menu

Wednesday 22 January 2014

အင်ဒိုနီးရှားရှိ မြန်မာသံရုံးကို ဗုံးခွဲရန် အဓိကစီစဉ် ညွှန်ကြားသူ ထောင်ဒဏ် ခုနစ်နှစ်ခွဲ ချမှတ်ခံရ

Photo: အင်ဒိုနီးရှားရှိ မြန်မာသံရုံးကို ဗုံးခွဲရန် အဓိကစီစဉ် ညွှန်ကြားသူ ထောင်ဒဏ် ခုနစ်နှစ်ခွဲ ချမှတ်ခံရ

ဂျကာတာ၊ ဇန်နဝါရီ ၂၁

ယမန်နှစ်မေလက အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ မြိုတော်ရှိ မြန်မာသံရုံးကို ဗုံးခွဲ တိုက်ခိုက်ရန် ကြိုးပမ်းမှုတွင် အဓိက စီစဉ် ညွှန်ကြားခဲ့သူကို အင်ဒိုနီးရှား တရားရုံးက ထောင်ဒဏ်ခုနစ်နှစ်ခွဲ ချမှတ်လိုက်ကြောင်း အင်ဒိုနီးရှာနိုင်ငံထုတ် Jakarta Post သတင်းစာတွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားရှိ မွတ်ဆလင် အစွန်းရောက် အကြမ်းဖက်သမားတစ်စုက ၂၀၁၃ ခုနှစ် မေလတွင် မြို့တော်ဂျကာတာရှိ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန် ကြိုးပမ်းစဉ် အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ အကြမ်းဖက် လူတစ်စုတွင် အင်ဒိုနီးရှားရှိ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန် ကြိုးပမ်းရာတွင် အဓိက စီစဉ်ညွှန်ကြားခဲ့သူ အသက် ၂၃ နှစ်အရွယ် ဆီဂီအင်ဒရာဂျီ (Sigit Indrajit) ဆိုသူကို အင်္ဂါနေ့ (ဇန်နဝါရီလ ၂၁) တွင် တောင်ပိုင်း ဂျကာတာ တရားရုံးက ထောင်ဒဏ်ခုနစ်နှစ်ခွဲ ချမှတ်လိုက်ခြင်း ဖြစ်သည်။

ထောင်ဒဏ် ခုနှစ်ခွဲ ချမှတ်ခံခဲ့ရသူ ဆီဂီအင်ဒရာဂျီသည် တရားရုံးတွင် အမှုစစ် ဆေးခံနေစဉ်တွင် ၎င်း၏လုပ်ရပ်နှင့် ပတ်သက်၍ ဝမ်းနည်းသည့် အရိပ်အယောင် မတွေ့ရဘဲ၊ မကြာခဏ ပြုံးနေလေ့ ရှိကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

အစ္စလာမ်၏ ရန်သူများကို ဆက်လက် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ဆီဂီအင်ဒရာဂျီက ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်ခံရပြီးနောက် အေဖက်ပီသတင်းဌာနကို ပြောကြားသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဘင်္ဂါလီများနှင့် မြန်မာတို့ အကြားပဋိပက္ခနှင့် ပတ်သက်၍ လက်စားချေလိုသောကြောင့် ယခုကဲ့သို့ အင်ဒိုနီးရားရှိ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်ခြင်း ဖြစ်ကြောင်း အဆိုပါ အကြမ်းဖက်သမားများက ယခင်အမှုစစ်ဆေးစဉ်က ဝန်ခံ ပြောကြားထားသည်။

