့ Samsung Galaxy S5 ကို မြင်တွေ့ ရမှာ ဖြစ်ကြေင်း သိရပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( smart.com.mm )

http://smart.com.mm/index.php?option=com_content&view=article&id=18772:samsung-galaxy-s5-hands-on&catid=112&Itemid=640

.

Samsung Galaxy S5 နဲ့ ပက်သက်တဲ့ သတင်းကို ဝဘ်ဆိုဒ် အတော် များများ မှာ ဖော်ပြနေကြ ပါပြီ။ လ၂၀၁၄ ခုနှစ် မတ်လ သို့မဟုတ် ဧပြီလ အတွင်း ထွက်ရှိမှာ ဖြစ်ကြောင်း သိရ ပါတယ်။

Samsung Galaxy S4 နဲ့ ကွာခြားမှု အများကြီး ရှိသွားပါတယ်။ အဓိက ကတော့ Processor ဖြစ်ပြီး 64 bit processor ကို အသုံးပြုမှာ ဖြစ်ပါတယ်။ iPhone 5S ပြီးတော့ ဒုတိယမြောက် ကွန်ပြူတာ Processing စနစ်သုံး ဖုန်းတစ်လုံး ဖြစ်လာမှာ ဖြစ်ပါတယ်။ RAM ကလည်း 3GB ရှိမှာ ဖြစ်ပါ တယ်။ နောက်တစ်ခု ထူးခြားချက်က မျက်နှာပြင် ဖြစ်ပါတယ်။ FHD လို့ခေါ် တဲ့ HD ထက်တစ်ဆင့်မြင့် Display ကို အသုံးပြုထားပြီး အရည်အသွေးက 2560x1440 pixel resolution ရှိမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက ကင်မရာ ဖြစ်ပါတယ်။ 16 MP အရည်အသွေးရှိပြီး ပါဝင်လာမယ့် Feature အသစ်များစွာလည်း ရှိနေပါသေးတယ်။

ဒါ့အပြင် Samsung မှ ထုတ်ဖော် မပြောပြတဲ့ အခြားသော Feature အသစ်ပေါင်းများစွာနဲ့ Samsung Galaxy S5 ကို မြင်တွေ့ ရမှာ ဖြစ်ကြေင်း သိရပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( smart.com.mm )

http://smart.com.mm/index.php?option=com_content&view=article&id=18772%3Asamsung-galaxy-s5-hands-on&catid=112&Itemid=640

ကျောင်းသားလေးယောက် ပျောက်လို့ရှာ တရားခံက ဆီးဂိမ်းဖြစ်

မရမ်းကုန်မြို့နယ် အထက (၄)မှ ကျောင်းသားလေး လေးဦး ထူးဆန်း စွာပျောက် ဆုံးသွားကြောင်း ဖေ့စ်ဘွတ်ခ်သတင်းတွေ ပလူပျံ သွားသည်။ ထိုကလေးတွေက လိမ္မာယဉ်ကျေးရှိသည်ဟုလည်း ဆိုသည်။ ရှာသူတွေ ခေါင်းနောက် ကုန်သည်။

''သူတို့က နေပြည်တော် မှာ ကျင်းပနေတဲ့ ဆီးဂိမ်းကိုကြည့် ချင်လို့ ထွက်သွားကြတာတဲ့ဗျာ။ အခု နေပြည်တော်ဘူတာကို ရောက်ပြီး မသွားတတ်၊ မလာ တတ်ဖြစ်နေပြီတဲ့''ဟု အဆိုပါက လေးများထဲမှ တစ်ဦးက သူ့အစ်ကို ဖုန်းသို့ဆက်သွယ်ခဲ့သည့် သတင်း ကို အိမ်နီးချင်းတစ်ဦးက ရန်ကုန် တိုင်းမ်သို့ မသက်မသာပြောပြ သည်။
အဆိုပါကလေး လေးဦးမှာ အသက် ၁၃နှစ်ခန့်ရှိ သတ္တမတန်း ကျောင်း သားများ ဖြစ်ကြသော မရမ်းကုန်းမြို့နယ်နေ တင်ကိုကို၊ သုတဆွေ၊ ငြိမ်းချမ်းသော်၊ မင်း ကိုကို စသည့် လူငယ်လေးဦးတို့ ဖြစ်သည်။

ယင်းပျောက်ဆုံးသွားသော ကလေးလေးဦးကို မိဘများက ကျောင်း မတက်ဘဲ အိမ်မှပျောက် သွားသည်ကို ဒီဇင်ဘာ ၉ရက် ည နေပိုင်း ကျောင်း ဆင်းချိန်တွင် အထက(၄)ကျောင်းမှဆရာ၊ ဆရာ မများက ကျောင်း မတက်ကြောင်း မိဘများထံ အကြောင်းကြား လာသည့်အချိန်တွင် သိလိုက်ကြ ရတော့သည်။ ထိုအခါ သက်ဆိုင် ရာ ကျောင်းသား မိဘများက ခေါင်းမီးတောက်ကာ သက်ဆိုင် ရာ မရမ်းကုန်းရဲစခန်းသို့ လူပျောက် တိုင်ကြားခြင်း၊ ၎င်းတို့သွားလာ တတ်သည့်နေရာအများစုကို တာ ဝန်ရှိသူများနှင့် ရှာဖွေခြင်းများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ ယခုအခါ အဆိုပါကလေး များ၏ မိဘများသည် နေပြည်တော်သို့ သွားရောက်ခေါ်ဆောင် ရန် ဒီဇင်ဘာ ၁ဝရက်က ထွက် ခွာသွားခဲ့ကြသည်။

ရန်ကုန်တွင် လူသေမှု ဒုတိယအများဆုံး မီးလောင်မှုကြီး

ရန်ကုန် ၊ ဒီဇင်ဘာ ၁၀ ။ ။အကယ်၍သာ မီးဘေးလုံခြုံရေး ဆိုင်ရာ အစီအမံတွေသာကောင်းမွန်ခဲ့လျှင် သူတို့အသက်ချမ်းသာ ကောင်း ချမ်းသာနိုင်ပါသည်။ သို့သော် အရေးပေါ်မီးငြှိမ်းသတ် နိုင်ရေးအစီအမံ များအား နည်းမှုကြောင့် တစ်နေ့တာလုံး တခြားသူများအား လှပအောင်ပြုပြင် ဖန်တီးပေးခဲ့သော သူတို့တတွေ မလှမပဖြင့် ဘဝနိဂုံးချုပ်ခဲ့ကြရပြီဖြစ်သည်။

ရန်ကုန်မြို့ပြင်ရှိ နာမည်ကျော် ဂန္ဓမာဟိုးဆေး( Ganda mar - wholesale)ဈေးဝယ်စင် တာ အပေါ်ဆုံး ထပ်ရှိ ဗီးနပ်ဂါး ဒင်းစပါး(vinus garden spa)အလှပြင်ဆိုင်တွင် ဒီဇင်ဘာ၁၀ ရက်အကူး သန်းခေါင်ယံအလွန် က မီးလောင်မှုဖြစ် ပွားခဲ့ရာ လူခုနစ် ဦးသေဆုံးခဲ့ရခြင်းဖြစ်သည်။

