menu

Saturday 10 November 2012

မြန်မာပြည်ကောင်းဖို့ Edwards Deming နည်းဖြင့် တွေးကြည့်ခြင်း [သွန်းနေစိုး]

ကျနော့်အကျင့်က စာရေးသူတစ်ယောက်ကို ကြိုက်မိပြီဆို အဲဒီလူတစ်ယောက်ရဲ့စာတွေ အငမ်းမရလိုက်ဖတ်တော့တာပဲ။
ခုတလော ဘာဓာတ်ကျတယ်မသိ။ Edwards Deming ကြီး ခိုက်မိနေတယ်။ ဒါနဲ့ သူ့စာအုပ်တွေ အတင်းလိုက်ရှာဖတ်
၅အုပ် တော့ ဖတ်ခွင့်ရခဲ့ပါတယ်။
Deming speaks to European executives
gamma and beta functions
Out of the Crisis
Profound knowledge
The new economics for industry, government, education

သူက စီမံခန့်ခွဲမှု ဂုရုကြီးလေ။ ကျနော်ကတော့ ဘာရယ်မဟုတ်။ ဒီလိုပဲလျှောက်ဖတ်တာပါ။
သူ့စာတွေဖတ်ရင်း မြန်မာပြည်အတွက်ကျနော်တို့လုပ်စရာတစ်ချို့သွားပြေးမြင်တယ်။

လူကြီးမင်းရဲ့ ငါးထောင်တန် ဟန်းဆက် အစီအစဉ် အသစ်

နိုဝင်ဘာလ (၃) ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် လူကြီးမင်း မိုဘိုင်းဖုန်း အရောင်းဆိုင်၏ မဟာလျှော့ဈေး အစီအစဉ် ပျက်ပြယ်သွားခဲ့သည့်အတွက် အစီအစဉ်သစ်ဖြင့် ဆက်လက် ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ နိုဝင်ဘာလ (၃)ရက်နေ့က နေပြည်တော်၊ ပျဉ်းမနားနှင့် တောင်ကြီးဆိုင်ခွဲများတွင် Samsung Galaxy Miniကို ကျပ်ငါးထောင်ဖြင့် မဲနှိုက် ရောင်းချပေးခဲ့ပြီး ကျန်ရှိနေ
သော ဟန်းဆက်အလုံးရေ (၈၀) ကို နိုဝင်ဘာလ (၁၂) ရက် (တနင်္လာနေ့)တွင် ရန်ကုန်မြို့ရှိ Park Royal Hotel ၌ မဲနှိုက် ရွေးချယ် ပေးသွားမည် ဖြစ်ကြောင်း သိရပါတယ်။

ကမ္ဘာ့ အသေးငယ်ဆုံး တယော တစ်မျိုး ဂီတ ပညာရှင် တစ်ဦးတီထွင်

Photo: ကမ္ဘာ့ အသေးငယ်ဆုံး တယော တစ်မျိုး ဂီတ ပညာရှင် တစ်ဦးတီထွင်

ဒေးဗစ်အက်ဒ်ဝပ် အမည်ရှိ ဂီတ ပညာရှင် တစ်ဦးသည် ကမ္ဘာ့ အသေးဆုံး တယော တစ်မျိုးကို တီထွင် ဖန်တီး ခဲ့ကြောင်း သိရသည်။

အဆိုပါ တယောသည် အရှည် တစ်လက်မခွဲ ခန့်သာရှိပြီး ၎င်းအား ပေါင်တစ်ထောင် ကျော်ဖြင့် ရောင်းချ လျက်ရှိသည်။

ဒေးဗစ်အက်ဒ်ဝပ် သည် တစ်ချိန်က စကော့တလန် အမျိုးသား သံစုံ တီးဝိုင်းတွင် တယော တီးသူ တစ်ဦးဖြစ် သည်။ သို့သော် ၎င်းသည် ဈေးကွက်တွင် အရောင်းတွင်မည့် အရုပ်အိမ် အသေးစား မျိုးကို ဖန်တီး ပြုလုပ်ရန် အတွက် ၎င်း၏ ဂီတဖြင့် အသက် မွေးမှုကို စွန့်လွှတ် ခဲ့ခြင်းဖြစ်သည်။

အီဒင်ဘာ့ဂ် မြို့မှ အဆိုပါ ဖန်တီးရှင် ဒေးဗစ်အက်ဒ်ဝပ် သည် ဘဝ တစ်လျှောက်လုံး ၎င်းဝါသနာ ပါသည် များကို ပြုလုပ် ခဲ့သူဖြစ်သည်။ ၎င်းသည် သံချောင်း ထိပ်ဖျား လောက်သာရှိသော အင်္ကျီညှပ်သည့် ချိတ်ငယ် ကလေးများ၊ မုတ်ဆိတ် မရိတ်မီ အသုံးပြုသော ဘရပ်ရှ် အသေးစားနှင့် သင်တုန်းဓား အငယ်စား လေးများ၊ မီးဖိုချောင်သုံး တိုလီမုတ်စ ကလေးများ အစရှိသော အိမ်သုံး ပစ္စည်းများ အပါအဝင် လက်လုပ် ပစ္စည်းပေါင်း များစွာကို ဖန်တီး ပြုလုပ်လျက် ရှိသူဖြစ်သည်။ ယခု ထုတ်လုပ် လိုက်သော တယောလေး များကို ကမ္ဘာ့ အကျော်ကြားဆုံး Stradivarius တယောအမျိုး အစား ပေါ်တွင် အခြေခံ ပြုလုပ်ထားပြီး အဆိုပါ တယော လေးများ၏ အရွယ် အစားသည် ပုံမှန် အရွယ်၏ ၁၂ ပုံ တစ်ပုံမျှသာ ရှိသော်လည်း ကာလ အနည်းငယ် အတွင်း ဈေးကောင်း ရနိုင်ဖွယ်ရှိ လေသည်။

http://www.myawady.net.mm/all-news/international-news/2012-11-10-040744

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ
ဒေးဗစ်အက်ဒ်ဝပ် အမည်ရှိ ဂီတ ပညာရှင် တစ်ဦးသည် ကမ္ဘာ့ အသေးဆုံး တယော တစ်မျိုးကို တီထွင် ဖန်တီး ခဲ့ကြောင်း သိရသည်။

အဆိုပါ တယောသည် အရှည် တစ်လက်မခွဲ ခန့်သာရှိပြီး ၎င်းအား ပေါင်တစ်ထောင် ကျော်ဖြင့် ရောင်းချ လျက်ရှိသည်။

ဒေးဗစ်အက်ဒ်ဝပ် သည် တစ်ချိန်က စကော့တလန် အမျိုးသား သံစုံ တီးဝိုင်းတွင် တယော တီးသူ တစ်ဦးဖြစ် သည်။ သို့သော် ၎င်းသည် ဈေးကွက်တွင် အရောင်းတွင်မည့် အရုပ်အိမ် အသေးစား မျိုးကို ဖန်တီး ပြုလုပ်ရန် အတွက် ၎င်း၏ ဂီတဖြင့် အသက် မွေးမှုကို စွန့်လွှတ် ခဲ့ခြင်းဖြစ်သည်။

ကားပြိုင်မောင်း၍ ရမ်းကား ခဲ့သူများ အနက် ၁၁ ဦး ဖမ်းဆီးရမိ

ရန်ကုန်မြို့တော်၌ ညနက်ပိုင်း အချိန်များတွင် ကားပြိုင်မောင်းကာ မင်းမဲ့ စရိုက် ဆန်စွာ ရမ်းကားခဲ့သူ ၂၁ ဦးခန့်မှ ၁၁ ဦးကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ မှုခင်းမှတ်တမ်း များအရ သိရသည်။

ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရား လမ်းပေါ်ရှိ ဟာမစ်တစ် မှတ်တိုင် အနီးတွင် အောက်တိုဘာလ ၂၃ ရက် ည ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်က ကားပြိုင်မောင်း သူ လူငယ်ကိုးဦး၏ ဝိုင်းဝန်းရိုက်နှက် ခဲ့မှုကြောင့် နှင်းဆီကုန်း ဘိုးဘွား ရိပ်သာ၌ သန့်ရှင်းရေးဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်သူ အသက် ၃၁ နှစ် အရွယ် အမျိုးသားတစ်ဦးသေဆုံးသွား ခဲ့သည်။

အရာရှိကြီးတစ်ဦး၏သားက ထိုရန်ပွဲတွင် ခေါင်းဆောင်အဖြစ် ပါဝင်ပြီး ၄င်းနှင့်အပေါင်းအပါထဲတွင် သင်္ဘောသားတစ်ဦးလည်း ပါသည်ဟု စုံစမ်းသိရှိထားကြောင်း သေဆုံးသွားသူ ကိုရဲကျော်သူ၏ မိသားစုက စုံစမ်းထား မှုကို The Voice Weekly သို့ ပြောကြားသည်။

သက်တံပေါ်က မာမာအေးနှင့် တွေ့ဆုံခြင်း





၂၀၁၁ ခုနှစ် မတိုင်ခင် တုန်းက ကျွန်တော်တို့ မဂ္ဂဇင်း၊ ဂျာနယ် စာမျက် နှာများ ပေါ်မှာ အစိုးရက Black List သတ်မှတ် ထားတဲ့ ပုဂ္ဂိုလ်များရဲ့ အမည်များကို ပင်လျှင် ဖော်ပြခွင့် မရှိတာကြောင့် မဖြစ်မနေ အဲဒီလူတွေ ရဲ့နာမည်ကို ဖော်ပြဖို့ လိုအပ်လာရင် အနုပညာ နာမည် မသုံးဘဲ နာမည်ရင်းများနဲ့ လှည့်ပတ် သုံးကြရ ပါတယ်။
ဒါလည်း စာပေစိ စစ်ရေးက နာမည်ရင်းကို သိတယ်ဆိုရင် “အဲဒါ ဘယ်သူ့ကို ပြောတာ မဟုတ်လား။ ဖြုတ်ပါ” ဆိုတဲ့ အမိန့်များ ကြောင့် ဖြုတ်ကြရ ပြန်ပါတယ်။

နာမည်ဖော် ပြခွင့် မရှိတဲ့ အနုပညာ သည်များထဲမှာ အဆိုတော်ကြီး ဒေါ်မာမာအေးလည်း ပါတာကြောင့် သူ့နာမည်ကို ဖော်ပြဖို့ လိုအပ်ရင် ရေးသူများက “မအေးမြင့်” လို့ သုံးကြပါတယ်။ ဦးဝင်းဖေကို ဆိုရင် “အုပ်ကြီး” လို့ သုံးကြပြီး ဆရာ တင်မိုးကိုတော့ “ဆရာဂျမ်း” လို့ သုံးကြပါတယ်။ အခုတော့လည်း အစိုးရသစ် အပြောင်းအလဲမှာ အရာရာ ပွင့်လင်းလာ ခဲ့ပြီမို့ ပြည်ပမှာ ရောက်ရှိနေတဲ့ အနုပညာသည် တော်တော်များများလည်း ပြည်တော်ပြန် ခရီးများနဲ့ ၀မ်းမြောက် ၀မ်းသာ ရှိနေကြပါပြီ။

နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာပြည် လာမယ်

Photo: နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာပြည် လာမယ်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ဟာ လာမယ့် သီတင်းပတ်အတွင်း အာရှတိုက်ကို ခရီးလှည့်လည်မှာ ဖြစ်ပြီး၊ မြန်မာနိုင်ငံကို ဝင်ရောက်လာဦးမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက မနေ့က သတင်းထုတ်ပြန်ပါတယ်။

ဟီလာရီ ကလင်တန် ဟာ နိုဝင်ဘာလ ၁၁ရက်နေ့မှာ သြစတေးလျ နိုင်ငံ Perth မြို့ကို သွားရောက်ပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီး Panetta နဲ့အတူ သြစတေးလျ အစိုးရအဖွဲ့နဲ့တွေ့ဆုံမှာဖြစ်ပါတယ်။ အဲဒီကတဆင့် စင်္ကာပူနဲ့ ထိုင်းနိုင်ငံတွေကို သွားရောက်မှာပါ။

နိုဝင်ဘာလ ၁၉ရက်နေ့မှာတော့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ဟာ သမ္မတ အိုဘားမားနဲ့ မြန်မာပြည်မှာ ဆုံပြီး သမ္မတ ဦးသိန်းစိန်၊ NLD ပါတီ ဥက္ကဌ ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံကြမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံကမှတဆင့် အမေရိကန်သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီး တို့ဟာ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံညီလာခံကို တက်ရောက်ကြမှာဖြစ်ပါတယ်။

အေးချမ်းမွန်မှ RFA Burmese  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :google
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ဟာ လာမယ့် သီတင်းပတ်အတွင်း အာရှတိုက်ကို ခရီးလှည့်လည်မှာ ဖြစ်ပြီး၊ မြန်မာနိုင်ငံကို ဝင်ရောက်လာဦးမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက မနေ့က သတင်း
ထုတ်ပြန်ပါတယ်။

ဟီလာရီ ကလင်တန် ဟာ နိုဝင်ဘာလ ၁၁ရက်နေ့မှာ သြစတေးလျ နိုင်ငံ Perth မြို့ကို သွားရောက်ပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီး Panetta နဲ့အတူ သြစတေးလျ အစိုးရအဖွဲ့နဲ့တွေ့ဆုံမှာဖြစ်ပါတယ်။ အဲဒီကတဆင့် စင်္ကာပူနဲ့ ထိုင်းနိုင်ငံတွေကို သွားရောက်မှာပါ။

တပ်သား (၃) ဦး ကိစ္စ ဒုတိယ အကြိမ် မြန်မာဘက်မှ ဘင်္ဂလာသို့ စာရေးသား ပေးပို့

Photo: တပ်သား (၃) ဦး ကိစ္စ ဒုတိယ အကြိမ် မြန်မာဘက်မှ ဘင်္ဂလာသို့ စာရေးသား ပေးပို့


ဖမ်းဆီး ခေါ်ဆောင်သွားသော တပ်သား (၃) ဦး ကိစ္စနှင့် ပတ်သက်ပြီး မြန်မာ နယ်စပ် လုံခြုံရေး တပ်ဖွဲ့ နစကမှ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့ ဘီဂျီဘီသို့  ယမန်နေ့က ဒုတိယ အကြိမ်မြှောက် စာတစ်စောင် ရေးသားပေးပို့ လိုက်သည်ဟု သတင်း ရရှိသည်။

ယခုကဲ့သို့ နစက တပ်ဖွဲ့မှ စာရေးသား ပေးပို့ကြောင်းကို ယမန်နေ့ သောကြာနေ့က လက်ခံ ရရှိခဲ့ကြောင်း ဘင်္ဂလာဒေခ်ျ့ဘက်က အတည်ပြု ပြောကြားသည်။

နတ်ကျောက်ဆရီမြို့ အခြေစိုက် အမှတ် ၁၅ ဘီဂျီဘီ တပ်ရင်း တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး Mahabubur Rahman က မြန်မာနစက တပ်ဖွဲ့မှ စာကို လက်ခံ ရရှိကြောင်းနှင့် စာထဲတွင် ဖမ်းဆီး ခေါ်ဆောင်သွားသော မြန်မာနိုင်ငံသားများကို ရှာဖွေ ကယ်တင် ပေးရန် အကူအညီ တောင်းခံထားသည်ဟု ဖေါ်ပြထားကြောင်း ပြောဆိုသည်။

မြန်မာ နစက တပ်ဖွဲ့မှ အဆိုပါ ဒုတိယ အကြိမ်မြှောက် စာကို နှစ်နိုင်ငံ တပ်မှူး အဆင့် ပြု လုပ်ခဲ့သော အလံတင် ဆွေးနွေးပွဲ အပြီး နာရီ (၂၀) အတွင်းတွင် ပေးပို့ခဲ့သည်ဟု ဆိုသည်။

မြန်မာ စစ်တပ်နှင့် နီးစပ်သော သတင်းအရ အဆိုပါ စာထဲတွင် မြန်မာဘက်က တပ်သား (၃) ဦးကို ဘင်္ဂလာဒေခ်ျ့နယ်မြေထဲသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ သို့ အတွက်   အဆိုပါ တပ်သား (၃) ဦး အမြန်ဆုံး ပြန်လည် လွှတ်မြောက်လာမည်ကို ကူညီပေးရန် မျှော်လင့်ကြောင်း၊ မဟုတ်ပါက ဘင်္ဂလာဒေခ်ျ့ နယ်မြေထဲထိ ၀င်ရောက် ရှာဖွေမည်ဟု စာထဲတွင် ပါဝင်သည်ဟု ဆိုသည်။

အဆိုပါ မြန်မာဘက်က တပ်သား (၃) ဦးကို ဘင်္ဂလာဒေခ်ျ့တွင် အခြေစိုက်သော လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုမှ  ဖမ်းဆီး ခေါ်ဆောင်သွားသဖြင့် နယ်စပ် အခြေအနေမှာ တင်းမာနေပြီး အချိန်မရွှေး သေနတ် ထပေါက်နိုင်သဖြင့်  နယ်စပ်နေ ပြည်သူများ အကြား စိုးရိမ်မူများ တိုးပွားနေသည်ဟု သိရသည်။

 အေးချမ်းမွန်မှ  Narinjara  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Narinjara
ဖမ်းဆီး ခေါ်ဆောင်သွားသော တပ်သား (၃) ဦး ကိစ္စနှင့် ပတ်သက်ပြီး မြန်မာ နယ်စပ် လုံခြုံရေး တပ်ဖွဲ့ နစကမှ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့ ဘီဂျီဘီသို့ ယမန်နေ့က ဒုတိယ
အကြိမ်မြှောက် စာတစ်စောင် ရေးသားပေးပို့ လိုက်သည်ဟု သတင်း ရရှိသည်။

ယခုကဲ့သို့ နစက တပ်ဖွဲ့မှ စာရေးသား ပေးပို့ကြောင်းကို ယမန်နေ့ သောကြာနေ့က လက်ခံ ရရှိခဲ့ကြောင်း ဘင်္ဂလာဒေခ်ျ့ဘက်က အတည်ပြု ပြောကြားသည်။

နတ်ကျောက်ဆရီမြို့ အခြေစိုက် အမှတ် ၁၅ ဘီဂျီဘီ တပ်ရင်း တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး Mahabubur Rahman က မြန်မာနစက တပ်ဖွဲ့မှ စာကို လက်ခံ ရရှိကြောင်းနှင့် စာထဲတွင် ဖမ်းဆီး ခေါ်ဆောင်သွားသော မြန်မာနိုင်ငံသားများကို ရှာဖွေ ကယ်တင် ပေးရန် အကူအညီ တောင်းခံထားသည်ဟု ဖေါ်ပြထားကြောင်း ပြောဆိုသည်။

အကောင်းဆုံး အစိုးရ

EMG

မိုးထိမိုးမိရွှေလုပ်သားအဖွဲ့ ပဲခူးမြို့သို့ရောက်ရှိ


ရန်ကုန်မြို့မှ ရမည်းသင်းမြို့အထိ ရန်ကုန် - မန္တလေး အဝေးပြေးကားလမ်းမကြီးအတိုင်း ခြေလျင်ခရီးလျောက်၍ ဆန္ဒထုတ်ဖော်သည့် မိုးထိမိုးမိ ရွှေလုပ်သားများအဖွဲ့ ပဲခူးမြို့သို့ ၂၀၁၂-ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့ ည (၁၂း၀၀) နာရီအချိန်ခန့်တွင် ရောက်ရှိလာခဲ့သည်။
အဆိုပါအလုပ်သမားအဖွဲ့မှာ ရန်ကုန်မြို့မှ နိုဝင်ဘာလ (၉) ရက်နေ့ နံနက်ပိုင်းမှ စတင်ထွက်ခွာ လာခဲ့ခြင်းဖြစ်ပြီး ညနေပိုင်းတွင် ပဲခူးမြို့နယ် အင်းတကော်ကျေးရွာ၌ ခေတ္တနား
ခိုခဲ့သည်။ အင်းတကော် ကျေးရွာမှ ဆက်လက်ထွက်ခွာလာခဲ့ရာ ပဲခူးမြို့သို့ ည (၁၂း၀၀) နာရီအချိန်ခန့်တွင် ရောက်ရှိခဲ့သည်။