ထို့အတူ ယမန်နှစ်မေလက မြန်မာသံရုံး ဗုံးခွဲတိုက်ခိုက်ရန် ကြိုးပမ်းခဲ့သူ တစ်ဦးဖြစ်သည့် အသက် ၂၂  နှစ်အရွယ် အာကမန် တာအူဖီ (Achmad Taufi) ကိုလည်း ဇန်နဝါရီလ ၆ ရက်နေ့က ထောင်ဒဏ် ခုနစ်နှစ်ခွဲ ချမှတ်ခဲ့ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားရှိ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန် ကြိုးပမ်းသူများသည် အင်ဒိုနီးရှားရှိ မွတ်ဆလင် အစွန်းရောက် အဖွဲ့တစ်ဖွဲ့ဖြစ်သော Negara Islam Indonesia (အင်ဒိုနီးရှား အစ္စလာမ္မစ် နိုင်ငံတော်) အဖွဲ့၏ ဆက်စပ်နေသူများ ဖြစ်သည်။

အဆိုပါ ဗုံးခွဲတိုက်ခိုက်ရန် ကြိုးပမ်းမှုသည် အင်ဒိုနီးရှား မွတ်ဆလင် အစွန်းရောက် ခေါင်းဆောင် အဘူဘာကာဘာရှီယာ (Abu Bakar Bashir) က ထောင်တွင်းမှနေ၍ မြန်မာနိုင်ငံကို သွားရောက် တိုက်ခိုက်ရန် လှုံဆော်ပြောကြားခဲ့ပြီးနောက် ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

အဘူဘာကာဘာရှီယာသည် မွတ်ဆလင် အစွန်းရောက် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ဂျမားအစ္စလာမီးယား အကြမ်းဖက် အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ၎င်းအဖွဲ့ဝင် အချို့သည်  နိုင်ငံခြားသား အများအပြား သေဆုံးခဲ့သော လူ ၂၀၂ ဦးသေဆုံးခဲ့သည့် ဘာလီကျွန်း ဗုံးခွဲမှုတွင် ကျူးလွန်ခဲ့သူများ ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံတွင် ကမ္ဘာ့ မွတ်ဆလင်အများစု နေထိုင်ရာနိုင်ငံဖြစ်ပြီး၊ အများစုမှာ အရှေ့အလယ်ပိုင်းနှင့် တောင်အာရှနိုင်ငံများရှိ မွတ်ဆလင် နိုင်ငံများလောက် ဘာသာရေး တင်းကျပ်မှုမရှိဘဲ သဘောထား အလယ်အလတ်ရှိသော မွတ်ဆလင် အများစုရှိရာနိုင်ငံ ဖြစ်သည်။

သို့သော် အနည်းငယ်သော မွတ်ဆလင် အစွန်းရောက်သမားများမှာလည်း နှစ်ပေါင်း များစွာကပင် ရှိနေကြပြီး လွန်ခဲ့သော ၁၅ နှစ်အတွင်း ကမ္ဘာ့ မွတ်ဆလင် အကြမ်းဖက် လှုပ်ရှားမှုနှင့်အတူ ပြန်လည် ခေါင်းထောင်လာခြင်း ဖြစ်သည်။

ဂျကာတာ၊ ဇန်နဝါရီ ၂၁

ယမန်နှစ်မေလက အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ မြိုတော်ရှိ မြန်မာသံရုံးကို ဗုံးခွဲ တိုက်ခိုက်ရန် ကြိုးပမ်းမှုတွင် အဓိက စီစဉ် ညွှန်ကြားခဲ့သူကို အင်ဒိုနီးရှား တရားရုံးက ထောင်ဒဏ်ခုနစ်နှစ်ခွဲ ချမှတ်လိုက်ကြောင်း အင်ဒိုနီးရှာနိုင်ငံထုတ် Jakarta Post သတင်းစာတွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားရှိ မွတ်ဆလင် အစွန်းရောက် အကြမ်းဖက်သမားတစ်စုက ၂၀၁၃ ခုနှစ် မေလတွင် မြို့တော်ဂျကာတာရှိ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန် ကြိုးပမ်းစဉ် အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ အကြမ်းဖက် လူတစ်စုတွင် အင်ဒိုနီးရှားရှိ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန် ကြိုးပမ်းရာတွင် အဓိက စီစဉ်ညွှန်ကြားခဲ့သူ အသက် ၂၃ နှစ်အရွယ် ဆီဂီအင်ဒရာဂျီ (Sigit Indrajit) ဆိုသူကို အင်္ဂါနေ့ (ဇန်နဝါရီလ ၂၁) တွင် တောင်ပိုင်း ဂျကာတာ တရားရုံးက ထောင်ဒဏ်ခုနစ်နှစ်ခွဲ ချမှတ်လိုက်ခြင်း ဖြစ်သည်။