''မီးကို ကူညီငြှိမ်းဖို့အတွက် ဒီစင်တာထဲမှာ ရေထုတ်ယူတဲ့နေ ရာတွေ အကုန်လုံးပျက်နေတယ်။ မော်တာတွေမရှိလို့ မီးသတ်ကန် က ရေမထုတ်နိုင်ခဲ့ဘူး။ မီးသတ် ကားတွေရေယူတာတောင် ကား မှာပါလာတဲ့ မော်တာနဲ့ ယူတာ တွေ့ရတယ်။ ဒီမှာ မီးဘေးလုံခြုံ ရေးအပိုင်း ပြင်ဆင်ထားတာအား နည်းတယ်''ဟု အဆိုပါညက မီး လောင်ကျွမ်းမှုဖြစ်စဉ်ကို အစအ ဆုံးမြင်တွေ့ခဲ့သည့် အဆိုပါဈေး ဝယ်စင်တာဝင်းအတွင်းမှ လုံခြုံ ရေးဝန်ထမ်းတစ်ဦးက ပြော သည်။ ''တွေ့ရတဲ့ အလောင်း တွေ ကတော့ ပထမတစ်ခုပဲ လူပုံမ ပျက်ကောင်းတာတွေ့ရပြီး ကျန် တာအားလုံးက မီးလောင်ထား တယ်''ဟု ထိုသူက ဆက်လက် ပြောသည်။

အဆိုပါဂန္ဓမာဟိုးဆေးဝင်း အတွင်းရှိ ကဖေးဆိုင်တစ်ခုမှ ဝန်ထမ်းတစ်ဦးက ''မီးလောင် တော့ ရှိတဲ့လူနဲ့မီးငြှိမ်းဖို့အတွက် ဒီမှာ ရေအဆင်သင့်မရှိဘူး။ မီး သတ်ရေကန်ရှိပေမယ့် ရေမော်တာ တပ်မထားဘူး။ သေသူခုနစ်ဦး မှာ နှစ်ဦးက ဆိုင်ပိုင်ရှင်အမျိုးတွေ လို့ကြားတယ်''ဟု ပြောသည်။

သမိုင်းထဲကရန်ကုန်တက္ကသိုလ် ပြန်လည်နိုးထချိန်

Photo: သမိုင်းထဲကရန်ကုန်တက္ကသိုလ် ပြန်လည်နိုးထချိန်
--------------
ရေးသားသူ- နေလင်းထွန်း

ကံ့ကော်နှင့် စိန်ပန်းတို့ဖူးပွင့်ရာ တက္ကသိုလ်ကျောင်းတော်ကြီးသည် စစ်အာဏာရှင်ခေတ်အလွန် ယခုပြန်လည်နိုးထခွင့်ရရှိလိုက်ပါပြီ။ အဓိပတိလမ်း၊ ဘွဲ့နှင်းသဘင်၊ သစ်ပုပ်ပင်၊ ဂျပ်ဆင်ဝတ်ပြုကျောင်းနှင့် အင်းလျားကန်ရေပြင်တို့သည် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများကို အသင့်ကြိုဆိုနေကြလေပြီ။

အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဦးသန့်၊ အမျိုးသားပညာဝန်ဦးဖိုးကျား၊ စာပေပညာရှင်ဆရာဇော်ဂျီ၊ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၊ စီးပွားရေးပညာရှင် ရော်နယ်ဖင်ဒလေတို့ကဲ့သို့ နယ်ပယ်အသီးသီးမှ ထူးချွန်ထက်မြက်၊ အောင်မြင်၊ ကျော်ကြားသူများကို မွေးထုတ်ပေးခဲ့သော ရန်ကုန်တက္ကသိုလ်သည် ဆယ်စုနှစ် နှစ်စုနီးပါး အသက်မဲ့သွားခဲ့ပြီးနောက် ဦးသိန်းစိန်အစိုးရက ပြန်လည်အသက်ဝင်စေခဲ့ပြီဖြစ်၏။

သစ်လွင်လှပသော အဓိပတိလမ်းမပေါ်တွင် နုနယ်ပျိုမျစ်သော ကျောင်းသား၊ ကျောင်းသူများ၏ လှုပ်ရှားမှုကို ဟိုနားတစ်စ၊ သည်နားတစ်စ မြင်တွေ့နေရသည်။ 

“ဂုဏ်ယူပါတယ်။ ပျော်တာပေါ့။ မထင်ထားဘူးလေ။ ဒီလိုမျိုးဖြစ်လာမယ်လို့။ အနှစ် ၂၀ နီးပါးလောက် ပိတ်ထားတယ်။ သမီးတို့နှစ်မှ ပြန်ဖွင့်တယ်။ လျှောက်တဲ့သူများတဲ့ထဲမှာ ၀င်ခွင့်အမှတ်လည်း မီသွားတယ်ဆိုတော့ အရမ်းပျော်ပါတယ်”ဟု ရန်ကုန်တက္ကသိုလ်တွင် ကွန်ပျူတာသိပ္ပံဘာသာရပ်သင်တန်း တက်ရောက်နေပြီဖြစ်သော မယမုံဖူးသော်က ပေါ့ပါးတက်ကြွစွာပြောသည်။

ကျောင်းဖွင့်စအချိန်ဖြစ်၍ ကျယ်ဝန်းသော ရန်ကုန်တက္ကသိုလ်နယ်မြေတွင် သက်ဝင်လှုပ်ရှားမှု နည်းပါးနေသေးသော်လည်း စာသင်ခန်းများတွင် စာသင်ကြားနေကြပြီဖြစ်သလို အဆောင်များတွင်လည်း ကျောင်းသား၊ ကျောင်းသူအချို့ရောက်ရှိနေသည်။

နာမည်ကျော်မာလာဆောင်နှင့် သီရိဆောင်တို့ကတော့ အတိတ်ကကျောင်းသူဆောင်များအဖြစ်မှ စာသင်ကြားဆောင်များအဖြစ်သို့ ပြောင်းလဲသွားပြီး အင်းလျားဆောင်နှင့် ရတနာဆောင်တို့တွင် ဆရာမများရှိနေခြင်းကြောင့် တစ်ချိန်က ကျောင်းသားဆောင်များဖြစ်သော ဒဂုံဆောင်နှင့် ရွှေဘိုဆောင်တွင် ကျောင်းသူများကို လက်ခံထားရှိသည်။

ဗိုလ်ချုပ်အောင်ဆန်းနေထိုင်ခဲ့သော ပဲခူးဆောင်အပါအ၀င် စစ်ကိုင်းဆောင်၊ အင်းဝဆောင်၊ သထုံဆောင်၊ ပင်းယဆောင်တို့သည် ကျောင်းသားအဆောင်များအဖြစ် ရှိနေသည်။ 