အောက်တိုဘာလ၉ရက်နေ့ ညပိုင်းက မုံရွာမြို့မှ ညောင်ပင်ကြီးဆိပ်ကမ်းဘက်သို့ ခုတ်မောင်းလာသော စက်တပ်လှေတစ်စီး တိမ်းမှောက်ကာ ကိုရင် ၃ ပါးနှင့် လူတစ်ဦး ပျောက်ဆုံးလျက်ရှိကြောင်းသိရ





အောက်တိုဘာလ၉ရက်နေ့ ညပိုင်းက မုံရွာမြို့ မှ ညောင်ပင်ကြီးဆိပ်ကမ်းဘက်သို့ ညပိုင်း၈နာရီခွဲခန့်တွင် ခုတ်မောင်းလာသော ဟွန်ဒါအမျိုးအစားမြင်းကောင်ရေ ၇ကောင် ၂၅ပေ×၃ပေ အနက်၂ပေခန့်ရှိ သစ်သားကိုယ်ထည်စက်တပ်လှေတစ်စီး တိမ်းမှောက်ကာ ကိုရင် ၃ ပါးနှင့် လူတစ်ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
“ညပိုင်း ၈နာရီ အထိပုံမှန်စက်လှေတွေ ပြေးဆွဲပေးပြီး ည ၈နာရီနောက်ပိုင်းဆိုရင် လှေငှားမှရတယ်။ ပုံမှန်ကူးနေကျစက်လှေတွေက လူတစ်ယောက်ကို ၂ရာကျပ်နဲ့  ဆိုင်ကယ်တစ်စီးကို ၅၀၀ ကျပ်ပေးရတယ်။ ညပိုင်း၈နာရီကျော်ရင်ကို ချင်းတွင်းမြစ်တာရိုး အလယ်လောက်မှာရှိတဲ့ နန်ချွန်မုန့် ဆိုင်နားမှာ ရှိလို့ နန်ချွန်ဆိပ်ကမ်းလို့ခေါ်တဲ့ နေရာမှာ လှေငှားဦးမလား …အနောက်ဘက်ကမ်းကူးမလားဆိုတဲ့                  ဧည့်ကြိုသမားတွေ များတယ်။ချင်းတွင်းတံတားနဲ့ မုံရွာမြို့ထဲက ၆မိုင်ကျော်ကျော်ဝေးလို့  မုံရွာမြို့ထဲ နန်ချွန်ဆိပ်ကမ်းက ကူးကြတာများပါတယ်။အခုဟာက မုံရွာဘုရားကြီးဈေးပွဲတော်လို့ ခေါ်တဲ့ သီတင်းကျွတ်ပွဲ
ရှိတော့ ညပိုင်းပွဲသွား ပွဲလာတွေနဲ့  အလုပ်ဖြစ်တာများတယ်

မင်းလူ ၏ အများနှင့် မသက်ဆိုင်သောသူ, အပိုင်း (၁၁)

 မတတ်သာသဖြင့် ခွက်ကို လှမ်းယူလိုက်သည်။ အသက်အောင့်ပြီး မော့ချလိုက်၏။ စိမ်း ရွှေရွှေ၊ ချွဲတဲတဲ၊ အော်ဂလီ ဆန်စရာ အရသာမျိုး။ အီလည်လည်ကြီး ဖြစ်နေသော ဦးဝင်းမောင်ကြီး ကြည့်၍ ချစ်ဦးက ...
"ဘယ်နှယ်လဲ၊ ချက်ချင်းအားရှိသွားပြီ မဟုတ်လား"
"အင်း .. အဲ ... အော့ ... ဝေါ့"
သံစဉ်မျိုးစုံ ထွက်ပေါ်လာပြီးနောက် ဦးဝင်းမောင်ကြီး ဝေါခနဲ ထိုးအန်ချလိုက်၏။

ဇာတ်လမ်းကတော့ အရှိန်ရလာပြီ။
တစ်ရက် မှာ ဦးဝင်းမောင်ကြီး ရောက်လာပြီး ...
"သဲသဲလေးကော မမြင်ပါလား"
ဟု မေးသည်။ ဒေါ်ငွေဇံက

မင်းလူ ၏ အများနှင့် မသက်ဆိုင်သောသူ, အပိုင်း (၁ဝ)

ဒေါ်ငွေဇံက ဦးဝင်းမောင်ကို အလွန်အရေးပေးသည်။ အရင်က ဈေးလာဝယ်ရင်း အကြောင်းမရှိ အကြောင်း ရှာ စကားပြောရုံသာဖြစ်၏။ ဒါကို ဒေါ်ငွေဇံက
''မောင်ဝင်းမောင်ပါလား၊ လာလေကွယ်၊ လက်ဖက်စားပါဦး ၊ ရေနွေားကမ်းသောက်ပါဦးလေ''
ဆိုပြီး အိမ်ပေါ်ကို ဖိတ်ခေါ်တတ်သည်။ ဦးဝင်းမောင်ကြီးကလည်း
''ဒါဆိုရင်တော့ ကျွန်တော်အားမနာတော့ဘူးနော်''
ဟု နောက်သလို ပြောင်သလိုပြောရင်း ဧည့်ခန်းမှာ တက်ထိုင်တက်လေသည်။ ပြီးတော့ နာရီဝက် တစ်နာရီ ကြာအောင် စကားတွေ ပြောနေတတ်၏။ ထိုအခါမျိုးမှာ ဒေါ်ငွေဇံကလည်း ပြုံးပြုံး ပြုံးပြုံးနှင့်ဧည့်ခံလေရှိပြီး။

''မြလွင်ရေ နင့်အစ်ကိုကြီးကို လက်ဖက်ကလေး သုပ်ပေးပါဦ၊ ရေနွေးကြမ်းလေး ယူခဲ့ပါဦး''
ဆိုတာမျိုး လုပ်တတ်သည်။ တစ်ခါတလေ..

လုံခြုံရေးအပြည့်အဝရှိမှ နေရပ်ပြန်မည်ဟုမြောက်ဦးမြို့မှ ရခိုင်ဒုက္ခသည်များ က ဆို

Photo: လုံခြုံရေးအပြည့်အဝရှိမှ နေရပ်ပြန်မည်ဟုမြောက်ဦးမြို့မှ ရခိုင်ဒုက္ခသည်များ က ဆို

မိုးဝေ-ရခိုင်ပြည်နယ်(မြစ်မခ)

 မီးဘေးသင့် ရခိုင်ဒုက္ခသည်များ အနေဖြင့် ၄င်းတို့၏ ရပ်ရွာတွင်လုံခြုံရေးအပြည့်အဝရှိမှ ပြန်မည်ဟု   မြောက်ဦးမြို့ အလိုတော်ပြည့်ကျောင်းတွင် ရောက်ရှိနေသည့် ရခိုင်ဒုက္ခသည်များကပြောသည်။ 
 
“ဟိုမှာက လုံခြုံရေးမရှိရင် ကျမတို့ မနေရဲဘူး၊ ပြန်လည်းပြန်မှာမဟုတ်ဘူး၊စိတ်ချရတဲ့လုံခြုံရေးရှိမှ ပြန်မယ်၊ ဘာလို့ဆိုတော့ကျမတို့ရွာဟာအန္တရာယ်အများဆုံးရွာဖြစ်နေတယ်” ဟု အသက် ၄၀ အရွယ်ရှိ ပန်းမော်ကျေးရွာ မှဒုက္ခသည်တစ်ဦးက ပြောသည်။ 
 
မြောက်ဦးမြို့ တွင်ရောက်ရှိနေသည့် ဒုက္ခသည်အများစုမှာ  မီးဘေးသင့်ဒုက္ခသည်များဖြစ်သည်။ 
 
“ဟိုမှာက အမျိုးသားတွေဘဲ ကျန်ခဲ့တယ်၊ အမျိုးသားတွေကျန်ခဲ့တာကအိမ်ကိုစောင့်ရှောက်ဖို့နဲ့ ဥယာဉ်ခြံမြေတွေကို စောင့်ရှောက်ဖို့ အတွက်ကျမတို့ရွာမှာ အမျိုးသားတွေဘဲကျန်ခဲ့တယ်”ဟု  မြောက်ဦးမြို့ပန်းမော်ကျေးရွာမှ  အသက် (၃၅) နှစ်ရှိ အိမ်ရှင်မ တစ်ဦး က ပြောသည်။ 
 
မြောက်ဦးမြို့ တွင်ဒုက္ခသည်များ အတွက်   အလိုတော်ပြည့်ကျောင်း၊လက်ကောက်ဈေး၊ ရွှေကြာသိမ်၊  ရွှေဂူတောင် ၊ အောင်မင်္ဂလာကျောင်းတို့တွင်စခန်းဖွင့်လှစ်ထားရာ  အလိုတော်ပြည့်ကျောင်းတွင် အောက်တိုဘာလမှ နိုဝင်ဘာလ(၄) ရက်နေ့ အထိရခိုင်ဒုက္ခသည် (၁၀၄၀) ဦးရှိသည်။ 
 
“တစ်ချို့က ရွာပြန်ကြတယ်၊ အခြေအနေကောင်းရင် ပြန်ခေါ်မယ်ဆိုတဲ့သဘောပေါ့၊ဒါပေမယ့်အဲဒီမှာ အခြေအနေက လုံးဝမကောင်းသေးဘူးဆိုတော့ ပြန်လာကြာတယ်။အခုလောလောဆယ် လိုအပ်ချက်က စားဝတ်နေရေးနဲ့ ကျန်းမာရေးပါ။ဘာလို့ဆိုတော့တစ်ချို့ဖျက်ဆီးခံရတဲ့ရွာတွေရှိတယ်ဆိုတဲ့ အခါကျတော့အိုးမဲ့အိမ်မဲ့ ထွက်ပြေးလာတာ တွေရှိတယ်။ ဘာမှ ပါမလာဘူး ၊ကိုယ်မှာအဝတ်တစ်ထည်နဲ့ပဲပြေးလာရတာ”ဟု မြောက်ဦးမြို့ အလိုတော်ပြည့်ကျောင်းတွင်ရှိနေသည့် ဒုက္ခသည်များအား ကျန်းမာရေးဆိုင်ရာကိစ္စများကို ဆောင်ရွက်နေသည်ဦးဇင်းဦးဥတ္တမသာရက မိန့်ကြားသည်။ 
 
ထို့အပြင် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခအပေါ် “ငြိမ်းချမ်းဖို့အတွက်သုံးသပ်ကြည့်ရင် အဓိကသမ္မတဦးသိန်းစိန်ဦးဆောင်သော အစိုးရက တစ်ဖက်တစ်လမ်းကမှန်ကန်သော နည်းလမ်းမှန်ကန်သော ဥပဒေနဲ့ ပြည်သူလူထုအပေါ်မှာမျှတသော တရားနည်လမ်းနဲ့ငြိမ်းချမ်းမှု တကယ့်ကိုကြိုးစားပြီးဆောင်ရွက်သွားမယ်ဆိုလို့ရှိရင်ငြိမ်းချမ်းမှုအပိုင်းဟာ ဖြစ်လာနိုင်မှာပါ”ဟု မိန့်ကြားသည်။ 
 
အောက်တိုဘာလ (၂၁) ရက်နေ့မှ  စတင်ခဲ့သော့ ရခိုင်ပဋိပက္ခကြောင့် ရခိုင်နှင့်ဘင်္ဂလီနှစ်ဖက်လုံး မီးဘေးသင့်ဒုက္ခများရှိပြီး၊ မြောက်ဦးမြို့နယ်တွင်ရခိုင်ဒုက္ခများသာရှိသည်။စုစုပေါင်း မြောက်ဦးမြို့နယ်တွင် ရခိုင်ဒုက္ခသည်နှစ်ထောင်ကျော်ခန့် ရှိသည်ဟုသိရသည်။ 
 
တစ်ကျောပြန်ဖြစ်လာခဲ့သော ပဋိပက္ခဖြစ်စဉ်ကြောင့်  အောက်တိုဘာလ (၂၁) ရက်နေ့မှ (၃၀) ရက်နေ့အထိ စာရင်းများအရသေဆုံးသူ (၈၉)ဦး၊ ဒဏ်ရာရသူ (၁၃၆)ဦး၊မီးလောင် ပျက်ဆီးသည့် လူနေအိမ် (၅၃၅၁)အိမ်နှင့် အိုးမဲ့အိမ်မဲ့ဖြစ်သူ(၃၂၂၃၁)ဦးရေခန့် ရှိကြောင်း နိုင်ငံပိုင် သတင်းစာမှ ထုတ်ပြန်ချက်အရသိရှိရသည်။ 
 
ဇွန်လ အတွင်းကဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့်လည်း မောင်တော၊ စစ်တွေ၊ကျောက်တော်၊ မြောက်ဦးစသည့် မြို့နယ်များတွင်အိမ်ခြေ ပေါင်း (၅၃၃၈)  အိမ်၊အဆောက်အဦး (၁၃၄) လုံး၊ မီးလောင်ပျက်စီးခဲ့သည့် အတွက် အိမ်ထောင်စုပေါင်း(၁၂၂၄၂) စု လူဦးရေ (၇၅၀၀၀) ခန့်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

အေးချမ်းမွန်မှ  Myit Makha Mediagroup  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myit Makha Mediagroup
မီးဘေးသင့် ရခိုင်ဒုက္ခသည်များ အနေဖြင့် ၄င်းတို့၏ ရပ်ရွာတွင်လုံခြုံရေးအပြည့်အဝရှိမှ ပြန်မည်ဟု မြောက်ဦးမြို့ အလိုတော်ပြည့်ကျောင်းတွင် ရောက်ရှိနေသည့် ရခိုင်ဒုက္ခသည်များကပြောသည်။

“ဟိုမှာက လုံခြုံရေးမရှိရင် ကျမတို့ မနေရဲဘူး၊ ပြန်လည်းပြန်မှာမဟုတ်ဘူး၊စိတ်ချရတဲ့လုံခြုံရေးရှိမှ ပြန်မယ်၊ ဘာလို့ဆိုတော့ကျမတို့ရွာဟာအန္တရာယ်အများဆုံးရွာဖြစ်နေတယ်” ဟု အသက် ၄၀ အရွယ်ရှိ ပန်းမော်ကျေးရွာ မှဒုက္ခသည်တစ်ဦးက ပြောသည်။

ဘုရားဂေါပက အဖွဲ့အား အောင်လံ NLD တရားစွဲ

သရက်ခရိုင် ၊ အောင်လံမြို့ သိမ်ကုန်းဓမ္မာရုံ ဘုရားပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ရန်ပုံငွေအဖြစ် ဈေးရောင်းချ ရာတွင် NLDပါတီ ဆိုင်းဘုတ်အား ဘုရားဂေါပက အဖွဲ့က ဖြုတ်ချခဲ့သည့် အတွက် NLDပါတီက တရား စွဲဆိုလိုက်ကြောင်း ယင်းမြို့နယ် တရားရုံးထံမှ သိရသည်။

အိုဘားမားခရီးစဉ်အပေါ် ဒီမိုအုပ်စုတွေ မျှော်လင့်ချက်ထား

Photo: အိုဘားမားခရီးစဉ်အပေါ် ဒီမိုအုပ်စုတွေ မျှော်လင့်ချက်ထား

မဆုမွန်
09.11.2012

သမ္မတတာဝန်ထမ်းဆောင်စဉ် မြန်မာနိုင်ငံကို လာရောက်တဲ့ ပထမဆုံးသော အမေရိကန်သမ္မတ ဘားရက်အိုဘားမားရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး  ပတ်သတ်ပြီး ပြည်တွင်းမြန်မာနိုင်ငံရေး အင်အားစုတွေကရော ဘယ်လို သဘောထားကြပါသလဲ။ သမ္မတအိုဘားမားရဲ့ ဒီခရီးစဉ် အပေါ် မြန်မာ့နိုင်ငံရေးလောကမှာ အများစုက ကြိုဆိုကြတာရှိသလို အခုလိုမျိုး လာရောက် တာဟာ မြန်မာနိုင်ငံအခြေအနေအရ စောနေသေးတယ်လို့ ယူဆကြပါတယ်။ ဒီလိုနိုင်ငံရေးခေါင်းဆောင် အသီးသီးရဲ့ အမြင်သဘောထားတွေကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးပါမယ်။

လာမယ့်နိုဝင်ဘာလ ၁၇ရက်နေ့ကနေ၂၀ရက်နေ့အထိ အမေရိကန်သမ္မတ ဘားရက်အိုဘားမားရဲ့ အာရှခရီးစဉ်အတွင်း မြန်မာနိုင်ငံကို သွားရောက်မယ်လို့ အိမ်ဖြူတော်က ကြာသပတေးနေ့က တရားဝင်ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ အခုလိုမျိုး မြန်မာနိုင်ငံတွင်း အရပ်သားအစိုးရ လက်ထက် ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတဲ့အချိန်မှာ ပထမဆုံးအကြိမ် အမေရိကန်သမ္မတ တဦးရဲ့ သမိုင်းဝင်ခရီးစဉ်နဲ့ပတ်သက်ပြီး မြန်မာ့နိုင်ငံရေးလောကမှာ သုံးသပ်မှုအမျိုးမျိုးရှိသလို မတူကွဲပြားတဲ့ အမြင်တွေလည်းရှိနေပါတယ်။

အပြည့်အဝလွတ်လပ်မှုမရသေးတဲ့အခြေအနေမှာ မြန်မာနိုင်ငံရဲ့  လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေနဲ့ပတ်သက်ပြီး အမြဲတမ်း တောင်းဆိုဖိအားပေးခဲ့တဲ့ အမေရိကန်သမ္မတအနေနဲ့ အစိုးရကို ဆွေးနွေးဖြေရှင်းသွားမယ်လို့ မျော်လင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် သတင်းစာဆရာကြီးဦးဝင်းတင်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“မစ္စတာအိုဘားမားဟာ တလျောက်လုံး မြန်မာပြည်ရဲ့ လူ့အခွင့်အရေးကိစ္စ၊ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးကိစ္စ၊ ပြည်တွင်းပဋိပက္ခတွေ တည်ငြိမ်ရေးကိစ္စ၊ မြန်မာပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိစ္စတွေကို အမြဲတမ်းအာရုံထားတဲ့ ပုဂ္ဂိုလ်ပီပီ၊ မြန်မာပြည်ကို လာရောက်တဲ့အခါမှာလည်းပဲ၊ ဒီကိစ္စတွေကို ဆောင်ရွက်နိုင်ပါစေ။ ဆက်လက်ပြီးတော့ တွန်းအားပေးနိုင်ပါစေ။ ဆက်လက်ပြီးတော့ ဆွေးနွေးနိုင်ပါစေလို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မြန်မာပြည်မှာ အားလုံးသိကြတဲ့အတိုင်း၊ ဒီနေ့အထိတော့ လူ့အခွင့်အရေးပြဿနာနဲ့ပတ်သက်လာရင်၊နိုင်ငံရေးအကျဉ်းသားတွေဟာ ဒီကနေ့အထိ မြန်မာပြည်မှာ ထောင်ထဲမှာ အများကြီးကျန်ရှိနေပါသေးတယ်။