ဘန်ကောက်ဆန္ဒပြမှုကြောင့် အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာ

Photo: န်ကောက်ဆန္ဒပြမှုကြောင့် အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာ

    By နန်းမြနဒီ
    22 January 2014

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဆန္ဒပြသမားတွေက အဓိကလမ်းဆုံတွေကို ပိတ်ဆို့ဆန္ဒပြပြီး ၁၀ ရက် အကြာ ထိုင်းအစိုးရဘက်ကလည်း ဘန်ကောက်နဲ့တကွ အခြားခရိုင် ၃ ခုကို အရေးပေါ် အခြေအနေအဖြစ် ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

ဘန်ကောက်ခရိုင် မြို့နယ်ပေါင်း ၅၀ နဲ့တကွ နွန်ထပူရီခရိုင် လတ်လုမ်ကယောက် မြို့နယ်၊ ပထုန်ဌာနီခရိုင် ဘန်ဖလီမြို့နယ်နဲ့ ဆမွတ်ပရကန်ခရိုင် စတဲ့ ဒေသတွေကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက်နေ့ကနေ ၂၀၁၄ ခုနှစ် မတ်လ ၂၂ ရက်နေ့အထိ ရက်ပေါင်း ၆၀ အရေးပေါ်အခြေအနေ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

လက်ရှိဆန္ဒပြမှုဟာ ငြိမ်းချမ်းတဲ့နည်းနဲ့ သာမာန်ဆန္ဒပြမှုထက် လွန်ကဲပြီး နိုင်ငံတော်အာဏာကို လိုလားတဲ့ပုံစံ ဖြစ်နေသလို၊ နိုင်ငံ့အချုပ်အခြာ လုံခြုံရေး၊ အပြစ်မဲ့ပြည်သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးတွေ ထိပါးလာမယ့် အခြေအနေမှာ ရှိတာကြောင့် အဆိုပါ ဒေသတွေကို အရေးပေါ်အခြေအနေအဖြစ် ကြေညာဖို့ ဇန်န၀ါရီလ ၂၁ ရက် ထိုင်းဝန်ကြီးများအဖွဲ့ အစည်းအဝေးက ဆုံးဖြတ်လိုက်ကြောင်း ထိုင်းအစိုးရရဲ့ ၀က်ဆိုက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အဲဒီကြေငြာချက်အရ တာဝန်အပ်နှင်းထားတဲ့ အဖွဲ့အနေနဲ့ နိုင်ငံတော်နဲ့ ပြည်သူတို့ လုံခြုံရေးကို ထိပါးစေနိုင်မယ့် အပြုအမူမျိုး ဆောင်ရွက်သူ၊ မသင်္ကာသူတွေကို ဖမ်းဆီးချုပ်နှောင်ခွင့်၊ လက်နက်နဲ့တကွ အခြားထောက်ကူပြုပစ္စည်းတွေ သိမ်းဆည်းပိုင်ခွင့်၊ သတင်းမီဒီယာ ပိတ်ပင်ခွင့်၊ လမ်းကြောင်းများ ပိတ်ဆို့ပိုင်ခွင့် ပြုလိုက်ပြီး စစ်တပ်ပိုင်းဆိုင်ရာကိုလည်း အာဏာပိုင်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို လာရောက်ကူညီဖို့ တောင်းဆိုထားပါတယ်။