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အငွေ့အသက်ကို ထိတွေ့ခံစားနိုင်ကြလေပြီ။ အဆောင်နေကျောင်းသားများဘ၀ကို ကိုယ်တိုင်ဖြတ်သန်းရတော့မည်ဖြစ်၏။

“ကိုလိုနီခေတ်ကတည်းကရှိနေတဲ့ တက္ကသိုလ်ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းက ပဲခူးဆောင်မှာနေသွားတယ်။ ပညာတတ်တွေ အများကြီးမွေးထုတ်ခဲ့ဖူးတယ်လို့ သိထားတယ်။ ဦးချစ်ဆိုင်နာမည်ကြီးတာလည်း သိတယ်”ဟု အိမ်မဲမြို့မှ ဘာသာစုံဂုဏ်ထူးဖြင့်အောင်မြင်ပြီး ရန်ကုန်တက္ကသိုလ်တွင် ဥပဒေပညာသင်ယူခွင့်ရရှိထားသော မောင်မြတ်သူရဟိန်းက ပင်းယဆောင်ရှိ အိပ်ခန်းခုတင်တွင်ထိုင်ရင်း ပြုံးရွှင်စွာပြောသည်။

ရန်ကုန်တက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူများအား အဆောင်လက်ခံရန် ကျောင်းဖွင့်ချိန်မတိုင်မီ နှစ်ပတ်အလိုတွင် ကြေညာခြင်းကြောင့် ပြင်ဆင်ချိန်အားနည်းသည်။ ဆောက်လုပ်ရေးလုပ်သားများကို နေရာအနှံ့မြင်တွေ့နေရပြီး စာသင်ဆောင်၊ အဆောင်နှင့် လျှောက်လမ်းများကို အလျင်အမြန် ပြင်ဆင်မွမ်းမံနေကြသည်။

ထို့အပြင် စာသင်ခန်းနှင့် အဆောင်ခန်းများ နေရာချထားမှုသည် အတည်မဖြစ်သေးသလို အဆောင်လခနှင့် ထမင်းလခတို့ကို တိတိကျကျ သတ်မှတ်ပြောဆိုခြင်းမရှိသေးကြောင်း ကျောင်းသား၊ ကျောင်းသူများကပြောသည်။

စစ်အုပ်ချုပ်ရေးကာလ ၁၉၉၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၏ ဘွဲ့ကြိုနှင့် အဆောင်နေကျောင်းသားများ လက်ခံမှုရပ်ဆိုင်းလိုက်ခြင်းကြောင့် စာသင်ခန်းနှင့် အဆောင်များသည် ဖုန်အလိမ်းလိမ်းနှင့် ယိုယွင်းပျက်စီးမှုဒဏ်ကို နှစ်ပေါင်းများစွာကြုံတွေ့ခဲ့၍ အချိန်ယူပြင်ဆင်ရန် လိုအပ်နေသည်။

“ဆရာတို့ကတော့ ၁၉၉၆ ခုနှစ်နောက်ပိုင်း ခြောက်သွေ့သွားတဲ့ ရန်ကုန်တက္ကသိုလ်ကြီးကို မြင်ရတိုင်းစိတ်မချမ်းသာဘူး။ အဆောင်တွေနဲ့ စာသင်ခန်းတွေ ပိတ်ထားတယ်။ တစ်ချိန်က စည်စည်ကားကားနဲ့ တက်တက်ကြွကြွရှိခဲ့တဲ့ ကျောင်းသူ၊ ကျောင်းသားအဆောင်တွေက ဖုန်တွေနဲ့ဖြစ်နေတယ်။ စိတ်မချမ်းသာဘူး။ ပြန်ဖွင့်မယ်ဆိုတော့ ပီတိဖြစ်ပါတယ်။ တစ်ချိန်တုန်းကရရှိခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာအဆင့်အတန်း ပြန်ရရှိမယ်လို့ ယူဆပါတယ်။ ရန်ကုန်တက္ကသိုလ်ကြီး ဒီထက်ပိုစည်ကားလာမယ့် နေ့ရက်တွေကို ဆရာတို့ မျှော်လင့်နေပါတယ်”ဟု ရန်ကုန်တက္ကသိုလ်တွင် နှစ်ပေါင်း ၂၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိအချိန်ထိ တာဝန်ထမ်းဆောင်ဆဲဖြစ်သော မြန်မာစာဌာန၊ အငြိမ်းစားတွဲဖက်ပါမောက္ခ ဦးမျိုးသန့်ကပြောသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရရှိလာပြီးနောက် ၁၉၄၉ ခုနှစ်၊ ဇူလိုင်လမှစ၍ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ပြင်ဆင်ချက်ဥပဒေဖြင့် ရန်ကုန်တက္ကသိုလ်သည် သီးခြားကိုယ်ပိုင်အုပ်ချုပ်သည့် တက္ကသိုလ်ဖြစ်လာသည်။

၁၉၄၀ မှ ၁၉၅၀ ခုနှစ်အတွင်း ရန်ကုန်တက္ကသိုလ်သည် အရှေ့တောင်အာရှဒေသတွင် အကျော်ကြားဆုံးတက္ကသိုလ်တစ်ခုဖြစ်သလို အာရှဒေသတွင် ထိပ်တန်းအဆင့်ရှိနေခဲ့ပြီး ဒေသတွင်းကျောင်းသားများကို ဆွဲဆောင်နိုင်ခဲ့သည်။

သို့သော် ၁၉၆၂  ခုနှစ် စစ်တပ်က အာဏာသိမ်းယူပြီးနောက် ဗိုလ်ချုပ်နေ၀င်းသည် ဆိုရှယ်လစ်လူ့ဘောင်ဦးတည်ချက်ဖြင့် ရန်ကုန်တက္ကသိုလ်ကို ဗဟိုအစိုးရချုပ်ကိုင်မှုအောက်သို့ သွတ်သွင်းခဲ့သည်။ ထို့နောက် ရန်ကုန်တက္ကသိုလ်ကို ရန်ကုန်ဝိဇ္ဇာနှင့် သိပံ္ပတက္ကသိုလ်အဖြစ် အမည်ပြောင်းလဲစေခဲ့ပြီး ဆေးပညာ၊ စီးပွားရေး၊ ပညာရေး စသည့်ပညာရပ်များကို တက္ကသိုလ်အောက်မှ သီးခြားစီခွဲထုတ်ခဲ့သည်။

၁၉၆၂ ခုနှစ်၊ ဇူလိုင် ၇ ရက်တွင် တက္ကသိုလ်စည်းမျဉ်းစည်းကမ်းများ မမျှတမှုကြောင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ ငြိမ်းချမ်းစွာဆန္ဒပြမှုကို ရက်စက်စွာသတ်ဖြတ်နှိမ်နင်းခဲ့သလို ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အအုံလည်း ဖြိုခွဲခံခဲ့ရသည်။