အလားတူပဲ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ရှိရင်လည်း ပြည်တွင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေဟာ ဒီနေ့အထိ ပေါ်ပေါက်လျက်ရှိပါတယ်။ ဒါ့ထက်ပိုပြီးတော့ ပြောရရင် မြန်မာပြည်မှာ လွတ်လပ်ခွင့်တွေပေါ့ဗျာ။ စာနယ်ဇင်းလွတ်လပ်ခွင့်တို့၊ ပြည်သူများရဲ့လွတ်လပ်ခွင့်တို့၊ ဒီလိုဟာမျိုးတွေမှာ အများကြီး အခုထက်ထိ နည်းနည်းလျော့ပါြး့ပီးတော့ ရှိနေသေးတဲ့ အခြေအနေမှာ ရှိနေသေးတဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်လို့လည်း မစ္စတာအိုဘားမားဟာ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများနဲ့ ဆွေးနွေးဖြေရှင်း လမ်းစဖော်ပေးနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်လို့ ကျနော်ကတော့ အဲ့လိုပဲပြောချင်ပါတယ်။”

ဒါပေမယ့် အခုလိုမျိုး အမေရိကန်သမ္မတ တစ်ဦး မြန်မာနိုင်ငံကို လာတာဟာ စောလွန်းနေတယ်လို့လည်း တိုင်းရင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအေးသာအောင်က သုံးသပ်ပါတယ်။ ပြည်တွင်းရေးငြိမ်းချမ်းရေးတွေ တည်ဆောက်ဆဲကာလဖြစ်တဲ့အတွက် စစ်အစိုးရလက်အောက်ကနေ အရပ်သားအစိုးရအပြောင်းအလဲကာလမှာ အပြောင်းအလဲတွေက အမှန်တကယ်ပဲ တိုးတက်ပြောင်းလဲ လာချိန်မှာမှ ရောက်လာသင့်တယ်လို့လည်း ဦးအေးသာအောင်က မြင်ပါတယ်။

“ကျနော်တို့ကတော့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံရဲ့အခြေအနေက အပြောင်းအလဲဖြစ်ဖို့ ကြိုးစားဆဲကာလပဲဖြစ်တယ်။ အထူးသဖြင့် ပြည်တွင်းစစ်ရပ်စဲဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ဖို့၊ ကြိုးစားနေဆဲကာလဖြစ်တယ်။ ဒီကာလမျိုးမှာ အမေရိကန်ရဲ့ သမ္မတ လာတာကို ကျနော်တို့ကတော့ စောတယ်လို့ သုံးသပ်တယ်။ တကယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အပြောင်းအလဲအတွက် အတော်များများ ပြုပြင်ပြောင်းလဲပြီးပြီ၊ ပြည်တွင်းစစ်လည်း ရပ်စဲပြီးပြီ၊ ပြည်တွင်းငြိမ်းချမ်းရေးကိုလည်း တည်ဆောက်ပြီးပြီဆိုတဲ့၊ အချိန်မျိုးကျမှ အမေရိကန်သမ္မတအိုဘားမားလာတာ ပိုပြီးတော့ သင့်တော်လိမ့်မယ်လို့ ကျနော်က ဒီလိုသုံးသပ်ပါတယ်။”

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီကတော့ မြန်မာပြည်ဒီမိုကရေစီရရှိရေးအတွက် တစိုက်မတ်မတ် ထောက်ခံအားပေး ဆောင်ရွက်ခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ သမ္မတအိုဘားမား မြန်မာနိုင်ငံကို လာရောက်မယ့်ကိစ္စကို ကြိုဆိုကြောင်းနဲ့ အမေရိကန်နိုင်ငံရဲ့ ယခင်ဖိအားပေးဆက်ဆံမှုကနေ ထိတွေ့ဆက်ဆံမူ မူဝါဒကိုပြောင်းပြီး ကျင့်သုံးလာတဲ့အပေါ်ကို အခုလိုသုံးသပ်ပါတယ်။

“ကျနော်တို့ကတော့ ကြိုဆိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အိုဘားမားရဲ့ လက်ထက်ကစပြီးတော့ မြန်မာပြည်ကို ထိတွေ့ဆက်ဆံတဲ့ပုံစံ ရယ်၊ ဖိအားပေးတဲ့ပုံစံရယ် ဒီနှစ်ခုပေါ့။ အဲ့နှစ်ခုကို ချမှတ်ပြီးတော့ မြန်မာပြည်ကို ဆက်ဆံတာပေါ့နော်။ အဲ့ဆက်ဆံမှုဟာ ဘာပဲဖြစ်ဖြစ် အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။ နောက်တခုက အမေရိကန်သမ္မတက အစိုးရတာဝန်ထမ်းဆောင်တဲ့အခါမှာ နှစ်ဆက်တာဝန် ထမ်းဆောင်တဲ့အခါ ပိုမိုပြီး ပြီးပြည့်စုံအောင် လုပ်နိုင်တယ်လေ။ အဲ့တော့ ဆိုကြမယ်ဆိုရင် မြန်မာပြည်အရေးနဲ့ပတ်သက်လာရင် သမ္မတအိုဘားမားက ဖိအားပေးတဲ့ပုံစံရော၊ နောက်ပြီးတော့ ထိတွေ့ဆက်ဆံတဲ့ပုံစံရော၊ နှစ်ခုစလုံးကို စအကောင်အထည်ဖော်တာဖြစ်တယ်။ ပြီးတော့ ဒါကို သူက နောက်သက်တမ်းတခုမှာ အဆုံးသတ်နိုင်အောင် သူကြိုးစားလိမ့်မယ်။ အဲ့တော့ ဒါ ဘာပဲဖြစ်ဖြစ် ဒါ ကောင်းမွန်တဲ့ ဆက်ဆံရေးတခုတော့ ရလာမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။”

အခုလိုမျိုး အမေရိကန်နိုင်ငံမှာ ဒုတိယအကြိမ်သမ္မတသက်တမ်းပြန်အရွေးခံပြီးနောက် ပထမဆုံးအကြိမ် ထွက်မယ့် နိုင်ငံခြားခရီးစဉ်မှာ အာရှနိုင်ငံတွေဆီကို လာရောက်မယ့် သမ္မတအိုဘားမားဟာ အရှေ့အာရှထိပ်သီးညီလာခံကို တက်ရောက်ပြီး ဒေသတွင်း အာဆီယံခေါင်းဆောင်တွေနဲ့တွေ့ဆုံမှာဖြစ်သလို မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာလည်း မြန်မာ သမ္မတ ဦးသိန်းစိန်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အပြင် နိုင်ငံရေးပါတီက ခေါင်းဆောင်တွေ၊ နိုင်ငံရေးလူပ်ရှားသူတွေနဲ့ လူထု အခြေပြု အဖွဲ့အစည်တွေနဲ့ တွေ့ဆုံပြီးတော့ မြန်မာနိုင်ငံမှာ လက်ရှိဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေကို ဆွေးနွေး အားပေးတိုက်တွန်းမှာဖြစ်ပါတယ်။

အေးချမ်းမွန်မှ  VOAတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :VOA
သမ္မတတာဝန်ထမ်းဆောင်စဉ် မြန်မာနိုင်ငံကို လာရောက်တဲ့ ပထမဆုံးသော အမေရိကန်သမ္မတ ဘားရက်အိုဘားမားရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ပတ်သတ်ပြီး ပြည်တွင်းမြန်မာနိုင်ငံရေး အင်အားစုတွေကေ
ရာ ဘယ်လို သဘောထားကြပါသလဲ။ သမ္မတအိုဘားမားရဲ့ ဒီခရီးစဉ် အပေါ် မြန်မာ့နိုင်ငံရေးလောကမှာ အများစုက ကြိုဆိုကြတာရှိသလို အခုလိုမျိုး လာရောက် တာဟာ မြန်မာနိုင်ငံအခြေအနေအရ စောနေသေးတယ်လို့ ယူဆကြပါတယ်။ ဒီလိုနိုင်ငံရေးခေါင်းဆောင် အသီးသီးရဲ့ အမြင်သဘောထားတွေကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးပါမယ်။

လာမယ့်နိုဝင်ဘာလ ၁၇ရက်နေ့ကနေ၂၀ရက်နေ့အထိ အမေရိကန်သမ္မတ ဘားရက်အိုဘားမားရဲ့ အာရှခရီးစဉ်အတွင်း မြန်မာနိုင်ငံကို သွားရောက်မယ်လို့ အိမ်ဖြူတော်က ကြာသပတေးနေ့က တရားဝင်ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ အခုလိုမျိုး မြန်မာနိုင်ငံတွင်း အရပ်သားအစိုးရ လက်ထက် ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတဲ့အချိန်မှာ ပထမဆုံးအကြိမ် အမေရိကန်သမ္မတ တဦးရဲ့ သမိုင်းဝင်ခရီးစဉ်နဲ့ပတ်သက်ပြီး မြန်မာ့နိုင်ငံရေးလောကမှာ သုံးသပ်မှုအမျိုးမျိုးရှိသလို မတူကွဲပြားတဲ့ အမြင်တွေလည်းရှိနေပါတယ်။

မြန်မာနေရှင်နယ်လိဂ် ဘောလုံးအသင်း ပိုင်ရှင်များ သိန်း သောင်းချီရှုံး

Photo: မြန်မာနေရှင်နယ်လိဂ် ဘောလုံးအသင်း ပိုင်ရှင်များ သိန်း သောင်းချီရှုံး

သာလွန်ဇောင်းထက်| November 10, 2012 | 

မြန်မာနိုင်ငံ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်ကြီးများ ပိုင်ဆိုင်သော မြန်မာနေရှင်နယ်လိဂ် ဘောလုံး အသင်းများမှာ နှစ်စဉ် ငွေကျပ်သိန်း သောင်းချီ အရှုံးပေါ်လျက်ရှိကြောင်း သတင်းရရှိသည်။

၂၀၀၉ ခုနှစ်မှ စတင်ခဲ့သော မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ (Myanmar National League) များအတွက် မြန်မာနိုင်ငံ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်ကြီးများက ဘောလုံးအသင်းများ အပြိုင်အဆိုင် တည်ထောင်ခဲ့ကြပြီး ယခု ၃ နှစ်ကျော် ကြာမြင့်လာချိန်တွင် ဘောလုံးအသင်းများအတွက် ကုန်ကျစရိတ်ငွေ နှစ်စဉ် သိန်းသောင်းချီ အရှုံးပေါ်နေခြင်းဖြစ်သည်ဟု အသင်းပိုင်ရှင်များထံမှ သိရသည်။

စစ်ကိုင်းတိုင်း ကိုယ်စားပြု ဇေယျာရွှေမြေ အသင်းပိုင်ရှင်လည်းဖြစ်၊ စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးလည်း ဖြစ်သူ ဦးဝင်းမြင့်က အသင်းအတွက် လစဉ် သိန်းရာချီ အသုံးပြုနေရပြီး အသင်းစတင်တည်ထောင်ချိန်မှ ယခုအချိန်အထိ သိန်း ၃ သောင်းကျော် အသုံးပြုထားပြီး ယင်းငွေကြေးများမှာ စိုက်ထုတ်သုံးစွဲထားခြင်း ဖြစ်ကြောင်း၊ အကျိုးအမြတ် မရရှိကြောင်း ဧရာဝတီသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတခုတွင် ထုတ်ဖော်ပြောဆိုသည်။

“တလကို သိန်း ၆၀၀ လောက်ရှိမယ်။ ဘောလုံးပွဲနိုင်လို့ရှိရင်လည်း တပွဲကိုသိန်း ၅၀ ဆုချတယ်။ အခြားအသင်းတွေဆိုရင် တပွဲနိုင်ရင် သိန်း ၁၀၀ လောက်ပေးကြတယ်။ အခုအထိဆိုရင် အသင်းအတွက် သိန်း ၃ သောင်းကျော်လောက် ရှိမယ်” ဟု ဦးဝင်းမြင့်က ဆိုသည်။

ဦးအောင်ကိုဝင်း ၊ ဦးတေဇ၊ ဒေါက်တာ စိုင်းဆမ်ထွန်း၊ ယုဇန ဦးဌေးမြင့်၊ ဦးတင့်ဆန်း အပါအ၀င် တခြားသောထိပ်တန်း စီးပွားရေး လုပ်ရှင်ကြီးများမှာလည်း ဘောလုံးအသင်းများအတွက် ဆုကြေး၊ အပါအ၀င် ကုန်ကျစရိတ်များစွာ အသုံးပြုနေရကြောင်း သိရှိရသည်။

မြန်မာနေရှင်နယ်လိဂ် ဘောလုံးသမားများ၏ လစာမှာ အနည်းဆုံး ၅ သိန်းဝန်းကျင်မှ သိန်းဆယ်ဂဏန်းချီရှိနေပြီး ACE ဆောက်လုပ်ရေးပိုင်ရှင် ဦးတင့်ဆန်းပိုင်ဆိုင်သော နေပြည်တော်အက်ဖ်စီ ဘောလုံးအသင်းတွင် ဘောလုံး အားကစားသမားများအတွက် ဇိမ်ခံကားများ ၀ယ်ယူပေးသည်အထိ အကုန်အကျခံ လုပ်ဆောင်ပေးကြသည်ဟု သိရှိရသည်။

အကျိုးအမြတ် နည်းပါးလွန်းလှသည့် လုပ်ငန်းအပေါ် လုပ်ငန်းရှင်ကြီးများက ငွေကြေးများစွာ အရှုံးခံ စိုက်ထုတ် သုံးနေရခြင်းသည် စီးပွားရေးလုပ်ငန်းရှင်များအကြား ဂုဏ်သိက္ခာ ပြိုင်ဆိုင်မှုပုံစံမျိုး ရှိသည်ဟု သုံးသပ်မှုများရှိသည့်အပြင် တိုင်းပြည်နှင့် ဘောလုံး ချစ်သောကြောင့် ဆက်လက်လုပ်ဆောင်နေကြခြင်း ဖြစ်သည်ဟု သုံးသပ်မှုများရှိသည်။

“ဘောလုံးအဖွဲ့ချုပ်ရော၊ ဘောလုံးအသင်းတွေကရော အကျိုးအမြတ်မရှိတဲ့ Professional လုပ်ငန်းကြီးတခုကို နိုင်ငံ့ဂုဏ်ဆောင်ဖို့အတွက် လုပ်ကိုင်နေတယ် ဆိုတာတော့ မငြင်းသာပါဘူး။ Income က ဘာမှ မရှိဘူး။ လစာတင်ပဲ တလကို သိန်းရာချီပေးရတယ်။ ပွဲတွေကလည်း ပရိသတ်မရှိတော့ ပရိသတ်ဆီက ရတဲ့ဝင်ငွေက နည်းနည်းလေးပဲရတယ်။ တနှစ်ကို သိန်းပေါင်း သောင်းချီသုံးနေရတော့ အခုချိန်မှာ အော်လာပြီပေါ့။ သူဌေးကြီးတွေက ဒီအရှုံးကို ခံနိုင်တဲ့ အခြေအနေရှိလို့ပေါ့” ဟု အားကစားအယ်ဒီတာ ကိုဇော်သက်ထွေးက ဆိုသည်။

အားကစားကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) ကမူ မြန်မာနေရှယ်နယ်လိဂ် ဘောလုံးအသင်းများ ငွေကြေး ဆုံးရှုံးမှုများရခြင်းမှာ ငွေသုံးကြမ်းခြင်းကြောင့် ဟုဆိုသည်။

“အစောပိုင်းက ငွေသုံးတော်တော်ကြမ်းကြတယ်။ ငွေသုံးတော်တော်လေးကြမ်းတော့ ဘောလုံးသမားရဖို့ အပြန်အလှန် ကြေးပြီးခေါ်တာ။ ပွဲတပွဲနိုင်ရင် သိန်း ၁၀၀ တို့ အလွတ်ကြီး ဆုချတာတို့ အဲလို အသုံးကြမ်းတာတွေကြောင့်လည်း ပါပါတယ်။ စစ်စစ်စီစီနဲ့ သုံးမယ်ဆိုရင် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာမယ်ဆိုရင်တော့ ဘောလုံးအသင်းတွေအတွက် ခံသာမှာပါ။ ဒီအတိုင်း သွားမယ်ဆိုရင်တော့ အရှုံးများနေတဲ့အပြင် စီးပွားရေးတွေကလည်း အပြိုင်အဆိုင် လုပ်ရတော့မှာဆိုတော့ သူတို့ဘက်မှာလည်း အကြပ်အတည်းရှိတာ အမှန်ပဲ” ဟု ဦးခင်မောင်ထွေးက ဆိုသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ပြန်ကြားရေးတာဝန်ခံ ဦးစိုးမိုးကမူ စီးပွားရေး လုပ်ငန်းရှင်ကြီးများသည် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် ဘောလုံးချစ်စိတ်များဖြင့် တိုင်းပြည်အတွက် ငွေကြေးစိုက်ထုတ် ကုန်ကျခံနေကြခြင်းဖြစ်သည်ဟု ဆိုသည်။

“တိုင်းပြည်ကိုချစ်လို့၊ ဘောလုံးကိုလည်း တကယ်ချစ်လို့၊ ဘောလုံးကိုလည်း မြှင့်တင်ပေးချင်လို့ အသင်းပိုင်ရှင်ကြီးတွေ၊ လုပ်ငန်းရှင်ကြီးတွေက အသင်းကို တည်ထောင်ပေးနေတာပေါ့။ သူတို့အတွက် ဘာအကျိုးမှမရှိဘူး။ တခြား နိုင်ငံတကာလိဂ်တွေလို စပွန်ဆာတွေလည်း အများကြီးရတာ မဟုတ်သေးဘူး။ ကစားသမား အရောင်းအ၀ယ်တွေဆိုတာလည်း အချင်းချင်းပဲ လှည့်ရောင်းနိုင်တဲ့ အဆင့်လောက်ပဲ ရှိသေးတယ်”ဟု ဦးစိုးမိုးက ရှင်းပြသည်။

မြန်မာနေရှင်နယ်လိဂ်ကို အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးဖြစ်သူ ဖိုးလပြည့်၏ တောင်းဆိုမှုအရ မြန်မာခရိုနီ သူဌေးကြီးများက လိုက်လံလုပ်ဆေင်ပေးခဲ့သည်ဆိုသော သုံးသပ်ချက်မှုများလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်ကြောင့် မြန်မာ့ဘောလုံး အရည်အသွေး ပြန်လည်မြင့်မားလာသည်ဟု ပြည်တွင်း အားကစားအသိုင်းအ၀ိုင်းက ဆိုကြသည်။

“သုံး၊ လေးနှစ်အတွင်းမှာ မြန်မာလက်ရွေးစင်အသင်းက ခြေတက်လာပြီးတော့ ဒေသတွင်းမှာ ဗီယက်နမ်၊ မလေးရှားတို့၊ စင်ကာပူတို့နဲ့ သူတင်ကိုယ်တင်ကစားလာနိုင်တဲ့ အနေအထားလေးတရပ် ရှိလာတယ” ဟု ကိုဇော်သက်ထွေးက ပြောသည်။

ဦးခင်မောင်ထွေးကလည်း မြန်မာ့ဘောလုံး အာရှတွင် အဆင့်အတန်းမြင့်မားရေး လမ်းစပေါ်ထွန်းနေပြီဟု ဆိုသည်။

“အပျော်တမ်းအဆင့်ထက်တော့ တိုးတက်လာတာပေါ့။ ၁၉၅၀၊ ၁၉၆၀ ပြည့်လွန်နှစ်တွေတုန်းက အရှေ့တောင်အာရှမှာ ဘောလုံးက ထိပ်တန်းအဆင့်ရှိတယ်။ အဲဒီကနေ ပြန်ကျသွားတာ၊ ၈၀၊ ၉၀ မှာ ပြန်ကျသွားတာ။ ကျရာကနေ ပြန်တက်သွားရတာဆိုတော့ အရင်အဆင့်တော့ မရောက်သေးဘူး။ တိုးတက်တယ်။ ဘောလုံး အဆင့်အတန်းကလည်း တိုးတက်တဲ့ လမ်းစပေါ်ရောက်ပြီလို့ပဲပြောချင်ပါတယ်” ဟု ဦးခင်မောင်ထွေးက ရှင်းလင်းပြောဆိုသည်။