အရေးပေါ်အခြေအနေ ထိန်းသိမ်းရေးကော်မတီထဲမှာ အရင်က ဒုဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ လက်ရှိ အလုပ်သမားဝန်ကြီး ချလိုမ် ယူဘန်းရုံး ဦးစီးတဲ့ နိုင်ငံတော်ရဲချုပ်၊ ရှေ့နေချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်၊ ရာဇ၀တ်မှု နှိမ်နင်းတားဆီးရေးအဖွဲ့ချုပ်၊ အမြဲတမ်းအတွင်းဝန်များ၊ ခရိုင်ဝန် စတာတွေနဲ့ ဖွဲ့စည်းလိုက်ကြောင်းလည်း ဖော်ပြထားပါတယ်။

အစိုးရက အခုလို အရေးပေါ်အခြေအနေ ကြေညာလိုက်တဲ့နောက် ဆန္ဒပြသူတွေဘက်က အခြေအနေတွေနဲ့ ပတ်သက်ပြီး ဘန်ကောက်မှာရောက်ရှိနေတဲ့ ကိုသက်ခိုင်က ဒီဗွီဘီကို အခုလိုပြောပြပါတယ်။

“မနေ့ညတုန်းက အရေးပေါ်အခြေအနေ ရက် ၆၀ သတ်မှတ်တယ်။ တဖက်က အတိုက်အခံ ကလည်း ညကတည်းက သူတို့ကလည်း ကြေညာတယ်။ ဒီကြေညာချက်နဲ့ သူတို့ လုံးဝ လက်မခံဘူးပေါ့။ မလုပ်ရဘူးဆိုတာတွေ အကုန်လုပ်မယ်ဆိုတာ ပြောပြီး ဒီအမိန့်ကို တိုက်ရိုက်ကွပ်ကဲမယ့် စစ်ဌာနချုပ်ရဲ့ အတွင်းရေးမှူးရုံးရှိတဲ့ နွန်ထပူရီခရိုင်ကို သူတို့ သွားဝိုင်းတာတွေ ရှိတယ်။ ကျန်တဲ့ နေရာတွေမှာ ဆန္ဒပြသူတွေက ဆက်ပြီး တောင့်ခံမယ်ဆိုတဲ့ အနေအထားမျိုးတွေ ရှိနေတယ်။”

အစိုးရနဲ့ ဆန္ဒပြသူတွေကြား ခုလိုအခြေအနေတွေ ရှိနေပေမယ့် ကုန်တိုက်ကြီးတွေ အရောင်းဆိုင်တွေကလည်း ဖွင့်မြဲဖွင့်ဆဲ၊ ဘတ်စ်ကားတွေကိုလည်း သွားလာခွင့် ပြုထားတာကြောင့် အလုပ်သမားတွေပေါ် ထိခိုက်မှုတွေ မရှိနိုင်ကြောင်း သူက ခန့်မှန်းပြောဆိုပါတယ်။

ဒါပေမယ့် အစိုးရဘက်က သံသရှိသူတွေကို အချိန်မရွေး ဖမ်းဆီးခွင့်ပြုထားတဲ့အတွက် အခြေအနေက အချိန်မရွေး ပြောင်းလဲနိုင်ကြောင်း ကိုသက်ခိုင်က ဆက်ပြောပါတယ်။

ဆန္ဒပြမှုကြောင့် မြန်မာအလုပ်သမားတွေ နစ်နာဆုံးရှုံးကြောင်း သတင်းမရရှိပေမယ့်လည်း နှစ်နိုင်ငံသဘောတူစာချွန်လွှာနဲ့ အလုပ်သမားတွေကို တရားဝင် စေလွှတ်နေတဲ့ မြ၀တီ – မဲဆောက်ဘက်မှာတော့ အလုပ်သမားတွေ အ၀င်နည်းသွားသလို နယ်စပ်ဖြတ်သူဦးရေ ပျှမ်းမှတနေ့တထောင်ကနေ တ၀က်ထိ ကျဆင်းသွားတယ်လို့ နေရှင်းထိုင်းသတင်းစာမှာ ဖော်ပြပါတယ်။