ထို့နောက် ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်းနှင့် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံတို့ ဖြစ်ပေါ်ခဲ့ကာ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ၏ အခန်းကဏ္ဍ ကြီးမားနေခြင်းကြောင့် စစ်အာဏာရှင်တို့သည် ရန်ကုန်တက္ကသိုလ်၏ပုံရိပ်ကို မှေးမှိန်လာသည်မှ လုံးဝပျောက်ကွယ်သွားသည်ထိ ဖန်တီးခဲ့ကြသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနားယူသွားပြီးနောက် ဦးသိန်းစိန်အစိုးရသက်တမ်း ၂ နှစ်တွင် အကြီးမားဆုံး ပညာရေးပြုပြင်ပြောင်းလဲမှုအနေဖြင့် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့၌ ထူးချွန်ကျောင်းသားများလက်ခံ၍ ဘွဲ့ကြိုမှ ပါရဂူဘွဲ့ရရှိသည်အထိ ပြုစုပျိုးထောင်သွားရန် ကြေညာခဲ့သည်။

ပထမအကြိမ်ကြေညာစဉ်က တက္ကသိုလ်တစ်ခုလျှင် ဘာသာရပ် ၂၀ အတွက် ၁၅ ဦးစီဖြင့် တက္ကသိုလ်စာမေးပွဲရမှတ် အကောင်းဆုံးရရှိထားသော ကျောင်းသား၊ ကျောင်းသူ ၃၀၀  လက်ခံရန်ဖြစ်သည်။ သို့သော် အချို့ဘာသာရပ်များတွင် လျှောက်ထားသူ သိသိသာသာနည်းပါးနေခြင်းကြောင့် ၀င်ခွင့်လျှောက်လွှာ ထပ်မံဖိတ်ခေါ်ရမည့်အခြေအနေ ဖြစ်ပေါ်ခဲ့သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တက္ကသိုလ်၏ ကျောင်းသားဦးရေလက်ခံမှုကို ဝေဖန်လိုက်ခြင်းကြောင့် ဘာသာရပ်တစ်ခုလျှင် ကျောင်းသား ၅၀ ဦးထိ တိုးမြှင့်ခေါ်ယူရန် ထပ်မံကြေညာခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲရမှတ် သတ်မှတ်ချက်ကို ပယ်ဖျက်လိုက်သည်။

ဒီမိုကရေစီကူးပြောင်းစ မြန်မာနိုင်ငံ၏အသီးအပွင့်အဖြစ် သမိုင်းအစဉ်အလာကြီးမားသော ရန်ကုန်တက္ကသိုလ်တွင် မျိုးဆက်သစ်ကျောင်းသားများ လွတ်လပ်စွာပညာသင်ယူရန် အခွင့်အလမ်းဖြစ်ပေါ်မှုသည် ကျောင်းသားနှင့်မိဘများ ပညာရေးအပေါ် ပိုမိုစိတ်အားထက်သန်စေခဲ့သည်။

“နိုင်ငံတကာအဆင့်အတန်းမီအောင် နိုင်ငံခြားတက္ကသိုလ်တွေနဲ့ ချိတ်ဆက်သင်ကြားပေးမယ်။ တကယ်တတ်တဲ့ပညာရှင်တွေ မွေးထုတ်ပေးမယ်။ အဲဒီလို သတင်းတွေကြားတယ်လေ။ အဲဒီအတိုင်းဖြစ်မယ်ဆိုရင်တော့ ဒီကိုလာရကျိုးနပ်မယ်လေ။ ကြိုးစားရင်ကြိုးစားသလောက် ဖြည့်ဆည်းပေးမယ့်အစီအစဉ်ရှိတော့ ပျော်ပြီးတော့လာတာပါ။ နောက်ပိုင်းအခြေအနေတွေကတော့ စောင့်ကြည့်ရမှာပေါ့”ဟု ရန်ကုန်တက္ကသိုလ်ဝင်ခွင့်ရရှိခဲ့သော မော်လမြိုင်မြို့မှ ကျောင်းသူတစ်ဦး၏ဖခင်ကဆိုသည်။

ပညာရေးဝန်ကြီးဌာန၏အစီအမံများသည် မြန်ဆန်၍ ပြောင်းလဲမှုများရှိနေခြင်း၊ မူဝါဒချမှတ်ဆောင်ရွက်မှု အားနည်းခြင်းတို့အပေါ် ပညာရှင်များက ဝေဖန်မှုရှိနေပြီး အချိန်ယူဆောင်ရွက်ရမည်ဟု သုံးသပ်ကြသည်။

“အချိန်တော့ယူရမယ်။ တစ်ချိန်က ရန်ကုန်တက္ကသိုလ်ရဲ့ပုံရိပ်ကို ပြန်ဖော်ရမှာပေါ့။ အဆင့်အတန်းမြင့်လာဖို့ ဆရာတွေပေါ်မှာလည်း မူတည်တယ်။ ကျောင်းသားတွေပေါ်မှာလည်း မူတည်တယ်။ အစိုးရက အခွင့်အလမ်းတွေဖွင့်ပေးဖို့လည်း အရေးကြီးတယ်။ တက်ညီလက်ညီဖြစ်လာရင်တော့ ရန်ကုန်တက္ကသိုလ်က ပြန်ရှင်သန်လာမယ်။ သင်ကြားရေးအဆင့်အတန်းတွေ မြင့်လာမယ်။ အရင်ကလို နိုင်ငံတကာအဆင့်အတန်းကို ပြန်ရလာမှာသေချာပါတယ်။ ဒါပေမဲ့ ကြိုးစားရမှာပေါ့”ဟု ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် (အငြိမ်းစား)နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးရင်ကပြောသည်။

ရန်ကုန်တက္ကသိုလ် ပြန်လည်ဖွင့်လိုက်သော်လည်း ကျောင်းသားဦးရေ ကန့်သတ်လက်ခံမှုကြောင့် တက္ကသိုလ်ပရိဝုဏ်အတွင်း လှုပ်ရှားသက်ဝင်မှု ရုတ်ခြည်းပြောင်းလဲနိုင်မည် မဟုတ်သေးပေ။ သို့သော် တစ်နှစ်ပြီးတစ်နှစ် ကျောင်းသားဦးရေ တိုးမြှင့်လာမည်ဖြစ်သလို တက္ကသိုလ်အုပ်ချုပ်သူများ၏ စွမ်းဆောင်ရည်များသည် လေးနှစ်ကြာကာလတွင် ရန်ကုန်တက္ကသိုလ်၏အသွင်သဏ္ဍာန်ကို သိသာထင်ရှားစေမည်ဟု ၎င်းကသုံးသပ်သည်။