မြန်မာနေရှင်နယ်လိဂ် အသင်းများ အရှုံးခံမှုများ သက်သာစေရန်မှာမူ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် စပွန်ဆာများ ပြည်တွင်း ဘောလုံးလောကအတွင်း ၀င်ရောက်လာမှသာ ဖြစ်နိုင်ကြောင်း အားကစားကျွမ်းကျင်သူများက သုံးသပ်ကြသည်။

ထူးကုမ္ပဏီမှ ဦးတေဇက ရန်ကုန်ယူနိုက်တက်အသင်း၊ ယုဇနကုမ္ပဏီမှ ဦးဌေးမြင့်က ဆောက်သမ်းမြန်မာယူနိုက်တက် (Southern Myanmar United)၊ ACE ဆောက်လုပ်ရေးကုမ္ပဏီမှ ဦးတင့်ဆန်းက နေပြည်တော်အက်ဖ်စီ၊ ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်းက ကမ္ဘောဇအက်ဖ်စီ အပါအ၀င် မြန်မာနေရှယ်နယ်လိဂ် စတင်တည်ထောင်စဉ်က ဘောလုံးအသင်း ၈ သင်းသာရှိသော်လည်း ယခုအခါ ဘောလုံးအသင်း ၁၄ သင်းအထိ ရှိလာပြီဖြစ်သည်။

၂၀၁၂ ခုနှစ်အတွက် မြန်မာနေရှယ်နယ်လိဂ် ချန်ပီယံဖလားကို ရန်ကုန်ယူနိုက်တက်က ရရှိခဲ့ပြီးနောက် အသင်းပိုင်ရှင် ဦးတေဇနှင့် သား ပြည့်ဖြိုးတေဇတို့က အသင်းသားများနှင့်အတူ အောင်ပွဲခံနေစဉ် (ဓာတ်ပုံ – ရန်ကုန်ယူနိုက်တက်)

အေးချမ်းမွန်မှ  ဧရာဝတီသတင်းတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ဧရာဝတီသတင်း
၂၀၁၂ ခုနှစ်အတွက် မြန်မာနေရှယ်နယ်လိဂ် ချန်ပီယံဖလားကို ရန်ကုန်ယူနိုက်တက်က ရရှိခဲ့ပြီးနောက် အသင်းပိုင်ရှင် ဦးတေဇနှင့် သား ပြည့်ဖြိုးတေဇတို့က အသင်းသားများနှင့်အတူ အောင်ပွဲခံနေစဉ် (ဓာတ်ပုံ – ရန်ကုန်ယူနိုက်တက်)
မြန်မာနိုင်ငံ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်ကြီးများ ပိုင်ဆိုင်သော မြန်မာနေရှင်နယ်လိဂ် ဘောလုံး အသင်းများမှာ နှစ်စဉ် ငွေကျပ်သိန်း သောင်းချီ အရှုံးပေါ်လျက်ရှိကြောင်း သတင်းရရှိသည်။

၂၀၀၉ ခုနှစ်မှ စတင်ခဲ့သော မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ (Myanmar National League) များအတွက် မြန်မာနိုင်ငံ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်ကြီးများက ဘောလုံးအသင်းများ အပြိုင်အဆိုင် တည်ထောင်ခဲ့ကြပြီး ယခု ၃ နှစ်ကျော် ကြာမြင့်လာချိန်တွင် ဘောလုံးအသင်းများအတွက် ကုန်ကျစရိတ်ငွေ နှစ်စဉ် သိန်းသောင်းချီ အရှုံးပေါ်နေခြင်းဖြစ်သည်ဟု အသင်းပိုင်ရှင်များထံမှ သိရသည်။

မိုးညှင်းခရိုင်ရှိ လက်ဖက်ရည် ဆိုင်များကို သိန်းရာချီ ကေအိုင်အို အခွန်ကောက်

ကချင်ပြည်နယ် မိုးညှင်းမြို့ ခရိုင်အတွင်းရှိ လက်ဖက်ရည် ဆိုင်များကို သိန်းရာချီ အခွန် ပေးဆောင်ရန် ကေအိုင်အို ရှေ့တန်း တပ်စခန်း ရုံး မှ အကြောင်းကြား ထားကြောင်း ယင်းဒေသ ရှိ လက်ဖက်ရည် ဆိုင် ပိုင်ရှင်များ က The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။

" သိန်းသုံးရာ အခွန်ဆောင်ဖို့ အကြောင်းကြား ထားတယ်" ဟု မိုး
ညှင်းမြို့ မှ လက်ဖက်ရည် ဆိုင် ပိုင်ရှင် တစ်ဦးက ဆိုသည်။

အဆိုပါ အကောက် အခွန် ငွေကျပ်သိန်း သုံးရာကို မပျက်မကွက် လာရောက် ပေးဆောင်ရန် နှင့် ထွက်ပြေး တိမ်းရှောင်ပါက ရှေ့တန်း တပ်စခန်းမှ ထိရောက်စွာ အရေး ယူသွားမည် ဖြစ်ပြီး အခွန်ငွေ ကို ငြင်းဆန်ပါ ကလည်း မအောင်မြင် မခြင်း လက်တွေ့ အကောင်အထည်ဖော် ပြုမူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း လက်ဖက်ရည် ဆိုင် ပိုင်ရှင် များထံ ကေအိုင်အိုက အကြောင်းကြား သည့် စာတွင် ဖော်ပြ ထားသည်။

ရဲတပ်ဖွဲ့ဝင်များကို မချေမငံ ပြောဆိုသော တပ်မတော်ဗိုလ် တစ်ဦးအား အမှုဖွင့်

ရန်ကုန် ၊ နိုဝင်ဘာ ၁၀

ကားပြိုင်မောင်းသူများနှင့် တုတ်၊ဓား စသည့် လက်နက်ပုန်းများ သယ်ဆောင်လာသည့် ယာဉ်များကို စစ်ဆေး ဖမ်းဆီး...နေသော တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များ ကို မချေမငံ ပြောဆိုခဲ့သော
ဗိုလ်မင်းသန်းထွန်းအားအမှုဖွင့် ထားကြောင်း ရန်ကုန် တိုင်း ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်များ အရ သိရသည်။

နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်

တွင် သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး သက်ထွန်းဦး နှင့် တပ်ဖွဲ့ဝင်များ အပါအဝင် နယ်မြေ ( ၂ ) မှ ယာဉ်ထိန်း တပ်ဖွဲ့ဝင်များ ကမ္ဘာအေးလမ်းမပေါ် ဖူစန် တရုတ်ဘုံကျောင်းရှေ့တွင် တာဝန်အရ ယာဉ်များကို ရပ်တန့် စစ်ဆေးနေစဉ် ချော်တွင်းကုန်း ဘက်မှ ကုက္ကိုင်းဘက်သို့ ယာဉ်မောင်း
သန့်ဇင် ( ၂၈ ) နှစ် မောင်းနှင် လာသော

ကျပ် ငါးသိန်းဖြင့် ချထား ပေးသော ဝ၉၄၉ နှင့် စသည့် CDMA-450 MHz ဖုန်းများ Message အခမဲ့ ပို့နိုင်

Photo: ကျပ် ငါးသိန်းဖြင့် ချထား ပေးသော ဝ၉၄၉ နှင့် စသည့် CDMA-450 MHz ဖုန်းများ Message အခမဲ့ ပို့နိုင်


ယခင်က ဧရိယာ သတ်မှတ်ချက်ဖြင့် အသုံးပြုခွင့် ပေးခဲ့သော CDMA-800 MHz,CDMA-450 MHz ဖုန်းများ အနက် နေပြည်တော်တွင် ငွေကျပ် ငါးသိန်းဖြင့် ချထား ပေးခဲ့သော ဝ၉၄၉ နှင့် စသော ဖုန်းများမှာ Message အခမဲ့ ပို့နိုင်ကြောင်း သိရသည်။

Message အခမဲ့ ဆိုတော့လည်း ၂၅ ကျပ် သက်သာတာ ပေါ့ဗျာ။ ဒါပေမဲ့ ကျန်တဲ့ ဖုန်းတွေလို အင်တာနက် သုံးလို့ မရဘူး'' ဟု သိရသည်။

Message အခမဲ့အသုံးပြုနိုင်သည့် CDMA-450 MHz ဖုန်းများမှာ ဝ၉၄၉ ၂ဝ နှင့် စသော ဖုန်းများ နှင့် ဝ၉၄၉၂၁ ဖြင့် စသော ဖုန်းများသာ ဖြစ်ပြီး ကျန်ဖုန်းများမှာ Messageပို့ခ ၂၅ ကျပ် ဖြတ် တောက်လျက် ရှိကြောင်း သိရ သည်။

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ
ယခင်က ဧရိယာ သတ်မှတ်ချက်ဖြင့် အသုံးပြုခွင့် ပေးခဲ့သော CDMA-800 MHz,CDMA-450 MHz ဖုန်းများ အနက် နေပြည်တော်တွင် ငွေကျပ် ငါးသိန်းဖြင့် ချထား ပေးခဲ့သော ဝ၉၄၉ နှင့် စသော ဖုန်းများမှာ Message အခမဲ့ ပို့နိုင်ကြောင်း သိရသည်။

Message အခမဲ့ ဆိုတော့လည်း ၂၅ ကျပ် သက်သာတာ ပေါ့ဗျာ။ ဒါပေမဲ့ ကျန်တဲ့ ဖုန်းတွေလို အင်တာနက် သုံးလို့ မရဘူး'' ဟု သိရသည်။

နိုင်ငံသား စိစစ်ရေး ပြဿနာ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းနှင့် ရခိုင်ဝန်ကြီး ပေါက်တော လာရောက် ဖြေရှင်း

Photo: နိုင်ငံသား စိစစ်ရေး ပြဿနာ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းနှင့် ရခိုင်ဝန်ကြီး ပေါက်တော လာရောက် ဖြေရှင်း

ထွန်းထွန်း

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ မွတ်ဆလင် ကျေးရွာ ၅ရွာမှ ကျေးရွာသားများကို နိုင်ငံသား ဟုတ် မဟုတ် စိစစ် နေရာ ရှုပ်ထွေမှုများပေါ်ပေါက်နေသောကြောင့် ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းနှင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်တို့  ဦးဆောင်သော အဖွဲ့သည် ယမန်နေ့က ပေါက်တောမြို့နယ်သို့  လာရောက် ဖြေရှင်း ပေးခဲ့သည် ဟုသတင်းရရှိသည်။

ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးတက်ထွန်းအောင်က  ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းနှင့် အဖွဲ့ ပေါက်တောမြို့နယ် ဆင်တက်မော်ရွာသို့ ရောက်ရှိလာကြောင်းကို ယခုလို ပြောကြားသည်။

“  နိုင်ငံသား ဖြစ်ရေးအတွက် နိုင်ငံသားကဒ်တွေကို စိစစ်နေတဲ့ နေရာမှာ အရင်က ထုတ်ပေးထားတဲ့ ယာယီ ကဒ်ပြားမှာ လူမျိုး ဘင်္ဂလီ လို့ရေးသားထားတာကို ခုရိုဟင်ဂျာ နာမည် ရေးမှ လက်မှတ်ထိုးမယ် ဆိုပြီး တောင်းဆိုနေ ကြတဲ့အတွက် တော်တော် ရှုပ်ထွေးနေပါတယ်။ အဲဒါကြောင့် ဒီပြဿနာကို ကိုင်တွယ်ဖို့  မနေ့က ပေါက်တောမြို့နယ် ဆင်တက်မော်ကို ဗိုလ်ချုပ်ကြီး လှမင်းနဲ့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်တို့ အဖွဲ့ ရောက်လာပါတယ်။ သူတို့က ဘယ်ပုံ ဘယ်နည်းနဲ့ ညွှန်ကြားသွားမယ် ဆိုတာ မသိသေးဘူး” ဟုပြောသည်။

ပေါက်တောမြို့နယ်ရှိ မွတ်ဆလင် ကျေးရွာ ၅ ရွာကို အဖွဲ့ ၁၅ ဖွဲ့ ခွဲပြီး ကျေးရွာများတွင် စခန်းချကာ လူဦးရေ စာရင်း နှင့် နိုင်ငံသား ကဒ်ပြားများကို စစ်ဆေးနေသည်ဟု သိရသည်။  ထိုသို့ စစ်ဆေးနေစဉ် ဘင်္ဂလီ လူမျိုးဟု ရေးသားထားသဖြင့်  လက်မှတ်ထိုးရန် ငြင်းဆန် နေကြခြင်း ဖြစ်ကြောင်း သူက ပြောသည်။

“ဘင်္ဂလီတွေဘက်က လက်မှတ်ထိုးဖို့ ငြင်းဆန်တဲ့ ကိစ္စကဒီလိုပါ။ ၀န်ကြီးချုပ် ဦးနုခေတ်က ကျွန်တော်တို့ကို ရိုဟင်ဂျာ အမည်နဲ့ အသိအမှတ်ပြုခဲ့တယ်။ ပြီးရင်မြန်မာ့ အသံလွှင့်ဌာနကလည်း ထုတ်လွှင့်ခွင့် ပြုခဲ့တယ်။ အဲဒီ အထောက် အထားနဲ့ ငြင်းဆန်းနေတာကို တွေ့ရပါတယ်” ဟုဆိုသည်။

၎င်းပြင်သူက  “  နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကတောင်မှ ရိုဟင်ဂျာလူမျိုးဆိုတာ မြန်မာနိုင်ငံမှာ မရှိဘူးလို့ အတိအလင်း တရားဝင်ထုတ်ပြန် ပြီးသားဖြစ်တယ်။ ဒါပေမယ့်လည်း သူတို့က ဒီဟာကြီးကို မရမက တောင်းဆိုနေတယ်။ ဒါကြောင့် နိုင်ငံသား စိစစ်ရေးမှာ အခက်အခဲ ဖြစ်နေတာ ဖြစ်ပါတယ် ” ဟုပြောသည်။

ပြည်ပမှ သွေးထိုးကြိုးကိုင်သည့် အဖွဲ့အစည်းများ ရှိသည့်အတွက် သူတို့ လူမျိုးအတွင်းမှာ တနေ့ တမျိုး တနေ့ တမျိုး ပြောင်းလဲမှုများတွေ တွေ့ရကြောင်း ဦးတက်ထွန်းအောင်က ပြောသည်။

နိုဝင်ဘာ ၉ရက်နေ့ မှ စတင်ပြီး ဘင်္ဂလီလူမျိုးများအား နိုင်ငံသားဖြစ်ရေးနှင့် မဖြစ်ရေးကို စစ်ဆေးနေရာ လက်မှတ်ရေးထိုးရန် ငြင်းဆန်နေသဖြင့် အချိန်နှင့် တပြေးညီ လုပ်ငန်းများကို မလုပ်ဆောင်နိုင်ဘဲ ဖြစ်နေသည်ဟု သတင်း ရရှိသည်။

ယခုစစ်ဆေးနေသည့် ကျေးရွာများမှာ ဆင်တမော်၊ ကြိမ်နီပြင်၊ ငှက်ချောင်း(ပုဏ္ဏားကြီး)၊ ဆည်သုံးတန်(င၀က် ချောင်း)၊ ပြိုင်းတောင်တို့ ဖြစ်ကြသည်။

အဖွဲ့ ၁၅ဖွဲ့ခွဲပြီး စစ်ဆေးရာတွင် တဖွဲ့ တစ်ခုတွင် အဖွဲ့ဝင် ၁၅ဦးပါပြီး ထိုအထဲတွင် ရခိုင်မှတဦးနှင့် မွတ်ဆလင်များ ဘက်မှ တစ်ဦးစီ ပါဝင်သည်ဟု သိရသည်။

အေးချမ်းမွန်မှ  Narinjara  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Narinjara
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ မွတ်ဆလင် ကျေးရွာ ၅ရွာမှ ကျေးရွာသားများကို နိုင်ငံသား ဟုတ် မဟုတ် စိစစ် နေရာ ရှုပ်ထွေမှုများပေါ်ပေါက်နေသောကြောင့် ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းနှင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်တို့ ဦးဆောင်သော အဖွဲ့သည် ယမန်နေ့က ပေါက်တောမြို့နယ်သို့ လာရောက် ဖြေရှင်း ပေးခဲ့သည် ဟုသတင်းရရှိသည်။

ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးတက်ထွန်းအောင်က ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းနှင့် အဖွဲ့ ပေါက်တောမြို့နယ် ဆင်တက်မော်ရွာသို့ ရောက်ရှိလာကြောင်းကို ယခုလို ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် အဆိုကို တပ်မတော်သား ကိုယ်စားလှယ်အများစု ကပါ ထောက်ခံမဲပေးခဲ့

Photo: ဒေါ်အောင်ဆန်းစုကြည် အဆိုကို တပ်မတော်သား ကိုယ်စားလှယ်အများစု ကပါ ထောက်ခံမဲပေးခဲ့

ဝင့်သင်ဇာကျော်(မြစ်မခ)


အန်အယ်လ်ဒီပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး တင်သွင်းသည့်အဆို(၂)ခုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ သာမက တပ်မတော်သားကိုယ်စားလှယ်အများစုကပါ ထောက်ခံမဲပေးခဲ့ပြီး အတည်ပြုအောင်မြင်ခဲ့သည်ဟု သိရှိရသည်။ 

“ ထူးခြားတာ တစ်ခုကတော့ တပ်မတော်သားတွေက ပြည်သူ့လွှတ်တော်မှာ(၁၁၀)ဦးရှိတယ်။ ပျက်ကွက်တာက တစ်ယောက်နှစ်ယောက်လောက် ပဲရှိမယ်။  ဒါပေမဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့အဆိုကို ကန့်ကွက်သူက (၆၄) ဦးပဲရှိတော့ကျန်တဲ့တပ်မတော်သားတွေက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမဲပေးခဲ့တယ်လို့ပြောလို့ရတယ်။ အဲ့တော့ တပ်မတော်သားတွေက ထိန်းချုပ်မှု အောက်မှာမရှိတော့ဘဲလွတ်လွတ်လပ်လပ် ထောက်ခံမဲပေးခဲ့ကြတယ်လို့ ပြောလို့ရတယ်” ဟုအမျိုးသားဒီိမိုကရေစီအင်အားစုပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခိုင်မောင်ရည်က ပြောသည်။ 

နိုဝင်ဘာလ (၉) ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင်အန်အယ်လ်ဒီပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည်ရန်ကုန် ၀ိဇ္ဇာ-သိပ္ပံတက္ကသိုလ်ကျောင်းအား ပြုပြင်မွမ်းမံခြင်း၊သင်ထောက်ကူ ပစ္စည်းများထောက်ပံ့ခြင်း အဆိုနှင့် နိုင်ငံတကာမှ ပညာရှင်များ ၊ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ဥပဒေပညာရှင်များ နှင့်လွှတ်တော်ရေးရာကော်မတီပါဝင်ဖွဲ့စည်း ထားသော ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ကိုဖွဲ့စည်းပေးရန် အဆိုကို ထောက်ခံမဲပေးခဲ့ခြင်းဖြစ်သည်။ 

“ကျွန်တော်အနေနဲ့က ပထမနဲ့ ဒုတိယလွှတ်တော်အစည်းအဝေးတွေမှာတုန်းကလည်းပညာရေးနဲ့ပတ်သက်ပြီး အဆိုတင်သွင်းခဲ့ဖူးတယ်။ အခုဒေါ်အောင်ဆန်းစုကြည်တင်သွင်းတဲ့အဆိုကို လက်မခံနိုင်စရာမရှိပါဘူး။ နိုင်ငံတကာကလည်း ထဲထဲဝင်ဝင် အင်တိုက်အားတိုက်နဲ့ ကူညီပါမယ်ဆိုပါလျက်နဲ့အခုလို plan မရှိထား ဘူးဆိုရင် မြန်မာနိုင်ငံရဲ့ ပညာရေးကတိုးတက်လာမှာမဟုတ်တော့ဘူး အဲ့ဒါကြောင့် ကျွန်တော်လည်းထောက်ခံမဲပေးခဲ့တာပါ” ဟု ဦးခိုင်မောင်ရည်က ဆက်လက်ပြောသည်။ 