ဆန္ဒပြသူတွေဟာ နဂို ကြေညာထားတဲ့အတိုင်း အဓိကလမ်းဆုံကြီး ၇ ခုမှာ ရှိမြဲရှိနေသလို စင်မြင့်ဟောပြောမှုတွေလည်း ရှိမြဲရှိနေပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံတောင်ပိုင်း နခွန်းဆီထမရတ်မှာ ဆန္ဒပြသူတွေက စာတိုက် ဆက်သွယ်ရေးဌာနကို ၀ိုင်းထားပြီး ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲပြားတွေ ပို့ဆောင်ဝေငှခြင်း မလုပ်ဖို့ တောင်းဆိုနေပါတယ်။

အလားတူ ပတ္တနီ၊ ဖန်င၊ ရဲ့လ စတဲ့ ခရိုင်တွေမှာလည်း အစိုးရ၀န်ထမ်းတွေ အလုပ် မဆင်းနိုင်အောင် သက်ဆိုင်ရာ အုပ်ချုပ်ရေးရုံးတွေကို ပိတ်ဆို့ထားကြောင်း၊ ထိုင်းနိုင်ငံ အလယ်ပိုင်း ရာ့ခ်ျပူရီခရိုင်၊ ဖိကျစ်ခရိုင်တွေမှာလည်း အစိုးရဆီ သွင်းထားတဲ့ စပါးဖိုးငွေတွေ ခုထိ မရသေးလို့ မကျေမနပ်ဖြစ်နေတဲ့ တောင်သူလယ်သမားတွေပါ ဆန္ဒပြသူတွေနဲ့ သွားရောက် ပူးပေါင်းနေတယ်လို့ ချနယ် ၇ ထိုင်းတီဗွီသတင်းမှာ ဖော်ပြသွားပါတယ်။

Aye Chan Mon# Credit To :DVB> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

By နန်းမြနဒီ
22 January 2014

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဆန္ဒပြသမားတွေက အဓိကလမ်းဆုံတွေကို ပိတ်ဆို့ဆန္ဒပြပြီး ၁၀ ရက် အကြာ ထိုင်းအစိုးရဘက်ကလည်း ဘန်ကောက်နဲ့တကွ အခြားခရိုင် ၃ ခုကို အရေးပေါ် အခြေအနေအဖြစ် ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

ဘန်ကောက်ခရိုင် မြို့နယ်ပေါင်း ၅၀ နဲ့တကွ နွန်ထပူရီခရိုင် လတ်လုမ်ကယောက် မြို့နယ်၊ ပထုန်ဌာနီခရိုင် ဘန်ဖလီမြို့နယ်နဲ့ ဆမွတ်ပရကန်ခရိုင် စတဲ့ ဒေသတွေကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက်နေ့ကနေ ၂၀၁၄ ခုနှစ် မတ်လ ၂၂ ရက်နေ့အထိ ရက်ပေါင်း ၆၀ အရေးပေါ်အခြေအနေ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