ရန်ကုန်တက္ကသိုလ်၏အနာဂတ် ပိုမိုရှင်သန်ခိုင်မာလာစေရန် တက္ကသိုလ်အုပ်ချုပ်သူ၊ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူနှင့် အစိုးရတို့၏ လှုပ်ရှားဆောင်ရွက်မှုများက အဆုံးအဖြတ်ဖြစ်စေမည်ဟု ပညာရှင်များကသုံးသပ်သည်။ တစ်ချိန်က ဂုဏ်သိက္ခာမြင့်မားခဲ့သော ရန်ကုန်တက္ကသိုလ်ကြီး၏ ဂုဏ်သတင်းနှင့်အညီ နိုင်ငံ့ခေါင်းဆောင်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ လူမှုခေါင်းဆောင်များ ပြန်လည်မွေးထုတ်ပေးနိုင်မည်လား။ မြန်မာတစ်နိုင်ငံလုံးသာမက နိုင်ငံတကာကပါ စောင့်မျှော်ကြည့်ရှုနေကြသည်။

ဓာတ်ပုံ- နစ်ကီ

ရေးသားသူ- နေလင်းထွန်း

ကံ့ကော်နှင့် စိန်ပန်းတို့ဖူးပွင့်ရာ တက္ကသိုလ်ကျောင်းတော်ကြီးသည် စစ်အာဏာရှင်ခေတ်အလွန် ယခုပြန်လည်နိုးထခွင့်ရရှိလိုက်ပါပြီ။ အဓိပတိလမ်း၊ ဘွဲ့နှင်းသဘင်၊ သစ်ပုပ်ပင်၊ ဂျပ်ဆင်ဝတ်ပြုကျောင်းနှင့် အင်းလျားကန်ရေပြင်တို့သည် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများကို အသင့်ကြိုဆိုနေကြလေပြီ။

အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဦးသန့်၊ အမျိုးသားပညာဝန်ဦးဖိုးကျား၊ စာပေပညာရှင်ဆရာဇော်ဂျီ၊ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၊ စီးပွားရေးပညာရှင် ရော်နယ်ဖင်ဒလေတို့ကဲ့သို့ နယ်ပယ်အသီးသီးမှ ထူးချွန်ထက်မြက်၊ အောင်မြင်၊ ကျော်ကြားသူများကို မွေးထုတ်ပေးခဲ့သော ရန်ကုန်တက္ကသိုလ်သည် ဆယ်စုနှစ် နှစ်စုနီးပါး အသက်မဲ့သွားခဲ့ပြီးနောက် ဦးသိန်းစိန်အစိုးရက ပြန်လည်အသက်ဝင်စေခဲ့ပြီဖြစ်၏။

သစ်လွင်လှပသော အဓိပတိလမ်းမပေါ်တွင် နုနယ်ပျိုမျစ်သော ကျောင်းသား၊ ကျောင်းသူများ၏ လှုပ်ရှားမှုကို ဟိုနားတစ်စ၊ သည်နားတစ်စ မြင်တွေ့နေရသည်။

“ဂုဏ်ယူပါတယ်။ ပျော်တာပေါ့။ မထင်ထားဘူးလေ။ ဒီလိုမျိုးဖြစ်လာမယ်လို့။ အနှစ် ၂၀ နီးပါးလောက် ပိတ်ထားတယ်။ သမီးတို့နှစ်မှ ပြန်ဖွင့်တယ်။ လျှောက်တဲ့သူများတဲ့ထဲမှာ ၀င်ခွင့်အမှတ်လည်း မီသွားတယ်ဆိုတော့ အရမ်းပျော်ပါတယ်”ဟု ရန်ကုန်တက္ကသိုလ်တွင် ကွန်ပျူတာသိပ္ပံဘာသာရပ်သင်တန်း တက်ရောက်နေပြီဖြစ်သော မယမုံဖူးသော်က ပေါ့ပါးတက်ကြွစွာပြောသည်။

ဘုရင့်နောင်ပွဲရုံတန်း “မမကြီး” အနှိပ်ခန်း ရဲဝင်ဖမ်း

ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာ ၁၁ ရက်၊ ၂၀၁၃ ခုနှစ်

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ပွဲရုံဝင်းအတွင်း ဖွင့်လှစ်လုပ်ကိုင်လျက်ရှိသည့် “မမကြီး” အမည်ရှိ အနှိပ်ခန်းကို ဒီဇင်ဘာ ၉ ရက် နံနက် ၂ နာရီခွဲအချိန်က ဘုရင့်နောင်နယ်မြေ ရဲစခန်းက၀င် ရောက်ဖမ်းဆီးလိုက်သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

ဘုရင့်နောင်ပွဲရုံဝင်း၊ ယုဇနလမ်း၊ အမှတ် (ဋ/၁၁)ရှိ “မမကြီး”ဆိုင်သည် အလှပြင်ဆိုင်အမည်ခံပြီး အနှိပ် ခန်းပြုလုပ်နေခြင်းဖြစ်သည်ဟု သတင်းရရှိထားသဖြင့် သက်သေများနှင့်အတူဝင် ရောက်ရှာဖွေခဲ့ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့က သက်သေများနှင့်အတူ ၀င်ရောက်ရှာဖွေရာတွင် ဆိုင်မန်နေဂျာ ထက်အောင်(ခ)အရှည်ကြီး (၁၉)နှစ်အား အဆိုပါအနှိပ်ခန်း၏ ဧည့်ခန်းကောင်တာစားပွဲတွင် တွေ့ရှိဖမ်းဆီးခဲ့သည်။

၎င်းထိုင်နေသည့် စားပွဲအတွင်းမှလည်း အနှိပ်ခန်းပြုလုပ်ရာမှရရှိသည့် ငွေကျပ် ၆၀,၀၀၀ နှင့်အတူ ဒီဇင်ဘာ ၈ ရက်ရက်စွဲပါ အနှိပ်သမများ၏အမည်နှင့် အခန်းဝင်ထွက်ချိန်များ ရေးသားထားသည့် စာရွက် စာနှစ်ရွက်၊ “မမကြီး” အမည်ပါ လိပ်စာကတ် ၁၆ ခုတို့ကို တွေ့ရှိသိမ်းဆည်းခဲ့သည်ဟု ဆိုထားသည်။

ယင်းအပြင် ဆိုင်ခန်းအတွင်း၌ အနှိပ်လုပ်ငန်းလုပ်ကိုင်ရန် စောင့်ဆိုင်းနေသည့် အနှိပ်သမ ၁၀ ဦးကိုလည်း ဖမ်းဆီးလိုက်သည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆိုင်တာဝန်ခံနှင့် အနှိပ်သမ ၁၀ ဦးတို့ကို အရေးယူပေးရန် မရမ်းကုန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်က တရားလိုပြုလုပ် တိုင်တန်းသဖြင့် မြို့နယ်တရားရုံးသို့ ပြစ်မှုပုဒ်မ ၁၈၈ ဖြင့် ဦးတိုက်လျှောက်ထားသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်လိုက်သည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