အရေးကြီးအဆိုအနေဖြင့်တင်သွင်းခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ အဆို(၂)ခုကိုမဲခွဲဆုံးဖြတ်ရာတွင် ဆန္ဒမဲ ပေးခွင့်ရှိသူ စုစုပေါင်း ၃၇၆ ဦး ရှိသည့်အနက်ထောက်ခံမဲ (၂၄၈)၊ ကန့်ကွက်မဲ (၆၄)၊ ကြားနေမဲ (၉)မဲ ဖြင့် အတည်ပြုခဲ့သည်ဟု၎င်းကဆိုသည်။ 

ရန်ကုန်ဝိဇ္ဇာ-သိပ္ပံတက္ကသိုလ်ကျောင်း ပြုပြင်မွမ်းမံခြင်းနှင့် ပတ်သက်ပြီးနိုင်ငံတကာမှငွေကြေးအရ မည်မျှကူညီပေးမည်ကို မသိရသေးသော်လည်းကူညီပေးရန်အဆင်သင့်ရှိပြီဖြစ်ခြင်းကြောင်း ဒေါ်အောင်ဆန်းစုကြည်မှအရေးကြီးအဆိုအနေဖြင့် တင်သွင်းခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ တက္ကသိုလ်ကျောင်းများကို ပြန်လည်ပြုပြင်သင့်သည်သာမကဘာသာရပ်ဆိုင်ရာ ဆွေးနွေး ပွဲများ၊စာပေနှင့် တိုင်းရင်းသား အဖွဲ့အစည်း များဖွဲ့စည်းခြင်းများကိုလည်းပြန်လည်ပြုလုပ်စေချင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက အကြံပြု ပြောဆိုသည်။ 

 “ဒေါ်အောင်ဆန်းစုကြည်တင်သွင်းတဲ့ အဆိုကို ရန်ကုန်တက္ကသိုလ်ကျောင်းသားဟောင်းတစ်ဦးအနေနဲ့ ထောက်ခံပါတယ်။ ၈၈တုန်းက ဖျက်ဆီးပစ်လို့တက္ကသိုလ်အင်္ဂါရပ်နဲ့ မညီတော့ဘူးလေ။ နိုင်ငံတကာအဆင့်မီတဲ့ တက္ကသိုလ်အဖြစ်ပြန်မွမ်းမံ သင့်တယ်။ နောက် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲတို့အားကစားအဖွဲ့၊ စာပေနဲ့တိုင်းရင်းသားအဖွဲ့တွေဖွဲ့စည်းပြီးပြန်စသင့်နေပါပြီ” ဟု ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောသည်။ 

၎င်း အဆိုနှင့်ပတ်သက်ပြီး လွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုဒုဝန်ကြီးဦးဘရွှေမှမူ  မြန်မာနိုင်ငံတွင် တက္ကသိုလ်ကျောင်း (၁၄၆)ခန့် ရှိပြီး၎င်းအနေဖြင့် ပြုပြင်ဆောင်ရွက်ခြင်းများ ပြုလုပ်နေခြင်းကြောင့် ထိုအဆိုများကို မှတ်တမ်းတင်ခြင်းသာ ပြုလုပ် ရန်လိုအပ်သည်ဟု ဖြေကြားခဲ့သည်။ 

သို့သော် ဒေါ်အောင်ဆန်စုကြည်မှ ပြန်လည်ပြီး မြန်မာနိုင်ငံရှိတက္ကသိုလ်ကျောင်းများအား အရေအတွက်သာ ရှိပြီး အရည်အချင်းမရှိသောကျောင်းများမဖြစ်စေရန် အတွက်အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သင့် သောကြောင့် လွှတ်တော်၏ လျှို့ဝှက်မဲခွဲဆုံးဖြတ်ရန်တင်ပြပြီးမှအနိုင်ရရှိခဲ့သည်ဟု ဦးခိုင်မောင်ရည်၏ ပြောပြချက်အရ သိရှိရသည်။

အေးချမ်းမွန်မှ  Myit Makha Mediagroup  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myit Makha Mediagroup
အန်အယ်လ်ဒီပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး
တင်သွင်းသည့်အဆို(၂)ခုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ သာမက တပ်မတော်သားကိုယ်စားလှယ်အများစုကပါ ထောက်ခံမဲပေးခဲ့ပြီး အတည်ပြုအောင်မြင်ခဲ့သည်ဟု သိရှိရသည်။

“ ထူးခြားတာ တစ်ခုကတော့ တပ်မတော်သားတွေက ပြည်သူ့လွှတ်တော်မှာ(၁၁၀)ဦးရှိတယ်။ ပျက်ကွက်တာက တစ်ယောက်နှစ်ယောက်လောက် ပဲရှိမယ်။ ဒါပေမဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့အဆိုကို ကန့်ကွက်သူက (၆၄) ဦးပဲရှိတော့ကျန်တဲ့တပ်မတော်သားတွေက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမဲပေးခဲ့တယ်လို့ပြောလို့ရတယ်။ အဲ့တော့ တပ်မတော်သားတွေက ထိန်းချုပ်မှု အောက်မှာမရှိတော့ဘဲလွတ်လွတ်လပ်လပ် ထောက်ခံမဲပေးခဲ့ကြတယ်လို့ ပြောလို့ရတယ်” ဟုအမျိုးသားဒီိမိုကရေစီအင်အားစုပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခိုင်မောင်ရည်က ပြောသည်။

စီးဆင်းနေသော ဧရာဝတီ

Photo: စီးဆင်းနေသော ဧရာဝတီ 

Written by  The Voice 

နှစ် (၆၀) ပြည့် စိန်ရတု အထိမ်းအမှတ် ထုတ်ဝေသော ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ မြဝတီ မဂ္ဂဇင်းတွင် သိန်းစိန်ထွန်း ဆိုသော ကလောင် အမည်ဖြင့် ရေးသားထားသော နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၏ လက်ရာ 
ဝတ္ထုတို တစ်ပုဒ် ဖော်ပြထားသည်ကို တွေ့ရသဖြင့် The VoiceWeekly  စာဖတ် ပရိသတ်များ လေ့လာ ဖတ်ရှုနိုင်စေရန် မြဝတီ စာတည်း အဖွဲ့ထံမှ ခွင့်ပြုချက် ရယူကာ ပြန်လည် ဖော်ပြအပ်ပါသည်။ (အယ်ဒီတာ)

စစ်ဆေးရုံ ကားဂိတ်သို့ အမှတ် (၉) ကား ထိုးရပ် လိုက်ချိန်တွင် ညနေ ၃ နာရီ၊ ၄၅ မိနစ်သာရှိသေးသည်။ လူနာ တွေ့ချိန်သည် ညနေ ၄ နာရီမှ ၆ နာရီ အထိဖြစ်၍ ၁၅ မိနစ် စောင့်ရပေဦးမည်။ အမှတ် (၂) ဂိတ်ပေါက်ဝရှိ အုတ်ခုံတန်း ပေါ်တွင်ထိုင်ရင်း ထောက်ကြန့်ကား ဂိတ်က ဝယ်လာခဲ့သည့် ၃၅ ပြားတန် ဒူးယား စီးကရက် တစ်လိပ်ကို အင်္ကျီအိတ် ကပ် အတွင်းမှ ဆွဲထုတ်လိုက်သည်။ မီး ညှိရန်အတွက် ဘေး ဘယ်၊ ညာသို့လှမ်း 
ကြည့်လိုက်သည်တွင် အုတ်ခုံအစွန်း၌ ဆေးလိပ် ထိုင်သောက်နေသည့် ဦးကြီး တစ်ဦးကို တွေ့၍ အနီးသို့ တိုးကပ်လိုက် မိသည်။

"ဦးလေး ... မီးတစ်တို့လောက် နော်"

ဦးလေးကြီး ကမ်းပေးသည့် မီး တရဲရဲနှင့် ဆေးလိပ်ကို လှမ်းယူကာ မီးညှိရင်း ဦးလေးကြီးကို အကဲခတ်သလို ကျွန်တော် ကြည့်လိုက်မိသည်။ အသား ညိုညို၊ ကိုယ်လုံး ကိုယ်ထည် တုတ်တုတ် ခိုင်ခိုင်နှင့် ခေါင်းတုံး ဆံတောက်ကို တိုတို ညှပ်ထားသည်။ ဦးလေးကြီး၏ ပုံသဏ္ဌာန် ကိုမြင်လိုက် ကတည်းက စစ်သည် ဟောင်းကြီး တစ်ဦးဖြစ်ကြောင်း ကျွန်တော် အကဲခတ် မိသည်။ သေသပ်စွာ ဝတ်ဆင် ထားသည့် ပင်နီတိုက်ပုံ၏ ညာဘက်အိတ် ကပ်ထက်တွင် တပ်ဆင်ထားသော အဝါ၊ အနီ၊ အစိမ်း သုံးရောင်ခြယ်ကတ္တီပါ အတုံးကလေးထက်မှ တဖျပ်ဖျပ်တောက် နေသည့် ငွေကြယ်ဖြူကလေးသုံးပွင့်ကို လှမ်း၍မြင်လိုက်ရသည်နှင့် ထိုဦးလေး ကြီးကို ကျွန်တော် စိတ်ဝင်စားသွားမိ သည်။

"ဦးလေးက မော်ကွန်းဝင် ပထမ ဆင့်နော်"

ဦးလေးကြီးသည် ကျွန်တော် ကမ်းပေးသည့် ဆေးလိပ်ကို လှမ်းယူရင်း ကျွန်တော့် မျက်နှာကိုမော့ကြည့်ကာ ဖော်ရွေစွာ တစ်ချက်ပြုံးလိုက်သည်။

"ဟုတ်တယ်ကွဲ့ ငါ့တူရဲ့၊ ငါ့တူ က တပ်ထဲကပဲလား"

"ဟုတ်ကဲ့ ကျွန်တော် တပ်မ ( -) ဌာနချုပ်ကပါ။ ကျွန်တော့်နာမည် ဗိုလ်အောင်နိုင်ပါ"

ကျွန်တော့်ကိုယ် ကျွန်တော် မိတ်ဆက်ရင်း ထိုဦးလေးကြီးအနားမှာ ပင် ထိုင်လိုက်သည်။

"သြော် - ဗိုလ်ကြီးက တပ်မ(-) ကကိုး၊ ဦးနာမည်က အောင်ထွန်းကွဲ့"

"ဟုတ်ကဲ့ ဦးလေး၊ သိရတာ ဝမ်းသာ ပါတယ်"

ဘတ်စ်ကားကို တိုးဝှေ့ စီးရသဖြင့် စိတ်ကျဉ်းကျပ် လာခဲ့သလောက် အုတ်ခုံ ပေါ်တွင် လွတ်လွတ်လပ်လပ် ထိုင်ပြီး စီးကရက်ကို အားရပါးရ ဖွာရှိုက်လိုက် ရသည့်အခါတွင် ကျွန်တော့်စိတ်သည် ပေါ့ပါး လန်းဆန်း၍ လာသည်။ လွတ် လပ်ခြင်း၊ ကျယ်ပြန့်ခြင်း၏ အရသာကို ကျွန်တော် ခံစား နေရသည်။

"ဒါနဲ့ ဦးလေးက ဘယ်တပ်ကလဲ ဟင်၊ အခုကော တပ်ထဲမှာ ပဲလား"

ဦးလေးကြီးသည် ဆေးလိပ်ငွေ့ များကို မှုတ်ထုတ်လိုက်ရင်း ရီဝေသော မျက်လုံးများဖြင့် အဝေးသို့ ငေးစိုက် ကြည့်လိုက်သည်။

"တပ်ထဲက ထွက်လိုက်တာ ကြာ ပါပြီကွယ်"

"ဟာ ဦးလေးကျန်းမာရေး အခြေ အနေက တော်တော် ကောင်းသေးတာပဲ ဦးလေးရဲ့၊ ကောင်းကောင်း တာဝန် ထမ်းဆောင် နိုင်သေးတာပဲ ဦးလေးရယ်၊ တပ်ထဲက ထွက်တာ စောမနေဘူးလား"

"မစောပါဘူး ဗိုလ်ကြီးရယ်၊ ခြေ တစ်ဖက်မှ မရှိတော့တာ"

"ဟာ ဦးလေးရယ်"

ကျွန်တော့်မျက်လုံးများသည် ဦးလေးကြီး၏ခြေထောက်ဆီသို့ အလို အလျောက် ရောက်သွားမိသည်။ ခြေ အတုတပ်ထားသော ဦးလေးကြီး၏ ဘယ်ခြေထောက်နှင့် အုတ်ခုံဘေးတွင် လှဲချထားသော ချိုင်းထောက်ကို ယခုမှ ပင် ကျွန်တော်သတိထားလိုက်မိသည်။ နီညိုရောင် သစ်သားခြေတုကြီးကို ကြည့်ရင်း ကျွန်တော့် ရင်ထဲတွင် နင့်ခနဲ ခံစားလိုက်ရသည်။

"ဦးလေး အခုလူနာလာကြည့် တာလား"

"ဟုတ်တယ်ဗိုလ်ကြီး"

"ဒါဖြင့် ဆေးရုံထဲ ဝင်ကြရအောင်၊ ဂိတ်တံခါးဖွင့် နေပြီ၊ ဦးလေးကို ကျွန်တော် ဖြည်းဖြည်း တွဲခေါ်မယ်"

"ရပါတယ်ဗိုလ်ကြီးရယ်၊ မလိုပါ ဘူးကွယ်"

ဦးလေးကြီးသည် ပြောပြောဆိုဆို နှင့် အုတ်ခုံနံဘေးတွင် လှဲချထားသည့် ချိုင်းထောက်ကို ကုန်းကောက်ရင်း ချိုင်းထောက် အကူဖြင့် ထိုင်ရာမှ ထလိုက် သည်။ နှစ်ယောက်သား ဆေးရုံဝင်း အတွင်းသို့ တစ်လှမ်းချင်း ဝင်လာကြသည်။

"ဦးလေးတို့ သားအဖ ကံမကောင်း ကြဘူးကွယ်"

"ဗျာ ဦးလေးတို့သားအဖ ဟုတ် လား"

"ဟုတ်တယ်ဗိုလ်ကြီး၊ အခု ဦးလေး သားကြီးလည်း ဒဏ်ရာရပြီး မနေ့ကပဲ ဒီဆေးရုံကို ရောက်လာတယ် ဆိုလို့ သူ့ကို ဦးလေး လာတွေ့တာ"

"ဖြစ်မှဖြစ်ရလေ ဦးလေးရယ်၊ ဒီလိုဖြစ်ရတာကို ကျွန်တော် စိတ်မကောင်း ပါဘူး။ ကျွန်တော်တို့လည်း စစ်သား ဆိုတော့ ကိုယ်ချင်းစာမိပါတယ် ဦးလေး။ 

ကျွန်တော်လည်း သင်တန်းတက်ဖို့ အတွက် မနေ့ကမှ ရှေ့တန်း ဌာနချုပ်က ပြန်လာတယ်။ ကျွန်တော် ဌာနချုပ်ကို မရောက်ခင် ခြေလျင်တပ်မှာ နေတုန်းက ကျွန်တော့် တပည့် တစ်ယောက်လည်း ရှေ့တန်းမှာ ဒဏ်ရာရပြီး ဒီဆေးရုံကို ရောက်လာတယ် ဆိုလို့ ကျွန်တော်လာ တွေ့တာ၊ စစ်ပွဲ ဆိုတော့လည်း သေနတ် တွေ၊ ဗုံးတွေနဲ့ ပစ်ကြ၊ ခတ်ကြ၊ တိုက် ကြရတာ မဟုတ်လား၊ ပန်းနဲ့ပေါက် ကြတာ မဟုတ်တော့လည်း ထိကြ၊ ခိုက် ကြတာပေါ့။ ကိုယ့်တိုင်းပြည်နဲ့ လူမျိုး အတွက် တရားသော စစ်ကို တိုက်နေကြ တာပဲမဟုတ်လား။ ပြည်သူ တစ်ရပ်လုံး ကလည်း ကျွန်တော်တို့ ဘက်က ရှိနေ ပါတယ်လေ"

"ဒါပေါ့ ဗိုလ်ကြီးရယ်၊ ဒီကောင် က ကျွန်တော့်ထက် ပိုဆိုးတယ်၊ ကျွန် တော်ကမှ တပ်ထဲမှာ ဒုတိယ အရာခံ ဗိုလ်အဆင့် အထိ တာဝန် ထမ်းခဲ့သေး တယ်။ ဒီကောင် အခု တပ်ကြပ်ကြီးပဲ ရှိသေးတာ၊ အသက်က ဘာရှိဦးမှာလဲ၊ သုံးဆယ့် တစ်နှစ်ပဲ ရှိဦးမယ်"

"ဦးလေးသားက ဘယ်တပ်ကလဲ နာမည်ဘယ်လိုခေါ်သလဲ ဦးလေး"

"မောင်မောင်၊ တပ်ကြပ်ကြီး မောင်မောင်၊ အမှတ်(-) ခြေမြန်တပ်ရင်း က"

ကျွန်တော့်စိတ်ထဲတွင် သံသယ တစ်ခုဝင်လာမိသည်။

"မြခင်ယောက်ျား မောင်မောင် လား ဦးလေး"

ဦးလေးကြီးသည် သူ့ခြေလှမ်းကို တုံ့ခနဲ ရပ်လိုက်ပြီးမှ ကျွန်တော့်အား စူးစမ်းသလို မော့ကြည့်လိုက်သည်။

"ဗိုလ်ကြီး ဒီကောင့်ကို သိတယ် နော်"

"မြခင်ယောက်ျား မောင်မောင် လား"ဟု ကျွန်တော် ထပ်မေးလိုက်မိသည်။

"ဟုတ်တယ်ကွဲ့၊ မြခင်ယောက်ျား မောင်မောင်"
.............................................................................................................