လက်ရှိဆန္ဒပြမှုဟာ ငြိမ်းချမ်းတဲ့နည်းနဲ့ သာမာန်ဆန္ဒပြမှုထက် လွန်ကဲပြီး နိုင်ငံတော်အာဏာကို လိုလားတဲ့ပုံစံ ဖြစ်နေသလို၊ နိုင်ငံ့အချုပ်အခြာ လုံခြုံရေး၊ အပြစ်မဲ့ပြည်သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးတွေ ထိပါးလာမယ့် အခြေအနေမှာ ရှိတာကြောင့် အဆိုပါ ဒေသတွေကို အရေးပေါ်အခြေအနေအဖြစ် ကြေညာဖို့ ဇန်န၀ါရီလ ၂၁ ရက် ထိုင်းဝန်ကြီးများအဖွဲ့ အစည်းအဝေးက ဆုံးဖြတ်လိုက်ကြောင်း ထိုင်းအစိုးရရဲ့ ၀က်ဆိုက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း ၀င်ရောက်မည့် တာလီဘန် အကြမ်းဖက် အဖွဲ့ဝင် ၃ ဦး ဖမ်းမိ

 မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်,တာလီဘန် အကြမ်းဖက် အဖွဲ့ဝင်,ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့, ပဋိပက္ခ
ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ဖမ်းမိထားသည့် အကြမ်းဖက်သမား ၃ ဦး မာဟ်မက် (Mehmud)၊ အိုစမန် (Osman)၊ ဖက်ခရူးလ် ဟာဆန် (Fakhrul Hasan) တို့၏ ပုံကို Bangla News 24 ၀က်ဘ်ဆိုက်၌ မင်ဖြင့် ၀ိုင်းပြထားသည် (ဓာတ်ပုံ – banglanews24.com)
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ တာ့ခ်နာမြို့မှ တဆင့် မြန်မာနိုင်ငံ အတွင်းသို့ ၀င်ရောက်မည့် ပါက္ကစတန် တာလီဘန် အကြမ်းဖက် အဖွဲ့ဝင် ၃ ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရဲတပ်ဖွဲ့က မြို့တော် ဒါကာ၌ ဖမ်းမိထားကြောင်း သိရသည်။
၎င်းတို့ ၃ ဦးသည် ပါကစ္စတန်နိုင်ငံ အခြေစိုက် ပါကစ္စတန်-တာလီဘန် Tehrik-e-Taliban Pakistan (TTP) အဖွဲ့ဝင်များဖြစ် ကြောင်း၊ ဒါကာမြို့မှ တဆင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ တာ့ခ်နာမြို့ကို သွားရောက်ရန်ကြိုးပမ်းစဉ် ဇန်န၀ါရီ ၁၉ ရက်ညက ဖမ်းမိခြင်း ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် Bangla News 24 သတင်း၌ ယမန်နေ့က ဖော်ပြထားသည်။
ဖမ်းမိထား သူများမှာ မာဟ်မက် (Mehmud)၊ အိုစမန် (Osman)၊ ဖက်ခရူးလ် ဟာဆန် (Fakhrul  Hasan) တို့ ဖြစ်ကြောင်း ယင်း သတင်း၌ ပါရှိသည်။ ၎င်းတို့ထံမှ ဗီဇာသက်တမ်း ကုန်နေသည့် နိုင်ငံကူး လက်မှတ် တခုကိုလည်း သိမ်းဆည်း ရမိကြောင်း သိရသည်။
အကြမ်းဖက် အဖွဲ့ဝင် ၃ ဦးသည် ပါကစ္စတန် နိုင်ငံသားများ ဖြစ်ကြပြီး ၂ ဦး မှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် မွေးဖွားကာ ပါကစ္စတန်တွင် အခြေချသူများ ဖြစ်ကြောင်း၊ ၎င်းတို့သည် မြန်မာနိုင်ငံ၌ ဖိနှိပ်ခံနေရသည့် မွတ်စလင်များကို ကူညီရန်အတွက် မြန်မာနိုင်ငံ ထဲကို ၀င်ရောက်ရန် ကြိုးပမ်းခြင်း ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ရဲအရာရှိ တဦး၏ ပြောဆိုချက်ကို ကိုးကားပြီး ဘီဘီစီ မြန်မာပိုင်း သတင်း တပုဒ်တွင် ဖော်ပြ ထားသည်။
Related Posts Plugin for WordPress, Blogger...

ShareThis