မြို့တော် ကိယက်ဗ်ရှိ လီနင်ရုပ်တုကို ယူကရိန်း ဆန္ဒပြသူများ ဖြိုချ

Photo: မြို့တော် ကိယက်ဗ်ရှိ လီနင်ရုပ်တုကို ယူကရိန်း ဆန္ဒပြသူများ ဖြိုချ

ကိယက်ဗ်၊ ဒီဇင်ဘာ ၉

ယူကရိန်းတွင် အုံလိုက်ကျင်းလိုက် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြနေသူများက မြို့တော် ကိယက်ဗ်တွင် ဆိုဗီယက်ခေတ်က စိုက်ထူထားခဲ့သော ကွန်မြူနစ် ခေါင်းဆောင် ဗလာဒီမာလီနင်၏ ရုပ်တုကို ဝိုင်းဝန်း ဖြိုချလိုက်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားသည်။

ဥရောပသမဂ္ဂသို့ ဝင်ရောက်ရန်အတွက် ဒီမိုကရေစီရေး၊ တရားစီရင်ရေး ပြုပြင် ပြောင်းလဲမှုများ ဆိုင်ရာ ကိစ္စရပ်များကို လက်မှတ်ရေးထိုးရန် ယူကရိန်း အာဏာရ အစိုးရက နှောင့်နှေးနေခြင်းကို ဆန့်ကျင် ဆန္ဒပြနေကြခြင်း ဖြစ်သည်။
“မျက်နှာဖုံး စွပ်ထားတဲ့ လူတွေက လီနင်ရုပ်တုကို ဖြိုချလိုက်ပါတယ်” ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အမျိုးသမီးက AFP ကိုပြောကြားသည်။

ဆန္ဒပြသူများသည် ယူကရိန်း အမျိုးသားရေး လွတ်လပ်ရေးပါတီ အလံများကို ဝှေ့ယမ်းကြပြီး လူအင်အား သိန်းပေါင်း များစွာဖြင့် လမ်းမပေါ် ဆန္ဒပြပွဲများ ပြုလုပ်ကြခြင်း ဖြစ်သည်။

လီနင်သည် ဆိုဗီယက် ပြည်ထောင်စုကို ထူထောင်သူ ဖြစ်ပြီး ယူကရိန်း အမျိုးသားရေး ဝါဒီများအတွက် အမုန်းတရား၏ သင်္ကေတ ဖြစ်သည်။

လီနင်အရုပ်ကို ဖြိုချလိုက်သူများမှာ လူငယ် ဆန္ဒပြသူများ ဖြစ်ကြပြီး လဲကျသွားသော အရုပ်ကိုလည်း ပုဆိန်များ၊ လက်နက် ကိရိယာများဖြင့် ဖျက်ဆီးခဲ့ကြသည်ကိုလည်း ရုပ်သံပုံများတွင် တွေ့ရသည်။

လီနင်၏အရုပ်မှာ ခေါင်းတခြား ကိုယ်တခြား ဖြစ်နေပြီး ထိုအတိုင်း ထားခဲ့ကြသည်ဟု သတင်းထောက်များက ဆိုသည်။

အရုပ်၏ အချို့အစိတ်အပိုင်း များကို အဓိက ဆန္ဒပြသူများ နေရာယူထားရာ လွတ်လပ်ရေး ရင်ပြင်ကို သယ်ဆောင် သွားကြပြီး လူအုပ်ကို စကားပြောသူများက လီနင်အရုပ်မှ လက်ပြတ်ကြီးကို ကိုင်ကာ ပြသခဲ့ကြသည်။

ဒုတိယကမ္ဘာစစ် ပြီးခါစ ၁၉၄၆ တွင် ၁၁ပေမြင့်သော အဆိုပါ ရုပ်တုကို ကိယက်ဗ်မြို့တွင် အနီရောင် ဂရင်းနိုက်ဖြင့် တည်ဆောက် ထုလုပ်ထားသည်။

လီနင်၏ ရုပ်တုကို ဖယ်ရှားလိုက်ပြီးနောက် အတိုက်အခံအမတ် အင်ဒရေ ရှက်ချင်ကိုက လွတ်လပ်ရေး ရင်ပြင်တွင် အတိုက်အခံ ခေါင်းဆောင်များ စုပေါင်းမိပြီ ဖြစ်ကြောင်း အောင်ပွဲခံ ပြောကြားခဲ့ကာ လူထုက ကိုယ်တိုင် စုစည်းနိုင်ခဲ့ပြီဟုလည်း ဆိုခဲ့သည်။

ကိယက်ဗ်၊ ဒီဇင်ဘာ ၉

ယူကရိန်းတွင် အုံလိုက်ကျင်းလိုက် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြနေသူများက မြို့တော် ကိယက်ဗ်တွင် ဆိုဗီယက်ခေတ်က စိုက်ထူထားခဲ့သော ကွန်မြူနစ် ခေါင်းဆောင် ဗလာဒီမာလီနင်၏ ရုပ်တုကို ဝိုင်းဝန်း ဖြိုချလိုက်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားသည်။

ဥရောပသမဂ္ဂသို့ ဝင်ရောက်ရန်အတွက် ဒီမိုကရေစီရေး၊ တရားစီရင်ရေး ပြုပြင် ပြောင်းလဲမှုများ ဆိုင်ရာ ကိစ္စရပ်များကို လက်မှတ်ရေးထိုးရန် ယူကရိန်း အာဏာရ အစိုးရက နှောင့်နှေးနေခြင်းကို ဆန့်ကျင် ဆန္ဒပြနေကြခြင်း ဖြစ်သည်။
“မျက်နှာဖုံး စွပ်ထားတဲ့ လူတွေက လီနင်ရုပ်တုကို ဖြိုချလိုက်ပါတယ်” ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အမျိုးသမီးက AFP ကိုပြောကြားသည်။

ဆန္ဒပြသူများသည် ယူကရိန်း အမျိုးသားရေး လွတ်လပ်ရေးပါတီ အလံများကို ဝှေ့ယမ်းကြပြီး လူအင်အား သိန်းပေါင်း များစွာဖြင့် လမ်းမပေါ် ဆန္ဒပြပွဲများ ပြုလုပ်ကြခြင်း ဖြစ်သည်။