"ဗိုလ်ကြီး"

"ဘာတုံးကွ၊ မင်းဘာလာရှုပ်ဦး မလို့လဲ"

တိုက်ပွဲတစ်ပွဲ အတွက် မြေပုံပေါ် တွင် လမ်းကြောင်း သုံးသပ်ရွေးချယ် လျက်ရှိစဉ် ကျွန်တော့်ကို ခေါ်လိုက်သ ဖြင့် ကျွန်တော် စိတ်တိုသွားမိသည်။ 

မောင်မောင့် အကျင့်ကို ကျွန်တော်သိပြီး ဖြစ်သည်။ ရန်သူနှင့် တိုက်ပွဲဝင်ရန် ပြင်ဆင်ပြီဆိုလျှင် မောင်မောင်တစ် ယောက် အူမြူး နေတတ်သည်။ ရဲဘော် တွေကို စçသည်၊ နောက်သည်၊ ပြောင် သည်။ တပ်စု တပ်ကြပ်ကြီးလည်း မနေ ရ၊ ကျွန်တော့်ကိုပင် ချစ်ခင်စွာ လေးလေးစားစား ပြောလေ့ ဆိုလေ့ရှိ သည်။ သူ့အကျင့်ကို သိထားပြီး ဖြစ်၍ သူ့ကို လှမ်းမေးလိုက်ရသည်။

"ဒီစစ်ဆင်ရေး ပြီးရင် မြခင်ကို တောင်းပေးနော် ဗိုလ်ကြီး"

ကျွန်တော်တို့ တပ်စု ရေအိုးစင် ရွာကလေး၌ တာဝန် ကျသည်မှာ နှစ်လ ခန့်သာ ရှိသေးသည်။ ရွာလယ်ဈေးဆိုင် မှ မြခင်ကို မောင်မောင် တစ်ယောက် မျက်စိကျ နေပေပြီ။ မြခင်ကလည်း မျက်စိကျလောက် စရာပင်။ မလှသော် လည်း အသားညိုစိမ့်စိမ့်၊ ကိုယ်လုံး ကိုယ်ထည် တောင့်တောင့်တင်းတင်း၊ မျက်လုံးမျက်ခုံး ကောင်းကောင်း၊ နှာတံပေါ်ပေါ်နှင့် ကြည့်လို့ကောင်း သည်။ ဈေးသည်ပီပီ နှုတ်ချိုသည်၊ ဖော်ရွေသည်။ ထို့ကြောင့်ပင် မြခင်၏ ဈေးဆိုင်၌ ဝယ်သူမစဲ တသဲသဲနှင့် အမြဲလိုပင် စည်ကားနေလေ့ ရှိသည်။ 

တပ်စုအတွင်း၌ ဈေးဝယ်သည့် အဝယ် တော်ရာထူးနှင့် ပတ်သက်ပြီး မကြာခဏ ပြဿနာဖြစ်ရသည်။ ဈေးဝယ်လွှတ် ကြတော့မည် ဆိုလျှင် သူသွားမည်၊ ငါသွားမည်နှင့် အလုအယက်။ ထိုအထဲ တွင် မောင်မောင် တစ်ယောက် အကဲ ဆုံးဖြစ်သည်။ မြခင်ဆိုင်မှာသာ ဈေးဝယ်ရမည် ဆိုလျှင် မောင်မောင် တစ်ယောက် ကဖြင့် မိုးသဲသဲမဲမဲ ရွာနေ လျှင်လည်း သွားသည်။ နေချစ်ချစ်  တောက် ပူနေလျှင်လည်း သွားသည်။ 

မြခင်ဈေးဆိုင် အနီးတွင် မည်သို့သော ပြဿနာ ရှိနေစေကာမူ မောင်မောင် တစ်ယောက် ဂရုမထား၊ သွားမည်သာ ပင်ဖြစ်သည်။

"မင်းဟာက ဟုတ်ကော ဟုတ်ရဲ့ လား မောင်မောင်ရယ်၊ ကောင်မလေးက မင့်ကို ကြိုက်လို့လား"

"သေချာပါတယ် ဗိုလ်ကြီးရဲ့၊ မနေ့ကလေ ကျွန်တော်နဲ့ရွာထိပ်မှာ ရေခပ်နေရင်းတွေ့တော့ သူ့မျက်နှာ တစ်ခုလုံး ပြုံးနေတာပဲ၊ မျက်လုံးတွေ ကလည်း အရောင်တဖျတ်ဖျတ်တောက် လို့၊ ပြီးတော့ ..."

"တော်စမ်းပါကွာ မောင်မောင် ရာ၊ မင်းကိုတွေ့တွေ့ချင်း ပြုံးမပြလို့ မဲ့ပြရမှာလား၊ သူများ သားသမီးကို တောင်းတယ်ဆိုတာက နှစ်ဦးနှစ်ဖက် ကျေကျေနပ်နပ် ရှိမှကွ"

မောင်မောင်မျက်နှာတစ်ချက် ပျက်သွားသည်။

"မြခင်သာ ခွေးကလေး၊ ကြောင် ကလေးဆိုရင် သိပ်ကောင်းမှာပဲ၊ ဗိုလ်ကြီးကိုတောင် သွားမတောင်းခိုင်း ဘူး။ တိတ်တိတ်ကလေး ခေါ်လာပြီး သွားလေရာ ကျောပိုးအိတ်ထဲ ထည့် လွယ်ထားမှာ၊ အခုတော့ လူမကလေး ဖြစ်နေလို့သာပေါ့။"

"ဟေ့ကောင် ... သောက်ရူး၊ တော်စမ်းကွာ"

"ဗိုလ်ကြီး ... တောင်းပေးနော်၊ စစ်ဆင်ရေးမှာ ကျွန်တော် တာဝန်ကျေ အောင် အစွမ်းကုန် ကြိုးစားမယ်၊ စစ်ဆင်ရေး တာဝန် ပြီးရင်တော့ တောင်းပေးပါ ဗိုလ်ကြီးရာ"

ကျွန်တော် ဒီကောင့်ကို စိတ်မ ရှည်နိုင် တော့သဖြင့် မျက်နှာတည်တည် ထားပြီး ဟောက်ပစ်လိုက်ရသည်။

"မောင်မောင် မင်း ... မြခင်ကို စိတ်ဝင်စား တာလား၊ တာဝန်ကို စိတ်ဝင်စား တာလား ပြောစမ်း ..."

မောင်မောင် ခေါင်းငုံ့သွားသည်။ အတန်ကြာမှ ...

"ကျွန်တော် နားလည်ပါတယ် ဗိုလ်ကြီး၊ ကျွန်တော့်ရဲ့တာဝန်ဟာ ဘာလဲဆိုတာ ကျွန်တော်သိပါတယ်"

"သိရက်သားနဲ့ ဘာဖြစ်လို့ အချစ်ရေးကို စဉ်းစားနေရတာလဲ"

"ကျွန်တော် မြခင်ကို တကယ် စိတ်ဝင်စား နေလို့ပါ ဗိုလ်ကြီး"

"လာပြန်ပြီ ဒီမြခင်၊ သွား ဆရာကြီး ကျော်မြကို သွားပြော။ နောက်ထပ် ဆယ့်ငါးမိနစ် ကြာရင် တို့ တပ်စု တစ်စုလုံး ထွက်မယ်လို့၊ မင်း လည်း အသင့်ပြင်တော့၊ သွားတော့ ..."

"ဟုတ်ကဲ့ ဗိုလ်ကြီး"

အလေးပြုကာ လှည့်ထွက်သွား သော မောင်မောင့် ကျောပြင်ကို ငေးစိုက် ကြည့်ရင်း ကျွန်တော် ကျန်ရစ်ခဲ့သည်။

ဇွတ်တရွတ် လုပ်တတ်သော ကျွန်တော့် တပည့်ကျော် မောင်မောင်ကြောင့် ကျွန်တော် တစ်ယောက် မကြာခဏ စိတ် ပူရသည်။ ကြောင့်ကြရသည်။ စိတ်ညစ် ရသည်မှာ များပေပြီ။ ယခုလည်း မကြာခင် စစ်ဆင်ရေး တာဝန် တစ်ရပ် ဆင်နွှဲရတော့မည်။ မြခင်ကို စိတ်ဝင်စား စဉ် တာဝန်ကို မေ့နေတတ်သည့် မောင်မောင့်အတွက် ကျွန်တော့်ရင်မှာ ပူရသည်။

လရောင် ထွက်ပြူစ ပြုသည်နှင့် ကျွန်တော်တို့ စတင် ချီတက် ကြသည်။ 

မှုန်မွှားမွှား လရောင်အောက် တွင် လမ်းနှင့် ရွာများကို ကွင်းရှောင်ပြီး တောတိုး ချီတက် ကြရသဖြင့် ချွေးသီး ချွေးပေါက်တို့ စိုရွှဲ၍ နေသည်။ မြေဝပ် ငှက်တို့ ရုတ်တရက် ထပျံကြသည်။ မမြင်မစမ်းနှင့်မို့ ခလုတ်တိုက်ပြီး လဲသူ လဲ၊ ချောက်ထဲ ပြုတ်ကျသူ ပြုတ်ကျ၊ တောင်ကျချောင်းကလေး များကို ဖြတ်ကူး ချိန်တွင် ရေစီးနှင့် မျောပါသူ မျောပါနှင့် အခက်အခဲ အမျိုးမျိုးဖြတ်ကျော်ပြီး တစ်ညလုံး ချီတက် ခဲ့ရသဖြင့် အလွန်ပင်ပန်း နွမ်းနယ် နေကြသည်။ တောကြီး မျက်မည်းထဲ၌ ညအချိန် ချီတက်ကြ ရသည့် အခက်အခဲကို ကျွန်တော်တို့ သာလျှင် နားလည်သည်။

မိုးမရွာ၍ တော်သေးသည်။ နံနက် လေးနာရီ မထိုးမီ ရန်သူ့စခန်းသို့ ရောက် ရှိကြပြီး ရန်သူ့စခန်းကို ခဏအတွင်း ဝိုင်းပတ် ထားလိုက်ကြသည်။ မှုန်မွှားမွှား လသည် လုံးဝ ဝင်သွားပေပြီ။ ရောင်နီ ပေါ်မလာ သေးသဖြင့် ပတ်ဝန်းကျင် တစ်ခုလုံး ပိန်းပိတ်အောင် မှောင်နေသည်။ 

အလင်းရောင် လာသည် အထိ ကျွန်တော့် တပ်စုကို အနားပေးပြီး တစ်ညလုံးချီ တက် ခဲ့ရသဖြင့် ကုန်ခန်းသွားသော ခွန် အားတို့ကို ပြန်မွေး ရပေဦးမည်။ သစ်ပင် တစ်ပင်၏ ပင်စည်ကို ကျောမှီရင်း မျက်စိ နှစ်လုံးကို အသာမှိတ်ကာ အမောဖြေ လိုက်သည်။ မှုန်မွှားမွှား လရောင်အောက် တွင် မြင်ထားခဲ့သော ရန်သူ့စခန်းသည် ကျွန်တော့် အာရုံထဲ၌ အထင်းသားပေါ် လာသည်။

သက်ငယ်တဲ ငါးလုံးထက် တွင် ရန်သူတို့သည် အိပ်မောကျ၍ ကောင်းတုန်းပင် ရှိပေမည်။ အချို့သည် လည်း တမလွန် ဘဝ အတွက် အိပ်မက် များပင် မြင်မက်နေပြီလားမသိ။

ကျွန်တော့် မျက်လုံးများ ပြန်ဖွင့်လိုက် ချိန်၌ သောကြာကြယ်သည် မာကျူရီ မီးလုံးကြီးနှယ် မိုးကုပ်စက်ဝိုင်း နှုတ်ခမ်း ထက်၌ တောက်ပ၍ နေပေပြီ။ အရှေ့ ဘက်အရပ်ဆီမှ ရောင်နီ ပေါ်လာပြီဖြစ်၍ ရန်သူ့တဲများကို နောက်ခံ ရောင်ခြည် များ ရှေ့တွင် မှုန်ဝါးဝါး မြင်နေရသည်။

အချင်းချင်း လက်တို့ကာ အချက် ပေးလိုက် သည်နှင့် ရန်သူ့ စခန်းကုန်းဆီသို့ ဝပ်တွား၍ တက်ကြသည်။ ငိုက် မျဉ်းနေသော ရန်သူ့ ကင်းသမားသည် မောင်မောင်၏ လှံစွပ်များနှင့် ထိတွေ့ပြီး တစ်သက်လုံး မနိုးသော အိပ်ခြင်းဖြင့် ငြိမ်သက်စွာ အိပ်ပျော်သွားသည်။ 

မောင်မောင်၏ ဂျီသရီး ပြောင်းဝမှ သေနတ်သံနှင့် အတူ တိုက်ပွဲစပေပြီ။ လက်နက်ငယ်သံ၊ လက်ပစ်ဗုံးသံနှင့် အမ် ၇၉ ဗုံးပစ်သေနတ်သံတို့ဖြင့် ခဏချင်း ပွက်ပွက်ညံသွားတော့သည်။ မျက်စိရှေ့၌ပင် ရန်သူ့ တဲသုံးလုံး မီး လောင်၍ နေပေပြီ။ တဟုန်းဟုန်း တောက် လောင် နေသည့် မီးရောင်အောက်တွင် သွေးရူး သွေးတန်းဖြင့် အော်ဟစ် ညည်း တွားကာ ခြေဦးတည့်ရာ ပြေးလွှားနေ သော ရန်သူများကို လိုက်လံ ပစ်ခတ် ချေမှုန်းနေရင်း ကျွန်တော့်ရှေ့မှ မောင်မောင် တစ်ယောက် ခွေခနဲ မြေပေါ်သို့ လဲကျ သွားသဖြင့် ကျွန်တော့် ရင်ထဲ၌ ထိတ် သွားမိတော့သည်။

မောင်မောင့်အား ကျွန်တော် ပြေး ပွေ့နေသည့် ခဏအတွင်း၌ပင် တိုက်ပွဲ ပြီးဆုံးသွားသည်။ ရန်သူ့စခန်း တစ်ခု လုံးကို ကျွန်တော်တို့ သိမ်းပိုက် ရရှိလိုက် သည်။

နံနက်ခင်း၏ နေခြည်အောက် တွင် ရန်သူ အလောင်းကောင်များ မြင် မကောင်းအောင် ပုံပျက် ပန်းပျက် ဟိုသည် ပြန့်ကျဲ၍ ရှိနေသည်။ ထို တိုက်ပွဲတွင် မောင်မောင် တစ်ယောက်သာ ညာဘက်ပေါင်တွင် ဒဏ်ရာရပြီး ရန်သူ အသေ ခုနစ်ယောက်နှင့် အရှင် နှစ်ယောက် ဖမ်းမိကာ လက်နက်မျိုးစုံ ၁၀ လက်ရရှိလိုက်သည်။ အရင်းနည်း နည်းနှင့် အမြတ်များများ ရလိုက်သော တိုက်ပွဲ၊ ရန်သူ ဦးကျိုးသွားသော အလှည့် အပြောင်း တိုက်ပွဲပင် ဖြစ်သည်။

တိုက်ပွဲတွင် ရွပ်ရွပ်ချွံချွံ သက်စွန့် ဆံဖျား တိုက်ပွဲ ဝင်ခဲ့သော မောင်မောင် အား နိုင်ငံတော်က သူရဲကောင်းမှတ် တမ်းဝင် ချီးမြှင့်ခဲ့သည်။ တပ်ရင်းမှူးက  မောင်မောင့်အား ဒုတိယ တပ်ကြပ် အဆင့်သို့ တိုးမြှင့် ပေးလိုက်သည်။ ကျွန်တော်သည်လည်း မောင်မောင် ဒဏ်ရာပျောက်၍ ဆေးရုံမှ ဆင်းလာသော အခါတွင် သူအလွန်ချစ်သော မြခင်ကို မိသားဖသားပီပီ လူကြီးစုံရာဖြင့် တောင်းရမ်းပေးခဲ့သည်။ ထိုတိုက်ပွဲသည် မောင်မောင့်အတွက် မမေ့နိုင်သော မှတ်တမ်းကလေး တစ်ခုပင် ဖြစ်တော့ သည်။

.........................................................................
လူ့သမိုင်းသည် တက်ချည် ဆင်း ချည်၊ နိမ့်ချည် မြင့်ချည်ဖြင့် ပြောင်းလဲ နေသည်။ တစ်ခါတစ်ရံ ဖြည်းဖြည်းနှင့် မှန်မှန် ပြောင်းလဲ နေသကဲ့သို့ တစ်ခါ တစ်ရံ အရှိန်အဟုန်ဖြင့် ရုတ်တရက် မြန်မြန် ပြောင်းလဲသည်လည်း ရှိသည်။ လူ့ဘောင်အတွက် အကျိုးစီးပွားကို ဆောင်ကြဉ်းသော ဝါဒ စနစ်နှင့် လူပုဂ္ဂိုလ် အဖွဲ့အစည်း တို့သည် ကြာရှည်စွာ တည်တံ့ ခိုင်မြဲပြီး ဆိုးသွမ်း ရိုင်းစိုင်း၍ ရက်စက် ယုတ်မာသော ဝါဒစနစ်နှင့် လူပုဂ္ဂိုလ် အဖွဲ့အစည်း တို့မှာ လူသားတို့၏ အကျိုးစီးပွားကို မျက်ကွယ် ပြုခဲ့သဖြင့် ခဏချင်း ကျဆင်း ပျက်သုဉ်းကာ ပြည်သူ တို့၏ ဒဏ်ခတ်ခြင်းကို ခံကြရသည်သာ ဖြစ်သည်။

ရိုးမ ဗမာပြည် ကွန်မြူနစ် ပါတီ အဖွဲ့သည် လည်းကောင်း၊ ဗမာပြည်ကွန် မြူနစ် ပါတီသည်လည်းကောင်း ၁၉၇၅ ခုနှစ်၊ မတ်လ ၁၅ ရက်တွင် ပြည်သူတို့၏ ဒဏ်ခတ်ခြင်းကို မရှုမလှ ခံကြရပြီး ဗုန်း ဗုန်းလဲကာ ပြိုကွဲ ပျက်စီး သွားခဲ့ရပေသည်။

အလုပ်သမား၊ တောင်သူလယ် သမားများ အပါအဝင် ပြည်သူအများ ကောင်းကျိုးအတွက် တိုက်ပွဲဝင်ခြင်းသည် တရားသောစစ်ကို ဆင်နွှဲခြင်း ဖြစ်ပြီး ပြည်သူတစ်ရပ်လုံး ပါဝင်သည့် တရားသောဘက် မှ တိုက်ပွဲဝင် သူတို့သည်သာ ရေရှည် တွင် အောင်ပွဲဆင်ကြရ စမြဲပင် ဖြစ်သည်။

နိုင်ငံတော် အစိုးရသည် ပြည်သူ အများ၏ အကျိုးစီးပွားအတွက် ကာယ အား၊ ဉာဏအား စွမ်းပကားတို့ဖြင့် စွမ်းအား ရှိသမျှ အစွမ်းကုန် ကြိုးစား တည်ဆောက် နေချိန်တွင် အရှေ့မြောက် ဒေသ ဗကပ တို့သည် ၁၉၆၈ ခုနှစ်မှ သည် ယနေ့ အချိန်အထိ နယ်စပ်ဒေသ များတွင် အဖျက်အမှောင့် လုပ်ငန်းများ ကို အစွမ်းကုန် ပြုလုပ်လျက်ရှိကြသည်။ 

အသက်၊ သွေး၊ ချွေးတို့ဖြင့် စတေးကာ ခက်ခက်ခဲခဲ ရယူခဲ့သော နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ပိုင်စိုးမှုတို့ကို ပျက်သုဉ်းအောင် ဖန်တီး လျက်ရှိပြီး တိုင်းပြည်နှင့်လူမျိုးကို ကျွန် ဇာတ်သွင်းရန်အတွက် အမျိုးမျိုးကြိုးပမ်း လုပ်ဆောင်လျက် ရှိကြသည်။

တိုင်းပြည်နှင့် လူမျိုးဘက်မှ ထာဝရ ရပ်တည်လျက် သမိုင်း အစဉ်အလာ ကြီးမားခဲ့သည့် တပ်မတော်သည် ပြည်သူ တို့နှင့် လက်တွဲကာ အရှေ့မြောက်ဒေသ ဗကပတို့အား ချေမှုန်း တိုက်ခိုက်ခဲ့ရာ တစ်ပွဲပြီး တစ်ပွဲ အောင်ပွဲ ဆင်ခဲ့သည်။တရားသောစစ် အောင်နိုင်ရေး အတွက် ပါဝင် လုပ်အားပေးကြသောပြည်သူများနှင့် တပ်မတော်သည် ထိုးစစ် ဆင်၍ တိုက်ခိုက်လျက်ရှိသည်။ ဗကပတို့ သည် အရူးမီးဝိုင်း ခံနေရသည့်နှယ် စခန်း များကို စွန့်ခွာ၍ တရကြမ်း ဆုတ်ခွာ ထွက် ပြေးနေကြရပေပြီ။

မောင်မောင် တစ်ယောက် အမှတ် (-) ခြေမြန် တပ်ရင်းနှင့် အတူ တိုက်ပွဲ အသီးသီးတွင် ပါဝင် တိုက်ခိုက်ခဲ့သည်။