အာရုံကြောဆေးအစား ပိုလိုဆေးမှားသောက်သူ မိန်းကလေးသေဆုံး

အာရုံကြောဆေးအစား ပိုလိုပေါင်းသတ်ဆေးကို မှားယွင်းသောက်သုံးမိသူ ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်မှ လယ်ကူလီ အမျိုးသမီးငယ်တစ်ဦးသည် ဒီဇင်ဘာ ၈ ရက် ညနေကသေဆုံးသွားသည်ဟု တိုင်းရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၈ ရက် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်က သုံးခွမြို့နယ်၊ ညောင်နီရွာနေ လယ်ကူလီ တစ်ဦးဖြစ်သူ မစိမ်းအိဖြူ ၁၈ နှစ်ကို သုံးခွဆေးရုံသို့ ပို့ဆောင်ရာတွင် ဆေးရုံရောက်ရှိသည့် အချိန်၌ သေဆုံးနေပြီး စစ်ဆေးရာတွင် သေဆုံးသူမှာ ပြင်ပဒဏ်ရာ မတွေ့ရှိရပဲ ပါးစပ်မှ ပိုးသတ်ဆေးနံ့ရသဖြင့် သေဆုံးသူ၏ မိသားစုကို မေးမြန်းကြည့်ရာ သေဆုံးသူသည် အတက်ရောဂါရှိကြောင်းနှင့် အာရုံကြော ဆေးသောက်နေရသူဖြစ်ကြောင်းသိရှိရသည်။

အဆိုပါဖြစ်စဉ်ကို သုံးခွမြို့နယ် ရဲစခန်းမှ စစ်ဆေးရာတွင် ဒီဇင်ဘာ ဂရက် ၁၁ နာရီ ၄၅ မိနစ်အချိန်က မစိမ်းအိဖြူသည် လယ်ခင်းမှ အိမ်သို့ပြန်လာကာ ထမင်းစားပြီး ဆေးသောက်ရာ ပိုလိုပေါင်းသတ်ဆေး ဘူးနှင့် မှားယွင်းသောက်မိကြောင်း ၎င်း၏ ဦးလေးတော်စပ်သူ ဦးတင်ဌေး၏ ပြောပြချက်အရ ကနဦး အနေဖြင့် သိရှိထားရသည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

ဒေါ်နော်အုန်းလှကို ၂၀၀၇ ခုနှစ်က ပြစ်မှုဟောင်းဖြင့် ထပ်မံတရားစွဲ

Photo: ဒေါ်နော်အုန်းလှကို ၂၀၀၇ ခုနှစ်က ပြစ်မှုဟောင်းဖြင့် ထပ်မံတရားစွဲ

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရန် အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အလံကို မီးရှို့ကာ ဆန္ဒထုတ်ဖော်မှုကြောင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး နှောင့်ယှက်မှု ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲ ခံထားရသူ ဒေါ်နော်အုန်းလှကို   ရွှေတိဂုံ ဘုရားဂေါပကအဖွဲ့က ၂၀၀၇ ခုနှစ်က ပြစ်မှုဟောင်းတစ်ခုဖြင့် ထပ်မံတရားစွဲဆို လိုက်ကြောင်း ဒေါ်နော်အုန်းလှ၏ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။ 

ဒေါ်နော်အုန်းလှကို ၂၀၀၇ ခုနှစ်က ရွှေတိဂုံဘုရားပေါ်တွင် အများပြည်သူ စိတ်အနှောင့်အယှက် ဖြစ်စေရန် အော်ဟစ်ဆုတောင်းမှု ပုဒ်မ ၂၉၆ ဖြင့် ရွှေတိဂုံဘုရား ဂေါပကအဖွဲ့က ဒဂုံမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း ဦးရောဘတ်စန်းအောင်က ဆိုသည်။ 

တရုတ်နိုင်ငံအလံ မီးရှို့ ဆန္ဒထုတ်ဖော် မှုကြောင့် ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆို ခံထားရသူ ဒေါ်နော်အုန်းလှနှင့် ဦးတင်ထွဋ်ပိုင် တို့ကို စတင်ရုံးထုတ် စစ်ဆေးသည့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ပြစ်မှုဟောင်း နောက်ထပ်တစ်ခုဖြင့် တရားစွဲဆို ထားသည်ကို သိရခြင်းဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။ 

၂၀၀၇ ခုနှစ် မေလ ၂၀ ရက်နေ့က ဒေါ်နော်အုန်းလှ အပါအဝင် လူ၂၅ဦးခန့်က ရွှေတိဂုံစေတီတော် အင်္ဂါထောင့်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် အသံကျယ်လောင်စွာ ဆုတောင်းမှုကြောင့် အခြားသူများ စိတ်အနှောင့်အယှက် ဖြစ်စေသည် ဟုဆိုကာ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၉၆ဖြင့် ရွှေတိဂုံစေတီတော် ဂေါပကရုံး ဒုရုံးအဖွဲ့မှူး ဦးမောင်မောင်တင့်က ဒဂုံမြို့နယ် တရားရုံးသို့ ပြစ်မှုအမှတ် ၂၈၈/၂၀၁၃ဖြင့် ဦးတိုက်လျှောက်ကာ တရားစွဲဆိုခြင်း ဖြစ်သည် ဟု ဦးရောဘတ်စန်းအောင်က ရှင်းပြသည်။

"အံ့တော့ အံ့သြသွားတာပေါ့။ ဒါက နောက်ကြောင်းပြန်တဲ့ အလုပ်လေ။ ဒါကို ကြည့်ခြင်းအားဖြင့် နိုင်ငံက (နိုင်ငံရေး) မပြောင်းလဲသေးဘူး ဆိုတာ ဖော်ပြနေတယ်"ဟု အဆိုပါ ပုဒ်မ ၂၉၆ဖြင့် တရားစွဲဆိုခြင်း ခံရသူ ဒေါ်နော်အုန်းလှက ဒဂုံမြို့နယ် တရားရုံးတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ယခု လောလောဆယ်တွင် ရွှေတိဂုံ ဘုရားဂေါပက အဖွဲ့၏ တရားစွဲဆိုချက်ကို  အသေးစိတ်ကို မသိရသေး ဟုလည်း ၄င်း၏ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။
"အခုက အမှုက စစ်လို့မရသေးဘူး။ ဒေါ်နော်အုန်းလှနဲ့ အတူစွဲတဲ့ ကိုအောင်စိုးနဲ့ ကိုစည်သူက ရုံးရှေ့ကို မရောက်သေးလို့ပါ။ အခြေအနေကို ကျွန်တော်တို့ ဘာမှတိတိ ကျကျပြောလို့မရသေးဘူး" ဟု ၄င်းက ပြောကြားသည်။

အဆိုပါ တရားစွဲဆိုမှုနှင့် ပတ်သက်ပြီး  ရွှေတိဂုံစေတီတော် ဂေါပကရုံး၊ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်သို့ မေးမြန်းရာ ယင်းအမှုနှင့် ပတ်သက်ပြီး ၄င်းအနေနှင့် သိရှိထားခြင်း မရှိကြောင်းသာ ပြန်လည် ဖြေကြားသည်။

"ဒီအမှုက ကျွန်တော်တို့ တရားရုံးကို ဦးတိုက်လျှောက်ထားတာ တော်တော် ကြာပါပြီ။ ၂၀၀၇ ခုနှစ် ကတည်းကပါ။ အခု ဒုရုံးအဖွဲ့မှူး ဦးမောင်မောင်တင်လည်း တာဝန်က အနားယူသွားပါပြီ။ အခုဖြစ်တဲ့ ဟာကို ကျွန်တော် မသိပါဘူး" ဟု ဦးဝင်းကြိုင် က ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဒဂုံ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျသူ အရာရှိ အပြင်သို့ သွားနေသောကြောင့် ပြန်လည်ဖြေကြား၍ မရကြောင်းသာ ပြောကြားသည်။

ဒေါ်နော်အုန်းလှသည် လက်ပံတောင်း တောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြမှုကြောင့် ထောင်ဒဏ် ၂ နှစ်ချ မှတ်ခံရပြီး နိုဝင်ဘာလ ၁၅ရက်နေ့တွင် သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာပြီး လက်ရှိအချိန်တွင် ပုဒ်မ ၅၀၅ (ခ)ဖြင့် ကျောက်တံတား၊ ပန်းပဲတန်းနှင့် ဒဂုံမြို့နယ် တရားရုံးများတွင် တရား ရင်ဆိုင်နေရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၀

လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရန် အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အလံကို မီးရှို့ကာ ဆန္ဒထုတ်ဖော်မှုကြောင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး နှောင့်ယှက်မှု ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲ ခံထားရသူ ဒေါ်နော်အုန်းလှကို ရွှေတိဂုံ ဘုရားဂေါပကအဖွဲ့က ၂၀၀၇ ခုနှစ်က ပြစ်မှုဟောင်းတစ်ခုဖြင့် ထပ်မံတရားစွဲဆို လိုက်ကြောင်း ဒေါ်နော်အုန်းလှ၏ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။

ဒေါ်နော်အုန်းလှကို ၂၀၀၇ ခုနှစ်က ရွှေတိဂုံဘုရားပေါ်တွင် အများပြည်သူ စိတ်အနှောင့်အယှက် ဖြစ်စေရန် အော်ဟစ်ဆုတောင်းမှု ပုဒ်မ ၂၉၆ ဖြင့် ရွှေတိဂုံဘုရား ဂေါပကအဖွဲ့က ဒဂုံမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း ဦးရောဘတ်စန်းအောင်က ဆိုသည်။

တရုတ်နိုင်ငံအလံ မီးရှို့ ဆန္ဒထုတ်ဖော် မှုကြောင့် ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆို ခံထားရသူ ဒေါ်နော်အုန်းလှနှင့် ဦးတင်ထွဋ်ပိုင် တို့ကို စတင်ရုံးထုတ် စစ်ဆေးသည့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ပြစ်မှုဟောင်း နောက်ထပ်တစ်ခုဖြင့် တရားစွဲဆို ထားသည်ကို သိရခြင်းဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

တရားလိုကနေ တရားခံ ပြန်ဖြစ်တဲ့ သတ်ပစ်မည်ဟု ခြိမ်းခြောက် လက်ကောက်လု ခံရတဲ့ ရည်းစားဟောင်း

၂၀၁၃ ခုနှစ် ဇူလိုင်လ အတွင်းက yangon police facebook မှာပါတဲ့  ရည်စားဟောင်းဖြစ်သူမှ လက်ကောက်အား လုယူသွားမှု သတင်းနဲ့ပတ်သက်လို့  ကာယကံရှင်မှ ရှင်းလင်းပြောကြား၍  ပြန်လည်တရားစွဲ လိုက်ကြောင်း Myanmar News Now မှ သတင်းရရှိပါသည်။

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့က Yangon Police Book မှာပါတဲ့  သာကေတမြို့နယ်နေ မနုနုထွေး၊ (ဘ)ဦးအုန်းလွင်က ၎င်းအား ရည်းစားဟောင်းဖြစ်သူ အောင်နိုင်ဦးမှ  ရွှေပုဇွန် စားသောက်ဆိုင်မှာ စားသောက်ပြီးအပြန်မှာ  ကားနှင့်ခေါ်လာခဲ့ပြီး  မယူလျှင်  သတ်ပစ်မည်ဟုပြောဆို၍  သန်လျင်ဘက်သို့  မောင်းနှင်ခဲ့ကြောင်း၊ မနုနုထွေးက  အိမ်ပြန်ပို့ပေးရန်ပြောပြီး  ကားပေါ်မှ  ဆင်းမည်ပြုစဉ်  ဆံပင်ဆွဲပြီး  လည်ပင်းကို  လက်နှင့်ရိုက်ကာ  ကားကိုဆက်မောင်း၍  သာကေတ  အေးနန္ဒာ တည်းခိုခန်းအနီး အရောက်  ကားရပ်သဖြင့်  ဆင်း၍ဖုန်းဖြင့် ဓာတ်ပုံရိုက်မည်ပြုစဉ်  ဖုန်းကို  လုယူရိုက်ခွဲကာ  မနုနုထွေး  ၀တ်ဆင်ထားတဲ့  စိန်လက်ကောက်  (၁)ကွင်းကို  ဆွဲချွတ်လုယူ  မောင်းနှင်သွားသည့်အတွက်  မနုနုထွေး  က  ၉.၇.၂၀၁၃ ရက်နေ့မှာ  သာကေတနယ်မြေရဲစခန်းမှာ  အမှုဖွင့်ခဲ့ရာ  ၎င်းရဲစခန်း (ပ)၄၆၅/၂၀၁၃၊ ပုဒ်မ ၃၈၂ ဖြင့်  အရေးယူဆောင်ရွက်လျက်ရှိကြောင်း  သတင်း တစ်ပုဒ်  ပါရှိခဲ့ပါသည်။ …..။

အဆိုပါ  သတင်းနဲ့  ပတ်သက်လို့  ကာယကံရှင် အောင်နိုင်ဦးက  ၄င်းနဲ့  မနုနုထွေးတို့ဟာ ၂၀၀၃/၂၀၀၄ ခုနှစ် ကတည်းက  သမီးရည်းစားဖြစ်ခဲ့ပြီး  မနုနုထွေး  ယခုလုပ်ကိုင်နေတဲ့  H2O  အမည်ဖြင့်  Decoration  လုပ်ငန်းကို  နှစ်ဥိးသား  အတူလုပ်ကိုင်ခဲ့ ကြောင်း၊ ၄င်းနောက်  မိဘများ“  သဘောဆန္ဒအလျောက်  လုပ်ငန်းခွဲထွက်လုပ်ကိုင်ခဲ့သော်လည်း  H2O  လုပ်ငန်းမှ  ငွေကြေးပစ္စည်း တစ်စုံတစ်ရာ  မယူခဲ့ကြောင်း …. ၆.၇.၂၀၁၃ ရက်နေ့  ကိုအောင်နိုင်ဦးသည်  ၄င်းအလုပ်ရုံတွင်  သူငယ်ချင်း  ဗိုလ်ကြီး ကျော်ကျော် ထွေးနဲ့  စကားပြောနေစဉ်မှာပင်  မနုနုထွေးက 
Related Posts Plugin for WordPress, Blogger...

ShareThis