ပင်ကိုကပင် သူရ သတ္တိရှိသော မောင် မောင်သည် ၄င်း၏ တပ်ရင်းနှင့် အတူ တကွပင် ရန်သူ့ စခန်းများကို တစ်ခုပြီး တစ်ခု သိမ်းပိုက် ရရှိခဲ့သည်။ ဒုတိယတပ် ကြပ်အဆင့်မှ တပ်ကြပ်အဆင့်၊ တပ်ကြပ် အဆင့်မှ တပ်ကြပ်ကြီးအဆင့်သို့ စစ်ဆင် ရေးအတွင်း၌ပင် စစ်မြေပြင် အဆင့် တိုး မြှင့်ခြင်း ခံခဲ့ရသည်။

ဗပကများ အလုံးအရင်းနှင့် ခုခံ နေသော ပွိုင့်တောင်ကုန်းသည် မောင် မောင်တို့ တပ်ရင်း၏ နောက်ဆုံးရည် မှန်းချက် ဖြစ်သည်။ ထိုတောင်ကုန်းထိပ် ရှိ ရန်သူအား အနီးကပ်ကာ တက်ရောက် လှံစွပ်ထိုး တိုက်ပွဲ ဆင်နွှဲနေစဉ် ရန်သူ့ မိုင်းတစ်လုံး နင်းမိ၍ မောင်မောင် တစ် ယောက် လှေလှော်ရင်း တက်ကျိုးသွားခဲ့ရပေသည်။

ချိုင်းထောက်ကြီး တကားကား နှင့် တရွေ့ရွေ့သွားနေသော မော်ကွန်း ဝင် ဦးလေးကြီးကို အသာတွဲရင်း ခွဲစိတ် ဆောင် အတွင်းသို့ ကျွန်တော်တို့ ဝင်လာ ခဲ့ကြသည်။ အစိမ်းရောင်နှင့် အဖြူရောင် ဝတ်ဆင်ထားသော ခွဲစိတ်ဆောင် တာဝန် ခံ ဆရာမလေး ညွှန်ပြသည့် အတိုင်း မောင် မောင့် အခန်းဆီသို့ ကျွန်တော်တို့ လျှောက် လှမ်းလာကြသည်။

တိုင်းပြည်တွင် မိမိတို့၏ ကိုယ် ခန္ဓာကို စွန့်လွှတ်ရဲကြသော စစ်ဆေးရုံ အတွင်းတွင် တွေ့မြင် ကြရသည့် သူရဲ ကောင်း စစ်သည်များအတွက် ကျွန်တော် ကိုယ်တိုင် စစ်သား တစ်ယောက် အနေဖြင့် ရင်ထဲတွင် ဝမ်းနည်း ဝမ်းသာဖြစ်နေမိသည်။

မသန်စွမ်း စစ်သည်ကလေးများ ကိုကြည့်ရင်း ကျွန်တော့် နံဘေးရှိ ဦးလေး ကြီးကို သတိရကာ ငဲ့စောင်း ကြည့်လိုက် မိသည်။ ဦးလေးကြီး၏ မျက်လုံးအစုံ သည် ကြမ်းပြင်ဆီသို့ စူးစူးရဲရဲ စိုက်ကြည့်နေပြီး မေးကြောကြီးများ တင်းနေ အောင် အံကို ကြိတ်ထားသည်။ ကျွန် တော့်ရင်ထဲ၌ မည်သို့ ခံစားရသည်ကို ထိုးဖောက် မြင်သည့်နှယ်။

"ဦးတော့ ဝမ်းမနည်းဘူး၊ စစ်သား တစ်ယောက် အနေနဲ့ အခုလို စွန့်လွှတ်ရဲ တာကို ဂုဏ်ယူတယ်။ ကိုယ့်တိုင်းပြည် လွတ်လပ်ရေးကို အဓွန့်ရှည်အောင် ကာကွယ်ရမှာ ဦးတို့၊ ဗိုလ်ကြီးတို့ရဲ့ မွေးရာပါ တာဝန်ပဲ၊ တောက်- ဦးခြေ 
ထောက်သာ ကောင်းရင် ဒီရဲဘော်လေး တွေနဲ့ တွဲပြီး ရန်သူကို တိုက်လိုက်ချင် သေးတယ်"

စစ်သားကြီး၏ သံမဏိ စိတ်ဓာတ် ကို ကြားသိ လိုက်သဖြင့် ကျွန်တော့် တစ် ကိုယ်လုံး ကြက်သီးမွေးညင်း များပင် ထသွားမိသည်။

"တော်ပါတော့ ဦးလေးရယ်၊ တိုင်း ပြည်အတွက် ဦးလေးအဖို့ တာဝန်ကျေပွန် လွန်းလှပါပြီ။ ဒီတာဝန်တွေကို ကျွန် တော်တို့၊ မောင်မောင်တို့ တစ်တွေ ပခုံး လွှဲပြောင်း ထမ်းဆောင်နေကြပါတယ်။"

စကားတပြောပြောနှင့် လျှောက် လှမ်းလာကြရာ မောင်မောင့် အခန်းဝသို့ ရောက်သည်တွင် ကျွန်တော် ခြေလှမ်းများ တုံ့ခနဲ ရပ်တန့် သွားသည်။

မြခင်...။ သေချာပါသည်။ မြခင်မှ မြခင်အစစ်။ မတွေ့ရသည်မှာ လေး၊ ငါး၊ ဆယ်နှစ် ကြာသည့်တိုင် အသားညိုညို၊ ကိုယ်လုံးကိုယ်ထည် တောင့်တောင်၊  မျက်လုံး မျက်ခုံးကောင်းကောင်းနှင့် မြခင်ကို ကျွန်တော်ကောင်းကောင်း မှတ်မိသည်။ မှန်ပြတင်းမှ ထိုးဖောက် ဝင်ရောက်နေသည့် ဝင်လုဆဲ နေခြည် ဖျော့ဖျော့ အောက်တွင် မြခင်၏ မျက်နှာ သည် ပြုံး၍ နေသည်။

သို့သော် ဝင်းလက် တောက်ပနေ သည့် မြခင်၏ မျက်လုံး အစုံတွင် မျက် ရည်ကြည်တို့ ရစ်ဝိုင်း သိုင်းဖွဲ့လျက်ရှိနေ သည်။မြခင်တစ်ယောက် ပြုံးနေသည် လား၊ ငိုနေသည်လား ကျွန်တော် ခွဲခြား မရ။ သူ့အပြုံးတွင် မျက်ရည်စတွေနှင့်။

"အစ်ကို ...အစ်ကို ဘာမှ အား မငယ်နဲ့နော်၊ မြခင် အစ်ကို့ ဘေးနားမှာ ရှိနေတယ်လေ"

မြခင် အသံသည် တုန်ခါလျက် ရှိ ပြီး လှိုက်လှဲ ကြေကွဲဖွယ် ကောင်းနေ သည်။ မြခင်၏ လက်အစုံသည် မောင် မောင်၏ တစ်ဖက်တည်းသာ ကျန်ရှိသော ညာလက်ရုံးကို တင်းတင်းကျပ်ကျပ်ဆုပ် ကိုင်ထားရင်း တဆတ်ဆတ်တုန်နေ သည်။

"မြခင်လေ ပညာမတတ်ပေမယ့် ဈေးတော့ ရောင်းတတ်ပါတယ်။ ဈေး ရောင်းပြီး အစ်ကို့ကို မြခင် ရှာကျွေးမယ်၊ အစ်ကို ဘာမှ အားမငယ်နဲ့နော်"

ချစ်ခင်ပွန်းကို အားပေးစကား ပြောကြားရင်း မြခင် ရင်တွင်းမှ ရှိုက်သံ သဲ့သဲ့တို့သည် တစ်ချက် တစ်ချက်တွင်တိုးတိုးညင်းညင်း ထွက်လာသည်။

မြခင်၏ မျက်ဝန်း အစုံမှ ပါးပြင် ထက်သို့ တလိမ့်လိမ့် ကျဆင်းလာသည့် မျက်ရည်ပူများကို ယမ်းခိုး ရိုက်ထား သဖြင့် မျက်လုံး နှစ်ဖက်စလုံး ပတ်တီး စည်းထားသော မောင်မောင်တစ်ယောက် မမြင်ရ၍ တော်သေးသည်။

"မြခင် အားမငယ်နဲ့ကွာ၊ အစ်ကို့ မှာ ခြေတစ်ဖက်နဲ့ လက်တစ်ဖက်မရှိ တော့ပေမယ့် ခြေတစ်ဖက်နဲ့ လက်တစ်ဖက် ကျန်နေသေးတာပဲ၊ တိုင်းပြည် တာဝန်ကို ကျရာ အခန်းက အစ်ကိုထမ်းဆောင် နိုင်ပါသေးတယ်ကွာ"

မြခင်ထံမှ ရှိုက်သံတစ်ချက် သိမ့် ခနဲ ထွက်လာသည်။

"မြခင် မင်းငိုနေတာလားဟင်"

မြခင်တစ်ယောက် မျက်ရည်များ ကို ကမန်းကတန်းသုတ်ပြီး ပြုံးလိုက်သည်။

"မငိုပါဘူးအစ်ကိုရယ်၊ မြခင်မငို ပါဘူး၊ မြခင် ဘာဖြစ်လို့ ငိုရမှာလဲ၊ အစ်ကို့အတွက် မြခင် ဂုဏ်ယူလို့ မဆုံး ပါဘူး အစ်ကိုရယ်။ ဆယ်နှစ်ဆယ်မိုး ကိုယ်ကျိုးစွန့်ပြီး တိုင်းပြည် တာဝန်ကို ကျေကျေပွန်ပွန် ထမ်းရွက်ခဲ့တဲ့ အစ်ကို့ လို စစ်သားကောင်း တစ်ယောက်ရဲ့ မိန်းမ ဖြစ်ရတာကိုပဲ ဂုဏ်ယူလို့ မဆုံးပါ ဘူး အစ်ကို"

"မြခင် ..."

"ပြောပါအစ်ကို၊ မြခင်အနားမှာ ရှိပါတယ်"

"အစ်ကို့ သားကြီးကော ပါလား ဟင် ..."

"ပါလာပါတယ် အစ်ကို၊ အစ်ကို့   ခုတင်နံဘေးက ခုံပေါ်မှာ ထိုင်နေပါ တယ်"

"အစ်ကို့သားကြီးကို ခုတင်ပေါ် တင်ပေးစမ်းပါ"

"ဟုတ်ကဲ့ အစ်ကို"

တစ်ဖက်တည်းသာ ကျန်ရှိသော လက်ဖြင့် သားငယ်ကိုတင်းတင်းကျပ် ကျပ်ပွေ့ဖက်ရင်းမှ ...

"သားကြီး"
"ဗျာ ပေပေ"
"ငါ့သားကြီးလာရင် ဘာလုပ်မ လဲဟင် - သား"

သားငယ်သည် မိခင်၏မျက်နှာ ကို သမင်လည်ပြန် ပြန်ကြည့်ကာအတန်ကြာ စဉ်းစား၍ နေသဖြင့် မြခင် ကဝင်ရောက် အားပေးလိုက်သည်။

"သားကြီး - ပြောလိုက်လေ၊ ဖေဖေကြီး မေးနေတာဖြေလိုက်"

"ပေပေ့လို ကြစ်တားကြီးလုပ် မယ်"

"ဒါမှဖေဖေ့ သားကြီးကွ။ ဖအေ့  တာဝန်ကို ပခုံးပြောင်း ယူမယ့် သားကြီး ဟေ့" 

ဝမ်းသားအယ်လဲ အော်လိုက်သော မောင်မောင်၏အသံသည် အခန်းတွင်းမှ တုန်ခါ၍ အခန်းဝတွင် ရပ်နေသော ကျွန်တော့်ထံသို့ ပျံ့လွင့်ထွက်လာသည်။ 

ကျွန်တော့် ရင်တွင်းသို့ ရိုက်ခတ် စိမ့်ဝင် ၍ သွားသည်။

မောင်မောင်၏ တိုင်းချစ်ပြည်ချစ် စိတ်သည် ကျွန်တော့် ရင်တွင်းသို့ သာမက တရားသောစစ်ကို ဆင်နွှဲ နေကြသော ပြည်သူတစ်ရပ်လုံး၏ အသည်းနှလုံး အတွင်းသို့တိုင် ထိုးဖောက် ဝင်ရောက် သွားပေမည်မှာမုချ။

"အေးပါ ... ငါ့သားဟာ စစ်သား ကောင်း တစ်ယောက် ဖြစ်သလို ငါ့မြေး   ဟာလည်း စစ်သားပဲ ဖြစ်ရမယ်၊ အိုကွာ    တို့တစ်မျိုးလုံးဟာ တို့တိုင်းပြည်ကာ ကွယ် စောင့်ရှောက်ဖို့ အတွက် စစ်သား တွေပဲ ဖြစ်ရမယ်ဟေ့"

ချိုင်းထောက်ကြီး တကားကားနှင့် ကျေကျေနပ်နပ်ကြီး ကြုံးဝါးကာ မောင် မောင့်အခန်းတွင်းသို့ လှမ်းဝင်သွား သော စစ်သားအိုကြီး၏ ကျယ်ပြန့်သော  ကျောပြင်ကို ကြည့်ရင် အခန်းဝတွင် ကျွန်တော်တစ်ယောက်တည်း ရပ်လျက် ငေးငိုင်ကာ ကျန်ရစ်ခဲ့သည်။

ဧရာဝတီသည် မြစ်ဖျားမှ သည် မြစ်ဝဆီသို့ တသွင်သွင် အဆက်မပြတ် စီးဆင်း၍ နေသည်။ ယခင်ကလည်း  စီးဆင်း နေခဲ့သည်။ ယခုလည်း စီးဆင်း နေဆဲပင်။ နောင်တွင်လည်း ကမ္ဘာ တည်သရွေ့ စီးဆင်း နေဦးမည်သာဖြစ်သည်။

တိုင်းပြည်ကို ချစ်သော စစ်သား အိုကြီး ဒုတိယ အရာခံ ဗိုလ်အောင်ထွန်း သည် သူ၏ ခြေတစ်ဖက်ကို စတေး၍ တိုင်းပြည်အတွက် လွတ်လပ်ရေးကို ရယူပေးခဲ့သည်။ 

မော်ကွန်းဝင် စစ်သားအိုကြီး၏ သား စစ်သားကလေး မောင်မောင်၊ ဒုတိယ တပ်ကြပ်မှသည် တပ်ကြပ်ကြီး အထိ စစ်မြေပြင်တွင် ရာထူး အဆင့်ဆင့်  ရရှိခဲ့သော သူရဲကောင်းမှတ်တမ်းဝင်တပ်ကြပ်ကြီးမောင်မောင်၊ ဖခင်၏ မပြီး ဆုံးသေးသော တာဝန်ကို ဖခင်ထံမှ ပခုံးလွှဲပြောင်း ယူကာ ခြေတစ်ဖက်နှင့်  လက်တစ်ဖက် ကို စွန့်လွှတ်၍ တိုင်းပြည် ၏ လွတ်လပ်ရေးကို အဓွန့်ရှည်အောင် ကာကွယ် ပေးခဲ့သည်။

သြော် -တိုင်းပြည်ကို ချစ်သော ကျွန်တော်တို့ လူမျိုး၏ တိုင်းချစ်ပြည် ချစ်စိတ်သည် သားစဉ် မြေးဆက်တိုင် အောင် ကမ္ဘာတည် သရွေ့ ဧရာဝတီမြစ် ကြီးနှယ်ပင် စဉ်ဆက်မပြတ် တသွင်သွင်  စီးဆင်း နေပေတော့မည် တကား ။ ။

သိန်းစိန်ထွန်း

(မင်းရန်အောင် စစ်ဆင်ရေးမှ တိုက်ပွဲဝင် စစ်သည်များကို ဂုဏ်ပြု လျက်) 

အေးချမ်းမွန်မှ  The Voice Weekly တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :The Voice Weekly
နှစ် (၆၀) ပြည့် စိန်ရတု အထိမ်းအမှတ် ထုတ်ဝေသော ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ မြဝတီ မဂ္ဂဇင်းတွင် သိန်းစိန်ထွန်း ဆိုသော ကလောင် အမည်ဖြင့် ရေးသားထားသော နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၏ လက်ရာ ဝတ္ထုတို တစ်ပုဒ် ဖော်ပြထားသည်ကို တွေ့ရသဖြင့် The VoiceWeekly စာဖတ် ပရိသတ်များ လေ့လာ ဖတ်ရှုနိုင်စေရန် မြဝတီ စာတည်း အဖွဲ့ထံမှ ခွင့်ပြုချက် ရယူကာ ပြန်လည် ဖော်ပြအပ်ပါသည်။ (အယ်ဒီတာ)

စစ်ဆေးရုံ ကားဂိတ်သို့ အမှတ် (၉) ကား ထိုးရပ် လိုက်ချိန်တွင် ညနေ ၃ နာရီ၊ ၄၅ မိနစ်သာရှိသေးသည်။ လူနာ တွေ့ချိန်သည် ညနေ ၄ နာရီမှ ၆ နာရီ အထိဖြစ်၍ ၁၅ မိနစ် စောင့်ရပေဦးမည်။ အမှတ် (၂) ဂိတ်ပေါက်ဝရှိ အုတ်ခုံတန်း ပေါ်တွင်ထိုင်ရင်း ထောက်ကြန့်ကား ဂိတ်က ဝယ်လာခဲ့သည့် ၃၅ ပြားတန် ဒူးယား စီးကရက် တစ်လိပ်ကို အင်္ကျီအိတ် ကပ် အတွင်းမှ ဆွဲထုတ်လိုက်သည်။ မီး ညှိရန်အတွက် ဘေး ဘယ်၊ ညာသို့လှမ်း
ကြည့်လိုက်သည်တွင် အုတ်ခုံအစွန်း၌ ဆေးလိပ် ထိုင်သောက်နေသည့် ဦးကြီး တစ်ဦးကို တွေ့၍ အနီးသို့ တိုးကပ်လိုက် မိသည်။

ရန်ကုန်တက္ကသိုလ် ကမ္ဘာ့အလယ်ပြန်တင့်တယ်ရန် ဒေါ်အောင်ဆန်းစုကြည် အဆိုတင်သွင်း

Photo: ရန်ကုန်တက္ကသိုလ် ကမ္ဘာ့အလယ်ပြန်တင့်တယ်ရန် ဒေါ်အောင်ဆန်းစုကြည် အဆိုတင်သွင်း

by Popular Myanmar News Journal on Saturday, 

ပညာရေးနှင့်ပတ်သတ်သောအဆိုကို ဒေါ်အောင်ဆန်းစုကြည်က "ကျမအနေနဲ့ အရေးကြီးတယ်လို့သတ်မှတ်ထားတဲ့အကြောင်းလေးကို ရှင်းပြချင်ပါတယ်။ကျမတို့နိုင်ငံဟာ ပညာရေး အဆင့်အတန်းအမတန်လိုနေတယ်ဆိုတာကတော့ ဘယ်သူမှငြင်းမဲ့ ကိစ္စမဟုတ်ပါဘူး။ပညာရေးနဲ့ပတ်သတ်ပြီးဆိုလို့ ရှိရင်အရေးကြီးတာက ဒီနေ့တင်လုပ်ရမဲ့ ကိစ္စမဟုတ်ပါဘူး ၊မနေ့တနေ့တည်းက လုပ်ရမဲ့ကိစ္စဖြစ်ပါတယ်။ခုချိန်မှာ ကျမတို့နိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းကိုဖြောင့်ဖြူးဖို့အတွက် ကူညီချင်တဲ့စေတနာရှိတဲ့

 သူတွေကလည်းပါဝင်ပြီးတော့ ကူညီချင်တဲ့ အနေအထားမှာ ရှိနေတုန်း ဒီအခွင့်အရေးကို လက်မလွတ်အောင် ယူရမယ်လို့ ကျမ ယုံကြည်ပါတယ်၊အခု ပညာရေးမြှင့်တင်ရေး နဲ့ပတ်သတ်လို့မနက်တုန်းက ဒေါက်တာစိုးရင်ပြောသွားခဲ့တာလည်းကြားရပါတယ်၊

 

လှိုင်တက္ကသိုလ်ကျောင်းပြောင်းသွားတဲ့ အခါမှာ campus life ပေါ့ ၊ကျမကတော့ ဒါကို တက္ကသိုလ်ပရ၀ဏ်အတွင်းလို့ပဲ ဘာသာပြန်ချင်ပါတယ်၊ဘာဖြစ်လို့လဲဆိုတော့ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေရဲ့ အတွေ့အကြုံဆိုတာဟာ  စာသင်းခန်းထဲမှာနဲ့ မလုံလောက်ပါဘူး၊ စာသင်ခန်းထဲမှာပဲသင်ပေးလိုက်တဲ့ပညာတွေဟာ မလုံလောက်ပါဘူး၊တက္ကသိုလ်ကျောင်းသူကျောင်းသားများအနေနဲ့ လူမှုရေးနဲ့ပတ်သတ်လို့ အရည်အချင်းတွေဖြည့်ဆည်းဖို လိုပါတယ်၊ဒီလို အရည်အချင်းတွေ ရဖို့ဆိုတာဟာ တက္ကသိုလ် ပရ၀ဏ်အတွင်းဘ၀ဟာ အရေးကြီးပါတယ်၊ကျမတို့ ရန်ကုန်တက္ကသိုလ်ဟာ သမိုင်းအရ ပညာရေးဘက်မှတွင် မဟုတ်ဘူး၊နိုင်ငံရေးဘက်မှာလည်း အင်မတန်မှ

အရေးပါတဲ့ ပုဂ္ဂိုလ်ကြီးတွေ မွေးထုတ်ပေးခဲ့ပါတယ်။တက္ကသိုလ်များဟာ စံချိန်မီလို့ရှိရင် ဒီလိုပဲဖြစ်ရမှာပါ၊နိုင်ငံတကာမှာကြည့်လိုက်ရင် အထင်ရှားဆုံးတက္ကသိုလ်တွေ က နိုင်ငံ့ခေါင်းဆောင်တွေ အသီးသီးဖော်ထုတ်ပေးလိုက်တာအများကြီးရှိပါတယ်၊ 

ကျမတို့နိုင်ငံမှာလည်းတချိန်တခါတုန်းက ဒီလိုဖြစ်ခဲ့ပေမဲ့ အခြေအနေဟာအများကြီး ပြောင်းသွားပါပြီ၊အခုပြန်ပြီးပြောင်းလဲလို့ရတဲ့ အချိန်မှာပြန်ပြီးပြောင်းလဲရမယ်လို့ ကျမ ယုံကြည်ပါတယ်။ရန်ကုန်တက္ကသိုလ်မှာ ဆိုလို့ရှိရင် အစတုန်းကပညာရှင်တွေဟာ လွတ်လွတ်လပ်လပ်နဲ့ တစ်ယောက်နဲ့တစ်ယောက်တိုင်ပင်ဆွေးနွေးပြီးတော့ ပညာအရည်အသွေးမြင့်နိုင်တဲ့  အနေထားရှိခဲ့ပါတယ်။ဝိဇ္ဇာသင်တဲ့သူက ၀ိဇ္ဇာသင်ပြီးတော့ သိပ္ပံသင်တဲ့သူက သိပ္ပံပဲသင်မယ် ၊တခြားဘာသာရပ်တွေကိုဒီလိုပဲခွဲခြားမယ်ဆိုရင် လူတစ်ယောက်ရဲ့အရည်အချင်းတွေကပြည့်စုံတယ်လို့ပြောလို့မရပါဘူး၊ 

ဒါကြောင့်ကျမတို့ဟာ တက္ကသိုလ် ပရ၀ဏ်ဘ၀ ရှင်သန်ရေးဆိုတာဟာ ကိုယ့်ဘာသာမတူတဲ့၊ကိုယ်ယူတဲ့ ဘာသာမတူတဲ့ကျောင်းသားအချင်းချင်းမှာလည်း နှီးနှော ဖလှယ်နိုင်ေ အာင်လို့၊ပြီးတော့လည်းဘ၀တစ်သက်တာအတွက် မိတ်ဖြစ်ဆွေဖြစ်ပေါင်းသင်းနိုင်အောင်လို့ဆိုတာလဲ အများကြီးပါပါတယ်၊ကျမတို့ ဒီလိုဗဟိုကျတဲ့ တက္ကသိုလ်တက္ကသိုလ် တစ်ခု အင်မတန်မှ အရည်အသွေးမြင့်တဲ့နေရာတစ်ခုလို့ဆိုတာမှာ၊ဒီလိုနေရာတစ်ခုကို သုညကနေစပြီးဖန်တီးမဲ့နေရာမှာရဖို့ဆိုတာမလွယ်ပါဘူး၊ဒါပေမဲ့ရန်ကုန်တက္ကသိုလ်မှာတော့ အခြေခံရှိပြီးသားလို့ ကျမတို့ဒီလိုမြင်ပါတယ်၊တချိန်တခါတုန်းက အင်မတန်မှအစဉ်အလာကောင်းခဲ့ပြီးတော့၊အခုလည်းပြန်ပြီးတော့ပြုပြင်မယ် ၊ မွမ်းမံမယ်ဆိုလို့ရှိရင် အရင်တုန်းကလို အရည်အသွေးတွေမြင့်လာနိုင်မယ့် အနေအထားတစ်ခုရှိပြီးသား။ 

ဒီမှာကျမတစ်ခုပြောတဲ့ အခါမှာ နေရာဆိုတာ ပထ၀ီအရ တည်နေရာကိုပြောတာမဟုတ်ပါဘူး၊အဆောက်အအုံကိုပြောတာပါ၊ဒေါက်တာစိုးရင်ပြောသွားတာမှာ လှိုင်တက္ကသိုလ်ရဲ့ အနေအထားကိုပြောသွားပါတယ်၊အင်မတန်မှကောင်းမွန်တဲ့ အနေအထားဖြစ်တယ်၊တက္ကသိုလ်တစ်ခုရဲ့အင်္ဂါရပ်တွေနဲ့ကိုက်ညီတဲ့အနေအထား တစ်ခုဖြစ်တယ် ဆိုတာကို ပြောသွား ပါတယ်၊အခုလှိုင်တက္ကသိုလ်ကို ဘယ်လိုနည်းနဲ့သုံးစွဲနေလဲဆိုတာကို ဒုပညာရေးဝန်ကြီး ဦးဘရှိန်ရှင်းသွားတာကာတော့ဌာနဆိုင်ရာတွေရှိတယ်ဆိုတာတော့ ရှင်းသွားပါတယ်၊ ဒါပေမဲ့ကျမသိပ်ပြီးတော့မရှင်းပါဘူး၊ဒီဟာတွေဟာ ဘွဲ့ကြိုကျောင်းသူကျောင်းသားတွေ အတွက်လား၊ဘွဲ့လွန်ကျောင်းသူကျောင်းသားတွေ အတွက်လားဆိုတာသိပ်ပြီးတော့ မရှင်းပါဘူး၊ကျမအမြင်မှာတော့ဒါဟာ ဘွဲ့လွန်ကျောင်းသူကျောင်းသားတွေအတွက်လို့ထင်ပါတယ်၊တက္ကသိုလ်မှာတကယ့်ကို တက္ကသိုလ်ဘ၀ကိုနားလည်ဖို့ တက္ကသိုလ်ဘ၀ ရဲ့သင်ခန်းစာတွေကိုယူနိုင်ဖို့ဆိုတာ ဘွဲ့ကြိုကျောင်းသားတွေ အဆင့်ကပိုပြီးယူနိုင်တာဖြစ်ပါတယ်၊ 

အဲကြောင့်၇န်ကုန်တက္ကသိုလ်လို့ ကျမပြောတဲ့အခါမှာ တည်နေရာအရ ကန့်သတ်မှုမထားပဲနဲ့ ရန်ကုန်တက္ကသိုလ်နဲ့ မဝေးလှတဲ့လှိုင် နဲ့ ဆက်ပြီး လုပ်ဖို့သင့်ရင်လည်း လုပ်လို့၇အောင်လို့ ဒါကိုရှင်းအောင်လို့ ကျမပြောသွားတာပါ၊နို့မိုဆိုရင် အရင်တုန်းက ရန်ကုန် ၀ိဇ္ဇာနဲ့ သိပ္ပံ တက္ကသိုလ်ပရ၀ဏ် အတွင်း မှာပဲလုပ်စေချင်တဲ့ ထင်မြင်ချက် ဖြစ်သွားမှာ ပါ၊တက္ကသိုလ်တစ်ခုတည်းမှာ ဘာသာရပ်မျိုးစုံသင်နိုင်ရမယ်၊သုတေသနပြုနိုင်တဲ့ အခြေအနေတွေ ရှိရမယ်၊သုတေသန ပြုတဲ့ နေရာမှာဆရာတွေ ဆရာမတွေနဲ့

 ကျောင်းသူကျောင်းသားတွေဟာ ပူးပေါင်းပြီးဆောင်ရွက်နိုင်တဲ့ အနေအထားရှိ၇မယ်၊အဲဒိတော့မှ ဆရာ၊ဆရာမတွေကြားထဲမှာလည်းသံယောဇဉ်ဖြစ်တယ်၊ တစ်ယောက်နဲ့တစ်ယောက်လည်းပိုပြီးတော့သိကြသွားတယ်၊နောက်ပြီးတော့ရေရှည်မှာဆက်ပြီးတော့ သုတေသနလုပ်ငန်းတွေလုပ်ဖို့ဆိုတာလည်းပိုပြီးတော့ အဆင်ပြေသွားပါတယ်၊ 

ဒါကြောင့် ကျမတို့နိုင်ငံမှာပညာရေးအဆင့်မြှင့်ဖိုဆိုလို့ရှိရင် တစ်နေရာကသတ်သတ်မှတ်မှတ်လုပ်လို့ရှိရင်ကောင်းမယ်ကျမထင်ပါတယ်၊မကြာခင်ကာလတုန်းကကျမတို့ကော်မတီ များအစည်းအဝေးမှာလည်းပညာရေးဆိုင်ရာကော်မတီက ပြောသွားတာရှိပါတယ်၊နေရာတိုင်းမှာ မလုပ်နိုင်ရင်တောင် စတဲ့နေရာလေးက ဖြစ်နိုင်အောင်လုပ်ရမယ်ဆိုတာကို တင်ပြသွားတာ အင်မတန်မှန်ပါတယ်၊ရန်ကုန်တက္ကသိုလ်က လုပ်မယ်ဆိုရင် အင်မတန်မှထိရောက်နိုင်ပါတယ်၊တက္ကသိုလ်တစ်ခုရဲ့ အင်္ဂါရပ်ပေါင်းစုံနဲ့ညီအောင်လို့ကျမတို့ ဘယ်လိုပြန်လုပ်မလဲ၊ကျမတို့နိုင်ငံမှာ အမှန်ပြောရရင် နိုင်ငံတကာတက္ကသိုလ်တွေကို အဆင့်မီတဲ့ တဲ့တက္ကသိုလ်ဆိုတာ အခု လုံးဝမရှိတော့ပါဘူး၊ 

အရင်တုန်းကတော့ ရန်ကုန်တက္ကသိုလ်ဟာ နိုင်ငံတကာနဲ့ယှဉ်နိုင်တဲ့ အနေအထားမှာရှိခဲ့ပါတယ်။အဲဒီတော့ ဒီတက္ကသိုလ်ကို ပြန်လည်မွမ်းမံပြီးတော့ ပြုပြင်မယ်ဆိုတာ ကျမက အဆောက်အအုံတွေတင်ပြောတာမဟုတ်ပါဘူး၊သင်နည်းစနစ်တွေ၊ဖွဲ့စည်းပုံတွေ၊နောက်ပြီးတော့ ကျောင်းသူကျောင်းသားများရဲ့ဘ၀ကိုကြေညာထားရပါမယ်၊တက္ကသိုလ်ဆိုတာဟာ

ကျောင်းသူကျောင်းသားများကို ဗဟိုပြုတဲ့နေရာသာဖြစ်ရပါမယ်၊ဗဟိုပြုတဲ့ ကျောင်းသူကျောင်းသားများဟာလည်းဘွဲ့ကြိုကျောင်းသူကျောင်းသာတွေဖြစ်ဖို့ အရေးကြီးပါတယ်၊ဒီလိုဖြစ်နိုင်ဖို့ကျမကဒီလိုပြုပြင်မွမ်းမံဖို့တိုက်တွန်းတာဖြစ်ပါတယ်၊အခု အချိန်မှာ ကျမတို့ ပညာရေးနဲ့ပတ်သတ်လို့ထောက်ပံ့ချင်တဲ့ အလှူရှင်တွေက အများကြီးကမ်းလှမ်းလာတာရှိပါတယ်။ကမ်းလှမ်းတာကိုသတ်သတ်မှတ်မှတ်ဘယ်လိုလုပ်မယ်၊ဘာလုပ်ချင်သလဲ၊ရတဲ့ပံ့ပိုးငွေကိုဘယ်လို သုံးမလဲဆိုတာကို အလှူရှင်တွေက တိတိကျကျသိချင်ပါတယ်၊ဒီဟာတွေကို ခွဲပြီးတော့ သုံးလိုက်မယ်ဆိုတစ်ခါတစ်လေ ဆိုရင် ဟိုနည်းနည်းဒီနည်းနည်းနဲ့ ဘာမှ အရာမရောက်နိုင်တဲ့အခြေအနေဖြစ်သွားပါတယ်၊ 

ရန်ကုန်တက္ကသိုလ်လိုတစ်နေရာထဲမှာ သေသေချာချာကြီးကြပ်ပြီး အောင်မြင်အောင်လုပ်မယ်ဆိုရင် အလှုရှင်တွေကလည်း အားတက်မယ်။နောက်ပြီတော့ ကူညီပံ့ပိုးချင်တဲ့စိတ်တွေလည်းဖြစ်လာမှာပါ ။မကြာခင်တုန်းကဆိုတာ ၁၀ စု နှစ်အတွင်းမှာ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာလျောက်ခဲ့တဲ့ တစ်ချို့နိုင်ငံတွေမှာစောစောပိုင်းက မျှော်

လင့်ချက်တွေ မဖြစ်လာတဲ့ အခါကြတော့ အလှုရှင်များဟာ စိတ်ပျက်သွားတဲ့ အနေအထားရှိပါတယ်၊သူတို့ ဂရုဏာသက်ခြင်းဟာလျော့လျော့သွားတယ်၊ ဘာဖြစ်လို့လဲဆိုတော့ပေးလိုက်တဲ အကူအညီတွေဟာ အဟောသိခံ ဖြစ်သွားတာများလို့၊ကျမတို့ နိုင်ငံဟာဒီလိုမဖြစ်အောင် အင်မတန်မှ သတိထားရမှာပါ၊ရန်ကုန်တက္ကသိုလ် တစ်နေရာကိုထိထိမိမိနဲ့ အဆင့်မြှင့်တက္ကသိုလ်ကြီးဖြစ်အောင်လုပ်ပေးနိုင်မယ်ဆိုရင် အလှူရှင်တွေကလည်းအားတက်ပြီးနောင်ဆက်ပြီးတော့ ထောက်ပံ့ချင်တဲ့ အနေအထားမှာရှိ

မှာပါ၊အခုကမ္ဘာမှာရှိတဲ့ အကောင်းဆုံးအဆင့်မြင့်ဆုံးတက္ကသိုလ်တွေကလည်း ဒီလိုစီမံကိန်းမျိုးကိုဝိုင်းဝန်းပြီးကူညီဖို့ အဆင်သင့်ရှိတယ်ဆိုတာလည်း ကျမသိရပါတယ်။ဒါကြောင့်အခွင့်အရေးရှိတုန်းကို ကျမတို့ရဲ့နိုင်ငံရဲ့ အဆင့်မြှင့်ပညာရေးဒီထက်ဒီထက်ပိုပြီးမြင့်အောင်၊ကမ္ဘာ့စံချိန်မီနိုင်ဖို့အတွက်ကျမဒီအဆိုကို တင်သွင်းရခြင်းဖြစ်ပါတယ်။ 

ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူများနဲ့ လွှတ်တော်အတွင်းက ကော်မတီ၊ ကော်မရှင် အဖွဲ့ အဖွဲ့ဝင်များ၊ဘာသာရေးကျွမ်းကျင်သူများနောက်ပြီးတော့ အသိပညာ

အတတ်ပညာရှင်များ အားလုံးစုပေါင်းပြီးတော့ကြီးကြပ်ပြီး လုပ်သွားမယ်ဆိုလို့ရှိရင်၊မြန်မြန်ဆန်ဆန် နဲ့ ဒီစီမံကိန်းကို စနိုင်မှာပါ၊ခုခေတ်ဆိုတာ မြန်မြန်ဆန်ဆန်လုပ်မှ

လည်းအထမြောက်ပါတယ်၊အချိန်ဆွဲနေရင် ကူညီချင်တဲ့သူတွေက စိတ်ပါဝင်စားမှုလျော့သွားတက်ပါတယ်၊ကျမအနေနဲ့ ပြည်ထောင်စု အစိုးရဟာဦးဆောင်ပြီးတော့

ဒီလိုကြီးကြပ်ရေးအဖွဲ့ပေးပြီးတော့ ရန်ကုန်တက္ကသိုလ်ပြုပြင်မွမ်းမံရေးနဲ့ အဘက်ဘက်ကနေပြီး အရင်တုန်းကလို တက္ကသိုလ်ကြီး၊ကမ္ဘာ့ အလည်မှာ လျှမ်းလျှမ်းတောက်

ပညာရေးဌာနကြီး၊တက္ကသိုလ်ကြီးဖြစ်သွားအောင်လို့ ပြည်သူပြည်သားတွေက ဖြစ်စေချင်တယ်လို့ကျမယုံကြည်ပါတယ်၊အဲဒီယုံကြည်ချက်အရ ဒိအဆိုကိုတင်သွင်းတာဖြစ်ပါတယ်"ဟု ပြည်သူ့လွှတ်တော်သို့ တင်သွင်းပြောကြားခဲ့သည်။

 

အောင်ထက် ( NYK )

အေးချမ်းမွန်မှ  Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Popular Myanmar News Journal
ပညာရေးနှင့်ပတ်သတ်သောအဆိုကို ဒေါ်အောင်ဆန်းစုကြည်က "ကျမအနေနဲ့ အရေးကြီးတယ်လို့သတ်မှတ်ထားတဲ့အကြောင်းလေးကို ရှင်းပြချင်ပါတယ်။ကျမတို့နိုင်ငံဟာ ပညာရေး အဆင့်အတန်းအမတန်လိုနေတယ်ဆိုတာကတော့ ဘယ်သူမှငြင်းမဲ့ ကိစ္စမဟုတ်ပါဘူး။ပညာရေးနဲ့ပတ်သတ်ပြီးဆိုလို့ ရှိရင်အရေးကြီးတာက ဒီနေ့တင်လုပ်ရမဲ့ ကိစ္စမဟုတ်ပါဘူး ၊မနေ့တနေ့တည်းက လုပ်ရမဲ့ကိစ္စဖြစ်ပါတယ်။ခုချိန်မှာ ကျမတို့နိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းကိုဖြောင့်ဖြူးဖို့အတွက် ကူညီချင်တဲ့စေတနာရှိတဲ့

သူတွေကလည်းပါဝင်ပြီးတော့ ကူညီချင်တဲ့ အနေအထားမှာ ရှိနေတုန်း ဒီအခွင့်အရေးကို လက်မလွတ်အောင် ယူရမယ်လို့ ကျမ ယုံကြည်ပါတယ်၊အခု ပညာရေးမြှင့်တင်ရေး နဲ့ပတ်သတ်လို့မနက်တုန်းက ဒေါက်တာစိုးရင်ပြောသွားခဲ့တာလည်းကြားရပါတယ်၊

Related Posts Plugin for WordPress, Blogger...

ShareThis